အခန်း (၂၄၁-၂၄၅)
Vol. 11-15 Ch. 241-245
Chapter 241
ယခုလက်ရှိအချိန်တွင် ကောင်းကင်သိုင်းပညာကျောင်းဆောင်မှလူများသည် သူတို့က သံပြားကြီးတစ်ခုအားရိုက်မိသည်ကို သိရှိသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူက စုန့်ယန်ကို နှစ်ကြိမ်တိုင်တိုင် လွင့်ထွက်စေသနည်း။
"ငါ ဒါကိုလက်မခံနိုင်ဘူး...မင်းက နတ်ဆိုးနည်းစနစ်တွေ သုံးနေတာပဲဖြစ်မယ်"
စုန့်ယန်က ရုတ်တရက်အော်ဟစ်ကြုံးဝါးပြီး နံရံနားမှနေ၍ ခုန်ထွက်လာခဲ့သည်။
လုယွီက အေးဆေးတည်ငြိမ်စွာဖြင့်ပင် ပြောဆိုလိုက်လေ၏။
"မင်းက သိုင်းပညာကိုကျင့်ကြံချင်နေတာမလား....ဒါဆို လူသားကမ္ဘာရဲ့အထက်မှာ ကောင်းကင်ဘုံရှိတယ်ဆိုတာသိသင့်တယ်...မင်းက ကျင့်ကြံဆင့်မြင့်ပေမယ့်...မင်းနဲ့တိုက်ခိုက်ဖို့ ကျင့်ကြံဆင့်နိမ့်တယ့်သူကိုပဲ အမြဲတမ်းရွေးချယ်တယ်....မင်းရဲ့ကိုယ်ပိုင်အားနည်းချက်ကို မင်းမစဥ်းစားမိဘူး...အဲ့ဒီအစါး တခြားသူတွေကိုရိုက်နှက်ပြီး ကျေနပ်ရောင့်ရဲနေခဲ့တယ်...ဒီနည်းလမ်းနဲ့ဆိုရင် မင်းရဲ့ခွန်အားက တိုးတတ်လာမှာမဟုတ်ဘူး"
လုယွီက စုန့်ယန်အား ညွှန်ကြားလိုက်လေ၏။ ယခုလက်ရှိအချိန်တွင် သူက နည်းပြတစ်ယောက်ဖြစ်နေပြီဖြစ်၍ တာဝန်များကို ထမ်းဆောင်ရပေမည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးအကြားရှိ လောကများတွင်ရှိသော အစွမ်းထက်သည့်လူအမြောက်အများသည် တန်ဖိုးရှိပစ္စည်းအမြောက်အများအကုန်အကျခံ၍ လုယွီအားတွေ့ရှိလိုကြသည်။ မြေအောက်လောကတာအိုသခင်၏ ညွှန်ကြားမှုကိုရရှိသောသူ အများအပြားမရှိချေ။
ကံဆိုးစွာဖြင့် စုန့်ယန်သည် သူကိုယ်သူကံကောင်းသူတစ်ယောက်ဖြစ်မှန်း မသိရှိချေ။ လုယွီ၏စကားလုံးများက သူ၏နားအတွင်းသို့ သံရည်ပူလောင်းလိုက်သလို ဝင်ရောက်လာခဲ့သည်။
"ငါရဲ့ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ရအောင် မင်းကိုယ်မင်းဘာထင်နေလဲ"
စုန့်ယန်၏မျက်လုံးများသည် နီမြန်းနေပြီး သူက်ုယ်သူမထိန်းချုပ်နိုင်တော့ဘဲ လှံရှည်ကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် စုန့်ယန်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သရော်တော်တော်ပြောဆိုလိုက်လေ၏။
"ငါ မင်းကိုပြောမယ်...မင်းက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတယ်...ဘယ်လိုလုပ်ပြီး ကျင့်ကြံဆင့်မြင့်တဲ့သူကို အနိုင်ယူနိုင်တာလဲ...ကြည့်ရတာတော့ မင်းက နတ်ဆိုးနည်းပညာတွေကို လေ့ကျင့်တာပဲဖြစ်မယ်...မင်း တစ်ခြားသူတွေကို ဖုံးကွယ်လို့ရချင်ရမယ်...ငါကိုတော့မရဘူး"
လူအုပ်ကြီးက ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။ နတ်ဆိုးလမ်းစဥ်ကိုလျှောက်လှမ်းသူတိုင်းသည် သမင်ဖြူကျောင်းတော်၏ရန်သူများဖြစ်သည်။ လူတိုင်းက လုယွီအား သေချာလေ့လာဆန်းစစ်လိုက်ကြရာ တိကျသေချာစွာပင် သူ၏အော်ရာများအတွင်း၌ နတ်ဆိုးအော်ရာအရိပ်အငွေ့ကို တွေ့ရှိကြရသည်။
သို့သော် ထိုနတ်ဆိုးအော်ရာသည် သန့်စင်မြင့်မြတ်သော အင်ပါယာ၏အော်ရာနှင့် ရောယှက်နေသဖြင့် လူတိုင်းက စိတ်ရှုပ်ထွေးသွားကြသည်။
"မင်းက နတ်ဆိုးလမ်းစဥ်ကို လေ့ကျင့်တာကြောင့်...ကျောင်းတော်ရဲ့စည်းမျဥ်းတွေအရ မင်းရဲ့ကျင့်ကြံမှုကို ဖျတ်ဆီးပြီး ကျောင်းတော်ကနေ မောင်းထုတ်ခံရမယ်...ဒါပြင် ငါကကြင်နာတတ်တဲ့လူတစ်ယောက်ဖြစ်တာမို့ မင်းရဲ့ကျင့်ကြံမှုကိုပဲ ဖျတ်ဆီးပြီး တပည့်ခန်းမကိုသတင်းမပို့တော့ဘူး...မင်းက စာပေကိုလေ့လာပြီး ကျောင်းတော်မှာဆတ်လတ်ပညာသင်ယူနိုင်တယ်...အနည်းဆုံးတော့ မင်း သေစရာမလိုတော့ဘူးပေါ့"
စုန့်ယန်က ဖြောင့်မတ်မှန်ကန်ပုံဖြင့် ပြောဆိုလိုက်သည်။
တစ်ခြားတပည့်များကလည်း သူတို့၏လက်နက်များကို ထုတ်ယူ၍ လုယွီအား ဝိုင်းရံလိုက်ကြ၏။ နတ်ဆိုးကျင့်ကြံသူသည် သမင်ဖြူကျောင်းတော်တစ်ခုလုံး၏ဘုံရန်သူဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင် သူတို့က ပါဝင်စွက်ဖက်ရပေမည်။
အကယ်၍ ထိုသူသည် နတ်ဆိုးတစ်ယောက်မဟုတ်လျှင်ပင် နတ်ဆိုးနည်းစနစ်များကိုကျင့်ကြံသည့်အတွက် ကြီးမားသောအပြစ်ဖြစ်ပေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"တကယ်လို့ မင်းတို့မှာ သက်သေမရှိရင်...မင်းတို့ရဲ့ပါးစပ်တွေပိတ်ထားကြ....မင်းတို့မှာ အဖြူနဲ့အမည်းကို ခွဲခြားနိုင်စွမ်းမရှိဘူးလား"
လုယွီကျင့်ကြံသော နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်သည် မြေအောက်လောက၏ကျင့်ကြံနည်းစနစ်ဖြစ်သည်။
