← Chapters

အခန်း (၃၂၆-၃၃၀)

Vol. 16-20 Ch. 326-330

အခန်း (၃၂၆-၃၃၀)

Vol. 16-20 Ch. 326-330

Chapter 326

လုယွီ၏နံဘေးရှိစားပွဲပေါ်မှ အစားအစာများသည် အလွန်ပင်လက်ရာမြောက်အောင် အလှဆင်ထားပေ၏။ သာမာန်လောကတွင်မြင်ရခဲသော အဖိုးတန်ပါဝင်ပစ္စည်းများနှင့် ဤစားကောင်းသောတ်ဖွယ်များကို ပြုလုပ်ထားခြင်းဖြစ်သည်။

လုယွီက လုရွှမ်အာကို ပြောဆိုနေလေ၏။

"တစ်ကယ်လို့ မင်းမှာခွန်အားမရှိဘူးဆိုရင်...ငါကိုဘယ်လိုလက်စားချေမှာလဲ"

လုရွှမ်အာက ဒေါသတကြီးဖြင့် နှာမှုတ်လိုက်သည်။

"ဟွန့်..နင်က မြင့်မြတ်ပြီး ဖြောင့်မတ်တဲ့ ကျင့်ကြံသူတစ်ယောက်မလုပ်ဘဲ မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့ခွေးတစ်ကောင်ဖြစ်ချင်တာပေါ့လေ...နင် ဘာတွေစဥ်းစားနေတာလဲဆိုတာ ငါ တကယ်မသိတော့ဘူး"

"မင်း ထင်ချင်သလို ထင်"

လုယွီက အခန်းအတွင်းမှထွက်ခွါရန် မတ်တတ်ထရပ်ပြီးမှ တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ သူက လုရွှမ်အာကို သတိပေးလိုက်၏။

"မင်း ဒီအခန်းထဲမှာပဲနေတာကောင်းလိမ့်မယ်...တစ်ကယ်လို့ တစ်ခုခုထပ်ဖြစ်မယ်ဆိုရင် ငါ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး"

"နင်ကို ဘယ်သူကကယ်ခိုင်းနေလို့လဲ"

လုရွှမ်အာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုယွီက စိတ်ပျက်လက်ပျက်ဖြင့် တံခါးကိုတွန်းဖွင့်ကာ ထွက်ခွါသွားတော့သည်။

လုယွီထွက်ခွါသွားချိန်၌ လုရွှမ်အာက ကုတင်ပေါ်၌ထိုင်နေရာမှ ရုတ်တရက်ဝမ်းနည်းလာကာ သူမ၏တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်လာပြီး မျက်ရည်များစီးကျလာသည်အထိ ငိုကြွေးနေလေ၏။

သူမသည် သမင်ဖြူကျောင်းတော်မှ မည်သည့်အချိန်ကမျှ ကိုယ်သဘောနှင့်ကိုယ်ထွက်ခွါဖူးခြင်းမရှိပေ။ ယခု သူမ ထွက်လာသည်နှင့် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အသိုက်အတွင်းသို့ ရောက်ရှိနေမည်ဟု မည်သည့်အချိန်ကမျှ မျှော်လင့်ထားခြင်းမရှိချေ။

လုရွှမ်အာက စားပွဲပေါ်မှအစားအစာများကို ကြည့်ရှုလိုက်မိ၏။ ရုတ်တရက်ဆိုသလိုပင် သူမက စတင်စားသောတ်လိုက်တော့သည်။

"အမေ....သမီးကိုဘယ်ချိန်မှလာကယ်မှာလဲ"

လုရွှမ်အာက ငိုကြွေးရင်း တုန်ရီနေသောအသံဖြင့်ရေရွတ်နေလေ၏။

……

စားသောက်ဆိုင်မှထွက်ခွါလာပြီးနောက် လုယွီက မြို့အနောက်ဘက်သို့ သွားနေလေသည်။ အချိန်အနည်းငယ်အကြာတွင်မူ လုယွီက ကြီးမားသောအိမ်တော်တစ်ခု၏ရှေ့၌ ရပ်တန့်လိုက်သည်။

အိမ်တော်၏တံခါးထိပ်တွင် "စစ်ဗိုလ်ချုပ် မိုးကြိုးမီးလျှံ၏အိမ်တော်"ဟူသောစာလုံးကြီးများကို ကဗျည်းထိုးထားလေ၏။

"ရပ်လိုက်စမ်း"

အစောင့်တစ်ယောက်က လုယွီအား တားဆီးလိုက်သည်။

လုယွီက သူ၏လက်မောင်းကြားရှိစာတစ်စောင်ကို ထုတ်ယူလိုက်လေ၏။

"ငါက မင်းတို့အိမ်တော်က လက်ထောက်စစ်ဗိုလ်ချုပ်နဲ့မိတ်ဆွေဟောင်းတွေပါ...ငါ သူမကိုလာရှာတာ"

"လက်ထောက်စစ်ဗိုလ်ချုပ်ရဲ့မိတ်ဆွေဟောင်းလား"

အစောင့်က ထူးဆန်းနေသလိုဖြင့် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ရှုနေလေ၏။

"ခဏစောင့်ဦး"

လုယွီက ခေါင်းညိတ်ပြပြီး အိမ်တော်ပြင်ပ၌ စောင့်ဆိုင်းနေခဲ့သည်။

အချိန်အတော်ကြာမှသာလျှင် အနက်ရောင်သံချပ်ကာဝတ်စုံဖြင့် အမျိုးသမီးစစ်ဗိုလ်ချုပ်တစ်ယောက် ထွက်လာလေသည်။

ထိုအမျိုူသမီးစစ်ဗိုလ်ချုပ်က လုယွီအား တစ်ချက်ကြည့်လိုက်သည်။

"နင်က သတင်းစကားသယ်ဆောင်လာတဲ့တစ်ယောက်လား...ဘယ်လိုလူမျိုးက နင်ကိုဒီစာ ပေးလိုက်ပါလိမ့်"

"စာယူလာတာ ကျွန်တော်ပဲ"

လုယွီက တည်ငြိမ်စွာပင် ပြောဆိုလိုက်လေ၏။

အမျိုူသမီးစစ်ဗိုလ်ချုပ်က မျက်မှောင်ကြုတ်နေလေ၏။ သူက လုယွီသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သာရှိသော သာမာန်ကျင့်ကြံသူတစ်​ောာက်ဖြစ်သည်ကို တွေ့ရှိသွားသည်။

အမျိုးသမီးစစ်ဗိုလ်ချုပ်က မေးခွန်းထုတ်နေသည့်အတွက် လုယွီက ခပ်သဲ့သဲ့လေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းက ဒီနေရာမှာပဲ ငါနဲ့စကားပြောချင်တာလား"

အမျိုးသမီးစစ်ဗိုလ်ချုပ်က မကျေမချမ်းဖြင့် အေးစက်စက်ပြောလိုက်၏။

"ကောင်းပြီလေ...ငါ ပိုကောင်းတဲ့နေရာတစ်ခုကိုသိတယ်....နင်ကို ဖိတ်ခေါ်ပါတယ်"

အမျိုးသမီးစစ်ဗိုလ်ချုပ်က လုယွီအား မြို့အစွန်အဖျားရှိအရက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားလေသည်။

"ပြောတော့...ဒီနေရာကို ဘယ်သူက နင်ကိုစေလွှက်လိုက်တာလဲ"

