← Chapters

အခန်း (၂၉၁-၂၉၅)

Vol. 16-20 Ch. 291-295

အခန်း (၂၉၁-၂၉၅)

Vol. 16-20 Ch. 291-295

Chapter 291

ဤမီးတောက်သည် ကောင်းကင်ဘုံအင်ပါယာ၏ မူလဘူတမီးတောက်ဖြစ်သည်။ ဖြောင့်မတ်မှန်ကန်ပြီး အစွမ်းထက်သောအင်အားများက မီးတောက်အတွင်းပါဝင်နေပြီး နတ်ဆိုးလမ်းကြောင်းကျင့်ကြံသူများကို အလွန်ပြင်းထန်စွာ ဟန့်တားထိန်းချုပ်နိုင်သည်။

နတ်ဆိုးစစ်ဗိုလ်ချုပ်သည် စူးစူးဝါးဝါးအော်ဟစ်ပြီး သူ၏အနက်ရောင်သံချပ်ကာကိုချွတ်၍ အဝေးသို့လွှက်ပစ်ရန် ကြံရွယ်လိုက်သည်။

သို့ရာတွင် သူ၏လက်များက မီးတောက်အားထိတွေ့မိသည်နှင့် ရေခဲနှင့်မီးထိတွေ့သကဲ့သို့ အရည်ပျော်စပြုလာသည်။

"ငါ သေရတော့မယ်...သေတော့မယ်"

နတ်ဆိုးစစ်ဗိုလ်ချုပ်က သူကိုယ်သူ မြေပြင်ပေါ်ပစ်လှဲချပြီး လူးလှိမ့်ကာ သူ၏ခန္ဓာကိုယ်ပေါ်မှမီးတောက်များအား ငြိမ်းသတ်ရန် ကြိုးပမ်းနေလေ၏။

သို့သော် ရွှေရောင်မီးတောက်များသည် ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်ဖြစ်သဖြင့် လွယ်လင့်တကူငြိမ်းသတ်၍ မရနိုင်ပေ။

နတ်ဆိုးစစ်ဗိုလ်ချုပ်၏စူးရှနာကျင်စွာအော်ဟစ်နေသံကြီးက နားကွဲလုမတတ်ထွက်ပေါ်နေခဲ့သည်။ လုယွီက အချိန်တခဏကြာ ငြိမ်ငြိမ်သက်သက်ကြည့်နေပြီးနောက် ယခုနေရာမှလှည့်၍ ထွက်ခွါခဲ့တော့သည်။

လုယွီ၏အမူအကျင့်အရ သူ၌ဒုက္ခဖြစ်စေမည့်အရာများကို အမြဲတစေအပြီးသတ် သုတ်သင်ဖယ်ရှားသည်။ သို့သော် ယခုလက်ရှိချိန်တွင်မူ လုယွီက မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ ထွက်ခွါခဲ့လေသည်။

"ငါမှာ ကျန်ရှိတဲ့ကျန်းချီပမာဏက မူလဘူတမီးတောက်ကို ထိန်းသိမ်းနိုင်ရုံပဲကျန်တော့တယ်....ငါရဲ့ကျင့်ကြံမှုကို အမြန်တိုးတတ်အောင်လုပ်မှဖြစ်မယ်"

လုယွီက တိတ်တဆိတ် ခေါင်းခါယမ်းနေလေ၏။

သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သာရှိသေးပြီး နတ်ဆိုးစစ်ဗိုလ်ချုပ်နှင့် အဆင့်ကြီးနှစ်ဆင့်ကွာခြားနေခဲ့သည်။ နတ်ဆိုးစစ်ဗိုလ်ချုပ်ကို သူအနိုင်ယူနိုင်ခဲ့သည့်အကြောင်းအရင်းမှာ သူ၏ဆေဘာနည်းစနစ်အပြင် ယိုကျွင်းဓား၏နတ်ဘုရားလက်နက်အစွမ်းနှင့် ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်တို့ကြောင့်သာ ဖြစ်ပေ၏။

"ယိုကျွင်းက ပြန်လည်ကုစားနေဆဲအဆင့်ပဲရှိသေးတယ်...ဒီနေ့ ငါ တစ်ကြိမ်အသုံးပြုလိုက်မိတော့ သူ့ကိုပြန်အနားပေးရမယ်"

"မူလဘူတမီးတောက်ကတော့...ဟူး....တစ်လမှာတစ်ကြိမ်ပဲ ငါ အသုံးပြုနိုင်မယ်...နောက်တစ်ကြိမ်အသုံးပြုဖို့ ငါ စောင့်ရအုံးမယ်"

"ခွန်အား နည်းစနစ်နဲ့ ကျင့်ကြံမှုနယ်ပယ်...အကုန်လုံးက ငါအတွက်မရှိမဖြစ်လိုအပ်နေတယ်"

လုယွီက စိတ်ပျက်လက်ပျက်ညည်းညူပြီး သူ၏ခေါင်းဖြတ်ဓားနှင့်အတူ အဝေးသို့ထွက်ခွါသွားတော့သည်။

*****

ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်သည် သူ၏ပစ်မှတ်ဖြစ်သော နတ်ဆိုးစစ်ဗိုလ်ချုပ်ကို ဆက်လက်လောင်ကျွမ်းနေလေ၏။

သို့သော် လုယွီ ထွက်ခွါသွားပြီး အချိန်တခဏအကြာတွင် သေဆုံးနေသော နတ်ဆိုးစစ်ဗိုလ်ချုပ်၏မျက်လုံးများက သွေးရောင်နီမြန်းပြီး ပွင့်လာခဲ့သည်။ တုန်ရီနေသောလက်များဖြင့် သူ၏အင်္ကျီလက်အတွင်းမှ အဆောင်တစ်ခုကိုထုတ်ယူပြီးအော်ဟစ်လိုက်၏။

"ပြန့်ကျဲသွားစမ်း"

ဗြန်း.....