နဂါးကိုးကောင်အာဏာရှင်နည်းစနစ်သည် အလွန်အစွမ်းထက်ပေ၏။ ၎င်းနည်းစနစ်ကို အသုံးပြုချိန်တိုင်း နတ်ဆိုးအငွေ့အသက်အနည်းငယ် ကျန်ရစ်ပေသည်။
"တစ်ကယ်လို့ မင်းက နတ်ဆိုးနည်းစနစ်တွေကို မလေ့ကျင့်ဘူးဆိုရင်...မင်းက ဘယ်လိုလုပ်ပြီး စီနီယာအကိုကြီးစုန့်ယန်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"
"ပြောကြတာက နတ်ဆိုးနည်းစနစ်တွေက လူတစ်ယောက်ရဲ့ခွန်အားကို အချိန်တိုအတွင်းတိုးတတ်စေတယ်တဲ့...ငါတို့ရဲ့ မြင့်မြတ်ပြီးခိုင်မာတဲ့လမ်းစဥ်ကတော့ အခြေခံခိုင်မာမှုကို ဦးစားပေးတယ်...မင်းက အခြေခံခိုင်မာမှုကိုစွန့်လွှက်ပြီး နတ်ဆိုးလမ်းစဥ်ရဲ့သွေးဆောင်မှုကို ခံနေရတယ်...ဒါက အရမ်းကို အရှက်ရစရာပဲ"
"သူနဲ့အဓိပ္ပါယ်မရှိတာတွေ ပြောမနေကြနဲ့တော့...သူကိုတိုက်ခိုက်ပြီးတော့ သူရဲ့ကျင့်ကြံဆင့်ကို ဖျတ်ဆီးကြရအောင်"
လူအုပ်ကြီးက အော်ဟစ်လိုက်ကြ၏။
စုန့်ယန်သည် မြေပြင်ပေါ်မှထလာပြီးဖြစ်သော်လည်း ရှေ့သို့တိုးဝင်သွားခြင်းမရှိချေ။
ယခုခြံဝန်းအတွင်းတွင် လူအယောက်၇၀ခန့်ရှိပြီး သူတို့အားလုံးက လုယွီထံသို့ တရကြမ်းတိုးဝင်လိုက်ကြ၏။
"လက်တစ်ထောင် ဖြန့်ကျဲခြင်း"
"ဗာမီလီယန်ဌက်နတ်ဘုရား၏စွမ်းအား"
"ကောင်းကင်ဘုံမိုးကြိုးငါးသွယ် တာအိုနည်းစနစ်"
လူအုပ်ကြီးက အော်ဟစ်ပြီး သူတို့၏ကျန်းချီများကို ထုတ်လွှက်ကာ အစွမ်းထက်နည်းစနစ်များဖြင့် လုယွီထံ တိုးဝင်လာကြ၏။
လုယွီက လက်နောက်ပစ်ထားဆဲဖြစ်ပြီး သူ၏အင်္ကျီလက်များသည် အားကောင်းသောလေတိုက်ခတ်မှုကြောင့် ရှေ့နောက်တဖျပ်ဖျပ်ခတ်နေလေသည်။
လူအုပ်ကြီး၏လှုပ်ရှားမှုသည် လုယွီနှင့်နီးကပ်လာချိန်တွင် ဧရာမမြေအောက်လေညကနတ်ဘုရားပုံရိပ်ကြီးက သူ၏အနီးတွင် ရုတ်တရက်ထွက်ပေါ်လာသည်။
"မြေအောက်လောကနတ်ဘုရားရဲ့ဒေါသ"
လုယွီက အေးစက်စက် ရေရွတ်လိုက်သည်။
လုယွီအနီးရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် ရုတ်တရက် သူ၏ပါးစပ်ကိုဖွင့်ပြီး ကောင်းကင်နှင့်မြေပြင်အနှံတုန်ဟီးသွားစေသည့် အမျက်ဒေါသထွက်နေသောအသံနက်ကြီးဖြင့် အော်ဟစ်လိုက်လေ၏။
တပည့်အုပ်စုသည် သူတို့၏ရှေ့ရှိလေထုသည် တလိပ်လိပ်တတ်လာသော ဒီရေကဲ့သို့ တင်းကျပ်ပြီးဖိအားများလာသည်ကို ခံစားမိလေသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တပည့်များအားလုံး နောက်သို့လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့အပြင်းအထန်ကျဆင်းလာတော့သည်။
Chapter 242
အချိန်တခဏအကြာတွင်မူ လုယွီကလွဲ၍ ကောင်းကင်သိုင်းပညာကျောင်းဆောင်တွင် မတ်တတ်ရပ်နိုင်သူမရှိတော့ချေ။
စုန့်ယန်သည်လည်း မြေပြင်ပေါ်၌ လဲကျနေလေ၏။ သူ၏မျက်နှာတွင် နီမြန်းနေပြီး တုန်ရီနေလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌လည်း မည်သည့်အင်အားမျှ မကျန်တော့ချေ။ လုယွီ၏အော်သံအား ယခုလက်ရှိချိန်ထိ သူ၏စိတ်အတွင်းမှ ကြောက်လန့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အမြူတေပင်လျှင် အနည်းငယ်တုန်ခါသွားမှုကို ခံစားနေမိသည်။
"သေချာနေပြီ...သူက နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတစ်ယောက်ပဲ...သူရဲ့တိုက်ခိုက်မှုက အရမ်းစက်ဆုပ်ရွံရှာဖို့ကောင်းတယ်..ငါ တပည့်ခန်းမကိုသွားပြီး မင်းကိုအပြစ်ပေးဖို့ပြောမယ်"
စုန့်ယန်၏မျက်လုံးများတွင် ဒေါသအငွေ့အသက်များထင်ဟပ်နေလေ၏။
ဘန်း...
လုယွီက စုန့်ယန်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
စုန့်ယန်က မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။ သူက ကွေးကောတ်ပြီးမြေပြင်ပေါ်သို့ လဲကျသွားလေသည်။
လုယွီက ဆောင့်ကြောင့်ထိုင်ပြီး စုန့်ယန်အား ငုံကြည့်လိုက်သည်။
"ငါကိုပြောစမ်း....အခုဘယ်အချိန်ရှိပြီလဲ"
"ခွေးမသား...ဒီနေရာက သမင်ဖြူကျောင်းတော်နော်...မရိုင်းစိုင်း....."
ဘန်း...
လုယွီက စုန့်ယန်အား ထပ်မံရိုက်နှက်လိုက်ပြန်၏။
စုန့်ယန်သည် နာကျင်မှုကြောင့် အော်ဟစ်နေလေ၏။ သူ၏ခန္ဓာကိုယ်မှ အရိုးများအားလုံး တစစီကျိုးပဲ့နေသကဲ့သို့ ခံစားမိသည်။ သူက နောက်ထပ်စကားထပ်မံပြောရန် သတ္တိမရှိတော့ပေ။
"ပြောစမ်း....အခု ဘယ်အချိန်ရှိပြီလဲ"
လုယွီက ထပ်မံ၍ မေးမြန်းလိုက်သည်။
ဤတစ်ကြိမ်တွင်မှု စုန့်ယန်က စကားများများမပြောဝံ့ချေ။ သူက ရိုးသားစွာဖြင့် ဖြေဆိုလိုက်သည်။
"အခုအချိန်က......"
