အခန်း (၃၀၆-၃၁၀)
Vol. 16-20 Ch. 306-310
Chapter 306
လုယွီ၏ရင်ဘတ်သည် ပြင်းထန်သောအစွမ်းထက်မိုးကြိုးများစီးဝင်နေမှုကြောင့် ကဆုန်စိုင်းမြင့်ချည် နိမ့်ချည်ဖြစ်နေပေ၏။ အသက်တစ်ရှိုက်တိုင်းတွင် သူ၏မရီးဒါန်းပေါ်ရှိ အပ်စိုက်မှတ်များက တောက်ပနေလေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အပ်စိုက်မှတ်များသည် ယခုအချိန်တခဏတွင် အလင်းရောင်တောက်ပနေသော ကြယ်များနှင့် တူညီနေသည်။
အသက်အနည်းငယ်ရှုရှိုက်စာအချိန်အတောအတွင်း၌ လုယွီ၏ခန္ဓာကိုယ်မှကျန်းချီများသည် ကောင်းကင်ဘုံမိုးကြိုး၏သန့်စင်ခြင်းကို ခံနေရ၏။
ဤကောင်းကင်ဘုံမိုးကြိုးအမျိုးအစားကို တစ်ခြားကျင့်ကြံသူများက တောင့်ခံနိုင်မည်မဟုတ်သော်လည်း လုယွီကမူ ထိုမိုးကြိုးလှိုင်းများကို သူ၏ကျန်းချီများသန့်စင်ရန် ပစ္စည်းအဖြစ် အသုံးချနေလေသည်။
"ဒီကောင်းကင်ဘုံမိုးကြိုးအောက်မှာ...သူတို့နှစ်ယောက် ပြာအဖြစ်လောင်ကျွမ်းသွားနိုင်တယ်"
သမားတော်ယောင်က သက်ပြင်းရှိုက်လိုက်၏။
စန်လို့၏မျက်လုံးများတွင်လည်း ပြင်းထန်သောနောင်တတရားအရိပ်အငွေ့များ ထပ်ဟပ်နေသည်။
"သူတို့နှစ်ယောက်လုံးက မျိုးစေ့ကောင်းလေးတွေ...ကျွတ်...ကျွတ်...သနားစရာပဲ"
ထို့နောက် စန်လို့က ကျောက်မင်အား ကြည့်လိုက်သည်။
"ညီအကိုကျောက်...ငါတို့က ဖန်းယင်ပြန်လာတဲ့အချိန်အထိစောင့်ပြီး...ဒီကိစ္စကို ငါတို့နဲ့သူ တိုင်ပင်ပြီး ဖြေရှင်းကြရအောင်"
"ဒါက ရိုးရှင်းပါတယ်...ဒီက အခြေအနေတွေ သူကိုအရင်ဆုံးရှင်းပြကြတာပေါ့....ငါတို့ရဲ့တပည့်နှစ်ယောက်က ဒီနေရာမှာကျန်နေသေးတယ်...ဒီဆေးဥယျာဥ်ကို ချိပ်ပိတ်ပြီး ကောင်းကင်ဘုံမိုးကြိုးရဲ့စွမ်းအားကို ပြင်ပကိုသက်ရောက်မှုမရှိအောင် လုပ်ဆောင်ရမယ်"
ကျောက်မင်က ဆုံးဖြတ်ချက်ချလိုက်၏။
စန်လို့က သက်ပြင်းတစ်ချက် ရှိုက်လိုက်လေသည်။
"ဟူး...ကောင်းပြီလေ...ဒီနည်းလမ်းတစ်ခုပဲရှိတော့တာပဲ"
သမားတော်ယောင်ကမူ တည်ငြိမ်နေလေ၏။ သူ၏အိမ်နှင့်ဆေးစိုက်ခင်းများအားလုံးလည်း ပျက်စီးသွားခဲ့သည်။ သမင်ဖြူကျောင်းတော်က သူ့အားတစ်ခြားနေရာတစ်ခုရှာပေးမည်ဖြစ်ပေ၏။
"အရင်ဆုံး ငါပြန်ပြီးတော့ အတွင်းဒဏ်ကိုကုသလိုက်ဦးမယ်....စန်လို့...မင်း ဒီနေရာကိုချိပ်ပိတ်လိုက်တော့"
ကျောက်မင်က စန်လို့အား မှာကြားပြီးနောက် သူ၏မှော်လက်နက်ကိုစီးနင်း၍ ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။
စန်လို့က ခေါင်းညိတ်ပြပြီး သူ၏သိုလှောင်အိတ်အတွင်းမှအဆောင်တစ်ချို့ကို ထုတ်ယူကာ ဆေးခြံဝန်းကို ချိပ်ပိတ်ရန်ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် အပြောင်းအလဲတစ်ခုက ရုတ်တရက်ပေါ်ပေါတ်လာခဲ့သည်။
မူလက အလွန်ဆူညံနေသော ကောင်းကင်ဘုံမိုးကြိုးများသည် ယခုအချိန်၌ ပို၍ပြင်းထန်စပြုလာခဲ့သည်။
ဘုန်း...ဘုန်း...ဘုန်း...
သမင်ဖြူတောင်တစ်တောင်လုံးအပြင် အေးစက်မိုးတိမ်မြို့တစ်ဝိုက်မှပင် ဤအံ့သြမှင်သက်ဖွယ်မြင်ကွင်းကို တွေ့မြင်နိုင်ပေ၏။
"သမင်ဖြူတောင်က တစ်ယောက်ယောက်ကများ အဆင့်ချိုးဖျက်နေတာလား"
"ဒီလို အံ့အားသင့်စရာကောင်းတဲ့ ကောင်းကင်ဘုံမိုးကြိုးက ကောင်းကင်သင်္ကေတနယ်ပယ်ထိပ်သီးကျင့်ကြံသူတစ်ယောက် အဆင့်ချိုးဖျက်နေတာပဲ ဖြစ်နိုင်တယ်"
……
"မြန်မြန် ချိပ်ပိတ်တော့"
ကျောက်မင်က သူ၏မျက်လုံးသူငယ်အိမ်များ ကျုံဝင်သွားသည်အထိ အော်ဟစ်လိုက်သည်။
သမားတော်ယောင်သည် ယခုနေရာမှ နောက်သို့တော်တော်များများဆုတ်လိုက်ပြီး စန်လို့နှင့်ကျောက်မင်တို့သည် တုန့်ဆိုင်းနေခြင်းမရှိဘဲ သူတို့၏အဆောင်များကိုထုတ်ယူ၍ အဝေးသို့ရှောင်ရှားလိုက်ကြ၏။
ချက်ချင်းဆိုသလိုပင် အစွမ်းထက်သော စိတ်ဝိညာဥ်စွမ်းအင်များက ဆေးဥယျာဥ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံမိုးကြိုးများကြားမှ နဂါးတစ်ကောင်၏ဟိန်းဟောက်သံ ထွက်ပေါ်လာလေ၏။
လူရိပ်တစ်ရိပ်က ကောင်းကင်ဘုံမိုးကြိုးများကြားမှနေ၍ တိမ်များအတွင်းသို့ ထိုးတတ်သွားလေသည်။ ထိုလူရိပ်က လုယွီဖြစ်ပေ၏။
အဆုံးမရှိသော ကောင်းကင်ဘုံမိုးကြိုးများက လုယွီ၏ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပေးနေပြီး မသန့်စင်မှုများကို ဖယ်ရှားပေးနေခဲ့သည်။
သို့သော် ဤဖြစ်ရပ်က အဆုံးသတ်မဟုတ်သေးချေ။
ထိုအချိန်တခဏတွင် လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားသည် လှုံဆော်မှုတစ်ခုရရှိသွားပုံရကာ အဆုံးမရှိသောတွင်းနက်ကြီးကဲ့သို့ မိုးကြိုးစွမ်းအင်များကို အရူးအမူးစုပ်ယူနေလေ၏။
လုယွီ၏မရီးဒါန်းများအတွင်း၌ တောက်ပနေသောမိုးကြိုးများနှင့်အတူ အပ်စိုက်မှတ်များစွာကလည်းလင်းလက်နေခဲ့သည်။
လုယွီ၏နဖူးပေါ်မှ ရွှေရောင်အမြူတေက ရုတ်တရက်မျောလွင့်ထွက်ပေါ်လာခဲ့သည်။ ထိုရွှေရောင်အမြူတေပေါ်၌ နဂါးပျံအမှတ်အသား ခုနစ်ခု ရှိနေလေ၏။
