← Chapters

အခန်း (၃၄၁-၃၄၅)

Vol. 16-20 Ch. 341-345

အခန်း (၃၄၁-၃၄၅)

Vol. 16-20 Ch. 341-345

Chapter 341

ရုတ်ချည်းဆိုသလိုပင် မင်းသားဆယ့်လေး၏ဘေးပတ်ဝန်းကျင်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပျံလွင့်နေလေ၏။

ဒေါက်

ရှို့သွမ်းက မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

"အရှင့်သား....ဒီကျွန်အိုကြီးက အရှင်ပေါ်အမြဲတမ်း သစ္စာစောင့်သိမှာပါ...စိတ်နှစ်ခွမထားဝံ့ပါဘူး"

"မင်း ဘာမှစိုးရိမ်မနေနဲ့...ငါအတွက် အသုံးဝင်နေသမျှကာလပတ်လုံး မင်းကို အသက်ရှင်ရက်ထားပေးမှာပါ"

မင်းသားဆယ့်လေးက ရှို့သွမ်း၏ပခုံးကိုပုတ်ပြီး လုယွီအား ညွှန်ပြလိုက်သည်။

"သူကိုသတ်...ပြီးရင် ငါစီပြန်လာခဲ့"

"ဟုတ်ကဲ့...အမိန့်တော်အတိုင်းပါ"

ရှို့သွမ်းက လေးလေးစားစား ပြောဆိုလိုက်လေ၏။

မင်းသားဆယ့်လေးက ရယ်မောပြီးထွက်ခွါသွားလေ၏။ ဤအချိန်တခဏတွင် သူ၏အော်ရာသည် ထပ်မံ၍မြင့်တက်လာခဲ့သည်။

မူလက သူသည် မြေကမ္ဘာသင်္ကေတနယ်ပယ်သာဖြစ်သော်လည်း အမွှေးတိုင်တစ်တ်ုင်စာလောင်ကျွမ်းချိန်အတောအတွင်းမှာပင် ကောင်းကင်သင်္ကေတနယ်ပယ်သို့ ရောက်ရှိသွားပေ၏။

"ကောင်လေး....မင်းကိုယ်မင်း သတ်သေမလား...ဒါမှမဟုတ် ငါ လုပ်ပေးရမလား"

ရှို့သွမ်း၏အသံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ထိုကောင်လေးက သေလမ်းရှာဖွေနေခြင်းသာ ဖြစ်ပေမည်။ ကောင်လေးက မျက်လုံးရှေ့မှ ကြမ်းကြုတ်ရက်စက်သောမြင်ကွင်းကိုမြင်သည့်တိုင် အနည်းငယ်မျှပင်ကြောက်ရွံပုံမပြချေ။

ရှို့သွမ်း၏မျက်လုံးများအတွင်း၌ အလေးမထားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။ သူက လုယွီကို အထင်အမြင်သေးစွာ ကြည့်ရှုနေလေ၏။ ရှို့သွမ်းက သူ၏သိုလှောင်အိတ်အတွင်းမှ အနက်ရောင်မိုးကြိုးသွားကို ထုတ်ယူကာ လုယွီထံသို့ ပစ်ပေါတ်လိုက်သည်။

ဂျိန်း....ဂျိန်း....ဂျိန်း....

မိုးခြိမ်းသံများထွက်ပေါ်လာပြီးနောက် လုယွီ၏ရှေ့သို့ မိုးကြိုးတစ်စင်းကျဆင်းလာလေ၏။

ထိုမိုးကြိုးမှနေ၍ ကြီးမားသော မိုးကြိုးဝံပုလွေတစ်ကောင်ထွက်ပေါ်လာပြီး လုယွီအား ခုန်အုပ်လိုက်တော့သည်။

"ယမမင်းရဲ့သေခြင်းတရား"

လုယွီက သူ၏ခေါင်းဖြတ်ဓားကို ဆင့်ခေါ်ပြီး ကန့်လန့်ဖြတ်ကိုင်ကာ ဝံပုလွေကြီးအားခုတ်ပိုင်းလိုက်သည်။

ဝှစ်....

မိုးကြိုးများဖြင့်ဖွဲ့စည်းထားသော ဝံပုလွေကြီးသည် ဓားဖြင့်နှစ်ပိုင်းဖြတ်ခံရပြီး ထက်ခြမ်းကွဲကာ ပျောက်ကွယ်သွားလေ၏။

ဤနေရာမှထွက်ခွါရန်ပြင်ဆင်နေသော ရှို့သွမ်းသည် ရုတ်တရက် အံ့အားသင့်သွားလေသည်။

"မင်းက အရည်အချင်းနည်းနည်းတော့ ရှိသားပဲ"

ရှို့သွမ်းက နောက်သို့ ပျံဝဲလာခဲ့ပြီး သူ၏နဖူးပြင်ပေါ်ရှိ သင်္ကေတများသည် ရွှေရောင်တောက်ပနေခဲ့သည်။ ဤအချိန်မှာပင် သူက ကောင်းကင်ဘုံသင်္ကေတနယ်ပယ်၏အော်ရာအလုံးစုံကို ထုတ်လွှက်လိုက်သည်။

မြေပြင်က အပြင်းအထန်စတင်တုန်ခါနေလေသည်။ လေပြင်းတိုက်ခတ်မှုကြောင့် လုယွီ၏အဝတ်အစားများ စုတ်ပြဲသွားပြီး သူ၏အရိုးများမှပင် အက်သံများထွက်ပေါ်နေခဲ့သည်။

လက်ရှိအခြေအနေ၌ ရှို့သွမ်းသည် အမှန်တကယ်ပင် မိုးကြိုးစွမ်းအင်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

အကယ်၍ လုယွီသည် နတ်ဆိုးဂိုဏ်းသို့ သူလျှိုလုပ်ရန် ဝင်ရောက်ခဲ့ခြင်းမရှိပါက ယခုတိုက်ခိုက်မှု၌ သူက ကွန်ဖြူးရှပ်တာအိုဥပဒေသများကို အသုံးပြုမည်ဖြစ်ပေ၏။

မိုးကြိုးစွမ်းအင်သည် မည်မျှပင်အစွမ်းထက်နေပါစေ ကွန်ဖြူးရှပ်တာအိုဥပဒေသများအောက်တွင် အလွန်အမင်းဖိနှိပ်ခံရမည်သာဖြစ်သည်။

လုယွီက နဂါးပျံခြေလှမ်းကို အသုံးပြု၍ ကောင်းကင်ထံပျံဝဲပြီး ရှို့သွမ်းနောက်ရှိ ယဇ်ပလ္လင်ထံသို့ ဦးတည်၍ပျံသန်းလိုက်သည်။

"မင်းက ထွက်ပြေးချင်တာလား"

ထိုမြင်ကွင်းကိုမြင်သည်နှင့် ရှို့သွမ်းက လုယွီနောက်သို့ ထပ်ချပ်မကွာ လိုက်လာလေ၏။

သို့ရာတွင် လုယွီ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်သဖြင့် သူက ယဇ်ပလ္လင်နားသို့ရောက်ရှိသွားခဲ့သည်။

သူ၏လက်ဖြင့် ယဇ်ပလ္လင်ထံသို့ ရိုက်ချလိုက်ရာတွင် ကျောက်တုံးယဇ်ပလ္လင်သည် အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး တွင်းကြီးတစ်ခုအတွင်းသို့ကျသွားလေ၏။ ယဇ်ပလ္လင်၏အောက်ခြေတွင် အမှန်တကယ်ကိုပင် အခေါင်းပေါတ်ကြီးတစ်ခုရှိနေခဲ့သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ"

ရှို့သွမ်းက ထိုမြင်ကွင်းကိုမြင်ချိန်တွင် ကြက်သေသေသွားခဲ့သည်။

ရှို့သွမ်းက မိန်းမောတွေဝေနေစဥ်၌ လုယွီက နံဘေးတစ်နေရာသို့ ပျံဝဲထွက်သွားလေသည်။

ဘုန်း....

