← Chapters

အခန်း (၃၂၁-၃၂၅)

Vol. 16-20 Ch. 321-325

အခန်း (၃၂၁-၃၂၅)

Vol. 16-20 Ch. 321-325

Chapter 321

"မင်း ငါကို ကန်ရဲတယ်ပေါ့"

ဒုန်ရွှယ်က တောင်နံရံအတွင်းမှ ကုပ်တွယ်တတ်လာလေ၏။ ယခုတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှံနွံများဖုံးလွှမ်းနေပြီး သူ့ဆံပင်များကလည်းဖရိုဖရဲပြန့်ကျဲနေကာ အလွန်စိတ်ပျက်ဖွယ်အနေအထားသို့ ရောက်ရှိနေသည်။

သူက လုယွီထံ တိုးဝင်တိုက်ခိုက်ခြင်းမရှိချေ။ သူ၏မျက်လုံးများက နက်ရှိုင်းသောအကြောက်တရားများထင်ဟပ်နေပြီး လုယွီအား ကြည့်ရှုနေပေ၏။

လုယွီက လုရွှမ်အာကို ဆွဲထူပြီး ဒုန်ရွှယ်အား အေးစက်စက်ကြည့်လိုက်သည်။

"မင်းမှာ ဘာပြောစရာရှိသေးလဲ"

လုယွီက ဒုန်ရွှယ်ကိုစိုက်ကြည့်နေလေ၏။ ဒုန်ရွှယ်က သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေလေသည်။ သူက ဤကဲ့သို့ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့် တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိပေ။

ဒုန်ရွှယ်က သူသာ လုယွီအား ထပ်မံ၍ကလန်ကဆန်ပြုလုပ်ပါက သူသေလမ်းသူရှာနေခြင်းနှင့်တူနေကြောင်းကို သိရှိသွားခဲ့သည်။

"မရှိဘူး...ငါ မှာပြောစရာမရှိပါဘူး"

လုယွီက ဒုန်ရွှယ်ကို ထပ်မံ၍အမှုထားခြင်းမရှိတော့ဘဲ လုရွှမ်အာကိုသူမ၏လက်မောင်းမှဆွဲကိုင်ကာ ထွက်ခွါသွားတော့သည်။

လုယွီ၏ထွက်ခွါသွားခြင်းနှင့်အတူ နတ်ဆိုးကျင့်ကြံသူအုပ်စုသည်လည်း လူစုခွဲလိုက်ကြ၏။ သို့ရာတွင် ယခင်က ဒုန်ရွှယ်အနားတွင်စုရုံးနေသောသူများသည် ပြန်လည်ရောက်ရှိလာခြင်း မရှိကြတော့ပေ။

နတ်ဆိုးကျင့်ကြံသူများသည် သန်မာသူကိုသာ လေးစားပေ၏။ ဒုန်ရွှယ်ကဲ့သို့ အပြောသာရှိသောသူမျိုးကို လူတိုင်းက အထင်အမြင်သေးနေကြသည်။

"ဒီကောင်လေး ဆေးတွေ ဘယ်နေရာကခိုးလာလဲဆိုတာ ငါသိချင်မိတယ်...သူရဲ့ခွန်အားက ယာယီအတွင်းမှာ အရမ်းကိုသန်မာလာတယ်....ဆေးစွမ်းသက်ရောက်မှု ကုန်ဆုံးသွားတယ့်အချိန်ကျရင် မင်းငါကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဒုန်ရွှယ်က သူ၏စိတ်နှလုံးသားအတွင်းမှ တိတ်တဆိတ်ကြုံးဝါးနေလေ၏။

ယခုလက်ရှိအချိန်ထိတိုင် သူက လုယွီထက်သာလွန်သည်ဟု တွေးထင်နေဆဲဖြစ်သည်။

.....

လုယွီက လုရွှမ်အာကို ခေါ်ဆောင်ပြီး စစ်သင်္ဘောထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ပင်မယဇ်ပလ္လင်တမန်တော်နှင့်ပဲ့နင်းတို့သည် အင်မော်တယ်မဟာမိတ်မှ ထိပ်သီးကျွမ်းကျင်သူများနှင့်တိုက်ခိုက်ရန် ယခုနေရာမှထွက်ခွါသွားပြီဖြစ်ပေ၏။

လုယွီက မိန်းကလေးတစ်ယောက်ကိုလက်မောင်းမှဆွဲကိုင်ထားသည်ကိုမြင်သော နတ်ဆိုးကျင့်ကြံသူတစ်ချို့၏မျက်နှာတွင် တစ်စုံတစ်ခုကိုနားလည်သဘောပေါတ်နေသည့်အပြုံးမျိုးရှိနေကြသည်။

သူတို့က ထိုကိစ္စမျိုးကို ယခင်ကပြုလုပ်ဖူးမည်မှာ သိသာထင်ရှားပေ၏။

ထိုအချိန်မှာပင် အဝေးတစ်နေရာမှ သာယာနာပျော်ဖွယ်တံပိုးသံတစ်သံ လွင့်ပျံလာလေသည်။

"ဒါက စစ်ပွဲကနေ ငါတို့တပ်သားတွေကို ပြန်ရုတ်သိမ်းတဲ့တံပိုးသံပဲ"

တစ်စုံတစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်၏။

အချိန်တခဏအကြာမှာပင် တမန်တော်နှင့်ပဲ့နင်းတို့သည် ရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာကြသည်။

"ဒီစစ်ပွဲမှာ....အင်မော်တယ်မဟာမိတ်က ကြွက်စုတ်တွေက ငါတို့မြေအောက်လောကနတ်ဆိုးဂိုဏ်းနဲ့ မယှဥ်ပြိုင်နိုင်ဘူး"

ပဲ့နင်းက လှောင်ပြောင်သရော်နေလေ၏။

ပင်မယဇ်ပလ္လင်တမန်တော်က သူ၏လက်သီးကိုဆုပ်၍ အရိုအသေပေးရင်းပြောဆိုလိုက်သည်။

"စီနီယာ...ကျေးဇူးတင်ပါတယ်...အခု ကျွန်တော်ရဲ့တာဝန်ပြီးဆုံးသွားပြီမို့ ပင်မယဇ်ပလ္လင်ကိုပြန်တော့မယ်...ဒါပြင် ပင်မအခြေစိုက်စခန်းက လူအင်အားအများကြီးလိုနေတယ်...ဒါကြောင့် တပည့်သစ်တွေကို ကျွန်တော်နဲ့အတူ ခေါ်ဆောင်သွားခွင့်ပြုပါ"

"ကိစ္စငယ်လေး တစ်ခုပါပဲ"

ပဲ့နင်းက ခေါင်းညိတ်ပြပြီးမှ ရုတ်တရက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားလေ၏။ သူက လုယွီကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။

"ဒီခလေးရဲ့ပါရမီက မဆိုးဘူး....မင်း သူကိုပင်မယဇ်ပလ္လင်ကိုခေါ်ဆောင်သွားတဲ့အခါကျရင် ဆရာသခင်ထံကို သတင်းပို့လိုက်ပါ"

တမန်တော်က သဘောတူညီလိုက်၏။ သို့သော် သူ၏စိတ်နှလုံးသားအတွင်းတွင်မူ အထင်အမြင်သေးမှုများရှိနေသည်။ ထိုကောင်လေးက လေလွင့်ဝိညာဥ်စမ်းသပ်ခန်းကို အောင်မြင်ရန်ပင် နေ့တစ်ဝက်ခန့်အချိန်ယူခဲ့သူဖြစ်သည်။ သူ၏အမြင်အရ ထိုကောင်လေးသည် တစ်ချို့လျှို့ဝှက်နည်းလမ်းများအသုံးပြုခြင်း သို့မဟုတ် ခွန်အားယာယီတိုးတတ်စေသောဆေးတစ်ချို့ကိုဝါးမြိုခဲ့ခြင်းကြောင့်သာ ဤကိစ္စရပ်များဖြစ်ပွါးလာရခြင်း ဖြစ်ပေလိမ့်မည်။

