← Chapters

အခန်း (၂၇၁-၂၇၅)

Vol. 16-20 Ch. 271-275

အခန်း (၂၇၁-၂၇၅)

Vol. 16-20 Ch. 271-275

Chapter 271

ကျင့်ကြံခြင်းမျှော်စင်သို့ တပည့်တစ်ယောက် ရောက်ရှိလာလေ၏။ သူ၏နောက်တွင် နောက်လိုက်တပည့်တပန်းများလည်း အတူတကွပါရှိလာခဲ့သည်။ ထိုတပည့်များသည်။ ထိုတပည့်များက သူတို့၏လက်အတွင်းရှိ ခေါက်ယပ်တောင်များကို ဝှေ့ယမ်းနေကြသည်။ သူတို့ဝတ်ဆင်ထားသော အဖြူရောင်ဝတ်စုံ၏အင်္ကျီလက်များမှာ ကျယ်ဝန်းပြီးပညာရှင်ဆန်ပေသည်။

အထူးသဖြင့် ကြမ်းကြုတ်ရက်စက်သည့်အော်ရာ ထုတ်လွှတ်ထားသော တပည့်အုပ်စု၏ခေါင်းဆောင်သည် အများကြားတွင် ထင်ရှားပေါ်လွင်နေပေ၏။

"စီနီယာအကို ဖန်ဖမ်း"

မျှော်စင်ရှေ့ရပ်နေသော အဖြူရောင်ဝတ်စုံနှင့်တပည့်က တလေးတစားအရိုအသေပြုလိုက်သည်။ သူ၏ရှေ့မှလူငယ်သည် ဝမ်ဟွာ​ကျောင်းဆောင်မှ တပည့်ခေါင်းဆောင် ဖန်ဖမ်းဖြစ်ပေ၏။

ကျောင်းဆောင်တိုင်း၏တပည့်ခေါင်းဆောင်များသည် ကျောင်းတော်ရှိလက်ရွေးစင်တပည့်များဖြစ်သည်။ ထိုမျှသာမက ဝမ်ဟွာကျောင်းဆောင်သည် သမင်ဖြူကျောင်းတော်တွင် ထိပ်ဆုံးအဆင့်ကျောင်းဆောင်ဖြစ်ပေ၏။

"မင်းက ကျင့်ကြံခြင်းမျှော်စင်က တပည့်တစ်ယောက်ဆိုတာ ငါသိတယ်...မြန်မြန်သွားပြီး ငါအတွက်ထိပ်တန်းလေ့ကျင့်ခန်းကိုဝင်နိုင်ဖို့ စီစဥ်ပေးစမ်း...ဒီတစ်ကြိမ် ငါက သူငယ်ချင်းတွေကိုပါ အတူခေါ်လာတာ"

ဖန်ဖမ်းက ပြောဆိုလိုက်သည်။

ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းသည် လူတစ်ယောက်က အပေါင်းအဖော်ဆယ်ယောက်နှင့် အတူတကွကျင့်ကြံနိုင်ရန်အတွက် အလုံအလောတ်ကျယ်ဝန်းပေသည်။

အဖြူရောင်ဝတ်စုံနှင့်တပည့်၏ စကားပြောဆိုနေမှု ရပ်တန့်သွား၏။ သူက ကျင့်ကြံခြင်းမျှော်စင်၏တပည့်တစ်ယောက်မဟုတ်တော့သည်ကို ပြောပြချင်နေသည်။ ရုတ်တရက် သူက တွေးတောမိသွား၏။

"စီနီယာအကို...ကျွန်တော် တောင်းပန်ပါတယ်...ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းက ယူထားတဲ့သူရှိတယ်"

အဖြူရောင်ဝတ်စုံနှင့်တပည့်က အနူးအညွတ်တောင်းပန်နေသောလေသံဖြင့် ပြောဆိုလိုက်လေ၏။

"ဘာ...ဘယ်သူရှိနေတာလဲ"

ဖန်ဖမ်းသည် အံ့သြတကြီးမေးမြန်းလိုက်၏။

အဖြူရောင်ဝတ်စုံနှင့်တပည့်ဖြစ်သူက သူ၏လက်များကို အလျှင်အမြန်ဝှေ့ယမ်းလိုက်လေသည်။

"ဘယ်က ရောက်လာမှန်းမသိတဲ့ ကောင်လေးတစ်ယောက်ပါ...သူက အတုအယောင်ကထိကတံဆိပ်ပြားကို ကိုင်ဆောင်ထားခဲ့တာ...ကြီးကြပ်ရေးမှူးက သူကို ခွင့်ပြုလိုက်မယ်လို့ ကျွန်တော်ထင်မထားမိဘူး"

"ကထိက တံဆိပ်ပြားလား"

ဖန်ဖမ်းက မျက်မှောင်ကြုတ်လိုက်မိသည်။

"​တပည့်သစ်တွေထဲက တစ်ယောက်ကို ကထိကရာထူးအတွက်ရွေးချယ်ခံရတယ်လို့တော့ ပြောနေကြတယ်....သူ ဖြစ်နေမလားမသိဘူး"

ဖန်ဖမ်း၏နောက်တွင်ပါလာသော တပည့်တစ်ယောက်က ဝင်ရောက်ပြောဆိုလိုက်လေ၏။

အဖြူရောင်ဝတ်စုံဖြင့်တပည့်က လှောင်ပြောင်သရော်နေလေသည်။

"အဲ့ဒီကောင် မဖြစ်နိုင်ပါဘူး...သူရဲ့တံဆိပ်ပြားမှာ ဂိုဏ်းအကျိုးဆောင်ရမှတ်၁၀၀၀၀တောင်ရှိနေတယ်....ဒါပြင် သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတာ...သူက ဘယ်လိုလုပ်ပြီး ကထိကဖြစ်နိုင်မှာလဲ"

ထိုအချိန်မှာပင် ရုတ်တရက် မိုးကြိုးမုန်တိုင်းတစ်ခုက လူအုပ်ကြီး၏အထက်ကောင်းကင်ယံ၌ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းက မိုးကြိုးမုန်တိုင်း၏ဆွဲဆောင်ခြင်း​ခံရမှုကြောင့် မိုးကောင်းကင်ကို မော့ကြည့်နေကြ၏။

"ဒါက ထိပ်တန်းလေ့ကျင့်ရေးခန်းရှိတဲ့ဘက်ကို ဦးတည်နေတာ"

တပည့်တစ်ယောက်က အံ့အားတသင့် ရေရွတ်နေလေ၏။

ဖန်ဖမ်း၏မျက်လုံးအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"ဒီ မိုးကြိုးမုန်တိုင်းကို ကြည့်ကြစမ်း....ဒါက နှစ်တစ်ရာမှာတစ်ကြိမ်သာပေါ်ပေါတ်တဲ့ စိတ်ဝိညာဥ်ဒီရေလှိုင်းတွေပဲ...အခုက စိတ်ဝိညာဥ်စွမ်းအင်တွေစုစည်းနေတဲ့အချိန်ရောက်နေပြီ...ဒီအခွင့်အရေးကောင်းကို လက်လွှက်ခံလို့မဖြစ်ဘူး"

ဖန်ဖမ်းက သူ၏တံဆိပ်ပြားကို အလျှင်အမြန်ထုတ်ယူလိုက်သည်။ ဖန်ဖမ်း၏တံဆိပ်ပြားတွင်လည်း ဂိုဏ်းအကျိုးဆောင်ရမှတ်၁၀၀၀၀ရှိနေလေ၏။

