← Chapters

အခန်း (၃၃၁-၃၃၅)

Vol. 16-20 Ch. 331-335

အခန်း (၃၃၁-၃၃၅)

Vol. 16-20 Ch. 331-335

Chapter 331

စစ်သင်္ဘောပေါ်၌....

နတ်ဆိုးကျင့်ကြံသူအများအပြားကိုတင်ဆောင်ထားသော စစ်သင်္ဘောဆယ်စီးသည် လျှို့ဝှက်နယ်မြေသို့ဦးတည်၍ တဟုန်ထိုးသွားနေလေ၏။

လုယွီက စစ်သင်္ဘောထောင့်တစ်နေရာကိုရွေးချယ်၍ ကျင့်ကြံနေခဲ့သည်။ ထိုက်ကျိအမှတ်အသား​မှစိတ်ဝိညာဥ်စွမ်းအင်များကိုထုတ်ယူပြီး လုယွီက သူ၏ခန္ဓာကိုယ်အတွင်းသို့ဝါးမြိုနေခဲ့သည်။ ထိုစွမ်းအင်များကို အဆက်မပြက်ထိန်းညှိပြီးသည်နှင့် သူ၏ဒန်တျန်အတွင်းသို့ပြန်လည်ပို့ဆောင်လိုက်လေ၏။

လုယွီ၏အော်ရာသည် တစတစပို၍အားကောင်းလာခဲ့သည်။ သို့သော် သူ၏ပြောင်းလဲမှုများက ခန္ဓာကိုယ်အတွင်းပိုင်းတွင်သာဖြစ်၍ တစ်ခြားသူများကကြည့်လျှင် လုယွီက အိပ်မောကျနေခြင်းနှင့်သာတူညီနေပေ၏။

"မင်းက နံပါတ်နှစ်ရာ့တစ်လား"

ကြမ်းရှရှအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာ၏။

လုယွီက မျက်လုံးဖွင့်ကြည့်လိုက်ရာတွင် သူ၏ရှေ့၌ မတ်တတ်ရပ်နေသော ကြီးကြပ်ရေးမှူးကို တွေ့မြင်မိသည်။

လုယွီ၏အနီးအနားတွင်ရိနေသောနတ်ဆိုးကျင့်ကြံသူတစ်ချို့သည် ကြီးကြပ်ရေးမှုးကိုမြင်ချိန်တွင် ကြောင်ကိုတွေ့ရသောကြွက်များကဲ့သို့ ကွင်းရှောင်ပြေးကြ၏။

"ဘာကိစ်စလဲ"

လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

ကြီးကြပ်ရေးမှုး၏နှုတ်ခမ်း အနည်းငယ်မြင့်တတ်သွားလေ၏။

"ကောင်လေး...မင်းရဲ့အစေခံ မိန်းကလေးဘယ်မှာလဲ"

လုယွီက စကားတုံပြန်မပြောသည်ကိုကြည့်ပြီး ကြီးကြပ်ရေးမှုးက သရော်တော်တော်ပြောနေလေ၏။

"မင်းက စစ်သင်္ဘောပေါ်ကို မိန်းမတစ်ယောက်ခေါ်ဆောင်မလာဝံ့ဘူးဆိုတာ ငါသိတယ်...မဟုတ်ရင် စည်းမျဥ်းချိုးဖောက်မှုနဲ့ ဥပဒေခန်းမရဲ့ဖမ်းဆီးခြင်းခံရမှာလေ...မင်းရဲ့အစေခံက ပင်မယဇ်ပလ္လင်မှာကျန်ခဲ့တာမလား...မင်း ဘာမှစိတ်မပူနဲ့....နဝမမင်းသားက သူမကိုစောင့်ရှောက်ထားလိမ့်မယ်"

"ခင်ဗျား ဒီနေရာကိုလာတာ အဲ့ဒီအရေးမပါတဲ့ကိစ္စတွေပြောဖို့လား"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးမြန်းလိုက်သည်။

ကြီးကြပ်ရေးမှုးက လုယွီအား လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် ကြည့်ရှုနေလေ၏။

"မင်းကို အမှန်အတိုင်းပြောရရင်....ငါ မင်းကိုစိတ်ဝင်စားမှုအများကြီးမရှိဘူး....ဒါပေမယ့် မင်းက နဝမမင်းသားကိုတောင် ရန်စဝံ့တာကြောင့် ငါမင်းကိုသတ်ပစ်ဖို့ဝန်လေးနေမှာမဟုတ်ဘူး"

ပူ....ပူ....

ရုတ်တရက် စစ်သင်္ဘော၏ထိပ်ပိုင်းမှ ပလွေသံတစ်သံထွက်ပေါ်လာခဲ့သည်။

"မင်း ဒီနေရာရေါက်နေမှတော့....လျှို့ဝှက်နယ်မြေက မင်းရဲ့သင်္ချိုင်းပဲ"

ကြီးကြပ်ရေးမှုးက ခနဲ့တဲ့တဲ့ပြောဆိုပြီးနောက် လုယွီအနားမှ ထွက်ခွါသွားတော့သည်။

"ညီအကို...မင်းတော့ဒုက္ခတွေ့ပြီပဲ....ဒီနေရာမှာ သူတို့က အရာရာကိုဆုံးဖြတ်ပေးနိုင်တဲ့ နတ်ဘုရားတွေလိုတည်ရှိမှုမျိုးပဲ"

တစ်ချို့နတ်ဆိုးကျင့်ကြံသူများက သူတို့၏ခေါင်းကိုခါယမ်းပြီး လုယွီအား စကားလှမ်းပြောကြလေ၏။ သူတို့၏အမြင်တွင် လုယွီက လူသေတစ်ယောက်သာဖြစ်ပေသည်။

လုယွီကမူ ကြီးကြပ်ရေးမှုး၏ခြိမ်းခြောက်မှုများကို မကြားသကဲ့သို့သာ နေနေလေသည်။ သူက ကောင်းကင်ယံရှိ အနက်ရောင်တိမ်စိုင်တိမ်လိပ်ကြီးများကိုသာ မော့ကြည့်နေ၏။ ကြည့်ရသည်မှာ ဤနေရာ၌ နေရောင်မရှိဘဲ ကောင်းကင်တစ်ခုလုံးမှောင်မိုက်နေလေသည်။ လေထုအတွင်း၌လည်း နတ်ဆိုးစွမ်းအင်များက ပြည့်နှက်နေသည်။

အကွာအဝေးခြားနားနေခြင်းကြောင့် ထိုနတ်ဆိုးစွမ်းအင်များသည် စစ်သင်္ဘောပေါ်ရှိလူများထံသို့ ကြီးကြီးမားမားသက်ရောက်ခြင်းမရှိသေးချေ။

"မြန်မြန်အောက်ဆင်းကြစမ်း...အချိန်ဖြုန်းမနေကြနဲ့"

ကြီးကြပ်ရေးမှုး၏အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် လူတိုင်းသည် စစ်သင်္ဘောပေါ်မှအောက်သို့ ဆင်းလိုက်ကြ၏။

ဤနေရာသည် ခြောက်သွေ့သောသဲကန္တာရကြီးတစ်ခုဖြစ်ပြီး မြင့်မားသောကျောက်တုံးနံရံတစ်ခုပေါ်တွင် မြောက်မြားစွာသောတဲအိမ်များရှိနေသည်။

