← Chapters

အခန်း (၃၀၁-၃၀၅)

Vol. 16-20 Ch. 301-305

အခန်း (၃၀၁-၃၀၅)

Vol. 16-20 Ch. 301-305

Chapter 301

လုယွီနှင့်မလှမ်းမကမ်းအကွာအဝေးတွင် ရွှေရောင်နှင့်ကျောက်စိမ်းရောင်များ တောက်ပနေသော နံရံကြီးများရှိနေသည်။

မြို့ရိုးသည် မြို့အားဝန်းရံထားသော်လည်း ပတ်ဝန်းကျင်မှအဆောက်အအုံများနှင့် သဟဇာတဖြစ်မနေချေ။

မြို့ရိုး၏ထိပ်ရှိ ဂူငယ်လေးများကို ရစ်ခွေနေသောနဂါးပုံများဖြင့် အလှဆင်ထားရာ အလွန်ခမ်းနားလှပေသည်။

မြို့ရိုးပတ်လည်တွင် နဂါးအလံများက လေထုအတွင်း တဖျပ်ဖျပ်ခတ်နေပြီး ရွှေရောင်သံချပ်ကာစစ်သားများက စောင့်ကြပ်နေကြ၏။

"ရဲတင်းလိုက်တာ"

"ဘယ်သူက အခွင့်မရှိဘဲ ဒီနေရာကိုဝင်လာရဲတာလဲ"

လုယွီက မြေပြင်ပေါ်ဆင်းသက်လာသည်ကို မြင်တွေ့လိုက်သော ရွှေရောင်သံချပ်ကာစစ်သားများက ဝိုင်းရံ၍ အော်ဟစ်နေကြသည်။

ရွှေရောင်သံချပ်ကာစစ်သားများ၏ခန္ဓာကိုယ်မှ ထုတ်လွှက်ထားသောကျန်းချီများသည် သိပ်သည်းလှပေ၏။ သူတို့အားလုံးက အဝိုင်းကြီးအဆင့်ထိပ်သီးကျွမ်းကျင်သူများဖြစ်ကြသည်။

တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏ ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်းမှ စွမ်းအားအကောင်းဆုံးခေါင်းဆောင်များပင်လျှင် အဝိုင်းကြီးအဆင့်သာရှိပေ၏။

သို့သော် ယခုနေရာတွင်မူ မြို့အစောင့်အကြပ်များသည် အဝိုင်းကြီးအဆင့်ကျင့်ကြံသူများ ဖြစ်နေခဲ့သည်။

"ထွက်သွားကြစမ်း"

လုယွီက သူ၏စိတ်ဝိညာဥ်စွမ်းအားများကို ထုတ်လွှက်လိုက်ပြီးနောက် အစွယ်များဖြဲကာ ခြေစွယ်လက်စွယ်များထုတ်ထားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက လုယွီ၏နောက်၌ ထွက်ပေါ်လာလေ၏။

မြေအောက်လောကနတ်ဘုရားပုံရိပ်သည် ရွှေရောင်သံချပ်ကာစစ်သားတစ်ယောက်ကို လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်ပြီး အားအနည်းငယ်စိုက်ထုတ်လိုက်ရာတွင် ထိုစစ်သားသည် သွေးမြူများအဖြစ်ပြန့်ကျဲသွားခဲ့သည်။

ပြင်ပလောကတွင် လုယွီသည် အဝိုင်းကြီးအဆင့်ကျင့်ကြံသူအား ထိပ်တိုက်ယှဥ်ပြိုင်နိုင်မည်မဟုတ်သည်မှာ သေချာပေ၏။ အကယ်၍သာ သူသည် အဝိုင်းကြီးအဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရပါက ယှဥ်ပြိုင်နိုင်ရန်အတွက် အစွမ်းထက်ဝင်္ကပါများကိုမှီခိုရန် လိုအပ်ပေသည်။ သို့သော် ဤနေရာတွင်မှု သူ မည်သည့်အရာကိုမျှ မှီခိုရန်မလိုအပ်ချေ။

ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ ဤအရာသည်အိမ်မက်တစ်ခုဖြစ်နေသောကြောင့် သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့် အရာရာတိုင်းကို ထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။

စိတ်ဝိညာဥ်၏စွမ်းအားကိုပြောရလျှင် သူ၏လက်ရှိစိတ်ဝိညာဥ်စွမ်းအားသည် ယခင်ဘဝ၏ ၁ ရာခိုင်နှုန်းသာရှိသော်လည်း အနည်းငယ်ထုတ်လွှတ်လိုက်လျှင်ပင် အိမ်မက်ထဲမှစွမ်းအားအကောင်းဆုံးကျင့်ကြံသူပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

ရွှေရောင်သံချပ်ကာစစ်သားများသည် လုယွီအား မတားဆီးနိုင်ကြဘဲ နောက်သို့အဆက်မပြက် ဆုတ်ခွါနေကြ၏။

"ရန်သူက အရမ်းသန်မာတယ်....ဗိုလ်ချုပ်ကို သတင်းပို့ကြ"

ရွှေရောင်သံချပ်ကာစစ်သားတစ်ယောက်က တိုက်ခိုက်နေရာမှ အော်ဟစ်ပြောဆိုလိုက်သည်။

လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီးနောက် နဂါးပျံခြေလှမ်းကို အသုံးပြု၍ မြို့တံခါးရှေ့သို့ ရောက်ရှိသွားလေ၏။

ထိုမြို့တံခါးအနီးသို့ရောက်သည်နှင့် လုယွီက ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန်ကန်ကျောက်လိုက်သည်။

ဘုန်း....

လုယွီ၏ကန်ချက်ကြောင့် မြို့တံခါးသည် ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ပြိုလဲကျသွားလေ၏။

မြို့တံခါး၏နောက်ဘက်တွင် မီးခိုးနှင့်ဖုန်မှုန့်များက နေရာအနှံ လွင့်မျောနေပြီး ရွှေရောင်သံချပ်ကာဗိုလ်ချုပ်တစ်စုလည်း ရှိနေခဲ့သည်။

ထိုရွှေရောင်သံချပ်ကာဗိုလ်ချုပ်များ၏ကျင့်ကြံမှုနယ်ပယ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ တစ်ချို့ဗိုလ်ချုပ်များသည် ထူးဆန်းသောသားရဲများကိုစီးနင်းထားပြီး တာအိုဒုတိယအဆင့်ထိပ်သီးကျွမ်းကျင်သူများလည်း ရှိနေပေသည်။

"ရိုင်းပျတဲ့ ခွေးမသား...သေစမ်း"

ရွှေရောင်သံချပ်ကာဗိုလ်ချုပ်တစ်ယောက်က လုယွီက တရကြမ်းတိုးဝင်လာသည်ကိုမြင်ချိန်တွင် ချက်ချင်းပင် သူ့အားသတ်ဖြတ်ရန် အော်ဟစ်အမိန့်ပေးလိုက်သည်။

လုယွီက နှာတစ်ချက်မှုတ်ပြီး ရွှေရောင်သံချပ်ကာဗိုလ်ချုပ်အုပ်စုထံသို့ တည်ငြိမ်စွာပင် လျှောက်လှမ်းသွားနေလေ၏။

လုယွီ၏စိတ်ဝိညာဥ်မှ ဖြစ်တည်လာသည့် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် လက်တစ်ဖက်ဆန့်ထုတ်ပြီး ရွှေရောင်သံချပ်ကာဗိုလ်ချုပ်အုပ်စုအား ရိုက်နှက်လိုက်သည်။

ဝုန်း.....