အခေါင်းပေါတ်ကြီးအတွင်းမှ အနက်ရောင်နတ်ဆိုးစွမ်းအင်များ အလုံးအရင်းလိုက်ထွက်ပေါ်လာပြီး ရှို့သွမ်း၏ခန္ဓာကိုယ်နှင့် ရိုက်ခတ်မိတော့သည်။

ရှို့သွမ်းက သူ၏ခန္ဓာကိုယ်ကို ကျန်းချီများဖြင့် ကာကွယ်ထားခဲ့သည်။ သို့သော် သူက နတ်ဆိုးစွမ်းအင်များနှင့် ထိပ်တိုက်တွေ့ချိန်တွင်မူ မည်သည့်ခုခံကာကွယ်နိုင်စွမ်းမျှမရှိတော့ဘဲ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားတော့သည်။

ခရက်...လေထုအတွင်း မျောလွင့်နေသော သင်္ကေတသုံးခုသည်လည်း ၎င်းတို့၏စွမ်းအားများ ဆုံးရှုံးသွားသဖြင့် မှေးမှိန်လာကာ နောက်ဆုံး၌ ပေါက်ကွဲသွားလေ၏။

လုယွီက ယခုမှသာ စိတ်သက်သာရာရသွားခဲ့သည်။ သူက ယဇ်ပလ္လင်၏အတွင်း၌ နတ်ဆိုးစွမ်းအင်များရှိနေခြင်းကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးတွေ့ရှိပြီးဖြစ်သည်။

ထိုစွမ်းအားများကို သူ၏လက်ရှိအခြေအနေနှင့်ဖြေရှင်းရန်မှာ လွန်စွာခက်ခဲပေမည်။

ထိုအချိန်မှာပင် ရှို့သွမ်းက သူ့အားသတ်ရန်ကြံစည်လာခဲ့ရာ လုယွီက ဓားဌားပြီးလူသတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

အကယ်၍ သူ၏ခန့်မှန်းချက်သာ မှားယွင်းမှုမရှိခဲ့လျှင် ထိုနှလုံးသားက သွေးအလောင်းကောင်၏စွမ်းအားတစိတ်တပိုင်းသာ ဖြစ်ပေမည်။

အကယ်၍ တစ်စုံတစ်ယောက်က နှလုံးသားကိုရရှိသွားပါက ထိုသူ၏စိတ်နေသဘောထား ပြောင်းလဲသွားမည်မှာ တိကျသေချာပေသည်။ သူက သွေးအလောင်းကောင်၏ထိန်းချုပ်မှုခံရသော ရုပ်သေးရုပ်ပင် ဖြစ်လာနိုင်သည်။

"ငါ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကို ဘယ်ကောင်ကလာနှောက်ယှက်တာလဲ"

လုယွီ၏စိတ်အတွင်းသို့ စူးရှရှအော်ဟစ်သံတစ်သံက တိုးဝင်လာခဲ့သည်။

*****

Chapter 342

ယဇ်ပလ္လင်၏အောက်ခြေရှိ အခေါင်းပေါတ်ကြီးအတွင်းမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

အသွေးအသားအပိုင်းအစများ၏အောက်၌ သလင်းသွေးအမြူတေရှိနေလေ၏။ အသွေးအသားများ၏ခုန်ချက်တိုင်းတွင် သွေးအမြူတေမှနေ၍ ထူးဆန်းပြီးတောက်ပသော အနီရောင်အလင်းတန်းကို ထုတ်လွှက်ပေးနေသည်။

လုယွီက သူ၏စိတ်အတွင်းသို့ တိုးဝင်လာသောအသံကို မကြားသကဲ့သို့သာပြုမူနေပြီး သွေးအမြူတေထံသို့ လျှောက်လှမ်းသွားလိုက်၏။

"မင်း လုပ်ရဲလား"

သွေးအမြူတေမှနေ၍ ရုတ်တရက် အရိပ်တစ်ရိပ် ထွက်လာလေသည်။

ထိုအရိပ်သည် တည်ငြိမ်ခြင်းမရှိသော်လည်း သူ၏မျက်လုံးတစ်စုံမှာမူ အလွန်အမင်းကြည်လင်ပြတ်သားနေကာ အရိုးဖောက်လုမတတ်ချမ်းစိမ့်မှုကို ထုတ်လွှက်နေပေ၏။

အရိပ်သည် အနီရောင်သင်္ကန်းကိုဝတ်ဆင်ထားသည်ကို လုယွီက တွေ့မြင်မိသည်။ လုယွီ၏မျက်လုံးများ အေးခဲသွားလေ၏။

"ဗုဒ္ဓလမ်းစဥ် ကျင့်ကြံသူလား"

ဗုဒ္ဓလမ်းစဥ်ကျင့်ကြံသူများသည် အသက်ရှင်သန်နေစဥ်တွင် ဗုဒ္ဓကျင့်စဥ်များကိုသာကျင့်ကြံပြီး သက်ရှိများကို အနောက်ဘက်သို့ သွားနိုင်ရန်ကူညီပေးကြသည်။

(A.N....အနောက်သို့ခရီးသွားမှတ်တမ်း စွန်းဝူခုန်းထဲကလို ဗုဒ္ဓရှိရာဘက်ကို သွားဖို့ကူညီတယ်လို့ ထင်တာပဲ"

သို့သော် တစ်ချို့ဗုဒ္ဓကျင့်ကြံသူများကမူ စည်းမျဥ်းဥပဒေသများကိုစွန့်ပစ်ပြီး ဓားများကိုကိုင်ဆွဲကာ နတ်ဆိုးများဖြစ်လာကြသည်။ သူတို့၏ဘဝတွင် နတ်ဆိုးလမ်းစဥ်ကိုသာ ကျင့်ကြံလျှောက်လှမ်းကြပေသည်။

ဤကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်များ သေဆုံးချိန်တွင် သာမာန်သွေးအလောင်းကောင်များထက် အစွမ်းထက်သော အရှင်သခင်အဆင့်သွေးအလောင်းကောင်များ ဖြစ်လာကြ၏။

သွေးအလောင်းကောင်က လုယွီအား ထွင်းဖောက်၍မြင်နေရသကဲ့သို့ စူးစိုက်ကြည့်နေလေသည်။

"ငါ စီမှာ အညံခံလိုက်...အဲဒါဆိုရင် ငါ မင်းကို ကောင်းကင်ဘုံတမျှ ကံကောင်းမှုကြီးပေးမယ်"

လုယွီက ငြိမ်သက်နေဆဲဖြစ်ပြီး မေးမြန်းလိုက်သည်။

"ခင်ဗျားကိုယ်ခင်ဗျားတောင် မကာကွယ်နိုင်ဘဲနဲ့...ကျုပ်ကို ဘယ်လိုစွမ်းအားမျိုးပေးနိုင်မှာလဲ"

