← Chapters

အခန်း (၃၉၆-၄၀၀)

Vol. 21-25 Ch. 396-400

အခန်း (၃၉၆-၄၀၀)

Vol. 21-25 Ch. 396-400

Chapter 396

"မင်း...အဆိပ်မမိဘူးလား"

လောဝူတောက်သည် ထိတ်လန့်တုန်လှုပ်သွားလေ၏။

"ခင်ဗျားက ဒီနတ်ဆိုးအဆိပ်အကြောင်း ပြောချင်တာလား"

လုယွီ၏လက်ချောင်းထိပ်မှ အနက်ရောင်အခိုးအငွေ့များ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဟုန်း.....

ကောင်းကင်ဘုံအင်ပါယာ၏မူလအစစ်အမှန်မီးတောက်က လုယွီထံမှ ထွက်ပေါ်လာခဲ့ပြီးနောက် နတ်ဆိုးအဆိပ်များအားလုံး ပြာဖြစ်သွားသည်အထိ လောင်ကျွမ်းသွားစေသည်။

"နတ်ဆိုးအဆိပ်က အဝိုင်းကြီးနယ်ပယ်ရဲ့နဝမအဆင့်ကိုတောင်မှ သေစေနိုင်တယ်...ကောင်လေး...ငါ မင်း အဆိပ်မမိတာကို မယုံဘူး"

လောဝူတောက်က စူးစူးဝါးဝါးအော်ဟစ်ပြီး လုယွီခံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

လုယွီက တိမ်းရှောင်ခြင်းမရှိချေ။

လောဝူတောက်သည် အဝိုင်းကြီးနယ်ပယ်သို့ရောက်ရှိနေသည်မှာ ကြာမြင့်ပြီဖြစ်သောကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း လုယွီ၏ရှေ့၌မူ အရာမဝင်ပေ။

လုယွီက တစ်ချက်တွန်းလိုက်သည်နှင့် အတိုင်းအဆမရှိသည့်အင်အားတစ်ရပ်က လောဝူတောက်ကို ရိုက်ခတ်သွားပြီး သူ၏အရိုးများကျိုးပဲ့သွားလေ၏။

ဖြောက်....ဖြောက်...

လောဝူတောက်၏ခန္ဓာကိုယ်မှ မီးရှုးမီးပန်းပေါတ်ကွဲသံနှင့် တူညီသည့်အသံမျိုးထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးညှိုးနွမ်းနေပြီး မြေပြင်ပေါ်၌ ကွေးကောက်ကျနေကာ မူလကမောက်မာနေသည့်ပုံပန်းသွင်ပြင်လည်းမရှိတော့ချေ။

လုယွီက ရုတ်တရက်ပျံဝဲလာပြီး လောဝူတောက်၏ဒန်တျန်နေရာအား ကန်လိုက်သည်။

အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူသည် အလွန်သန်မာပေ၏။ သူ၏ဒန်တျန်နေရာအနီးတစ်ဝိုက်တွင် သင်္ကေတများစွာက တားဆီးကာကွယ်ပေးထားပြီး သိပ်သည်းမှုအရှိဆုံးနေရာဖြစ်သည်။

လုယွီ၏ခြေကန်ချက်ကြောင့် အက်ကွဲသံများထွက်ပေါ်လာပြီး လောဝူတောက်၏ဒန်တျန်ပေါ်ရှိအတားအဆီးများ ကျိုးပဲ့ပျက်စီးသွားတော့သည်။

"မင်းက ငါရဲ့ကျင့်ကြံမှုကို ဖျက်ဆီးရဲတယ်ပေါ့"

လောဝူတောက်သည် ရူးသွပ်နေသောနတ်ဆိုးတစ်ကောင်ကဲ့သို့ သွေးရူးသွေးတန်းအော်ဟစ်နေလေ၏။ သူအတွက် ကျင့်ကြံဆင့်နယ်ပယ်သည် လွန်စွာအရေးကြီးပေသည်။

သူ၌ ကျင့်ကြံခြင်းမရှိတော့လျှင် သူ၏ရန်သူဟောင်းများက တစ်ယောက်ပြီးတစ်ယောက်လက်စားလာချေကြမည်ဖြစ်ပေရာ သူ၏ကံကြမ္မာသည် အလွန်အမင်းစိတ်သောကရောက်ရပေမည်။

လောဝူတောက်၏ခြေထောက်များသည်လည်း အပြည့်အဝကျိုးပဲ့နေပြီး ​သူက မြေပြင်ပေါ်၌တွားသွားကာ လုယွီအားတစ်ချက်ကြည့်လိုက်၏။

လုယွီက ဆောင့်ကြောင့်ထိုင်နေရင်းမှ တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်လေသည်။

"ခင်ဗျားမှာ ဒီလိုမျိုးကိစ္စတွေလုပ်ဖို့ သတ္တိရှိမယ်လို့ ကျုပ် မထင်ဘူး...ခင်ဗျား နောက်မှာဘယ်သူရှိနေလဲ...ကျုပ် ကိုပြောပြ...ဒါဆိုရင် ကျုပ် ခင်ဗျားကို မြန်မြန်အဆုံးသတ်ပေးမယ်"

လောဝူတောက်၏မျက်နှာအယာသည် တွန့်လိမ်ရှုံတွနေရာမှ ရုတ်တရက် ရယ်မောလိုက်လေ၏။

"တစ်ကယ်လို့ မင်းက ငါကိုသတ်ပစ်ရင်တောင်မှ...ငါစီက ဘာသတင်းမှကြားဖို့ မမျှော်လင့်နဲ့"

"တော်တော်မာတဲ့ ကျောရိုးပဲ"

လုယွီက ခနဲ့တဲ့တဲ့ပြောဆိုပြီးနောက် သူ၏လက်ဖြင့် လောဝူတောက်၏ဦးခေါင်းပေါ်သို့ ဖိလိုက်သည်။

လောဝူတောက်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများပြူးကျယ်လာလေ၏။ ထို့နောက် လောဝူတောက်၏မျက်လုံးများမှ သွေးစီးကြောင်းများ စတင်ယိုစီးကျလာခဲ့သည်။

တစ်ချိန်တည်းမှာပင် လောဝူတောက်သည် စူးစူးရှရှအော်ဟစ်လိုက်သဖြင့် သူ၏အသံကိုကြားရသောလူများပင် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ တုန်ရီနေကြ၏။

လောဝူတောက်၏ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီးနောက် လုယွီ၏လက်မှ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

လုယွီက မျက်လုံးစုံမှိတ်ပြီး လောဝူတောက်၏မှတ်ဥာဏ်များအတွင်းသို့ စိတ်နှစ်မြှုပ်ထားလေ၏။ အချိန်တခဏကြာပြီးနောက် လုယွီက မျက်လုံးဖွင့်လိုက်ရာတွင် သူ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေသည်။

"အလယ်ပိုင်းကုန်းမြေကလူတွေက လက်တန်ဆန့်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီ၏စကားများတွင် ခက်ထန်တင်းမာမှုများစွန်းထင်းနေသည်။

