အခန်း (၂၉၆-၃၀၀)
Vol. 16-20 Ch. 296-300
Chapter 296
"ကျွန်တော်က ကျီးချန်ယွီနဲ့တွေ့ဖို့ သူကိုကတိပေးထားမိလို့ ခေါ်လာခဲ့တာ"
စန်လို့က ပြန်လည်ပြောဆိုလိုက်သည်။
သမားတော်ယောင်က မျက်မှောင်ကြုတ်ပြီး လုယွီအား ထူးဆန်းသော မျက်နှာအမူအယာဖြင့်ကြည့်နေလေ၏။
"ငါက ကောင်မလေးချန်ယွီကို ကျောင်းတော်က တပည့်တွေအများကြီး ပိုးပန်းနေကြတယ်ဆိုတာ ကြားထားပြီးသား...ဒါပေမယ့် အခု ကျီးချန်ယွီရဲ့အခြေအနေ အရမ်းဆိုးပြီး အနားယူဖို့လိုအပ်တယ်ဆိုတာ မင်းရှင်းရှင်းလင်းလင်းသိသင့်တယ်...မင်းက သူမကိုအနှောက်အယှက်ဖြစ်စေရင်...ကုသမှုမှာသက်ရောက်မှုဖြစ်သွားစေနိုင်တာသိရဲ့လား"
ထို့နောက် သမားတော်ယောင်က စိတ်မကြည်မသာပုံဖြင့် စန်လို့ဘက်သို့လှည့်လိုက်သည်။
"ညီလေး စန်.....သူကို ခေါ်သွားတော့...ငါရဲ့ကုသမှုကို မနှောက်ယှက်စေနဲ့"
စန်လို့က သက်ပြင်းချလိုက်မိ၏။ ဤသို့ ဖြစ်ပျက်မည်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။
"ကိစ္စက ဒီလိုဆိုမှတော့....သွားကြစို့"
စန်လို့က ကူကယ်ရာမဲ့ပုံဖြင့် လုယွီအား ကြည့်လိုက်၏။
လုယွီက ခေါင်းခါယမ်းပြီး ဆေးကျိုအိုးကို လက်ညှိုးထိုးပြနေလေသည်။
"ခင်ဗျား ကျုပ်ကို ခေါ်ဆောင်သွားမယ်ဆိုရင်....ချန်ယွီက အသက်ရှင်နိုင်လိမ့်မယ်...ဒါပေမယ့် အခုက သူမရဲ့ပျက်စီးနေတဲ့စိတ်ဝိညာဥ်ကို ဆေးဝါးနဲ့ တည်ငြိမ်အောင်လုပ်ဖို့ အချိန်တန်နေပြီ"
"ဒီလို ကိစ္စက ငါသိပြီးသားတွေ...မင်းလို ငယ်ရွယ်တဲ့မျိုးဆက်သစ်တစ်ယောက်ရဲ့စွမ်းအားနဲ့ ငါ့ကိုလမ်းညွှန်ချင်နေတာလား"
သမားတော်ယောင်က မျက်မှောင်ကြုတ်ပြီး လုယွီအား စူးစူးဝါးဝါးကြည့်နေခဲ့သည်။
စန်လို့သည်လည်း ကူကယ်ရာမဲ့သွားခဲ့၏။
"ဒီအဖိုးကြီးက မင်း ချန်ယွီကိုတွေ့ချင်တယ်ဆိုလို့ ငါရဲ့ရိုးသားမှုကိုပြခဲ့ပြီးပြီ...ဒါပေမယ့် ခုက ငါထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးမဟုတ်ဘူး"
လုယွီက ပြန်လည်ပြောဆိုလိုက်သည်။
"ပြဿနာမရှိပါဘူး...အခုက အချိန်လိုသေးတယ်...ချန်ယွီနဲ့မတွေ့ခင် ကျုပ် ဆေးသန့်စင်ဖို့လိုအပ်တယ်"
ထိုကောင်လေးက အမှန်တကယ်ပင် ဆေးဖော်စပ်ချင်နေသလော....
သမားတော်ယောင်၏ စိတ်ရှည်သည်းခံမှုများသည် နောက်ဆုံး၌ ပျောက်ဆုံးသွားလေ၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"ကောင်လေး....ငါရဲ့ ဆေးစိုက်ခင်းက ချက်ချင်းထွက်သွားစမ်း"
စန်လို့သည်ပင် စိတ်မကြည်မသာဖြစ်နေလေသည်။
"မင်းက ငါ ရွေးချယ်ထားတဲ့ အကောင်းဆုံးလူဆိုပေမယ့်...ငါမှာ တစ်ခြားသူတွေလည်း မရှိဘဲမနေဘူး...မင်းထပ်ပြီး ရူးမိုက်နေအုံးမယ်ဆိုရင် ငါရဲ့ရိုင်းပျမှုအတွက် အပြစ်မတင်နဲ့"
"တစ်ကယ်လို့ ခင်ဗျားကသာ ချန်ယွီရဲ့အခြေအနေကို တည်ငြိမ်အောင်လုပ်ပေးနိုင်ရင် ကျုပ် ဒီနေရာမှာအချိန်ဖြုန်းနေစရာအကြောင်းမရှိဘူး...ခင်ဗျားသုံးတဲ့ မီးတောက်က အရမ်းအပူရှိန်ပြင်းလွန်းတယ်...ခင်ဗျားခု သန့်စင်နေတဲ့ဆေးက စိတ်ဝိညာဥ်တည်ငြိမ်ဆေးမလား...ဆေးခဲခါနီးအချိန်ရောက်ရင် ဆေးရည်တွေက သိပ်သည်းနိုင်ခြင်းမရှိတော့ဘဲ နောက်ဆုံး ဆေးမဖြစ်ဘဲ ပျက်စီးသွားခဲ့တယ်"
လုယွီက ထောက်ပြဝေဖန်နေလေ၏။
စန်လို့က သံသယရှိနေပုံဖြင့် ပြန်လည်မေးမြန်းလိုက်သည်။
"မင်းက ဆေးဝါးတွေအကြောင်း နားလည်တာလား"
လုယွီက တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေဆိုလိုက်လေ၏။
"ခင်ဗျားလည်း ဆေးပညာအကြောင်း နည်းနည်းနားလည်မယ်လို့ ကျုပ်ခန့်မှန်းနိုင်တယ်"
"ဟား ဟား ဟား...ဆေးပညာစာအုပ်လေးတွေ နည်းနည်းလောတ်ဖတ်ဖူးရုံနဲ့...အကုန်လုံးကိုနားလည်သဘောပေါတ်နေပြီလို့ ထင်နေတဲ့ကောင်ပဲ....စိတ်ဝိညာဥ်တည်ငြိမ်ဆေး ယန်ရှန်းကိုသန့်စင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းသိလား...ငါအတွက်တောင်မှ ဒီဆေးကိုအောင်မြင်အောင်သန့်စင်နိုင်ဖို့ အခွင့်အရေးနည်းနည်းပဲရှိတယ်"
သမားတော်ယောင်က စိတ်မရှည်ပုံဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
"စန်လို့...ကျေးဇူးပြုပြီး..."
