အခန်း (၂၇၆-၂၈၀)
Vol. 16-20 Ch. 276-280
Chapter 276
လုယွီက ဝင်္ကပါအတွင်းသို့ဝင်ရောက်ပြီးသည်နှင့် ဟူဖျင်ထံသို့ တည့်မတ်စွာလျှောက်လှမ်းသွားလိုက်သည်။
"မင်း...မင်း ဘယ်လိုလုပ်ပြီးအထဲကို ဝင်လာတာလဲ"
ဟူဖျင်၏အသံသည် တုန်ခါနေလေ၏။ ဤဝင်္ကပါသည် သူ၏ဆရာသခင်ကိုယ်တိုင်ကိုယ်ကျ ခင်းကျင်းထားခြင်းဖြစ်သည်။ ပြောကြသည်မှာ ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူပင်လျှင် ဝင်္ကပါကိုချိုးဖျက်ရန်မဖြစ်နိုင်ဟု သူကြားသိခဲ့သည်။
မည်သည့်နည်းဖြင့် သူက လွယ်လင့်တကူ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သနည်း။
"ဒါကို ဝင်္ကပါတစ်ခုလို့ မင်းထင်နေတာလား...ဒီအခင်းအကျင်းက အရမ်းနုံချာပြီး အားနည်းချက်တွေအပြည့်ပဲ"
လုယွီက လှည့်ပတ်ကြည့်ရှုနေရင်းမှ ခေါင်းခါယမ်းလိုက်၏။ သူ၏ရှေ့မှဝင်္ကပါသည် ကြီးမားသည့်ဝင်္ကပါကြီးအဖြစ် ယူဆ၍မရနိုင်ချေ။ ၎င်းဝင်္ကပါတစ်ခုလုံးသည် နည်းပါးသည့်သင်္ကေတများဖြင့်ဖွဲ့စည်းခင်းကျင်းထားသော ဝင်္ကပါငယ်တစ်ခုသာဖြစ်ပေ၏။
အတိတ်ဘဝတုန်းက မြေအောက်၁၈လောကတွင် ဝင်္ကပါကိုစတင်သင်ယူသည့် အလုပ်သင်တစ်ယောက်ပင်လျှင် ဤဝင်္ကပါထက်ကောင်းမွန်အောင် ခင်းကျင်းနိုင်ပေသည်။
"ဒီလိုဟာမျိုးကိုသုံးပြီး ကျင့်ကြံခြင်းမျှော်စင်တစ်ခုလုံးကိုထိန်းသိမ်းထားတယ်ပေါ့...မင်းတို့ကောင်တွေ ဘယ်လိုစဥ်းစားနေတာလဲဆိုတာ ငါတကယ်နားမလည်နိုင်ဘူး...အဲဒါတွေထက် ငါရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ထိပ်တန်းလေ့ကျင့်ရေးခန်းရဲ့တံခါးကို တခြားသူတွေအသုံးပြုနိုင်အောင် မင်းက ဖွင့်ပေးလိုက်တယ်ပေါ့"
လုယွီက သူ၏ခေါင်းကိုသာ ခါယမ်းနေလေ၏။
"မင်း...မင်း အဓိပ္ပါယ်မရှိတာတွေမပြောစမ်းနဲ့"
ဟူဖျင်၏နှလုံးသားသည် အက်ကွဲလုမတတ်ခုန်နေခဲ့သည်။
လုယွီက ဟူဖျင်ကို အေးတိအေးစက်တစ်ချက်ကြည့်ပြီးနောက် သူ၏လက်ကို ဝင်္ကပါအစီအရင်ပေါ်သို့ တင်လိုက်သည်။
"ကောင်းပြီလေ...ဒီလိုစုတ်ပြန်နေတဲ့ဝင်္ကပါကိုတော့...ငါ ဒီနေ့ဖျက်ဆီးပစ်ရလိမ့်မယ်"
ဝင်္ကပါကြီးပေါ်သို့ လုယွီ၏လက်တင်ပြီးသည်နှင့် ကွဲအက်နေသောအသံများထွက်ပေါ်လာသည်။ ထို့နောက် ကျင့်ကြံခြင်းမျှော်စက်တစ်ခုလုံးအားထိန်းသိမ်းထားသည့် ဝင်္ကပါကြီးသည် ပေါက်ကွဲသံများနှင့်အတူ အက်ကွဲကြောင်းများမြောက်များစွာ ဖြစ်ပေါ်သွားခဲ့သည်။
"သူ ဘာလုပ်ချင်နေတာလဲ"
"နတ်ဘုရားများ...သူက ဝင်္ကပါကိုဖျက်ဆီးချင်နေတာလား...သူ ရူးများရူးနေတာလား"
အစောပိုင်းက ထိန်းချုပ်ခန်းအတွင်းမှ ထွက်ခွါရန်နောက်ကျနေသည့်တပည့်များသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသော်လည်း ရှေ့သို့ခြေလှမ်းထပ်မံ၍မတိုးဝံ့ကြချေ။
လုယွီက သူ၏လက်ဖြင့်ဆုတ်ဖြဲလိုက်သည်တွင် ကျိုးပဲ့သွားသောဖန်ခွက်တစ်ခွက်ကဲ့သို့ ဝင်္ကပါကြီးတစ်ခုလုံး ပေါတ်ကွဲသွားတော့သည်။ ဝင်္ကပါကြီးပေါတ်ကွဲသွားသည်နှင့် ကျင့်ကြံခြင်းမျှော်စင်တစ်ခုလုံး အက်ကွဲသံများဖြင့်တုန်ခါသွားလေ၏။
"ဘာတွေ ဖြစ်နေတာလဲ"
"လေ့ကျင့်ရေးခန်းထဲက စိတ်ဝိညာဥ်စွမ်းအားတွေက ရုတ်တရက်အဆများစွာတိုးလာတာကို ငါခံစားမိတယ်"
လေ့ကျင့်ရေးခန်းများအတွင်း၌ ကျင့်ကြံနေကြသည့်တပည့်များသည် ချက်ချင်းပင်နိုးကြွလာကြ၏။
ကျင့်ကြံခြင်းမျှော်စင်တုန်ခါမှုကြောင့် စိတ်ဆိုးဒေါသထွက်နေကြသည့် တပည့်များသည် ရုတ်တရက် သူတို့၏ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များ အဆများစွာတိုးလာသည်ကိုအာရုံခံစားမိချိန်တွင် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ အပျော်လွန်သွားကြ၏။ လေ့ကျင့်ရေးခန်းအတွင်းရှိစိတ်ဝိညာဥ်စွမ်းအင်များသည် အနည်းဆုံးနှစ်ဆတိုးသွားလေသည်။
ကျိုးပဲ့ပျတ်စီးနေသောဝင်္ကပါကြီးကို မြင်ချိန်တွင် ဟူဖျင်၏မျက်နှာသည် ဖြူရော်သွားခဲ့သည်။ အပေါ်ယံတွင် ဆရာသခင်လို့သည် ကျင့်ကြံခြင်းမျှော်စင်ကိုကာကွယ်ရန်ဟူသောအကြောင်းပြချက်ဖြင့် ဝင်္ကပါကိုခင်းကျင်းခဲ့ခြင်းဖြစ်သော်လည်း အဓိကအကြောင်းမှာ ဤဝင်္ကပါဖြင့်ကျင့်ကြံခြင်းမျှော်စင်မှ စိတ်ဝိညာဥ်စွမ်းအားများကို သူ၏ခြံဝန်းအတွင်းသို့ဆွဲယူထားခြင်းသာ ဖြစ်ပေ၏။