သွေးအလောင်းကောင်၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားခဲ့သည်။ သူက လေးလေးနက်နက်ပြောဆိုလိုက်လေ၏။

"ငါကို အညံခံရင်....ငါ မင်းကို အကန့်အသတ်မရှိတဲ့မှော်စွမ်းအားတွေပေးမယ်"

သွေးအလောင်းကောင်အားလှည့်ပတ်နေသော အသွေးအသားများသည် သူ၏အမိန့်ကိုနာခံပုံဖြင့် တစ်ခုပြီးတစ်ခုပေါက်ကွဲသွားကာ သွေးမြူများအဖြစ်သို့ပြောင်းလဲပြီး လုယွီ၏နံဘေး၌ မျောလွင့်နေကြသည်။

လုယွီက မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ သွေးမြူများကို လက်ခံလိုက်သည်။ ထိုသွေးမြူများအတွင်း၌ အားကောင်းသော အသက်စွမ်းအင်နှင့်စိတ်ဝိညာဥ်စွမ်းအင်များ ပါဝင်နေပေ၏။

အချိန်တိုအတွင်း၌ပင် လုယွီက သူ၏မရီးဒါန်းများ ပြည့်နှက်လာခြင်းကို ခံစားမိသည်။

"ဒါပဲလား....မလုံလောတ်သေးဘူး"

လုယွီ၏မျက်လုံးများ၌ ပြက်ရယ်ပြုလိုသောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

သွေးအလောင်းကောင်သည် အလွန်အမင်းဒေါသထွက်သွားပြီးနောက် ယဇ်ပလ္လင်တစ်ခုလုံးပေါက်ကွဲသွားကာ မြောက်များစွာသော သွေးမြူများက လုယွီ၏နံဘေးပတ်လည်သို့ စုရုံးရောက်ရှိလာကြသည်။

လုယွီ၏ခန္ဓာကိုယ်ပေါ်မှ ထိုက်ကျိအမှတ်အသားသည်လည်း အရူးအမူးလည်ပတ်နေလေ၏။ သူ၏ရှေ့တွင် စုပ်ဝဲကြီးတစ်ခုဖွဲ့စည်းထားသကဲ့သို့ သွေးမြုများအားလုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေခဲ့သည်။

"မလုံလောတ်သေးဘူး"

"ထပ်လာစမ်း"

သွေးမြူများကို သုံး လေးကြိမ် ဆက်တိုက်စုပ်ယူပြီးသည့်တိုင် လုယွီက မကျေမနပ်ဖြစ်နေဆဲသာရှိပေ၏။

"ခင်ဗျားရဲ့ ဒီစွမ်းအင်တွေလောတ်နဲ့...ကျုပ်ကို ကောင်းကင်ဘုံတမျှ ကံကောင်းမှုကြီးပေးမယ်ပြောတာ မဆိုးရွားလွန်းဘူးလား...ကျုပ်အခု အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကိုတောင် မချိုးဖျက်နိုင်သေးဘူး..ခင်ဗျားရဲ့ လက်အောက်ခံအဖြစ် တစ်ခြားတစ်ယောက်ကိုသာ သွားရှာတော့"

လုယွီက နောက်သို့ပြန်လှည့်၍ ထွက်ခွါရန်ဟန်ပြင်လိုက်သည်။

"မင်းရဲ့ သွေးသားခန္ဓာကိုယ်က သိပ်မဆိုးဘူး...အရင်တုန်းက ငါသန့်စင်ခဲ့တဲ့ ဗုဒ္ဓသွေးစက်တစ်စက်ရှိတယ်...အခု ငါ အဲ့ဒါ မင်းကိုပေးမယ်"

သွေးအလောင်းကောင်ထံမှ ရုတ်တရက် သွေးတစ်စက်ပျံဝဲထွက်လာပြီး လုယွီ၏မျက်ခုံးနှစ်ခုကြားသို့ ဦးတည်လာခဲ့သည်။

ဝှစ်...

ထိုသွေးစက်ပေါ်တွင် ရွှေရောင်အလင်းတန်းများကတောက်ပနေပြီး ချက်ချင်းပင် လုယွီ၏မျက်ခုံးကြားသို့ တိုးဝင်သွားတော့သည်။

လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေလေ၏။ ဗုဒ္ဓသွေးစက်သည် အစွမ်းထက်ဆုံးဗုဒ္ဓလမ်းစဥ်လျှောက်လှမ်းသူ၏ အကြွင်းအကျန်သွေးစက်ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၏ ကမ္ဘာလောကများအားလုံးတွင် ဗုဒ္ဓလမ်းစဥ်၏အစွမ်းထက်ထိပ်သီးကျွမ်းကျင်သူသည် တာအိုသခင်တစ်ယောက်နှင့်ညီမျှပေသည်။

"ဒီ ဗုဒ္ဓသွေးစက်အတွင်းမှာ....ခန္ဓာကိုယ်သန့်စင်တဲ့နည်းစနစ်တွေ ပါဝင်နေတယ်"

လုယွီက ဗုဒ္ဓသွေးစက်နှင့်ပတ်သတ်သောအရာရာတိုင်းကို အချိန်တိုအတွင်း၌ပင် နားလည်သဘောပေါတ်သွားခဲ့သည်။

ဤသည်က အမှတ်တစ်ကယ်ကိုပင် ကြီးမားသောအခွင့်အရေးဖြစ်ပေ၏။ သူ၏အတိတ်ဘဝတွင် ဗုဒ္ဓလမ်းစဥ်၏ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များကို သူအလွန်ပင် သွားရည်ယိုခဲ့သည်။ သို့သော် ဗုဒ္ဓသည် တစ်သီးတစ်ခြားကျင့်ကြံနေသဖြင့် လုယွီက တွေ့ဆုံနိုင်ရန် အခွင့်မသာခဲ့ချေ။

ကောင်းကင်ဘုံအင်ပါယာ၏ များပြားသောမှတ်ဥာဏ်များအတွင်း၌ပင် ဗုဒ္ဓကျင့်စဥ်များက အနည်ူငယ်သောမှတ်တမ်းမှတ်ရာများအဖြစ်သာ ပါဝင်ပေ၏။

လုယွီက အချိန်ဆိုင်းမနေဘဲ သူ၏လက်သီးကို ဝှေ့ယမ်းကာ စတင်လေ့ကျင့်လေ၏။ လုယွီ စတင်လေ့ကျင့်ပြီး တခဏအကြာမှာပင် သူ၏ခန္ဓာကိုယ်မှ ရှေးကျသောကြေးနီရောင်အလင်းတန်းများ ထုတ်လွှက်ပေးနေ၏။

ဒေါင်...ဒေါင်...ဒေါင်

လုယွီ၏ရင်ဘတ်မှ သတ္ထုအချင်းချင်းထိခတ်သံများလည်း ထွက်ပေါ်နေလေသည်။ သူ၏လက်သီးချက်တိုင်းသည် ပြင်းထန်သောလေပြင်းကိုပါ သယ်ဆောင်လာလေ၏။

"သူရဲ့နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းမြန်ဆန်တာကို ငါ နားမလည်တော့ဘူး"

သွေးအလောင်းကောင်က အနည်းငယ် အံ့အားသင့်နေခဲ့သည်။ သို့ရာတွင် သူ၏မျက်လုံးများက ချက်ချင်းပင် လောဘအရိပ်အငွေ့များ ဖုံးလွှမ်းစပြုလာလေ၏။