"ဒါ ခင်ဗျားပြောတာနော်"
ရုတ်တရက် လုယွီ၏လက်ဝါးအတွင်းမှ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်မီးတောက်ထွက်ပေါ်လာချိန်တွင် ဆေးကျိုအိုးအောက်ခြေရှိ မီးတောက်များသည် ငြိမ်းသေသွားလေ၏။ ကြည့်ရသည်မှာ ရွှေရောင်မီးတောက်အား ကြောက်ရွံကြောင်း ပေါ်လွင်နေသည်။
"အစစ်အမှန် မီးတောက်"
သမားတော်ယောင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။
ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ရန် အရေးအကြီးဆုံးအချက်မှာ အစစ်အမှန်မီးတောက်ပိုင်ဆိုင်ထားရန်ဖြစ်သည်။ သာမာန်လူများက မီးသုံးစွဲနိုင်ရန် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုကြသော်လည်း ထိုမီးတောက်များသည် မသန့်စင်မှုများ အများအပြားပါဝင်နေကာ ဆေးသန့်စင်ရန်အရည်အချင်းမမှီပေ။
အစစ်အမှန်ဆေးဝါးပညာရှင်တစ်ယောက်သည် သူ၏စိတ်ဝိညာဥ်အတွင်းရှိ အစစ်အမှန်မီးတောက်ကိုအသုံးပြု၍ မီးတောက်များကိုထိန်းညှိနိုင်ပေသည်။ အစစ်အမှန်မီးတောက်နှင့်သာမာန်မီးတောက်၏အဆင့်အတန်းသည် မိုးနှင့်မြေတမျှကွာခြားပေ၏။
"မင်းရဲ့မီးတောက်က ဘာအဆင့်လဲ"
သမားတော်ယောင်က တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။ လုယွီ၏အစစ်အမှန်မီးတောက်သည် သူ၏မီးတောက်ထက် အဆများစွာ ပို၍အဆင့်မြင့်သည်ကို သူ အာရုံခံစားမိသည်။
ထို့နောက် လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးဖက်ဝင်ပါဝင်ပစ္စည်းအမျိုးမျိုးကို ထုတ်ယူလိုက်လေ၏။ ထို ဆေးပင်များသည် ပိုင်တိုကောင်းကင်ဘုံကျောင်း၏ဆေးစိုက်ခင်းမှ သူသိမ်းဆည်းထားခဲ့သောအပင်များဖြစ်သည်။ လုယွီက စိတ်ဝိညာဥ်စွမ်းအင်များဖြင့် အားဖြည့်ပေးပြီးနောက် တစ်ချို့ဆေးပင်များက ရင့်မှည့်လာခြင်းဖြစ်ပေ၏။
လုယွီ၏ထိန်းချုပ်မှုအောက်တွင် ဆေးပင်များအားလုံး ရွှေရောင်မီးတောက်အတွင်းသို့ ကျရောက်သွားကြသည်။ မီးတောက်များက ချက်ချင်းပင် မြင့်တတ်လာခဲ့ပြီး ဆေးပင်များအားလုံးလောင်ကျွမ်းသွားသည်။
လုယွီ၏လက်များသည် ပုံရိပ်ယောင်များကဲ့သို့ လျှင်မြန်နေပြီး မီးတောက်များအတွင်းသို့ရောက်ရှိသွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဆေးပင်များအား ပေါင်းစပ်လိုက်သည်။
"ဆေး ဖြစ်တည်စမ်း"
လုယွီက ညင်သာစွာ အော်ဟစ်လိုက်လေ၏။ မီးတောက်များကြောင့် အရည်ပျော်နေသော ဆေးပင်များမှဆေးရည်များသည် အမှန်တကယ်ကိုပင် အလျှင်အမြန်ပေါင်းစပ်ပြီး ဆေးလုံးတစ်လုံးအဖြစ် ဖြစ်တည်လာခဲ့သည်။
Chapter 297
လုယွီ၏ ထိန်းချုပ်မှုနှင့်အတူ ဆေးလုံးဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်လေ၏။ သူ၏လက်ချောင်းထိပ်မှမှနေ၍ ရွှေရောင်ဆေးလုံးတစ်လုံးထွက်ပေါ်လာပြီး လေထုအတွင်း၌ မျောလွင့်နေခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ခြံဝန်းတစ်ခုလုံးအား သင်းပျံ့သောဆေးရနံ့များက လွှမ်းခြုံသွားလေ၏။ အကယ်၍ သာမာန်လူသားများသည် ဤဆေးရနံ့ကို ရှုရှိုက်ရပါက စိတ်ရွှင်လန်းတတ်ကြွလာမှုကို ခံစားရပေမည်။
ထိုအချိန်မှာပင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။
ရွှေရောင်ဆေးလုံးသည် ရုတ်တရက် မြောက်များစွာသောအက်ကွဲကြောင်းများအဖြစ် စတင်ကွဲအက်လာလေ၏။
ထိုအက်ကွဲကြောင်းများသည် ဆေးလုံး၏ထိပ်မှစတင်လာခဲ့ပြီး ဆေးလုံး၏မျက်နှာပြင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ခရက်....
ခပ်သဲ့သဲ့အသံတစ်သံနှင့်အတူ ဆေးလုံး၏အပေါ်ယံမျက်နှာပြင်တစ်ခုလုံး ကွဲအက်ကွာကျသွားတော့သည်။
ဆေးလုံး၏အတွင်းဘက်မှနေ၍ ခလေးတစ်ယောက်၏ငိုသံ ထွက်ပေါ်လာလေ၏။ ထို့နောက် ဆေးလုံးမှ အလင်းရောင်တန်းများဖြာထွက်လာခဲ့သည်။
"ဒါက ဝိညာဥ်ဆေးဝါး...."