"ဒီနေရာက စစ်ဗိုလ်ချုပ်လဲ့ဟော်ရဲ့ အခြေစိုက်စခန်းပဲ...ခုချိန်ကစပြီး မင်းတို့ဒီမှါနေရမယ်"

ကြီးကြပ်ရေးမှုးက ရုတ်တရက် လုယွီအား တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဗိုလ်ချုပ် လဲ့ဟော်က ကင်းထောက်တစ်ချို့လိုအပ်နေတယ်....မင်းတို့ကောင်တွေ သွားကြစမ်း"

ကြီးကြပ်ရေးမှုးက လုယွီကို လက်ညှိုးညွှန်ပြီး သူ၏နံဘေးပတ်လည်မှလူများကိုပါ ညွှန်ပြလိုက်၏။

ကံဆိုးစွာဖြင့်ခေါ်ထုတ်ခံရသောသူများသည် လုယွီအား ဒေါသတကြီးကြည့်ရှုလိုက်ကြသည်။

"မင်းကြောင့် ငါတို့ကင်းထောက်လုပ်ဖို့ သွားရမှာ"

"ငါတော့ သွားပြီ...ဒီလိုအန္တရာယ်များတဲ့တာဝန်ကို လုပ်ဆောင်ရတော့မယ်"

လူအများအပြားက စိတ်ပျက်လက်ပျက်ဖြင့် မြည်တမ်းနေကြ၏။

ကြီးကြပ်ရေးမှုးက လှောင်ပြောင်သရော်လိုက်သည်။

"စိတ်ပူမနေကြနဲ့...မင်းတို့ရဲ့တာဝန်က အန္တရာယ်များတာကြောင့်...မင်းတို့ရရှိမယ့်ဆုလဒ်ကလည်းမြင့်မားလိမ့်မယ်"

ဝှစ်...

ထိုအချိန်မှာပင် အနက်ရောင်သံချပ်ကာဝတ်စုံဖြင့် စစ်သားများက စစ်တပ်တဲအိမ်များမှပျံသန်းလာပြီး ကြီးကြပ်ရေးမှုးထံသို့ ရောက်ရှိလာကြသည်။

"ကင်းထောက်လုပ်မယ့်လူတွေ ဘယ်မှာလဲ"

အနက်ရောင်သံချပ်ကာစစ်သားတစ်ယောက်က မေးမြန်းလိုက်၏။

ကြီးကြပ်ရေးမှုးက လုယွီတို့လူစုကို ညွှန်ပြလိုက်သည်။

"သူတို့ပဲ"

"ကောင်းပြီ....ငါတို့နဲ့လိုက်ခဲ့"

လုယွီက အနက်ရောင်သံချပ်ကာစစ်သားများနောက်မှလိုက်ပါပြီး ကြီးမားသောတဲကြီးတစ်လုံးရှေ့သို့ရောက်ရှိလာခဲ့သည်။

တဲကြီး၏ရှေ့တွင် မြောက်များစွာသောနတ်ဆိုးကျင့်ကြံသူများရှိနေလေ၏။ သူတို့အားလုံးသည် မှော်လက်နက်များကိုထိန်းချုပ်၍ လေထုအတွင်းမတ်တတ်ရပ်နေကြသည်။

ထို့ထက်အံ့အားသင့်ဖွယ်ကောင်းသည်မှာ နတ်ဆိုးကျင့်ကြံသူတစ်ချို့၏ပခုံးများပေါ်တွင် ကန့်လန့်တန်းများသယ်ဆောင်ထားကြ၏။ ထိုကန့်လန့်တန်းများသည် ထမ်းစင်တစ်ခုကဲ့သို့ဆတ်နွယ်ပြီး လေထုအတွင်း၌ မျောလွင့်နေလေ၏။

"ဗိုလ်ချုပ်....ကင်းထောက်တွေရောက်နေပါပြီ"

အနက်ရောင်သံချပ်ကာစစ်သားတစ်ယောက်က သတင်းပို့လိုက်သည်။

"ကောင်းပြီ...သွားကြစို့"

ထမ်းစင်ပေါ်မှ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

အနက်ရောင်သံချပ်ကာစစ်သားက လုယွီတို့ဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။

"မင်းတို့ရှေ့တန်းကိုသွားကြတော့...တစ်ကယ်လို့ တစ်ခုခုအလွဲအချော်တွေ့ရင် ပြန်လာပြီးချက်ချင်းသတင်းပို့"

Chapter 332

"နေကြဦး"

ထမ်းစင်၏အစွန်ဘက်၌ထိုင်နေသော လုစွေ့ထင်းက ရုတ်တရက် လုယွီ၏နောက်ကျောပြင်ကိုမြင်ချိန်တွင် သူမက မျက်မှောင်ကြုတ်ရင်း အော်ဟစ်လိုက်သည်။

"ရှေ့ဆုံးကလူ....ဒီဘက်လှည့်စမ်း"

လုစွေ့ထင်းက အမိန့်ပေးလိုက်လေ၏။

လုယွီက သူ၏ခေါင်းကိုပြန်လှည့်ပြီး လုစွေ့ထင်းအား ကြည့်ရှုလိုက်သည်။

"ဘာလဲ....မင်း သူကိုသိလို့လား"

ရှေ့ပြေးတပ်အရာရှိက မေးမြန်းလိုက်လေ၏။

လုစွေ့ထင်းက ခေါင်းခါပြလေ၏။

"သူက ငါ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ နည်းနည်းဆင်နေတာ"

ရှေ့ပြေးတပ်အရာရှိက လုစွေ့ထင်းကို အပြုံးဖြင့်ကြည့်ရှုနေလေသည်။

"ဒီလိုပဲဖြစ်ရမှာပေါ့....ဒီနိမ့်ကျတဲ့ လမ်းလျှောက်သူအဆင့်က မင်းမျက်လုံးထဲမတိုးလောတ်ပါဘူး"

ရှေ့ပြေးတပ်အရာရှိက ရုတ်တရက် လုယွီအား သူ၏ကြာပွတ်နှင့်ညွှန်ပြလိုက်၏။

"မင်း ရှေ့ထွက်ခဲ့စမ်း"

လူတိုင်း၏မျက်နှာပေါ်တွင် တစ်စုံတစ်ခုကို သိရှိနေကြသော အပြုံးများရှိနေသည်။ လူတိုင်းက ရှေ့ပြေးတပ်အရာရှိသည် လုစွေ့ထင်းအား ပိုးပမ်းနေခြင်းကို သိရှိထားကြသည်။

ထိုကောင်လေးက လုစွေ့ထင်း၏မိတ်ဆွေဟောင်းနှင့် ဆင်တူရုံသာရှိသော်လည်း ရှေ့ပြေးတပ်အရာရှိ၏စိတ်နေစိတ်ထားအရ အလွတ်ပေးမည်မဟုတ်ပေ။

လုယွီနံဘေးမှ တစ်ခြားကင်းထောက်များကမူ သူဒုက္ခတွေ့နေခြင်းကို ပျော်ရွှင်နေကြ၏။

တားမြစ်နယ်မြေအတွင်း၌ ရောက်ရှိနေသောလူတစ်ယောက်၏လှမ်းလိုက်သည့်ခြေလှမ်းတိုင်းသည် သေလမ်းဖြစ်သွားနိုင်သည်။ ထိုသူက ပို၍ဝေးကွာစွာသွားလေလေ ပို၍အန္တရာယ်များလေလေသာဖြစ်ပေ၏။

