← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 16-20 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 16-20 Ch. 336-340

Chapter 336

"ကောင်လေး....မင်း စကားကိုဘယ်လိုပြောလိုက်တာလဲ"

"သူတို့က စေတနာနဲ့ကူညီတာ...ဒါပေမယ့် မင်းကပေါက်ကရစကားတွေပြောနေတယ်....ခွေးပါးစပ်က လူစကားမထွက်ဘူးဆိုတာ ဒါမျိုးပဲ...လူအများကြီးသွားရင် မလုံခြုံဘူးဟုတ်လား...မင်းဟာမင်း တစ်ယောက်တည်းသာသွား"

"ဒီနေရာက ထွက်သွားစမ်း သောက်ကောင်လေး...ငါတို့ မင်းကို ထပ်ပြီးမမြင်ချင်တော့ဘူး"

သက်လက်ပိုင်းအရွယ်နတ်ဆိုးကျင့်ကြံသူက သူတို့အား ခေါ်ဆောင်မသွားမည်ကို စိုးရွံကြသဖြင့် သူတို့အားလုံးက လုယွီအား ဝိုင်း၍ကျိန်ဆဲနေကြ၏။

ရှို့သွမ်း၏မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခုရှိနေသည်။

"မိတ်ဆွေငယ်လေးက စကားအရမ်းများတာပဲ...ငါက တစ်ခြားသူတွေကို ကူညီချင်ရုံသက်သက်ပါ"

"ကျုပ် စကားကုန်ပြီ....နှုတ်ဆတ်ပါတယ်"

လုယွီက သူပြောသောစကားများကို ထိုလူများကမယုံကြည်ကြခြင်းကို တွေ့မြင်ရသဖြင့် စကားထပ်မံပြောရန်ကြံရွယ်ထားခြင်းမရှိတော့ချေ။

"ထွီ...မင်းပြောတာကို ဘယ်သူမှသောက်ဂရုမစိုက်ဘူးကွ"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်သည်။

"စီနီယာ...မြန်မြန်သွားရအောင်....အဲ့ဒီအလောင်းကောင်တွေ မကြာခင်ရောက်လာတော့မှာ"

ရှို့သွမ်းက ခေါင်းညိတ်ပြပြီး လုယွီ၏နောက်ကျောအား စိုက်ကြည့်နေလေသည်။ သူ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေ၏။

……

တောင်ကြားအတွင်း၌ လုယွီက သူ၏နံဘေးပတ်လည်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူပြီး ရှေ့သို့ဆက်လက်သွားနေခဲ့သည်။

အကယ်၍ လူတစ်ယောက်ကသာ အဝေးကနေကြည့်ရှုပါက လုယွီသွားလာနေသောလမ်းကြောင်းက အလွန်ထူးဆန်းနေခြင်းကို တွေ့မြင်ရပေမည်။ လုယွီက တိကျသောဦးတည်ချက်မရှိသကဲ့သို့ လမ်းကြောင်းကိုအကြိမ်များစွာတွန့်လိမ်လိုက် ပြန်လှည့်လိုက်ဖြင့် သွားနေလေသည်။

"နတ်ဆိုးစွမ်းအင်တွေက တောင်ကြားထဲကလာတာပေမယ့်...အဲ့ဒီနေရာက မူလရင်းမြစ်မဟုတ်ဘူး"

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှက်လိုက်သည်။ ယခုလက်ရှိချိန်တွင် သူက တောင်ကြားတစ်ခုလုံးအား စိတ်အာရုံဖြင့်စစ်ဆေးနိုင်ခဲ့သည်။

"ဒီနေရာမှာ အရှင်သခင်အဆင့်သွေးအလောင်းကောင်ကို မြှုပ်နှံထားမှာကို ငါ စိုးရိမ်မိတယ်"

ဤတောင်ကြားနှင့်သစ်ပင်ပန်းမန်များအားလုံးသည် သွေးအလောင်းကောင်မှဆင်းသက်လာခြင်းဖြစ်ပေ၏။ ယေဘုယျအားဖြင့် ဤကဲ့သို့နေရာမျိုးကို အကန့်အသတ်သောစကြာဝဠာအတွင်းတွင်မူ သွေးအလောင်းကောင်၏အန္တရာယ်နယ်မြေဟု ခေါ်ဆိုကြသည်။

သွေးအလောင်းကောင်များသည် ကောင်းကင်နှင့်မြေကြီး၏အနှစ်သာရများကိုစုပ်ယူကြသဖြင့် သူတို့သေဆုံးသွားချိန်တွင် သူတို့၏ခန္ဓာကိုယ်မှ အလွန်အံ့အားသင့်စရာကောင်းသောရတနာပစ္စည်းများကို ထုတ်လုပ်ပေးသည်။

ထိုရတနာပစ္စည်းများ၏တန်ဖိုးသည် အကန့်အသတ်မရှိပေ။ သို့ရာတွင် ထ်ုရတနာနှင့်ယှက်နွယ်သောအန္တရာယ်များမှာလည်း အဆုံးအစမရှိချေ။

တစ်ချို့ သွေးအလောင်းကောင်များသည် အလွန်အမင်းဥာဏ်ရည်မြင့်မားကြသဖြင့် သူတို့သေဆုံးသွားလျှင်ပင် ပြန်လည်ရှင်သန်နိုင်မည့်နည်းလမ်းကို ရှာဖွေထားကြ၏။

တစ်ချိန်တုန်းက အင်္သချေကောင်းကင်ဘုံမှ တာအိုသခင်တစ်ယောက်သည် သွေးအလောင်းကောင်၏အန္တရာယ်နယ်မြေအတွင်းသို့ဝင်ရောက်သွားခဲ့သည်။ ထိုတာအိုသခင်သည် သွေးအလောင်းကောင်ပြန်လည်ရှင်သန်နိုင်ရန်အတွက် ဝါးမြိုခြင်းကို ခံလိုက်ရ၏။

"အဲ့ဒီသွေးအလောင်းကောင်တွေမှာ သွေးအမြူတေရှိတယ်...တစ်ကယ်လို့ ငါ အဲဒါကိုဝါးမြိုနိုင်မယ်ဆိုရင် ငါရဲ့ကျင့်ကြံဆင့်က ခုန်ပျံကျော်လွှားပြီးတက်သွားနိုင်တယ်"

လုယွီ၏မျက်လုံးများ တောက်ပသွားလေသည်။

သူက မြေအောက်လောကနတ်ဆိုးဂိုဏ်းသို့ လာရသောအကြောင်းအရင်းမှာ တာဝန်ထမ်းဆောင်ရင်းနှင့် ကျင့်ကြံဆင့်အလျှင်အမြန်တိုးတတ်စေရန်ဖြစ်သည်။