ရုတ်တရက် နတ်ဆိုးစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်တစ်ခုလုံးပေါက်ကွဲသွားပြီး အသွေးအသားများက နေရာအနှံပြန့်ကျဲသွားခဲ့သည်။

တစ်ချို့အသွေးအသားအပိုင်းအစများကို ရွှေရောင်မီးတောက်က လောင်ကျွမ်းနေသည်။ အသက်အနည်းငယ်ရှုချိန်အတွင်းမှာပင် ထိုအသွေးအသားများက ပြာဖြစ်သွားလေ၏။

ကြွင်းကျန်ရစ်သော အသွေးအသားများသည် တဖြည်းဖြည်းစတင်သိပ်သည်းလာပြီး နောက်ဆုံး၌ အနက်ရောင်ဖားတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။

အနက်ရောင်ဖား၏မျက်လုံးတစ်စုံသည် အေးစက်စက်တောက်ပနေလေ၏။ သူက လုယွီထွက်ခွါသွားသည့်ဘက်သို့ အမုန်းတရားအပြည့်ဖြင့် စိုက်ကြည့်နေပေသည်။

"သမင်ဖြူကျောင်းတော်မှာ ဒီလိုလူငယ်တစ်ယောက်ရှိနေမယ်လို့ ငါ ထင်မထားမိဘူး...ကြည့်ရတာ ငါရရှိတဲ့ သတင်းတွေက တိကျမှုမရှိပုံပဲ"

"ငါကို အရှင်မင်းသားလေးပေးထားတဲ့ အဆောင်သာရှိမနေရင်.....ငါဒီနေရာမှာတင် အဆုံးသတ်သွားနိုင်တယ်...အဲ့ဒီမီးတောက်နဲ့ဆေဘာဓားတွေက ဘယ်လိုအမျိုးအစားမျိုးတွေလဲ...အဲ့ဒီကိစ္စကို မင်းသားလေးစီ သတင်းပို့ရမယ်"

အနက်ရောင်ဖားအတွင်းမှ နတ်ဆိုးစစ်ဗိုလ်ချုပ်၏အသံ ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင် မူလက လုယွီရှိနေခဲ့သောနေရာသို့ လူတစ်ယောက် ရောက်ရှိလာခဲ့သည်။ ထိုသူသည် လုယွီနောက်သို့လိုက်ပါသွားရန် လီလျန့်ကခိုင်းစေထားသော တင်းဟွိုက်ဖြစ်ပေ၏။

တင်းဟွိုက်က ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုပြီး တီးတိုးရေရွတ်လိုက်သည်။

"ထူးဆန်းလိုက်တာ...ငါက ဟိုကောင်လေးရဲ့အော်ရာကို အသေအချာအာရုံခံမိတာပါ...အခု ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားတာတုန်း"

တင်းဟွိုက်သည် နောက်ယောင်ခံရာတွင် ကျွမ်းကျင်သူဖြစ်ပြီး လုယွီ၏အော်ရာအတိုင်း သုကခြေရာခံလာခဲ့ခြင်းဖြစ်သည်။

"တော်ပြီကွာ...ငါ ကျောင်းတော်ကိုပြန်ပြီး ဟိုကောင်လေးသေပြီလို့ပဲ စီနီယာအကိုကို ပြောလိုက်တော့မယ်"

တင်းဟွိုက်က စိတ်ဆုံးဖြတ်ချက်ချပြီး လှည့်ထွက်လိုက်လေ၏။

သို့သော် သူ နောက်လှည့်သည့်အချိန်တခဏတွင် သူ၏နောက်၌ အနက်ရောင်ဖားတစ်ကောင် ရှိနေခြင်းကို တွေ့မြင်မိသည်။ သူက ထိုဖားကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်မိလေ၏။

"နတ်ဆိုးလား...နတ်ဆိုးလမ်းကြောင်း ကျင့်ကြံသူလား"

တင်းဟွိုက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြိုလဲကျသွားသည်။

"ဟား ဟား...ငါ အတော်ကံကောင်းတာပဲ...ငါရဲ့ရုပ်ခန္ဓာဆုံးရှုံးပြီး မကြာခင်မှာဘဲ အသစ်တစ်ခုရလိမ့်မယ်လို့ မထင်ထားဘူး"

နတ်ဆိုးစစ်ဗိုလ်ချုပ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

တင်းဟွိုက်က အနက်ရောင်ဖားအား အရိုအသေပေးနေလေသည်။

"ကျွန်တော်က အရှုံးပေးဖို့ ဆန္ဒရှိပါတယ်...ကျွန်တော်ကို မသတ်ပါနဲ့...ကျွန်တော်ရဲ့ဘဝကို စိုးမိုးခြယ်လှယ်နိုင်ပါတယ်"

"ကောင်းပြီလေ....ငါတို့နတ်ဆိုးဂိုဏ်းကို သစ္စာခံ"

နတ်ဆိုးစစ်ဗိုလ်ချုပ်က ရယ်မောလိုက်ပြန်၏။

"အရင်ဦးဆုံး မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို ငါကိုပေး"

Chapter 292

"ခင်ဗျား ဘာပြောလိုက်တာလဲ"

တင်းဟွိုက်၏မျက်နှာတစ်ခုလုံး ဖြူလျော်ပြီးကြောက်ရွံနေလေ၏။ သူက မြေအောက်လောကနတ်ဆိုးဂိုဏ်းများမှ ကျင့်ကြံသူများ၏ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းပုံကို သိရှိပြီးဖြစ်သည်။ ထိုအချိန်မှာပင် သူ၏စိတ်ဝိညာဥ်သည် ကွဲကြေလုမတတ်ဖြစ်နေခဲ့သည်။

နတ်ဆိုးစစ်ဗိုလ်ချုပ်၏စကားကိုကြားသည်နှင့် တင်းဟွိုက်က အချိန်ဆိုင်းမနေဘဲ ထွက်ပြေးရန်ကြံရွယ်လိုက်သည်။

"ဟား ဟား...မင်း ဒီနေရာရောက်လာမှတော့....ထွက်ပြေးဖို့မစဥ်းစားနဲ့"

အနက်ရောင်ဖားက တင်းဟွိုက်၏ခေါင်းအထက်၌ မျောလွင့်နေခဲ့သည်။

"ကယ်ကြပါ....."

တင်းဟွိုက်၏လက်ချောင်းများ လှုပ်ရှားလိုက်မှုနှင့်အတူ အဆောင်တစ်ခုက လေထုအတွင်းသို့ ပေါက်ကွဲသွားခဲ့သည်။

ဝူး...အူး....

အနက်ရောင်ဖားက တင်းဟွိုက်အားခုန်အုပ်လိုက်ပြီးနောက် ချက်ချင်းပင် သူ၏အသံက တဖြည်းဖြည်းပျောက်ကွယ်သွားတော့၏။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့်၌....

ဝှစ်...ဝှစ်....

