← Chapters

အခန်း (၃၁၆-၃၂၀)

Vol. 16-20 Ch. 316-320

အခန်း (၃၁၆-၃၂၀)

Vol. 16-20 Ch. 316-320

Chapter 316

"အကုန်လုံး တတ်ကြ....သူတို့ကိုသတ်"

နတ်ဆိုးကျင့်ကြံသူများက ရှေ့သို့တရကြမ်း ထိုးတတ်လာကြ၏။

သွေးစိမ်းများက လူအားလုံး၏ စိတ်အာရုံများကို လှုံဆော်ပေးနေခဲ့သည်။

နတ်ဆိုးကျင့်ကြံသူများက တရကြမ်းတိုးဝင်လာသည်ကိုမြင်ရသော ဖန်ချီက အပျော်လွန်နေလေ၏။

"ဂျူနီယာညီမလေး....အဲ့ဒီ နတ်ဆိုးကျင့်ကြံသူတွေကို ငါ ဘယ်လိုသုတ်သင်ပစ်မယ်ဆိုတာ ကြည့်နေ"

ဖန်ချီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် လေထုအတွင်းပျံသန်းလိုက်ပြီးနောက် သူ၏လက်အတွင်းမှဓားရှည်မှ မြောက်များစွာသော လှပသည့် ဓားချီပန်းပွင့်များကို ပစ်လွှက်လိုက်သည်။

"ဘယ်ကောင် သေချင်လဲ"

ဖန်ချီက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုပြီး ခက်ထန်တင်းမာစွာဖြင့် မေးမြန်းလိုက်၏။

ဖန်ချီ၏ရုတ်တရက် ထွက်ပေါ်လာမှုက နတ်ဆိုးကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

"သေစမ်း"

ခရမ်းရောင်ဝတ်စုံဖြင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ကြီးမားသောအဆိပ်ပြင်းမြွေတစ်ကောင်ကို ရုတ်တရက် ဖန်ချီထံသို့ ပစ်လိုက်၏။

ထိုအဆိပ်ပြင်းသောမြွေအားပစ်ထုတ်လိုက်သူက သူ၏ကျန်းချီများကို ထည့်သွင်းပေးထားသဖြင့် ချက်ချင်းပင် မြွေ၏ခန္ဓာကိုယ်အရွယ်အစားက အလျှင်အမြန်ကြီးထွားလာခဲ့သည်။ အသက်အနည်းငယ်ရှုရှိုက်စာ အချိန်အတောအတွင်းမှာပင် မြွေကြီးသည် ယခင်ထက်အဆများစွာ ကြီးမားလာပေ၏။

ဧရာမမြွေကြီးက ပါးစပ်ကိုဖွင့်ဟ၍ ဖန်ချီအားကိုက်ရန် တိုးဝင်လာခဲ့သည်။

ဖန်ချီ၏မျက်လုံးများတွင် အထင်အမြင်သေးသော အရိပ်အငွေ့များ ဖြတ်ပြေးသွားလေ၏။

"ဒါက မင်းရဲ့စွမ်းရည်အကုန်ပဲလား"

ဖန်ချီက ဓားရှည်နှင့် ပိုင်းဖြတ်လိုက်ရာတွင် ဧရာမမြွေကြီးက နှစ်ပိုင်းပြတ်ထွက်သွားပြီး သွေးများက နေရာအနှံ့အပြားသို့ ဖြာထွက်သွားခဲ့သည်။

တန်ပြန်သက်ရောက်မှုအားကြောင့် မြွေအားပစ်လွှက်လိုက်သော နတ်ဆိုးကျင့်ကြံသူသည် အတွင်းဒဏ်ရါရရှိသွား၏။ သူက အချိန်တခဏကြာ ယိမ်းထိုးသွားပြီးနောက် အလျှင်အမြန်နောက်ဆုတ်လိုက်လေသည်။

"ဟား ဟား...သူရဲဘောကြောင်တဲ့ ကြွက်အုပ်စုတစ်စုပဲ"

ဖန်ချီက အော်ဟစ်ရယ်မောနေလေ၏။

"ငါ မင်းနဲ့တိုက်ခိုက်မယ်"

ဒုန်ရွှယ်သည် တစ်စုံတစ်ယောက်က သူထက်ပိုပြီး မောက်မာပြနေသည်ကို သည်းခံတတ်သောလူစားမျိုးမဟုတ်ချေ။

"သေရမှာ မကြောက်တဲ့ကောင် ရှိသေးတာပဲ"

ဖန်ချီက ရယ်မောရင်းမှ ဒုန်ရွှယ်နှင့်တိုက်ခိုက်ကြလေ၏။

လုယွီက ထိုတိုက်ပွဲကို နံဘေးတစ်နေရာမှ ကြည့်ရှုနေခဲ့သည်။ ဒုန်ရွှယ်၏လှုပ်ရှားမှုတစ်ခုကိုမြင်သည်နှင့် ရှုံးနိမ့်ရတော့မည်ကို လုယွီသိမြင်နိုင်လေသည်။

ဖန်ချီက မောက်မာရန် အခွင့်အရေးရှိသူတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူများဖြစ်ကြ၏။ သူတို့တိုက်ခိုက်နေသောနေရာအား အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူများက ရှောင်ကွင်းနေကြ၏။

"စိတ်ဝိညာဥ်ဝါးမြိုခြင်း အရိုးလက်"

ဒုန်ရွှယ်က အခွင့်အရေးတစ်ခုရရှိချိန်တွင် သူ၏လက်က ဖန်ချီ၏နှလုံးသားနေရာသို့ တိုးဝင်သွားခဲ့သည်။ ထိုလက်ဝါးရိုက်ချက်တွင် ဖန်ချီအား အပြည့်အဝသေစေနိုင်သော ကျန်းချီစွမ်းအားများပါဝင်နေသည်။

သို့သော် ထိုအချိန်မှာပင် ဖန်ချီ၏မျက်လုံးများက ရုတ်တရက် ကောက်ကျစ်စဥ်းလဲမှုများထင်ဟပ်လာလေ၏။

"ဘာတွေ ဖြစ်နေတာလဲ"

ဒုန်ရွှယ်က သူ၏လက်သည် ရုတ်တရက် ရွှံနွံတောအတွင်းနစ်မြုပ်သွားသကဲ့သို့ခံစားရပြီး မလှုပ်ရှားနိုင်တော့ချေ။

ဖန်ချီ၏နဖူးမှ သင်္ကေတနှစ်ခုက ရုတ်တရက်ပျံဝဲထွက်လာခဲ့သည်။

"မင်း.....မင်းရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာပဲ"

ဒုန်ရွှယ်က အံသြတကြီး ရေရွတ်လိုက်၏။ သူ၏လက်ကို ရုတ်သိမ်းလိုခဲ့သော်လည်း လွတ်မြောက်နိုင်ခြင်းမရှိပေ။

"နောက်ကျသွားပြီ"

ဖန်ချီက ကျယ်လောင်စွာအော်ဟစ်ပြီး ဒုန်ရွှယ်အား ပါးပိတ်ရိုက်လိုက်၏။

ဗြန်း.....

