အခန်း (၂၈၆-၂၉၀)
Vol. 16-20 Ch. 286-290
Chapter 286
"မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို အရေးလုပ်ဖို့ ငါမှာအချိန်မရှိဘူး....သေစမ်း"
အနက်ရောင်မြူခိုးထုက လုယွီထံသို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှက်လိုက်သည်။
ထိုအရာက သာမာန်ကာလျှံကာရိုက်ချက်သာဖြစ်သော်လည်း ကြီးမားသောတောင်ကြီးတစ်တောင်မှဖိအားကဲ့သို့ လုယွီထံ ဆင်းသက်လာခဲ့သည်။ မြေပြင်ပေါ်မှမာကျောသောကျောက်တုံးတစ်ချို့ပင် ပြင်းထန်သည့်ဖိအားကြောင့် အမှုန့်များဖြစ်သွားကြ၏။
"သူက ကောင်းကင်သင်္ကေတနယ်ပယ် ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ပဲ"
ကျီးချန်ယွီ၏မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး သူမ၏စိတ်နှလုံးသားတစ်ခုလုံး အင်အားမရှိတော့သကဲ့သို့ ခံစားနေရသည်။ သူမက ကမ္ဘာမြေသင်္ကေတနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်လုနီးပါးဖြစ်သော်လည်း ယခုလက်ရှိအချိန်တွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူသာဖြစ်သည်။
သို့ရာတွင် အကယ်၍ သူမက ကမ္ဘာမြေသင်္ကေတနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်လျှင်ပင် ဤကဲ့သို့သန်မာသောသူမျိုး၏ပြိုင်ဘက်ဖြစ်ရန်မှာ အလွန်အလှမ်းကွာပေသည်။ ကျီးချန်ယွီက မျက်လုံးစုံမှိတ်၍ သူမ၏ကံကြမ္မာကို လက်ခံလိုက်တော့သည်။
သို့သော် ထိုအချိန်တခဏ၌ အံ့အားတသင့်ရေရွတ်လိုက်သော အသံတစ်သံကထွက်ပေါ်လာ၏။
"ဘယ်လို ဖြစ်နိုင်မှာလဲ"
ထို့နောက် အချိန်ချက်ချင်းဆိုသလိုပင် သူမအား လွှမ်းခြုံထားသည့်ဖိအားအရှိန်အဝါက ပျောက်ကွယ်သွားလေသည်။
မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသနည်း....
ကျီးချန်ယွီက သူမ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာတွင် သူမနံဘေးရှိကောင်လေးကို ကျယ်ဝန်းသော ရွှေဖြူရောင်အလင်းတန်းများက ဝိုင်းရံထားသည်ကို မြင်တွေ့မိသည်။
အနက်ရောင်မြူခိုးများသည် ရွှေဖြူရောင်အလင်းတန်းများအား ကြောက်ရွံပုံဖြင့် မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ နောက်သို့ဆုတ်ခွါသွားလေသည်။
"ခင်ဗျားက ထွက်ပြေးသွားချင်သေးတာလား"
လုယွီက ကောင်းကင်ယံသို့ဦးတည်၍ လက်မြှောက်လိုက်သည်တွင် သူ၏လက်အတွင်းမှ ကျောက်စိမ်းအဆောင်မှ အဆုံးအစမရှိသော အဖြူရောင်အလင်းတန်းကြီး တောက်ပလာပေ၏။
မြင့်မြတ်ပြီး သန့်ရှင်းစင်ကြယ်သော စွမ်းအင်များသည် ပတ်ဝန်းကျင်အနှံပျံ့နှံ့နေလေသည်။ သူတော်စင်များက ကျမ်းစာများကို ရွတ်ဖတ်နေပြီး တစ်ဦးနှင့်တစ်ဦး အမေးအဖြေများပြုလုပ်နေကြသကဲ့သို့ အသံများက ကျယ်လောင်စွာပဲ့တက်ထပ်နေသည်။
"ငါရဲ့လက်"
အနက်ရောင်မြူခိုးများအတွင်းမှ အပြင်ထွက်နေသောလက်တစ်ဖက်သည် အလျှင်အမြန် နောက်ဆုတ်သွားလေ၏။ သို့သော် အချိန်အတော်နှောင်းသွားပြီ ဖြစ်ပေသည်။
အနက်ရောင်မြူခိုးလက်ကြီးသည် မီးတောက်များဖြင့် လောင်ကျွမ်းသွားသကဲ့သို့ လေထုအတွင်း၌ အခိုးအငွေ့များ ထွက်ပေါ်နေခဲ့သည်။
အမှန်တကယ်ကိုပင် လုယွီက သူ့အား ထွက်ခွါခွင့်ပေးမည်မဟုတ်ချေ။ လုယွီက အနက်ရောင်မြူခိုးကို အနားယူရန်အချိန်မပေးနိုင်သဖြင့် သူ၏လက်အတွင်းမှကျောက်စိမ်းအဆောင်ကို ဖိနှိပ်လိုက်သည်။
လုယွီက ထိုကဲ့သို့လူစားမျိုးက လက်စားလာပြန်ချေမည့်အခွင့်အရေးမျိုး မပေးနိုင်ပေ။ လုယွီ၏ကွန်ဖြူးရှပ်တာအိုဥပဒေသများ၏ထိန်းချုပ်မှုဖြင့် သူ၏လက်အတွင်းရှိ သူတော်စင်ပစ္စည်းသည် အားကောင်းသောစွမ်းအားများ ထုတ်လွှတ်လာခဲ့သည်။
ကွန်ဖြူးရှပ်တာအိုဥပဒေသများသည် နတ်ဆိုးလမ်းကြောင်းကျင့်ကြံသူများအား ဖိနှိပ်နိုင်သည်မှာသာမာန်ဖြစ်ရိုးဖြစ်စဥ်ကိစ္စသာဖြစ်ပေ၏။
ထိုနတ်ဆိုးကျင့်ကြံသူက ကောင်းကင်သင်္ကေတနယ်ပယ်ကျွမ်းကျင်သူဖြစ်နေလျှင်ပင် သူ၏ခန္ဓာကိုယ်အား လှုပ်ရှားနိုင်ရန်ခက်ခဲပေလိမ့်မည်။
"အတင့်ရဲလိုက်တဲ့ နတ်ဆိုးကောင်...ငါတို့သမင်ဖြူကျောင်းတော်ကို ဝင်လာရဲတယ်ပေါ့"
ကျယ်လောင်သောအော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ မည်သည့်အချိန်ကရောက်ရှိနေမှန်းမသိသည့် သမင်ဖြူကျောင်းတော်သားတစ်စုက တရကြမ်းတိုးဝင်လာကြသည်။