အကယ်၍ သူ၏ကျင့်ကြံဆင့်သာတိုးတတ်နိုင်ခြေမရှိပါက သူ မြေအောက်လောကသို့လာမည်မဟုတ်ချေ။

လုယွီက နတ်ဆိုးစွမ်းအင်များထွက်ပေါ်လာသော လမ်းကြောင်းအတိုင်း လိုက်ပါသွားလေရာ အချိန်တခဏအကြာမှာပင် ကြီးမားသောလှိုဏ်ဂူကြီးတစ်လုံးကို တွေ့မြင်မိလေ၏။ လှိုဏ်ဂူ၏ပြင်ပတွင် တိုက်ခိုက်ထားသော အရိပ်အယောင်တစိုးတစိရှိနေသည်။

ဤနေရာပတ်လည်၌ အလောင်းကောင်ကျင့်ကြံသူအများအပြားသေဆုံးကာ ပြန့်ကျဲနေသည်။ သူတို့၏ခန္ဓာကိုယ်များအား မီးရှို့ခံထားရသကဲ့သို့ ညှော်နံများကလည်း ထွက်ပေါ်နေလေ၏။

တစ်စုံတစ်ယောက်က လှိုက်ဂူအတွင်းသို့ဝင်သွားသည်မှာ သိသာထင်ရှားပေ၏။

လုယွီက လှိုဏ်ဂူအတွင်းသို့ ခြေချခာနီး၌ လူတစ်ယောက်က သွေးရူးသွေးတန်းဖြင့် ပြေးထွက်လာခြင်းကို တွေ့မြင်မိသည်။

"သေကုန်ပြီ...သူတို့အားလုံးသေကုန်ကြပြီ"

ရူးသွပ်နေသောပုံဖြင့်လူကြီးက ယိုင်တိုင်တိုင်ဖြင့် လုယွီအားကျော်ဖြတ်ကာ ထွက်ပြေးသွားလေ၏။ သူက အလယ်ပိုင်းကုန်းမြေမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။ ထိုသူ၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်သံချပ်ကာဝတ်စုံသည် အလွန်အမင်းပျက်စီးထားခြင်းမရှိသော်လည်း သူကိုကြည့်ရသည်မှာ အရူးတစ်ယောက်နှင့်သာ တူညီနေသည်။

လုယွီက အာရုံစူးစိုက်၍ကြည့်လိုက်ရာတွင် ထိုသူ၏ခန္ဓာကိုယ်ပေါ်မှ သွေးအလောင်းကောင်၏အငွေ့အသက်ကို ရှာဖွေတွေ့ရှိမိလေ၏။

များသောအားဖြင့် သွေးအလောင်းကောင်များသေဆုံးမှသာ အန္တရာယ်နယ်မြေကဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုချိန်မှာမူ သွေးအလောင်းကောင်၏အရိပ်အငွေ့က လူတစ်ယောက်၏စိတ်အတွင်းအား သက်ရောက်မှုရှိနေသည်မှာ...ဖြစ်နိုင်ချေရှိသည်က ဤနေရာရှိသွေးအလောင်းကောင်သည် အသက်ရှင်သန်နေသလော.....။

လုယွီ၏စိတ်နှလုံးသားများ လေးလံသွားလေ၏။ အကယ်၍ သူကရှင်သန်ထမြောက်လာသော သွေးအလောင်းကောင်ဖြင့်သာ ရင်ဆိုင်တွေ့ရပါက သူ၏အတိတ်ဘဝတုန်းကဆိုလျှင် ရင်ဆိုင်တိုက်ခိုက်နိုင်ပေမည်။ သို့သော် ယခုလက်ရှိဘဝတွင်မူ သူသည်ယခုထိသေမျိုးတစ်ယောက်သာ ဖြစ်နေသေးသည်။

"နင်...ခဏစောင့်ပါဦး"

ခပ်သဲ့သဲ့အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာလေ၏။

လုယွီက ရပ်တန့်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ သူနှင့် မလှမ်းမကမ်းတစ်နေရာတွင် ဝိုးတိုးဝါးတားပုံရိပ်တစ်ခုထွက်ပေါ်နေလေ၏။

ထိုပုံရိပ်သည် အလွန်မှုန်ဝါးနေသော်လည်း လုယွီ ကြည့်နေရင်းကပင် တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာခဲ့သည်။

သူမက အလွန်ချောမောလှပသောအမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ဒဏ်ရါများစွာရှိနေလေ၏။ သူမကိုကြည့်ရပုံမှာ အလွန်သနားဖွယ်ကောင်းပေသည်။

"ကျွန်မက ဒီနေရာရဲ့အစောင့်အရှောက်ပါ...သူတို့က ကျွန်မကိုနာကျင်အောင် လုပ်ကြတယ်...သခင်လေး...နင် ငါကိုကူညီနိုင်မလား"

အမျိုးသမီးက လုယွီအား တီးတိုးပြောဆိုလိုက်လေသည်။

Chapter 337

လုယွီက သူမအား တည့်တည့်မတ်မတ်ကြည့်ရှုနေလေ၏။

"မင်းက ဒီနေရာက အစောင့်အရှောက်လား"

"ဒီနေရာမှာ ရတနာတွေရှိပေမယ့်...အရမ်းအစွမ်းထက်တဲ့တည်ရှိမှုတစ်ခုက အဲ့ဒီအထဲမှာရှိနေတယ်...လူတွေက လောဘကြီးပြီး အန္တရာယ်ကိုကျမသိကြဘူး...ကျွန်မကတားတော့ သူတို့က တိုက်ခိုက်ခဲ့ကြတယ်"

ထိုအမျိုးသမီး၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အော်ရာမျိုးကိုမျှမတွေ့ရှိရသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံနှင့် စစ်ဆေးကြည့်ချိန်တွင် အသက်ရှင်သန်မှုအရိပ်အယောင်ကိုလည်း မတွေ့ရှိရချေ။

သူမက လေထုကဲ့သို့မှန်းဆမရသူဖြစ်ပေ၏။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"မင်းက ငါကို ဘယ်လိုကူညီစေချင်တာလဲ"

အမျိုးသမီး၏မျက်နှာပေါ်၌ ရုတ်တရက် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ကျွန်မရဲ့နောက်ကျောမှာ အဆိပ်မိထားတယ်...ဒါပေမယ့် ကျွန်မလက်က မရောက်နိုင်ဘူး"

သူမ၏စကားဆုံးသည်နှင့် အမျိုးသမီးကရည်ရွယ်ထားပြီးပုံဖြင့် သူမ၏နူးညံပြီး ဖြူစင်ဝင်းပနေသော ကျောက်စိမ်းကဲ့သို့နောက်ကျောပြင်အား လှစ်ဟပြလေ၏။

လုယွီက အပြုံးဖြင့် ပြောဆိုလိုက်သည်။

"ကောင်းပြီလေ....ငါ မင်းကိုကူညီမယ်"

အမျိုးသမီးက အလွန်ပျော်ရွှင်သွားပုံဖြင့် သူမ၏ဝတ်ရုံကိုလျှောချပြီး မြေပြင်ပေါ်၌လှဲအိပ်ကာ လုယွီအား အဆိပ်ဖြေပေးရန် အကူအညီတောင်းလိုက်လေ၏။

သို့သော် လုယွီ၏လှုပ်ရှားမှုကို သူမ မြင်တွေ့ခြင်းမရှိပေ။

"သခင်လေး...နင်က...."