ထိုအကြောင်းကိစ္စများကို မည်သူကမျှမသိရှိခဲ့ပေ။ ဤကဲ့သို့ကိစ္စမျိုးလည်း ယနေ့တွင် ဖြစ်ပွါးမည်ဟု မည်သူကရော သိရှိနိုင်မည်နည်း။
"မင်း စောင့်နေ....ငါရဲ့ဆရာသခင်က မင်းကိုခွင့်လွှက်မှာမဟုတ်ဘူး"
ဟူဖျင်၏မျက်လုံးများတွင် လုယွီအားမုန်းတီးသည့်အရိပ်အယောင်များ ထင်ဟပ်နေလေသည်။
လုယွီကမူ ဂရုပင်မစိုက်ချေ။
"ဘာလဲ...မင်းတို့ကိစ္စတွေပေါ်ပေါတ်သွားလို့ ရှက်ရွံပြီး ဒေါသထွက်နေတာလား....ဒီနှစ်တွေမှာ ကျင့်ကြံခြင်းမျှော်စင်ကနေ မင်းတို့စိတ်ဝိညာဥ်စွမ်းအင်တွေ ဘယ်လောတ်ပဲခိုးယူသုံးစွဲထားပါစေ ငါအလုပ်မဟုတ်ဘူး...ဒါပေမယ့် ငါရဲ့ကျင့်ကြံနေတဲ့အချိန်ကို လာပြီးနှောက်ယှက်တဲ့အတွက် မင်းကို ငါခွင့်မလွှက်နိုင်ဘူး"
လုယွီက ဟူဖျင်အား ပါးရိုက်လိုက်လေ၏။
"ရွှေရောင်အမြူတေ အကာအကွယ်"
ဟူဖျင်က ထိတ်လန့်တကြားအော်ဟစ်ပြီးနောက် သူ၏နဖူးပေါ်၌ ရွှေရောင်အမြူတေက မျောလွင့်ထွက်ပေါ်လာသည်။ ဟူဖျင်အား ရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားပေ၏။
လုယွီက ဟူဖျင်ကဲ့သို့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နဝမအဆင့်ကျင့်ကြံသူ၏ အကာအကွယ်ကို အမှုထားခြင်းမရှိပေ။
"ရပ်လိုက်စမ်း"
ရုတ်တရက် လုယွီ၏ရှေ့သို့ လူရိပ်တစ်ရိပ်ရောက်ရှိလာ၏။ ထို့နောက် လုယွီ၏နဖူးနှင့် တစ်ထွာခန့်အကွာအား ဓားရှည်တစ်ချောင်းကချိန်ရွယ်ထားခဲ့သည်။
လုယွီက မျက်မှောင်ကြုတ်ပြီး သူ၏လှုပ်ရှားမှုကိုရပ်တန့်လိုက်၏။ ထို့နောက် သူက ဓားရှည်အားချိန်ရွယ်၍ သူ၏လက်ညှိုးဖြင့်အသာအယာတောက်လိုက်လေသည်။
ဒေါင်....
ကြည်လင်သောအသံတစ်သံနှင့်အတူ လုယွီ၏တောက်ထုတ်မှုကြောင့် ဓားရှည်ကိုင်ဆောင်ထားသူသည် လွင့်ထွက်သွားလေ၏။
"နင်က ငါအမေနဲ့ဆွေမျိုးတော်စပ်မှုကိုအသုံးချပြီး သူများတွေကိုအနိုင်ကျင့်တဲ့နေရာမှာ တော်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
လုယွီ၏ရှေ့၌ လုရွှမ်အာက မတ်တတ်ရပ်နေခဲ့သည်။ သူမ၏လက်တွင် ဓားရှည်တစ်ချောင်းကိုင်ဆောင်ထားပြီး ဓားချွန်တစ်ချောင်းကဲ့သိူ့စူးရှရှမျက်လုံးများနှင့် လုယွီအား မုန်းတီးစွာကြည့်ရှုနေလေသည်။
လုယွီသည် ဤမျှအထိအရှက်ကင်းမဲ့မည်ဟု သူမထင်မထားမိချေ။ သူမမိခင်၏အခွင့်အာဏာကိုမှီခိုပြီး ကထိကရာထူးကိုယူလိုက်ရုံသာမက ထိုအဆင့်အတန်းဖြင့်ကျောင်းတော်ကတပည့်များကိုပင် အနိုင်ကျင့်နေလေ၏။
Chapter 277
လုရွှမ်အာ၏အတွေးထဲ၌...
လုယွီသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာ ရောက်ရှိသေးသော ကောင်လေးတစ်ယောက်ဖြစ်သည်။
ဟူဖျင်ကမူ ဆရာသခင်လို့၏တပည့်တစ်ယောက်ဖြစ်ပြီး အမြူတေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
လုယွီက ဟူဖျင်ကိုရိုက်နှက်နိုင်ရသည့်အကြောင်းအရင်းမှာ ကျောင်းအုပ်ကြီး၏တူဖြစ်သည်ဟူသောအဆင့်အတန်းကို ဟူဖျင်ကြောက်ရွံနေသောကြောင့်သာဖြစ်ပေမည်။
ထိုအတွေးရေယာဥ်ကြောများအတွင်း၌ လုရွှမ်အာသည် စိတ်ဆိုးဒေါသထွက်နေပေ၏။
"ငါရဲ့အမေက ကျောင်းတော်မှာမရှိတဲ့အချိန်မှာ နင်ကအခွင့်ကောင်းယူပြီးလုပ်ချင်တာလုပ်နေတယ်ပေါ့လေ...နင်လို သေမျိုးနိုင်ငံကလာတဲ့ အမှိုက်တစ်ကောင်ကများ...နင်က ဘာမှထူးထူးခြားခြားသင်ယူထားတာမရှိပေမယ့် သူများတွေကိုအနိုင်ကျင့်တဲ့နေရာမှာတော့ထူးချွန်ပုံပဲ"
လုရွှမ်အာက လုယွီအား ဒေါသတကြီးအော်ငေါက်လိုက်လေ၏။
လုယွီသည် လုရွှမ်အာနှင့်နေရာတိုင်းဆုံတွေ့နေရမည်ဟု မျှော်လင့်မထားမိသောကြောင့် စိတ်မကြည်မသာဖြစ်နေမိသည်။ သူက လေးနက်သောလေသံဖြင့်ပြောဆိုလိုက်၏။
"မင်းက တစ်ခုခုကိုကောက်ချက်မချခင် ကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းစစ်ဆေးပြီးမှလုပ်တာပိုကောင်းလိမ့်မယ်"
"ဟွမ့်...နင်က စကားကိုလှီးလွဲပြီး ငြင်းချင်နေတုန်းပါလား"
လုယွီအပေါ် လုရွှမ်အာ၏စိတ်နေသဘောထားသည် အလွန်အမင်းဆိုးရွားပေ၏။
လုရွှမ်အာက ခက်ထန်သောလေသံဖြင့်ထပ်မံပြောဆိုလိုက်သည်။
"ငါရဲ့ဦးလေးဖြစ်သူက ရှီထျန်းနယ်ပယ်ကျင့်ကြံဆင့်ကနေမတိုးတတ်နိုင်တဲ့ ကျင့်ကြံသူဖြစ်ပြီးတော့ သေမျိူးနိုင်ငံတစ်နိုင်ငံမှာနေတယ်လို့ ငါကြားထားတယ်...နင် သမင်ဖြူကျောင်းတော်မှာ ထင်တိုင်းကြဲနေတာတွေသာ သူသိသွားရင် ဘယ်လိုထင်လိမ့်မလဲ"
