အခန်း (၃၆၆-၃၇၀)
Vol. 21-25 Ch. 366-370
Chapter 366
အိမ်ရှေ့စံမင်းသားက အလွန်နူးညံသိမ်မွေ့သောလေသံမျိုးဖြင့် ရှန်းချင်အားပြောဆိုလိုက်ခြင်းဖြစ်သည်။
လူအုပ်ကြီးက ကြက်သေသေနေကြသော်လည်း သူတို့က အချိန်တခဏအကြာမှာပင် မင်းသား၏စကားများမှဆိုလိုရင်းကို နားလည်သွားကြသည်။
ရှန်း ဆတ်ခံသူအရှင်ဖြစ်နေသလော...
ဆတ်ခံသူအရှင်သခင်အဆင့်အတန်းသည် မြေအောက်လောကအရှင်သခင်၏နောက်မှကပ်လိုက်သော တည်ရှိမှုကြီးဖြစ်သည်။
သူတို့အားလုံးရှေ့ရှိအဖိုးအိုသည် ဆတ်ခံသူအရှင်သခင်များဖြစ်နေသလော...။
ရှန်းချင်က ပြုံးရင်းမှ ပြန်လည်ပြောဆိုလိုက်သည်။
"လုယွီကိုကာကွယ်ဖို့အတွက် အရှင်သခင်ကိုယ်တိုင်က ငါ့ကိုအပ်နှင်းထားခဲ့တာ"
အိမ်ရှေ့စံမင်းသား၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီးနောက် သူက လုယွီအား လက်ညှိုးညွှန်လိုက်သည်။
"ဆတ်ခံသူအရှင်သခင်ပြောတာ ဒီကောင်လေးလား"
ရှန်းချင်က အိမ်ရှေ့စံမင်းသားအား ထပ်မံပြောဆိုလိုက်၏။
"သူက အရှင်သခင်ရဲ့ဧည့်သည်ပါ...အိမ်ရှေ့စံမင်းသားက သူရဲ့အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဖို့ ကျုပ်အကြံပေးချင်တယ်"
အရှင်သခင်၏ဧည့်သည်ဟု ဆိုလိုက်သလော...။
လူတိုင်းက သူတို့ကြားလိုက်သည့်အသံသည်မှားယွင်းနေသကဲ့သို့ အံ့အားသင့်တုန်လှုပ်နေကြသည်။
မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အရှင်သခင်သည် နတ်ဆိုးအင်ပါယာကဲ့သို့တည်ရှိမှုကြီးဖြစ်သည်ဟု လူသိများကျော်ကြားပေ၏။ ဤကဲ့သို့သော လူငယ်တစ်ယောက်က နတ်ဆိုးအင်ပါယာ၏ဧည့်သည်ဖြစ်ရန် အရည်အချင်းပြည့်မှီသလော...။
အိမ်ရှေ့စံမင်းသားက လုယွီကို အလွန်စိတ်ဝင်စားသွားပုံဖြင့် ကြည့်ရှုနေလေ၏။
"ငါရဲ့ဖခင်မှာ ဒီလိုမျိုးတန်ဖိုးထားရတဲ့ ဧည့်သည်တစ်ယောက်ရှိတယ်ဆိုတာ ငါ ဘာလို့မသိရတာလဲ"
"ဒါက မင်းသားဆုံးဖြတ်နိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး"
ရှန်းချင်က မည်သည့်တုံဆိုင်းခြင်းမျှရှိမနေဘဲ ဖြေဆိုလိုက်သည်။
မင်းသား၏မျက်နှာပေါ်၌ စိတ်မကြည်မသာဖြစ်သွားသောအရိပ်အယောင် ထင်ဟပ်လာလေ၏။
နတ်ဆိုးအင်ပါယာသည် မြေအောက်လောက၏လူမြင်ကွင်းတွင် ထွက်ပေါ်လာခြင်းမရှိဘဲပုန်းအောင်းနေသည်မှာ အချိန်အတော်ကြာရှိခဲ့လေပြီ။ ယခုနှစ်များတွင် အိမ်ရှေ့စံမင်းသားကသာ နတ်ဆိုးဂိုဏ်း၏အရေးကိစ္စများကို စီမံဆောင်ရွက်နေရခြင်းဖြစ်သည်။