ပင်မယဇ်ပလ္လင်တမန်တော်က စစ်သင်္ဘောကိုထိန်းချုပ်ပြီး ​နတ်ဆိုးဂိုဏ်း၏ရွေးချယ်ခံထားရသောတပည့်သစ်များကို မြေအောက်လောကသို့ခေါ်ဆောင်သွားတော့သည်။

လုယွီက သူ့ခရီးစဥ်၏အဓိကပန်းတိုင်ဖြစ်သော မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အသိုက်ကို စူးစမ်းလေ့လာရန်အား တွေးတောနေမိသည်။ ယခုက ရှားပါးသောအခွင့်အရေးနှင့်ကြုံတွေ့ရပြီဖြစ်သဖြင့် သူ လက်လွတ်မခံနိုင်ချေ။

......

ဆယ်ရက်ခန့်ကြာပြီးနောက်....

စစ်သင်္ဘောကြီးသည် ကြီးမားသောမြို့ကြီးတစ်မြို့၏ရှေ့၌ ဖြည်းဖြည်းချင်းရပ်တန့်လိုက်သည်။ အဝေးမှကြည့်လျှင်ပင် မြောက်များစွာသောစစ်သဘောကြီးများကို မြို့စွန်တစ်နေရာ၌ရပ်တန့်ထားသည်ကို တွေ့မြင်နိုင်ပေ၏။

ထိုမြို့သည် လူသားမျိုးနွယ်များ၏မြို့များထက် သုံးဆ လေးဆခန့် ကြီးမားပေသည်။ မြောက်များစွာသော ကြမ်းကြုတ်ရက်စက်သည့်မှော်သားရဲများသည် မြင့်မားသောမြို့နံရံများပေါ်၌ စောင့်ကြပ်နေကြသည်။

ဤနေရာသည် မြေအောက်လောက၏ ပင်မအခြေစိုက်စခန်း ဖြစ်ပေ၏။

"မင်းတို့ကိုယ်တိုင် စာရင်းသွားသွင်းကြ"

တမန်တော်က စကားတစ်ခွန်းပြောဆိုပြီးသည်နှင့် အလျှင်စလိုထွက်ခွါသွားတော့သည်။

လူတိုင်းက တမန်တော် ထွက်ခွါသွားသည်ကို မျက်စိတဆုံး ကြည့်ရှုနေကြ၏။

လုယွီက စစ်သင်္ဘောပေါ်မှနေ၍ စိတ်အနည်းငယ်လှုပ်ရှားနေသောအကြည့်မျိုးဖြင့် မြို့ကိုကြည့်ရှုလိုက်သည်။

ဤဆယ်ရက်အတောအတွင်းတွင် လုယွီက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်အဋ္ဌမအဆင့်ကိုချိုးဖျက်ဝင်ရောက်နိုင်ပြီး ကျင့်ကြံဆင့်တည်ငြိမ်နေပြီဖြစ်လေ၏။

ယခင်က စမ်းသပ်ခန်းအတွင်း၌ လုယွီသည် သူ၏ကျန်းချီများကိုထိန်းညှိ၍ နတ်ဆိုးစစ်ဗိုလ်ချုပ်အားတိုက်ခိုက်ကာ ပို၍သိပ်သည်းလာစေရန်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် သူ၏ကျင့်ကြံဆင့်တတ်လာခြင်းဖြစ်ပေ၏။

"လူသစ်အားလုံး...ဒီနေရာကိုလာပြီး စစ်ဆေးခံကြ"

အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်သည်။ ထိုသူ၏ရှေ့၌ သလင်းဖန်လုံးတစ်လုံးရှိနေသည်။ သလင်းဖန်လုံးပေါ်သို့ စမ်းသပ်ခံသူ၏လက်တင်လိုက်သည်နှင့် ထိုသူ၏ကိုယ်ပိုင်ခွန်အားအပြင် စမ်းသပ်ခန်းအတွင်းမှမှတ်တမ်းများ ထွက်ပေါ်လာပေမည်။

Chapter 322

"အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နဝမအဆင့်...လေလွင့်ဝိညာဥ်စမ်းသပ်ချက်...အမွှေးတိုင်တစ်တိုင်...တတိယတန်းစား....နောက်တစ်ယောက်"

အနက်ရောင်ဝတ်စုံနှင့်လူက မတုန်မလှုပ် ပြောဆိုလိုက်လေသည်။

သူ၏ရှေ့မှ နတ်ဆိုးကျင့်ကြံသူ၏မျက်နှာသည် နီမြန်းသွားပြီး ပြန်လည်ပြောဆိုလိုက်သည်။

"တစ်ကယ်လို့ ငါက ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်းကိုဝင်ရင်တောင် အတွင်းစည်းတပည့်အဖြစ်သတ်မှတ်ခံရမှာ...ခင်ဗျားက ကျုပ်ကို တတိယတန်းစားအဖြစ်ပဲ သတ်မှတ်ပေးတာလား"

အနက်ရောင်ဝတ်ရုံနှင့်လူက လှောင်ပြောင်သရော်နေလေ၏။

"ငါတို့ဂိုဏ်းနဲ့အဲ့ဒီ အမှိုက်ဂိုဏ်းခုနစ်ဂိုဏ်းနဲ့ကို မနှိုင်းယှဥ်စမ်းနဲ့...မင်းရဲ့အဆင့်က ငါတို့စီမှာတော့ အမှိုက်သာသာပဲ"

"ခင်ဗျားက ကျုပ်ကို အထင်သေးရဲတယ်ပေါ့"

ထိုနတ်ဆိုးကျင့်ကြံသူသည် စိတ်မြန်လက်မြန်ရှိသူဖြစ်၍ သူ၏မှော်လက်နက်ကိုထုတ်ယူပြီး အနက်ရောင်ဝတ်စုံနှင့်လူအား သင်ခန်းစာပေးရန် တိုးဝင်သွားခဲ့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏လက်က ရုတ်တရက်ဆန့်ထွက်လာပြီး နတ်ဆိုးကျင့်ကြံသူအား ရိုက်ချလိုက်သည်။

ဖြောင်း....

