အခန်း (၂၅၁-၂၅၅)
Vol. 11-15 Ch. 251-255
Chapter 251
"ဒါဆို ပုပ်ပဲ့ဆွေးမြည့်နေတဲ့ ပစ္စည်းကြီးပေါ့...မင်းရဲ့သူငယ်ချင်းက တကယ်ကြေနာတတ်တာပဲ"
လီလျန့်က မအောင့်အည်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။ ထိုစကားဆုံးသည်နှင့် သူကဓားရှည်တစ်ခုထံသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။
ထိုဓားရှည်သည် မြင့်မားသောအဆောတ်အအုံ၏အလယ်တွင်တည်ရှိသည်။ ဓားရှည်ကို အထူးဓားသေတ္တာဖြင့်သိုလှောင်ထားပေ၏။
"ထိပ်တန်းအဆင့်ဓမ္မရတနာ....ဆန်းကြယ်ကောင်းကင်ဘုံလမ်းကြောင်းဓား"
လီလျန့်၏မျက်လုံးများသည် ထိုဓားရှည်အားမြင်သည်နှင့် လင်းလက်တောက်ပသွားသည်။ လီလျန့်၏ဆရာသခင်ဖြစ်သူဟန်ဖန်းသည် မဟာကွန်ဖြူးရှပ်ပညာရှင်ဖန်းယင်ကဲ့သို့ သမင်ဖြူကျောင်းတော်၏ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ လီလျန့်က ဓားရှည်၏အကြောင်းကို ဆရာသခင်ဟန်ဖန်းထံမှ ကြားသိခဲ့ခြင်းဖြစ်သည်။
"တစ်ကယ်လို့ ငါက ဒီအံ့အားသင့်စရာကောင်းတဲ့ မှော်လက်နက်ကိုရမယ်ဆိုရင်....ငါရဲ့ခွန်အားကိုအနည်းဆုံးတစ်ဆင့်တိုးမြှင့်နိုင်လိမ့်မယ်"
လီလျန့်က တီးတိုးရေရွတ်နေလေ၏။ သူက လက်ကိုဆန့်ထုတ်ပြီး ဆန်းကြယ်ကောင်းကင်ဘုံလမ်းကြောင်းဓားကို ယူဆောင်နိုင်ရန် လက်လှမ်းလိုက်သည်။
သို့သော် သူ၏လက်သည် ဓားအားထိခါနီးတွင် ရုတ်တရက် ဓားက တဝီဝီမြည်ပြီး တုန်ခါနေသည်။ ထို့နောက် ဓားထံမှအားကောင်းသည့် တန်ပြန်အားတစ်ခုက လီလျန့်ထံသို့ တိုးဝင်သွားလေသည်။
"အသေအချာပဲ...ဒီမှော်လက်နက်က အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်"
လီလျန့်က ထိုဓား၏တိုက်ခိုက်မှုကို အချိန်အတော်ကြာကတည်းက မျှော်လင့်ထားပြီးဖြစ်သည်။ ဓားမှတန်ပြန်အားက သူ၏ခန္ဓာကိုယ်နှင့်နီးကပ်မလာမှီ သူ၏ခန္ဓာကိုယ်မှကျန်းချီများကိုစုစည်း၍ အကာအကွယ်အလွှာတစ်ခုကိုဖန်တီးထားပြီးဖြစ်လေ၏။
ဒေါင် ဒေါင် ဒေါင်
အဆုံးမရှိသောတန်ပြန်သက်ရောက်မှုအားသည် လီလျန့်၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်နေသော်လည်း လီလျန့်၏ဖိနှိပ်နှိမ်နင်းခြင်းကို ခံလိုက်ရသည်။
"ဒီရတနာက ငါနဲ့ထိုက်တန်တဲ့ဟာပဲ"
လီလျန့်က ကြုံးဝါးပြီးနောက် သူ၏နဖူးပြင်ပေါ်တွင် ရွှေရောင်အမြူတေတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အမြူတေ၏မျက်နှာပြင်ပေါ်တွင် သစ်ရွက်ကိုးရွက်ပုံရိပ်က အလွန်အမင်းသိသာထင်ရှားနေပေသည်။
"ရွှေရောင်အမြူတေနယ်ပယ် နဝမအဆင့်"
"ရွှေရောင်အမြူတေနယ်ပယ် နဝမအဆင့်ကျင့်ကြံသူက ကျောင်းတော်ကိုဝင်ရောက်လိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး...သူက မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ရဲ့လက်ရင်းတပည့်အဖြစ်ရွေးချယ်ခံရတာ အံ့အားသင့်စရာမရှိတော့ဘူး"
"မင်း ဓားကတန်ပြန်အားကို ခံစားမိလား...ငါသာ အဲ့ဒီအားကိုခုခံရရင် ငါ့အသက်နဲ့ခန္ဓာမြဲပါစေလို့ ဆုတောင်းနေရုံပဲရှိတယ်"
လီလျန့်အနီးပတ်ဝန်းကျင်ရှိလူများသည် သူ့အားလေးစားမှုအပြည့်ရှိသောမျက်လုံးများဖြင့်ကြည့်ကာ အချင်းချင်းတီးတိုးပြောဆိုနေကြ၏။
"လာစမ်း"
အစွမ်းထက်သောကျန်းချီများဝန်းရံ၍ လီလျန့်က ဓားထံသို့ တည့်တည့်မတ်မတ်တိုးဝင်လိုက်သည်။ လီလျန့်၏လက် အနည်းငယ်လှုပ်ခတ်လိုက်မှုနှင့်အတူ ဓားသည် သူ၏လက်အတွင်းသို့ ရောက်ရှိလာခဲ့သည်။
ဂျိမ်း...ဂျိမ်း...
