← Chapters

အခန်း (၃၆၁-၃၆၅)

Vol. 21-25 Ch. 361-365

အခန်း (၃၆၁-၃၆၅)

Vol. 21-25 Ch. 361-365

Chapter 361

မုန့်ချီ၏ပြောစကားကို လုစွေ့ထင်းက အံ့အားသင့်နေလေ၏။

"လျှို့ဝှက်နဂါးနန်းတော်ကတောင် အဆင့်အတည်တကျ မသတ်မှတ်နိုင်တဲ့ ရတနာတွေရှိတယ်ပေါ့"

တစ်ခြားမိန်းကလေးများလည်း တူညီစွာပင် အံ့သြတကြီး ကြည့်ရှုနေကြ၏။ မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်နဂါးနန်းတော်သည် အလယ်ပိုင်းကုန်းမြေတွင်ပင် နာမည်ကျော်ကြားသောလေလံခန်းမတစ်ခုဖြစ်သည်။

မုန့်ချီက အလေးအနက်မထားဟန်ဖြင့် ပြောဆိုလိုက်သည်။

"စကြာဝဠာတစ်ခုလုံးမှာရှိတဲ့ ရတနာတွေကို ခြုံငုံမိဖို့ ဘယ်လွယ်ပါ့မလဲ...လျှို့ဝှက်နဂါးနန်းတော်က ကြီးမားပေမယ့် ရတနာအကုန်လုံးကို သိနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ"

မုန့်ချီက သူ၏ခေါက်ယပ်တောင်ကိုခါယမ်းနေရင်းမှ သူကိုယ်သူယုံကြည်ချက်အပြည့်ရှိနေပုံဖြင့် ​ထပ်မံပြောဆိုလိုက်၏။

"ဒီတစ်ကြိမ်မှာ ငါက စိတ်ဝိညာဥ်ကျောက်တုံးတွေ လုံလုံလောတ်လောတ်ယူဆောင်လာခဲ့တယ်...ငါအဲ့ဒီရတနာတွေကို ငါ ရကိုရရမယ်"

အချိန်ကုန်လွန်လာသည်နှင့်အမျှ လေလံပွဲ၏အနေအထားသည် အထွဋ်အထိက်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

"ဧည့်သည်တော်များအားလုံး....နောက်ထပ် ကျွန်တော်တို့လေလံပစ်မှာကတော့ ပြင်ပလေဟာနယ်ကပစ္စည်းပါ....တောင်ပိုင်းစွန့်ပစ်ကုန်းမြေနဲ့အလယ်ပိုင်းကုန်းမြေရဲ့အကြားနယ်စပ်မှာ ဝှက်ကွယ်နေနဲ့ ကောင်းကင်ဘုံစိတ်ဝိညာဥ်ပစ္စည်းတွေရှိတယ်ဆိုတာ လူကြီးမင်းတို့သတိပြုမိသင့်တယ်...တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ လျှို့ဝှက်နဂါးနန်းတော်က လူကြီးမင်းတို့နဲ့ဝေမျှချင်တဲ့ ရတနာကောင်းတစ်ချို့ရရှိထားပါတယ်"

လေလံပွဲအကူက အပြုံးနှင့်ပြောဆိုနေခြင်းဖြစ်သည်။

"အချိန်ဖြုန်းမနေနဲ့...မြန်မြန်ပြတော့"

"ငါတို့မှာ စိတ်ဝိညာဥ်ကျောက်တုံး အလုံအလောတ်ရှိတယ်...မြန်မြန်လုပ်"

စိတ်မရှည်နိုင်တော့သောအသံများကြောင့် လေလံပွဲအကူ၏အသံနစ်မြုပ်သွားခဲ့သည်။

သို့သော် လေလံပွဲအကူက ထိုဖြစ်ရပ်ကိုကြိုတင်မျှော်လင့်ထားပုံဖြင့် သူက လက်ခုပ်တီးလိုက်၏။

ရုတ်တရက် စင်မြင့်၏နောက်မှ လှည်းတစ်စီးကို သူတို့၏လက်များဖြင့်တွန်းလာသောလူတစ်ချို့ ထွက်ပေါ်လာခဲ့သည်။

လှည်းပေါ်တွင် ရိုးရှင်းသောကျောက်တုံးတစ်တုံးလည်းရှိနေသည်။

"ဘာလဲ...အဲ့ဒီကျောက်တုံးကို ဝယ်ရမှာလား"

"ဒါက ပြင်ပလေဟာနယ်ကပစ္စည်းလား...အဲ့ဒီကောင်းတဲ့ဟာကို ဘယ်တောင်မှာပဲဖြစ်ဖြစ်ငါရှာနိုင်တယ်"

နားကွဲလုမတတ် စူးရှရှလှောင်ပြောင်အော်ဟစ်နေသံများက လေလံခန်းမတစ်ခုလုံး၌ ထွက်ပေါ်နေလေသည်။

"လူကြီးမင်းတို့...စိတ်အေးအေးထားကြပါ...သာမာန်လူတွေအတွက်တော့ ဒီကျောက်တုံးက အကျိုးသက်ရောက်မှုအများကြီးမရှိပေမယ့်....တစ်ကယ်လို့ ဝင်္ကပါပညာရှင်တစ်ယောက်သာ ဒီကျောက်တုံးကိုဝယ်မယ်ဆိုရင် ဝင်္ကပါရဲ့ဗဟိုချက်အဖြစ်အသုံးပြုနိုင်ပြီးတော့ ဝင်္ကပါကိုတည်ငြိမ်နိုင်စွမ်းအများကြီးမြှင့်တင်ပေးနိုင်တယ်"

"​ကောလဟာလအရတော့တော့ ဒီကျောက်တုံးဟာ အရင်တုန်းက ကောင်းကင်ဘုံမှာနေတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ကြယ်တွေကိုဖိနှိပ်ဖို့အတွက် အသုံးပြုခဲ့တယ်လို့ ဆိုကြတယ်...ဒါပေမယ့် နောက်ဆုံးမှာ အဲ့ဒီကျင့်ကြံသူက ထွက်ခွါသွားခဲ့တယ်...ဒီကျောက်တုံးပေါ်မှာအခု ဖုန်မှုန့်တွေဖုံးလွှမ်းနေတယ်....တစ်ကယ်လို့ ဝင်္ကပါပညာရှင်တစ်ယောက်ကသာ ဒီကျောက်တုံးရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ သူတော်စင်ဝင်္ကပါပညာရှင် ဖြစ်မလာဘူးလို့မဆိုနိုင်ဘူး"