အမျိုးသမီးက သံသယဖြင့်နောက်လို့လှည့်ကြည့်လိုက်ရာတွင် လုယွီ၏လက်အတွင်းရှိ အဖြူရောင်အလင်းတန်းကို ရုတ်တရက်မြင်တွေ့မိသည်။

"ကွန်ဖြူးရှပ်ကျင့်ကြံသူလား"

အမျိုးသမီးက အံ့အားတသင့်ရေရွက်ပြီး နောက်သို့လှည့်ထွက်ပြေးလေ၏။

သို့ရာတွင် သူမလှည့်ထွက်စဥ်မှာပင် လက်တစ်ဖက်၏ဖမ်းဆုပ်ခြင်းခံရပြီး လုယွီ၏လက်ဝါးက သူမ၏ပါးပြင်ပေါ်သို့ကျရောက်လာခဲ့သည်။

ဖူး....

အမျိုးသမီးက သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး လွင့်စင်သွားကာ မာကျောသောကျောက်တုံးနံရံတစ်ခုနှင့် ဝင်ဆောင့်မိလေသည်။

အမျိုးသမီး၏မျက်နှာသည် ဖြတ်ရိုက်ခံရမှုကြောင့် သွေးများပေပွနေပြီး သူမ၏နူးညံသောအရည်ပြားပင်လျှင် အက်ကွဲရာများအပြည့်ဖြစ်နေသည်။

မူလက သူမ၏အလွန်ချောမောသောမျက်နှာလေးသည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ ရုပ်ဆိုးလာပြီး တစ္တေသရဲတစ်ကောင်နှင့်သာ တူညီနေပေ၏။

လုယွီက သူတော်စင်များ၏မန္တန်များကို ရွက်ဖတ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လေထုအတွင်း၌မျောလွင့်နေခဲ့သည်။ သူ၏အင်္ကျီလက်များကိုလည်း သမာဓိချီများက ဝန်းရံထားပေးရာ သူတော်စင်တစ်ပါးနှင့်ပင်တူညီနေပေသည်။

"ထွက်သွားစမ်း...မင်း နောက်တစ်ခါ ငါရှေ့မှာထပ်ပေါ်လာရဲရင် မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး"

လုယွီက အေးစက်စက်ပြောဆိုလိုက်၏။

အမျိုးသမီးသည် သူမ၏ခန္ဓာကိုယ်အား မီးလောင်ကျွမ်းနေသကဲ့သို့ခံစားရပြီး မြေပြင်ပေါ်၌လူးလိမ့်နေလေသည်။ သမာဓိချီများသည် နတ်ဆိုးကျင့်ကြံသူများအပေါ် များစွာအကျိုးသက်ရောက်မှုရှိပေသည်။

အမျိုးသမီးက လူးလိမ့်နေရာမှရုန်းကန်ထားပြီး အလျှင်အမြန်ထွက်ပြေးသွားတော့သည်။

ဤလှိုဏ်ဂူအတွင်းတွင် လူအမြောက်အများရောက်ရှိနှင့်ပြီးဖြစ်သည်။ လုယွီဝင်သွားချိန်တွင် တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်ရန် ရန်စောင်နေကြသော လူအုပ်စုနှစ်စုအားတွေ့မြင်မိလေ၏။

အုပ်စုတစ်စုသည် မြေအောက်လောကနတ်ဆိုးဂိုဏ်းမှဖြစ်ပြီး တစ်ခြားတစ်အုပ်စုသည် အလယ်ပိုင်းကုန်းမြေမှလူများဖြစ်ပေသည်။

လုယွီက မြေအောက်လောကနတ်ဆိုးဂိုဏ်းရှိရာဘက်ခြမ်းသို့ တ်တ်တဆိတ်သွားလိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးဂိုဏ်းမှတံဆိပ်ပြားရှိနေခြင်းကြောင့် မည်သူကမျှသူအားဂရုစိုက်မိခြင်းမရှိပေ။

လူအုပ်ကြီး၏ရှေ့၌ ကြီးမားသော အရိုးစုအပုံလိုက်ကြီး ရှိနေလေသည်။

ထ်ုအရိုးစုအပုံကြီးသည် လူသားများ၏ဦးခေါင်းခွံများဖြစ်ပြီး တောင်ငယ်တစ်လုံးမျှစုပုံထားခြင်းဖြစ်သည်။

အရိုးပုံနှင့်အဝေးတနေရာမှပင်လျှင် လူများအားတုန်ရီစေသော အစွမ်းထက်သောနတ်ဆိုးစွမ်းအင်များထွက်ပေါ်နေသည်ကို ခံစားနိုင်ပေသည်။

"နင် မသေသေးဘူးလား"

လုယွီ၏နားအတွင်းသို့ ရုတ်တရက် လုစွေ့ထင်း၏အသံဝင်ရောက်လာလေ၏။

လုစွေ့ထင်းက လုယွီအား အံ့အားတသင့်ကြည့်ရှုနေသည်။ သူမ၏အမြင်အရ လုယွီသည် အလောင်းကောင်များ၏လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီးနောက် အသက်ရှင်သန်နိုင်မည်မဟုတ်ဟု ခန့်မှန်းထားခဲ့သည်။

လုယွီက ခပ်သဲ့သဲ့ ပြောဆိုလိုက်၏။

"မင်းက ငါကို သေစေချင်နေတာလား"

"မဟုတ်ပါဘူး...နင်က ဒီနေ့ အသက်ရှင်နိုင်တာ တော်တော်ကံကောင်းတယ်လို့ ဆိုနိုင်တယ်"

လုစွေ့ထင်းက အပြုံးဖြင့် ပြောဆိုလိုက်သည်။

ဤနေရာ၌ လူတစ်ရာခန့်သာလျှင် အသက်ရှင်လျက် ကျန်ရှိနေပေ၏။ ယခင်တုန်းက တောင်ကြားအတွင်းဝင်လာခဲ့သော ကြီးမားသောစစ်တပ်ကြီးသည် ယခုအနည်းငယ်မျှသာ ကျန်ရှိတော့သည်။

လုစွေ့ထင်းက အရိုးစုနှင့်ဦးခေါင်းခွံအပုံလိုက်ကြီးရှိနေသောနေရာကို ညွှန်ပြပြီး ပြောဆိုလိုက်လေ၏။

"မင်း အဲ့ဒီတေါင်ကိုမြင်လား.....အဲ့ဒီအေါက်မှာက နတ်ဆိုးအရှင်သခင်အမိန့်ပေးလိုက်တဲ့ အရာတစ်ခုရှိတယ်...အရိုးတောင်ငယ်လေးထဲက နှလုံးသားကိုရှာဖွေပြီး နတ်ဆိုးနန်းတော်ကိုလွှဲပြောင်းပေးနိုင်တဲ့ ဘယ်သူမဆို ဆက်ခံသူအရှင်သခင်တစ်ယောက် တိုက်ရိုက်ဖြစ်သွားလိမ့်မယ်"

"ဒါက ငါ့ကို အရှင်သခင် ကိုယ်တိုင်ကိုယ်ကျ ပြောထားခဲ့တာ"

လုစွေ့ထင်း၏မျက်လုံးအတွင်း၌ ရိုသေလေးစားမှုများ ထင်ဟပ်နေသည်။

နှလုံးသားဟု ဆိုလိုက်သလော...