"သွားကြမယ်...အချိန်မဖြုန်းကြနဲ့"

သုန်မှုန်နေသော အသံတစ်သံက ထမ်းစင်ထက်မှ ထွက်ပေါ်လာခဲ့သည်။

"အမိန့်အတိုင်းပါ"

မြေအောက်လောကမှနတ်ဆိုးကျင့်ကြံသူတစ်ထောင်ကျော်သည် တားမြစ်နယ်မြေသို့ဦးတည်၍ ထွက်ခွါကြတော့သည်။

"ဘယ်လောက်တောင် ထိတ်လန့်တုန်လှုပ်ဖွယ် နတ်ဆိုးစွမ်းအင်တွေလဲ....ငါ နည်းနည်းလောတ်ရှုရှိုက်မိတာနဲ့ ငါရဲ့ဒန်တျန်စုတ်ဖြဲခံရသလို ခံစားနေမိတယ်"

"ဒါက တစ်ကယ့်ကို တားမြစ်နေရာပဲ....ဒီလိုနေရာမှာသာ တစ်ချိန်လုံးနေရရင် ငါရဲ့ကျင့်ကြံမှုနယ်ပယ်တစ်သက်လုံးတိုးတတ်မှာမဟုတ်ဘူး"

နတ်ဆိုးကျင့်ကြံသူအုပ်စုသည် ခါးသည်းစွာဖြင့် ငြီးတွားနေကြ၏။

အကယ်၍ သူတို့သည် ဤလျှို့ဝှက်နယ်မြေသို့ စစ်တပ်ဖြင့်သာအတူလာခြင်းမဟုတ်ပါက အဝေးသို့ထွက်ပြေးမည်မှာ သေချာပေသည်။

လုယွီကမူ လမ်းတလျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေလေ၏။ ဤနေရာပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များသည်ပြင်းထန်သော်လည်း လုယွီက ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေခဲ့သည်။

ရုတ်တရက် လုယွီ၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေမှုအရိပ်အယောင်များ ဖြစ်ပေါ်လာလေ၏။

မည်သည့် ကိစ္စရပ်များဖြစ်ပျက်နေသနည်း.....

လုယွီက ယခုနေရာရှိနတ်ဆိုးစွမ်းအင်များအကြားမှ ရင်းနှီးကျွမ်းဝင်နေသောအော်ရာတစ်ခုကို အာရုံခံစားမိသည်။

"ရန်သူ..."

ထိတ်လန့်တကြားအော်ဟစ်သံထွက်ပေါ်လာပြီး လူတိုင်းက ဘေးပတ်ဝန်းကျင်ကို အလျှင်စလိုကြည့်ရှုလိုက်ကြ၏။

သို့သော် နတ်ဆိုးကျင့်ကြံသူများရှေ့သို့တိုးလိုက်သည်နှင့် မီးခတ်ကျောက်မှမီးပွါးများ လွင့်စင်ကျလာသကဲ့သို့ မြောက်များစွာသောမြှားများကျဆင်းလာပြီး သူတို့၏ခန္ဓာကိုယ်များအား ထွင်းဖောက်သွားလေသည်။

ဖူး....ဖူး...ဖူး...

ခပ်သဲ့သဲ့အသံများထွက်ပေါ်လာပြီးနောက် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် လေထုအတွင်း၌ပင် အသတ်ခံလိုက်ရသည်။

ကြီးကြပ်သူများသည် အံ့အားသင့်တုန်လှုပ်နေကြပြီး ရန်သူရှိရာဘက်သို့ စစ်တပ်ကို ဦးတည်၍တိုက်ခိုက်စေသည်။ သို့သော် သူတို့၏စစ်တပ်အမြန်နှုန်းသည် မြှားများ၏အရှိန်အဟုန်ကို အမှီလိုက်နိုင်ခြင်းမရှိပေ။

လုယွီ၏မျက်လုံးများက မြှားများကို စူးစိုက်ကြည့်နေပြီးနောက် သူက နဂါးပျံခြေလှမ်းကိုအသုံးပြု၍ ရှေ့နောက်ယိမ်းထိုးကာ မြှားမိုးများနှင့်လွတ်ကင်းရာသို့ ထွက်လာခဲ့သည်။

"တာယွီအင်ပါယာကလူတွေ...မင်းတို့က နယ်နမိတ်ကိုဖြတ်ကျော်လာတယ်ပေါ့"

ထမ်းစင်ပေါ်မှ ထိုင်းမှိုင်းသောအသံတစ်သံထွက်ပေါ်လာ၏။

ထိုအသံသည်တိုးညင်းသော်လည်း ပြင်းထန်သောအသံလှိုင်းများပါဝင်ပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးကိုတုန်ခါစေကာ မြှားပျံများအားလုံးကို အောက်သို့ပစ်ချလိုက်သည်။

"ဟား ဟား ဟား....ငါတို့က ခိုးဝင်လာတဲ့လူတွေတွေ့လို့ လှုပ်ရှားမှုနည်းနည်းလေးလုပ်လိုက်တာပါ"

နတ်ဆိုးစစ်တပ်နှင့် မလှမ်းမကမ်းအကွာအဝေးမှ တစ်ခြားလူအုပ်စုတစ်စု ထွက်ပေါ်လာလေ၏။

လူအုပ်စုမှလူများအားလုံးသည် မှော်သားရဲများကိုထိန်းချုပ်စီးနင်းထားကြပြီး ရွှေရောင်သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့က အလံများကိုဝှေ့ယမ်းပြီး ရန်လိုသောအမူအယာများနှင့် ချဥ်းကပ်လာကြ၏။ ထိုလူများက နောက်ကျောတွင် လေးလံသော လေးကိုင်းကြီးများကို တင်ဆောင်ထားဆဲဖြစ်ပြီး သူတို့၏စူးရှသောမြှားများက မှော်စွမ်းအင်များနှင့်တောက်ပနေသည်။

အုပ်စုခေါင်းဆောင် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် ရှေ့သို့တိုးထွက်လာပြီး နတ်ဆိုးဂိုဏ်းမှလူများကို သရော်တော်တော်ကြည့်ရှုနေလေသည်။

"သူတို့က အလယ်ပိုင်းကုန်းမြေကလူတွေလား"

"အလယ်ပိုင်းကုန်းမြေကဂိုဏ်းတွေရဲ့ မှော်လက်နက်တွေက အရမ်းအစွမ်းထက်တယ်...သူတို့ရဲ့လေးနဲ့မြှားက စစ်သင်္ဘောကအမြှောက်တွေကို အမှီလိုက်နိုင်တယ်"

အသက်ရှင်ရက်ကျန်ရှိနေသော နတ်ဆိုးကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်သည်။

ထိုအချိန်မှာပင် နတ်ဆိုးဂိုဏ်းမှတစ်ခြားစစ်တပ်တစ်စု ရောက်ရှိလာခဲ့သည်။ ယခုရောက်ရှိလာသောနတ်ဆိုးစစ်တပ်သည် လူအမြောက်အများပါဝင်ပြီး လူထောင်သောင်းချီဖွဲ့စည်းထားသောစစ်တပ်ဖြစ်ပေ၏။ စစ်တပ်၏အလယ်ဗဟို၌ မျောလွင့်နေသော ဧရာမအလံကြီးတစ်ခုပင်ရှိနေသည်။