"ငါရဲ့ရုပ်ခန္ဓာကိုယ်က ပျက်စီးနေပြီး မင်းကငါအတွက် အခွင့်အရေးကောင်းကို ယူဆောင်လာတာပဲ....ငါကို မြန်မြန်အညံခံပြီး မင်းရဲ့ရုပ်ခန္ဓာကိုယ်ကိုပေးစမ်း"

သွေးအလောင်းကောင်၏သွေးအမြူတေက ရုတ်တရက်ရွေ့လျားလာပြီး လုယွီ၏မျက်ခုံးကြားသို့ ဝင်ရောက်သွားတော့သည်။

Chapter 343

ရုတ်ချည်းဆိုသလိုပင် သွေးအလောင်းကောင်၏ပုံရိပ်က လုယွီ၏အသိစိတ်ပင်လယ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။

သွေးအလောင်းကောင်က လုယွီ၏အသိစိတ်ပင်လယ်အတွင်းသို့ရောက်ရှိပြီးသည်နှင့် လှည့်ပတ်ကြည့်ရှုပြီးနောက် အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။

"မင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်လေ....ဘယ်လိုလုပ်ပြီး မင်းမှာ ဒီလိုကြီးမားတဲ့အသိစိတ်ပင်လယ်ရှိနေတာလဲ"

လုယွီ၏အသိစိတ်ပင်လယ်သည် မည်သည်ကြောင့် အလွန်ကြီးမားကျယ်ပြန့်နေသနည်း....

မူလအစ လုယွီ၏အတိတ်ဘဝအကြွင်းအကျန်စိတ်ဝိညာဥ်နှင့်ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်တို့သည် ဤအသိစိတ်ပင်လယ်အတွင်း၌ တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

နှစ်ဘက်စလုံး၏စိတ်ဝိညာဥ်များမှ စွမ်းအားများဖြင့် တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန်ဆန့်ကျင်တိုက်ခိုက်ခဲ့လေသည်။ အကယ်၍ သာမာန်လူတစ်ယောက်၏အသိစိတ်ပင်လယ်ဖြစ်ပါက အချိန်အတော်ကြာကတည်းကပင် ကြေမွပျက်စီးသွားပေမည်။

အသိစိတ်ပင်လယ်၏အစွန်ဘက်တွင် ကမ္ပည်းစာအများအပြားရေးထွင်းထားပြီး ပတ်ဝန်းကျင်၌ မန္တန်ရွတ်ဆိုနေသံများသည် ပဲ့တင်ထပ်ပျံနှံ့နေသည်။

"ကွန်ဖြူးရှပ်တာအို ဥပဒေသတွေလား"

သွေးအလောင်းကောင်က အံ့အားတသင့်ရေရွတ်လိုက်မိ၏။

တာအိုဥပဒေသများသည် တာအိုသခင်အဆင့်ကျင့်ကြံသူများသာလျှင် ဖမ်းဆုပ်နိုင်သောအရာဖြစ်သည်။

မည်သည်ကြောင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူထံ၌ ဤဥပဒေသများရှိနေသနည်း။

အသိစိတ်ပင်လယ်အတွင်း၌ ရွှေရောင်အမြူတေမှနေ၍ အစအဆုံးမရှိသောရွှေရောင်အလင်းတန်းများထုတ်လွှက်နေပြီး နေမင်းကြီးကဲ့သို့တောက်ပနေသည်။

ရွှေရောင်အမြူတေ၏နံဘေးပတ်လည်၌ ရွှေရောင်နဂါးကိုးကောင်က သက်ဝင်လှုပ်ရှားနေသကဲ့သို့ ရစ်ခွေနေလေ၏။

သွေးအလောင်းကောင်၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားလေ၏။ သူသည် ထိုရွှေရောင်အမြူတေအတွင်းမှ အန္တရာယ်ပေးနိုင်သောအော်ရာတစ်ခုကို ခံစားမိသည်။ ထိုအန္တရာယ်သည် သူ၏အသက်ကိုပင် ခြိမ်းခြောက်နိုင်ပေ၏။

"ခင်ဗျား ကြည့်လို့ဝပြီလား"

လုယွီ၏အသံက သွေးအလောင်းကောင်၏နောက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။

သွေးအလောင်းကောင်က နောက်သို့ပြန်လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။

"အစေခံ....မင်းရဲ့ရုပ်ခန္ဓာကိုယ် ငါကိုလွှဲပြောင်းပေးတော့ ..ငါကို အညံခံပြီးတာနဲ့ စွမ်းအားတွေအဆများစွာ ထပ်ပေးမယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"အခုချိန်ထိတောင် ခင်ဗျားက အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်သေးဘူးလား"

"သောက် အဓိပ္ပါယ်မရှိတာတွေ....ငါကို အမြန်လွှဲပြောင်းပေးစမ်း"

သွေးအလောင်းက ရုတ်တရက် ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ မြောက်များစွာသောသွေးများ ပျံဝဲထွက်ကာ လုယွီထံသို့တိုးဝင်သွားလေသည်။

လုယွီ၏မျက်လုံးများက တဖြည်းဖြည်းအေးစက်စပြုလာခဲ့သည်။ လုယွီက အသိစိတ်ပင်လယ်အတွင်း၌ သူ၏စိတ်ဝိညာဥ်အခြေအနေဖြင့်ပေါ်ထွက်နေခြင်းဖြစ်သည်။

သူ၏စိတ်ဝိညာဥ်သည် အထွက်အထိပ်အဆင့်သို့မရောက်ရှိသေးသော်လည်း တာအိုသခင်၏စိတ်ဝိညာဥ်တစ်ပိုင်းတစ်စပင်လျှင် သွေးအလောင်းကောင်ကိုရင်ဆိုင်နိုင်ရန်လုံလောတ်ပေသည်

"ကျုပ်ရဲ့ကျင့်ကြံဆင့် တိုးမြှင့်နိုင်ဖို့ စိတ်ဝိညာဥ်စွမ်းအင်တွေ လိုအပ်နေခဲ့တာ....ခင်ဗျားက အချိန်မှန်ရောက်လာခဲ့တာပဲ"

လုယွီ၏နောက်တွင် ကြမ်းကြုတ်ရက်စက်ပုံရသော မြေအောက်လောက နတ်ဘုရားပုံရိပ်ကြီးက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက မြေအောက်လောကနတ်ဘုရား၏ပုံရိပ်ကြီးသည် ပို၍ပို၍ကြည်လင်ပြတ်သားလာခြင်းကို တွေ့မြင်နိုင်ပေမည်။

ကြမ်းကြုတ်ရက်စက်သော မြေအောက်လောကနတ်ဘုရားပုံရိပ်ပေါ်တွင် ထူးဆန်းသောပြောက်ကျားပုံစံအမှတ်အသားများ အများအပြားရှိနေလေ၏။ မြေအောက်လောကနတ်ဘုရား၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အနက်ရောင်နဂါးကိုးကောင်က ရစ်ပတ်ထားပေသည်။

လုယွီ၏နောက်၌ ကြီးမားသောအနက်ရောင် အလင်းတန်းများရှိနေလေသည်။

ထိုအလင်းတန်း၏အထက်တွင် ကမ္ပည်းစာများက ဖြည်းဖြည်းချင်းလှည့်ပတ်နေသည်။ ထိုစာများအား တစ်ချက်ကြည့်မိရုံဖြင့်ပင် မိန်းမောတွေဝေခြင်းကို ခံစားရပေမည်။