လေလံပွဲအကူ၏စကားဆုံးသည်နှင့် စင်မြင့်အောက်ရှိလူများက လေလံစတင်ဆွဲကြတော့သည်။

ဤနေရာ၌ ဝင်္ကပါပညာရှင်အများအပြားလည်း လျှို့ဝှက်စွာဖြင့် ရောက်ရှိနေကြ၏။ သူတို့ကလည်း ထိုကျောက်တုံးမှလာသော စိတ်ဝိညာဥ်စွမ်းအားများကို ခံစားမိပြီးဖြစ်သည်။

ကောင်းကင်ဘုံမှထိပ်သီးကျင့်ကြံသူ အသုံးပြုခဲ့သော ထိုကျောက်တုံးသည် သာမာန်မဟုတ်မည်မှာ သိသာထင်ရှားပေသည်။

လုယွီက ထိုကျောက်တုံးကို တစ်ချက်ကြည့်ပြီးနောက် အနည်းငယ်ပြုံးလိုက်လေ၏။ ကောင်းကင်ဘုံမှထိပ်သီးကျင့်ကြံသူ အသုံးပြုခဲ့သည်ဟူသောကျောက်တုံးကို ဝင်္ကပါ၏ဗဟိုချက်အဖြစ်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လေဟာနယ်စွမ်းအားများကို အချိန်အတော်ကြာစုစည်းမိခဲ့ပြီဖြစ်ပေ၏။

အကယ်၍ ဝင်္ကပါပညာရှင်တစ်ယောက်ကသာ ဤကျောက်တုံးကို လေးလေးနက်နက် စူးစမ်းလေ့လာနိုင်ပါက တစ်ချို့ကိစ္စရပ်များကိုနားလည်သဘောပေါတ်နိုင်ပေမည်။

သို့သော် လုယွီအတွက်ကမူ ထိုကျောက်တုံးသည် များစွာအသုံးမဝင်ချေ။

ခန်းမအတွင်းမှလေလံပွဲတွင် အဆုံးသတ်၌ တခေါင်းလုံးဆံပင်ဖြူနေသောအဖိုးကြီးတစ်ယောက်သည် ထိုကျောက်တုံးကိုလေလံအောင်သွားခဲ့သည်။ ထိုအဖိုးကြီး၌လည်း စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများရှိနေလေ၏။ သူက ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်မည်မှာ သိသာထင်ရှားပေသည်။

မုန့်ချီတို့သီးသန့်ခန်းအတွင်း၌....

"အို..နတ်ဘုရားများ...ဒါက ကျောက်တုံးတစ်တုံးပဲလေ...ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးလေးသန်းတောင်ပေးရတယ်လား"

"ဒီလေါတ် တန်ကြေးကြီးတာက အရမ်းကိုထိတ်လန့်တုန်လှုပ်စရာပဲ....ဝင်္ကပါပညာရှင်တွေပဲ ဒီပမာဏကိုတတ်နိုင်လိမ့်မယ်"

မိန်းကလေးများသည် လေလံပွဲမှစျေးနှုန်းများကိုကြည့်ပြီး မနာလိုအားကျခြင်းကြီးစွာဖြစ်နေကြ၏။

ဝင်္ကပါပညာရှင်တိုင်းလိုလို စိတ်ဝိညာဥ်ကျောက်တုံးရှားပါးခြင်းမရှိချေ။ ထိုစိတ်ဝိညာဥ်ကျောက်တုံးများသည် သူတို့အတွက်ကိန်းဂဏန်းတစ်ခုသာဖြစ်ပေ၏။

မုန့်ချီက ရယ်မောရင်းမှ ပြောဆိုလိုက်သည်။

"ဝင်္ကပါပညာရှင်တွေက အရမ်းချမ်းသာကြွယ်ဝတတာအမှန်ဆိုပေမယ့် သူတို့ရဲ့ဝင်္ကပါပညာရပ်ကိုအကူအညီဖြစ်စေမယ့်အရာတွေကိုပဲ အဓိကရွေးချယ်ပြီး ဝယ်ယူကြတာ...ဒါပေမယ့် ငါ လိုချင်တာက အဲ့ဒီပစ္စည်းတွေမဟုတ်ဘူး"

ထိုအချိန်မှာပင် လေလံပွဲကိုဦးဆောင်ကျင်းပပေးနေသည့် လေလံပွဲအကူက ရုတ်တရက်အော်ဟစ်လိုက်သည်။

"နောက်ထပ် လေလံတင်မှာကတော့ ကောင်းကင်ဘုံလျှို့ဝှက်ရတနာတစ်ခုပါ"

Chapter 362

ခန်းမအတွင်းရှိလူတိုင်းသည် စင်မြင့်၏နောက်ကွယ်မှနေ၍ သစ်သားသေတ္တာတစ်လုံးကို ထပ်မံ၍တွန်းထုတ်လာကြခြင်းကို တွေ့မြင်မိကြသည်။

ထိုသစ်သားသေတ္တာ၏အတွင်း၌ ဓားကျိုးတစ်ချောင်းရှိနေပြီး ၎င်းဓားပေါ်တွင် သွေးစသွေးနများပင်စွန်းထင်းနေပေ၏။

ဓားကျိုးထည့်ထားသောသေတ္တာ ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ဖိနှိပ်နိုင်သောအော်ရာများ ထွက်ပေါ်လာခဲ့သည်။

ယခင်က လှောင်ပြောင်သရော်လိုစိတ်ရှိနေသည့် လူတစ်ချို့၏ပါးစပ်ပေါတ်များသည် ယခုချိန်၌ ပိတ်ဆို့နေကြ၏။

"ဒါက တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့နယ်စပ်တစ်နေရာကနေ ကျွန်တော်တို့လျှို့ဝှက်နဂါးနန်းတော်ကရရှိခဲ့တဲ့ ရတနာပစ္စည်းတစ်ခုပါ...ဒါကို ဘယ်အဆင့်မှော်ရတနာဆိုပြီး မဆုံးဖြတ်နိုင်ပေမယ့် လောကမှာအစွမ်းထက်ဆုံးပုဂ္ဂိုလ်တစ်ယောက်ကိုင်ဆောင်ခဲ့တဲ့ဓားလို့တော့ ယူဆနိုင်သည်။

လေလံပွဲအကူ၏မျက်နှာပေါ်တွင် ရယ်ရွှင်ဖွယ်အမူအယာများမရှိတော့ဘဲ တည်ကြည်လေးနက်မှုများသာရှိနေလေ၏။

စင်မြင့်အောက်ခြေတွင် တိုင်ပင်ဆွေးနွေးနေသံများ အများအပြားထွက်ပေါ်နေခဲ့သည်။

မုန့်ချီကလည်း စိတ်အလွန်လှုပ်ရှားသွားပြီး သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"မင်းတို့က ဓားကိုဘာလို့ဖုံးအုပ်ထားကြတာလဲ...ဖွင့်ပြလေ...ငါတို့အားလုံးကို ရှင်းရှင်းလင်းလင်းကြည့်ခွင့်ပြုပါ"