သာမာန်အတိုင်းသာဆိုပါက ရှန်းချင်သည် ဆတ်ခံသူအရှင်သခင်သာဖြစ်၍ အိမ်ရှေ့စံမင်းသားအားရိုသေလေးစားရန်လိုအပ်ပေသည်။
သို့သော် ယနေ့အခြေအနေမှာမူ ကွဲပြားခြားနားနေပေ၏။
အိမ်ရှေ့စံမင်းသားက လုယွီကိုစူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"ငါ မင်းကို အမှတ်ရနေမှာပါ"
လုယွီကတော့ ထိုသို့မတွေးချေ။ သူက အိမ်ရှေ့စံမင်းသားကို တစိုးတစိမျှပင်အာရုံစူးစိုက်ခြင်းမရှိပေ။
အိမ်ရှေ့စံမင်းသားက နောက်သို့ပြန်လှည့်ပြီးထွက်ခွါသွားခဲ့သည်။ သူက ယနေ့တွင် မျက်နှာပျက်စရာကိစ္စကြုံတွေ့ခဲ့ရသည်ဖြစ်၍ ဤနေရာ၌မနေလိုတော့ခြင်းမှာ သဘာဝသါဖြစ်ပေ၏။
"မဖြစ်နိုင်ဘူး"
အိမ်ရှေ့စံမင်းသားထွက်ခွါသွားပြီးနောက် မုန့်ချီက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
လုယွီက ကောင်းကင်နှင့်မြေကြီး၏အကန့်အသတ်ကိုမသိသော စိတ်ကြီးဝင်နေသည့်ကောင်လေးသာဖြစ်ပေသည်။ မည်သည့်နည်းဖြင့် သူက ရုတ်တရက် နတ်ဆိုးအင်ပါယာ၏ဧည့်သည်ဖြစ်သွားရသနည်း....။
"ဒီကောင်လေးက အသက်ငယ်ငယ်လေးနဲ့ ဆတ်ခံသူအရှင်သခင်ကတောင် သူကိုလိုက်စောင့်ရှောက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"သူရဲ့အဆင့်အတန်းက ဘာဆိုတာ ငါမသိဘူး...သူက အိမ်ရှေ့စံမင်းသားကိုတောင် စိန်ခေါ်ရဲတယ်...ဒါပြင် သူက အိမ်ရှေ့စံမင်းသားကို သူ့မျက်လုံးထဲတောင် ထည့်ပုံမရဘူး"
လူတိုင်းက လုယွီ၏အဆင့်အတန်းကို ခန့်မှန်းနေကြ၏။ သူတို့၏စကားလုံးများအတွင်းတွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
မုန့်ချီကမူ ထောင့်တစ်နေရာ၌ မိန်းမောတွေဝေနေလေသည်။ သူက ယခုလက်ရှိချိန်၌ လူပြက်တစ်ယောက်ဖြစ်သွားခဲ့သည်။
နတ်ဆိုးအင်ပါယာ၏တန်ဖိုးထားရသော ဧည့်သည်ကို မည်သူကမျှခြိမ်းခြောက်ဝံ့မည်မဟုတ်ချေ။ သူသာလျှင် တစ်ယောက်တည်းသောခြိမ်းခြောက်ခဲ့သူ ဖြစ်သွားခဲ့သည်။
"သေစမ်းကွာ...ဘာလို့ဒီလိုဖြစ်သွားရတာလဲ"
မြောက်များစွာသောမျက်လုံးများက သူ့အားစိုက်ကြည့်နေမှုကြောင့် မုန့်ချီက သူ၏နောက်ကျောပြင်သည် လောင်ကျွမ်းနေသကဲ့သို့ပင် ခံစားနေရသည်။
မုန့်ချီ၏လက်များသည် မြေပြင်ပေါ်၌ တရွတ်တိုက်ဖြစ်နေပြီး သွေးများယိုစီးကျနေခဲ့သည်။