အမြူတေဖွဲ့စည်းခြင်းနယ်ပယ်....သတ္တမအဆင့်
ကောင်းကင်ဘုံမိုးကြိုးများကို ဝါးမြိုခဲ့ခြင်းကြောင့် လုယွီ၏ကျင့်ကြံမှုအဆင့်သည် မြင့်တတ်လာခဲ့ခြင်းဖြစ်သည်။
"ကျန်နေတဲ့ ကောင်းကင်ဘုံမိုးကြိုးတွေကို မင်းရဲ့ခန္ဓာကိုယ်က ဘေးကပ်ဆိုးချီတွေကိုဖိနှိပ်ဖို့ အသုံးပြုမယ်"
လုယွီက ကောင်းကင်ဘုံမိုးကြိုးများကိုထိန်းချုပ်ပြီး ကျီးချန်ယွီ၏ခန္ဓာကိုယ်အတွင်းသို့ စေလွှက်လိုက်သည်။
ကျီးချန်ယွီ၏ဘေးကပ်ဆိုးချီများနှင့် ကောင်းကင်ဘုံမိုးကြိုးတို့ ဆုံတွေ့မိချိန်တွင် အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာသော်လည်း သက်ရောက်မှုကြီးကြီးမားမားမရှိချေ။
လုယွီက အံ့အားသင့်သွားခြင်းမျိုးလည်း မရှိပေ။
အကယ်၍ ကောင်းကင်ဘုံမှပေးအပ်သော ဘေးကပ်ဆိုးခန္ဓာကိုယ်အမျိုးအစားသည်သာ ဤသာမာန်မိုးကြိုး၏လွှမ်းမိုးမှုကိုခံရပါက အဓိပ္ပါယ်ရှိမည်မဟုတ်ချေ။ ယခင်က သူ၏မိတ်ဆွေဟောင်း ဤခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်သည်လည်း အကန့်အသတ်မရှိသော စကြာဝဠာမှ အစွမ်းထက်တာအိုသခင်များကပင် ကြောက်ရွံရသူတစ်ယောက် ဖြစ်လာမည်ပင်မဟုတ်ချေ။
လုယွီက လက်ခုပ်တီးလိုက်ရာတွင် ကွန်ဖြူးရှပ်တာအိုဥပဒေသများက ချက်ချင်းပင် ကျီးချန်ယွီ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။
ကျီးချန်ယွီထံမှ ညည်းညူသံများထွက်ပေါ်နေပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဘေးကပ်ဆိုးချီများကို ချိပ်ပိတ်ပြီးသားဖြစ်သွားကာ ပြင်ပသို့အနည်းငယ်မျှပင် စိမ့်ထွက်ခြင်းမရှိတော့ချေ။
ကောင်းကင်ဘုံမိုးကြိုးများသည် တဖြည်းဖြည်း လွင့်ပြယ်သွားလေ၏။
"မင်းတို့ အသက်ရှင်နေတုန်းပဲလား"
မိုးကြိုးများပျက်ပြယ်သွားချိန်၌ တရကြမ်းပြေးဝင်လာကြသော စန်လို့နှင့်ကျောက်မင်တို့သည် လုယွီတို့ အသက်ရှင်နေသည်ကိုမြင်ချိန်တွင် အံ့အားသင့်သွားခဲ့သည်။
ကျီးချန်ယွီက အိပ်မောကျနေဆဲဖြစ်သည်။ လုယွီက သူမကိုစန်လို့၏ရှေ့၌ ချထားပေးပြီးနောက် သိုလှောင်အိတ်အတွင်းမှ ဝတ်စုံအသစ်တစ်စုံကိုထုတ်ယူ၍ သူမအား ခြုံလွှမ်းပေးလိုက်၏။
"သူမရဲ့ဘေးကပ်ဆိုးချီတွေကို ဖိနှိပ်ပြီးသွားပြီ"
လုယွီက စန်လို့ကို ကြည့်ရှုလိုက်သည်။
"တောင်သခင်စန်လို့...အခု ကျွန်တော်တို့ စကားနည်းနည်းပြောဖို့လိုမယ်ထင်တယ်"
Chapter 307
စန်လို့၏မျက်လုံးအတွင်းရှိ ကြောက်ရွံတုန်လှုပ်နေသော အရိပ်အငွေ့များသည် လွင့်ပြယ်သွားခြင်းမရှိသေးချေ။ သူတို့က အဝိုင်းကြီးနယ်ပယ်အဆင့်ကျင့်ကြံသူများဖြစ်သော်လည်း ကောင်းကင်ဘုံမိုးကြိုးများကို ရင်ဆိုင်နိုင်ခြင်းမရှိဘဲ နောက်သို့ဆုတ်ခွါခဲ့ရသည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
သမားတော်ယောင်က တရကြမ်းပြေးဝင်လာပြီး တုန်တုန်ရီရီပြောဆိုလိုက်သည်။
"ကျီးချန်ယွီက ကောင်းကင်ဘုံမိုးကြိုးတွေကိုစုပ်ယူပြီး သူမရဲ့ဘေးကပ်ဆိုးချီတွေကို ဖိနှိပ်နိုင်သွားပြီ"
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်လေ၏။
စန်လိုတို့သုံးယောက်လုံး ကြက်သေသေသွားကြ၏။
သမားတော်ယောင်က ကျီးချန်ယွီကို အနည်းငယ်စစ်ဆေးကြည့်ပြီးနောက် ပြောဆိုလိုက်သည်။
"ချန်ယွီရဲ့ ဘေးကပ်ဆိုးချီတွေက တစ်ကယ်ကိုဖိနှိပ်ခံထားရပြီ...ထပ်ပြောရရင် ဘေးကပ်ဆိုးချီတွေကို ဖိနှိပ်နိုင်ဖို့ ကောင်းကင်ဘုံမိုးကြိုးရဲ့အကူအညီ လိုအပ်တာပဲ....အံ့အားသင့်စရာမရှိတော့ဘူး"
သူတို့အတွက် ကောင်းကင်ဘုံမိုးကြိုးသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအရာဖြစ်ပေ၏။
သူတို့က ကျီးချန်ယွီအတွက် ဘေးကပ်ဆိုးချီများကို ဖိနှိပ်ပေးရန် ဆန္ဒရှိနေလျှင်ပင် မည်သည့်နည်းဖြင့် ကောင်းကင်ဘုံမိုးကြိုးကို တားဆီးထားနိုင်မည်နည်း။
"မင်းက ချန်ယွီကို ကယ်တင်ပေးလိုက်တာ ငါတို့ကိုကူညီပေးတာနဲ့ အတူတူပဲ...ဒီအဖိုးကြီးကို ကူညီပေးတဲ့အတွက် မင်းကိုဂိုဏ်းအကျိုးဆောင်ရမှတ်တစ်သိန်း ဆုချီးမြှင့်မယ်"
စန်လို့က သူ၏တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
လုယွီ၏ခါးတွင်ချိတ်ထားသော ကထိကတံဆိပ်ပြားသည် ပူနွေးလာပြီး ချက်ချင်းပင် ဂိုဏ်းအကျိုးဆောင်ရမှတ်တစ်သိန်းကို ရရှိလိုက်လေ၏။
"အခု ငါတို့ ဂိုဏ်းရဲ့မဟာခန်းမကိုပြန်သွားပြီး အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးကြရအောင်"
စန်လို့က လုယွီကို လက်ဟန်ခြေဟန်ပြ၍ ဖိတ်ခေါ်လိုက်သည်။
လုယွီက လက်ဝှေ့ယမ်းပြလိုက်၏။
"မလိုအပ်တော့ဘူး...ဒီနေရာမှာပဲ ပြောကြရအောင်...ခင်ဗျားတို့ဘက်မှာ ဘာပြဿနာရှိနေလဲ...သူလျှိုသွားလုပ်ဖို့ဆိုတာလောတ်နဲ့တော့ ခင်ဗျား ဒီလေါက်ထိ စိုးရိမ်နေမှာမဟုတ်ဘူး"