သမားတော်ယောင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ သူ၏ဘဝတစ်သက်တာတွင် ဝိညာဥ်ဆေးဝါးကို မည်သည့်အချိန်ကမျှ မြင်ဖူးခဲ့ခြင်းမရှိပေ။
ထိုဝိညာဥ်ဆေးဝါးတွင် စိတ်ဝိညာဥ်ပါဝင်နေသည်ဟုသာ သူကြားဖူးနားဝရှိခဲ့သည်။ ထိုဆေးသည် အချိန်ကြာမြင့်လာသည်နှင့် ဆေးဝါးဟူသောအတန်းအစားကိုဖိနှိပ်၍ သက်ရှိတစ်ယောက်ဖြစ်လာနိုင်သောစွမ်းရည်ရှိပေ၏။
သို့သော် ထိုကိစ္စများသည် ဒဏ္ဌါရီသဖွယ်သာ သူကြားသိခဲ့ရသည်။ ယနေ့တွင် သူ မျက်မြင်ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သို့သော် သူ ပို၍အံ့အားသင့်တုန်လှုပ်သည်မှာ ဝိညာဥ်ဆေးဝါးကို သန့်စင်သူသည် ဆယ်ကျော်သက်တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။
"ဒါက ဝိညာဥ်ဆေးဝါးမဟုတ်သေးဘူး...တစ်ဝက်တစ်ပျက်ပဲဆတ်သွယ်နိုင်ခဲ့တယ်"
မည်သို့ပင်ဆိုစေကာမူ ယန်ရှန်းဆေးလုံးသည် ထိပ်တန်းအဆင့်ဆေးမဟုတ်ချေ။ မည်မျှအထိ အရည်အသွေးကောင်းနေပါစေ အကန့်အသတ်ရှိပေသည်။
လုယွီက နဂါးပျံခြေလှမ်းကိုအသုံးပြုပြီး ကောင်ကင်ယံသို့တတ်သွားကာ လေထုအတွင်းရောက်ရှိသွားပြီး ဆေးလုံးကိုလက်ဖြင့်ဖမ်းယူလိုက်သည်။
ဆေးလုံးက ချက်ချင်းပင် ရုန်းကန်ပြီး ခလေးငိုသံက ပို၍ကျယ်လောင်လာခဲ့သည်။
"စိတ်မပူနဲ့...မင်း သေမှာမဟုတ်ဘူး"
လုယွီက ဆေးလုံးကို ညင်ညင်သာသာပုတ်၍ ပြောဆိုလိုက်ရာတွင် ဆေးလုံးက ငြိမ်သက်သွားခဲ့သည်။
စန်လို့နှင့်သမားတော် ယောင်တို့နှစ်ယောက်လုံး ဆွံအနေကြ၏။ အချိန်အတော်ကြာမြင့်မှသာလျှင် သူတို့က အသိစိတ်ပြန်ဝင်လာခဲ့သည်။
"မင်းက တစ်ကယ့်ကို ဆေးဝါးပညာရှင်တစ်ယောက်ပဲ...ပြီးတော့မင်းက တစ်ဝက်တစ်ပျက်ဝိညာဥ်ဆေးဝါးကိုတောင် သန့်စင်နိုင်တယ်...မင်း ငါကိုပြောသင့်တယ်...ဒါဆိုရင် မြေအောက်လောကကို မင်းအစားတစ်ခြားတစ်ယောက် ငါ စေလွှက်မှာ...ကံဆိုးချင်တော့ အခုမှ လူပြောင်းဖို့ အရမ်းနောက်ကျသွားပြီ"
စန်လို့က လေးလေးနက်နက် ပြောဆိုလိုက်၏။
ဆေးဝါးပညာရှင်များသည် မည်သည့်ဂိုဏ်းအတွက်မဆို အလွန်အမင်းအဖိုးတန်သော တည်ရှိမှုကြီးများဖြစ်သည်။ တစ်ချို့ဂိုဏ်းများဆိုလျှင် ဆေးဝါးပညာရှင်များကိုကာကွယ်ရန် ထိပ်သီးကျွမ်းကျင်သူများအား စောင့်ကြပ်စေသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေဖြစ်စေ အလယ်ပိုင်းကုန်းမြေဖြစ်စေ မည်သည့်နေရာတွင်မဆို ဆေးဝါးပညာရှင်များသည် ဝင်္ကပါပညာရှင်များနှင့်တန်းတူ အဖိုးတန်ရှားပါးပေ၏။
"တာအိုမိတ်ဆွေလေး...ဒီဆေးလုံးကို ငါ တစ်ချက်လောတ်ကြည့်လို့ရနိုင်မလား"
သမားတော်ယောင်၏စကားလုံးများတွင် လုယွီက 'တာအိုမိတ်ဆွေ' ဖြစ်သွားခဲ့သည်။ လုယွီသည် သူနှင့်တန်းတူစကားပြောရန် အရည်အချင်းပြည့်မှီသည်ဟု သမားတော်ယောင်က ဝန်ခံလိုက်ခြင်းဖြစ်သည်။
လုယွီက သမားတော်ယောင်ကို တစ်ချက်စိုက်ကြည့်လိုက်၏။
"လူကယ်ဖို့က ပိုအရေးကြီးတယ်....နောက်အချိန်ရရင် ခင်ဗျားကြည့်ဖို့အခွင့်အရေးရလာမှာပါ"
သမားတော်ယောင်က ဦးညွှက်၍ ပြောဆိုလိုက်လေသည်။
"ဒါက ငါ့အမှားပါ...ငါက ရိုင်းပျခဲ့မိပြီး ထိုက်တောင်ကြီးကို မသိရှိခဲ့ဘူး...ငါကိုခွင့်လွှက်ပေးမယ်လို့ မျှော်လင့်ပါတယ်"
လုယွီက စိတ်ထဲမရှိသဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။
"ကျီးချန်ယွီ ဘယ်နေရာမှာလဲ...သူမကိုတွေ့ဖို့ ကျုပ်ကိုခေါ်သွားပေးပါ"
လုယွီက တည်ကြည်သောလေသံဖြင့် ပြောဆိုလိုက်လေသည်။
"ကောင်းပြီ...သူမက အနောက်ဘက်အခန်းထဲမှာပါ"
သမားတော်ယောင်က လုယွီအားခေါ်ဆောင်ပြီး တံခါးအတွင်းဘက်သို့ အလျှင်အမြန်ဝင်ရောက်ခဲ့တော့သည်။ အခန်းတံခါးအား တွန်းဖွင့်လိုက်သည်နှင့် အားကောင်းသောဆေးရနံ့များက ထွက်ပေါ်လာပေ၏။
"ငရဲကောင်းကင်ဘုံဆေးလား...သူမကိုကယ်တင်ဖို့အတွက် ခင်ဗျားက ဒီလေါက်ကြီးမားတဲ့တန်ကြေးကို ပေးဆပ်ထားတယ်ပေါ့"
လုယွီက ဆေးရနံ့ရသည်နှင့် ဆေး၏ရင်းမြစ်ကို နားလည်သဘောပေါတ်ခဲ့သည်။
သမားတော်ယောင်၏ မျက်လုံးအတွင်းမှ အံ့အားသင့်တုန်လှုပ်နေခြင်းများသည် ပို၍ပင်အားကောင်းလာလေ၏။ ငရဲကောင်းကင်ဘုံဆေးသည် ထိပ်တန်းအဆင့်ဆေးဖြစ်သည်သာမက သူတန်ဖိုးထားရသည့်ရတနာဖြစ်သည်။
သူထံသို့ ကျီးချန်ယွီရောက်ရှိလာချိန်တွင် သူမ၏အခြေအနေကို တည်ငြိမ်စေရန်အလို့ဌာ သူ၏ရတနာတစ်ပါးဖြစ်သော ငရဲကောင်းကင်ဘုံဆေးကို တိုက်ကျွေးခဲ့ရသည်။
လုယွီက ဆေးရနံ့ရရုံဖြင့်ပင် ခန့်မှန်းနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီက အခန်းအတွင်းသို့ အလျှင်အမြန် ဝင်သွားခဲ့သည်။ အခန်းအတွင်းရှိ ကုတင်ပေါ်မှအိပ်ယာပေါ်၌ ကျီးချန်ယွီက ဖြူဖတ်ဖြူလျော်ဖြင့် သတိလစ်မေ့မြောနေလေ၏။
