← Chapters

အခန်း (၃၅၁-၃၅၅)

Vol. 16-20 Ch. 351-355

အခန်း (၃၅၁-၃၅၅)

Vol. 16-20 Ch. 351-355

Chapter 351

"မင်းက ဒီနေရာကို ရတနာပေးဖို့လာတာလား"

မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာ၏။

လုယွီက လှည့်ကြည့်လိုက်ရာတွင် သူ့အားစိုက်ကြည့်နေသော အနက်ရောင်သရဖူဝတ်ဆင်ထားသောအဖိုးအိုတစ်ယောက်ကို မြင်တွေ့ရလေသည်။

လုယွီ၏နှင့်အတူပါလာသောအဖိုးအိုက အရိုအသေပြုရင်းမှပြောဆိုလိုက်၏။

"ဆတ်ခံသူအရှင်သခင်...သူက ကန့်သတ်နေရာကရရှိခဲ့တဲ့ နှလုံးသားကို ဆတ်သဖို့လာတာပါ"

"အို"ဆတ်ခံသူအရှင်သခင်က အနည်းငယ်အံ့အားသင့်သွားပြီး လုယွီအား ကြည့်နေလေ၏။

"ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူ ကောင်လေးတစ်ယောက်က နှလုံးသားကို ရယူနိုင်ခဲ့တယ်ပေါ့"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ရတနာကိုရအောင်ယူနိုင်ဖို့အမိန့်ကို အောင်မြင်ဖို့က ကျင့်ကြံဆင့်နယ်ပယ်မြင့်ဖို့ လိုအပ်လို့လား"

"ဟမ့်...စကားလုံးအလှလေးတွေ...ဒီ လါခဲ့စမ်း...မင်းက နှလုံးသားကို အရှင်သခင်ကိုဆတ်သမယ်ဆိုမှတော့...ငါကိုအမြန်လက်လွှဲပေးစမ်း"

ဆတ်ခံသူအရှင်သခင်က သူ၏လက်ကိုဆန့်တန်းလိုက်လေ၏။

လုယွီက လှုပ်ရှားခြင်းမပြုဘဲ ခြံဝန်း၏အတွင်းဘက်မှအခန်းအတွင်းသို့ ကြည့်ရှုလိုက်သည်။

"ကျုပ်က အရှင်သခင်ကိုနှလုံးသားပေးဖို့ ဒီနေရာကိုလာခဲ့တာ....ကျုပ်က အရှင်သခင်ကိုပဲ ပေးနိုင်မယ်...ခင်ဗျား လှုပ်ရှားမှုမလုပ်ရင် ပိုကောင်းလိမ့်မယ်"

ဆတ်ခံသူအရှင်သခင်က ဒေါသတကြီးဖြစ်သွားလေ၏။

"အတင့်ရဲလှချည်လား....ငါကို မင်းက ဒီလိုလေသံမျိုးနဲ့စကားပြောဝံ့တယ်ပေါ့"

ဆတ်ခံသူအရှင်သခင်၏ဒေါသူပုန်ထနေခြင်းနှင့်အတူ သူ၏ဘေးပတ်လည်ရှိကျန်းချီများကလည်း ရုတ်တရက်ပြင်းထန်စပြုလာခဲ့သည်။ ထိုအချိန်မှာပင် ကျောက်တုံးနှင့်သဲများလွင့်ထွက်လာပြီး မြေပြင်က မသိမသာတုန်ခါစပြုလာလေ၏။

ဆတ်ခံသူအရှင်သခင်က လှုပ်ရှားခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကမ္ဘာမြေကြီးနှင့်တသားတည်းဖြစ်သွားပုံပေါ်လွင်နေသည်။ သူ၏ကျန်းချီများကို လှည့်ပတ်လိုက်သည့်အချိန်တိုင်း ပတ်ဝန်းကျင်ရှိကျန်းချီများကိုဆွဲယူ၍ ပြန်လည်ဖြည့်တင်းနိုင်ပေ၏။ ထိုဖြစ်စဥ်က အဆုံးသတ်မရှိဘဲ ဆက်လက်ဖြစ်ပေါ်နေလေသည်။

သူက အဝိုင်းသေးနယ်ပယ်သို့ ရောက်ရှိနေသူဖြစ်ပေ၏။ သူ၏ကျန်းချီများသည် ကုန်ဆုံးသွားခြင်းမရှိဘဲ မိုးကောင်းကင်ကိုပင်ဆုတ်ဖြဲနိုင်သူဖြစ်သည်။

အကယ်၍ တစ်ခြားကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာ ယခုကဲ့သို့ထိပ်သီးကျွမ်းကျင်သူတစ်ယောက်၏ရှေ့၌ မတ်တတ်ရပ်နေပါက သူတို့ကမတ်မတ်နေရန်ပင်ခွန်အားရှိမည်မဟုတ်ချေ။

လုယွီက ဆတ်ခံသူအရှင်သခင်ကို အလေးမထားသလိုအကြည့်ဖြင့်ကြည့်ရှုရင်း ပြောဆိုလိုက်သည်။

"ကျုပ်က ရတနာကိုအရှင်သခင်စီပေးမှာ...ခင်ဗျားကိုပေးမှာမဟုတ်ဘူး....ခင်ဗျားက လူသတ်ပြီး ရတနာကိုလုယူချင်တာလား"

ဆတ်ခံသူအရှင်သခင်၏လက်များ တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ်မှကျန်းချီများ ထုတ်လွှက်ထားမှု ရပ်တန့်သွားလေ၏။

"သူကို အထဲဝင်ခိုင်းလိုက်"

အခန်းတွင်းမှနေ၍ အက်ရှရှအသံတစ်သံထွက်ပေါ်လာသည်။

ထိုအသံကိုကြားသည်နှင့် ခြံဝန်းအတွင်း၌ မတ်တတ်ရပ်နေသူအားလုံးနီးပါး တုန်ရီသွားကြ၏။ ဆတ်ခံသူအရှင်သခင်၏ခန္ဓာကိုယ်မှ ကျန်းချီလှိုင်းများပင် ချက်ချင်းလွင့်ပြယ်သွားခဲ့သည်။

"မင်း ထွက်လာတဲ့အချိန်ကျရင်...ငါ မင်းကိုနောင်တရအောင်လုပ်ပြမယ်"

ဆတ်ခံသူအရှင်သခင်က လုယွီကို တိတ်တဆိတ်ခြိမ်းခြောက်နေလေ၏။

လုယွီကတော့ ဂရုစိုက်ခြင်းမရှိချေ။ သူက မြေအောက်လောက၏အဖွဲ့ဝင်တစ်ယောက်မဟုတ်ပေ။

ဆတ်ခံသူအရှင်သခင်ကဲ့သို့အဆင့်အတန်းကို စိတ်မကျေမနပ်ဖြစ်စေမှုသည် တစ်ခြားသူများ၏အမြင်တွင် ပြဿနာကြီးတစ်ရပ်ဖြစ်သော်လည်း လုယွီ၏အမြင်တွင်မူ အရေးပါသောကိစ္စမဟုတ်ချေ။