မြေပြင်က အပြင်းအထန်တုန်ခါနေပြီး လေထုအတွင်းတွင် ကြီးမားသောတွင်းကြီးများ ထွက်ပေါ်လာပြီး အားကောင်းသောစုပ်ယူအားများဖြစ်ပေါ်လာခဲ့သည်။

လုယွီ၏တိုက်ခိုက်မှုအောက်တွင် လေထုအတွင်းရှိတွင်းနက်ကြီးများအတွင်းမှ ပြန့်ကျဲနေသော ကျောက်တုံးကျောက်ခဲများက ရွှေရောင်သံချပ်ကာ စစ်ဗိုလ်ချုပ်များပေါ်သို့ ကျဆင်းသွားလေ၏။

ယခင်က မောက်မာစွာဖြင့် လုယွီထံသို့ တရကြမ်းတိုးဝင်နေကြသော ရွှေရောင်သံချပ်ကာဗိုလ်ချုပ်များသည် ထိုအချိန်တခဏတွင်ပင် သူတို့၏စိတ်ဝိညာဥ်များကို မြေအောက်လောကနတ်ဘုရားပုံရိပ်မှလက်ကြီး၏ ဖိချေခြင်းခံရကာ လွင့်ပြယ်သွားကြတော့သည်။

"ငါ အင်ပါယာ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှုလုပ်ဖို့ အချိန်တန်ပြီထင်တယ်"

မြို့၏နန်းတော်အတွင်းမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ သို့သော် နန်းတော်အတွင်းရှိလူသည် ထွက်ပေါ်လာခြင်းမရှိချေ။

လုယွီက ကျီးချန်ယွီကို ခေါ်ဆောင်၍ နန်းတော်အတွင်းသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း တိုးဝင်လိုက်သည်။

"မင်း ဘာလို့ ထွက်မလာတာလဲ"

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် မေးမြန်းလိုက်လေ၏။

သို့ရာတွင် နန်းတော်အတွင်းမှ မည်သည့်အသံမျှ ကြားရခြင်းမရှိပေ။

"မင်းက မုန်းစရာကောင်းတဲ့ယင်ကောင်တွေအများကြီးကို မှော်ပညာနဲ့ ဖန်တီးထားခဲ့တယ်...ဒါပေမယ့် မင်းမှာ တိုင်းပြည်တစ်ခုရဲ့အင်ပါယာဖြစ်ဖို့ အရည်အချင်းမပြည့်မှီဘူး...ငါပြောတာ မှန်လား"

လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်လေ၏။

ကလစ်....

နန်းတော်၏တံခါးက ရုတ်တရက်ပွင့်လာပြီး လူရိပ်တစ်ရိပ်က ခုန်ထွက်လာခဲ့သည်။

လုယွီက နှာတစ်ချက်မှုတ်ပြီးနောက် သူ၏ပုံရိပ်သည် ရှည်လျားသောနဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး အနက်ရောင်လူရိပ်၏နံဘေး၌ ထွက်ပေါ်လာလေ၏။

သူ၏လက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ လူရိပ်အားဖုံးကွယ်ထားသော အနက်ရောင်အဝတ်စသည် ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။

အနက်ရောင်လူရိပ်အသွင် ဟန်ဆောင်ထားမှုကွာကျပြီးနောက်တွင် ချောမောလှပသောမိန်းကလေးတစ်ယောက် ပေါ်ထွက်လာလေ၏။

ထိုမိန်းကလေးသည် အသက် ခုနစ်နှစ် ရှစ်နှစ်ခန့်သာရှိသေးပြီး သူမ၏မျက်လုံးတစ်စုံသည် မဟူရာကျောက်မျက်အလား နက်မှောင်တောက်ပနေသည်။

"ငါ မျှော်လင့်ထားသလိုပဲ....ဒါက အပြည့်အဝဖွဲ့စည်းပြီးသွားတဲ့ အိပ်မက်ဆိုးဘုရင်ပဲ"

လုယွီက တီးတိုးရေရွတ်လိုက်၏။

Chapter 302

အိပ်မက်ဆိုးဘုရင်က သူမ၏သရုပ်မှန်ပေါ်ပေါတ်သွားသည်နှင့် ချက်ချင်းပင် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြောက်ရွံနေသောကြောင်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်၌ဝပ်ပြီး လုယွီထံသို့ ခုန်အုပ်လိုက်လေ၏။

ဟူး.....

အိပ်မက်ဆိုးဘုရင်၏ပုံပန်းသွင်ပြင်သည် မိန်းကလေးငယ်တစ်ယောက်အသွင်ဖြစ်နေ၏။ သို့သော် ထိုအချိန်တခဏမှာပင် သူမ၏ပါးစပ်ကို ကျယ်ပြန့်စွာဖွင့်ဟလိုက်ရာတွင် အလွန်ရက်စက်ပုံရပြီး ထိတ်လန့်ဖွယ်ကောင်းသော အော်ရာ ထွက်ပေါ်လာခဲ့သည်။

လုယွီက သူမကို တစ်ချက်ကြည့်ပြီး စိတ်ပျက်သွားပုံဖြင့် ခေါင်းခါယမ်းနေလေသည်။

"ခေါင်းမမာစမ်းနဲ့"

သူက လက်ကိုဆန့်ထုတ်၍ အိပ်မက်ဆိုးဘုရင်၏မျက်ခုံးနှစ်ခုကြားသို့ ထိတွေ့လိုက်သည်။

ထိုအချိန်မှာပင် လုယွီက စိတ်ဝိညာဥ်၏စွမ်းအားများကို အပြည့်အဝထုတ်လွှက်ပြီး အိပ်မက်ဆိုးဘုရင်၏စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ချက်ချင်းပင် ချိုးဖျက်ခဲ့လေ၏။

အိပ်မက်ဆိုးဘုရင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီးနောက် သစ်သားတုံးတစ်တုံးကဲ့သို့ ငြိမ်သက်သွားခဲ့သည်။

ထို့နောက် လုယွီက အိမ်မက်ဆိုးဘုရင်အား လက်ဖြင့်တောက်ထုတ်လိုက်သည်တွင် အဝေးသို့လွင့်ထွက်သွားတော့သည်။

ဘုန်း.....