လုယွီ၏စိတ်နှလုံးသားအတွင်းမှပင် အမျက်ဒေါသထွက်သွားခဲ့သည်။ မူလစတွေ့ချိန်မှစ၍ သူကိုမှားယွင်းသည်ဟုသာ လုရွှမ်အာက အမြဲတစေပြစ်တင်နေလေသည်။
လုယွီမျက်မှောင်ကြုတ်လိုက်သည်ကိုကြည့်ပြီး လုရွှမ်အာသည်လည်း စိတ်ဆိုးဒေါသထွက်သွားပြီး အော်ဟစ်လိုက်လေ၏။
"နင်ရဲ့အခုကျင့်ကြံဆင့်နဲ့ သေမျိုးနိုင်ငံမှာဆိုရင် အောင်မြင်မှုတွေအများကြီးရနိုင်တယ်...နင်ရဲ့မိဘတွေကို နင်ဘာလို့ကောင်းကောင်းမစောင့်ရှောက်တာလဲ..အဲ့ဒီအစါး နင်က ဒီနေရာကိုလာပြီး ဒုက္ခလာပေးနေတယ်...နင်ရဲ့မိဘတွေရဲ့ကြင်နာမှုကို နင်ကဒီလိုမျိုး ပြန်ပေးဆပ်တာလား"
"ငါဘာလုပ်ရမယ်ဆိုတာကို...မင်း သင်ပေးစရာမလိုဘူး"
လုယွီက လေးနက်သောလေသံဖြင့် တုန့်ပြန်ပြောဆိုလိုက်၏။
ထိုအချိန်တွင် သူတို့နှစ်ယောက်နံဘေးနားရှိ ဟူဖျင်က တစ်စုံတစ်ခုလွဲချော်နေပြီဖြစ်ကြောင်းကို ရိပ်မိသွားခဲ့သည်။ သူက ဥာဏ်ကောင်းသောသူတစ်ယောက်ဖြစ်ပေ၏။ ရုတ်ချည်းဆိုသလိုပင် ဟူဖျင်က မတ်တတ်ထရပ်ပြီးနောက် အော်ဟစ်ပြောဆိုလိုက်သည်။
"စီနီယာအမလု....သူက ကျောင်းအုပ်ကြီးရဲ့နာမည်ကိုအသုံးချပြီး ကျွန်တော်ကိုရိုက်နှက်ခဲ့တယ်...ကျွန်တော်ပြန်ပြီး မတိုက်ခိုက်ရဲတာနဲ့ ကျွန်တော်ရဲ့ဒေါသတွေကို မျိုသိပ်ထားတာ....ကျင့်ကြံခြင်းမျှော်စင်ရဲ့ဝင်္ကပါတောင် သူကြောင့်ပျက်စီးသွားခဲ့တယ်....စီနီယာအမလု....ကျွန်တော်အတွက် တရားမျှတအောင်ဆုံးဖြတ်ပေးပါ"
လူရမ်းကားဖြစ်သည့်ဟူဖျင်က လက်ဦးမှုယူပြီး တိုင်တန်းနေလေ၏။
လုရွှမ်အာသည် လုယွီအပေါ်အမြင်ကောင်းမရှိသည့်အတွက် ဟူဖျင်၏စကားများကိုကြားချိန်တွင် သူမက ပို၍ပင်စိတ်ဆိုးဒေါသထွက်သွားခဲ့သည်။
"နားထောင်စမ်း....ငါရဲ့အမေ ကျောင်းတော်မှာမရှိရင်တောင်မှ....နင်ဒီလိုအပြစ်ကျူးလွန်နေတာတွေကို ငါခွင့်မပြုနိုင်ဘူး"
လုရွှမ်အာက သူမ၏ဓားဖြင့် လုယွီအားတည့်မတ်စွာ ချိန်ရယ်လိုက်သည်။
"ဟူဖျင် ဘာတွေလုပ်ထားလဲဆိုတာကိုရော မင်းမမေးတော့ဘူးလား"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဂျူနီယာမောက်လေး ဟူက ဆရာသခင်လို့ရဲ့တပည့်တစ်ယောက်...သူက နင်လိုစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ကောင်ထက် အများကြီးပိုသာတယ်"
လုရွှမ်အာက လုယွီအား အထင်အမြင်သေးစွာဖြင့် ပြောဆိုနေလေသည်။
ထိုအချိန်မှာပင် တံခါး၏ပြင်ပမှ တရကြမ်းတိုးဝင်လာသောခြေသံများ ထွက်ပေါ်လာလေ၏။ အဖိုးအိုတစ်ယောက်က လူအုပ်စုတစ်စုကိုဦးဆောင်၍ အခန်းအတွင်းသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။
အဖိုးအိုက အကျဥ်းထောင်ဝတ်စုံအဖြူရောင်ကို ဝတ်ဆင်ထားပြီး သူ၏မုတ်ဆိတ်မွှေးများက ရှည်လျားပြီးလေထုအတွင်း၌ လွင့်နေပေသည်။ သူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ဝင်္ကပါကို ဘယ်သူထိတာလဲ"
"အကျဥ်းထောင်ခန်းမ"
"အကျဥ်းထောင်ခန်းမ ကြီးကြပ်ရေးမှူးကို ဂါရဝပြုပါတယ်"
အခန်းအတွင်းသို့ အလျှင်စလိုဝင်လာခဲ့သောအဖိုးအိုသည် အကျဥ်းထောင်ခန်းမ၏ကြီးကြပ်ရေးမှူး ကြိုးကြာနဂါး ဖြစ်ပေသည်။
ကြိုးကြာနဂါးသည် ကျင့်ကြံရေးမျှော်စင်သို့ ဝင်ရောက်လာသည်နှင့် ကျိုးပဲ့ပျက်စီးနေသော ဝင်္ကပါကြီးကို တွေ့မြင်မိသည်။ ကြီးမားသောဝင်္ကပါကြီးသည် ပျောက်ချင်းမလှပျောက်ကွယ်သွားခြင်းကြောင့် သူက အလွန်အမင်းဒေါသထွက်နေလေ၏။
"ဘယ်ကောင်က ဝင်္ကပါကို ပျက်စီးအောင်လုပ်တာလဲ"
ကြိုးကြာနဂါးက အော်ဟစ်မေးမြန်းလိုက်၏။ သမင်ဖြူကျောင်းတော်ရှိကြီးကြပ်ရေးမှူးများကြားတွင် ကြိုးကြာနဂါးသည် သူ၏ဒေါသကြီးမားမှုကြောင့် နာမည်ကျော်ကြားပေသည်။ သာမာန်အားဖြင့် ဤအဖိုးအိုကို မည်သူကမျှ ရန်စစော်ကားဝံ့ခြင်းမရှိပေ။
ဟူဖျင်သည် အပျော်လွန်သွားခဲ့၏။ သူက လုယွီကို လက်ညွှိုးညွှန်ပြီး ပြောဆိုလိုက်သည်။
"ကြီးကြပ်ရေးမှူး ကြိုးကြာနဂါး....ဒီကောင်လေးက ဝင်္ကပါကိုဖျက်ဆီးခဲ့တာပါ....ကျွန်တော်က တားဆီးဖို့ကြိုးစားခဲ့ပေမယ့် ထိခိုကိဒဏ်ရါရရှိသွားပြီး မတားဆီးနိုင်ခဲ့ဘူး"
ဝှစ်....