စန်လို့က အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
"ကောင်းပြီ...ငါ မင်းကို အမှန်အတိုင်းပြောမယ်"
သူက လေးလေးနက်နက်ထား၍ ထပ်မံပြောဆိုလိုက်၏။
"ငါ သတင်းရသလောတ်တော့ မြေအောက်လောကနတ်ဆိုးဂိုဏ်းက ကောင်းကင်ဘုံက ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ရဲ့အထောက်အပံကို ရရှိထားတယ်"
စန်လို့က စက္ကူအပိုင်းအစတစ်ခုကို လုယွီအား လက်ကမ်းပေးလိုက်သည်။ လုယွီက စာရွက်ကို ဖြန့်ကြည့်လိုက်ရာတွင် နာမည်စာရင်းများဖြစ်နေသည်ကို တွေ့ရှိမိလေ၏။
"အမှန်တော့ ငါတို့ရဲ့သူလျှိုနဲ့ ထပ်ပြီးဆတ်သွယ်လို့မရတော့ဘူး...ဒီတစ်ကြိမ် မင်းရဲ့လုပ်ငန်းတာဝန်က မြေအောက်လောကကကျင့်ကြံသူတစ်ယောက်အဖြစ် အသွင်ယူပြီး နတ်ဆိုးဂိုဏ်းမှာ အဆင့်မြင့်ရာထူးရအောင်လုပ်ရမယ်....ဒါမှ သူတို့နောက်မှာရှိတဲ့ ထိပ်သီးကျွမ်းကျင်သူဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်မယ်"
လုယွီက မျက်မှောင်ကြုတ်နေလေ၏။
"ဒီတာဝန်ကို အောင်မြင်အောင်ဖြတ်ကျော်ဖို့....ကျွန်တော်ရဲ့စွမ်းအားက မလုံလောတ်မှာကို စိုးရိမ်မိတယ်"
"မင်း သိတဲ့အတိုင်းပဲ...ငါရဲ့သမင်ဖြူကျောင်းတော်က တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ဂိုဏ်းတစ်ဂိုဏ်းအဆင့်ပဲရှိတာ....မင်းက ဒီတာဝန်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်မယ်ဆိုရင် အလယ်ပိုင်းကုန်းမြေက အေးခဲကောင်းကင်ကျောင်းတော်ကို မင်း ဝင်ရောက်နိုင်ဖို့ ငါ ထောက်ခံပေးမယ်"
"အေးခဲကောင်းကင်ကျောင်းတော်...ရွှယ်ကျိုးကျောင်းတော်နဲ့ချီလင်းကျောင်းတော်တို့က အလယ်ပိုင်းကုန်းမြေရဲ့ ထိပ်သီးကွန်ဖြူးရှပ်ကျောင်းတော်သုံးခုပဲ...ငါက အေးခဲကောင်းကင်ကျောင်းတော်က မိတ်ဆွေဟောင်းနဲ့မင်းကိုမိတ်ဆတ်ပေးပြီး ကျောင်းတော်ကိုဝင်ရောက်စေမယ်"
စန်လို့က သူ၏မုတ်ဆိတ်များကို ပွတ်သပ်ရင်း ထပ်မံပြောဆိုလိုက်ပြန်၏။
"မင်းကို ပြင်ပကိုလွှက်လိုက်ရမှာ စိတ်မကောင်းစရာဆိုပေမယ့် ငါက ကိုယ်ကျိုးကိုပဲကြည့်တတ်တဲ့လူစားမျိုးမဟုတ်ဘူး...တစ်ကယ်လို့ မင်းသာ အလယ်ပိုင်းကုန်းမြေကိုရောက်ရှိသွားရင် ကျင့်ကြံမှုအရင်းအမြစ်တွေပိုရပြီး အလျှင်အမြန်တိုးတတ်လာလိမ့်မယ်"
လုယွီသည် အချိန်တခဏကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြောဆိုလိုက်၏။
"ကောင်းပြီ....ကျွန်တော် လက်ခံတယ်"
စန်လို့က ပွင့်ပွင့်လင်းလင်းပြောဆိုပြီးရိုးသားမှုရှိခြင်းကြောင့် လုယွီက ဤကိစ္စကို သဘောတူညီလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျဥ်းမြောင်းသောတောင်ပိုင်းစွန့်ပစ်ကုန်းမြေသည် အနာဂတ်တွင် သူလိုအပ်သော ကျင့်ကြံမှုအရင်းအမြစ်များကို ထောက်ပံပေးနိုင်မည်မဟုတ်ချေ။
"ငါက ဒီတာဝန်ရဲ့အသေးစိတ်အချက်အလက်တွေကို စာရွက်ပေါ်မှာရေးပေးထားတယ်...မင်းမတိုင်ခင်က ငါတို့စေလွှက်ထားတဲ့သူလျှိုက မင်းဆတ်သွယ်ရမယ့်လူပဲ...အချိန်ထပ်ဆွဲလို့ မကောင်းတော့ဘူး...ခုညပဲ စတင်ကြရအောင်...ပြင်ပကလူတွေကိုတော့ ငါ သမင်ဖြူကျောင်းတော်ကနေ မင်းကိုမောင်းထုတ်လိုက်တယ်လို့ သတင်းလွှင့်လိုက်မယ်...မင်းပြန်လာတဲ့အခါကျမှ မင်းရဲ့နာမည်ကိုပြန်ဆေးကြောပေးမယ်"
လုယွီက စန်လို့ထံမှ စာရွက်ကိုယူဆောင်ပြီး သူ၏စိတ်အတွင်း၌ မှတ်သားကာ မီးရှို့၍ ဖျက်ဆီးပစ်လေ၏။
……
လုယွီထွက်ခွါသွားပြီး တခဏအကြာမှာပင် ကျီးချန်ယွီက နိုးလာခဲ့သည်။
"ချန်ယွီ....မင်း နိုးလာပြီလား"
သမားတော်ယောင်က အပြုံးနှင့်မေးမြန်းလိုက်၏။
သူမ၏နံဘေးတွင် စန်လို့နှင့်ကျောက်မင်တို့ကလည်း မတ်တတ်ရပ်နေကြသည်။
ကျီးချန်ယွီက အလျှင်အမြန်ထ၍ အရိုအသေပြုလိုက်သည်။
"တောင်သခင်နှစ်ယောက်ကို နှုတ်ဆတ်ပါတယ်"
စန်လို့က လက်ဝှေ့ယမ်းလိုက်၏။
"ချန်ယွီ...မင်း နိုးလာတာကောင်းတယ်...ငါက ညီအကိုဖန်းယင်ကို မင်းအဆင့်တတ်သွားတဲ့အကြောင်း ပြောပြထားပြီးပြီ"
သူမသည် သေခြင်းနှင့်ရှင်ခြင်းကြား ခြေတစ်လှမ်းအကွာသာလိုသောအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ပြန်လည်တွေးတောမိချိန်တွင် တဆတ်ဆတ်တုန်ရီနေမိ၏။
သို့သော် ယခုလက်ရှိ သူမ၏ဒန်တျန်အတွင်း၌ သင်္ကေတတစ်ခုက မျောလွင့်နေလေသည်။ သူမက ကမ္ဘာမြေသင်္ကေတနယ်ပယ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပေ၏။
သူမက လုယွီ၏ပုံရိပ်ကို အမှတ်ရနေခဲ့သည်။ သူမ၏အသိစိတ်ပင်လယ်အတွင်းမှ အိမ်မက်ဆိုးများကို ဖယ်ရှားပေးခဲ့သာသည် လုယွီဖြစ်သည်။
သူမထံမှ စိတ်ဝိညာဥ်ကိုခြေရာခံ၍ အသက်တောင်းခံခြင်းကျိန်စာကို ဖယ်ရှားပေးခဲ့သူမှာလည်း သူသာလျှင်ဖြစ်ပေ၏။
သူမအတွက် ကောင်းကင်ဘုံမိုးကြိုးများကို တိုက်ခိုက်ပေးခဲ့သူမှာလည်း သူပင် ဖြစ်နေခဲ့၏။
"အကြီးအကဲတို့..အစောပိုင်းက ကျွန်မရဲ့ဘေးမှာ တပည့်တစ်ယောက်ရှိနေတာကို သတိရမိတယ်...သူဘယ်မှာလဲ"