ရုတ်ချည်းဆိုသလိုပင် ဒုန်ရွှယ်သည်ပါးရိုက်ခံရခြင်းကြောင့် မြေပြင်ပေါ်၌ လဲကျသွားတော့သည်။

ဖန်ချီကမူ ဒဏ်ရါရရှိခြင်းမရှိဘဲ သူ၏လက်ကိုနောက်ပစ်၍ သူကိုယ်သူ နတ်ဘုရားတစ်ပါးကဲ့သို့ ဝင့်ကြွားစွာဖြင့် မတ်တတ်ရပ်နေလေ၏။

"မင်းတို့အားလုံးက ဆိုးညစ်တဲ့ကောင်တွေပဲ...မင်းက ဖန်ချီဆိုတဲ့ ငါနဲ့တွေ့မှတော့ ဘာလို့မြန်မြန်အရှုံးမပေးသေးတာလဲ"

ဖန်ချီက သူကိုယ်သူကျေနပ်အားရနေသော လေသံမျိုးဖြင့် အော်ဟစ်လိုက်သည်။ လုရွှမ်အာက သူအပေါ်အမြင်ကောင်းရှိစေရန် သူအစွမ်းကုန်ကြိုးစားရပေမည်။

ဒုန်ရွှယ်က လုရွှမ်အာရှိရာဘက်သို့ လှည့်ကြည့်လိုက်စဥ်တွင် ရုတ်တရက် သူမ၏ညှိုးငယ်နေသောအသံလေးအား ကြားလိုက်ရသည်။

"အဲဒါ နင်လား"

"ဘယ်သူလဲ"

ဖန်ချီက နီးကပ်စွာသွားရောက်ကြည့်ရှုရာတွင် လုယွီအား မြင်တွေ့မိလေ၏။

"ဒါဆိုမင်းပေါ့...မင်းက ကျောင်းတော်ကိုသစ္စာဖောတ်ပြီး ပင်မတပည့်တစ်ယောက်ကို သတ်ခဲ့တာလို့ငါကြားထားတယ်....မင်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်လို့ ငါ ခန့်မှန်းခဲ့တာ မှန်နေတာပဲ"

ဖန်ချီက အလွန်ပျော်ရွှင်နေမိသည်။ လုယွီဆိုသောကောင်အား သူ၏တံခါးဝအထိ ပို့ဆောင်ပေးလိမ့်မည်ဟု သူမျှော်လင့်ထားမိခြင်းမရှိပေ။

လုယွီသည် သမင်ဖြူကျောင်းတော်မှ ပင်မတပည့်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ လုယွီအား ဖမ်းဆီးနိုင်လျှင် ကျောင်းတော်မှ အကျိုးဆောင်ရမှတ်အမြောက်အများ သူ ရရှိပေလိမ့်မည်။

"လိမ်လိမ်မာမာနဲ့ အရှုံးပေးစမ်း"

ဖန်ချီက လုယွီအနားသို့ ရောက်ရှိလာခဲ့၏။

လုယွီက သူထံသို့တိုးဝင်လာသော ဖန်ချီ၏လက်များကို ကြည့်ရှုနေလေသည်။ သူက ညင်သာစွာဖြင့် လက်ညှိုးတစ်ချောင်းဆန့်ထုတ်ပြီး ဖန်ချီ၏ခန္ဓာကိုယ်ပေါ်သို့ တောက်ထုတ်လိုက်သည်။

ဘုန်း....

ဖန်ချီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီးနောက်သို့လွင့်စင်သွားကာ စစ်သင်္ဘော၏ပင်မအခန်းနံရံနှင့် အပြင်းအထန်ဆောင့်မိလေ၏။

"အားနည်းလိုက်တာ....တစ်ချက်တောင် တောင့်မခံနိင်ဘူး"

လုယွီ၏မျက်လုံးများအတွင်းတွင် အနက်ရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ သူက ရုတ်တရက် လက်သီးတစ်ချက်ဖြင့် သမင်ဖြူကျောင်းတော်စစ်သင်္ဘောအား ထိုးနှက်လိုက်သည်။

ဘုန်း....

ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ သမင်ဖြူကျောင်းတော်စစ်သင်္ဘောသည် တစ်ရာမီတာခန့် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

လုယွီက ထပ်မံထိုးနှက်လိုက်ရာတွင် စစ်သင်္ဘောကြီးက မီတာရာပေါင်းများစွာအကွာအဝေးသို့ လွင့်စင်ရောက်ရှိသွားလေ၏။

"မင်းတို့က ဒီအဆင့်လောတ်နဲ့ တိုက်ပွဲကွင်းပြင်ကို လာရဲကြတယ်ပေါ့....ထွက်သွားကြစမ်း"

လုယွီက နောက်ဆုံးလက်သီးချက်တစ်ချက်ကို ထုတ်လွှက်ပြီး စစ်သင်္ဘောအား ထိုးနှက်လိုက်တော့၏။

သမင်ဖြူကျောင်းတော်စစ်သင်္ဘောသည် ပြင်းထန်သောဖိအားကို တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ အဝေးသို့လွင့်ထွက်သွားကာ တောင်ကြီးတစ်လုံးနှင့် ဝင်တိုက်မိလေသည်။

Chapter 317

လုယွီက သမင်ဖြူကျောင်းတော်စစ်သင်္ဘောကို တိုက်ပွဲစက်ဝန်းအတွင်းမှလွတ်မြောက်ရန် အကြိမ်အနည်းငယ် ထိုးနှက်ခဲ့သည်။

"လုယွီ....နင်က အဆုံးထိ ဆက်သွားချင်နေတာလား"

လုရွှမ်အာက အော်ဟစ်လိုက်၏။

"ဂျူနီယာညီမလေး ရွှမ်အာ...အဲ့ဒီနတ်ဆိုးကောင်ကို ဖျောင်းဖျဖို့ ကြိုးစားမနေနဲ့...သူရဲ့နှလုံးသားက အမှောင်ဖုံးနေပြီ....သူရဲ့ခန္ဓာကိုယ်မှာ သွေးတွေဘယ်လောက်တောင် စွန်းထင်းနေပြီလဲမသိဘူး"

ဖန်ချီက အံ့တင်းတင်းကြိတ်ရင်း ပြောဆိုလိုက်သည်။

လုယွီက သူ့အား တစ်ချက်ကြည့်လိုက်၏။

"ထပ်ပြီး အရိုက်ခံချင်သေးတာလား"

ဖန်ချီ၏မျက်နှာ ပျက်ယွင်းသွားခဲ့သည်။ ထို့နောက် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး အမျိုးသမီးတပည့်များအနီးသို့ ဆုတ်ခွါသွားလေ၏။

ယခုလက်ရှိအချိန်၌ သူသည် လုယွီ၏ပြိုင်ဘက်မဟုတ်သည်မှာ သိသာထင်ရှားပေသည်။

စစ်သင်္ဘောတစ်ခုလုံးအား လက်သီးတစ်ချက်ဖြင့်ပင် ခါယမ်းစေခဲ့သလော...ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်အင်အားသည် လူသားတစ်ယောက်၏အကန့်အသတ်ကို ကျော်လွန်သွားပြီဖြစ်ပေ၏။

"သောက်ကလေးတစ်သိုက်....ကျောင်းတော်မှာတောင် ကောင်းကောင်းမသင်ကြားရသေးဘဲနဲ့ တိုက်ပွဲထဲကိုလာပြီး တိုက်ခိုက်ရဲတယ်ပေါ့"

လုယွီက လက်သီးတစ်ချက်ဖြင့် စစ်သင်္ဘောအား ထပ်မံထိုးနှက်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် လုယွီ၏လက်သီးတွင် ရစ်ပတ်နေသောကျန်းချီများသည် အဆများစွာတိုးမြှင့်သွားပြီး ကျောက်တုံးကြီးတစ်တုံးပမာဏခန့်ရှိသော ကျန်းချီလက်သီးကြီးဖြင့် စစ်သင်္ဘောအား ထိုးနှက်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံး၌ စစ်သင်္ဘောတစ်ခုလုံးသည် တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ မီတာထောင်ပေါင်းများစွာအထိ လွင့်စင်ထွက်သွားပြီးမှ ရပ်တန့်သွားလေ၏၏

အဝေးတစ်နေရာမှ သမင်ဖြူကျောင်းတော်စစ်သင်္ဘောသည် တိုက်ပွဲကွင်းပြင်နှင့်ဝေးကွာသွားပြီး သင်္ဘောလည်းပျက်စီးသွားသဖြင့် ပါဝင်တိုက်ခိုက်နိုင်ခြင်းမရှိတော့ချေ။

