အခန်း (၂၃၆-၂၄၀)
Vol. 11-15 Ch. 236-240
C236
နည်းပြဖြစ်သူသည်လည်း အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို လက်သီးဆုပ်၍နှုတ်ဆတ်လိုက်ပြီး လုယွီဘက်သို့လှည့်ကာ ရှင်းပြလိုက်သည်။
"သူက သမင်ဖြူကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင် ပိုင်ရီ(ရှဲ့ရှောင်)ပဲ...တစ်ချို့ စာသင်သားတွေက ငါတို့ထက်အဆင့်အတန်းပိုမြင့်တယ်...ထပ်ပြောရရင် အဓိကတပည့်တွေက အကန့်အသတ်မရှိတဲ့ အလားအလာကိုပိုင်ဆိုင်ထားတဲ့သူတွေပဲ....အနာဂတ်မှာ မင်းက သူတို့နဲ့ရင်းနှီးအောင် လုပ်ဆောင်သင့်တယ်"
လုယွီက ခေါင်းညိတ်ပြလိုက်သော်လည်း သူက အမှန်တစ်ကယ်ကိုပင် စိတ်ဝင်စားမှုကင်းမဲ့နေလေသည်။ သူက အနက်ရောင်အသူရာခန်းမတွင် ထိပ်သီးအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းမှ အကြီးဆုံးတပည့်ဖြစ်သူ လုံရွှင်းကိုပင် သတ်ဖြတ်ခဲ့သူဖြစ်သည်။
လူတစ်ယောက်သည် ကွဲပြားခြားနားသောအတွေ့အကြုံပေါ်မူတည်၍ ကိစ္စရပ်များဖြေရှင်းရာတွင်လည်း ကွဲပြားသွားပေမည်။ လုယွီ၏အမြင်တွင် သမင်ဖြူကျောင်းတော်သည် သူအတွက်ခြေနင်းတုံးတစ်တုံးသာဖြစ်သည်။ အကယ်၍ သမင်ဖြူကျောင်းတော်ကိုသာ သူ၏အဒေါ်ဖြစ်သူ တည်ထောင်ခဲ့ခြင်းမဟုတ်ပါက ဤနေရာ၌ အချိန်ဖြုန်းနေမည်မဟုတ်ပေ။
ထိုအချိန်မှာပင် ခေါင်းလောင်းသံတစ်သံက သမင်ဖြူကျောင်းတော်တစ်ခုလုံးအနှံ မြည်ဟီးလာလေသည်။
"ဒီနေ့အတွက် လေ့ကျင့်ဖို့အချိန်ရောက်ပြီပဲ"
နည်းပြက ကောင်းကင်ယံကိုမော့ကြည့်လိုက်ပြီးနောက် လုယွီအား ပြောဆိုလိုက်လေသည်။
"တပည့်အသစ်တွေက အချိန်သတ်မှတ်ထားတဲ့အတိုင်း လေ့ကျင့်ဖို့လိုအပ်တယ်....အတွင်းစည်းနပည့်တွေနဲ့သုံးနှစ်ကြာသည်အထိ ကျောင်းတော်မှာလေ့ကျင့်ပြီးတဲ့သူတွေပဲ သူတို့ရဲ့အချိန်ကို ကြိုက်သလိုစီမံခန့်ခွဲနိုင်တယ်"
"ဒီနေရာမှာ ဒီလိုစည်းမျဥ်းမျိုးရှိသေးလား"
လုယွီက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းကျောင်းတော်များတွင် တပည့်များကို ကန့်သတ်ထားသောအရာများ အများအပြားမရှိတတ်ချေ။
နည်းပြက ရယ်မောရင်းပြန်ဖြေလိုက်လေသည်။
"ဘယ်လိုပဲပြောပြော ငါတို့က ကွန်ဖြူးရှပ်ကျောင်းတော်သားတွေလေ...အတိအကျပြောရရင် ကျောင်းတော်နဲ့တစ်ခြားဂိုဏ်းတွေကြားမှာ ကွာခြားချက်တွေ တော်တော်ရှိတယ်....တစ်ချို့တပည့်တွေကကြတော့ ရဲရင့်ပြီးတော့ ကြမ်းကြုတ်ရက်စက်တဲ့စိတ်ထားရှိပြီး စာပေနဲ့တာအိုဝါဒကိုလေ့ကျင့်ချင်စိတ်မရှိကြဘူး...ဒါကြောင့်မို့ စာပေနဲ့တာအိုဝါဒကို တပည့်အသစ်တွေလေ့ကျင့်ရမယ်လို့ စည်းမျဥ်းချမှတ်ထားခဲ့တာ....သုံးနှစ်ကြာပြီးရင်တော့ အဲ့ဒီကျောင်းသားတွေဟာ အသိပညာဗဟုသုတတွေကို တဖြည်းဖြည်းချင်းစုဆောင်းမိပြီး သမင်ဖြူကျောင်းတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တော့မှာမဟုတ်ဘူး"
ထို့နောက် နည်းပြက လုယွီအားစိုက်ကြည့်၍ ထပ်မံပြောဆိုလိုက်သည်။
"အမှန်တစ်ကယ်တော့ ပြင်ပကလူတွေက သမင်ဖြူကျောင်းတော်မှာ စာပေနဲ့တာအိုကို သင်ယူဖို့ သိပ်လွယ်ကူမှာမဟုတ်ဘူး...တစ်ချို့ ထူးခြားတဲ့အခြေအနေတွေမရှိဘူးဆိုရင် ဘယ်သူကမှအတန်းကို လွဲချော်ခံမှာမဟုတ်ဘူး"
လုယွီက သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်လေ၏။
"ဒါဆို ကျွန်တော်က သိုင်းပညာသင်ပေးလို့ရမလား"
"မရဘူး...ဒီနေရာက စာပေသင်ကြားတဲ့နေရာလေ...အတိအကျပြောရရင် ကျောင်းတော်ရဲ့တပည့်တွေကို စာပေနဲ့တာအိုဝါဒီပဲသင်ကြားပေးတဲ့နေရာ....ငါတို့က သူတော်စင်တွေကို ဝတ်ပြုဆုတောင်းပြီး ကွန်ဖြူးရှပ်ဝါဒကိုပဲလေ့ကျင့်ရမှာ"
ထိုစကားကိုပြောနေရင်းနှင့် နည်းပြ၏မျက်နှာသည် အနည်းငယ်ထူးဆန်းသည့်အရိပ်အယောင် ထင်ဟပ်လာသည်။
"သမင်ဖြူကျောင်းတော်ရဲ့ ကောင်းကင်သိုင်းပညာအဆောင်က ရိုင်းစိုင်းပြီးနည်းလမ်းမကျတဲ့ ကျင့်ကြံသူတွေစုစည်းနေတယ်....သူတို့က အရိုအသေကင်းမဲ့ပြီး တာအိုလမ်းကြောင်းကို ကျင့်ကြံခြင်းမပြုကြဘူး...ဒါကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က မင်းကို စာပေနဲ့တာအိုကို သူတို့ကိုသင်ကြားပေးစေချင်နေတယ်"
နည်းပြက ရှက်ရွံနေသကဲ့သို့ ပြောဆိုလိုက်သည်။
လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။
"သမင်ဖြူကျောင်းတော်မှာ စာပေနဲ့တာအိုဝါဒကို ကျင့်ကြံခြင်းမရှိတဲ့သူတွေ ရှိနေသေးတာလား"