အမျိုးသမီးစစ်ဗိုလ်ချုပ်က လေးနက်သောအသံဖြင့် လုယွီအားမေးမြန်းလိုက်၏။

လုယွီက သက်ပြင်းရှိုက်နေလေ၏။

"ငါ မင်းကိုပြောမထားဘူးလား.....ငါက စာလာပို့တာလို့"

အမျိုးသမီးစစ်ဗိုလ်ချုပ်က သူမ၏ဓားရှည်ကို ဆွဲထုတ်ပြီး လုယွီအားချိန်ရွယ်ထားလေ၏။

"ငါ နင်ကိုမယုံဘူး....အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်က ဘယ်လိုယုံကြည်ချက်မျိုးနဲ့ ဒီစာကိုယူလာနိုင်ရတာလဲ...ပြောစမ်း...နင် ဘယ်သူလဲ"

လုယွီက အမျိုးသမီးစစ်ဗိုလ်ချုပ်၏မျက်နှာကို တည့်တည့်စိုက်ကြည့်နေလေသည်။

"လုစွေ့ထင်း....အရင်တုန်းက သမင်ဖြူကျောင်းတော်ရဲ့အတွင်းစည်းတပည့်တစ်ယောက်....ပြီးတော့ ကျောင်းတော်ကအကြီးအကဲတစ်ယောက်ရဲ့လျှို့ဝှက်တပည့်...ငါ ပြောတာမှန်ရဲ့လား"

အမျိုးသမီးစစ်ဗိုလ်ချုပ်၏ မျက်လုံးများတွင် အသိစိတ်ကင်းကွာသွားမှုများ ထင်ဟပ်နေသည်။ ဤအကြောင်းကိစ္စကို သူမနှင့် သူမ၏ဆရာသခင်အပြင် မည်သည့်သူစိမ်းကမျှသိရှိခြင်းမရှိပေ။

"ငါက လုယွီ...ဒီနေရာကို တာဝန်တစ်ခုလုပ်ဖို့လာခဲ့တာ...ဒီတစ်ကြိမ်မှာ မင်းရဲ့ပူးပေါင်းဆောင်ရွက်မှု ငါလိုအပ်တယ်"

လုယွီက ပြောဆိုလိုက်သည်။

လုစွေ့ထင်းက သည်းမခံနိုင်ပုံဖြင့် မျက်မှောင်ကြုတ်နေလေ၏။

"ဆရာသခင်က တစ်ခုခုကိုနားလည်မှု လွဲမှားနေပြီလို့ ငါထင်တယ်"

လုစွေ့ထင်းက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စိတ်ပျက်သွားပုံဖြင့် ပြောဆိုလိုက်သည်။

"ငါက မြေအောက်လောကကို ရောက်နေတာငါးနှစ်ကျော်ရှိနေပြီ...အပြင်းအထန်ကြိုးစားတိုက်ခိုက်ပြီးမှ လက်ထောက်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့တယ်...နင်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်ပြီး လမ်းလျှောက်သူ အဆင့်အတန်းပဲရှိတာ...နင်က ငါက်ုဘယ်လိုလုပ် ကူညီနိုင်မှာလဲ"

"ပြီးတော့ မြေအောက်လောကမှာ ပါရမီရှင်တွေက အရမ်းများပြားလွန်းတယ်.....နင်မှာအရည်အချင်းမရှိရင်....မတ်တတ်ဖြောင့်ဖြောင့်ရပ်နိုင်ဖို့တောင်မလွယ်ဘူး"

လုယွီက တည်ငြိမ်စွာဖြင့်သာ တုံပြန်ပြောဆိုလိုက်သည်။

"ငါရဲ့တာဝန်အောင်မြင်ဖို့ မင်းရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်တာတစ်ခုပဲ...ကျန်တဲ့ကိစ္စတွေကို မင်း မေးစရာမလိုဘူး"

လုစွေ့ထင်းက လုယွီအား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်ရှုနေလေ၏။

"ငါ နင်ကို သနားလို့သတိပေးထားတာ...နင် သေသွားတဲ့အချိန်ကျရင် ငါကိုအပြစ်မတင်နဲ့....ဘယ်လိုသေလို့သေသွားမှန်းတောင် နင်သိမှာမဟုတ်ဘူး"

Chapter 327

"​ငါကို ပြောပြဦး...မင်းက ဒီနေရာမှာနေတာ တော်တော်ကြာနေပြီ...မင်းမှာ အသုံးဝင်တဲ့သတင်း ဘာရှိလဲ"

လုယွီက လုစွေ့ထင်းအား မေးမြန်းလိုက်သည်။

လုစွေ့ထင်းက နှာမှုတ်ပြီး စိတ်မကြည်မသာဖြင့် ပြောဆိုလိုက်လေ၏။

"ငါ နင်ကို ပြောပြတော့ရော...အသုံးဝင်မှာမို့လို့လား...နင်က လမ်းလျှောက်သူ အဆင့်အတန်းပဲရှိတာ....တိုက်ပွဲတွေကြားမှာ နင်ကိုယ်နင် အသက်ရှင်အောင်နေနိုင်ဖို့ပဲ ကြိုးစားစမ်းပါ"

လုယွီက ထပ်မံပြောဆိုလိုက်သည်။

"ငါရဲ့ကိစ္စတွေကို မင်း စိတ်ပူနေစရာမလိုဘူး"

လုစွေ့ထင်းသည် ခက်ထန်စွာဖြင့် ပြောဆိုလေတော့၏။

"နတ်ဆိုးဂိုဏ်းရဲ့နောက်ခံ ကောင်းကင်ဘုံကထိပ်သီးကျွမ်းကျင်သူက ဘယ်သူလဲဆိုတာတော့ ငါမသိဘူး...ဒါပေမယ့် နင်သိထားရမယ့်လူက မြေအောက်လောကရဲ့အရှင်သခင်ပဲ...နင်က သူလျှိုလုပ်မယ်ဆိုရင် နင်ကိုနှစ်တစ်ရာအချိန်ပေးရင်တောင် ဘာမှတတ်နိုင်မှာမဟုတ်ဘူး"

လုစွေ့ထင်းက လုယွီပေါ်၌ အမြင်ကောင်းရှိပုံမပေါ်ချေ။

"ဆရာသခင် ဘယ်လိုတွေတွေးတောနေတယ်ဆိုတာ ငါစဥ်းစားလို့မရတော့ဘူး....နင်ကိုဒီနေရာကိုပို့လိုက်တာက ငါ့အတွက်ပြဿနာတွေပဲပိုများစေလိမ့်မယ်"

လုယွီက မျက်မှောင်ကြုတ်ရင်း တုံပြန်ပြောဆိုလေ၏။

"မင်းနဲ့ငါအတွက် အချိန်ကအရေးကြီးတယ်ဆိုတာ မင်းသိသင့်တယ်...အသုံးမဝင်တာတွေကို ထပ်ပြီးမပြောစမ်းနဲ့"

"နင် တော်တော်ခေါင်းမာတာပဲ....ကောင်းပြီလေ...နင်က သေချင်နေမှတော့ ငါထပ်ပြီးဖျောင်းဖျမနေတော့ဘူး"