ခရက်

အခန်းတံခါးတစ်ချပ်က ပွင့်လာလေ၏။ အခန်းအတွင်းမှ သွေးညှီနံများထွက်ပေါ်လာခြင်းနှင့်အတူ လူတစ်ယောက်ကခြုံစောင်ကိုခြုံထားပြီး ခေါက်ကုလားထိုင်တစ်ခုပေါ်၌ လဲလျောင်းနေလေသည်။

အခန်းအတွင်း၌ မတ်တတ်ရပ်နေသော လူအုပ်စုတစ်စုလည်းရှိနေသည်။ သူတို့အားလုံးက အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ သူတို့က မြေအောက်လောကနတ်ဆိုးဂိုဏ်း၏မင်းသားများဖြစ်ပေသည်။

"အတင့်ရဲလိုက်တာ...အရှင်သခင်ကိုမြင်တာတောင် ဘာလို့ မြန်မြန် ဒူးမထောက်သေးတာလဲ"

မင်းသားဆယ့်လေးက ရုတ်တရက် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

လုယွီက မင်းသားဆယ့်လေးကို မျက်မှောင်ကြုတ်၍ ကြည့်ရှုနေလေ၏။

"အရှင်သခင်ကတောင် ခုထိဘာမှမပြောသေးဘူး...ဒီနေရာမှာ ကြားဖြတ်ပြောဆိုဖို့ ခင်ဗျားမှာအရည်အချင်းရှိလို့လား"

"မင်း....."

မင်းသားဆယ့်လေးက ဒေါသအလွန်ထွက်သွားပြီး တုန်ရီနေလေသည်။

သူတို့က မင်းသားအဆင့်အတန်းရရှိနေခြင်းမှာ နတ်ဆိုးအရှင်သခင်က ချီးမြှင့်ထားခြင်းကြောင့်သာဖြစ်ပေ၏။

"ငါ့ကိုနှလုံးသားပေး...ပြီးရင် မင်းရဲ့ဆန္ဒတစ်ခုကို ငါဖြည့်ဆည်းပေးမယ်"

နတ်ဆိုးအရှင်သခင်က အက်ရှရှလေသံဖြင့် ပြောဆိုလိုက်သည်။

မင်းသားဆယ့်လေးက အေးစက်စက်လေသံဖြင့် ဝင်ရောက်ပြောဆိုလေ၏။

"မင်း မကြားဘူးလား....နှလုံးသားကိုမြန်မြန်ထုတ်ပေးစမ်း"

လုယွီက မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။ သူက သွေးအလောင်းကောင်၏နှလုံးသားကိုထုတ်ယူပြီး ခေါက်ထိုင်ခုံပေါ်၌ လဲလျောင်းနေသောလူထံသို့ ခြေလှမ်းတစ်လှမ်းချင်းလျှောက်သွားနေလေသည်။

"ခင်ဗျား ဒါကိုလိုချင်တာလား"

လုယွီက ပြောဆိုလိုက်သည်။

ထိုလူကြီးက သူ၏လက်ကိုဆန့်ထုတ်၍ လုယွီထံမှ နှလုံးသားကို လှမ်းယူလိုက်၏။

သို့သော် သူ၏လက်က ရုတ်တရက် လုယွီ၏ဖမ်းဆုပ်ထားခြင်းခံလိုက်ရသည်။

"အတင့်ရဲလိုက်တာ"

"အရှင်သခင်ကို စော်ကားဝံ့တယ်ပေါ့...သူကိုသတ်ကြ"

နတ်ဆိုးအရှင်သခင်၏နံဘေးပတ်လည်မှ မင်းသားတစ်ချို့သည် ဒေါသတကြီးဖြစ်နေကြပြီး လုယွီအားဖမ်းဆီးလိုနေကြ၏။

"တစ်ကယ်လို့ ခင်ဗျား ဒီနှလုံးသားကို ဝါးမြိုပစ်ရင်တောင်....မြေအောက်လောကစိတ်ဝိညာဥ်ချိပ်ပိတ်ခြင်းကျိန်စာကို အချိန်အနည်းငယ်ပဲဖိနှိပ်နိုင်လိမ့်မယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

နတ်ဆိုးအရှင်သခင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလေ၏။ သူ၏ပြန့်ကျဲနေသော ဆံပင်များအောက်မှ မျက်လုံးတစ်စုံကတောက်ပလာပြီး တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းက....."

"သွေးကျွန်...မတွေ့ရတာကြာပြီနော်"

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် တီးတိုးပြောဆိုလိုက်၏။

Chapter 352

"ကောင်လေး မင်း ဒီနေရာကထွက်သွားစမ်း...ခွေးမသား...ဒီနေရာလာပြီး သောက်ရူးစကားတွေလာပြောမနေစမ်းနဲ့"

မင်းသားဆယ့်လေးက လုယွီ၏လက်မောင်းကိုဖမ်းဆွဲရန် ဟန်ပြင်လိုက်သည်။

နတ်ဆိုးအရှင်သခင်က ရုတ်တရက် မတ်တတ်ထရက်လိုက်၏။ သူမည်ကဲ့သို့လှုပ်ရှားလိုက်ခြင်းကို မည်သူမျှမမြင်ရသော်လည်း ပြင်းထန်သောအသံတစ်သံထွက်ပေါ်လာလေသည်။

ဘုန်း....

မင်းသားဆယ့်လေးက နောက်သို့လွင့်စင်သွားတော့သည်။

"ဒီနေရာက ထွက်သွားကြစမ်း....အခုသွားကြ"

နတ်ဆိုးအရှင်သခင်က မည်သည်ကြောင့်ဒေါသထွက်နေမှန်းမသိဘဲ စူးရှရှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှက်လိုက်သည်။

အကယ်၍ သာမာန်လူများသာ ဤကဲ့သို့ပြင်းထန်သည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့်ကြုံတွေ့ရပါက ကြောက်ဒူးတုန်ပြီး လှုပ်ရှားခြင်းပင်ပြုဝံ့မည်မဟုတ်ချေ။

မင်းသားဆယ့်လေးက တုန်ရီစွာဖြင့် အခန်းအတွင်းမှတွားသွား၍ ထွက်သွားတော့သည်။ သူက မတ်တတ်ပင်ထမရပ်ဝံ့ချေ။

နတ်ဆိုးအရှင်သခင်က တစ်ခြားမင်းသားများကိုလည်း ကြည့်ရှုပြီး အော်ဟစ်လိုက်၏။

"ပြီးတော့ မင်းတို့အားလုံး....အကုန်လုံး ဒီနေရာကထွက်သွားကြစမ်း"

မင်းသားများသည် နတ်ဆိုးအရှင်သခင်၏အော်သံကို တောင့်မခံနိုင်ဘဲ တုန်ရီနေကြသည်။ သူတို့၏ဘိုးဘေးဖြစ်သူသည် မည်သည့်ကြောင့် ဤကဲ့သို့သတ်ဖြတ်ချင်နေသောမျက်နှာအမူအယာမျိုး ဖြစ်ပျက်သွားခြင်းကို သူတို့ကစဥ်းစား၍မရသောကြောင့် မူးဝေနေကြ၏။