လုယွီ ပဟေဠိဖြစ်သွားခဲ့၏။ ထိုလူများသည် စာပေနှင့် တာအိုဝါဒီကို ကျင့်ကြံလိုခြင်းမရှိပါက မည်သည်ကြောင့် ကွန်ဖြူးရှပ်ကျောင်းတော်ကို လာရောက်ခဲ့သနည်း။
"သူတို့က ငါတို့ရဲ့သမင်ဖြူကျောင်းတော်က အရိုအသေပေးကြတယ့် သူတော်စင် ကုန်းယဲ့ကျီရဲ့လမ်းစဥ်ကိုလျှောက်လှမ်းချင်ကြတာ...သူတော်စင်ကုန်းယဲ့ကျီဆိုတာက စာပေနဲ့တာအိုဝါဒမှာထူးချွန်ရုံသာမက လူသတ်တဲ့နေရာမှာလည်း နတ်ဘုရားတစ်ပါးပဲ....သူရဲ့မြင့်မြတ်တဲ့ သူတော်စင်ချီကို နှိုးဆော်လိုက်တာနဲ့ မိုင်ထောင်ပေါင်းများစွာကွာဝေးတဲ့နေရာမှာရှိတယ့် ရန်သူရဲ့ဦးခေါင်းကိုဖြတ်နိုင်တယ်....ဒါပေမယ့် ကောင်းကင်သိုင်းပညာအဆောင်က တပည့်တွေကကြတော့ သူတော်စင်ကုန်းယဲ့ကျီရဲ့သိုင်းပညာလမ်းစဥ်ကိုပဲ ကျင့်ကြံချင်ကြတယ်...စာပေနဲ့တာအိုကိုတော့ လေ့ကျင့်လိုခြင်းမရှိကြဘူး"
နည်းပြက လုယွီအား ရှင်းပြနေလေ၏။
လုယွီက အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြောဆိုလိုက်သည်။
"ကောင်းပြီလေ....ကောင်းကင်သိုင်းပညာကျောင်းဆောင် ဘယ်နေရာမှာရှိတာလဲဆိုတာ ကျွန်တော်ကိုပြောပြပါ"
......
ခေါင်းလောင်းသံသည် ဆယ်ကြိမ်တိတိ မြည်ဟီးသွားပြီဖြစ်သည်။ သာယာနာပျော်ဖွယ် ခေါင်းလောင်းသံသည် ကျောင်းတော်တစ်ခုလုံး ပဲ့တင်ထပ်ပျံနှံ့သွားပြီးနောက် ယခင် အနီးအနားပတ်ဝန်းကျင်ရှိ တပည့်အုပ်စုသည်လည်း ယခု ပျောက်ကွယ်သွားကြတော့သည်။ နောက်ဆုံးခေါင်းလောင်းသံ မြည်ဟီးပြီးနောက် လုယွီသည် ကောင်းကင်သိုင်းပညာကျောင်းဆောင်၏ပြင်ပ၌ ရောက်ရှိနေပြီဖြစ်လေ၏။
ဤနေရာသည် သမင်ဖြူကျောင်းတော်အတွင်း၌ သီးခြားတည်ရှိနေသော ခြံဝန်းကျယ်တစ်ခုဖြစ်သည်။ ခြံဝန်း၏ဂိတ်တံခါးတွင် ကျောက်ပြားတစ်ချပ်ပေါ်၌ "ကောင်းကင် သိုင်းပညာကျောင်းဆောင်"ဟူသော ထင်ရှားပြီးအင်အားကြီးပုံရသည့် အက္ခရာသုံးခုကို ရေးထွင်းထားလေ၏။
လုယွီသည် တံခါး၏အပြင်ဘက်တွင် မတ်တတ်ရပ်နေသည်မှာ စကားသံတစ်ချို့ သူ၏နားအတွင်း၌ မကြားမိခင်အထိဖြစ်သည်။
"ညီမလေး ရွှမ်အာ...အကြီးဆုံးအကိုကြီးက နင်ကို ကျောက်စိမ်းအဆောင်လေးပေးလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး"
"ငါကို ကြည့်ခွင့်ပေးဦး....အလယ်ပိုင်းကုန်းမြေက ရတနာတွေကို ငါတခါမှမမြင်ဖူးဘူး"
အမျိုးသမီးများ၏ စနောက်ရယ်မောသံများက ထွက်ပေါ်နေလေ၏။
လုယွီလှည့်ကြည့်လိုက်ရာတွင် လုရွှမ်အာနှင့် အမျိုးသမီးတပည့်အုပ်စုကို မြင်တွေ့ရသည်။
အစောပိုင်းက သမင်ဖြူကျောင်းတော်၏ဝင်ပေါတ်၌ရှိနေသည့် အမျိုးသမီးတပည့်များသည်လည်း လုယွီက သိုင်းပညာကျောင်းဆောင်၏ပြင်ပ၌ မတ်တတ်ရပ်နေသည်ကို ရုတ်တရက်မြင်တွေ့လိုက်သည်။
လုယွီက သူ၏အဝတ်အစားများကို ကျောင်းတော်၏ဝတ်စုံဖြင့် ပြောင်းလဲထားခြင်းမရှိသေးချေ။ သူက အိမ်မှထွက်လာစဥ်ကတည်းက ဝတ်ဆင်ထားသည့် အဖိုးတန်ပိုးထည်ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်။
"ကောင်းပြီ....နင်က ဒီနေရာကိုလာတဲ့ တပည့်သစ်ဖြစ်ရမယ်....ဒီက စည်းမျဥ်းတွေကို နင်သိလား"
လုရွှမ်အာက သူမ၏မျက်ခုံးများပင့်ပြီး အပြုံးနှင့်အတူ မေးမြန်းလိုက်လေ၏။
(TN/စီနီယာအကိုကြီးနာမည်က 235မှာပိုင်ရီ 236မှာရှဲ့ရှောင်မို့ နှစ်ခုလုံးထည့်ရေးထားပါတယ် နောက်အခန်းတွေ မူရင်းအတိုင်းရေးပေးပါမယ်)
C237
လုယွီက လုရွှမ်အာကို ပေါ့ပေါ့ပါးပါးကြည့်လိုက်မိသည်။ သူမက သူ၏ဝမ်းကွဲညီမဖြစ်ပေမည်။ ထိုအကြောင်းကို သူ လုမိသားစုက ထွက်ခွါလာစဥ်အချိန်ကတည်းက လုခိုင်ရှမ်က အသိပေးထားပြီးဖြစ်ပေ၏။
"ငါက ဒီနေရာမှာ လူသစ်ပဲ...ဒါပေမယ့် စည်းမျဥ်းတွေကိုတော့ငါမသိဘူး"
လုယွီက ဟုတ်တိုင်းမှန်ရာကိုပင် ဖြေကြားလိုက်သည်။
"ညီမလေး ရွှမ်အာ...သူက တော်တော် ကြည့်လို့ကောင်းတာပဲ...သူက ငါကို ပြုစုခွင့် မင်း မပေးနိုင်ဘူးလား"
အမျိုးသမီးတစ်ယောက်က ရယ်မောရင်း ပြောဆိုလိုက်လေ၏။
ထိုအမျိူးသမီး၏စကားဆုံးသည်နှင့် ကျန်ရှိနေသော အမျိုးသမီးတပည့်များက ဝိုင်းဝန်းရယ်မောနေကြသည်။
လုယွီ၏ပုံပန်းသွင်ပြင်သည် အမှန်တကယ်ကိုပင် ချောမောခန့်ညားပေသည်။ ထိုပြင် သူက ဤနေရာ၌ရှိနေရန် ငယ်ရွယ်လွန်းနေသည့်အတွက် အမျိုးသမီးတပည့်များ၏ အာရုံစူးစိုက်မှုကိုဆွဲဆောင်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။
"ဟွန့်....ကောင်းကင်သိုင်းပညာကျောင်းဆောင်ကို ရောက်လာတဲ့တပည့်တွေအားလုံးက လူရိုင်းတွေချည်းပဲ....ဒီလို ချောမောခန့်ညားတဲ့ မောင်ငယ်လေးရောက်ဖို့ဆိုတာ မလွယ်ကူဘူး....ငါက နင်ကို ဘာလို့ပေးရမှာလဲ"