လောဝူတောက်သည် ဤနေရာသို့ အလယ်ပိုင်းကုန်းမြေမှလူများက စေလွှက်ထားသူဖြစ်သည်။ အလယ်ပိုင်းကုန်းမြေ၏ထိပ်သီးစွမ်းအားစုသည် တာယွီနိုင်ငံတော်ဖြစ်ပေ၏။

တားမြစ်နယ်မြေအတွင်း၌ မြေအောက်လောကနတ်ဆိုးဂိုဏ်းနှင့်တိုက်ခိုက်ခဲ့သော ရွှေရောင်သံချပ်ကာဝတ်စစ်သားများသည် တာယွီနိုင်ငံတော်မှဖြစ်သည်။

ဤအချိန်မှာပင် တစ်ခြားလူရိပ်တစ်ရိပ်က ရုတ်တရက် ဝင်္ကပါအတားအဆီးထံသို့ ပြေးထွက်သွားခဲ့သည်။

ထိုလူရိပ်က ဖန်းယင် ဖြစ်ပေ၏။ သူက ပုန်းအောင်း၍ လုယွီအား ကြည့်ရှုနေခဲ့ခြင်းဖြစ်သည်။ လုယွီက လောဝူတောက်အား လွယ်လင့်တကူသတ်ဖြတ်နိုင်ခြင်းကိုမြင်ချိန်တွင် သူက တုန့်ဆိုင်းနေခြင်းမရှိတော့ချေ။ အကယ်၍ သူ လွတ်မြောက်လိုပါက ဤနေရာနှင့်ဝေးနိုင်သမျှဝေးဝေးသို့ပြေးသည်က အကောင်းဆုံးဖြစ်ပေမည်။

ဖန်းယင်က သေရမည်ကိုကြောက်ရွံသဖြင့် ခေါင်းအစခြေအဆုံး တုန်ရီနေခဲ့သည်။ ထိုအချိန်မှာပင် သူက လုယွီ၏မျက်နှာကို နောက်ဆုံး၌အမှတ်ရသွားခဲ့သည်။

ထိုကောင်လေးသည် ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သောနန်းတော်သခင်ကို သတ်ဖြတ်ခဲ့သူ မဟုတ်ပေလော...။

ဤအချိန်မှသာလျှင် လုယွီ၏ရက်စက်သောနည်းလမ်းများကို သူက ကွက်ကွက်ကွင်းကွင်း အမှတ်ရလာခဲ့သည်။

ထို့ပြင် ယခုလက်ရှိချိန်တွင် လုယွီက အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူကိုပင် အင်အားစိုက်ထုတ်ခြင်းမပြုဘဲ သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်လေ၏။

"ခင်ဗျား ဘယ်သွားမလို့လဲ"

လုယွီ၏အသံက ရုတ်တရက် ဖန်းယင်၏နောက်မှ ထွက်ပေါ်လာခဲ့သည်။

Chapter 397

လုယွီ၏အသံကိုကြားမိချိန်တွင် ဖန်းယင်၏ဆံပင်များ ထောင်ထသွားလေ၏။ မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ သူက တစ်ခြားနေရာတစ်ခုသို့ တည့်တည့်မတ်မတ်ထွက်ပြေးလိုက်တော့သည်။

"ခင်ဗျားမှာ လွတ်မြောက်ဖို့အခွင့်အရေးရှိတယ်လို့ ထင်နေတာလား"

လုယွီ၏အသံလှိုင်းက ဖန်းယင်၏နောက်ကျောမှနေ၍ ထပ်မံတိုက်ခတ်လာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ လုယွီ၏အသံသည် ပို၍ကြည်လင်ပြတ်သားလာပေ၏။

ဖန်းယင်က ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

"ကောင်လေး...အရမ်းလွန်မလာနဲ့နော်...ငါ ဘယ်သုကိုသတ်မထားဘူး"

သူ၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် ဝင်္ကပါ၏အစွန်းဘက်သို့ ရောက်ရှိသွားခဲ့သည်။

"ဟား ဟား...ကောင်စုတ်လေး...မင်းလည်း အဆိပ်မိနေတဲ့အသွေးအသားတွေကြားမှာပဲ နေခဲ့တော့"

ဖန်းယင်၏မျက်နှာပေါ်တွင် ရုတ်တရက်ကြမ်းကြုတ်ရက်စက်သောအပြုံးမျိုး ပေါ်ထွက်လာခဲ့သည်။

ဖန်းယင်က ဝင်္ကပါအတွင်းမှ ချက်ချင်းပင် အပြင်သို့ထွက်လိုက်သည်။

ထောင်ချောက်ဝင်္ကပါနံဘေး၌မတ်တတ်ရပ်နေသည့် ဆရာသခင်လို့၏လက်ဝါးအတွင်းမှ အစိမ်းရင့်ရောင်အဆိပ်ငွေ့များ မျောလွင့်ထွက်ပေါ်လာခဲ့သည်။

"သွားစမ်း"

ဆရာသခင်လို့က သူ၏လက်ချောင်းများကို ထောင်ချောက်ဝင်္ကပါထံသို့ ဦးတည်၍လှုပ်ခတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အစိမ်းရင့်ရောင်အခိုးအငွေ့များက စတင်ပျံနှံ့လာပြီး တခဏအကြာမှာပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပျံနှံ့သွားတော့သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အစိမ်းရင့်ရောင့်အဆိပ်ငွေ့များသည် မြေကွက်လပ်အတွင်းရှိနေရာတိုင်းအား လွှမ်းခြုံသွားလေ၏။

"မင်းတို့ရဲ့အသက်ရှုနှုန်းကိုထိန်းပြီး စုစည်းထားကြ"

အကြီးအကဲတစ်ယောက်က အော်ဟစ်သတိပေးလိုက်၏။

ဆရာသခင်လို့က ကျယ်လောင်စွာရယ်မောနေလေ၏။

"မင်းတို့က နတ်ဆိုးအဆိပ်နဲ့ပတ်သတ်ပြီး နားလည်မှုလွဲတာတစ်ချို့ရှိနေပုံပဲ...မင်းတို့ ဝင်္ကပါထဲမှာ ဘယ်လောတ်ကြာကြာအသက်ရှုနှုန်းထိန်းထားနိုင်မှာမို့လို့လဲ...မင်းတို့က နတ်ဆိုးအဆိပ်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး...မင်းတို့ရဲ့အသွေးအသားတွေထဲ နတ်ဆိုးအဆိပ်စိမ့်ဝင်သွားတဲ့အခါကျရင်...မင်းတို့ ငါကိုဒူးထောက်ပြီးအသနားခံရင်တောင်မှ အသုံးမဝင်တော့ဘူး"

လုဝမ်ရှင်း၏မျက်နှာသည် အေးစက်တင်းမာနေလေသည်။

"ငါ အမှတ်ရပြီ....နင်ရဲ့အရာရာတိုင်းကို ငါ ဘယ်တုန်းကမှမသိခဲ့ရဘူး"