လူရိပ်တစ်ချို့က မြေကွက်လပ်သို့ ရောက်ရှိလာကြသည်။ ထိုလူများသည် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး သမင်ဖြူကျောင်းတော်၏အပြင်စည်းတပည့်များ ဖြစ်ကြ၏။

"ငါတို့ ခုလေးတင် ကျောင်းတော်တပည့်တစ်ယောက်ရဲ့ အကူအညီတောင်းတဲ့သင်္ကေတကိုရရှိခဲ့တာ...ဒီနေရာကိုကြည့်ရတာ ဘာတိုက်ခိုက်မှုမှလည်း ရှိခဲ့ပုံမပေါ်ဘူး"

တပည့်တစ်ယောက်က ပြောဆိုနေလေသည်။

"ဂရုစိုက်...ငါတို့ရဲ့အတန်းဖော်တစ်ယောက် တိတ်တဆိတ်အသတ်ခံရတာလည်း ဖြစ်နိုင်တယ်"

တစ်ခြားတပည့်တစ်ယောက်က လေးလေးနက်နက်ပြောဆိုလိုက်၏။

သူ၏စကားကိုကြားသည်နှင့် တပည့်များအားလုံးက ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို စေ့စေ့စပ်စပ်ရှာဖွေ ကြည့်ရှုလိုက်ကြသည်။

ထိုအချိန်မှာပင် တပည့်တစ်ယောက်က တင်းဟွိုက်လဲကျနေသောနေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။

"ကြည့်စမ်း...အဲ့ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေတယ်"

လူအုပ်ကြီးက အပြေးအလွှားသွား၍ တင်းဟွိုက်အား ထူမလိုက်ကြ၏။

"သူ အဆင်ပြေပါတယ်...ကယ်တင်လို့ရနိုင်တယ်"

တပည့်တစ်ယောက်က ဆေးလုံးတစ်လုံးကိုထုတ်ယူပြီး တင်းဟွိုက်၏ပါးစပ်အတွင်းသို့ ခွံ့ကျွေးလိုက်သည်။

အချိန်တခဏအကြာမှာပင် တင်းဟွိုက် နိုးထလာခဲ့၏။

"စီနီယာအကို...ဘယ်လိုနေသေးလဲ"

တပည့်အုပ်စုက တင်းဟွိုက်အား ဂရုတစိုက်ဝိုင်းအုံမေးမြန်းကြလေသည်။

တင်းဟွိုက်က ထိုတပည့်များကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"မင်းတို့ ငါကိုကယ်တင်ခဲ့တာလား"

"စီနီယာအကိုစီက အကူအညီတောင်းတဲ့ အချက်ပေးသင်္ကေတရတာနဲ့ ကျွန်တော်တို့အားလုံး မြန်နိုင်သမျှမြန်မြန် လာခဲ့ကြတာ"

အပြင်စည်းတပည့်တစ်ယောက်က ဖြေကြားလိုက်လေ၏။

တင်းဟွိုက်က ခေါင်းညိတ်ပြပြီးနောက် သူက အပြုံးနှင့်အတူ စကားပြောဆိုလိုက်သည်။

"မင်းတို့က ငါကိုကယ်တင်ခဲ့မှတော့...ငါ မင်းတို့အပေါ်အကြွေးတင်သွားပြီ....မင်းတို့ ငါရဲ့နောက်လိုက်ဖြစ်ဖို့ ဆန္ဒရှိလား"

တင်းဟွိုက်သည် အတွင်းစည်းတပည့်တစ်ယောက် ဖြစ်တော့မည့်သူဖြစ်သည်။ အတွင်းစည်းတပည့်များသည် အပြင်စည်းတပည့်များကို နောက်လိုက်အဖြစ်ခေါ်ယူနိုင်ပေသည်။

နောက်လိုက်တပည့်များသည် အတွင်းစည်းတပည့်များနှင့်အတူ နည်းစနစ်များကိုသင်ယူနိုင်ပေသည်။ ထို့ပြင် အတွင်းစည်းတပည့်၏ခြံဝန်းမှ စိတ်ဝိညာဥ်စွမ်းအားများအကူအညီဖြင့် သူတို့၏ကျင့်ကြံမှုကိုတိုးတတ်စေနိုင်ပေမည်။

အပြင်စည်းတပည့်များသည် အလွန်အမင်းပျော်ရွှင်သွားကြ၏။

"စီနီယာအကိုကို ကျေးဇူးတင်ပါတယ်"

တင်းဟွိုက်က ရယ်ပြုံးရင်းမှ ခေါင်းညိတ်ပြလိုက်သည်။

"ငါက နတ်ဆိုးကောင်ကြောင့် ဒဏ်ရါရခဲ့တာ...ငါအခု မလှုပ်ရှားနိုင်သေးဘူး....ငါကို ကျောင်းတော်ပြန်ခေါ်သွားပေးပါ"

"ဒါက ကျွန်တော်တို့ လုပ်ပေးသင့်တာပါ"

အပြင်စည်းတပည့်တစ်ချို့သည် အလျှင်စလိုဖြင့် ထမ်းစင်တစ်ခုကိုပြုလုပ်ပြီး တင်းဟွိုက်အားမတင်ကာ သမင်ဖြူကျောင်းတော်သို့ ခေါ်ဆောင်သွားကြတော့သည်။

သူတို့က တင်းဟွိုက်အား မတင်နေကြသည့်အချိန်တခဏတွင် သူ၏မျက်လုံးများက ရုတ်တရက် အနက်ရောင်အဖြစ်ပြောင်းလဲသွားပြီးမှ သာမာန်မျက်လုံးအရောင်ပြန်ပြောင်းသွားသည်ကို မည်သူကမျှ သတိမပြုမိကြပေ။

……

သမင်ဖြူတောင်.....

လုယွီက ဓားပျံကိုထိန်းချုပ်စီးနင်းပြီး ကျောင်းတော်အဝင်တံခါးပေါတ်သို့ ရောက်ရှိလာခဲ့သည်။

သမင်ဖြူတောင်ထိပ်မှ သာယာနာပျော်ဖွယ်ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာပြီး တောင်ကြားတစ်လျှောက်နှင့် အေးစက်မိုးတိမ်မြို့အနှံ့ ဖုံးလွှမ်းမြည်ဟီးသွားလေ၏။

"တောင်သခင်ရဲ့အမိန့်အရ သစ္စာဖောက်လုယွီကို ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြစမ်း"

ထိုအချိန်မှာပင် ကျယ်လောင်စွာဖြင့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လုယွီက လှည့်ကြည့်လိုက်ရာတွင် သူ့အားဝိုင်းရံထားကြသည့် စည်းမျဥ်းခန်းမမှတပည့်များကို မြင်တွေ့မိ၏။

"ဟား ဟား ဟား...ကောင်လေး...မင်းကအရမ်းမောက်မာခဲ့တာလေ...တောင်သခင်ရဲ့မျက်နှာသာပေးမှုနဲ့ မင်းသောင်းကျန်းခဲ့တာတွေ မှတ်မိသေးလား...အခု တောင်သခင်က မင်းကို အကာအကွယ်မပေးတော့ဘူး...မင်းကိုယ်မင်းသတ်သေလိုက်တာပိုကောင်းမယ်လို့ ငါအကြံပေးချင်တယ်"