မှော်လက်နက်ဖြစ်သည့်ဓားရှည်၏မျက်နှာပြင်သည် လျှပ်စီးများကဲ့သို့ဝင်းလက်တောက်ပနေပြီး မိုးကြိုးသံများကိုလည်းထုတ်လွှတ်နေလေရာ တပည့်အများစုက ထိတ်လန့်ကြောက်ရွံနေကြ၏။
လီလျန့်က ဓားပေါ်သို့ သူ၏လက်ချောင်းဖြင့် တောက်လိုက်သည်တွင် မိုးကြိုးခြိမ်းသံများသည် ဖယောင်းတိုင်မီးကိုငြိမ်းသတ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
"ဒီဓားက သာမာန်လူတွေထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်...ဒါပေမယ့် ငါ့အတွက်တော့အခက်အခဲမရှိဘူး"
လီလျန့်က အပြုံးနှင့်အတူ အောင်ပွဲခံလိုက်သည်။ သူက လျှိုမင်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။
ထိုအချိန်တွင် လျှိုမင်က စင်ရှေ့တွင်မတ်တတ်ရပ်နေဆဲဖြစ်ပြီး အနက်ရောင်ကျောက်တုံးစင်က ငြိမ်သက်စွာရှိနေဆဲဖြစ်သည်။
"ဂုဏ်ယူပါတယ် စီနီယာအကိုကြီး...စီနီယာက အကောင်းဆုံးမှော်လက်နက်ကို ရရှိသွားခဲ့ပြီ"
တစ်ချို့အတွင်းစည်းတပည့်များနှင့်အပြင်စည်းတပည့်များသည် လီလျန့်၏အနီးသို့ စုရုံးလာကြပြီး ဂုဏ်ပြုစကားပြောကြားနေကြ၏။
လီလျန့်သည် ရယ်ပြုံးရင်းမှသူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဒါက ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး...ငါတို့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ပဲသက်ဆိုင်တယ်...တစ်ကယ်လို့ မင်းက ကျင့်ကြံရာမှာထူးချွန်တယ်ဆိုရင် မင်းလည်းလုပ်နိုင်မှာပဲ...ဒါပေမယ့် အစွမ်းအစမရှိဘဲ ကိုယ်နေရာကိုယ်မသိတဲ့လူတွေလိုတော့ မင်းတို့မနေကြနဲ့"
လီလျန့်က စကားဆုံးသည်နှင့် လျှိုမင်နှင့်လုယွီအား လှည့်ကြည့်လိုက်လေသည်။
နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူနှစ်ယောက်၏အဆင့်အတန်းသည် သူနှင့်တူညီနေပြီး တစ်ခြားတစ်ယောက်က ပို၍မြင့်မားနေခြင်းကို သိသာထင်ရှားစွာဖြင့် လီလျန့်ကစိတ်ကျေနပ်ခြင်းမရှိချေ။
ထိုအချိန်မှာပင် လျှိုမင်ရှိရာနေရာမှ ရုတ်တရက်အသံတစ်သံထွက်ပေါ်လာသည်။
လူတိုင်းက လှည့်ကြည့်လိုက်ရာတွင် အနက်ရောင်ကျောက်တုံးစင်၌ အက်ကွဲကြောင်းတစ်ကြောင်း ဖြစ်ပေါ်နေခြင်းကို တွေ့မြင်ရသည်။ ထိုအက်ကွဲကြောင်းသည် တစတစ ချဲ့ထွင်လာပြီးနောက် ကျောက်တုံးစင်တစ်ခုလုံး ပျံနှံ့သွားကာ အပိုင်းပိုင်းအစစကျိုးပဲ့သွားတော့သည်။
ကြည့်ရပုံမှာ ကျောက်တုံးစင်၏အောက်ဘက်တွင် ဖုံးကွယ်ထားသောအလွှာတစ်လွှာရှိပုံရသည်။ ယလုချိန်မှသာလျှင် ဖုံးကွယ်ထားသောအလွှာက ကျိုးပျတ်သွားခြင်းဖြစ်ပေမည်။
"လျှိုမင်...ဖုံးကွယ်မထားစမ်းနဲ့...ငါတို့ကိုလည်းကြည့်ခွင့်ပေးစမ်း....ဘာပစ္စည်းကောင်းရှိလဲဆိုတာကြည့်ရအောင်"
လီလျန့်က လျှိုမင်အား လှောင်ပြောင်သရော်နေလေ၏။
Chapter 252
လီလျန့်၏အသံနှင့်အတူ လူအားလုံး၏အကြည့်များသည် လျှိုမင်ထံသို့ကျဆင်းသွားကြသည်။ လျှိုမင်း၏လက်အတွင်းရှိ သာမာန်ကျောက်တုံးတစ်ခုကိုသာ လူအများမြင်လိုက်ချိန်တွင်မူ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာလေ၏။
"ဒါကဘာလဲ...ဒီလိုဟာမျိုးကို အရင်တုန်းက ငါဘာလို့မမြင်ဘူးတာလဲ"
"အသင်္ချေရတနာစံအိမ်က သာမာန်ကျောက်တုံးတစ်တုံးကိုတော့ ရတနာစာရင်းထဲ မထည့်သင့်ပါဘူးကွာ"
လျှိုမင်သည် ကျောက်တုံးကို ကိုင်ဆောင်ထားသော်လည်း မည်သို့အသုံးပြုရမည်ကို မသိရှိချေ။ လုယွီက သူအား ထိုရတနာကိုယူဆောင်ရန်ပြောသော်လည်း သူက ထိုကျောက်တုံးအကြောင်းအား တစိုးတစိမျှမသိရှိပေ။
"ငါ အမှားများလုပ်မိတာလား"
လျှိုမင်က ရုတ်တရက်တွေးတောမိလေသည်။ သူက ခေါင်းကိုပြန်လှည့်၍ စင်အားတစ်ချက်ကြည့်လိုက်သည်။ သို့သော် စင်ပေါ်တွင်မူ မည်သည့်အရာမျှမရှိပေ။ စင်ပေါ်၌ သူယူဆောင်ခဲ့သည့် သာမာန်ကျောက်တုံးတစ်တုံးသာ ရှိနေလေ၏။
"ညီလေးလု...ဒီကျောက်တုံးက ဘာအတွက်အသုံးပြုရတာလဲ"
လျှိုမင်က မေးမြန်းလိုက်သည်။
လုယွီက ထိုကျောက်တုံးကိုယူဆောင်ပြီး ၎င်းပေါ်ရှိဖုန်မှုန့်များအား ဖယ်ရှားရှင်းလင်းလိုက်လေ၏။
"ဒါက မှင်ကျောက်တုံးတစ်ခုပဲ...မင်းနောက်ပိုင်း စာပေလေ့လာတဲ့အခါကျရင် ဒီမှင်ကျောက်တုံးကို အသုံးပြုလို့ရတယ်"
လုယွီက လျှိုမင်အား ရှင်းပြလိုက်သည်။