"ဒါက ငါတို့တွေ အချိန်အတော်ကြာ အတူတကွစုစည်းခဲ့ကြတဲ့ အမှတ်တွေပဲ...ခု အမှန်တကယ်ကို အသုံးဝင်လာပြီ"

တပည့်တစ်ယောက်ကလည်း အားရကျေနပ်နေမှုဖြင့် ရေရွတ်နေပေသည်။

"စီနီယာအကို...ထိပ်တန်းလေ့ကျင့်ရေးခန်းမှာ လူရှိနေတာကို ဘယ်လိုလုပ်မှာတုန်း"

အဖြူရောင်ဝတ်စုံနှတပည့်သည် ဖန်ဖမ်းအား သတိပေးလိုက်လေ၏။

"သူ ဘာကောင်ကြီးပဲဖြစ်နေနေ ဂရုမစိုက်ဘူး...သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတဲ့ ခလေးတစ်ယောက်လေ"

ဖန်ဖမ်းက နှာတစ်ချက်မှုတ်ပြီး သူ၏အပေါင်းအဖော်များနှင့်အတူ ကျင့်ကြံခြင်းမျှော်စင်အတွင်းသို့ တရကြမ်းဝင်သွားတော့သည်။

အချိန်တခဏအကြာမှာပင် ဖန်ဖမ်းတို့လူအုပ်စုသည် မျှော်စင်၏ထိပ်ဆုံးထပ်သွားရာလမ်းသို့ ရောက်ရှိလာကြသည်။ သူတို့က ထိပ်ဆုံးထပ်နှင့်နီးလေလေ မိုးကြိုးသံများကပို၍ကျယ်လာလေလေ ဖြစ်ပေ၏။

"ဒါ အမှန်ပဲ...ဒီတစ်ကြိမ် စိတ်ဝိညာဥ်ဒီရေလှိုင်းက အရမ်းအားကောင်းတယ်...ကြည့်ရတာ စိတ်ဝိညာဥ်စွမ်းအင်တွေ တော်တော်များများစုစည်းပြီးလောတ်ပြီ"

"ငါရဲ့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ဖို့ မျှော်လင့်နိုင်ပြီ...ဒါက ငါ စောင့်နေတဲ့အခွင့်အရေးပဲ"

ဖန်ဖမ်းတို့အုပ်စုသည် အပျော်လွန်နေကြ၏။ သူတို့က ကျင့်ကြံခြင်းမျှော်စင် ထိပ်ဆုံးထပ်သို့အရောက်တွင်မူ တံခါးပိတ်ထားသည်ကိုသာ တွေ့မြင်ကြရသည်။

"အထဲမှာ တစ်ယောက်ယောက်ရှိနေတယ်"

"ဟို ကောင်လေးက တော်တော်ကံကောင်းတဲ့ကောင်ပဲ"

လူအုပ်စုတစ်စုလုံး လုယွီအား ကျိန်ဆဲနေကြတော့သည်။

……

ထိုအချိန်တွင် ဟူဖျင်နှင့် ဆရာသခင်လို့၏တပည့်များသည်လည်း ကျင့်ကြံခြင်းမျှော်စင်သို့ ရောက်ရှိလာကြ၏။

"ဒါက စိတ်ဝိညာဥ်ဒီရေလှိုင်းလား"

ကျင့်ကြံခြင်းမျှော်စင်အထက်ရှိ မိုးကြိုးမုန်တိုင်းကိုမြင်ချိန်တွင် ဟူဖျင်က တအံတသြရေရွတ်လိုက်သည်။

"စီနီယာအကို...ကျွန်တော် ခုပဲသတင်းရထားတယ်...ဟို ကောင်လေးက ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းမှာရှိနေတယ်"

ကျင့်ကြံခြင်းမျှော်စင်၌ စောင့်ကြပ်နေသည့်တပည့်တစ်ယောက်က ဟူဖျင်အား သတင်းပို့လိုက်လေ၏။

"ဘာ...ထိပ်တန်းအဆင့် လေ့ကျင့်ရေးအခန်းလား"

ဟူဖျင် အံ့အားသင့်သွား၏။ သူထံ၌ပင် ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းကို အသုံးပြုနိုင်သည့် ကြောက်ခမန်းလိလိ ဂိုဏ်းအကျိုးဆောင်ရမှတ်မရေအတွက် မရှိပေ။

"ဖြစ်နိုင်တာတော့ သူက ဂိုဏ်းအကျိုးဆောင်ရမှတ်တွေကို ငွေကြေးနဲ့ဝယ်ထားတာပဲ"

ဟူဖျင်က အချိန်တခဏကြာတွေးတောပြီး အကြောင်းအရင်းကို ခန့်မှန်းလိုက်လေ၏။

Chapter 272

"သွားကြမယ်...အထဲကိုဝင်ကြည့်ကြရအောင်"

ဟူဖျင်၏မျက်နှာအမူအယာသည် အနည်းငယ်မှုန်မှိုင်းနေလေ၏။ သူက လုယွီသည်စိတ်ဝိညာဥ်ကျောက်တုံးအားလုံးသုံးစွဲပြီး ဖြစ်နေမည်ကိုမလိုလားချေ။ ထိုစိတ်ဝိညာဥ်ကျောက်တုံးများသည် သူ၏ပိုင်ဆိုင်မှုသာ ဖြစ်ရပေမည်။

ဟူဖျင်တို့အုပ်စုသည် ကျင့်ကြံခြင်းမျှော်စင်အတွင်းသို့ ဝင်ရောက်လာကြသည်။ သို့ရာတွင် သူတို့က ထိပ်ဆုံးထပ်သို့သွားရောက်ခြင်းမရှိဘဲ လျှို့ဝှက်ခန်းမတစ်ခုအတွင်းသို့သာ ဝင်သွားကြလေသည်။

ထိုလျှို့ဝှက်ခန်းမ၏အလယ်ဗဟိုတွင် ဝင်္ကပါကြီးတစ်ခုတည်ရှိနေသည်။ ဝင်္ကပါအတွင်းမှ တောက်ပသည့်အလင်းရောင်တန်းများနှင့်အတူ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများကိုလည်း အဆတ်မပြတ်ထုတ်လွှတ်နေပေ၏။ ဝင်္ကပါ၏အတွင်းမှကြည့်လျှင် ကျင့်ကြံခြင်းမျှော်စင်ရှိမြင်ကွင်းတစ်ခုချင်းစီကို ကွက်ကွက်ကွင်းကွင်းမြင်နေရသည်။

"ထိပ်ဆုံးထပ်ရဲ့တံခါးနားမှာက ဘယ်ကောင်တွေတုန်း"

ဟူဖျင်က မျက်မှောင်ကြုတ်ရင်း မေးမြန်းလိုက်သည်။

တပည့် ချန်းက ဟူဖျင်အား သတင်းပို့လိုက်လေ၏။

"သူက ဝမ်ဟွာကျောင်းဆောင်ရဲ့တပည့်ခေါင်းဆောင် ဖန်ဖမ်းပါ...သူလည်းပဲ ထိပ်တန်းအဆင့်လေ့ကျင့်ရေးအခန်းကို လိုချင်နေတာ...မမျှော်လင့်ဘဲ ဟိုကောင်လေးက အရင်ဦးသွားတယ်လေ"