ကိုယ်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိသော မုန့်ချီလိုလူမျိုးအတွက် ဤကဲ့သို့ကြုံတွေ့ရခြင်းသည် နှိပ်စက်ညှင်းပန်းမှုခံလိုက်ရခြင်းတစ်မျိုးသာ ဖြစ်လေ၏။
"မင်း ဘာကောင်လဲဆိုတာ ငါ သောက်ဂရုမစိုက်ဘူး...တစ်ကယ်လို့ ငါ မင်းကိုသတ်ပစ်လိုက်မယ်ဆိုရင် ငါက နတ်ဆိုးအင်ပါယာရဲ့ဧည့်သည်ဖြစ်လာလိမ့်မယ်"
မုန့်ချီ၏မျက်လုံးများ တောက်ပလာပြီးနောက် လုယွီအားအငိုက်ဖမ်း၍ သူကတိုက်ခိုက်လိုက်သည်။
"သေစမ်း"
သူကဒေါသတကြီးကြုံးဝါးပြီး လုယွီထံသို့ တရကြမ်းတိုးဝင်တိုက်ခိုက်ခဲ့သည်။
လုယွီက လှုပ်ရှားမှုမရှိသော်လည်း ရှန်းချင်က ရုတ်တရက် သူ၏လက်ဝါးကိုမြှောက်ပြီး မုန့်ချီအားရိုက်ချလိုက်လေ၏။
ဘုန်း....
ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာပြီးနောက် မုန့်ချီအား အနက်ရောင်အရိပ်တစ်ရိပ်အဖြစ်သာမြင်နိုင်ပြီး မြောက်များစွာသော လေလံခန်းမမှအခန်းများကိုဖောတ်ဝင်သွားပြီး လွင့်စင်ထွက်သွားလေသည်။
"မင်းက တစ်ကယ့်ကို သေလမ်းရှာနေတာပဲ...ငါရဲ့အရှင်ကိုတောင် တိုက်ခိုက်ဝံ့တယ်ပေါ့"
ရှန်းချင်က အထင်အမြင်သေးဟန်ဖြင့် ပြောဆိုလိုက်၏။ သူက စင်မြင့်ပေါ်ရှိ လေလံပွဲစီစဥ်နေသူများအား ကြည့်ရှုလိုက်သည်။
"တစ်ကယ်လို့ မင်းတို့ လေလံခန်းမက တစ်ခုခုပျက်စီးသွားမယ်ဆိုရင် ငါလျော်ပေးမယ်"
"ဆတ်ခံသူအရှင်သခင်က ရယ်စရာပြောနေပြန်ပြီ...ကျွန်တော်တို့ လျှို့ဝှက်နဂါးနန်းတော်က ဒီလေါတ်အသေးအဖွဲပျက်စီးတာလောတ်တော့ ကိုယ်ဟာကိုယ်ပြုပြင်နိုင်ပါတယ်"
ရှန်းချင်က ခေါင်းညိတ်ပြပြီးနောက် သူက လုယွီဘက်သို့လှည့်၍ ရိုသေလေးစားစွာပြောဆိုလိုက်သည်။
"အရှင်...ဒီနေရာမှာဆတ်နေပြီး လေလံဆွဲချင်သေးလား"
လုယွီက ရှန်းချင်အား လေးလေးနက်နက်တစ်ချက်ကြည့်ပြီး သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။
"မလိုတော့ဘူး"
"ဟုတ်ကဲ့..အရှင်"
ရှန်းချင်က သူ၏ခန္ဓာကိုယ်ကိုဆန့်တန်းပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
"ဘယ်သူက ဒီလျှို့ဝှက်ရတနာအတွက် လေလံစျေးပေးချင်သေးလဲ"
လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေ၏။
မည်ကဲ့သို့သော ပြက်လုံးမျိုးနည်း။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ယခုအချိန်၌ လေလံစျေးပေးခဲ့ပါက ထိုလူသည်သေလမ်းရှာဖွေနေသည်နှင့်ခြားနားမည်မဟုတ်ပေ။