ကျီးခန်ယွီ၏မျက်လုံးများက မှိတ်နေပြီး သူမကမည်သည့်လှုပ်ရှားမှုမျှရှိမနေချေ။ သူမသာ အသက်ရှုခြင်းမရှိလျှင် တစ်ခြားသူများက သူမကို လူသေတစ်ယောက်ဟုသာ တွေးထင်ကြပေမည်။
ကျီးချန်ယွီ၏နံဘေးပတ်လည်တွင် မြောက်များစွာသောအနက်ရောင်ပုံရိပ်များ ရှိနေလေ၏။
"အိပ်မက်ဆိုးတွေလား"
လုယွီ၏အကြည့်က အေးစက်သွားခဲ့သည်။ ထိုအနက်ရောင်အရိပ်များကို တစ်ခြားသူများက မြင်တွေ့နိုင်မည်မဟုတ်သော်လည်း လုယွီက မြေအောက်လောက၏အုပ်ချုပ်သူတာအိုသခင် ဖြစ်ခဲ့ပေ၏။ ဤကဲ့သို့ နတ်ဆိုးသက်ရှိများကို မည်သည့်နည်းဖြင့် သူ မမြင်တွေ့ဘဲနေမည်နည်း။
Chapter 298
"ကျုပ် သူမကိုကယ်တင်ရမယ်...ခင်ဗျားတို့ အပြင်ထွက်ပေးကြ"
လုယွီက ပေါ့ပေါ့တန်တန် ပြောလိုက်လေ၏။
ယခုအချိန်တွင် လုယွီက စီနီယာတစ်ယောက်နှင့်တူညီနေပြီး စန်လို့နှင့်သမားတော်ယောင်တို့က မျိုးဆက်သစ်ဂျူနီယာများအသွင် ဖြစ်နေခဲ့သည်။
စန်လို့က အနည်းငယ်တွန့်ဆုတ်နေလေ၏။ ကျီးချန်ယွီနှင့်လုယွီကို အခန်းတစ်ခန်းထဲတွင် နှစ်ယောက်တည်းအတူထားခဲ့ပါက မည်သည့်ကိစ္စများဖြစ်ပျက်သွားမည်ကို သူမသိရှိနိုင်ချေ။
"သူက တစ်ဝက်တစ်ပျက်ဝိညာဥ်ဆေးဝါးကိုတောင် ဖော်စပ်နိုင်ခဲ့တာ...သူက လူရမ်းကားတစ်ယောက်ဖြစ်မယ်လို့ ငါ မထင်ဘူး...အပြင်ထွက်ကြရအောင်"
သမားတော်ယောင်က တည်ကြည်လေးနက်စွာပြောဆိုပြီးနောက် အခန်းအတွင်းမှ ထွက်ခွါသွားတော့သည်။
စန်လို့က ကူရာကယ်ရာမဲ့နေလေ၏။ သူက လုယွီကိုလေးလေးနက်နက်တစ်ချက်ကြည့်ပြီး အခန်းအတွင်းမှ ထွက်ခွါခဲ့တော့သည်။
အခန်းတံခါး ပိတ်ထားပြီဖြစ်ပေ၏။ ရုတ်ချည်းဆိုသလိုပင် အခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုယွီက ကျီးချန်ယွီနံဘေး၌ မျောလွင့်နေသော မြောက်များစွာသည့်အိပ်မက်ဆိုးကောင်များကို စုန်ချည်ဆန်ချည်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
သမင်ဖြူကျောင်းတော်သည် ကွန်ဖြူးရှပ်တာအိုကျောင်းတော်ဖြစ်ပြီး သမင်ဖြူတောင်တစ်ခုလုံးတွင်ပင် မြင့်မြတ်ပြီးသမာဓိရှိသောစွမ်းအားများ ပြည့်နှက်နေပေသည်။
ဤအိပ်မက်ဆိုးကောင်များက အလွန်နီးနီးကပ်ကပ်ချဥ်းကပ်ရန် သတ္တိမရှိသင့်ချေ။
"သူတို့ ဒီနေရာကို လာရဲတာ တော်တော်ထူးဆန်းတယ်"
လုယွီက တီးတိုးရေရွတ်နေလေ၏။ အိပ်မက်ဆိုးကောင်များသည် မြေအောက်လောကကမ္ဘာမှ ထူးဆန်းသောသက်ရှိများဖြစ်သည်။
သူတို့၌ သတ်ဖြတ်နိုင်သည့်စွမ်းအင်များမရှိသော်လည်း လူများကို အဆုံးအစမရှိသောအိပ်မက်များအတွင်းသို့ ကျဆင်းစေနိုင်သည်။ လူများသည် ထိုအိပ်မက်များအတွင်း ပိတ်မိနေပါက ရုန်းထွက်နိုင်ရန်မလွယ်ကူပေ။
"သူမရဲ့ကျန်ရှိနေတဲ့စိတ်ဝိညာဥ်တွေအားလုံးက အိမ်မက်ကမ္ဘာထဲကို ရောက်ရှိနေတာပါလား"
လုယွီက မျက်မှောင်ကြုတ်နေရင်းမှ ကျီးချန်ယွီအနီးသို့ ချဥ်းကပ်လိုက်သည်။
ကျီးချန်ယွီအား ဝိုင်းရံလှည့်ပတ်နေကြသော အိပ်မက်ဆိုးကောင်များသည် လုယွီ နီးကပ်လာသည်ကိုမြင်ချိန်တွင် နားကွဲလုမတတ်အော်ဟစ်သံများကို ထုတ်လွှတ်လိုက်ကြ၏။
သာမာန်လူများသည် ထိုအော်ဟစ်သံများကိုကြားနိုင်မည်မဟုတ်သည့်အပြင် စန်လို့နှင့်သမားတော်ယောင်ကဲ့သို့ လူစားမျိုးများပင် ဤအိပ်မက်ဆိုးကောင်များကို အာရုံခံနိုင်မည်မဟုတ်ပေ။
သို့ရာတွင် လုယွီကမူ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။ ထိုအိပ်မက်ဆိုးကောင်များကိုကြည့်ပြီး လုယွီက သူ၏စိတ်ဝိညာဥ်အော်ရာကို ထုတ်လွှတ်ကာ ခက်ထန်စွာဖြင့်အော်ဟစ်လိုက်သည်။
"ဒီနေရာက ထွက်သွားကြစမ်း"
ရုတ်ချည်းဆိုသလိုပင် အိမ်မက်ဆိုးကောင်များအားလုံးသည် သူတို့၏သဘာဝကြောက်ရွံရသောအရာကို တွေ့ရှိရသကဲ့သို့ အလျှင်အမြန်ပင် ရှောင်ရှားလိုက်ကြ၏။
လုယွီက ကျီးချန်ယွီ၏နံဘေးသို့သွားကာ သူမ၏နဖူးပြင်ကို သူ၏လက်ညှိုးဖြင့် ထိတွေ့လိုက်သည်။
"ကြည့်ရတာတော့....ငါ သူမအိမ်မက်ထဲ ဝင်ရမယ့်ပုံပဲ"
လုယွီက သက်ပြင်းတစ်ချက်ချပြီး သူ၏လက်ဖြင့် ကျီးချန်ယွီ၏နဖူးကို ထပ်မံဖိနှိပ်လိုက်လေ၏။
"အိပ်မက်မက်စမ်း"
လုယွီက တိုးညင်းစွာပြောဆိုပြီးနောက် သူ၏စိတ်ဝိညာဥ်သည် ကျီးချန်ယွီ၏အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
……
လုယွီ၏အရှေ့တွင် အမှောင်ထုကြီးတည်ရှိနေပေ၏။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့် သူလျှောက်လှမ်းပြီးချိန်တွင် ပုံရိပ်တစ်ခုအား တွေ့မြင်ရတော့သည်။