လုယွီက သူ၏လက်ကိုနောက်ပစ်၍ အေးဆေးတည်ငြိမ်စွာပင် ကျောခိုင်းထွက်ခွါခဲ့တော့သည်။

"နင်က ခေါင်းမာလွန်းပြီး မျှော်လင့်ချက်မဲ့သွားပြီ...နင်က လုမိသားစုကို တစ်ကယ်အရှက်ရစေတဲ့သူပဲ"

လုရွှမ်အာက ဒေါသတကြီးဖြစ်နေပြီး သူ့မ၏ခြေထောက်များဖြင့် စစ်သင်္ဘောကြမ်းပြင်ကိုဆောင့်နင်းနေလေ၏။

အမျိုးသမီးတစ်ယောက်က ထိတ်လန့်ကြောက်ရွံနေရာမှ တုန်တုန်ရီရီပြောဆိုလိုက်သည်။

"သူက အရမ်းသန်မာတာပဲ....သူ ကျောင်းတော်ကို စရောက်တုန်းက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်စဦးပိုင်းပဲ ရှိသေးတဲ့လူတစ်ယောက်မဟုတ်လား'

လုရွှမ်အာက အထင်သေးမှုအပြည့်ဖြင့် တုံပြန်ပြောဆိုလိုက်လေ၏။

"ဒါက ဆေးဝါးတွေသောတ်သုံးထားလို့ ဒါမှမဟုတ် နတ်ဆိုးနည်းစနစ်တစ်ခုခုကို လေ့ကျင့်ထားတာပဲဖြစ်မှာ...ဒီလေါတ် အချိန်ခဏလေးအတွင်းမှာ အောင်မြင်အောင်လုပ်နိုင်တာက ချက်ချင်းအကျိုးရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေကြောင့် အသေမြန်လိမ့်မယ်"

သူမက ဤနည်းလမ်းများဖြင့်သာ လုယွီ၏ခွန်အားတိုးတတ်လာသည်ဟု သဘာဝကျကျ တွေးတောနိုင်ပေသည်။

နတ်ဆိုးကျင့်ကြံသူများ၏စိတ်ကျင့်ကြံခြင်းနည်းလမ်းများသည် အလွန်နိုင်လိုမင်းထက်ပြုမူသည်ဟု လူသိများလေ၏။ နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံဆင့်တိုးမြှင့်နိုင်ရန် လူအများ၏အသက်သွေးများကို ဝါးမြိုရုံသာမက သူတို့၏မိတ်ဆွေအပေါင်းအသင်းများကိုပင် သတ်ဖြတ်ဝါးမြိုသည်အထိ ကောက်ကျစ်ယုတ်မာကြပေသည်။

ဖန်ချီက စိုးရိမ်ဖွယ်အနေအထားတွင် ရောက်နေသော်လည်း သူက မကျေမချမ်းဝင်ရောက်ပြောဆိုလိုက်သည်။

"ဒီကောင်လေးရဲ့ နတ်ဆိုးနည်းစနစ်တွေနဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်သာမဟုတ်ရင်...သူက ဘယ်လိုလုပ်ပြီး ငါနဲ့ယှဥ်နိုင်မှာလဲ"

ထိုအချိန်မှာပင် တပည့်တစ်ယောက်က အပြေးအလွှားလာပြီး ပြောဆိုလိုက်၏။

"စီနီယာအကိုကြီး...စစ်သင်္ဘောက ဘယ်လိုမှ ရွေ့လျားလို့မရဘူး"

"ဘာ....."

တပည့်များအားလုံး တုန်လှုပ်နေကြ၏။ စစ်သင်္ဘောမရှိဘဲ ဤမျှကြီးမားသောတိုက်ပွဲကြီးတွင် သူတို့က ကြားမှအမြှောက်စာများသာ ဖြစ်သွားပေမည်။

ဖန်ချီက ချက်ချင်းပင် သူ၏ဓားကို ဆွဲထုတ်လိုက်၏။

"မင်းတို့ဘာတွေ ကြောက်ရွံနေကြတာလဲ...ငါ့နောက်လိုက်ခဲ့...ဒီနတ်ဆိုးကောင်တွေကို ကြောက်ရွံနေစရာမလိုဘူး"

ဖန်ချီသည် တပည့်များအားလုံး၏ပင်မထောက်တိုင်ကြီးဖြစ်သည်။ သူက ဝမ်ဟွာကျောင်းဆောင်၏လက်ထောက်ကထိကဖြစ်သဖြင့် သူ၏အားပေးမှုကြောင့် တပည့်များ၏ယုံကြည်ချက်များ တတ်ကြွလာခဲ့သည်။

"သွားကြစို့...အဲ့ဒီနတ်ဆိုးကောင်တွေကို သွားသတ်ကြရအောင်"

ဖန်ချီက ရဲစွမ်းသတ္တိအပြည့်ဖြင့် ရှေ့မှဦးဆောင်ထွက်ခွါသွားတော့သည်။

……

လုယွီက သမင်ဖြူကျောင်းတော်စစ်သင်္ဘောကို အဝေးသို့ပို့ပြီးသော်လည်း ရပ်တန့်နေခြင်းမရှိပေ။ သူ၏လက်သီးကို ဝှေ့ယမ်းလိုက်ရာတွင် သိုးအုပ်ကြားသို့ဝင်သွားသော ကျားတစ်ကောင်ကဲ့သို့ စစ်သင်္ဘောပျံများအား အဝေးသို့လွင့်ထွက်သွားစေသည်။

လုယွီ၏လှုပ်ရှားမှုသည် နတ်ဆိုးကျင့်ကြံသူများ၏စိတ်ဓာတ်ကို တတ်ကြွစေခဲ့သည်။

"သတ်ကြ"

နတ်ဆိုးကျင့်ကြံသူများဘက်မှ တိုက်ပွဲဟစ်ကြွေးသံများသည် မိုးယံထိတိုင်ပျံလွင့်နေလေ၏။

အချိန်တခဏအကြာမှာပင် အင်မော်တယ်မဟာမိတ်ဘက်မှစစ်တပ်သည် ရှုံးနိမ့်စပြုလာပြီး ဘက်ပေါင်းစုံသို့ တကွဲတပြားစီ ပျံကြဲသွားတော့သည်။

"ကောင်လေး...မင်းလုပ်တာကောင်းတယ်....ဂိုဏ်းကအကြီးအကဲတွေက နောက်ကျရင် မင်းကိုဆုချီးမြှင့်လိမ့်မယ်"

လုယွီ၏နောက်မှ မောက်မာစွာပြောဆိုလိုက်သောဒုန်ရွှယ်၏အသံ ထွက်ပေါ်လာ၏။

ဒုန်ရွှယ်က ဖန်ချီ၏ရိုက်နှက်ခြင်းခံရသော်လည်း ထိခိုက်ဒဏ်ရါအများအပြားမရရှိပေ။

"မင်းတို့ထဲက ဘယ်သူလဲ...ရှေ့တန်းကနေတိုက်ခိုက်ခဲ့တာ ဘယ်သူတုန်း"

စိတ်အလိုမကျသော အော်ဟစ်မေးမြန်းသံက ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ပဲ့ထပ်ထပ်ထွက်ပေါ်လာသည်။

နတ်ဆိုးကျင့်ကြံသူများက လှည့်ကြည့်လိုက်ရာတွင် သူတို့အားခေါ်ဆောင်လာသော ပင်မယဇ်ပလ္လင်မှတမန်တော်အား တွေ့မြင်မိကြ၏။ ယခုလက်ရှိတွင် သူက အနက်ရောင်ကြာပန်းပလ္လင်ပေါ်၌ ထိုင်နေလေသည်။