သူမက ဆက်လက်ပြောဆိုလိုက်၏။

"ဒီနေရာက နတ်ဆိုးဂိုဏ်းရဲ့ပင်မယဇ်ပလ္လင်ဆိုပေမယ့်....ပိုပြီး အဓိကကျတဲ့နတ်ဆိုးနန်းတော်ဆိုတာရှိသေးတယ်....တစ်ကယ်လို့ ပြင်ပလူတစ်ယောက်က အဲ့ဒီနန်းတော်ထဲကိုဝင်မယ်ဆိုရင် အနည်းဆုံးကောင်းကင်သင်္ကေတနယ်ပယ်ရှိဖို့လိုအပ်တယ်"

"ငါရဲ့ အထက်လူကြီးဖြစ်တဲ့ မိုးကြိုးမီးလျှံစစ်ဗိုလ်ချုပ်တောင် နတ်ဆိုးနန်းတော်ကိုဝင်ရောက်ဖို့ အရည်အချင်းမပြည့်မှီဘူး...နင်က ကြီးမားတဲ့အောင်မြင်မှုရမထားရင် ဒါမှမဟုတ် နင်ရဲ့ကျင့်ကြံဆင့်က ကောင်းကင်သင်္ကေတနယ်ပယ်နှောင်းပိုင်းအဆင့်ဖြစ်မနေရင် နင်အဲ့ဒီနန်းတော်နားကပ်ရင်တောင် သေတဲ့အထိအရိုက်ခံရလိမ့်မယ်"

လုယွီ၏မျက်လုံးများတွင် စိတ်ဓာတ်တတ်ကြွမှုများ ထင်ဟပ်လာလေ၏။

"ကြီးမားတဲ့အောင်မြင်မှုရအောင် ဘယ်လိုလုပ်ရမှာလဲ"

"သာမာန်အခြေအနေမှာတော့ အင်မော်တယ်မဟာမိတ်ကလူတွေကို သတ်ဖြတ်ရမှာ...တစ်ကယ်လို့ နင်က ဂိုဏ်းတစ်ဂိုဏ်းလုံးကသူတွေကို အမြစ်ပြတ်သုတ်သက်ဖယ်ရှားနိုင်မယ်ဆိုရင် နတ်ဆိုးနန်းတော်ကိုတိုက်ရိုက်ဝင်ရောက်နိုင်လိမ့်မယ်...ဒါပေမယ့် နင် ဘယ်သူလဲဆိုတာ နင်သိသားပဲ"

လုစွေ့ထင်းက သတိပေးလိုက်သည်။

လုယွီက သူမပြောသည့်အရာများကို သဘောပေါတ်နားလည်ပေ၏။ သူတို့၏အစစ်အမှန်ဘဝသည် လူများကို ပုန်းအောင်းရှောင်ရှားရသော သူလျှိုများသာဖြစ်ပေ၏။ အကယ်၍ သာမာန်နည်းလမ်းများကိုသာအသုံးပြုပါက သက်ဆိုင်ရာဂိုဏ်းသို့ပြန်ရန် အလွန်ခက်ခဲသွားပေမည်။

လုစွေ့ထင်းက လုယွီအားကြည့်ပြီး ရယ်မောနေလေ၏။

"အမှန်တကယ်တော့ အင်မော်တယ်မဟာမိတ်နဲ့ရင်ဆိုင်တိုက်ခိုက်တာအပြင် တစ်ခြားတိုက်ပွဲတစ်ခုရှိသေးတယ်"

"ပြောပါဦး"

"အဲဒီနေရာက တောင်ပိုင်းစွန့်ပစ်ကုန်းမြေနဲ့​အလယ်ပိုင်းကုန်းမြေအကြားနယ်စပ်မှာရှိတဲ့ တားမြစ်နယ်မြေတစ်ခုပဲ....ငါတို့က အလယ်ပိုင်းကုန်းမြေကလူတွေနဲ့တိုက်ခိုက်ရတဲ့အပြင် အန္တရာယ်တွေအများကြီးနဲ့လည်း အဲ့ဒီနေရာမှာကြုံတွေ့နိုင်တယ်..ဒါပြင် အဲ့ဒီတားမြစ်နယ်မြေထဲမှာ နတ်ဆိုးစွမ်းအင်တွေအပြည့်ပဲ...တစ်ကယ်လို့ နင်က နတ်ဆိုးစွမ်းအင်တွေအများကြီးကို ရှုရှိုက်မိမယ်ဆိုရင် သတ်ဖြတ်ဖို့ကိုပဲသိတဲ့ တစ္တေရုပ်သေးရုပ်ဖြစ်သွားလိမ့်မယ်"

"နင်ရဲ့ကျင့်ကြံမှုအဆင့်နဲ့ကတော့ ဘယ်ကိုပဲသွားသွား...အမြှောက်စာပဲဖြစ်မှာ...ငါ နင်ကို သတိပေးထားမယ်...နင်အသက်ကိုရှင်သန်အောင် ဘယ်လိုထိန်းသိမ်းမယ်ဆိုတာပဲ အရေးကြီးတယ်"

ထို့နောက်သူမက မြေအောက်လောက၏သတင်းအချက်အလက်များ ရေးထားသောစာလိပ်ကို လုယွီထံသို့ ပေးလိုက်သည်။

"မင်း ငါကိစ္စတွေကို စိတ်ပူနေစရာမလိုဘူး"

လုယွီက သူမထံမှ သတင်းအချက်အလက်များကြားသိရပြီဖြစ်သဖြင့် မတ်တတ်ထရပ်ပြီး ထွက်ခွါလိုက်တော့သည်။

လုစွေ့ထင်းက လုယွီ၏နောက်ကျောပြင်ကို အထင်အမြင်သေးစွာကြည့်ရှုနေပြီး ခနဲ့တဲ့တဲ့ပြောဆိုနေလေ၏။

"တစ်ခြားသူ အကြံပေးတာကို နားမထောင်ချင်တဲ့ကောင်...နင် ဘယ်လိုသေမလဲဆိုတာ ငါစောင့်ကြည့်နေဦးမယ်"

……

တည်းခိုခန်းတွင် လုယွီက အခန်းတံခါးကိုဖွင့်လိုက်ချိန်၌ လုရွှမ်အာကို မတွေ့ရတော့ချေ။ လုယွီက သူ၏လက်ညှိုးကိုဝှေ့ယမ်းလိုက်ရာတွင် ရွှေရောင်အလင်းတန်းတစ်ခုက လမ်းကြောင်းတစ်ခုကိုညွှန်ပြနေလေသည်။

လုယွီက တည်းခိုခန်းကမထွက်ခွါမှီ လုရွှမ်အာ၏ခန္ဓာကိုယ်ပေါ်၌ အမှတ်အသားတစ်ခုထားခဲ့သည်။ ရွှေရောင်အလင်းတန်း၏လမ်းညွှန်မှုအတိုင်း လုယွီက တည်းခိုခန်း၏အောက်ထပ်သို့ သွားလိုက်လေ၏။

"ငါ ဒီမိန်းကလေးကိုကြိုက်တယ်...မင်းမှာ ဘာကန့်ကွက်စရာရှိလဲ"

လုယွီက ဆိုင်ပိုင်ရှင်အား ကြမ်းတမ်းရိုင်းပျစွာပြောဆိုနေသော လူထွားကြီးတစ်ယောက်ကို မြင်တွေ့မိသည်။