သူတို့က ဘိုးဘေးဖြစ်သူ၏နံဘေးမှလူငယ်ကို အမှတ်ရသွားပြီး အကြိမ်အနည်းငယ်ခန့် လူငယ်၏ခြေဆုံးခေါင်းဆုံးကြည့်လိုက်မိလေသည်။

ထို့နောက် မင်းသားအားလုံးထွက်ခွါသွားပြီး အခန်းအတွင်း၌ နတ်ဆိုးအရှင်သခင်နှင့်လုယွီသာ ကျန်ရစ်တော့သည်။

လုယွီက သူ၏လက်များကိုနောက်ပစ်ထားပြီး သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျိုးမျှရှိနေပုံမရချေ။ ကြည့်ရပုံမှာ ဤနေရာ၌ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးသည် သူ၏စိတ်နှလုံးသားကို လှုပ်ခတ်စေမှု မရှိသကဲ့သို့ပင်။

နတ်ဆိုးအရှင်သခင်က ရုတ်တရက် လုယွီ၏ရှေ့၌ တုန်တုန်ရီရီဖြင့် ဒူးထောက်လိုက်သည်။

"သွေးကျွန်က သခင်ကို အရိုအသေပြုပါတယ်"

လုယွီက သက်ပြင်းတစ်ချက်ချပြီး နတ်ဆိုးအရှင်သခင်၏နဖူကို ပွတ်သပ်လိုက်၏။

"မင်း ဒီနေရာကိုရောက်တာ ဘယ်လောက်ကြာပြီလဲ"

လုယွီက မေးမြန်းလိုက်သည်။

နတ်ဆိုးအရှင်သခင်၏ခန္ဓာကိုယ်တုန်ရီသွားပြီး သူက အလျှင်အမြန်ဖြေကြားလေသည်။

"သခင်နဲ့ကောင်းကင်ဘုံအင်ပါယာတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားချိန်မှာ...ကျွန်တော်က သခင်ရဲ့အော်ရာကို အာရုံခံပြီး ဒီနေရာကိုရောက်လာခဲ့တာပါ"

လုယွီက နတ်ဆိုးအရှင်သခင်၏ဆံပင်ကို ကိုင်တွယ်နေလေ၏။

"မင်း ဒဏ်ရါရထားတာလား"

နတ်ဆိုးအရှင်သခင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေသည်။

"ဟုတ်ပါတယ်...စစ်တုရင်ဂေဟာက နယ်မြေသခင်ရဲ့လက်ချက်နဲ့ ကျွန်တော် ဒဏ်ရါရရှိခဲ့တာ....သူက အင်ပါယာရှန်းလင်းလုံကိုသစ္စာခံဖို့အတွက် တာအိုသခင်ကိုသစ္စာစောင့်သိတဲ့ကျွန်တော်တို့အားလုံးကို သတ်ဖို့ကြံစည်ခဲ့တယ်"

လုယွီက တဖြည်းဖြည်းနှင့် ငြိမ်သက်သွားလေသည်။ မြေအောက်လောကတွင် နယ်မြေသခင်တစ်ဆယ့်ရှစ်ယောက်ရှိသည်။ သူတို့အားလုံးသည် လုယွီ၏အမိန့်ကို နာခံကြရ၏။

စစ်တုရင်ဂေဟာသည် မြေအောက်လောက၏ငါးခုမြောက်နယ်မြေဖြစ်ပြီး ဂေဟာအရှင်သခင်သည် ထိုအချိန်တုန်းက လုယွီ၏ယုံကြည်ရသောလက်ထောက်တစ်ယောက်ဖြစ်ခဲ့သည်။ ထိုကဲ့သို့သူမျိုးက သစ္စာဖောတ်တစ်ယောက်ဖြစ်နေမည်ဟု လုယွီထင်မထားခဲ့ချေ။

"ငါ သေပြီးတော့ ဘာတွေဖြစ်သွားတာလဲဆိုတာ ပြောပြစမ်း"

လုယွီက မေးမြန်းလိုက်သည်။

နတ်ဆိုးအရှင်သခင်သည် မတ်တတ်ပင်ထမရပ်ဝံ့ချေ။ သူက မြေပြင်ပေါ်၌ဆက်လက်ဒူးထောက်နေပြီး ထိုအချိန်တုန်းက ဖြစ်စဥ်တစ်ခုလုံးကို လုယွီအား ပြောပြနေပေ၏။

အကန့်အသတ်မရှိသော စကြာဝဠာကြီးသည် လုယွီ စိတ်ကူးထားသည်ထက် များစွာပို၍ရှုပ်ထွေးပေသည်။

နောက်ကြောင်းပြန်ပြောရလျှင် လုယွီသေဆုံးသွားပြီးနောက် မြေအောက်လောက၏နယ်မြေသခင်အများစုသည် ရိုင်းပျစော်ကားဝံ့လာကြပြီး တစ်ယောက်ပြီးတစ်ယောက် ပုန်ကန်ထကြွခဲ့ကြသည်။

တစ်ချို့နယ်မြေသခင်များဆိုလျှင် မြေအောက်လောကတစ်ဆယ့်ရှစ်ခုကို ချဥ်းကပ်ပြီး တစ်ယောက်နှင့်တစ်ယောက်တိုကိခိုက်၍ လုယွီကျန်ရစ်ခဲ့သော အမွေအနှစ်များကိုရယူနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ထိုအချိန်တခဏတွင် လုယွီအပေါ် သစ္စာစောင့်သိသော လူအားလုံးဖိအားပေးခြင်း ခံခဲ့ရလေ၏။

ယခုနတ်ဆိုးအရှင်သခင်သည် ထိုအချိန်တုန်းက လုယွီ၏ကျေးကျွန်တစ်ယောက်ဖြစ်သည်။ သူသည် မူလကအလောင်းကောင်တစ်ကောင်သာ ဖြစ်ပေ၏။ သူက အလောင်းကောင်ခန္ဓာကိုယ်ဖြင့်ပင် တာအိုကိုနားလည်သဘောပေါတ်စေရန်ရည်ရွယ်ခဲ့သည်။ သို့သော် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေး၏အောက်တွင် သူ သေလုမျောပါးခံစားခဲ့ရပြီး သူ၏တာအိုလည်း ပျောက်ဆုံးသွားတော့သည်။

လုယွီ၏အကြည့်က နတ်ဆိုးအရှင်သခင်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရါများထံသို့ ကျရောက်သွားသည်။

"မင်း ဒဏ်ရါရထားတာ အချိန်တော်တော်ကြာနေပြီပဲ"

နတ်ဆိုးအရှင်သခင်က ကြောက်ရွံမှုအပြည့်ဖြင့် ​ပြောဆိုလိုက်သည်။

"ကံကောင်းထောက်မပြီး ဒီကျေးကျွန်က ကျွန်တစ်ယောက်ဖြစ်နေလို့ လွတ်မြောက်လာခဲ့တာပါ...စစ်တုရင်ဂေဟာနယ်မြေသခင်က ကျွန်တော်ကို သိပ်ပြီးအလေးအနက်မထားလို့ သူရိုက်နှက်တာကိုပဲခံခဲ့ရတယ်....တစ်ချို့သူတွေကတော့ ဒီကျွန်အိုကြီးလောတ် ကံမကောင်းဘဲ သေဆုံးသွားကြတယ်"