"ခေါင်းလောင်းဆယ်ကြိမ်ထိုးပြီးရင် ဘာလုပ်ရမယ်ဆိုတာ မင်း မသိဘူးလား"
လုယွီက စာအုပ်တစ်အုပ်ဖြင့် စုန့်ယန်အား ပါးရိုက်လိုက်လေ၏။
ဤစာအုပ်က သူတော်စင်များ၏စာလိပ်ဖြစ်သည်။
စုန့်ယန်က ထိုစာလိပ်ကိုမြင်သည်နှင့် လုယွီ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားခဲ့သည်။ သူ၏စိတ်အတွင်း၌ မကြုံစဖူးအရှက်တကွဲဖြစ်ရခြင်းများ ပြည့်နှက်သွားလေသည်။
"ငါက ကျောင်းတော်ရဲ့အတွင်းစည်းတပည့်နစ်ယောက်လေ...စည်းမျဥ်းတွေအရ ငါရဲ့စာသင်ချိန်တွေကို ငါကြိုက်သလို စီမံခန့်ခွဲနိုင်တယ်"
စုန့်ယန်က အံတင်းတင်းကြိတ်ရင်း ဖြေဆိုလိုက်သည်။
လုယွီ၏နှုတ်ခမ်း အနည်းငယ် မြင့်တတ်သွားပေ၏။
"ငါ တောင်းပန်ပါတယ်...ဒါပေမယ့် ဒီစကါးက ကောင်းကင်သိုင်းပညာကျောင်းဆောင်မှာ နောက်ဆုံးပြောခြင်းပဲ ဖြစ်ရမယ်"
လုယွီက သူ၏အင်္ကျီလက်အတွင်းမှ တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
လုယွီ၏ကျန်းချီများက အမိန့်ပေးတံဆိပ်ပြားပေါ်သို့ ကျဆင်းသွားသည်နှင့် တံဆိပ်ပြားမှတောက်ပသည့်အလင်းရောင်ထွက်ပေါ်လာပြီး လေထုအတွင်း မျောလွင့်နေလေသည်။
"ကထိက"ဟူသောစကားလုံးသည် တံဆိပ်ပြားမှနေ၍ ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်၌ လဲကျနေသည့်တပည့်များသည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး သူတို့၏မျက်လုံးများကိုပင် သူတို့မယုံကြည်နိုင်ကြတော့ချေ။
"မင်းက ကထိကတစ်ယောက်လား"
တပည့်တစ်ယောက်က တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်သည်။
ကောင်းကင်သိုင်းပညာကျောင်းဆောင်တွင် မည်သည့်အချိန်ကစ၍ ကထိကတစ်ယောက် ရောက်ရှိလာသနည်း...
နောက်ဆုံးတကြိမ် ကထိကတစ်ယောက်ရှိခဲ့သည်ကပင် တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်လေ၏။
ထို့ပြင် သူက အလွန်ငယ်ရွယ်ပုံရပြီး ကောင်းကင်သိုင်းပညာကျောင်းဆောင်မှာပင်လျှင် အသက်အငယ်ဆုံးဖြစ်ပုံရသည်။
"အချိန်ကျပြီ....မင်းတို့ရဲ့စာအုပ်တွေယူပြီး စာသင်ခန်းထဲကို မသွားကြသေးဘူးလား"
တပည့်တစ်ချို့သည် ကထိကဖြစ်သူအား ရဲဝံစွာဖြင့်ဆန့်ကျင်ခဲ့မှုကြောင့် အလွန်အမင်းကြောက်ရွံနေကြသည်။ သမင်ဖြူကျောင်းတော်တွင် ဤသည်က ပြင်းထန်သည့်ပြစ်မှုကြီးတစ်ခု ကျူးလွန်ခြင်းဖြစ်သည်။
ဤနေရာရှိ တပည့်အတော်များများသည် အလျှင်စလိုဖြင့်ထွက်ခွါသားကြရာ တပည့်သုံး လေးယောက်ခန့်သာလျှင် ကျန်ရစ်တော့သည်။ သူတို့အားလုံးသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူများဖြစ်ကြ၏။
"မင်းတို့က ဘာလဲ"
လုယွီက သူတို့အား ကြည့်ရှုလိုက်၏။
ထိုလူများကြားမှ စုန့်ယန်ကမတ်တတ်ထရပ်လိုက်ပြီး ရဲဝံစွာဖြင့် ပြောဆိုလိုက်လေသည်။
"ငါတို့က အတွင်းစည်းတပည့်တွေလေ...စည်းမျဥ်းတွေအရ ငါတို့က စာပေကိုလေ့လာစရာမလိုဘူး...ဒါပြင် ငါတို့က သူတော်စင်ကုန်းယဲ့ကျီရဲ့လမ်းစဥ်ကို ဥပမာယူပြီး သိုင်းပညာကိုလေ့ကျင့်ကြတာ...ဘာကြောင့် ငါတို့က ......"