"ပဲ့နင်းအဆင့် ဦးစီးတဲ့စစ်တပ်ပဲ"

"ဗိုလ်ချုပ်ခုနစ်ယောက်တောင် ရောက်ရှိလာပြီး ဒီလေါက်ကြီးမားတဲ့စစ်တပ်ကိုပါခေါ်ဆောင်လာတယ်...သူတို့က အလယ်ပိုင်းကုန်းမြေကလူတွေနဲ့ တကယ်ကြီး စစ်ပွဲဆင်နွှဲတော့မလို့လား"

လူများက ရောက်ရှိလာသော နတ်ဆိုးစစ်တပ်အကြောင်းကိုသာ တီးတိုးပြောဆိုနေကြ၏။ မည်သူကမျှ လုယွီကို သတိမပြုမိကြချေ။

လုယွီက ထောင့်တနေရာ၌ ပုန်းအောင်းနေပြီး မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေလေသည်။ အချိန်တခဏအကြာတွင်မူ လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေပြီး သူ့ခန္ဓာကိုယ်၏အပေါ်ယံမှ အနက်ရောင်အလင်းတန်းများကို ထုတ်လွှတ်နေပေ၏။

လုယွီက အဆင့်ချိုးဖျက်ရန် ပြင်ဆင်နေခဲ့သည်။

"ကောင်လေး....မင်း အသက်ရှင်နေဦးမယ်လို့ ငါ ထင်မထားဘူး"

ထိုအချိန်မှာပင် ကြမ်းရှရှအသံတစ်သံထွက်ပေါ်လာ၏။

Chapter 333

လုယွီ၏ရှေ့၌ ဤနေရာသို့ သူအားခေါ်ဆောင်လာသော ကြီးကြပ်ရေးမှုးမတ်တတ်ရပ်နေလေ၏။ လုယွီက အဆင့်ချိုးဖျက်ရန်ကြံရွယ်နေသည်ကိုကြည်ပြီး သူ၏မျက်နှာပေါ်တွင်ယုတ်မာကောက်ကျစ်သောအပြုံးတစ်ခု ပေါ်ထွက်လာသည်။

"မင်းက အဆင့်ချိုးဖျက်ချင်နေတယ်ပေါ့...အိမ်မက်မက်မနေနဲ့"

ကြီးကြပ်ရေးမှုးက ရုတ်တရက်သူ၏လက်ချောင်းထိပ်မှ ကျန်းချီတစ်လှိုင်းထုတ်လွှတ်ပြီး လုယွီထံသို့ထိုးနှက်လိုက်သည်။

သာမာန်ကျင့်ကြံသူများအတွက် အဆင့်ချိုးဖျက်နေသောအချိန်သည် သူတို့၏အားအနည်းဆုံးအချိန်ဖြစ်သည်။

ထို့ကြောင့် လုယွီ အဆင့်ချိုးဖျက်နေစဥ်တွင် သတ်ဖြတ်ရန် ကြီးကြပ်ရေးမှုးက ကြံစည်လိုက်ခြင်းဖြစ်ပေ၏။

သူ၏လက်ချောင်းများက လုယွီနှင့်ထိတွေ့ခါနီးတွင် ရုတ်တရက် ကြာပွက်ရိုက်ချက်က ကြီးကြပ်ရေးမှုးပေါ်သို့ ကျရောက်လာခဲ့သည်။

ကြီးကြပ်ရေးမှုးက မရှောင်နိုင်ဘဲ နောက်သို့လွင့်စင်သွားလေ၏။

"နင် ဘာလုပ်နေတာလဲ"

ကြီးကြပ်ရေးမှုးက ကြည့်လိုက်ရာတွင် လက်ထောက်စစ်ဗိုလ်ချုပ်လုစွေ့ထင်းဖြစ်နေခြင်းကို တွေ့မြင်မိသည်။ သူမက မည်သည့်အချိန်ကတည်းက လုယွီနံဘေး၌ရောက်ရှိနေသည်ကို သူမသိရှိပေ။

လုစွေ့ထင်း၏လက်အတွင်း၌ ကြာပွတ်တစ်ချောင်းကိုကိုင်ဆောင်ထားပြီး ကြီးကြပ်ရေးမှုးကို သုန်မှုန်နေသောမျက်နှာထားနှင့် ကြည့်ရှုနေလေသည်။

ကြီးကြပ်ရေးမှုးက အံ့အားသင့်သွားပြီး အံတင်းတင်းကြိတ်ကာ ဖြေဆိုလိုက်သည်။

"ကျွန်တော်ရဲ့ငယ်သားကိုကြည့်ရတာ အဆင့်ချိုးဖျက်ရာမှာအခက်အခဲတွေ့နေပုံမို့ သူကိုကူညီဖို့စီစဥ်နေတာပါ"

"နင်ဘာတွေ တွေးနေလဲဆိုတာ ငါသိတယ်....နင်က နောင်တရမယ့်ကိစ္စမျိုးထပ်မလုပ်ရင် ပိုကောင်းလိမ့်မယ်"

လုစွေ့ထင်းက လေးနက်သောလေသံဖြင့် သတိပေးပြောဆိုလိုက်လေ၏။

ကြီးကြပ်ရေးမှုးကိုကြည့်ပြီး လုစွေ့ထင်းက ခက်ထန်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဒီနေရာကနေ ထွက်သွားစမ်း"

ကြီးကြပ်ရေးမှုးက မကျေမချမ်းဖြင့်အေးစက်စက်ကြည့်ပြီး ထွက်ခွါသွားတော့သည်။

လုစွေ့ထင်းက သူမ၏ခေါင်းကိုခါယမ်းနေပြီး လုယွီဘက်သို့ ကြည့်ရှုနေလေ၏။

ထိုအချိန်မှာပင် လုယွီကို ကျန်းချီများကဝိုင်းရံလှည့်ပတ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာခဲ့သည်။ လုယွီသည် ဓားအိမ်ထဲမှဓားရိုးသာမြင်နေရသော ဓားရှည်ကဲ့သို့ သူ၏အော်ရာများကို ဖုံးကွယ်ထားပေ၏။

လုယွီ၏မျက်ခုံးနှစ်ခုကြားအလယ်ဗဟိုမှ ရွှေရောင်အမြူတေပုံရိပ်က ထွက်ပေါ်လာပြီး ဖျက်ခနဲလင်းလက်သွားခဲ့သည်။

လုယွီက သူ၏မျက်လုံးများကိုဖွင့်ပြီး လုစွေ့ထင်းအားကြည့်ကာ ပြောဆိုလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ်"

လုစွေ့ထင်းက ခေါင်းခါယမ်းနေလေ၏။

"ဒီနေရာက ကျင့်ကြံဆင့်ချိုးဖျက်ရမယ့်နေရာမျိုးလား...နင် သေချင်နေတာလား"

လုစွေ့ထင်းက မလှမ်းမကမ်းအကွာအဝေးရှိ ကြီးကြပ်ရေးမှုးကို လက်ညှိုးညွှန်လိုက်သည်။

"အဲ့ဒီလူက နင့်အသက်ကိုလိုချင်နေတာ....ငါ နင်ကို ခုတစ်ကြိမ်ကာကွယ်နိုင်ပေမယ့် အမြဲတမ်းတော့ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး"

