← Chapters

အခန်း (၂၄၆-၂၅၀)

Vol. 11-15 Ch. 246-250

အခန်း (၂၄၆-၂၅၀)

Vol. 11-15 Ch. 246-250

Chapter 246

သမင်ဖြူကျောင်းတော်ရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်သိုင်းပညာကျောင်းဆောင်တွင် ဖြစ်ပျက်နေသည်များကို အာရုံစူးစိုက်ခြင်း မရှိကြချေ။

အမှန်အားဖြင့် ဤနေရာသည် သမင်ဖြူကျောင်းတော်၏အမေ့လျော့ခံနေရာတစ်ခုဖြစ်ပြီး လုယွီသင်ကြားပြသနေသောခြံဝန်းအတွင်းသို့ ဤသုံးရက်အတွင်း မည်သူကမျှမလာလေရာ ခြံဝန်းအတွင်းမှအခြေအနေများကို မည်သူကမျှသိရှိခြင်း မရှိတော့ပေ။

****

သမင်ဖြူကျောင်းတော်....ရှင်းသန့်ခေါင်ဖျားကျောင်းဆောင်....

ကောင်းကင်သိုင်းပညာကျောင်းဆောင်နှင့်နှိုင်းယှဥ်ကြည့်ပါက ဤကျောင်းဆောင်သည် အဆပေါင်းများစွာ ပို၍ကျယ်ဝန်းသည်။ အဝေးတစ်နေရာမှကြည့်လျှင် လိမ်ကောတ်လိမ်ဖယ်ဖြစ်နေသော တောင်တန်းများကိုမြင်နိုင်ပေမည်။

အဖြူရောင်တိမ်တိုက်များလွင့်ပြယ်နေချိန်များတွင် တောင်တန်းများပေါ်၌ ကျောင်းဆောင်ပေါင်းများစွာကို တွေ့မြင်နိုင်သည်။ အဆောတ်အအုံများသည် ပုံစံကျနစွာဖြင့် မိုးထိလုမတတ်မြင့်မားပေ၏။

ရှင်းသန့်ခေါင်ဖျားကျောင်းဆောင်၏မြောက်ဘက်ရှိခြံဝန်းများအနက်မှ အစွန်းဘက်တွင်ခမ်းနားထည်ဝါသောခြံဝန်းတစ်ခုရှိသည်။

စုန့်ယန်သည် ထိုခြံဝန်း၏အပြင်ဘက်၌ စိုးရိမ်ကြောင့်ကြမှုများစွာဖြင့် စောင့်ဆိုင်းနေလေ၏။ သူက ခြံဝန်းအတွင်းသို့ တရကြမ်းတိုးဝင်ရန် အကြိမ်ပေါင်းများစွာကြံစည်နေသော်လည်း ခြံဝန်းဝင်ပေါတ်၌ စောင့်ဆိုင်းနေသည့် အစောင့်များကို ကြောက်လန့်နေခဲ့သည်။ သူ မည်မျှရဲဝံသည်ဖြစ်ပါစေ ဤနေရာသို့ဝင်ရောက်ရန်သတ္တိမရှိချေ။

"မင်းက စုန့်ယန်လား"

အစောင့်တစ်ယောက်က ခြံဝန်းအတွင်းမှထွက်လာပြီး အေးစက်စက်မေးမြန်းလိုက်သည်။

စုန့်ယန်က ထိုခေါ်သံကိုကြားချိန်တွင် သူက အလျှင်အမြန်သွားပြီး သူ၏မျက်နှာပေါ်မှအပြုံးနှင့်အတူ ​​ပြောဆိုလိုက်လေ၏။

"ကျွန်တော်ပါ"

"စီနီယာ...အထဲကိုကြွပါ"

အစောင့်က စိတ်လက်မရှည်ပုံဖြင့် ဖိတ်ကြားလိုက်သည်။

စုန့်ယန်ကမူ အပျော်လွန်နေပုံဖြင့် အစောင့်၏အနောက်မှလိုက်ပါပြီး ခြံဝန်းအတွင်းသို့ ဝင်လိုက်တော့သည်။

ခြံဝန်း၏အတွင်းဘက်သည် စုန့်ယန် မျှော်လင့်ထားသည်ထက်ပို၍ ခမ်းနားထည်ဝါပေသည်။ ခြံဝန်း၏လျှောက်လမ်းများတွင် လှပကျက်သရေရှိသောအစေခံများက အမျိုးမျိုးသောသစ်သီးများကိုသယ်ဆောင်၍ ရှေ့နောက်သွားလာနေကြ၏။

စုန့်ယန်၏နံဘေးမှဖြတ်သန်းသွားသော အစေခံများမှမွှေးရနံများသည် စုန့်ယန်အား သူကိုယ်သူမထိန်းချုပ်နိုင်ဘဲ ရင်ခုန်နှုန်းများမြန်စေခဲ့သည်။

"မင်းရဲ့မျက်လုံးတွေကို ထိန်းချုပ်ထားပါ...သူတို့တွေအားလုံးက စီနီယာအကိုကြီးရဲ့အမျိုးသမီးတွေပဲ....မင်း သေချင်နေတာလား"

အစောင့်က ခက်ထန်တင်းမာစွာဖြင့် သတိပေးလိုက်သည်။

ထိုအသံကိုကြားသည်နှင့် စုန့်ယန်ကတုန်ရီသွားပြီး အစောင့်၏နောတ်မှနေ၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လိုက်ပါသွားခဲ့သည်။ သူက တစ်ခြားနေရာများကို မကြည့်ရှုဝံ့တော့ချေ။ လျှောက်လမ်းကိုဖြတ်သန်းပြီးသည်နှင့် အစောင့်က စုန့်ယန်အား ခန်းမဆောင်တစ်ခုတွင်ထားခဲ့ပြီး သူကထွက်ခွါသွားလေသည်။