ဆိုင်ပိုင်ရှင်၏နဖူးပေါ်တွင် ချွေးများရွှဲနစ်နေသော်လည်း သူက ငြင်းဆန်ပြောဆိုနေဆဲဖြစ်သည်။

"သူမက ဧည့်သည်တစ်ယောက်နဲ့အတူပါလာတာ...အစေခံတစ်ယောက် မဟုတ်ပါဘူး"

"အစေခံမဟုတ်ဘူးလား"

လူထွားကြီးက လုရွှမ်အာကို ကြက်သီးထဖွယ်ပြုံးရင်းနှင့် ကြည့်ရှုနေလေသည်။

"ဒါဆို မင်းရဲ့တံဆိပ်ပြားဘယ်မှာလဲ....ငါ့ကိုပြစမ်း"

လုရွှမ်အာ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလေ၏။ လူထွားကြီးထံမှထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ပြင်းထန်လှပေသည်။ လူထွားကြီး၏နံဘေး၌ သာမာန်သေမျိုးတစ်ယောက်သာမတ်တတ်ရပ်နေပါက သူထံမှအော်ရာတစ်ခုနှင့်ပင် ကြောက်ရွံထိတ်လန်ပြီးသေဆုံးသွားပေမည်။

လုရွှမ်အာ၏စိတ်သည် အပြည့်အဝပြိုလဲနေပြီး သူမကအော်ဟစ်ငိုကြွေးလုနီးပါးဖြစ်နေသည်။ မည်သည်ကြောင့် ကျောင်းတော်တွင် အေးအေးဆေးဆေးမနေဘဲ ပြင်ပသို့သူမက ခိုးထွက်လာမိသနည်း။

"တံဆိပ်ပြားမရှိဘူးမလား"

လုရွှမ်အာကိုကြည့်ပြီး လူထွားကြီးက အော်ဟစ်ရယ်မောနေလေ၏။

"မင်းက အိမ်တော်တစ်ခုကနေခိုးပြီးထွက်လာတဲ့ ကျွန်တစ်ယောက်ပဲဖြစ်ရမယ်...လိမ်လိမ်မာမာနဲ့ ငါ့နောက်လိုက်ခဲ့စမ်း"

Chapter 328

"သူမက ကျုပ်အစေခံပဲ...ခင်ဗျား ဘာလုပ်ချင်လို့လဲ"

လုယွီက တည်းခိုခန်းအပေါ်ထပ်မှဆင်းလာပြီး ​လူထွားကြီးအားပြောဆိုလိုက်သည်။

လူထွားကြီးသည် အချိန်တခဏကြာဆွံအသွားသော်လည်း သူက သိလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းခဲ့လေ၏။

"မင်း ဘယ်သူလဲ....မင်းရဲ့အဆင့်အတန်းက ဘာမို့လို့လဲ ...ငါက မင်းရဲ့ကျွန်ကို တန်ဖိုးကြီးကြီးပေးပြီးဝယ်ချင်တယ်"

လုရွှမ်အာက လုယွီအား စူးစူးဝါးဝါးကြည့်နေပေသည်။ လုယွီသည် သူမအား သူ၏အစေခံဖြစ်သည်ဟု ပြောစဥ်ကတည်းက ငြင်းဆန်ချင်နေခဲ့သည်။

သို့သော် သူမက လူထွားကြီး၏စကားများကိုကြားချိန်တွင်မူ သူမ၏မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားလေ၏။ သူမကိုရောင်းမစားရန် လုယွီအား ပြောဆိုလိုက်တော့သည်။

"ကောင်းပြီလေ...ခင်ဗျား ကျုပ်ကို ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းသုံးဆယ်ပေးမလား...အဲ့ဒါဆိုရင် အခုချက်ချင်း ကျုပ် သူမကို ခင်ဗျားစီပေးမယ်"

လုယွီက ပေါ့ပေါ့တန်တန်သာ ပြောဆိုလိုက်၏။

လူထွားကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားလေသည်။

"မင်း ဟာသပြောနေတာလား"

"ခင်ဗျားမပေးနိုင်ရင်...သူမကိုခေါ်သွားလို့မရဘူး"

လုယွီက လုရွှမ်အာကို သူ၏နံဘေးသို့ ဆွဲခေါ်လိုက်သည်။

လူထွားကြီး၏မျက်နှာသည် မည်းမှောင်နေပြီး ရုတ်တရက် တံဆိပ်ပြားတစ်ခုကိုထုတ်ယူလိုက်လေ၏။

"ငါက နဝမမင်းသားရဲ့အမဲလိုက်ပန်းပွင့်ဂိုဏ်းက အဖွဲ့သားတစ်ယောက်ပဲ...ငါ ဒီမိန်းကလေးကို စိတ်ဝိညာဥ်ကျောက်တုံးသုံးသောင်းနဲ့ဝယ်မယ်"

နဝမမင်းသားဟူသည့်စကားကိုကြားသည်နှင့် ဆိုင်ပိုင်ရှင်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားသည်။ သူက အလျှင်အမြန်နောက်ဆုတ်ထွက်ပြေးပြီး ငြင်းခုန်မှုအတွင်းသို့မဝင်ရဲတော့ချေ။

လုယွီ၏မျက်လုံးများက အေးစက်သွားလေ၏။ သူက လုစွေ့ထင်းပေးထားသည့် သတင်းအချက်အလက်များကို ကြည့်ရှုခဲ့ပြီးဖြစ်သည်။ ထိုအချက်အလက်များအတွင်း၌ နဝမမင်းသား၏အကြောင်းလည်း ပါဝင်ပေသည်။

မြေအောက်လောကနတ်ဆိုးဂိုဏ်းကို ဂိုဏ်းအဖြစ်ခေါ်ဝေါ်ကြသော်လည်း တိုင်းပြည်တစ်ခုနှင့်သာပို၍တူညီပေ၏။

နတ်ဆိုးဂိုဏ်း၏အရှင်သခင်၌ သား သမီးများစွာရှိနေသည်။ သူ၏သွေးမျိုးဆက်မှ တိုက်ရိုက်ဆင်းသက်လာသူများကို ကြီးမားသောအခွင့်အာဏာနှင့်အတူ မင်းသား မင်းသမီး ဂုဏ်ထူးအဆင့်အတန်းများ အပ်နှင်းထားခဲ့သည်။

နဝမမြောက်မင်းသားစစ်ထူလင်းသည် ငယ်ရွယ်နုပျိုသောမိန်းကလေးများကို လူသားဆေးမီးဖိုအဖြစ်အသုံးပြုရန် အမဲလိုက်သည့်အလေ့စရိုက် ရှိပေ၏။

နဝမမင်းသား၏ခေါ်ဆောင်ထားခြင်းခံရသော အမျိုးသမီးများသည် အလျှင်အမြန်အိုမင်းရင့်ရော်လာသည့်အပြင် သေဆုံးသွားသူများပင်ရှိပေသည်။ ထို​ပြင် သူက "အမဲလိုက်ပန်းပွင့်ဂိုဏ်း"ကိုတည်ထောင်၍ မြေအောက်လောကတစ်ခုလုံးရှိအမျိုးသမီးများကို ဆွဲဆောင်ဖြားယောင်းလေသည်။

အမဲလိုက်ပန်းပွင့်ဂိုဏ်းသည် နာမည်ဆိုးနှင့်ကျော်ကြားသောဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ လုယွီက လုရွှမ်အာကို ဆွဲကိုင်ပြီး ဤနေရာမှထွက်ခွါရန် ပြင်ဆင်လိုက်တော့သည်။