ထိုပုံရိပ်သည် အလွန်စည်ကားသောမြို့တစ်မြို့မှ လမ်းမကြီးတစ်ခုဖြစ်ပြီး နံဘေးဝဲယာတွင်လည်း မြင့်မားသောအဆောက်အအုံများ တည်ရှိနေသည်။
ဤနေရာ၌ မိုးသည်းထန်စွာရွာသွန်းနေပြီး ကောင်းကင်ယံသည်လည်း မှင်ရည်ကဲ့သို့မည်းမှောင်နေခဲ့သည်။
ကျီးချန်ယွီ၏အော်ရာသည် အလွန်အမင်းအားနည်းနေသော်လည်း လုယွီက အာရုံခံမိနေဆဲဖြစ်သည်။
ကြီးမားသောအိမ်တော်တစ်လုံး၏ရှေ့တွင် စစ်သားတစ်စုသည် လူအမြောက်အများကိုဖမ်းဆီးခေါ်ဆောင်၍ ကွပ်မျက်ရာနေရာထံသို့ ပို့ဆောင်နေလေသည်။
ဤနေရာ၌ ဝိုင်းအုံကြည့်ရှုနေကြသော လူအမြောက်အများရှိနေပြီး သူတို့အချင်းချင်းတီးတိုးပြောဆိုနေကြကာ လူအများစုကခနဲ့တဲ့တဲ့ပြောဆိုနေကြခြင်းဖြစ်သည်။
"အထူးခုံရုံရဲ့ဆုံးဖြတ်ချက်အရ....ကျီးကလန်က ရန်သူနိုင်ငံနဲ့ဆတ်သွယ်ပြီး ကြီးလေးတဲ့ပြစ်မှုကိုကျူးလွန်ခဲ့တယ်...ဒီကိစ္စနဲ့ဆတ်နွယ်နေတဲ့ ဆွေစဥ်မျိုးဆက်၉ဆက်လုံး ချက်ချင်း ကွပ်မျက်ခံရမယ်"
လူတစ်ယောက်က အမိန့်တော်ကို အော်ဟစ်ပြောဆိုနေလေ၏။
ထိုအချိန်မှာပင် လုယွီက ကျီးချန်ယွီအား တွေ့မြင်မိသည်။ သူမက အလွန်အမင်းအားနည်းနေပြီး သနားဖွယ်ဖြစ်နေသည်။
သူမက အကျဥ်းထောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကွပ်မျက်သတ်ဖြတ်မည့်မြေပြင်ပေါ်၌ ဒူးထောက်နေလေသည်။
ပါးကွက်အာဏာသားက ယော်ကျား မိန်းမ ကြီးသူ ငယ်သူမဟူ ခေါင်းဖြတ်ကွပ်မျက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပေ၏။
အချိန်တခဏအကြာတွင် ကျီးချန်ယွီ၏အလှည့်သို့ ရောက်ရှိလာပေတော့မည်။ သူမက အသက်အငယ်ဆုံးဖြစ်သောကြောင့် ကွပ်မျက်ခံရမည့်နောက်ဆုံးနေရာ၌ ရှိနေသည်။
ကျီးချန်ယွီကိုကြည့်ရသည်မှာ သူမ၏ဘဝကို လက်လျှော့အရှုံးပေးထားပုံရသည်။ သူမ၏ဆံနွယ်ရှည်များကလည်း မိုးရေစက်များအောက်ဝယ် တွဲလောင်းကျနေလေ၏။
ထိုအချိန်မှာပင် ပါးကွက်အာဏာသား၏ဖမ်းကိုင်ထားခြင်း ခံထားရသော သက်လက်ပိုင်းအရွယ်ယော်ကျားတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်သည်။
"ငါတို့ရဲ့ ကျီးကလန်က မပျက်စီးနိုင်ဘူး"
ထိုယော်ကျား၏မျက်နှာသည် အမုန်းတရားများဖြင့်ပြည့်နှက်ပြီး ခက်ထန်နေလေသည်။ သူက ကျီးချန်ယွီကို လက်ညှိုးညွှန်၍ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါတို့ကလန်တစ်ခုလုံးရဲ့အမုန်းတရားတွေကိုသယ်ဆောင်ပြီး မင်း အသက်ရှင်သန်ရမယ်"
ကွပ်မျက်ရာနေရာ၌ မရေမတွက်နိုင်သည့် သွေးများက ကျီးချန်ယွီထံသို့ လွင့်စင်နေလေသည်။ အကန့်အသတ်မရှိသော အမုန်းတရားများကလည်း ကျီးချန်ယွီ၏စိတ်နှလုံးသားအတွင်းသို့ စီးဝင်နေခဲ့သည်။
ရုတ်တရက် သူမ၏ခန္ဓာကိုယ်ပေါ်မှ အတုပ်အနှောင်များအားလုံး ပြန့်ကျဲသွားခဲ့သည်။ သူမ၏မျက်လုံးများက ချက်ချင်းပင် သွေးနီရောင် ပြောင်းလဲသွားလေ၏။ ဤကိစ္စများက ကျီးချန်ယွီ၏အိပ်မက်ကမ္ဘာဖြစ်ပေသည်။
Chapter 299
ကွပ်မျက်ရာနေရာ၏နံဘေးပတ်လည်၌ ဖရိုဖရဲအခြေအနေများ ဖြစ်ပေါ်နေလေသည်။
စစ်သားများက သူတို့၏မှော်ရတနာများကို အလျှင်စလိုထုတ်ယူလိုက်ကြပြီး အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသည်အထိ ခြိမ်းခြောက်နိုင်သောအော်ရာထံသို့ ပျံဝဲသွားနေကြ၏။
ကျီးချန်ယွီ၏ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းများပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံတိုင်ထိုးတတ်သွားကာ တိမ်များကိုပင်ထွင်းဖောတ်သွားလေသည်။
သူမ၏နဖူးပြင်ပေါ်တွင် အလွန်ထူးဆန်းသည့် အနီရောင်သွေးစက်အမှတ်အသားရှိနေခဲ့သည်။
"အိပ်မက်ဆိုးကောင်တွေကို သူမက ဆွဲဆောင်ထားနိုင်တာ...အံ့အားသင့်စရာမရှိတော့ဘူး"
လုယွီက အနီရောင်သွေးစက်အမှတ်အသားကိုကြည့်ပြီး မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို သိနားလည်သွားတော့သည်။
သူမ၏မိသားစုတစ်စုလုံး သုတ်သင်ဖယ်ရှားခံရပြီးနောက် သူတို့အားလုံး၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်ငိုကြွေးမြည်တမ်းမှုများသည် သူမထံတွင်လာရောက်စုဝေးနေခဲ့သည်။
"ကျီးကလန်က အခုထိ အရှုံးမပေးသေးဘူးလား"
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံမှ ကျယ်လောင်သောအသံနက်ကြီး ကျဆင်းလာလေသည်။ ထို့နောက် ဧရာမလက်ဝါးကြီးတစ်ဖက်က ကောင်းကင်ယံမှကျဆင်းလာပြီး ကျီးချန်ယွီထံသို့ ရိုက်နှက်လိုက်သည်။ မကြုံစဖူးဖိအားတစ်ရပ်ကြောင့် မြေပြင်ပေါ်တွင်ပင် လက်ဝါးရာကြီးစွဲထင်ကျန်ရစ်ခဲ့သည်။
သူမ၏ဘေးပတ်လည်မှ မြေကြီးများပြိုကျပြီးနက်ရှိုင်းသောလက်ဝါးရာကြီး၏အလယ်ဗဟိုတွင် ကျီးချန်ယွီရှိနေလေ၏။
ဘုန်း....