"ဥပဒေသ တစ်ဆယ့်ရှစ်ခု....မဖြစ်နိုင်ဘူး"

သွေးအလောင်းကောင်က တစ်စုံတစ်ခုမှားယွင်းနေခြင်းကို အာရုံခံမိပုံဖြင့် ထိတ်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးရန်ကြံစည်လိုက်သည်။

လုယွီက သူ၏လက်ကိုဆန့်တန်းပြီး ပြောဆိုလိုက်လေ၏။

"နဂါးပျံ လက်သည်း"

မြေအောက်လောကနတ်ဘုရားပုံရိပ်က ရုတ်တရက် လေထုအလယ်၌ ရပ်တန့်နေပြီးနောက် ဧရာမအနက်ရောင်လက်ဖဝါးကြီးကျဆင်းလာပြီး သွေးအလောင်းကောင်ပုံရိပ်အား ဖိနှိပ်လိုက်သည်။

"မင်း ဘယ်သူလဲ"

သွေးအလောင်းကောင်က ထိတ်လန့်တကြားအော်ဟစ်မေးမြန်းလေသည်။ သူက ဤကဲ့သို့ချေမွှခံရရန်ဆန္ဒမရှိသော်လည်း ရုတ်တရက် သူ၏ခန္ဓာကိုယ်က သွေးမြူများပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သွေးမြူများအတွင်းမှ သွေးအလောင်းကောင်ပုံရိပ်သည် အလွန်အမင်းကြီးမားလာပြီး အချိန်တခဏအကြာမှာပင် လုယွီ၏ကျန်းချီဧရာမလက်ဝါးကြီးမှလွတ်မြောက်ကာ ကောင်းကင်ယံသို့ထိုးတတ်သွားပေ၏။

"အေးခဲစမ်း"

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏နံဘေးပတ်လည်ရှိဥပဒေသများက သွေးအလောင်းကောင်ပုံရိပ်အား ထိန်းချုပ်လိုက်လေသည်။

"ဥပဒေသကိုထိန်းချုပ်နိုင်တယ်...မင်း...မင်းက ဘယ်တာအိုသခင်လဲ"

သွေးအလောင်းကောင်က စူးရှရှအော်ဟစ်ပြီး သူတတ်နိုင်သမျှ အားအင်အကုန်သုံး၍ ရုန်းကန်လေတော့၏။

သို့ရာတွင် သူပို၍ ရုန်းကန်လေလေ...သူ၏ခန္ဓာကိုယ်မှသွေးမြူများပို၍ထွက်လာလေလေဖြစ်သည်။

အကယ်၍ ပြင်ပလောက၌သာဆိုလျှင် သူက လုယွီ၏ထိန်းချုပ်ထားမှုမှ လွတ်မြောက်နိုင်မည့်အပြင် သတ်ဖြစ်၍ပင်ရနိုင်ပေမည်။

ကံဆိုးစွာဖြင့် သူက လုယွီ၏ခန္ဓာကိုယ်အား အပိုင်စီးရန်ကြိုးစားနေလေရာ သူကိုယ်သူသေလမ်းရှာသည့်အနေဖြင့် လုယွီ၏အသိစိတ်ပင်လယ်အတွင်းသို့ ဝင်လာခဲ့မိသည်။

"ငါ့ကို မသတ်ပါနဲ့...သွေးအမြူတေရဲ့စွမ်းအားတွေအကုန်လုံး မင်းကိုလွှဲပြောင်းပေးပါမယ်...ပြီးတော့ ငါက ဗုဒ္ဓ ဘယ်နေမှာလဲဆိုတာသိတယ်...မင်း ငါကိုလွှက်ပေးရင်ပြောပြမယ်"

​သွေးအလောင်းကောင်က အနူးအညွတ် တောင်းပန်နေလေ၏။

လုယွီက ခေါင်းခါယမ်းပြီးနောက် သူ၏ဧရာမလက်ဝါးကြီးဖြင့် သွေးအလောင်းကောင်၏ဦးခေါင်းကို ဖိနှိပ်လိုက်သည်။

ဖူး....

ခပ်အုပ်အုပ်အသံထွက်ပေါ်လာပြီးနောက် သွေးအလောင်းကောင်၏ပုံရိပ်သည် တဖြည်းဖြည်းဝေဝါးလာကာ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။

******

Chapter 344

"ခင်ဗျား သေသွားရင်တောင်...ကျုပ်က အဲ့ဒါတွေကို ရယူနိုင်တယ်"

လုယွီက ဥပဒေသများကိုအသုံးပြု၍ သွေးအမြူတေပေါ်မှ သွေးအလောင်းကောင်၏အမှတ်အသားများကို ဖယ်ရှားရှင်းလင်းလိုက်သည်။ ယခုမြင်နေရသောပုံရိပ်သည် သွေးအလောင်းကောင်ချန်ထားခဲ့သော အကြွင်းအကျန်စိတ်ဝိညာဥ်သာဖြစ်ပေ၏။

သူက ရုပ်ခန္ဓာကိုယ်တစ်ခုကို အပိုင်စီး၍ ပြန်လည်ရှင်သန်နိုင်ရန်ကြိုးစားခဲ့သော်လည်း မှားယွင်းသောပြိုင်ဘက်ကိုရွေးချယ်ခဲ့မိသည်။

ဝှစ်

ထိန်းချုပ်မှုလွတ်ကင်းသွားသော သွေးအမြူတေသည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာလေ၏။

"ဗုဒ္ဓလမ်းစဥ်သွေးအလောင်းကောင်က ဘယ်လိုဖြစ်ပြီး ဒီနေရာမျိုးမှာ ပေါ်ထွက်လာရတာလဲ"

လုယွီက သူ၏လက်ကို သွေးအမြူတေပေါ်သို့တင်လိုက်သည်နှင့် မြောက်များစွာသောမှတ်ဥာဏ်များက ရုတ်တရက် သူ၏အသိစိတ်ပင်လယ်အတွင်း၌ မျောလွင့်လာပေသည်။

မြင့်မားသောတောင်တန်းများပေါ်၌ လျှို့ဝှက်ဖုံးကွယ်ပြီးတည်ရှိနေသော ဘုရားကျောင်းတစ်ခုကို လုယွီက မြင်တွေ့မိလေသည်။ ထိုဘုရားကျောင်းမှနေ၍ ဗုဒ္ဓလမ်းစဥ်၏ဂါထာမန္တန်ရွတ်ဖတ်သံများက ထွက်ပေါ်နေပေ၏။

သွေးအလောင်းကောင်သည် ထိုဗုဒ္ဓဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဖြစ်ခဲ့သည်။ သူသည် မဟာခန်းမတွင် ဗုဒ္ဓလမ်းစဥ်ကို နှစ်ပေါင်းများစွာကြာသည်အထိ အပြင်းအထန်ကြိုးစားခဲ့သော်လည်း အချိန်အတော်ကြာသည့်တိုင် ဗုဒ္ဓအဆင့်အတန်းသို့ ရောက်ရှိခဲ့ခြင်းမရှိပေ။

နောက်ပိုင်း၌ သူက ဗုဒ္ဓလမ်းစဥ်၏တားမြစ်နေရာတစ်ခုကို သွားခဲ့ပြီး သူ၏အဆင့်အတန်းကိုအခွင့်ကောင်းယူ၍ မြောက်များစွာသောအစွမ်းထက်တားမြစ်နည်းစနစ်များကို တိတ်တဆိတ်လေ့ကျင့်ခဲ့သည်။