Chapter 367
"စိတ်ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာတစ်ကြိမ်"
"စိတ်ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာနှစ်ကြိမ်"
"စိတ်ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာသုံးကြိမ်"
လေလံပွဲအကူက သုံးကြိမ်လေလံစျေးကို အော်ဟစ်ပြီးနောက်ပြောဆိုလိုက်သည်။
"ပထမတန်းစားသီးသန့်ခန်းကဧည့်သည်အတွက် ဂုဏ်ယူပါတယ်...ပြင်ပလေဟာနယ်က လျှို့ဝှက်ပစ္စည်းကို ဧည့်သည်ပိုင်ဆိုင်သွားပါပြီ"
ရှန့်ချင်က သိုလှောင်အိတ်တစ်အိတ်ကို လေလံပွဲအကူထံသို့ ပစ်ပေးလိုက်၏။
"အဲ့ဒီအိတ်ထဲမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာပါဝင်တယ်...မင်း စစ်ဆေးကြည့်နိုင်တယ်"
"မလိုပါဘူး....ဆတ်ခံသူအရှင်သခင် ရှန်းရဲ့ဂုဏ်သတင်းကိုကျွန်တော်တို့က အပြည့်အဝယုံကြည်ပြီးသားပါ"
လေလံပွဲအကူက ရယ်မောရင်းမှ ပြောဆိုလိုက်လေသည်။
ရှန်းချင်က သူ၏လက်ကိုမြှောက်ပြီး စင်မြင့်ပေါ်မှ ဓားအားရယူရန်ကြိုးပမ်းလိုက်သည်။ သူက ပျံဝဲသွားပြီး သူ၏လက်ကို ပြုတ်တူတစ်ခုကဲ့သို့ ဓားအားညှပ်၍ကိုင်လိုက်သည်။
သို့သော် သူ မည်မျှပင်အားစိုက်နေပါစေ စင်မြင့်ပေါ်ရှိဓားသည် လှုပ်ရှားလာခြင်းမရှိချေ။
"ဟင်...."
ရှန်းချင်၏မျက်လုံးများအတွင်း၌ အနည်းငယ်သံသယဝင်နေသောအကြည့် ထင်ဟပ်လာလေ၏။
လေလံပွဲအကူက ရှန်းချင်အားကြည့်၍ ပြောဆိုလိုက်သည်။
"ဒီဓားက အရမ်းထူးဆန်းတယ်...ကြည့်ရတာတော့ အဲ့ဓားပေါ်မှာ အထူးတားမြစ်ချက်တစ်ခုရှိပုံရတယ်....ဓားကို ကိုယ်ပိုင်ခွန်အားကိုအသုံးပြုပြီး လှုပ်ရှားလို့ရပေမယ့် မှော်စွမ်းအင်တွေသုံးပြီးလှုပ်ရှားလို့မရဘူး..ဆတ်ခံသူအရှင်သခင်ရှန်း မလုပ်ဆောင်နိုင်တာ အံ့အားသင့်စရာမရှိပါဘူး...ကျွန်တော်တို့ ဒီဓားကိုယူဆောင်လာတဲ့အချိန်တုန်းက လူရှစ်ယောက်လောတ် အသုံးပြုခဲ့ရတယ်"
ရှန်းချင်၏ခေါင်း နောက်ကျိလာသည်အထိ ဓားကိုရယူရန်စဥ်းစားနေသော်လည်း သူက တစ်ချက်ကြည့်လိုက်ရာတွင် လုယွီက ဓားကိုယူရန်ပြင်ဆင်နေခြင်းကို တွေ့မြင်မိသည်။
"မလိုပါဘူး"
လုယွီက စကားအနည်းငယ်သာပြောပြီးနောက် လေလံပွဲစင်မြင့်ပေါ်မှဓားနှင့် မလှမ်းမကမ်းအကွာအဝေးသို့ရောက်ရှိသွားခဲ့သည်။
ဝမ်....