အိပ်မက်ဆိုးဘုရင်သည် နံရံနှင့်အပြင်းအထန်ဆောင့်မိပြီးနောက် လုယွီအား ကြောက်လန့်တကြား ကြည့်နေလေ၏။

သူမက ထွက်ပြေးရန် ကြံစည်နေသော်လည်း လုယွီက သူမကို အခွင့်အရေးပေးမည်မဟုတ်ချေ။

လုယွီ၏လက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ သူ၏နောက်ရှိမြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် ကျန်းချီချိန်းကြိုးတစ်ကြိုးဖွဲ့စည်းပြီး ပစ်ထုတ်ကာ အိပ်မက်ဆိုးဘုရင်၏လည်ပင်းအား ချည်နှောင်လိုက်သည်။

အိမ်မက်ဆိုးဘုရင်သည် စူးစူးဝါးဝါးအော်ဟစ်ပြီး သူမ၏ချွန်ထက်သောလက်များဖြင့် သူမလည်ပင်းရှိ ချိန်းကြိုးကို ဆုပ်ကိုင်ပြီး ချိုးဖဲ့နိုင်ရန် ကြိုးပမ်းနေလေ၏။

"ဒီကိုလာခဲ့"

လုယွီက ချိန်းကြိုးကို ဆွဲယူလိုက်ရာတွင် အိမ်မက်ဆိုးဘုရင်က သူ၏ခြေထောက်နားသို့ ပြင်းထန်စွာပြုတ်ကျလာခဲ့သည်။

လက်ရှိတွင် အိပ်မက်ဆိုးဘုရင်သည် အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ သူ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်သည်လည်း တစတစ အားနည်းလာခဲ့၏။

သူမက လုယွီကိုကြည့်နေသောအကြည့်များသည် ယခင်ကဲ့သို့ သွေးဆာမှုများနှင့်မုန်းတီးမှုများ မပါဝင်တော့ဘဲ ကြောက်ရွံခြင်းများအပြည့်သာရဇိနေသည်။

သူမ၏အရှေ့မှ ယော်ကျားသည် သူမဘဝ၏သေခြင်း ရှင်ခြင်းကို အပြည့်အဝထိန်းချုပ်နိုင်သူဖြစ်ကြောင်း နားလည်သဘောပေါတ်ထားလေသည်။

"မင်း ဒီအဆင့်ထိရောက်အောင် ကျင့်ကြံခဲ့တာ လွယ်ကူမှာမဟုတ်ဘူး...ငါ့အတွက် သူမကိုစောင့်ရှောက်ပေး...နောက်ထပ်ဆယ်နှစ်ကြာပြီးရင် ငါမင်းကိုလွတ်လပ်ခွင့်ပေးမယ်...မင်း ဆန္ဒရှိလား"

လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

ယခုချိန်တွင် အိမ်မက်ဆိုးဘုရင်သည် ငြင်းဆိုခုခံရန် ဆန္ဒမရှိတော့ချေ။ သူမက မြေပြင်ပေါ်၌ ဒူးထောက်ပြီး လုယွီကို ဦးညွှက်အရိုအသေပြုလိုက်လေ၏။

"ကောင်းပြီ...မင်းက ဆန္ဒရှိတယ်ဆိုမှတော့ မင်းကတိကို မင်းထိန်းသိမ်းပါ"

လုယွီက သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ကျီးချန်ယွီ၏မျက်ခုံးနှစ်ခုကြားမှ သွေးတစ်ချို့ထုတ်ယူလိုက်သည်။

လုယွီက ထိုသွေးစက်များကို သူ၏လက်ဝါးပေါ်တင်၍ မန္တန်တစ်ချို့ရွတ်ဖတ်ပြီး အိမ်မက်ဆိုးဘုရင်၏နဖူးပြင်ထံ ရိုက်သွင်းလိုက်လေသည်။

အိပ်မက်ဆိုးဘုရင်၏နဖူးပြင်ပေါ်တွင် အရိုးခေါင်းအမှတ်အသား ထွက်ပေါ်လာခဲ့သည်။

ဤသည်ကား သွေးကျိန်စာဖြစ်ပေ၏။ ကျိန်စာအမှတ်အသားရိုက်နှိပ်ခံပြီးသည်နှင့် ကတိဖောက်ဖျက်ပါက နှလုံးသားကိုနတ်ဆိုးတစ်သောင်းကိုက်သည့် နာကျင်မှုကို ခံစားရပေမည်။

အိမ်မက်ဆိုးဘုရင်သည် တုန်ရီနေရာမှ လုယွီကို လေးလေးစားစားဦးညွှက်ကာ ပျောက်ကွယ်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ အိပ်မက်ကမ္ဘာသည်လည်း တစတစ လွင့်ပြယ်နေပေ၏။

ကျီးချန်ယွီက လုယွီ၏နောက်တွင် ပုန်းကွယ်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို ကြောက်လန့်တကြား ကြည့်ရှုနေခဲ့သည်။

အဆုံးသတ်၌ ယခုလက်ရှိ ကျီးချန်ယွီသည် မည်သည့်အရာကိုမျှ မသိရှိသေးသော ကလေးမလေးတစ်ယောက်သာဖြစ်ပေသည်။ လုယွီက ကူကယ်ရာမဲ့စွာဖြင့် ပြုံးနေလေ၏။

"နိုးထတော့"

လုယွီ၏အသံတွင် ကွန်ဖြူးရှပ်တာအို၏မြင့်မြတ်မှုများထည့်သွင်းထားသဖြင့် ချက်ချင်းပင် ကျီးချန်ယွီ၏စိတ်ဝိညာဥ်အား နိုးကြားစေနိုင်သည်။

ကျီးချန်ယွီ၏မျက်လုံးများက မိန်းမောတွေဝေနေသော်လည်း အချိန်တခဏအကြာတွင်မူ ထိုတွေဝေမှုများပျောက်ကွယ်သွားကာ ကြည်လင်လာလေ၏။

"ဒါက နင်လား"

ကျီးချန်ယွီက လုယွီကိုကြည့်ပြီး ရေရွတ်လိုက်သည်။

သို့သော် သူမ၏ပုံရိပ်သည် အိပ်မက်အတွင်းမှ တစတစလွင့်ပြယ်နေလေ၏။

"ကြည့်ရတာ သူမရဲ့စိတ်ဝိညာဥ် ပြန်ရသွားလို့... ဒီအိပ်မက်က လွင့်ပြယ်တော့မဟ်ထင်တယ်"

လုယွီက သက်ပြင်းရှိုက်ပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုကာ အိပ်မက်ကမ္ဘာမှ ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။

သို့သော် ထိုအချိန်မှာပင် လုယွီ၏အကြည့်က တစ်စုံတစ်ခုကို အာရုံစူးစိုက်မိလေ၏။

"အေးခဲစမ်း"