ခန်းမဆောင်အတွင်းတွင် ပန်းထိုးဝတ်စုံဖြင့်လူငယ်တစ်ယောက်က လှပသည့်အမျိုးသမီးအစေခံနှစ်ယောက်ခြံရံလျှက် အရက်သောတ်နေသည်။

ထိုလူငယ်သည် အလယ်ပိုင်းကုန်းမြေ၏ဂိုဏ်းငါးဂိုဏ်း စုဝေးစမ်းသပ်ပွဲမှပြန်လာသူဖြစ်သော ရှဲ့ရှောင်ဖြစ်သည်။

"ဝင်လာခဲ့...မင်းဒီနေရာကို ဘာလာလုပ်တာလဲ"

ရှဲ့ရှောင်က စုန့်ယန်ကို တစ်ချက်ကြည့်ပြီး မေးမြန်းလိုက်သည်။

ဒေါက်...

စုန့်ယန်က မြေပြင်ပေါ်၌ ဒူးထောက်ပြီး ရှဲ့ရှောင်အား အရိုအသေပြုလိုက်၏။

"စီနီယာအကိုကြီး...ဒီနိမ့်ကျတဲ့သူက စီနီယာရဲ့အကြံအစည်ကို ပျက်စီးစေခဲ့ပါတယ်...ကျေးဇူးပြုပြီး ကျွန်တော်ကို အခွင့်အရေးနောတ်တစ်ခါပေးပါ"

စုန့်ယန်၏အပြုအမူကိုကြည့်ပြီး ရှဲ့ရှောင်၏နံဘေးမှ အစေခံနှစ်ယောက်က ရယ်မောပြက်ရယ်ပြုနေကြသည်။

ရှဲ့ရှောင်၏နှုတ်ခမ်းထောင့်အနည်းငယ်မြင့်တတ်သွားပြီး လက်ခုပ်တစ်ချက်တီးရင်းမှ ပြောဆိုလိုက်သည်။

"အလှလေးနှစ်ယောက်....ငါ မင်းတို့နဲ့တွေ့ဖို့ ညကျမှလာခဲ့မယ်...သွားကြတော့"

အစေခံနှစ်ယောက်က ရယ်မောရင်း ခန်းမဆောင်အတွင်းမှ ထွက်ခွါသွားတော့သည်။

စုန့်ယန်၏နဖူးပေါ်တွင် ချွေးများစိုရွှဲနေပြီး သူက ခေါင်းမော့ရန်ပင်သတ္တိမရှိချေ။

"ကောင်းပြီ...ဘာတွေဖြစ်နေလို့လဲ"

ရှဲ့ရှောင်က ခန်းမဆောင်၏တိုင်တစ်တိုင်ကိုမှီရင်း သူ၏မျက်လုံးများအား ပိတ်လိုက်သည်။

"ကောင်းကင်သိုင်းပညာခန်းမဆောင်....ဒီနိမ့်ကျတဲ့သူက ကောင်းကင်သိုင်းပညာခန်းမဆောင်က မောင်းထုတ်ခံရပါတယ်"

"အဲ့လိုလား"

ရှဲ့ရှောင်က မျက်မှောင်ကြုတ်ပြီး စုန့်ယန်အား ခြေဆုံးခေါင်းဆုံးကြည့်ရှုနေလေသည်။

"မင်းက သိပ်အသုံးမကျပေမယ့် ငါ မင်းကို လေ့ကျင့်သင်ကြားပေးခဲ့တာလေ....မင်းက ဘယ်လိုလုပ်ပြီး မောင်းထုတ်ခံရတာလဲ"

ရုတ်တရက်ဆိုသလိုပင် စုန့်ယန်၏မျက်နှာ လူသေကောင်ကဲ့သို့ဖြူဆုပ်သွားပြီး သူက ငိုကြွေးလိုက်လေ၏။

"ဘယ်နေရာကနေပြီး ကောင်လေးတစ်ယောက်ရောက်လာပြီး သူ ဘာ နတ်ဆိုးနည်းစနစ်တွေသုံးသွားမှန်း ကျွန်တော်မသိဘူး...သူက ကျွန်တော်ရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းချိုးဖျက်နိုင်တယ်...သူရဲ့လက်တွေကိုတောင်မှ ကျွန်တော်ရှင်းရှင်းလင်းလင်း မမြင်ရဘူး"

"ဒီလိုဆိုရင်...သူရဲ့ကျင့်ကြံမှုနယ်ပယ်က ဘယ်အဆင့်မှာလဲ"

ရှဲ့ရှောင်၏မျက်နှာ အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်။

"သူ....သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပါ"

စုန့်ယန်က အနည်းငယ်တွန့်ဆုတ်နေသော်လည်း သူက အမှန်ကိုသာဖြေကြားလိုက်သည်။

ဘန်း...