ဆရာသခင်လို့၏အဆင့်အတန်းသည် သမင်ဖြူကျောင်းတော်တွင် မြင့်မားနေရခြင်းမှာ လုဝမ်ရှင်း၏အရေးပေးမှုနှင့်မြှောက်စားထားမှုများကြောင့်ဖြစ်သည်။ သို့သော် ယခုလက်ရှိချိန်တွင်မူ ဆရာသခင်လို့သည် လုဝမ်ရှင်းအား သစ္စာဖောတ်ခဲ့သည်။

ဆရာသခင်လို့၏မျက်နှာသည် ပို၍ပင်ကြမ်းကြုတ်ရက်စက်ပုံပေါ်လာပြီး သူက ပြောဆိုလိုက်၏။

"ဟုတ်တယ်...ငါ မင်းရဲ့သောက်သုံးမကျတဲ့ကျောင်းသားတွေနဲ့ အချိန်အကြာကြီးရောထွေးပတ်သတ်ခဲ့ရတယ်...တစ်ကယ်လို့ ငါသာ သမင်ဖြူကျောင်းတော်ကိုထိန်းချုပ်နိုင်မယ်ဆိုရင် မင်းထက်ပိုပြီး စိတ်ဝိညာဥ်ကျောက်တုံးတွေရှာနိုင်မှာ သေချာတယ်"

ဆရာသခင်လို့က ရုတ်တရက်တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏မျက်နှာအမူအယာသည် ပို၍ပို၍သုန်မှုန်သွားလေသည်။

"မင်းရဲ့ ရတနာစံအိမ်လို့ခေါ်တဲ့နေရာကို ကြည့်ကြည့်အုံး...အဲ့ဒီနေရာမှာ အဖိုးတန်ရှားပါးတဲ့ရတနာတွေ အများကြီးရှိပေမယ့် သူတို့ကိုရအောင်ယူနိုင်ဖို့လိုအပ်သေးတယ်...အဲ့ဒီပစ္စည်းတွေအားလုံးကိုထုတ်ပြီး ငါကိုပေးလိုက်တာက ပိုကောင်းလိမ့်မယ်"

သူက အဆိပ်ငွေ့များကို ထောင်ချောက်ဝင်္ကပါအတွင်းသို့ ဆက်လက်ထည့်သွင်းနေရင်းမှ ပြောဆိုလိုက်သည်။

"ဘာမှစိုးရိမ်မနေနဲ့....မင်း သေသွားတဲ့အချိန်ကျရင် ငါက မင်းအစားသမင်ဖြူကျောင်းတော်ကိုပြန်သွားပြီးတော့ ရတနာစံအိမ်ကို ထိန်းချုပ်ပေးထားမယ်"

"ပြီးတော့ ထိပ်သီးဂိုဏ်းလို့ခေါ်နေကြတဲ့ဂိုဏ်းကလူတွေရောပဲ...မင်းတို့သေသွားတဲ့အခါကျရင် ငါက မင်းတို့ဂိုဏ်းတွေကို လက်လွှဲယူပြီးထိန်းချုပ်ပေးမယ်...ဟား ဟား ဟား"

ဆရာသခင်လို့၏မျက်လုံးများက လောဘများဖြင့် ဝင်းဝင်းတောက်နေလေ၏။ သူ၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်မထားနိုင်တော့သဖြင့် သူက စတင်၍ကခုန်နေတော့သည်။

"ခင်ဗျားလား....ဒီလို စုတ်ပြတ်သတ်နေတဲ့ထောင်ချောက်ဝင်္ကပါနဲ့ ကျုပ်ကိုချောင်ပိတ်ထားနိုင်မယ်လို့ ခင်ဗျားတွေးထားတာလား"

လုယွီက ထောင်ချောက်ဝင်္ကပါ၏အစွန်းဘက်သို့ လျှောက်လာပြီး ပြောဆိုလိုက်၏။

ဆရာသခင်လို့က အသိစိတ်ပြန်ဝင်လာသော်လည်း သူက လုယွီ၏စကားများကြောင့် ထိတ်ထိတ်ပျာပျာဖြစ်မသွားချေ။ သူက သရော်တော်တော်ပင် လုယွီအား ပြောဆိုနေလေ၏။

"ကောင်လေး...မင်း ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာရောသိလား...တစ်ကယ်လို့ မင်းမှာ ငါကိုရိုက်နှက်နိုင်မယ့်စွမ်းရည်မျိုးရှိတယ်ဆိုရင် ဒီနေရာကိုလာခဲ့စမ်းပါ"

ဆရာသခင်လို့က အမှန်တကယ်ပင် ရူးသွပ်နေလေပြီ။ သူ၏ပုံမှန် တည်ကြည်လေးနက်ပြီး ဂုဏ်သိက္ခာရှိသည့် ပုံပန်းသွင်ပြင်ပင်ပျောက်ဆုံးသွားပြီး စိတ်မနှံ့သည့်လူတစ်ယောက်ကဲ့သို့ အဆက်မပြတ်ရယ်မောနေပေ၏။

သမင်ဖြူကျောင်းတော်ရဲ့ဝမ်ပေါင်ရတနာခြံဝန်း...

ထိုက်ယွမ်ဂိုဏ်း၏ ခရမ်းရောင်ဆည်းဆာတောင်...

သူ၏တစ်သက်လုံး ချမ်းသာကြွယ်ဝတော့မည်ဖြစ်ပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံး၌ မည်သူကမျှ သူ့အားယှဥ်ပြိုင်နိုင်တော့မည်မဟုတ်ချေ။

"ငါ သေမျိုးဘဝမှာရှိကတည်းက ငါအမှန်တရားတစ်ခုကို သိနားလည်ခဲ့တယ်...ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ချမ်းသာကြွယ်ဝမှုဆိုတဲ့စကားလုံးအောက်က မလွတ်မြောက်နိုင်ဘူး"

ဆရာသခင်လို့က ဆက်လက်ပြောဆိုနေပြန်သည်။

"တစ်ကယ်လို့ ငါမှာသာ စိတ်ဝိညာဥ်ကျောက်တုံးတွေအများကြီးရှိမယ်ဆိုရင်....ငါကို ကာကွယ်ပေးဖို့ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေကိုဌားရမ်းနိုင်လိမ့်မယ်....ငါက အင်မော်တယ်မဟာမိတ်ရဲ့ခေါင်းဆောင်တောင်မှ ဖြစ်လာနိုင်တယ်...မင်းတို့က စာအုပ်ကြီးအတိုင်း ရှေးရိုးစွဲလုပ်လွန်းတယ်...ငါ ဘာတွေတွေးတောနေလဲဆိုတာ မင်းတို့ နားလည်မှာမဟုတ်ဘူး"

ဆရာသခင်လို့က ကူကယ်ရာမဲ့ပုံဖြင့် သူ၏ခေါင်းကိုခါယမ်းနေလေသည်။

"အဲ့ဒီလိုလား...ကျုပ်က ခင်ဗျားကို တစ်ကယ်လျှော့တွက်ခဲ့မိတာပဲ"