နတ်ဆိုးကျင့်ကြံသူသည် အဝေးသို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်၌ လဲကျနေလေရာ သေသလော ရှင်သလောကိုပင် မည်သူမျှမသိရှိနိုင်ချေ။

အချိန်တခဏအကြာမှာပင် အစေခံတစ်ချို့ရောက်ရှိလာပြီး နတ်ဆိုးကျင့်ကြံသူ၏ရုပ်အလောင်းကိုသယ်ဆောင်ကာ အမှိုက်တစ်စကိုလွှက်ပစ်သကဲ့သို့ အဝေးသို့ပစ်ထုတ်လိုက်တော့သည်။

ဤအချိန်တွင် လူတိုင်းက တိတ်ဆိတ်ငြိမ်သက်နေကြ၏။ ယခုနေရာသည် မြေအောက်လောက၏ ပင်မအခြေစိုက်စခန်းဖြစ်ပြီး ပါရမီရှင်ကင်းမဲ့နေသောနေရာမဟုတ်ပေ။

"နောက်တစ်ယောက်"

အနက်ရောင်ဝတ်စုံဖြင့်လူက စိတ်မရှည်သောလေသံဖြင့် အော်ဟစ်လိုက်၏။

ဒုန်ရွှယ်၏မျက်နှာက ပြုံးရွှင်နေပြီး ရှေ့ထွက်သွားလေသည်။ သူက ယုံကြည်ချက်ရှိစွာဖြင့် သူ၏လက်ကို သလင်းဖန်လုံးပေါ်သို့တင်လိုက်ရာတွင် အလင်းတန်းများတောက်ပစွာထွက်ပေါ်လာ၏။

"ကမ္ဘာမြေသင်္ကေတနယ်ပယ်တတိယအဆင့်....ပြီးတော့ နတ်ဆိုးတစ္ဆေအဆင့်စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့တာလား"

လူအုပ်ကြီးအတွင်းမှ အံ့အားတသင့်ရေရွတ်သံများထွက်ပေါ်လာသည်။

ဒုန်ရွှယ်က အပြုံးနှင့်မေးမြန်းလိုက်လေ၏။

"အရှင်...ကျွန်တော်ရဲ့အရည်အချင်းက ဘယ်လိုနေလဲမသိဘူး"

အနက်ရောင်ဝတ်စုံနှင့်လူက ခေါင်းညိတ်ပြလေသည်။

"အနည်းဆုံးတော့...အရည်အချင်းနည်းနည်းရှိတဲ့သူတစ်ယောက် ပေါ်ထွက်လာသေးသားပဲ...မင်းကို ဒုတိယတန်းစားလို့သတ်မှတ်တယ်"

ဒုန်ရွှယ်က ရုတ်တရက်မျက်မှောင်ကြုတ်လိုက်မိသော်လည်း အနက်ရောင်ဝတ်စုံနှင့်လူ၏ခွန်အားကြောင့် အထွန့်တတ်ရဲခြင်းမရှိချေ။

ဒုန်ရွှယ်ပြီးနောက် စစ်ဆေးခံသောသူအများစုသည် တတိယတန်းစားများဖြစ်ကြ၏။ တစ်ချို့လူများဆိုလျှင် တတိယတန်းစားအဆင့်ပင်ရရှိခြင်းမရှိဘဲ နံဘေးတွင်မတ်တတ်ရပ်နေရသည်။ နံဘေးသို့ပို့ခံရသောသူများ၏မျက်နှာများသည် ရှက်ရွံမှုကြောင့်နီမြန်းနေသည်။

ဤသို့ပို့ဆောင်ခံရခြင်းကြောင့် အနာဂတ်တွင်သူတို့က အစေခံအလုပ်များကိုသာ လုပ်ဆောင်ရပေမည်။

နောက်ဆုံး၌ လုယွီ၏အလှည့်သို့ ရောက်ရှိလာသည်။

"သလင်းဖန်လုံးနဲ့စမ်းသပ်မှုက အရမ်းရိုးရှင်းတယ်...စောင့်ကြည့်နေ...မင်းရဲ့ သရုပ်မှန်ကိုထုတ်ဖော်နိုင်တော့မယ်"

ဒုန်ရွှယ်က နံဘေးမှနေ၍ ဟာသပြဇာတ်တစ်ခုကိုကြည့်ရှုရန် အဆင်သင့်ဖြစ်နေခဲ့သည်။

လုယွီက သူ၏လက်ကို သလင်းဖန်လုံးပေါ် တင်လိုက်၏။ သလင်းဖန်လုံးက မှိန်ပျပျအလင်းသာတောက်ပလာပြီး ချက်ချင်းပင်ပျောက်ကွယ်သွားသည်။

သို့သော် တခဏအကြာတွင် သလင်းဖန်လုံး၏အလယ်ဗဟို၌ ရုတ်တရက် အနီရောင်အလင်းရောင်တောက်ပလာ၏။

"အမြူတေဖွဲ့စည်းခြင်းနယ်ပယ် အဋ္ဌမအဆင့်....နေဦး..ဘယ်လိုလုပ်ပြီး နတ်ဆိုးစစ်ဗိုလ်ချုပ်စမ်းသပ်ခန်းဖြစ်နိုင်မှာလဲ"

အနက်ရောင်ဝတ်စုံနှင့်လူ၏ ပျင်းရိနေသောမျက်လုံးများသည် ရုတ်တရက် အံ့အားသင့်မှုအရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

သို့သော် အနက်ရောင်ဝတ်စုံနှင့်လူသည် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကိုကြည့်ပြီး သူ၏မျက်လုံးများအတွင်းတွင်နားမလည်နိုင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ကြည့်ရတာတော့ သလင်းဖန်လုံးက ပျက်စီးသွားပြီထင်တယ်...ဘယ်လိုလုပ်ပြီး အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်က နတ်ဆိုးစစ်ဗိုလ်ချုပ်စမ်းသပ်ချက်ကို အောင်မြင်နိုင်မှာလဲ"

အနက်ရောင်ဝတ်စုံနှင့်လူက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"မင်းရဲ့ကျင့်ကြံမှုနယ်ပယ်အရ...မင်းက တတိယတန်းစားပဲ"

အနက်ရောင်ဝတ်စုံနှင့်လူက သူ၏မှင်တံကိုကောက်ယူပြီး လုယွီ၏အချက်အလက်များကို မှတ်တမ်းယူလိုက်လေသည်။

ဒုန်ရွှယ်က မအောင့်အည်းနိုင်တော့ဘဲ လှောင်ပြောင်သရော်နေလေသည်။

"ဟမ့်...သရုပ်မှန်ကတော့ ပေါ်လာပြီ... တတိယတန်းစားအဆင့်မှီရုံကောင်ပဲ"

"ဟူး...ဒီတစ်သုတ်မှာ ပထမတန်းစားတပည့်သစ်မပါတာတော့ စိတ်ပျက်ဖို့ကောင်းလိုက်တာ"

အနက်ရောင်ဝတ်စုံနှင့်လူက သက်ပြင်းရှိုက်နေပေ၏။

ဒုန်ရွှယ်က အနည်းငယ်လက်မခံနိုင်သေးပုံဖြင့် မေးမြန်းလိုက်သည်။

"အရှင်...တစ်ကယ်လို့ ကျွန်တော်တို့အုပ်စုထဲမှာ ပထမတန်းစားတပည့်မပါတော့ ဘယ်သူကို အဆင့်အမြင့်ဆုံးအဖြစ်သတ်မှတ်မှာလဲ"

အနက်ရောင်ဝတ်စုံနှင့်လူက သရော်တော်တော်ဖြေဆိုလိုက်လေ၏။

"မင်းတို့ကောင်တွေလား...ပထမတန်းစားပါရမီရှင်က ပင်မယဇ်ပလ္လင်ကို တိုက်ရိုက်ဝင်ရောက်နိုင်ပြီး မင်းသားတွေရဲ့အကြံပေးအဖြစ်ရွေးချယ်ခံရမယ်"

"ဒီနေ့ အိမ်ရှေ့စံမင်းသားက ပါရမီရှင်တစ်ယောက်ကို အကြံပေးအဖြစ်ရွေးချယ်ဖို့ ဒီနေရာကိုရောက်နေတယ်...ရွေးချယ်ခံရသူအားလုံးက အနာဂတ်မှာ ပဲ့နင်းရာထူးအဆင့်အတန်းထိဖြစ်လာလိမ့်မယ်...သူတို့နဲ့နှိုင်းယှဥ်ရင် မင်းတို့က အရမ်းအဆင့်နိမ့်လွန်းတယ်"