"စီနီယာအကို....ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

တပည့်တစ်ယောက်က မေးမြန်းလိုက်၏။

ဟူဖျင်၏မျက်လုံးများ လှုပ်ခတ်နေပြီး အကြံအစည်ထုတ်နေလေသည်။

"သွား...ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းရဲ့ တံခါးကိုဖွင့်ပေးလိုက်...ဖန်ဖမ်းက အခုဝင်လို့မရဘူးမလား...သူကို အခန်းထဲ ဝင်ခွင့်ပြုလိုက်"

ဟူဖျင်က ပြုံးနေလေ၏။

သမင်ဖြူကျောင်းတော်ရှိ ဝင်္ကပါအားလုံးကို ဆရာသခင်လို့က ခင်းကျင်းထားခြင်းဖြစ်သည်။ ဆရာသခင်လို့၏တပည့်များသည်လည်း ထိုဝင်္ကပါများကို ထိန်းချုပ်နိုင်သော စွမ်းရည်များရှိကြသည်။

နောက်ဆုံးတစ်ကြိမ် သူ လုယွီကိုတိုက်ခိုက်ပြီးသတ်ဖြတ်ပစ်ရန် ကြံရွယ်ခဲ့စဥ်က လူတစ်ချို့၏ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ထိုကိစ္စက ကျားကိုလှည့်စားမောင်းထုတ်ပြီး ဝံပုလွေ၏ဝါးမြိုခံရခြင်းနှင့်တူညီနေသည်။

ဤတစ်ကြိမ်တွင်မူ ဟူဖျင်က အခွင့်အရေးပြန်လည်ရယူလိုပေသည်။ ဟူဖျင်သည် ဖန်ဖမ်းကို ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုပြီး သူတို့နှစ်ဘက်လုံးတိုက်ခိုက်သည့်အချိန်ကျမှ ဝင်ရောက်၍အကျိုးအမြတ်ရယူမည်ဟု ကြံရွယ်ထားလေ၏။

ထို့ပြင် သူက အလွန်လျှို့ဝှက်သည့်လမ်းကြောင်းမှ လုယွီထံသို့ သွားမည်သာဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခုအမှားအယွင်းဖြစ်ခဲ့လျှင်ပင် ဖန်ဖမ်းအားတရားခံအဖြစ် ဖိအားပေးနိုင်ပေမည်။

……

ကျင့်ကြံခြင်းမျှော်စင်...ထိပ်ဆုံးထပ်

ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်း၏တံခါးကို တင်းကျပ်သောအကာအကွယ်ဝင်္ကပါ ခင်းကျင်းထားလေ၏။ တံခါးပိတ်နေသမျှကာလပတ်လုံး မည်သူကမျှ အင်အားသုံး၍ဝင်ရောက်နိုင်ခြင်းမရှိပေ။

"သေစမ်းကွာ...ဘာမဟုတ်တဲ့ကောင်က စိတ်ဝိညာဥ်ဒီရေလှိုင်းစုစည်းနေချိန်မှာ အခန်းထဲရောက်နေတယ်"

တံခါးပြင်ပရှိလူများသည် အလွန်အမင်းဒေါသထွက်နေကြကာ အခန်းအတွင်းရှိလုယွီအား ဆွဲထုတ်ချင်နေကြ၏။

ထိုအချိန်တွင် လူအများပြောဆိုနေသည်များကို တံခါးကြီးက ကြားသွားပုံရကာ ကျယ်လောင်သောမြည်သံကြီးနှင့်အတူ ပွင့်လာခဲ့သည်။ တံခါးပွင့်လာမှုနှင့်အတူ အားကောင်းသောစိတ်ဝိညာဥ်စွမ်းအင်လှိုင်းများကလည်း တလိမ့်လိမ့်ထွက်ပေါ်လာလေ၏။

"ဘယ်လောတ်တောင် အားကောင်းတဲ့စိတ်ဝိညာဥ်စွမ်းအင်တွေလဲ....ငါ တစ်ခါတည်းရှိုက်သွင်းမိတာနဲ့ ငါရဲ့ကျင့်ကြံမှုအများကြီးတိုးတတ်သွားသလို ခံစားရတယ်"

"ဟိုကောင်လေးက ဒီဘဘါဝဖြစ်စဥ်ကို ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်တယ်မသိဘူး...ဒါပေမယ့် ငါတို့က စိတ်ဝိညာဥ်စွမ်းအင်တွေကို သူနဲ့မျှဝေပြီးသုံးရမှာလား"

ဖန်ဖမ်းက လူအုပ်စုကိုဦးဆောင်၍ အခန်းအတွင်းသို့ တရကြမ်းဝင်လိုက်တော့သည်။ သူတို့က အခန်းအတွင်းသို့အရောက်တွင် ကြမ်းပြင်ပေါ်၌ပလ္လင်ခွေထိုင်နေပြီး တိတ်ဆိတ်ငြိမ်သက်စွာကျင့်ကြံနေသည့် လုယွီအား တွေ့မြင်မိသည်။

လုယွီ၏ခန္ဓာကိုယ်ပတ်လည်တွင် တောက်ပနေသည့်ရွှေရောင်အလင်းတန်းများက ဖြည်းဖြည်းချင်းလှည့်ပတ်နေပေသည်။

"သူက တစ်ကယ်ကို နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတယ်....ဟမ့်...ဒီလိုကောင်မျိုးပေါ် သဘာဝဖြစ်စဥ်ရဲ့စွမ်းအားတွေ ကျဆင်းတော့လည်း ဖြုန်းတီးနေသလိုပဲဖြစ်မှာ"

ဖန်ဖမ်းက လုယွီအား အထင်အမြင်သေးစွာဖြင့် ခေါင်းခါနေလေ၏။

သူတို့အားလုံးက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများဖြစ်ကြသည်။ လုယွီ၏နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံဆင့်သည် အပြင်စည်းတပည့်အဆင့်သာရှိပေ၏။ သူတို့၏အမြင်တွင် ဤကျင့်ကြံဆင့်က အမှိုက်သာဖြစ်သည်။

"လူတိုင်းပဲ...ဒီစိတ်ဝိညာဥ်စွမ်းအင်တွေကို အမြန်စုပ်ယူကြ....အလေအလွင့်မဖြစ်စေနဲ့"

ဖန်ဖမ်းက အော်ဟစ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် တပည့်အုပ်စုတစ်စုလုံး ပလ္လင်ခွေထိုင်လိုက်ပြီး သူတို့နံဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို စတင်စုပ်ယူလိုက်ကြသည်။

လုယွီက သူ၏မျက်လုံးများကိုမှိတ်ထားပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို အရူးအမူးစုပ်ယူနေသည်။ ယခုလက်ရှိတွင် သူက အဆင့်ချိုးဖျက်နိုင်ရန် အထွက်အထိပ်အခြေအနေသို့ ရောက်ရှိနေလေ၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျန်းချီများသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် စုစည်းကာ ဒန်တျန်အတွင်း၌ ရွှေရောင်အမြူတေအဖြစ် စတင်သိပ်သည်းနေပေသည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ်တွင် အမြူတေ၏မျက်နှာပြင်ရှိ သစ်ရွက်အရေအတွက်ပေါ်တွင်မူတည်၍ ခွန်အားအနည်းအများကို ဆုံးဖြတ်ပိုင်းခြားထားသည်။

လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စိတ်ဝိညာဥ်စွမ်းအင်များ စီးဝင်နေခြင်းနှင့်အတူ ရွှေရောင်အမြူတေ၏မျက်နှာပြင်တွင် ရွှေရောင်နဂါးပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ထိုရွှေရောင်နဂါးသည် အသက်မဲ့သောပုံပန်းသွင်ပြင်နှင့် လျှို့ဝှက်ဆန်းကြယ်သောအော်ရာပါဝင်ပြီး အမြူတေ၏ဘေးတွင်ရစ်ခွေနေလေ၏။

"စိတ်ဝိညာဥ်စွမ်းအင်က မလုံလောတ်တော့ဘူး"

ရုတ်တရက် လုယွီက ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် ခက်ထန်တင်းမာမှုများ ထင်ဟပ်လာခဲ့သည်။ သူ၏နံဘေး၌ ရုတ်တရက်ကျူးကျော်ဝင်ရောက်လာသူများ ရှိနေလေ၏။

ယခုလက်ရှိအချိန်တွင်မူ ထိုသူတို့၏အကြောင်းကို စဥ်းစားတွေးတောနေရန် သူ၌အချိန်မရှိချေ။

"ကောင်းကင်နဲ့မြေကြီးရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေ...ထွက်လာစမ်း"

လုယွီက လေထုအတွင်းသို့ သူ၏လက်ချောင်းများဖြင့် တဖန်ထပ်၍ထိတွေ့လိုက်သည်။ ရုတ်ချည်းဆိူသလိုပင် လေထုအတွင်း၌ ရွှေရောင်စာလုံးများ ထပ်မံထွက်ပေါ်လာလေ၏။

Chapter 273

"ဘယ်လောတ်တောင် အားကောင်းတဲ့စိတ်ဝိညာဥ်စွမ်းအင်တွေလဲ"

"ငါက အဆင့်ချိုးဖျက်နိုင်တော့မယ်လို့ခံစားရတယ်...ဟား ဟား"

ဖန်ဖမ်းတို့အုပ်စုမှလူများ၏မျက်နှာများသည် ပြုံးရွှင်နေကြ၏။ ဖန်ဖမ်းပင်လျှင် သူ၏မျက်နှာပေါ်ရှိ ပွင့်လန်းနေသောအပြုံးများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။

ဤနေရာ၌ စိတ်ဝိညာဥ်စွမ်းအင်များ အလွန်ပေါကြွယ်ဝနေပေ၏။ အခန်းအတွင်း၌ စုပ်ဝဲကတော့တစ်ခုရှိနေသကဲ့သို့ လေဟာနယ်မှစိတ်ဝိညာဥ်စွမ်းအင်များပင် ကျင့်ကြံခြင်းမျှော်စင်ထိပ်ဆုံးထပ်ထံသို့ တိုးလျှိူးပေါတ်စီးဝင်နေသည်။

ထိုအချိန်မှာပင် လုယွီ၏ရှေ့၌ ရွှေရောင်စာလုံးများက မျောလွင့်ထွက်ပေါ်လာသည်။ အချိန်မဆိုင်းဘဲ ဖန်ဖမ်းတို့လူစု၏နံဘေးပတ်ဝန်းကျင်တွင် ရှိနေသည့်စိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီထံသို့ တရကြမ်းတိုးဝင်လာကြ၏။

"ဘာ....."

"ဘာတွေဖြစ်ကုန်တာလဲ....ငါ့အနားက စိတ်ဝိညာဥ်စွမ်းအင်တွေက အရမ်းအားပျော့သွားတယ်"

ဖန်ဖမ်းတို့အုပ်စုသည် အံ့အားသင့်တုန်လှုပ်နေလေသည်။ သူတို့၏မျက်လုံးများကို အလျှင်အမြန်ဖွင့်လိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီထံသို့သာ စီးဝင်နေခြင်းကို သူတို့က တွေ့မြင်မိတော့သည်။

လုယွီ၏ခန္ဓာကိုယ်ပတ်လည်တွင် များပြားသော စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများက လှည့်ပတ်ဝန်းရံနေသည်။ သူ၏ခေါင်းထိပ်တွင် ရွှေရောင်တောက်ပနေသော အမြူတေတစ်ခု ထွက်ပေါ်လာပေသည်။ ထိုရွှေရောင်အမြူတေသည် အဆုံးမရှိသောတွင်းနက်ကြီးတစ်ခုကဲ့သို့ ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များကို အသည်းအသန်စုပ်ယူနေလေသည်။

လုယွီထံမှ ရွှေရောင်အမြူတေ၏ဝါးမြိုနိုင်မှုစွမ်းအားသည် မူလက သူအားဗဟိုပြု၍ အနည်းငယ်သာကျယ်ပြန့်သော်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ နောက်ဆုံး၌ ကျင့်ကြံခြင်းမျှော်စင်၏ထိပ်ဆုံးထပ်တစ်လွှာလုံး လုယွီ၏ဝါးမြိုနိုင်သောစွမ်းအားမှ လွှမ်းခြုံခြင်းကို ခံရတော့သည်။ သူ၏နံဘေးပတ်ဝန်းကျင်ရှိလူများသည် စိတ်ဝိညာဥ်စွမ်းအင် တစိုးတစိမျှစုပ်ယူ၍မရတော့ချေ။

လုယွီ၏ဝါးမြိုနိုင်မှုစွမ်းအားစက်ကွင်း ကျယ်ပြန့်လာမှုနှင့်အတူ သူ၏နံဘေးပတ်လည်ရှိစိတ်ဝိညာဥ်ဒီရေလှိုင်းသည် တလိမ့်လိမ့်တတ်နေ၏။

"ဒါက ဘယ်လိုရွှေရောင်အမြူတေအမျိုးအစားလဲ...ငါ တစ်ချက်ကြည့်မိတာနဲ့ ကြောက်ရွံတုန်လှုပ်သွားသလိုခံစားရတယ်"

တပည့်တစ်ယောက်က တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်သည်။

ဘုန်း....

ထိုတပည့်၏စကားအား အတည်ပြုနေသည့်အလား ရုတ်တရက် အထက်ကောင်းကင်ယံမှ မိုးခြိမ်းသံများက ပို၍ကျယ်လောင်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ပါးလွှာသောလေထုအတွင်းတွင် တဂျိမ်းဂျိမ်းညံနေလေ၏။

ကြည့်ရသည်မှာ ဤကောင်းကင်ဘုံမိုးကြိုးကပ်ဘေးသည် လုယွီကြောင့်ဖြစ်ပေါ်လာပုံရသည်။ လူတိုင်းက လုယွီ၏နဖူးပေါ်တွင်မျောလွင့်နေသည့် ရွှေရောင်အမြူတေကို စူးစိုက်ကြည့်နေကြသည်။ ထိုရွှေရောင်အမြူတေသည် သာမာန်မဟုတ်ခြင်းကို လူတိုင်းက တွေ့မြင်နိုင်ပေ၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ.....ဒီရွှေရောင်အမြူတေက ဘယ်လိုလုပ်ပြီး ဒီလေါတ်ထိအားကောင်းရတာလဲ"

ဖန်ဖမ်း၏မျက်လုံးများတွင် မနာလိုမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ သူ၏ပါရမီသည် ဝမ်ဟွာကျောင်းဆောင်တစ်ခုလုံးတွင် အကောင်းဆုံးဖြစ်သည်။