လုယွီ၏အေးစက်စက်အသံက ဆရာသခင်လို့၏နောက်မှ ထွက်ပေါ်လာလေ၏။

Chapter 398

"သေချာတာပေါ့...မင်းတို့ ငါရဲ့အတွေးတွေကိုနားလည်နိုင်မှာမဟုတ်ဘူး"

ဆရာသခင်လို့က သူကိုယ်သူ ပြန်လည်စကားပြောဆိုနေသကဲ့သို့ ရေရွတ်နေလေသည်။

ရုတ်တရက် သူက ဆွံအသွားလေ၏။

ထို့နောက် ဆရာသခင်လို့က လုယွီကို ထိတ်လန့်တကြားလက်ညှိုးထိုးပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"မင်း....မင်း ဘယ်လိုလုပ်ပြီး အပြင်ထွက်လာတာလဲ"

လုယွီက သူ သတိမပြုမိခင်အချိန်မှာပင် သူ၏နောက်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

"ခင်ဗျားက ကျုပ် ခင်ဗျားစီလာပြီး ရိုက်နှက်ဖို့ တောင်းဆိုခဲ့တယ်မဟုတ်ဘူးလား"

လုယွီက ရုတ်တရက် ဆရာသခင်လို့၏မျက်နှာအား ပါးပိတ်ရိုက်လိုက်၏။

ဆရာသခင်လို့က လေထုအတွင်း ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျလာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူက အလွန်နာကျင်စွာ ခံစားနေရပုံပေါ်လွင်နေသည်။

ပတ်ဝန်းကျင်ရှိမြေပြင်သည် ငလျှင်လုပ်သွားသကဲ့သို့ မြောက်များစွာသောအက်ကွဲကြောင်းများအဖြစ် ကွဲအက်သွားလေ၏။ ပြင်းထန်သောအင်အားတစ်ရပ်က ဆရာသခင်လို့၏အရွတ်အကြောများနှင့်အရိုးများကို ကျိုးပဲ့သွားစေသည်။

"ခင်ဗျားက သမင်ဖြူကျောင်းတော်မှာ အဆင့်အတန်းမြင့်မြင့်မားမားရထားပြီးသား...ကျုပ်ရဲ့အဒေါ်က ခင်ဗျားကို ဂရုစိုက်ဆတ်ဆံခဲ့တယ်....ခင်ဗျားက ဒါတွေကို ပြန်ပေးဆပ်ဖို့မသိတတ်ဘဲနဲ့...နောက်ကျောကိုဓားနဲ့ထိုးဝံ့တယ်ပေါ့"

လုယွီ၏အသံသည် ပို၍ပို၍ ကျယ်လောင်လာလေ၏။

ဆရာသခင်လို့သည် လုယွီ၏အသံကိုကြားရချိန်တိုင်း၌ သူ၏အနီးတွင်မိုးကြိုးပစ်ချလိုက်သကဲ့သို့ နားကွဲလုမတတ်ခံစားနေရသည်။ သူ၏မျက်နှာသည် ရောင်ကိုင်းနေသော်လည်း သူ၏အံ့အားသင့်တုန်လှုပ်နေသောအကြည့်များကိုမူ ဖုံးကွယ်မထားနိုင်ချေ။

"ငါက ပြိုင်ဘက်ကင်းဝင်္ကပါကို ခင်းကျင်းထားတာလေ...မင်း ဘယ်လိုလုပ်ပြီး ထွက်လာနိုင်တာလဲ"

ဆရာသခင်လို့က ထိတ်လန့်တကြား အော်ဟစ်နေလေ၏။

"ဒီလို သောက်သုံးမကျတဲ့ ဝင်္ကပါအခင်းအကျင်းက ခင်ဗျားတတ်နိုင်တဲ့ အစွမ်းကုန်လား"

လုယွီက အေးစက်စက်အော်ငေါက်ပြီး ထောင်ချောက်ဝင်္ကပါဘက်သို့ မျက်နှာမူလိုက်သည်။

လုယွီ ကြည့်နေသောနေရာသည် တစ်ခြားအတားအဆီးနေရာများနှင့် ကွဲပြားခြားနားခြင်းမရှိချေ။ သို့ရာတွင် လုယွီက တို့ထိလိုက်သည်နှင့် ထိုအတားအဆီးနေရာက ကျိုးပျက်သွားခဲ့သည်။

မူလက အလွန်ကျစ်လျစ်သိပ်သည်းသော ဝင်္ကပါကြီးသည် လေတစ်ချက်အဝှေ့တွင် ပြိုကျပျက်စီးသွားတော့သည်။

"ဝင်္ကပါ ကျိုးပျက်သွားပြီ"

"အဆိပ်ငွေ့တွေက စပြီးပျံနှံ့နေပြီ...လူတိုင်းပဲ...ဒီနေရာက မြန်မြန်ထွက်သွားကြ"

ကျင့်ကြံသူများသည် အလွန်ပျော်ရွှင်သွားကြပြီး ဝင်္ကပါအတွင်းမှ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွါလိုက်ကြလေ၏။

တစ်ချို့ကျင့်ကြံသူများကမူ သူတို့၏မိတ်ဆွေများကို ကူညီနေကြသဖြင့် မြေကွက်လပ်အတွင်း၌ ရှိနေကြသည်။

ဆရာသခင်လို့၏စိတ်ဝိညာဥ်သည် ထိုဝင်္ကပါနှင့် ချိတ်ဆတ်ထားခြင်းဖြစ်သည်။ ဝင်္ကပါပြိုလဲသွားသည်နှင့် ဆရာသခင်လို့သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဆတ်ခနဲတုန်လှုပ်သွားပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။

လုယွီက ဆရာသခင်လို့ကို လည်ပင်းမှဖမ်းဆွဲပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"ခင်ဗျားအပြင် တာယွီနိုင်ငံတော်နဲ့ပူးပေါင်းထားတာ ဘယ်သူရှိသေးလဲ"

"ဟား ဟား ဟား ဟား ဟား"

ဆရာသခင်လို့က အူလှိုက်သည်းလှိုက်ရယ်မောနေလေ၏။ သူက လုယွီကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောဆိုလိုက်သည်။

"မင်း ဘယ်တော့...ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး"

ဘုန်း....