လုယွီက သူ့အားတစ်ချက်စိုက်ကြည့်လိုက်၏။

"မင်းလက်မောင်း ပြန်ကောင်းသွားပြီလား"

လီလျန့်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီးနောက် သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သောက်ရှက်မရှိတဲ့ကောင်...ငါ အသင့်မဖြစ်သေးခင် မင်းချောင်းမြောင်းတိုက်ခိုက်ခဲ့တာလေ"

လုယွီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိ၏။ ဤှကဲ့သို့လူစားမျိုးကို သူအများကြီး ရှင်းမပြလိုပေ။ လုယွီက ကျောင်းတော်သို့ဝင်ရန်ပြင်ဆင်လိုက်ချိန်တွင် လီလျန့်က တားဆီးထားလေသည်။

"မင်း လျှောက်သွားနေလို့မရဘူး....မင်းကို ပြန်ခေါ်လာဖို့ တောင်သခင်က ငါကို အမိန့်ပေးထားတယ်"

လီလျန့်က လုယွီကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်ရှုလိုက်သည်။

"ဘယ်သူပဲ လာတားတား...ကျောင်းအုပ်ကြီးက တားဆီးရင်တောင်မှ ငါ မင်းကိုဖမ်းဆီးရလိမ့်မယ်"

Chapter 293

"ဖယ်ကြစမ်း"

လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေလေ၏။ သူထံတွင် ကျီးချန်ယွီ၏စိတ်ဝိညာဥ်အပိုင်းအစရှိနေခဲ့သည်။

သူမသည် ကောင်းကင်ဘုံအင်ပါယာမဟုတ်သည့်အတွက် အစိတ်စိတ်အမွှာမွှာပိုင်းခြားနေသောစိတ်ဝိညာဥ်ဖြင့် ပြန်လည်မွေးဖွားနိုင်မည်မဟုတ်ချေ။ သူမက ယခုမှ တာအိုပထမအဆင့်ကျင့်ကြံသူသာဖြစ်ပေ၏။

လူတစ်ယောက်တွင် စိတ်ဝိညာဥ်သုံးခုမှ ခုနစ်ခုထိပါရှိတတ်သည်။ စိတ်ဝိညာဥ်တစ်ခုသည် မူလခန္ဓာကိုယ်မှ အချိန်ကြာမြင့်စွာခွဲခွါနေပါက အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းတွင်နှောင့်နှေးမည့်အပြင် ရူးသွပ်သွားခြင်းပင်ဖြစ်ပေါ်စေနိုင်သည်။

လီလျန့်သည် ထိုကိစ္စများကို သိရှိခြင်းမရှိပေ။ လုယွီစိတ်လှုပ်ရှားနေသည်ကိုမြင်ချိန်တွင် တုန်လှုပ်ချောက်ချားနေခြင်းကြောင့်သာဖြစ်မည်ဟု သူက အသေအချာတွက်ဆထားသည်။

"ဟူး....မင်းနဲ့ငါကြား ကွာခြားချက်က အရမ်းကြီးမားတယ်လို့ ငါ မင်းကိုပြောခဲ့ပါတယ်...မင်းမှာ သာမာန်မဟုတ်တဲ့အစွမ်းတွေရှိရင်တောင်မှာ လမင်းကနေရောင်ပြန်ဟပ်လာတဲ့ပန်းပွင့်လေးတစ်ပွင့်ပါပဲ...တောင်သခင်စန်လို့ကို လှည့်စားဖို့အရမ်းလွယ်တယ်လို့ မင်း ထင်နေတာလား"

လီလျန့်က လုယွီအား ပြက်ရယ်ပြုနေလေ၏။

လီလျန့်ကစကားပြောဆိုနေရင်းမှ သူ့စကားသူ သဘောကျနေပုံဖြင့် သူ့နှုတ်ခမ်းများတွန့်ကွေးသည်အထိ ပြုံးရယ်လိုက်သည်။

"အဆုံးသတ်ကျတော့ မင်းက အရှက်မရှိတဲ့နည်းလမ်းတွေကို အသုံးပြုပြီး လူတွေရဲ့အာရုံကိုဆွဲဆောင်ရယူချင်နေတဲ့ လူယုတ်မာတစ်ယောက်ပဲ...မင်း ကြည့်စမ်း...အခုတော့ ကွာခြားတယ်ဆိုတဲ့ အဓိပ္ပါယ်ဘာလဲဆိုတာ မင်းသိပြီမလား"

"ပြီးပြီလား"

လုယွီက မေးမြန်းလိုက်၏။

လီလျန့်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"အမှန်တကယ်တော့ ငါ့စကားမဆုံးသေးဘူး...ဘာလဲ...ငါရဲ့စကားတွေက မင်းရဲ့အားနည်းချက်ကို သွားထိလို့လား"

လုယွီက လီလျန့်နှင့် အဓိပ္ပါယ်မရှိသောစကားများကို ပြောဆိုချင်စိတ်မရှိပေ။ သူက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်သည်တွင် ကျောက်တုံးကြီးတစ်တုံးက လွင့်စင်ထွက်လာလေ၏။ လုယွီ၏ကျန်းချီလှိုင်းတစ်လှိုင်းက ကျောက်တုံးကြီးအတွင်းသို့ စီးဆင်းသွားပြီး လီလျန့်ထံသို့ တည့်မတ်စွာတိုးဝင်သွားခဲ့သည်။

"မင်းက တကယ်ကို မျှော်လင့်ချက်မရှိတော့တဲ့ကောင်ပဲ...ဒီနေ့ မင်းနဲ့ငါကြား ဘယ်လောက်ကွာခြားလည်းဆိုတာ ငါ မင်းကိုသိအောင်ပြမယ်"

လီလျန့်က လုယွီကို အထင်အမြင်သေးစွာဖြင့် ခေါင်းခါယမ်းလိုက်၏။ လုယွီသည် လူအမြောက်အများရှေ့တွင် နတ်ဆိုးနည်းစနစ်များကို အသုံးပြုလိမ့်မည်ဟု သူ မယုံကြည်ချေ။

သူက ကျောက်တုံးဖြင့်သာ ပစ်ပေါက်နိုင်သလော...လီလျန့်က သူထံတိုးဝင်လာသည့်ကျောက်တုံးကြီးကို အထင်သေးစွာဖြင့် ကြည့်ရှုလိုက်သည်။ သူ၏လက်ချောင်းများလှုပ်ခတ်လိုက်မှုနှင့်အတူ လက်ဝါးပေါ်တွင် ဓားဝင်္ကပါတစ်ခု ပေါ်ပေါတ်လာလေ၏။

ဝှစ်.....