ထိုကျောင်းတော်သားအုပ်စု၏ခေါင်းဆောင်သည် လီလျန့်ဖြစ်ပေ၏။
အင်္သချေရတနာခြံဝန်း၏ပြင်ပတွင် လျှိုမင်၏သူတော်စင်ပစ္စည်းကို လီလျန့်ကလုယူရန်ကြံစည်နေချိန်တွင် လုယွီ၏တားဆီးခြင်းကိုခံခဲ့ရသည်။ ထိုအချိန်က သူသည် အလွန်အမင်းရှက်ရွံပြီး ဒေါသထွက်ခဲ့ရသည့်အပြင် စည်းမျဥ်းခန်းမကိုပင်သွားရောက်၍ ဖြေရှင်းခဲ့ရသည်။
ဤအချိန်တွင်မူ လီလျန့်၏မျက်နှာသည် ရွှင်ပြနေပြီး သူ၏နှုတ်ခမ်းများပင် ပြုံးယောင်သန်းနေလေ၏။ သူက အနောက်ဘက်တောင်ကုန်းတွင် နတ်ဆိုးကျင့်ကြံသူတစ်ယောက်အားတွေ့ရှိပြီး ဖမ်းဆီးနိုင်ခဲ့လျှင် ကြီးမားသောအကျိုးကျေးဇူးရရှိပေမည်။
ကျောင်းတော်သို့ခိုးဝင်လာသည့် ဤကဲ့သို့နတ်ဆိုးကျင့်ကြံသူမျိုးရှိနေသည်မှာ ကျောင်းတော်အတွက်အလွန်ထိခိုက်နစ်နာစေသည်။ ထိုအကြောင်းပြချက်ကြောင့် အကယ်၍ တပည့်တစ်ယောက်က နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆီးနိုင်ပါက ထိုတပည့်သည် ဂိုဏ်းအကျိုးဆောင်ရမှတ် အမြောက်အများရရှိပေ၏။
"ရပ်လိုက်စမ်း"
လီလျန့်က အော်ဟစ်ကြုံးဝါးပြီး အနက်ရောင်မြူခိုးထံသို့ တိုးဝင်လိုက်တော့သည်။
လုယွီ၏မျက်လုံးများက အေးစက်တင်းမာသွားလေ၏။ သူက လီလျန့်အား အော်ဟစ်လိုက်သည်။
"ဒီနေရာက ထွက်သွားစမ်း"
လီလျန့်က လုယွီကိုမြင်ချိန်တွင် သူ၏မျက်လုံးများ တောက်ပသွားသည်။
"မင်းဖြစ်နေမယ်လို့ ငါမထင်မိဘူး...အရှက်မရှိတဲ့ လူရမ်းကားကောင်က ဒီရေါက်နေတာပဲ...ငါ မင်းကိုပြောမယ်...ငါက ဒီနတ်ဆိုးကျင့်ကြံသူကိူအရင်တွေ့တာ...မင်းသာ ဒီနေရာက ထွက်သွားသင့်တာ"
လီလျန့်က လုယွီ၏သတိပေးချက်ကို မကြားသကဲ့သို့သာ နေနေလေသည်။ သူ၏အမြင်အရ လုယွီသည် သူ၏ဂုဏ်သတင်းကို လုယူချင်နေသူသာဖြစ်ပေ၏။
လီလျန့်သည် သူတော်စင်ပစ္စည်းကို မရရှိခဲ့ချေ။ သူက လုယွီကို အသားထဲအရိုးထဲမှပင် မုန်းတီးပေသည်။ မည်သည့်နည်းဖြင့် ဤနတ်ဆိုးကျင့်ကြံသူကို လုယွီနှင့်လွှဲအပ်ထားနိုင်မည်နည်း။
"ဒီနတ်ဆိုးက ငါအတွက်ပဲ...မင်းက လုယူချင်တယ်ဆိုရင် သွားသေလိုက်...ဝင်္ကပါဖွဲ့စည်းကြစမ်း"
လီလျန့်က သူ၏ဓားကိုမြှောက်လိုက်၏။ သူ၏နောက်မှတပည့်များကလည်း ဓားများကိုမြှောက်ကာ ဓားဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်ကြသည်။
"ပိတ်မိစမ်း"
လီလျန့်က အနက်ရောင်မြူခိုးထုအား ညွှန်ပြလိုက်၏။ ဓားဝင်္ကပါက ချက်ချင်းပင် အနက်ရောင်မြူခိုးထုအားလွှမ်းခြုံသွားခဲ့သည်။
ထိုအချိန်မှာပင် အနက်ရောင်မြူခိုးများအတွင်းမှ မောဟိုက်သောသက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
ဓားဝင်္ကပါသည် ထိုသက်ပြင်းချသံနှင့် ထိတွေ့မိချိန်တွင် ရေခဲနှင့်မီးဆုံတွေ့သကဲ့သို့ အလျှင်အမြန်ပြိုကွဲသွားလေသည်။
ထိုအချိန်တခဏတွင် လုယွီ၏လက်ဖဝါးအတွင်းမှ သူတော်စင်ပစ္စည်း၏အဖြူရောင်အလင်းတန်းသည်လည်း ဓားဝင်္ကပါ၏နှောက်ယှက်ခံရမှုကြောင့် လွင့်ပြယ်သွားလေ၏။
"ကောင်လေး...စောင့်နေ...ငါ မင်းကိုအမှတ်ရနေမှာ"
အနက်ရောင်မြူခိုးထုအတွင်းမှအသံက တစတစဝေးကွာသွားပြီး ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။
Chapter 287
အနက်ရောင်မြူခိုးထုကြီးက အဝေးသို့ပြေးထွက်သွားခဲ့သည်။
လီလျန့်က ဒေါသထွက်သွားပြီး လုယွီအားလက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
"ဒါတွေအားလုံးက မင်းကြောင့်ပဲ...တစ်ကယ်လို့ ငါတစ်ယောက်တည်းသာတိုက်ခိုက်လို့ရရင် အဲ့နတ်ဆိုးကောင်ကိုဖမ်းမိမှာသေချာတယ်"
လုယွီက လီလျန့်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်လေ၏။
"ငါကြောင့်သာမဟုတ်ရင်...မင်း အသက်ထွက်နေလောတ်ပြီ"
"ဟား ဟား ဟား ဟား"
လီလျန့်သည် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောနေလေ၏။ ထို့နောက် သူက လုယွီအား လက်ညှိုးထိုး၍ ပြောဆိုလိုက်သည်။
"ငါ နတ်ဆိုးကျင့်ကြံသူကို သတ်ပစ်မှာကို မင်းကြောက်နေတာမဟုတ်ဘူးလား...မင်းက ဂိုဏ်းအကျိုးဆောင်ရမှတ်တွေကို လုယူချင်နေတဲ့ကောင်လေ...မင်းက အဲ့လိုမျိုး အရှက်သိက္ခာမရှိတဲ့ကောင်မျိုးဆိုတာ ငါသိပြီးသားပဲ"
လုယွီကမျက်လုံးစုံမှိတ်ပြီး သူ၏လက်ချောင်းကို ကွေးညွှက်ကာ လီလျန့်ထံသို့ အဖြူရောင်အလင်းတန်းတစ်ခုဖြင့် ပစ်ခတ်လိုက်သည်။
ဝှစ်