ထိုအသံထွက်ပေါ်လာသည်နှင့် စုန့်ယန်က လေပေါ်သို့မြင့်တတ်သွားပြီးနောက် အပြင်းအထန်လွင့်ထွက်သွားတော့သည်။

ရှဲ့ရှောင်က သူ၏လက်အနီးရှိ အသားများသစ်သီးများဖြင့် စုန့်ယန်အား ပစ်ပေါတ်လိုက်သည်။

"အမှိုက်....ငါ မင်းကို ဘယ်လိုတောင် ထောက်ပံပေးခဲ့မိတာလဲ"

ရှဲ့ရှောင်က နေရာမှ ရုတ်တရက်ထလာပြီး စုန့်ယန်၏မျက်နှာကို ​သူ့ခြေထောက်ဖြင့် ဖိနင်းလိုက်လေ၏။

"အဲ့ဒီကောင်လေးမှာ ကထိကတံဆိပ်ပြားရှိနေတယ်...ကျွန်တော် မခုခံဝံ့တာကြောင့် စီနီယာအကိုကြီးကို အကူအညီလာတောင်းတာပါ"

စုန့်ယန်က ကသုတ်ကရိုက်ဖြင့် ဖြေရှင်းချက် ပေးလိုက်သည်။

"ကထိက တံဆိပ်ပြားလား"

ရှဲ့ရှောင်၏မျက်နှာက ရုတ်တရက် အေးစက်တင်းမာလာလေ၏။

သူက သမင်ဖြူကျောင်းတော်သို့ ပြန်လာခဲ့သည့်ရည်ရွယ်ချက်မှာ ကျောင်းဆောင်၏အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရန်ဖြစ်သည်။

ကောင်းကင်သိုင်းပညာခန်းမဆောင်သည် ကျောင်းဆောင်တစ်ခုမဟုတ်တော့သော်လည်း အချက်အချာကျသည့်နေရာတစ်ခုဖြစ်နေဆဲပင်။

ထို့ပြင် စုန့်ယန်သည်လည်း ကောင်းကင်သိုင်းပညာကျောင်းဆောင်အတွက် သူချထားခဲ့သည့် နယ်ရုပ်တစ်ရုပ်ဖြစ်ပေ၏။

Chapter 247

"ပြန်သွားပြီး မင်းရဲ့ဒဏ်ရါတွေကို ကုသလိုက်...ကျန်တာတွေ ငါဖြေရှင်းလိုက်မယ်"

ရှဲ့ရှောင်သည် ဒေါသထွက်နေမှုကြောင့် အရက်များအလွန်အကျွံသောတ်နေလေသည်။

စုန့်ယန်၏တစ်ကိုယ်လုံးလည်း ချွေးများစိုရွှဲနေသည်။ သူသည် ဆန်ချသည့်ဇကာတစ်ခုကဲ့သို့ တုန်ခါနေပေ၏။ သူက ဤနေရာ၌ ထပ်မံ၍အချိန်ကြာကြာမနေဝံ့တော့ဘဲ ချက်ချင်းပြေးထွက်လိုက်သည်။

"ကောင်းကင်သိုင်းပညာကျောင်းဆောင်ရဲ့ကထိကတဲ့လား...ဟမ့်"

ရှဲ့ရှောင်က ခက်ထန်တင်းမာစွာဖြင့် နှာမှုတ်လိုက်လေ၏။ ရုတ်ချည်းဆိုသလိုပင် သူက လက်ခုပ်တီးလိုက်ရာ ပတ်ဝန်းကျင်ရှိသစ်ပင်များအကြားမှ အနက်ရောင်ဝတ်စုံဖြင့် လူတစ်ယောက် ထွက်ပေါ်လာသည်။

"ကောင်းကင်သိုင်းပညာခန်းမဆောင်ကို ချက်ချင်းသွားပြီး အဲ့က ကထိကအကြောင်းကို စုံစမ်းခဲ့စမ်း"

ရှဲ့ရှောင်က လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။

အနက်ရောင်ဝတ်စုံဖြင့်လူသည် ရှဲ့ရှောင်အား လေးစားစွာဖြင့်အရိုအသေပြုပြီး ပျောတ်ကွယ်သွားတော့သည်။

*****

ကောင်းကင်သိုင်းပညာခန်းမဆောင်

လုယွီက ဤနေရာ၌ သုံးရက်တိုင်တိုင် တပည့်များအား သင်ခန်းစာပို့ချခဲ့သည်။

ယခင်က စာပေနှင့်တာအိုကိုစွန့်လွှက်ထားခဲ့သော တပည့်များသည် လုယွီပို့ချသောစာပေသင်ခန်းစာ၏ဖမ်းစားခြင်းကို ခံလိုက်ရသည်။

"ကောင်းပြီလေ"

သုံးရက်ပြည့်ပြီးနောက် လုယွီက သင်ခန်းစာပို့ချမှုကို ရပ်တန့်လိုက်သည်။

တပည့်တစ်ချို့သည် လုယွီ၏သင်ခန်းစာအတွင်း စိတ်နစ်မြုပ်နေဆဲဖြစ်သဖြင့် ပြင်ပလောကတွင် မည်သည့်အရာများ ဖြစ်ပျတ်နေသည်ကို သိရှိခြင်းမရှိချေ။

လုယွီ၏အသံ ရုတ်တရက်ရပ်တန့်သွားချိန်တွင် သူတို့က ဆတ်ခနဲနိုးထလာကြပြီး အလန့်တကြားဖြင့် သူတို့၏နံဘေးပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ကြ၏။

ထိုအချိန်ကျမှသာလျှင် တပည့်များက အချိန်သုံးရက်ကုန်ဆုံးသွားပြီကို သိရှိလိုက်ကြသည်။

"ဒီသုံးရက်အတွင်းမှာ ငါက ကိစ္စရပ်တော်တော်များများကို သဘောပေါတ်နားလည်သွားခဲ့ပြီ"

"ဒါကို အရင်တုန်းကသာပြောရင် ငါယုံကြည်မှာမဟုတ်ဘူး....ငါအခု ကွန်ဖြူးရှပ်စာပေနဲ့တာအိုဝါဒရဲ့အရေးကြီးပုံကို နားလည်သွားပြီ"