အတွေးတစ်ချက်ဖြင့်ပင် ဗုဒ္ဓဖြစ်လာနိုင်ပြီး အတွေးတစ်ချက်ဖြင့်ပင် နတ်ဆိုးလည်းဖြစ်ပေါ်နိုင်သည်။

ကျောင်းထိုင်ဘုန်းကြီးဘဝတွင် သူက ကျင့်ကြံသူတစ်ယောက်ကိုသတ်ဖြတ်ပြီး ထိုသူ၏သွေးအားလုံးကို စုပ်ယူလိုက်ရာတွင် ချက်ချင်းပင် ကျင့်ကြံဆင့်ငယ်တစ်ခု မြင့်တတ်သွားပေ၏။

ဤကဲ့သို့ကျင့်ကြံနည်းစနစ်မျိုးကို နတ်ဘုရားအရှိန်ဖြင့်ကျင့်ကြံခြင်းဟုပင် ခေါ်ဆိုနိုင်သည်။ သူက ဗုဒ္ဓလမ်းစဥ်အတိုင်း အချိန်အတော်ကြာ ကျင့်ကြံခဲ့ပါစေ မည်သည့်အချိန်ကမျှ အလွန်လျှင်မြန်သော ကျင့်ကြံဆင့်မြင့်တတ်ခြင်းကို မရရှိဘူးပေ။

ထိုကျောင်းထိုင်ဘုန်းကြီး၏စိတ်နှလုံးသားကို လောဘတရားများက ဖုံးလွှမ်းသွားပြီး ထပ်မံထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။

အပေါ်ယံတွင် သူက ဗုဒ္ဓလမ်းစဥ်ကိုကျင့်ကြံပြီး သက်ရှိများအားလုံးကိုကူညီပေးသော ဗုဒ္ဓဘုရားကျောင်း၏ကျောင်းထိုင်ဘုန်းကြီးသဖွယ် ပြုမူနေထိုင်ခဲ့သည်။

အမှန်စင်စစ်တွင်မူ သူက ကျင့်ကြံသူများကိုသတ်ဖြတ်ပြီး အသွေးအသားစွမ်းအင်များကိုစုပ်ယူနေသော လူသတ်ကောင်တစ်ယောက်သာ ဖြစ်ပေ၏။

နောက်ဆုံး၌ သူ၏နတ်ဆိုးနည်းစနစ်ကျင့်ကြံမှုများ ပြီးမြောက်အောင်မြင်သွားချိန်တွင် ဗုဒ္ဓက အကြည့်တစ်ချက်ဖြင့်ပင် ထွင်းဖောက်မြင်သွားလေ၏။ သူက ဗုဒ္ဓ၏ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။

ကျောင်းထိုင်ဘုန်းကြီး၏ခန္ဓာကိုယ်က ဖျက်ဆီးခြင်းခံရသော်လည်း သူ၏ကြွင်းကျန်သောသွေးတစ်စက်ဖြင့် သွေးအလောင်းကောင်အဖြစ်သို့ပြောင်းလဲပြီး ပြန်လည်ရှင်သန်နိုင်ခဲ့သည်။

သူက နှစ်ထောင်ပေါင်းများစွာကြာသည်အထိ စကြာဝဠာပေါင်းများစွာကို ကူးသန်းသွားလာပြီး သူ၏အထွက်အထိပ်အခြေအနေသို့ရောက်ရှိရန်နည်းလမ်းကို ရှာဖွေနေခဲ့သည်။

သူ အထွက်အထိပ်သို့ပြန်လည်ရောက်ရှိသွားလျှင်ပင် သူက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်မဖြစ်နိုင်တော့ဘဲ သွေးနတ်ဆိုးဖြစ်သွားပေမည်။

ကံဆိုးစွာဖြင့် သူ၏ပြန်လည်ရှင်သန်ခြင်းဖြစ်စဥ်တွင် မြေအောက်လောကတာအိုသခင်နှင့်ကောင်းကင်ဘုံအင်ပါယာတို့၏တိုက်ပွဲကြားသို့ မတော်တဆရောက်ရှိသွားပြီး စွမ်းအင်လှိုင်းများ၏အကျိုးသက်ရောက်မှုကို ခံခဲ့ရသည်။

သူ၏ပြန်လည်ကောင်းမွန်ခါစဖြစ်သော ကျင့်ကြံဆင့်သည်လည်း ချက်ချင်းပင်ပျက်စီးသွားပြီး သူ၏ရုပ်ခန္ဓာကိုယ်ပင်လျှင် ကြွင်းကျန်ရစ်ခြင်းမရှိတော့ချေ။

သွေးအမြူတေက ဤနေရာသို့ မျောလွင့်ရောက်ရှိလာခဲ့ပြီး တဖြည်းဖြည်း တောင်ကြားကိုဖွဲ့စည်းကာ ကျင့်ကြံသူများကို အတွင်းသို့ဝင်ရန်ဆွဲဆောင်၍ သူတို့၏အသွေးအသားများကိုဝါးမြိုကာ ပြန်လည်ရှင်သန်နိုင်ရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

"မမျှော်လင့်ထားဘဲ ဒါက တိုက်ဆိုင်မှုတစ်ခုပါလား"

လုယွီ၏နှုတ်ခမ်းများအနည်းငယ် တုန်ရီသွားပေ၏။ အကယ်၍ သူ၏မျက်လုံးဖြင့်သာမြင်ခဲ့ခြင်းမဟုတ်ပါက ကမ္ဘာလောကကြီးတွင် ဤကဲ့သို့တိုက်ဆိုင်မှုမျိုးရှိသည်ကို ယုံကြည်ရန်မှာလွန်စွာခက်ခဲပေမည်။

သို့ရာတွင် လုယွီက သူ၏အတွေးနယ်လွန်နေမှုကို ပြန်ရုတ်သိမ်းလိုက်သည်။

"ပြောရရင် ခင်ဗျားလိုနတ်ဆိုးတွေမှာ သွေးကြေးပြန်ဆပ်မယ့်သူတွေအများကြီးဘဲ...တစ်ကယ်လို့ ကျုပ်က ခင်ဗျားကိုမသတ်ရင်တောင်မှ တစ်ယောက်ယောက်က ခင်ဗျားကိုသတ်သွားမှာပဲ"

လုယွီက ရုတ်တရက် သွေးအမြူတေကို သူ၏လက်သီးဖြင့် ထုနှက်လိုက်သည်။

ဗွမ်း.....