အကန့်အသတ်မရှိသော မကျေနပ်ချက်များက သူမကိုဝိုင်းရံထောက်ပံပေးထားသော်လည်း ဧရာမလက်ကြီး၏အားကောင်းသောစွမ်းအားကို သူမ တုန့်ပြန်နိုင်ခြင်းမရှိပေ။
"ဟား ဟား ဟား ဟား....ဒါက ဘေးကပ်ဆိုးခန္ဓာကိုယ်ပဲ...ဒီကျီးမိသားစုက လူတွေက သေဆုံးပြီးတာတောင် ငါကိုလက်ဆောင်အကြီးကြီးပေးခဲ့တယ်"
ကောင်းကင်ယံမှထွက်ပေါ်နေသော အသံတွင် အံ့အားသင့်မှုအရိပ်အယောင်များပါဝင်နေသည်။ ထို့နောက် ဧရာမလက်ဝါးကြီးက လက်စွယ်တစ်ခုအသွင်ပြောင်းလဲပြီး ကျီးချန်ယွီအား ဖမ်းဆီးလိုက်လေ၏။
ကျီးချန်ယွီတွင် အကန့်အသတ်မရှိသောအမုန်းတရားများမှ စွမ်းအားများရရှိထားသော်လည်း သူမ၏ကျင့်ကြံမှုနယ်ပယ်သည် မြင့်မားခြင်းမရှိချေ။ ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူနှင့် ရင်ဆိုင်တွေ့ချိန်တွင် သူမ၏ပြန်လည်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့နေလေ၏။
ထိုအချိန်မှာပင် လုယွီက လှုပ်ရှားလိုက်သည်။ သူက လေထုအတွင်းသို့ ပျံဝဲတတ်လိုက်ပြီး ချက်ချင်းပင် စိတ်ဝိညာဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။
"မင်းက ဘယ်သူလဲ"
သိသာထင်ရှားစွာဖြင့် ကောင်းကင်ယံမှအသံသည် အချိန်တခဏကြာ တိတ်ဆိတ်သွားပြီးမှ ထပ်မံထွက်ပေါ်လာခဲ့၏။
"အိပ်မက်ဆိုးကောင်ကများ...ငါ ဘယ်သူလဲဟုတ်လား"
လုယွီက ခက်ထန်စွာဖြင့် နှာမှုတ်လိုက်သည်။ လုယွီ၏နောက်တွင် ကြီးမားပြီး ကြမ်းကြုတ်ရက်စက်ပုံရသည့် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက တဖြည်းဖြည်းထွက်ပေါ်လာလေ၏။
မြေအောက်လောကနတ်ဘုရားသည် ထွက်ပေါ်လာသည်နှင့် သူ၏မျက်လုံးများဖြည်းဖြည်းချင်းပွင့်လာကာ နားကွဲလုမတတ်ကြုံးဝါးအော်ဟစ်လိုက်သည်။ ထိုအော်သံသည် စူးစူးဝါးဝါးထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ လေထုအတွင်းမှ ဧရာမလက်ဝါးကြီးပင်လျှင် လွင့်ပြယ်စပြုနေလေသည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှိအိပ်မက်ကမ္ဘာသည် လွင့်ပြယ်သွားခြင်းမရှိသေးချေ။
"အိပ်မက်ဆိုးကောင်တစ်ကောင်ထက် ပိုရှိနေတာလား"
လုယွီက မျက်မှောင်ကြုတ်နေလေ၏။ သူက မည်သည့်အိပ်မက်ဆိုးကောင်ကိုမျှ အာရုံခံ၍မရတော့သော်လည်း သူ၏နံဘေးပတ်လည်၌ အိပ်မက်ကမ္ဘာမှာ တည်ရှိနေဆဲဖြစ်သည်။
မြေပြင်ပေါ်ရှိ သေမျိုးလူသားများသည် လုယွီအား မြင်တွေ့ချိန်တွင် ကောင်းကင်ယံမှဆင်းသက်လာသောနတ်ဘုရားတစ်ပါးအမှတ်ဖြင့် ဒူးထောက်၍အရိုအသေပြုနေကြ၏။
"ဒီအိပ်မက်ကမ္ဘာက ငါစိတ်ကူးထားတာထက်ကျော်လွန်နေတယ်"
လုယွီက တီးတိုးရေရွတ်ပြီး လေထုအတွင်းမှဆင်းသက်ကာ ကျီးချန်ယွီအား ပွေ့ချီ၍ ပျံဝဲထွက်ခွါခဲ့တော့သည်။
ယခုချိန်တိုင် မိုးများကလည်း သည်းထန်စွာရွာသွန်းနေဆဲဖြစ်သည်။ လုယွီက ကျီးချန်ယွီကိုခေါ်ဆောင်ပြီး ဘုံကျောင်းပျက်တစ်ခုထံသို့ ရောက်ရှိလာလေ၏။
ကျီးချန်ယွီက သူ၏လက်မောင်းကို ဖက်တွယ်ထားပြီး သူမ၏ခေါင်းကိုငုံထားကာ သူမတစ်ကိုယ်လုံးလည်းမိုးရေများက ရွှဲရွှဲစိုနေခဲ့သည်။ အကယ်၍ သူသာဤနေရာ၌မရှိခဲ့လျှင် ယခုကိစ္စများကို ကျီးချန်ယွီ မည်သို့ဖြတ်သန်းမည်ကို လုယွီက တွေးတောနေမိသည်။
ထိုသို့ဖြစ်လျှင် ကောင်းကင်ယံမှဧရာမလက်ကြီးပိုင်ရှင်သည် ကျီးချန်ယွီအား ဖမ်းဆီးနိုင်လိမ့်မည်။ ကျီးချန်ယွီတစ်ယောက်တည်းကသာ မည်သို့ဖြစ်ပျက်သွားသည်ကို သိရှိပေမည်။
လုယွီက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီး ယခုပြဿနာကို မည်သို့ဖြေရှင်းရမည်အား စဥ်းစားနေမိသည်။ သူက ဤအိပ်မက်ကမ္ဘာကို လွယ်လင့်တကူချိုးဖျက်နိုင်သော်လည်း ယခုက ကျီးချန်ယွီ၏အသိစိတ်ပင်လယ်အတွင်း၌ဖြစ်နေပေ၏။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ မိုးခြိမ်းသံများအဆက်မပြက် ထွက်ပေါ်လာခဲ့သည်။ အဝေးတစ်နေရာမှ အပြေးအလွှားလာနေသော ခြေလှမ်းသံများကိုလည်း ကြားနိုင်လေ၏။
