အခန်း (၂၅၆-၂၆၀)
Vol. 11-15 Ch. 256-260
Chapter 256
လုရွှမ်အာက ထိုစကားများကိုပြောသည့်အချိန်တွင် သူမ၏အနီးအနား၌ ဆူညံသံများထွက်ပေါ်လာခဲ့သည်။ လုယွီအား မူလကပင် သံသယဝင်နေသူတစ်ချို့သည် ယခုအချိန်မှ နားလည်သဘောပေါတ်သွားကြပုံ ထင်ဟပ်နေလေ၏။
စီနီယာအမ...ပြောရမယ်ဆို သူက မင်းရဲ့ဝမ်းကွဲမောင်လေးပေါ့...သူက ကျောင်းတော်ကို ဝင်ဝင်ချင်း ကထိကဖြစ်တာ အံ့အားသင့်စရာမရှိတော့ဘူး"
လီလျန့်က ပုံကြီးချဲ့ချင်နေသောလေသံဖြင့် ဝင်ရောက်၍ လှောင်ပြောင်သရော်လိုက်သည်။
တပည့်တစ်ယောက်ပြီးတစ်ယောက် လုယွီအား အထင်အမြင်သေးဟန်ဖြင့် ကြည့်ရှုနေကြသည်။
လုယွီက မျက်မှောင်ကြုတ်မိလေ၏။ လုရွှမ်အာက အမှန်တကယ်ကိုပင် သူ၏နောက်ကြောင်းကို စုံစမ်းစစ်ဆေးခဲ့သည်။
လုယွီ မျက်မှောင်ကြုတ်နေသည်ကိုကြည့်ပြီး လုရွှမ်အာက သူမ၏ခန့်မှန်းချက် မှန်ကန်သွားကြောင်းကို သိရှိလိုက်သည်။
"ပြောနေကြတာက နင်က မွေးလာတဲ့အချိန်ကတည်းက စိတ်မမှန်တဲ့လူတစ်ယောက်ဆိုပဲ...နင်က အခုချိန်ထိ ရူးသွပ်မိုက်မဲနေလိမ့်မယ်လို့ ငါမထင်ဘူး...နင် ဘာနည်းလမ်းကိုအသုံးပြုပြီး ကထိကအဆင့်အတန်းကို ရယူခဲ့တယ်ဆိုတာ ငါမသိဘူး...ငါထင်တာတော့ နင်က ရူးသွပ်မိုက်မဲနေတာမဟုတ်ဘဲ အရမ်းလိမ္မာပါးနပ်တယ်"
လုရွှမ်အာက အေးစက်စက်လေသံဖြင့် ပြောဆိုနေလေသည်။
လုရွှမ်အာ၏အမြင်အရ လုယွီသည် သူမ၏မိခင်ဖြစ်သူနာမည်အား အသုံးပြု၍ ကထိကရာထူးကို ရယူထားခြင်းသာဖြစ်ပေမည်။
"နင်က အရမ်းအတွက်အချက်ကောင်းတာပဲ...ငါအမေ ကျောင်းတော်မှာမရှိတဲ့အချိန်ကျမှ နင်ကိုယ်နင်ဖုံးကွယ်ပြီးလာခဲ့တယ်...နင်ကို ဘယ်သူက ကောင်းကင်သိုင်းပညာခန်းမဆောင်ကို ပို့လိုက်တယ်ဆိုတာ ငါမသိဘူး...ဒါပေမယ့် နင်က ကောင်းကင်သိုင်းပညာခန်းမဆောင်မှာ အမှန်တကယ်သင်ကြားပေးရဲတဲ့ သတ္တိရှိမယ်ဆိုတာ ငါထင်မထားမိဘူး"
လုရွှမ်အာသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် သူမ၏မျက်ခုံးများပင် မြင့်တတ်နေလေသည်။
လုယွီက တည်ငြိမ်စွာဖြင့်သာ ပြန်လည်ပြောဆိုလိုက်သည်။
"ငါ လုပ်ချင်တာ ငါလုပ်တာလေ...မင်းနဲ့ဘာမှမဆိုင်ဘူးထင်တယ်"
လုရွှမ်အာက အလွန်အမင်းစိတ်ဆိုးပြီး အော်ဟစ်ရမည့်အစား သူမက ရယ်မောနေခဲ့သည်။
"နင် ဒီသမင်ဖြူကျောင်းတော်ကို လာခဲ့တာ အရေးမကြီးဘူး...တကယ်လို့ နင်က ကထိကတစ်ယောက်လိုပြုမူနေရင်တောင်မှ ငါနဲ့ဘာမှမဆိုင်ဘူး...ဒါပေမယ့် နင်က တပည့်တွေကိုလမ်းမှားရောက်စေခဲ့တယ်...နင်ရဲ့စိတ်နှလုံးသားကတောင် ကြည်လင်သန့်ရှင်းခြင်းမရှိဘဲနဲ့ နင်မှာဘာအရည်အချင်းရှိမှာမလို့လဲ...ဒါတေါင် နင်က တပည့်တွေကို သင်ခန်းစာသင်ပေးဝံ့တယ်ပေါ့"
"ဘာ....ဒီကောင်က တစ်ကယ်ကြီး စာသင်ကြားခဲ့တာလား"
"အရည်တော်တော်ထူတဲ့ကောင်ပဲ...သူက ဘယ်လိုလှည့်ကွက်တွေသုံးပြီး သင်ကြားခဲ့တယ်မသိဘူး"
လူတိုင်းက လုယွီကို အထင်အမြင်သေးရုံသာမက ဒေါသထွက်နေသောအကြည့်များဖြင့်ပင် ကြည့်ရှုနေကြသည်။
အဆုံးသတ်တွင် မည်သည့်တပည့်ကမျှ ကျောင်းတော်ကို သွေးသားဆတ်နွယ်မှုဖြင့်ဝင်ရောက်လာပြီး ကထိကရာထူးယူခဲ့သောသူအား လက်ခံနိုင်မည်မဟုတ်ပေ။
"သမင်ဖြူကျောင်းတော်က ထွက်သွား"
"သူက ကထိကတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမှီလို့လား...သူက ဘယ်လိုလုပ်ပြီး တပည့်တွေကို သင်ကြားပေးနိုင်မှာလဲ"
လူတိုင်းက လုယွီကို စိုက်ကြည့်ပြီး အော်ဟစ်နေကြ၏။
"မင်းတို့ ဘာတွေငြင်းခုံနေကြတာလဲ"
အစောပိုင်းက လုယွီထွက်ခွါလာခဲ့သော အပေါ်ထပ်ရှိ ကောင်းကင်ဘုံတံခါးမှအဖြူရောင်အလင်းတန်းတောက်ပလာပြီး အနက်ရောင်ဝတ်စုံဖြင့်အဖိုးအိုတစ်ယောက် ထွက်လာခဲ့သည်။
အနက်ရောင်ဝတ်စုံဖြင့်အဖိုးအို ထွက်ပေါ်လာသည်တွင် အသင်္ချေရတနာခြံဝန်းရှိအစောင့်အကြပ်များနှင့်တပည့်များက မြေပြင်ပေါ်၌ ဒူးထောက်ပြီးအရိုအသေ ပေးနေကြ၏။
"ကျွန်တော်တို့က တောင်သခင်ကို နှုတ်ခွန်းဆတ်သပါတယ်"
တောင်သခင်....