"အကြံပေး"ဟူသောစကားလုံးကိုကြားသည်နှင့် လူတိုင်း၏မျက်လုံးများ အေးခဲသွားလေသည်။

သို့ရာတွင် ဒုန်ရွှယ်ကမူ ဂိုဏ်း၏အတွင်းပိုင်းဖွဲ့စည်းပုံကို သိရှိပြီးဖြစ်သဖြင့် ပျော်ရွှင်စွာဖြင့်ပြောဆိုလိုက်၏။

"မင်းသားလေးကလား....အခု မင်းသားလေးရဲ့အကြံပေးကိုရွေးချယ်မှာတဲ့လား"

အနက်ရောင်ဝတ်စုံနှင့်လူထံမှ ဟုတ်မှန်ကြောင်းအဖြေရသည်နှင့် ဒုန်ရွှယ်က သူ၏လက်သီးကိုတင်းတင်းဆုပ်ပြီး အရိုအသေပြုကာ ပြောဆိုလိုက်သည်။

"အကြံပေးနေရာအတွက်....ကျွန်တော် ဝင်ရောက်ယှဥ်ပြိုင်ချင်ပါတယ်"

Chapter 323

"စာရင်းသွင်းမှု ပြီးပြီ...ဒုတိယတန်းစားလူသစ်တွေက ငါနဲ့လိုက်ခဲ့....ကျန်တဲ့ တတိယတန်းစားလူသစ်တွေကတော့ မင်းတို့ရဲ့နေရာကို တစ်ခြားတစ်ယောက်လာပြီး စီစဥ်ပေးလိမ့်မယ်"

အနက်ရောင်ဝတ်စုံနှင့်လူက စိတ်ဝင်စားမှုမရှိသောလေသံဖြင့် အမိန့်ပေးလိုက်၏။

ဤနေရာတွင် လက်ရှိ၌ လူထောင်ပေါင်းများစွာရှိနေသော်လည်း လူအနည်းငယ်သာ ဒုတိယတန်းစားအဖြစ် အဆင့်သတ်မှတ်ခံရပြီး ကျန်သူများအားလုံးသည် တတိယတန်းစားများဖြစ်ကြသည်။

ပင်မယဇ်ပလ္လင်တမန်တော် ခေါ်ဆောင်လာခဲ့သည့် လူ၉၀အုပ်စုမှာပင်လျှင် ဒုန်ရွှယ်တစ်ယောက်သာ ဒုတိယတန်းစားအဖြစ် သတ်မှတ်ခြင်းခံရသည်။

"ငါက ဆေးဝါးတွေအသုံးပြုပြီး ဒါမှမဟုတ် လျှို့ဝှက်နည်းလမ်းတွေအသုံးပြုပြီး ခွန်အားတိုးတတ်အောင်လုပ်တတ်တဲ့ကောင်မျိုးနဲ့ အငြင်းမပွါးသင့်ဘူး"

ဒုန်ရွှယ်က ခါးသည်းစွာပြုံးပြီး သူ၏ခေါင်းကိုခါယမ်းလိုက်၏။

သူ၏ရည်မှန်းချက်သည် မင်းသား၏အကြံပေးဖြစ်လာရန်သာဖြစ်သည်။ မင်းသား၏အကြံပေးအဖြစ် ဒဏ္ဌါရီလာပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာရန်မှာ သူ့အတွက် မဖြစ်နိုင်သောအရာမဟုတ်ပေ။ သူ၏ရည်မှန်းချက်သည် ကောင်းကင်ဘုံထက်ပင်ကျော်လွန်ပေရာ သူ့ရှေ့၌ လုယွီသည် ပုရွတ်ဆိတ်တစ်ကောင်ထက်မပိုချေ။

လုယွီက လုရွှမ်အာကို သူ၏လက်မောင်းအတွင်း ပွေ့ဖက်ထားဆဲဖြစ်သည်ကိုကြည့်ပြီး ဒုန်ရွှယ်က အထင်အမြင်သေးနေလေ၏။

"ပျော်ရွှင်မှုနဲ့မိန်းမကိစ္စကို အသည်းအသန်ဖြစ်နေတဲ့ ဒီလိုနိမ့်ကျတဲ့ကောင်မျိုးက....အနာဂတ်မှာအောင်မြင်မှုရရှိမှာမဟုတ်ဘူး"

"ဒုတိယတန်းစားလူသစ်တွေ....ငါ့နောက်လိုက်ခဲ့"

ရုတ်တရက် လူအုပ်ကြီး၏အထက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

လူတိုင်းက လှည့်ကြည့်လိုက်ရာတွင် ကောင်းကင်ယံမှဆင်းသက်လာပြီး သူတို့၏ရှေ့၌ ထွက်ပေါ်လာသော အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်တစ်ယောက်အား တွေ့မြင်ကြရ၏။

"ကောင်းကင်သင်္ကေတနယ်ပယ် ထိပ်သီးကျွမ်းကျင်သူ"

လူတိုင်းက အံ့အားသင့်နေလေသည်။

ဤကဲ့သို့ အစွမ်းထက်သောလူတစ်ယောက်ပင်လျှင် မြေအောက်လောက၌ ဗိုလ်ချုပ်အဆင့်သာ ရှိနေပေ၏။

"အမြန်လှုပ်ရှားကြစမ်း....စစ်ပွဲက အရေးပေါ်ဖြစ်နေတာ...မနှောင့်နှေးစေနဲ့"

စစ်ဗိုလ်ချုပ်ကိုကြည့်ရသည်မှာ အလျှင်လိုနေပုံရပြီး ကျယ်လောင်စွာအော်ဟစ်နေလေသည်။ စစ်ဗိုလ်ချုပ် စကားပြောဆိုနေချိန်၌ သူ၏အသံ၌ အားကောင်းသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပါဝင်နေလေရာ ကြားရသောလူတိုင်း တုန်ရီသွားကြ၏။

"ဦးလေး ဖန်းလား...ကျွန်တော်က ဒုန်ရွှယ်လေ"

ဒုန်ရွှယ်၏မျက်လုံးများက ရုတ်တရက်လင်းလက်သွားလေ၏။

စစ်ဗိုလ်ချုပ် ဖန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး မေးမြန်းလိုက်သည်။

"မင်းက......"

ဒုန်ရွှယ်က ထပ်မံပြောဆိုလိုက်၏။

"ကျွန်တော်ရဲ့အဖေက ဒုန်လျန့်ချွမ်ပါ"

စစ်ဗိုလ်ချုပ်က ချက်ချင်းပင် အမှတ်ရသွားခဲ့သည်။

"မင်းက အကိုဒုန်ရဲ့သားလား"

ထို့နောက် စစ်ဗိုလ်ချုပ်က တစ်စုံတစ်ခုကိုတွေးတောမိပုံရပြီး ရယ်မောရင်းမှ ပြောဆိုလိုက်လေ၏။

"ငါ သိပြီ...မင်းက ငါ့အကိုဒုန်ရဲ့သားဖြစ်နေမှတော့...မင်းဘာမှစ်တ်မပူနဲ့...တိုက်ပွဲကွင်းပြင်ကိုသွားတဲ့အချိန်ကျရင် ငါ မင်းကိုဂရုစိုက်ပါ့မယ်"

ထိုမြင်ကွင်းကို နံဘေးမှကြည့်နေကြသောသူများသည် ဒုန်ရွှယ်အား မနာလိုအားကျမှုအပြည့်ဖြင့် ကြည့်ရှုနေကြ၏။

"ကောင်းပြီလေ...သွားကြရအောင်"