ရေကာတာကျိုးပြီးမြစ်ရေများစီးကျလာသကဲ့သို့ သွေးမြူများနှင့်စိတ်ဝိညာဥ်စွမ်းအင်များသည် သွေးအမြူတေအတွင်းမှ ချက်ချင်းပင်ပေါက်ကွဲထွက်လာလေ၏။

လုယွီက ထိုက်ကျိအမှတ်အသားကို လှည့်ပတ်လိုက်ရာတွင် ချက်ချင်းပင် အားကောင်းသောစုပ်ဝဲတစ်ခုက နံဘေးပတ်ဝန်းကျင်ရှိ သွေးမြူများနှင့်စိတ်ဝိညာဥ်စွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်သွင်းလိုက်တော့သည်။

လုယွီ၏ခန္ဓာကိုယ်တုန်ရီသွားပြီး သူ၏ဦးခေါင်းထိတိုင်ချမ်းစိမ့်လာမှုကို ခံစားမိသည်။

"ငါရဲ့ ဒန်တျန်ပေါ်က နဂါးကိုးကောင်အမှတ်အသားရဲ့စွမ်းအားနဲ့ဆိုရင် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကိုရောက်ဖို့ဆိုတာ ပြဿနာတစ်ရပ်မဖြစ်နိုင်ဘူး"

လုယွီက သူ၏ခေါင်းကိုမော့ပြီး ပါးစပ်ဟလိုက်သည်တွင် နဂါးတစ်ကောင်၏အော်ဟစ်သံထွက်ပေါ်လာလေ၏။

လုယွီက ဝါးမြိုထားသော သွေးစွမ်းအင်များသည် တဖြည်းဖြည်းကျန်းချီများအဖြစ်သို့ ပြောင်းလဲနေပေသည်။

လုယွီ၏ဒန်တျန်အတွင်းမှ သူ၏ရွှေရောင်အမြူတေသည် ရုတ်တရက်ပေါက်ကွဲသွားလေ၏။

ကွဲကြေနေသော ရွှေရောင်အမြူတေသည် အလျှင်အမြန်လွင့်ပြယ်သွားခြင်းမရှိဘဲ တဖြည်းဖြည်း သူ၏ဒန်တျန်အတွင်း၌ သိပ်သည်းစပြုလာခဲ့သည်။

ထိုအချိန်တွင် လုယွီ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ရှိနေခဲ့သည်။ ထိုပုံရိပ်ကြီးသည်လည်း တဖြည်းဖြည်းသိပ်သည်းလာလေရာ အဝေးတစ်နေရာမှကြည့်လျှင်ပင် လူအများအားတုန်လှုပ်ချောက်ချားစေသော အစစ်အမှန်တည်ရှိမှုကြီးဟု မြင်နေရသည်။

အမွှေးတိုင်တစ်တိုင်စာ...နှစ်တိုင်စာ...

ပြင်ပ၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို လုယွီက သိရှိခြင်းမရှိချေ။ သူက ကျင့်ကြံရာ၌သာ အာရုံစူးစိုက်ထားခဲ့သည်။

နောက်ဆုံး၌ အချိန်ဆယ်ရက် ကုန်ဆုံးသွားပြီဖြစ်ပေ၏။

လုယွီက ကျင့်ကြံရာမှ နိုးထလာချိန်တွင် သူ၏မျက်လုံးများသည် ယခင်ထက်ပို၍တောက်ပနေလေသည်။

"ကမ္ဘာမြေသင်္ကေတအဆင့်....ငါ အောင်မြင်သွားပြီ"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

Chapter 345

လုယွီ၏နဖူးပြင်ပေါ်၌ အနက်ရောင်သင်္ကေတတစ်ခုက မျောလွင့်နေခဲ့သည်။

ထိုသင်္ကေတ၏အစွန်းဘက်များသည် မှိန်ပျပျအလင်းရောင်တောက်ပနေပြီး သင်္ကေတပေါ်တွင် ရှုပ်ထွေးပြီးမထင်ရှားသော ကမ္ပည်းစာတစ်ချို့ကိုလည်း ဖုံးကွယ်ထားလေ၏။

သာမာန်ကျင့်ကြံသူတစ်ယောက်၏ အမြင်ဖြင့်ကြည့်လျှင် လုယွီ၏ကျင့်ကြံဆင့် တိုးတတ်နှုန်းသည် အလွန်လျှင်မြန်နေသော်လည်း သူကမူ လက်ရှိအရှိန်နှုန်းကို စိတ်ကျေနပ်မှုမရှိသည်မှာ သိသာထင်ရှားနေပေသည်။

"သွေးအလောင်းကောင်ဆိုတာ တစ်ချိန်တုန်းက လောကကြီးရဲ့အရှင်သခင်အဆင့်မှာရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေပဲ....သူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးစွမ်းအင်တွေက ဒီထက်ပိုများသင့်တယ်"

ဤတစ်ကြိမ်တွင် လုယွီက သွေးအမြူတေကို တိုက်ရိုက်ပင်ဝါးမြိုလိုက်သည်။

ဘုန်း....

လုယွီ၏ရင်ဘတ်အတွင်း၌ ရုတ်တရက် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားခဲ့သည်။ သွေးအမြူတေက လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသွားကာ ချက်ချင်းပင် သူ၏မရီးဒါန်းများအားလုံးသို့ သွေးစွမ်းအင်များစီးဝင်လာလေ၏။

အကယ်၍ သူ၏နေရာ၌ သာမာန်ကျင့်ကြံသူသာဖြစ်လျှင် မရီးဒါန်းများအားလုံးပေါက်ကွဲပြီး သေဆုံးရပေမည်။

သို့ရာတွင် လုယွီကမူ အပြင်းအထန်နာကျင်နေပုံပင် မပေါ်လွင်ချေ။

စကြာဝဠာခန္ဓာကိုယ်အမျိုးအစားသည် မည်သည့်အရာကိုမဆို ဝါးမြိုနိုင်ပေ၏။ သွေးအလောင်းကောင်ထံမှသွေးစွမ်းအင်များသည် ပြင်းထန်သည်မှန်သော်လည်း လုယွီ တောင့်ခံနိုင်သော ပမာဏအတောအတွင်း၌ ရှိနေဆဲဖြစ်သည်။

အချိန်တခဏအကြာတွင်မူ လုယွီ၏နဖူးထက်၌ အနက်ရောင်သင်္ကေတများက ထွက်ပေါ်လာကာ မျောလွင့်နေလေ၏။

ကမ္ဘာမြေသင်္ကေတနယ်ပယ် ဒုတိယအဆင့်....

ကမ္ဘာမြေသင်္ကေတနယ်ပယ် တတိယအဆင့်...

လုယွီ၏ကျင့်ကြံဆင့်ချိုးဖျက်မှုတွင် အတားအဆီးလုံးဝမရှိပေ။ သူ လိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ များပြားသောစွမ်းအင်ပမာဏပင်ဖြစ်သည်။

စိတ်ဝိညာဥ်စွမ်းအင်ထောက်ပံမှုရနေသရွေ့ သူ၏ကျင့်ကြံဆင့်တတ်နှုန်းသည် မြန်ဆန်နေပေမည်။

အချိန်အတော်ကြာပြီးနောက် လုယွီ၏တဟုန်ထိုးမြင့်တတ်နေသော ကျင့်ကြံဆင့်သည် ကမ္ဘာမြေသင်္ကေတနယ်ပယ် သတ္တမအဆင့်၌ ရပ်တန့်သွားလေ၏။

"ငါက စိတ်ဝိညာဥ်စွမ်းအင်တစ်ချို့ လိုအပ်နေတုန်းပဲ"

လုယွီက သူ၏လက်ပေါ်တွင် သွေးအမြူတေကိုတင်၍ တစ်ခြားသွေးအလောင်းကောင်များနှင့် သူတို့၏မျိုးဆက်များရှိနေသောနေရာများကို စတင်အာရုံခံလိုက်သည်။

သွေးအမြူတေကိုဖုံးကွယ်ရန် သွေးအလောင်းကောင်မှစီမံထားခဲ့သော နှလုံးသားအတွင်း၌လည်း သွေးစွမ်းအင်များရှိနေပေသည်။