တပည့်များအားလုံး အံ့အားသင့်တုန်လှုပ်သွားကြ၏။ တောင်သခင်သည် သမင်ဖြူကျောင်းတော်တွင် ကျောင်းအုပ်ကြီး၏နောက် ဒုတိယအာဏာအရှိဆုံးသူဖြစ်သည်။
တပည့်သစ်များအုပ်စုသည်လည်း မြေပြင်ပေါ်၌ အလျှင်စလို ဒူးထောက်၍အရိုအသေပြုလိုက်ကြသည်။
လုရွှမ်အာသည်ပင် အရိုအသေပြုလိုက်လေသည်။
"နှုတ်ဆတ်ပါတယ်...ဘိုးဘေး မင်"
"ဆရာသခင်ကျောက်မင်...ကျွန်တော်က ကံကောင်းစွာနဲ့ ဆရာသခင်ဟန်ချုံးရဲ့လက်ရင်းတပည့်ဖြစ်ခဲ့တဲ့ ခီလျန့်ပါ"
လီလျန့်က သူ၏လက်သီးနှစ်ဖက်ကိုပူးကပ်ပြီး အရိုအသေပြုလိုက်၏။
ကျောက်မင်က လီလျန့်ကိုတစ်ချက်သာကြည့်ပြီး လုရွှမ်အာကို ကြည့်ရှုလိုက်လေသည်။
"ကောင်မလေး ရွှမ်အာ...ဒီနေရာကို ဘာလို့ရောက်နေတာလဲ"
လုရွှမ်အာက စိတ်ဆိုးဒေါသထွက်စွာဖြင့် လုယွီအားညွှန်ပြပြီး ဖြစ်စဥ်တစ်ခုလုံးကို ကျောက်မင်အား ပြောပြလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် တပည့်တစ်ယောက်က လျှိုမင်အား လက်ညှိုးညွှန်၍ ပြောဆိုပြန်သည်။
"ဒီလူလိမ်က စီနီယာအကိုလျှိုမင်ကိုလည်း လှည့်စားခဲ့တယ်...စီနီယာလျှိုမင်က အသင်္ချေရတနာစံအိမ်ကို ရတနာရယူဖို့လာခဲ့တာ...ဒီကောင်လေးကြောင့် သူရဲ့အဖိုးတန်တဲ့အခွင့်အရေးကို လွဲချော်သွားခဲ့တယ်"
"မင်းက လုယွီလား"
ကျောက်မင်က ရုတ်တရက် လုယွီအား ကြည့်လိုက်သည်။
လုယွီက ခေါင်းကိုသာညိတ်ပြခဲ့လေ၏။
လုယွီ၏အပြုအမူကိုကြည့်ပြီး လီလျန့်က အပျော်လွန်သွားကာ တွေးတောနေခဲ့သည်။
"တစ်ကယ်လို့ မင်းကို တောင်သခင်ကသာ ဖမ်းဆီးသွားမယ်ဆိုရင်...သူက မင်းကိုလွယ်လွယ်ခွင့်လွှက်မှာမဟုတ်ဘူး....မင်းက သမင်ဖြူကျောင်းတော်က နှင်ထုတ်ခံရတဲ့အချိန်ကျမှ...ဒီနေရာက လူတိုင်း ဝင်လာလို့ရတဲ့နေရာမဟုတ်ဘူးဆိုတာ မင်း သိရလိမ့်မယ်"
လီလျန့်သည် လှောင်ပြောင်ချင်စိတ်များ ပြင်းပြနေပေ၏။
ရုတ်တရက် ကျောက်မင်က လုယွီဘက်သို့လှည့်၍ ဦးညွှက်လိုက်သည်။
"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်...တစ်ကယ်လို့ မင်းသာမကူညီရင် ငါတို့အဖိုးကြီးတွေက နှစ်အနည်းငယ်ထပ်ကြာသွားရင်တောင် ဘာမှအကျိုးထူးလာမှာမဟုတ်မှာကို ငါ စိုးရိမ်မိတယ်"
ဘာ....
လူတိုင်း တုန်လှုပ်ကုန်ကြ၏။ မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသနည်း။
"ဆရာသခင်...လူများမှားနေတာလား"
လီလျန့်က တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်သည်။
Chapter 257
လူတိုင်း၏ရှေ့၌ ဖြစ်ပျက်နေသောမြင်ကွင်းသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပေ၏။
"ကိစ္စသေးသေးလေးကို ထည့်ပြောနေစရာမလိုအပ်ပါဘူး"
လုယွီက ပေါ့ပေါ့ပါးပါးသာ ပြန်လည်ပြောဆိုလိုက်သည်။
ကျောက်မင်သည် အချိန်အတော်ကြာသည်အထိ သက်ပြင်းရှိုက်နေရင်းမှ ရုတ်တရက် သူ၏ခေါင်းကိုမော့ပြီး လုယွီအား ကြည့်ရှုလိုက်ပေ၏။
"မိတ်ဆွေငယ်လေးက ငါကိုအခွင့်အရေး မတောင်းပေမယ့်....ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်လေ...ငါက တစ်ချို့ကိစ္စရပ်တွေကိုဖြေရှင်းနိုင်ပါတယ်...သူတို့ပြောနေကြတာတွေကို မင်း ဖြေရှင်းချင်လား"
လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာခါပြမိလေသည်။
ယခုလက်ရှိ သူ၏ရှေ့မှလူများသည် မည်သို့မျှအမှုထားစရာမလိုသူများ ဖြစ်ပေ၏။ လုယွီ၏အတိတ်ဘဝတွင် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်တွေ့ကြုံခဲ့ပြီးဖြစ်သည်။
သူက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လေ့ကျင့်နိုင်သည့် နေရာတစ်ခုကိုသာလိုအပ်၏။ သို့မှသာ သူ၏ခွန်အား အလျှင်အမြန်တိုးတတ်လာပြီး ရှန်းလင်းလုံအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေမည်။
"ကျွန်တော်ရဲ့ကထိကရာထူးအဆင့်အတန်းက အစစ်အမှန်ပဲ...ကျွန်တော်မှာ သူတို့လိုကောင်စားမျိုးတွေနဲ့ ငြင်းခုံနေဖို့ အချိန်မရှိဘူး...ဒီနေရာက ထွက်သွားကြ"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"ရမ်းကားလိုက်တာ....ရေးဖြေနဲ့သိုင်းပညာစမ်းသပ်စစ်ဆေးပွဲက ရလဒ်တွေအကုန်လုံးကို ငါကြည့်ပြီးပြီ....မင်းရဲ့နာမည်က စာပေစမ်းသပ်ပွဲမှာမပါဘူး...ဒါပြင် သိုင်းပညာစမ်းသပ်စစ်ဆေးပွဲမှာလည်း မင်းက အဆင့်တစ်ရာအထက်မှာရှိနေတာ...မင်းကိုယ်မင်း ကျောင်းတော်ကို ဘာလို့ဝင်ခွင့်ရလဲဆိုတာရော မှတ်မိရဲ့လား"