ထို့ပြင် သူ၏ရွှေရောင်အမြူတေသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်၏ နဝမအဆင့်သို့ရောက်ရှိနေပြီဖြစ်ပေ၏။ သို့သော် လုယွီ၏နဖူးပေါ်ရှိ ရွှေရောင်အမြူတေသည် သူထက်အင်အားကောင်းသည်ဟု ဖန်ဖမ်းက ခံစားမိလေသည်။

"မင်းက ဘယ်နေရာကလာတဲ့တပည့်လဲ....မင်း တစ်ကိုယ်ကောင်းဆန်လှချည်လား...ကောင်းကင်နဲ့မြေကြီးရဲ့သဘာဝဖြစ်စဥ်တွေကို ငါတို့အားလုံးမျှဝေသုံးသင့်တယ်လေ...မင်းက တစ်ယောက်တည်းသုံးစွဲဖို့ကြံစည်နေတယ်...သူတော်စင်တွေရဲ့အဆုံးအမစာပေတွေကို မင်းမဖတ်ဖူးဘူးလား"

ဖန်ဖမ်းက ကျယ်လောင်စွာအော်ဟစ်လိုက်၏။ သူ၏အသံသည် ကျန်းချီစွမ်းအားများအပြည့်ပါဝင်နေသည်။

အကယ်၍ တစ်ခြားသူများသာ သူတို့အဆင့်ချိုးဖျက်နေစဥ်တွင် ဤကဲ့သို့အသံမျိုးနှင့် နှောက်ယှက်ခြင်းခံရပါက အဆင့်တတ်ရောက်နိုင်ရန်ကျရှုံးပြီး အတွင်းဒဏ်ရါပင်ရရှိနိုင်ပေသည်။ ထိုကျရှုံးမှုကြောင့်ရရှိခဲ့သောဒဏ်ရါကို သူတို့၏ဘဝသက်တမ်းတလျှောက် ပြန်လည်ကုစားရန် အလွန်ခက်ခဲပေမည်။

လုယွီက စိတ်မကြည်မသာဖြစ်သွားလေ၏။ ထိုသူများသည် သူ၏ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်ရေးအခန်းကိုဝင်လာရုံသာမက သူ၏စိတ်ဝိညာဥ်စွမ်းအင်များကိုပင် လုယူချင်စိတ်ရှိနေကြသည်။ သူ၏ကျင့်ကြံခြင်းကို နှောက်ယှက်ရုံသာမက ဖြောင့်မတ်မှန်ကန်ရန်ပင် လာရောက်သင်ကြားပေးနေ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်ကိုကြည့်ပြီး သူ၏အသံက အရာဝင်သွားကြောင်းကို ဖန်ဖမ်းသိရှိလိုက်သည်။

"စိတ်ဝိညာဥ်စွမ်းအင်လှိုင်းတွေက မင်းတစ်ယောက်တည်း ထိန်းသိမ်းထားလို့ရတဲ့အရာတစ်ခုမဟုတ်ဘူး....ငါတို့အပြင်ကိုပြန်ရောက်တာနဲ့ မင်းရဲ့အကြောင်းကို ငါက စာတစ်ပုဒ်ရေးပြီး ကျောင်းတော်တစ်ခုလုံးကိုဖြန့်ဝေပေးမယ်...တစ်ကယ်လို့ မင်းက ဒီစိတ်ဝိညာဥ်စွမ်းအင်တွေကို မြန်မြန်လက်မလွှက်ဘူးဆိုရင်...ကျောင်းတော်မှာ မင်းတစ်ယောက်တည်းရပ်တည်နိုင်မလားဆိုတာ စဥ်းစား....."

ဖန်ဖမ်းက လုယွီအား ခြိမ်းခြောက်နေလေ၏။

လုယွီကမူ ဖန်ဖမ်းကို အာရုံထားခြင်းမရှိပေ။ ယခုအချိန်တွင် သူ၏မရီးဒါန်းများ၌ စိတ်ဝိညာဥ်စွမ်းအင်များပြည့်နှက်နေသဖြင့် ဖန်ဖမ်းအားစကားတုန့်ပြန်ပြောရန် သူ၌အချိန်မရှိချေ။

လုယွီထံသို့ စိတ်ဝိညာဥ်စွမ်းအင်များ တစ်လှိုင်းပြီးတစ်လှိုင်းစီးဝင်နေပြီးနောက် သူ၏ရွှေရောင်အမြူတေသည်လည်း ပုံပေါ်နေပြီဖြစ်ပေ၏။

"ဟိတ်ကောင်...မင်း ငါပြောနေတာမကြားဘူးလား"

ဖန်ဖမ်းသည် အလွန်အမင်းဒေါသထွက်နေ၏။ လုယွီ၏ရွှေရောင်အမြူတေ ပုံစံပေါ်နေခြင်းကိုကြည့်ပြီး ဖန်ဖမ်း၏မျက်လုံးများက မနာလိုမှုများကြောင့် ဝင်းဝင်းတောက်နေလေသည်။

"မင်းက အမြူတေဖွဲ့စည်းချင်တာလား...မင်းလို စက်ဆုပ်ဖို့ကောင်းတဲ့ကောင်ကို ငါက အောင်မြင်ခွင့်မပြုနိုင်ဘူး"

ဖန်ဖမ်းက ကြုံးဝါးလိုက်သည်။

Chapter 274

ဖန်ဖမ်းက စကားပြောဆိုပြီးသည်နှင့် ကျယ်လောင်စွာအော်ဟစ်ပြီး လုယွီအားဖမ်းဆွဲလိုက်သည်။ ဤအချိန်တွင် ဖန်ဖမ်းက သူ၏ကျန်းချီများကို သူ့လက်၌ထည့်သွင်းထားခဲ့သည်။ သူ၏လက်သာ လုယွီပေါ်သို့ ကျရောက်သွားပါက အပြင်းအထန်ဒဏ်ရါရရှိမည်မှာ သေချာပေသည်။

ဘန်း...

ဖန်ဖမ်းက လုယွီ၏ဒန်တျန်နေရာသို့ ဦးတည်၍ ကုတ်ဆွဲလိုက်ခြင်းဖြစ်သည်။ သူ၏လက်ဝါးတွင် စွမ်းအားပြည့်ထည့်သွင်းထားပြီး အင်အားပြည့်အသုံးပြုလိုက်ခြင်းဖြစ်ပေ၏။

"စီနီယာအကိုဖန်ဖမ်း....ဒီလိုအကျင့်မကောင်းတဲ့ကောင်ကို အသက်ရှင်ရက်ထားမနေနဲ့....အသက်ရှင်နေရင်တောင် ငါတို့က စည်းမျဥ်းခန်းမကို သတင်းပို့ပြီး ဒီကောင်ကိုမောင်းထုတ်ခိုင်းကြရအောင်"

ဖန်ဖမ်း၏နောက်လိုက်တစ်ယောက်က ဝင်ရောက်၍အားပေးအားမြှောက်ပြုနေလေ၏။

ဖန်ဖမ်းက လက်ဝါးချက်ဆန့်ထုတ်လိုက်ချိန်တွင် သူက လုယွီထံမှတန်ပြန်အားတစ်ခုကို ရုတ်တရက်ခံစားမိသည်။ ထိုတန်ပြန်အားသည် ဖန်ဖမ်းခုခံနိုင်သည့် အကန့်အသတ်ကိုကျော်လွန်နေသည့် အင်အားမျိုးဖြစ်သည်။ ထို့ကြောင့် ဖန်ဖမ်းက သူ၏လက်ဝါးကိုရုတ်သိမ်းရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်၏။