စူးရှသောအသံတစ်သံက လေဟာနယ်ကို ဖြတ်ခွင်းသွားလေသည်။
လီလျန့်က လှောင်ပြောင်သရော်နေပေ၏။
"မင်းက ငါကို တိတ်တဆိတ်ချောင်းမြောင်း တိုက်ခိုက်ရဲတယ်ပေါ့...အရင်တုန်းက မင်း နတ်ဆိုးပညာတွေအသုံးပြုနိုင်တာနဲ့ပဲ ငါကိုအမှန်တကယ်အနိုင်ရမယ်လို့ ထင်နေတာလား...မင်းနဲ့ငါကြားမှာ ကွာခြားမှုက မိုးကောင်းကင်နဲ့ကမ္ဘာမြေကြီးလိုပဲ...အကြွင်းမဲ့ခွန်အားရဲ့အောက်မှာ မင်းရဲ့လှည့်ကွက်သေးသေးလေးတွေက လက်သီးချက်တစ်ချက်တောင် တောင့်ခံနိုင်မှာမဟုတ်ဘူး"
လီလျန့်က လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်ရာတွင် အဖြူရောင်ဓားချီများက သူ၏ရှေ့၌ သိပ်သည်းလာခဲ့သည်။ လီလျန့်၏ဓားချီအလင်းတန်းသုံးခုသည် တစ်ခုနှင့်တစ်ခု ရောထွေးယှက်နွယ်ပြီး ဓားဝင်္ကပါတစ်ခု အမှန်တကယ်ပင် ဖြစ်တည်လာလေ၏။
"ငါ မင်းကိုပြောဖို့မေ့နေတာ...ဒါက အရင်ရက်အနည်းငယ်အကြာလောက်က ငါသင်ယူခဲ့တဲ့ လေအလင်းဓားဝင်္ကပါပဲ...ဒါက ကျောင်းတော်ရဲ့ထိပ်သီးဓားဝင်္ကပါတစ်ခုလေ...ငါလိုပါရမီရှင်တစ်ယောက်ကပဲ အချိန်တိုအတွင်းမှာ သဘောပေါတ်နားလည်နိုင်တယ်"
လီလျန့်၏မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုရနေသောအပြုံးများ ပေါ်ထွက်နေခဲ့သည်။
"ဒီတစ်ကြိမ်တော့...မင်းနဲ့ငါက နှိုင်းယှဥ်လို့မရတဲ့လူတွေဆိုတာ ငါမင်းကိုသိခွင့်ပြုမယ်"
ဤအချိန်တွင် လုယွီထံမှအဖြူရောင်အလင်းတန်းသည် လီလျန့်၏ရှေ့၌ စီးဆင်းနှင့်ပြီးဖြစ်သည်။ လီလျန့်က ထိုအဖြူရောင်အလင်းတန်းကို ဓားဝင်္ကပါဖြင့် တားဆီးလိုက်လေ၏။
"ငါ မင်းကို ပြောမယ်...ငါက...."
လီလျန့်၏မျက်နှာအမူအယာသည် သူ၏စကားမဆုံးခင်အချိန်မှာပင် ပျက်ယွင်းသွားခဲ့သည်။
အဖြူရောင်အလင်းတန်းမှ ပြင်းထန်သောအင်အားတစ်ရပ်က ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် လေအလင်းဓားဝင်္ကပါအား ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားလေ၏။
လီလျန့်က သူ၏ဓားကိုင်ထားသောလက်ကို ပြန်လည်ရုတ်သိမ်းရန် ကြံရွယ်လိုက်သော်လည်း နောက်ကျသွားခဲ့သည်။
ခရက်....
ထူးဆန်းသောအသံတစ်သံထွက်ပေါ်လာပြီးနောက် လီလျန်း၏အနေအထားသည် သာမာန်မဟုတ်သည့်အနေအထားအတိုင်း ကွေးညွတ်သွားသည်။ သူက စူးစူးဝါးဝါးအော်ဟစ်နေရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှကျန်းချီများသည်လည်း ပျက်ပြယ်သွားကာ မြေပြင်ပေါ်သို့ အလွန်စိုးရိမ်ဖွယ်အနေအထားဖြင့် လဲကျသွားတော့သည်။
လီလျန့်၏လက်မောင်းတစ်ဖက်သည်လည်း ကျိုးပဲ့နေပုံဖြင့် အောက်သို့တွဲလောင်းကျနေလေ၏။
"အရှက်သိက္ခာမရှိတဲ့ကောင်...မင်းက နတ်ဆိုးပညာတွေအသုံးပြုပြီး ငါကိုတိုက်ခိုက်မယ်လို့ ငါမျှော်လင့်မထားမိဘူး...မင်းနဲ့ငါထိပ်တိုက်ရင်ဆိုင်ရရင် မင်းက ဘယ်နည်းနဲ့မှ ငါပြိုင်ဘက်မဖြစ်နိုင်ဘူး"
လီလျန့်က ဆူပူအော်ဟစ်နေဆဲဖြစ်သည်။
ထိုအချိန်တွင် လုယွီ၏နောက်မှ ခပ်သဲ့သဲ့အသံထွက်ပေါ်လာပေ၏။
ကျီးချန်ယွီ၏ပါးစပ်မှ ရုတ်တရက်သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွားခဲ့သည်။ လုယွီ၏ပုံရိပ်ဖျတ်ခနဲဖြစ်သွားပြီးနောက် ကျီးချန်ယွီ၏နံဘေးသို့ ရောက်ရှိသွားလေ၏။
လုယွီက ကျီးချန်ယွီ၏ဆံနွယ်များကို ညင်သာစွာဖယ်ရှားလိုက်ချိန်တွင် သူမ၏နူးညံကျော့ရှင်းသောလည်တိုင်၌ အရိုးခေါင်းအမှတ်အသားတစ်ခုရှိနေခြင်းကို မြင်တွေ့မိသည်။
"စိတ်ဝိညာဥ်ကို ခြေရာခံပြီး အသက်တောင်းခံခြင်း နည်းလမ်းပဲ"
လုယွီ၏မျက်နှာအမူအယာ တင်းမာသွားလေ၏။ ထိုအမှတ်အသားသည် နတ်ဆိုးမှော်ပညာရပ်တစ်ခု ဖြစ်သည်။ တစ်ချို့နတ်ဆိုးကျင့်ကြံသူများသည် တစ်ခြားသူများ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်အပိုင်းအစများကိုထုတ်ယူပြီး ယခုအမှတ်အသားကိုမွေးမြူတတ်ကြသည်။
စိတ်ဝိညာဥ်အပိုင်းအစသည် ထုတ်ယူခံထားရသော မူလခန္ဓာကိုယ်မှဝေးကွာလေလေ ထိုအမှတ်အသားခတ်နှိပ်ခံရသူအတွက်ပို၍အန္တရာယ်များလေလေဖြစ်ပေ၏။
"ကံကောင်းထောက်မစွာနဲ့...ငါသိတဲ့အချိန်က သိပ်နောက်မကျသေးဘူး....အခု ငါ ဒါကိုထိန်းသိမ်းနိုင်လောတ်တယ်"
လုယွီက အရိုးခေါင်းအမှတ်အသားကို လက်ဖြင့်ထိတွေ့လိုက်ချိန်တွင် ရုတ်တရက် ထိုအမှတ်အသားမှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာခဲ့သည်။