"မင်း စိတ်ပူမနေပါနဲ့....သူ နောင်တရစေရမယ်"

လုယွီက တည်ငြိမ်စွာဖြင့်သာ ပြောဆိုနေလေသည်။

လုစွေ့ထင်းက အေးစက်စက်နှာမှုတ်လိုက်သည်။ လုယွီ မည်သို့ပင်ပြောဆိုနေပါစေ ထိုကြီးကြပ်ရေးမှုးက ​ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ လုယွီက မည်မျှပင်အစွမ်းထက်နေပါစေ ထိုသူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"နင် အရမ်းသတ္တိကောင်းပြနေဖို့ မလိုဘူး...နင်ကို ငါရဲ့စစ်ရထားမောင်းသူလုပ်ဖို့ ငါစစ်ဗိုလ်ချုပ်ကိုပြောလိုက်မယ်...အဲဒါဆိုရင် နင် အန္တရာယ်မတွေ့နိုင်တော့ဘူး"

လုစွေ့ထင်းက မောက်မာနေပုံဖြင့် သူမ၏ခေါင်းကို မော့ထားလေ၏။

လုယွီက သဘောတူညီခြင်းမရှိချေ။

"မလိုအပ်ဘူး"

"ခေါင်းမာတဲ့ကောင်....နင် နောင်တမရစေနဲ့"

လုစွေ့ထင်းက မကျေမချမ်းအော်ဟစ်ပြီး ထွက်ခွါသွားတော့သည်။

'အဲ့ဒီလေါတ်တောင် သေချင်နေမှတော့...သေစမ်းဟာ'

"လူတိုင်းပဲ....ချက်ချင်းတောင်ကြားထဲကိုဝင်ကြ....နှောင့်နှေးမှုမရှိစေနဲ့"

ယခုဏက တိုက်ခိုက်ရန်ရန်စောင်နေကြသော စစ်တပ်နှစ်ခုမှ ငြင်းခုန်အော်ဟစ်နေသံများသည် တဖြည်းဖြည်းလွင့်ပြယ်သွားပြီး စစ်ပြေငြိမ်းရန်သဘောတူညီမှုရရှိသွားပုံပေါ်လွင်နေသည်။

"ဒီလို အန္တရာယ်များတဲ့နေရာက မြန်မြန်ဖြတ်ကြရအောင်...ဒါက သေလမ်းကိုသွားနေတာနဲ့ ဘာမှမကွာခြားဘူး"

"မုန်းလိုက်တာ...ငါဘာလို့ ဒီလိုနတ်ဆိုးဂိုဏ်းကို ဝင်ခဲ့မိပါလိမ့်...အစက ဒီဂိုဏ်းက ကျင့်ကြံနည်းစနစ်တွေ အရမ်းအစွမ်းထက်မယ်ထင်ပြီးဝင်လာခဲ့တာ...အလုပ်ကြမ်းသမားတစ်ယောက်လို့ ခိုင်းစေခံရမယ်လို့ ကြိုမသိခဲ့ဘူး"

နတ်ဆိုးဂိုဏ်းမှတပည့်အုပ်စုသည် ခါးသည်းမှုကို ခံစားမိလေသည်။ ဤနေရာသို့လာသောကျင့်ကြံသူတိုင်းသည် ကြမ်းတမ်းပြီး အစွမ်းထက်သောနောက်ခံအင်အားမရှိသူများဖြစ်သည်။ သူတို့ကဲ့သို့လူများမည်မျှများပြားစွာသေဆုံးပါစေ နတ်ဆိုးဂိုဏ်းက လူအင်အားထပ်မံဖြည့်တင်းပေးလေ၏။

သူတို့၌ ဆန္ဒမရှိသော်လည်း သူတို့၏သက်ဆိုင်ရာခေါင်းဆောင်များ၏တိုက်တွန်းနှိုးဆော်မှုအောက်တွင် တောင်ကြားအတွင်းသို့ ဝင်ရောက်လာကြသည်။

မှောင်မည်းနေသောတောင်ကြားလမ်း၏ နံဘေးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး အရိုးကွဲမတတ်အေးစိမ့်နေပေသည်။

"မင်းတို့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရလား"

နတ်ဆိုးကျင့်ကြံသူများသည် တောင်ကြားအတွင်းသို့ ဝင်ရောက်မိသည်နှင့် တုန်ရီနေလေ၏။ ဤတောင်ကြားအတွင်းသို့ နတ်ဆိုးကျင့်ကြံသူတစ်ထောင်ကျော်ခန့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း သူတို့ကကြက်သီးဖြန်းဖြန်းထသည်အထိ ကြောက်ရွံနေကြသည်။

"လူစုခွဲမယ်...မင်း ဒီကိုလာခဲ့စမ်း"

ကြီးကြပ်ရေးမှုးကအော်ဟစ်ပြီးနောက် သူ၏လက်ညှိုးက လုယွီထံသို့ ကျရောက်လာခဲ့သည်။

လုယွီက လှုပ်ရှားခြင်းမရှိသည်ကိုကြည့်ပြီး ကြီးကြပ်ရေးမှုးက သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးအော်ဟစ်လိုက်၏။

"ငါပြောတာကို မင်းမကြားဘူးလား...မင်း နေရာထိ ငါကလာပြောရဦးမှာလား"

လုယွီက ကြီးကြပ်ရေးမှုး၏နောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

"တစ်ကယ်လို့ ခင်ဗျားနေရာမှာ ကျုပ်သာဆိုရင်...ချက်ချင်းထွက်ပြေးပြီ"

Chapter 334

"ကောင်လေး....မင်း ငါကိုနောက်ပြောင်ရဲတယ်ပေါ့"

ကြီးကြပ်ရေးမှုး၏မျက်လုံးများက အေးစက်တင်းမာသွားလေ၏။

လုယွီကမူ ကြီးကြပ်ရေးမှုးကဲ့သို့ တွေးထင်ခြင်းမရှိချေ။ သူက ကြီးကြပ်ရေးမှုး၏နောက်ကျောကို တစ်ချက်ကြည့်ပြီး ရုတ်တရက် နောက်ဆုတ်လိုက်သည်။

"မင်းက ထွက်သွားချင်တာလား"

ကြီးကြပ်ရေးမှုးက အော်ဟစ်လိုက်ပြီးနောက် သူက ကျန်းချီလှိုင်းတစ်လှိုင်းပစ်လွှက်ပြီး လုယွီအားဖမ်းဆီးရန်ကြံရွယ်လိုက်လေ၏။

သို့ရာတွင် သူ၏လက်မောင်းမြှောက်လိုက်သည်နှင့်တပြိုင်နက် လက်မောင်းအားတစ်ခုခုမှညှပ်ထားသကဲ့သို့ ခံစားမိသည်။

"ဘာတွေ ဖြစ်နေတာလဲ"

သူက အံ့အားသင့်စွာဖြင့် နောက်သို့လှည့်ကြည့်လိုက်၏။

သို့သော် သူ၏လည်ပင်းသည် လှုပ်ရှား၍မရတော့ချေ။

"ခင်ဗျား....ခင်ဗျားရဲ့နောက်မှာဘာကြီးလဲ"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးလေသည်။