လီလျန့်က ဒေါသတကြီး ပြောဆိုလိုက်တော့သည်။
လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားခဲ့သည်။
"ဘာလဲ...မင်းက တိုက်ခိုက်ချင်လို့လား"
လီလျန့်၏နဖူးပြင်ပေါ်တွက် သစ်ရွက်ကိုးရွက်ပါသော ရွှေရောင်အမြူတေက ဖြည်းဖြည်းချင်းလည်ပတ်နေသည်။ သူက ရွှေရောင်အမြူတေနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အဆင့်တူများကြားတွင်ပင် ထိပ်တန်းအဆင့်ဖြစ်ပေ၏။
"အသင်္ချေရတနာခြံဝန်းထဲမှာ တိုက်ခိုက်တာကိုတားမြစ်ထားတယ်...တစ်ကယ်လို့ တစ်ယောက်ယောက်က ဖောတ်ဖျတ်ရင်...ငါက သူကို သမင်ဖြူကျောင်းတော်ကနေ နှင်ထုတ်ရလိမ့်မယ်"
ကျောက်မင်က တင်းမာခက်ထန်စွာဖြင့် ပြောဆိုလိုက်သည်။
လီလျန့်က သူ၏အော်ရာကို ပြန်လည်ရုတ်သိမ်းပြီး လုယွီအား မကျေမချမ်းကြည့်ရှုနေပေ၏။
"မင်း ကံကောင်းသွားတယ်...ဒီလိုမှမဟုတ်ရင် ဒီနေ့ မင်းရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး"
ကျောက်မင်က လုယွီအား ထပ်မံကြည့်ရှုလိုက်သည်။
"ငါ မင်းရဲ့တံဆိပ်ပြားကို စစ်ဆေးပြီးပြီ...ဒါက အတုအယောင်မဟုတ်ဘူး...ဒါပြင် စန်လို့က အမြဲတမ်းတစ်ယောက်တည်းနေပြီး အစေခံတောင်ထားတဲ့သူမဟုတ်ဘူး...တစ်ကယ်လို့ မင်းက သူရဲ့အသိအမှတ်ပြုမှုကို ရရှိထားတယ်ဆိုရင်...မင်းမှာသူများထက်ပိုထူးခြားတယ့် အရည်အချင်းတစ်ခုရှိလို့ပဲလို့ ငါထင်တယ်"
"သူတို့ ခုဏကပြောနေကြတာကိုတော့ ငါ နည်းနည်းသိချင်မိတယ်...မင်းက တပည့်တစ်ယောက်ကို ရတနာရွေးချယ်ပေးတယ်ဆိုတော့...အဲ့ဒီရတနာမှာ ထူးခြားချက်တစ်ခုခုရှိလို့လား"
လုယွီက ငြင်းဆန်လိုက်၏။
"ဒါက ထူးခြားတဲ့ရတနာ မဟုတ်ပါဘူး...မှင်ကျောက်တုံးတစ်ခုပါပဲ"
ထိုစကား ကြားလျှင်ကြားချင်း လုယွီအနားရှိလူများ၏ လှောင်ပြောင်ရယ်မောနေသံများသည် ပို၍ကျယ်လောင်လာခဲ့သည်။
လုယွီက လျှိုမင်ထံသို့သွား၍ မှင်ကျောက်တုံးအား တောင်းလိုက်သည်။
ကျောက်မင်၏မျက်လုံးများသည် ထိုမှင်ကျောက်တုံးပေါ်တွင်သာ ကျရောက်နေသေည်လည်း တခဏအကြာတွင်မူ သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ မျက်မှောင်ကြုတ်မိသွားသည်။
ထိုမှင်ကျောက်တုံးသည် အလွန်အမင်းသာမာန်ဆန်နေပြီး မည်သည့်စိတ်ဝိညာဥ်စွမ်းအင်မျှ ဖြာထွက်နေခြင်းမရှိပေ။
"ဖြစ်နိုင်တာတော့ သူက ဝင်္ကပါပညာရပ်ကိုပဲ ကျွမ်းကျင်တာဖြစ်ရမယ်"
ကျောက်မင်က တွေးတောနေလေ၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံတံခါး၏နောက်တွင် အဖိုးတန်ဆုံးမှော်ရတနာများ ရှိပေသည်။ သို့ရာတွင် လုယွီက ၎င်းတို့အနက်မှတစ်ခုကိုမျှ ရွေးချယ်ခြင်းမရှိပေ။ ထိုအစား သူက သာမာန်သစ်သားသေတ္တာတစ်လုံးကိုသာ ယူဆောင်သွားခဲ့သည်။
ဤအမြင်နှင့်ကြည့်လျှင် လုယွီသည် မှော်ရတနာများကိုအမှန်တစ်ကယ် သိပါသလောဟု ကျောက်မင်က မေးချင်နေပေ၏။
"မေ့လိုက်တော့...သူက ဒီနေရာမှာ သူကိုယ်သူ အရူးတစ်ယောက်လို ပြုမူနေတာ...ကျွန်မ ဒီနေရာမှာ ဆတ်ပြီးမနေချင်တော့ဘူး"
လုရွှမ်အာသည် ဤနေရာမှ ကိစ္စရပ်များကို ထပ်မံမြင်တွေ့လိုစိတ်မရှိတော့ပေ။ သူမက ကျောက်မင်ကို အရိုအသေပြုပြီး အသင်္ချေရတနာခြံဝန်းမှ ထွက်သွားတော့သည်။
မျှော်စင်၏ပထမထပ်တွင် လီလျန့်နှင့်တစ်ခြားတပည့်များသာ ကြွင်းကျန်ခဲ့သည်။
လုယွီက လူအုပ်ကြီးကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"ငါ လျှိုမင်ကို ဒီရတနာ ဘာလို့ရွေးချယ်ပေးတယ်ဆိုတယ့်အကြောင်းပြချက်က....ဒီရတနာက သူနဲ့သင့်တော်လို့ပဲ"
ထိုစကားနှင့်အတူ မှင်ကျောက်တုံးကို လုယွီက သူ၏လက်ဖြင့် သုတ်လိုက်သည်။
ဒင်...
လုယွီ၏လက်ချောင်းထိပ်မှ ကျန်းချီများထွက်ပေါ်လာပြီး မှင်ကျောက်တုံး၏မျက်နှာပြင်မှ ဖုန်မှုန့်များကို အပြည့်အဝဖယ်ရှားရှင်းလင်းနေလေ၏။
ဖုန်မှုန့်များနည်းပါးလာသည့် အချိန်တခဏမှာပင် မှင်ကျောက်တုံး၏မျက်နှာပြင်မှ သမာဓိချီအရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
"ဒါက....."