ထိုအနက်ရောင်အခိုးအငွေ့များသည် နေရာတစ်နေရာထံသို့ ဦးတည်၍ပျံ့နှံ့သွားလေ၏။ လုယွီက အနက်ရောင်အခိုးအငွေ့များလားရာဘက်သို့ ပြေးလွှားလိုက်သွားပေသည်။
"ရပ်လိုက်စမ်း...မင်းရဲ့လက်ကဘာတွေလုပ်နေတာလဲ"
လီလျန့်၏ဒေါသတကြီးအော်ဟစ်သံကြီး ထွက်ပေါ်လာပြန်၏။
လုယွီက သူကိုအရေးစိုက်ခြင်းမရှိဘဲ အဝေးသို့ပျံဝဲသွားလေသည်။
လီလျန့်က ရှုးရှုးရှဲရှဲဖြင့် ဒေါသထွက်ကျန်ရစ်ခဲ့သည်။
"သူကို တားထားကြစမ်း...ထွက်မပြေးစေနဲ့"
လီလျန့်၏နောက်လိုက်တပည့်များကလည်း လုယွီနောက်သို့ တရကြမ်းပြေးလိုက်ကြတော့သည်။
"ထွက်သွားကြစမ်း"
လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်ရာတွင် ကောင်းကင်၌ ဓားပျံများဖြင့်ပျံသန်းပြီး သူနောက်လိုက်နေကြသည့် တပည့်များအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
လုယွီက လူအုပ်ကြီးကို ချန်ထားပြီး အနက်ရောင်အခိုးအငွေ့နောက်သို့သာ လိုက်နေလေသည်။
တပည့်အုပ်စုသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပြီး မည်သူကမျှမလှုပ်ရှားဝံ့ကြချေ။
"တင်းဟွိုက်...ဟိုကောင်လေးက အပြစ်ပေးခံရမှာကြောက်ပြီးထွက်ပြေးသွားပြီ...သူကို သွားဖမ်း...မင်းဖမ်းနိုင်ရင် မင်းကိုအတွင်းစည်းတပည့်ဖြစ်အောင် ငါ ဆရာသခင်ကိုပြောပေးမယ်"
လီလျန့်က အော်ဟစ်ပြောဆိုလိုက်၏။
Chapter 288
လီလျန့်၏နာမည်ခေါ်ခြင်းခံလိုက်ရသော တပည့်ဖြစ်သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။
သို့သော် အချိန်တခဏအကြာတွင်မူ တင်းဟွိုက်ဟုခေါ်သောတပည့်က ခါးသည်းသောမျက်နှာအမူအယာနှင့် ပြန်လည်ပြောဆိုလိုက်သည်။
"စီနီယာအကို...အဲ့ဒီကောင်လေးက အရမ်းကြမ်းကြုတ်ရက်စက်တယ်...ကျွန်တော်က သူပြိုင်ဘက်မဖြစ်နိုင်ဘူး"
လီလျန့်က ဒေါသတကြီးအော်ဟစ်လိုက်တော့၏။
"သူရဲ့လှုပ်ရှားမှုတွေအကုန်လုံးက ချောင်းမြောင်းတိုက်ခိုက်တာချည်းပဲ...အဲ့ဒီလိုကြောင့်သာမဟုတ်ရင် ငါဘယ်လိုလုပ်ဒဏ်ရါရမှာလဲ...ငါ သူအကြောင်းကိုသိပြီးသား...သူရဲ့ခွန်အားက ငါလောတ်တောင်မကောင်းဘူး...ဒါပြင် မင်းကသူနောက်လိုက်ပြီး သူကိုတွေ့ရင်တောင်...သူက မင်းကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး"
တင်းဟွိုက်သည် တွန့်ဆုတ်နေဆဲဖြစ်သည်ကိုကြည့်ပြီး လီလျန့်က ဒေါသတကြီးဖြင့် မြေပြင်ပေါ်ခြေဆောင့်နင်းလိုက်၏။
"မြန်မြန်မသွားသေးဘူးလား"
တင်းဟွိုက်က ခေါင်းညိတ်ပြီး သူ၏ဓားပျံကိုစီးနင်းကာ လုယွီနောက်သို့ အပြေးလိုက်သွားလေသည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာခန့် အချိန်ကြာပြီးနောက်.....
မြေပြင်သည် ရုတ်တရက်မြင့်တတ်လာပြီး ကြီးမားသော ဖုန်မှုန့်ဖုန်လိပ်များထောင်းထနေပြီး ကောင်းကင်ယံ၌ လူရိပ်များစွာ ပေါ်ထွက်လာသည်။
ကောင်းကင်ယံ၌ ရုတ်တရက်ထွက်ပေါ်လာသောသူများသည် အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဝါများနှင့် အစွမ်းထက်သောသူများဖြစ်ကြ၏။
"မြေအောက်လောကနတ်ဆိုးဂိုဏ်းက လူတွေက ကျောင်းတော်ထဲကို ရောနှောဝင်ရောက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူတို့က ငါတို့ကို တကယ်ဂရုမစိုက်တဲ့ပုံပဲ"
ထိုသူများအားလုံး၌ စိတ်လှုပ်ရှားနေသော မျက်နှာအမူအယာများရှိနေကြသည်။ သူတို့အားဦးတောင်လာသူမှာ မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့ဖြစ်ပေသည်။
မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့၏နောက်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အကြီးအကဲအုပ်စုရှိနေလေ၏။
"ဆရာသခင်...ကျွန်တော်က ဒီမှါ"
အကြီးအကဲများအနက်မှတစ်ယောက်ကိုမြင်ချိန်တွင် ရုတ်တရက် လီလျန့်၏အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"မင်းက ဘာလို့ဒီနေရာရောက်နေတာလဲ"
တည်ကြည်လေးနက်သောမျက်နှာအမူအယာဖြင့် အဖိုးအိုတစ်ယောက်က လီလျန့်အား မေးမြန်းလိုက်၏။ သူက လီလျန့်၏ဆရာသခင်ဖြစ်သူ လီဟော်ယွမ်ခန်းမကြီးကြပ်သူ ဟန်ချုံးဖြစ်ပေသည်။
ရုတ်ချည်းဆိုသလိုပင် ဟန်ချုံးက လီလျန့်၏နံဘေးသို့ ရောက်ရှိလာခဲ့၏။ သူက တပည့်ဖြစ်သူ၏လက်မောင်းကျိုးနေသည်ကိုမြင်ချိန်တွင် မျက်မှောင်ကြုတ်လိုက်မိ၏။
"အမ်...ကျီးချန်ယွီလား..."