လုယွီ၏ခန္ဓာကိုယ်ရွေ့လျားသွားပြီး နဂါးပျံခြေလှမ်းကိုအသုံးပြု၍ ပျံဝဲကာ မူလလှိုဏ်ဂူအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လုယွီက သွေးအလောင်းကောင်နေရာ၌ ကျင့်ကြံနေစဥ်တွင် ပြင်ပ၌ အချိန်ဆယ်ရက်ကုန်ဆုံးသွားပြီဖြစ်ပေ၏။

မြေပြင်ပေါ်၌ ကျင့်ကြံသူများ၏အလောင်းများက နေရာအနှံပြန့်ကျဲနေလေသည်။ လှိုဏ်ဂူနံရံများတွင်ပင် အလောင်းများက နစ်ဝင်နေပေ၏။

"ဝူး ဝူး"

လုယွီ၏နားအတွင်းသို့ ကျယ်လောင်သောမြည်တမ်းသံတစ်သံ ဝင်ရောက်လာခဲ့သည်။

သွေးအလောင်းကောင်တစ်ကောင်က လုယွီအား ခုန်အုပ်လိုက်ခြင်းဖြစ်ပေ၏။

"ယမမင်းရဲ့ သေခြင်းတရား"

လုယွီက သူ၏လက်ချောင်းကို လှုပ်ခတ်လိုက်ရာတွင် ခေါင်းဖြတ်ဓားက ထိုအလောင်းကောင်ကို နှစ်ခြမ်းဖြတ်တောက်ပစ်တော့သည်။

"သွေးအလောင်းကောင် မရှိတော့တာကြောင့် ဒီကောင်တွေအားလုံးလည်း ထိန်းချုပ်မှုက လွတ်ကင်းကုန်ကြပြီ"

လုယွီက တီးတိုးရေရွတ်လိုက်မိ၏။

ထို့နောက် သူနှင့်အတန်ငယ်ဝေးကွာသောနေရာမှ တိုက်ခိုက်နေသံများကို ကြားရလေသည်။ လုယွီက သူ၏မှော်လက်နက်ကိုထိန်းချုပ်ပြီး ထိုနေရာသို့ဦးတည်၍ ပျံသန်းသွားလိုက်သည်။

"ပြေး...ပြေးကြ"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ဒရောသောပါးပြေးလာရင်းမှ လုယွီကိုမြင်ချိန်တွင် အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ အော်ဟ

သို့သော် လုယွီက တုန့်ပြန့်ခြင်းမရှိသည်ကိုမြင်ပြီး ထိုနတ်ဆိုးကျင့်ကြံသူသည် နောက်လှည့်၍ပြန်ထွက်ပြေးတော့သည်။

လုယွီက သိချင်စိတ်ပြင်းပြနေသဖြင့် မအောင့်အည်းနိုင်တော့ဘဲ ရှေ့သို့ဆက်လက်လျှောက်သွားလိုက်သည်။

သူနှင့် မလှမ်းမကမ်းအကွာအဝေး၌ မြေကွက်လပ်တစ်ခုကို မြင်တွေ့ရလေ၏။ အလံများတလူလူ လွှင့်ထူထားသော ရွှေရောင်သံချပ်ကာစစ်သားများက နတ်ဆိုးကျင့်ကြံသူများကို ဝိုင်းရံထားလေသည်။

"မင်းတို့ ခုခံမနေတော့ဘဲ အရှုံးပေးကြစမ်း...မင်းတို့ရဲ့ ပဲ့နင်းကပြန်လာမှာမဟုတ်တော့ဘူး"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က သရော်တော်တော် ပြောဆိုလိုက်လေ၏။

မြေအောက်လောကနတ်ဆိုးဂိုဏ်းမှ စစ်ဗိုလ်ချုပ်လဲ့ဟော်ကမူ ဒေါသထွက်နေပေသည်။

"သောက်ရေးမပါတာတွေ....ငါတို့ပဲ့နင်းရဲ့ နတ်ဘုရားနည်းစနစ်တွေက ထိပ်တန်းအဆင့််မှာရှိတယ်....မင်းလိုကောင်က ဘယ်လိုလုပ်ပြီး သူရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

"ဟား ဟား...လူရိုင်းတစ်သိုက်ကများ....မင်းတို့က ရေတွင်းအောက်ခြေက ဖားသူငယ်တွေပဲ"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မြှားတွေ လွှက်လိုက်တော့"

မြောက်များစွာသော ရွှေရောင်သံချပ်ကာစစ်သားများက သူတို့၏လေးများကိုမတင်ပြီး မြှားပျံ​များကို မြေအောက်လောကနတ်ဆိုးဂိုဏ်းထံသို့ ဦးတည်၍ပစ်လွှက်လိုက်ကြသည်။

မြှားမိုးများကြားတွင် ကျန်းချီစီးကြောင်းများကလည်း ကပ်ညိပါလာလေ၏။

ရှေ့တန်း၌မတ်တတ်ရပ်နေကြသော နတ်ဆိုးကျင့်ကြံသူများသည် မြှားများတိုက်ရိုက်ထိမှန်ကုန်ကြသည်။ ရုတ်ချည်းဆိုသလိုပင် စူးရှနာကျင်စွာအော်ဟစ်သံများ အဆက်မပြက်ထွက်ပေါ်နေပေ၏။

ထိုမြှားမိုးအောက်၌ နတ်ဆိုးကျင့်ကြံသူများ၏ကျန်းချီအကာအကွယ်များသည် စက္ကူတစ်ရွက်သဖွယ် ကြေမွပျက်စီးသွားလေသည်။

"ဘယ်လိုတောင် ရဲတင်းနေတာလဲ"

စစ်ဗိုလ်ချုပ်လဲ့ဟော်၏လက်များမှ မိုးကြိုးများနှင့်မီးများ ထွက်ပေါ်လာခဲ့သည်။ ထိုဒြပ်စင်နှစ်ခုကို အတူတကွရောစပ်လိုက်သည့်အခါတွင် ပြင်းထန်သောမီးပွါးများ ပေါက်ကွဲလွင့်စင်သွားလေ၏။

မိုးကြိုးမီး၏ရိုက်ခတ်ခြင်းခံရသော တစ်ချို့မြှားများသည် ပြာများအဖြစ်ပြောင်းလဲသွားကြသည်။

"အဟွက်....အဟွက်....အဟွက်"

စစ်ဗိုလ်ချုပ်လဲ့ဟော်ထံမှ ရုတ်တရက်အပြင်းအထန်ချောင်းဆိုးသံထွက်ပေါ်လာပြီး သူ၏ပါးစပ်မှ သွေးများအန်ထွက်လာလေ၏။

"ဟား ဟား...မင်းက ဒီနေရာမှာကျန်ရှိတဲ့ တစ်ဦးတည်းသော ကောင်းကင်သင်္ကေတနယ်ပယ်ကျင့်ကြံသူဖြစ်ပြီး ဒဏ်ရါကလည်းအပြင်းအထန်ရရှိထားသေးတယ်...ဘယ်လိုလုပ်ပြီး မင်းက ငါတို့ကိုတိုက်ခိုက်နိုင်မှာလဲ"

ရွှေရောင်သံချပ်ကာ စစ်ဗိုလ်ချုပ်သည် အူလှိုက်သည်းလှိုက်ရယ်မောနေတော့သည်။

*****

All Chapters