ဆရာသခင်လို့က ရုတ်တရက် အပြင်းအထန်တုန်ရီသွားပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွန့်လိမ်ရှုံတွကာ ပုံပျက်သွားတော့သည်။

သူ၏မူလပုံပန်းသွင်ပြင်သည် ဝဖြိုးသူသာဖြစ်သော်လည်း ယခုချိန်တွင် သူ၏ခန္ဓာကိုယ်သည် စက်ဝိုင်းပုံလုံးဝန်းနေလေ၏။

ဆရာသခင်လို့၏ခန္ဓာကိုယ်အနီးတစ်ဝိုက်တွင် အနက်ရောင်လေပြင်းများက အဆတ်မပြတ်စုဝေးလာကြသည်။ တစ်ချိန်တည်းမှာပင် ဆရာသခင်လို့၏နောက်၌ ကြီးမားသောပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ထွက်ပေါ်လာချိန်တွင် ဆရာသခင်လို့၏အနီးပတ်ဝန်းကျင်မှလူများသည် ဖိနှိပ်နိုင်သောအင်အားတစ်ရပ်ကြောင့် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ ဒူးထောက်၍အရိုအသေပြုလိုက်ကြရ၏။

မည်မျှအစွမ်းထက်သော ကျင့်ကြံသူဖြစ်ပါစေ...ထိုပုံရိပ်၏ရှေ့တွင် သူတို့၌ တောင့်ခံနိုင်စွမ်းမရှိဘဲ အစွမ်းအစမဲ့သွားသကဲ့သို့ခံစားနေရသည်။

"ငါက...တာယွီနိုင်ငံတော်ရဲ့လောရှားဟော်ပဲ"

ပုံရိပ်ကြီးက ပါးစပ်ဖွင့်ဟလိုက်သည်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အော်ရာတစ်ရပ်ပါဝင်သည့်အသံ ထွက်ပေါ်လာလေ၏။

ဖိအားလှိုင်းများက လုယွီပေါ်သို့ လူတစ်ယောက်ပေါ်တောင်တစ်လုံးဖိချလိုက်သကဲ့သို့ ကျရောက်လာခဲ့သည်။

လုယွီက မျက်မှောင်ကြုတ်ပြီး လေးနက်သောလေသံဖြင့်ပြောဆိုလိုက်၏။

"တာအို ဒုတိယအဆင့်ကျင့်ကြံသူလား"

"ငါကိုအရှုံးပေးရင် မင်းအသက်ကိုချမ်းသာပေးမယ်"

ပုံရိပ်ကြီးက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်လေသည်။

"တာယွီနိုင်ငံတော်ကလူတွေက လက်တန်ရှည်လှချည်လား"

လုယွီ၏နံဘေးမှ လျှို့ဝှက်ဆန်းကြယ်သောအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

လူများက လှည့်ကြည့်လိုက်ရာတွင် ကွန်ဖြူးရှပ်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က ရုတ်တရက်ရှေ့ထွက်လာခြင်းကို တွေ့မြင်ကြရသည်။

သူက မှော်လက်နက်ကိုထိန်းချုပ်စီးနင်းထားခြင်းမရှိသော်လည်း သူ ခြေတစ်လှမ်းလှမ်းလိုက်စဥ်တိုင်းတွင် သူ၏ခြေဖဝါးအောက်၌ ကြာပွင့်တစ်ပွင့်ရှိနေလေ၏။

"သခင်ကြီး ဝေ့...ရှင် နောက်ဆုံးတော့ ဒီနေရာကို ရောက်လာပြီပေါ့"

လုဝမ်ရှင်းက အံ့အားတသင့်ပြောဆိုလိုက်သည်။

Chapter 399

ကွန်ဖြူးရှပ်ဝတ်စုံဖြင့်သခင်ကြီးဝေ့အား ကြည့်ရသည်မှာ အလွန်သွက်လက်ပေါ့ပါးနေပေသည်။

ပုံရိပ်ကြီးသည် လွှမ်းမိုးချုပ်ကိုင်နိုင်သောအော်ရာတစ်ရပ်ကို ထုတ်လွှက်ထားခဲ့ရာ လူတိုင်းက သူတို့၏နှလုံးသားအားခဲဆွဲထားသကဲ့သို့ လေးလံသောခံစားချက်မျိုးကို ခံစားနေရသည်။

သို့သော် သခင်ကြီးလို့ ထွက်ပေါ်လာသည့်အချိန်တခဏတွင် ပတ်ဝန်းကျင်ရှိဖိအားအော်ရာသည် ရုတ်တရက် များစွာလျော့နည်းသွားပေ၏။

"သခင်မလေး...ကျွန်တော် အချိန်မှီရောက်လာတယ်မဟုတ်ဘူးလား"

သခင်ကြီးဝေ့က သူ၏ခေါက်ယပ်တောင်ကို ခါယမ်းနေရင်းမှ လုဝမ်ရှင်းအားအပြုံးနှင့် ပြောဆိုလိုက်သည်။

ပုံရိပ်ကြီး၏မျက်စိသူငယ်အိမ်သည် သခင်ကြီးဝေ့ ထွက်ပေါ်လာခြင်းကိုမြင်ချိန်တွင် ကျဥ်းမြောင်းသွားလေ၏။

"မင်းက တောင်ပိုင်းစွန့်ပစ်ကုန်းမြေကလူမဟုတ်ဘူး...မင်း ဘယ်သူလဲ"

ပုံရိပ်ကြီးက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

သခင်ကြီးဝေ့က ခေါက်ယပ်တောင်ကိုပိတ်ပြီး ပုံရိပ်ကြီးအားကြည့်ကာ လေးနက်သောလေသံဖြင့် ပြောဆိုလိုက်တော့သည်။

"မင်းတို့ တာယွီနိုင်ငံတော်ကမင်းသား ဒီနေရာကိုရောက်နေတယ်ဆိုရင်တော့ ငါက မျက်နှာသာနည်းနည်းပေးချင်ပေးဦးမယ်...ဒါပေမယ့် မင်းလို တတိယတန်းစားမှုးမတ်လောတ်က ငါရှေ့မှာလာပြီး အော်ငေါက်ဝံ့တာလား"

"အတင့်ရဲလှချည်လား"

ပုံရိပ်ကြီးက အော်ငေါက်ပြီးနောက် သူ၏အနီးပတ်ဝန်းကျင်ရှိ ဖိအားအော်ရာသည် ​အဆပေါင်းများစွာ ကြောက်ခမန်းလိလိတိုးမြင့်လာခဲ့သည်။

ဤသည်က မမြင်နိုင်သောဖိအားတစ်ရပ်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိလေထုအား ညှစ်ထုတ်လိုက်သကဲ့သို့ လေဟာနယ်က စတင်၍တွန့်လိမ်လာလေ၏။

"ပြယုဂ်နယ်ပယ်ကျင့်ကြံသူအဆင့်လောတ်နဲ့...တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို ထိပါးဝံ့တယ်ပေါ့"

သခင်ကြီးဝေ့က ရုတ်တရက် အင်ပါယာကျောက်စိမ်းစည်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

အင်ပါယာကျောက်စိမ်းတံဆိပ်ထွက်ပေါ်လာချိန်၌ ပတ်ဝန်းကျင်ရှိမြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

"ကောင်းကင်ဘုံရဲ့အသိအမှတ်ပြုခြင်းစည်းတံဆိပ်လား"

လုယွီက အနည်းငယ်အံ့အားသင့်သွားပြီး တီးတိုးရေရွတ်နေလေ၏။

ဤအင်ပါယာကျောက်စိမ်းတံဆိပ်ပြားအတွင်း၌ ကိုင်ဆောင်သူသည် လောကအတွင်းရှိသက်ရှိများအားလုံးကို အမိန့်ပေးနိုင်သော စွမ်းအားတစ်ချို့ပါဝင်နေခဲ့သည်။