ကြီးကြပ်ရေးမှုးသည်လည်း ယခုအချိန်၌ ထိတ်လန့်တုန်လှုပ်နေပြီး သူ၏ခန္ဓာကိုယ်မှကျန်းချီများ ထုတ်လွှက်ကာ လွတ်မြောက်နိုင်ရန်အတွက် ထိန်းချုပ်လိုက်၏။

သို့ရာတွင် သူ၏နောက်တွင် မမြင်နိုင်သောလက်ကြီးတစ်ဖက်ရှိနေပြီး နေရာ၌ပင် သူကိုလှုပ်၍မရစေရန်ဖိနှိပ်ထားလေ၏။ ကြီးကြပ်ရေးမှုးက စကားပြောဆိုချင်နေသော်လည်း သူ၏ခန္ဓာကိုယ်အား ကာကွယ်ထားသောကျန်းချီအလွှာသည် အစွမ်းထက်သောအင်အားကြောင့် စက္ကူတစ်ရွက်ကဲ့သို့ ဆုတ်ဖြဲခြင်းခံလိုက်ရသည်။

ကြီးကြပ်ရေးမှုးက အားတင်းပြီး အော်ဟစ်လိုက်တော့၏။

"ဘယ်သူက ငါကိုတိုက်ခိုက်ရဲတာလဲ....ငါက......"

သို့သော် သူက စကားဆုံးသည်အထိပင် မပြောနိုင်တော့ချေ။

ရုတ်တရက် လက်ကြီးက ကြီးကြပ်ရေးမှုး၏လည်မြိုကို ညှစ်ထားပြီး သူအားမြေပြင်ပေါ်သို့ပြိုလဲကျသွားစေသည်။

ခရက်....

ကြီးကြပ်ရေးမှုး၏လည်ပင်းသည် အရိုးကျိုးအက်သံနှင့်အတူ ကြေမွသွားတော့သည်။ သူ၏ဦးခေါင်းသည် လေထုအတွင်းသို့ မြင့်တက်လာလေ၏။ ထိုအချိန်မှသာလျှင် သူ၏နောက်၌ မည်သည့်အရာရှိသည်ကို သူ မြင်တွေ့ရတော့သည်။

ထိုအရာက အသက်ပါခြင်းမရှိသကဲ့သို့ တောင့်တောင့်ကြီးဖြစ်နေသော အမျိုးသမီးတစ်ယောက်ဖြစ်ပေ၏။ သူမက ချောမောလှပသော်လည်း သူမ၏မျက်လုံးများက အေးခဲပြီးစုံမှိတ်ထားလေသည်။ သူမကိုကြည့်ရသည်မှာ လူသေတစ်ယောက်ဖြင့်တူညီနေသည်။

အမှန်တကယ်ကိုပင် သူမက လူသေတစ်ယောက်ဖြစ်ပေ၏။ သူမထံမှ မည်သည့်အသက်စွမ်းအင်လှုပ်ခတ်မှုမျှ ရှိမနေချေ။

"အန္တရာယ်......"

နတ်ဆိုးကျင့်ကြံသူများအားလုံး ထိတ်လန့်တကြား အော်ဟစ်နေကြ၏။

ကြီးကြပ်ရေးမှုးအသတ်ခံရသည်ကိုမြင်သည်နှင့် တစ်ချို့လူများသည် သူတို့၏ဘောင်းဘီများအတွင်း ဆီးထွက်ကျသည်အထိ ကြောက်ရွံပြီး လေးဘက်ထောက်၍ပင်ထွက်ပြေးကြ၏။

ယခုနေရာ၌ ကျန်ရှိနေသောလူများသည် သူတို့ကိုယ်သူတို့ ဆင်ခြင်တုံတရားဖြင့်ထိန်းသိမ်းထားကြသော်လည်း သူတို့အားလုံး၏မျက်နှာများ ဖြူရော်နေလေသည်။

"ဟား ဟား....မင်းတို့ကောင်တွေ ဘာမှမလုပ်ကြနဲ့...ဒီအဖိုးကြီးက ဒါကိုယူဆောင်ပါရစေ"

အနက်ရောင်ဝတ်စုံဖြင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ရယ်ပြုံးရင်း အပြေးအလွှားရောက်ရှိလာလေ၏။ ထိုနတ်ဆိုးကျင့်ကြံသူသည် သူ၏သိုလှောင်အိတ်အတွင်းမှ ခေါင်းတလားတစ်လုံးကိုထုတ်ယူပြီး အမျိူးသမီး၏ရှေ့၌ လှဲချထားသည်။

"အဲ့ဒါဆို သူမက အလောင်းကောင်ကျင့်ကြံသူပေါ့"

"အလောင်းကောင်ပညာရှင်က အလောင်းတွေကိုထိန်းသိမ်းဖို့ ဒီခေါင်းတလားပေါ်မှာ မန္တန်ရွတ်ဆိုထားခဲ့တာ...ဒါက အဆင်ပြေသွားမှာပါ"

နတ်ဆိုးကျင့်ကြံသူက အမျိုးသမီးအလောင်းကောင်သည် နေရာ၌ပင်မတ်တတ်ရပ်နေဆဲဖြစ်သည်ကိုကြည့်ပြီး ရယ်မောရင်းမှ ပြောဆိုလိုက်သည်။

"ဒါက တစ်ကယ်ကောင်းတဲ့ အလောင်းကောင်တစ်ကောင်ပဲ....တစ်ကယ်လို့ ငါက အလောင်းရုပ်သေးရုပ်သာပြုလုပ်ဖို့ဆိုရင် ဒါကပစ္စည်းကောင်းတစ်ခုပဲ"

ထိုနတ်ဆိုးကျင့်ကြံသူက သူ၏လက်ကိုဆန့်ထုတ်ပြီး ခေါင်းလောင်းကိုလှုပ်ယမ်းနေလေသည်။ ရုတ်ချည်းဆိုသလိုပင် အမျိုးသမီးအလောင်းကောင်းသည် နေရာမှာပင် အမြစ်ဆွဲထားသကဲ့သို့ ရပ်တန့်သွားပေသည်။

"ကောင်းတယ်....ကောင်းတယ်"

နတ်ဆိုးကျင့်ကြံသူက အမျိုးသမီးအလောင်းကောင်အနီးသို့ ရောက်ရှိလာခဲ့၏။ သို့သော် သူ၏လက်က အမျိုးသမီးအလောင်းကောင်အား ထိတွေ့ခါနီးတွင် သူမ၏မျက်လုံးများက ရုတ်တရက်ပွင့်လာသည်။

ဖူး....