လူထွားကြီး၏မျက်နှာအမူအယာသည် တင်းမာသွားလေ၏။

"မင်းက နဝမမင်းသားနဲ့ရန်သူဖြစ်ချင်တာလား"

"ကျုပ်တောင်းတဲ့စျေးကို ခင်ဗျားမှမပေးနိုင်တာ...ထွက်သွားတော့"

လုယွီက စကားပြောဆိုပြီးသည်နှင့် လုရွှမ်အာနှင့်အတူ ထွက်ခွါသွားတော့သည်။

လူထွားကြီး၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။ အကယ်၍ တစ်ခြားနေရာ၌သာဆိုလျှင် သူက လုယွီအား သတ်ဖြတ်ပစ်ပေမည်။

သို့သော် ဤနေရာသည်ပင်မယဇ်ပလ္လင်ဖြစ်နေပြီး ဥပဒေခန်းမက မြို့တွင်းမှဆူပူသောင်းကျန်းမှုမှန်သမျှကိုစောင့်ကြည့်နေလေရာ သူ လှုပ်ရှားရန်ကြောက်ရွံနေမိသည်။

"ဆိုင်ရှင်...သူ စာရင်းသွင်းထားတဲ့ အချက်အလက်ဘယ်နေရာမှာလဲ"

လူထွားကြီးက ဆိုင်ရှင်ကိုကြည့်ရှုလိုက်၏။

ဆိုင်ရှင်သည် ကြောက်ရွံမှုကြောင့် တုန်ရီနေလေသည်။ သူအတွက်တော့ နဝမမင်းသားဆိုသည်မှာ ကောင်းကင်ဘုံကဲ့သို့တည်ရှိမှုကြီးဖြစ်သည်။

"ဟုတ်ကဲ့...ဒါက သူစာရင်းသွင်းဖို့ အသုံးပြုခဲ့တဲ့ တံဆိပ်ပြားကို မှတ်တမ်းတင်ထားတဲ့စာအုပ်ပါ"

ဆိုင်ပိုင်ရှင်က စာအုပ်ကို တရိုတသေဖြင့် လူထွားကြီးထံ ပေးအပ်လိုက်၏။

လူထွားကြီးက စာအုပ်ကို တစ်ချက်သာကြည့်ပြီး လွှင့်ပစ်လိုက်သည်။

"လမ်းလျှောက်သူအဆင့်နဲ့ကောင်ကများ...ငါရှေ့မှာ သူကိုယ်သူ မြင့်မြတ်ချင်ယောင်ဆောင်ရဲတယ်ပေါ့"

လူထွားကြီး၏အကြည့်များ အေးခဲသွားလေ၏။

"အဲ့ဒီမိန်းကလေးစီမှာ မြင့်မြတ်တဲ့အော်ရာရှိနေတယ်...သူမက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ်...အရှင်မင်းသားလေးက အဲ့ဒီလိုမိန်းကလေးမျိုးကိုဖမ်းဆီးနိုင်ဖို့ အမြဲတွေးတောနေခဲ့တာ...ငါသာ သူမကိုဖမ်းဆီးနိုင်ရင် အရှင်မင်းသားက ဆုအများကြီးချီးမြှင့်မှာသေချာတယ်"

ရုတ်ချည်းဆိုသလိုပက် လူထွားကြီး၏မျက်လုံးများ လင်းလက်တောက်ပသွား၏။

"ငါက သူရဲ့ခေါင်းဆောင်ကိုပြောပြီး ဟိုကောင်လေးကို လျှို့ဝှက်နယ်မြေကို ပြောင်းရွှေ့ခိုင်းလိုက်မယ်...သူ သေသွားတဲ့အခါကျရင် သူရဲ့အစေခံက အရှင်မင်းသားရဲ့ပိုင်ဆိုင်မှု ဖြစ်သွားမှာပဲ"

လူထွားကြီးက အလျှင်စလိုဖြင့် ထွက်ခွါသွားတော့သည်။

လုယွီက လူထွားကြီးတွေးတောနေသည်များကို သိရှိခြင်းမရှိပေ။ သူက အခန်းအတွင်းသို့ လုရွှမ်အာကို ပြန်လည်ခေါ်ဆောင်လာခဲ့၏။

"မင်း အမှားကို မင်းသိလား"

လုယွီက လုရွှမ်အာကို လေးနက်သောလေသံဖြင့်မေးမြန်းလိုက်သည်။

လုရွှမ်အာက ခေါင်းငုံထားပြီး ဆိတ်ဆိတ်နေနေလေ၏။

လုယွီက သူမကို ဂရုတစိုက်ကြည့်ရှုလိုက်ရာတွင် သူမ၏ပခုံးများက တသိမ့်သိမ့်တုန်နေပြီး မျက်ရည်များစီးကျနေခြင်းကို တွေ့မြင်မိသည်။

လုယွီက သက်ပြင်းရှိုက်မိတော့သည်။ ဤကဲ့သို့ ဖန်လုံအိမ်အတွင်းမှပန်းပွင့်များသည် လောကဓံကိုခံနိုင်ရည်မရှိကြချေ။

"မင်း တစ်ခြားဘယ်ကိုမှလျှောက်မသွားဘဲနဲ့ ဒီနေရာမှာပဲလေ့ကျင့်နေ"

လုယွီက သူမအား လေးလေးနက်နက် သတိပေးလိုက်၏။

ဤတစ်ကြိမ်တွင်မူ လုရွှမ်အာသည် ချေပပြောဆိုခြင်းမပြုဘဲ လုယွီ၏စကားကို နာခံပုံဖြင့်ခေါင်းငုံထားလေသည်။

လုရွှမ်အာက ငိုကြွေးနေဆဲဖြစ်သည်ကိုကြည့်ပြီး လုယွီကသက်ပြင်းထပ်မံရှိုက်ရင်း သူ၏အခန်းငယ်အတွင်းသို့ ကျင့်ကြံရန်သွားလိုက်တော့သည်။

ယခုအခန်းသည် အလွန်ကျယ်ဝန်းပေ၏။ အခန်းအတွင်း၌ပင် အခန်းငယ်လေးခန်းရှိနေသည်။

လုယွီထွက်ခွါသွားပြီးနောက် လုရွှမ်အာက ခေါင်းမော့လိုက်ရာတွင် သူမမျက်လုံးများ၌ အမုန်းတရားများပြည့်နှက်နေလေသည်။

"အနှေးနဲ့အမြန် ငါက နင်နဲ့တစ်ခြားနတ်ဆိုးကျင့်ကြံသူတွေကိုသတ်ပစ်မယ်"

လုရွှမ်အာက သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပေ၏။

Chapter 329

တည်းခိုခန်းအတွင်း၌ လုယွီက တံခါးပိတ်၍ အချိန်ခုနစ်ရက်တိုင်တိုင် လေ့ကျင့်နေခဲ့သည်။ တည်းခိုခန်းမှလူများသည် အစားအသောတ်ကိုနေ့တိုင်းပို့ပေးပြီး လုရွှမ်အာက လုယွီကိုနှောင့်ယှက်ခြင်းမရှိဘဲ အခန်းငယ်၏ရှေ့၌သာ ချထားပေးလေ၏။