ထိုစကားသံကြားသည်နှင့် လုယွီအနီးပတ်ဝန်းကျင်ရှိလူများသည် လှောင်ပြောင်ရယ်မောနေကြ၏။
"ငါကြားတာများမှားနေလား...သူက အရူးတော့မဟုတ်လောတ်ပါဘူးနော်"
"တပည့်သစ်တစ်ယောက်က ဒီကိုလာပြီးရတနာလာယူရတာ ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲ....လျှိုမင်ရဲ့အခွင့်အရေးက ဒီကောင်လေးကြောင့်ပျတ်စီးသွားပြီ"
"တစ်ကယ်လို့ ငါသာ လျှိုမင်ဆိုရင်...သူကိုသတ်ပစ်မိလိမ့်မယ်"
လီလျန့်ကလည်း ပြုံးရယ်ရင်းမှ ဝင်ရောက်ပြောဆိုလိုက်သည်။
"လျှိုမင်....မင်းက ဒီကောင်လေးရဲ့ထောင်ချောက်မိသွားပြီ...ငါပြောပါတယ်...သူက လှည့်စားပြီးကထိကဆိုတဲ့ရာထူးကိုယူထားခဲ့တာ...သူက ကထိကတစ်ယောက်ဆိုရင်တောင် ဒီလိုပုံစံမျိုးနဲ့ ဘာသုံးစားလို့ရမှာလဲ"
လျှိုမင်က ခေါင်းကိုသာ ခါယမ်းနေလေ၏။
"မဟုတ်ဘူး...ငါက ညီလေးလုကို ယုံကြည်တယ်"
လီလျန့်က သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ...ငါ မျှော်လင့်ထားသလိုပဲ...မင်းက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ယုံကြည်နေမှတော့ မင်းရဲ့အတွေးအမြင်တွေကလည်း နိမ့်ပါးနေမှာပဲ"
ထို့နောက်တွင်မူ အတွင်းစည်းတပည့်များနှင့်အပြင်စည်းတပည့်များသည် ရတနာများကိုရွေးချယ်လိုက်ကြသည်။
လုယွီ၏ လျှိုမင်အားရွေးချယ်ပေးမှုကို သာဓကထား၍ တပည့်များသည် ရတနာများအား စေ့စပ်သေချာစွာ ရွေးချယ်ကြလေသည်။ နောက်ဆုံးတွင် တပည့်များအားလုံး ရတနာများကို ရွေးချယ်ပြီးချိန်၌ လုယွီ၏အလှည့်သို့ ရောက်ရှိလာသည်။
"ဒီကောင်လေးက ဘာပစ္စည်းကောင်းရွေးချယ်မလဲဆိုတာ ကြည့်ကြရအောင်"
လီလျန့်က ပြပွဲတစ်ခုကို ကြည့်ရှုတော့မည်ကဲ့သို့ လက်ပိုက်ထားလေ၏။ ကျန်ရှိနေသောတပည့်များကလည်း ဤအချင်းအရာကိုမြင်ချိန်တွင် ထွက်ခွါသွားခြင်းမရှိဘဲ ရပ်တန့်လိုက်ကြသည်။
ယခုလက်ရှိအချိန်တွင် တစ်ချို့တပည့်များသည် အကျိုးကျေးဇူးများစွာရရှိခဲ့ပြီး တစ်ချို့တပည့်များကမူ ရတနာ၏ကန့်သတ်ချက်ကို ချိုးဖျတ်ရာ၌ ကျရှုံးခဲ့သည်။ ခွန်အားအလုံအလောတ်ရှိသူများကသာ ကန့်သတ်ချက်ကိုချိုးဖျက်ပြီး အတွင်းရှိရတနာကို ယူဆောင်နိုင်ခဲ့သည်။
လုယွီက အဆောတ်အအုံအတွင်းသို့လျှောက်လှမ်းသွားသော်လည်း စင်များ၏ရှေ့တွင်ရပ်တန့်ခြင်းမရှိဘဲ အတွင်းသို့တည့်မတ်စွာဆတ်ဝင်သွားလေ၏။
"သူ ဘယ်ကိုသွားနေတာလဲ"
"သူက မျှော်စင်ရဲ့ထိပ်ဆုံးကိုများသွားနေတာလား...ဒီနေရာက အထပ်ပိုမြင့်လေ ကန့်သတ်ချက်တွေကပိုပြီးအားကောင်းလေပဲ...အထပ်မြင့်ကမှော်လက်နက်တွေက အရမ်းကောင်းမွန်ပေမယ့် ရယူဖို့ဆိုတာမဖြစ်နိုင်ဘူး"
တပည့်များသည် တိုင်ပင်ဆွေးနွေးနေကြသော်လည်း စပ်စုလိုစိတ်ကြောင့် လုယွီ၏နောက်မှ လိုက်ပါသွားကြသည်။
အချိန်သိပ်မကြာမှီမှာပင် လုယွီက ကြီးမားသောတံခါးတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုတံခါးကြီး၏အပေါ်တွင် 'ကောင်းကင်ဘုံ' ဟူသော စကားလုံးကိုရေးထိုးထားသည်။ တံခါးကြီးသညခ ပိတ်ဆို့ထားခြင်းမရှိဘဲ ပြင်ပမှကြည့်လျှင် မှိန်ပျပျအလင်းရောင်အား တွေ့မြင်နိုင်သည်။
လုယွီက တံခါးကြီးအား ဖြတ်သန်း၍ အတွင်းသို့ ဝင်သွားလေ၏။
"အသင်္ချေရတနာခြံဝန်းမှာ ဒီလိုနေရာမျိုးရှိသေးတာလား...အထဲကို သွားကြည့်ကြရအောင်"
သူတို့က ဤကဲ့သို့နေရာမျိုးကို မည်သည့်အချိန်ကမျှ တွေ့မြင်ဖူးခြင်းမရှိပေ။
သို့သော် အတွင်းစည်းတပည့်တစ်ယောက်က ဝင်ရောက်လိုက်သည်နှင့် အားတစ်ခုက ထိုသူအားလွင့်စင်ထွက်သွားစေသည်။
"ဒါက ကောင်းကင်ဘုံတံခါးပဲ...ကထိကနဲ့ အဲ့အထက်အဆင့်အတန်းရှိသူတွေသာ ဝင်ရောက်နိုင်တယ်"
ဆံဖြူအဖိုးအိုက တပည့်များအား သတိပေးလိုက်၏။ သူက အခြေအနေများကို တိတ်တဆိတ် စူးစမ်းလေ့လာနေသော်လည်း လုယွီက ထိုတံခါးအားဖြတ်၍ အတွင်းသို့ဝင်သွားချိန်တွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ မျက်မှောင်ကြုတ်မိလေ၏။
မည်သို့ပင်ဆိုစေကာမူ ထိုကောင်လေးက ကထိကတစ်ယောက်မဟုတ်လော...
"သူက အတွင်းကို ဝင်သွားနိုင်ရင်တောင်မှ သူဘာလုပ်နိုင်မှာမလို့လဲ...သူ့မျက်နှာမှာ ဖုန်အပြည့်နဲ့ပြေးထွက်လာရမှာ ငါမြင်ယောင်သေးတယ်"
လီလျန့်က လုယွီအား အထင်အမြင်သေးဟန်နှင့်ကြည့်ပြီး မကျေမချမ်းရေရွတ်လိုက်သည်။
*****
ကောင်းကင်ဘုံတံခါး၏နောက်ကွယ်...