"ငါ နောက်ဆုံးတစ်ခေါက်ပဲ ထပ်ပြောတော့မယ်"
လုယွီက စုန့်ယန်၏စကားကို ကြားဖြတ်၍ ပြောဆိုလိုက်သည်။
စုန့်ယန်က မတုန်မလှုပ်ဖြစ်နေသည်ကိုကြည့်ပြီး လုယွီက ဆတ်လတ်ပြောဆိုလိုက်လေ၏။
"မင်းရဲ့ လှည့်ကွက်သေးသေးလေးတွေနဲ့...မင်းထက် အဆင့်နိမ့်တဲ့သူတွေကို အနိုင်ကျင့်ခဲ့တယ်...အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံတယ်...ဒီလို စိတ်နေသဘောထားမျိုးနဲ့ ဆတ်ပြီးကျင့်ကြံနေမယ်ဆိုရင် မင်းက သူတော်စင်တစ်ယောက်ဖြစ်အောင်ဘယ်လိုလေ့ကျင့်မှာလဲ"
လုယွီ၏ပြစ်တင်ဆုံးမခံရမှုကြောင့် စုန့်ယန်၏မျက်နှာသည် နီမြန်းနေလေ၏။ သူက ကောင်းကင်သိုင်းပညာကျောင်းဆောက်တွင် ပွဲတစ်ရာကျော်သည်အထိအနိုင်ရခဲ့ခြင်းမှာ သူထက်အားနည်းသူကို တိုက်ခိုက်ရန်ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
"မင်းက လက်ခံဖို့ငြင်းဆိုချင်နေသေးလား...ဒါဆို မင်း ငါကို အနိုင်တိုက်နိုင်တဲ့အချိန်ကျရင် မင်းက စာပေသင်ယူဖို့ မလိုတော့ဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ထပ်မံပြောဆိုလိုက်၏။
"မင်းကို အသက်ရှုချိန်ဆယ်ကြိမ်စာ အနားပေးမယ်...တစ်ကယ်လို့ မင်း စာသင်ခန်းကိုမသွားဘူးဆိုရင် ကောင်းကင်သိုင်းပညာကျောင်းဆောင်ကနေ မင်းဟာမင်းထွက်သွားတော့"
(Website က ၂ခု၃ခု ကြည့်ရေးရတာမို့ အသုံးအနှုန်း တခါတလေပြောင်းလဲပါမယ်...ပိုပြည့်စုံတဲ့နေရာက ယူရေးတာမို့ပါ...ခု နည်းပြနေရာမှာ ကထိကဆိုတဲ့ အသုံးနဲ့အစားထိုးထားပါတယ်)
Chapter 243
"ဘာ ကထိကလဲ...အတုအယောင်တွေ....မင်းလို နတ်ဆိုးလမ်းစဥ်က ကျင့်ကြံသူတစ်ယောက်က ကထိကတဲ့လား"
စုန့်ယန်၏မျက်နှာသည် ရှက်ရွံဒေါသထွက်မှုကြောင့် နီမြန်းနေလေ၏။
သူသည် ဤနေရာ၌ အရှက်တကွဲဖြစ်ခဲ့ပြီးဖြစ်သဖြင့် လုယွီ၏သင်ခန်းစာများကို သင်ယူရန်မှာ သူ့အတွက်မဖြစ်နိုင်ချေ။
"အသက်ရှုချိန်ငါးကြိမ်စာ ကျန်သေးတယ်"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
ယခုနေရာ၌ ကျန်ရှိနေသေးသည့် အတွင်းစည်းတပည့်များသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်နေကြရင်းမှ မည်သည့်နှောင့်နှေးကြန့်ကြာမှုမျှမရှိဘဲ စာသင်ခန်းစီသို့ အပြေးသွားကြတော့သည်။
ထိုသို့ဖြစ်ရခြင်းမှာ လုယွီက အစွမ်းထက်သည့်ခွန်အားကို ပြသခဲ့ခြင်းတစ်ခုတည်းကြောင့် မဟုတ်ချေ။ အကယ်၍ ကောင်းကင်သိုင်းပညာကျောင်းဆောင်ကသာ သူတို့ကိုနှင်ထုတ်ခဲ့ပါက သူတို့ကိုလက်ခံမည့် တစ်ခြားကျောင်းဆောင်မရှိမည်ကို စိုးရွံနေကြခြင်းဖြစ်သည်။
ကောင်းကင်သိုင်းပညာကျောင်းဆောင်မှ တပည့်အများစုသည် ယှဥ်ပြိုင်တိုက်ခိုက်လိုစိတ် ပြင်းထန်ကြသည်။ တစ်ခြားမည်သည့်ကျောင်းဆောင်ကမျှ ဤကဲ့သို့သောတပည့်များကို ကြိုက်နှစ်သက်ကြခြင်းမရှိချေ။
အကယ်၍ သူတို့အားလက်ခံမည့်နေရာမရှိပါက အချိန်မနှောင်းဘဲ သမင်ဖြူကျောင်းတော်မှ မောင်းထုတ်ခံရမည်သာ ဖြစ်ပေ၏။
သမင်ဖြူကျောင်းတော်သည် အင်မော်တယ်ဂိတ်တံခါးရှိ အစွမ်းထက်အင်အားစုများအနက်မှတစ်ခုဖြစ်သည်။ ဤနေရာသို့ လာရောက်လိုသည့် လာအမြောက်အများရှိပေသည်။ မည်သူကမျှ ဤနေရာမှ ထွက်ခွါလိုခြင်းမရှိပေ။
အတွင်းစည်းတပည့်များ ထွက်ခွါသွားပြီးနောက် စုန့်ယန်တစ်ယောက်တည်းသာလျှင် ကွင်းပြင်၌ ကျန်ရစ်ခဲ့သည်။
"အချိန်စေ့ပြီ...မင်း သွားတော့"
လုယွီက စုန့်ယန်အား မည်သည့်စကားကိုမျှ ထပ်မံပြောဆိုရန်ဆန္ဒမရှိတော့ဘဲ နေရာမှထွက်ခွါခဲ့တော့သည်။
စုန့်ယန်၏မျက်နှာသည် ရှုံတွနေရင်းမှ လုယွီ၏နောတ်ကျောကိုစိုက်ကြည့်နေသော သူ၏မျက်လုံးများတွင် မကျေမနပ်မှုများ ထင်ဟပ်နေသည်။
သို့ရာတွင် လုယွီက အစွမ်းထက်ကြောင်းကို စုန့်ယန် ကောင်းစွာသိရှိထားသည်။
သူက ဤနေရာ၌ အချိန်ကြာကြာမနေဝံတော့ချေ။ းစုန့်ယန်သည် ကောင်းကင်သိုင်းပညာကျောင်းဆောင်မှနေ၍ အလျှင်အမြန်ထွက်ခွါလိုက်တော့၏။
"နတ်ဆိုးလမ်းစဥ်ကို ကျင့်ကြံနေတဲ့ ကောင်စုတ်တစ်ကောင်ကများ...ငါကိုလာပြီးသင်ကြားဝံတယ်ပေါ့"
ကောင်းကင်သိုင်းပညာကျောင်းဆောင်မှ ထွက်ခွါလာခဲ့သူ စုန့်ယန်သည် တွေးတောနေလေ၏။
"သမင်ဖြူကျောင်းတော်ရဲ့ကထိကတံဆိပ်ပြားက အသိအမှတ်ပြုခံရဖို့ ပိုင်ရှင်ရဲ့သွေးလိုအပ်တယ်...သူကလိမ်ညာလှည့်ဖျားနေတာ မဖြစ်နိုင်ဘူး...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူကနတ်ဆိုးနည်းစနစ်တွေကို လေ့ကျင့်နေတဲ့ကောင်ပဲ...တစ်ကယ်လို့ အပြစ်ပေးခန်းမကိုသာ ငါက ဒီအကြောင်းကို အကြောင်းကြားလိုက်ရင် သူဘယ်လောတ်ပဲအစွမ်းထက်ထက် လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
……
စာသင်ခန်းအတွင်း၌....