ရုတ်တရက် ဓားအား တစ်စုံတစ်ရာသောအားဖြင့် ဆွဲထုတ်လိုက်သကဲ့သို့ တုန်ရီလာခဲ့သည်။
ထို့နောက် ဓား၏မျက်နှာပြင်မှ သတ်ဖြတ်လိုသောစိတ်ဆန္ဒအငွေ့အသက်များထွက်ပေါ်လာပြီး လုယွီထံသို့ တိုးဝင်သွားခဲ့သည်။
ထိုဓားက လုယွီ၏လက်အား ဖြတ်လိုနေခြင်းမှာ တိကျသေချာပေသည်။
"မဖြစ်နိုင်ဘူး"
လေလံပွဲအကူက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
သူတို့လျှို့ဝှက်နဂါးနန်းတော်သည် ထိုဓားကိုရယူ ရန် လူအင်အားသုံးခဲ့ရပြီး မည်သည့်မှော်စွမ်းအားမျိုးနှင့်မျှ ၎င်းအား ထိန်းချုပ်၍မရခဲ့ချေ။
ဤအချင်းအရာကြောင့်သာလျှင် လျှို့ဝှက်နဂါးနန်းတော်က ထိုဓားကို လေလံတင်ခဲ့ခြင်းဖြစ်သည်။
ကျင့်ကြံသူများတိုက်ခိုက်သည့်အချိန်တွင် မှော်ရတနာများကိုသာ အမြဲတစေအသုံးပြုကြသည်။ အကယ်၍ ဤဓားကသာ သေမျိုးလက်နက်နှင့်တူညီနေပါက တိုက်ပွဲတွင် တစ်ခြားသူ၏မှော်လက်နက်နှင့်မည်သို့ရင်ဆိုင်တိုက်ခိုက်နိုင်မည်နည်း။
လုယွီက ထိုဓားကျိုးအား ကိုင်ဆောင်လိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်နေသောခံစားချက်မျိုးကို သူ၏စိတ်နှလုံးသားအတွင်း၌ ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။
"နောက်ဆုံးတော့...ငါ နောက်ထပ်တစ်ခု ရှာတွေ့ပြန်ပြီ"
လုယွီက တီးတိုးရေရွတ်လိုက်၏။
လုယွီ၏စကားလုံးများကို တုံပြန်နေသည့်အလား ဓားကျိုးမှနေ၍ အနက်ရောင်အရိပ်တစ်ခု ပျံဝဲထွက်လာပြီး လွတ်မြောက်နိုင်ရန် ကြိုးပမ်းနေပုံပင်။
သို့သော် လုယွီ၏မျက်လုံးများက အလွန်လျှင်မြန်စွာရွေ့လျားသွားပြီး သူ၏လက်က ထိုအရိပ်၏အထက်သို့ အနည်းငယ်ရောက်ရှိသွားခဲ့သည်။ အရိပ်ကိုကြည့်ရသည်မှာ ထိန်းချုပ်ဟန့်တားခြင်း ခံလိုက်ရပုံပေါ်နေပြီး လှုပ်ရှားခြင်းမရှိတော့ချေ။
"ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဥ်ဒုတိယအပိုင်းအစက ဒီနေရာမှာပုန်းအောင်းနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"တစ်ကယ်လို့ ငါသာ စိတ်ဝိညာဥ်ပထမအပိုင်းအစကို တွေ့ရှိမထားဘူးဆိုရင်...သူတို့ကြားက ဆတ်နွယ်ချက်ကိုမသိဘဲ ငါ လှည့်ဖျားခံလိုက်ရမှာကိုတောင် စိုးရိမ်မိတယ်"