လုယွီက တူညီသောစင်များ၏ရှေ့၌ မတ်တတ်ရပ်နေပြီး မျက်လုံးစုံမှိတ်ကာ သူ၏စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်လိုက်လေ၏။
အချိန်တခဏကြာပြီးနောက် လုယွီ၏မျက်လုံးများ ပွင့်လာသည်။
"ဒါက တစ်ကယ်ကိုပဲ ကောင်းကင်ဘုံအင်ပါယာရဲ့အော်ရာပါလား"
လုယွီက တီးတိုးရေရွတ်ပြီး နေရာတစ်နေရာထံသို့ ဦးတည်၍ ပျံသန်းသွားလေသည်။
Chapter 253
ကောင်းကင်ဘုံဂိတ်တံခါးနောက်တွင် လုယွီသည် ကျယ်ပြန့်သောခန်းမတစ်ခုအတွင်းရောက်ရှိနေပြီး ပထမထပ်ကစင်များထက် သိသာထင်ရှားစွာကြီးမားသည့် စင်များရှေ့၌ မတ်တတ်ရပ်နေသည်။
ခန်းမအတွင်းသို့ သူဝင်လိုက်ချိန်တွင် လုယွီက သိပ်သည်းသည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။
"ဒါက မှော်ရတနာတွေရဲ့စွမ်းအားကြောင့်လား"
လုယွီက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်၏။
စင်တစ်ခုစီပေါ်တွင် မတူညီသောမှော်လက်နက်များ ရှိနေသည်။ ထိုမှော်လက်နက်များမှ အားကောင်းသည့်ဖိအားအော်ရာကို ထုတ်လွှတ်နေပြီး တစ်ချို့မှော်လက်နက်များဆိုလျှင် ရောင်စုံအလင်းတန်းများကိုပင် ထုတ်လွှတ်နေသည်။ တစ်ချက်ခန့်ကြည့်မိလျှင် သာမာန်လူတစ်ယောက်ကပင် ဤပစ္စည်းများသည် သာမာန်မှော်ရတနာများမဟုတ်သည်ကို ပြောနိုင်ပေမည်။
ထိုရတနာများဖြန့်ကျဲထားမှုကြောင့် ခန်းမအတွင်း၌ ပြင်းထန်သည့်လေလှိုင်းလုံးကြီးများပင် ဖြစ်ပေါ်နေသည်။
လုယွီက ထိုရတနာပစ္စည်းများကို တစ်ချက်သာကြည့်ပြီး ထပ်မံကြည့်ရှုလိုစိတ်မရှိတော့ပေ။ သူ၏ ပစ်မှတ်သည် ဤနေရာ၌ မရှိချေ။ ကောင်းကင်ဘုံအင်ပါယာ၏အော်ရာသည် အလွန်မှိန်ဖျော့နေသော်လည်း လုယွီက ကောင်းစွာခံစားသိရှိနိုင်သည်။
အချိန်တခဏအကြာမှာပင် လုယွီက သူ၏ပစ်မှတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကံဆိုးစွာဖြင့် ထိုနေရာသို့ သူထက်ဦးစွာ တစ်စုံတစ်ယောက်က ရောက်ရှိနေခဲ့သည်။
"ဒါက ဘယ်လိုဝင်္ကပါ အမျိုးအစားပါလိမ့်...ငါက ဒါကိုကြည့်မိတာ မူးနောတ်နောတ်ဖြစ်လာသလို ခံစားရတယ်"
"လူတိုင်းပဲ...ငါတို့ ဒီနေရာကိုရောက်နေတာ တစ်လကျော်နေပြီ...ဒါပေမယ့် ခုထိ ဘာမှဖြစ်မလာသေးဘူး...ငါ ထင်တာတော့ ငါတို့အားလုံးပြန်သွားပြီး ကျင့်ကြံခြင်းနယ်ပယ်တွေကိုတိုးမြင့်အောင်လုပ်ပြီးမှ ဒီဝင်္ကပါကို ဖြေရှင်းနိုင်လိမ့်မယ်"
ဤနေရာတွင် ဆံပင်အဖြူနှင့်အဖိုးကြီးတစ်သိုက်က ပလ္လင်ခွေထိုင်နေကြ၏။
သူတို့သည် သမင်ဖြူကျောင်းတော်၏အစစ်အမှန်ကျောရိုးများဖြစ်ပြီး တစ်ယောက်ချင်းစီသည်မဟာကွန်ဖြူးရှပ်ပညာရှင်၏ခွန်အားမျိုးရှိသည်။
ထို့ပြင် သူတို့၏ဝင်္ကပါပညာရပ်များသည်လည်း အလွန်သိမ်မွေ့နက်နဲပေ၏။ ဥပမာအနေဖြင့် ဆရာသခင် လို့နှင့်တစ်ခြားဝင်္ကပါပညာရှင်များသည် သူတို့ရှေ့တွင် အရာဝင်သူများမဟုတ်ကြချေ။
အဖိုးအိုများ၏ရှေ့တွင် ပန်းချီစာလိပ်တစ်ခုက အလျှားလိုက်ပွင့်နေသည်။ ထိုစာလိပ်ပေါ်တွင် ကြယ်မြစ်တစ်စင်း ရှိနေလေ၏။
ကြယ်မြစ်အတွင်းတွင် မြောက်များစွာသည့်ကြယ်များက တလက်လက်တောက်ပနေသည်။ သာမာန်ဘူသားတစ်ယောက်က ဤပန်းချီကားကိုကြည့်မိလျှင် သူ၏စိတ်သည် ပန်းချီကားအတွင်းသို့ နစ်မြုပ်သွားပေမည်။
သို့ရာတွင် အတန်ငယ်နှမြောစရာကောင်းသည်မှာ ပန်းချီစာလိပ်သည် အားတစ်ချို့၏သက်ရောက်မှုခံထားရပုံ ပေါ်လွင်နေပြီး အလယ်မှစုတ်ပြဲနေခဲ့သည်။
လုယွီက ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။ အဖိုးအိုများ၏ကျင့်ကြံဆင့်များအရ လုယွီရောက်ရှိလာသည်ကို ခံစားမိပြီးဖြစ်ပေ၏။