ကျောက်မင်၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး အံ့အားသင့်တုန်လှုပ်နေမှုများလည်း ထင်ဟပ်နေခဲ့သည်။
ဤသမာဓိချီစီးကြောင်းသည် သာမာန်မဟုတ်သည်မှာ အကြွင်းမဲ့သေချာပေသည်။
တစထက်တစ ဖုန်မှုန့်မျအပြည့်အဝ ကင်းစင်သွားချိန်တွင် မှင်ကျောက်တုံးမှ အဖြူရောင်အလင်းတန်းက တောက်ပစွာဖြင့် ထွက်ပေါ်လာခဲ့သည်။
"ဒါက....သူတော်စင်ရဲ့အသုံးအဆောင်...."
ကျောက်မင်က တုန်ခါနေသောအသံဖြင့် ရေရွတ်လိုက်လေသည်။
Chapter 258
ထိုအချိန်တခဏမှာပင် အသင်္ချေရတနာခြံဝန်းတသ်ခုလုံး အဖြူရောင်အလင်းတန်းများက တောက်ပနေပေသည်။
အကန့်အသတ်မရှိသော သမာဓိချီစွမ်းအင်များက လူတိုင်း၏အနီးတွင် ရစ်ဝဲနေလေ၏။ လူတိုင်းနီးပါး ဟန်မဆောင်နိုင်တော့ဘဲ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
တစ်ချို့ကျင့်ကြံသူများဆိုလျှင် မြေပြင်ပေါ်၌ ဒူးထောက်၍ မြင့်မြတ်သော သမာဓိချီစွမ်းအင်အား အရိုအသေပြုနေကြသည်။
"ဒါက သူတော်စင် အသုံးပြုခဲ့တဲ့ မှင်ကျောက်တုံးလား....ဟုတ်လား"
ကျောက်မင်၏ အံ့အားသင့်နေသောအသံကြီးက ထပ်မံထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းသူတော်စင်များသည် အလွန်ကောင်းမွန်သော သူတို့၏ဂန္တဝင်ပစ္စည်းများကို နှောင်းလူတို့အတွက် ချန်ထားတတ်ကြသည်။ သူတော်စင်များ၏အသုံးအဆောင်ပစ္စည်းများသည် အချိန်ကုန်လွန်လာသည်နှင့်အမျှ စိတ်ဝိညာဥ်စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်သည်။
ထို့ပြင် အတိတ်က သူတော်စင်တစ်ယောက်အသုံးပြုခဲ့သည့် စုတ်တံနှင့်မှင်ကျောက်တုံးသည် ကျယ်ပြန့်သောပင်လယ်ပြင်နှင့်တူညီသော အနှိုင်းမဲ့စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ပြီး လူတိုင်းအား ကြောက်ရွံရိုသေလေးစားစိတ်ကိုလည်း ဖြစ်ပေါ်စေ၏။
မှင်ကျောက်တုံးသည် စာပေနှင့်တာအိုကို လေ့လာသူအားလုံးနီးပါး အသုံးပြုကြသည့်ပစ္စည်းဖြစ်သည်။
သူတော်စင်များအသုံးပြုခဲ့သော စုတ်တံ မှင် စာရွက်နှင့် မှင်ကျောက်တုံးတို့သည် အလွန်အမင်းအဖိုးတန်ပေ၏။ အကြောင်းအရင်းမှာ ၎င်းပစ္စည်းများသည် သူတော်စင်များနှင့်အနီးစပ်ဆုံးဖြစ်ပြီး ကြီးမားသောစွမ်းအားများ ပါဝင်နေခြင်းကြောင့်ပင်။ ကွန်ဖြူးရှပ်နှင့်တာအိုဝါဒကို လေ့လာသည့်ကျင့်ကြံသူများအတွက် ၎င်းပစ္စည်းများက လောကတစ်ခွင်တွင် အဖိုးအတန်ဆုံးအရာများဖြစ်ပေသည်။
သမင်ဖြူကျောင်းတော်မှာပင်လျှင် ဤကဲ့သို့ပစ္စည်းများသည် အနည်းငယ်သာရှိသည်။
"ဒါက မင်း အသုံးပြုဖို့ သင့်တော်တဲ့ပစ္စည်းပဲ"
လုယွီက မှင်ကျောက်တုံးကို လျှိုမင်၏လက်အတွင်းသို့ ပြန်ထည့်ပေးလိုက်သည်။
လျှိုမင်က မှင်ကျောက်တုံးကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကိုင်ကြည့်ပြီး လုယွီအား ပြောဆိုလိုက်လေသည်။
"ညီလေးလု....ဒါက အရမ်းအဖိုးတန်တယ်...မင်း လက်ထဲမှာထားတာပိုကောင်းလိမ့်မယ်"
လုယွီက ငြင်းပယ်လိုက်၏။
"မယူဘူး...ငါ ဒါကိုမလိုအပ်ဘူး"
သူအတွက် ဤမှင်ကျောက်တုံးသည် အမှန်တကယ်ပင်မလိုအပ်ချေ။ အကြောင်းအရင်းမှာ သူတော်စင်အစစ်အမှန်တစ်ယောက်ပင်လျှင် ကောင်းကင်ဘုံအင်ပါယာ၏အခွင့်အာအောက်ရှိ အရာရှိတစ်ယောက်အဆင့်သာရှိပေသည်။
ထိပ်တန်းအဆင့်မှော်လက်နက်ကို လက်မှကိုင်ဆောင်ထားသည့် လီလျန့်က ဖြစ်ပျက်သမျှကို မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိသည်။ သူက လုယွီသည် သူတော်စင်၏ပစ္စည်းကို ရွေးချယ်နိုင်ခဲ့မည်ဟု ယုံကြည်နိုင်ခြင်းမရှိပေ။
သူ၏လက်အတွင်းရှိ ဓားရှည်သည် အလွန်အဖိုးထိုက်တန်သော်လည်း သူတော်စင်၏အသုံးအဆောင်ပစ္စည်းနှင့်မူ အလှမ်းကွာဝေးလေသည်။ ရိုးရှင်းစွာပင် ဤပစ္စည်းအမျိုးအစားနှစ်ခုက နှိုင်းယှဥ်၍ရသောအရာများမဟုတ်ချေ။
"ဘောပဲ....ဒါက ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်သင့်တာ"
လီလျန့်၏စိတ်နှလုံးသားသည် မနာလိုစိတ်များကြောင့် မွန်းကျပ်လာခဲ့သည်။ သူက လုယွီအား အမုန်းတရားများပြည့်နှက်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