"ငါ အရမ်းရှက်နေမိပြီ....အရင်တုန်းက စာပေလေ့လာသူတွေကို အရူးတွေလို့ ငါလှောင်ပြောင်သရော်ခဲ့ဖူးတယ်...ငါက မျက်စိတစ်ဆုံးပဲကြည့်တတ်တဲ့သူဖြစ်မယ်ဆိုတာ မျှော်လင့်မထားမိဘူး"

တပည့်များအားလုံးသည် သူတို့၏အမှားများအတွက် နောင်တရနေကြသဖြင့် သက်ပြင်းအခါခါချနေကြသည်။

ရုတ်တရက် တပည့်တစ်ယောက်က မတ်တတ်ထ၍ ပြောဆိုလိုက်သည်။

"ဆရာ...ကျွန်တော်တို့ကို ရက်နည်းနည်းလောတ်ထပ်သင်ပေးလို့ ရနိုင်မလား"

ထိုအချိန်တွင် တပည့်များအားလုံးကလည်း တုန့်ပြန်လိုက်ကြ၏။ သူတို့အားလုံးက လုယွီအား အရိုအသေပြုကာ နောက်ထပ်ရက်အနည်းငယ်ခန့် ထပ်မံသင်ကြားပေးရန် တောင်းဆိုကြလေသည်။

လုယွီက တည်ငြိမ်စွာဖြင့်သာ ပြန်လည်ပြောဆိုလိုက်သည်။

"ဒါက ငါ မင်းတို့ကိုသတိပေးချင်တဲ့ အကြောင်းအရာပဲ....တစ်ကယ်လို့ မင်းတို့ကို ငါအများကြီးသင်ကြားပေးမယ်ဆိုရင် မင်းတို့နားလည်မှာမဟုတ်ဘူး....ဒီသင်ခန်းစာက လုံလောတ်ပြီ"

"နောက်တစ်ကြိမ် ငါလာတဲ့အခါကျရင်...ငါ ဒီနေရာကိုစလာတုန်းကမြင်ကွင်းမျိုး ထပ်မမြင်ချင်ဘူး"

လုယွီက စကားဆုံးသည်နှင့် ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။

"ကျွန်တော်က ဆရာရဲ့နာမည်ကို သိခွင့်ရှိမလား"

ရုတ်တရက် တပည့်တစ်ယောက်က ရိုသေလေးစားသောအသံဖြင့် မေးမြန်းလိုက်လေ၏။

"လုယှီ"

စာသင်ခန်းမမှ ထွက်ခွါသွားသည့် လုယွီ၏နောက်ကျောပြင်ကိုကြည့်နေကြသော ကောင်းကင်သိုင်းပညာခန်းမဆောင်မှတပည့်များသည် ယခင်နှင့်များစွာကွဲပြားခြားနားသွားပုံ ပေါ်လွင်နေသည်။

"ငါက အဆင့်ချိုးဖျက်နိုင်တော့မယ်လို့ ခံစားမိတယ်...ငါတံခါးပိတ်ကျင့်ကြံတော့မယ်"

တပည့်တစ်ယောက်က စကားအနည်းငယ်သာပြောဆိုပြီး သူ၏ဓားပျံကိုစီးနင်း၍ ထွက်ခွါသွားတော့သည်။

"ငါလည်း အတူတူပဲ...ငါရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက မှားယွင်းနေခဲ့တယ်ဆိုတာကို ငါထင်မထားမိဘူး...ကံကောင်းထောက်မစွာနဲ့ အမှန်ကိုပြင်ဆင်ဖို့အချိန်ရှိသေးတယ်...ငါရဲ့ကျင့်ကြံမှုလမ်းကြောင်းကို မြန်မြန်တည့်မတ်ရမယ်"

တစ်ခြားတပည့်တစ်ယောက်ကလည်း အလျှင်စလိုပင် စာသင်ခန်းမမှ ထွက်ခွါသွားလေ၏။

******

ကောင်းကင်သိုင်းပညာခန်းမဆောင်မှ လုယွီက ထွက်ခွါလာခဲ့ပြီးဖြစ်သည်။

"သုံးရက်ကြာတဲ့အထိ သင်ကြားပေးလိုက်တာ...ငါရဲ့စိတ်စွမ်းအင်တွေတော်တော်ကုန်ဆုံးသွားတာပဲ...ငါရဲ့စိတ်ဝိညာဥ်နယ်ပယ်အဆင့်က ထောက်ပံပေးနေပေမယ့် ငါရဲ့ကျင့်ကြံမှုနယ်ပယ်က အားနည်းနေသေးတယ်"

လုယွီက သက်ပြင်းချလိုက်၏။

လုယွီက သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအင်များကို ဖြည့်တင်းနိုင်ရန်အတွက် အစာစားရန် စားသောတ်ခန်းမသို့ သွားလိုက်သည်။

သမင်ဖြူကျောင်းတော်၏စားသောတ်ခန်းမသည် အလွန်ခမ်းနားထည်ဝါပြီး ကျယ်ဝန်းပေ၏။

ယေဘုယျပြောဆိုရလျှင် ကျင့်ကြံသူတစ်ယောက်သည် အချိန်ကြာမြင့်စွာအစာမစားဘဲ အလုပ်လုပ်နိုင်ပေသည်။ ကျင့်ကြံသူက ရက်အနည်းကြာ ဆာလောင်နေပင်လျှင် မည်သည့်ကိစ္စမှမဖြစ်ပေါ်နိုင်ချေ။

သို့သော် သမင်ဖြူကျောင်းတော်မှအစားအသောတ်များသည် သာမာန်လူများ၏အစားအသောတ်များနှင့် ကွာခြားပေ၏။ စားသောတ်ပွဲများအားလုံးကို ဆေးဘက်ဝင်အသီးအရွက်များနှင့် ပြုလုပ်ထားသည်။