တပည့်များက သူတို့၏ထိုင်ခုံများတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နေကြလေ၏။ ကောင်းကင်သိုင်းပညာကျောင်းဆောင်၏စာသင်ခန်းသည် အသုံးမပြုသည်မှာ အချိန်ကြာမြင့်ပြီဖြစ်၍ အတွင်းရှိပရိဘောဂများပင် ဟောင်းနွမ်းနေလေ၏။
ခုံစောင်းများပေါ်တွင် ဖုန်မှုန့်များက ထူထပ်စွာဖုံးအုပ်ထားသည်။
"စာဖတ်ခြင်းက အသုံးမဝင်ဘူးလို့ မင်းတို့ထင်နေကြတာလား"
လုယွီက တဲ့တိုးဆန်စွာဖြင့် မေးမြန်းလိုက်သည်။
တပည့်များသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြသော်လည်း မည်သည့်စကားသံမျှထွက်ပေါ်မလာချေ။
'မင်းက ဘယ်လိုပြောမှာလဲ...မင်းတို့ဒီရေါက်နေချိန်မှာ အခုလေးတင်ဖြစ်သွားတဲ့ စုန့်ယန်ရဲ့အဆုံးသတ်က သက်သေမဟုတ်လော...အမှန်တကယ်ကိုပင် မည်သူကမျှ စကားတစ်လုံးမျှမထွက်ဝံကြပေ"
လုယွီက သူတို့မည်သည့်အကြောင်းအား တွေးတောနေခြင်းကို သိရှိပြီးဖြစ်သည်။
"ငါက သမင်ဖြူကျောင်းတော်ကို ဒီနေ့မှဝင်ရောက်လာခဲ့တာ...ကောင်းကင်သိုင်းပညာကျောင်းဆောင်လိုနေရာမျိုးရှိသေးတာကိုလည်း ခုဏကမှသိခဲ့တာပဲ...ဒီနေရာကို အရင်တုန်းက 'ကောင်းကင်သိုင်းပညာကျောင်းတော်'လို့ ခေါ်ဆိုတာမလား..ငါ ပြောတာမှန်လား....ဒါပေမယ့် မင်းတို့မှာစာပေလေ့လာမှုမရှိတာကြောင့် ကျောင်းတော်ရဲ့အရည်အချင်းကနေကျဆင်းပြီး ဘာမှမဟုတ်တဲ့ ကောင်းကင်သိုင်းပညာကျောင်းဆောင်ဆိုပြီးဖြစ်လာတာပဲ"
လုယွီက တပည့်များအားလုံးကို မျက်လုံးှေ့ဝိုက်ကြည့်လိုက်သည်။
တပည့်များ၏မျက်နှာများတွင် အရှက်ရပုံပေါ်လွင်နေပြီး သူတို့အားလုံး၏ခေါင်းများငုံထားကြသည်။
"ဘယ်သူကမှ မင်းတို့ကို တပည့်အဖြစ်မခေါ်ချင်ကြဘူးဆိုတာ မင်းတို့သိလား...ဘာလို့လည်းဆိုတော့ မင်းတို့က အရမ်းမိုက်မဲလို့ပဲ"
လုယွီက သူ၏ခေါင်းကို ခါယမ်းရင်းမှ သက်ပြင်းရှိုက်လိုက်သည်။
"မင်း ဘယ်လိုပြောလိုက်တာလဲ"
တစ်ချို့တပည့်များသည် သူတို့၏လက်များဖြင့် စားပွဲများကိုရိုက်နှက်၍ မတ်တတ်ထရပ်ကာ ဒေါသတကြီးအော်ဟစ်ကြလေ၏။
လုယွီက သူတို့အားလုံးအား ကြည့်ရှုလိုက်သည်။
"ငါပြောတာ မမှန်လို့လား...ငါသိသလောတ်ပြောရရင် တစ်ခြားကျောင်းဆောင်တွေ..ဥပမာအနေနဲ့ ဝမ်ဟွားယွမ်ကျောင်းဆောင်နဲ့ကျောက်စိမ်းသစ်တောကျောင်းဆောင်တွေမှာဆို အနည်းဆုံးလူ၁၀၀၀ကျော်ရှိတယ်...ဒါပေမယ့် မင်းတို့မှာ လူ၁၀၀တောင်မပြည့်ဘူးလေ...မင်းတို့က ပြဿနာကိုရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူးလား"
"ကွန်ဖြူးရှပ်စာသင်သားတွေဖြစ်ပြီး မင်းတို့က စာပေနဲ့တာအိုကို လေ့လာရမယ့်အစား သိုင်းပညာကိုပဲလေ့ကျင့်နေကြတယ်...မင်းတို့ ဘာတွေတွေးနေတာလဲဆိုတာ ငါမသိတော့ဘူး"
လုယွီ၏အော်ဟစ်သံသည် စာသင်ခန်းတစ်ခုလုံး ပျံနှံနေပေ၏။
တပည့်တစ်ယောက်က သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ပြန်လည်ချေပပြောဆိုလိုက်သည်။
"ကျင့်ကြံခြင်းလောကမှာ အင်အားကြီးသူကိုပဲ လေးစားကြတာမဟုတ်ဘူးလား...ဒါကြောင့် ကျွန်တော်တို့ရဲ့အင်အားကို တိုးတတ်အောင်လုပ်တာလေ...စာပေလမ်းကြောင်းကတော့ လျစ်လျှူရှုလို့ရတယ့်ကိစ္စပဲ"
"ဒါက မမှားဘူးတဲ့လား"
လုယွီက နှာတစ်ချက်မှုတ်လိုက်၏။
"ဒါက ဘာလို့လဲဆိုတော့ မင်းတို့က အစစ်အမှန်ကွန်ဖြူးရှပ်ပညာကို ဘယ်တုန်းကမှမမြင်တွေ့ဘူးလို့ပဲ...လူတွေက အရေးမပါတဲ့စာအုပ်တွေကို ဖတ်နေကြတယ်လို့ပဲ မင်းတို့ကထင်နေကြတာ"
Chapter 244
လုယွီ၏စကားသံနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အစွမ်းထက်ပြီးမြင့်မြတ်သည့် သမာဓိချီလှိုင်းများ ရုတ်တရက်ပေါ်ထွက်လာသည်။
ထိုသဘာဝစွမ်းအင်သည် အလွန်အမင်းသန့်ရှင်းစင်ကြယ်ပြီး အထက်စီးဆန်လှပေရာ လူအများက သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်ကြတော့ဘဲ သူတို့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ရိုသေလေးစားမှုကို ခံစားမိလေသည်။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို သမာဓိချီများမှဖြစ်ပေါ်လာသည့် အဖြူရောင်အလင်းတန်းများက ဖုံးလွှမ်းနေလေရာ ရှေးဟောင်းသူတော်စင်တစ်ပါးနှင့်ပင် တူညီနေပေသည်။
ထိုအခြင်းအရာကိုမြင်ရသော တပည့်အားလုံးသည် ညည်းတွားမြည်တမ်းလိုက်ကြ၏။
"သူက နတ်ဆိုးကျင့်ကြံသူတစ်ယောက်လို့ ငါပြောမိတယ်မလား....ဘယ်လိုလုပ်ပြီး သူမှာသန့်ရှင်းစင်ကြယ်ပြီးမြင့်မြတ်တဲ့ သမာဓိချီရှိနေတာလဲ"