ဒုန်ရွှယ်၏မျက်နှာအမူအယာ ပြုံးယောင်သန်းလာပြီး သူက တမန်တော်၏ရှေ့သို့ အပြေးသွားလိုက်သည်။

"အရှင်...တိုက်ခိုက်ဖို့ကို ကျွန်တော်အမိန့်ပေးတာပါ"

ဒုန်ရွှယ်က ပြုံးရယ်နေရင်း ဂုဏ်ယူဝင့်ကြွားစွာ ဏ္ဍပြောဆိုလိုက်၏။

"ကျွန်တော်တို့စစ်တပ်က လူတွေက စိတ်ဓာတ်တတ်ကြွနေပြီး တိုက်ခိုက်ဖို့အသင့်ဖြစ်နေတာကို မြင်မိတယ်...ဒါကြောင့် စစ်သင်္ဘောပြင်ပကို လူတွေစေလွှက်တိုက်ခိုက်စေပြီး အောင်မြင်မှုကို သိမ်းပိုက်နိုင်အောင် လုပ်ဆောင်ခဲ့တာပါ"

ဤတိုက်ပွဲအောင်မြင်မှုရလဒ်သည် သူ၏အရည်အချင်းကြောင့်သာဖြစ်သင့်သည်။ လုယွီကမူ သူအတွက်နယ်ရုပ်တစ်ရုပ်မျှသာဖြစ်သည်ဟု ဒုန်ရွှယ် တွေးတောနေခဲ့သည်။

"ဒါဆို မင်းပေါ့"

ရုတ်တရက် တမန်တော်ထံမှ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာလေ၏။

ချက်ချင်းပင် သူထံသို့ရောက်လာသော အားကောင်းသောဖိအားကို ခံစားမိပြီး ဒုန်ရွှယ် နောက်သို့လွင့်စင်ထွက်သွားသည်။

ဖူး....

ဒုန်ရွှယ်က ကြိုးပြတ်သွားသော စွန်ကဲ့သို့လွင့်ထွက်သွားပြီး သူ၏ပါးစပ်မှသွေးများ အန်ထွက်လာလေ၏။

"မင်းအဖေ ငါက အချိန်အတော်ကြာ ဒီကိစ္စကို အကွက်ချစီစဥ်ထားခဲ့တာ....ဒီကောင်တွေ အကုန်လုံးကို တခါတည်းဖမ်းဆီးချင်လို့လေ...ဒါပေမယ့်...မင်း...သောက်သုံးမကျတဲ့အမှိုက်က သူတို့ကိုအဝေးကို မောင်းထုတ်ခဲ့တယ်"

C318

ဒုန်ရွှယ်၏နောက်တွင် အနက်ရောင်ဝတ်စုံဖြင့် အဖိုးအိုတစ်ယောက် မတ်တတ်ရပ်နေလေသည်။ ထိုအဖိုးအို၌ ဆံပင်ခရမ်းရောင်များရှိပြီး သူ၏အရည်ပြားသည်ရှုံတွနေသော်လည်း သက်လတ်ပိုင်းအရွယ်ယော်ကျားသားတစ်ယောက်ကဲ့သို့ တောင့်တင်းသန်မာပုံ ပေါ်လွင်နေသည်။

ထိုအဖိုးအို၏အရပ်သည် မြင့်မားပြီး ဒုန်ရွှယ်၏ရှေ့တွင် လူဘီလူးကြီးတစ်ကောင်ကဲ့သို့ မတ်တတ်ရပ်နေလေ၏။

"ငါ မင်းကို မေးနေတာလေ"

အဖိုးအိုက ဒုန်ရွှယ်အား စိုက်ကြည့်၍ မေးမြန်းလိုက်သည်။

ဒုန်ရွှယ်သည် အလွန်မောက်မာသူဖြစ်သော်လည်း ထိုအဖိုးအို၏ရှေ့တွင်မူ မည်သည့်ခုခံနိုင်မှုမျှမရှိသော ကလေးတစ်ယောက်နှင့်သာတူညီနေသည်။ သူက မိန်းမောတွေဝေနေရာမှ လှုပ်နှိုးခံလိုက်ရသကဲ့သို့ အလန့်တကြားနိုးလာလေ၏။

ထိုအချိန်မှသာလျှင် ယခင်က တမန်တော်ပြောခဲ့သည်များကို သူ ပြန်အမှတ်ရမိသည်။ သူတို့အုပ်စုက အချိန်ဆွဲရန်သာလိုအပ်ပြီး ပင်မယဇ်ပလ္လင်မှလူများက တစ်ချက်တည်းဖြင့် ဖမ်းဆီးသတ်ဖြတ်မည်ဟု တမန်တော်က ပြောကြားထားခဲ့သည်။

တမန်တော် ပြောထားသည့် ဤကဲ့သို့ရိုးရှင်းသော အမိန့်မျိုးကို လူတိုင်းက သူတို့မည်သို့ပြုလုပ်ရမည်ကို သိထားသင့်ပေ၏။

ပတ်ဝန်းကျင်ရှိ တီးတိုးလှောင်ပြောင်သရော်နေမှုများကို ကြားရသော ဒုန်ရွှယ်၏မျက်နှာသည် နီမြန်းသထက်နီမြန်းလာခဲ့သည်။

သို့သော် သူက ပြန်လည်ချေပသည့်အနေဖြင့် လုယွီအား လက်ညှိုးညွှန်၍ အော်ဟစ်လိုက်သည်။

"သူက တိုက်ခိုက်မှုကို အရင်ဆုံးလုပ်ခဲ့တာ...သူ့ကြောင့်သာမဟုတ်ရင် အင်မော်တယ်မဟာမိတ်ကလူတွေ တကွဲတပြားစီဖြစ်သွားမှာမဟုတ်ဘူး"

ဖြောင်း....

အဖိုးအိုက ဒုန်ရွှယ်အား ပါးပိတ်ရိုက်လိုက်၏။

"ခွေးမသား...ငါ့ သောက်လုံးက ကန်းနေတယ်လို့ မင်းထင်လား...မင်းက ဒီနေရာခေါင်းဆောင်လေ...သူက ငယ်သား...သူက သူသဘောနဲ့သူ လုပ်ဆောင်ပါ့မလား"

ဒုန်ရွှယ်က ပါးရိုက်ခံရခြင်းကြောင့် အော်ဟစ်လိုက်၏။

"ခင်ဗျားက ကျုပ်ကိုရိုက်ရဲတယ်ပေါ့....ကျုပ်အဖေက နတ်ဆိုးစစ်ဗိုလ်ချုပ်ပဲ"

ဖြောင်း....

အဖိုးအိုက ဒုန်ရွှယ်ကို ပါးတစ်ချက်ထပ်မံရိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သွေးသားဆတ်နွယ်မှုကို အကြောင်းပြတတ်တဲ့ မင်းလိုအမှိုက်တွေကို ငါ အမုန်းဆုံးပဲ....ငါ မင်းကို ရိုက်တာ ဘာဖြစ်ချင်လဲ...မင်းအဖေရှေ့မှာ ရိုက်ရင်တောင် ငါကိုတစ်ခွန်းမှ ပြန်ပြောရဲမှာမဟုတ်ဘူး...မင်း အဖေကတောင် မင်းကို ထပ်ရိုက်လိမ့်ဦးမယ်"

ဒုန်ရွှယ်သည် အရိုက်ခံရခြင်းကြောင့် မူးမောနေရာမှ ရုတ်တရက် အဖိုးအို၏ခါးရှိ တံဆိပ်ပြားကို အမှတ်မထင် တွေ့မြင်မိသည်။

"ပဲ့နင်းလား"

ဒုန်ရွှယ်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီလာပြီး မလှုပ်ရှားဝံ့တော့ချေ။

ပဲ့နင်းရာထူးသည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အရှင်သခင်နှင့် နီးကပ်သောတည်ရှိမှုကြီးဖြစ်ပြီး ဂိုဏ်း၏အစစ်အမှန် အဓိကပုံရိပ်များဖြစ်သည်။