ဓားကျိုး၏မျက်နှာပြင်ကို အဖြူရောင်အဝတ်စဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။ ထိုအဖြူရောင်အဝတ်စက ဓားကျိုးတစ်ခုလုံးကို အပြည့်အဝဖုံးလွှမ်းထားခြင်းဖြစ်ရာ လူအများက ဓားကျိုးကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ခြင်း မရှိကြချေ။

မုန့်ချီ၏ရုတ်တရက်အော်ဟစ်လိုက်ခြင်းကြောင့် ခိက်ချင်းပင် လူအများအပြား အော်ဟစ်ဆူညံလာကြသည်။

လေလံပွဲအကူက ထ်ုအချိန်မှာပင် ပြောဆိုလိုက်သည်။

"ဒါက ကျွန်တော်တို့ ခန်းမသခင်ရဲ့အမိန့်အရ ဖုံးအုပ်ထားတာပါ...ဒီဓားရဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက အရမ်းပြင်းထန်တယ်...ဒါကြောင့် ဒီအဖြူရောင်အဝတ်စကို လျှို့ဝှက်နဂါးနန်းတော်ရဲ့ဝင်္ကပါပညာရှင်က အထူးစီမံပြုလုပ်ထားခဲ့တာ....ဒါက ဒီဓားရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကို ခုခံတွန်းလှန်ဖို့ အထူးပြုလုပ်ထားတာ...မဆင်မခြင်ဖွင့်လိုက်လို့ရှိရင် ဧည့်သည်တော်တို့ ထိခိုက်ဒဏ်ရါရသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်"

မုန့်ချီက ရယ်မောလိုက်လေ၏။

"အဓိပ္ပါယ်မရှိတာတွေ...ငါတို့က ဘယ်လိုအဆင့်အတန်းတွေမို့လဲ...ဒီလို ဓားတစ်ချောင်းနဲ့ငါတို့က ထိခိုက်ဒဏ်ရါရနိုင်မှာလား"

မုန့်ချီ၏စကားဆုံးသည်နှင့် ချက်ချင်းပင် လူများကပို၍ပင်ဆူညံလာကြသည်။

လေလံပွဲအကူက ရွေးချယ်စရာမရှိတော့ဘဲ လက်ခုပ်တီးလိုက်တော့၏။

လူတစ်စုက စင်မြင်ပေါ်သို့ ကြမ်းကြုတ်ရက်စက်ပုံရသော နတ်ဆိုးသားရဲတစ်ကောင်ကို ဆွဲခေါ်လာကြသည်။ ထိုနတ်ဆိုးသားရဲ၏တစ်ကိုယ်လုံးကို အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး အလင်းရောင်အောက်တွင် ၎င်းအကြေးခွံများက ရောင်ပြန်ဟပ်နေလေသည်။

"အကြေးခွံ ဖားလား"

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်နေကြ၏။

လေလံပွဲအကူက ပြောဆိုလိုက်သည်။

"ကြည့်ရတာ လူတိုင်းက ဒီနတ်ဆိုးသားရဲကို သိကြမယ်ထင်တယ်...ဒါက တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ အကျော်ကြားဆုံးနတ်ဆိုးသားရဲပဲ...သူရဲ့အကြေးခွံတွေက သူကို ကာကွယ်ပေးနိုင်ပြီးတော့ မှော်လက်နက်တော်တော်များများတောင် သူရဲ့ခံစစ်ကိုမထိုးဖောတ်နိုင်ဘူးလို့ ကျော်ကြားတယ်"

"ကြည့်ကြပါ...လူကြီးမင်းတို့"

လေလံပွဲအကူက စကားဆုံးသည်နှင့် ဓားကျိုးအားဖုံးလွှမ်းထားသော အဝတ်ဖြူထံသို့ လျှောက်လှမ်းသွားခဲ့သည်။ ထိုအဖြူရောင်အဝတ်စအား ဖယ်ရှားပြီးသည်နှင့် အနီရောင်အလင်းတန်းတစ်ခုက တောက်ပလာခဲ့သည်။

ယခုနေရာတွင်ရှိနေသော လူအားလုံးသည် အနီရောင်အလင်းတန်းအား ဖျက်ခနဲ မြင်လိုက်သည်နှင့်တပြိုင်နက် အားပြင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက ချက်ချင်းပင် လေလံစံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဝှစ်...

တိုးတိမ်ညင်သာသောအသံတစ်သံက ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

ထို့နောက် သူ၏ထိတ်လန့်တုန်လှုပ်ဖွယ် ခုခံမှုကြောင့် နာမည်ကျော်ကြားသော အကြေးခွံဖား၏အော်ဟစ်ရုန်းကန်နေသံသည် ရုတ်တရက်ရပ်တန့်သွားခြင်းကို လူအားလုံးကကြည့်ပြီး အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။

အကြေးခွံဖား၏ဦးခေါင်းသည် လှုပ်ရှားခြင်းမရှိဘဲနောက် တခဏအကြာတွင် အောက်သို့အနည်းငယ်စောင်းငဲ့လာပြီး နောက်ဆုံး၌ ခန္ဓာကိုယ်နှင့်ဦးခေါင်းတခြားစီဖြစ်သွားတော့သည်။

ဘုန်း

အကြေးခွံဖား၏ဦးခေါင်းသည် မြေပြင်ပေါ်သို့ပြုတ်ကျလာပြီးနောက် ဆူညံသောအသံတစ်သံထွက်ပေါ်လာလေ၏။ အကြေးခွံဖား၏အလောင်းပေါ်မှ ပြတ်တောက်ရာသည် အလွန်ပါးလွှာပြီး ဓားဖြတ်တောက်ရာတစိုးတစိမျှပင် ကျန်ရှိခြင်းမရှိပေ။

"ဟူး....."

လူအမြောက်အများက လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်မိသည်။

ဤကဲ့သို့ မာကျောအစွမ်းထက်လှသော အကြေးခွံဖားပင်လျှင် တောင့်ခံနိုင်ခြင်းမရှိပါက လူသားများအတွက် ဆိုဖွယ်ရှိမည်မဟုတ်ချေ။

ထိုအချိန်တခဏမှာပင် မုန့်ချီက တောင့်မခံနိုင်တော့ဘဲ လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။

ဤသည်က ရတနာတစ်ခုဖြစ်ခြင်းမှာ အကြွင်းမဲ့သေချာပေသည်။

ထို့ပြင် လျှို့ဝှက်ချက်များနှင့်ပြည့်နေသောရတနာတစ်ခုအတွက် လျှို့ဝှက်နဂါးနန်းတော်၏စည်းမျဥ်းများအရ လေလံအဖွင့်စျေးနှုန်းရှိမည်မဟုတ်ချေ။

"ထိပ်တန်းအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်း..."