ကြိုးကြာနဂါး၏ဖျတ်ခနဲ လှုပ်ရှားမှုတစ်ခုနှင့် လုယွီ၏အနားသို့ လေတိုက်ခတ်လာသကဲ့သို့ ရောက်ရှိလာလေ၏။
"မင်းလား....မင်းက ကျင့်ကြံခြင်းမျှော်စင်ရဲ့ဝင်္ကပါကို ဖျက်ဆီးပစ်လိုက်တာလား"
ကြိုးကြာနဂါးက လေးလေးနက်နက် မေးမြန်းလိုက်သည်။
လုယွီက ခေါင်းညိမ့်ဝန်ခံလိုက်လေ၏။
"ဟုတ်တယ်....ကျွန်တော်လုပ်တာ"
"ကောင်လေး...မင်း သေချင်နေတာလား"
ကြိုးကြာနဂါးက ခြေတစ်ချက်ဆောင့်လိုက်ရာ မြေပြင်တစ်ခုလုံး စတင်တုန်ခါလာခဲ့သည်။
လုယွီက ကြိုးကြာနဂါးအား တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်လေသည်။
"ခင်ဗျားက အကျဥ်းထောင်ခန်းမက အကြီးအကဲလား...."
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီးမှ ဆတ်လက်ပြောဆိုလိုက်၏။
"ဒီဝင်္ကပါကို ခင်းကျင်းထားတာက အရမ်းကို ပုံမကျတာ ကျွန်တော်မြင်မိတယ်...ဒါကြောင့် ဖျက်ဆီးပစ်လိုက်တာ"
Chapter 278
"မင်း....အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့"
လုယွီ၏စကားမဆုံးခင်မှာပင် ဟူဖျင်က အံတင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်သည်။
ဟူဖျင်၏မျက်နှာအမူအယာသည် ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူ၏မျက်လုံးများတွင် ကြမ်းကြုတ်ရက်စက်လိုမှုများ ထင်ဟပ်နေခဲ့သည်။
"မင်းက ဘာကောင်မို့လဲ...ငါ့ဆရာသခင်ရဲ့ဝင်္ကပါခင်းကျင်းထားမှုကို မင်းကဝေဖန်ဝံ့တယ်ပေါ့"
"ဒါ....အရှက်မရှိတဲ့သူခိုးကောင်ကများ....ဆရာသခင်လို့ရဲ့ဝင်္ကပါကို ဘာမှမသိဘဲနဲ့ ဝေဖန်ရဲသေးတယ်"
"သူက အပြစ်ပေးခံရမှာကြောက်ပြီး သွေးရူးသွေးတန်းနဲ့ လိမ်ညာပြောနေတာလို့ ငါ ထင်တာပဲ...ဖြစ်နိုင်တာတော့ သူ့စိတ်ထဲကနေ ပြေးဖို့ကြံစည်နေလောတ်ပြီ"
ဆရာသခင်လို့၏တပည့်များသည် လုယွီအား နံဘေးဘက်မှနေ၍ ဝင်ရောက်အော်ငေါက်နေကြ၏။ သူတို့၏စိတ်နှလုံးသားအတွင်းတွင် ဆရာသခင်လို့သည် နတ်ဘုရားအလားတည်ရှိမှုကြီးဖြစ်ပေ၏။ ဆရာသခင်လို့သည် သမင်ဖြူကျောင်းတော်တစ်ခုလုံးတွင်သာမက တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးတွင်ပင် ရှားပါးသည့်အစစ်အမှန် ဝင်္ကပါဆရာသခင်တစ်ယောက်ဖြစ်သည်။
"ဒါက ကောင်းမွန်တဲ့ ဝင်္ကပါတစ်ခုမဟုတ်ဘူးလို့ မင်းကထင်နေတာလား"
ကြိုးကြာနဂါး၏မျက်လုံးများသည် ရုတ်တရက်ကဥ်းမြောင်းသွားလေ၏။
လုယွီက ခေါင်းညိတ်ပြလိုက်သည်။
"ဒီဝင်္ကပါကိုကြည့်ရတာကောင်းမွန်နေပေမယ့် အမှန်တော့ ဒါက ယိုယွင်းနေတာတွေများလွန်းတယ်...ဒီဝင်္ကပါက ကျင့်ကြံခြင်းမျှော်စင်ကိုဘယ်လိုမှ အကာအကွယ်မပေးနိုင်ဘူး...အဲ့ဒီအစါး မျှော်စင်က စိတ်ဝိညာဥ်စွမ်းအားတွေကိုပဲ လေလွင့်စေတယ်"
"ကောင်လေး...မင်း ပေါက်ကရစကားတွေ ထပ်ပြောနေတုန်းပဲလား....မင်းက ဝင်္ကပါပညာနဲ့ပတ်သတ်ပြီး ဘာသိလို့တုန်း"
ဟူဖျင်က နံဘေးမှနေ၍ အသံမာဆတ်ဆတ်ဖြင့် ပြောဆိုလိုက်လေ၏။
လုရွှမ်အာပင်လျှင် မျက်မှောင်ကြုတ်နေလေသည်။
"လုယွီ...နင်နေရာမှာ ငါသာဆိုရင် အကုန်လုံးကို အနူးအညွတ်တောင်းပန်နေမှာ...သမင်ဖြူကျောင်းတော်ရဲ့စည်းမျဥ်းတွေက အရမ်းတင်းကြပ်တယ်...အခုချက်ချင်း နင် စည်းမျဥ်းခန်းမကိုသွားသင့်တယ်....နင်ကိုနင်သိနားလည်ပြီဆိုတာနဲ့ အပြစ်ကနေလွတ်အောင် ငါ အမေကိုပြောပေးမယ်...နင်က သမင်ဖြူကျောင်းတော်မှာပဲ ဆတ်နေချင်ရင်တောင်နေခွင့်ရမှာပါ"
လုရွှမ်အာ၏စကားများအတွင်းတွင် လုယွီအား နောင်တရစေလိုသည့် အရိပ်အငွေ့များပါဝင်နေသည်။ သူမ၏ဝမ်းကွဲဖြစ်သူသည် အလွန်ပင် စိတ်ပျက်ဖွယ်ကောင်းပေ၏။
လုယွီက ထိုသူတို့၏စကားများကို မကြားသကဲ့သို့သာ နေနေလေသည်။ သူတို့က သူကိုသူခိုးဟု ပြောကြားခဲ့သည့်အတွက် သတိပေးရုံသာပြုလုပ်ခဲ့ပြီး သူ၏ကြင်နာမှုကို လုံလောတ်စွာပြသခဲ့ပြီးဖြစ်သည်။
လုယွီက ဆရာသခင်လို့ခင်းကျင်းထားသော ဝင်္ကပါသည် ဤနှစ်များအတွင်းတွင် ကျင့်ကြံခြင်းမျှော်စင်မှ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အများစုပ်ယူပြီးသည်ကို တွေ့မြင်ခဲ့ပြီးဖြစ်ပေ၏။