သိသာထင်ရှားစွာပင် လုယွီက လျှိုမင်ကို ဤအရာကို ယူဆောင်ဖို့မပြောခဲ့လျှင် ...လျှိုမင်ဆိုသောကောင်က ဤသူတော်စင်ပစ္စည်းကို မည်သို့ရရှိနိုင်မည်နည်း။
ထို့ပြင် လီလျန့်ဟူသော သူသည် ဤမှင်ကျောက်တုံး၏နံဘေးတွင်သာရှိနေခဲ့လျှင် ထိုပစ္စည်းက သာမာန်မဟုတ်ခြင်းကို သတိပြုမိပေမည်။
"ဘယ်လိုကြောင့် သူတော်စင်ရဲ့ပစ္စည်းက ပထမထပ်မှာ ထွက်ပေါ်လာရတာလဲ"
ကျောက်မင်က မျက်မှောင်ကြုတ်ပြီး မျှော်စင်အားစောင့်ကြပ်နေသော ဆံဖြူအဖိုးအိုအား လှမ်းကြည့်လိုက်သည်။
ဆံဖြူအဖိုးအိုက မြေပြင်ပေါ်၌ ချက်ချင်းပင် ဒူးထောက်ချလိုက်လေ၏။
"ခွင့်လွှက်ပါ...ဒီငမိုက်သားက မျက်လုံးကန်းနေခဲ့မိတယ်...ပြီးတော့ ဒီရတနာက ဖုန်မှုန့်တွေအပြည့်ဖုံးအုပ်နေခဲ့တာ"
ကျောက်မင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မေ့လိုက်တော့....ဒီပစ္စည်းက ဖုန်မှုန့််တွေကြားကနေ လောကမှာတစ်ခါပြန်ထွက်ပေါ်လာတာလည်း ကောင်းတဲ့ကိစ္စတစ်ရပ်ပဲ"
"သူတော်စင်တွေရဲ့အသုံးအဆောင်ပစ္စည်းကိုရရှိတာ မင်းမှာကံကြမ္မာကောင်းရှိတယ်လို့ယူဆနိုင်တယ်...နောင်အနာဂတ်မှာ စာပေနဲ့တာအိုကို မင်းသေချာ ကျင့်ကြံပါ"
ကျောက်မင်က လျှိုမင်အား လမ်းညွှန်မှုပေးလိုက်လေ၏။
ကျောက်မင်က လုယွီအား စေ့စေ့စပ်စပ် ကြည့်ရှုနေလေသည်။
"မိတ်ဆွေငယ်လေး...ငါက စန်လို့နဲ့သေချာဆွေးနွေးရမယ်...တစ်ကယ်လို့ မင်းသာ သဘောတူညီမယ်ဆိုရင် ငါရဲ့အသင်္ချေရတနာကျောင်းဆောင်မှာ ကထိကအဖြစ် မနက်ဖြန်ကစပြီး သင်ကြားပေးပါလား"
ဘာ...
အံ့အားတသင့်ရေရွတ်သံအများအပြား ထွက်ပေါ်လာပြီး အသင်္ချေရတနာစံအိမ်မှတပည့်များပင် အံသြတကြီးကြည့်ရှုနေကြ၏။
အသင်္ချေရတနာကျောင်းဆောင်သည် သမင်ဖြူကျောင်းတော်၏ ထိပ်သီးကျောင်းဆောင်တစ်ခုဖြစ်သည်။ မရေမတွက်နိုင်သည့်ရတနာပစ္စည်းများကို အသင်္ချေရတနာကျောင်းဆောင်တွင် လျှို့ဝှက်သိမ်းဆည်းထားခဲ့သည်။ အကယ်၍ တစုံတယောက်သည် အသင်္ချေရတနာကျောင်းဆောင်မှ သာမာိ်တပည့်ဖြစ်လျှင်ပင် သမင်ဖြူကျောင်းတော်အတွင်း၌အလွန်ချမ်းသာကြွယ်ဝသူဟု သတ်မှတ်နိုင်ပေသည်။
ကထိကတစ်ယောက်ဆိုလျှင် ပြောပြရန်ပင်မလိုအပ်တော့ချေ။
(ဤကိစ္စက ကောင်းကင်ဘုံသို့ ခြေလှမ်းလှမ်းလိုက်ခြင်းသာ ဖြစ်ပေ၏)
လုယွီက ခေါင်းခါယမ်း၍ ငြင်းပယ်လိုက်လေသည်။
"ကျွန်တော်မှာ စာပေသင်ကြားပေးဖို့ အချိန်မရှိဘူး...တစ်ခြားသူတစ်ယောက်ကိုသာ လုပ်ခိုင်းလိုက်ပါ"
"မိတ်ဆွေငယ်လေး....မင်း ထပ်ပြီးစဥ်းစားပါအုံး"
ကျောက်မင်က သူ၏ကျောင်းဆောင်၌ လုယွီအား ကထိကအဖြစ်လုပ်ဆောင်ရန် အတင်းအကျပ်တိုက်တွန်းနေခဲ့သည်။
လုယွီက စကားထပ်မံ၍ပြောဆိုခြင်းမရှိတော့ဘဲ လျှိုမင်နှင့်အတူ မျှော်စင်အတွင်းမှ ထွက်ခွါခဲ့လေသည်။
သူတို့နှစ်ယောက်က အသင်္ချေရတနာခြံဝန်းအပြင်ဘက်သို့ ရောက်ရှိလာကြ၏။
"ညီလေး လု...မင်းရဲ့ကြင်နာမှုအတွက် ငါကျေးဇူးတင်ပါတယ်"
သူအတွက် ဤမှင်ကျောက်တုံးသည် အလွန်အရေးပါပေသည်။
လုယွီက လက်ဝှေ့ယမ်းလိုက်လေ၏။
"ဒါက ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး"
"လျှိုမင်...ခဏစောင့်ဦး"
အေးစက်စက်အသံတစ်သံက လုယွီနှင့်လျှိုမင်၏နောက်မှ ထွက်ပေါ်လာခဲ့သည်။
"သူတော်စင်ရဲ့ပစ္စည်းက မင်းလိုကောင်မျိုးစီမှာရှိရင် အသုံးဝင်မှာမဟုတ်ဘူး...ငါရဲ့ထိပ်တန်းအဆင့်မှော်လက်နက်နဲ့ လဲကြရအောင်...ငါကို သူတော်စင်ပစ္စည်း မြန်မြန်ထုတ်ပေးစမ်း"
လီလျန့်က သူတို့၏နောက်မှလိုက်ပါလာပြီး ပြောဆိုနေခြင်း ဖြစ်ပေ၏။
Chapter 259
လူအုပ်စုတစ်စုကို ဦးဆောင်လာသည့် လျှိုမင်သည် သူ၏လက်များကိုဖြန့်ကားထားပြီး လျှိုမင်၏ရှေ့တွင် မောက်မာသောအမူအယာဖြင့် တားဆီးထားလေ၏။
လျှိုမင်က တုန့်ပြန်မှုမရှိသည်ကိုကြည့်ပြီး လီလျန့်က အေးစက်စက်ရယ်မောလိုက်သည်။
"လျှိုမင်....မင်းက ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းအဆင့်ရတယ်ဆိုပေမယ့် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံဆင့်ပဲရှိသေးတာနော်...မင်းက ဒီရတနာကို အသုံးပြုနိုင်မှာမဟုတ်ဘူး"
လီလျန့်က ဓားရှည်အား သူ၏လက်ဖြင့်ဆွဲထုတ်လိုက်လေသည်။ ဓားအတွင်းသို့ သူ၏ကျန်းချီများ ထည့်သွင်းလိုက်သည်နှင့် ဓား၏ကိုယ်ထည်မှ လျှပ်စီးအလင်းတန်းများက တောက်ပလာခဲ့သည်။