ဓားဝင်္ကပါအတွင်း၌ စီးဆင်းနေသော ဓားချီများသည် လုယွီထံသို့ တိုးဝင်သွားခဲ့သည်။

"အစစ်အမှန်ပါရမီရှင်က ဘယ်လိုမျိုးလဲဆိုတာ ငါ မင်းကိုပြမယ်....မင်းရဲ့လှည့်ကွက်သေးသေးလေးတွေလောတ်နဲ့ ငါကိုယှဥ်နိုင်ဖို့မစဥ်းစားနဲ့...ရယ်စရာကောင်းတာတွေပဲ ဖြစ်လာလိမ့်မယ်"

လီလျန့်က လုယွီအား အထင်အမြင်သေးစွာပြောဆိုနေရင်းမှ ချက်ချင်းပင် ရပ်တန့်သွားလေ၏။

အချိန်လျှပ်တပြက်အတွင်း၌ ကျောက်တုံးကြီးက ဓားဝင်္ကပါအတွင်းသို့ တည့်မတ်စွာဝင်လာခဲ့သည်။

ဘုန်း....

လီလျန့်၏ လှောင်ပြောင်သရော်နေသောမျက်နှာထားသည် ချက်ချင်းပင် အေးခဲသွားပြီး နေရာ၌ပင် ဆွံအသွားလေ၏။ သူ၏လက်မောင်းတစ်ဖက်လုံးသည် ကျောက်တုံးကြီးနှင့်ထိခတ်မိပြီး သွေးမြူများ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။

"မင်း...."

လီလျန့်က ပါးစပ်ဟလိုက်သည်နှင့် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်လုတ်အန်ထွက်လာခဲ့သည်။

လုယွီက ရှေ့သို့တိုးလိုက်ပြီး ချက်ချင်းပင် လီလျန့်အနီးသို့ ရောက်ရှိလာ၏။

"အခု မင်းနဲ့ငါကြားက ကွာခြားချက်ကို သိပြီမလား"

လုယွီက အေးစက်စက်ကြည့်ပြီး လီလျန့်၏ဒန်တျန်နေရာသို့ သူ၏လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဖူး....

လီလျန့်က သွေးတစ်လုတ်ထပ်မံအန်ထုတ်လိုက်ရပြီး သူ၏မျက်လုံးများသည်လည်း ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"မင်း....မင်းက ငါရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပစ်တယ်"

လီလျန့်က တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်သည်။

လုယွီက လီလျန့်ကို အင်္ကျီဂုတ်မှဆွဲမြှောက်၍ ခက်ထန်စွာပြောဆိုလိုက်လေ၏။

"ငါ မင်းကို ထွက်သွားဖို့ပြောတာ ဘယ်နှစ်ခါရှိနေပြီလဲ"

လီလျန့်၏မျက်လုံးများတွင် အကြောက်တရားများ အပြည့်ရှိနေ၏။ ယခုအချိန်တခဏတွင် သူ၏အမြင်၌ လုယွီသည် လူများခုခံရန်မဝံ့မရဲဖြစ်စေမည့် ဧရာမတောင်ကြီးတစ်လုံးနှင့်သာ တူညီနေပေသည်။

"မင်းက ဘာလို့ ငါ့ထက်ပိုသာနေရတာလဲ...မဖြစ်နိုင်ဘူး...မင်းက နက္ခက်တာရာပြောင်းလဲခြင်းအဆင့်ပဲရှိတဲ့ ကောင်လေးတစ်ယောက်လေ...ဘာလို့လဲ....."

ရုတ်တရက် လီလျန့်က အနည်းငယ်အံ့အားသင့် တုန်လှုပ်သွားလေ၏။

သူက လုယွီကို ပထမဦးဆုံးတွေ့မြင်ချိန်တွင် နက္ခက်တာရာပြောင်းလဲခြင်းအဆင့်သာရှိသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အချိန်တိုကာလအတွင်းမှာပင် ယခု လုယွီ၏လက်ရှိကျင့်ကြံဆင့်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပေ၏။

သူသည်သာ အဆက်မပြက်အော်ဟစ်ရန်စနေသော အရူးတစ်ယောက် ဖြစ်ခဲ့ရသည်။ တစ်ခြားတစ်ဖက်မှ လုယွီကမူ သူ့အား မည်သည့်အခါမျှ အဖက်မလုပ်ခဲ့ချေ။

လုယွီက လီလျန့်ကို သာမာန်ကာလျှံကာ ပစ်ချလိုက်ရာတွင် သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားလေ၏။

လုယွီအားဝိုင်းရံထားကြသော စည်းမျဥ်းခန်းမမှတပည့်များသည် ကူရာကယ်ရာမဲ့စွာဖြင့် လမ်းကြောင်းဖွင့်ပေးလိုက်ကြ၏။

"အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူတောင် သူကိုမယှဥ်နိုင်မှတော့...သူကိုမနှောက်ယှက်တာ ပိုကောင်းလိမ့်မယ်"

စည်းမျဥ်းခန်းမမှတပည့်များသည် တစ်ယောက်မျက်နှာတစ်ယောက် ခါးသည်းစွာဖြင့် ကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင် ကျန်းချီများဖြင့်သိပ်သည်းဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးတစ်ဖက်က ကောင်းကင်ယံမှကျဆင်းလာပြီး လုယွီအားဖမ်းဆီးလိုက်လေ၏။

Chapter 294

မြင့်မားသောအဆောက်အအုံတစ်ခု အရွယ်အစားမျှရှိသော ဧရာမလက်ကြီးက လုယွီအား ဖမ်းဆီးထားလေသည်။

"ဒါက တောင်သခင်စန်လို့ပဲ"

"နောက်ဆုံးတော့ ကျောင်းတော်ကထိပ်သီးကျွမ်းကျင်သူကိုယ်တိုင် လှုပ်ရှားလာခဲ့ပြီပဲ...ဒီသေခြင်းနတ်ဘုရားက နောက်ဆုံးတော့ ဖိနှိပ်ခံရပြီ"

ဤနေရာ၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချသံများ ထွက်ပေါ်နေခဲ့သည်။

မြေပြင်ပေါ်၌ လဲကျနေပြီး သေလုမျောပါးဖြစ်နေသော လီလျန့်ကိုကြည့်ပြီး လူတိုင်း ထိတ်လန့်ကြောက်ရွံနေကြ၏။ လီလျန့်၏ကျန်ရှိသောဘဝသက်တမ်းတွင် မသန်မစွမ်းအဖြစ်သာ နေထိုင်သွားရပေတော့မည်။ သူ၏လက်မောင်းတစ်ဖက် ဆုံးရှုံးပြီး ဒန်တျန်သည်လည်း ဖျက်ဆီးခံထားရသည်။ သေမျိုးလောကတွင်ပင် လီလျန့်သည် သာမာန်လူအဖြစ် ရှင်သန်နေထိုင်နိုင်တော့မည် မဟုတ်ချေ။

"ငါ မင်းကိုသတ်ဖို့ ဆရာသခင်ကိုပြောမယ်...အား...အား...."