လုယွီက အော်ဟစ်လိုက်ရာတွင် သူ၏နံဘေးပတ်လည်ရှိ လွင့်ပြယ်စပြုနေသော အိပ်မက်ကမ္ဘာသည် ချက်ချင်းပင် လွင့်ပြယ်ခြင်းရပ်တန့်သွားခဲ့သည်။

လုယွီက ဖျက်ခနဲပျံသန်းလိုက်ရာတွင် နံရံတစ်ခု၏ရှေ့သို့ မဆိုင်းမတွ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် မြို့ရိုး၏သေးငယ်သောထောင့်တစ်နေရာဖြစ်ပြီး ဆင်းရဲသားရပ်ကွက်နှင့်တူညီသောတဲအိမ်စုလေးများကို ဝိုင်းရံထားသောနံရံတစ်ခုဖြစ်သည်။

သို့ရာတွင် ထိုနံရံပေါ်၌ နက်မှောင်နေသောအမှတ်အသားတစ်ခု ရှိနေလေ၏။ ထိုအမှတ်အသားသည် ကောင်းကင်ယံသို့ဦးတည်ဟစ်ကြွေးနေသော ကြီးမားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးဖြစ်သည်။

"ဒါက ငါရဲ့စည်းတံဆိပ်ပါလား"

လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။

Chapter 303

လုယွီက အချိန်တခဏကြာ လေ့လာဆန်းစစ်ပြီးနောက်တွင် သူ၏တာအိုသခင်စည်းတံဆိပ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်ခဲ့လေ၏။

ထိုအမှတ်အသားသည် သူ၏အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ထိုတံဆိပ်ကိုင်ဆောင်ထားသူသည် မြေအောက်လောက၁၈ခုကို အမိန့်ပေးနိုင်ပြီး မည်သူကမျှ မလိုက်နာဘဲမနေဝံ့ကြချေ။

ထိုအမှတ်အသားကို လူအနည်းငယ်ကိုသာ သူပေးခဲ့သည်အား လုယွီမှတ်မိနေဆဲဖြစ်သည်။ သူ၏အယုံကြည်ရဆုံးသူများကိုသာ ဤစည်းတံဆိပ်အမှတ်အသား ပေးခဲ့ခြင်းဖြစ်သည်။

"ဘယ်သူဖြစ်နိုင်မလဲ....ဒီလေါကထဲကို ဘယ်သူရောက်ရှိလာခဲ့တာလဲ"

လုယွီက တီးတိုးရေရွတ်မိနေလေ၏။

ဤလောကကမ္ဘာနှင့်ပတ်သတ်၍ မည်သည့်ထူးခြားချက်များ ရှိနေသနည်း။ သူ၏ယခင်ဘဝက မှော်ရတနာဖြစ်သော မြေအောက်အကန့်အသတ်မဲ့နန်းတော်သည်လည်း ဤကမ္ဘာပေါ်သို့ ဆင်းသက်လာခဲ့သည်။

လုယွီက စည်းတံဆိပ်ကို ကိုင်တွယ်ကြည့်လိုက်သော်လည်း ကြေမွသွားသောစက္ကူတစ်ရွက်ကို ထိတွေ့ရသကဲ့သို့ ရုတ်တရက် လွင့်ပါးသွားလေ၏။

ရုတ်ချည်းဆိုသလိုပင် လေပြင်းများတိုက်ခတ်လာပြီး ကျီးချန်ယွီ၏အိမ်မက်ကမ္ဘာသည် အပြည့်အဝပြိုကွဲသွားတော့သည်။

ဤအိပ်မက်သည် ကျီးချန်ယွီ၏စိတ်အတွင်း၌ အမြဲတစေဖုံးကွယ်တည်ရှိနေခဲ့သည်။ ယခုလက်ရှိတွင် သူမ အသိစိတ်ပြန်ဝင်လာချိန်မှစ၍ အိမ်မက်ကမ္ဘာသည် ထပ်မံတည်ရှိတော့မည် မဟုတ်ပေ။

ချက်ချင်းပင် လုယွီ၏စိတ်ဝိညာဥ်က သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူက မျက်လုံးဖွင့်ကြည့်လိုက်ရာတွင် လှပသောမျက်ဝန်းတစ်စုံက သူ့အားစိုက်ကြည့်နေခြင်းကို မြင်တွေ့ရတော့သည်။

ယခုအချိန်တွင် ဝါးခမောက်နှင့်မျက်နှာကာ မရှိသည့်အတွက် ကျီးချန်ယွီ၏ဖြူဖွေးနူးညံပြီး အပြစ်အနာကင်းသောမျက်နှာလေးကို မြင်နိုင်ပေ၏။

သူ အလေးအနက်ပြောဆိုရလျှင် ယခုအခြေအနေသည် လှပသောပန်းချီကားတစ်ချပ်ကို ရှုမြင်နေရခြင်းနှင့်တူညီနေသည်။

လုယွီက ကျီးချန်ယွီ၏နဖူးပေါ်မှ သူ၏လက်ကိုပြန်ရုတ်သိမ်းပြီး ပြောဆိုလိုက်သည်။

"အိပ်မက်ဆိုးဘုရင်က မင်းကို အမြဲတမ်းစောင့်ရှောက်ပေးလိမ့်မယ်...အခုချိန်ကစပြီး မင်း အိမ်မက်ဆိုး ထပ်မက်မှာမဟုတ်တော့ဘူး"

"ငါရဲ့အိမ်မက်ထဲကသူက တကယ်ပဲနင်လား"

ကျီးချန်ယွီက မည်သို့မျှ မယုံကြည်နိုင်ချေ။ သူမက လုယွီကို အနောက်တောင်ကုန်းတွင် စတင်တွေ့ရှိခဲ့ချိန်၌ သာမာန်တပည့်တစ်ယောက်ဖြစ်မည်ဟုသာ တွေးထင်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် လုယွီက နတ်ဆိုးစစ်ဗိုဘ်ချုပ်ကို သူတော်စင်ပစ္စည်း၏အကူအညီဖြင့် အနိုင်ယူနိုင်ခဲ့ပြီး သူမ၏ထိတ်လန့်ကြောက်ရွံဖွယ် အိမ်မက်ဆိုးကိုလည်း ဖယ်ရှားပေးခဲ့သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ သူမသည် ဤအိပ်မက်ဆိုးအတွင်း၌သာ တဝဲဝဲလည်နေခဲ့သည်။ သူမ နိုးထလာသည့်အချိန်တိုင်း သူမ၏မိသားစုဖျက်ဆီးခံရသောနေ့သို့သာ ပြန်လည်ရောက်ရှိသွားခဲ့သည်။