ဤနေရာ၌ ကျောင်းတော်မှတပည့်များသည် ဂိုဏ်းအကျိုးဆောင်ရမှတ်များကိုအသုံးပြု၍ လေ့ကျင့်ရသော်လည်း မျှော်စင်မှစိတ်ဝိညာဥ်စွမ်းအားတစ်ဝက်ခန့်သည် မမြင်နိုင်သောနည်းလမ်းဖြင့် ဆရာသခင်လို့ထံသို့ ရောက်ရှိနေခဲ့သည်။
"ငါရဲ့ဒီဝင်္ကပါက အသုံးမကျဘူးလို့ မင်းပြောထားတယ်...ဒါဆို မင်းက ပိုပြီးကောင်းမွန်တဲ့ ဝင်္ကပါတစ်ခုကိုခင်းကျင်းပြစမ်း...ငါတို့ ကြည့်ကြတာပေါ့"
အေးစက်တင်းမာသောအသံတစ်သံက အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
အခန်းအတွင်းရှိလူများက လှည့်ကြည့်လိုက်ရာတွင် တပည့်များခြံရံ၍ ဝင်ရောက်လာသည့် ဆရာသခင်လို့ကို မြင်တွေ့မိကြ၏။
"ဆရာသခင်လို့"
ကြိုးကြာနဂါးက ဆရာသခင်လို့အား ဂါရဝပြုလိုက်၏။
သမင်ဖြူကျောင်းတော်၌ ဆရာသခင်လို့၏အဆင့်အတန်းသည် အဆင့်မြင့်ဧည့်အကြီးအကဲဖြစ်သည်။ အကျဥ်းထောင်ခန်းမ ကြီးကြပ်ရေးမှူးဖြစ်သော ကြိုးကြာနဂါးကပင် သူ့အား တစ်ချို့နေရာများတွင် မျက်နှာသာပေးရလေ၏။
ဆရာသခင်လို့က မကျေမချမ်းဖြင့် ပြောဆိုလိုက်သည်။
"ငါရဲ့ဝင်္ကပါကို ဖျက်ဆီးပစ်ပြီး သေလမ်းရှာနေတဲ့ ကောင်တစ်ကောင် ဒီနေရာမှာရှိတယ်လို့ ငါကြားထားတယ်...ဘယ်ကောင်က အဲ့လောတ်ထိအတင့်ရဲတာလဲဆိုတာ ငါမြင်ချင်တယ်"
ဆရာသခင်လို့၏မျက်လုံးများသည် အခန်းအတွင်းသို့ ဝင်လာခဲ့စဥ်ကတည်းက လုယွီပေါ်သို့ ကျရောက်ပြီးဖြစ်သည်။
"အဲဒါမင်းမလား....ကောင်လေး"
ဆရာသခင်လို့၏မျက်လုံးများအတွင်း၌ မုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေလေ၏။ အစောပိုင်းရက်များက ထိုကောင်လေးသည် ကျောင်းတော်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ခြင်းကို သူမှတ်မိနေဆဲဖြစ်သည်။ သို့ရာတွင် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာရှိသေးသော ကောင်လေးသည် သမင်ဖြူကျောင်းတော်သို့ ဝင်ရောက်ခွင့်ရရှိသွားမည်ဟု သူမျှော်လင့်မထားပေ။
"နောက်ဆုံး တစ်ကြိမ်က မင်းကံကောင်းပြီး လွတ်မြောက်သွားခဲ့တာ...ခုတစ်ကြိမ်တော့ မင်းလွတ်မြောက်နိုင်အုံးမလားဆိုတာ ငါကြည့်ဦးမယ်"
လောဘတတ်နေမှုကြောင့် ဆရာသခင်လို့၏မျက်လုံးများ တောက်ပနေလေသည်။ လုယွီထံတွင် စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများရှိသည်ကိုလည်း သူ မှတ်မိနေဆဲပင်။
"ဆရာသခင်လို့...ဒီကောင်လေးက ကျင့်ကြံခြင်းမျှော်စင်ရဲ့ဝင်္ကပါကို ဖျက်ဆီးပစ်တယ်...ကျောင်းတော်ရဲ့စည်းမျဥ်းတွေအရ သူကိုအပြစ်ပေးဖို့ စည်းမျဥ်းခန်းမကို လွှဲအပ်လိုက်တာ ပိုကောင်းလိမ့်မယ်"
ကြိုးကြာနဂါးက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်းမှ အကြံပြုပြောဆိုလိုက်၏။
ဆရာသခင်လို့က ခေါင်းခါလိုက်လေသည်။ သူကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားပြီး သူ့လက်ထဲသို့ရောက်လုနီးနီးဖြစ်နေသည့် သားကောင်ကို မည်သည်ကြောင့် စည်းမျဥ်းခန်းမထံသို့ အပ်နှံရမည်နည်း။
"ကြည့်ရတာ မင်းက ငါ့ဆရာသခင် ခင်းကျင်းထားတဲ့ဝင်္ကပါကို စိတ်ကျေနပ်မှုရှိပုံမရဘူး...မင်းမှာ အရည်အချင်းတွေရှိနေမှတော့ ထွက်လာပြီး မင်းကိုယ်တိုင် ဝင်္ကပါတစ်ခုကို ခင်းကျင်းပါလား"
ဟူဖျင်က ဆရာသခင်လို့၏နံဘေးမှနေ၍ အော်ဟစ်လိုက်သည်။
လုယွီက တည်ငြိမ်စွာဖြင့်သာ တုံပြန်ပြောဆိုလိုက်လေ၏။
"ငါက အဲ့လိုအဓိပ္ပါယ်မရှိတဲ့အလုပ်တွေကို မလုပ်ဘူး"
ဟူဖျင်က ခနဲ့တဲ့တဲ့ရယ်မောနေလေသည်။
"ဟား ဟား...မင်းမှာ ဟန်ဆောင်ပန်ဆောင်လုပ်ဖို့တောင် အရည်အချင်းမရှိဘူးလား...နံဘေးနားက ပေါက်ကရပြောနေတာကလွဲရင် မင်းတစ်ခြားသိတာဘာရှိလို့လဲ"
"အကျဥ်းထောင် ကြီးကြပ်ရေးမှူး...အကျဥ်းထောင်ကြီးကြပ်ရေးမှူး"
အခန်းအတွင်းသို့ တပည့်တစ်ယောက်က တရကြမ်းတိုးဝင်လာခဲ့သည်။
"ဘာကိစ်စလဲ"
ကြိုးကြာနဂါးက အော်ဟစ်မေးမြန်းလိုက်သည်။
တပည့်ဖြစ်သူက အမောတကောဖြင့် ပြန်လည်ဖြေဆိုလိုက်လေ၏။
"ကျင့်ကြံခြင်းမျှော်စင်က စိတ်ဝိညာဥ်စွမ်းအားတွေ ရုတ်တရက် အဆများစွာတိုးလာခဲ့တယ်...တပည့်တွေက အဲ့ဒီသတင်းကိုကြားတာနဲ့ ဒီနေရာကိုရောက်လာကြတာ လေ့ကျင့်ရေးအခန်းတွေအကုန်လုံး ပြည့်လုနီးပါးပဲ"
Chapter 279
"ဘာ...."