စစ်ဗိုလ်ချုပ်ဖန်းက လက်ဝှေ့ယမ်းလိုက်သည်။

ဒုန်ရွှယ်က ရုတ်တရက် စကားပြောဆိုလိုက်လေ၏။

"ဦးလေးဖန်း...ကျွန်တော်ကို အချိန်ခဏလောတ်ပေးနိုင်မလား...လူတစ်ယောက်ကို ကျွန်တော်က စကားနည်းနည်းလောတ်ပြောချင်လို့ပါ"

စစ်ဗိုလ်ချုပ်ဖန်း၏ခွင့်ပြုချက်ရသည်နှင့် ဒုန်ရွှယ်က လုယွီထံသို့ ချက်ချင်းသွားခဲ့သည်။

"ဘာလဲ"

လုယွီက သူ၏ခေါင်းကို အနည်းငယ်မော့၍ မေးမြန်းလိုက်၏။

ဒုန်ရွှယ်က စိတ်ကြီးဝင်နေသောလေသံဖြင့် ခေါင်းမော့ရင်ကော့၍ ပြောဆိုလေသည်။

"အခု ငါ မင်းကိုအခွင့်အရေးတစ်ခု ထပ်ပေးမယ်...ငါရှေ့မှာဒူးထောက်ပြီး ငါ့ကိုအရိုအသေသုံးကြိမ်ပေး...ပြီးတော့ မင်းလက်တစ်ဖက်ကို မင်းဟာမင်းရိုက်ချိုးလိုက်...အဲ့ဒါဆိုရင် ငါက မင်းကိုဒုန်မိသားစုကိုဝင်ခွင့်ပြုပြီး အဆင့်မြင့်အစေခံတစ်ယောက်ဖြစ်ခွင့်ပေးမယ်"

ဒုန်ရွှယ်က မောက်မာစွာဖြင့် ဆက်လက်ပြောဆိုနေလေ၏။

"မင်း ငါကိုကျေးဇူးတင်စရာမလိုဘူး....မင်းက ငါတို့ဒုန်မိသားစုအတွက် အလုပ်လုပ်ပြီး အကျိုးဆောင်ပေးမယ်ဆိုရင် အတိတ်ကအကြောင်းအရာတွေကို ငါခွင့်လွှက်ပေးမယ်"

ထို့နောက် ဒုန်ရွှယ်က လုယွီ၏လက်မောင်းကြားရှိ လုရွှမ်အာကို လက်ညှိုးညွှန်လိုက်သည်။

"ဒီမိန်းကလေးကို ငါကိုပေး...ငါမင်းကို အခွင့်အရေးပေးနေတာနော်...ငါရဲ့ဘေးမှာနေပြီး ငါရဲ့အစေခံလုပ်ပေး"

လုယွီက တည်ငြိမ်စွာဖြင့်သာ ပြန်လည်ပြောဆိုလိုက်လေ၏။

"မင်း သေချင်နေတာလား"

ဒုန်ရွှယ်က ဆွံအသွားပေ၏။ လုယွီက ဤကဲ့သို့တုံပြန်မည်ဟု သူ မျှော်လင့်ထားခြင်းမရှိပေ။

သူက စစ်ဗိုလ်ချုပ်၏အသိအမှတ်ပြုခြင်းခံထားရပြီး ဒုတိယတန်းစားအရည်အချင်းပြည့်မှီသူဖြစ်သည်။ မြေအောက်လောကနတ်ဆိုးဂိုဏ်း၌ နှစ်အနည်းငယ်အကြာကုန်ဆုံးပြီးချိန်တွင် သူ၏အနာဂတ်သည် တောက်ပနေမည်မှာ သေချာပေ၏။

ဒုန်ရွှယ်၏စိတ်နှလုံးသားအတွင်း၌ ဒေါသလှိုင်းများတလိမ့်လိမ့်တတ်လာခဲ့သည်။

"ကောင်းပြီ...သွားကြစို့"

စစ်ဗိုလ်ချုပ်၏အသံက ရုတ်တရက်ထွက်ပေါ်လာလေ၏။

ဒုန်ရွှယ်က မကျေမချမ်းပြောဆိုပြီး လုယွီအနားမှ ထွက်ခွါသွားတော့သည်။

"မင်းလို ပုရွတ်ဆိတ်ကောင်ကများ...မင်းနဲ့ငါကြား ကွာခြားချက်ကို မင်း အနှေးနဲ့အမြန်သိရလိမ့်မယ်"

စစ်ဗိုလ်ချုပ်၏ခေါ်သံကြောင့်သာမဟုတ်လျှင် ဒုန်ရွှယ်က ကိုယ့်အတိုင်းအတာကိုယ်မသိသော လုယွီကို သင်ခန်းစာကောင်းကောင်းပေးမည်ဖြစ်ပေ၏။

"ကောင်းပြီလေ...စစ်ပွဲပြီးသွားတာနဲ့...မင်း မြေပြင်ပေါ်မှာ ငါ့ကိုဒူးထောက်တောင်းပန်ပြီး အသနားခံရအောင်လုပ်ပြမယ်"

ဒုန်ရွှယ်က လုယွီအပေါ် မကျေနပ်ချက်ကို တေးမှတ်ထားလေ၏။ လုယွီက သူ့အား စော်ကားထားခြင်းကို သူ မည်သည့်အချိန်မျှ မေ့မည်မဟုတ်ပေ။

ဒုန်ရွှယ်နှင့် တစ်ခြားဒုတိယတန်းစား နတ်ဆိုးကျင့်ကြံသူများအား စစ်ဗိုလ်ချုပ်ဖန်းက ခေါ်ဆောင်သွားတော့သည်။

"မင်းတို့ တတိယတန်းစားအမှိုက်တွေ...ငါ့စီအခုလာခဲ့ကြစမ်း"

ကြမ်းတမ်းရိုင်းပျသောအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာလေ၏။

Chapter 324

စကားအော်ဟစ်ပြောဆိုလိုက်သူသည် မုတ်ဆိတ်မွှေးဗရပျစ်နှင့် ဖြစ်ကတတ်ဆန်းနေတတ်ပုံရသော ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ပေ၏။

ဤနေရာတွင် လူတစ်ထောင်ကျော်ခန့်ရှိသော်လည်း သူ၏အသံသည် အလွန်ကျယ်လောင်သဖြင့် မြေကွက်လပ်တစ်ခုလုံး ချက်ချင်းပင် ပဲ့တင်ထပ်ပျံနှံ့နေလေသည်။

"ငါတို့ကို ဘယ်သူက အမှိုက်လို့ခေါ်တာလဲ"

ငယ်ရွယ်သောနတ်ဆိုးကျင့်ကြံသူတစ်ယောက်က ဒေါသတကြီးမေးမြန်းလိုက်၏။

ကြီးကြပ်ရေးမှူး၏မျက်ချေးများပြည့်နှက်နေသော မျက်လုံးတစ်စုံသည် ထိုလူငယ်ပေါ်သို့ကျရောက်သွားသည်။ သူ မည်သို့လှုပ်ရှားသည်ကို မမြင်လိုက်ရဘဲ ရုတ်တရက် အနက်ရောင်အရိပ်တစ်ခု ရိပ်ခနဲဖြတ်သန်းသွားသည်ကိုသာ တွေ့မြင်ရ၏။

ရုတ်ချည်းဆိုသလိုပင် လူငယ်က မြေပြင်ပေါ်၌ ဒူးထောက်လျက်သားပုံကျနေပြီး အော်ဟစ်ငိုကြွေးနေလေသည်။

"ငါ...ငါ့ခြေထောက် ကျိုးသွားပြီ"