အကယ်၍ လုယွီသာ သူမ၏အိမ်မက်အတွင်းသို့ဝင်လာခဲ့ခြင်းမရှိပါက နာကျင်စရာကောင်းသောအတိတ်မှတ်ဥာဏ်များတွင်သာပိတ်မိနေပြီး ပြန်လည်နိုးထနိုင်မည်မဟုတ်ချေ။

"ဒါက အဆင်ပြေသွားမှာပါ"

လုယွီက ကျီးချန်ယွီ၏စိတ်ဝိညာဥ်အပိုင်းအစကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်ပြန်ထည့်ပေးခဲ့သည်။

ယခုလက်ရှိချိန်တွင် ကျီးချန်ယွီသည် အန္တရာယ်မှ ကျော်လွှားနိုင်ခဲ့သော်လည်း စိတ်ဝိညာဥ်ကိုခြေရာခံပြီး အသက်တောင်းခံခြင်းကျိန်စာကို မချိုးဖျက်နိုင်ပါက သူမအတွက်အလွန်အန္တရာယ်များပေမည်။

"အခု စကားမပြောနဲ့တော့...ငါ့ဘက်ကိုလှည့်"

လုယွီက စကားပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

ကျီးချန်ယွီက ဇဝေဇဝါဖြစ်သွားပြီး စကားပြောဆိုရန် သူမ၏ပါးစပ်ဖွင့်ဟလိုက်သော်လည်း ရုတ်တရက် မိန်းမောသွားခဲ့သည်။

"မင်း အသက်ရှင်ချင်သေးရင်...ငြိမ်ငြိမ်ထိုင်နေ"

လုယွီက အလေးအနက်ထား၍ ပြောဆိုလိုက်သည်။

"နင်....."

ကျီးချန်ယွီက တွန့်ဆုတ်နေဆဲဖြစ်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ပြီး အိပ်ယာပေါ်ဤ ပလ္လင်ခွေထိုင်နေကြ၏။

ကျီးချန်ယွီက ရင်းနှီးကျွမ်းဝင်မှုမရှိသော ယော်ကျားတစ်ယောက်နှင့် မျက်နှာချင်းဆိုင်နေရသဖြင့် ရှက်ရွံကာ နောက်သို့လှည့်လိုက်လေသည်။

သို့သော် လုယွီက အချိန်ထပ်မံ ဖြုန်းတီးလိုစိတ်မရှိပေ။

သူ၏လက်ကိုဆန့်ထုတ်ပြီး ကျီးချန်ယွီ၏ပခုံးကိုကိုင်ကာ သူမ၏ခန္ဓာကိုယ်အား ဆွဲလှည့်လိုက်သည်။

"နင် ဘာလုပ်နေတာလဲ"

ကျီးချန်ယွီက အော်ဟစ်လိုက်၏။ သူမက ခုခံချင်သော်လည်း သူမ၏ကျန်းချီများကိုအနည်းငယ်လှည့်ပတ်လိုက်သည်နှင့် ဒန်တျန်အတွင်းမှ စူးရှရှဝေဒနာကိုခံစားရလေသည်။

"မင်းရဲ့အခြေအနေက အကောင်းကြီးမဟုတ်သေးဘူး...တစ်ကယ်လို့ မင်းက အင်အားထုတ်သုံးမယ်ဆိုရင် မင်းရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းကို ထိခိုက်လိမ့်မယ်"

လုယွီက သတိပေးလိုက်၏။

ကျီးချန်ယွီ၏မျက်လုံးများက မျက်ရည်များဖြင့် စိုစွက်နေခဲ့သည်။

"ထွက်သွားစမ်း....ငါသေရင်တောင် နင့်ဆန္ဒမပြည့်ဝစေရဘူး"

လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။

"ငါက မင်းကို အရမ်းပြုစုစောင့်ရှောက်ချင်တာလို့ မင်းထင်နေတာလား....မင်းအတွက် အဆင်ပြေသွားစေမယ့်ကိစ္စကို ဘာလို့ခွင့်မပြုချင်တာလဲ"

လုယွီက သူ၏လက်ကို ကျီးချန်ယွီ၏လည်ပင်းပေါ်သို့ တင်လိုက်သည်။

သူမ၏လည်ပင်းထံမှလာသော ပူနွေးသည့်ထိတွေ့မှုကို ခံစားမိသည်နှင့် ကျီးချန်ယွီ၏မျက်ရည်များ ကျဆင်းလာလေ၏။ သူမ၌ ခုခံတွန်းလှန်ရန်အင်အားမရှိတော့ချေ။

ရုတ်တရက်ဆိုသလိုပင် ကျီးချန်ယွီက သူမ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော ကျန်းချီများကို ခံစားမိသည်။

ထို့နောက် သူမ၏ဒန်တျန်တွင်တည်ရှိနေဆဲဖြစ်သော စည်းတံဆိပ်သည် ကျိုးပျက်သွားလေ၏။

"ပြီးသွားပြီ...မင်း ကံကောင်းမှုရအောင် ကြိုးစားတော့"

လုယွီ၏အသံက သူမ၏နောက်မှထွက်ပေါ်လာခဲ့သည်။

Chapter 304

ကျီးချန်ယွီက အံ့ကိုတင်းတင်းကြိတ်ထားပြီး သူမ၏နောက်ရှိလူကို တွန်းထုတ်ချင်နေခဲ့သည်။ သို့သော် သူမ၏ကျန်းချီများကို အနည်းငယ်သာလှည့်ပတ်၍ရပေ၏။

သို့ရာတွင် ရုတ်တရက် သူမ၏ကျန်းချီများက ဒီရေအလားစီးဆင်းလာပြီး မရီးဒါန်းရှစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

အားကောင်းသောကျန်းချီများသည် အတားအဆီးကို ကျော်ဖြတ်၍ အဆင့်ချိုးဖျက်ရန် စီးဆင်းနေပေ၏။

"ဘာလဲ...ငါက အဆင့်တတ်တော့မှာလား"

ကျီးချန်ယွီ အံ့အားသင့်သွားမိသည်။ သူမ၏ဆရာသခင် ထွက်ခွါမသွားမှီ သူမကိုကမ္ဘာမြေသင်္ကေတနယ်ပယ်သို့ အဆင့်တတ်ခြင်းမပြုရန် သတိပေးထားသည်ကို အမှတ်ရသွား၏။

သူမ၏လက်ရှိဒန်တျန်အခြေအနေအရ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်ကျန်းချီများကိုသာ စည်းတံဆိပ်ကတောင့်ခံထားနိုင်ပေသည်။ အကယ်၍ သူမသာ ကမ္ဘာမြေသင်္ကေတနယ်ပယ်သို့ အဆင့်တတ်လိုက်ပါက စည်းတံဆိပ်သည်ကျိုးပျက်သွားပေလိမ့်မည်။

ထိုသို့ဖြစ်လာခဲ့လျှင် ကျီးချန်ယွီသည် သူမခန္ဓာကိုယ်အတွင်းရှိ အမုန်းတရားများဖြင့်ဖွဲ့တည်လာသော ဘေးကပ်ဆိုးချီများကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ဘဲ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်သွားပေမည်။

"မင်းရဲ့အသက်ရှုနှုန်းကိုထိန်းချုပ်ပြီး အာရုံစူးစိုက်ထားစမ်း"

လုယွီက တီးတိုးပြောဆိုလိုက်၏။

ကျီးချန်ယွီက အံ့အားသင့်တုန်လှုပ်နေရာမှ အလျှင်အမြန်သတိပြန်ဝင်လာခဲ့သည်။ ယခုအချိန်သည် အဆင့်ချိုးဖျက်ရန်အထွက်အထိပ်အခြေအနေသို့ရောက်ရှိနေသဖြင့် မိန်းမောတွေဝေနေ၍ မရချေ။

ဝုန်း....