"မောင်ငယ်လေး....ဒီက အမကြီးစီကိုလာခဲ့....အမကြီးက မင်း မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေပေးမယ်"
အမျိုးသမီးတပည့်များ၏ကျီစယ်စနောတ်နေသံများသည် အဆတ်မပြတ်ထွက်ပေါ်နေလေ၏။
"လူသစ်...နားထောင်စမ်း...နင်က ဒီနေ့မှကျောင်းတော်ကိုရောက်လာတော့ အပြင်စည်းတပည့်ပဲ....ငါတို့အားလုံးက အတွင်းစည်းတပည့်တွေ....စည်းမျဥ်းတွေအရ အတွင်းစည်းတပည့်တွေက အပြင်စည်းတပည့်တွေကို နောက်လိုက်အဖြစ်ရွေးချယ်ခွင့်ရှိတယ်"
အမျိုးသမီးတစ်ယောက်က အပြုံးတစ်ပွင့်နှင့်အတူ ပြောဆိုလိုက်လေသည်။
နောက်ထပ် အမျိုးသမီးတပည့်တစ်ယောက်ကလည်း ထပ်မံပြောဆိုလိုက်သည်။
"ဒါပေမယ့် ငါတို့ရဲ့အစေအပါးဖြစ်ရတာ နင်အတွက်လည်းကောင်းမှာပါ...နင်ရဲ့ကျင့်ကြံမှုအရင်းအမြစ်တွေကို နှစ်ဆရရုံသာမက တစ်ချို့ထိပ်တန်းကျင့်စဥ်တွေကိုပါ ရရှိနိုင်လိမ့်မယ်...အမှန်တော့ နင် ကောင်းကောင်း ပြုစုပေးတာနဲ့ နင်ရဲ့ဒီအမကြီးက အကျိုးအမြတ်တွေ အများကြီးပေးမှာပါ"
အမျိုးသမီးတပည့်က ကျီစယ်လိုစိတ်များပြည့်နှက်နေသောပုံဖြင့် သူမ၏နှုတ်ခမ်းကို လျှာဖြင့်လျက်နေလေ၏။
လုယွီက မျက်မှောင်ကြုတ်နေမိသော်လည်း မည်သည့်စကားကိုမျှ တုန့်ပြန်ပြောဆိုခြင်းမရှိချေ။
"ကောင်းပြီလေ...တော်ကြတော့"
လုယွီက စကားပြန်မပြောသည်ကိုကြည့်ပြီး သူအလွန်ရှက်ရွံနေသောကြောင့် စကားမပြောနိုင်ခြင်းဟု လုရွှမ်အာကတွေးတောမိပြီး သူကိုကယ်တင်နိုက်ရန်အတွက် သူမ ရှေ့သို့တိုးထွက်လိုက်သည်။
လုရွှမ်အာက လုယွီအား ကြည့်လိုက်လေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် နင်က ဒီနေရာမှာလူသစ်တစ်ယောက်ပဲ....နင်မြင်တဲ့အတိုင်းပဲ...ဒီနေရာက ဝရုန်းသုန်းကားအခြေအနေကို နင်ပြောင်းလဲနိုင်မှာမဟုတ်ဘူး...ငါရဲ့အမနောက်လိုက်ဖြစ်တာ နင်အတွက်ပိုကောင်းလိမ့်မယ်...တစ်ကယ်လို့ ဒီနေ့မှာ နင်ကကောင်းကင်သိုင်းပညာကျောင်းဆောင်ထဲကို တစ်ယောက်တည်းဝင်သွားမယ်ဆိုရင်....ကြောက်စရာတစ်ခုခု ကြုံတွေ့ရမှာကို ငါစိုးရိမ်မိတယ်"
ထိုစကားနှင့်အတူ လုရွှမ်အာက ကောင်းကင်သိုင်းပညာကျောင်းဆောင်အတွင်းမှ လူရိပ်များကို ညွှန်ပြလိုက်လေ၏။
"သူတို့တွေအားလုံးက တိုက်ခိုက်တာကို ရူးသွပ်နေကြတဲ့သူတွေ....လူသစ်တစ်ယောက်ရောက်လာတာနဲ့ သူတို့က အရူးအမူးစိန်ခေါ်တိုက်ခိုက်ကြလိမ့်မယ်...အပြင်စည်းတပည့်တွေက အတွင်းစည်းတပည့်တွေရဲ့ စိန်ခေါ်မှုကို ငြင်းဆန်ခွင့်မရှိဘူး....ငါ့ စီနီယာအမရဲ့ ကာကွယ်ပေးမှုသာမရှိရင် နင့်အတွက်လွယ်ကူမှာမဟုတ်ဘူး"
လုရွှမ်အာက အပြုံးနှင့်အတူ ပြောဆိုလိုက်သည်။
သူမနံဘေးရှိ အမျိုးသမီးတပည့်ကလည်း ရယ်ပြုံးရင်းမှ ဝင်ရောက်ပြောဆိုလိုက်လေ၏။
"မိုက်မဲတဲ့ကောင်လေး...ညီမလေးရွှမ်အာကို ကျေးဇူးမတင်သေးဘူးလား....ညီမလေးရွှမ်အာက ကျောင်းအုပ်ကြီးရဲ့သမီးဖြစ်ပြီး အဓိကတပည့်တစ်ယောက်ပဲ....သမင်ဖြူကျောင်းတော်တစ်ခုလုံးမှာတောင် အဓိကတပည့်က လူအယောက်နှစ်ဆယ်ထက်ပိုမရှိဘူး"
လုယွီက လှုပ်ရှားခြင်းမရှိသေးချေ။ သူက လုရွှမ်အာကိုကြည့်၍ မေးမြန်းလိုက်သည်။
"ဘယ်သူက စည်းမျဥ်းတွေကိုချမှတ်တာလဲ"
လုယွီက ဤကဲ့သို့တုံပြန်လိမ့်မည်ဟု မျှော်လင့်မထားမိသောကြောင့် လုရွှမ်အာ၏မျက်ခုံးများမြင့်တတ်သွားခဲ့သည်။ ထို့နောက် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ရယ်မောလိုက်လေ၏။
"ကောင်းကင်သိုင်းပညာကျောင်းဆောင် တည်ရှိကတည်းက ဒီစည်းမျဥ်းတွေရှိခဲ့တာပဲ...ကျွန်မရဲ့အမေတောင် ဒီစည်းမျဥ်းကို လက်ခံထားရတယ်"
"ငါက အစေအပါးတစ်ယောက်ဖြစ်ဖို့ စိတ်မဝင်စားဘူး"
လုယွီသည် ဤအမျိုးသမီးတပည့်တစ်စုနှင့် ပေါက်ကရစကားများထပ်မံပြောဆိုရန် ဆန္ဒမရှိသည့်အတွက် လှည့်၍ထွက်ခွါခဲ့တော့သည်။
"ဟေး...မိုက်မဲတဲ့ကောင်လေး နင်က ဘာလုပ်ရမယ်ဆိုတာကို မသိတဲ့ကောင်ပဲ"
လုရွှမ်အာ၏နောက်ရှိ အမျိုးသမီးတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ၏ခြေလှမ်းများကို လုယွီက ရပ်တန့်ခြင်းမရှိချေ။
"ဟွန့်....ကျောင်းဆောင်ထဲ နင်ဝင်သွားချိန်မှာ...ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ထိုအမျိုးသမီးက ဒေါသတကြီးဖြင့် မကျေမချမ်းရေရွတ်လိုက်သည်။