လုယွီ၏စိတ်နှလုံးသားအတွင်းတွင်မူ သွေးများယိုစီးနေလေ၏။

သွေးကျွန်ပြောဆိုနေသည်ကိုနားထောင်ရခြင်းမှာ လွယ်ကူနေသော်လည်း ယခင်က သူတို့ကြုံတွေ့ခဲ့ရသောကိစ္စများကို လုယွီက တွေးတော၍ရပေသည်။

"နောက်လှည့်လိုက်...မင်းရဲ့ဒဏ်ရါကို ငါကုသပေးမယ်"

လုယွီက လေးလေးနက်နက် ပြောဆိုလိုက်သည်။

နတ်ဆိုးအရှင်သခင်က တုန်ရီသွားပြီး အလျှင်အမြန် ပြောဆိုလိုက်လေ၏။

"သခင်ကို ကျေးဇူးအရမ်းတင်ပါတယ်"

စစ်တုရင်ဂေဟာနယ်မြေသခင်၏ ချိပ်ပိတ်ကျိန်စာသည်အလွန်အစွမ်းထက်သော်လည်း ထိုအရာက လုယွီအသုံးပြုခဲ့သောနည်းစနစ်တစ်ခုသာဖြစ်သည်။ သူအတွက် ထိုကျိန်စာကိုဖယ်ရှားရန် အချိန်သာလိုအပ်ပေ၏။

Chapter 353

နတ်ဆိုးအရှင်သခင်သည် အလွန်ပင်ပျော်ရွှင်နေလေ၏။ သူက မည်သည့်တုံဆိုင်းနေခြင်းမျှမရှိဘဲ လုယွီအား နောက်ကျောပေး၍ထိုင်လိုက်သည်။

လုယွီက ချက်ချင်းပင် သူ၏လက်နှစ်ဖက်ဖြင့် နတ်ဆိုးအရှင်သခင်၏နောက်ကျောသို့ အကြိမ်ပေါင်းများစွာ ရိုက်ပုတ်လိုက်လေ၏။

အမွှေးတိုင်နှစ်တိုင်စာ လောင်ကျွမ်းပြီးချိန်ခန့်၌ နတ်ဆိုးအရှင်သခင်သည် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

အခန်းတစ်ခုလုံးတုန်ခါနေပြီး နတ်ဆိုးအရှင်သခင်ဒအသံတွင် ပြင်းထန်သောကျန်းချီလှိုင်းများပင် ရောယှက်နေပေ၏။

လုယွီက နတ်ဆိုးအရှင်သခင်ကို ချီးမွမ်းပြောဆိုနေလေသည်။

"မင်းရဲ့ကျင့်ကြံဆင့်က တာအိုဒုတိယအဆင့်ကိုတောင် ရောက်နှင့်ပြီးပြီပဲ"

သွေးကျွန်က သူ၏နှာခေါင်းကိုပွတ်သပ်နေခဲ့သည်။

"သခင် ပြောတာမှန်တယ်...တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ ဥပဒေသကန့်သတ်ချက်တွေကြောင့်သာမဟုတ်ရင် အခုချိန်မှာ ကျွန်တော်ရဲ့စွမ်းအားအထွက်အထိပ်ကို ပြန်ရနေလောတ်ပြီ"

"ဥပဒေသ ကန့်သတ်ချက်လား"

"ဒီကြယ်က အရမ်းထူးဆန်းတယ်...အလယ်ပိုင်းကုန်းမြေကလွဲပြီး ကျန်တဲ့စွန့်ပစ်ကုန်းမြေတွေအားလုံးမှာ ဥပဒေသကန့်သတ်ချက်တွေရှိတယ်...လူတစ်ယောက်က ဘယ်လောတ်ထိ အစွမ်းထက်ထက်...စွန့်ပစ်နယ်မြေတွေကိုရောက်တာနဲ့ အဝိုင်းကြီးအဆင့်ရဲ့စွမ်းအားအပြည့်ကိုပဲ အသုံးပြုနိုင်တယ်...အစတုန်းက ကျွန်တော် ဒီနေရာမှာနေဖို့ရွေးချယ်လိုက်ရတဲ့အကြောင်းအရင်းက ကျွန်တော်ရဲ့ခွန်အားအပြည့်အဝပြန်ရတာနဲ့ အလယ်ပိုင်းကုန်းမြေရဲ့ထိပ်သီးအင်အားစုတွေကို အမြစ်ဖြတ်သုတ်သင်ပစ်ဖို့ပဲ"

သွေးကျွန်က တီးတိုးပြောဆိုနေလေ၏။

သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး ပြောဆိုလိုက်သည်။

"သခင်ကို ကြည့်ရတာ ပြန်လည်မွေးဖွားလာတာထင်တယ်...ဒီကျွန်အိုကြီးရဲ့သက်တမ်းတလျှောက်မှာတော့ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကနေ ထွက်သွားနိုင်မယ့်အရည်အချင်းရှိမှာမဟုတ်ဘူး...ဒါပေမယ့် သခင်ကတော့ ဒီနယ်မြေရဲ့ဥပဒေသတွေကို ဖွင့်လှစ်နိုင်မယ့်အခွင့်အရေးရှိတယ်...ဒါဆိုရင်တော့ ဒီကျွန်အိုကြီးက ကောင်းကင်နဲ့မြေကြီးကြားမှာ လွတ်လွတ်လပ်လပ်ထပ်ပြီးသွားနိုင်ဦးမှာပါ"

လုယွီက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌မူ အလွန်အမင်းစိတ်လှုပ်ရှားနေပေ၏။ မြေအောက်တစ်ဆယ့်ရှစ်လောကတွင် သစ္စာဖောတ်များရှိသည်မှာ လုယွီတွေးတောထားသော အတိုင်းအတာအတွင်းရှိသေးသော်လည်း ရှန်းလင်းလုံက ဤမျှထိ မဆင်မခြင်ပြုလုပ်ထားမည်ကိုမူ သူမျှော်လင့်မထားမိချေ။

"သခင်....သခင် ဒီနေရာကို ဘာလိုချင်လို့လာခဲ့တာလဲ"

သွေးကျွန်က မတ်တတ်ထရပ်ပြီး လေးလေးစားစားမေးမြန်းလိုက်သည်။

လုယွီက သူ့အားတစ်ချက်ကြည့်လိုက်၏။

"ငါ ကျင့်ကြံမှုနယ်ပယ်ချိုးဖျက်နိုင်ဖို့အတွက် စိတ်ဝိညာဥ်စွမ်းအင်တွေ အများကြီးလိုအပ်တယ်...မင်းမှာ နည်းလမ်းရှိလား"

"သခင်....ယဇ်ပလ္လင်ရဲ့နောက်မှာ သွေးကန်တစ်ကန်ရှိတယ်...တစ်ချို့ရက်တွေမှာ ဒီကျွန်အိုကြီးရဲ့တိုက်ရိုက်မျိုးဆက်တွေက အဲ့ဒီနေရာမှာ ကျင့်ကြံကြတယ်...ဒါပေမယ့် အခု သခင်ရောက်လာပြီဆိုမှတော့ ကျွန်တော်ရဲ့အရာရာတိုင်းက သခင့်အပိုင်ပါပဲ'