အခန်းတံခါးက တွန်းဖွင့်ခံရပြီး မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့နှင့်သမားတော်ယောင်တို့က အလျှင်စလို ဝင်ရောက်လာကြ၏။

ကျီးချန်ယွီ၏လက်ရှိအခြေအနေကိုမြင်ချိန်တွင် စန်လို့က သူမကိုကြည့်ပြီး သက်ပြင်းရှိုက်လိုက်သည်။

"ဟူး....သူမရဲ့ခန္ဓာကိုယ်ထဲက ဘေးကပ်ဆိုးချီတွေအကုန်လုံးကို ထုတ်လွှတ်လိုက်ပြီပဲ"

"ဒီဘေးကပ်ဆိုးချီတွေကို ထိန်းချုပ်ဖို့ အနည်းဆုံးအစွမ်းထက်ကျင့်ကြံသူငါးယောက်လိုအပ်တယ်...ဒါပြင် သူမက ကမ္ဘာမြေသင်္ကေတနယ်ပယ်ကိုရောက်သွားရင်တောင် အဲ့ဒီဘေးကပ်ဆိုးချီတွေကို ထပ်ပြီးစည်းတံဆိပ်ခတ်ထားရမယ်....အခြေအနေက ပိုပြီးခက်ခဲလာမှာကို ငါ စိုးရိမ်မိတယ်"

စန်လို့က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

သမားတော်ယောင်က လုယွီထံသို့ လျှောက်လှမ်းလာပြီး လေးလေးနက်နက်ပြောဆိုလေသည်။

"တာအိုမိတ်ဆွေလေး...ငါတို့ ရောက်လာမှတော့ မင်းအရင်ထွက်သွားတာပိုကောင်းလိမ့်မယ်...ဒီကိစ္စတွေအကုန်ဖြေရှင်းပြီးတာနဲ့ ငါက တာအိုမိတ်ဆွေလေးကိုလာတွေ့ပြီး ဆေးပညာအကြောင်းဆွေးနွေးကြရအောင်"

မည်သို့ပင်ဆိုစေကာမူ လုယွီ၏ကျင့်ကြံမှုနယ်ပယ်သည် နိမ့်ကျနေဆဲဖြစ်ပေ၏။ ထို့ပြင် လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သေးသည်။ သမားတော်ယောင်က လုယွီကို တန်ဖိုးထားရခြင်းမှာ တစ်ဝက်တစ်ပျက်ဝိညာဥ်စွမ်းအားကို သန့်စင်နိုင်သောကြောင့်ဖြစ်သည်။ ယခု ဘေးကပ်ဆိုးချီများကို စည်းတံဆိပ်ခတ်ရန်မှာ အလွန်အန္တရာယ်များသောကြောင့် သူတို့က လုယွီကို ထွက်ခွါခိုင်းနေခြင်းဖြစ်သည်။

ဘုန်း...

ကောင်းယင်ယံမှ အနက်ရောင်တိမ်လိပ်များက နိမ့်ဆင်းလာလေ၏။ ဘေးကပ်ဆိုးချီများကိုအာရုံခံမိသွားပုံဖြင့် ကောင်းကင်ယံရှိ အနက်ရောင်တိမ်များက တစ်လွှာပြီးတစ်လွှာစုစည်းလာကြသည်။

ကောင်းကင်ဘုံမိုးကြိုး၏အောက်တွင် အရာရာတိုင်းသည် ပုရွက်ဆိတ်များသဖွယ်သာ တည်ရှိလေ၏။

"ငါတို့က ချန်ယွီရဲ့ခန္ဓာကိုယ်က ဘေးကပ်ဆိုးချီတွေကို ဖိနှိပ်ရမယ်...ဒီမနက်ကမှ ကျောက်မင်က တံလားပိတ်ကျင့်ကြံဖို့ ဝင်သွားခဲ့တာ...ငါ သူကိုထပ်ပြီး အကြောင်းကြားလိုက်မယ်"

စန်လို့က သူ၏အင်္ကျီလက်ကြားမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအဆောင်သည် လောင်ကျွမ်းသွားပြီး အခိုးအငွေ့များအဖြစ် သမင်ဖြူတောင်ပေါ်သို့ လွင့်မျောသွားလေသည်။

သမားတော်ယောင်က ကျီးချန်ယွီ၏ဖြူလျော်နေသော မျက်နှာကိုကြည့်ပြီး လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"ချန်ယွီရဲ့အခြေအနေမကောင်းဘူး...သူမရဲ့ရုပ်ခန္ဓာကိုယ်ပိုအားကောင်းလာအောင် ငါ ဆေးတိုက်ရလိမ့်မယ်...ဒါမှသာ သူက ကောင်းကင်ဘုံမိုးကြိုးကို ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နိုင်မှာ"

သမားတော်ယောင်က စကားပြောဆိုပြီးသည်နှင့် သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးတစ်ချို့ထုတ်ယူကာ ကျီးချန်ယွီအား တိုက်ကျွေးရန်ပြင်ဆင်လိုက်လေ၏။

ထိုဆေးများမှ ရနံ့သင်းသင်းမွှေးပျံနေပြီး အဆင့်မြင့်အဆင့်ဆေးလုံးများဖြစ်သည်မှာ သိသာထင်ရှားပေသည်။

သို့သော် သမားတော်ယောင်၏လက်သည် ရုတ်တရက် လုယွီ၏တားဆီးခြင်းကို ခံလိုက်ရလေ၏။

"အခု သူမကိုသာ ဒီဆေးတွေတိုက်လိုက်မယ်ဆိုရင် ကူညီရာမရောက်ဘဲ ဒုက္ခတွေ့သွားလိမ့်မယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

သမားတော်ယောင်က သဘောတူလက်ခံချင်ပုံ မပေါ်ချေ။

"ငါက ဆေးပညာကို နှစ်တွေအများကြီး လေ့လာလိုက်စားခဲ့ပြီး အတွေ့အကြုံတွေအများကြီး ရရှိခဲ့တယ်...တာအိုမိတ်ဆွေလေးက အသက်ငယ်သေး​တော့ ကောင်းကင်ဘုံမိုးကြိုးက ဘယ်လောက်ကြောက်ရွံဖို့ကောင်းတယ်ဆိုတာ သိမှာမဟုတ်ဘူး'