လုယွီက မေးမြန်းလိုက်သည်။

"အဲ့ဒါက ခြောက်သွေ့နေတဲ့နှလုံးသားလား"

"ဘယ်လို ဖြစ်နိုင်မှာလဲ....ရှင်သန်နေတဲ့ နှလုံးသားကပဲ အလုပ်ဖြစ်မှာပေါ့"

လုစွေ့ထင်းက တခစ်ခစ်ရယ်မောရင်း ပြောဆိုလိုက်လေ၏။

သူမက ဦးခေါင်းခွံပုံကြီးကိုညွှန်ပြပြီး ပြောဆိုလေသည်။

"အဲ့ဒီနှလုံးသားက မကြာခင် အပြည့်အဝနိုးထလာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် နတ်ဆိုးဂိုဏ်းနဲ့အလယ်ပိုင်းကုန်းမြေကဂိုဏ်းနှစ်ခုလုံးက ထွက်ပြီးလုယက်ကြလိမ့်မယ်"

"နင်က အဲ့ဒီလုယက်ပွဲကို ပါဝင်မပတ်သတ်ဘဲ ထောင့်တစ်နေရာမှာ ပုန်းအောင်းနေတာပိုကောင်းလိမ့်မယ်"

လုစွေ့ထင်းက အပြုံးနှင့်အတူ လုယွီအား အကြံပေးလိုက်လေ၏။

လုယွီက ရုတ်တရက် လေးနက်သောအသံဖြင့် ပြောဆိုလေသည်။

"မင်းကို ငါ အကြံတစ်ခုပေးမယ်...ဒီနေရာကနေ ဝေးနိုင်သမျှဝေးအောင် ချက်ချင်းထွက်ပြေးတော့"

Chapter 338

လုစွေ့ထင်းက လုယွီ၏ပြောစကားကို ယုံကြည်ပုံမရချေ။

"တကယ်လို့ နင်ကြောက်တယ်ဆိုရင်...နောက်မှာသွားပုန်းနေ...ငါ နင်ကို ပြက်ရယ်ပြုမှာမဟုတ်ဘူး"

လုယွီကမူ မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ နောက်သို့လှည့်၍ ထွက်ခွါခဲ့တော့သည်။

လုစွေ့ထင်းက လုယွီပြေးထွက်သွားသည်ကိုမြင်ချိန်တွင် သူမ၏မျက်လုံးအတွင်းမှ လှောင်ပြောင်သရော်လိုမှုများသည် ပို၍တောက်ပလာလေ၏။

"ဆရာသခင် ဘာတွေတွေးနေလဲဆိုတာ ငါတကယ်နားမလည်တော့ဘူး...ငကြောက်တစ်ကောင်ကိုများ ဒီနေရာကိုပို့လိုက်တယ်"

"တော်ပြီ...ခုတစ်ကြိမ် ငါ ဒီနှလုံးသားကို ရအောင်ဖမ်းယူနိုင်ရမယ်...ပြီးတာနဲ့ နတ်ဆိုးနန်းတော်ကို ငါက အောင်အောင်မြင်မြင်ဝင်ရောက်နိုင်ပြီ....အဲ့ဒါဆို ငါကိုကူညီဖို့ ဟိုအမှိုက်ကောင်ကိုလည်း မလိုအပ်တော့ဘူး"

လုစွေ့ထင်းက လုယွီအား အထင်အမြင်သေးစွာနှင့် ပြောဆိုနေခဲ့သည်။

အရိုးစုတောင်အတွင်း၌ နှလုံးသား ရှိနေမည်ကို သူမက ခန့်မှန်းမိပေ၏။

သို့ရာတွင် အရိုးစုတောင်အတွင်းမှ အနက်ရောင်အခိုးအငွေ့များ မည်သည့်အချိန်ကစ၍ထွက်ပေါ်နေခြင်းကိုမှု မည်သူမျှသတိမထားမိကြချေ။

အနက်ရောင်အခိုးအငွေ့များသည် အရိုးစုတောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ တစ်ချိန်တည်းမှာပင် အရိုးစုတောင်မှနေ၍ တစ္ဆေသရဲများ၏ ဆွဲဆွဲငင်ငင်ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာသည်။

မူလက တောင်ပုံရာပုံဖြစ်နေသော ဦးခေါင်းခွံများသည် ရုတ်တရက် ဖုန်မှုန့်များအဖြစ်သို့ ပြန့်ကျဲစပြုလာလေ၏။

ထိုဖုန်မှုန့်များမှနေ၍ ရှေးကျသောအမှတ်သင်္ကေတတစ်ခုသည် လေထုအတွင်း၌ မျောလွင့်နေလေသည်။

ဒုတ်...ဒုတ်....ဒုတ်...

ယခင်အရိုးစုတောင်နေရာမှ ခပ်သဲ့သဲ့အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

လုစွေ့ထင်းက အပျော်လွန်သွားပေ၏။

"ဗိုလ်ချုပ်....နှလုံးသားက ထွက်လာတော့မယ်"

ထိုအသံသည် နှလုံးခုန်သံနှင့်တူညီနေပြီး တစ်ချက်ခုန်တိုင်း လူတစ်ယောက်၏နှလုံးသားကို တူဖြင့်ရိုက်နှက်ခံရသကဲ့သို့ ခံစားမိစေသည်။

"အဲ့ဒီနေရာမှာ ဘာပုန်းအောင်းနေတာလဲ"

"ငါရဲ့ အမြူတေတောင်တုန်ခါနေတာကို ခံစားမိတယ်...ပြိုင်ဘက်ကင်းထိပ်သီးကျွမ်းကျင်သူတစ်ယောက်များ အဲ့ဒီနေရာမှာ ပုန်းအောင်းနေတာလား"

"မဖြစ်နိုင်ဘူး...မင်းကြည့်လိုက်...ဒီနေရာမှာထိပ်သီးကျွမ်းကျင်သူတွေအများကြီးရောက်နေတာ...ငါ ထင်တာတော့ ဒါက ရတနာတစ်ခုပဲဖြစ်ရမယ်"

လူတိုင်း၏နှလုံးခုန်နှုန်းများသည် တဖြည်းဖြည်း ပို၍မြန်လာခဲ့သည်။

ဤနှလုံးသား၏ဖြစ်စဥ်ကို နက်နက်ရှိုင်းရှိုင်းသိထားသူများ၏မျက်လုံးများမှာမူ တောက်ပနေပေ၏။