သူမ၏လက်က နတ်ဆိုးကျင့်ကြံသူ၏ဝမ်းဗိုက်အား ထိုးဖောတ်ဝင်သွားလေ၏။ သူထံမှ ချက်ချင်းပင် သွေးများပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစဖြစ်သွားကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာသေဆုံးသွားခဲ့သည်။

အမျိုးသမီးအလောင်းကောင်က ရုတ်တရက် နားကွဲလုမတတ်အော်ဟစ်ပြီးနောက် တောင်ကြားအတွင်းရှိနေရာပေါင်းစုံမှ အနက်ရောင်ပုံရိပ်များအုပ်စုလိုက် ထွက်ပေါ်လာလေ၏။

ထိုပုံရိပ်များက အနက်ရောင်အဝတ်များခြုံလွှမ်းထားသည်။ သူတို့အားရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း ပုံရိပ်များသည် အလွန်အမင်းမြန်ဆန်သဖြင့် လူများ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

ထိုပုံရိပ်များအားလုံးသည် အလောင်းကောင်ကျင့်ကြံသူများဖြစ်ကြ၏။ သူတို့၏ပါးစပ်ကြီးများကို ဖွင့်ဟထားကြသဖြင့် ထက်ရှသောသွားများပေါ်နေပြီး လူအုပ်ကြီးအတွင်းသို့ တရကြမ်းပြေးဝင်သွားလေသည်။

နတ်ဆိုးကျင့်ကြံသူများသည် အလောင်းကောင်ကျင့်ကြံသူများ၏ ဝိုင်းရံဖမ်းဆီးခြင်းခံရတော့၏။ အချိန်တိုအတွင်းမှာပင် မြောက်များစွာသောလူများ ထိခိုက်ဒဏ်ရါရရှိပြီး သေဆုံးမှုများလည်းရှိကာ ထိတ်လန့်တကြားအော်ဟစ်နေကြသည်။

"သွားကြစမ်း....ငါ ဒီလိုနေရာမျိုးမှာ ထပ်ပြီးမနေနိုင်တော့ဘူး"

"ငါ ထွက်ပြေးလို့မရဘူး...ဘယ်လိုငရဲကကောင်တွေလဲ...ငါ ဒီနေရာမှာမနေချင်ဘူး"

နတ်ဆိုးကျင့်ကြံသူများသည် သွေးရူးသွေးတန်းဖြင့် ခြေဦးတည်ရာထွက်ပြေးနေပေ၏။

"ဗိုလ်ချုပ်...ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"

လုစွေ့ထင်း၏မျက်လုံးများက စိုးရိမ်ပူပန်မှုများစွာဖြင့် သူမ၏နံဘေးမှထမ်းစင်ပေါ်မှလူအား မေးမြန်းလိုက်သည်။

ထမ်းစင်ပေါ်မှလူထံမှ အက်ရှရှအသံ ထွက်ပေါ်လာသည်။

"ဒီ အမြှောက်စာတွေကို ဘာလို့ဂရုစိုက်နေမှာလဲ...နတ်ဆိုးနန်းတော်က လိုအပ်နေတဲ့ပစ္စည်းကိုပဲ ရှာစမ်းပါ"

"ဟုတ်ကဲ့"

လုစွေ့ထင်းက လုယွီကိုတစ်ချက်ကြည့်ပြီးနောက် သူမက ထပ်မံ၍ ဂရုစိုက်ခြင်းမရှိတော့ချေ။ သူမ၏အမြင်အရ ဤကဲ့သို့ကြမ်းကြုတ်ရက်စက်သော အလောင်းကောင်များနှင့်ကြုံတွေ့ရချိန်တွင် လုယွီက သေဆုံးမည်သာဖြစ်ပေ၏။

Chapter 335

နတ်ဆိုးစစ်တပ်သည် သူတို့၏ပတ်ဝန်းကျင်မှ ငိုကြွေးမြည်တမ်းနေသံများကို မကြားသကဲ့သို့သာပြုမူနေပြီး ရှေ့သို့သာဆက်လက်ချီတက်သွားလေသည်။

"ခွေးမသားတွေ...ငါတို့ကို အမြှောက်စာအဖြစ်သုံးနေကြတာ"

"ထွက်ပေါတ်....ထွက်ပေါတ်က ဘယ်နေရာမှာလဲ....ငါ မြန်မြန်ထွက်သွားမှရမယ်"

နတ်ဆိုးကျင့်ကြံသူများအားလုံးက ကြောက်လန့်တကြားဖြင့် နောက်ဆုတ်ပြေးကြ၏။

သို့သော် ထိုအချိန်မှာပင် တောင်ကြား၏နက်ရှိုင်းသောနေရာမှ ရောင်စုံအလင်းတန်းများ တောက်ပလာခဲ့သည်။ ထိုအလင်းတန်းသည် ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်ပြီး တခဏအကြာမှာပင် တောင်ကြားတသ်ခုလုံး ရောင်စုံအလင်းတန်းများဖြင့် တောက်ပသွားလေ၏။

မည်သည့်ကိစ္စများ ဖြစ်ပျက်နေခြင်းကို မသိရှိကြသဖြင့် နတ်ဆိုးကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုနေကြသည်။

"အဲ့ဒီနေရာမှာ ရတနာတစ်ခုခုရှိနေတာလား"

"ဘာရတနာဖြစ်ဖြစ် အရေးမကြီးဘူး...အသက်ရှင်ဖို့က ပိုအရေးကြီးတယ်"

နတ်ဆိုးကျင့်ကြံသူများက ထွက်ပေါက်သို့အပြေးသွားကြရာတွင် သူတို့အနက်မှတစ်ချို့ကမူ အလောင်းကောင်များ၏ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရ၏။ သူတို့အားလုံးက ထွက်ပေါက်ရှိရာဘက်ကိုကြည့်ရှုပြီး သွေးရူးသွေးတန်း ပြေးနေကြသည်။

သို့ရာတွင် တောင်ကြားလမ်း၏မူလဝင်ပေါက်နေရာသည် အဆုံးအစမရှိသောကွင်းပြင်ကြီးသာဖြစ်နေလေ၏။

"ထွက်ပေါက်ကော..."

တောင်ကြားလမ်းထွက်ပေါက် ပျောက်ကွယ်သွားသလော....

လူတိုင်း၏မျက်နှာအမူအယာများ ပျက်ယွင်းနေကြ၏။ တစ်ချို့နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏မှော်လက်နက်များဖြင့် ထိုးနှက်၍ လမ်းကြောင်းရှာဖွေနေကြသည်။

"မဖြစ်နိုင်ဘူး....ငါက တောင်ကြားပြင်ပမှာ လမ်းညွှန်သင်္ကေတတစ်ခုထားခဲ့တယ်...ငါ အခု အဲဒါကိုအာရုံခံလို့မရတော့ဘူး"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က တုန်ရီစွာဖြင့် ပြောဆိုနေလေ၏။

အသက်ရှင်ကျန်နေကြသော နတ်ဆိုးကျင့်ကြံသူများသည် ဤနေရာမှထွက်ခွါနိုင်ရန် လမ်းကြောင်းရှာဖွေရာ၌ တစ်ယောက်ပြီးတစ်ယောက်ကျရှုံးနေလေသည်။

ဝူး..ဝူး..

ရုတ်တရက် သူတို့လူစု၏နောက်မှ နားကွဲလုမတတ်ဝူးဝူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့ နောက်လှည့်ကြည့်ရာတွင် သူတို့အားလိုက်လံဖမ်းဆီးနေသော အလောင်းကောင်များအုပ်စုကိုတွေ့မြင်မိကြ၏။

"ပြေး...."