အဖိုးအိုတစ်ယောက်က သူ၏ခေါင်းကိုလှည့်ကြည့်ပြီး လုယွီကိုမြင်ရချိန်တွင်မူ ဆူပူအော်ငေါက်လိုက်သည်။
"ဘယ်လိုလုပ်ပြီး တပည့်တစ်ယောက်က ဒီနေရာကို ဝင်လာရဲတာလဲ...ဒီနေရာက မင်းလာရမယ့်နေရာမဟုတ်ဘူး...မြန်မြန်ထွက်သွားစမ်း"
လုယွီက အဖိုးအိုအား တည့်တည့်ကြည့်ရှုလိုက်လေ၏။
"ကျွန်တော်က တပည့်သစ်တစ်ယောက်ပါ...ကျွန်တော် ဒီနေရာကို ရတနာယူဖို့လာခဲ့တာ"
"ရတနာယူဖို့လား....မင်း အောက်ထပ်တွေကိုသွားသင့်တယ်"
ထို့နောက် အဖိုးအိုက သူ၏ခေါင်းကိုပြန်လှည့်ပြီး သူရှေ့ရှိကြယ်မြစ်မြေပုံကိုသာ ကြည့်ရှုနေခဲ့သည်။
"မဟုတ်သေးဘူး...ဒီနေရာကို တပည့်တွေဝင်မရတဲ့ တားမြစ်စည်းနဲ့ ကန့်သတ်ထားတာ...မင်းက ဘယ်လိုလုပ်ပြီးဝင်လာတာလဲ"
အနောက်တွင်ထိုင်နေသည့် အနက်ရောင်ဝတ်စုံနှင့်အဖိုးအိုက ရုတ်တရက်မတ်တတ်ထရပ်လိုက်၏။
လုယွီက ထိုအဖိုးအိုကို နှိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းလည်းမရှိသော အကြည့်မျိူးဖြင့် ကြည့်ပြီး သူ၏ကထိကတံဆိပ်ပြားကို ထုတ်ယူလိုက်လေသည်။
"ကထိက တစ်ယောက်လား"
အဖိုးအိုက လုယွီအား အံ့အားသင့်ပုံဖြင့် ကြည့်ရှုနေသည်။
"ဒါက ကျွန်တော်ကို မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က ပေးထားတာ"
လုယွီက ပြောဆိုလိုက်၏။
"စန်လို့...သူက တံခါးပိတ်ကျင့်ကြံနေတာက ထွက်လာပြီလား"
အဖိုးအိုက မျှော်လင့်မထားသည့်အရာကို ကြားရသည့်အတွက် မေးမြန်းလိုက်လေသည်။
သို့သော် တံဆိပ်ပြားကမူ အစစ်အမှန်ဖြစ်ပေ၏။
"ဒီလိုကိစ္စရှိနေမှတော့ မင်းက ဒီနေရာမှာ ရတနာရှာဖွေနိုင်တယ်...ဘယ်လိုရတနာမျိုးရမလဲဆိုတာတော့ မင်းရဲ့ခွန်အားပေါ်မူတည်သွားပြီ"
အနက်ရောင်ဝတ်စုံဖြင့်အဖိုးအိုက လုယွီ၏ကျင့်ကြံဆင့်သည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာရှိကြောင်းတွေ့မိချိန်တွင် သူက အများကြီးမျှော်လင့်မထားတော့ပေ။
အကယ်၍ ထိုကောင်လေးက ဤနေရာသို့ဝင်ရောက်နိုင်လျှင်ပင် မည်သည့်ရတနာပစ္စည်းကိုမျှ ရရှိမည်မဟုတ်ချေ။
"မင်း ဒီမှါဘာဖြစ်လို့ ရပ်နေတာလဲ...မှော်လက်နက်တစ်ခုရအောင်ယူပြီး ဒီနေရာကထွက်သွားတော့"
အနက်ရောင်ဝတ်စုံဖြင့်အဖိုးအိုက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်တော့သည်။
လုယွီက တည်ငြိမ်စွာဖြင့်သာ ပြန်လည်ဖြေကြားလေသည်။
"ကျွန်တော်က ဒီသေတ္တာကိုလိုချင်တာ...အဲ့ဒါကိုရတာနဲ့ ကျွန်တော်ချက်ချင်းထွက်သွားမှာပါ"
လုယွီက ကြယ်မြစ်ပန်းချီနံဘေးရှိ သစ်သားသေတ္တာတစ်လုံးကို ညွှန်ပြလိုက်သည်။
ထိုအရာက သစ်သားသေတ္တာတစ်လုံးသာဖြစ်သည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အလှအပများပင် ထွင်းထုထားခြင်းမရှိဘဲ အလွန်အမင်းသာမာန်ဆန်သောပစ္စည်းဖြစ်ပေ၏။
"ကြယ်မြစ်ပန်းချီရဲ့နံဘေးပတ်လည်မှာ ငါတို့က ကြီးမားတဲ့တန်ပြန်ဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့တယ်...ငါတို့က အဲ့ဒီနေရာက ဘာပစ္စည်းကိုမှရွှေ့လို့မရဘူး...တစ်ကယ်လို့ မင်းက ဒီသစ်သားသေတ္တာကိုလိုချင်တယ်ဆိုရင် ယူနိုင်တယ်...ဒါပေမယ့် ငါတို့က ရတနာကို ကန့်သတ်ထားတဲ့ဝင်္ကပါအကြောင်း နားလည်ပြီးဖြေရှင်းနိုင်တဲ့ထိစောင့်ရမယ်"
လုယွီက ခေါင်းခါယမ်းလိုက်၏။
"ကျွန်တော်မှာ စောင့်ဖို့အချိန်မရှိဘူး...ဒီကြယ်မြစ်ပန်းချီရဲ့ကန့်သတ်ဝင်္ကပါကို ခင်ဗျားတို့အတွက် ကျွန်တော်ချိုးဖျက်ပေးမယ်...သစ်သားသေတ္တာကို ကျွန်တော်ကိုပေး"
Chapter 254