မြေအောက်လောကနတ်ဆိုးဂိုဏ်းမှလူများဖြစ်စေ အလယ်ပိုင်းကုန်းမြေမှ လူများဖြစ်စေ သူတို့အားလုံးက ဤနှလုံးသားကိုရှာဖွေနိုင်ရန် မြောက်မြားစွာရင်းနှီးထားရသည်။

လူအုပ်ကြီးအတွင်းမှ လုယွီက တိတ်တဆိတ်ထွက်ခွါသွားခြင်းကို မည်သူကမျှသတိမပြုမိကြချေ။

ခပ်သဲ့သဲ့နှလုံးခုန်သံကိုကြားချိန်တွင် လုယွီက သူ၏အရှိန်နှုန်းကိုမြှင့်တင်၍ အလျှင်အမြန်ထွက်ခွါလိုက်သည်။

"သွေးအလောင်းကောင်က ပြန်ရှင်သန်တော့မှာပဲ"

လုယွီက မျက်မှောင်ကြုတ်နေလေ၏။ သူက မှားယွင်းသောအချိန်တွင် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။

လုယွီ၏နတ်ဘုရားစိတ်အာရုံအရ ထိုသွေးအလောင်းကောင်းသည် အပြင်းအထန်ဒဏ်ရါရရှိထားသော်လည်း အလွန်အစွမ်းထက်သောတည်ရှိမှုကြီးဖြစ်သည်။

သွေးအလောင်းကောင်နိုးထလာချိန်တွင် ဤနေရာမှသက်ရှိအရာအားလုံးကို ဝါးမြိုပစ်ပေမည်။ ထိုအချိန်ကျလျှင် လူတိုင်း၏အသက်စွမ်းအင်နှင့်သွေး​စွမ်းအင်များကို သွေးအလောင်းကောင်က ဝါးမြိုပစ်ပြီး သူ၏မျိုးဆက်များဖြစ်လာပေမည်။

"သူရဲ့သွေးအမြူတေကို ထုတ်ယူပြီး ချက်ချင်းထွက်ခွါမယ်"

လုယွီ၏ခန္ဓာကိုယ် ဖျက်ခနဲလှုပ်ရှားသွားပြီး နေရာတစ်ခုသို့ ဦးတည်ထွက်ခွါလိုက်သည်။

ဤနေရာသည် သွေးအလောင်းကောင်များ၏အာရုံကို ဆွဲဆောင်နိုင်သောနေရာတစ်နေရာဖြစ်ပေ၏။

လူများသည် သွေးအလောင်းကောင်နှင့်လူသားမျိုးနွယ်များ တူညီပြီး သွေးအလောင်းကောင်တို့၏ခွန်အားသည် သူတို့၏နှလုံးသား၌သာ တည်ရှိသည်ဟု သိရှိထားကြသည်။

သို့သော် အရှင်သခင်သွေးအလောင်းကောင်သည် သာမာန်ထက်ထူးကဲပေသည်။ သူ၏စွမ်းအားများသည် သွေးအမြူတေမှလာခြင်းဖြစ်သည်။

သွေးအလောင်းကောင်များ၏ အစစ်အမှန်စွမ်းအားများ ထုတ်လွှက်ပြီးသည့်အချိန်မှ သွေးအမြူတေသည် နိုးထလာမည်ဖြစ်ပေ၏။

လုယွီက အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းပြီးချိန်ခန့် ပြေးလွှားပြီးနောက် နံရံတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူက ပြင်းထန်သောလက်သီးချက်ဖြင့် ထိုးနှက်လိုက်ရာတွင် နံရံပြိုလဲကျသွားလေ၏။ ထိုနံရံ၏နောက်တွင် ကျယ်ပြန့်သောနေရာလွတ်တစ်ခုရှိနေသည်။

ဤနေရာ၌ ယဇ်ပလ္လင်တစ်ခု ရှိနေလေ၏။ ယဇ်ပလ္လင်၏အနီးအနားတွင် လတ်ဆတ်သော အသွေးအသားများက အသက်ဝင်နေသကဲ့သို့ တဆတ်ဆတ်ခုန်နေသည်။

ဂလုတ်...ဂလုတ်....

ထိုအသွေးအသားများက တစတစ မြင့်တတ်လာပေရာ အလွန်အမင်းထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်း ဖြစ်ပေ၏။

ယခုနေရာ၌ လူတစ်ချို့လည်း မတ်တတ်ရပ်နေကြသည်။ လုယွီက ရှေ့တိုးကြည့်လိုက်ရာတွင် ထိုလူများအား မှတ်မိသွားခဲ့သည်။

ထိုလူကြီးက လုယွီနှင့်လမ်းခွဲလာခဲ့သော နတ်ဆိုးကျင့်ကြံသူရှို့သွမ်း ဖြစ်နေခဲ့သည်။ သူ၏နောက်ရှိ အမျိုးသားနှင့်အမျိုးသမီးကလည်း မတုန်မလှုပ်ရှိနေဆဲဖြစ်ပေ၏။

"ကောင်လေး...နင် ထွက်မသွားသေးဘူးလား...ဒီလေါတ်လျှို့ဝှက်တဲ့နေရာမျိုးကို မင်းဘယ်လိုရှာတွေ့တာလဲ"

အမျိုးသမီးကျင့်ကြံသူက ရယ်မောရင်း မေးမြန်းလိုက်သည်။

ရှို့သွမ်း၏မျက်လုံးများကမူ ခက်ထန်တင်းမာနေလေ၏။

"မင်း ဘယ်လိုအထဲဝင်လာတာလဲ"

လုယွီက ပေါ့ပေါ့ပါးပါးသာ အဖြေပေးလိုက်သည်။

"ကျုပ်က မရည်ရွယ်ဘဲ ရောက်လာခဲ့တာ"

"အဲ့ဒီကောင်လေးကို စိတ်ထဲထားမနေနဲ့....ရတနာကိုရရှိဖို့ ပိုအရေးကြီးတယ်"

ရှို့သွမ်း၏နောက်မှ အမျိုးသားကျင့်ကြံသူက ရုတ်တရက်လေးနက်သောလေသံဖြင့် ပြောဆိုလိုက်လေ၏။

Chapter 339

လူအုပ်ကြီးထံမှ အကြည့်များသည် ယဇ်ပလ္လင်ထံ၌သာ ကျရောက်နေကြ၏။

မြောက်များစွာသော အသွေးအသားများသည် ပြန့်ကျဲနေရာမှ အသက်ဝင်လာသကဲ့သို့ ယဇ်ပလ္လင်၏အလယ်ဗဟို၌ စုစည်းနေလေသည်။