လူငယ်က စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။

ကြီးကြပ်ရေးမှူးက ခက်ထန်သောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်းက အမှိုက်ပဲလေ...မင်း လက်မခံနိုင်ဘူးမလား"

ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ လူများသည် ဖိအားတစ်ရပ်ကိုခံစားမိကြပြီး တုန်ရီနေကြ၏။ သူတို့က နတ်ဆိုးလမ်းကြောင်းကျင့်ကြံသူများဖြစ်သဖြင့် အမြဲတစေမောက်မာပြီး နိုင်လိုမင်းထက်ပြုမူခဲ့လေသည်။ သို့ရာတွင် အစစ်အမှန်ရက်စက်ကြမ်းကြုတ်သောသူ၏ ရှေ့မှောက်တွင်မူ သူတို့က နူးညံသောသိုးငယ်လေးများသာဖြစ်ပေသည်။

"ဘယ်ကောင်က ငါ့စကားကို လက်မခံချင်သေးလဲ...လက်မခံချင်တဲ့ကောင် ရှေ့ထွက်ခဲ့"

မည်သူထံကမျှ အသံထွက်မလာသဖြင့် ကြီးပြၽရေးမှူးက စိတ်ကျေနပ်သွားပြီးခေါင်းညိမ့်ပြကာ နတ်ဆိုးကျင့်ကြံသူများကိုဦးဆောင့်၍ မြို့စွန်တစ်နေရာသို့ ဦးတည်သွားလေ၏။

ဤမြို့ကြီးသည် အလွန်ကြီးမားသဖြင့် လမ်းမကြီးပေါ်၌ လူတစ်ထောင်ကျော်က အတူတကွလမ်းလျှောက်နေသည့်တိုင် ကျပ်တည်းပြီးလူစုလူဝေးဖြစ်နေပုံမပေါ်လွင်ချေ။

ဆင်းရဲသားရပ်ကွက်နှင့်တူသော နေရာတစ်ခုရှေ့အရောက်တွင်မူ ကြီးကြပ်ရေးမှူးက ရပ်တန့်လိုက်သည်။ ဤနေရာရှိအိမ်များသည်အလွန်သေးငယ်ပြီး အိမ်နံရံအများစုတွင် ဖုန်မှုန့်များထူထပ်စွာဖုံးလွှမ်းနေလေ၏။ တစ်ချို့အိမ်ခေါင်မိုးများဆိုလျှင် ပွင့်လန်နေပေသည်။

သေမျိုးများ၏အိမ်များပင်လျှင် ဤအိမ်များထက်ပို၍အဆင့်အတန်းရှိပြီး ယခုကဲ့သို့ကျိုးပဲ့ပျက်စီးနေမည်မဟုတ်ချေ။

"ရောက်ပြီ...ဒီနေရာက မင်းတို့နေရမယ့်နေရာပဲ"

ကြီးကြပ်ရေးမှူးက ပေါ့ပေါ့တန်တန် ပြောဆိုလိုက်သည်။

"ဘာ...ဒါက လူနေရမယ့် အိမ်လား"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်လေ၏။

ကြီးကြပ်ရေးမှူးက ထိုသူ၏ပြောစကားကို ဂရုစိုက်ပုံမရချေ၏

"မနေချင်ဘူးလား...မင်းထွက်သွားနိုင်တယ်....ဘယ်နေရာကိုလာပြီး သောက်ပေါတ်တတ်ကရတွေပြောနေတာလဲ"

"ဟမ့်....မြို့ထဲမှာ တည်းခိုခန်းသွားရှာကြရအောင်...ဒီနေရာမျိုးမှာတော့ ဘယ်လိုမှမနေနိုင်ဘူး"

နတ်ဆိုးကျင့်ကြံသူတစ်ချို့က နောက်လှည့်၍ ထွက်ခွါသွားတော့သည်။

ကြီးကြပ်ရေးမှူးက နောက်မှနေ၍ လှောင်ပြောင်သရော်နေလေ၏။

"ကောင်းတယ်....တစ်ကယ်လို့ မင်းတို့မှာစိတ်ဝိညာဥ်ကျောက်တုံးပေါများနေတယ်ဆိုရင် သွားကြပေါ့....ပင်မယဇ်ပလ္လင်က တည်းခိုခန်းတွေက မင်းတို့လိုကောင်တွေတည်းလို့ရမယ့်နေရာမျိုးမဟုတ်ဘူး....ငါသတိမပေးဘူးလို့တော့ အပြစ်မတင်ကြနဲ့"

"နောက်ထပ်ရက်အနည်းငယ်အကြာကျရင်...ငါမင်းတို့ကို တိုက်ပွဲကွင်းပြင်မှာ ရန်သူတွေကိုသတ်ဖြတ်ဖို့ လာရှာမယ်...တစ်ကယ်လို့ မင်းတို့ကတိုက်ခိုက်ရေးအောင်မြင်မှုတွေကို စုဆောင်းနိုင်မယ်ဆိုရင်...မင်းတို့က ပိုကောင်းတဲ့အိမ်တွေနဲ့ကျင့်စဥ်ကောင်းကောင်းတွေနဲ့ လဲလှယ်နိုင်မယ်"

ထို့နောက် ကြီးကြပ်ရေးမှူး၏ကျန်းချီတစ်လှိုင်း ပစ်လွှက်မှုနှင့်အတူ မြောက်များစွာသောတံဆိပ်ပြားများက လူတိုင်း၏လက်အတွင်းသို့ ကျရောက်လာခဲ့သည်။

လုယွီ၏လက်ပေါ်ရှိ တံဆိပ်ပြားသည် နံပါတ်နှစ်ရာ့တစ်ဖြစ်ပြီး 'လမ်းလျှောက်သူ'ဟူသော အဆင့်အတန်းကို ပြသထားသည်။

လမ်းလျှောက်သူသည် မြေအောက်လောကတွင် အနိမ့်ဆုံးအဆင့်တည်ရှိမှုဖြစ်ပြီး အစေခံများထက်သာလျှင် ပို၍သာပေ၏။

လုယွီက အိမ်များကိုတစ်ချက်ကြည့်ပြီး လှည့်၍ထွက်ခွါခဲ့တော့သည်။ ဤကဲ့သို့အိမ်မျိုး၌နေလျှင် သူ၏စွမ်းရည်များကို ဖုံးကွယ်ထားနိုင်စွမ်းရှိမည်မဟုတ်ပေ။ သူ၌ အရေးကြီးသောတာဝန်များရှိသည့်အပြင် သူ၏နံဘေးတွင်လည်း လုရွှမ်အာကရှိနေသေးသည်။

*****

နတ်ဆိုးဂိုဏ်း၏ပင်မယဇ်ပလ္လင်..တည်းခိုခန်း

"ခင်ဗျားတို့က တစ်ညတည်းခိုဖို့အတွက် ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်ထောင်တောင် လိုချင်တယ်ပေါ့..ဘာလို့ ခင်ဗျားတို့ဓားမြထွက်မတိုက်ကြတာလဲ"

နတ်ဆိုးကျင့်ကြံသူတစ်စု၏မျက်နှာသည် နီမြန်းနေပြီး လူတစ်ချို့နှင့်ငြင်းခုန်နေကြ၏။

ဆိုင်ပိုင်ရှင်က အံ့အားသင့်တုန်လှုပ်သွားပုံမရဘူး စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့ နေချင်နေ...မနေချင်နေ...ငါ့တည်းခိုခန်းက စျေးကြီးတယ်...ဆင်းရဲတဲ့ သနားစရာကောင်တွေ....မြန်မြန်ထွက်သွားကြစမ်း"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အပြုံးနှင့်အတူ မေးမြန်းလိုက်လေ၏။