"ငါက မင်းတို့ကောင်တွေကို လျစ်လျှူရှုထားပေမယ့်...မင်းတို့က ပိုပိုပြီးအတင့်ရဲလာကြတယ်"

လုယွီက တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်သည်။ ရုတ်တရက် လုယွီက သူ၏မျက်လုံးများကိုဖွင့်လိုက်လေ၏။ ဓားတစ်ချောင်းကိုဓားအိမ်မှ ဆွဲထုတ်လိုက်သကဲ့သို့ လုယွီ၏အရှိန်အဝါသည်တဟုန်ထိုးမြင့်တတ်လာခဲ့သည်။

အချိန်တပြိုင်နက်တည်းမှာပင် လေထုအတွင်း၌ လှည့်ပတ်နေသောစိတ်ဝိညာဥ်စွမ်းအင်လှိုင်းများသည် လုယွီ၏အပြည့်အဝဝါးမြိုခြင်းကို ခံလိုက်ရသည်။

လူတိုင်း အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။ ထိုကောင်လေးက လူသားတို့မလုပ်ဆောင်နိုင်သောကိစ္စကို လုပ်ဆောင်နေသည့် ဒဏ္ဏါရီလာမွန်းစတားကြီးတစ်ကောင်ဟုသာ လူတိုင်းက တွေးတောနေကြသည်။

ဤကဲ့သို့ထိတ်လန့်တုန်လှုပ်ဖွယ် စိတ်ဝိညာဥ်ဒီရေလှိုင်းများကို သင်္ကေတနယ်ပယ်များမှဆရာသခင်များ ဝါးမြိုနိုင်ရန်ပင် အချိန်အတော်ကြာညောင်းပေမည်။ မည်သည့်နည်းဖြင့် ထိုကောင်လေးက တစ်ကြိမ်တည်းဖြင့်ဝါးမြိုခဲ့သနည်း။

လူတိုင်း၏မျက်စိရှေ့မှာပင် လုယွီ၏နဖူးပေါ်၌ ရွှေရောင်အမြူတေတစ်ခုရှိနေလေ၏။ ထိုရွှေရောင်အမြူတေ၏မျက်နှာပြင်ပေါ်တွင် အလွန်တောက်ပသည့် ရွှေရောင်နဂါးအမှတ်အသားသုံးခုရှိနေသည်။

ရွှေရောင်အမြူတေ တတိယအဆင့်....

လုယွီ၏စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းထားမှုများသည် အဆင့်ငယ်များအား ခုန်ပျံကျော်လွှား၍ မြင့်တတ်စေခဲ့သည်။ ယခုကဲ့သို့အဆင့်တတ်ရခြင်းမှာ လုယွီ၏အချိန်မရွေး ကြိုတင်ပြင်ဆင်ထားမှုများကြောင့်ဖြစ်ပေ၏။

လုယွီ၏ရွှေရောင်အမြူတေ ပေါ်ထွက်လာချိန်တွင် အစွမ်းထက်ပြီးဖိနှိပ်နိုင်သည့် အရှိန်အဝါက ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ လုယွီက ခြေတစ်ချက်ဆောင့်နင်းလိုက်ချိန်တွင် ကျင့်ကြံခြင်းမျှော်စင်ထိပ်ဆုံးထပ်၏ကြမ်းပြင်တစ်ခုလုံး တုန်ခါသွားလေသည်။

"သောက်ကျင့်မကောင်းတဲ့ကောင်...မင်းက ငါကိုတောင် ပြန်တိုက်ခိုက်ဝံ့တယ်ပေါ့"

ဖန်ဖမ်းက ဒေါသတကြီးအော်ဟစ်လိုက်၏။

လုယွီက မျက်မှောင်ကြုတ်လိုက်မိသည်။ သမင်ဖြူကျောင်းတော်တွင် ဤကဲ့သို့လူစားမျိုးရှိမည်ဟု သူ မျှော်လင့်မထားချေ။ သိသာထင်ရှားစွာပင် သူက လေ့ကျင့်ရေးအခန်းသို့ ပထမဦးဆုံးရောက်ရှိသူဖြစ်ပြီး ထိုသူများက နောက်မှရောက်လာပြီး သူ၏စိတ်ဝိညာဥ်စွမ်းအင်များကို လုယူရန်ကြိုးစားခဲ့ရုံသာမက သူ၏အဆင့်ချိုးဖျက်မှုကိုပင် ဖျက်ဆီးရန်ကြိုးစားခဲ့သည်။

အကယ်၍ လုယွီ၏အခြေခံကသာ ကျစ်လျစ်သိပ်သည်းခြင်းမရှိပါက ဖန်ဖမ်း၏လုပ်ရပ်သည် အောင်မြင်သွားမည်မှာ မလွဲဧကန်ပင်။

"ဒီလို စိတ်ဝိညာဥ်ဒီရေလှိုင်းမျိုးကို မင်းက တစ်ယောက်တည်းဝါးမြိုခဲ့တယ်...မင်းရဲ့ကျင့်ကြံခြင်းချိုးဖျက်မှုကိုကြည့်ရင် အဆင့်သုံးဆင့်ပဲတိုးတတ်ခဲ့တယ်...တစ်ကယ်လို့ ငါတို့အကုန်လုံးသာ မျှဝေအသုံးပြုခဲ့မယ်ဆိုရင် လူတိုင်းက အဆင့်ချိုးဖျက်နိုင်ကြလိမ့်မယ်"

"အရှက်မဲ့တဲ့ လူရမ်းကား...ကောင်းမွန်တဲ့အရာတွေကို သူများတွေနဲ့မျှဝေအသုံးပြုရမယ်ဆိုတာ မင်းမသိဘူးလား...ငါက စည်းမျဥ်းခန်းမကိုသွားပြီး မင်းကိုတိုင်တန်းပစ်မယ်"

တပည့်အုပ်စုက အော်ဟစ်နေကြ၏။

သို့သော် လုယွီကမူ ထိုအသံများကို ယင်ကောင်များဝဲနေသံကဲ့သို့သာ မှတ်ယူထားသည်။ ရုတ်တရက် လုယွီက ဖန်ဖမ်းထံသို့ဦးတည်၍ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

ဖန်ဖမ်းသည် မည်သည့်တုန့်ပြန်မှုမျှမပြုလုပ်နိုင်တော့ဘဲ မရှောင်နိုင်တော့ချေ။ အချိန်မဆိုင်းဘဲသူ၏ပါးအား ရိုက်နှက်ခြင်းကို ခံလိုက်ရတော့သည်။

'ဖြန်း...."