ရုတ်တရက် ယဇ်ပလ္လင်ပေါ်ရှိ အသွေးအသားများက တုန်ရီလာလေ၏။ အသွေးအသားများသည် တဖြည်းဖြည်း စတင်ရောယှက်လာပြီး နောက်ဆုံး၌ ဧရာမမျက်လုံးကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုမျက်လုံးမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေလေရာ လူများအား မူးဝေခြင်းကို ခံစားမိစေသည်။

"ဒါက ရတနာတစ်ခုလား...ဘာလို့ အရမ်းထူးဆန်းနေသလို ငါခံစားနေရတာလဲ"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က နောက်ဆုတ်ရန် ဟန်ပြင်လိုက်သည်။

ရှို့သွမ်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်လေ၏။

"လူတိုင်းပဲ....ဒီနေရာက လျှို့ဝှက်နယ်မြေရဲ့ အစစ်အမှန်ဗဟိုချက်ပဲ...တစ်ကယ်လို့ တစ်ယောက်ယောက်က ယဇ်ပလ္လင်ကစွမ်းအားကို ရရှိခဲ့မယ်ဆိုရင်....အဲ့ဒီလူရဲ့ကျင့်ကြံဆင့်က အကြီးအမားမြင့်တက်ဖို့ဆိုတာ ပြဿနာတစ်ရပ်မဟုတ်တော့ဘူး"

ရှို့သွမ်းနောက်ရှိ အမျိုးသားကျင့်ကြံသူက သူ၏ခေါင်းကိုခါယမ်းပြီးပြောဆိုလိုက်သည်။

"တစ်ကယ်လို့ ဒီအရှင်သခင်ရဲ့စွမ်းအားသာ လုံလုံလောတ်လောတ်ရှိမယ်ဆိုရင်...အကူအညီတစ်ချို့ ဒီနေရာကိုခေါ်လာဖို့ စဥ်းစားမှာမဟုတိဘူး...ငါက ဘယ်လိုလုပ်ပြီး အကျိုးအမြတ်ကို တစ်ခြားသူတွေနဲ့မျှဝေဖို့ ဆန္ဒရှိမှာလဲ...ငါက ​နတ်ဆိုးဂိုဏ်းရဲ့တစ်ဆယ့်လေးယောက်မြောက်မင်းသားပဲ"

နတ်ဆိုးကျင့်ကြံသူများ၏မျက်လုံးများပြူးကျယ်ပြီး ကြက်သေသေနေကြသည်။

လုယွီက ထိုလူများ၏သရုပ်မှန်ကို ယခင်ကမသိရှိခဲ့သော်လည်း ယခုလက်ရှိချိန်၌ ပေါ်ထွက်လာခဲ့ပြီဖြစ်ပေ၏။

ထိုသူက မြေအောက်လောက နတ်ဆိုးဂိုဏ်း၏တစ်ဆယ့်လေးယောက်မြောက်မင်းသားဖြစ်ပေသည်။ နတ်ဆိုးဂိုဏ်းတွင် မျိုးဆက်များစွာရှိသည်။ သို့သော် နတ်ဆိုးဂိုဏ်းအရှင်သခင်မှ တိုက်ရိုက်ဆင်းသက်လာသောမျိုးဆက်ကိုသာ မင်းသားဘွဲ့နှင်းအပ်လေ၏။

"မင်းသားဆယ့်လေးက အရမ်းပွင့်လင်းတာပဲ...ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပေးပါ့မယ်"

နတ်ဆိုးကျင့်ကြံသူတစ်ချို့က ဟန်မဆောင်ထားသောလေသံဖြင့် ကတိပြုလိုက်ကြသည်။

ထို့နောက် နတ်ဆိုးကျင့်ကြံသူများက သွေးမျက်လုံးကြီးထံသို့ တိုက်ရိုက်ပင်ပျံသန်းသွားကြ၏။

လုယွီ၏လက်ချောင်းများ လှုပ်ခတ်နေပြီး သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်အား စစ်ဆေးနေလေသည်။

သွေးအလောင်းကောင်သည် အလွန်ပင်လိမ္မာပါးနပ်ပေ၏။ ဤနေရာသည် သူ ပုန်းအောင်းနေသောအစစ်အမှန်နေရာဖြစ်သော်လည်း သွေးအမြူတေကမူ အတုအယောင်သာဖြစ်သည်။

အစစ်အမှန်သွေးအမြူတေသည် ယဇ်ပလ္လင်၏အတွင်းတွင်ရှိပြီး အထက်တွင်မဟုတ်ချေ။

ထိုအချိန်တခဏတွင် သွေးမျက်လုံးကြီးက ရုတ်တရက်ပေါက်ကွဲပြီး အသွေးအသားများ ပြန့်ကျဲသွားလေသည်။ ထိုအသွေးအသားများသည် တဖြည်းဖြည်း နှလုံးတစ်ခုအသွင်ပြောင်းသွားပြီး ခပ်သဲ့သဲ့ခုန်လာခဲ့သည်။

"ဒါက နတ်ဆိုးနန်းတော်က လိုချင်နေတဲ့ နှလုံးသားလား"

"ဒါက အမှန်တကယ်ပဲ...အရိုးစုပုံကြီးရှိတဲ့နေရာမှာ နှလုံးသားက ရှိမနေဘဲ ဒီနေရာမှာရှိနေတာပါလား"

"ဒါက လောကရဲ့ရတနာတစ်ခုဖြစ်တာသေချာတယ်...ဒီနှလုံးသားကိုသာ နတ်ဆိုးနန်းတော်ကို ပေးအပ်နိုင်ရင် အနာဂတ်မှာ နတ်ဆိုးဂိုဏ်းက ပဲ့နင်းရာထူးထိရရှိနိုင်တယ်"

နတ်ဆိုးကျင့်ကြံသူများ၏နှလုံးသားများသည် သာမာန်မဟုတ်သောစွန့်စားမှုမျိုးကို ကြုံတွေ့ရမည်ဖြစ်သဖြင့် ခုန်ပေါတ်နေကြသည်။

"လူတိုင်းပဲ...ငါတို့ အတူတကွကြိုးစားပြီး နှလုံးသားကို ယူကြရအောင်"

မင်းသားဆယ့်လေးက အော်ဟစ်ကြုံးဝါးလိုက်၏။

သူ၏စကားကိုကြားသည်နှင့် နတ်ဆိုးကျင့်ကြံသူများအားလုံး ချက်ချင်းပင် နှလုံးသားထံသို့ ပြေးဝင်သွားကြသည်။

သို့ရာတွင် သူတို့က မင်းသားဆယ့်လေး လှုပ်ရှားခြင်းမရှိသည်ကို သတိမပြုမိကြချေ။

နတ်ဆိုးကျင့်ကြံသူများသည် လေထုအတွင်းရှိ နှလုံးသားရှိရာထံသို့ ပျံသန်းသွားနေကြ၏။ သူတို့အနက်မှနတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ခြေလှမ်းနည်းစနစ်ကို အထူးလေ့ကျင့်ထားပုံရသည်။ သူက စပါးကြီးမြွေတစ်ကောင်အလား အလွန်လျှင်မြန်စွာဖြင့် ဖျက်ခနဲ နှလုံးသားထံသို့ရောက်ရှိသွားကာ လက်ဖြင့်ဖမ်းဆုပ်လိုက်လေ၏။

ဝှစ်

ထိုနှလုံးသားမှနေ၍ ရုတ်တရက် သွေးနက်ရောင်ဖားတစ်ကောင်ထွက်ပေါ်လာပြီး ချက်ချင်းပင် နတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

နတ်ဆိုးကျင့်ကြံသူသည် အချိန်တခဏကြာ တုန်ရီသွားပြီးနောက် ရယ်မောနေလေ၏။

"ဟား ဟား...ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်က တစ်ကယ်ကို တိုးတတ်သွားတာပဲ"

နှလုံးသားကို တစ်ချက်ထိတွေ့ရုံဖြင့် ထိုသူ၏ကျင့်ကြံဆင့် မြင့်တတ်သွားသလော...

ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိလူများ၏မျက်လုံးများ နီမြန်းလာပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

"ငါ့ကိုပေးစမ်း"

"အဲ့ဒီကိစ္စကို စဥ်းတောင်မစဥ်းစားနဲ့"

ယခုနေရာတွင်ရှိနေသော နတ်ဆိုးကျင့်ကြံသူများအားလုံးသည် နှလုံးသားကို အလုအယက်ဖမ်းယူနေကြ၏။

သို့သော် ထိုအချိန်မှာပင် နှလုံးသားကို ပထမဆုံးထိတွေ့လိုက်သော နတ်ဆိုးကျင့်ကြံသူသည် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

နတ်ဆိုးကျင့်ကြံသူ၏လက်အတွင်းရှိ နှလုံးသားမှ ရုတ်တရက် မရေမတွက်နိုင်သောသွေးကြောမျှင်များပေါ်ထွက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ထိုးဖောက်ဝင်ရောက်သွားလေ၏။

ဖူး...ဖူး....ဖူး...

ကျန်ရှိနေသော နတ်ဆိုးကျင့်ကြံသူများသည်လည်း သူတို့၏အကာအကွယ်ကျန်းချီအလွှာများ ကျိုးပျက်ကာ တစ်ယောက်ပြီးတစ်ယောက် သွေးကြောမျှင်များ၏ ထိုးဖောတ်ဝင်ရောက်ခြင်းကို ခံရတော့သည်။

"မကောင်းတော့ဘူး"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အခြေအနေတစ်ခုခုမှားယွင်းနေကြောင်းကို ခံစားမိသဖြင့် နောက်သို့လှည့်၍ ထွက်ပြေးတော့သည်။

သို့ရာတွင် နှလုံးသားက ပစ်မှတ်ကို ရှာဖွေတွေ့ရှိပြီးပုံရလေ၏။ ထိုနတ်ဆိုးကျင့်ကြံသူ၏ဦးခေါင်း လှည့်လိုက်သောအချိန်မှာပင် မြောက်များစွာသောသွေးကြောမျှင်များက သူ၏ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားလေ၏။

ထို့နောက် နတ်ဆိုးကျင့်ကြံသူများ၏ခန္ဓာကိုယ်များသည် သာမာန်မျက်လုံးဖြင့်မြင်ရသောအရှိန်ဖြင့် ခြောက်ကပ်သွားပေသည်။

နှလုံးသားမှခပ်သဲ့သဲ့အသံက ကြားနေရဆဲဖြစ်ပြီး ဤနေရာ၌ မတ်တတ်ရပ်နေခဲ့သော နတ်ဆိုးကျင့်ကြံသူများအားလုံး အရိုးစုအဖြစ်သို့ပြောင်းလဲသွားတော့သည်။

******

Chapter 340

နတ်ဆိုးကျင့်ကြံသူများအားလုံး သေဆုံးသွားသည်ကိုကြည့်ပြီး မင်းသားဆယ့်လေး၏သူငယ်အိမ်ကျုံဝင်သွားပြီး တခဏအကြာမှသာ ပုံမှန်ပြန်ဖြစ်သွားလေ၏။

"အရှင်မင်းသား...ဘာမှ စိုးရိမ်မနေပါနဲ့...ကျွန်တော်က ရှေးဟောင်းစာအုပ်တွေထဲမှာ ဒီနှလုံးသားရဲ့ဇစ်မြစ်ကို လေ့လာဆန်းစစ်ပြီးသားပါ...ဒါက အစွမ်းထက်နတ်ဆိုးတစ်ကောင်ရဲ့နှလုံးသားဖြစ်နိုင်တယ်...အဲ့ဒီနတ်ဆိုးက ပြန်လည်ရှင်သန်နိုင်ဖို့ လူတွေရဲ့အသွေးအသားကိုဝါးမြိုပြီး ပျိုးထောင်နေတာပါ"

ရှို့သွမ်းက အခိုင်အမာပင် ပြောဆိုနေလေ၏။

"သူတို့ရဲ့သေဆုံးခြင်းက စွန့်လွှက်အနစ်နာခံခြင်းနဲ့ညီမျှတယ်...ကျွန်တော်တို့ ဒီတစ်ကြိမ်မှာ စွန့်လွှက်အနစ်နာခံနိုင်တာနဲ့ အဲ့ဒီနှလုံးသားက စွမ်းအားတွေကိုရရှိနိုင်တယ်"

မင်းသားဆယ့်လေးက ရယ်မောလိုက်သည်။

"ကောင်းပြီလေ...ငါအရှင်က ဒီနှလုံးသားထဲက စွမ်းအားတွေကို ရပြီဆိုတာနဲ့ မင်းကိုဆုကြီးကြီးချီးမြှင့်မယ်"

မင်းသားဆယ့်လေးနောက်ရှိ အမျိုးသမီးကျင့်ကြံသူကမူ အံ့အားတသင့်မေးမြန်းလိုက်လေ၏။

"အရှင့်သား....ဒီနှလုံးသားကို နတ်ဆိုးနန်းတော်စီ မပေးအပ်ဘူးလား"

"ဘာ နှလုံးသားလဲ...အစစ်အမှန်နှလုံးသားကို ပဲ့နင်းက ရသွားပြီလေ...ငါတို့နဲ့ဘာမှမဆိုင်ဘူး မဟုတ်လား"

မင်းသားဆယ့်လေးက မေးမြန်းလိုက်သည်။

အမျိုးသမီးကျင့်ကြံသူသည် အချိန်တခဏကြာ ဆွံအသွားပြီးမှ ရုတ်တရက်နားလည်သဘောပေါတ်သွားလေ၏။ ထိုသူတို့အား အရိုးစုတောင်မှအတုအယောင်နှလုံးသားကို ယူဆောင်ခွင့်ပြုလိုက်လျှင် ပို၍ကောင်းမွန်ပေမည်။ မည်သည့်ကိစ္စများဖြစ်ပျက်သွားပါစေ နတ်ဆိုးနန်းတော်က မင်းသားဆယ့်လေးကို အပြစ်တင်နိုင်မည်မဟုတ်တော့ချေ။