"ဆိုင်ရှင်...ဒီနေရာမှာ စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကျသင့်မယ့် အခန်းမျိုးရောမရှိဘူးလား"

ဆိုင်ပိုင်ရှင်၏မျက်လုံးများ လင်းလက်တောက်ပသွား၏။

"ရှိတာပေါ့ အဲ့ဒီလိုအခန်းမျိုး....မင်း လိုချင်လို့လား"

တည်းခိုခန်းမှထွက်ခွါရန်ပြင်ဆင်နေကြသည့် လူများသည် အပျော်လွန်သွားကြသည်။

"ကောင်းပြီ....ကျုပ်တို့ အဲ့အခန်းယူမယ်"

ဆိုင်ပိုင်ရှင်က သရော်တော်တော်မျက်နှာပေးနှင့် မြင်းဇောင်းကိုညွှန်ပြလိုက်သည်။

"အဲ့ဒီနေရာပဲ....အဲ့ဒီနေရာမှာ ကောက်ရိုးဖျာငယ်လေးတွေရှိတယ်....ငါရဲ့မြင်းတွေကို မထိခိုက်စေဖို့တော့ အာရုံစိုက်ကြ"

နတ်ဆိုးကျင့်ကြံသူများသည် ဒေါသတကြီးဖြစ်သွားလေ၏။

"ခင်ဗျားက ကျုပ်တို့ကိုအရှက်ခွဲရဲတယ်ပေါ့...ကျုပ် ခင်ဗျားကိုသတ်ပစ်မယ်"

ဆိုင်အကူတစ်ယောက်က ကြောက်ရွံခြင်းမရှိဘဲ ဝင်ရောက်ပြောဆိုလိုက်သည်။

"မင်းတို့ တိုက်ခိုက်ရဲလား...မင်းတို့ ယုံချင်ယုံ မယုံချင်နေ...ဥပဒေခန်းမကလူတွေက ချက်ချင်းလာပြီး မင်းတို့ကိုသတ်ပစ်လိမ့်မယ်....မြို့တော်ထဲမှာ အခွင့်မရှိဘဲလူသတ်တာက သေဒဏ်ပေးလို့ရတဲ့ အပြစ်ကြီးတစ်ခုပဲ"

နတ်ဆိုးကျင့်ကြံသူများ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး အမြှီးကုပ်၍ တည်းခိုခန်းအတွင်းမှ ထွက်သွားကြတော့သည်။

ဆိုင်ပိုင်ရှင်က သူတို့ကို အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်ရှုနေပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

"ဟမ့်....ခွေးမသားတွေ....ဒီနေရာကိုလာပြီး သူတို့ကိုယ်သူတို့ အရှက်ရအောင်လုပ်နေကြတာ"

ထိုသို့ပြောဆိုပြီး သူက တည်းခိုခန်းနောက်အတွင်းသို့ ဝင်သွားလေ၏။

ထိုအချိန်မှာပင် လုယွီက တည်းခိုခန်းအတွင်းသို့ ဝင်ရောက်လာခြင်းကို ဆိုင်အကူက မြင်တွေ့မိလေ၏။

"မြင်းဇောင်းလိုချင်တာလား...စိတ်ဝိညာဥ်ကျောက်တုံးသုံးရာ...လျှော့စျေးမရှိဘူး"

ဆိုင်အကူ တဲ့တိုးပင်ပြောဆိုလိုက်သည်။

Chapter 325

"ထိပ်တန်း အခန်းတစ်ခန်းပေး"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

လုယွီ၏လက်မောင်းကြားမှ လုရွှမ်အာကို မြင်သော ဆိုင်အကူ၏မျက်လုံးများက တောက်ပသွားလေသည်။

"ဒါဆို မင်းကအဖော်ခေါ်လာတာပေါ့...ဒီလိုလုပ်ကြရအောင်...တစ်ကယ်လို့ ဒီမိန်းကလေးကို ငါစီပေးရင်....ငါက စိတ်ဝိညာဥ်ကျောက်တုံးသုံးရာပဲယူပြီး မင်းအတွက် မီးဖိုခန်းမှာနေဖို့ စီစဥ်ပေးမယ်"

ဆိုင်အကူက ဆိုးညစ်သည့်အပြုံးဖြင့် ပြောဆိုနေခဲ့သည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ငါပြောတာ မကြားဘူးလား"

ဆိုင်အကူက အပြုံးမပျက်ဘဲ ထပ်မံပြောဆိုလိုက်လေ၏။

"မင်းကလား....မင်းလိုကောင်က ထိပ်တန်းအဆင့်အခန်းကို လိုချင်တာလား"

ဆိုင်အကူက လုရွှမ်အာကို မီးဝင်းဝင်းတောက်နေသောအကြည့်ဖြင့် ထပ်မံကြည့်ရှုလိုက်သည်။

"ဒီလိုလုပ်ရင်ရော...မင်းရဲ့မိန်းကလေးကို ငါကိုတစ်ညပဲပေး...ငါ မင်းကို စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာနဲ့ မီးဖိုခန်းပေးမယ်လေ...အဆင်ပြေလား"

ဆိုင်အကူက မောက်မာပုံဖြင့် ဆက်လက်ပြောကြားနေလေ၏။

"ဒီမြို့မှာ ညမထွက်ရအချိန်သတ်မှတ်ထားတာ မင်းအသိဘူးလား...မင်းက လျှောက်သွားနေမယ်ဆိုရင် ဥပဒေခန်းမကလူတွေက လာပြီးဖမ်းဆီးကြလိမ့်မယ်....အဲ့ဒီအချိန်ကျမှ မင်း အော်ငိုပြဖို့တောင် နေရာမရှိဘဲနေမယ်"

လုယွီက တည်ငြိမ်စွာဖြင့်သာ တုံပြန်ပြောဆိုလိုက်သည်။

"မင်းပြောလို့ ပြီးပြီလား"

သို့သော် ဆိုင်အကူက လုယွီ၏စကားကိုမကြားသကဲ့သို့ လုရွှမ်အာကိုဖမ်းဆွဲရန် သူ၏လက်ကိုလှမ်းလိုက်၏။

ဆိုင်အကူ၏လက်က လုရွှမ်အာကိုထိတွေ့ခါနီးတွင် လုယွီက သူကိုကန်ထုတ်လိုက်လေသည်။

"အား...."

ဆိုင်အကူသည် စူးစူးဝါးဝါးအော်ဟစ်ပြီး ကောင်တာခုံနှင့် အပြင်းအထန်ရိုက်ခတ်မိတော့သည်။

"ဒီနေရာမှာ ဘယ်ကောင်ပြဿနာလာရှာနေတာလဲ"

ဆိုင်ပိုင်ရှင်က အလွန်ဒေါသထွက်နေပုံဖြင့် အပြေးအလွှားရောက်ရှိလာခဲ့၏။

ဆိုင်အကူသည် အလွန်နာကျင်နေပုံဖြင့် သူ၏ဝမ်းဗိုက်ကိူဖိနှိပ်ထားလေသည်။ သူက လုယွီကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။

"ဒီခွေးမသားက ကျွန်တော်ကိုရိုက်တာ"

"မိတ်ဆွေ...မင်းလုပ်တာ အရမ်းလွန်တယ်မထင်ဘူးလား"

ဆိုင်ပိုင်ရှင်၏မျက်နှာသည် သုန်မှုန်နေပေ၏။ ဆိုင်အကူက လုယွီကို လူရမ်းကားတစ်ယောက်အဖြစ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

လုယွီက စိတ်မကြည်မသာဖြစ်နေသည်။ သူက ဤကိစ္စမျိုးလောတ်နှင့် အချိန်ဖြုန်းလိုစိတ်မရှိချေ။

"ကျုပ်အတွက် ထိပ်တန်းအခန်းတစ်ခန်းစီစဥ်ပေး...ဒါ့ပြင် ကျုပ် ဒီကောင်ကို ထပ်မမြင်ချင်တော့ဘူး"

လုယွီက သိုလှောင်အိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။

ဆိုင်အကူက လှောင်ပြောင်သရော်နေဆဲဖြစ်သည်။

"ဆင်းရဲမွဲတေနေတဲ့ သူတောင်းစားကောင်ကများ...ဒီနေရာကို မင်းဘာများထင်နေတာလဲ...မင်းက ငါ့ကိုရိုက်တယ်...ဒီနေ့ ငါ မင်းကိုအသက်ရှင်ရက် ထွက်သွားခွင့်မပြုနိုင်ဘူး"

"မင်း သောက်ပေါက်ပိတ်ထားစမ်း"

ဖြောင်း....