လုယွီက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်၏။

"မင်းက ငါကို သခင်လို့တစ်ချိန်လုံးခေါ်မနေနဲ့...တစ်ကယ်လို့ မင်းသာ သစ္စာစောင့်သိမယ်ဆိုရင် ငါတို့ကမ္ဘာတစ်သောင်းကိုပြန်ရောက်တဲ့အချိန်ကျ မင်းကိုလွတ်မြောက်ခွင့်ပေးမယ်"

သွေးကျွန်က ခါးသက်သက်ပြုံးလိုက်သည်။

"ကျွန်တော်အသက်ရှင်နေသမျှ သခင်နားမှာပဲ အခစားပြုနေမှာပါ...တစ်ကယ်လို့ ကျွန်တော်က လွတ်လပ်မှုရတယ်ဆိုရင်တောင်မှ ဘာလုပ်စရာရှိလို့လဲ...ကျွန်တော်က ပြန်သွားရင်တောင် နယ်မြေအရှင်သခင်တွေရဲ့ကျေးကျွန်ပဲ ဖြစ်နေမှာလေ....သူတို့ကိုခစားမယ့်အစား သခင်ကိုပဲတစ်သက်လုံး သစ္စာစောင့်သိပါ့မယ်"

လုယွီက သူ့အားစူးစိုက်ကြည့်ပြီး ပြောဆိုလိုက်လေ၏။

"မင်း ဘာမှစိုးရိမ်မနေနဲ့....တစ်ကယ်လို့ နောင်တစ်ချိန်မှာ ငါ ကမ္ဘာတစ်သောင်းကိုပြန်နိုင်ခဲ့ရင် မင်းကို ငါကိုယ်တိုင်ကူညီပေးပြီး နယ်မြေသခင်တစ်ယောက်ဖြစ်စေရမယ်"

သွေးကျွန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလေ၏။ နယ်မြေသခင်တစ်ယောက်ဖြစ်ရန်သည် သူ့ဘဝ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ သွေးကျွန်က ချက်ချင်းပင် မြေပြင်ပေါ်၌ဒူးထောက်ပြီး လုယွီအား အရိုအသေပြုလိုက်သည်။ ထို့နောက် သူက ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် ဆရာသခင်"

"သွေးကန်ကို သွားကြစို့"

လုယွီက အချိန်ဖြုန်းလိုစိတ်မရှိပေ။

အခန်းတံခါးက ပွင့်သွားလေသည်။ မြေအောက်လောကနတ်ဆိုးဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများက ဤနေရာ၌ စောင့်ကြပ်နေကြသည်။

"အရှင်သခင်ကို နှုတ်ဆတ်ပါတယ်"

နတ်ဆိုးအရှင်သခင်သည် စွမ်းအင်များပြည့်နှက်ပြီး သန်မာဖျတ်လတ်နေသည်ကိုမြင်သော အစောင့်အကြပ်များအားလုံး အံ့အားသင့်တုန်လှုပ်နေကြ၏။

ဤအချင်းအရာက ဖြစ်နိုင်ပါ၏လော....

"ငါက အခု ငါရဲ့အထွက်အထိပ်အခြေအနေကို ပြန်ရောက်သွားပြီ....မင်းတို့အားလုံး အနားယူနိုင်တယ်"

နတ်ဆိုးအရှင်သခင်၏ပါးစပ်ဟလိုက်သည်နှင့် လုအားလုံး၏သံသယများကိုဖြေရှင်းပြီးသား ဖြစ်သွားပေ၏။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ဂုဏ်ယူဝမ်းမြောက်နေသံများဖြင့် ပြည့်နှက်နေလေသည်။

နတ်ဆိုးဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများ၏မျက်လုံးများအတွင်း၌ပင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေခဲ့သည်။

သူတို့၏အရှင်သခင်သည် နတ်ဆိုးအင်ပါယာနှင့်ပင် တူညီနေသည်။ အကယ်၍ သူသာ အထွက်အထိပ်သို့ပြန်လည်ရောက်ရှိနေပါက အင်မော်တယ်မဟာမိတ်အား အမှုထားစရာလိုမည်မဟုတ်တော့ချေ။

အချိန်အနည်းငယ်ပေးလိုက်သည်နှင့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးသည် သူတို့မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အပိုင်ဖြစ်သွားပေမည်။

"ဒီတစ်ယောက်က....."

နတ်ဆိုးအရှင်သခင်က လုယွီအား မိတ်ဆက်ပေးရန်ကြံစည်လိုက်သည်။

လုယွီ၏အမူအယာပြောင်းလဲသွားပြီး နတ်ဆိုးအရှင်သခင်အား စိတ်အတွင်းမှဆက်သွယ်ပြောဆိုလိုက်တော့သည်။

"ငါရဲ့ နိမ့်ကျတဲ့အဆင့်အတန်းကိုပဲ ဆက်ထိန်းထား...ဘယ်လိုနည်းနဲ့မှ ငါရဲ့အစစ်အမှန်သရုပ်ကိုမပေါ်လွင်စေနဲ့"

နတ်ဆိုးအရှင်သခင်၏ စကားပြောဆိုရန်ဟန်ပြင်နေသည်မှာ ရုတ်ချည်းပင်ရပ်တန့်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဒီတပည့်က...ငါ့အတွက် ရတနာကိုယူဆောင်ပေးနိုင်ခဲ့တယ်...ဒါကြောင့် သူကို ဗိုလ်ချုပ်တစ်ယောက်အဖြစ်ချီးမြှင့်ပြီး သွေးကန်ကိုတစ်ကြိမ်ဝင်ခွင့်ပြုမယ်"

Chapter 354

နတ်ဆိုးသခင်က လုယွီအား စစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ်ခန့်အပ်လိုက်သည်။ ပြင်ပလောကတွင် ထိုရာထူးက အဟန့်ကောင်းလျှင်ကောင်းပေလိမ့်မည်။ သို့ရာတွင် ယခုလက်ရှိ ဤနေရာ၌ရောက်ရှိနေသူများသည် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အထင်ကရပုဂ္ဂိုလ်များဖြစ်သည်။ သူတို့အတွက် စစ်ဗိုလ်ချုပ်ရာထူးသည် အရေးမပါချေ။

"မင်းက ငါကိုမှ ရတနာမပေးချင်တာကို...အခုတော့ မင်းက စစ်ဗိုလ်ချုပ်ရာထူးပဲရတာပေါ့....မင်းက ရေရှည်မကြည့်တတ်တဲ့ကောင်ပဲ"

မင်းသားဆယ့်လေးသည် နှလုံးသားနှင့်ပတ်သတ်၍ ဂရုစိုက်နေဆဲဖြစ်သည်။

သူက အရှင်သခင်ထံရောက်ရှိသွားသော ရတနာကိုလုယူရန်ကမူ သတ္တိမရှိချေ။ သို့သော် လုယွီသည် အစကတည်းကသာ သူ့အားပေးအပ်ပါက နတ်ဆိုးအရှင်သခင်မသိစေရန် သူလျှို့ဝှက်သိမ်းဆည်းထားမည်သာဖြစ်ပေ၏။