ရုတ်တရက် အဖိုးအိုဟန်ချုံးက အံ့အားတသင့်ရေရွတ်လိုက်သည်။ အကြီးအကဲများအားလုံးသည်လည်း ကျီးချန်ယွီကို သတိပြုမိသွားပြီး အပြေးအလွှားရောက်ရှိလာကြ၏။
"သူမ အဆင်ပြေပါတယ်....ထိခိုက်ဒဏ်ရါရပြီး နည်းနည်းအားနည်းနေတာပါ"
အဖိုးအိုတစ်ယောက်က ကျီးချန်ယွီကိုကြည့်ပြီး အခိုင်အမာပြောဆိုလိုက်သည်။
ထိုစကားကြားမှသာလျှင် တစ်ခြားအကြီးအကဲများ စိတ်သက်သာရာရသွားကြ၏။
သူ၏ဆရာသခင်အပါအဝင် တစ်ခြားအကြီးအကဲများအားလုံးသည် ကျီးချန်ယွီကိုသာ ဂရုစိုက်နေကြသည်ကိုကြည့်ပြီး လီလျန့်၏စိတ်နှလုံးသားအတွင်းတွင် မနာလိုစိတ်များ တဖွားဖွားပေါ်ပေါတ်နေသည်။
သူသည်လည်း ကျောင်းတော်မှပါရမီရှင်တစ်ယောက်ဖြစ်ပေ၏။ သို့သော် ထိုလူအိုကြီးများက သူ့အား မျက်စိထဲပင်ထည့်ပုံမရချေ။ ရုတ်ချည်းဆိုသလိုပင် လီလျန့်က တစ်စုံတစ်ခုကိုတွေးတောမိပြီး သူ၏စိတ်အတွင်းသို့ ထူးထူးဆန်းဆန်းအတွေးများဝင်လာခဲ့သည်။
"ဆရာသခင်...ကျွန်တော်က အနောက်ဘက်တောင်ကုန်းကို လေ့ကျင့်ဖို့လာခဲ့တာ...ဒါပေမယ့် စီနီယာအမက နတ်ဆိုးကျင့်ကြံသူရဲ့ဖမ်းဆီးခံထားရတာကို ကျွန်တော်မမျှော်လင့်ဘဲတွေ့ခဲ့ရတယ်...ကျွန်တော်က စီနီယာအမကိုကယ်တင်နိုင်ဖို့ အချိန်မဆိုင်းဘဲကြိုးစားခဲ့တယ်"
လီလျန့်က အမှန်တရားကိုပြောကြားနေသကဲ့သို့ သူ၏အသံသည် စိတ်လှုပ်ရှားမှုများအပြည့်ဖြစ်နေသည်။
မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က သူ၏မျက်လုံးများကိုမှိတ်ထားပြီး အချိန်တခဏကြာစောင့်ဆိုင်းပြီးမှ ပြောဆိုလိုက်သည်။
"အနည်းဆုံးတော့ နတ်ဆိုးဂိုဏ်းက ဒီနေရာကို ကောင်းကင်သင်္ကေတနယ်ပယ်ကျွမ်းကျင်သူတစ်ယောက် စေလွှက်မှာပဲ...မင်းက သူမကိုဘယ်လိုလုပ်ပြီးကယ်တင်နိုင်တာလဲ"
လီလျန့်က တုန်လှုပ်သွားသော်လည်း အပေါ်ယံတွင်မူ မည်သည့်ကိစ္စမှသူလိမ်ညာမထားသကဲ့သို့ ဟန်ဆောင်ထားခဲ့သည်။
"ကျွန်တော်ရဲ့နောက်လိုက်တပည့်တွေနဲ့အတူ ဓားဝင်္ကပါတစ်ခုခင်းကျင်းပြီး နတ်ဆိုးကောင်ကိုတားဆီးနိုင်ခဲ့တာပါ....အဲ့ဒီနတ်ဆိုးကောင်က ကျောင်းတော်ထဲမှာဆိုတော့ မဆင်မခြင်မလုပ်ဝံ့တာလည်းပါမယ်လို့ ကျွန်တော်ထင်တယ်"
"တောင်သခင်....အနည်းဆုံးတော့ ချန်ယွီ အဆင်ပြေနေတယ်လေ"
ရုတ်တရက် အဖိုးအိုဟူချုံးက ဝင်ရောက်ပြောဆိုလိုက်၏။
ထိုအချိန်မှာပင် လီလျန့်က ဒေါသထွက်နေသောအမူအယာဖြင့် ထပ်မံပြောဆိုလိုက်လေသည်။
"ဟုတ်တယ်...ဘာဖြစ်ဖြစ် စီနီယာအမကျီးအဆင်ပြေနေတာ သတင်းကောင်းပဲ...စိတ်ပျက်ဖို့ကောင်းတာက အဲ့ဒီအချိန်တုန်းက သစ္စာဖောက်တစ်ယောက်ထွက်လာပြီး ကျွန်တော်တို့ကို တားဆီးခဲ့တယ်...မဟုတ်ရင် ကျွန်တော်က နတ်ဆိုးကောင်ကို အလွတ်ပေးမှာမဟုတ်ဘူး"
"သစ္စာဖောတ်လား"
"သူက ကောင်းကင်သိုင်းပညာခန်းမဆောင်က လုယွီပါ...သူက နတ်ဆိုးဂိုဏ်းကကျင့်ကြံသူကို ကူညီပေးခဲ့တယ်"
လီလျန့်က အော်ဟစ်ပြောဆိုလိုက်၏။
စန်လို့၏မျက်လုံးများက ရုတ်တရက် တောက်ပသွားလေသည်။ သူက လီလျန့်ကို တစ်ချက်ကြည့်ပြီးပြောဆိုလိုက်သည်။
"မင်း သေချာလား"
"တောင်သခင်ကိုမလိမ်ညာဝံ့ပါဘူး...ဒါကအမှန်တရားပါ"
လီလျန့်က မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
လီလျန့်က အနည်းငယ်ကြောက်ရွံနေခဲ့သည်။ အဆုံးသတ်တွင် စန်လို့နှင့်လုယွီ သိကျွမ်းနေကြောင်း သူ သတိပြုမိပေ၏။ မဟာကွန်ဖြူးရှပ်ပညာရှင် စန်လို့သာ ဒေါသထွက်လာပါက သူ၏ဆရာသခင်ပင်လျှင် သူ့အားကယ်တင်နိုင်မည်မဟုတ်ပေ။
"ကောင်းပြီလေ...ငါ နားလည်ပြီ...မင်းက လုယွီကိုဖမ်းဆီးပြီး သမင်ဖြူကျောင်းတော်ကို ပြန်ခေါ်လာခဲ့"
စန်လို့က အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့....တောင်သခင်"
လီလျန့်က အပျော်လွန်သွားပြီး အလျှင်အမြန်ပင် သဘောတူလက်ခံလိုက်၏။
Chapter 289
သမင်ဖြူတောင်သည် အလွန်ကြီးမားကျယ်ဝန်းပေ၏။ လုယွီက အနက်ရောင်အခိုးအငွေ့များနောက်သို့ အချိန်အတော်ကြာ လိုက်နေရင်းမှ ကြီးမားသောကျောက်တုံးတစ်တုံးကြီး၏ရှေ့အရောက်တွင် ရပ်တန့်လိုက်သည်။
ယခုနေရာ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို နေရောင်မထိုးဖောတ်နိုင်သည့်အထိ မြင့်မားသောသစ်ပင်ကြီးများက ဖုံးလွှမ်းထားသည်။ တစ်ပြောက် နှစ်ပြောက် ထိုးနေသည့်နေရောင်က လုယွီ၏မျက်နှာပေါ်သို့ ကျရောက်လာချိန်တွင် သူ၏မျက်လုံးများကျဥ်းမြောင်းသွားလေ၏။
ထိုအချိန်မှာပင်....
ဝှစ်....
ရုတ်နရက် လူရိပ်တစ်ရိပ်က ပတ်ဝန်းကျင်ရှိသစ်ပင်များအကြားမှနေ၍ လုယွီထံသို့ တိုးဝင်လာခဲ့သည်။ လုယွီက ထိုလူရိပ်အားမြင်သည်နှင့် သူ၏လက်မောင်းကို သူ့ရှေ့၌ကာဆီးထားလိုက်သည်။
ဘန်း....