လူအုပ်ကြီးမှလူများ၏ဆံပင်များ ထောင်ထသွားပြီး နေရာအနှံအပြားသို့ ဝရုန်းသုန်းကားထွက်ပြေးကြတော့သည်။

လုယွီက မျက်မှောင်ကြုတ်နေလေ၏။ သူက လားာဘက်တစ်ခုကိုရွေးချယ်၍ ခေါင်းဖြတ်ဓားကိုစီးနင်းကာ ပျံသန်းသွားတော့သည်။ လုယွီနှင့်အတူ ခြေဦးတည်ရာသို့ ထွက်ပြေးလာကြသသည့် လူနှစ်ဆယ်ခန့်ရှိနေသည်။

"မဟုတ်သေးဘူး...ငါတို့ရှေ့မှာ အလောင်းကောင်တွေရှိနေတယ်"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်၏။

အလောင်းကောင်များကိုမြင်ချိန်တွင် လုယွီ၏မျက်လုံးများက အေးစက်တင်းမာသွားသည်။

"မြေအောက်လောကနတ်ဘုရားရဲ့သေခြင်းတရား"

လုယွီက လက်ညှိုးညွှန်လိုက်ရာတွင် ရုတ်တရက် အနက်ရောင်အလင်းတန်းများတောက်ပလာလေ၏။ ခေါင်းဖြတ်ဓားသည် သက်တန့်တစ်ခုမှရောင်စဥ်တန်းကဲ့သို့ပြေးထွက်သွားပြီး အလောင်းကောင်များ၏ခန္ဓာကိုယ်ကို ထိုးဖောတ်ဝင်ရောက်သွားသည်။

ဤအချိန်တွင် ယခုနေရာ၌ နောက်ထပ်နတ်ဆိုးကျင့်ကြံသူအုပ်စုတစ်စုရှိနေသည်။

သက်လက်ပိုင်းအရွယ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏လက်အတွင်း၌ ခေါင်းလောင်းတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုခေါင်းလောင်းအတွင်းသို့သူ၏ကျန်းချီများ ထည့်သွင်းလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းလောင်းကအလွန်ကြီးမားလာပြီး အလောင်းကောင်တစ်ကောင်ကို ရိုက်ခတ်လိုက်သည်။

လုယွီ၏ခေါင်းဖြတ်ဓားက ဖျက်ခနဲလက်သွားပြီး အလောင်းကောင်၏ခန္ဓာကိုယ်နှင့်ခေါင်းကို တစ်ခြားစီဖြစ်သွားစေ၏။

အချိန်တပြိုင်နက်တည်းမှာပင် အလောင်းကောင်၏ခန္ဓာကိုယ်ပေါ်သို့ ခေါင်းလောင်းကြီးကျဆင်းသွားပြီး ထိုအလောင်းကောင်းသည် အပိုင်းပိုင်းအစစဖြစ်သွားလေ၏။

"မင်းရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်တယ်...ဒဏ်ရါမရအောင်နောက်ဆုတ်နေ"

သက်လက်ပိုင်းအရွယ်နတ်ဆိုးကျင့်ကြံသူက လုယွီအား ပြောဆိုလိုက်သည်။

အလောင်းကောင်အားသတ်သူက လုယွီဟူသည်မှာ သိသာထင်ရှားပေ၏။ ထိုလူကြီးက အလောင်းကောင်၏ခေါင်း ပြတ်ပြီးချိန်မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

သို့သော် လုယွီက ဤကဲ့သို့ကိစ္စငယ်လေးများကို ဂရုစိုက်ခြင်းမရှိပေ။

ယခုနေရာရှိ ကွင်းပြင်၌ လူနှစ်ဆယ်ကျော်ခန့် ပုန်းအောင်းနေကြသည်။

သက်လတ်ပိုင်းအရွယ်နတ်ဆိုးကျင့်ကြံသူ၏အနောက်တွင် ယော်ကျားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ရှိနေလေ၏။

"လူတိုင်းပဲ ငါက ရှို့သွမ်းပါ...ဒီနေရာမှာ ထွက်ပေါက်မရှိတာကြောင့် ငါတို့က တောနက်ပိုင်းထဲကိုသွားပြီး အပြင်ထွက်ဖို့လမ်းကြောင်းရှာတာ ပိုကောင်းလိမ့်မယ်"

သက်လတ်ပိုင်းအရွယ်လူကြီးက အကြံပြုလိုက်သည်။

သူ၏စကားများကို နတ်ဆိုးကျင့်ကြံသူများက သဘောတူညီလိုက်ကြ၏။ ယခုလက်ရှိချိန်တွင် အလောင်းကောင်များက နေရာအနှံရှိနေသဖြင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်သည်။ သူတို့က ကျောထောက်နောက်ခံရယူလိုခြင်းမှာ သဘာဝပင်ဖြစ်ပေ၏။

သက်လက်ပိုင်းအရွယ်လူကြီးက နောက်သို့လှည့်ကြည့်ပြီး သူ့နောက်မှအမျိုးသားနှင့်အမျိုးသမီးကျင့်ကြံသူထံမှ အကြံဥာဏ်ရရှိရန် မေးမြန်းနေလေသည်။

အမျိုးသားကျင့်ကြံသူသည် အမှုမထားသောအမူအယာဖြင့် သာမာန်ကာလျှံကာသာ ခေါင်းညိတ်ပြလေ၏။

သက်လတ်ပိုင်းအရွယ်နတ်ဆိုးကျင့်ကြံသူက သူ၏ခေါင်းကိုပြန်လှည့်ပြီး ပြောဆိုလိုက်သည်။

"ငါတို့အတူတူ သွားကြတာက ပိုပြီးလုံခြုံလိမ့်မယ်...အဲ့ဒီအလောင်းကောင်တွေ ငါတို့ကိုရှာမတွေ့ခင် မြန်မြန်ထွက်ခွါကြရအောင်"

နတ်ဆိုးကျင့်ကြံသူများအားလုံးက အလျှင်အမြန်ပင် သဘောတူညီကြောင်း ပြောဆိုကြလေ၏။

သက်လတ်ပိုင်းအရွယ်နတ်ဆိုးကျင့်ကြံသူက လုယွီအား ထပ်မံကြည့်ရှုလိုက်သည်။

"မိတ်ဆွေငယ်လေး....မင်း အသက်ကအရမ်းငယ်သေးတယ်...ဒီနေရာက မင်းအတွက် အရမ်းအန္တရာယ်များတယ်...မင်း ငါတို့နဲ့အတူတူသွားတာ ပိုကောင်းလိမ့်မယ်"

လုယွီက ငြင်းဆန်ခဲ့လေ၏။

"အဲ့ဒီကိစ္စက မဖြစ်နိုင်ဘူး...ကျုပ်က တစ်ယောက်တည်းပဲသွားတတ်တယ်"

ရှို့သွမ်းက နောင်တရနေပုံဖြင့် လုယွီအား ထပ်မံပြောဆိုလိုက်သည်။

"တစ်ကယ်လား.....ဒါက သနားစရာပဲ"

"ကျုပ်အတွက် သနားပေးစရာ ဘာအကြောင်းမှမရှိဘူး"

လုယွီက နတ်ဆိုးကျင့်ကြံသူများအားလုံးကို တစ်ချက်ကြည့်ရှုလိုက်၏။

"ခင်ဗျားတို့ ကိုယ့်လမ်းကိုယ်ရှာသွားဖို့ ကျုပ်အကြံပေးချင်တယ်...အဲဒါဆိုရင် ခင်ဗျားတို့ အသက်ရှင်ချင်ရှင်နိုင်တယ်...တစ်ကယ်လို့ အတူတူသွားကြလို့ကတော့ ပိုပြီးအသေမြန်မယ်"

All Chapters