ကျီးချန်ယွီက အလျှင်စလိုမေးမြန်းလိုက်သည်။
"သူကလား"
စန်လို့၏မျက်နှာပေါ်တွင် စိတ်မရှည်ဖြစ်သွားပုံက ပေါ်လွင်လာလေ၏။
"အဲ့ဒီကောင်က မြေအောက်လောကနတ်ဆိုးဂိုဏ်းက သူလျှိုတစ်ယောက်လေ...ငါတို့ကိုခြိမ်းခြောက်နိုင်ဖို့ မင်းကိုဓားစာခံအဖြစ်ဖမ်းဆီးဖို့ သူက ရည်ရွယ်ထားခဲ့တာ...ဒါပေမယ့် ငါတို့က သူကိုမောင်းထုတ်နိုင်ခဲ့တယ်"
"ဒီနေရာက တိတ်ဆိတ်ငြိမ်သက်တဲ့ ခြံဝန်းတစ်ခုပဲ....ဘယ်သူကမှ မင်းကိုလာနှောက်ယှက်မှာမဟုတ်ဘူး....မင်း ကောင်းကောင်းအနားယူပါ"
ထိုစကားပြောပြီးသည်နှင့် စန်လို့တို့သုံးယောက်လုံးက ခြံဝန်းအတွင်းမှ ထွက်ခွါသွားကြတော့သည်။
ကျီးချန်ယွီ၏မျက်လုံးများတွင်မှု သံသယအရိပ်အယောင်များက ထင်ဟပ်နေလေ၏။
"မြေအောက်လောက နတ်ဆိုးကလန်ကလား"
သူမက မျက်မှောင်ကြုတ်ပြီး ခေါင်းခါယမ်းလိုက်ကာ ထပ်မံတွေးတောခြင်းမပြုရန်ဆုံးဖြတ်လိုက်သည်။
Chapter 308
တောင်ပိုင်းစွန့်ပစ်ကုန်းမြေ...ဒသမလမ်းကြောင်းနယ်ပယ်ဒေသ...
ဤနေရာသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေနှင့်အလယ်ပိုင်းကုန်းမြေတို့၏ကြားရှိ နယ်စပ်ဒေသဖြစ်ပြီး လူဦးရေကျဲပါးကာ အရင်းအမြစ်များရှားပါးသောဒေသဖြစ်သည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေနှင့်အလယ်ပိုင်းစွန့်ပစ်ကုန်းမြေတို့မှ ဂိုဏ်းများ၏နယ်နှင်ထားခြင်းခံရသော တစ်ချို့ကျင့်ကြံသူများသည် သူတို့၏သရုပ်မှန်ကိုဖုံးကွယ်၍ ဤနေရာသို့ လာရောက်တိမ်းရှောင်နေကြ၏။
ယခုနေရာ၌ တိုက်ခိုက်မှုများနှင့်လုယက်မှုများကိုလည်း နေရာအနှံ့အပြားတွေ့နိုင်ပေသည်။
သို့သော် ဒသမလမ်းကြောင်းနယ်ပယ်ဒေသကို မည်သည့်ဂိုဏ်းကမျှ အပြည့်အဝထိန်းချုပ်ထားမှုမရှိခြင်းကြောင့် ဤနေရာသည် စည်းမျဥ်းဥပဒေပြင်ပရှိနေရာ ဖြစ်နေပေ၏။
လုယွီက ဒသမလမ်းကြောင်းဒေသသို့ရောက်ရှိရန် အချိန်သုံးရက်ကြာမြင့်ခဲ့သည်။ သူ၏ရည်မှန်းချက်သည် ဒသမလမ်းကြောင်းနယ်ပယ်ဒေသရှိ မြေအောက်လောကနတ်ဆိုးဂိုဏ်းဖြစ်သည်။ သူ ဆတ်သွယ်ရမည့်လူသည် ဤနေရာ၌ ခြေကုပ်ယူထားခဲ့သည်။
"ကောင်လေး....ရပ်စမ်း"
ထိုအချိန်မှာပင် ကြမ်းတမ်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
ရုတ်တရက် လုယွီ၏နောက်မှ ပုဆိန်ကိုင်ထားသောလူရိပ်တစ်ရိပ်က ပြင်းထန်သောမုန်တိုင်းတစ်ခုတိုက်ခတ်သကဲ့သို့ တဟုန်ထိုးတိုးဝင်လာပြီး လုယွီအားခုတ်ပိုင်းလိုက်၏။
လုယွီက ခေါင်းလှည့်ကြည့်ခြင်းမရှိဘဲ သူ၏ညာဘက်လက်ကို နောက်သို့အနည်းငယ်လှုပ်ရှားလိုက်ရာတွင် သူထံတိုးဝင်လာသောပုဆိန်ကြီးက နံရံတစ်ခုနှင့်တိုက်မိသွားပုံရပြီး ပြန်ကန်ထွက်သွားလေသဘ်။
သူ၏နောက်ဘက်တွင် ကြမ်းထော်နေသော မုတ်ဆိတ်မွှေးဗရပျစ်နှင့် လူကြီးတစ်ယောက် ရှိနေခဲ့သည်။
"ကောင်လေး...မင်းမှာစိတ်ဝိညာဥ်ကျောက်တုံးတွေပါလား"
လူကြီးက မေးမြန်းလိုက်၏။
လုယွီက သူကိုတစ်ချက်ကြည့်လိုက်သည်။
"အင်း...ခင်ဗျား လိုချင်လို့လား"
"ကောင်းတယ်...ငါ သုံးချင်လို့ မင်းရဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေ ချေးစမ်းပါ"
ထိုလူကြီးက အပျော်လွန်သွားပြီး လုယွီနားသို့ ရောက်ရှိလာခဲ့သည်။ မုတ်ဆိတ်ဗရပျစ်နှင့်လူသည် ကြီးမားသောပုဆိန်တစ်စုံကို ကိုင်ဆောင်ထား၏။ ချွန်ထက်သောပုဆိန်သွားတွင် သွေးစသွေးနများ စွန်းထင်းနေဆဲဖြစ်သည်။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"ကျုပ်က ခင်ဗျားအဖေမဟုတ်ဘူး...စိတ်ဝိညာဥ်ကျောက်တုံးလိုချင်ရင် ခင်ဗျားအဖေကိုသွားရှာပါလား"
လူကြီးက အချိန်တခဏကြာ ဆွံအသွားပြီးနောက် ဒေါသတကြီးဖြစ်သွားလေ၏။
"မင်းက ငါကို နောက်ပြောင်ရဲတယ်ပေါ့"
ထိုစကားနှင့်အတူ သူ၏ကျန်းချီများကိုလှည့်ပတ်ပြီး သူ၏လက်အတွင်းမှပုဆိန်ကြီးများက မြောက်များစွာသောပုံရိပ်ယောင်များကိုထုတ်လွှက်၍ လုယွီအား ခုတ်ပိုင်းလိုက်တော့သည်။
ထိုလူကြီးသည် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏ပုဆိန်ခုတ်ချက်တစ်ချက်ဖြင့် လူများကိုအစိတ်စိတ်အမွှာမွှာစုတ်ဖြဲသတ်ပစ်ခဲ့သူဖြစ်ပေ၏။
လုယွီက သူ၏နဂါးပျံခြေလှမ်းကိုအသုံးပြုပြီး ပုဆိန်ခုတ်ချက်ကို သွက်သွက်လက်လက်ရှောင်တိမ်းလိုက်သည်။
"မင်းက ရှောင်ချင်တာလား"
လူကြီးက အလွန်စိတ်ဆိုးဒေါသထွက်သွားပြီး သူ၏ပုဆိန်ဖြင့် လုယွီအား ထပ်မံ ခုတ်ပိုင်းလိုက်လေ၏။
ထိုအချိန်တွင် အဝေးတစ်နေရာမှ တံပိုးမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။ အဝေးတစ်နေရာရှိ ကောင်းကင်ယံ၌ အလံများလူးလွင့်နေပြီး စစ်ဗုံများတီးခတ်လာသော စစ်သင်္ဘောတစ်စီး ရှိနေသည်။
လူကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားလေ၏။
"မဟာမိတ်အင်မော်တယ်ရဲ့ ကင်းလှည့်သင်္ဘောပျံ...ကောင်လေး...မင်း ဒီနေ့ ကံကောင်းသွားတယ်"