တပည့်ဖြစ်သူ၏စကားကိုကြားသည်နှင့် ကြိုးကြာနဂါး၏မျက်လုံးများ ဝင်းလက်တောက်ပသွားပြီး အခန်းအတွင်းမှ တဟုန်ထိုးပြေးထွက်သွားတော့သည်။
အခန်း၏အပြင်ဘက်ရှိ ကျင့်ကြံခြင်းမျှော်စင်တစ်ခုလုံးတွင် ပေါကြွယ်ဝသောစိတ်ဝိညာဥ်စွမ်းအားများ လွှမ်းခြုံထားသည်ကို ကြိုးကြာနဂါးတွေ့မြင်မိလေ၏။
လေ့ကျင့်ရေးခန်းများအတွင်းတွင် စိတ်ဝိညာဥ်စွမ်းအင်များက အဆတ်မပြတ်တလိမ့်လိမ့်တတ်နေပြီး လေထုပင်လျှင်အနည်းငယ်ပုံပျက်နေပေသည်။
"ငါ လေ့ကျင့်ရေးအခန်းကို သွားချင်နေပြီ"
"သောက်ရေးမပါဘူးကွာ...ငါရဲ့ဂိုဏ်းအကျိုးဆောင်ရမှတ်တွေကို အကုန်သုံးပြီးသွားပြီ...မဟုတ်ရင် ငါလည်းလေ့ကျင့်ရေးခန်းကို အသုံးပြုနိုင်မှာ"
"ကျင့်ကြံခြင်းမျှော်စင်က စိတ်ဝိညာဥ်စွမ်းအင်တွေရဲ့သိပ်သည်းမှုက သာမာန်ထက်အဆများစွာ ပိုကောင်းနေတယ်"
ကျင့်ကြံခြင်းမျှော်စင်၏ပြင်ပတွင် လူတန်းရှည်ကြီးရှိကြ၏။ တစ်ချို့တပည့်များသည် ဂိုဏ်းအကျိုးဆောင်ရမှတ်များကို စုဆောင်းထားကြသဖြင့် ယခုအချိန်တခဏတွင် မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ ကျင့်ကြံခြင်းမျှော်စင်အတွက်အကုန်ဆုံးသုံးစွဲလိုက်ကြသည်။
ကြိုးကြာနဂါးသည် ရှေ့သို့ပြေးသွားပြီး လေ့ကျင့်ရေးခန်းအတွင်းသို့ တိုက်ရိုက်ပြေးဝင်သွားလိုက်၏။ သူဝင်သွားသည့် လေ့ကျင့်ရေးခန်းသည် သာမာန်အကျဆုံးလေ့ကျင့်ရေးခန်းသာဖြစ်သည်။
သို့သော် ကြိုးကြာနဂါးသည် အခန်းအတွင်းသို့ဝင်ပြီး စိတ်ဝိညာဥ်စွမ်းအင်များကို ထိတွေ့မိသည်နှင့် သူ၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်လာပြီး အံ့အားတသင့်ရေရွတ်လိုက်သည်။
"ဒီစိတ်ဝိညာဥ်စွမ်းအင်တွေက အနည်းဆုံးသုံးဆလောတ်ပိုပြီးတိုးလာခဲ့တာပဲ....ဒါက အဆင့်မြင့်လေ့ကျင့်ရေးခန်းတစ်ခန်းကိုတောင် မှီလုနီးပါးဖြစ်နေပြီ"
သူတို့အားလုံးသည် လုယွီအား ကြည့်ရှုလိုက်ကြ၏။ လုယွီပြောဆိုသည်များက အမှန်ပင်ဖြစ်နေသလော။
"မင်းတို့အားလုံး မမေ့ကြနဲ့အုံး...ခုဏလေးတင်စိတ်ဝိညာဥ်ဒီရေလှိုင်းဖြစ်ပေါ်သွားတာကို"
ဟူဖျင်က သတိပေးစကားပြောဆိုလိုက်လေသည်။
"စိတ်ဝိညာဥ်ဒီရေလှိုင်းထွက်ပေါ်လာချိန်ကတည်းက ဒီကောင်လေးက ကျင့်ကြံခြင်းမျှော်စင်မှာရှိနေတာ...သူက ထိပ်တန်းလေ့ကျင့်ရေးအခန်းကို အပိုင်စီးထားရုံတင်အားမရဘူး...သူရဲ့အဆင့်အတန်းကိုအသုံးချပြီး ဝမ်ဟွာကျောင်းဆောင်က ဖန်ဖမ်းကိုပါ ဒဏ်ရါရစေခဲ့တယ်....သက်သေအနေနဲ့ အဲ့ဒီနေရာမှာ တပည့်တွေအများကြီးရှိတယ်...ဒါပြင် သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတဲ့ကျင့်ကြံသူတစ်ယောက်လေ...ဘာလို့ အချိန်တခဏအတွင်းမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ရှိသွားတာတုန်း"
ရုတ်တရက် ဟူဖျင်က အေးတိအေးစက်လေသံဖြင့် ဝေဖန်ပြောဆိုလိုက်၏။
လုယွီက ဟူဖျင်အား လှည့်ကြည့်လိုက်လေသည်။
"မင်းတစ်ကယ်လို့ သေချင်တယ်ဆိုရင်တော့...စကားဆတ်ပြောလေ"
"နင် တော်သင့်ပြီ"
ယခုအချိန်တွင် လုရွှမ်အာ၏ဒေါသသည် အထွက်အထိပ်သို့ရောက်ရှိနေပြီဖြစ်သဖြင့် မနည်းပင်ထိနှိပ်မျိုသိပ်ထားရသည်။
သူမ၏မျက်လုံးများတွင် စိတ်ပျက်မှုများနှင့်ဒေါသထွက်မှုများ ရောယှက်နေရင်းမှ လုယွီအား လက်ညှိုးထိုး၍ ပြောဆိုလိုက်သည်။
"နင်က ဒီလိုလူမျိုးဖြစ်မယ်လို့ ငါထင်မထားခဲ့ဘူး...နင်အခု ဘယ်သူဘယ်ဝါဆိုတာ ငါဂရုမစိုက်တော့ဘူး...အခုချက်ချင်း သမင်ဖြူကျောင်းတော်ကနေထွက်သွားတော့...ဒီနေရာက နင်ကို မကြိုဆိုဘူး"
"အမှန်ပဲ...မင်း အခုချက်ချင်းထွက်သွားစမ်း"
"မင်းကြောင့် ကျင့်ကြံခြင်းမျှော်စင်မှာ အခုဆိုအကာအကွယ်ဝင်္ကပါမရှိတော့ဘူး...စိတ်ဝိညာဥ်စွမ်းအင်တွေက ခုချိန်မှာတိုးလာတယ်ဆိုပေမယ့် နောင်တစ်ချိန်ကျရင် ထိန်းသိမ်းထားနိုင်မှာမဟုတ်တော့ဘူး"
တစ်ချို့လူများသည် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကိုသိရှိကြခြင်းမရှိချေ။ သို့ရာတွင် သူတို့၏အနီးအနားပတ်ဝန်းကျင်ရှိ လူများ၏အော်ဟစ်သံကိုကြားချိန်တွင် လုယွီအား အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေလေသည်။
ကြိုးကြာနဂါးက ချောင်းတစ်ချက်ဟန့်ပြီး လူအုပ်ကြီး၏ရှေ့၌ မတ်တတ်ထရပ်ကာ လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"ကောင်လေး...မင်းဘာတွေပဲ ပြောနေပြောနေ...ဒီနေ့ ငါမင်းကိုအလွတ်မပေးနိုင်ဘူး"
လုယွီက မအောင့်အည်းနိုင်တော့ဘဲ ရယ်မောမိလေ၏။ သူက ဝင်္ကပါအားချိုးဖျက်ခဲ့ပြီးသော်လည်း ထိုသူများက ဆရာသခင်လို့၏အရူးလုပ်မှုကို ခံနေရဆဲဖြစ်သည်။
"တောင်သခင်ရဲ့အမိန့် ရောက်ရှိလာတယ်"
ရုတ်တရက် ကျင့်ကြံခြင်းမျှော်စင်၏အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အမိန့်ပြားတစ်ခုကိုင်ဆောင်ထားသည့် အဖြူရောင်ဝတ်စုံဖြင့်တပည့်တစ်ယောက်က အခန်းအတွင်းသို့ တရကြမ်းဝင်လာလေ၏။
"တောင်သခင်စန်လို့က အမိန့်ပေးလိုက်တယ်...အားလုံးနားထောင်ကြ...လုယွီမှာအပြစ်မရှိဘူး...လွှက်ပေးလိုက်ကြ"
အဖြူရောင်ဝတ်စုံနှင့်တပည့်က အော်ဟစ်ပြောဆိုလိုက်လေသည်။
"ဘာ..."