ယခုအချိန်တွင် လီလျန့်သည် အရူးတစ်ယောက်ကဲ့သို့ ဝူးဝူးဝါးဝါးအော်ဟစ်နေလေ၏။ သို့သော် မည်သူကမျှ သူ့ကို အာရုံစူးစိုက်ခြင်းမရှိပေ။

……

ဧရာမလက်ကြီးဆင်းသက်လာသည်ကို လုယွီက အာရုံခံမိသောအချိန်တခဏတွင် ခုခံတားဆီးရန်အတွက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှကျန်းချီများကို ချက်ချင်းပင်လှည့်ပတ်လိုက်သည်။

ခေါင်းဖြတ်ဓားမှ ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို လေဆင်နှာမောင်းတစ်ခုကဲ့သို့ ထုတ်လွှတ်ပြီး ကျန်းချီလက်ကြီးကို တားဆီးလိုက်လေ၏။

ဧရာမလက်ကြီး၏နက်ရှိုင်းသောနေရာမှ အံ့အားတသင့် ရေရွတ်သံတစ်သံထွက်ပေါ်လာခဲ့သည်။

"ငါ မင်းကို လျှော့တွက်ခဲ့မိတာပဲ"

ထိုအသံက ညည်းတွားသံဖြစ်ပေ၏။

ထို့နောက် ဧရာမလက်ကြီး၏စွမ်းအားသည် ပို၍အားကောင်းလာသည်ကို လုယွီခံစားမိသည်။ ကျန်းချီလှိုင်းတစ်လှိုင်းပြီး တစ်လှိုင်းက လုယွီအား ရစ်ပတ်လာလေ၏။

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပသွားခဲ့သည်။ ခေါင်းဖြတ်ဓားက အစွမ်းထက်ဓားချီနှင့်အတူ သူ၏ကျန်းချီစီးကြောင်းများကိုလည်း ထပ်မံဖွင့်လှစ်ပြီး တုန့်ပြန်တိုက်ခိုက်လိုက်လေ၏။

ဧရာမကျန်းချီလက်ကြီး၏ပိုင်ရှင်သည် လုယွီ၏ဓားချီများက ဤမျှအထိအားကောင်းလိမ့်မည်ဟု မျှော်လင့်ထားပုံမပေါ်ချေ။

ဘုန်း....

ဧရာမကျန်းချီလက်ကြီးတွင် ကြီးမားသောအက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားခဲ့သည်။

လုယွီက နဂါးပျံခြေလှမ်းကို အသုံးပြုပြီး လှုပ်ရှားလိုက်ရာတွင် အက်ကွဲကြောင်း၏အထက်သို့ ချက်ချင်းပင် ရောက်ရှိသွားလေ၏။

လုယွီရောက်ရှိနေသောနေရာသည် ကြီးမားသောခန်းမဖြစ်ပေ၏။

ခန်းမကြီး၏နံဘေးပတ်လည်ရှိ တံခါးပေါတ်များနှင့်ပြတင်းပေါတ်များအားလုံး ပိတ်ဆို့ထားပြီး ခန်းမနံရံ၌ မှိန်ပျပျအလင်းရောင်စီးကြောင်းတစ်ခုရှိနေသည်။ ယခုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသော ဝင်္ကပါကြီးတစ်ခုရှိနေသည်မှာ သိသာထင်ရှားပေ၏။

"အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ငါရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်မယ်လို့ ငါ မထင်ထားမိဘူး...မင်းက ငါကို အကြီးကြီး အံ့အားသင့်စေတာပဲ"

ခန်းမနံရံ၏တစ်ခြားတစ်ဖက်မှနေ၍ စန်လို့၏အသံ ထွက်ပေါ်လာခဲ့သည်။

လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာတွင် သူ၏ဘေးပတ်လည်၌ထိုင်နေသည့် စန်လို့နှင့်တစ်ခြားအကြီးအကဲများကို မြင်တွေ့ရလေ၏။

"ကျောင်းတော်တံခါးရဲ့ပြင်ပမှာ တိုက်ပွဲကြီးတစ်ခုဖြစ်အောင်စီစဥ်ခဲ့ကြတယ်...ခင်ဗျားတို့ ဘာတွေကြံစည်နေကြတာတုန်း"

လုယွီက မေးမြန်းလိုက်သည်။

အကြီးအကဲတစ်ယောက်က ရယ်ပြုံးရင်းမှ ပြောဆိုလိုက်လေ၏။

"မင်းက တော်တော်စိတ်တည်ငြိမ်တာပဲ...တစ်ကယ်လို့ မင်းနေရာမှာ သာမာန်လူတစ်ယောက်သာဆိုရင် အချိန်အကြာကြီးထိတ်လန့်ပြီး ဘာပြောရမှန်းတောင်သိမှာမဟုတ်ဘူး"

"ဟမ့်....သူက စိတ်တည်ငြိမ်ချင်ယောင်ဆောင်နေတာလို့ ငါထင်တယ်....သူသုံးတဲ့နည်းစနစ်တွေကိုကြည့်ရင် နတ်ဆိုးဂိုဏ်းက စေလွှက်ထားတဲ့ သူလျှိုတစ်ယောက်ပဲ ဖြစ်ရမယ်....သူရဲ့သိုလှောင်အိတ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းဆည်းဖို့ ငါ အကြံပြုချင်တယ်....ပြီးတော့ ငါတို့က ဂရုတစိုက် စစ်ဆေးရမယ်....ဒါမှ ငါတို့ကျောင်းတော်က လျှို့ဝှက်ချက်တွေကို နတ်ဆိုးဂိုဏ်းစီရောက်မသွားဖို့ ကာကွယ်တားဆီးနိုင်မှာ"

အကြီးအကဲတစ်ယောက်က ခက်ထန်တင်းမာစွာဖြင့် ပြောဆိုနေလေသည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ထိုအကြီးအကဲအား ကြည့်လိုက်သည်။

"ကျုပ် ခင်ဗျားကို သိလို့လား"

"ဟမ့်...မင်းက ဒီအဖိုးကြီးကို ဘယ်သိပါ့မလဲ...ဒါပေမယ့် ငါတပည့်လီလျန့်ကိုတော့ မင်းသိမှာပေါ့"

ထိုအကြီးအကဲသည် အတိအကျပင် လီလျန့်၏ဆရာသခင်ဟန်ချုံး ဖြစ်ပေသည်။

ဟန်ချုံးသည် လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် သူ၏မျက်နှာပေါ်၌ ယုတ်မာကောက်ကျစ်သည့်အမူအယာပေါ်ထွက်လာလေ၏။