လုယွီက သက်ပြင်းရှိုက်လိုက်မိ၏။ လုယွီက ဤကောင်းကင်ဘုံမိုးကြိုးအဆင့်လောက်ကို စိုးရိမ်ရန်မလိုဟု​ ပြောနေသော်လည်း သမားတော်ယောင်က ယုံကြည်လက်ခံခြင်းမရှိချေ။

"တစ်ကယ်လို့ သူမ ဒီဆေးတွေသောတ်လိုက်မယ်ဆိုရင် သူမရဲ့ခန္ဓာကိုယ်က ဘေးကပ်ဆိုးချီတွေက ဆေးအစွမ်းနဲ့ ပိုပြီးအားကောင်းလာလိမ့်မယ်"

လုယွီက ထပ်မံ၍ ရှင်းပြပြောဆိုလိုက်သည်။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ ကျယ်လောင်သောအသံကြီး မြည်ဟီးလာသည်။

ဘုန်း....

"ငါ မင်းနဲ့စကားပြောဖို့ အချိန်မရှိတော့ဘူး....ဒီနေရာက ထွက်သွားတော့"

လုယွီက လှုပ်ရှားခြင်းမရှိသည်ကိုကြည့်ပြီး သမားတော်ယောင်က ကျီးချန်ယွီအား ဆေးများတိုက်လိုက်လေ၏။ သူမ၏ပါးစပ်အတွင်း ဆေးများဝင်သွားပြီးနောက် ကျီးချန်ယွီ၏မျက်နှာသည် သိသာထင်ရှားစွာပင် ပို၍ကောင်းမွန်လာခဲ့သည်

လုယွီက ထပ်မံ၍ သက်ပြင်းချမိပြန်၏။

"ခင်ဗျား လုပ်လိုက်တာကြောင့်...သူမရဲ့ခန္ဓာကိုယ်ထဲက ဘေးကပ်ဆိုးချီတွေက ကောင်းကင်ဘုံမိုးကြိုးကြောင့် ရှင်းလင်းသွားမှာ မဟုတ်တော့ဘူး"

Chapter 305

လုယွီ၏စကားသံကို ကြားသွားသည့်အလား ကောင်းကင်ဘုံမိုးကြိုးများ၏မြည်ဟီးသံသည် ပို၍ပင်ကျယ်လောင်လာလေ၏။

မိုးခြိမ်းသံများ၏အသံသည် အလွန်ကျယ်လောင်နေကာ အနက်ရောင်တိမ်တိုက်များကလည်း အလွန်ကျယ်ဝန်းသော သမင်ဖြူတောင်တစ်တောင်လုံးကိုပင် လွှမ်းခြုံထားနိုင်ခဲ့သည်။

"ဒါက....မဖြစ်နိုင်ဘူး...ဘာလို့ ကောင်းကင်ဘုံမိုးကြိုးတွေက ပိုပြီးအားကောင်းလာရတာလဲ"

သမားတော်ယောင်က ရုတ်တရက် ထိတ်ထိတ်ပျာပျာဖြစ်သွားမိလေ၏။

သမားတော်ယောင်က ဆေးပညာကိုသာ စူးစိုက်၍လေ့လာခဲ့သူဖြစ်သဖြင့် ကျယ်ပြန့်ပြီးအစွမ်းထက်သော ကောင်းကင်ဘုံမိုးကြိုးကိုကြည့်၍ ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရသည်။

စန်လို့က မျက်မှောင်ကြုတ်လိုက်ပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏ကျန်းချီများကို ထုတ်လွှက်၍ ကျီးချန်ယွီအား အကာအကွယ်ပေးထားလေ၏။

သို့သော် ထိုအချိန်မှာပင် ကောင်းကင်ဘုံမိုးကြိုးက အခန်းငယ်လေးပေါ်သို့ ကျဆင်းလာခဲ့သည်။ ခရက်...ခရက်ဟူသော အက်ကွဲသံများနှင့်အတူ အခန်းငယ်လေးသည် ပြင်းထန်သောကောင်းကင်ဘုံစွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ​အပိုင်းပိုင်းအစစဖြစ်ကာ မြေပြင်ပေါ်သို့ လွင့်ထွက်သွားတော့သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

ဒေါသတကြီးအော်ဟစ်သံတစ်သံက ထွက်ပေါ်လာလေ၏။ ဤနေရာသို့ ယခုရောက်ရှိလာသူသည် အင်္သချေရတနာခြံဝန်းမှ ကျောက်မင်ဖြစ်သည်။ သူ၏မုတ်ဆိတ်မွှေးနှင့်ဆံပင်များသည် လေထုအတွင်း လွင့်လူးနေပြီး အဝေးတစ်နေရာမှ ပျံသန်းလာခဲ့ခြင်းဖြစ်ပေ၏။

ကျီးချန်ယွီ၏ခန္ဓာကိုယ်ပေါ်မှ ဘေးကပ်ဆိုးချီများကို မြင်တွေ့ချိန်တွင် ကျောက်မင်သည်လည်း ကြောက်ရွံတုန်လှုပ်သွားခဲ့သည်။

ထိုဘေးကပ်ဆိုးချီများသည် ကောင်းကင်ယံသို့ တဖြောင့်တည်း ထိုးတတ်နေလေရာ အဝေးမှကြည့်လျှင် အလင်းတိုင်လုံးကြီးနှင့် တူညီနေပေသည်။

ကျီးချန်ယွီ၏နံဘေးပတ်လည်မှနေ၍ လူတိုင်းကိုတုန်ရီချောက်ချားသွားစေသော သရဲတစ္တေများ၏ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်နေလေသည်။

စန်လို့က မျက်မှောင်ကြုတ်နေလေ၏။

"အခုက စကားအများကြီး ပြောနေရမယ့်အချိန်မဟုတ်တော့ဘူး...ငါတို့ကစုပေါင်းပြီး ကောင်းကင်ဘုံမိုးကြိုးကို ခုခံရလိမ့်မယ်"

ကောင်းကင်ဘုံမိုးကြိုးများကိုကြည့်ပြီး ကျောက်မင်က အလေးအနက်ထား၍ ပြောဆိုလိုက်သည်။

"ငါတို့ အတူခုခံရင်တောင်မှ...ဒီမိုးကြိုးကပ်ဘေးအောက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ငါ စိုးရိမ်မိတယ်"

ကျောက်မင်က ရုတ်တရက် လုယွီထံသို့ ကြည့်ရှုလိုက်သည်။ သူက လုယွီပေါ်၌ အမြင်ကောင်းရှိပေသည်။