လီလျန့်က ယုံကြည်ချက်အပြည့်ရှိနေပုံဖြင့် ပြောဆိုလိုက်၏။
"ဒါက ငါရဲ့ကောင်းချီးမန္တန်ပါတဲ့ ထိပ်တန်းအဆင့်မှော်လက်နက်တစ်ခုပဲ..အခုလက်ရှိ မင်းက ဒီဓားကိုမထိန်းချုပ်နိုင်သေးပေမယ့် မင်းကိုထိခိုက်နာကျင်အောင်တော့လုပ်မှာမဟုတ်ဘူး"
လျှိုမင်က သူ၏လက်အတွင်းရှိ မှင်ကျောက်တုံးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
"ငါ မင်းနဲ့မလဲနိုင်ဘူး...တစ်ခြားသူကိုသာသွားရှာနေတော့"
လီလျန့်က ခေါင်းခါယမ်းလိုက်လေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ကျင့်ကြံမှုက မလုံလောတ်သေးဘူး...မင်းက သူတော်စင်ရဲ့အသုံးအဆောင်ပစ္စည်းကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး...ငါက မင်းကို သူတော်စင်ပစ္စည်းကို ထိန်းချုပ်ဖို့ကူညီပြီး မင်းအတွက်လေ့ကျင့်ပေးထားမယ်....ဒါ ငါက မင်းအတွက်လုပ်ပေးတာနော်"
ထိုစကားနှင့်အတူ လီလျန့်က လျှိုမင်၏လက်အတွင်းရှိ မှင်ကျောက်တုံးကို ယူဆောင်ရန်လက်ကမ်းလိုက်သည်။
ထိုအချိန်မှာပင် လက်တစ်ဖက်က လီလျန့်၏လက်မောင်းအား ဆုပ်ကိုင်လိုက်လေ၏။ လီလျန့်က နောက်သို့လှည့်ကြည့်လိုက်ရာ လုယွီဖြစ်နေကြောင်း တွေ့မြင်မိသည်။
"ဘာလဲ...မင်းက အကြမ်းဖက်လုယုချင်နေတာလား"
လုယွီက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
လီလျန့်က မထုံတတ်တေးအမူအယာဖြင့်သာ တုံပြန်ပြောဆိုလိုက်လေ၏။
"ဟာသပဲ...ငါက သူ့အတွက်စဥ်းစားပေးတာလေ"
ထိုစကားနှင့်အတူ လီလျန့်၏ခန္ဓာကိုယ်မှ ကျန်းချီများထွက်ပေါ်လာပြီး သူ၏လက်မောင်းတစ်လျှောက်သို့စီးဆင်းလာက လုယွီထံသို့ တိတ်တဆိတ်တိုးဝင်သွားတော့သည်။
ဝှစ်...
လုယွီနှင့်လီလျန့်၏အင်္ကျီလက်များသည် ပြင်းထန်သောလေပြင်းများကြားတွင် ရောက်ရှိနေကြသကဲ့လို့ လှုပ်ခါနေကြသည်။
လီလျန့်၏မျက်နှာသည် ပြုံးယောင်သန်းနေဆဲဖြစ်ပြီး သူ၏မျက်လုံးများကမူ အေးစက်စက်တောက်ပနေသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အရောက်၌...
"မင်း ငါပြောတာ မကြားဘူးလား"
လုယွီက ထပ်မံ၍ မေးမြန်းလိုက်သည်။
လီလျန့်၏ မျက်နှာအမူအယာ ပျက်ယွင်းနေပေ၏။ ဤတစ်ကြိမ်တွင် သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်၏စွမ်းအားကို အသုံးပြုထားခြင်းဖြစ်သည်။ သို့သော် လုယွီက ဆံချည်တစ်မျှင်စာမျှပင် ရွေ့လျားသွားခြင်း မရှိပေ။
"ဘာလဲ...မင်းက ငါကိုတားဆီးချင်နေတာလား"
လီလျန့်က လုယွီအား အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေလေ၏။ သူ၏ခွန်အားသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ဖိနှိပ်နိုင်ခြင်းမရှိဟု လီလျန့်က မယုံကြည်ပေ။
လုယွီက အားနည်းသောကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။ လီလျန့်တို့အုပ်စုသည် ဤအခြေအနေကို လုယွီက အချိန်ကြာကြာဆတ်လက်မထိန်းသိမ်းနိုင်လောတ်ဟု ယူဆထားကြသည်။
သို့ရာတွင် လုယွီက သူတို့နှင့်အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိပေ။
"ဒီမှင်ကျောက်တုံးက လျှိုမင်ရဲ့ဟာလို့ ငါပြောပြီးသား...သူ ဆန္ဒမရှိရင် ဘယ်သူမှ ယူဆောင်ခွင့်မရှိဘူး"
လုယွီက ခက်ထန်စွာဖြင့် ပြောဆိုလိုက်သည်။
လီလျန့်ကမူ လုယွီကဲ့သို့ တွေးတောနေပုံမပေါ်ချေ။
"ငါက လျှိုမင် ကောင်းစားဖို့အတွက် လုပ်ပေးမှာလေ....နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကများ ဝင်စွက်ဖက်နေတာ...မင်း စကားများလှချည်လား"
လုယွီက သူ၏လက်မောင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သည်ကိုကြည့်ရင်း လီလျန့်က သည်းမခံနိုင်တော့ဘဲ အလွန်အမင်းဒေါသထွက်သွားခဲ့သည်။
"ပေါင်မုန့်တစ်လုံးက ဘယ်လောက်ပဲအရသာရှိရှိ သောတ်စရာမရှိဘဲနဲ့ အဆင်မပြေဘူး...ကျောင်းအုပ်ကြီးရဲ့မျက်နှာကြောင့် ငါက မင်းကို တိုက်ခိုက်လိုစိတ်မရှိဘူး...ဒါတေါင် မင်းက ငါကို ရိုင်းရိုင်းကားကား ပြုမူဝံ့တယ်ပေါ့"
လီလျန့်က ကြုံးဝါးပြီးနောက် သူ၏အမြူတေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့် ကျန်းချီများကို ထုတ်လွှက်လိုက်သည်။
"တိမ်ပျံသွေးအလင်းလက်ဝါး.."