အချိန်ခုနစ်ရက်ကြာပြီးနောက် လုယွီက သူ၏လေ့ကျင့်နေမှုမှ ထွက်လာခဲ့သည်။

"ငါရဲ့ကျင့်ကြံမှုကတော့ တည်ငြိမ်သွားပြီ...ဒါပေမယ့် ကျင့်ကြံမှုနယ်ပယ်က အဆင့်နိမ့်နေတုန်းပဲ"

"တစ်ကယ်လို့ ငါသာ ကမ္ဘာမြေသင်္ကေတနယ်ပယ်ကို ရောက်ရှိမယ်ဆိုရင် ငါရဲ့ကိုယ်ပိုင်အစစ်အမှန်မီးကို ရရှိလိမ့်မယ်...အဲ့လိုသာဆိုရင် ငါက ကောင်းကင်ဘုံအင်ပါယာရဲ့မူလဘူတမီးတောက်ကို ဝါးမြိုနိုင်မလားလို့ စောင့်ကြည့်ရမယ်"

လုယွီ၌ အစီအစဥ်များရှိနှင့်ပြီးဖြစ်သည်။ ယခုသူအသုံးပြုနေသော အစစ်အမှန်မီးတောက်သည် မည်မျှအစွမ်းထက်နေပါစေ...သူတစ်ပါး၏အရာသာဖြစ်သည်။

ထိုပြင် လုယွီက ပိုမိုတုန်လှုပ်နေသည်မှာ ကောင်းကင်ဘုံအင်ပါယာ၏နည်းလမ်းများသာဖြစ်သည်။ နောက်ကြောင်းပြန်တွေးကြည့်လျှင် လုယွီက ကောင်းကင်ဘုံအင်ပါယာကိုအပြီးတိုင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဟု ထင်ခဲ့သည်။ သို့သော် ယခုလက်ရှိအချိန်မှသာလျှင် ထိုသူက လှည့်ကွက်များချန်ထားသေးကြောင်းကို သိရှိရပေ၏။ ထိုကဲ့သို့သော ရန်သူမျိုးသည် အမှန်တကယ် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလေသည်။ ၊

ထိုအချိန်မှာပင် လုယွီ၏တံဆိပ်ပြားမှ ရုတ်တရက် ပူပြင်းသောလှိုင်းတစ်လှိုင်းထွက်ပေါ်လာခဲ့၏။ လုယွီက တွေးတောနေရာမှ မတ်တတ်ထရပ်လိုက်သည်။ ပူပြင်းလာသောတံဆိပ်ပြားသည် သူလုပ်ဆောင်ရန် တာဝန်တစ်ခုရှိသည်ကို ညွှန်ပြနေသည်။

အကယ်၍ သူက မြေအောက်လောကနတ်ဆိုးဂိုဏ်း၏နောက်ခံ ထိပ်သီးကျွမ်းကျင်သူကို သိရှိလိုပါက သူ၏ခွန်အားနှင့်အဆင့်အတန်းကို မြင့်မားစေရန် လုပ်ဆောင်ရပေမည်။

သူက လမ်းလျှောက်သူ အဆင့်အတန်းဖြင့် ထိုကိစ္စများကို လုပ်ဆောင်ရန်မဖြစ်နိုင်သည်မှာ သိသာထင်ရှားပေ၏။

"နင် ဘယ်သွားမလို့လဲ"

လုရွှမ်အာက လုယွီကို စိုက်ကြည့်၍ မေးမြန်းလိုက်သည်။

လုယွီက သူမကိုတစ်ချက်ကြည့်ပြီး မန္တန်တစ်ပုဒ်ရွတ်ဆိုကာ လုရွှမ်အာထံသို့ ညွှန်ပြလိုက်လေ၏။

"နင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

လုရွှမ်အာ၏မျက်နှာသည်ဖြူရော်နေပြီး သူမက နောက်သို့ဆုတ်ခွါလိုက်၏။

လုယွီက နူးညံညင်သာစွာဖြင့် ပြောဆိုလိုက်သည်။

"ငါစီလာခဲ့"

လုရွှမ်အာက ရုတ်တရက် အားကောင်းသောစုပ်ယူအားတစ်ခု သူမထံချဥ်းကပ်လာခြင်းကို ခံစားမိသည်။ သူမက ထိုစုပ်ယူအားကို ထိန်းချုပ်နိုင်စွမ်းမရှိချေ။ သူမက ပြင်းထန်သောစုပ်ယူအား၏ဝါးမြိုခြင်းကို ခံရတော့သည်။

"မဟုတ်ဘူး...ငါ သူကို မယုံကြည်ခဲ့သင့်ဘူး"

"သေချာတယ်...သူ ငါကို တစ်ခုခုလုပ်တော့မှာ...သူက နတ်ဆိုးကောင်လေ....ငါရဲ့ဝမ်းကွဲလို့ လာမပြောကြနဲ့...သူနဲ့ငါ သွေးချင်းဆတ်နွယ်နေရင်တောင် သူ လုပ်ချင်တာလုပ်မှာပဲ"

လုရွှမ်အာ၏စိတ်နှလုံးသားသည် ခါးသည်းမှုများပြည့်နေပြီး သူမ၏လုယွီအပေါ်မုန်းတီးမှုသည် အထွက်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

ဤအချိန်မှာပင် လုရွှမ်အာ၏မျက်လုံးများက ရုတ်တရက်တောက်ပမှုကို မြင်တွေ့မိသည်။ သူမနှင့်မလှမ်းမကမ်းအကွာအဝေးမှ စူးရှသည့်နေရောင်ခြည်ကြောင့် သူမ၏မျက်လုံးအိမ် ကျဥ်းမြောင်းသွားခဲ့သည်။

"ဒါက ဘယ်လိုနေရာမျိုးလဲ"

လုရွှမ်အာက တုန်ရီစွာဖြင့် တီးတိုးရေရွတ်မိလေသည်။ သူမ၏ရှေ့၌ မြင့်မားသောတောင်တန်းကြီးများရှိနေပြီး နံဘေးပတ်ဝန်းကျင်တွင်လည်း စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေလေ၏။

တိမ်နှင့်မြူခိုးများဝန်းရံပြီး ကောင်းကင်ဘုံတမျှခမ်းနားသည့် တောင်တန်းကြီးက သူမ၏ရှေ့၌ တည်ရှိနေခဲ့သည်။ လုရွှမ်အာက သူမကိုယ်သူမမထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့လျှောက်လှမ်းလိုက်ရာတွင် တောင်ခြေရှိ ကြီးမားသောတံခါးကြီးတစ်ချပ်ကို ရှာဖွေတွေ့ရှိမိသည်။

"ပိုင်တို ကောင်းကင်ဘုံဂိုဏ်း....."