"ညီမလေး ရွှမ်အာ...ငါတို့အထဲဝင်ပြီး တစ်ချက်သွားကြည့်ရအောင်....ဒီမိုက်မဲတဲ့ကောင်လေးက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်မှာပဲရှိသေးတာ...ဟို အဆင်အခြင်မဲ့တဲ့လူရိုင်းကောင်တွေက ဘာလုပ်ပစ်မယ်မသိဘူး"
တစ်ခြားအမျိုးသမီးတပည့်တစ်ယောက်က အကြံပြုလိုက်လေ၏။
လုယွီ၏နောက်ကျောပြင် ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း လုရွှမ်အာက မကျေမချမ်းပြောဆိုလိုက်သည်။
"သွားကြစို့...ဒါပေမယ့် သူဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး....ဟိုလူတွေရိုက်လို့ သေသွားရင်တောင် သူနဲ့ထိုပ်တန်တယ်"
……
လုယွီက ကောင်းကင်သိုင်းပညာကျောင်းဆောင်အတွင်းသို့ ခြေချမိလေသည်။
ကောင်းကင်သိုင်းပညာကျောင်းဆောင်သည် အလွန်အမင်း ကျယ်ဝန်းသောနေရာတစ်ခုဖြစ်သည်။ မြေကွက်လပ်တွင် လူတစ်ချို့က လက်သီးထိုးခြင်းများလေ့ကျင့်နေပြီး တစ်ချို့လူများက ဓားရှည်များဖြင့်လေ့ကျင့်နေကြသည်။ ပတ်ဝန်းကျင်နေရာတစ်ခုလုံး ကြုံးဝါးသံ မာန်တင်းသံများနှင့် ပြည့်နှက်နေပေ၏။ ဤနေရာ၌ လူအမြောက်အများရှိသော်လည်း လုယွီအားသတိပြုမိသူမရှိချေ။
လုယွီက ထိုလူများကို စူးစမ်းကြည့်ရာတွင် ဤနေရာ၌လေ့ကျင့်နေကြသည့် လူတော်တော်များများသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း မြင်တွေ့မိသည်။ နသ်ချို့သူတို့က နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာရှိသေးသော်လည်း နဝမအဆင့်အထွက်အထိပ်သို့ရောက်ရှိနေကြပြီဖြစ်ပေ၏။
C238
ဘန်း...ဘန်း
လုယွီနှင့်မလှမ်းမကမ်းတစ်ဘက်ခြမ်း၌ နားကွဲလုမတတ်အသံကြီး ကြားနေရသည်။ လုယွီက လှည့်ကြည့်လိုက်ရာတွင် စင်မြင့်ပေါ်၌ တိုက်ခိုက်နေသည်များကို မြင်လိုက်ရပေ၏။ တိုက်ပွဲစင်မြင့်၏နံဘေးဘက်တွင် လူအမြောက်အများက ကျယ်လောင်စွာဖြင့်အော်ဟစ်နေကြသည်။ လုယွီက စင်မြင့်အနီးသို့ ချဥ်းကပ်လိုက်ရာတွင် အဖြူရောင်ဝတ်စုံနှင့်လူက အနက်ရောင်ဝတ်စုံနှင့်လူဖြင့် ယှဥ်ပြိုင်တိုက်ခိုက်နေသည်ကို မြင်တွေ့ရသည်။
အဖြူရောင်ဝတ်စုံနှင့်လူသည် ဓားပျံကိုထိန်းချုပ်ပြီး လေထုအတွင်း ထက်ရှသည့်ဓားချက်များကိုဖြစ်ပေါ်စေကာ သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံနှင့်လူ၏တိုက်ခိုက်မှုများကို ပိတ်ဆို့တားဆီးထားလေသည်။
သို့သော် သူတို့နှစ်ယောက်ကြားရှိ ကွာခြားချက်သည် အလွန်ကြီးမားပေ၏။
အနက်ရောင်ဝတ်စုံနှင့်လူသည် မည်သည့်မှော်ရတနာပစ္စည်းကိုမှ ကိုင်ဆောင်ထားခြင်းမရှိချေ။ သူ၏လက်သီးချက်ဖြင့်ပင် အဖြူရောင်ဝတ်စုံနှင့်လူသည် နောက်သို့တစ်ကြိမ်ပြီးတစ်ကြိမ်ပြိုလဲကျနေလေရာ သူ့ခြေထောက်အောက်ရှိမြေပြင်တွင် နက်ရှိုင်ူသည့်ကျင်းကြီးများကိုပင် ဖြစ်ပေါ်စေလေသည်။
"စီနီယာအကိုကြီး စုန့်ယန်ရဲ့ပြီးပြည့်စုံခြင်းအဆင့်က ထပ်ပြီးတော့ အဆင့်တတ်သွားခဲ့ပြီလား"
"ပြောကြတာတော့ စီနီယာအကိုကြီးစုန့်ယန်က နယ်စပ်ဒေသမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပြီးတော့ ကျင့်ကြံခြင်းမျှော်စင်မှာ အချိန်နှစ်လကြာလေ့ကျင့်ခွင့်ရရှိခဲ့တယ်တဲ့....အခု သူ အဲ့ဒီနေရာကထွက်လာတာနဲ့ အရင်နဲ့မတူဘဲ တော်တော်ကိုခြားနားသွားတာပဲလေ"
ထိုစကားကိုပြောဆိုနေကြသူများသည် အနက်ရောင်ဝတ်စုံနှင့်လူအား ကြောက်လန့်တကြားဖြင့် ကြည့်ရှုနေကြသည်။
လုယွီက တိတ်တဆိတ်စောင့်ကြည့်နေသော်လည်း ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းမိသည်။ လူတစ်ယောက်သည် သူ၏ကျင့်ကြံခြင်းတိုးတတ်လာပါက မိမိထပ်အဆင့်နိမ့်သည့်လူကို ပြိုင်ဘက်အဖြစ်ရွေးချယ်သင့်သလော..ထိုနည်းလမ်းဖြင့် သူ၏အစစ်အမှန်တိုက်ခိုက်မှုစွမ်းရည်သည် အများအပြားတိုးတတ်လာမည်မဟုတ်ချေ။ လက်ရှိတွင် စုန့်ယန်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် သတ္တမအဆင့်ရှိသူဖြစ်ပြီး သူ၏ပြိုင်ဘက်မှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ဆဋ္ဌမအဆင့်သာရှိသူဖြစ်သည်။
ထို့ပြင် စုန့်ယန်၏ကျန်းချီသည် အလွန်အမင်းသိပ်သည်းပေ၏။ သူက ကျင့်ကြံခြင်းမျှော်စင်တွင် အထူးလေ့ကျင့်ထားပြီး ကျန်းချီများကို ချုပ်ထိန်းထားသည်မှာ သိသာထင်ရှားလေသည်။ စုန့်ယန်သည် တိုက်ခိုက်မှုစတင်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ကျန်းချီများသည် ရေလှိုင်းများထိုးတတ်လာသကဲ့သို့ ကြမ်းတမ်းစွာနှင့်အဆတ်မပြတ် တိုးထွက်လာခဲ့သည်။
ခရက်....