"မင်းက ဒီကြယ်မြစ်ပန်းချီရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ချင်တာလား"
အနက်ရောင်ဝတ်စုံဖြင့်အဖိုးအိုက မျက်မှောင်ကြုတ်လိုက်မိ၏။ ဤကိစ္စက သူ၏စိတ်ရှည်သည်းခံမှု အတိုင်းအတာကို ကျော်လွန်သွားပြီ ဖြစ်ပေ၏။ သူက လုယွီသည် ဆယ်ကျော်သက်အရွယ်သာရှိပြီး ကထိကတစ်ယောက်ဖြစ်သော်လည်း အာရုံစူးစိုက်ရန် ရည်ရွယ်ချက်မရှိပေ။
သို့သော် ထိုကောင်လေးကမူ မောက်မာစွာဖြင့် ကြယ်မြစ်ပန်းချီ၏ကန့်သတ်ချက်ကိုပင် ဖြေရှင်းလိုနေခဲ့သည်။
"ငါ မင်းကိုတစ်ခါ ထပ်ပြောမယ်...ငါ အရမ်းအလုပ်ရှုပ်နေတယ်...ဒီနေရာပတ်လည်မှာ ရတနာပစ္စည်းတွေအများကြီးပဲ....မင်းမှာ အရည်အချင်းရှိတယ်ဆို သွားရှာယူ....ဒီနားကိုလာပြီး အာရုံလာစားမနေနဲ့'
အနက်ရောင်ဝတ်စုံဖြင့်အဖိုးအိုက အော်ဟသ်လိုက်၏။
သိသာထင်ရှားစွာဖြင့်ပင် လုယွီက ပြဿနာရှာရန်လာသည်ဟု သူကတွေးတောနေခဲ့သည်။
လုယွီက အချိန်တခဏကြာတိတ်ဆိတ်ငြိမ်သက်နေပြီး သူက သစ်သားသေတ္တာသည် ကောင်းကင်ဘုံအင်ပါယာချန်ထားခဲ့သောပစ္စည်း ဟုတ်မဟုတ်အတည်ပြုနေသည်။
သို့သော် သူက သစ်သားသေတ္တာနှင့်ပတ်သတ်၍ ရှင်းရှင်းလင်းလင်းသိမြင်ခြင်း မရှိပေ။ လုယွီက အချိန်တခဏကြာတွေးတောပြီးနောက် သူက ကြယ်မြစ်ပန်းချီထံသို့ တိုက်ရိုက်သွားလိုက်တော့သည်။
ဤနေရာရှိ အကြီးအကဲများအားလုံးသည် လုယွီက ယခုကဲ့သို့ပြုလုပ်မည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ သူတို့အားလုံးက မတ်တတ်ထရပ်လိုက်ကြ၏။
"ရပ်စမ်း'
အဖိုးအိုတစ်ယောက်က အော်ဟစ်လိုက်သည်။
သူတို့တပ်ဆင်ထားခဲ့သည့် တန်ပြန်ဝင်္ကပါသည် အကျိုးကျေးဇူးမရခဲ့သော်လည်း အင်အားများစွာစိုက်ထုတ်၍ ခင်းကျင်းခဲ့ခြင်းဖြစ်သည်။
မည်သည့်နည်းဖြင့် ကလေးတစ်ယောက်ကို သူတို့စီစဥ်ထားသည့်ကိစ္စရပ်ကို ဖျက်ဆီးခွင့်ပေးနိုင်မည်နည်း။
လုယွီက အဖိုးအိုများ၏အော်ဟစ်သံကို နားမကြားသကဲ့သို့သာ ပြုမှုနေလေသည်။
"အမှန်တကယ်တော့ ဒီကြယ်မြစ်ပန်းချီက အရမ်းနက်နဲသိမ်မွေ့နေတာမဟုတ်ပါဘူး"
လုယွီက ကြယ်မြစ်မြေပုံကို ကြည့်လိုက်သည်နှင့် သဘောပေါတ်နားလည်သွားခဲ့သည်။
အဆုံးမရှိသောလောကကြီးတွင် စကြာဝဠာတစ်ခုနှင့်တစ်ခုက ချိတ်ဆတ်နေပေသည်။ ကြယ်သန်းပေါင်းများစွာသည် စကြာဝဠာအတွင်းတည်ရှိပြီး တစ်ချို့ထိပ်သီးကျင့်ကြံသူများပင် ဤနေရာသို့သွားလျှင် အသက်ဆုံးရှုံးနိုင်ပေသည်။
ထို့ပြင် ကြယ်မြစ်မြေပုံသည် အဆုံးမရှိသောကြယ်များ၏ကြား၌ ရှင်းရှင်းလင်းလင်းသွားလာနိုင်သောလမ်းကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။ ရိုးရှင်းစွာပြောရလျှင် ဤအရာက မြေပုံတစ်ခုဖြစ်ပေ၏။
လုယွီက ကြယ်မြစ်မြေပုံအတွင်းရှိ တောက်ပနေသောကြယ်တစ်ပွင့်ကို လက်ညှိုးညွှန်ပြီး တစ်ခြားကြယ်များကိုလည်း အစီအစဥ်အတိုင်းညွှန်ပြနေလေ၏။
ဝီ....
ကြယ်မြစ်မြေပုံတစ်ခုလုံး အမှန်တကယ်ကိုပင် လေထုအတွင်း၌ မျောလွင့်နေလေသည်။ ကြယ်မြစ်မြေပုံ၏ထိပ်တွင် ရွှေရောင်အလင်းတန်းထွက်ပေါ်လာပြီး နေရာအနှံအပြားသို့ပျံနှံ့သွားပေ၏။
ထို့နောက် ကြယ်မြစ်မြေပုံပေါ်ရှိ ကြယ်တစ်ချို့နှင့် ရွှေရောင်အလင်းတန်းသည် ဆတ်စပ်သွားခဲ့သည်။ ကြယ်များ၏ဆတ်သွယ်မှုနှင့်အတူ လေထုအတွင်းတွင် လမ်းကြောင်းတစ်ခုက ပေါ်ထွက်လာသည်။
"ဒါက...."
အဖိုးအိုများသည် သူတို့ရှေ့၌ ဖြစ်ပျက်သွားသည်များကို တွေဝေမိန်းမောစွာဖြင့်စိုက်ကြည့်နေမိသည်။
ထိုဆယ်ကျော်သက်အရွယ်ကောင်လေးက အချိန်အနည်းငယ်အတွင်းမှာပင် ကြယ်မြစ်မြေပုံ၏ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့သလော...