ဒုန်ရွှယ်၏ဖခင်သည် နတ်ဆိုးစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း ပဲ့နင်းတစ်ယောက်၏ရှေ့တွင် အရာမဝင်ချေ။

"မင်းလည်း ဒီကိုလာခဲ့"

အဖိုးအိုက ရုတ်တရက် လုယွီအား လက်ညှိုးညွှန်၍ ခေါ်ဆိုလိုက်သည်။

"မင်းရဲ့ခွန်အားက မဆိုးဘူး...အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နဲ့ဒီလေါက်စွမ်းအားကို ပိုင်ဆိုင်ထားတယ်...မင်းရဲ့ဆရာက ဘယ်သူလဲ"

"ယဲ့ရွှယ်လန်"

လုယွီက တည်ငြိမ်စွာဖြင့်ပင် ဖြေဆိုလိုက်လေ၏။ အကယ်၍ သူ၏ဆရာဖြစ်သူကို ဖော်ပြရမည်ဆိုလျှင် ယဲ့ရွှယ်လန်ကိုလည်း ထည့်သွင်းတွက်ချက်နိုင်သည်။ သူမ မရှိဘဲနှင့် လုယွီ၏အတိတ်ဘဝတွင် အောင်မြင်မှုရရှိနိုင်ခဲ့မည် မဟုတ်ပေ။

"ယဲ့ရွှယ်လန်....ငါ မကြားဖူးပါလား"

အဖိုးအိုက ထူးထူးဆန်းဆန်းအကြည့်မျိုးဖြင့် လုယွီအား ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေလေ၏။

"မင်းရဲ့နာမည်က ဘာလဲ"

"လုယှီ"

အဖိုးအိုက လုယွီအား ချီးကျူးလိုသည့်အကြည့်မျိုးဖြင့် ကြည့်ရှုရင်းပြောဆိုလိုက်သည်။

"ကောင်းတယ်...မင်းမှာ ဒီအဖိုးအိုရဲ့အမူအကျင့်မျိုးတွေ နည်းနည်းရှိနေတယ်....မင်း ငါကို ဆရာအဖြစ်အသိအမှတ်မပြုချင်ဘူးလား"

တစ်ခြားလူများသည် အနည်းငယ်ကြက်သေသေသွားကြ၏။ ဒုန်ရွှယ်၏အသက်ရှုနှုန်းပင် မြန်သွားခဲ့သည်။

ပဲ့နင်းတစ်ယောက်ကိုသာ ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပါက ထိုသူသည် နတ်ဆိုးဂိုဏ်းအတွင်းတွင် မြင့်မားသောအဆင့်အတန်းကို ရရှိရုံသာမက အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းတွင်လည်း ချောမောစွာရွက်လွှင့်နိုင်ပေမည်။

လုယွီက သူ၏ခေါင်းကိုခါရင်း ပြောဆိုလိုက်၏။

"ကျွန်တော် တောင်းပန်ပါတယ်...စီနီယာက အစွမ်းထက်ပေမယ့် ကျွန်တော်က ဘယ်သူကိုမှ ဆရာအဖြစ်အရိုအသေပြုဖို့ ဆန္ဒမရှိသေးပါဘူး"

အဖိုးအိုက မျက်မှောင်ကြုတ်ရင်း ပြောဆိုလိုက်သည်။

"ဘာလို့လဲ....မင်းက ဒီအဖိုးအိုကို အထင်သေးလို့လား"

လုယွီက တလေးတစား ပြန်လည်ဖြေကြားလိုက်၏။

"ကျွန်တော်က ဆရာတစ်ယောက်ကို အသိအမှတ်ပြုပြီးသားမို့ တစ်ခြားတစ်ယောက်ကို လက်မခံနိုင်တာပါ"

အဖိုးအိုက အချိန်တခဏကြာ တုံဆိုင်းသွားပြီးမှ ရယ်မောနေလေသည်။

"မင်းက လွယ်လွယ်ကူကူသာ သဘောတူညီလိုက်ရင်...ငါ မင်းကို အထင်သေးမိလိမ့်မယ်....ကောင်းတယ်....ဒီစစ်ပွဲပြီးသွားတာနဲ့....မင်း ငါနဲ့အတူ မြေအောက်လောကနတ်ဆိုးဂိုဏ်းကိုလိုက်ခဲ့"

"စီနီယာကို ကျေးဇူးတင်ပါတယ်"

လုယွီက နှိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းလည်းမရှိသော လေသံမျိုးဖြင့် ပြောဆိုလိုက်သည်။

လူတိုင်းက လုယွီအား မနာလိုအားကျသောအကြည့်မျိုးဖြင့် ကြည့်ရှုနေကြ၏။ ပဲ့နင်းတစ်ယောက်၏ စောင့်ရှောက်မှုအောက်တွင် လုယွီ၏အနာဂတ်သည် အကန့်အသတ်ရှိတော့မည်မဟုတ်ချေ။

ဒုန်ရွှယ်၏မျက်နှာသည် မနာလိုခြင်းများကြောင့် ရှုံတွနေလေ၏။ လုယွီက အမှားလုပ်သောသူဖြစ်သည်။ သို့ရာတွင် သူက ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းကြောင့် အမှားများကိုခေါင်းခံလိုက်ရသည်။ မည်သည်ကြောင့် ဤသို့ဖြစ်လာရသနည်း။

အဖိုးအို၏မျက်လုံးများက နံဘေးတစ်နေရာသို့ ရောက်ရှိသွားပြီး သရော်တော်တော်ပြောဆိုလိုက်သည်။

"ဟမ့်...ပုရွတ်ဆိတ်လေးတစ်ချို့ ရှိနေတုန်းပါလား...ဘယ်သူသွားပြီး ရှင်းလင်းချင်လဲ"

ဒုန်ရွှယ်က စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာပြောဆိုလိုက်၏။

"ပဲ့နင်း...ကျွန်တော်သွားပါရစေ"

"မင်းလား...မင်း အမှားမလုပ်ရင် ကံကောင်းနေပြီ"

အဖိုးအိုက သူ၏ခေါင်းကို လုယွီဘက်သို့ လှည့်ပြီးပြောဆိုလိုက်သည်။

"လုယွီ...မင်း သူနဲ့အတူသွားလိုက်"

Chapter 319

အဖိုးအို၏စကားများကြောင့် ဒုန်ရွှယ်တစ်ယောက်ဆို့နင့်သွားကာ သူ၏မျက်နှာတစ်ခုလုံး နီမြန်းနေလေ၏။ သို့သော် အဖိုးအို၏အဆင့်အတန်းကို သူကြောက်ရွံနေသဖြင့် အထွန့်မတတ်ဝံ့ချေ။

"သွားကြစို့"

ဒုန်ရွှယ်က လူတစ်စုကိုဦးဆောင်၍ အဖိုးအိုညွှန်ပြရာဘက်သို့ ဦးတည်၍ ပျံသန်းလိုက်တော့သည်။

အဖိုးအိုနှင့် အတန်ငယ်ဝေးကွာသောနေရာသို့ ရောက်ရှိသည်နှင့် ဒုန်ရွှယ်၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်သည့်အပြုံးမျိုး ထွက်ပေါ်လာသည်။

"မင်းက အချိန်တိုအတွင်းမှာ မင်းရဲ့ခွန်အားကို ဘယ်လိုမြှင့်တင်လိုက်တယ်ဆိုတာ ငါမသိဘူး...ဒါပေမယ့် ငါ မင်းကိုပြောမယ်...မင်းရဲ့ခွန်အားက ငါရှေ့မှာ အရာမရောက်ဘူး"