မုန့်ချီက စူးရှကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။

သို့ရာတွင် သူ၏အသံထွက်ပေါ်လာပြီး အချိန်တခဏအကြာမှာပင် ထေ့ငေါ့ပြောသောအသံတစ်သံထွက်ပေါ်လာသည်။

"ဒီလိုရတနာမျိုးကို စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းနဲ့ဝယ်မလို့လား...ငါ စိတ်ဝိညာဥ်နှစ်သန်းပေးမယ်"

မုန့်ချီ၏မျက်နှာရုတ်တရက် ခက်ထန်တင်းမာစပြုလာပြီး အေးစက်စက်အော်ဟစ်လိုက်၏။

"သုံးသန်း"

"လေးသန်း"

"ငါးသန်း"

မုန့်ချီ၏မျက်နှာက ရုတ်တရက်အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။ သူ၏ဖခင်ဖြစ်သူသည် ပဲ့နင်းတစ်ယောက်ဖြစ်သော်လည်း သူကိုယ်ပိုင်အသုံးပြုနိုင်သော စိတ်ဝိညာဥ်ကျောက်တုံးပမာဏ များများစားစားမရှိချေ။

မုန့်ချီက စိတ်ဝိညာဥ်ကျောက်တုံး တော်တော်များများပြင်ဆင်လာသော်လည်း လျှို့ဝှက်ရတနာသည် ဤမျှထိတန်ကြေးကြီးလိမ့်မည်ဟု သူ ထင်မှတ်မထားပေ။

"ဆယ်သန်း"

ထိုအချိန်မှာပင် လုယွီ၏ပါးစပ် ဟလာလေ၏။

Chapter 363

လုယွီက လေလံစျေးနှုန်းစတင်ပေးသည်နှင့် တစ်ခြားသူများ၏ ရူးသွပ်မတတ်စျေးပေးနေမှုများငြိမ်ကျသွားလေ၏။

တစ်ကြိမ်တည်းဖြင့် စိတ်ဝိညာဥ်ကျောက်တုံးငါးသန်းကနေ၍ ဆယ်သန်းအထိတိုးပေးနိုင်သူသည် သာမာန်လူများစွမ်းဆောင်နိုင်သောအရာမဟုတ်ချေ။

"အရှင်ကြိုက်သလောက် လေလံစျေးပေးနိုင်ပါတယ်....နတ်ဆိုးအရှင်သခင်က အရှင်အလိုရှိသလောတ် စိတ်ဝိညာဥ်ကျောက်တုံးတွေ ထုတ်ပေးမယ်လို့ပြောထားပြီးသားပါ"

ရှန်းချင်က လုယွီအား လေးလေးစားစားပြောဆိုလိုက်လေ၏။

"ကောင်းပြီလေ"

လုယွီက သူ၏လက်တစ်ဖက်ဖြင့် ထိုင်ခုံကိုခေါင်နေပြီး တစ်ခြားလက်တစ်ဖက်ဖြင့် သူ၏ခေါင်းကိုကိုင်ထားသည်။ လုယွီ မည်သည့်အရာများတွေးတောနေခြင်းကို မည်သူကမျှမသိရှိနိုင်ပေ။

"ဘယ်လိုလုပ်ပြီး တစ်ခြားသူတစ်ယောက်က ဒီလျှို့ဝှက်ရတနာကို စျေးအများကြီးပေးနေရတာလဲ"

မုန့်ချီက အံတင်းတင်းကြိတ်ပြီး သူ၏လက်သီးများကို တင်းတင်းကျပ်ကျပ်ဆုပ်ထားလေသည်။

သူက လေလံပွဲတွင် အလွန်ရှားပါးသည့်လျှို့ဝှက်ရတနာတစ်ခု ပါဝင်မည်ဟူသောသတင်းကို အတွင်းလူများထံမှ ကြားသိခဲ့ခြင်းဖြစ်သည်။ ထိုလူများက ပြောဆိုသည်မှာ လျှို့ဝှက်ရတနာ၏အရည်အသွေးအဆင့်ကိုဆုံးဖြတ်နိုင်ခြင်းမရှိသော်လည်း ထိုဓားသည်အလွန်ထက်ရှပြီး ဖြတ်တောက်မရသည့်အရာမရှိလုနီးပါးဟု ညွှန်းထားလေ၏။

မုန့်ချီက သူ၌တိုက်ခိုက်ရန်အကောင်းမွန်ဆုံး မှော်လက်နက်ကင်းမဲ့နေလေရာ မည်သည့်နည်းနှင့်မျှ ဤကဲ့သို့ရတနာတစ်ခုကို လက်လွတ်မခံနိုင်ချေ။

"အဲ့ဒီလူက ဘယ်သူလဲ...သီးသန့်ခန်းကို ကာဆီးထားတော့ ငါ သူရဲ့မျက်နှာကိုမမြင်ရဘူး"

"ဒါက ပထမတန်းစားသီးသန့်ခန်းကလာတဲ့အသံပဲ...​ပဲ့နင်းအဆင့်အတန်းမရှိရင် အဲ့ဒီနေရာမှာ နေလို့မရဘူးလို့ သူများတွေပြောတာ ငါကြားဘူးတယ်"

အမျိုးသမီးအုပ်စုက တွတ်ထိုးပြီးပြောဆိုဆွေးနွေးနေကြချိန်တွင် မုန့်ချီ၏မျက်နှာကမူ ပျက်ယွင်းနေလေ၏။

သူ၏မာနတရားက ဤမိန်းကလေးများ၏ရှေ့တွင် လေလံပွဲအားရှုံးနိမ့်ပြီး မျက်နှာပျတ်ရန်ခွင့်မပြုချေ။

"ဆယ့်တစ်သန်း"

မုန့်ချီက အံကြိတ်ရင်းအော်ဟစ်လိုက်သည်။

"သန်းနှစ်ဆယ်"

လုယွီက ပေါ့ပေါ့ပါးပါးသာ ပြောဆိုလိုက်လေ၏။

"နှစ်ဆယ့်တစ်သန်း"

"သန်းငါးဆယ်"

လုယွီ၏တည်ငြိမ်သောအသံက သီးသန့်ခန်းအတွင်းမှထပ်မံထွက်ပေါ်လာခဲ့သည်။

မုန့်ချီ၏မျက်နှာအမူအယာ ပျက်ယွင်းနေပြီး သူ၏ခေါက်ယပ်တောင်ကိုပင် တည်ငြိမ်အောင်မကိုင်နိုင်တော့ချေ။

စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ဆယ်သည် သူ၏အကန့်အသတ်ဖြစ်ပေ၏။ မည်မျှထိ သူ၏ဖခင်ကို ဒူးထောက်၍အသနားခံသည်ဖြစ်ပါစေ ဤထက်ပို၍ရတော့မည်မဟုတ်ချေ။

"သူ့အသံက အသက်ငယ်သေးတဲ့ပုံပဲ...မင်းသားတစ်ယောက်ယောက်များဖြစ်နေမလား"

"မဖြစ်နိုင်ဘူး...အိမ်ရှေ့စံမင်းသား ဒီနေရာကိုရောက်နေချိန်မှာ ဘယ် မင်းသားကမှအခွင့်မရှိဘဲ လာရဲမှာမဟုတ်ဘူး"

"ငါတော့ ဒီအသံကိုရင်းနှီးနေသလိုပဲ...တနေရာရာမှာကြားဖူးတယ်ထင်တယ်"

"ခစ်...ခစ်...ခစ်...နင် ထင်ယောင်ထင်မှားဖြစ်နေတာနေမှာပါ"

မိန်းမလှလေးများစွာသည် ရယ်မောရင်း စကားတွတ်ထိုးနေကြ၏။

"အကိုမုန့်....ဒီတစ်ကြိမ်တော့ ရှင့်ဆန္ဒမပြည့်ဝနိုင်တော့ဘူးထင်တယ်"

ဟူး.....

မုန့်ချီ၏စိတ်နှလုံးသားသည် ယခုအချိန်တခဏတွင် အပြင်းအထန်လေးလံနေခဲ့သည်။ သို့သော် သူက ထိုလေလံပစ္စည်းကို ရယူပြီး မိန်းကလေးများ၏ရှေ့၌ ပြပွဲတစ်ခုပြုလုပ်ရန်ကြံရွယ်ခဲ့သည်။

ကံဆိုးစွာဖြင့် သူ၏ကြံစည်မှုများ အဆုံးသတ်သွားခဲ့သည်။

မုန့်ချီက လေးလံသောသက်ပြင်းတစ်ချက်ချပြီး စိတ်လက်ပေါ့ပါးသွားပုံ ဟန်ဆောင်လိုက်သည်။ သူက အပြုံးနှင့်ပြောဆိုလိုက်လေ၏။

"ဒါက အဆင်ပြေပါတယ်...ဒီပစ္စည်းက ငါနဲ့ရေစက်မဆုံလို့ဘဲ နေမှာပေါ့"

မုန့်ချီက စင်မြင့်ပေါ်ရှိ ဓားကျိုးကိုညွှန်ပြကာ သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်သည်။

"ဒီဓားကိုကြည့်ရတာ အမှန်တကယ်ကို ထက်ရှပေမယ့် ဒါကအမှိုက်တစ်ခုပဲ....ဓားရဲ့မျက်နှာပြင်က ဖုန်မှုန့်တွေကိုပဲကြည့်လိုက်အုံး....ဒါက ဒီဓားကအချိန်တိုအတွင်းမှာ ကျိုးပဲ့ပျက်စီးသွားမှာကို ပြသနေတယ်"

သူက မိန်းကလေးများဘက်သို့လှည့်လိုက်လေ၏။

"ငါက ဒီဓားကို စုဆောင်းမှုတစ်ခုအနေနဲ့ဝယ်ချင်တာ....ဒါပေမယ့် စျေးနှုန်းက အဲ့ဒီဓားရဲ့တန်ကြေးထက်ကျော်နေပြီ.....အခု ငါကလက်မလွှက်ရင် မိုက်မဲရာကျလိမ့်မယ်"

"သန်းတစ်ရာ"

မုန့်ချီ၏စကားဆုံးသည့်အချိန်နှင့် တပြိုင်နက်တိုင်းလိုလို သြဇာအာဏာရှိသောအသံတစ်သံက ထိပ်တန်းအဆင့်သီးသန့်ခန်းမှ ထွက်ပေါ်လာသည်။

ထိုသူက အိမ်ရှေ့စံမင်းသား ဖြစ်နေသလော....။

လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

ဤနေရာသို့ အိမ်ရှေ့စံမင်းသားရောက်ရှိနေခြင်းကို လူအမြောက်အများသိရှိပြီးဖြစ်ကြသည်။ သို့သော် သူ၏စည်းမျဥ်းများအရ တစ်ချို့ရှားပါးပစ္စည်းများအပေါ်တွင်သာ လေလံဝင်ဆွဲလေ့ရှိသူဖြစ်သည်။

လူအားလုံး၏မျက်လုံးများသည် စင်မြင့်ပေါ်ရှိ ဓားကျိုးအပေါ်တွင် ကျရောက်သွားကြသည်။ ဤအရာက အမှန်ကိုပင် အံ့အားသင့်ဖွယ်ကောင်းသောရတနာတစ်ခုလော.....။

မုန့်ချီ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီးနောက် စိမ်းပုပ်သွားခဲ့သည်။ သူက ဤဓားကျိုးသည် သာမာန်ရတနာတစ်ခုဟု မိန်းကလေးများအားပြောဆိုခဲ့သော်လည်း ယခု အိမ်ရှေ့စံမင်းသားက မြင့်မားသောစျေးနှုန်းကိုပေးနေလေ၏။

အိမ်ရှေ့စံမင်းသား၏အ​မြင်ကို မည်သူကမျှမေးခွန်းမထုတ်ဝံ့ကြချေ။

Chapter 364

"သန်းနှစ်ရာ"

လုယွီက ဆက်လက်၍လေလံစျေးပေးနေလေ၏။

ရုတ်တရက်ဆိုသလိုပင် လေလံပွဲကျင်းပရါနေရာမှလေထုသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

လူအနည်းငယ်သာလျှင် တစ်ကြိမ်တည်းဖြင့် ဤကဲ့သို့မြင့်မားသောစျေးနှုန်းကို ကမ်းလှမ်းနိုင်ပေမည်။ လေလံပွဲတွင် ပါဝင်ဆောင်ရွက်နေသော လေလံပွဲအကူများ၏မျက်လုံးများပင် ရဲရဲနီနေလေသည်။

"ပထမတန်းစားသီးသန့်ခန်းမှာရှိနေတဲ့ အထူးဧည့်သည်က ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာ ကမ်းလှမ်းထားပါတယ်...ဒီထက်ပိုပေးချင်တဲ့ ဧည့်သည်များရှိသေးလားမသိဘူး"

လေလံပွဲအကူက အော်ဟစ်မေးမြန်းလိုက်၏။

သို့ရာတွင် လေလံခန်းမတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူကမျှစကားမပြောကြချေ။

ဤပစ္စည်းသည် အိမ်ရှေ့စံမင်းသားက လေလံဆွဲချင်နေသောအရာဖြစ်သည်။ သူတို့အားလုံးက သူ့အားမျက်နှာသာပေးရပေမည်။ အကယ်၍သူတို့၏လေလံကမ်းလှမ်းမှုသည် အိမ်ရှေ့စံမင်းသားအား ရန်ငြှိုးဖွဲ့သကဲ့သို့ဖြစ်သွားပါက ပစ္စည်းဆုံးရှုံးရသည်ထက် သာ၍ဆိုးပေမည်။

အိမ်ရှေ့စံမင်းသားက ရယ်မောလိုက်လေ၏။

"ဒီပစ္စည်းကိုထိရဲတဲ့သူ ဘယ်သူလဲဆိုတာငါသိချင်တယ်"

ကလစ်...ကလစ်...