လုယွီ၏အတိတ်ဘဝ တာအိုသခင်ဖြစ်စဥ်တုန်းက သူ၏လက်အောက်ငယ်သားတစ်ချို့ကို ကောင်းကင်ဘုံ၏အသိအမှတ်ပြုစည်းတံဆိပ်အား ပေးထားခဲ့ဘူးသည်။

အင်ပါယာကျောက်စိမ်းစည်းတံဆိပ်အတွင်းရှိ ကောင်းကင်ဘုံဥပဒေသများသည် အားနည်းသော်လည်း ထိုဥပဒေသများ၏လွှမ်းခြုံထားသောနေရာအတွင်း၌ သခင်ကြီးဝေ့သည် မကျော်လွှားနိုင်သောတည်ရှိမှုကြီး ဖြစ်နေပေမည်။

ပုံရိပ်ကြီးသည် အနည်းငယ်ကြက်သေသေသွား၏။ ထို့နောက် သူက စည်းတံဆိပ်၏အောက်ခြေအား ရုတ်တရက် ကြည့်ရှုလိုက်မိသည်။

ရှေးဟောင်းအင်ပါယာကျောက်စိမ်းစည်းတံဆိပ်၏အောက်ခြေ၌ စာလုံးများကို ရေးထွင်းထားလေ၏။

"တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏စစ်ဆေးရေးမှူး"

"တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့အုပ်ချုပ်မှုအာဏာစည်းတံဆိပ်က ငါတို့တာယွီနိုင်ငံတော်က ရရှိသင့်တာ....မင်းက ဘယ်လိုလုပ်ပြီး ရရှိသွားတာလဲ"

ပုံရိပ်ကြီးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သခင်ကြီးဝေ့၏မျက်နှာပေါ်၌ လှောင်ပြောင်သရော်လိုရိပ်များ ထင်ဟပ်နေပေ၏။

"မင်းရဲ့အင်ပါယာမင်းကြီးက အရမ်းလိမ္မာပါးနပ်လွန်းလို့ မင်းလိုတတိယတန်းစားအမတ်တစ်ယောက်ကို ဒီနေရာကိုလာခွင့်ပြုလိုက်တာထင်တယ်....ဒါ​ကိုကြည့်ပြီး သူက သင့်တင့်လျောတ်ပတ်တဲ့သူကို မရွေးချယ်တတ်ဘူးဆိုတာ မြင်သာနေတယ်"

"အင်ပါယာမင်းကြီးရဲ့ဘုန်းတန်ခိုးကို စော်ကားဝံ့တယ်ပေါ့...အဲ့ဒီစကါးအတွက် မင်း သေဖို့ပြင်ထားတော့"

ပုံရိပ်ကြီးက ရုတ်တရက် သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာတွင် ချက်ချင်းပင် ကောင်းကင်နှင့်နေအလင်းရောင်ကို ပိတ်ဆို့ပြီးသားဖြစ်ပေါ်သွားသည်။

သခင်ကြီးဝေ့က ခေါက်ယပ်တောင်ကို ဖယ်ရှားပြီး သူ၏အဖြူရောင်လက်ချောင်းများကို ဆန့်ထုတ်ကာဝှေ့ယမ်းလိုက်၏။ ဓားချီများက ရုတ်တရက် သူ၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။

ဘုန်း....

အစွမ်းထက်သောအော်ရာတစ်ရပ်နှင့်အတူ သခင်ကြီးဝေ့၏ဓားချီများက ပုံရိပ်ကြီးထံသို့တိုးဝင်သွားပြီး ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်တော့သည်။

ပုံရိပ်ကြီး၏လက်သည် လေထုအတွင်း၌ရှိနေဆဲဖြစ်သော်လည်း ချက်ချင်းပင်ကျိုးပဲ့သွားကာ မြောက်များစွာသော အနက်ရောင်အခိုးအငွေ့များ ပြန့်ကျဲသွားလေ၏။

လှုပ်ရှားမှုတစ်ခုဖြင့်ပင် အနိုင်ရရှိသူက သိသာထင်ရှားနေပေသည်။

သခင်ကြီးဝေ့က လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်သည်။

"မင်းရဲ့စွမ်းရည်က တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ ကျဆင်းနေလိမ့်မယ်...မင်းက မူလစွမ်းရည်ရဲ့ဆယ်ပုံတစ်ပုံကိုတောင်ထုတ်သုံးနိုင်မှာမဟုတ်ဘူး...မြန်မြန်အရှုံးပေးလိုက်တော့"

ပုံရိပ်ကြီးက အချိန်အတော်ကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးမှ လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ စည်းတံဆိပ်က မင်းတို့ကောင်တွေမှာ ရှိသင့်တဲ့အရာမဟုတ်ဘူး"

"တစ်ကယ်လို့ မင်း အဲ့ဒီကိစ္စကို လက်မခံနိုင်သေးရင်....လုမိသားစုကိုလာပြီး ငါကိုလာရှာလှည့်"

သခင်ကြီးဝေ့က သူ၏လက်အတွင်းမှ စည်းတံဆိပ်ကို လှုပ်ယမ်းလိုက်လေ၏။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလေဟာနယ်သည် စတင်၍အပြင်းအထန်တုန်ခါလာပြီး ပုံရိပ်ကြီးသည် ပေါတ်ကွဲသွားတော့သည်။

"သခင်မလေး....မင်း အဆင်ပြေရဲ့လား"

သခင်ကြီးဝေ့က လုဝမ်ရှင်းဘက်သို့လှည့်၍ မေးမြန်းလိုက်သည်။

လုဝမ်ရှင်းက လက်ဝှေ့ယမ်းပြလိုက်လေ၏။

"ကျွန်မ အဆင်ပြေပါတယ်....တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့အခွင့်အာဏာစည်းတံဆိပ်ကို ဆရာရရှိထားတာက ကိစ္စကောင်းတစ်ခုပဲ"

"ကျွန်တော်က ကံနည်းနည်းကောင်းပြီး ဒါကိုရရှိထားတာပါ...ကျွန်တော်က အခွင့်အာဏာစည်းတံဆိပ်ကိုရရှိထားပေမယ့် ဆရာသခင်ကိုပေးအပ်ထားရလိမ့်မယ်...ကျွန်တော်ရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့တောင် ဒီစည်းတံဆိပ်ကိုထိန်းချုပ်ဖို့ အရမ်းခက်ခဲတယ်"

သခင်ကြီးဝေ့က လုဝမ်ရှင်းအား ရှင်းပြပြောဆိုနေလေသည်။

သူတို့နှစ်ယောက်က စကားအနည်းငယ်ပြောပြီးနောက် တစ်ခြားဂိုဏ်းများနှင့်ပူးပေါင်းကာ တိုက်ပွဲအတွင်းသို့ ဝင်လိုက်ကြသည်။