တိကျသေချာစွာပင် အချိန်သိပ်မကြာမှီ အဖြူရောင်ဝတ်စုံဖြင့်လူ၏ဓားပျံသည် စုန့်ယန်၏ချိုးဖဲ့ခြင်းကို ခံလိုက်ရသည်။
"ဟား ဟား ဟား...မင်းက ဒီအဆင့်ပဲရှိတာလား"
စုန့်ယန်က ရယ်မောရင်းနှင့် သူ၏ကျန်းချီများကို ထုတ်လွှက်လိုက်ရာတွင် လူအများအပြား တုန်ရီသွားကြသည်။
"ဘန်း"
ထို့နောက် စုန့်ယန်က အဖြူရောင်ဝတ်စုံဖြင့်လူအား လက်သီးဖြင့်ထိုးနှက်လိုက်သည်။
အဖြူရောင်ဝတ်စုံဖြင့်လူသည် မိုးကြိုးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ ဘောလုံးအသွင်ကွေးကောက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"အသုံးမကျလိုက်တာ...ငါ နှစ်လလောက်ဒီနေရာမှာမရှိတာနဲ့ မင်းတို့က အသုံးမကျတော့ဘူးလား"
စုန့်ယန်က အထင်အမြင်သေးဟန်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြီးနောက် အဖြူရောင်ဝတ်စုံနှင့်လူအား ခြေဖြင့်ဖိနင်းထားလိုက်သည်။
"စီနီယာအကိုကြီး စုန့်ယန်က အရမ်းထူးချွန်တာပဲ"
"စီနီယာအကိုကြီးက ပိုပိုပြီး အစွမ်းထက်လာတယ်....ဒီ ကောင်းကင်သိုင်းပညာကျောင်းဆောင်မှာ အကိုကြီးအတွက် ပြိုင်ဘက်ရှိမှာမဟုတ်တော့ဘူး"
လူအုပ်စုလိုက် စုန့်ယန်အား ဝိုင်းဝန်း၍ မြှောက်ပင့်နေကြ၏။
စုန့်ယန်၏ဖိနင်းခြင်းခံထားရသူသည် လူအများ၏အသံများကြားတွင် စိတ်ဓာတ်ကျဆင်းလာမှုကိုခံစားရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး မှိုင်တွေနေလေ၏။ သို့သော် သူ၌ မတ်တတ်ထရပ်ရန်လည်း သတ္တိမရှိချေ။
စုန့်ယန်က နံဘေးဘက်သို့ကြည့်လိုက်ရာတွင် ရုတ်တရက် လူအုပ်ကြားတွင် မတ်တတ်ရပ်နေသည့် လုယွီအား မြင်တွေ့မိသည်။ သူ၏အနီးအနားရှိလူများအားလုံးသည် အဖြူရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြရာ ပိုးထည်ဝတ်ဆင်ထားသော လုယွီသည် အလွန်သိသာထင်ရှားနေခဲ့သည်။
"ဟေ့....မင်းက တပည့်အသစ်လား"
စုန့်ယန်က အော်ဟစ်မေးမြန်းလိုက်၏။
လုယွီက စုန့်ယန်နှင့်သူ့ခြေထောက်အောက်ရှိသူကို တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းတို့ ဒီနေရာမှာ ဘာလုပ်နေကြတာလဲ"
"သေချာတာပေါ့....သူက အသစ်ရောက်လာတဲ့ကောင်ပဲ"
စုန့်ယန်က လှောင်ပြောင်ချင်စိတ်ကိုပြသပြီး လုယွီအား လက်ညှိုးထိုး၍ ပြောဆိုလိုက်လေသည်။
"ဒီကိုလာပြီး ငါနဲ့တိုက်ခိုက်စမ်း"
"မြန်မြန်သွား....စီနီယာအကိုကြီးစုန့်ယန်က မင်းကိုခေါ်နေတာ မကြားဘူးလား"
တစ်စုံတစ်ယောက်က လုယွီအား တိုက်တွန်းနှိုးဆော်လိုက်၏။
လုယွီက မတုန်မလှုပ်ဖြင့် တုန့်ပြန်ပြောဆိုလိုက်သည်။
"ခေါင်းလောင်းက ဆယ်ကြိမ်မြည်ပြီးသွားပြီ....အခုက သိုင်းပညာယှဥ်ပြိုင်ရမယ့်အချိန်မဟုတ်ဘူး"
"အချိန်မဖြုန်းစမ်းနဲ့...စီနီယာအကိုကြီးစုန့်ယန်က မင်းကိုခေါ်နေတာလေ...မင်း နားပင်းနေတာလား"
ရုတ်တရက် လုယွီနောက်ရှိလူတစ်ယောက်က သူ့အား တွန်းလိုက်လေသည်။
သို့ရာတွင် ထိုလူ၏လက်သည် လုယွီနှင့်နီးကပ်လာချိန်တွင် သန်မာသည့်ခုခံအားတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး သူ့အားနောက်သို့ ခြေလှမ်းများစွာ လွင့်ထွက်သွားစေသည်။
"ကောင်းတယ်....မင်းက အစွမ်းနည်းနည်းတော့ရှိသားပဲ"
စုန့်ယန်က လုယွီအား အသေအချာစိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။
"ကောင်လေး...မင်း နာမည်ဘယ်လိုခေါ်လဲ"
စုန့်ယန်၏မျက်လုံးများအတွင်းတွင် အားကောင်းသည့်တိုက်ပွဲဝင်စိတ်က ထင်ဟပ်လာသည်။
လုယွီကခေါင်းခါယမ်းပြီးနောက် တိုက်ပွဲစင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားလိုက်သည်။
"ကောင်းပြီလေ...တစ်ကယ်လို့ မင်း ငါကိုနိုင်အောင်မတိုက်နိုင်ဘူးဆိုရင် မင်း ကျောင်းတော်ကိုအေးအေးဆေးဆေး စာသွားသင်ရမယ်"
C239
လုယွီက စင်မြင့်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်ပေ၏။
"အို....အဲ့ကောင်လေးက သေမှာမကြောက်ဘူးထင်တယ်"