လူအုပ်ကြီးက လုယွီကိုတစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်ကြသည်။ သူတို့၏စိတ်အတွင်း၌ လုယွီသည် သေးငယ်သောယင်ကောင်တစ်ကောင်သာဖြစ်သည်။ သွေးကန်အတွက်ကမူ ဤကဲ့သို့အဆင့်နိမ့်လူများကို ချီးမြှင့်နေကြဖြစ်သော ဆုအသေးစားသာဖြစ်ပေ၏။

"အတင့်ရဲလိုက်တာ....ငါ့အဖေက ဆုချီးမြှင့်နေတာကို...ချက်ချင်းဒူးထောက်ပြီး ကျေးဇူးတင်စကားမပြောသေးဘူးလား"

မင်းသားဆယ့်လေးက အော်ဟစ်လိုက်၏။

လုယွီက သူ့အား တစ်ချက်ကြည့်လိုက်သည်။

"မင်းရဲ့ဦးနှောက်က ချောင်များချောင်နေတာလား"

သူက မင်းသားဆယ့်လေး၏တုံပြန်ပြောဆိုမှုကို စောင့်ဆိုင်းခြင်းမရှိဘဲ ဆက်လက်ပြောဆိုလိုက်သည်။

"မင်းရဲ့ အဖေက ဆုံးဖြန်ချက်ချရမယ့်လူလေ....သူတောင်စကားမပြောရသေးဘူး မင်းကအရင်ပြောနေတာ...ဒီနေရာက မင်းစကားပြောချင်တိုင်း ပြောလို့ရတဲ့နေရာလား"

မင်းသားဆယ့်လေးသည် အလွန်ဒေါသထွက်သွားလေ၏။

"သောက်ကောင်စုတ်...ငါ့ကို ဒီလိုပုံစံနဲ့စကားပြောဖို့ မင်းကိုဘယ်သူခွင့်ပြုထားလဲ"

"သက်ကြီးကောင်ဆယ့်လေး...ဒီနေရာကထွက်သွားစမ်း"

နတ်ဆိုးအရှင်သခင်က ရုတ်တရက် စူးရှရှအော်ဟစ်လိုက်သည်။

မင်းသားဆယ့်လေး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူကမြေပြင်ပေါ်၌ ဒူးထောက်လိုက်လေ၏။

"အဖေ...သားက ကိုယ့်အပြစ်ကိုသိပါပြီ"

နတ်ဆိုးအရှင်သခင်၏မျက်လုံးများအတွင်း၌ စိတ်ပျက်မှုများ ထင်ဟပ်နေသည်။ သူ၏အင်္ကျီလက်များကိုခါပြီး ပြောဆိုလိုက်သည်။

"မင်းကို အသက်ရှုချိန်သုံးကြိမ်စာပေးမယ်....ငါ မျက်လုံးရှေ့ကထွက်သွား"

"ပြီးတာနဲ့ မင်းတို့အားလုံး....ဒီနေရာကထွက်သွားကြစမ်း"

နတ်ဆိုးအရှင်သခင်က တံခါးပေါတ်အား ညွှန်ပြလိုက်လေသည်။

နတ်ဆိုးဂိုဏ်းမှထိပ်တန်းအဆင့်ရာထူးရှိသူများ၏ မျက်နှာအမူအယာများ ပျက်ယွင်းကုန်ကြ၏။ သူတို့သည် မူလက နတ်ဆိုးအရှင်သခင်၏ခွန်အားပြန်လည်ရရှိသွားသည့်အတွက် ဂုဏ်ပြုရန် ကြံရွယ်ထားကြသော်လည်း အရှင်သခင်က သူတို့အား ချက်ချင်းကြီးမောင်းထုတ်နေခဲ့သည်။

သို့သော် အရှင်သခင်၏အမိန့်ဖြစ်၍ သူတို့က မလလိုက်နာဘဲ မနေဝံ့ကြချေ။

"ငယ်သားတို့အားလုံး ထွက်ခွါပါပြီ"

လူအုပ်စုတစ်စုလုံးက ခြံဝန်းအတွင်းမှ ထွက်ခွါသွားတော့သည်။

လူတိုင်းထွက်ခွါသွားပြီးနောက် နတ်ဆိုးအရှင်သခင်က လုယွီအားဦးညွှတ်၍အရိုအသေပြုရင်း ပြောဆိုလိုက်သည်။

"သခင်....အလျှင်လိုနေတာကြောင့် ဒီသွေးကျွန်က သခင်ကိုဗိုလ်ချုပ်အဆင့်အတန်းကိုပဲ မှားယွင်းပြီးပေးခဲ့မိတယ်...တစ်ကယ်လို့ သခင်ဆန္ဒရှိတယ်ဆိုရင် ဒီသွေးကျွန်ရဲ့နိမ့်ကျတဲ့ဂိုဏ်းတစ်ခုလုံး သခင်ကိုပေးအပ်ဖို့ဆန္ဒရှိပါတယ်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းရင်း ပြောဆိုလိုက်၏။

"ဒါက မလိုအပ်ပါဘူး...သွေးကန်က ဘယ်အချိန်ဖွင့်မှာလဲ"

"သခင်....သခင်က သုံးရက်လောတ်တော့ စောင့်ရလိမ့်မယ်...ကျွန်တော်တွေ့ရှိထားတဲ့သွေးကန်က ဖုန်းရွှေဝင်္ကပါကြီးတစ်ခုအတွင်းမှာရှိပြီးတော့ အသက်ဝင်ဖို့ သွေးစွမ်းအင်နည်းစနစ်တွေလိုအပ်တယ်....နောက်ထပ်သုံးရက်ကြာရင် သွေးစွမ်းအင်တွေအားလုံးပွင့်ထွက်လာမယ့်အချိန်ပဲ"

သုံးရက်ကြာမည်လော...

လုယွီက အချိန်တခဏကြာမိန်းမောတွေဝေသွားပြီးမှ ပြောဆိုလိုက်သည်။

"ကောင်းပြီလေ....ငါ ဒီနေရာမှာသုံးရက်ကြာအောင်စောင့်မယ်"

နတ်ဆိုးအရှင်သခင်က အလွန်ပျော်ရွှင်သွားပြီး သူက မြေပြင်ပေါ်၌ ဒူးထောက်လိုက်လေ၏။

"သခင်က ကျွန်တော်ကိုမျက်နှာသာပေးမှတော့...နတ်ဆိုးနန်းတော်မှာပဲနေတာ ပိုကောင်းလိမ့်မယ်"

"မဟုတ်ဘူး...မင်းက ဒီနေရာမှာပဲနေပြီး မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့အရှင်သခင်အဖြစ် ကောင်းကောင်းအုပ်ချုပ်နေ...မင်းနဲ့ငါကြားက ဆတ်ဆံရေးကို တစ်ခြားသူတွေမသိစေနဲ့"

လုယွီက တည်ငြိမ်စွာဖြင့် နတ်ဆိုးအရှင်သခင်အား အမိန့်ပေးလိုက်၏။

နတ်ဆိုးအရှင်သခင်က အရိုအသေပြု၍ သဘောတူညီကြောင်း ပြသခဲ့လေသည်။ သူက အင်္ကျီလက်ကြားအတွင်းမှ ငွေရောင်တံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး လုယွီထံသို့ တရိုတသေပေးအပ်လိုက်သည်။