မိုးရေများအကြားတွင် လူအမြောက်အများက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"ကျီးကလန်ရဲ့ အကြွင်းအကျန်နတ်ဆိုးမက ဒီနေရာမှာပဲ...သတ်ကြ"
လူတစ်ယောက်က ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်လေ၏။
ကျီးချန်ယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူမက လုယွီ၏နောက်၌ ပုန်းအောင်းနေခဲ့သည်။ ယခုအချိန်တွင် ကျီးချန်ယွီသည် အသက်ရှစ်နှစ်ခန့်သာရှိသေးသော ခလေးမလေးတစ်ယောက်ဖြစ်ပြီး ပြင်ပရှိအော်ဟစ်သံများကိုကြားချိန်တွင် တဆတ်ဆတ်တုန်ရီနေလေ၏။
ဘုံကျောင်းတံခါးမှနေ၍ အနက်ရောင်သံချပ်ကာဝတ်စစ်သားများက တရကြမ်းဝင်ရောက်လာကြသည်။ ထိုစစ်သားများသည် ကြမ်းကြုတ်ရက်စက်ပုံပေါ်လွင်နေပြီး သူတို့၏လက်အတွင်း၌လည်း ဓားများကိုင်ဆောင်ထားလေ၏။
"သတ်ကြ"
အနက်ရောင်သံချက်ကာဝတ်စစ်သားက သူ၏ဓားကိုမြှောက်ကာ လုယွီအား ခုတ်ပိုင်းလိုက်လေသည်။
Chapter 300
ယခုဖြစ်ပျက်နေသောကိစ္စရပ်များသည် ကျီးချန်ယွီ၏ဘဝအတွေ့အကြုံများဖြစ်သည်။ သူမက ကွပ်မျက်ကွင်းပြင်မှ လွတ်မြောက်လာခဲ့သော်လည်း ထပ်မံ၍ လိုက်လံဖမ်းဆီးခြင်းခံရသည်။
ထို့နောက် ဤနေရာသည် သူမ၏ဘေးကပ်ဆိုးခန္ဓာကိုယ်အား နိုးထစေခဲ့သောနေရာဖြစ်လေ၏။ ကျီးချန်ယွီက သူမ၏ခေါင်းကို တဖြည်းဖြည်းမော့လိုက်ရာတွင် သူမမျက်လုံးများက သွေးနီရောင်လွှမ်းနေခဲ့သည်။
သူမ၏ခန္ဓာကိုယ်မှစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာလာနီးတွင် လုယွီက တားဆီးလိုက်သည်။
"ကောင်းကင်ဘေးကပ်ဆိုးခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်တွေရဲ့ အဆုံးသတ်က ဘယ်တော့မှမကောင်းကြဘူး...တစ်ချိန်လုံး အမုန်းတရားစက်ဝန်းထဲကိုကျရောက်နေတာထက် အဲ့ထဲကနေရုန်းကန်ထွက်နိုင်မှ ပိုကောင်းလိမ့်မယ်"
တစ်ခါတုန်းက အဆုံးအစမဲ့စကြာဝဠာအတွင်းတွင် လုယွီ၌ ယခုကဲ့သို့ ဘေးကပ်ဆိုးခန္ဓာကိုယ်အမျိုးအစားကိုပိုင်ဆိုင်သော မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်ကို သူ သတိရမိနေသည်။
သူမ၏ခန္ဓာကိုယ်အမျိုးအစား၏သက်ရောက်မှုကြောင့် သူမနှင့်နီးနီးကပ်ကပ်နေသော မည်သူမဆို အဆုံးသတ်မကောင်းချေ။ သူမ၏ဘဝတစ်သက်လုံးတွင် အလွန်အထီးကျန်ဆန်စွာနေခဲ့ရသည်။ အစွမ်းထက်တာအိုသခင်တစ်ယောက်ဖြစ်သော လုယွီမှလွဲ၍ သူမအနီးသို့မည်သူမျှမချဥ်းကပ်ဝံ့ပေ။
လုယွီက ထိုအထီးကျန်ဆန်သောခံစားချက်ကို နားလည်ပေ၏။ ကောင်းကင်ဘေးကပ်ဆိုးခန္ဓာကိုယ်ကို ဆက်ခံရသူသည် တစ်ခြားသူများထက်ကျင့်ကြံနှုန်းမြန်ဆန်သည့် ပြိုင်ဘက်ကင်းကောင်းကျိုးကို လက်ခံရရှိလေသည်။
သို့ရာတွင် သူတို့၏မွေးရာပါ အထီးကျန်ဆန်မှုကို မည်သူကမျှလက်ခံရန် ဆန္ဒမရှိချေ။
အနက်ရောင်သံချပ်ကာစစ်သားများက ကျီးချန်ယွီနားသို့ ရောက်ရှိလာကြ၏။ သူတို့၏ဓားများကိုမြှောက်ပြီး ကျီးချန်ယွီကို ခုတ်ပိုင်းလိုက်ကြသည်။
ထိုအချိန်မှာပင် လုယွီက လှုပ်ရှားလိုက်၏။ သူက မြေပြင်ပေါ်မှခြေဆောင့်နင်းပြီး ကြမ်းကြုတ်ရက်စက်စွာဖြင့် လက်သီးချက်များကိုထိုးနှက်နေလေရာ အနက်ရောင်သံချပ်ကာစစ်သားများပေါ်သို့ ကျရောက်သွားလေသည်။ အနက်ရောင်သံချပ်ကာစစ်သားများ၏ မာကျောသောသံချပ်ကာများတွင် အက်ကွဲကြောင်းကြီးများဖြစ်ပေါ်ပြီး ကြေမွပျက်စီးကုန်ကြ၏။
အနက်ရောင်သံချပ်ကာစစ်သားများ၏ပါးစပ်များမှနေ၍ သွေးများစီးကျလာခဲ့သည်။ နောက်ဆုံး၌ သူတို့သည် လုယွီထံမှဖိအားကို တောင့်မခံနိုင်ကြတော့ဘဲ သွေးများအန်ထွက်လာပြီး နောက်သို့လွင့်စင်သွားကြ၏။
"ဘယ်က သောက်သူခိုးကောင်လဲ...တာရှန့်အင်ပါယာက သစ္စာဖောက်မိသားစုရဲ့မျိုးဆက်နတ်ဆိုးမကို သုတ်သင်နေတဲ့နေရာမှာ မင်းက အခွင့်မရှိဘဲ ဝင်ရောက်စွက်ဖက်ရဲတယ်ပေါ့"