ရှို့သွမ်းက ရုတ်တရက်ပြောဆိုလိုက်သည်။

"အရှင့်သား...လုံခြုံရေးအတွက်...ကျွန်တော်က အရင်သွားပြီး ကြိုးစားကြည့်ပါမယ်"

မင်းသားဆယ့်လေးက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ"

ရှို့သွမ်းက နှလုံးသားကို ဂရုတစိုက် ထိတွေ့လိုက်လေသည်။ ရုတ်ချည်းဆိုသလိုပင် နှလုံးသားမှ အနက်ရောင်အခိုးအငွေ့များထွက်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ရှို့သွမ်းက သက်ပြင်းတစ်ချက်ချပြီး သူ၏နဖူးပြင်မှ ရွှေရောင်သင်္ကေတနှစ်ခု ထွက်ပေါ်လာလေ၏။

သူက ကောင်းကင်သင်္ကေတနယ်ပယ် ကျင့်ကြံသူဖြစ်ပေသည်။

ထို့နောက် အချိန်တိုအတွင်းမှာပင် နဖူးပြင်ပေါ်ရှိ ရွှေရောင်သင်္ကေတနှစ်ခုသည် အလိုအလျောက်ကွဲထွက်သွားပြီး သင်္ကေတသုံးခု ဖြစ်ပေါ်သွားခဲ့သည်။

နှလုံးသားအား လက်ဖြင့်တစ်ကြိမ်ထိတွေ့မိရုံဖြင့် အမှန်တစ်ကယ်ကိုပင် ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ခုလုံး တိုးတတ်သွားပေ၏။

ဤကဲ့သို့ ဖြစ်စဥ်သည် အလွန်ထူးဆန်းအံသြဖွယ် ကောင်းလေသည်။

မင်းသားဆယ့်လေး၏မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"မြန်မြန်...အဲ့ဒါ ငါ့ကိုပေးတော့"

ရှို့သွမ်းသည် ထိုစကားကိုနာခံချင်ပုံမရသော်လည်း သူ၏လောဘကြီးမှုကိုချိုးနှိမ်ကာ နှလုံးသားကို တစ်ဆယ့်လေးယောက်မြောက်မင်းသား၏လက်အတွင်းသို့ပေးလိုက်သည်။

သူတို့ကဲ့သို့ ကျေးကျွန်များ၌ အထူးအမှတ်အသားများရှိလေ၏။

သခင်ဖြစ်သူ၏အမိန့်ကို မနာခံသည်ဖြစ်စေ သခင်ဖြစ်သူသေဆုံးသွားသည်ဖြစ်စေ ထိုအမှတ်အသားကပေါက်ကွဲပြီး သူ၏အသက်ဆုံးရှုံးသွားပေမည်။

မင်းသားဆယ့်လေး၏လက်အတွင်းသို့ နှလုံးသားရောက်ရှိလာသည်နှင့် ထိုနှလုံးသားမှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး သူ၏မျက်ခုံးနှစ်ခုကြားသို့ ကျဆင်းသွားလေ၏။

ထိုအခြင်းအရာကို လုယွီမှလွဲ၍ တစ်ခြားသူများက သိရှိခြင်းမရှိချေ။

"ဟား ဟား...ဒီအရါ....ဒီလိုရတနာမျိုးနဲ့ဆိုရင် အိမ်ရှေ့စံမင်းသားကိုတောင် ငါ ပြန်တိုက်ခိုက်နိုင်ပြီ"

မင်းသားဆယ့်လေးက ရုတ်တရက် ကျယ်လောင်စွာရယ်မောနေလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အော်ရာအရှိန်အဝါသည်လည်း ယခင်နှင့် အတော်ကွာခြားသွားပေသည်။

နံဘေးဘက်မှအမျိုးသမီးကျင့်ကြံသူက နူးညံညင်သာသောလေသံဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

"အရှင့်သား...ကျွန်မကိုလည်း အဲ့ဒီရတနာ တစ်ခါလောက်စမ်းသပ်ခွင့်ပြုပါလား"

"ကောင်းပြီလေ...ငါရဲ့ ချစ်မြတ်နိုးရတဲ့ ကြင်ယာတော်က နှစ်သက်နေမှတော့...ငါ မင်းကိုပေးမယ်"

မင်းသားဆယ့်လေးက နှလုံးသားကို လွှဲပြောင်းပေးအပ်လိုက်လေ၏။

အမျိုးသမီးကျင့်ကြံသူက အပျော်လွန်သွားပြီး လောဘအပြည့်ဖုံးလွှမ်းနေသောမျက်လုံးများဖြင့် နှလုံးသားကို ထိတွေ့လိုက်တော့သည်။

သူမက နှလုံးသားကို လက်လွှဲပေးမည်ကိုပင် မစောင့်ဆိုင်းနိုင်တော့ဘဲ တစ်ခြားသူများကဲ့သို့ သူမ၏ခွန်အားကို အလျှင်အမြန်တိုးတတ်စေလိုနေသည်။

ကံဆိုးစွာဖြင့် သူမက အချိန်အကြာကြီးစောင့်ဆိုင်းသည့်တိုင် ထိုနှလုံးသားမှနေ၍ မည်သည့်စွမ်းအားမျှ ထွက်ပေါ်လာခြင်းမရှိချေ။

"ဘာလို့လဲ....."

အမျိုးသမီးကျင့်ကြံသူက မေးမြန်းလိုသော်လည်း ရုတ်တရက် စူးရှရှနာကျင်မှုကို ခံစားလိုက်ရသည်။

သူမက ချောင်းတဟွက်ဟွက်ဆိုးပြီး သူမ၏ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာလေ၏။ အမျိုးသမီးကျင့်ကြံသူသည် သူမ၏လက်အတွင်းမှနှလုံးသားကို မယုံကြည်နိုင်မှုများဖြင့် ကြည့်ရှုနေမိသည်။

နှလုံးသားမှနေ၍ သွေးကြောမျှင်များထွက်ပေါ်လာပြီး အမျိုးသမီးကျင့်ကြံသူ၏ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်ကာ သူမအား အပြည့်အဝဝါးမြိုသွားတော့သည်။

သူမက အချိန်တိုအတွင်းမှာပင် အရိုးစုဖြစ်သွားခဲ့သည်။

မင်းသားဆယ့်လေးက သူ၏လက်ကိုဆန့်တန်းပြီး အမျိုးသမီးကျင့်ကြံသူ၏လက်အတွင်းမှ နှလုံးသားကိုဖမ်းယူလိုက်သည်။

"ငါအရှင်ပိုင်ဆိုင်တဲ့အရာက မင်းထိတွေ့ရမယ့်အရာမလို့လား"

မင်းသားဆယ့်လေးက အူလှိုက်သည်းလှိုက် ရယ်မောနေလေ၏။

All Chapters