"ကြည့်ကြစမ်း....ဒီကောင်လေးရဲ့အသက်အရွယ်နဲ့ သူရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့ဆိုရင် ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရတယ်....ဒါပေမယ့် စီနီယာအကိုကြီးစုန့်ယန်မပြောနဲ့....ငါတောင်မှ သူကိုအနိုင်ယူနိုင်တယ်"
"စီနီယာအကိုကြီးစုန့်ယန်က သူရဲ့တိုးတတ်လာမှုကို စမ်းသပ်ချင်နေတာ....ဒီကောင်လေးကတော့ ကံဆိုးတာပဲ"
စင်မြင့်အောက်မှ ကြည့်ရှုနေကြသူများသည် ရယ်စရာတစ်ခုမြင်ကြရမည်ကို စောင့်ဆိုင်းနေကြသည်။
စုန့်ယန်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး လှောင်ပြောင်သရော်လိုက်လေ၏။
"ဒီနှစ်ရဲ့ တပည့်ရွေးချယ်ပွဲပြီးဆုံးပြီးတော့ အောင်မြင်တဲ့ တပည့်အသစ်တွေ သမင်ဖြူကျောင်းတော်ကို ဝင်ရောက်လာကြတာ ငါကြားပြီးပြီ.....ဒါပေမယ့် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်လောတ်နဲ့ ငါတို့ရဲ့ကောင်းကင်သိုင်းပညာကျောင်းဆောင်ထဲကို ဝင်လာရဲတဲ့သူရှိမယ်လို့ ငါမျှော်လင့်မထားမိဘူး....ဒီနှစ်တော့ ငါတို့ကျောင်းဆောင်ကို ဘယ်သူမှလာမှာမဟုတ်ဘူးလို့ ငါထင်ထားတာ"
"စီနီယာအကိုကြီးစုန့်ယန်....ကျွန်တော်တို့အဆောင်ထဲကို လူသစ်တစ်ယောက် ရောက်လာဖို့ဆိုတာခဲယဥ်းတယ်....သူကို ကောင်းကောင်းသင်ကြားပေးလိုက်ပါ"
လူအုပ်ကြီးက အော်ဟစ်ကြုံးဝါးနေကြသည်။
စုန့်ယန်က အေးတိအေးစက်အပြုံးဖြင့် ထပ်မံပြောဆိုလိုက်သည်။
"စိတ်ပူမနေကြနဲ့....ဘယ်လိုပဲဖြစ်ဖြစ် သူက ငါရဲ့ ဂျူနီယာလေးပဲလေ...ငါကောင်းကောင်း စောင့်ရှောက်ရမှာပေါ့"
လုယွီက စင်မြင့်အောက်ရှိ လူတစ်ချို့ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်လေ၏။
"ငါ အချိန်ကိုမဖြုန်းကြစမ်းနဲ့....မင်းတို့အားလုံး အတူတူလာတိုက်ကြစမ်း"
စင်အောက်ရှိလူအားလုံး ဆွံအသွားကုန်၏။ အချိန်အနည်းငယ်ကြာသည်အထိ လုယွီ၏အစစ်အမှန်ဆိုလိုရင်းကို သူတို့သဘောမပေါတ်ကြချေ။
သို့သော် အချိန်တခဏအကြာတွင် တစ်စုံတစ်ယောက်က သဘောပေါတ်နားလည်သွားခဲ့သည်။
"ဒီနေရာကို အရူးတစ်ယောက်က ဟာသလုပ်ရအောင်လာတာတော့ မဖြစ်နိုင်ပါဘူးနော်"
"ငါ ထင်တာကတော့ သူက စီနီယာစုန့်ယန်ကို အနိုင်မယူနိုင်ဘူးဆိုတာ သိနေပုံပဲ...ဒါကြောင့် သူက ငါတို့တအုပ်စုလုံးကို စိန်ခေါ်ချင်တာ...သူ ရှုံးသွားရင်တောင်မှ မျက်နှာပျက်စရာမရှိအောင်လို့လေ"
"ဟီး ဟီး...ကောင်လေးက အတွက်အချက် တော်တော်ကောင်းတာပဲ....ဒါပေမယ့် ငါတို့ရဲ့စီနီယာအကိုကြီးစုန့်ယန်က ကြောက်ဖို့အရမ်းကောင်းတယ်ဆိုတာ သူမသိဘူးထင်တယ်"
စင်မြင့်ပေါ်သို့ တစ်ခြားတပည့်များက တတ်ရောက်လာခြင်း မပြုကြချေ။ စင်မြင့်ပေါ်၌ လုယွီနှင့်စုန့်ယန်သာ ရှိနေလေ၏။
စုန့်ယန်သည် မြေပြင်ပေါ်၌ လဲလျောင်းနေရဆဲဖြစ်သည့် အဖြူရောင်ဝတ်စုံဖြင့်လူကို အေးစက်စက်ကြည့်ပြီး အဝေးသို့ကန်ထုတ်လိုက်သည်။
"မင်း အချိန်ဆွဲနေရင်...ငါ မင်းကိုရိုက်နှက်တော့မှာနော်"
စုန့်ယန်၏ကျန်းချီများက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီးနောက် သူ၏လက်သီးသည်လည်း သာမာန်မျက်စိဖြင့်မြင်နိုင်သည့်အရှိန်ဖြင့် တစတစ ကြီးမားလာခဲ့သည်။
ထို့နောက် သူ၏အသက်ရှုရှိုက်ခြင်းသည်လည်း အားကောင်းလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လေထုက ဝန်းရံလှည့်ပတ်နေလေသည်။
"တောင်တန်းနှင့်မြေပြင်အုပ်စိုးသူ လက်သီး"
စုန့်ယန်၏လက်သီးချက် ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သည့်အရှိန်အဟုန်တစ်ခုက လုယွီထံသို့ သည်းကြီးမည်းကြီး တိုးဝင်လာလေသည်။
လုယွီက သူ၏ပတ်ဝန်းကျင်တွင် သက်ရောက်နေသည့်ဖိအားကို ရုတ်တရက်ခံစားမိသည်။ သူ၏နံဘေးတွင် သတ်ဖြတ်ချင်နေသောအော်ရာများဖြင့် ပြည့်နှက်နေပြီး ဖော်ပြနိုင်စွမ်းမရှိသည့် စိတ်ဓာတ်ကျဆင်းမှုက လုယွီ၏နှလုံးသားအတွင်းသို့ ဝင်ရောက်တိုက်စားနေခဲ့သည်။
"ငါ နည်းနည်းသိသွားပြီ...ဒါပေမယ့် ဒီနည်းလမ်းနဲ့ မင်းရဲ့နောက်လိုက်တပည့်တွေကိုရင်ဆိုင်တာ အရမ်းမလွန်ဘူးလား"
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်၏။