ဒုန်ရွှယ်က သူ၏ခေါင်းကိုခါယမ်းရင်းမှ ပြောဆိုလိုက်၏။

လုယွီက ဆိတ်ဆိတ်နေသည်ကိုကြည့်ပြီး ဒုန်ရွှယ်၏အပြုံးသည် ပို၍ထင်ရှားပေါ်လွင်လာခဲ့သည်။

"မင်း ပင်မယဇ်ပလ္လင်ကိုရောက်တဲ့ချိန်ကျရင်....ငါ ပြောတာ မှန်လား မှားလားဆိုတာ မင်းသိလိမ့်မယ်...အဲ့ဒီနေရာက လူအားလုံးက ထိပ်တန်းပါရမီရှင်တွေချည်းပဲ...တစ်ကယ်လို့ ငါ အဲ့ဒီနေရာကိုရောက်သွားရင်လည်း ငါရဲ့ပါရမီက အဲ့ဒီလူတွေထက် ပိုရင်သာပိုမယ် မနည်းနိုင်ဘူး...မင်းလိုကောင်ကလား...ပါရမီရှင်တွေရဲ့ သတ်ခြင်းကိုခံလိုက်"

ဒုန်ရွှယ်က လုယွီအား လှောင်ပြောင်သရော်နေလေ၏။

လုယွီက တည်ငြိမ်သောလေသံဖြင့်သာ ခွန်းတုံပြန်လေသည်။

"မင်း ဘာလို့ စကားအဲ့လောတ်ထိများနေတာလဲ....ပင်မယဇ်ပလ္လင်ကိုသွားရမှာ ငါလေ...မင်း မဟုတ်ဘူး"

"မင်း....."

ဒုန်ရွှယ်၏အသံတိတ်ဆိတ်သွားပြီး သူ၏မျက်နှာသည် အနီရောင်ပြောင်းလဲသွား၏။

"ဟမ့်...ပင်မယဇ်ပလ္လင်ကို မရောက်ခင်မှာဘဲ မင်းလိုကောင်က အသက်ထွက်နေမှာ ငါ မြင်ယောင်နေပြီ....မင်းလို ခွန်အားတကယ််ရှိဘဲ ရှိချင်ယောင်ဆောင်နေတဲ့ကောင်မျိုးက အနှေးနဲ့အမြန် ဒုက္ခတွေ့မှာပဲ"

ဒုန်ရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက လုယွီထက်ပို၍ သာလွန်ပေသည်။ မည်သည်ကြောင့် လုယွီက ပင်မယဇ်ပလ္လင်ကိုဝင်ခွင့်ရရှိခဲ့ပြီး သူက မရရှိသနည်း။

ဒုန်ရွှယ်က တွေးတောမိလေလေ ပို၍ဒေါသထွက်လေလေ ဖြစ်ပေ၏။ ဒုန်ရွှယ်က သူ၏အမြန်နှုန်းကို မြှင့်တင်၍ တောင်ကြားအဆုံးသို့ သူ၏မှော်လက်နက်နှင့်အတူ ပျံဝဲသွားတော့သည်။

တောင်ကြားအလွန်၌.....

ဒုန်ရွှယ်က ဖန်ချီနှင့်သမင်ဖြူကျောင်းတော်မှတပည့်များအုပ်စုကိုမြင်ချိန်တွင် တရကြမ်း တိုးဝင်တိုက်ခိုက်လိုက်သည်။

"သူတို့က နတ်ဆိုးကျင့်ကြံသူတွေ.....သူတို့ကိုသတ်"

ဒုန်ရွှယ်တို့လူစုအား မြင်တွေ့ချိန်တွင် ဖန်ချီ၏မျက်နှာသည် ပြုံးရွှင်သွားပြီး အော်ဟစ်၍ ပြန်လည်တိုက်ခိုက်တော့လေ၏။

လုယွီက မျက်မှောင်ကြုတ်နေလေ၏။ အစောပိုင်းက သူလုပ်ခဲ့သမျှသည် ဤလူစုကိုအလျှင်အမြန်ထွက်ခွါသွားစေလိုသောကြောင့်ဖြစ်သည်။ တိုက်ပွဲကွင်းပြင်သည် ကျောင်းတော်နှင့်ကွာခြားပြီး အချိန်မရွေး လူများသေဆုံးနိုင်သည်။

ကျောင်းတော်မှတပည့်များသည် နတ်ဆိုးကျင့်ကြံသူများ၏ကျန်းချီများကို သူတို့ကသဘာဝအတိုင်းခုခံနိုင်မှုအပေါ်မှီခို၍ အလွန်အမင်း စိတ်ကြီးဝင်နေကြ၏။

အကယ်၍သာ ထိုနတ်ဆိုးကျင့်ကြံသူများသည် ပြန်လည်ကုစားချိန်ရရှိသွားပါက ဖန်လုံအိမ်အတွင်းမှပန်းပွင့်များနှင့်တူသော ကျောင်းတော်တပည့်များသည် သူတို့၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"အဖြူရောင်ကျောက်စိမ်း ဓားဝိညာဥ်"

ဖန်ချီက ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်ရာတွင် အဖြူရောင်အလင်းတန်းတစ်ခုက ချက်ချင်းပင် ဒုန်ရွယ်ထံသို့ ရောက်ရှိသွားခဲ့သည်။

ဒုန်ရွှယ်က ဒေါသထွက်သွားလေ၏။

"ငါက မင်းအသက်ကို ချမ်းသာပေးထားတာတောင်...မင်းက လာပြီးအသေခံရဲတယ်ပေါ့"

သူတို့နှစ်ယောက်၏ဓားချီများသည် ရောထွေးယှက်နွယ်ပြီး တိုက်ခိုက်နေကြ၏။ ယခုချိန်တွင် ဖန်ချီအားတိုင်ခိုက်နိုင်သူမှာ ဒုန်ရွှယ်ဟူသော သူသာဖြစ်ပေသည်။ လုယွီသည် အစောပိုင်းက အလွန်အစွမ်းထက်နေရခြင်းမှာ သူ၏စွမ်းအားကိုမြှင့်တင်နိုင်ရန် ဆေးတစ်မျိုးမျိုးကို သောတ်သုံးထားခြင်းကြောင့်ဖြစ်မည်ဟု ဒုန်ရွှယ်က ယူဆထားသည်။

"မင်းက တောသားလူအတစ်ယောက်ပဲ...မင်းမှာပဲ ဆေးလုံးတွေရှိတယ်ထင်နေတာလား"

ဒုန်ရွှယ်က စိတ်အတွင်းမှလှောင်ပြောင်သရော်နေပြီး သူ၏အင်္ကျီလက်အတွင်းမှဆေးလုံးကို ထုတ်ယူပြီးသောတ်သုံးလိုက်၏။

ထိုဆေးသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ဒုန်ရွှယ်သည် ရုတ်တရက် တုန်ရီသွားလေသည်။ ထို့နောက် ဆေးစွမ်းက ချက်ချင်းပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။

ဒုန်ရွှယ်၏ကျန်းချီများသည် အသက်အနည်းငယ်ရှုချိန်အတောအတွင်းမှာပင် နှစ်ဆမကပို၍ အားကောင်းလာခဲ့၏။

ဖန်ချီကမူ ဒုန်ရွှယ်သည် ရုတ်တရက် ပို၍သန်မာအားကောင်းလာမည်ဟု မျှော်လင့်ထားပုံမရချေ။

သူတို့နှစ်ယောက်၏လက်ဝါးအချင်းချင်း ရိုက်ခတ်မိချိန်တွင် ဖန်ချီက နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သူ၏နံဘေးပတ်ဝန်းကျင်၌ နတ်ဆိုးကျင့်ကြံသူများကလည်း ပို၍များပြားလာသည်ကို တွေ့မြင်မိလေ၏။

"စီနီယာအကိုကြီး....နတ်ဆိုးကျင့်ကြံသူတွေရဲ့အင်အားက အရမ်းများလွန်းတယ်"