ဤနေရာရှိဟင်းပွဲများသည် သာမာန်ကာလျှံကာ ဖြန့်ကျဲထားသော်လည်း သာမာန်လူများအတွက် အလွန်အဖိုးထိုက်တန်သည့် ဆေးဘက်ဝင်ပစ္စည်းများပါဝင်သည်။ ကျင့်ကြံသူတစ်ယောက်အတွက်ပင်လျှင် ဟင်းပွဲများမှ အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

ဤနေရာရှိအစားအစာများအတွက် စိတ်ဝိညာဥ်ကျောက်တုံးများဖြင့်ပေးချေရသဖြင့် လုယွီက စိတ်ပျတ်နေခဲ့သည်။ ယခုလက်ရှိတွင် လုယွီအတွက်လိုအပ်သည့် အရေးအကြီးဆုံးအရာမှာ စိတ်ဝိညာဥ်ကျောက်တုံးများပင်ဖြစ်သည်။

လုယွီက ဟင်းပွဲသုံးပွဲကိုသာ မှာယူလိုက်သည်။ ထို့နောက် သူက ဟင်းပွဲများကို စားပွဲပေါ်၌တင်ပြီး စတင်စားသောတ်တော့သည်။ ထိုဟင်းပွဲများသည် အရသာရှိရုံသာမက အားကောင်းသည့်အော်ရာများလည်း ပါဝင်နေပေ၏။

"ညစာစားပြီးတာနဲ့ ငါက အသင်္ချေရတနာခြံဝန်းကိုသွားရမယ်...တပည့်အသစ်တစ်ယောက်က အဲ့ဒီနေရာမှာ ရတနာတစ်ခုရွေးချယ်နိုင်တယ်လို့ ပြောနေကြတယ်"

ထိုအချိန်မှာပင် လုယွီက သူ၏နံဘေးဘက်မှအသံတစ်သံကို ကြားလိုက်ရသည်။

Chapter 249

သမင်ဖြူကျောင်းတော်...အသင်္ချေရတနာခြံဝန်း

ဤနေရာသည် သမင်ဖြူကျောင်းတော်၏မြောက်များစွာသော ရတနာပစ္စည်းများကို သိုလှောင်သိမ်းဆည်းထားသည့်နေရာဖြစ်ပေ၏။ အဝေးမှကြည့်လျှင်ပင် အသင်္ချေရတနာခြံဝန်း၏တောက်ပနေသောရတနာများကို မြင်နေရသည်။

ရတနာခြံဝန်း၏ပြင်ပတွင် မြောက်များစွာသောကျင့်ကြံသူများက ကင်းလှည့်နေလေ၏။ ထိုကျင့်ကြံသူများသည် တိုက်ခိုက်ရာတွင်ကျွမ်းကျင်သူများဖြစ်ကြပြီး အများစုသည် သမင်ဖြူကျောင်းတော်ရိ အတော်ဆုံးကျင့်ကြံသူများဖြစ်သည်။

လုယွီက အသင်္ချေရတနာခြံဝန်းသို့ ရောက်ရှိလာချိန်တွင် ခြံဝန်းတံခါးရှေ့၌ တပည့်သစ်တအုပ်စုက စောင့်ဆိုင်းနေလေ၏။

လုယွီက ခြေလှမ်းအနည်းငယ်ရှေ့တိုးပြီး ယနေ့၌ မည်သည့်ကိစ္စရပ်များဖြစ်ပျက်နေသည်ကို စုံစမ်းကြည့်ရာတွင် သမင်ဖြူကျောင်းတော်၏တပည့်သစ်များက ရတနာများရွေးချယ်မည့်နေ့ဖြစ်ကြောင်း သိရှိလိုက်ရသည်။

"ညီလေး လု...မင်း လာမယ်လို့ ငါထင်မထားမိဘူး"

အသံတစ်သံထွက်ပေါ်လာသဖြင့် လုယွီက လှည့်ကြည့်လိုက်ရာ လျှိုမင်ဖြစ်နေသည်ကို တွေ့ရလေ၏။

သုံးရက်တိုင်တိုင် လုယွီနှင့်လျှိုမင်တို့ မဆုံတွေ့ရသော်လည်း လျှိုမင်၏စိတ်စွမ်းအားသည် လောကကြီးတစ်ခုလုံးတုန်လှုပ်လုမတတ် ပြောင်းလဲသွားပုံရသည်။

ယခုလက်ရှိတွင် လျှိုမင်က လက်ရင်းတပည့်တစ်ယောက်၏အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ့အဖြူရောင်ဝတ်စုံအား ရွှေရောင်ဖြင့်အနားကွပ်ထားလေရာ အလွန်အမင်းထင်ရှားပေါ်လွင်ပေ၏။

တပည့်သစ်များအားလုံး၏ရှေ့တွင် မြောက်များစွာသော လက်ရင်းတပည့်များရှိနေသည်။ သူတို့အားလုံးသည်လည်း လျှိုမင်နှင့်တူညီသော ဝတ်စုံမျိုးကို ဝတ်ဆင်ထားကြ၏။ ထိုတပည့်များသည် မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ ရွေးချယ်ခြင်းခံထားရသူများဖြစ်သည်။

လုယွီက သမင်ဖြူကျောင်းတော်၏ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားခြင်းမရှိဘဲ သူ၏မူလပိုးထည်ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်။

"လျှိုမင်...သူက ဘယ်သူလဲ"

လက်ရင်းတပည့်တစ်ယောက်က မေးမြန်းလိုက်၏။

လျှိုမင်က ပြန်လည်ပြောဆိုလိုက်သည်။

"သူက ငါရဲ့သူငယ်ချင်းလုယွီ...သူက ကောင်းကင်သိုင်းပညာကျောင်းဆောင်ရဲ့ကထိကတစ်ယောက်လေ"