လုယွီက ဖန်ဖမ်း၏ပါးကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ခြင်းဖြစ်သည်။

"မင်းက ငါပါးကို ရိုက်ရဲတယ်ပေါ့"

ဖန်ဖမ်းက အလွန်ပင်ဒေါသထွက်နေ၏။ သူက ဝမ်ဟွာကျောင်းဆောင်၏တပည့်ခေါင်းဆောင်ဖြစ်ပြီး ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းခံရသူဖြစ်သည်။ သူကို ဤကဲ့သို့ ဆတ်ဆံခြင်းခံရသင့်သလော။

သို့သော် နောက်ထပ်အချိန်တခဏအကြာမှာပင် ဖန်ဖမ်း၏ရှေ့၌ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာ၏။

"မင်းက တိုက်ခိုက်ရဲသေးတာလား...ဟား ဟား ဟား....မင်းရဲ့အမြူတေဖွဲ့စည်းခြင်းနယ်ပယ် တတိယအဆင့်လောတ်နဲ့ ငါရှေ့မှာလာပြီး ရိုင်းပျဝံ့တယ်ပေါ့"

ဖန်ဖမ်းက လုယွီက တဟုန်ထိုးပြေးဝင်လာသည်ကိုမြင်ချိန်၌ သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ရယ်မောလိုက်သည်။

ဖန်ဖမ်း၏နဖူးမှ အလွန်အမင်း လင်းလက်တောက်ပနေသည့် ရွှေရောင်အမြူတေတစ်ခုထွက်ပေါ်လာလေ၏။ ထိုရွှေရောင်အမြူတေ၏မျက်နှာပြင်တွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နဝမအဆင့်၏သင်္ကေတဖြစ်သော သစ်ရွက်ကိုးရွက်ပါရှိပေသည်။

လုယွီနှင့်ဖန်ဖမ်းတို့ တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်တွေ့နေကြသည်။

"မင်းက ငါရဲ့အဆင့်ချိုးဖျက်မှုကိုနှောက်ယှက်ဖို့ ကြံစည်ရဲမှတော့...အခုက အပြစ်ပေးခံရမယ့်အချိန်ပဲ...နောက်တစ်ခါဆို သေဖို့အခေါင်းပြင်ထား"

လုယွီက လေးလေးနက်နက် ပြောဆိုလိုက်၏။

"မင်း..ဘာပြောတာ....."

ဖန်ဖမ်း၏ပါးစပ်ဖွင့်ဟလိုက်သည်နှင့် လေးလံသောဖိအားတစ်ရပ်က သူ၏လက်မောင်းပေါ်သို့ ကျဆင်းလာခဲ့သည်။ ထိုဖိအားသည်အလွန်အမင်းပြင်းထန်ပြီး ဖန်ဖမ်း၏အရိုးများကျိုးပဲ့သွားကာ သူ၏လည်ပင်းရိုးပင် ကျိုးလုနီးပါးဖြစ်သွားလေ၏။

ခရက်....

အက်ကွဲသံတစ်သံနှင့်အတူ ဖန်ဖမ်း၏ဒန်တျန်သည် လုယွီ၏ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

Chapter 275

"မင်း....မင်းက ငါရဲ့ဒန်တျန်ကို ဖျက်ဆီးပစ်တယ်ပေါ့"

ဖန်ဖမ်းသည် အံ့အားသင့်မှုများနှင့်ဒေါသထွက်မှုများ ရောယှက်နေပြီး လုယွီအား မုန်းတီးစွာဖြင့်ကြည့်နေလေ၏။

ကျင့်ကြံသူတစ်ယောက်၏ဒန်တျန်သည် ဖျက်ဆီးခြင်းခံရပါက ပြန်လည်ကုသရန်အခွင့်အရေးရလျှင်ပင် ယခင်ထက်များစွာဆိုးရွားသွားပေလိမ့်မည်။

"သောက်ရှက်မရှိတဲ့ သူခိုးကောင်...မင်းက ငါတို့စီနီယာအကို တိုက်ခိုက်ဖို့အဆင်သင့်မဖြစ်သေးတာကို အခွင့်ကောင်းယူသွားတယ်...မင်းလို ကောတ်ကျစ်ယုတ်မာတဲ့သူမျိုး ဒီကျောင်းတော်မှာရှိတယ်ဆိုတာ ငါခုထိမယုံနိုင်သေးဘူး....ဖြစ်နိုင်တာတော့ မင်းကကျောင်းတော်ကို သရုပ်မှန်ဖုံးကွယ်ပြီးဝင်လာတဲ့ နတ်ဆိုးကျင့်ကြံသူပဲဖြစ်ရမယ်"

ထိုအချိန်တခဏတွင် ဖန်ဖမ်း၏နောက်လိုက်တပည့်များသည် သူတို့ကိုယ်သူတို့ဖြောင့်မတ်မှန်ကန်ပုံဖြင့် လုယွီအားကြည့်၍ အော်ဟစ်နေကြသည်။

"မင်းတို့ဘာလို့ ဒီလေါတ်ထိပွက်လောရိုက်နေကြတာလဲ...တစ်ယောက်ယောက်က သူအတွက်ရပ်တည်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင်....ထရပ်လိုက်စမ်း"

လုယွီက ဖန်ဖမ်းအားလက်ညွှိုးညွှန်၍ ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်၏။

အစောပိုင်းကပင် ကျယ်လောင်စွာအော်ဟစ်နေကြသော တပည့်များသည် ယခု သူတို့၏ဦးခေါင်းများကို နောက်သို့လှည့်သွားကြတော့သည်။ ယခုအချိန်တွင် မည်သူကမျှခေါင်းမထောင်ဝံ့ချေ။ ယခုလက်ရှိ လုယွီ၏ကြမ်းတမ်းသောနည်းလမ်းသည် သူတို့အားဆွံ့အသွားစေသည်။ သူတို့သည် ဖန်ဖမ်း၏ပြိုင်ဘက်ပင် မဖြစ်နိုင်ခဲ့သဖြင့် လုယွီဆိုလျှင် သာ၍ပင်ဆိုးပေမည်။

လုယွီက ထိုလူအုပ်စုကိုကြည့်မိချိန်တွင် သူက မအောင့်အည်းနိုင်တော့ဘဲ အနည်းငယ်ရယ်ချင်စိတ်ပေါတ်လာလေသည်။ ထိုလူအုပ်စုသည်လည်း သူ၏လေ့ကျင့်ခြင်းမှရရှိသည့် အကျိုးအမြတ်ကို ခိုးယူချင်ရုံသာမက သူ၏ကျင့်ကြံဆင့်ချိုးဖျက်ခြင်းကိုလည်း အနှောက်အယှက်ပေးသည်မှာ သိသာထင်ရှားပေ၏။ ယခုလက်ရှိတွင်မူ သူတို့ကပင် သူ့အား စွပ်စွဲပြစ်တင်နေကြသည်။

"သူကိုခေါ်ပြီး ဒီနေရာကထွက်သွားကြစမ်း"

လုယွီက ခက်ထန်တင်းမာစွာဖြင့် အော်ဟစ်လိုက်သည်။

တပည့်အုပ်စုသည် ဤနေရာ၌ဆတ်လက်မနေဝံ့ကြတော့သဖြင့် စိုးရိမ်ဖွယ်အနေအထားသို့ရောက်ရှိနေသော ဖန်ဖမ်းအားခေါ်ဆောင်ပြီး ထွက်ခွါသွားတော့သည်။

လုယွီ၏စိတ်ပြောင်းလဲနေမှုကြောင့်သာ ထိုသူများအသက်ရှင်နေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် လုယွီ၏အဒေါ်ဖြစ်သူတည်ထောင်ထားသည့် ကျောင်းတော်မှလူများဖြစ်သဖြင့် သူက လူအမြောက်အမြားသတ်ဖြတ်လိုစိတ်မရှိချေ။

ရုတ်တရက် လုယွီ၏မျက်လုံးများသည် ထိပ်တန်းလေ့ကျင့်ရေးခန်း၏ ထောင့်တစ်နေရာစီသို့ ကျရောက်သွားသည်။ ထိုထောင့်နေရာတွင် အလင်းရောင်တန်းတစ်ခုထုတ်လွှတ်ထားပြီး ကြည့်ရပုံမှာ လျှို့ဝှက်ဖုံးကွယ်ထားသည့်ဝင်္ကပါငယ်တစ်ခုရှိပုံရသည်။

*****

ဝင်္ကပါထိန်းချုပ်ခန်းအတွင်း၌....