"မင်းရဲ့စိတ်က တကယ်ကိုရက်စက်ကြမ်းကြုတ်တာပဲ...ကျောင်းတော်တပည့်အချင်းချင်းကိုတောင် မသန်မစွမ်းဖြစ်တဲ့အထိ လုပ်ဆောင်ခဲ့တယ်"

"အပေါ်ယံအလွှာက ဖြောင့်မတ်ဟန်ပြပြီး အတွင်းပိုင်းက ပုပ်ပဲ့ခြစားနေတာ...အဲဒါ ခင်ဗျားတပည့်ရဲ့စိတ်ထားမလား...ခင်ဗျားက ဆရာပဲ...ကိုယ့်တပည့်အကြောင်းကို ကျုပ်ထက်ပိုသိမှာပေါ့"

လုယွီက အေးဆေးတည်ငြိမ်စွာဖြင့် ခွန်းတုံပြန်လိုက်သည်။

"တော်သင့်ပြီ"

ဤတစ်ကြိမ်တွင်မူ တောင်သခင်စန်လို့သည် သူတို့နှစ်ယောက်၏အငြင်းပွါးနေခြင်းကို ကြားဖြတ်ပြောဆိုလိုက်လေ၏။

ထို့နောက် စန်လို့က လုယွီက ကြည့်ရှုလိုက်သည်။

"ငါ အရင်ကတည်းက မင်းကိုပြောခဲ့ပြီးသားပေမယ့်...အခု အခြေအနေတွေကပြောင်းလဲနေပြီး ချက်ချင်းအကောင်အထည်ဖော်ရတော့မယ်...မင်းကို ကျောင်းတော်ကနှင်ထုတ်လိုက်တယ်လို့ အပြင်ကို ငါ သတင်းလွှင့်လိုက်မယ်....ဒီနည်းလမ်းနဲ့ မင်းက မြေအောက်လောကကို ဝင်ရောက်ဖို့ အကြောင်းပြချက်ရသွားလိမ့်မယ်...ဒါက ကျောင်းတော်ကနေ ထွက်ခွါဖို့အခွင့်အရေးကောင်းပဲ...ကိစ္စအားလုံးပြီးစီးတာနဲ့ ငါတို့ရဲ့သဘောတူညီချက်အတိုင်း မင်းကိုဖြည့်ဆည်းပေးမယ်"

စန်လို့က ပြောဆိုလိုက်လေ၏။

လုယွီက ခေါင်းခါလိုက်သည်။

စန်လို့က မျက်မှောင်ကြုတ်မိသွားလေသည်။

"မင်းက ငါရွေးချယ်ထားတဲ့ အသင့်လျော်ဆုံး လူတစ်ယောက်ပဲ....ငါရဲ့တွက်ချက်မှုက မလွဲမှားနိုင်ဘူး"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းရင်း ပြောဆိုလိုက်၏။

"အဲ့ အခြေအနေတွေ တွက်ချက်မှုတွေ နောက်မှပြော...ကျီးချန်ယွီ ဘယ်မှာလဲ"

Chapter 295 ပါရမီရှင်သမားတော်

အကြီးအကဲများ ဆွံအသွားကုန်၏။

တောင်သခင်စန်လို့က အပြုံးဖြင့် ပြောဆိုလိုက်သည်။

"မင်း စိုးရိမ်မနေပါနဲ့...ငါက ကျောင်းတော်က သမားတော်ကို သူမကိုကုသဖို့ ပြောထားပြီးပြီ...ချန်ယွီက သေချာပေါတ်ပြန်ကောင်းလာမှာပါ"

တစ်ခြားအကြီးအကဲများကလည်း သမားတော်ကိုယုံကြည်စိတ်ချကြသဖြင့် တိတ်တဆိတ်ခေါင်းညိမ့်နေကြ၏။

လုယွီက ခေါင်းခါလိုက်သည်။ ကျီးချန်ယွီရရှိသောဒဏ်ရါသည် အပေါ်ယံဒဏ်ရါမဟုတ်ဘဲ စိတ်ဝိညာဥ်၌ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အကယ်၍ စိတ်ဝိညာဥ်အပိုင်းအစ ခွဲထွက်နေချိန်အလွန်ကြာမြင့်ပါက လုယွီပင်လျှင် ကယ်တင်နိုင်မည့်နည်းလမ်းမရှိချေ။

"ကျုပ်ကို သူမစီခေါ်သွားပေး...မဟုတ်ရင် သူမ သေလိမ့်မယ်"

လုယွီ၏လေသံသည် တည်ကြည်လေးနက်နေပေ၏။

ဟန်ချုံးက လုယွီအား ပြက်ရယ်ပြုလိုက်လေသည်။

"ဟား ဟား...ကျီးချန်ယွီက အခုသတိလစ်မေ့မျောနေတာ...မင်း သူမကိုတွေ့ရလဲ ဘာမှလုပ်နိုင်မှာမှမဟုတ်တာ...သွားမနှောက်ယှက်စမ်းနဲ့"

လုယွီက ဟန်ချုံးကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

"ကျုပ် ကျီးချန်ယွီကို တွေ့ချင်တာ...ခင်ဗျားနဲ့ဘာဆိုင်လဲ"

ဟန်ချုံးက ရုတ်တရက် မတ်တတ်ထရပ်ပြီး သူ၏မျက်လုံးများက ဒေါသ​များအပြည့်ဖြင့် ဝင်းဝင်းတောက်နေလေ၏။

စန်လို့က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"မင်းက သူမကိုတွေ့ချင်ပေမယ့်...မလွယ်လောတ်ဘူး...အခု သူမရဲ့အသိစိတ် ပြန်မဝင်သေးဘူး...အနားယူဖို့လိုအပ်တယ်"

လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါမိတော့သည်။ အကယ်၍ သူသာ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ပြန်လည်ပေါင်းစည်းပေးခြင်းမပြုနိုင်ပါက သူမ၏ကျန်ရှိသောဘဝသက်တမ်းတလျှောက်တွင် ပြန်လည်နိုးထနိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။

"ခင်ဗျားက ကျုပ်ကို ကိစ္စတစ်ခုလုပ်စေချင်ရင်...ခင်ဗျားဘက်က ရိုးသားမှုကိုပြဖို့ လိုလိမ့်မယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

စန်လို့က အချိန်တခဏကြာ တွေဝေသွားပြီး နောက်ဆုံး၌ ကူကယ်ရာမဲ့ပုံဖြင့် ပြောဆိုလိုက်လေ၏။