"ဒါက ဘာကိုဆိုလိုတာလဲ...ငါတို့ အချိန်အတော်ကြာလေ့လာခဲ့တဲ့ ပန်းချီကားပေါ်က ပုံစံတွေကဘာတွေလဲ"
အနက်ရောင်ဝတ်စုံဖြင့်အဖိုးအို၏မျက်လုံးသည် ကြယ်မြစ်မြေပုံပေါ်ရှိရွှေရောင်မျဥ်းကြောင်းပေါ်တွင်သာ ကျရောက်နေပြီး လေးနက်သောအသံဖြင့်ပြောဆိုလိုက်သည်။
"ဒါက အိမ်ပြန်ဖို့လမ်းပဲ"
လုယွီက သက်ပြင်းချလိုက်၏။
"ခင်ဗျားတို့လက်ထဲမှာရှိနေတဲ့ ပန်းချီစာလိပ်က အချိန်အတော်ကြာ အိမ်မပြန်ရတဲ့လူတစ်ယောက် သူ့အိမ်ကိုသတိရလွမ်းဆွတ်လို့ ဆွဲခဲ့တဲ့ မြေပုံတစ်ခုပဲ"
လုယွီက နှစ်ပိုင်းကွဲထွက်နေသော ကြယ်မြစ်မြေပုံကို ကြည့်ရှုလိုက်သည်။
"ဒီလူက ကြယ်မြစ်မြေပုံကို သန့်စင်တဲ့အချိန်မှာ သူရဲ့စိတ်ဝိညာဥ်အစိတ်အပိုင်းတစ်ခုက ဒီပန်းချီကားထဲကို တွယ်ကပ်လာခဲ့တယ်...သနားဖို့ကောင်းတာက သူ သေဆုံးပြီးတော့ ပန်းချီစာလိပ်ကလည်းနှစ်ပိုင်းကွဲထွက်ပြီး အသုံးဝင်ခြင်းမရှိတော့ဘူး"
အကြီးအကဲတစ်ချို့က လုယွီပြောဆိုနေသည်အား ငေးမောကြည့်နေကြ၏။
တိကျသေချာစွာပင် ပန်းချီစာလိပ်တစ်ဖက်ခြမ်းရှိ ရွှေရောင်မျဥ်းကြောင်းသည် တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ထိုအချိန်တခဏမှာပင် ကြယ်မြစ်မြေပုံပေါ်၌ တည်ရှိနေသောကြယ်များသည် ပို၍ပင်ထွန်းလင်းတောက်ပလာခဲ့သည်။ ကြယ်တစ်လုံးချင်းစီ၏အထက်တွင် မရေမတွက်နိုင်သည့်သက်ရှိရင်းမြစ်များပုံရိပ်က ရှေ့ နောက် သွားလာနေကြသည်။
"ကြယ်မြစ်မြေပုံရဲ့ကန့်သတ်ချက်ကို ချိုးဖျတ်ပေးပြီးပြီဆိုတော့....ဒီသစ်သားသေတ္တာက ကျွန်တောအပိုင်ဖြစ်ပြီ"
မည်သည့်နှောင့်နှေးကြန့်ကြာမှုမျှမရှိဘဲ လုယွီက သစ်သားသေတ္တာကိုကောတ်ယူပြီး ထွက်ခွါခဲ့တော့သည်။
အဖိုးအိုများသည် ကြယ်မြစ်မြေပုံအတွင်းတွင် စိတ်နစ်မြုပ်နေဆဲဖြစ်ပြီး လုယွီထွက်ခွါသွားသည်ကို မည်သူကမျှသတိမပြုမိချေ။
လုယွီက သစ်သားသေတ္တာကိုကောတ်ယူခဲ့ချိန်တွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ စိတ်လေးလံနေခဲ့သည်။ သစ်သားသေတ္တာ၏အတွင်းတွင် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အပိုင်းအစတစ်ခု အမှန်တကယ်ကိုပင် ပါဝင်နေသည်။
လုယွီက သစ်သားသေတ္တာကိုကောတ်ကိုင်ထားသည့်အချိန်တွင် အတွင်းရှိစိတ်ဝိညာဥ်အပိုင်းအစက တစ်စုံတစ်ခုကိုအာရုံခံမိပြီး ပြေးထွက်ချင်နေပုံဖြင့် တုန်ရီနေလေသည်။
Chapter 255
"မင်းက လွတ်မြောက်ချင်သေးတာလား"
လုယွီက သူ၏လက်အား လှုပ်ရှားလိုက်သည်တွင် ထွက်ပြေးရန်ကြံစည်နေသည့်သစ်သားသေတ္တာအတွင်းမှ ရွှေရောင်အလင်းတန်းသည် လုယွီ၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"ကောင်းကင်ဘုံအင်ပါယာက ဒီလိုလှည့်ကွက်မျိုး ချန်ထားအုံးမယ်လို့ ငါမထင်မိဘူး....ဘာလို့ ဒီမှတ်ဥာဏ်က ငါစုပ်ယူခဲ့တဲ့မှတ်ဥာဏ်တွေထဲမှာမရှိတာလဲ"
လုယွီ၏မျက်နှာအမူအယာသည် မှုန်မှိုင်းသွားလေ၏။ ယခင်က သူစိုးရိမ်ပူပန်နေခဲ့သည့်ကိစ္စများသည် ယခုအမှန်တကယ်ဖြစ်လာခဲ့သည်။
သူ၏အတိတ်ဘဝတွင် ကောင်းကင်ဘုံအင်ပါယာသည် အချိန်အတော်ကြာ လူသိများကျော်ကြားခဲ့သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ လုယွီသည် ခွန်အားအကောင်းဆုံးတာအိုသခင်ဖြစ်သော်လည်း ထိုနေ့ရက်များတွင် ကောင်းကင်ဘုံအင်ပါယာကသာ ပို၍နာမည်ကျော်ကြားပေ၏။ ယခု စိတ်ဝိညာဥ်အပိုင်းအစသည် ကောင်းကင်ဘုံအင်ပါယာမှ ချန်ထားခဲ့ခြင်းဖြစ်သည်။
သစ်သားသေတ္တာသည် အဖိုးအိုများအပေါ် အကျိုးသက်ရောက်မှုမရှိရခြင်းမှာ ထိုသူများက စိတ်ဝိညာဥ်ကိုကျင့်ကြံပြီးဖြစ်သဖြင့် ညှို့ငင်ဖမ်းစားရန်မလွယ်ကူခြင်းကြောင့်ဟု လုယွီက ခန့်မှန်းထားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤသစ်သားသေတ္တာအနီးသို့ မတော်တဆသွားရောက်မိပါက အတွင်းရှိ စိတ်ဝိညာဥ်အပိုင်းအစ၏အကျိုးသက်ရောက်မှု ခံရပေမည်။
စကြာဝဠာများအတွင်းတွင် ဤကဲ့သို့သော ဥပမာသာဓကများများစွာရှိပေသည်။
ပါရမီအရည်အချင်းမရှိသော လူငယ်တစ်ယောက်သည် မတော်တဆ ဤသစ်သားသေတ္တာမျိုးနှင့်ကြုံတွေ့ရလျှင် ကြီးမားသောအကျိုးကျေးဇူးရရှိပေလိမ့်မည်။ သူ၏ကျင့်ကြံမှုသည် အလျှင်အမြန်မြင့်တတ်သွားမည်ဖြစ်ပြီး သူ မည်သည့်အချိန်ကမျှသိရှိခြင်းမရှိသော အတွေ့အကြုံများသည်လည်း သူ၏စိတ်အတွင်း၌သိမြင်နိုင်ပေမည်။
ထိုကဲ့သို့သူမျိုးသည် အချိန်တိုအတွင်း ခွန်အားကောင်းလာပြီး အတားအဆီးရှိမည်မဟုတ်ချေ။ ထိုသို့ဖြစ်ရခြင်းမှာ အချိန်ကာလတစ်ခုရောက်သည်နှင့် စိတ်ဝိညာဥ်အပိုင်းအစက ထိုသူ၏ခန္ဓာကိုယ်ကို အပိုင်စီးမည်ဖြစ်သောကြောင့်ပင်။
အသက်ရှင်သန်နိုင်ရန်အလို့ငှါ ထိပ်သီးကျွမ်းကျင်သူအများစုသည် သူတို့၏စိတ်ဝိညာဥ်ကို အပိုင်းပိုင်းအစစစိတ်ပိုင်း၍ နေရာအမျိုးမျိုး၌ထားရန် ရွေးချယ်တတ်ကြသည်။
စိတ်ဝိညာဥ်အပိုင်းအစသည် အသိစိတ်ကိုထိန်းသိမ်းနိုင်သမျှကာလပတ်လုံး အချိန်ကာလတစ်ခုကြာမြင့်သောအခါ မူလကျင့်ကြံမှုအနေအထားသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပေ၏။
"စိတ်ဝိညာဥ်အပိုင်းအစတွေ ဘယ်လောတ်များများ ချန်ထားခဲ့လဲဆိုတာ ငါမသိဘူး"
လုယွီ၏မျက်လုံးအတွင်းတွင် တည်ကြည်လေးနက်မှုများ ထင်ဟပ်နေသည်။
ထို့နောက် လုယွီက မျှော်စင်၏ပထမထပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ ထွက်ခွါသွားသည်မှာ အချိန်ကြာမြင့်ခြင်းမရှိပေ။ လီလျန့်နှင့်တစ်ခြားသူများကလည်း လုယွီအား စောင့်ဆိုင်းနေဆဲဖြစ်ပေ၏။
"ညီလေး လု...နောတ်ဆုံးတော့ မင်းထွက်လာခဲ့ပြီ"
လျှိုမင်က အပြုံးနှင့်ဆီးကြို နှုတ်ဆတ်လိုက်သည်။
"ဟား ဟား...ငါတို့ရဲ့ မြင့်မြတ်တဲ့ကထိကကြီး ထွက်လာပြီပဲ...သူက ဘယ်လိုပစ္စည်းကောင်းရွေးချယ်လာသလဲဆိုတာ ကြည့်ကြရအောင်"
လီလျန့်က အေးစက်စက်ပြုံးရင်း ပြောဆိုလိုက်လေ၏။
ရုတ်ချည်းဆိုသလိုပင် သူက လုယွီ၏လက်အတွင်းမှ သစ်သားသေတ္တာကို မြင်သွားခဲ့သည်။
"ဖူး..."