ထိုလူကြီးက တုန့်ဆိုင်းခြင်းမရှိဘဲ အဝေးသို့ ထွက်ပြေးသွားတော့သည်။
ထိုလူကြီးသာမက တစ်ခြားကျင့်ကြံသူများကလည်း ကင်းလှည့်သင်္ဘော၏အသံကြားသည်နှင့် အဝေးသို့ အလျှင်စလိုထွက်ပြေးကြလေ၏။
အချိန်တစတစကုန်ဆုံးလာသည်နှင့်အမျှ စစ်သင်္ဘောမှ အသံများသည်လည်း ပို၍ကျယ်လောင်လာခဲ့သည်။ ထိုစစ်သင်္ဘောမှ အမြှောက်များပစ်လိုက်သည်တွင် လေလွင့်ကျင့်ကြံသူအမြောက်အများသည် ပြာများအဖြစ်သို့ပြောင်းလဲသွားလေ၏။
လုယွီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီးနောက် သူက ကျင့်ကြံသူအုပ်စုတစ်စုနှင့်အတူ မြို့အတွင်းသို့ ဝင်လိုက်သည်။
"နတ်ဆိုးလမ်းကြောင်းကိုလျှောက်လှမ်းတဲ့ကောင်တွေ အကုန်လုံးက မကောင်းတဲ့ကောင်တွေပဲ...မင်းတို့အားလုံးသေကြစမ်း"
စစ်သင်္ဘောပေါ်မှ အော်ဟစ်ကြုံးဝါးသံ ထွက်ပေါ်လာ၏။
ရုတ်ချည်းဆိုသလိုပင် စစ်သင်္ဘောမှ အမြှောက်များအားလုံးကို ဖွင့်လှစ်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြီးကို စတင်လေသည်။
တဝေါဝေါမြည်နေသည့်အသံများ အဆက်မပြက်ထွက်ပေါ်လာပြီး အမြှောက်ဆံများက ကျင့်ကြံသူများပေါ်သို့ ကျရောက်လာတော့သည်။ ထိုသူတို့၏ကျင့်ကြံမှုအဆင့် မည်မျှမြင့်မားသည်ဖြစ်စေ အပိုင်းပိုင်းအစစကွဲထွက်သွားကြ၏။
အမြှောက်ဆံအများအပြားပစ်ပြီးသည့်နောက်တွင်မူ စစ်သင်္ဘောက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူတို့၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။
"နတ်ဆိုးကျင့်ကြံသူတွေ...မင်းတို့ နားထောင်ကြစမ်း...မင်းတို့ကို သုံးရက်အချိန်ပေးမယ်...တစ်ကယ်လို့ မြို့တံခါးဖွင့်မပေးဘူးဆိုရင်..ငါတို့က တစ်မြို့လုံးမှာရှိတဲ့လူတွေကို သတ်ပစ်မယ်"
စစ်သင်္ဘောမှလူက ခြိမ်းခြောက်ပြောဆိုပြီးနောက် ထွက်ခွါသွားတော့သည်။
မြို့အတွင်းတွင် ကျင့်ကြံသူအများအပြား စုရုံးရောက်ရှိနေကြသည်။
"အင်မော်တယ်မဟာမိတ်နဲ့မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့ကြားမှာရှိတဲ့ ရန်ငြိုးက ငါတို့နဲ့ဘာဆိုင်လို့ မြေစာပင်ဖြစ်နေရတာတုန်း"
"သူတို့ကိုယ်သူတို့ ဖြောင့်မတ်တဲ့ကျင့်ကြံသူတွေလို့ ကြွေးကြော်နေကြတဲ့ကောင်တွေက တစ်ကယ်တော့ အားနည်းသူတွေကိုပဲ အနိုင်ကျင့်တတ်တဲ့ကောင်တွေ....သူတို့က မြေအောက်လောကနတ်ဆိုးဂိုဏ်းနဲ့တစ်ခါမှထိပ်တိုက်ရင်ဆိုင်တာမျိုးမလုပ်ဘဲ ငါတို့ရဲ့မြို့ငယ်လေးတွေကိုပဲ လာလာတိုက်ခိုက်နေကြတာ"
လေလွင့်ကျင့်ကြံသူများသည် ကူရာကယ်ရာမဲ့စွာဖြင့် ဒေါသတကြီးပြောဆိုနေကြ၏။
အကယ်၍ ဤမြို့၌သာ အကာအကွယ်ဝင်္ကပါမရှိပါက ယခုနေရာသည် သူတို့အားလုံး၏မြှုပ်နှံရာသင်္ချိုင်းဖြစ်သွားပေမည်။
လူအုပ်ကြားထဲတွင်ရှိနေသော လုယွီကမူ သူ၏တာဝန်အကြောင်း စဥ်းစားတွေးတောနေခဲ့သည်။ ဒသမလမ်းကြောင်းနယ်ပယ်ဒေသတွင်ရှိသော ဤမြို့သည် သာမညမြို့တစ်မြို့သာဖြစ်သည်။
လုယွီက တည်းခိုခန်းတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် စိတ်ဓတ်ကျနေပုံဖြင့်ငေးမှိုင်နေသော ပိုင်ရှင်ဖြစ်သူအား စကားပြောဆိုလိုက်သည်။
"မြေအောက်လောက ဖြစ်တည်လာပြီ"
ထို့နောက် ဆိုင်ပိုင်ရှင်က စိတ်လှုပ်ရှားသွားပုံဖြင့် တုန့်ပြန်ပြောဆိုလိုက်လေ၏။
"ကောင်းကင်နဲ့မြေကြီးက တိတ်ဆိတ်ငြိမ်သက်တယ်"
ထိုစကားပြောပြီးနောက် ဆိုင်ပိုင်ရှင်က လုယွီအား ခြေဆုံးခေါင်းဆုံး ကြည့်ရှုလိုက်သည်။
"အမြူတေဖွဲ့စည်းခြင်းနယ်ပယ်...မဆိုးပါဘူး...မင်းက ဒီနေရာကို ရွေးချယ်ပွဲအတွက် ရောက်လာတာလား"
"ငါတို့ရဲ့ မြေအောက်လောကနတ်ဆိုးဂိုဏ်းကို ဝင်ရောက်နိုင်ဖို့မလွယ်ကူဘူး...သုံးရက်ကြာရင်ပြန်လာခဲ့...မင်းရဲ့စွမ်းအားကိုစမ်းသပ်ဖို့ အခု ငါ့မှာအချိန်မရှိသေးဘူး'
လုယွီက စကားပြောဆိုမည်ကို စောင့်ဆိုင်းခြင်းမပြုဘဲ ဆိုင်ပိုင်ရှင်က စိတ်မရှည်ပုံဖြင့် လက်ဝှေ့ယမ်းပြီး ပြောဆိုလိုက်လေ၏။
Chapter 309
လုယွီက မျက်မှောင်ကြုတ်နေရင်းမှ မေးမြန်းလိုက်သည်။
"ခင်ဗျားလို အောက်ခြေအဆင့်က...အရမ်းအလုပ်များနေတယိလို့ရှိသေးလား"
ဆိုင်ပိုင်ရှင်က ခနဲ့တဲ့တဲ့ ခွန်းတုံပြန်လိုက်၏။
"အမှန်က ငါအလုပ်များမနေဘူး...ဒါပေမယ့် ခွန်အားစမ်းသပ်တဲ့အခန်းကို ကြိုတင်မှာပြီးသားရှိနေတယ်...မင်း ငြိမ်ငြိမ်စောင့်နေဖို့ ငါအကြံပေးချင်တယ်"
"စစ်ဆေးတဲ့အခန်းကို ကြိုတင်ယူထားလို့ရတယ်ဆိုတယ့် စည်းမျဥ်းမျိုး ကျုပ်မကြားဖူးပါဘူး"
လုယွီက ခေါင်းခါယမ်းလိုက်၏။
ထိုစမ်းသပ်ခန်းများသည် မြေအောက်လောကနတ်ဆိုးဂိုဏ်းမှ တပည့်သစ်များအဖြစ်လာရောက်ရွေးချယ်ခံသူများ၏ ခွန်အားကိုတည်ဆောတ်ရန် အထူးတည်ဆောတ်ထားခြင်းဖြစ်သည်။
ဤနေရာသည် အလွန်အရေးပါသောနေရာမျိုးမဟုတ်ချေ။ မည်သည်ကြောင့် စမ်းသပ်ခံရန် ကြိုတင်နေရာဦးထားသူရှိနေရသနည်း။