"မင်း ကြောက်နေတာလား...စိတ်မပူနဲ့....မင်းက ငါရဲ့ဂျူနီယာညီလေးဖြစ်နေလို့ ငါက အားနည်းနည်းလျှော့ပေးထားတယ်"
စုန့်ယန်က အပြုံးဖြင့် ပြောဆိုလိုက်လေ၏။
သူ၏လက်သီးချက်သည် တောင်တစ်လုံးကဲ့သို့ တောင့်တင်းခိုင်မာစွာဖြင့် လုယွီ၏ခေါင်းပေါ်သို့ တည့်မတ်စွာဆင်းသက်လာခဲ့သည်။ သို့သော် သူ၏လက်သီးသည် လုယွီအနီးသို့ ချဥ်းကပ်မိသည်နှင့် ထိတ်လန့်ကြောက်ရွံဖွယ်အင်အားတစ်ရပ်က သူ့အားတိုက်ခိုက်လာသည်ကို ရုတ်တရက်ခံစားမိသည်။
"မင်းက ငါကို ချောင်းမြောင်းတိုက်ခိုက်ချင်တာလား"
စုန့်ယန်က သဘောပေါတ်နားလည်သွားခဲ့သည်။ သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ လှောင်ပြောင်သရော်လိုက်သည်။
လုယွီဟူသောကောင်လေးသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာ ရောက်ရှိသေးသူဖြစ်သည်။ သူ၏ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံဆင့်၏အောက်တွင် လုယွီ၏အင်အားသည် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပေ။
"အသူရာနဂါးရဲ့စိတ်ဝိညာဥ်"
စုန့်ယန်၏လက်မောင်းမှ အော်ရာများ ထပ်မံမြင့်တတ်လာခဲ့သည်။ ထိုအခြင်းအရာနှင့်အတူ အားကောင်းသောဖိအားတစ်ရပ်က လုယွီပေါ်သို့ ထပ်မံသက်ရောက်လာလေ၏။ လေထုအား ထိုးခွင်းလာသံနှင့်အတူ ထိတ်လန့်ကြောက်ရွံဖွယ်အရှိန်အဝါသည်လည်း ကပ်ပါလာသည်။ သို့သော် ဤအချိန်မှာပင် စုန့်ယန်က လေတိုးသံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။
"ဒီတိုက်ခိုက်မှုက အရမ်းရိုင်းပျပြီး သာမာန်လူတွေရဲ့ကိုယ်ခံပညာတိုက်ခိုက်မှုနဲ့တူနေတယ်"
ဘုန်း
ထို့နောက်တွင်မူ စုန့်ယန်၏လက်မောင်းသည် တစ်စုံတစ်ခု၏ဖမ်းဆီးထားခြင်းကိုခံရပြီး ထပ်မံလှုပ်ရှား၍မရတော့ချေ။ ရုတ်ချည်းဆိုသလိုပင် စုန့်ယန်က သူ၏ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ လွင့်စင်ထွက်သွားကာ မြေပြင်ပေါ်သို့ အပြင်းအထန်ကျဆင်းသွားတော့သည်။
ခရက်
ကောင်းကင်သိုင်းပညာကျောင်းဆောင် တိုက်ပွဲစင်မြင့်၏မြေပြင်သည် ကြီးမားသောသက်ရောက်မှုကို ခံနိုင်ရည်စွမ်းမရှိချေ။ ၎င်းစင်မြင့်သည် မြောက်များစွာသည့် အပိုင်းပိုင်းအစစများအဖြစ် အက်ကွဲသွားလေသည်။
စုန့်ယန်က သူ၏ကျန်းချီများကိုလှည့်ပတ်၍ လှုပ်ရှားမှုပြုလုပ်နိုင်ရန် ကြိုးစားလိုက်သော်လည်း သူကအပြင်းအထန်ဒဏ်ရါရရှိထားသဖြင့် သွေးတစ်လုတ်သာအန်ထွက်လာခဲ့သည်။
C240
"စီနီယာအကိုကြီးစုန့်ယန်က ရှုံးနိမ့်သွားပြီလား"
"ဘယ်လိုဖြစ်နိုင်မှာလဲ....ဒီကောင်လေးက ဘယ်လိုလုပ်ပြီး စီနီယာအကိုကြီးစုန့်ယန်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"
လူအုပ်ကြီး၏အံ့အားတသင့်ရေရွတ်နေသံများသည် ပတ်ဝန်းကျင်၌ ပျံနှံ့နေလေ၏။ မည်သူကမျှ သူတို့၏ရှေ့ရှိမြင်ကွင်းကို ယုံကြည်နိုင်စွမ်းမရှိကြချေ။ ယနေ့မှရောက်ရှိလာသည့် တပည့်အသစ်က စီနီယာစုန့်ယန်ကို အမှန်တကယ်ပင်အနိုင်ယူသွားသလော...
စုန့်ယန်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် သတ္တမအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်တွင်ပင်လျှင် သူနှင့်ယှဥ်ပြိုင်နိုင်သူမှာ အနည်းငယ်သာရှိသည်။ ထိုကဲ့သို့လူမျိုးက မည်သည်ကြောင့် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ရှုံးနိမ့်ရသနည်း။
"မဖြစ်နိုင်ဘူး...မင်းက လိမ်လည်လှည့်ဖျားနေတာ"
စုန့်ယန်၏ပါးစပ်မှ သွေးများယိုစီးကျလာပြီးနောက် သူက မတ်တတ်ထရပ်ပြီး ကြုံးဝါးလိုက်လေ၏။ သူက ယခုကဲ့သို့ ဖြစ်လာမည်ဟု မျှော်လင့်ထားခြင်းမရှိပေ။
ယခုလက်ရှိတွင် သူက အမှုမဲ့အမှတ်မဲ့နေ၍သာ ရိုက်နှက်ခံရခြင်းဖြစ်ပေမည်။ သူက လုယွီကိုတိုက်ခိုက်ခဲ့သော်လည်း မမြင်နိုင်သောအင်အားတစ်ရပ်က သူ့အားလွင့်ထွက်စေခဲ့သည်။ သူ၏စွမ်းအားကိုပင် အစွမ်းကုန်ထုတ်လွှတ်လိုက်ရခြင်းမရှိပေ။ ထိုအခြင်းအရာက လူများစွာ၏ရှေ့တွင် စုန့်ယန်အား အရှက်ရစေသည်။
နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သူက ရှုံးနိမ့်ခဲ့သလော....