ကျောင်းတော်မှ တပည့်တစ်ယောက်က အော်ဟစ်လိုက်၏။

ဖန်ချီက ကူရာကယ်ရာမဲ့နေပြီး သူ၏မျက်လုံးများအတွင်းတွင် နောင်တများထင်ဟပ်နေလေသည်။ သူက အလွန်ပင် အဆင်အခြင်မဲ့စွာ ဆုံးဖြတ်ခဲ့မိလေ၏။ ယခုအချိန်သည် သူတို့အုပ်စုတစ်စုလုံး ဆုတ်ခွါသင့်သောအချိန်ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်သာ တားဆီးပြီး လမ်းကြောင်းဖွင့်မပေးပါက သူတို့အားလုံး နတ်ဆိုးကျင့်ကြံသူများ၏ ဝိုင်းရံခြင်းခံရပေမည်။

ဖန်ချီက စိတ်ဆုံးဖြတ်ချက်ချလိုက်သောမျက်လုံးများဖြင့် လုရွှမ်အာကို ကြည့်၍ပြောဆိုလိုက်သည်။

"အရင်ဆုံး သူတို့ကို မင်းတို့တားဆီးထားလိုက်...ငါ စစ်ကူသွားခေါ်လိုက်မယ်"

ဖန်ချီက စကားဆုံးသည်နှင့် ဓားပျံကိုစီးနင်း၍ အဝေးသို့ ထွက်ပြေးသွားတော့သည်။

"ဘာ...."

ကျောင်းတော်တပည့်များအားလုံး အံ့အားသင့်တုန်လှုပ်သွားပြီး ချက်ချင်းပင်တုန့်ပြန်လိုက်ကြသည်။

"ခွေးမသား...ငါတို့ကိုသေအောင်ထားခဲ့ပြီး သူကျထွက်ပြေးပြီ"

"ငါတို့ကို ဒီနေရာကို သူကခေါ်လာပြီး....ခုကျသေအောင် ပစ်ထားခဲ့တယ်"

"ငါ အသက်ရှင်ရက် ကျောင်းတော်ပြန်ရောက်ရင်...မင်းကိုခွင့်မလွှက်ဘူး"

ကျောင်းတော်မှတပည့်များအားလုံး အော်ဟစ်ဆဲဆိုနေကြလေ၏။ ယခုအချိန်တွင် သူတို့က ဖရိုဖရဲတိုက်ပွဲကြားတွင် ချောင်ပိတ်မိနေခဲ့သည်။

ဒုန်ရွှယ်က သရော်တော်တော် ပြောဆိုလိုက်သည်။

"ဘာမှစိတ်ပူမနေနဲ့...မကြာခင် မင်းတို့အလှည့်ရောက်တော့မှာ"

ရုတ်တရက် ဒုန်ရွှယ်က နံဘေးတစ်နေရာတွင်ရှိနေသော လုရွှမ်အာကိုမြင်ချိန်တွင် သူ၏မျက်နှာပြုံးရွှင်သွားလေသည်။

"မင်း....ဒီနေရာကိုလာစမ်း"

ဒုန်ရွှယ်က လုရွှမ်အာထံသို့ဦးတည်၍ ဖမ်းဆွဲလိုက်သည်။

Chapter 320

ဒုန်ရွှယ်က သူမထံသို့လာနေသည်ကို လုရွှမ်အာမြင်ချိန်တွင် ကူရာကယ်ရာမဲ့သကဲ့သို့ခံစားမိပြီး သူမ၏မျက်နှာတစ်ခုလုံးဖြူရော်သွားခဲ့သည်။

"ရာပေါင်းများစွာသော ဌက်တွေက ဖီးနစ်ကိုခစားကြတယ်"

လုရွှမ်အာက သူမ၏ဓားရှည်ကိုညွှန်ပြလိုက်ရာတွင် ဓားချီများက လေထုကိုဖြတ်သန်း၍ ထွက်ပေါ်လာလေ၏။

ယခုလက်ရှိ လုရွှမ်အာ၏ကျင့်ကြံဆင့်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်ဖြစ်သည်။ သမင်ဖြူကျောင်းတော်၏ အတွင်းစည်းတပည့်များကြားတွင် သူမက ထူးချွန်သူတစ်ယောက်ဖြစ်သည်။

ဒုန်ရွယ်က ခနိုးခနဲ့ရယ်မောပြီး လက်ဝါးရိုက်ချက်တစ်ချက်ကို သာမာန်ကာလျှံကာရိုက်ထုတ်လိုက်၏။ လုရွှမ်အာ၏အဖြူရောင်ဓားချီများသည် ဒုန်ရွှယ်၏လက်ဝါးရိုက်ချက်ကြောင့် အချိန်အနည်းငယ်အတွင်းမှာပင် ပျက်ပြယ်သွားခဲ့သည်။

"အလှလေး....ငါနဲ့အတူ လိုက်ခဲ့စမ်းပါ"

ဒုန်ရွှယ်က ရယ်မောနေရင်းမှ လုရွှမ်အာကို ဖမ်းဆွဲလိုက်လေ၏။

"စီနီယာအမ"

အမျိုးသမီးတပည့်များက လုရွှမ်အာကိုကယ်တင်နိုင်ရန် သူတို့၏ဓားများကိုမြှောက်၍ တိုးဝင်လာကြသည်။

"ဒီနေရာက ထွက်သွားကြစမ်း"

ဒုန်ရွှယ်က သူ၏ကျန်းချီများကိုထုတ်လွှက်လိုက်ရာတွင် ကျောင်းတော်မှတပည့်များအားလုံး လွင့်စင်ပြိုလဲသွားလေ၏။

ဒုန်ရွှယ်က လုရွှမ်အာကိုလက်ညှိုးညွှန်၍ ပြောဆိုလိုက်သည်။

"သူမက လွဲပြီး....ကျန်တဲ့ ယော်ကျားတွေအကုန်လုံူကိုသတ်....မိန်းကလေးတွေက မင်းတို့အပိုင်ပဲ"

ဒုန်ရွှယ်၏နံဘေးမှ နတ်ဆိုးကျင့်ကြံသူများထံမှ ရယ်မောသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး သမင်ဖြူကျောင်းတော်မှ အမျိုးသမီးတပည့်များထံသို့ တရကြမ်းပြေးဝင်ကြတော့၏။

ယခုအချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ထိတ်လန့်တကြားအော်ဟစ်သံများဖြင့် ဆူညံနေလေသည်။

လုရွှမ်အာက အံတင်းတင်းကြိတ်၍ ဒုန်ရွှယ်နှင့် အနောက်ရှိ လုယွီတို့အား ကြည်ရှုလိုက်သည်။ ရုတ်တရက် သူမ၏လက်ညှိုးကို ဓားပေါ်သို့ တင်လိုက်လေ၏။ ဓား၏လက်ကိုင်ရိုးပေါ်ရှိ သလင်းကျောက်တုံးသည် ရုတ်တရက်ကြေမွသွားခဲ့သည်။

ထို့နောက် ကျယ်ပြန့်သော အဖြူရောင်အလင်းတန်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လွှမ်းခြုံထားလေ၏။

ထိုအဖြူရောင်အလင်းတန်းနှင့်ထိတွေ့မိသော နတ်ဆိုးကျင့်ကြံသူများသည် ချက်ချင်းပင် သူတို့၏ခန္ဓာကိုယ်များမှ နတ်ဆိုးချီများ ပြင်ပသို့ယိုစိမ့်ထွက်ကုန်ကြသည်။

"အား...အား...."