စက်ယန္တရားများလည်ပတ်သံနှင့်အတူ ထိပ်တန်းအဆင့်သီးသန့်ခန်း၏ပြတင်းပေါတ်ပွင့်သွားခဲ့သည်။

လက်ဖက်ရည်ခွက်တစ်ခွက်ကို သူ၏လက်တွင်ကိုင်ဆောင်ထားပြီး ကုလားထိုင်တစ်လုံးပေါ်၌ထိုင်နေသော လူငယ်တစ်ယောက်သည် လုယွီရှိရာပထမတန်းစားသီးသန့်အခန်းကို စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။

ထိုလူငယ်သည် အလွန်ချောမောပြီး သူ၏မျက်ခုံးနှစ်ခုကြားမှ လွှမ်းမိုးချုပ်ကိုင်နိုင်သောအော်ရာထွက်ပေါ်နေသည်။

သူက အိမ်ရှေ့စံမင်းသားဖြစ်ပေ၏။

ပြတင်းပေါတ်ဘောင်၌တင်ထားသော လုစွေ့ထင်း၏လက်များသည် ထိုအချိန်တခဏမှာပင် ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားခဲ့သည်။

ထိုမင်းသားသည် အလွန်အသက်ငယ်ရွယ်သေးပုံပေါတ်သော်လည်း သူ၏ကျင့်ကြံမှုနယ်ပယ်သည် အဝိုင်းသေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပေ၏။

ဤကဲ့သို့ သူ၏အသက်အရွယ်နှင့် ကျင့်ကြံမှုနယ်ပယ်သည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှထွက်ခွါ၍ အလယ်ပိုင်းကုန်းမြေသို့ သွားနိုင်မည်မှာသေချာပေသည်။

"တစ်ကယ်လို့ ငါသာ မင်းသားရဲ့မြတ်နိုးတန်ဖိုးထားမှုကိုရမယ်ဆိုရင်....ဒီနေရာကနေ ငါထွက်ခွါနိုင်ပြီး အလယ်ပိုင်းကုန်းမြေကိုသွားနိုင်လိမ့်မယ်"

လုစွေ့ထင်း၏မျက်လုံးများသည် တောက်ပနေလေ၏။ သူမ၏မသိစိတ်မှနေ၍ အိမ်ရှေ့စံမင်းသားကိုဆွဲဆောင်ချင်သော ညှို့ဓာတ်ပါသောအပြုံးမျိုးပြုံးနေခဲ့သည်။

မိန်းကလေးများ၏နံဘေးတွင်ရှိနေသော မုန့်ချီ၏စိတ်အတွင်း၌မူ မနာလိုမှုများတဖွားဖွားဖြစ်ပေါ်နေခဲ့သည်။

သူသည် မူလက အိမ်ရှေ့စံမင်းသား၏နာမည်ကိုအသုံးပြု၍ မိန်းမလှလေးများအားစုစည်းခေါ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ သို့ရာတွင် သူမထင်မှတ်ဘဲ အိမ်ရှေ့စံမင်းသားက လူလုံးထွက်ပြလာခဲ့သည်။

ကောလဟာလများအရ အိမ်ရှေ့စံမင်းသားသည်လျှို့ဝှက်ဆန်းကြယ်သူဟု သူ ကြားသိရသည်။ ဤကဲ့သို့ပုဂ္ဂိုလ်မျိုးသည် ယနေ့တွင်ပေါ်ထွက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

"တစ်ကယ်လို့ မင်းလိုချင်ရင်...လေလံဝင်ဆွဲလေ"

လုယွီက တည်ငြိမ်စွာဖြင့်သာ ပြောဆိုလိုက်သည်။

လုယွီ၏အခန်းမှ ပြတင်းပေါတ်သည်လည်း ပွင့်လာခဲ့သည်။

"သူက ဘယ်သူလဲ...အသက်ငယ်ငယ်လေးရှိသေးတယ်"

"မင်းသားတစ်ပါးများဖြစ်နေမလား"

လုယွီ၏အဆင့်အတန်းကို လူများက စတင်၍ဝေဖန်သုံးသပ်နေကြသည်။

"ဘာလို့လဲ...အဲ့ဒီသခင်လေးကအရမ်းချောနေလို့လား...ဘာလို့သူကတူ......"

မုန့်ချီတို့သီးသန့်ခန်းအတွင်းရှိမိန်းကလေးသည် ရယ်ပြုံးရင်းနှင့်စကားပြောနေရာမှ သူမ၏မျက်လုံးများက နေရာတစ်ခုလုံးကိုဝေ့ဝိုက်ကြည့်လိုက်ချိန်တွင် သူမ၏စကားသံရပ်တန့်သွားလေ၏။

ဘုန်း...

မုန့်ချီ၏သီးသန့်ခန်းအတွင်းမှ လဖက်ရည်ခွက်လွတ်ကျသံ ထွက်ပေါ်လာသည်။

အခန်းအတွင်းမှ မိန်းကလေးများအားလုံးသည်လည်း သူတို့၏မျက်လုံးများကိုပင်သူတို့မယုံနိုင်ကြသဖြင့် အံ့အားသင့်တုန်လှုပ်နေကြသည်။

လုယွီဆိုသည်က လုစွေ့ထင်းခေါ်ဆောင်လာသောကောင်လေးမဟုတ်သလော....။

လမ်းလျှောက်သူအဆင့်တစ်ယောက်က အိမ်ရှေ့စံမင်းသားနှင့်ယှဥ်ပြိုင်၍ ဤကဲ့သို့မြင့်မားသောစျေးနှုန်းဖြင့် လေလံကမ်းလှမ်းနိုင်သလော.....။