"အဲ့စည်းမျဥ်းက ငါချမှတ်တာ...မင်းက ကန့်ကွက်ချင်လို့လား"
ရုတ်တရက် လုယွီ၏နောက်မှ လူတစ်ယောက်၏အသံထွက်ပေါ်လာသည်။
ထိုသူက တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားသောလူငယ်တစ်ယောက်ဖြစ်သည်။ လူငယ်၏ရုပ်ရည်သည် ချောမောခန့်ညားပြီး သူ၏လက်အတွင်းတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ လူငယ်၏နောက်တွင်မူ အေးစက်စက်မျက်နှာထားများနှင့် အခြွေအရံတစ်စုရှိနေသည်။
"အိုး...သခင်လေး ဒုန်ရွှယ်ပါလား...ကျေးဇူးပြုပြီး အထဲကိုကြွပါ"
အဖြူရောင်ဝတ်စုံဖြင့်လူငယ်ဝင်ရောက်လာသည်ကိုမြင်သော ဆိုင်ပိုင်ရှင်၏မျက်နှာသည် ချက်ချင်းပင်ပြုံးရွှင်သွားလေ၏။
ဒုန်ရွှယ်က သူ၏လက်နှစ်ဖက်ကိုခါနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား အထင်အမြင်သေးစွာကြည့်ရှုနေသည်။
"အချိန်ဖြုန်းမနေနဲ့....ခင်ဗျားရဲ့ အမာခံနယ်မြေသေးသေးလေးမှာ ကျုပ် ကြာကြာနေချင်စိတ်မရှိဘူး"
ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ပြီးအရိုအသေပြုကာ ပြောဆိုလိုက်သည်။
"ဟုတ်တာပေါ့...သခင်လေးဒုန်ရဲ့ပါရမီကြောင့် ကျွန်တော်တို့က နတ်ဆိုးတစ္ဆေအဆင့်စမ်းသပ်ခန်းကို အသင့်ပြင်ပေးထားပါတယ်"
ဒုန်ရွှယ်က ခေါင်းညိတ်ပြီး လုယွီကိုတစ်ချက်ကြည့်ကာ သူ၏နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။
"လက်ရှိ မြေအောက်လောကနတ်ဆိုးဂိုဏ်းက ပိုပိုပြီး ဆုတ်ယုတ်လာတာပါလား...ဒီလို အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူကတောင် တပည့်သစ်အဖြစ် လာရွေးချယ်ခံနေပြီ"
"ဟုတ်တယ်...ဟုတ်တယ်...ခဏနေကြရင် သူကိုမောင်းထုတ်လိုက်ပါမယ်"
ဆိုင်ပိုင်ရှင်က ရယ်ပြုံးရင်းမှ ပြောဆိုလိုက်သည်။
ထိုအချိန်မှာပင် ဒုန်ရွှယ်နောက်ရှိ အစေခံတစ်ယောက်က လုယွီအား ညွှန်ပြ၍ပြောဆိုခဲ့လေသည်။
"သခင်လေး....ဒီကောင်လေးက မြို့ပြင်မှာ ကျွန်တော်ကိုစိတ်ဝိညာဥ်ကျောက်တုံး ချေးဌားဖို့ ငြင်းဆန်ခဲ့တဲ့သူပဲ"
ထိုအစေခံသည် မြို့ပြင်၌ သူ၏ပုဆိန်ဖြင့် လုယွီအားတိုက်ခိုက်၍ လုယက်ရန်ကြံရွယ်ခဲ့သူဖြစ်သည်။
သူ၏အစေခံစကားကိုကြားချိန်တွင် ဒုန်ရွှယ်က လုယွီကို ထပ်မံကြည့်ရှုလိုက်သည်။
"ငါအစေခံရဲ့ တိုက်ခိုက်မှုတစ်ချို့ကို ကာကွယ်နိုင်တာ မင်းမှာအရည်အချင်းနည်းနည်းရှိတယ်လို့တော့ သတ်မှတ်နိုင်တယ်....သူ့ကို စမ်းသပ်ခန်းထဲမှာ ကံကောင်းမလားလို့ ကြိုးစားခိုင်းလိုက်ပါ"
စကားပြောဆိုပြီးသည်နှင့် ဒုန်ရွှယ်က သူ၏အစေခံများနှင့်အတူ ခွန်အားစမ်းသပ်ခန်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ဆိုင်ပိုင်ရှင်က ထိုလူအုပ်စုပျောက်ကွယ်သွားသည်အထိ စောင့်နေပြီးမှ လုယွီအား လှောင်ပြောင်သရော်ချင်ပုံဖြင့် ကြည့်ရှုလိုက်သည်။
"သခင်လေးဒုန်က စမ်းသပ်ခန်းထဲကိုဝင်ဖို့ မင်းကိုအခွင့်အရေးပေးလိုက်တယ်...အထဲဝင်တော့"
လုယွီက မေးခွန်းထုတ်လိုက်လေသည်။
"သူရဲ့နောက်ခံက ဘာလဲ"
"မင်းက ပြင်ပလောကကို လုံးလုံးမရောက်ဖူးသေးတဲ့ မောက်မာပြီး အသိတရားခေါင်းပါးတဲ့ကောင်ပဲ...သခင်လေးဒုန်ရဲ့အဖေက အရှင်သခင်ရဲ့လက်အောက်က ထိပ်တန်းစစ်ဗိုလ်ချုပ်ဆယ်ယောက်ထဲကတစ်ယောက်ပဲ...ပြီးတော့ သခင်လေးဒုန်ကိုယ်တိုင်ကလည်း ပါရမီရှင်တစ်ယောက်လေ...အခု သူရဲ့အသက် ၂၄နှစ်ပဲရှိသေးတာကို တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ ထိပ်သီးအယောက်၃၀ထဲမှာပါဝင်နေပြီ"
ဆိုင်ပိုင်ရှင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုနေလေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်မိသည်။
"အဲ့လူ၃၀က တကယ်သန်မာတာလား"
"ဟမ့်...တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ ပါရမီရှင်တွေ ဘယ်လောတ်များလဲ မင်းသိလား...ထိပ်သီး၁၀၀ထဲက လူတွေအကုန်လုံးက ရှားပါးတဲ့ပါရမီရှင်တွေချည်းပဲ"
ဆိုင်ပိုင်ရှင်က စိတ်မရှည်ပုံဖြင့် အော်ဟစ်လိုက်တော့၏။
"ငါက မင်းကို ဒါတွေ ပြောပြနေဖို့ အချိန်မရှိဘူး...မင်း...ကိုယ့်နေရာကိုယ်သိ...မြန်မြန်ဝင်တော့"
လုယွီက တွေးတောနေရာမှ ခေါင်းညိတ်ပြီး ဆိုင်ပိုင်ရှင်ထံသို့ သွားပြီး ရုတ်တရက် လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။
"မင်းက တိုက်ခိုက်ရဲတယ်ပေါ့"
ဆိုင်ပိုင်ရှင်က ပြက်ရယ်ပြုပြီးနောက် သူ၏ခန္ဓာကိုယ်မှ အားကောင်းသောကျန်းချီများကို ထုတ်လွှက်လိုက်လေ၏။ သူက ကမ္ဘာမြေသင်္ကေတနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။
"မင်းမှာအူဘယ်နှစ်ခွေရှိနေလို့ သတ္တိကောင်းပြီး ဒီနေရာမှာတိုက်ခိုက်ရဲတာလဲ"
ဆိုင်ပိုင်ရှင်က သူ၏ခန္ဓာကိုယ်မှ ကျန်းချီများကိုစုစည်း၍ လက်သီးချက်တစ်ချက်ဖြင့် တုန့်ပြန်တိုက်ခိုက်လိုက်သည်။
ဘန်း...