အနက်ရောင်လူရိပ်သည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသည်နှင့် လုယွီက ကြီးမားသောတောင်ကြီးတစ်လုံးမှဖိနှိပ်ခံရသကဲ့သို့ လေးလံသည့်ဖိအားကိုခံစားမိသည်။
ဒုတ်...ဒုတ်....ဒုတ်...
လုယွီ၏နှလုံးသားများ ကဆုန်စိုင်းခုန်နေလေ၏။ သူ၏ကျန်းချီများက ဒန်တျန်မှတဆင့် သာမာန်ထက်ထူးကဲသော မရီးဒါန်းရှစ်ခုထံသို့ စီးဆင်းသွားခဲ့သည်။
"မင်းက အရည်အချင်းရှိသားပဲ...ဒါပေမယ့် ငါနဲ့တွေ့မှတော့ ဒီနေ့ကမင်းရဲ့နောက်ဆုံးနေ့ပဲ"
အနက်ရောင်ပုံရိပ်က လှောင်ပြောင်သရော်ပြောဆိုလိုက်၏။
"ခေါင်းဖွက်ပြီး အမြှီးပဲဖော်ထားတဲ့ကောင်...ထွက်လာခဲ့စမ်း"
လုယွီက သူ၏ကျန်းချီများကို ထုတ်လွှတ်လိုက်သည်။
အနက်ရောင်ပုံရိပ်သည် လုယွီ၏ကျန်းချီများနှင့် အမှတ်မထင်ရိုက်ခတ်ခြင်း ခံလိုက်ရသဖြင့် အံ့အားသင့်ဖွယ် စူးစူးဝါးဝါးအသံကြီးထွက်ပေါ်လာသည်။ အနက်ရောင်ပုံရိပ်၏ ဘေးပတ်လည်မှ အခိုးအငွေ့များအားလုံး လွင့်ပြယ်သွားခဲ့ပြီး အနက်ရောင်သံချပ်ကာဝတ်စုံနှင့် နတ်ဆိုးစစ်ဗိုလ်ချုပ်၏ပုံစံအမှန် ပေါ်ထွက်လာလေ၏။
နတ်ဆိုးစစ်ဗိုလ်ချုပ်က သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားခဲ့သည်။ သူ၏မျက်နှာပေါ်မှ ကြောက်ရွံဖွယ်အပြုံးနှင့်အတူ သူက စကားပြောဆိုလိုက်၏။
"ဒီနေ့ ငါရဲ့ကိစ္စတွေကို မင်းရှုပ်ထွေးအောင်လုပ်ခဲ့တယ်...ငါရဲ့အလုပ်ကိုဝင်ရောက်စွက်ဖက်တာ မင်းအတွက် ဘာကောင်းကျိုးမှမရှိနိုင်ဘူး...ကောင်လေး ငါ ဘယ်သူကိုမှမသတ်ချင်ဘူး...မင်း နာမည်ဘယ်သူလဲ"
နတ်ဆိုးစစ်ဗိုလ်ချုပ်က လုယွီအား လက်ညှိုးထိုး၍ မေးမြန်းလိုက်လေသည်။
လုယွီက ခေါင်းခါယမ်းလိုက်၏။
"ငါက သေတော့မယ့်ကောင်တွေကို ငါနာမည်ပြောတတ်တဲ့ အကျင့်မရှိဘူး"
လုယွီက သိုလှောင်အိတ်ကို ပုန်လိုက်ရာတွင် ခေါင်းဖြတ်ဓားက သူ၏လက်အတွင်းသို့ ရောက်ရှိလာခဲ့သည်။
နတ်ဆိုးစစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာသည် လုယွီ၏စကားကြားချိန်တွင် တင်းမာသွား၏။
"မင်းက မျက်နှာသာပေးတာကို မခံယူတတ်ဘူးပဲ'
စကားဆုံးသည်နှင့် နတ်ဆိုးစစ်ဗိုလ်ချုပ်က သူအောက်နားရှိမြေပြင်ကို ခြေဆောင့်လိုက်ရာတွင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။
ထို့နောက် နတ်ဆိုးစစ်ဗိုလ်ချုပ်သည် ရုတ်တရက် ကောင်းကင်ယံသို့ အလွန်အမင်းမြန်ဆန်သောအရှိန်ဖြင့် ထိုးတတ်သွားလေ၏။ လျှပ်တပြက်အချိန်အတွင်းမှာပင် သူက လုယွီရှေ့သို့ ရောက်ရှိလာသည်။ လုယွီက နတ်ဆိုးစစ်ဗိုလ်ချုပ် တိုးဝင်လာသည်ကိုမြင်ချိန်တွင် မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ သူ၏ဓားဖြင့် ပိုင်းဖြတ်လိုက်သည်။
ခလွမ်....
တိုးညင်းသောအသံတစ်သံနှင့်အတူ မီးပွင့်များဖြာထွက်သွားလေ၏။ လုယွီ၏ဓားသည်လည်း သံမဏိတုံးတစ်တုံးအား ခုတ်ဖြတ်လိုက်သကဲ့သို့ထင်မြင်ရပြီး နတ်ဆိုးစစ်ဗိုလ်ချုပ်အား နာကျင်နိုင်စေခြင်း မရှိပေ။
"အသူရာနတ်ဆိုးဘုရားကျောင်း"
နတ်ဆိုးစစ်ဗိုလ်ချုပ်က အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အခိုးအငွေ့များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အနက်ရောင်အခိုးအငွေ့များက တလိမ့်လိမ့်တတ်နေပြီးနောက် သူ၏နဖူးပြင်မှ ကြီးမားသောအနက်ရောင်သင်္ကေတတစ်ခုထွက်ပေါ်လာပြီး အဆက်မပြက်လှည့်ပတ်နေခဲ့သည်။
နတ်ဆိုးစစ်ဗိုလ်ချုပ်က အမှန်တကယ်ကိုပင် ကောင်းကင်သင်္ကေတနယ်ပယ်ကျွမ်းကျင်သူဖြစ်ပေ၏။ နတ်ဆိုးစစ်ဗိုလ်ချုပ်သည် သူ၏ကျန်းချီများကိုလည်း အကန့်အသတ်ရောက်ရှိသည်အထိ ထုတ်လွှက်ထားခဲ့သည်။ သူ၏ခြေတစ်လှမ်းရွေ့သည်နှင့် သူ့နံဘေးနားရှိမြေပြင်သည် တုန်ခါသွားပေသည်။ နတ်ဆိုးစစ်ဗိုလ်ချုပ်သည် ဧရာမစစ်နတ်ဘုရားတစ်ယောက်နှင့်တူညီနေပြီး လုယွီထံသို့ ပြေးဝင်သွားခဲ့သည်။
လုယွီက သစ်ပင်တစ်ပင်ကိုခြေဆောင့်၍ အားယူပြီး နတ်ဆိုးစစ်ဗိုလ်ချုပ်အား ကန်ကျောက်လိုက်သည်။
ခရက်...