"ကထိကလား"

လူတိုင်း၏မျက်လုံးများက လုယွီပေါ်သို့ ကျရောက်လာ၏။

အသင်္ချေရတနာခြံဝန်းကို စောင့်ကြပ်နေကြသည့် ကျင့်ကြံသူများပင် လုယွီအား ကြည့်ရှုနေကြသည်။

ကထိကများ၏အဆင့်အတန်းသည် ကျောင်းတော်၏တပည့်များနှင့် များစွာကွဲပြားခြားနားသည်။ ကထိကဟူသောရာထူးသည် သမင်ဖြူကျောင်းတော်၏ဧည့်သည်တစ်ယောက်ဟုလည်း ယူဆနိုင်သည်။ အကြောင်းအရင်းမှာ ကျောင်းတော်မှ ကထိကများအား ကန့်သတ်ချုပ်ချယ်မှုများမထားရုံသာမက သူတို့ရရှိသောအရင်းအမြစ်များမှာလည်း သာမာန်တပည့်များထက် ပိုများပေ၏။

"တပည့်သစ်တစ်ယောက်က ကထိကရာထူးရလိုက်တယ်ဆိုတာ ငါကြားပြီးပြီ...ဒါပေမယ့် မင်းဖြစ်နေမယ်လို့ ငါမထင်မိဘူး"

လက်ရင်းတပည့်တစ်ယောက်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အထင်အမြင်သေးဟန်ဖြင့် ပျက်ရယ်ပြုလိုက်သည်။

"မင်းက ဒီလိုပုံစံဖြစ်နေမယ်လို့လည်း ငါတွေးမထားမိဘူး...ဒါက တော်တော်ဆိုးရွားတဲ့အခြေအနေပဲ"

"လီလျန့်...မင်းက ငါ့ညီလေးလုရဲ့စွမ်းရည်ကို မဝေဖန်သင့်ဘူး"

လျှိုမင်က သတိပေးလိုက်၏။

လီလျန့်က ရယ်မောရင်းမှ သူ၏ခေါင်းကို ခါယမ်းလိုက်လေသည်။

"လျှိုမင်....မင်းရဲ့စာတမ်းက သူတော်စင်တွေရဲ့အသိအမှတ်ပြုမှုကို ဆွဲဆောင်နိုင်ပေမယ့် မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က အဝေးကြီးလိုသေးတယ်...မင်းက မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ရဲ့ မျက်နှာသာပေးမှုကြောင့် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်နဲ့ လက်ရင်းတပည့်ဖြစ်လာခဲ့တာ...တစ်ခြားနက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူအမှိုက်တစ်ယောက်က ကထိကဖြစ်နေလိမ့်မယ်လို့ ငါထင်မထားမိဘူး....မဟာကွန်ဖြူးရှပ်ပညာရှင်က ဘာတွေတွေးနေတာလဲဆိုတာ ငါတကယ်မသိတော့ဘူး"

လျှိုမင်က ဆတ်လက်၍ငြင်းခုံချင်သေးသော်လည်း ရတနာခြံဝန်းတံခါးရှေ့ရှိ ခေါင်းလောင်းသံက မြည်ဟီးလာသည်။

"တပည့်သစ်တွေအားလုံး မင်းတို့ရဲ့တံဆိပ်ပြားတွေကို ထုတ်လိုက်ကြ...စမ်းသပ်စစ်ဆေးမှုကိုအောင်မြင်တဲ့သူက ခြံဝန်းထဲဝင်ပြီး ရတနာကိုရယူနိုင်တယ်"

ခြံဝန်းအတွင်းမှ ဆံပင်ဖြူနှင့်အဖိုးကြီးတစ်ယောက်ထွက်လာပြီး ပြောဆိုလိုက်သည်။

အဖိုးအိုက လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်ပြီးနောက် လေးနက်သောလေသံဖြင့် ပြောဆိုလိုက်လေ၏။

"ငါ မင်းတို့ကိုသတိပေးထားမယ်...လူတစ်ယောက်က ရတနာတစ်ခုကိုပဲ ရယူနိုင်မယ်...မင်းတို့လိုချင်တာထပ်ရှိမယ်ဆိုရင် လုံလောတ်တဲ့ဂိုဏ်းအကျိုးဆောင်အမှတ်တွေစုစည်းပြီး ဒီနေရာကို နောက်တစ်ခါပြန်လာနိုင်တယ်"

"ဒီရတနာတွေမှာ ကန့်သတ်ချက်တွေရှိတယ်ဆိုတာ မင်းတို့အပြင်မှာကြားသိပြီးဖြစ်မယ်လို့ ငါထင်တယ်...တစ်ကယ်လို့ မင်းတို့က ရတနာရဲ့ကန့်သတ်ချက်ကို အားသုံးပြီးဖွင့်မယ်ဆိုရင် တန့်ပြန်တုန့်ပြန်မှုကြောင့် မင်းတို့ထိခိုက်ဒဏ်ရါရနိုင်တယ်"

"ကောင်းပြီလေ....မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ကြ"

အဖိုးအိုထံမှ အမိန့်ပေးသံနှင့်အတူ ခြံဝန်းတံခါးက ပွင့်လာခဲ့သည်။

တပည့်များအားလုံးက အဖိုးအို၏နောက်သို့လိုက်သွားကြရာတွင် မြင့်မားသောမျှော်စင်တစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ မျှော်စင်အတွင်းသို့ ဝင်လိုက်သည်နှင့် မြောက်များစွာသည့် စင်ငယ်လေးများကို တပည့်များက တွေ့မြင်ရသည်။