အံ့အားသင့်နေဆုံးသူကမူ လုစွေ့ထင်းဖြစ်ပေ၏။ သူမ၏အမြင်အရ လုယွီသည် သူမ့ဆရာသခင်၏မှော်လက်နက်ကြောင့်သာ မဆင်မခြင်လှုပ်ရှားနိုင်သော လူပြက်တစ်ယောက်ဖြစ်ပေသည်။ သို့သော် သူ၏မဆင်မခြင်လုပ်မှုသည်လည်း အကန့်အသတ်ရှိသင့်သည်။

ဤနေရာသည် လျှို့ဝှက်နဂါးနန်းတော်၏လေလံခန်းမဖြစ်သည်။ သူက ချမ်းသာကြွယ်ဝသောလူတစ်ယောက်အဖြစ် ဟန်ဆောင်ချင်နေသလော....။

လုစွေ့ထင်းက သူမ၏အံ့ကိုတင်းတင်းကြိတ်ထားရင်းမှ နောက်ဆုံး၌ သူမ၏ဒေါသများကို ထိန်းချုပ်မထားနိုင်တော့ပုံဖြင့် အော်ဟစ်လိုက်သည်။

"နင် ဘယ်နေရာကိုလာပြီးဟန်ဆောင်နေတာလဲ....နင်မှာ အရှက်မရှိဘူးလား"

ဤအချိန်တခဏတွင် လုစွေ့ထင်းက မည်သည့်ကိစ္စရပ်ပဲရှိနေပါစေ သမင်ဖြူကျောင်းတော်အား သစ္စာဖောတ်ရန် တွေးတောထားပြီးဖြစ်သည်။

ဆရာသခင်က ဤနေရာသို့ အရူးတစ်ယောက်ကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ ကြည့်ရသည်မှာ သမင်ဖြူကျောင်းတော်၌ သူအား ကယ်တင်မည့်သူလည်းရှိပုံမရချေ။

လုစွေ့ထင်းသည် သမင်ဖြူကျောင်းတော်၏လျှို့ဝှက်သူလျှိုအဖြစ်ကို အိမ်ရှေ့စံမင်းသား၏ယုံကြည်မှုနှင့် လဲလှယ်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။

သူမအတွက် အိမ်ရှေ့စံမင်းသား၏နောက်သို့လိုက်ခြင်းက သမင်ဖြူကျောင်းတော်သို့ပြန်သွားခြင်းထက် ပို၍ကောင်းမွန်ပေမည်။

မုန့်ချီ၏မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး သူ၏သီးသန့်ခန်းအတွင်းမှ ခုန်ထွက်လိုက်သည်။

"အရှင့်သား.....အဲ့ဒီလူက လမ်းလျှောက်သူအဆင့်ဆိုတာ ကျွန်တော်သိတယ်...သူမှာ စိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီးမရှိဘူး"

မုန့်ချီက စူးစူးဝါးဝါးအော်ဟစ်လိုက်လေ၏။

Chapter 365

မုန့်ချီထံမှစကားသံထွက်ပေါ်လာချိန်တွင် ခန်းမအတွင်းမှ အော်ဟစ်သံများထွက်ပေါ်လာလေ၏။

"လမ်းလျှောက်သူအဆင့်လား...မဖြစ်နိုင်တာ...အဲ့အဆင့်မပြောနဲ့ ငါတောင် ပထမတန်းစားသီးသန့်ခန်းကိုဝင်ဖို့ အဆင့်မမှီဘူး"

တစ်ချို့လူများက အံ့အားတသင့်ပြောဆိုနေကြသည်။

အိမ်ရှေ့စံမင်းသားက မုန့်ချီကို အေးစက်စက်မျက်လုံးများဖြင့်ကြည့်ရှုပြီး လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဘာတွေဖြစ်နေတာလဲဆိုတာ...ငါကိုပြောပြစမ်း"

အိမ်ရှေ့စံမင်းသား၏စူးစိုက်ကြည့်ခြင်းကိုခံရမှုကြောင့် မုန့်ချီက မကြုံစဖူးကြုံရသောဖိအားတစ်ရပ်ကို ရုတ်တရက်ခံစားမိလေသည်။ ထိုကဲ့သို့ဖိအားမျိုးက သူ့အား တစိုးတစိမျှလိမ်ပြောရန် သတ္တိမရှိသကဲ့သို့ ဖြစ်သွားစေ၏။

"အဲ့ဒီလူက ကျွန်တော်ရဲ့အမျိုးသမီးမိတ်ဆွေခေါ်လာတဲ့ အဆင့်နိမ့်လက်မှတ်ပဲပါလာတဲ့ လူတစ်ယောက်ပါ...ပြီးတော့သူက ကျွန်တော့်အခန်းထဲကို ခိုးဝင်လာခဲ့တယ်...ဒါကြောင့် ကျွန်တော်က သူကိုမောင်းထုတ်ပစ်ခဲ့တယ်....ဒါပေမယ့် သူက ခိုးပြန်လာပြီး ပထမတန်းစားအဆင့်သီးသန့်ခန်းထဲကို ဘယ်လိုရောက်သွားတယ်ဆိုတာ ကျွန်တော်မသိတော့ဘူး"

"ဟား ဟား...ဒီလိုကောင်လေးမျိုးက စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာမပြောနဲ့...တစ်သောင်းတောင်တတ်နိုင်မှာမဟုတ်ဘူး"

မုန့်ချီက သူကိုယ်သူယုံကြည်ချက်ရှိပုံဖြင့် ပြောဆိုနေလေ၏။

"ဒါဆို မင်းက ငါ့လိုမင်းသားကို လှည့်စားနေတာလား"

အိမ်ရှေ့စံမင်းသားက လုယွီကို ကြည့်ရှုပြောဆိုချိန်တွင် ကြီးမားသောဖိအားတစ်ရပ်ပါရောယှက်လာခဲ့သည်။

အိမ်ရှေ့စံမင်းသား၏ ပတ်ဝန်းကျင်ရှိလူတစ်ချို့သည် အသက်ရှုကြပ်ဖွယ်ဖိအားကြောင့် အဝေးသို့ရှောင်တိမ်းလိုက်ကြသည်။

လုယွီ၏မျက်နှာအမူအယာကမူ ပြောင်းလဲသွားခြင်းမရှိချေ။ သူက လေသံခပ်တိုးတိုးဖြင့်သာ ပြောဆိုလိုက်သည်။

"မင်းတို့ ဘာဖြစ်ချင်နေကြတာလဲ"

"ဟား ဟား...အရှင့်သား...ဒီလိုလူရမ်းကားမျိုးကို အဖတ်လုပ်ပြီး ဘာမှပြောနေစရာမလိုပါဘူး...ကျွန်တော် သူကိုဖမ်းဆီးပေးပါ့မယ်"