"သခင်...ဒီတံဆိပ်ပြားက ကျွန်တော်ရဲ့ကိုယ်ပိုင်တံဆိပ်ပြားပါ....ဒီအမိန့်ပြားတံဆိပ်နဲ့ဆိုရင် မြေအောက်လောကနတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံး ဆရာသခင်ရဲ့အမိန့်ကို နာခံရလိမ့်မယ်"

လုယွီက ခေါင်းညိတ်ပြပြီး တံဆိပ်ပြားကိုယူလိုက်လေသည်။ ထိုတံဆိပ်ပြားနှင့်ဆိုလျှင် သူက မြေအောက်လောကနတ်ဆိုးဂိုဏ်းရှိကိစ္စရပ်များအားလုံးကို ဖြေရှင်းရာ၌ ပို၍သက်သာလွယ်ကူသွားပေမည်။

နတ်ဆိုးနန်းတော်မှထွက်ခွါခဲ့ပြီးနောက် လူတစ်ယာက်က လုယွီအား ခမ်းနားထည်ဝါသောအိမ်တော်တစ်ခုထံသို့ဦးတည်၍ခေါ်ဆောင်သွားလေသည်။

အိမ်တော်၏ထိပ်တွင် လေထုအတွင်း၌တဖျတ်ဖျတ်ခတ်နေသော စစ်ဗိုလ်ချုပ်၏အလံက လွင့်လူးနေပေ၏။

"ဗိုလ်ချုပ်လုယွီ...ဒီအိမ်တော်က နတ်ဆိုးအရှင်သခင်က ဗိုလ်ချုပ်အတွက် အထူးတည်ဆောတ်ဖို့အမိန့်ပေးထားခဲ့တာ...အစေခံတွေအားလုံးလည်း အဆင်သင့်ဖြစ်နေကြပြီ...ဘာလိုအပ်သေးလဲဆိုတာ ကျွန်တော်ကိုပြောနိုင်ပါတယ်"

လုယွီအား လိုက်လံပို့ဆောင်သူက ယဥ်ကျေးသိမ်မွေ့စွာဖြင့် ပြောဆိုလိုက်သည်။

လုယွီက အိမ်တော်ကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ....မင်း သွားနိုင်တယ်"

ဤနေရာ၌ သူက ယာယီသာနေထိုင်မည်ဖြစ်ပေ၏။

"ဟိတ်...နင်ဘာလို့ ဒီနေရာရောက်နေတာလဲ"

လုယွီ၏နားက မိန်းကလေးသံတစ်သံအား ကြားမိလေသည်။

Chapter 355

လုယွီက အသံကြားရာသို့ လှည့်ကြည့်လိုက်ရာတွင် လုစွေ့ထင်းဖြစ်နေခြင်းကို တွေ့မြင်မိ၏။

ပင်မယဇ်ပလ္လင်တွင် သူ့အားနှုတ်မဆတ်ဘဲ ထွက်ခွါသွားသော လုစွေ့ထင်းက ယခုလက်ရှိချိန်တွင် သူ၏သံချပ်ကာဝတ်စုံကိုချွတ်ထားပြီး လှပစွာဝတ်ဆင်ထားလေသည်။

လုစွေ့ထင်း၏ခါးတွင် ဓားရှည်တစ်ချောင်းရှိနေခြင်းကို လုယွီက သတိပြုမိခဲ့သည်။ ထိုဓားရှည်၏ကိုယ်ထည်မှ အေးစက်စက်အလင်းရောင်ကို ထုတ်လွှတ်နေလေရာ သာမာန်လက်နက်တစ်ခုမဟုတ်မှန်း သိသာထင်ရှားပေ၏။

"ဓားကောင်းပဲ"

လုယွီက ချီးမွမ်းပြောဆိုလိုက်သည်။

လုစွေ့ထင်း၏မျက်လုံးများအတွင်း၌ ဂုဏ်ယူဝင့်ကြွားမှုများ ထင်ဟပ်လာပြီးနောက် သူမက လုယွီအား ပြုံးပြနေရင်းမှ ပြောဆိုလိုက်လေ၏။

"အမှန်တစ်ကယ်တော့ ဒီဓားက ငါတို့ဗိုလ်ချုပ် ဆုအဖြစ်ရထားတာ"

"ဒီတစ်ကြိမ်မှာ ဗိုလ်ချုပ်က တပည့်တွေကိုကာကွယ်ဖို့ အင်အားအများကြီးစိုက်မထုတ်ရဘဲနဲ့ အောင်မြင်မှုကြီးကြီးရခဲ့တယ်...ဒါကြောင့် မင်းသားဆယ့်လေးက ဗိုလ်ချုပ်ကို တန်ဖိုးကြီးတဲ့မှော်ရတနာတွေအများကြီး ဆုချီးမြှင့်ခဲ့တာ...ငါတောင်မှ တစ်ခုရခဲ့တယ်လေ"

လုစွေ့ထင်းက စိတ်ကြီးဝင်မှုများပြည့်နေသောအမူအယာဖြင့် သူ၏ဓားကို ဆွဲထုတ်ပြလိုက်သည်။

လုယွီက သက်ပြင်းသာရှိုက်နေလေ၏။

"မင်း ဘာလုပ်ချင်နေတာလဲ"

လုစွေ့ထင်း၏မျက်လုံးများတွင် ပြက်ရယ်ပြုချင်ရိပ်များ ထင်ဟပ်နေသည်။ လုယွီ၏လက်ရှိတည်ငြိမ်အေးဆေးနေမှုသည် သူမအား မနာလိုမှုကိုဖုံးကွယ်ရန် တမင်ဟန်ဆောင်ထားခြင်းဟုသာ ယူဆထားလေ၏။

လုစွေ့ထင်းက အပြုံးတစ်ပွင့်နှင့်အတူ လုယွီအားစကားပြောဆိုလိုက်၏။

"မကြာသေးခင်အချိန်က ပင်မယဇ်ပလ္လင်က ကန့်သတ်နယ်မြေကနေ ရတနာတစ်ချို့ရရှိခဲ့တယ်...လျှို့ဝှက်နဂါးနန်းတော်ကနေပြီး အဲ့ဒီပစ္စည်းတွေကို လေလံပစ်မယ်​တဲ့...နင် စိတ်မဝင်စားဘူးလား"

လုယွီက အံ့အားသင့်စွာဖြင့် လုစွေ့ထင်းအား မေးမြန်းလိုက်သည်။

"ဒီနေရာမှာလဲ လျှို့ဝှက်နဂါးနန်းတော်ရှိတာလား"

လုယွီက သမင်ဖြူကျောင်းတော်တည်ရှိနေသော အေးစက်မိုးတိမ်မြို့တွင်လည်း လျှို့ဝှက်နဂါးနန်းတော်ရှိခြင်းကို အမှတ်ရနေဆဲဖြစ်သည်။

လုစွေ့ထင်းက လှောင်ပြောင်သရော်ချင်ပုံဖြင့် လုယွီအား ကြည့်ရှုနေလေ၏။

"နင်က လျှို့ဝှက်နဂါးနန်းတော်ကိုတောင် မသိဘူးလား...ဟုတ်တာပေါ့လေ...နင်က အဲ့ဒီလေလံခန်းမထဲကိုဝင်ဖို့ အရည်အချင်းမပြည့်မှီမှာ ငါ စိုးရိမ်မိတယ်"