ထိုစင်ငယ်လေးများ၏အပေါ်တွင် လင်းလက်တောက်ပနေသည့် ရတနာများရှိလေသည်။

"လက်ရင်းတပည့်တွေက အရင်ဆုံးရွေးချယ်ကြ...ပြီးရင် အတွင်းစည်းတပည့်တွေနဲ့ နောက်ဆုံးမှာ အပြင်စည်းတပည့်တွေက ရွေးချယ်ရမယ်"

အဖိုးအိုက လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

Chapter 250

မည်သည့် တပည့်ကမျှ လှုပ်ရှားခြင်းမပြုကြချေ။ သူတို့က အလွန်အမင်းမောက်မာဝံ့ကြွားနေသော်လည်း သူတို့၏ရှေ့၌ ကထိကတစ်ယောက်က မတ်တတ်ရပ်နေလေသည်။

"ဘာဖြစ်နေကြတာလဲ...မင်းတို့ ငါပြောတာကို မကြားကြဘူးလား"

ဆံဖြူအဖိုးအိုက မျက်မှောင်ကြုတ်ရင်း အော်ဟစ်လိုက်၏။

လီလျန့်က ပြုံးရယ်ရင်းမှ ဖြေကြားလိုက်လေသည်။

"ဆရာ....ကျွန်တော်တို့ လက်ရင်းတပည့်တွေထက်အဆင့်မြင့်တဲ့ ကထိကတစ်ယောက် ဒီနေရာမှာရှိနေပါတယ်....တစ်ကယ်လို့ သူက မလှုပ်ရှားသေးဘူးဆိုရင် ကျွန်တော်တို့တပည့်တွေကလည်း မလှုပ်ရှားဝံ့ပါဘူး"

ဆံဖြူအဖိုးအိုက အံ့အားသင့်သွား၏။

"ဘယ်သူလဲ....ဒီနေရာမှာ ကထိက ရှိနေတာလား"

ဆံဖြူအဖိုးအိုက မဆိုင်းမတွ မေးမြန်းလိုက်၏။

လီလျန့်က လုယွီအားညွှန်ပြလိုက်လေ၏။

"သူက နက္ခက်တာရာပြောင်းလဲမှုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပါ...သူကို မဟာကွန်ဖြူးရှပ်စန်လို့က ကထိကတစ်ယောက်အဖြစ် ခန့်အပ်ခဲ့တယ်လို့ပြောနေကြတယ်"

လီလျန့်၏စကားများအတွင်းတွင် "နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်"ဟူသောစကားလုံးကို အထူးအလေးပေး၍ ပြောဆိုသွားခဲ့သည်။

"နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်လား"

ဆံဖြူအဖိုးအိုက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားရှိနေခြင်းကြောင့် လုယွီ၏ခန္ဓာကိုယ်မှကျန်းချီများသည် အလွန်ကျစ်လျစ်သိပ်သည်းပြီး မည်သည့် ဖရိုဖရဲအော်ရာမျိုးကိုမျှ ထုတ်လွှတ်ထားခြင်းမရှိပေ။

သို့သော် တစ်ခြားသူများ၏အမြင်တွင်မူ ခွန်အားနည်းပါးခြင်း၏ သင်္ကေတသာဖြစ်ပေ၏။

ဆံဖြူအဖိုးအိုက မျက်မှောင်ကြုတ်ရင်းမှ ပြောဆိုလိုက်သည်။

"ဆရာသခင် စန်လို့က ကျောင်းတော်ရဲ့အရေးကိစ္စတွေကို ဝင်ရောက်စွတ်ဖက်ခြင်းမရှိတာ နှစ်အတော်ကြာနေပြီ...ဘယ်လိုလုပ်ပြီး သူက မင်းကို ကထိကအဖြစ်ခန့်အပ်ရတာလဲ...မင်းရဲ့ တံဆိပ်ပြားကို ထုတ်လိုက်စမ်း"

လျှိုမင်က ရှေ့သို့တိုးထွက်ပြီး ပြောဆိုလိုက်လေ၏။

"ဆရာသခင်...ညီလေးလုက တစ်ကယ်ကိုပဲ မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့ရဲ့ အသိအမှတ်ပြုခြင်းခံထားရတာပါ...ဒါက အစစ်အမှန်ကိစ္စရပ်ပါ...ကျွန်တော်က သက်သေခံပေးနိုင်ပါတယ်"

"စည်းမျဥ်းက စည်းမျဥ်းပဲ...တစ်ကယ်လို့ သူက ကထိကတစ်ယောက်မဟုတ်ဘူးဆိုရင်တောင်...ငါက သူရဲ့ဇစ်မြစ်ကို စစ်ဆေးရမှာပဲ"

ဆံဖြူအဖိုးအိုက စကားတစ်လုံးခြင်း ပြောဆိုလိုက်သည်။

"ကောင်းပြီလေ...တံဆိပ်ပြားကို စစ်ဆေးနိုင်ပြီ"

လုယွီက လျှိုမင်ကို စကားထပ်မံပြောဆိုခြင်းမပြုရန် တားဆီးလိုက်ပြီးနောက် သူ၏တံဆိပ်ပြားကို အဖိုးအိုအား ပေးလိုက်လေ၏။

ဆံဖြူအဖိုးအိုက တံဆိပ်ပြားကိုယူပြီးကြည့်လိုက်ချိန်တွင် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။

"ကောင်းကင်သိုင်းပညာကျောင်းဆောင်က ခန်းမဆောင်တစ်ခုအဖြစ် အဆင့်ချခံထားရတဲ့နေရာမလား...ဒါပြင် အဲ့ဒီမှါ လက်ရင်းတပည့်တစ်ယောက်မှမရှိဘူး"