မုန့်ချီက တာဝန်ယူပြီးနောက် လုယွီထံသို့ တည့်တည့်မတ်မတ်လျှောက်လှမ်းသွားခဲ့သည်။

"အမှိုက်...တစ်ကယ်လို့ မင်း ဒူးထောက်တောင်းပန်ရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်"

မုန့်ချီက ဂုဏ်ယူဝင့်ကြွားပုံဖြင့် သူ၏ခေါင်းကိုမော့ထားခဲ့သည်။ ထို့နောက် သူ၏လက်အတွင်းမှ ခေါက်ယပ်တောင်ထံမှစူးရှသောကျန်းချီလှိုင်းထွက်ပေါ်လာပြီး လုယွီထံသို့ ပစ်လွှက်လိုက်သည်။ သူ၏နဖူးပေါ်တွင်ပင် မြောက်များစွာသော အနက်ရောင်သင်္ကေတများ မျောလွင့်နေလေ၏။

"အခုချက်ချင်း ဒူးထောက်စမ်း"

မုန့်ချီ၏လက်အတွင်းမှ အစွမ်းထက်သောစွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး လုယွီ၏ခန္ဓာကိုယ်အား ချက်ချင်းပင်ဖိနှိပ်ထားလေသည်။

လုယွီက ကုလားထိုင်ပေါ်၌ ထိုင်နေဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှမရှိချေ။

သူထံသို့တိုးဝင်လာသော မုန့်ချီကိုကြည့်ပြီး လုယွီ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်သာ ဖျက်ခနဲလက်သွားခဲ့သည်။

"သေလမ်းရှာနေတာလား"

လုယွီ၏လက်ချောင်းလှုပ်ခတ်သွားပြီး အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။

ဘုန်း....

အနက်ရောင်အလင်းတန်းက မုန့်ချီ၏ခန္ဓာကိုယ်အား ရိုက်ခတ်မိချိန်တွင် သူ၏ခန္ဓာကိုယ်၏ အကာအကွယ်ကျန်းချီလွှာကိုပင် တိုက်ရိုက်ထိုးဖောတ်သွားခဲ့သည်။ မုန့်ချီက စူးစူးဝါးဝါးအော်ဟစ်ပြီး နောက်သို့အကွာအဝေးတော်တော်များများလွင့်စင်သွားပြီး သူထွက်လာသော သီးသန့်ခန်းနံရံနှင့်ရိုက်မိတော့သည်။

ဘန်း....

သီးသန့်ခန်း၏မျက်နှာပြင်မှ ရွှေရောင်အလင်းနံရံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယခုအချိန်တွင် သီးသန့်ခန်း၏အကာအကွယ်ဝင်္ကပါက အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။

"အဟွက်...အဟွက်...အဟွက်"

မုန့်ချီသည် ချောင်းတဟွက်ဟွက်ဆိုး၍ သွေးအန်လာလေ၏။

"ဘယ်နည်းလမ်းကို မင်း အသုံးပြုလိုက်တာလဲ"

မုန့်ချီက အော်ဟစ်မေးမြန်းလိုက်သည်။ သူ၏စွမ်းရည်ဖြင့် လုယွီအားတိုက်ခိုက်ခဲ့မိခြင်းကြောင့်လည်း မုန့်ချီက နောင်တရနေခဲ့သည်။

"ဘာလို့လဲ...မင်းထပ်ပြီး အော်ပြောရဲရင် ငါမင်းကိုသတ်ပစ်မယ်"

လုယွီ၏နောက်မှ ရှန့်ချင်က ရုတ်တရက်ထွက်ပေါ်လာပြီး လေးနက်သောအသံဖြင့် ပြောကြားလိုက်သည်။

မုန့်ချီက ရှန့်ချင် မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိခြင်းမရှိချေ။ သူက ပဲ့နင်းတစ်ယောက်၏သားသာဖြစ်ပေ၏။ အကယ်၍ သူက ပဲ့နင်းတစ်ယောက်ဆိုလျှင်ပင် မြေအောက်လောကနတ်ဆိုးဂိုဏ်း၏ဆတ်ခံသူအရှင်သခင်အား ပဲ့နင်းတိုင်းတွေ့မြင်ဖူးသည်မဟုတ်ပေ။

"အဖိုးကြီး...ထွက်သွားစမ်း...ကျုပ် သူကို ဒီနေ့သင်ခန်းစာပေးမလို့...ခင်ဗျားနဲ့စကားမပြောချင်ဘူး"

မုန့်ချီက အော်ဟစ်ကြုံးဝါးလိုက်၏။

ရှန့်ချီက အေးစက်စက်ပြုံးပြီးနောက် လက်ဝါးရိုက်ချက်နှစ်ချက်ရိုက်ထုတ်ကာ မုန့်ချီ၏ပါးအား ရိုက်လိုက်လေ၏။

ထိုပါးရိုက်ချက်နှစ်ချက်သည် အလွန်ပြင်းထန်ပေ၏။

မုန့်ချီ၏ပါးစပ်အတွင်းမှ သွားများလွင့်စင်သွားပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပျံတတ်သွားပြီး လေထုအတွင်းနှစ်ပတ်ခန့်လည်သွားပြီးမှ မြေပြင်ပေါ်သို့ အပြင်းအထန်ပြုတ်ကျလာခဲ့သည်။

"ခင်ဗျားက ကျုပ်ကို ရိုက်ရဲတယ်ပေါ့...ကျုပ်အဖေဘယ်သူလဲဆိုတာ ခင်ဗျားသိလား"

ဗြန်း....

ရှန့်ချင်က မုန့်ချီအား ထပ်မံ၍ပါးပိတ်ရိုက်ပြီး ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။

"မင်းအဖေ ဘယ်ကောင်လဲဆိုတာ ငါသောက်ဂရုစိုက်စရာလား"

"ခင်ဗျား...."

မုန့်ချီ၏စိတ်နှလုံးသားများသည် ဒေါသကြီးစွာထွက်နေခြင်းကြောင့် လောင်ကျွမ်းနေခဲ့သည်။ သူ လေလံခန်းမအပြင်သို့ရောက်သည်နှင့် ဤလူနှစ်ယောက်အား နောင်တရသည်အထိ ပြုလုပ်ရပေမည်။

"ဆတ်ခံသူအရှင်သခင် ရှန်...ခင်ဗျားမှာလည်း ဒီလိုအချိန်ကောင်းလေးတွေရှိမယ်လို့ ကျူပ် မျှော်လင့်မထားမိဘူး...ဒီနေရာကို ဘာလို့ရောက်လာခဲ့တာလဲ"

ထိုအချိန်မှာပင် အိမ်ရှေ့စံမင်းသားက စကားပြောဆိုလိုက်၏။

All Chapters