အဖြူရောင်အလင်းတန်း၏လွှမ်းခြုံမှုကိုခံရပြီး အချိန်မှီမလွတ်မြောက်နိုင်သည့် နတ်ဆိုးကျင့်ကြံသူတစ်ချို့သည် ချက်ချင်းပင်အငွေ့ပြန်သွားပြီး သူတို့၏ရုပ်အလောင်းပင်ကြွင်းကျန်ရစ်ခြင်းမရှိပေ။

"ဒါက အဝိုင်းကြီးနယ်ပယ် ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ရဲ့စွမ်းအားပါတဲ့ မှော်လက်နက်ပဲ"

ဒုန်ရွှယ်က ရုတ်တရက် သူ၏နံဘေးရှိနတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆွဲပြီး သူ၏ရှေ့၌ ကာဆီးထားလေ၏။

ဖူး...ဖူး...ဖူး....

ခပ်သဲ့သဲ့အသံများက အဆက်မပြက်ထွက်ပေါ်နေပြီး အဖြူရောင်အလင်းတန်း ရှေ့တွင်ရောက်ရှိနေကြသော နတ်ဆိုးကျင့်ကြံသူများမှာမူ ပြာအဖြစ်သို့ပြောင်းလဲလွင့်စင်သွားသည်။ ကျန်ရှိနေသောနတ်ဆိုးကျင့်ကြံသူများသည် လက်မတင်လေးလွတ်မြောက်လာခဲ့သော်လည်း အတွင်းဒဏ်ရါရရှိကာ သွေးများအန်ထွက်လာကြ၏။

"အဲ့ဒီ မိန်းမက ပြေးဖို့ကြံစည်နေတယ်"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အံကြိတ်၍ အော်ဟစ်လိုက်သည်။

လုရွှမ်အာက မှော်လက်နက်၏စွမ်းအားကိုထုတ်လွှက်နေစဥ်တွင် ကျောင်းတော်မှတပည့်များသည် အလျှင်အမြန်ဆုတ်ခွါပြေးကြသည်။ သူမကမူ မှော်လက်နက်ကို ထိန်းချုပ်ရမှုကြောင့် အလွန်မောပန်းနေသဖြင့် နတ်ဆိုးကျင့်ကြံသူများ၏ဝိုင်းရံခြင်းကို ခံရတော့၏။

'ဘယ်ကောင်မှ ရှေ့မတိုးနဲ့....သူမက ငါ့အပိုင်"

ဒုန်ရွှယ်က အော်ဟစ်လိုက်သည်။

နတ်ဆိုးကျင့်ကြံသူများအားလုံး နေရာမှာပင်ရပ်တန့်လိုက်ကြပြီး သူတို့ရှေ့မှမြင်ကွင်းကို ကြည့်ရှုနေလေ၏။

နောက်ဆုံး၌ လုရွှမ်အာ၏မှော်လက်နက်မှအော်ရာလျော့နည်းလာပြီး အဖြူရောင်အလင်းတန်းသည်လည်း တစတစမှေးမှိန်လာခဲ့သည်။

"ဟား ဟား...ငါက အစေခံတစ်ယောက်လိုအပ်နေတာ...အခုချိန်ကစပြီး မင်းက ငါ့အစေခံပဲ"

ဒုန်ရွှယ်က ရိုင်းပျစွာအော်ဟစ်ပြောဆိုပြီး လုရွှမ်အာထံသို့ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။

လုရွှမ်အာ၏မျက်လုံးများအတွင်းတွင် တည်ကြည်လေးနက်မှုများထင်ဟပ်နေလေ၏။ လုရွှမ်အာက စိတ်ဆုံးဖြတ်ပြီးနောက် သူမကိုယ်သူမသတ်သေရန် လည်ပင်းပေါ်သို့ သူမ၏ဓားကိုတင်လိုက်သည်။

အကယ်၍ သူမသေဆုံးရလျှင်ပင် သူမကိုယ်သူမ ဤနတ်ဆိုးကျင့်ကြံသူများလက်အတွင်းသို့ ကျရောက်ခွင့်မပြုနိုင်ချေ။ လုရွှမ်အာက မျက်လုံးများစုံမှိတ်၍ ဘဝအါးအဆုံးသတ်ခါနီးတွင် သူမ၏နားအတွင်းသို့ ထိတ်လန့်တကြားအော်ဟစ်သံတစ်သံ ဝင်ရောက်လာလေ၏။

လုရွှမ်အာက မျက်လုံးဖွင့်ကြည့်လိုက်ရာတွင် လုယွီက ဒုန်ရွှယ်အား ကန်ထုတ်လိုက်ခြင်းကို တွေ့မြင်မိသည်။ လုယွီက သူ၏ကျန်းချီကိုပင် အသုံးပြုခြင်းမရှိပေ။ သူ၏ခွန်အားသက်သက်ဖြင့်ပင် ဒုန်ရွှယ်အား လွင့်ထွက်သည်အထိ ကန်ကျောက်လိုက်ခြင်းဖြစ်သည်။

"သူမက ငါ့အပိုင်...မင်း သူမကို လက်ညှိုးတစ်ချောင်းနဲ့တောင်မထိနဲ့"

လုယွီက ပေါ့ပေါ့ပါးပါးအမူအယာဖြင့် ပြောဆိုလိုက်၏။

ဘုန်း...

လွင့်စင်ထွက်သွားသော ဒုန်ရွှယ်သည် တောင်တစ်လုံးနှင့် အပြင်းအထန်ဆောင့်မိလေသည်။ သို့သော် အချိန်တခဏအကြာမှာပင် သူက လဲကျနေရာမှ ကုန်းရုန်းထလာခဲ့၏။

"လုယွီ....မင်း သေချင်နေတာလား"

ဒုန်ရွှယ်က အော်ဟစ်ကြုံးဝါးပြီး တဟုန်ထိုးပြေးဝင်လာလေသည်။

လုယွီက ဒုန်ရွှယ်အား ထပ်မံကန်လိုက်ပြန်၏။

ဘုန်း....

ဒုန်ရွှယ်သည် နောက်သို့ထပ်၍ လွင့်စင်သွားလေသည်။ ယခုတစ်ကြိမ်တွင်မူ လုယွီ၏ကန်ချက်သည်ပို၍အားပြင်းသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင်နံရံအတွင်း၌ နစ်မြုပ်သွားခဲ့သည်။

လုယွီက သူ၏ခြေထောက်ကိုပြန်ရုတ်သိမ်းပြီး နံဘေးမှလူများအား ကြည့်ရှုလိုက်၏။

"ငါက နှစ်ခါထပ်ပြောရတာကို မကြိုက်ဘူး...တစ်ကယ်လို့ မင်းတို့မကျေနပ်ရင် ခြေတစ်လှမ်းရှေ့တိုးခဲ့ကြ"

နတ်ဆိုးကျင့်ကြံသူများသည် အမြဲတစေလွတ်လွတ်လပ်လပ်နေပြီး သူတို့၏စိတ်ဆန္ဒများကိုသာ ဦးစားပေးတတ်သူများဖြစ်သည်။ သူတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရှုနေကြ၏။ သူတို့က လုယွီအစွမ်းထက်ကြောင်းကို သိမြင်နေကြသဖြင့် မည်သူကမျှ ဆန့်ကျင်ကြောင်းမပြသဝံ့ပေ။

လုယွီက လုရွှမ်အာထံသို့ လျှောက်လှမ်းသွားပြီး ညင်သာစွာပြောဆိုလိုက်သည်။

"သွားရအောင်"

လုရွှမ်အာက လုယွီကို စက်ဆုပ်ရွံရှာသောအကြည့်ဖြင့် ကြည့်ရှုနေလေ၏။

"ငါ နင့်အကူအညီ မလိုအပ်ဘူး"

လုယွီက ခေါင်းခါလိုက်ကာ ရုတ်တရက် သူ၏လက်ဖြင့် လုရွှမ်အာ၏မျက်ခုံးနှစ်ခုကြားသို့ တို့ထိလိုက်သည်။

လုရွှမ်အာသည် သတိလစ်မေ့မျောသွားတော့သည်။

All Chapters