"ကောင်းပြီလေ...သမားတော်က ခေါင်းမာတတ်တဲ့လူစားမျိုးဖြစ်ပေမယ့်...သူနဲ့ငါက မိတ်ဆွေဟောင်းကြီးတွေပဲ...ငါကို မျက်နှာသာပေးလောတ်ပါတယ်"

"တောင်သခင်...ဘာလို့ သူကို ခေါ်သွားမှာတုန်း...တစ်ကယ်လို့ သမားတော်ရဲ့ကုသမှုသာ အနှောက်အယှက်ဖြစ်သွားခဲ့ရင် အမှားတွေဖြစ်ကုန်လိမ့်မယ်"

နံဘေးမှနေ၍ ဟန်ချုံးက မလိုလားခြင်းများကိုဖော်ပြသော စကားများ ပြောဆိုနေခဲ့သည်။

စန်လို့က သူ၏မုတ်ဆိတ်မွှေးများကို ဆွဲနှုတ်နေလေ၏။

"စိတ်မပူပါနဲ့ ..ငါ အကုန်တာဝန်ယူတယ်"

ထို့နောက် သူက လုယွီဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။

"မင်း သူမကိုခဏပဲတွေ့လို့ရမှာ...အမွှေးတိုင်တစ်တိုင်စာထက် ပိုလို့မရဘူး...အဲ့အချိန်ကုန်တာနဲ့ မင်း ထွက်ခဲ့ရမယ်"

"ဒါက လုံလောတ်ပြီ"

လုယွီက ပြန်လည်ပြောဆိုလိုက်လေ၏။

စန်လို့က သဘောတူညီမှုပြီးသည်နှင့် သူ၏အင်္ကျီလက်ကို လှုပ်ခတ်လိုက်သည်တွင် ချက်ချင်းပင် လုယွီနှင့်အတူ ခန်းမအတွင်းမှနေ၍ တိတ်ဆိတ်ငြိမ်သက်သောခြံဝန်းငယ်တစ်ခုရှေ့သို့ ရောက်ရှိသွားခဲ့သည်။

ထိုခြံဝန်းငယ်ကို တောင်များနှင့်သစ်တောများက ဝိုင်းရံထားပြီး အလွန်ပင်တိတ်ဆိတ်ငြိမ်သက်နေပေ၏။

ခြံဝန်းတံခါး၏ရှေ့တွင် ဆေးပင်အမျိုးအစားများစွာ စိုက်ပျိုးထားသောဆေးစိုက်ခင်းများရှိပြီး အားကောင်းသောဆေးရနံ့များကလည်း ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ပျံ့နှံ့နေလေသည်။

လုယွီက ဆေးစိုက်ခင်းကိုတစ်ချက်သာကြည့်ပြီး သူ၏အကြည့်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။

"အကို ယောင်...ကျွန်တော် စန်လို့ပါ"

ခြံဝန်းတံခါး၏ရှေ့မှ စန်လို့က အော်ဟစ်လိုက်လေ၏။

အချိန်တခဏကြာပြီးနောက် ခြံဝန်းတံခါးကပွင့်လာခဲ့တသာ်လည်း တံခါးနောက်တွင် မည်သူမျှရှိမနေချေ။

စန်လို့က လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"အထဲဝင်ရအောင်"

လုယွီက စန်လို့နောက်မှ လိုက်ပါသွားခဲ့၏။ သူက ခြံဝန်းအတွင်းသို့ ခြေချမိသည်နှင့် ချက်ချင်းပင် အားကောင်းသောဆေးရနံ့များကို ခံစားမိသည်။

"ဖြစ်နိုင်တာ သူက ဆေးသန့်စင်တတ်တာလား"

စန်လို့က တီးတိုးရေရွတ်နေလေ၏။

သူတို့နှစ်ယောက်က ခြံဝန်းအတွင်းသို့ ဝင်ပြီးချိန်တွင် ကြီးမားသောဆေးကျိုအိုကြီးတစ်လုံးကို မြင်တွေ့မိသည်။ ဆေးကျိုအိုး၏အောက်ခြေတွင် မီးတောက်များက တောက်လောင်နေလေ၏။ ဆေးကျိုအိုး၏ဘေးတွင်မူ အဖိုးအိုတစ်ယောက်က မတ်တတ်ရပ်နေပြီး မီးတောက်များကို ဂရုတစိုက်ထိန်းချုပ်နေခဲ့သည်။

"တိတ်တိတ်နေ"

စန်လို့က လုယွီအား တိတ်တဆိတ်နေရန် အချက်ပြလိုက်သည်။

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး အနံခံလိုက်သည်။ သူက အဖိုးအိုပြုလုပ်နေသော ဆေးဝါး၏အခြေအနေကို အကြမ်းဖျင်းခံမှန်းနိုင်လေသည်။ ထိုဆေးဝါးသည် စိတ်ဝိညာဥ်ကို တည်ငြိမ်စေသည့်အမျိုးအစားဖြစ်နေသည်။ အကယ်၍ ယခုချိန်၌ ကျီးချန်ယွီသာ ဤဆေးကိုသောတ်သုံးပါက စိတ်ဝိညာဥ်တစ်ပိုင်းတစ်စ ပျောက်ဆုံးခြင်း၏ဝေဒနာကို အနည်းငယ်သက်သာစေပေမည်။

ဤသမားတော်၌ အရည်အချင်းတစ်ချို့ ရှိပုံရပေသည်။ သို့ရာတွင် ဤကဲ့သို့နည်းလမ်းဖြင့် ဆေးဖော်စပ်ခြင်းသည် ဆေးပင်များကို မီးရှို့နေသကဲ့သို့သာ ဖြစ်ပေမည်။

အချိန်တခဏအတွင်း၌ ဆေးကျိုအိုးမှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီး မူလက အားကောင်းပြီးသင်းပျံ့နေသော ဆေးရနံ့များသည်လည်း ရုတ်တရက်ပျောက်ကွယ်သွားကာ တူးခြစ်နေသောအနံထွက်ပေါ်လာသည်။

သမားတော် ယောင်က သက်ပြင်းရှိုက်လိုက်၏။

"ဟူး....ငါ အရာရာကို အသေအချာစီမံထားတာပါ...ကြည့်ရတာတော့ ဒီဆေးကိုသန့်စင်နိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးထင်တယ်"

စန်လို့က ဝင်ရောက်ပြောဆိုလိုက်၏။

"အကို ယောင်...ကိုယ်ကိုကိုယ်အပြစ်မတင်ပါနဲ့...မင်း အကောင်းဆုံးကြိုးစားခဲ့တာပဲလေ"

သမားတော်က ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် စန်လို့၏နောက်ရှိလုယွီကို မြင်တွေ့သွားသည်။ သူက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

"သူက ဘယ်သူလဲ"

All Chapters