"မင်းက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ....အခုချက်ချင်းထွက်သွားစမ်း"

ကျောက်မင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

စန်လို့ကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။

"ကောင်းကင်ဘုံမိုးကြိုးက ဆေးသန့်စင်တာနဲ့မတူဘူး...အခု မင်းက အသက်ငယ်သေးတော့ ကောင်းကင်ဘုံမိုးကြိုးရဲ့စွမ်းအားကို မသိသေးဘူး....မြန်မြန်သွားတော့....မဟုတ်ရင် မိုးကြိုးရိုက်ခတ်ချက်နဲ့ မင်းတစစီဖြစ်သွားလိမ့်မယ်"

ကျောက်မင်သည် စိတ်မြန်ကိုယ်မြန်လူစားမျိုး ဖြစ်ပေ၏။ ကောင်းကင်ဘုံမိုးကြိုး ကျဆင်းလုနီးပါးဖြစ်နေသည်ကိုကြည့်ပြီး သူက စန်လို့အား ပြောဆိုလိုက်လေ၏။

"ကောင်းကင်ဘုံမိုးကြိုးကျဆင်းမလာသေးခင်...မင်းနဲ့ငါက နေရာခွဲပြီး တိုက်ခိုက်ကြရအောင်"

"ကောင်းပြီလေ"

စန်လို့က မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ သဘောတူခဲ့လေ၏။

သူတို့နှစ်ယောက်လုံးသည် အဝိုင်းကြီးနယ်ပယ်ထိပ်သီးကျင့်ကြံသူများဖြစ်သည်။ သူတို့၏ကျန်းချီများကိုထုတ်လွှက်လိုက်သည်နှင့် သူတို့၏အော်ရာများသည် အံ့အားသင့်ဖွယ်ကောင်းအောင်မြင့်မားလာခဲ့သည်။

သူတို့နှစ်ယောက်က မှော်လက်နက်များကို စီးနင်း၍ ကောင်းကင်ယံရှိ တိမ်များထံသို့ တိုးဝင်သွားကြသည်။

ကောင်းကင်ဘုံမိုးကြိုးသည် အမျက်ဒေါသထွက်သွားသည့်အလား ခရမ်းနက်ရောင်မိုးကြိုးက ချက်ချင်းပင် သူတို့နှစ်ယောက်အား ပစ်ခတ်လိုက်လေ၏။

ခရက်....

စန်လို့နှင့်ကျောက်မင်တို့သည် သူတို့၏ခန္ဓာကိုယ်ကို ကျန်းချီများဖြင့် ကာကွယ်ထားသော်လည်း မိုးကြိုးရိုက်ချက်တစ်ချက်ဖြင့်ပင် နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

သူတို့၏ကျန်းချီအကာအကွယ်ပေါ်မှ အက်ကွဲကြောင်းကြီးများက အလွန်အမင်းထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေ၏။

အသက်အနည်းငယ်ရှုစဥ်အချိန်အတောအတွင်းမှာပင် သူတို့နှစ်ယောက်လုံး၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး အောက်သို့လွင့်စင်ကျလာကြသည်။

သမားတော်ယောင်က ထိုလူနှစ်ယောက်ကို အလျှင်အမြန်ဆေးတိုက်ပြီး ပလ္လင်ခွေထိုင်စေကာ ပြန်လည်ကုသစေခဲ့သည်။

"ဒီ ​ကောင်းကင်ဘုံမိုးကြိုးက အရမ်းအားကောင်းတယ်....ငါတို့ ခုခံနိုင်တဲ့အရာမျိုးမဟုတ်ဘူး"

စန်လို့က သက်ပြင်းချနေလေ၏။

ကျောက်မင်က မည်သည့်စကားတစ်ခွန်းမျှမဆိုသော်လည်း သူ၏မျက်နှာသည်ဖြူရော်နေလေ၏။ သူက ဒဏ်ရါရရှိသွားမှုကို ဖုံးကွယ်ထားရန်ပင် အလွန်ခက်ခဲနေခဲ့သည်။

လုယွီက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေဆဲဖြစ်သည်။

ထိုအချိန်မှာပင် နောက်ဆုံး၌ ကောင်းကင်ဘုံမိုးကြိုးက ကျဆင်းလာခဲ့သည်။ ကြီးမားကျယ်ပြန့်သော ကောင်းကင်ဘုံမိုးကြိုးက ထူးဆန်းစွာဖြင့် လုယွီထံဦးတည်၍ ကျဆင်းလာလေ၏။

"ဟူး....သူက ဆေးပညာမှာပါရမီရှိတဲ့ ကောင်လေးတစ်ယောက်...ဒါပေမယ့် သူက အရမ်းခေါင်းမာလွန်းတယ်"

စန်လို့က ညည်းတွားနေလေသည်။

ယခုလက်ရှိချိန်တွင် ကောင်းကင်ဘုံမိုးကြိုး ကျဆင်းလာပါက သူက လုယွီကို ကယ်တင်နိုင်မည်မဟုတ်ချေ။

ဘုန်း....

ကောင်းကင်ဘုံမိုးကြိုးကျဆင်းမလာမှီ အချိန်တခဏတွင် လုယွီက ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်လေ၏။

မိုးကြိုးမျှင်များသည် လုယွီ၏ အရိုးနှင့် အရွတ်အကြောများသို့ စီးဝင်လာရာ သူ၏မရီးဒါန်းများပင် ဖောင်းကားလာခဲ့သည်။

သူ၏ခန္ဓာကိုယ်ပေါ်မှ ထိုက်ကျိအမှတ်အသားသည် ရုတ်တရက်လည်ပတ်လာပြီး မိုးကြိုးစွမ်းအင်များကို အရူးအမူးစုပ်ယူတော့သည်။

လုယွီသည် အံ့တင်းတင်းကြိတ်ပြီး သူ၏မရီးဒါန်းများကိုစုတ်ဖြဲနေသောနာကျင်မှုကို တောင့်ခံနိုင်ရန် ကြိုးစားနေလေ၏။

"သူ...သူက ကျီးချန်ယွီရဲ့ ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို ကျော်လွှားနိုင်အောင် ကူညီပေးနေတာပဲ"

ကျောက်မင်က အံ့အားတသင့် ရေရွတ်လိုက်သည်။

စန်လို့က ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်လေ၏။

"သူက တစ်ကယ်ကို အချစ်စိတ်မွှန်နေတာပဲ....ဒီလိုမျိုးစေ့ကောင်းလေး ဆုံးရှုံးသွားရမှာ နှမြောဖို့ကောင်းလိုက်တာ"

လူတိုင်းက သက်ပြင်းချနေကြသော်လည်း ကောင်းကင်ဘုံမိုးကြိုးအောက်တွင် လုယွီ၏အော်ရာသည် တစတစ မြင့်တတ်လာခဲ့သည်ကို မည်သူမျှသတိမပြုမိကြပေ။

All Chapters