"သူကို အပြစ်မပေးရဘူးတဲ့လား...သူက ထိတ်လန့်တုန်လှုပ်ဖွယ်အပြစ်ကြီးကို ကျူးလွန်ခဲ့တဲ့ တရားခံတစ်ယောက်လေ"
"ဒီလိုအရှက်သိက္ခာမရှိတဲ့ကောင်မျိုးကို ကျောင်းတော်မှာ ထပ်ပြီးထားအုံးမှာလား...မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က ဘယ်လိုတွေတောင် တွေးနေတယ်မသိတော့ဘူး"
ပတ်ဝန်းကျင်ရှိလူများ၏ ဝေဖန်ပြောဆိုသံအမြောက်အများ ထွက်ပေါ်လာသည်။
"တောင်သခင် စန်လို့ရဲ့အမိန့်ကို လိုက်နာပါမယ်"
ကြိုးကြာနဂါးက ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်သည်။
အမိန့်ကိုပြောကြားပြီးသည်နှင့် အဖြူရောင်ဝတ်စုံနှင့်တပည့်က ဓားပျံကိုစီးနင်း၍ ထွက်ခွါသွားတော့သည်။
"မင်း ဒီတစ်ကြိမ်တော့ ကံကောင်းသွားပြီ...နောက်တစ်ကြိမ်တော့ ကံကောင်းမယ်မထင်နဲ့"
ဆရာသခင်လို့က လုယွီ၏နား အနီးသို့တိုးကပ်၍ ခက်ထန်သောလေသံဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်၏။
"ခင်ဗျား ကြိုးစားကြည့်နိုင်တယ်"
လုယွီက တည်ငြိမ်စွာဖြင့်သာ တုံပြန်ပြောလိုက်သည်။
အကယ်၍ သူသာ တစ်ခြားဂိုဏ်းများအတွင်းရောက်ရှိနေပါက တစ်ခြားကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဥ်မည်ဖြစ်သည်။ သို့ရာတွင် ယခုက သူ၏အဒေါ်တည်ထောင်ထားသော ကျောင်းတော်ဖြစ်သည်။ သူတတ်နိုင်သမျှဘောင်အတွင်းရှိ လောက်ကောင်များကို ဖယ်ရှားပစ်မည်သာဖြစ်ပေ၏။
လုယွီက ဤနေရာ၌ ဆတ်လက်၍မနေလိုတော့ချေ။ သူ၌ ကျင့်ကြံရန်အချိန်၁၅ရက်သာ ကျန်ရှိတော့သည်။ ယခုနေရာ၌ စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝနေသဖြင့် သူ၏အင်အားကို အလျှင်အမြန်တိုးတတ်စေမည်ဖြစ်သည်။
"ရပ်လိုက်စမ်း"
လုယွီက ထွက်ခွါရန်ပြင်ဆင်ချိန်တွင် ရုတ်တရက်သူ၏နောက်မှ ဒေါသတကြီးအော်ဟစ်ခေါ်ဆိုသံတစ်သံအား ကြားရလေသည်။
Chapter 280
လုယွီက လှည့်ကြည့်လိုက်ရာတွင် လုရွှမ်အာဖြစ်နေသည်ကို မြင်တွေ့မိလေ၏။
လုရွှမ်အာ၏မျက်နှာသည် နှင်းခဲရိုက်ခံထားရသကဲ့သို့တင်းမာနေပြီး လုယွီထံသို့လမ်းလျှောက်လာကာ ခက်ထန်စွာဖြင့်ပြောဆိုလိုက်သည်။
"နင်က မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့ရဲ့ အကူအညီရှိတာနဲ့ ကျောင်းတော်ထဲမှာအမှားလုပ်ချင်တာလုပ်လို့ရပြီလို့ ထင်မနေနဲ့"
"မင်းဘာမင်းသာ ဂရုစိုက်ပါ"
လုယွီက သူမအားထပ်မံ၍ စကားပြောဆိုလိုစိတ်မရှိတော့ချေ။
"ငါ့ကိုငဲ့ပြီး ရပ်လိုက်ပါလား....တစ်ကယ်လို့ ငါရဲ့အမေကသာ မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့ကို နင့်အကြောင်းပြောမထားဘူးဆိုရင် သူက နင်ကိုကူညီပါ့မလား...အဓိပ္ပါယ်မရှိတာတွေ ထပ်ပြီးမလုပ်နဲ့တော့..ကောင်းပြီလား"
လုရွှမ်အာက အော်ဟစ်ပြောဆိုလိုက်လေ၏။
လုယွီက မျက်မှောင်ကြုတ်မိသွားသည်။ သူက အမှန်တကယ်ကိုပင် လုရွှမ်အာကို စိတ်ပျက်နေပြီဖြစ်ပေ၏။
"အမေပြန်လာရင် နင်တောင်းပန်လိုက်ပါ...အထူးသဖြင့် ဆရာသခင်လို့ကိုပဲ...နင်က သူများရဲ့ဝင်္ကပါခင်းကျင်းတာကို ဘာသိလို့ဝေဖန်ရတာလဲ...နင်ကဘာမို့လို့လဲ..ဒါပြင် နင်က တစ်ခြားသူခင်းကျင်းထားတဲ့ ဝင်္ကပါကို ဖျက်ဆီးပစ်ခဲ့တာလေ"
"နင်က ကျောင်းတော်မှာရိုးရိုးသားသားနေမယ်ဆိုရင်...တစ်ခုခုကိုသင်ယူနိုင်မှာသေချာတယ်...နင်ရဲ့ဇာတိမြို့ကိုပြန်ရောက်တဲ့အချိန်ကျရင် နင်ကတိုင်းပြည်ရဲ့ဘိုးဘေးတစ်ယောက်တောင် ဖြစ်လာနိုင်တယ်...နင်ဘာလို့ သေချာမတွေးတောဘဲနဲ့ အောက်တန်းကျတဲ့နည်းလမ်းတွေအသုံးပြုချင်နေတာလဲ"
"နင်ဘာရပ်လုပ်နေတာလဲ...မတောင်းပန်ဘူးလား"
လုယွီက လှုပ်ရှားမှုမရှိသည်ကိုကြည့်ပြီး လုရွှမ်အာက ထပ်မံ၍ အော်ဟစ်လိုက်၏။
လုယွီက ခေါင်းခါနေလေသည်။ သူမည်မျှရှင်းပြသည်ဖြစ်စေ သူမှားသည်ဟုသာ လုရွှမ်အာကတွေးတောမည်ကို လုယွီသိရှိထားပြီးဖြစ်သည်။
"မင်း ကြိုက်သလိုသာတွေးထင်တော့"
လုယွီသည် အမှန်တကယ်ကိုပင် လုရွှမ်အာကို စကားပြောလိုစိတ်မရှိတော့ချေ။ သူ၏အချိန်သည် အလွန်အဖိုးတန်ပြီး အချိန်တခဏအတွင်းမှာပင် သူ၏ခွန်အားကိုတိုးတတ်အောင် လုပ်ဆောင်နိုင်ပေသည်။ လုယွီက ခြေဆောင့်နင်းပြီး ကျင့်ကြံခြင်းမျှော်စင်အတွင်းသို့ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
လုယွီ ထွက်ခွါသွားသည်ကိုကြည့်ပြီး လုရွှမ်အာက စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဆောင့်ကျန်ခဲ့လေ၏။