"ဒါက အရမ်းထူးဆန်းတယ်....သူက နတ်ဆိုးနည်းစနစ်တွေကို အသုံးပြုခဲ့တာ ငါ မြင်ခဲ့တာပဲလေ...ဒါပေမယ့် မဟာကွန်ဖြူးရှပ်ပညာရှင်တွေစီကပဲ ဒီလိုအလင်းရောင်ထွက်ပေါ်တာမျိုး မြင်ဖူးတယ်"
လုယွီထုတ်လွှတ်ထားသည့် သမာဓိချီ၏အလင်းရောင်ကိုမြင်ချိန်တွင် တပည့်များအားလုံး အံ့အားသင့်တုန်လှုပ်ပြီး တိုင်ပင်ဆွေးနွေးနေကြကုန်၏။
လုယွီက လူအုပ်ကြီးကိုကြည့်ပြီး ရုတ်တရက် အဖြူရောင်ဝတ်စုံနှင့်တပည့်တစ်ယောက်အား လက်ညှိုးညွှန်လိုက်သည်။
"မင်း နာမည်က ဘယ်လိုခေါ်လဲ"
"ကျွန်တော်နာမည်က ဝူချင်းယွမ်"
အဖြူရောင်ဝတ်စုံဖြင့်တပည့်က ပြန်လည်ဖြေကြားလိုက်လေ၏။
"ခုဏက ငါမင်းနဲ့စုန့်ယန်ရဲ့တိုက်ပွဲကို မြင်ခဲ့တယ်...ဒါပေမယ့် ကြည့်ရတာ မင်းရဲ့ခွန်အားအကုန်လုံးကို အသုံးမပြုခဲ့ပုံပဲ....ဘာလို့လဲ"
လုယွီက လေးနက်သည့်လေသံဖြင့် မေးမြန်းလိုက်သည်။
ဝူချင်းယွမ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေလေ၏။ သူက အချိန်တခဏကြာတုန့်ဆိုင်းသွားပြီးနောက် ပြန်လည်ဖြေကြားလိုက်လေ၏။
"သူက ကျွန်တော်ထက် ပိုပြီးသန်မာပါတယ်...တစ်ကယ်လို့ ကျွန်တော် အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင် သူက ကျွန်တော်ကို လက်စားချေမှာကြောက်ရွံလို့ပါ"
"ဘယ်လို ဟာသမျိုးလဲ"
လုယွီက တင်းတင်းမာမာ အော်ဟစ်လိုက်လေ၏။
"ယှဥ်ပြိုင်မှုက ယှဥ်ပြိုင်မှုပဲ...တစ်ကယ်လို့ မင်းက ရှေ့တိုးပြီးမတိုက်ခိုက်ဝံဘူးဆိုရင် အနာဂတ်မှာ မင်းရဲ့ခွန်အားက ဘယ်လိုလုပ်ပြီးတိုးတတ်မှာလဲ"
လုယွီက တည်ကြည်လေးနက်သောလေသံဖြင့် ထပ်မံပြောဆိုလိုက်သည်။
"အခု ငါဒီမှါ မတ်တတ်ရပ်နေတယ်...မင်းရဲ့အစွမ်းကုန်သုံးပြီး ငါ့ကိုလာတိုက်ခိုက်စမ်း"
ဝူချင်းယွမ်က တဆတ်ဆတ်တုန်ရီနေ၏။ လုယွီက ဟိန်းဟောက်သံတစ်သံဖြင့် လူအားလုံးကို မြေပြင်ပေါ်၌ လဲကျစေသည့်မြင်ကွင်းကို သူမှတ်မိနေဆဲဖြစ်သည်။
"ဘာလဲ...မလုပ်ရဲဘူးလား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"ငါက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲ ရှိသေးတာလေ...မင်းမှာ သတ္တိမရှိဘူးလား"
ဝူချင်းယွမ်သည် ပြစ်တင်ရှုံချခြင်းခံရသဖြင့် ရှက်ရွံသွားလေ၏။ သူက အံတင်းတင်းကြိတ်ပြီး လုယွီကို ဦးညွှက်ကာပြောဆိုလိုက်သည်။
"တောင်းပန်ပါတယ်"
သေစမ်း..
ဝူချင်းယွမ်က ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် မြောက်များစွာသည့်ဓားပျံများသည် သူ၏သိုလှောင်အိတ်အတွင်းမှ ကြမ်းတမ်းစွာဖြင့် ထွက်ပေါ်လာခဲ့သည်။ ဝူချင်းယွမ်၏နဖူးပြင်ပေါ်တွင်လည်း ရွှေရောင်အမြူတေတစ်ခုက မျောလွင့်နေပေသည်။
ထိုရွှေရောင်အမြူတေ၏မျက်နှာပြင်ပေါ်တွင် သစ်ရွက်သုံးရွက်ပုံသဏ္ဏန်ရှိနေပြီး အားကောင်းသောကျန်းချီအရှိန်အဝါကို ထုတ်လွှတ်ပေးနေသည်။
"ဒီမှော်မန္တန်က ကျွန်တော်ရဲ့အစွမ်းအထက်ဆုံးမန္တန်ပဲ...ဂရုစိုက်ပါ"
ဝူချင်းယွမ်က အော်ဟစ်လိုက်ပြီးနောက် သူ၏ဓားပျံပေါ်မှ အဖြူရောင်အလင်းတန်းသည် ပို၍ပို၍အားကောင်းလာခဲ့သည်။
ကံကောင်းစွာဖြင့် ယခု တပည့်များရှိနေသည့်အခန်းသည် အလွန်ကျယ်ဝန်းပေ၏။ ဝူချင်းယွမ်၏ရှေ့မှ လူများသည် သူတို့အားဓားချီများဖြင့် ထိခိုက်မိမည်ကို ကြောက်ရွံကြသဖြင့် နံဘေးဘက်သို့ ရှောင်တိမ်းလိုက်ကြသည်။
ဝှစ်...
လေထုအား စူးရှသည့်အသံတစ်သံက ထွင်းဖောတ်လာပြီး အစွမ်းထက်သည့် ဓားချီနှင့်အတူ ဝူချင်းယွမ်၏ဓားပျံက လုယွီထံသို့ တရကြမ်းတိုးဝင်လာခဲ့သည်။
ထိုဓားပျံတွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ဆဋ္ဌမအဆင့်၏စွမ်းအားများအားလုံး ပါဝင်နေသည်။
"မင်းရဲ့ဓားချက်က အရမ်းပြင်းထန်တယ်...မင်းက ကွန်ဖြူးရှပ်နဲ့တာအိုဝါဒရဲ့ ဓားသမားကောင်းတစ်ယောတ်ပဲ...ဒါပေမယ့် မင်းရဲ့ဓားချက်က ရောထွေးပြီးရှုပ်နေတယ်"
လုယွီက ခေါင်းခါယမ်းလိုက်၏။
လုယွီက သူ၏လက်များကို နောက်သို့ပစ်ထားဆဲဖြစ်ပြီး ကြည့်ရပုံမှာ စူးရှသည့်ဓားချီသည် သူ၏ရှေ့၌ မည်သို့မျှအရာမဝင်ကဲ့သို့ပင်။
"ကွန်ဖြူးရှပ်ဝါဒနဲ့တာအိုတို့ကို ကွန်ဖြူးရှပ်ဝါဒရဲ့ဓမ္မနဲ့သာ ထောက်ပံမှုပေးသင့်တယ်...မင်းက ကွန်ဖြူးရှပ်ဝါဒရဲ့အပြင်ပိုင်းသွင်ပြင်ကိုပဲ လေ့လာပြီး ဒီဓားရဲ့အနှစ်သာရကိုကျ နားလည်ခြင်းမရှိဘူး"
ရုတ်တရက်ဆိုသလိုပင် လုယွီက သူ၏နံဘေးရှိစားပွဲပေါ်မှပေတံတစ်ချောင်းကို ယူပြီးနောက် သူ၏ကျန်းချီများကို ပေတံအတွင်းသို့ ထည့်သွင်းလိုက်သည်။
ဝီ...ဝီ...
ပေတံတစ်ခုလုံးက စတင်၍တုန်ခါလာပြီး အကန့်အသတ်မရှိသောစွမ်းအားများ ပေါ်ထွက်လာလေ၏။
ဘန်း...