"ကောင်းပြီလေ...မင်းသားဆယ့်လေးက ငါတို့ဗိုလ်ချုပ်ကို လေလံပွဲလက်မှတ်နည်းနည်းပေးထားတယ်..လောကကြီးကဘာလဲဆိုတာ နင်ကိုပြသဖို့ ငါတစ်စောင်ပိုယူလာခဲ့တယ်"

လုစွေ့ထင်းက လုယွီအား လက်မှတ်တစ်စောင် လက်ကမ်းပေးလိုက်၏။

လုယွီက တစ်ချက်ကြည့်လိုက်ရာတွင် ထိုအရာသည်သာမာန်အကျဆုံးလက်မှတ်ဖြစ်နေခြင်းကို သိရှိသွားခဲ့သည်။ ထိုလက်မှတ်က လျှိုမင် သူ့အားလေလံခန်းမသို့ခေါ်ဆောင်သွားသည့်လက်မှတ်နှင့် အတူတူပင်ဖြစ်ပေ၏။

သူက လုစွေ့ထင်းအား လက်ဝှေ့ယမ်းပြလိုက်သည်။

"စိတ်မကောင်းပါဘူး...ငါ စိတ်မဝင်စားဘူး"

လုယွီက ကျင့်ကြံရန်အလျင်လိုနေသည့်အပြင် လေလံပွဲ၌ သူအလိုရှိသောပစ္စည်းရှိမည်မဟုတ်ချေ။

လုစွေ့ထင်းက သရော်တော်တော် ပြောဆိုနေခဲ့သည်။

"နင်ကို ပစ္စည်းဝယ်ဖို့ ဘယ်သူကသွားခိုင်းနေလို့လဲ...ကြည့်ရုံသက်သက်ပဲလေ....တစ်ခြားလူတွေဆို ဒီလေလံပွဲလက်မှတ်ကိုအရမ်းလိုချင်နေကြတာ....ဒါပြင် လေလံပွဲမှာ ပြင်ပလေဟာနယ်လောကက ပစ္စည်းတွေပါမယ်လို့ ပြောနေကြတယ်"

ပြင်ပလေဟာနယ်လောကဟု ဆိုလိုက်သလော....

ထိုစကားလုံးများက လုယွီ၏စိတ်နှလုံးသားကို ရုတ်တရက်ထိတွေ့လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ယခုလက်ရှိချိန်တွင်သူက နိမ့်ကျသောဘုံတစ်ဘုံရှိ ကြယ်တစ်လုံးအတွင်း၌ ချောင်ပိတ်မိနေခြင်းဖြစ်သည်။ ကမ္ဘာတစ်သောင်း၌ဖြစ်ပျက်နေသောကိစ္စရပ်များသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိမနေပေ။

သွေးကျွန်၏စကားများမှတဆင့် လုယွီက မြေအောက်လောကတစ်ဆယ့်ရှစ်ဘုံ၏အန္တရာယ်ကြုံတွေ့နေရခြင်းကို ခန့်မှန်းနိုင်ပေသည်။

အကယ်၍ သူသာ ပြင်ပလေဟာနယ်လောကမှ ပစ္စည်းတစ်စုံတစ်ခုကိုရရှိပါက ကောင်းကင်ဘုံနယ်ပယ်အတွင်း၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို ဝိုးတိုးဝါးတား သိမြင်နိုင်ပေမည်။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ကောင်းပြီလေ...ဘယ်အချိန်လဲ"

လုစွေ့ထင်းက စိတ်ကျေနပ်မှုရရှိသွားသောအပြုံးမျိုးဖြင့် ပြောဆိုလိုက်လေ၏။

"အင်း..ဒီလိုမှပေါ့...နင် ငြင်းပယ်စရာအကြောင်းမှမရှိတာကို....ဒါကရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲလေ....လေလံပွဲက မနက်ဖြန်ကျင်းပမှာ"

လုယွီက လေလံပွဲလက်မှတ်ကို သိမ်းဆည်းပြီး ပြောဆိုလိုက်သည်။

"ငါက မင်းရဲ့ကြင်နာမှုကို မှတ်ထားမယ်...တစ်ကယ်လို့ နောင်တစ်ချိန် မင်းအခက်အခဲတစ်ခုခုကြုံတွေ့လို့ရှိရင်...ငါက တစ်ကြိမ်ပြန်ပြီးကူညီမယ်"

ထိုစကားဆုံးသည်နှင့် လုယွီက နောက်သို့ပြန်လှည့်၍ ထွက်ခွါသွားတော့သည်။

"ငါ့ကိုကူညီမယ်...နင်ကလား"

လုစွေ့ထင်းက လှောင်ပြောင်သရော်နေလေ၏။

လုယွီ၏ခွန်အားက သန်မာမည်ဟု သူမက တွေးတောထားခြင်းမရှိချေ။

ကန့်သတ်နယ်မြေအတွင်း၌ အလယ်ပိုင်းကုန်းမြေမှလူများအား လုယွီက အနိုင်ယူနိုင်ခဲ့သည်မှာ သူမ၏ဆရာသခင်စန်လို့ပေးထားသော ရတနာပစ္စည်းကြောင့်သာဖြစ်မည်ဟု လုစွေ့ထင်းက တွေးတောနေလေသည်။

ယခုလက်ရှိချိန်တွင် နတ်ဆိုးဂိုဏ်း၏ပင်မယဇ်ပလ္လင်၌ လုယွီက ဆရာသခင်စန်လို့ထံမှမှော်ရတနာပစ္စည်းကို သုံးစွဲနိုင်ရန်မဖြစ်နိုင်သည်မှာ အကြွင်းမဲ့သေချာပေ၏။

ဤအချိန်တွင် လုယွီသည် အမှိုက်ကောင်သာဖြစ်ပေ၏။

ရုတ်တရက် လုယွီက ခမ်းနားထည်ဝါသောအိမ်တော်တစ်ခုအတွင်းသို့ဝင်သွားခြင်းကို သူမကတွေ့မြင်မိသဖြင့် ဆွံအသွားလေ၏။

မည်သို့ ဖြစ်နိုင်မည်နည်း...

သို့ရာတွင် လုစွေ့ထင်း၏မျက်နှာပေါ်၌ ချက်ချင်းပင် အမြင်မှန်ရရှိသွားသောအကြည့်မျိုးထွက်ပေါ်လာသည်။

"ဒါဆို သူက တစ်ယောက်ယောက်ရဲ့လက်အောက်ကို ခိုဝင်သွားတာပေါ့.."

လုစွေ့ထင်းက သူမ၏ရှေ့ရှိအိမ်တော်ကို ထူးဆန်းနေပုံဖြင့်ကြည့်ရှုနေခဲ့သည်။

"ဒီနေရာမှာ ဘယ်စစ်ဗိုလ်ချုပ်နေတာလဲမသိဘူး...ပိမ်တော်မှာ နာမည်ကမ္ပည်းထိုးထားတာလဲမတွေ့ဘူး"

All Chapters