ဆံဖြူအဖိုးအိုက တံဆိပ်ပြားပေါ်သို့ မှော်နည်းစနစ်တစ်ခု အသုံးပြုလိုက်ရာတွင် တံဆိပ်ပြားမှအဖြူရောင်အလင်းတန်းများက တောက်ပလာခဲ့သည်။

"ဒီတံဆိပ်ပြားကတော့ အစစ်အမှန်ပဲ...ဒါပေမယ့် ဒီနေ့က တပည့်သစ်တွေ ရတနာရွေးချယ်နိုင်အောင်ရည်ရွယ်ပြီးတော့ အသင်္ချေရတနာခြံဝန်းကို ဖွင့်လှစ်ခဲ့တာ...ကထိကတွေအတွက် မပါဝင်ဘူး"

ဆံဖြူအဖိုးအိုက သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်းမှ သက်ပြင်းချလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းကလည်း တပည့်သစ်တစ်ယောက်ပဲလေ....ငါ မင်းကိုအခွင့်အရေးတစ်ခုပေးမယ်...မင်းက တပည့်သစ်တွေ ရတနာယူဆောင်ပြီးကာမှ ဝင်ခွင့်ရမယ်...ဒါက အကောင်းဆုံး ဖြေရှင်းချက်ပဲ"

ဆံဖြူအဖိုးအိုသည် လုယွီက အစစ်အမှန်ကထိကဟူသည်ကို ယုံကြည်ခြင်းမရှိပေ။ သမင်ဖြူကျောင်းတော်၏ကထိကတစ်ယောက်ဖြစ်ရန် မလွယ်ကူသည်ကို မဆိုထားနှင့်..ခွန်အားအရ လုယွီ၏နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံဆင့်သည် အတွင်းစည်းတပည့်ပင်မဖြစ်နိုင်ချေ။

"ဒါက အမှားတစ်ခုပဲဖြစ်သင့်တယ်...ဖြစ်နိုင်တာတော့ မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့ရဲ့ လက်အောက်ကလူတွေ လုပ်တာပဲဖြစ်ရမယ်"

ဆံဖြူအဖိုးအိုက တွေးတောနေလေ၏။

တပည့်သစ်များ၏ရတနာရွေးချယ်မှုသည် ယခုစတင်ပြီဖြစ်သည်။ တပည့်များအကြားတွင် လီလျန့်နှင့်လျှိုမင်က အရင်ဦးဆုံး ရတနာရွေးချယ်မည်ဖြစ်ပေ၏။

"ညီလေးလု...ငါ အရင်သွားပြီ"

လျှိုမင်က ပြောဆိုလိုက်သည်။

လုယွီက မြင့်မားသောအဆောတ်အအုံကို တစ်ချက်ကြည့်လိုက်ရာ ရတနာပစ္စည်းများအားလုံးကို တွေ့မြင်ရ၏။ ဤနေရာ၌ ရတနာပစ္စည်းအမြောက်အများရှိပြီး အများစုသည်ပြင်ပလောကတွင်မရှိသော အကောင်းဆုံးရတနာများဖြစ်သည်။

"ကံဆိုးစွာနဲ့ ဒီနေရာမှာရတနာပစ္စည်းတွေအများကြီးရှိပေမယ့် ဘယ်ဟာကအကောင်းဆုံးလည်းဆိုတာ ငါမသိဘူး"

လျှိုမင်က သက်ပြင်းချလိုက်၏။

"ခဏကြာရင် မင်းဝင်သွားပြီးတော့...ဒုတိယထပ်ကိုသွား...."

လုယွီက လျှိုမင်ကို တီးတိုးပြောဆိုလိုက်လေသည်။ ထိုအသံက ကျယ်လောင်ခြင်းမရှိသော်လည်း တစ်ခြားသူများလည်း ကြားနိုင်သည်။

"ဟမ့်....နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲ ရှိသေးတဲ့ကောင်ကများ....ဒီနေရာမှာ အဖိုးတန်ဆုံးရတနာကဘာလဲဆိုတာတောင် သိရဲ့လား"

လီလျန့်က လှောင်ပြောင်သရော်လိုက်၏။ တစ်ခြားသူများကလည်း ပြုံးနေရင်းမှ သူတို့၏ခေါင်းကို ကူရာကယ်ရာမဲ့ပုံဖြင့် ခါယမ်းနေကြသည်။

သိသာထင်ရှားစွာပင် သူတို့က လုယွီ ပစ္စည်းကောင်းကိုရှာဖွေနိုင်မည်အား ယုံကြည်ကြခြင်းမရှိပေ။

"ကောင်းပြီ ညီလေးလု....ငါ မင်းကို ယုံကြည်တယ်"

လျှိုမင်က ခေါင်းညိတ်ပြပြီးနောက် လုယွီပြောဆိုသောရတနာထံသို့ တည့်မတ်စွာသွားလိုက်လေသည်။

ဤနေရာတွင် အနက်ရောင်စင်တစ်ခုရှိပြီး ဖုန်မှုန့်များထူထဲစွာဖုံးအုပ်နေပေ၏။ ဤစင်၏သက်တမ်းမည်မျှကြာနေပြီဆိုသည်ကို မည်သူမျှမသိရှိနိုင်ချေ။

ဤကျောက်တုံးစင်တစ်ခုလုံးသည် အလွန်အမင်းသာမာန်ဆန်ပြီး မည်သည့်စိတ်ဝိညာဥ်စွမ်းအင်မှဖြာထွက်နေခြင်းမရှိပေ။

All Chapters