အနက်ရောင်သံချပ်ကာစစ်သားတစ်ယောက်က အော်ဟစ်ကြုံးဝါးလိုက်၏။
အချိန်တခဏအကြာမှာပင် နောက်ထပ်အနက်ရောင်သံချပ်ကာစစ်သားတစ်စုက မိုးရေများအကြားမှ လုယွီတို့ထံသို့ တရကြမ်းတိုးဝင်လာကြသည်။
မိုးရေများသည် မီးခိုးငွေ့များနှင့်တူညီနေပြီး လုယွီတို့ကို ဝိုင်းရံထားသော အနက်ရောင်သံချပ်ကာစစ်သားများသည် အနက်ရောင်ပင်လယ်ကြီးနှင့် တူညီနေသည်။ သူတို့၏စူးရှချွန်ထက်နေသောဓားများဖြင့် လုယွီအား ချိန်ရွယ်ထားကြသည်။
လုယွီက လက်နောက်ပစ်ပြီး မိုးရေများကို ကြည့်ရှုနေလေ၏။
"ကောင်းပြီလေ...မင်းက ငါကိုရည်ရွယ်ပြီးတိုက်ခိုက်နေမှတော့...မင်းရဲ့ပုံရိပ်ယောင်အိမ်မက်ကမ္ဘာကို ငါချိုးဖျက်ပြမယ်"
လုယွီက သူ၏မျက်လုံးများကိုမှိတ်ထားပြီးမှ ရုတ်တရက်ပြန်လည်ဖွင့်လိုက်၏။
သူ၏မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သောအချိန်တခဏတွင် လုယွီ၏အော်ရာအရှိန်အဝါသည် ပြောင်းလဲသွားခဲ့သည်။ သူ၏မျက်လုံးများတွင် အနက်ရောင်အလင်းတန်းများက ဖြတ်ပြေးနေလေ၏။
"ဒီလူက အင်ပါယာရဲ့အမိန့်ကိုမနာခံဘဲ ရာဇဝတ်ပြစ်မှုကြီးကျူးလွန်တယ်လို့ အထူးခုံရုံးက အမိန့်ချထားတဲ့ ရာဇဝတ်သားကို ကာကွယ်ပေးနေတယ်...အင်ပါယာရဲ့စည်းမျဥ်းဥပဒေအရ ဒီကောင်ကိုသတ်ကြ"
အနက်ရောင်သံချပ်ကာစစ်သားများက ရုတ်တရက် သတ်ဖြတ်ချင်စိတ်များ ပြင်းထန်လာခဲ့သည်။
သူတို့က ဓားနှင့်လှံရှည်များကို မြှောက်တင်၍ လုယွီအား ပစ်မှတ်ထားနေကြသည်။
"လေးသမားတွေ....မြှားလွှက်ကြ"
ခေါင်းဆောင်က အော်ဟစ်အမိန့်ပေးလိုက်၏။
ဝှစ်...ဝှစ်...ဝှစ်....
လေထုအားထွင်းဖောက်လာသော မြှားများ၏အသံကို ကြားနိုင်ပေသည်။ ယာယီအားဖြင့် ကောင်းကင်ယံတွင် မြှားမိုးကြီးဖြစ်ပေါ်နေပြီး လုယွီထံသို့ ရွာကျလာလေ၏။
လုယွီက လက်များကိုနောက်ပစ်ထားဆဲဖြစ်ပြီး လေတိုက်ခတ်မှုကြောင့် သူ၏အင်္ကျီလက်များသည် ရှေ့နောက်လှုပ်ခတ်နေလေသည်။ သူ၏မျက်လုံးများကမူ တည်ငြိမ်နေဆဲဖြစ်သည်။
"ယမမင်းရဲ့အမျက်ဒေါသ"
လုယွီ၏တိုးညင်းသော ရေရွတ်သံနှင့်အတူ သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်မှ မျက်လုံးများပွင့်လာပြီး အနက်ရောင်သံချပ်ကာစစ်သားအုပ်စုဘက်သို့လှည့်၍ အော်ဟစ်လိုကိသည်။
ဘုန်း.....
ဆူညံသောအသံကြီး မြည်ဟီးလာပြီးနောက် စစ်သားများသည် သွေးများအန်ထုတ်ပြီး နောက်သို့ထပ်ခါထပ်ခါ ဆုတ်လိုက်ကြရ၏။
သို့သော် မလှမ်းမကမ်းအကွာအဝေးရှိ တောင်ကြားလမ်းများတွင် အကန့်အသတ်မရှိသောအနက်ရောင်သံချပ်ကာစစ်သားများရှိနေဆဲဖြစ်ပြီး လုယွီထံသို့ ဒီရေလှိုင်းများပမာ တိုးဝင်နေကြသည်။
ထိုစစ်သားများသည် မသေနိုင်သောသူများနှင့် တူညီနေသည်။
"ဟမ့်...မင်းက ငါကိုသတ်ချင်နေတာလား"
ရုတ်တရက် လုယွီက လေထုအတွင်းသို့ ပျံဝဲတတ်လိုက်သည်။
မိုးရေများအကြားမှ မြို့တစ်မြို့သည် လုယွီ၏ရှေ့၌ တည်ရှိနေခဲ့သည်။ လုယွီက အေးစက်စက်မျက်လုံးများဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ရာတွင် မြို့အတွင်းမှ အော်ရာတစ်ခုကို ရုတ်တရက်ရှာဖွေတွေ့ရှိလိုက်သည်။
ထိုအော်ရာသည် အလွန်အားပျော့သော်လည်း လုယွီက ခြေရာခံနိုင်ခဲ့သည်
"မင်းက ဒီနေရာမှာပေါ့"
လုယွီက ကျီးချန်ယွီကို သယ်ဆောင်ပြီး အော်ရာထွက်ပေါ်လာရာနေရာထံသို့ ဦးတည်သွားလိုက်သည်။
လုယွီ၏ရှေ့မှစစ်သားများသည် သူ့အားတားဆီးချင်သော်လည်း လုယွီက မြေပြင်ပေါ်ခြေတစ်ချက်ဆောင့်နင်းလိုက်ရာတွင် မြေပြင်က စတင်အက်ကွဲလာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် စစ်သားများ၏ခြေထောက်များအောက်မှမြေပြင်ပေါ်တွင် မရေမတွက်နိုင်သောအက်ကွဲကြောင်းကြီးများက ပျံ့နှံ့လာခဲ့သည်။ မြေပြင်လှုပ်ရှားမှုကြောင့် စစ်သားများသည် တုန်ရီသွားကြကာ အက်ကွဲကြောင်းများအတွင်းသို့ ပြိုလဲကျသွားကြတော့သည်။
Thank For Reading.