"စီနီယာအကို...သူကိုကြည့်ရတာ ကျွန်တော်တို့ကို ရှာတွေ့သွားပြီထင်တယ်"

ဆရာသခင်လို့၏တပည့်တစ်ယောက်က တုန်ရီနေသောအသံဖြင့်ပြောဆိုလိုက်၏။

ဟူဖျင်က အံတင်းတင်းကြိတ်ရင်းမှ ပြန်လည်ပြောဆိုလိုက်လေ၏။

"ဘာမှမဖြစ်နိုင်ဘူး...ဒီဝင်္ကပါက ဆရာသခင်ကိုယ်တိုင်ခင်းကျင်းထားခဲ့တာ...သူက ဝင်္ကပါကိုရှာတွေ့ ရင်တောင်မှ ငါတို့ကိုမတွေ့နိုင်ဘူး"

ဟူဖျင်သည်လည်း အမှန်တစ်ကယ်ပင် ကြောက်ရွံထိတ်လန့်နေလေသည်။ ဖန်ဖမ်းကဲ့သို့ သူသည်လည်း အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နဝမအဆင့်ဖြစ်သော်လည်း သူ၏ခွန်အားသည် ဖန်ဖမ်းထက်အားနည်းပေ၏။

"ဒီ ကောင်စုတ်လေးက အရင်ရက်အနည်းငယ်လောတ်တုန်းကတောင် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတာ...သူရဲ့ကျင့်ကြံမှုက ဘာလို့ဒီလေါတ်ထိ မြန်ဆန်နေရတာလဲ"

ဟူဖျင်က ကြောက်ရွံနေလေသည်။ သို့သော် သူ၏စိတ်အတွင်းတွင်မူ လောဘအငွေ့အသက်များလည်းရှိနေခဲ့သည်။

"ဒါ အဲ့ကောင်လေး စိတ်ဝိညာဥ်ကျောက်တုံးတွေအများကြီးသုံးစွဲပစ်လို့ မြန်မြန်တိုးတတ်လာတာများဖြစ်နေမလား...သောက်ခွေးပဲ...သူ သုံးစွဲလို့မကုန်ခင် သူရဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေကို ငါရမှဖြစ်မယ်"

ဟူဖျင်၏မျက်လုံးများသည် လောဘများဖြင့် ဝင်းဝင်းတောက်နေခဲ့သည်။

"မင်းမှာ အခွင့်အရေးမရှိတော့ဘူး"

ရုတ်တရက် တိုးညင်းပြီး လေးနက်တည်ကြည်သည့် အသံတစ်သံက ဟူဖျင်၏နောက်မှ ထွက်ပေါ်လာလေ၏။ ဟူဖျင်၏ဆံပင်မွှေးများ ထောင်ထသွားပြီး အသံနှင့် ဆန့်ကျင်ဘက်အရပ်ထံသို့ အလျှင်အမြန်ထွက်ပြေးလိုက်သည်။ သို့သော် သူက အနည်းငယ်နောက်ကျသွားခဲ့သည်။

"မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"

လုယွီက ချက်ချင်းဆိုသလိုပင် သူ၏လက်ကိုတန့်ထုတ်လိုက်သည်။

"နဂါးနက် လက်သည်း"

လုယွီ၏လက်ဝါးအတွင်းတွင် ပိန်းပိတ်သည်အထိနက်မှောင်နေသောကျန်းချီများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ၏လက်ဝါးမှ နဂါးနက်လက်သည်းပုံရိပ်က လေထုအတွင်းထွက်ပေါ်လာပြီး ဟူဖျင်အားဦးတည်၍ ကုတ်ဆွဲလိုက်လေ၏။

"ကောင်လေး...မင်း အရမ်းမောက်မာမလာနဲ့နော်"

ဟူဖျင်က ဒေါသအလွန်ထွက်သွားပြီးနောက် သူ၏လက်ချောင်းများကိုမြှောက်လိုက်ချိန်တွင် ဓားပျံတစ်ချောင်းက သူ့ရှေ့၌ ထွက်ပေါ်လာခဲ့သည်။

လုယွီက ရှေ့သို့တိုးလိုက်ပြီးနောက် ဟူဖျင်၏ဓားပျံကို သူ၏လက်သီးဖြင့်ထိုးနှက်လိုက်သည်။

ဘုန်း....

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ဟူဖျင်သည် နောက်သို့ခြေလှမ်းများစွာ ဆုတ်ခွါလိုက်ရပြီး ကြမ်းပြင်ပေါ်၌ သူ၏နက်ရှိုင်းသည့်ခြေဖဝါးရာစွပ်ကြောင်းကြီးပင် စွဲထင်ကျန်ခဲ့သည်။

"ဝင်္ကပါ အကာအကွယ်"

ဟူဖျင်က သူ၏နံဘေးရှိဝင်္ကပါထံသို့ လက်ညွှိုးညွှန်၍ အော်ဟစ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဟူဖျင်၏နံဘေးရှိ ဝင်္ကပါသည်အနည်းငယ်တုန်ခါသွားပြီးနောက် မြောက်မြားစွာသည့်အလင်းရောင်တန်းများက သူခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာလေ၏။

"ဒါက ငါ့ဆရာသခင် ခင်းကျင်းထားတဲ့ဝင်္ကပါပဲ...မင်း ဒီနေရာကိုလာနိုင်မှာမဟုတ်ဘူး"

ဟူဖျင်၏ပါးစပ်တွင် သွေးများပေပွနေပြီး သူကိုကြည့်ရသည်မှာ ရူးသွပ်နေသောနတ်ဆိုးတစ်ကောင်ဖြင့်ပင်တူညီနေသည်။

ဟူဖျင်က ဝင်္ကပါကိုထိန်းချုပ်ပြီးသည်နှင့် သူ၏ဂျူနီယာများကို အော်ဟစ်ပြောဆိုလိုက်သည်။

"မင်းတို့ အဲ့ဒီနေရာမှာဘာရပ်လုပ်နေကြတာလဲ...ဒီလူရမ်းကားကိုဖမ်းဆီးဖို့ စည်းမျဥ်းခန်းမက လူတွေကို သွားခေါ်ကြစမ်း"

ဆရာသခင်လို့၏တပည့်များသည် ဟူဖျင်၏စကားကိုနာခံပြီး ထွက်ခွါသွားကြတော့သည်။

"ဟား ဟား...မင်းက အရမ်းသန်မာတယ်မလား...လာပြီး ငါကိုသတ်စမ်းပါ"

ဝင်္ကပါအတွင်းမှနေ၍ ဟူဖျင်က လှောင်ပြောင်သရော်နေလေ၏။

"ကောင်းပြီလေ...မင်းဆန္ဒပြည့်စေရမယ်"

လုယွီ၏မျက်လုံးများတောက်ပသွားပြီးနောက် သူ၏ခြေထောက်ကို မြှောက်လိုက်သည်။ ထို့နောက် သူက ဝင်္ကပါအတွင်းသို့ အေးဆေးတည်ငြိမ်စွာပင် ဝင်ရောက်သွားတော့သည်။

All Chapters