လုယွီ၏ဆုပ်ကိုင်ထားခြင်းမခံရသော လီလျန့်၏လက်ဝါးတစ်ဖက်မှ ရိုက်နှက်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
လျှိုမင်က ထိတ်လန့်တကြားဖြင့် အော်ဟစ်နေလေ၏။
"ညီလေး လု...ဝေးဝေးရှောင်"
"မြေအောက်လောကနတ်ဘုရား၏ အိပ်မက်များပြန့်ကျဲခြင်း"
လုယွီက တီးတိုးရေရွတ်ပြီး လီလျန့်ထံသို့ သူ၏လက်ဝါးကို ဆန့်ထုတ်လိုက်သည်။
ထိုလူနှစ်ယောက်၏လက်ဝါးနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်တွေ့မှုကြောင့် ကြီးမားသောပေါတ်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့၏။
ဘုန်း....
လူရိပ်တစ်ရိပ်က နောက်သို့လွင့်စင်ထွက်သွားခဲ့သည်။ ထိုသူသည် လီလျန့်ဖြစ်နေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိချေ။
လုယွီက ပြဿနာများကိုဖန်တီးရန် ရည်ရွယ်ချက်မရှိသော်လည်း သူ့အား လာရောက်ရန်စစော်ကားသူများကိုမူ ခွင့်လွှက်မည်မဟုတ်ပေ။
"စက်ဆုပ်စရာပဲ...မင်းက နတ်ဆိုးနည်းစနစ်တွေကို အသုံးပြုနေတာ"
လီလျန့်က မကျေမချမ်း ပြောဆိုလိုက်သည်။ သူက အရှုံးပေးရန်ဆန္ဒမရှိသည့်အတွက် မတ်တတ်ထရပ်ပြီး ဒေါသတကြီးအော်ဟစ်ကာ သူ၏သွေးများစွန်းထင်းနေသောလက်ဝါးဖြင့် လုယွီအား ရိုက်နှက်လိုက်လေ၏။
"ငါတို့သမင်ဖြူကျောင်းတော်က ဖြောင့်မတ်တဲ့ ကွန်ဖြူးရှပ်နဲ့တာအိုဝါဒ ကျောင်းတော်တစ်ခုပဲ...မင်းလို နတ်ဆိုးတစ်ကောင်က ဒီနေရာကိုလာပြီး မဆက်မခြင်လုပ်ဝံ့တယ်ပေါ့"
လီလျန့်က ဒေါသတကြီး အော်ဟစ်နေတော့သည်။
သူတော်စင်၏ပစ္စည်းသည် မည်မျှအဖိုးတန်ခြင်းကို သိရှိကြသလော...ထိပ်တန်းအဆင့်မှော်ရတနာဆယ်ခုကိုပင် သူတော်စင်ပစ္စည်းတစ်ခုနှင့် လဲလှယ်နိုင်ခြင်းမရှိချေ။
လီလျန့်က သူ၏ထိပ်တန်းအဆင့်ဓားရှည်ကို လျှိုမင်၏သူတော်စင်ပစ္စည်းနှင့် လဲလှယ်ရန် ရည်ရွယ်ထားခဲ့သည်။ ထိုကိစ္စက လုယုခြင်းပင်ဖြစ်ပေ၏။
သို့ရာတွင် လီလျန့်၏ပါးစပ်ကမူ သမာဓိရှိပြီးတည်ကြည်လေးနက်ခြင်းကိုသာ အမြဲတစေပြောဆိုနေခဲ့သည်။
Chapter 260
"ထွက်သွားစမ်း"
လုယွီက ခက်ထန်စွာဖြင့်နှာမှုတ်ပြီး လီလျန့်ထံသို့ လက်ဝါးရိုက်ချက်တစ်ချက်ကို သာမာန်ကာလျှံကာရိုက်ထုတ်လိုက်သည်။ လုယွီ၏လက်ဝါးအလယ်ဗဟိုမှ အနက်ရောင်အလင်းတန်းထွက်ပေါ်လာပြီး လီလျန့်လက်ဝါး၏ သွေးအလင်းတန်းကို တစတစ ဝါးမြိုသွားခဲ့သည်။
ဖူး...
လီလျန့်၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး နောက်သို့လွင့်စင်သွားကာ မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေသည်။
လီလျန့်၏နောက်မှပါလာသော တပည့်များအားလုံး ဆွံအနေကြ၏။
ဘာ...ဤသူက ကျောင်းတော်ကို ဆွေမျိုးအင်အားဖြင့်ဝင်လာခြင်း မဟုတ်ပေလော...သူက မည်သည်ကြောင့် ဤမျှထိစွမ်းအားကောင်းနေသနည်း။
ထို့ပြင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်ဖြစ်သော လီလျန့်သည် အတွင်းစည်းတပည့်များကြားတွင်ပင် အထူးချွန်ဆုံးတစ်ယောက်ဖြစ်သည်။
သူက မည်သည်ကြောင့် လုယွီ၏ပြိုင်ဘက် မဟုတ်သနည်း။
ထိပ်တန်းအဆင့်မှော်ရတနာဖြစ်သော လီလျန့်၏ဓားသည်ပင် မြေပြင်ပေါ်၌ ပြုတ်ကျနေလေသည်။ လီလျန့်က ဓားပညာရပ်တွင် ထူးချွန်သူတစ်ယောက်ဖြစ်သော်လည်း လုယွီနှင့်ရင်ဆိုင်ရာတွင် အသာစီးမရခဲ့ချေ။
"မင်းရဲ့မှော်လက်နက်ကိုယူပြီး ထွက်သွားတော့"
လုယွီက ခက်ထန်စွာဖြင့်ပြောဆိုပြီးနောက် လျှိုမင်နှင့်အတူ ထွက်ခွါခဲ့လေသည်။
"ရပ်စမ်း"
လီလျန့်က မတ်တတ်ထရပ်ပြီး အော်ဟစ်လိုက်ချိန်တွင် သူ၏မျက်လုံးများကလည်း နီမြန်းနေသည်။
"ဘယ်လို မှော်ပညာတွေ မင်းအသုံးပြုသွားတယ်ဆိုတာ ငါမသိဘူး...ဒါပေမယ့် သမင်ဖြူကျောင်းတော်က နတ်ဆိုးတွေပုန်းအောင်းနေလို့ရတယ့် နေရာမျိုးမဟုတ်ဘူးဆိုတာတော့ ငါ မင်းကို သတိပေးလိုက်မယ်....တစ်ကယ်လို့ မင်းသာ သိတတ်မယ်ဆိုရင် ကျောင်းတော်ကနေထွက်သွားတော့"
လီလျန့်က လေသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်လေ၏။
လုယွီကတော့ ဤသို့မတွေးမိပေ။ လီလျန့်ကဲ့သို့လူစားမျိုးသည် အားနည်းသူကိုဖိနှိပ်၍ အားကောင်းသူကို ကြောက်ရွံတတ်သူများဖြစ်သည်။ သူ့ထက်စွမ်းအားကောင်းသူနှင့်ရင်ဆိုင်တွေ့ချိန်တွင် နှုတ်ခမ်းဖျားနှင့်လှည့်စားတတ်ကြသည်။
လုယွီက သူ့အားလျစ်လျှူရှုထားသည်ကိုကြည့်ပြီး လီလျန့်၏စိတ်နှလုံးသားအတွင်းတွင် ဒေါသမီးများ တောက်လောင်နေရသည်။
"မင်းက ဘယ်လိုကောင်မျိုးလဲ...မင်းလို ဆွေမျိုးအကပ်နဲ့ ဝင်လာတဲ့ကောင်က ငါကိုအထင်အမြင်သေးဝံ့တယ်ပေါ့"
လီလျန့်က အလွန်အမင်းပင် ဒေါသတကြီးဖြစ်နေပေ။ ။
ထိုအချိန်တွင် ကောင်းကင်၏တစ်ဖက်ခြမ်းမှနေ၍ အနက်ရောင်လူရိပ်များစွာက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ထိုလူများက ကျောင်းတော်၏အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အပြင် လေးနက်သောပုံစံများ ပန်းထိုးထားသည့် ရွှေရောင်ပခုံးကာများကိုလည်း ဝတ်ဆင်ထားကြသည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ဓားပျံစီးနင်းလာသည့် ယောက်ျားတစ်ယောက်က မေးမြန်းလိုက်သည်။
"သူတို့က စည်းမျဥ်းခန်းမက လာတဲ့သူတွေပဲ"
လူတစ်ချို့က ရောက်ရှိလာသောသူများ၏အဆင့်အတန်းကို သတိပြုမိသွားသည်။
တပည့်ခန်းမ....