မဖြစ်နိုင်ချေ။ ဖြစ်နိုင်ချေရှိသည်မှာ ထိုကောင်လေးက လှည့်ကွက်များသုံးလိုက်ခြင်းသာဖြစ်ပေမည်။
"မင်းစီမှာ ငါရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစေမယ့် မှော်ရတနာတွေရှိမယ်လို့ ငါမျှော်လင့်မထားမိဘူး...ဒါပေမယ့် ယှဥ်ပြိုင်တိုက်ခိုက်ပွဲက တရားမျှတရမယ်ဆိုတာ မင်း သတိပြုထားပါ...အခုတော့ ငါက လက်ဗလာနဲ့တိုက်ခိုက်နေချိန်မှာ မင်းက မှော်ရတနာပစ္စည်းကိုအသုံးပြုတယ်"
စုန့်ယန်က ဆိုးရွားသည့်အကြောင်းပြချက်တစ်ခုကို ယုတ်မာသောအကြံအစည်ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။
"သူက မှော်လက်နက်သုံးသွားတာလား"
"ငါ မင်းကို ပြောပါတယ်...အဲ့လိုကောင်မျိုးက စီနီယာအကိုကြီးစုန့်ယန်ရဲ့ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်နိုင်မလည်းလို့"
တစ်ခြားတပည့်များကလည်း ရုတ်တရက် သဘောပေါတ်နားလည်သွားကြပုံဖြင့် လုယွီအား အထင်အမြင်သေးသောအကြည့်များဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြ၏။
လုယွီက ပြုံးလိုက်သည်။
"မင်းတို့က ငါမှော်လက်နက်သုံးတယ်လို့ ထင်နေကြတာလား"
"ဂျူနီယာညီလေး...မှော်လက်နက်သုံးတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး....ဒါပေမယ့် မင်းတိုက်ခိုက်တာမျိုးက သမင်ဖြူကျောင်းတော်ရဲ့တိုက်ခိုက်တဲ့ပုံစံမဟုတ်ဘူး"
စုန့်ယန်က ရုတ်တရက် သူ၏လက်ဖြင့် သိုလှောင်အိတ်ကိုဖိလိုက်ရာတွင် သူ၏လက်အတွင်း၌ အနက်ရောင်လှံရှည်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလှံရှည်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်၌ အလွန်လေးလံသည့်ဖိအားတစ်ရပ်ကို ဖြစ်ပေါ်စေလေသည်။
"ဒါက စီနီယာအကိုစုန့်ယန်ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားလှံရှည်ပဲ...အဲ့ဒီမှါ မြောက်များစွာတဲလ နတ်ဆိုးတွေရဲ့သွေးတွေစွန်းထင်းနေတယ်လို့ ငါကြားဖူးတယ်....အဲ့ဒီလှံရှည်က သွေးစိတ်ဝိညာဥ်အဖြစ်တောင် အဆင့်တတ်တော့မယ်"
"သေချာတာပေါ့...အဲ့လှံရှည်ကို တစ်ချက်ကြည့်လိုက်တာနဲ့ လင်းလက်တောက်ပမှုကို ခံစားရတယ်"
လူတိုင်းက စုန့်ယန်၏လှံရှည်ကိုသာ မျက်စိကျွတ်ကျမတတ်ကြည့်နေကြပြီး ပြောဆိုဆွေးနွေးနေကြသည်။
"ဂျူနီယာညီလေး...မင်းရဲ့မှော်လက်နက်ကို ထုတ်လိုက်တော့...ဝှက်မထားနဲ့"
စုန့်ယန်က မကျေမချမ်းဖြင့် ပြောဆိုလိုက်သည်။
"ငါက မှော်လက်နက်ကို အသုံးမပြုခဲ့ဘူး"
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလေ၏။
"ဒါပေမယ့် မင်းရဲ့အဆင့်က အရမ်းနိမ့်နေတော့...ငါရဲ့လက်ကို ရှင်းရှင်းလင်းလင်းမမြင်တာဖြစ်မယ်"
"မင်းက ငါကိုနှိမ့်ချပြီးပြောစရာအကြောင်းမရှိဘူး...မင်းရဲ့မှော်လက်နက်ကို မထုတ်ချင်မှတော့ ငါ့ကိုအပြစ်မတင်နဲ့"
ရုတ်တရက်ဆိုသလိုပင် စုန့်ယန်က ကြုံးဝါးပြီး သူ၏လှံရှည်နှင့်အတူ လုယွီထံသို့ တရကြမ်းတိုးဝင်လာလေ၏။
ဝှစ်....ဝှစ်...
လှံရှည်က စူးရှသည့်လေထုနှင့်အတူ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများယှဥ်တွဲ၍ လုယွီထံသို့ ဆင်းသက်လာသည်။
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပျံနှံ့သွားခဲ့သည်။ လူတိုင်းက ရှေ့သို့မတိုးဝံကြတော့ဘဲ နောက်သို့ခြေတစ်လှမ်းပြီးတစ်လှမ်း ဆုတ်လိုက်ကြသည်။
"ကောင်းပြီလေ...ဒီတစ်ခါတော့ ငါမင်းကို ရှင်းရှင်းလင်းလင်းပြသမယ်"
လုယွီက လက်သီးတစ်ချက်ကို စုန့်ယန်၏လှံရှည်ထံသို့ ပစ်သွင်းလိုက်သည်။ ထိုလက်သီးချက်သည် အလွန်နှေးကွေး၏။ သို့သော် ထိုလက်သီးချက် ရှေ့တိုးလာသည်နှင့် လေထုသည်ဖိနှိပ်ခံထားရပုံပေါ်ပြီး လေဟာနယ်သည်ပင်တွန့်လိမ်သွားခဲ့သည်။
"ဒီကောင်လေးက ရူးများရူးနေတာလား...ဘယ်လိုသတ္တိမျိုးနဲ့ စီနီယာအကိုကြီးစုန့်ယန်ရဲ့လှံရှည်ကို သူရဲ့လက်သီးနဲ့ထိတွေ့ဝံတယ်မသိဘူး"
"ဒီတစ်ကြိမ်တော့....ကောင်လေးသေမှာ ရှောင်လွှဲလို့မရတော့ဘူးထင်တယ်"
နံဘေးမှကြည့်ရှုနေကြသူများက သက်ပြင်းရှိုက်နေကြ၏။
သူတို့၏အမြင်တွင် ယခုတစ်ကြိမ်၌ လုယွီသည် ကံဆိုးမိုးမှောင်ကြတော့မည်ဟု ယုံကြည်ထားကြသည်။
ထိုအချိန်မှာပင် လုယွီ၏လက်သီးသည် လှံရှည်ပေါ်သို့ ကျဆင်းသွားလေ၏။
ဘုန်း...
လေထုအတွင်း၌ ကျယ်လောင်သည့်ဆူညံသံကြီးထွက်ပေါ်လာပြီး လုယွီတို့နှင့် နီးကပ်နေသည့် တပည့်တချို့သည် သူတို့၏ဦးရည်ပြားများ ကျိမ်းစပ်နာကျင်သွားမှုကို ခံစားနေရသည်။
လူရိပ်တစ်ခုက ဖြောင့်တန်းစွာဖြင့် ခြံဝန်းနံရံနှင့် ရိုက်ခတ်မိသည်။ ကောင်းကင်သိုင်းပညာကျောင်းဆောင်၏နံရံများကို ဝင်္ကပါများဖြင့် ကာကွယ်ထားပေ၏။ ထိုလူရိပ်နှင့်နံရံတို့ ရိုက်ခတ်မိချိန်တွင် ကျောင်းဆောင်၏အကာအကွယ်ဝင်္ကပါကြီးက ပွင့်လာခဲ့သည်။
ကောင်းကင်သိုင်းပညာကျောင်းဆောင်၏နံရံတစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားလေသည်။
လူအုပ်ကြီးက ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်နေကြ၏။
နံရံနှင့်ရိုက်ခတ်မိသူမှာ စီနီယာအကိုကြီးစုန့်ယန် ဖြစ်နေသလော....
"ဒါကို လက်မခံနိုင်သေးဘူးဆိုရင်...ငါနဲ့လာတိုက်ခိုက်ကြ"
လုယွီ၏အသံသည် တိတ်ဆိတ်ငြိမ်သက်သွားသော ကောင်းကင်သိုင်းပညာကျောင်းဆောင်တစ်ခုလုံး၌ ပဲ့တင်ထပ်ထွက်ပေါ်နေပေသည်။