ဆူညံသောအသံတစ်သံ မြည်ဟီးလာပြီးနောတ် ဝူချင်းယွမ်၏ဓားသည် အပိုင်းပိုင်းအစစများအဖြစ် အက်ကွဲသွားခဲ့သည်။
ကြီးမားသည့် ဖိအားတစ်ရပ်က ဓားရှည်မှတစ်ဆင့် ဝူချင်းယွမ်၏ခန္ဓာကိုယ်အား ရောက်ရှိလာလေ၏။ ဝူချင်းယွမ်၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုများက ထင်ဟပ်နေသည်။
"ရွှေရောင်အမြူတေ အကာအကွယ်"
ဝူချင်းယွမ်က အော်ဟစ်လိုက်ပြီးနောက် သူ၏ရွှေရောင်အမြူတေမှကျန်းချီများကို ထုတ်လွှတ်၍ သူကိုယ်သူကာကွယ်လိုက်သည်။
ခရက်....
ရွှေရောင်အမြူတေမှကျန်းချီအကာအကွယ်သည်လည်း လုယွီ၏အားကောင်းသောစွမ်းအားကို ဟန့်တားနိုင်စွမ်းမရှိသည့်အတွက် ကျိုးပဲ့ပျတ်စီးသွားပေ၏။
ဝူချင်းယွမ်သည်လည်း ပြင်းထန်သောအားသက်ရောက်မှုကြောင့် နောတ်သို့လွင့်ထွက်သွားလေသည် ။ သူက မြေပြင်နှင့်အပြင်းအထန် ရိုက်ခတ်မိတော့သည်။
"မင်းတို့က ကွန်ဖြူးရှပ်ဝါဒကို လုံးဝနားမလည်ကြသေးပါလား...ဒါကြောင့် မင်းတို့က မောက်မာရိုင်းစိုင်းပြီး သေမျိုးတွေလိုဖြစ်နေကြတာ...တစ်ကယ်လို့ ငါက မင်းတို့ကိုလောကမှာအကောင်းဆုံး မှင်တံနဲ့စာရွက်ကိုပေးရင်တောင်မှ...မင်းတို့ စာတမ်းတစ်ခု ရေးသားနိုင်ပါ့မလား"
Chapter 245
လုယွီ၏ ဝေဖန်ပြောဆိုနေသံသည် စာသင်ခန်းမတစ်ခုလုံး ပဲ့တင်ထပ်ထွက်ပေါ်နေလေသည်။ သူရှေ့ရှိတပည့်များအားလုံးက လုယွီအား မိန်းမောတွေဝေစွာဖြင့် စူးစိုက်ကြည့်နေကြသည်။ ဤအခြင်းအရာက အင်အားကြီးမှု၏စွမ်းအားပေလော...
စာပေ၌ ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိနေသည့် တပည့်တစ်ချို့နှင့်ကထိကတစ်ချို့သာလျှင် ဤကဲ့သို့သော မြင့်မြတ်သည့်သမာဓိချီကို ထုတ်လွှတ်နိုင်ပေသည်။
သို့သော် ယခုကဲ့သို့ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူ၌ မြင့်မြတ်သောသမာဓိချီပိုင်ဆိုင်ထားသည်ကို မည်သူကသိရှိနိုင်မည်နည်း။
တစ်ချို့တပည့်များသည် သူတို့ပြုလုပ်ခဲ့သည့်အရာများကိုတွေးတောမိကြသည့်အတွက် သူတို့၏မျက်နှာများ နီမြန်းနေပေ၏။
နောက်သို့ပြန်ပြောင်းတွေးကြည့်လျှင် သူတို့က သိုင်းပညာကိုသာလေ့ကျင့်ကြပြီး စာပေပညာလေ့လာသည့်ကျင့်ကြံသူများကို မချေမငံဆတ်ဆံခဲ့ကြသည်။
သူတို့က သမင်ဖြူကျောင်းတော်၏နည်းစနစ်များနှင့်ကျင့်စဥ်များကိုသာ လေ့ကျင့်လိုကြသော်လည်း ကွန်ဖြူးရှပ်နှင့်တာအို စိတ်ကျဥ့်စဥ်များကိုမူ လျှစ်လျှူရှုထားကြသည်။
အတိတ်ကာလတွင် ကောင်းကင်သိုင်းပညာကျောင်းတော်၌ လူ၁၀၀၀ကျော်ရှိလေသည်။ နောက်ပိုင်းတွင် လူများ တစတစနည်းပါးလာခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်သိုင်းပညာကျောင်းတော်အဆင့်အတန်းမှလျောကျ၍ ကောင်းကင်သိုင်းပညာကျောင်းဆောင်ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။
မည်သည့်ကထိကကမျှ ကောင်းကင်သိုင်းပညာကျောင်းဆောင်သို့ လာရောတ်လိုခြင်းမရှိကြချေ။ ဤနေရာတွင်ရှိနေသည့် လူ၇၀ကသာ သူတို့ကိုယ်တိုင် ဝေယျာဝစ္စများကို စီမံခန့်ခွဲနေခြင်းဖြစ်သည်။
မည်သည့်အချိန်ကမျှ စာပေနှင့်တာအိုကို လေ့လာခဲ့ခြင်းမရှိသည့် ကောင်းကင်သိုင်းပညာကျောင်းဆောင်မှ ကျင့်ကြံသူများသည် ရှက်ရွံမှုကိုခံစားမိခြင်းမရှိကြချေ။ တစ်ခြားသူများက သူတို့အား လှောင်ပြောင်သရော်သည့်စကားများကို ကြားရလျှင် ထိုသူ၏မျက်နှာကိုဖြတ်ရိုက်ခြင်းဖြင့်သာ သူတို့ကဖြေရှင်းကြပေသည်။
အို...နတ်ဘုရားများ ကွန်ဖြူးရှပ်ဝါဒီနှင့်တာအိုကိုလေ့လာခြင်းသည် အောင်မြင်မှုကိုရရှိမည်ဟု မည်သူကသိရှိမည်နည်း...