"ငါ အရမ်းဒေါသထွက်တာပဲ...နင်ရဲ့ခေါင်းမာမှုအတွက် နောင်တရစေရမယ်"
လုရွှမ်အာက ဒေါသတကြီး အော်ဟစ်နေလေသည်။
……
လုယွီက ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာလေ၏။ ဤတစ်ကြိမ်တွင်မူ လုယွီက ဝင်္ကပါတစ်ခုကို အဆင့်မြင့်မြင့်ခင်းကျင်းထားတော့သည်။
'ကျစ်'ဟူသောရွှေရောင်စာလုံးတစ်လုံးသည် ထိပ်တန်းလေ့ကျင့်ရေးအခန်းတံခါး၏ပြင်ပတွင် မျောလွင့်နေလေ၏။ ကမ္ဘာမြေသင်္ကေတနယ်ပယ်မှသန်မာသောကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤအခန်းအတွင်းသို့ လွယ်လင့်တကူဝင်လာနိုင်မည်မဟုတ်ချေ။
လုယွီက အခန်းကြမ်းပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီး မျက်လုံးစုံမှိတ်ကာ ကျင့်ကြံနေလေ၏။
"နောက်ဆုံးတော့ ငါကျင့်ကြံဖို့လိုအပ်တဲ့ ပညာရပ်တွေရှိနေသေးတာပါလား...ဒါပြင် ကောင်းကင်ဘုံအင်ပါယာက အရမ်းကိုအကွက်ကြိုမြင်တတ်တယ်...သူရဲ့လက်ထဲမှာလှည့်ကွက်တွေ အမြဲတမ်းရှိနေတတ်တယ်...တစ်ခြားသူတွေသာ ကောင်းကင်ဘုံအင်ပါယာရဲ့အမွေကို ဆတ်ခံရမယ်ဆိုရင် မကြာခင်မှာပဲ သူကတစ်ခြားသူရဲ့ခန္ဓာကိုယ်နဲ့ ရှင်သန်သွားနိုင်လိမ့်မယ်"
"ရှန်းလင်းလုံ....ဘယ်လောက်တောင်ဥာဏ်ကောင်းတဲ့ ရှန်းလင်းလုံလဲ...မြေအောက်၁၈လောကက သူတွေအကုန်လုံးကို သေသေချာချာကိုသုတ်သင်ဖယ်ရှားပစ်ခဲ့တယ်...ငါက ကောင်းကင်ဘုံကိုသေချာပြန်ပြီး မင်းရဲ့ကမ္ဘာကိုဖျက်ဆီးပြမယ်"
လုယွီက တွေးတောပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ထိုက်ကျိအမှတ်အသားကို အာရုံစူးစိုက်လိုက်သည်။ ယလုလက်ရှိတွင် လုယွီ၏ကျန်းချီတစ်ဝက်သည်နတ်ဆိုးချီများဖြစ်ပြီး ကျန်တစ်ဝက်သည် ကောင်းကင်ဘုံအင်ပါယာ၏သမာဓိချီများဖြစ်သည်။
နတ်ဆိုးများသည် မည်သည့်အရာကိုမျှအမှုမထားဘဲ လွှမ်းမိုးချုပ်ကိုင်တတ်ပြီး နိုင်လိုမင်းထက်ပြုမူတတ်သည့် အလေ့အကျင့်ရှိသည်။
အင်ပါယာကမူ ဂုဏ်သိက္ခာရှိပြီးဖြောင့်မတ်မှန်ကန်ကာ လွှမ်းမိုးနိုင်သည့်စွမ်းအားနှင့်အခွင့်အာဏာကို ပိုင်ဆိုင်ပေသည်။
အပြည့်အဝခြားနားနေသည့် အရှိန်အဝါနှစ်ခုသည် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ပြီးပြည့်စုံစွာပေါင်းစပ်တည်ရှိနေလေ၏။
"ဒါက အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်မှာပါ"
လုယွီက အမှန်စင်စစ် ငယ်ရွယ်သောဆယ်ကျော်သက်တစ်ယောက်မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အချိန်အတော်ကြာသည်အထိ ကျော်ကြားခဲ့သော တာအိုသခင်တစ်ယောက်ဖြစ်သည်။
လုယွီသည် တဖြည်းဖြည်း သူ၏ဒန်တျန်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများတွင် အာရုံနစ်မြုပ်သွားခဲ့သည်။
သူ၏ရွှေရောင်အမြူတေမျက်နှာပြင်ပေါ်တွင် နဂါးပျံသုံးကောင်က အတောင်ပံများဖြန့်ထားပြီး သူတို့၏ခြေစွယ်လက်စွယ်များကိုဖြန့်ကားထားရာ အလွန်အမင်းအသက်ဝင်လှပေသည်။
"ငါရဲ့နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်က အရမ်းကြမ်းကြုတ်ရက်စက်တယ်...အဲဒီနည်းစနစ်ထဲကို တစ်ချို့ သိမ်မွေ့တဲ့စွမ်းရည်တွေထပ်ပေါင်းထည့်မယ်ဆိုရင်...နည်းစနစ်အသစ်တစ်ခုဖြစ်ပေါ်လာနိုင်တယ်"
လုယွီက ထိုအကြောင်းကိုတွေးတောလိုက်သည်နှင့် မရေမတွက်နိုင်သောရှေးဟောင်းစာပေများနှင့်မှတ်တမ်းများက သူ၏အသိစိတ်ပင်လယ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။
အချိန်တခဏအကြာမှာပင် သူက စာအုပ်တစ်အုပ်ကို ရွေးထုတ်လိုက်သည်။
"ကွန်ဖြူးရှပ်ကျမ်းစာတစ်ခုဖြစ်တဲ့ 'ထူးကဲမြင့်မြတ်ကျမ်းစာ'က မဆိုးဘူးပဲ"
လုယွီက ချီးမွမ်းပြောဆိုမိလေ၏။ လုယွီ၏အမြင်အရ ဤကျမ်းစာသည် ကောင်းမွန်သည့်ကျမ်းစာတစ်ခုဖြစ်သည်။ ထို့နောက်သူက ကျမ်းစာကို စတင်၍ လေ့ကျင့်လိုက်တော့သည်။
အမွှေးတိုင်သုံးတိုင်စာ လောင်ကျွမ်းပြီးချိန်လောတ်တွင် လုယွီက ဤကွန်ဖြူးရှပ်ကျမ်းစာ၏အခက်ခဲဆုံးအပိုင်းများကိုပင် မှတ်သားနိုင်ခဲ့သည်။
"ကောင်းကင်ဘုံအင်ပါယာရဲ့ ဥပဒေသအပိုင်းအစက ငါ တစ်ဝက်လောတ်အင်အားစိုက်ထုတ်တာနဲ့ အကျိုးကျေးဇူးနှစ်ဆရစေတာပါလား"
လုယွီက သက်ပြင်းချလိုက်၏။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ချို့သည် ကျင့်ကြံနည်းစနစ်များတစ်ချက်ကြည့်ရုံဖြင့် လေ့ကျင့်နိုင်ပြီး မည်သည့်အချိန်မျှမမေ့တော့ပေ။
ယလုလက်ရှိတွင် လုယွီသည်လည်း ဤကဲ့သို့စွမ်းရည်မျိုး ပိုင်ဆိုင်ရပြီဖြစ်ပေ၏။