လုရွှမ်အာ၏နှလုံးသားက ကဆုန်စိုင်းခုန်လာလေ၏။ ဤအရာသည် သူမအတွက် ကံကောင်းမှုကြီးဖြစ်ခြင်းကို သူမသိရှိပေသည်။

ကျင့်ကြံခြင်းလောကတွင် မရေမတွက်နိုင်သော ဒဏ္ဌါရီများရှိပေရာ လုရွှမ်အာက ၎င်းတို့အနက်မှအများစုအကြောင်းကို ကြားဖူးနားဝရှိခဲ့သည်။

တစ်ချို့လူများ၏အရည်အချင်းသည် သာမာန်သာဖြစ်သော်လည်း သူတို့ကအခွင့်အရေးကောင်းများကြုံတွေ့ပြီး ကံကောင်းမှုများထပ်ခါထပ်ခါရရှိခဲ့လျှင် အင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းနိုင်ပေမည်။

"ငါက ခလေးဘဝကတည်းက....ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံပြီး သူတော်စင်တွေရဲ့အဆုံးအမကို နာခံခဲ့တယ်...ခုလိုအခွင့်အရေးမျိုးက ငါနဲ့ထိုက်တန်တယ်"

မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ လုရွှမ်အာက ပိုင်တိုကောင်းကင်ဘုံဂိုဏ်းအတွင်းသို့ ဝင်လိုက်တော့သည်။

ဤအချိန်တွင် ကမ္ဘာငယ်လေးသည် လုယွီ၏ ယင် ယန် ပစ္စည်းများစုဆောင်းပြီးပြုပြင်ထားမှုကြောင့် ယခင်ထက်ပို၍ သက်ဝင်လှုပ်ရှားနေခဲ့သည်။

လုရွှမ်အာ၏ရှေ့၌ စိတ်ဝိညာဥ်စမ်းရေများကြည့်နှက်နေသော ရေကန်လေးတစ်ကန်ရှိနေသည်။ ထို့ပြင် နတ်ဘုရားသစ်ပင်မှ ကြက်သွေးရောင်သစ်သီးများနှင့်မရေမတွက်နိုင်သော မှော်ရတနာများရှိသည့်ရတနာစံအိမ်ကိုလည်း သူမက တွေ့မြင်မိလေ၏။

"ဒီနေရာက အနံတွေကိုရှုရှိုက်ရုံနဲ့တင်....ငါရဲ့ကျင့်ကြံမှုတိုးတတ်လာသလိုပဲ"

"စိတ်ဝိညာဥ်ရေကန်ထဲက ရေတွေက အရမ်းအစွမ်းထက်တဲ့စိတ်ဝိညာဥ်စွမ်းအင်တွေပါဝင်နေတယ်"

"ပြီးတော့ အဲ့ဒီ မှော်ရတနာတွေ......"

လုရွှမ်အာသည် မအောင့်အည်းနိုင်တော့ဘဲ ​အော်ဟစ်လိုက်မိ၏။ သူမက ရုတ်တရက်ကြုံတွေ့ရသောအခြေအနေကို ပျော်ရွှင်လာသကဲ့သို့ ခံစားမိသည်။

ယခုလက်ရှိအချိန်တွင် သူမက နတ်ဆိုးဂိုဏ်း၏ပင်မယဇ်ပလ္လင်တွင် ချောင်ပိတ်မိနေပြီး လုယွီ၏ဖမ်းဆီးခြင်းကို ခံထားရသည်။

"ငါ ဒီလိုအခွင့်အရေးမျိုးရလာမယ်လို့ မျှော်လင့်မထားမိဘူး...ငါက ဒီလိုနေရာမျိုးကို ရောက်လာတယ်ပေါ့"

"ငါရဲ့ကျင့်ကြံမှု အောင်မြင်မှုရတယ့်အခါကျရင်....အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေအကုန်လုံးကိုသတ်ပစ်မယ်"

လုရွှမ်အာက သူမ၏လက်သီးကို တင်းတင်ူကျပ်ကျပ်ဆုပ်ထားလေသည်။

Chapter 330

လုရွှမ်အာသည် သူမ၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုများကိုချိုးနှိမ်ပြီး စိတ်ဝိညာဥ်စမ်းရေအိုင်ထံသို့ လျှောက်လှမ်းသွားလိုက်၏။

သို့သော် သူမ ခြေလှမ်းအနည်းငယ်လျှောက်ပြီးချိန်တွင် ရုတ်တရက် လေနံရံတစ်ခုနှင့်တိုက်မိပြီး မြေပြင်ပေါ်သို့လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

လုရွှမ်အာက စိတ်ရှုပ်ထွေးနေပြီး သူမ၏လက်ကိုရှေ့သို့ ဆန့်တန်းကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် သူမ၏လက်သည် လေနံရံနှင့် ထပ်မံထိတွေ့မိပြန်သည်။

ဤအရာသည် မမြင်နိုင်သောနံရံတစ်ချပ်ဖြစ်ပြီး လုရွှမ်အာနှင့်စိတ်ဝိညာဥ်စမ်းရေအိုင်ကြားတွင်တည်ရှိကာ သူမ၏လမ်းကြောင်းကိုပိတ်ဆို့ထားလေသည်။

"မဟုတ်ဘူး...စိတ်ဝိညာဥ်စမ်းရေအိုင်က ငါ့ဟာ...ဘယ်သူမှ လာတားဆီးလို့မရဘူး"

လုရွှမ်အာက အလွန်အမင်းစိတ်လှုပ်ရှားနေပေ၏။ သူမ၏အနည်းငယ်ကျန်ရှိနေသောကျန်းချီများကို အသုံးပြု၍ ဓားပျံကိုထုတ်ယူလိုက်သည်။

"ငါအတွက် ချိုးဖျက်ပေးစမ်း....ငါ အဲ့ဒီအထဲကို ဝင်ရမှဖြစ်မယ်"

လုရွှမ်အာသည် အနည်းငယ်ရူးသွပ်နေသူကဲ့သို့ ပြုမူနေလေ၏။ သူမက ဓားပျံကိုစတင်ထိန်းချုပ်ပြီး သူမရှေ့ရှိ လေနံရံထံသို့ဦးတည်၍ ပစ်လွှက်လိုက်သည်။

သို့သော် သူမ မည်မျှပင်အပြင်းအထန်ကြိုးစားနေပါစေ...လေနံရံက ကျိုးပျက်သွားခြင်းမရှိပေ။

"မဟုတ်ဘူး"

လုရွှမ်အာက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏မျက်လုံးများကိုစုံမှိတ်လိုက်၏။

"တစ်ခြားနည်းလမ်း ရှိကိုရှိရမယ်...နတ်ဘုရားတွေက ငါကို ဒီနေရာပို့လိုက်မှတော့ ငါ ဒီကံကောင်းမှုကြီးကို လက်လွတ်ခံလို့မဖြစ်ဘူး"

လုရွှမ်အာက ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို စတင်၍လှည့်ပတ်ကြည့်ရှုနေလေ၏။

အမှန်အားဖြင့် ဤနေရာသည် လုယွီ၏သိုလှောင်အိတ်ဖြစ်ကြောင်းကို သူမမသိရှိနိုင်ချေ။ ထို့ပြင် သာမာန်သိုလှောင်အိတ်များသည် သက်ရှိအရာများကို ထည့်သွင်းထားနိုင်ခြင်းမရှိပေ။ ကမ္ဘာငယ်လေးဆိုသည်မှာ သူမ မသိရှိနိုင်သည့်အပြင် စိတ်ကူးအတွင်း၌ပင်တွေးတောဖူးမည်မဟုတ်သောအရာ ဖြစ်ပေ၏။

လုရွှမ်အာက အချိန်တခဏကြာ မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီးနောက် ပိုင်တိုတောင်တန်းပတ်လည်၌ စတင်၍လှည့်လည်သွားလာနေတော့သည်။