သစ်ပင်က ကျိုးပဲ့သွား၏။ ထိုသစ်ပင်ကျိုးပဲ့ချိန်တခဏတွင် လုယွီ၏ဓားက နတ်ဆိုးစစ်ဗိုလ်ချုပ်အား ခုတ်ပိုင်းလ်ုက်လေ၏။
"ဟမ့်...မင်း ဒီလိုလုပ်မယ်ဆိုတာ ငါသိပြီးသားပဲ"
နတ်ဆိုးစစ်ဗိုလ်ချုပ်က လှောင်ပြောင်သရော်ပြီး လုယွီနားသို့ ရောက်ရှိလာသည်။ သို့သော် သူ၏လက်သည် လုယွီနှင့်နီးကပ်သည်နှင့် သူ့အားခြိမ်းခြောက်နေသောအော်ရာတစ်ခုကို ရုတ်တရက်ခံစားမိသည်။
"မကောင်းတော့ဘူး"
နတ်ဆိုးစစ်ဗိုလ်ချုပ်က ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်သို့အလျှင်အမြန်ဆုတ်လိုက်လေ၏။ ကံဆိုးစွာဖြင့် သူ နောက်ပြန်လှည့်သည့်အချိန်တခဏတွင် ရုတ်တရက် တစ်ခြားဓားတစ်ချောင်းနှင့် တွေ့ဆုံမိသည်။
ထိုဓားက ဓားမြှောင်တစ်ချောင်းဖြစ်ပြီး တိတ်ဆိတ်ညင်သာလှသည်။ သူ မည်သို့မျှ သတိမပြုမိခဲ့ချေ။
"ဘာလို့ နောက်ဓားတစ်ချောင်းရှိနေတာလဲ"
နတ်ဆိုးစစ်ဗိုလ်ချုပ်က သူ၏လက်များနှင့် ထိုဓားအားတားဆီးရန် ကြိုးပမ်းလိုက်သည်။ သို့သော် သူ မစွမ်းဆောင်နိုင်ခဲ့ချေ။
"မြေအောက်လောကသခင်ရဲ့ပိုင်းဖြတ်ခြင်း"
လုယွီက ဓားမြှောင်ကိုထိန်းချုပ်ပြီး ပိုင်းဖြတ်လိုက်သည်။
ဖူး....
နတ်ဆိုးစစ်ဗိုလ်ချုပ်၏အနက်ရောင်သံချပ်ကာသည် ကျိုးပဲ့သွားပြီး ၎င်းပေါ်၌ အပေါက်ကြီးတစ်ပေါက်ကြွင်းကျန်ရစ်လေ၏။ သူက ဆိုးဆိုးရွားရွားနာကျင်နေပြီး တစ်ကိုယ်လုံးထိခိုက်ဒဏ်ရါများပြည့်နှက်နေကာ နောက်သို့လွင့်ထွက်သွားတော့သည်။
Chapter 290
ယိုကျွင်းဆေဘာဓားသည် ယခင်ဘဝက လုယွီ၏အနှစ်သက်ဆုံး မှော်ရတနာဖြစ်သည်။ ထိုဓားက ဓားမြှောင်အဖြစ်အသုံးပြုနိုင်သည့်အပြင် ဓားပျံအဖြစ်လည်းအသုံးပြုနိုင်သည်။ ယိုကျွင်းဆေဘာဓား၏တိုက်ခိုက်မှုအရှိန်သည် လျှပ်စီးတမျှမြန်ဆန်ပြီး ထိပ်သီးတာအိုသခင်တစ်ယောက်ပင် ဤဓားအောက်တွင် သေဆုံးနိုင်သည်။
"ငါရဲ့ကျန်းချီ ကိုးဆယ်ရာခိုင်နှုန်းလောတ် သုံးစွဲပြီးတာတောင် သူကိုမသတ်နိုင်သေးဘူး"
လုယွီက မျက်မှောင်ကြုတ်နေလေ၏။ ယခုလက်ရှိသူ၏ကျင့်ကြံမှုနယ်ပယ်နှင့် ယိုကျွင်းဆေဘာဓား၏အခြေအနေသည် အထွက်အထိပ်အဆင့်မဟုတ်ချေ။
"ငါ အချိန်ထပ်ဖြုန်းလို့မဖြစ်ဘူး...မြန်မြန်အဆုံးသတ်မှဖြစ်မယ်"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာခဲ့၏။
ယိုကျွင်းဓား၏ပိုင်းဖြတ်ခြင်းခံလိုက်ရသော နတ်ဆိုးစစ်ဗိုလ်ချုပ်သည် အပြင်းအထန်ဒဏ်ရါရရှိပြီး မြေပြင်ပေါ်သို့လဲကျသွားလေ၏။
"ဒီ ခွေးမသားက အရမ်းရက်စက်ကြမ်းကြုတ်မယ်လို့ ငါမမျှော်လင့်မိဘူး...သောက်ခွေးပဲ"
နတ်ဆိုးစစ်ဗိုလ်ချုပ်က သူ၏ဒဏ်ရါများကို ကုသနိုင်ရန်အတွက် ကျန်းချီများကိုအသုံးပြုလိုက်သည်။ အကယ်၍ သာမာန်နေ့များတွင်သာ သူထိခိုက်ဒဏ်ရါရရှိပါက သူ၏ကျန်းချီများအကူအညီဖြင့် အလျှင်အမြန်ပျောက်ကင်းစေနိုင်ခဲ့သည်။
သို့သော် ယခုလက်ရှိတွင်မူ သူ၏ဒဏ်ရါများကိုကြည့်ရသည်မှာ ပြန်လည်ကောင်းမွန်မည့်ပုံမရချေ။ သူက ပြန်လည်ကုသလိုက်တိုင်း ဒဏ်ရါများကတစ်ဖန်ပွင့်ထွက်လာလေ၏။ သူ့ဒဏ်ရါကို ပြန်လည်ကုသရန် မဖြစ်နိုင်တော့ပေ။
"ငါရဲ့ဒဏ်ရါက သွေးတွေအဆက်မပြက်ထွက်နေတယ်...ဒီကောင်လေးလက်ထဲကဓားက ဘယ်လိုဓားမျိုးပါလိမ့်"
နတ်ဆိုးစစ်ဗိုလ်ချုပ်က အံ့အားသင့်တုန်လှုပ်စွာဖြင့် တွေးတောနေမိ၏။ ယခုလက်ရှိချိန်တွင် သူက တစ်ခြားကိစ္စရပ်များကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ဒဏ်ရါများကို ကုသနိုင်ရန် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်နေရာကို ရှာဖွေရမည်ဖြစ်ပေ၏။
"မင်းက ထွက်ပြေးချင်နေတာလား"
နတ်ဆိုးစစ်ဗိုလ်ချုပ်၏နောက်မှနေ၍ လုယွီ၏အသံထွက်ပေါ်လာသည်။
နတ်ဆိုးစစ်ဗိုလ်ချုပ်က လှည့်ကြည့်လိုက်ရာတွင် သူထံသို့တည့်မတ်စွာ တိုးဝင်လာသော ဆေဘာဓားကို မြင်တွေ့လိုက်ရသည်။
"မင်း...အရမ်းလွန်မလာနဲ့"
နတ်ဆိုးစစ်ဗိုလ်ချုပ်က သူ၏လက်ဝါးကိုဆန့်ထုတ်လိုက်သည်တွင် အနက်ရောင်ကျန်းချီများဖြင့်ဖွဲ့စည်းထားသော ဧရာမဒိုင်းကြီးက သူ့ရှေ့၌ဖြစ်ပေါ်လာလေ၏။
ဒေါင်....