လက်သီးထိုးနှက်ချက်များ အချင်းချင်း တွေ့ဆုံချိန်တွင် ဆိုင်ပိုင်ရှင်က နောက်သို့လွင့်စင်သွားပြီး စားသောက်ဆိုင်၏နံရံဖြင့် ရိုက်ခတ်မိလေသည်။ ဆိုင်နံရံတစ်ခုလုံးလည်း အကြိမ်များစွာ တုန်ခါနေခဲ့သည်။
လုယွီက ဆိုင်ပိုင်ရှင်ထံသို့ရောက်ရှိလာပြီး အင်္ကျီဂုတ်မှ သူ၏လက်တစ်ဖက်တည်းဖြင့် ဆွဲမထားလေ၏။
"ပထမဆုံး ကျုပ်ဘယ်နေရာကိုသွားချင်ချင်...ကျုပ်ကိုဘယ်ကောင်ကမှ သနားပြီးပေးကမ်းဖို့မလိုအပ်ဘူး...ခင်ဗျားလည်း တားဆီးလို့မရဘူး"
"ဒုတိယအချက်...ကျုပ် ခင်ဗျားကိုသတ်ချင်ရင်...ကျုပ်ရဲ့လက်ချောင်းတစ်ချောင်းလှုပ်လိုက်တာနဲ့ လွယ်လွယ်လေးသတ်လို့ရတယ်"
"ခင်ဗျား နားလည်ပြီလား"
လုယွီက မေးမြန်းလိုက်သည်။
ဆိုင်ပိုင်ရှင်ထံမှ ချွေးစေးများထွက်နေလေ၏။
"ကျွန်တော် နားလည်ပါပြီ"
လုယွီက ဆိုင်ပိုင်ရှင်ကိုလွှက်ပေးပြီး ခွန်အားစမ်းသပ်ခန်းအတွင်းသို့ ဝင်သွားတော့သည်။
ကြမ်းပြင်ပေါ်၌ လဲကျနေသောဆိုင်ပိုင်ရှင်က လူးလဲထပြီး လုယွီအား မကောင်းကြံလိုသော အကြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။
"ခွေးမသားလေး...ငါကို မင်းက ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့....ဒီနေ့ မင်း အခန်းထဲဝင်ပြီးရင် ပြန်မထွက်နိုင်စေရဘူး'
ဆိုင်ပိုင်ရှင်က ချက်ချင်းပင် လူတစ်ယောက်ကိုခေါ်၍ တီးတိုးပြောလိုက်သည်။
ထိုသူက တုန်လှုပ်သွားလေ၏။
"တစ္ဆေဗိုလ်ချုပ် ခက်ခဲမှုအဆင့်...ဒါက စည်းမျဥ်းတွေကို ဆန့်ကျင်နေတယ်လေ"
Chapter 310
ဤအမာခံနယ်မြေတွင် တစ္ဆေဗိုလ်ချုပ်အဆင့် စမ်းသပ်ခြင်းသည် အခက်ခဲဆုံးစစ်ဆေးမှုဖြစ်သည်။
ယေဘုယျပြောဆိုရလျှင် ကမ္ဘာမြေသင်္ကေတနယ်ပယ်နောက်ဆုံးအဆင့်ကျင့်ကြံသူများသာလျှင် ဤခက်ခဲခြင်းအဆင့်ကို စိန်ခေါ်နိုင်ပေသည်။
ဆိုင်ပိုင်ရှင်၏မျက်နှာအမူအယာသည် ကြောက်မက်ဖွယ်ကောင်းလာလေ၏။
"ဒါက မင်းဆုံးဖြတ်ရမယ့်ကိစ္စလား....ငါဆုံးဖြတ်ရမယ့်ကိစ္စလား...မြန်မြန်သွားလုပ်စမ်း"
ဆိုင်အကူသည် ထပ်မံ၍ တားဆီးပြောဆိုဝံ့ခြင်းမရှိတော့ဘဲ သဘောတူညီလိုက်သည်။
စားသောက်ဆိုင်၏အတွင်း၌.....
ဤနေရာသည် အပေါ်ယံကကြည့်လျှင် စားသေက်ဆိုင်တစ်ခုသာဖြစ်သော်လည်း လက်တွေ့မှာမူ လုပ်ငန်းလုပ်ဆောင်ရန်ဖွင့်လှစ်ထားခြင်း မဟုတ်ပေ။ မြေအောက်လောကနတ်ဆိုးဂိုဏ်းမှ ခြေကုပ်ယူထားသော နေရာတစ်ခုသာဖြစ်ပေ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ နတ်ဆိုးအခိုးအငွေ့များလွှမ်းခြုံနေပြီး မည်သည့်အချိန်မျှ လွင့်ပြယ်သွားခြင်းမရှိပေ။
"မင်းရဲ့စမ်းသပ်ခန်းက ဒီနေရာပဲ....ဒါက မင်းရဲ့နံပါတ်ပြား....တစ်ကယ်လို့ မင်းက အခန်းထဲမှာ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ထိနေနိုင်မယ်ဆိုရင်...စမ်းသပ်မှုကိုအောင်မြင်မယ်"
ဆိုင်အကူတစ်ယောက်က လုယွီ၏လက်အတွင်းသို့ နံပါတ်ပြားတစ်ခုကို ထည့်ပေးလိုက်သည်။
နံပါတ်ပြားပေါ်ရှိ ၇၀ ဟူသောဂဏန်းသည် လုယွီကိုကိုယ်စားပြုသော စမ်းသပ်ခန်းကိုညွှန်ပြနေသည်။
လုယွီက တံခါးကိုတွန်းဖွင့်ပြီး စမ်းသပ်ခန်းအတွင်းသို့ ဝင်လိုက်သည်။ သူ ဝင်ရောက်လိုက်သည်နှင့် ပြင်းထန်သောသွေးညှီနံကို ရရှိနေသည်။
"ဝေါင်း"
စူးရှရှဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့၏။
စမ်းသပ်ခန်းသည်မှောင်မည်းနေပြီး ကန့်သတ်နေရာတစ်ခုပေါ်တွင်သာ မှိန်ပျပျအလင်းရောင်တောက်ပနေသည်။
စမ်းသပ်ခန်း၏ထောင့်တစ်နေရာမှ အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက်ခုန်ထွက်လာခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် အရိပ်မည်းကြီးက လုယွီထံသို့ရောက်ရှိလာပြီး သူ၏လက်သည်းစွယ်ကြီးများဖြင့် ကုတ်ဆွဲလိုက်လေ၏။
ဝှစ်.....
ထိုလက်သည်းချက်သည် အလွန်လျှင်မြန်ပြီး လေပြင်းတစ်ချို့ပင် ကပ်ပါလာခဲ့သည်။
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပသွားသည်။
"တစ္ဆေ ဗိုလ်ချုပ်လား"
ဒေါင်....