ဖန်းယင်သည် ထွက်ပြေးရန်ကြံစည်နေသော်လည်း ကျင့်ကြံသူတစ်ချို့က သူ့အားဝိုင်းထားလေ၏။

ကြမ်းတမ်းသောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲပြီးချိန်၌ ဖန်းယင်သည် အပြင်းအထန်ဒဏ်ရါရရှိပြီး သေဆုံးသွားခဲ့သည်။ သူ၏သေခြင်းသည် အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းလှပေ၏။

ထိုက်ယွမ်ဂိုဏ်းနှင့်ကွေ့ဟွမ်ခန်းမမှ သစ္စာဖောတ်တပည့်များသည်လည်း ကျင့်ကြံသူများ၏ဖမ်းဆီးခြင်း ခံထားရသည်။ သူတို့သည်လည်း အဆုံးသတ်ကောင်းမည်မဟုတ်ပေ။

"မင်းရဲ့အကူအညီအတွက် ငါ ကျေးဇူးအများကြီးတင်ပါတယ်...တစ်ကယ်လို့ မင်း စိတ်မရှိဘူးဆိုရင် ငါရဲ့ဂိုဏ်းကို အထူးဧည့်သည်တော်အဖြစ်လာဖို့ ဖိတ်ကြားပါတယ်...ငါ မင်းကို အလေးထားပြီး ကျေးဇူးဆပ်ချင်လို့ပါ"

ထိုက်ယွမ်ဂိုဏ်းခေါင်းဆောင်က ရုတ်တရက်ရောက်ရှိလာပြီး သခင်ကြီးဝေ့အား ပြောဆိုလိုက်၏။

Chapter 400

"သခင်ကြီးဝေ့ရဲ့ကူညီမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"

"သခင်ကြီးဝေ့ရဲ့ကူညီမှုက ကျွန်တော်တို့အတွက် နတ်ဘုရားတစ်ပါး​ ကမ္ဘာမြေပေါ်ဆင်းသက်လာသလိုပဲ...ဒီ အရှက်မရှိတဲ့ဂျူနီယာလေးတွေက သခင်ကြီးဝေ့ရဲ့ပြိုင်ဘက် ဘယ်လိုဖြစ်နိုင်မှာလဲ"

လူများက သခင်ကြီးဝေ့နားသို့ စုရုံးရောက်ရှိလာကြပြီး ကျေးဇူးတင်စကားများ ပြောဆိုနေကြ၏။

အစောပိုင်းက ပုံရိပ်ကြီးသည် အလယ်ပိုင်းကုန်းမြေမှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ပုံရိပ်တစ်ရိပ်မျှသာဖြစ်သော်လည်း သခင်ကြီးဝေ့က လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့သည်။

ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူမျိုးနှင့် လူများကမိတ်ဆွေဖွဲ့လိုခြင်းမှာ သဘာဝပင်ဖြစ်ပေ၏။

လုယွီကမူ ထောင့်တစ်နေရာ၌ အမေ့လျော့ခံအဖြစ် ရှိနေလေသည်။ လုယွီ၏လှုပ်ရှားမှုသည် အံ့အားသင့်တုန်လှုပ်ဖွယ်ဖြစ်သော်လည်း သူတို့အားဆယ်ကျော်သက်တစ်ယောက်က ကယ်တင်ခဲ့သည်ဟု မည်သူကမျှဝန်ခံရန်ဆန္ဒမရှိကြချေ။

သခင်ကြီးဝေ့က သူအားဖိတ်ကြားလာသူများကို လိမ္မာပါးနပ်စွာဖြင့် ငြင်းဆိုနေလေ၏။

"ခင်ဗျားတို့ရဲ့ ကြင်နာမှုကို ကျုပ် သဘောပေါတ်နားလည်ပါတယ်...ဒါပေမယ့် ကျုပ်မှာ အရေးကြီးလုပ်စရာကိစ္စရှိသေးလို့ တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ အချိန်ကြာကြာနေနိုင်တော့မှာမဟုတ်ဘူး"

အချိန်အတော်ကြာ စကားပြောဆိုကြပြီးနောက် ကျင့်ကြံသူများအားလုံးလူစုခွဲလိုက်ကြပြီး သူတို့ဂိုဏ်းများမှကျန်ရှိသောအဖွဲ့ဝင်များအား လိုက်လံစုရုံးနေကြတော့သည်။

"သခင်မလေး...ကျွန်တော် တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ သွားလာနေတဲ့အချိန်အတောအတွင်း မျိုးစေ့ကောင်းလေးတစ်ချို့ကို တွေ့ထားတယ်....ဆယ်ရက်ကြာလို့ အထီးကျန်နတ်ဘုရားလှေဖွင့်လှစ်တဲ့အချိန်ကျရင်...ကျွန်တော်က သူတို့ကို အလယ်ပိုင်းကုန်းမြေကို ခေါ်ဆောင်သွားရလိမ့်မယ်"

သခင်ကြီးဝေ့က သူ၏နောက်ကို လက်ညှိုးညွှန်ပြရင်းမှ လုဝမ်ရှင်းအား ပြောဆိုလိုက်၏။

ထိုနေရာ၌ လူငယ်အမျိုးသား အမျိုးသမီး အယောက်လေးဆယ်ခန့်သည် မောက်မာနေသောမျက်နှာအမူအယာများဖြင့် မတ်တတ်ရပ်နေကြပြီး သူတို့၏အော်ရာများသည် သာမာန်မဟုတ်ကြချေ။

လုဝမ်ရှင်း၏မျက်လုံးများက ရုတ်တရက်တောက်ပသွားပြီး သူက လုယွီကို လက်ယပ်ခေါ်လိုက်သည်။

"သခင်ကြီးဝေ့...ရှင် ကျွန်မရဲ့တူကိုရော လုမိသားစုကို ပြန်ခေါ်မသွားနိုင်ဘူးလား"

"ဒါက မင်းပေါ့"

သခင်ကြီးဝေ့၏မျက်လုံးများသည်လည်း အံ့အားသင့်မှုများဖြင့် တောက်ပသွားခဲ့သည်။ သူက မိုးကြိုးကပ်ဘေးကိုဖြစ်ပေါ်စေခဲ့သော လုယွီ၏စာတမ်းကို အမှတ်ရနေဆဲပင်။

သို့သော် ဆရာသခင်လို့၏အမြင်၌ ထိုအချိန်တုန်းက လုယွီ၏ကျင့်ကြံမှုနယ်ပယ်သည် လွန်စွာနိမ့်ပါးနေပေသည်။

"အဲ့ဒီအချိန်တုန်းက ထူးဆန်းတာတွေကို ကျွန်တော်မှတ်မိနေသေးတယ်...သူက သခင်လေးရဲ့သားလား"

သခင်ကြီးဝေ့က တီးတိုးရေရွတ်နေလေ၏။

သူက ယခုလက်ရှိ လုယွီ၏ကျင့်ကြံဆင့်ကို မြင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် လုယွီသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူဟုသာ သူက ယူဆလိုက်တော့သည်။

လုယွီ၏ကျင့်ကြံမှုနယ်ပယ်သည် အလွန်ကျစ်လျစ်သိပ်သည်းပေ၏။ လုယွီက သူ၏အော်ရာကို ထုတ်လွှက်ထားခြင်းမရှိပါက တစ်ခြားသူများက လုယွီ၏ကျင့်ကြံမှုနယ်ပယ်အား သိရှိနိုင်ရန် လွန်စွာခက်ခဲပေမည်။

လုဝမ်ရှင်းက ရယ်ပြုံးရင်းမှ စကားပြောဆိုလိုက်သည်။

"ဟုတ်တယ်...သူက ကျွန်မရဲ့တူ...ပြီးတော့ သူက........"