သူ၏ဒိုင်းက ဆေဘာဓားမြှောင်ကို တားဆီးနိုင်လိုက်သော်လည်း ပြင်းထန်သောစွမ်းအားကြောင့် နတ်ဆိုးစစ်ဗိုလ်ချုပ်သည် နောက်သို့လွင့်စင်သွားခဲ့သည်။
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"
နတ်ဆိုးစစ်ဗိုလ်ချုပ်က တိတ်တဆိတ်ညည်းတွားနေလေ၏။
အကယ်၍ သူ၏အထွက်အထိပ်အခြေအနေ၌သာရှိလျှင် သူရှေ့မှကောင်လေးသည်ကမ္ဘာမြေသင်္ကေတနယ်ပယ်ထိပ်သီးကျွမ်းကျင်သူဖြစ်နေလျှင်ပင် မျက်လုံးထဲထည့်မည်မဟုတ်ချေ။ သို့သော် သူက အနည်းငယ်အားထုတ်တိုက်ခိုက်သည့်အချိန်တိုင်းတွင် ဒဏ်ရါများမှ စူးရှရှနာကျင်မှုကို ခံစားရသည်။
ထပ်....ထပ်...
နတ်ဆိုးစစ်ဗိုလ်ချုပ်က နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ပြီး မတ်တတ်ရပ်နေလေ၏။
လုယွီက ဓားကိုကန့်လန့်ဖြတ်ကိုင်ဆောင်ထားသည့်အနေအထားဖြင့် နတ်ဆိုးစစ်ဗိုလ်ချုပ်၏ရှေ့၌ ပိတ်ဆို့ထားသည်။
"ဒီနိမ့်ကျတဲ့သူက ရိုင်းပျခဲ့မိပါတယ်...မင်းက သမင်ဖြူကျောင်းတော်က ရှဲ့ရှောင် လား...ဒီနေ့ကိစ္စအတွက်ခွင့်လွှက်ပါလို့ ကျွန်တော်က တောင်းပန်ပါရစေ"
နတ်ဆိုးစစ်ဗိုလ်ချုပ်က လုယွီ၏သနားညှာတာမှုကိုရရှိရန် တောင်းပန်နေလေ၏။
လုယွီက သူ၏ဆေဘာဓားကို ဖြည်းဖြည်းချင်းအောက်ချထားလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး နတ်ဆိုးစစ်ဗိုလ်ချုပ်က အလျှင်အမြန်ပြောဆိုလေ၏။
"ဒီနေ့ကိစ္စတွေက အမိန့်အရ ငါက လုပ်ရတာပါ...ငါက မင်းကိုရန်စစော်ကားဖို့ မရည်ရွယ်ခဲ့ပါဘူး"
"ကျီးချန်ယွီရဲ့စိတ်ဝိညာဥ်အပိုင်းအစကို ထုတ်ပေးစမ်း"
လုယွီက အေးဆေးတည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်သည်။
နတ်ဆိုးစစ်ဗိုလ်ချုပ်သည် တွန့်ဆုတ်နေသော်လည်း သူ၏သိုလှောင်အိတ်အတွင်းမှ မှိန်ပျပျအပိုင်းအစတစ်ခုကိုထုတ်ယူပြီး လုယွီထံသို့ပေးလိုက်လေ၏။
လုယွီက ထိုအရာကိုဖမ်းယူပြီး လက်အတွင်း၌ကိုင်ထားသည်တွင် စိတ်ဝိညာဥ်လှိုင်းတစ်ခုကို အာရုံခံစားမိသည်။
"ငါတို့ရဲ့မင်းသားလေးက မင်းကိုကြည်ညိုလေးစားနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ...မင်းကိုယ်တိုင် ပါဝင်စွက်ဖက်လာမှတော့ ငါကဒီကိစ္စကိုထပ်ပြီးမပြုလုပ်တော့ဘူး...ငါ ပြန်ရောက်တာနဲ့ မင်းသားလေးစီကို သတင်းပို့လိုက်မယ်"
နတ်ဆိုးစစ်ဗိုလ်ချုပ်က အံတင်းတင်းကြိတ်ပြီး ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။
လုယွီက ခေါင်းညိတ်ပြလိုက်လေ၏။
"ကောင်းပြီလေ....မင်းက ကိစ္စတွေကို ငါစီလွှဲပြောင်းပေးပြီးမှတော့...မင်းအတွက်စိတ်သက်သာရာရစေမယ့်လမ်းကို ငါပို့ပေးမယ်"
ဘာ.....
နတ်ဆိုးစစ်ဗိုလ်ချုပ်သည် အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် နောက်သို့ အလျှင်အမြန်ဆုတ်လိုက်သည်။
သို့ရာတွင် လုယွီက ပြင်ဆင်ပြီးသားဖြစ်ပေ၏။ သူ၏လက်ချောင်းထိပ်မှနေ၍ ရုတ်တရက်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမီးတောက်က နတ်ဆိုးစစ်ဗိုလ်ချုပ်ထံသို့ ဦးတည်ရွေ့လျားသွားလေ၏။
ဝှစ်....
နတ်ဆိုးစစ်ဗိုလ်ချုပ်သည် အပြင်းအထန်ဒဏ်ရါရရှိထားသဖြင့် သူ၏လှုပ်ရှားမှုများမှာ လျှင်မြန်ခြင်းမရှိပေ။ သူဝတ်ဆင်ထားသော အနက်ရောင်သံချပ်ကာဝတ်စုံကို မီးတောက်များက လွှမ်းခြုံသွားလေ၏။
ထိုအချိန်မှာပင် လုယွီက သူ၏ရွှေရောင်အမြူတေကို ထုတ်လွှက်လိုက်သည်။
"အမြူတေဖွဲ့စည်းခြင်းနယ်ပယ်...မင်းက ရဲ့ရှောင်မဟုတ်ဘူး"
နတ်ဆိုးစစ်ဗိုလ်ချုပ်သည် အလှည့်စားခံလိုက်ရသကဲ့သို့ ခံစားမိသောကြောင့် ဒေါသတကြီးဖြစ်သွားပေ၏။
"ငါကို နာကျင်အောင်လုပ်ထားတဲ့အတွက်....မင်းရဲ့အသက်ကိုပြန်ယူမယ်"
နတ်ဆိုးစစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာသည် အေးစက်တင်းမာနေခဲ့သည်။
"မင်းမှာ အခွင့်အရေးမရှိတော့ဘူး"
လုယွီက ခပ်ပြတ်ပြတ်သာ ပြောဆိုလိုက်၏။
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးစစ်ဗိုလ်ချုပ်၏သံချပ်ကာဝတ်စုံကို လွှမ်းခြုံထားသော မီးတောက်များက တိုးလာလေ၏။
"ဒါ...ဒါက ဘယ်လိုအရာမျိုးလဲ"
နတ်ဆိုးစစ်ဗိုလ်ချုပ်က တုန်ရီသွာဖြင့် အော်ဟစ်လိုက်လေသည်။
ဝှစ်.....
အချိန်တခဏအတွင်းမှာပင် နတ်ဆိုးစစ်ဗိုလ်ချုပ်၏အနက်ရောင်သံချပ်ကာသည် ရွှေရောင်မီးတောက်များ၏ဝါးမြိုခြင်းကို ခံရတော့သည်။