ထိုနာမည်ကိုကြားသည်နှင့် တပည့်များအားလုံးသည် မအောင့်အည်းနိုင်တော့ဘဲ သက်ပြင်းတစ်ချက်ရှိုက်သွင်းလိုက်ကြ၏။
သမင်ဖြူကျောင်းတော်၏စည်းမျဥ်းနှင့်ပြစ်ဒဏ်များသည် အလွန်ရိုးရှင်း၏။ တပည့်တစ်ယောက်သည် အမှားတစ်ခုကျူးလွန်မိလျှင် သူ၏အဆင့်အတန်းမည်မျှမြင့်မားသည်ဖြစ်စေ စည်းမျဥ်းများအရ အရေးယူခံရပေမည်။
ကျောင်းတော်၏အပေါ့ပါးဆုံးပြစ်ဒဏ်သည် ကြိမ်ဒဏ်ပေးခြင်းဖြစ်ပြီး ကြီးမားသောပြစ်ဒဏ်မှာမူ ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး ကျောင်းတော်မှနှင်ထုတ်ခံရမည်ဖြစ်ပေ၏။
စည်းမျဥ်းခန်းမရှိ တပည့်များသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပေသည်။ သူတို့က မိတ်ဆွေသူငယ်ချင်းများ နောက်လိုက်တပည့်များအပေါ်တွင်ပင် သနားညှာတာမှုမရှိကြပေ။ ထို့ကြောင့် တပည့်တိုင်းက သူတို့အား ထိတ်လန့်ကြောက်ရွံကြ၏။
လီလျန့်က ထိုလူများကိုမြင်ချိန်တွင် အပျော်လွန်သွားခဲ့သည်။
"စီနီယာအကိုတို့...သူက ရူးနေတဲ့သူတစ်ယောက်ပါ..သူက ကျွန်တော်ကို နာကျင်အောင်လုပ်တယ်"
လီလျန့်က အရင်ဦးအောင်သတင်းပို့လိုက်၏။
စည်းမျဥ်းခန်းမမှတပည့်က မျက်မှောင်ကြုတ်လိုက်လေသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
လီလျန့်က အလျှင်အမြန်မတ်တတ်ထရပ်၍ ဖြစ်ပျက်ခဲ့သမျှကိစ္စရပ်များအား ပြောပြနေတော့သည်။
သို့ရာတွင် သူ၏စကားများတွင် သူကညီအကိုများကို လမ်းညွှန်ပေးသည့် ဖြောင့်မတ်သောသူတစ်ယောက် ဖြစ်နေပေ၏။
လုယွီအကြောင်းကိုမူ ကထိကတစ်ယောက်ဖြစ်နေသောကြောင့် သူက မခုခံဝံ့သည့်အတွက် အပြင်းအထန်ဒဏ်ရါရရှိခဲ့သည်ဟု လီလျန့်က ပြောဆိုခဲ့သည်။
စည်းမျဥ်းခန်းမမှတပည့်၏ မျက်နှာအမူအယာပြောင်းလဲသွားပြီး သူက လုယွီအားကြည့်ရှုလိုက်၏။
"မင်းက ကထိကတစ်ယောက်လား...ဘယ်လိုလုပ်ပြီး မင်းလိုငယ်ရွယ်တဲ့သူက ကထိကဖြစ်လာတာလဲ"
လီလျန့်က ဝင်ရောက်ပြောဆိုလိုက်သည်။
"သူက ကျောင်းအုပ်ကြီးရဲ့ဆွေမျိုးတစ်ယောက်လို့ ပြောနေကြတယ်....သူက မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့ကို ဘယ်လိုလှည့်စားပြီး ကထိကရာထူးရလာတယ်ဆိုတာ ကျွန်တော်မသိဘူး....သူလို နတ်ဆိုးတစ်ယောက်က ကထိကဖြစ်လာနိုင်တယ်လို့ စီနီယာတို့ထင်ကြလား"
ထိုစကားနှင့်အတူ လီလျန့်က လုယွီကြောင့်ရရှိခဲ့သည့် ဒဏ်ရါများကိုထုတ်ဖော်ပြသလိုက်သည်။
စည်းမျဥ်းခန်းမမှတပည့်က လီလျန့်၏ဒဏ်ရါများကို စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက် သူ၏ခေါင်းကိုလှည့်ကာ တင်းမာနေသောမျက်နှာထားဖြင့် လုယွီအားကြည့်ရှုလိုက်လေ၏။
"မင်း...စည်းမျဥ်းခန်းမကိုငါတို့နဲ့အတူလိုက်ခဲ့...ဒီလိုမှမဟုတ်ရင် ရိုင်းပျတဲ့အတွက် ငါကိုအပြစ်မတင်နဲ့"
စည်းမျဥ်းခန်းမမှတပည့်က လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။
စည်းမျဥ်းခန်းမမှတပည့်များက အမှန်တကယ်စိတ်ဆိုးဒေါသထွက်နေသည်ကိုကြည့်ပြီး လျှိုမင်က ရှေ့တိုးလာကာ ဝင်ရောက်ပြောဆိုလိုက်တော့သည်။
"စီနီယာတို့....ဒါက နားလည်မှုလွဲမှားတာပါ"
"နားလည်မှုလွဲတယ် မလွဲဘူးဆိုတာ မင်းဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး"
စည်းမျဥ်းခန်းမမှတပည့်က လျှိုမင်ကို တစ်ချက်ကြည့်လိုက်သည်။
"သူကို ခေါ်သွားကြ"
စည်းမျဥ်းခန်းမတပည့်က လက်ဝှေ့ယမ်းလိုက်သည်နှင့် လူအုပ်စုတစ်စုက လုယွီအား ဝိုင်းထားလိုက်ကြ၏။