ခန်းမအဆောင်များကိုမြင်တွေ့ချိန်၌ လုရွှမ်အာက တွန်းဖွင့်ဝင်ရန်ကြိုးစားသော်လည်း အဆောင်တိုင်း၏ရှေ့၌ အတားအဆီးအလွှာတစ်ခုရှိနေပြီး သူမ၏လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သည်။

တဖြည်းဖြည်း လုရွှမ်အာ၏စိတ်အားတတ်ကြွမှုများ လျော့နည်းလာလေ၏။ ထိုရက်စက်သောအရာများကို သူမမြင်နေရသော်လည်း အတွင်းသို့ဝင်နိုင်ခြင်းမရှိချေ။ နောက်ဆုံး၌ လုရွှမ်အာက ပိုင်တိုတောင်တန်း၏အနောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ကမ္ဘာငယ်လေးကိုပြုပြင်ထိန်းသိမ်းပြီးဖြစ်သော်လည်း ပိုင်တိုတောင်တန်းပတ်လည်တွင် အက်ကွဲကြောင်းတစ်ချို့နှင့် ထိခိုက်ပျက်စီးနေသောနေရာတစ်ချို့ရှိနေဆဲဖြစ်သည်။

ပိုင်တိုတောင်တန်း၏နောက်ဘက်မှ ရုတ်တရက် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာလေ၏။

"ဒီနေရာကိုလာခဲ့....."

လုရွှမ်အာ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့သည်။ သူမက လှည့်ကြည့်လိုက်ရာတွင် မှိန်ပျပျအလင်းရောင်ထုတ်လွှက်နေသော ကျောက်တုံးတစ်တုံးကို တွေ့မြင်မိလေ၏။

လုရွှမ်အာက ထိုကျောက်တုံးအနီးသို့ ဂရုတစိုက် ချဥ်းကပ်သွားလေသည်။ သူမက ကျောက်တုံးထံမှထွက်ပေါ်နေသောအသံကို ကြားရတော့၏။

"ငါက ပိုင်တိုကောင်းကင်ဘုံကျောင်းရဲ့ ဘိုးဘေး အကြွင်းအကျန်စိတ်ဝိညာဥ်ပဲ....မင်းက ငါရဲ့အရိုက်အရာကို ဆက်ခံမယ်ဆိုရင် ထိပ်တန်းတာအိုဂိုဏ်းတစ်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ပြီး ငါ့အတွက်လက်စားချေပေးရမယ်"

လုရွှမ်အာက မသိစိတ်မှနေ၍ဝိုးတိုးဝါးတားဖြင့် အဖြေပေးလိုက်၏။

"သဘောတူပါတယ်"

ဝူး...ဝူး...

အနက်ရောင်လေပြင်းများက ချက်ချင်းပင် လုရွှမ်အာကို ရစ်ပတ်လိုက်လေသည်။

……

လုယွီက ကမ္ဘာငယ်လေးအတွင်း၌ ဖြစ်ပျက်နေသည်များကိုသိရှိခြင်းမရှိချေ။ အကယ်၍ တစ်ခြားဖြစ်နိုင်ခြေသာရှိလျှင် တစ်ခြားသူတစ်ယောက်ကို သူ၏သိုလှောင်အိတ်အတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ပေ။ သို့ရာတွင် လုရွှမ်အာ....သူမက သူ့အား ပြဿနာများစွာဖြစ်ပေါ်စေသူဖြစ်သည်။

"နံပါတ် နှစ်ရာ့တစ်...အဲဒါမင်းလား...ဘာလို့ဒီလေါတ်ထိနှေးကွေးနေတာလဲ"

ကြမ်းတမ်းရိုင်းပျပုံရသည့် ကြီးကြပ်ရေးမှူးတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ဤအချိန်တွင် မြေကွက်လပ်တစ်ခုအတွင်း၌ နတ်ဆိုးကျင့်ကြံသူအမြောက်အများ စုရုံးရောက်ရှိနေကြသည်။

"ဒါက ပင်မယဇ်ပလ္လင်ကအမိန့်ဖြစ်တယ်...လျှို့ဝှက်နယ်မြေမှာ လူအင်အားအရမ်းလိုနေတယ်....ဒါကြောင့် မင်းတို့အခုချက်ချင်း တားမြစ်နယ်မြေကိုသွားပြီး ဗိုလ်ချုပ်မိုးကြိုးမီးလျှံရဲ့တပ်နဲ့ပူးပေါင်းရမယ်...နှောင့်နှေးကြန့်ကြာမှုမရှိစေနဲ့"

ကြီးကြပ်ရေးမှူးက အော်ဟစ်ပြောဆိုလိုက်၏။

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားလေသည်။ လုစွေ့ထင်းသည် စစ်ဗိုလ်ချုပ်မိုးကြိုးမီးလျှံ၏လက်အောက်မှ လက်ထောက်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခြင်းကို သူ အမှတ်ရမိသည်။ ကိစ္စရပ်များက ဤကဲ့သို့တိုက်ဆိုင်လာမည်ဟု သူမျှော်လင့်ထားမိခြင်းမရှိပေ။

"ဝိုး...တားမြစ်နယ်မြေလား"

"မင်းက အင်မော်တယ်မဟာမိတ်ကလူတွေနဲ့ မတိုက်ခိုက်ချင်တာလား....ငါ မင်းကိုပြောပြမယ်...တားမြစ်နယ်မြေကို သွားတာက သေလမ်းသွားရှာတာနဲ့အတူတူပဲ...တစ်ကယ်လို့ ခက်ခက်ခဲခဲနဲ့ပြန်လာနိုင်ရင်တောင်မှ ဒဏ်ရါဗရပွနဲ့ဖြစ်နေမှာပဲ"

"ငါ မသွားချင်ဘူး...အဲ့ဒီနေရာက အရမ်းအန္တရာယ်များတယ်....ဘယ်သူက သွားချင်မှာလဲ"

လူအုပ်စုတစ်စုလုံးသည် ကျယ်လောင်စွာအော်ဟစ်နေကြပြီး သူတို့၏မျက်နှာများတွင် ဒေါသအရိပ်အယောင်များထင်ဟပ်နေသည်။

တားမြစ်နယ်မြေသည် သေဆုံးမှုနှုန်းအလွန်မြင့်မားသောနေရာအဖြစ် ကျော်ကြားပေ၏။ မည်သူကမျှ ထိုနေရာသို့ မသွားလိုကြချေ။

"မင်းတို့က မသွားချင်ဘူးလား"

ကြီးကြပ်ရေးမှူးက ခနဲ့တဲ့တဲ့ပြောဆိုပြီး သူ၏လက်ချောင်းများကို လျှပ်တပြက်လှုပ်ရှားလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်သံချပ်ကာဝတ်စုံဖြင့်စစ်သားများထွက်ပေါ်လာပြီး အကျယ်လောင်ဆုံးအော်ဟစ်နေသောနတ်ဆိုးကျင့်ကြံသူကို ဆွဲထုတ်ပြီး ဖမ်းချုပ်ထားလေ၏။

"ဘယ်ကောင် မသွားချင်ဘူးပြောဦးမလဲ...ရှေ့ထွက်ခဲ့စမ်း"

နတ်ဆိုးကျင့်ကြံသူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်ကိုကြည့်ပြီး ကြီးကြပ်ရေးမှူးက သူ၏လက်ဝှေ့ယမ်းရင်းမှ ပြောဆိုလိုက်၏။

"သွားကြစို့"

All Chapters