လီလျန့်၏နောက်ရှိတပည့်တစ်ယောက်သည် ရယ်မောချင်စိတ်ဖြင့် တံတွေးပင်သီးသွားလေသည်။
"ဟား ဟား ဟား...ဒါဆို သူရဲ့ခွန်အားက ဒီလေါတ်ပဲရှိတာတော့...သူ ဒီလေါတ်မြန်မြန်ထွက်လာတာ အံ့အားသင့်စရာမရှိတော့ဘူး...သူက သစ်သားသေတ္တာတစ်လုံးကို ယူဆောင်လာတာပဲ"
"အရင်ဦးဆုံး သူက လျှိုမင်ကို အသုံးမဝင်တဲ့ ကျောက်တုံးတစ်ခုကို ယူဆောင်ခိုင်းတယ်...ပြီးတော့ သူက သာမာန်သစ်သားသေတ္တာတစ်လုံးကို ယူဆောင်ခဲ့တယ်...သူက တော်တော်ရူးမိုက်တဲ့ကောင်ပဲ"
"အံ့အားသင့်စရာ မရှိတော့ဘူး....ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပုံမှန်မရှိတဲ့သူတွေသာ ကောင်းကင်သိုင်းပညာခန်းမဆောင်ကို သွားကြတာလေ"
တပည့်အုပ်စု၏ လှောင်ပြောင်ရယ်မောနေသံများသည် မျှော်စက်ပထမထပ်တစ်ခုလုံး ဆူညံနေပေ၏။
လီလျန့်က စိတ်ပျက်နေပုံဖြင့် ခေါင်းခါယမ်းလိုက်သည်။
"ဟူး...ငါက အချိန်ဖြုန်းနေမိတာပဲ...ငါက မင်းမှာ စွမ်းရည်တစ်ချို့ရှိတယ်လို့ ထင်နေခဲ့တာ"
"ဒါက နင်ယူလာခဲ့တဲ့ ရတနာလား"
အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။ လုယွီက လှည့်ကြည့်လိုက်ရာတွင် အမျိုးသမီးတပည့်အုပ်စုကို ဦးဆောင်လာသော လုရွှမ်အာကို မြင်တွေ့ရသည်။
"စီနီယာအမ လု"
လီလျန့်က အလျှင်စလိုဖြင့် နှုတ်ဆတ်လိုက်သည်။ လုရွှမ်အာက အတွင်းစည်းတပည့်ဖြစ်ချိန်တွင် လီလျန့်ကမူ လက်ရင်းတပည့်ဖြစ်သည်။ အမှန်တရားကိုပြောဆိုရလျှင် လီလျန့်၏အဆင့်အတန်းသည် ပို၍မြင့်မားပေသည်။
သို့သော် လုရွှမ်အာက ကျောင်းအုပ်ကြီးလု၏သမီး ဖြစ်လေ၏။ လုရွှမ်အာ စိတ်ကျေနပ်စေရန်အတွက် လီလျန့်က သူမအား စီနီယာအမဟု ခေါ်ဆိုခြင်းဖြစ်သည်။
လုရွှမ်အာက လုယွီကို တစ်ချက်ကြည့်ပြီး သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အစက ငါ နင်ကို တစ်ကယ်ကူညီချင်ခဲ့တာ...နင်က ခေါင်းမာပြီး ကိုယ်ကိုကိုယ်ထိခိုက်စေမယ်လို့ ငါမထင်ခဲ့ဘူး...ဘာက နင်အတွက်ကောင်းတယ်ဆိုတာ နင်တကယ်မသိတာပဲ"
"ကောင်းပြီ...နင်လုပ်ချင်တာသာလုပ်...နင်ကိုနင်သိတဲ့အချိန်ထိ ကောင်းကင်သိုင်းပညာကျောင်းဆောင်မှာ နေလိုက်အုံး...ငါကို နင်လာပြီးတောင်းပန်မယ့်အချိန်ကို ငါစောင့်နေမယ်"
လုရွှမ်အာက လှောင်ပြောင်သရော်ပြီး ထပ်မံပြောဆိုလိုက်သည်။
"ငါက နင်ရဲ့နောတ်ကြောင်းကို စုံစမ်းမှုမလုပ်ခဲ့ဘူးဆိုရင် နင်က ငါ့ဦးလေးရဲ့သားမှန်းသိမှာမဟုတ်ဘူး..ဟုတ်တယ်မလား ဝမ်းကွဲမောင်လေး လု"
လုရွှမ်အာက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စိတ်ပျက်လက်ပျက်ပြောဆိုနေလေ၏။
"နင် သမင်ဖြူကျောင်းတော်ကိုဝင်ခွင့်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ငါအမေကြောင့်ဖြစ်လိမ့်မယ်...နင်ရဲ့ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံဆင့်လောတ်နဲ့ သမင်ဖြူကျောင်းတော်ရဲ့ကထိကဖြစ်လာမယ်လို့ နင် ထင်နေတာလား"