ထိုအချိန်မှာပင် သခင်ကြီးဝေ့က လုဝမ်ရှင်း၏စကားကို ကြားဖြတ်ပြောဆိုလိုက်လေ၏။

"ကောင်းပြီလေ...သူက သခင်လေးရဲ့သားဖြစ်နေမှတော့ သူကို ကျွန်တော်က အလယ်ပိုင်းကုန်းမြေကို ခေါ်သွားလိုက်မယ်....ဒါကလည်း သခင်မလေးကြောင့်ပဲ...တစ်ခြားမိသားစုအမျိုးအနွယ်တွေအများကြီးက ခုချိန်ထိ သခင်လေးကို မုန်းတီးနေကြတုန်းပဲ"

လုဝမ်ရှင်းက ဒေါသတကြီးပြောဆိုလိုက်တော့သည်။

"အဲ့ဒီ ခွေးမသားတစ်သိုက်က ဒီလေါတ်နှစ်တွေအကြာကြီး ကြာနေတာတောက် လက်မလျှော့နိုင်ကြသေးဘူးလား"

သခင်ကြီးဝေ့က လုဝမ်ရှင်းအား ဖြောင့်ဖျပြောဆိုလိုက်သည်။

"သခင်မလေး...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော် ရှိနေမှတော့ သခင်လေးရဲ့သားကို ဘာပြဿနာမှ မဖြစ်စေရဘူး"

ထိုစကားပြောဆိုနေစဥ်တွင် သခင်ကြီးဝေ့က မသိမသာ သက်ပြင်းရှိုက်နေလေ၏။ လုမိသားစုသည် ကျင့်ကြံရာတွင်ထူးချွန်သောမိသားစုဖြစ်ပြီး ခွန်အားကိုသာ အလေးထား၍လေးစားဆတ်ဆံကြသည်။

လုယွီက စာတမ်းတစ်ခုကို မည်မျှကောင်းမွန်သည်အထိ ရေးသားနိုင်သည် ဖြစ်ပါစေ...ထိုအရာက ကွန်ဖြူးရှပ်တာအိုဝါဒ၌သာအသုံးဝင်ပေသည်။ လုမိသားစုအတွက်မူ ထိုစာတမ်းက ချူးတစ်ပြားမျှပင် တန်ဖိုးရှိမည်မဟုတ်ပေ။

သူတို့လူစုသည် ဒြပ်စင်ငါးပါးဂိုဏ်းအပျက်အစီးနယ်မြေမှထွက်ခွါ၍ သမင်ဖြူကျောင်းတော်ထံသို့ ပြန်ခဲ့ကြတော့သည်။

"ယွီအာ...မင်း ကျောင်းတော်မှာပဲ အရင်နေလိုက်အုံး...အထီးကျန်နတ်ဘုရားလှေ ဖွင့်တာနဲ့ သခင်ကြီးဝေ့က မင်းကို အလယ်ပိုင်းကုန်းမြေစီ ခေါ်ဆောင်သွားလိမ့်မယ်"

လုဝမ်ရှင်းက လုယွီအား ပြောဆိုလိုက်သည်။

လုယွီက ခေါင်းညိတ်ပြီး သဘောတူညီလိုက်၏။

ယခုလက်ရှိချိန်တွင် သူက အဝိုင်းကြီးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်၍ တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌သာ ဆတ်လက်နေထိုင်ပါက သူအတွက် ကျင့်ကြံဆင့်တိုးမြှင့်နိုင်ရန် လွန်စွာခက်ခဲပေမည်။

လုဝမ်ရှင်းက ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိပြီး လုယွီအား စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် ကြည့်ရှုနေလေ၏။

"ဒီနှစ်တွေမှာ ငါကြားထားတာက ငါရဲ့အကိုမွေးထားတာ ကျပ်မပြည့်တဲ့သားတစ်ယောက်ဆိုတာပဲ...ငါက သူကိုခေါ်ပြီး စောင့်ရှောက်ဖို့ကြံရွယ်နေပေမယ့် ဒီလေါတ်ထိ သူ ထူးချွန်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...အကိုသာသိရင်လည်း သူ့သားအတွက် အရမ်းစိတ်ကျေနပ်နေမှာပဲ"

သူမက လုယွီအား ပြောဆိုလိုက်၏။

"နောက်ဆုံးတော့ အင်မော်တယ်မဟာမိတ်နဲ့မြေအောက်လောကနတ်ဆိုးဂိုဏ်းကြားက တိုက်ပွဲက လူယုတ်မာတွေရဲ့သွေးထိုးမှုကြောင့် ဖြစ်လာခဲ့တာပဲ...မင်းက မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့အရှင်သခင်ဖြစ်နေမှတော့ နောက်ထပ်တိုက်ပွဲတွေဖြစ်မလာအောင် ဂရုစိုက်ပေးပါ"

လုယွီက လုဝမ်ရှင်းအား ပြန်လည်ပြောဆိုလိုက်သည်။

"ဒေါ်လေး...ဘာမှစိုးရိမ်မနေပါနဲ့...မြေအောက်လောကနတ်ဆိုးဂိုဏ်းက စတင်ပြီးတော့ အင်မော်တယ်မဟာမိတ်ကို ဘယ်တော့မှတိုက်ခိုက်မှာမဟုတ်ပါဘူး"

လုယွီ မပြောဘဲချန်ထားရစ်သည့် စကားတစ်ချို့ ရှိနေပေ၏။

သမင်ဖြူကျောင်းတော်အား သူ အလွတ်ပေးထား၍ ရပေသည်။ သို့သော် အင်မော်တယ်မဟာမိတ်ရှိ တစ်ခြားဂိုဏ်းများက လက်ရှိအခြေအနေကိုသဘောပေါတ်နားမလည်သူရှိပါက ဖျက်ဆီးပစ်ရန် သူ ဝန်လေးနေမည်မဟုတ်ပေ။

လုဝမ်ရှင်းသည် ကျောင်းတော်၌ သူမလုပ်ဆောင်ရမည့်ကိစ္စများရှိသေးသဖြင့် အရင်ဆုံးထွက်ခွါသွားခဲ့သည်။

သူမ ထွက်ခွါသွားသည်နှင့် လုယွီ၏မျက်နှာအမူအယာက သုန်မှုန်သွားလေ၏။

"စန်လို့...ကျုပ် အသက်ရှင်ရက် ပြန်လာမယ်လို့ ခင်ဗျားထင်မှာမဟုတ်ဘူး"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

Thank For Reading.

All Chapters