ဆိုင်ပိုင်ရှင်က ဆိုင်အကူကို ပြင်းပြင်းထန်ထန် ပါးပိတ်ရိုက်လိုက်၏။

ဆိုင်အကူက မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်တော့ချေ။

"ကျွန်တော်က မုန့်လန်ပါ...သခင်လေးအတွက် အကောင်းဆုံးအခန်းကိုစီစဥ်ပေးပါမယ်"

ဆိုင်ပိုင်ရှင်က လုယွီအား လေးလေးစားစားပြောဆိုနေလေသည်။ လုယွီ သာမာန်ကာလျှံကာ ပစ်ပေးသောသိုလှောင်အိတ်အတွင်းတွင် ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသုံးသန်းပါဝင်နေပေ၏။

ဤကဲ့သို့ စိတ်ဝိညာဥ်ကျောက်တုံးပမာဏကို ပစ်ပေးနိုင်သောသူမျိုးသည် ရန်စစော်ကားနိုင်သောလူစားမျိုးမဟုတ်ချေ။

"ဧည့်သည်...ကျေးဇူးပြုပြီးအထဲဝင်ပါ"

ဆိုင်ပိုင်ရှင်က လုယွီကို တည်းခိုခန်းထိပ်ဆုံးထပ်ရှိ ခမ်းနားသောအခန်းတစ်ခုအတွင်းသို့ တလေးတစားလိုက်လံပို့ဆောင်လေ၏။

"ဆိုင်ရှင်...ကျွန်တော်ကို ခွင့်လွှက်ပေးပါ"

ဆိုင်အကူသည် ဒူးထောက်ပြီးတောင်းပန်နေသည်။

သို့သော် ဆိုင်ပိုင်ရှင်က သူ့အားတစ်ချက်မျှပင်ကြည့်ရှုခြင်းမရှိဘဲ ဆိုင်ပြင်သို့နှင်ထုတ်လိုက်သည်။

​နတ်ဆိုးဂိုဏ်း၏ပင်မအခြေစိုက်စခန်းနေရာတွင် လူတစ်ယောက်က ပြင်ပသို့လွယ်လင့်တကူထွက်ခွါ၍ မရပေ။ ထိုသူ၏နားခိုရာအဆောက်အအုံကိုဆုံးရှုံးသွားပါက ညမထွက်ရအမိန့်ကြောင့် ဥပဒေခန်းမမှလူများ၏ဖမ်းဆီးခြင်းခံရပြီး ထောင်သွင်းအကျဥ်းချခံရပေမည်။

*****

တည်းခိုခန်း၏အခန်းအတွင်း၌...

လုယွီက အခန်းပတ်ဝန်းကျင်၌ ဝင်္ကပါတစ်ခုကိုခင်းကျင်းလိုက်သည်။ ထို့နောက် သူက လုရွှမ်အာ၏နဖူးကြားကို ညင်သာစွာတို့ထိလိုက်ရာတွင် သူမက ချက်ချင်းပင် နိုးလာလေ၏။

စစ်သင်္ဘောပေါ်တွင်ရှိနေသောအချိန်တုန်းက သူမကိုယ်သူမ တစ်ခုခုလုပ်မည်ကိုတားဆီးနိုင်ရန်အတွက် လုယွီက သူမအားမေ့မျောစေရန်ပြုလုပ်ထားခဲ့သည်။

လုရွှမ်အာက နိုးလာသည်နှင့် လုယွီကိုမြင်ချိန်တွင် ဒေါသထွက်သွားလေ၏။

"နင်က ငါရှေ့မှာ မတ်တတ်ရပ်နေရဲသေးတာလား"

လုရွှမ်အာက လုယွီထံအပြေးသွား၍ ရိုက်နှက်လိုက်သည်။

သို့သော် သူမ၏လက်သီးချက် လုယွီပေါ်ကျရောက်ချိန်တွင် အားပျော့ပြီး အစွမ်းမဲ့နေခြင်းကိုခံစားမိသည်။

"ဘယ်လိုလုပ်ပြီး....."

လုရွှမ်အာက အံ့အားသင့်တုန်လှုပ်သွားလေ၏။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"မင်း သတိလစ်နေတာ ရက်နည်းနည်းကြာသွားပြီလေ....အစားအရင်စားလိုက်"

လုယွီက သူ၏နံဘေးရှိ ဆိုင်ရှင်ပြင်ဆင်ပေးထားသောအစားအစာများကို လက်ညှိုးညွှန်ပြလိုက်လေ၏။

လုရွှမ်အာက လုယွီအား အေးစက်စက်ကြည့်နေလေသည်။

"နင် မစဥ်းစားနဲ့...ငါ သေသွားရင်တောင် နင်လိုနတ်ဆိုးကောင်ကျွေးတာကို တစ်လုတ်တောင်မစားဘူး"

လုယွီက ခေါင်းယမ်းပြပြီး ပြတင်းပေါတ်၏ပြင်ပကို ညွှန်ပြ၍ ပြောဆိုလိုက်သည်။

"အပြင်ကို တစ်ချက်ကြည့်လိုက်"

လုရွှမ်အာက တစ်ချက်ကြည့်ပြီး ချက်ချင်းပင်အော်ဟစ်လိုက်တော့၏။

"ဒါက......"

"ဒီနေရာက မြေအောက်လောကလေ...တစ်ကယ်လို့ မင်းအသက်ရှင်ချင်သေးတယ်ဆိုရင် ဒီနေရာမှာကောင်းကောင်းနေပြီး ဘယ်မှလျှောက်မသွားနဲ့"

လုယွီက သူမအား လေးလေးနက်နက်သတိပေးလိုက်သည်။

လုရွှမ်အာသည် အလွန်အမင်းဒေါသထွက်သွား၏။

"နင် ငါစီက ဘာလိုချင်လို့...ဒီနတ်ဆိုးဂိုဏ်းရဲ့အသိုက်ကိုခေါ်လာရတာလဲ"

ဂွီ....ဂွီ....

ထိုအချိန်မှာပင် လုရွှမ်အာ၏ဝမ်းဗိုက်မှ အသံများထွက်ပေါ်လာခဲ့သည်။

"အစားအရင်စား...မင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ပဲရှိသေးတယ်...တစ်ကယ်လို့ အချိန်အတော်ကြာ အစာမစားဘူးဆိုရင် မင်းသေသွားလိမ့်မယ်"

လုယွီက ပေါ့ပေါ့ပါးပါးသာ ပြောဆိုနေလေ၏။

All Chapters