လုယွီက ခေါင်းဖြတ်ဓားကိုဆွဲထုတ်ပြီး တစ္ဆေဗိုလ်ချုပ်၏လက်သည်းချက်ကို ခုခံလိုက်ရာတွင် မီးပွင့်များဖြာထွက်ကျလာလေ၏။
လုယွီ၏ရှေ့တွင် ကြမ်းကြုတ်ရက်စက်ပုံရသော တစ္ဆေဗိုလ်ချုပ်တစ်ယောက်ရှိနေခဲ့သည်။
မြေအောက်လောကရှိ အနက်ရောင်အသူရာခန်းမတွင် သူဆုံတွေ့ခဲ့ရသော အကြွင်းအကျန်များကဲ့သို့ပင် ဤတစ္ဆေစစ်ဗိုလ်ချုပ်သည် သာမာန်လူသားများထက် သုံးဆမကပို၍အရပ်မြင့်မားပေ၏။
သူတို့သည် ယခင်က မြေအောက်လောက၏အစောင့်အကြပ်များဖြစ်ခဲ့ကြသော်လည်း ယခုလက်ရှိအချိန်တွင်မှု သတ်ဖြတ်ရမည်ကိုသာသိသော စက်တစ်လုံးနှင့် တူညီနေသည်။
"တစ်ယောက်ယောက်က သူတို့ရဲ့စိတ်ဝိညာဥ်တွေကို ထုတ်ယူပြီး ရုပ်အလောင်းတွေကို လျှို့ဝှက်နည်းလမ်းနဲ့စီမံပြီး အသုံးပြုနေတာပဲ"
လုယွီ၏မျက်လုံးများက အေးစက်တင်းမာသွားလေ၏။
တစ္တေစစ်ဗိုလ်ချုပ်များ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် အလွန်အမင်းသန်မာသည်ကို သူ သိရှိထားပြီးဖြစ်သည်။ အဆင့်နိမ့်မှော်လက်နက်များထြင့်သာ သူတို့ကိုတိုက်ခိုက်ပါက ခြစ်ရာပင်ထင်မည်မဟုတ်ချေ။
"ဒါလည်း ကောင်းပါတယ်...ဒီလိုကြံခိုင်တဲ့ခန္ဓာကိုယ်နဲ့တွေ့မှတော့ ငါဘယ်လောက်အားကောင်းတယ်ဆိုတာ စမ်းသပ်ကြည့်ရတာပေါ့"
လုယွီက ခေါင်းဖြတ်ဓားကိုသိမ်းဆည်းလိုက်ပြီးနောက် သူ၏လက်သီးကိုဆုပ်ကာ တစ္ဆေစစ်ဗိုလ်ချုပ်ထံသို့ တိုးဝင်သွားတော့သည်။
လူတစ်ယောက်နှင့်တစ္ဆေတစ်ကောင်သည် ခွန်အားကိုသာအမှီပြု၍ လက်သီးဖြင့်သာ အချင်းချင်းထိုးနှက်တိုက်ခိုက်နေကြသည်။
ဘုန်း....ဘုန်း....ဘုန်း....
သူတို့နှစ်ယောက်သည် အဆက်မပြက် အကြိမ်များစွာတိုက်ခိုက်နေကြပြီး အနားယူခြင်းမရှိကြချေ။
"ငါရဲ့လက်သီးချက် ဘယ်လောက်ပြင်းထန်လဲဆိုတာ....ဒီနေ့ ငါ မင်းကိုပြမယ်"
လုယွီက ရုတ်တရက် မြေအောက်လောကနတ်ဘုရား၏စွမ်းအားကို ထုတ်လွှက်ပြီး သူ၏လက်မောင်းဖြင့် ဆတ်သွယ်လိုက်သည်။
ထို့နောက်သူက တစ္ဆေစစ်ဗိုလ်ချုပ်အား ထိုးနှက်လိုက်လေသည်။ ဆူညံသောအသံတစ်သံနှင့်အတူ တစ္ဆေစစ်ဗိုလ်ချုပ်၏ ကြံခိုင်သောခန္ဓာကိုယ်ကြီးသည် ကွေးကောက်သွားပြီး ခန္ဓာကိုယ်အပေါ်ယံမှပင်သွေးများပန်းထွက်လာခဲ့သည်။
သို့ရာတွင် ထိုတစ္ဆေစစ်ဗိုလ်ချုပ်သည် သေဆုံးခြင်းမရှိသေးချေ။ သူက အော်ဟစ်ကြုံးဝါးပြီး လုယွီထံသို့ ပြေးဝင်လာလေ၏။
"မြေအောက်လောကနတ်ဆိုးဂိုဏ်းနဲ့ ငါရဲ့အတိတ်ဘဝကြားမှာ ဘယ်လိုဆတ်နွယ်မှုမျိုး ရှိနေလဲ"
လုယွီ၏သိချင်စိတ်သည် ပို၍ပြင်းထန်လာခဲ့၏။
ရုတ်တရက် လုယွီက လက်ညှိုးတစ်ချောင်းဆန့်ထုတ်ပြီး တစ္ဆေစစ်ဗိုလ်ချုပ်၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်ကို ညွှန်ပြလိုက်သည်။
ကြမ်းကြမ်းတမ်းတမ်းပြေးဝင်လာသော တစ္ဆေစစ်ဗိုလ်ချုပ်သည် ရုတ်တရက်ရပ်တန့်သွားပြီး မည်သည့်လှုပ်ရှားမှုမျှမရှိတော့ချေ။
……
ဆိုင်ပိုင်ရှင်သည် လုယွီကြောင့်ရရှိခဲ့သော ဒဏ်ရါများကို ဆေးများသောတ်သုံး၍ ပြန်လည်ကုသနေခဲ့သည်။
ထိုအချိန်မှာပင် ဆိုင်အကူတစ်ယောက်က အလျှင်အမြန် ပြေးဝင်လာလေ၏။
"ဆိုင်ရှင်....ပင်မယဇ်ပလ္လင်တမန်တော် ရောက်ရှိလာတယ်"
ဆိုင်ပိုင်ရှင်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားပြီး သူ၏ကုသနေခြင်းကို အလျှင်အမြန်ရုတ်သိမ်းကာ အပြေးသွားလိုက်တော့၏။
စားသောက်ဆိုင်၏ပြင်ပတွင် အနက်ရောင်ဝတ်စုံဖြင့်လူတစ်ယောက် ရှိနေလေသည်။
"ဒီငယ်သားက ပင်မယဇ်ပလ္လင်ရဲ့တမန်တော်ကို ကြိုဆိုနှုတ်ဆတ်ပါတယ်"
ဆိုင်ရှင်က ဒူးထောက်၍ အရိုအသေပြုလိုက်၏။
"လူဘယ်နှစ်ယောက် ရပြီလဲ"
တမန်တော်က မေးမြန်းလိုက်သည်။
ဆိုင်ရှင်က အလျှင်အမြန် ဖြေဆိုလိုက်လေသည်။
"တစ္ဆေအဆင့်စမ်းသပ်ချက်ကို အောင်မြင်တဲ့သူ ၉၃ယောက်ရှိပြီးတော့ ဘယ်သူကမှ နတ်ဆိုးတစ္ဆေအဆင့်စမ်းသပ်မှုကို မအောင်မြင်သေးပါဘူး"
ဘုန်း....
တမန်တော်က သူ၏လက်အတွင်းမှစာအုပ်ဖြင့် ဆိုင်ရှင်၏မျက်နှာအား ပစ်ပေါတ်လိုက်သည်။
"ဒီနေရာမှာ မင်းနေနေတာ အချိန်အတော်ကြာနေပြီ...မင်း လုပ်နိုင်တာ ဒါအကောင်းဆုံးပဲလား"
တမန်တော်က စိတ်လက်မရှည်ပုံဖြင့် ဆိုင်ရှင်အား အော်ငေါက်နေလေသည်။
ထိုအချိန်မှာပင် မလှမ်းမကမ်းတနေရာမှ အလင်းရောင်တန်းတစ်ခုက လင်းလက်တောက်ပလာခဲ့သည်။
"တစ်ယောက်ယောက်က အဆင့်မြင့်စမ်းသပ်ချက်ကို အောင်မြင်သွားပြီ"
ဆိုင်ရှင်က အံ့အားတသင့် ရေရွတ်လိုက်လေ၏။