လုယွီက သူ၏မျက်လုံးရှေ့ရှိ လူအားလုံး၏မျက်နှာအမူအယာများကို ကြည့်ပြီး တိုးညင်းစွာပြောဆိုလိုက်သည်။
"ကွန်ဖြူးရှပ်ဝါဒကျင့်ကြံမှုရဲ့ အထွတ်အထိပ်က ဘယ်လိုအခြေအနေမျိုးလဲဆိုတာ မင်းတို့ကောင်တွေ သိမမဟုတ်ဘူး"
"ကွန်ဖြူးရှပ်ဝါဒကိုပြီးပြည့်စုံအောင် လေ့ကျင့်ပြီးတဲ့သူတွေက အကန့်အသတ်မရှိတဲ့ စကြာဝဠာတွေကို တတ်လှမ်းနိုင်တယ်...သူတို့က ကျန်းချီအမြောက်အများကို သိပ်သည်းနိုင်ပြီးတော့ သူတို့ရဲ့ခန္ဓာကိုယ်ကို စွမ်းအင်တွေလှည့်ပတ်ပြီး စကြာဝဠာရဲ့စည်းမျဥ်းတွေကို အထက်စီးကနေထိန်းချုပ်ပြီး သူတို့ဆန္ဒရှိတာကိုပြုလုပ်နိုင်တယ်...သူတို့ရဲ့လက်တစ်ဖက်မြှောက်လိုက်တာနဲ့ ကြယ်တွေကိုဖန်ဆင်းပြီး ကမ္ဘာသစ်တစ်ခုကိုလည်းဖန်တီးနိုင်တယ်"
"သက်ရှိတွေအားလုံးက ဒီလိုကွန်ဖြူးရှပ်ပညာရှင်တွေရဲ့ရှေ့မှာ ပုရွတ်ဆိတ်တွေလိုပဲ....သာမာန်လူသားတွေက သူတော်စင်တွေရဲ့ကျင့်ကြံလမ်းစဥ်ကိုလျှောက်လှမ်းနေကြပေမယ့် အစစ်အမှန်အနှစ်သာရကို ဘယ်သူကမှသဘောမပေါတ်ကြဘူး"
လုယွီက အဆုံးမရှိသည့်မှတ်ဥာဏ်များအတွင်း နစ်မြုပ်နေရာမှ သူ၏ခေါင်းကိုမော့လိုက်သည်။ ထိုမှတ်ဥာဏ်များသည် သူ၏အတိတ်ဘဝနှင့်ကောင်းကင်ဘုံအင်ပါယာထိုက်ကျွင်းတို့၏ မှတ်ဥာဏ်များဖြစ်ကြသည်။
မြေအောက်လောက၁၈ခုတွင် အစွမ်းထက်သောသရဲတစ္ဆေကျင့်ကြံသူများ၏ ကျင့်ကြံနည်းစနစ်များသည် ကွန်ဖြူးရှပ်တာအိုဝါဒကျင့်ကြံသူများ၏ထိန်းချုပ်ခြင်းကို ခံရပေ၏။
ပြီးပြည့်စုံသည့်အဆင့်သို့ရောက်ရှိနေသည့် ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်သည် တူညီသောအဆင့်နယ်ပယ်တွင်ရှိသော သရဲတစ္ဆေကျင့်ကြံသူတစ်အုပ်စုကို အော်ငေါက်လိုက်ရုံဖြင့်ပင် ထွက်ပြေးနိုင်စေသည်။
ထို့ကြောင့် သူ၏အတိတ်ဘဝတွင် ကွန်ဖြူးရှပ်နှင့်တာအိုဝါဒကျင့်ကြုံခြင်းမြင့်မြတ်နေရာများနှင့် ဆတ်ဆံရေးကောင်းရရှိရန် လုယွီက အင်အားများစွာစိုက်ထုတ်ကြိုးပမ်းခဲ့ရသည်။
ကောင်းကင်ဘုံအင်ပါယာအတွက်ကမူ အထူးပြောစရာမလိုချေ။ တာယွီအင်ပါယာတွင် ကွန်ဖြူးရှပ်ဘုရားကျောင်းခြောက်ကျောင်းရှိပြီး ကျောင်းတစ်ကျောင်းစီတွင် သူတော်စင်တစ်ပါးရှိပေသည်။
တာယွီအင်ပါယာ၏အင်ပါယာစမ်းသပ်ပွဲပြုလုပ်သည့် အချိန်တိုင်းတွက် မရေမတွက်နိုင်သည့် တတ်သစ်စကွန်ဖြူးရှပ်ပညာရှင်သန်းချီ၍စုဝေးကြရာ အလွန်အံ့ချီးဖွယ်ကောင်းပေ၏။
"အခု ငါကိုပြောကြစမ်း...မင်းတို့က ကွန်ဖြူးရှပ်ဝါဒကိုစွန့်ပစ်ပြီး မင်းတို့ရဲ့အသုံးမကျတဲ့ ကျင့်ကြံနည်းစနစ်တွေကို ဆတ်ပြီးလေ့ကျင့်အုံးမှာလား"
လုယွီက တပည့်များအား မေးမြန်းလိုက်သည်။
တပည့်များသည် တိတ်ဆိတ်စွာပင် ငြိမ်သက်နေကြ၏။ သမင်ဖြူကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့သောလူတိုင်း အရူးများမဟုတ်ကြပေ။ သူတို့က လုယွီသည် အလွန်အမင်းထူးခြားသူဖြစ်ကြောင်းကို သိရှိကြသည်။
လုယွီ၏ရိုက်နှက်ခြင်းကို ခံထားရသည့် ဝူချင်းယွမ်ပင်လျှင် ယခုအချိန်တခဏတွင် ရုန်းကန်၍ထလာပြီး လုယွီအားအရိုအသေပြုကာ ပြောဆိုလိုက်သည်။
"တပည့်က အရှက်ရမိပါတယ်"
"ငါက မင်းတို့ကို သုံးရက်ပဲသင်ကြားပေးမယ်...မင်းတို့ဘယ်လောတ်ထိနားလည်သဘောပေါတ်နိုင်မယ်ဆိုတာ မင်းတို့ပေါ်ပဲမူတည်တယ်"
လုယွီက ထပ်မံ၍အပိုစကားမပြောတော့ဘဲ ပလ္လင်ခွေထိုင်ကာ သူ၏သင်ခန်းစာကိုစတင်ပို့ချလိုက်သည်။
လုယွီ၏သင်ခန်းစာသည် တာယွီအင်ပါယာ၏သူတော်စင်တစ်ယောက်ဖြစ်သူ 'တာအို ရီ'၏စာပေသင်ခန်းစာဖြစ်သည်။ တာအိုရီသည် တာယွီအင်ပါယာ၏ မဟာပညာရှင်တစ်ယောက်ဖြစ်ပေ၏။
အင်ပါယာထိုက်ချင်နှင့်တာယွီအင်ပါယာ၏မင်းသားများသာလျှင် သူ၏သင်ခန်းစာကို နားထောင်နိုင်သည်။
လုယွီ၏ပါးစပ်ဖွင့်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်ပြီး နှိုင်းယှဥ်စရာမရှိသည့်အသံက စာသင်ခန်းတစ်ခန်းလုံး ပျံနှံနေသည်။
တပည့်များအားလုံးသည် ထိုအသံ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ သူတို့က မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီး လုယွီ၏သင်ခန်းစာပို့ချမှုကို ဂရုတစိုက်နားထောင်နေကြသည်။
သုံးရက်တိုင်တိုင် မည်သည့်တပည့်ကမျှ စကားပြောဆိုခြင်းမရှိပေ။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သုံးရက်တိတိမစားမသောတ်နေသည်မှာ အထွေအထူးမဟုတ်ချေ။
တစ်ချို့အဆင့်နိမ့်သောကျင့်ကြံသူများကသာလျှင် သူတို့၏အားလပ်ချိန်တွင် သူတို့သိုလှောင်အိတ်အတွင်းမှဆေးပြားများကိုထုတ်၍ အဆာခံနိုင်ရန်ကတိုက်ကရိုက်မြိုချကြသည်။ (ယခင်အပိုင်းတွင် အင်ပါယာထိုက်ခိုဟုရေးခဲ့သော်လည်း ထိုက်ချင်ဟုပြောင်းလဲသုံးနှုန်းပါမည်)