လုယွီက ဓားကျိုးအားကိုင်ဆောင်လိုက်သည်တွင် ၎င်းမှထွက်ပေါ်နေသည့် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။
ဤစိတ်ဆန္ဒသည် ကောင်းကင်ဘုံအင်ပါယာ၏သတ်ဖြတ်ခြင်းဥပဒေသ ဖြစ်ပေ၏။
ကွန်ဖြူးရှပ်တာအိုဥပဒေသနှင့်တူညီခြင်းမရှိဘဲ ဤဥပဒေသသည် သွေးဆာလောင်ခြင်းနှင့်ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ သူကသာ ဤဥပဒေသနှစ်ခုကိုပေါင်းစည်းနိုင်ပါက လုယွီ၏နည်းစနစ်များသည် အဆင့်တစ်ခုမြင့်တတ်သွားပေမည်။
"အခုလောလောဆယ်တော့ ငါမှာ ဥပဒေသတွေကို ပေါင်းစည်းဖို့အချိန်မရှိသေးဘူး...ငါ အခွင့်အရေးရတဲ့ထိစောင့်ရမယ်"
လုယွီက ထိုဓားကျိုးကို သူ၏သိုလှောင်အိတ်အတွင်းသို့ ပစ်ထည့်လိုက်တော့သည်။
လုယွီနှင့်ရှန်းချင်သည် လေလံခန်းမအတွင်းမှ ထွက်ခွါလာခဲ့သော်လည်း ခန်းမအတွင်းမှဆူညံသံများသည် ရပ်တန့်သွားခြင်းမရှိချေ။
လူတိုင်းနီးပါးက လုယွီ၏အဆင့်အတန်းအကြောင်းကို ပြောဆိုဆွေးနွေးနေကြ၏။
ထိုကောင်လေးက သာမာန်ဧည့်သည်တစ်ယောက်မဟုတ်နိုင်ချေ။ သူ့အား ဆတ်ခံသူအရှင်သခင်ကိုယ်တိုင်ကိုယ်ကျ ပစ္စည်းဝယ်ယူပေးသည်သာမက ကာကွယ်စောင့်ရှောက်မှုလည်းပေးနေခဲ့သည်။
"ထင်းအာ...ငါ ထင်မထားမိဘူး...နင်မှာ ဒီလို င်အားကြီးမားတဲ့ သူငယ်ချင်းမျိုးရှိတယ်ဆိုတာ..."
"ငါတို့ကိုပြောပြစမ်းပါ...သူက ဘယ်လောတ်တောင် မြင့်မြတ်သူလဲဆိုတာ...နင်က ငါတို့ကို လိမ်ညာလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...နင် ပြောတော့ သူက လမ်းလျှောက်သူအဆင့်အတန်းဆို....ဘယ်လိုလုပ်ပြီး ငါတို့ကို လိမ်နိုင်ရတာလဲ"
ဒုတတိယတန်းစားသီးသန့်ခန်းအတွင်းရှိ မိန်းကလေးများသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားနေမှုများကို တောင့်မခံနိုင်တော့ဘဲ လုစွေ့ထင်းအား ဝိုင်းအုံမေးမြန်းနေကြ၏။
Chapter 368
"မဟုတ်ဘူး...နင်တို့အားလုံး မှားနေပြီ...သူက သာမာန်လမ်းလျှောက်သူအဆင့်ပဲရှိတာ"
လုစွေ့ထင်းက လုယွီ၏အဆင့်အတန်းကိုလက်ခံနိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး သူမက ရှင်းပြရန်ကြိုးစားနေခဲ့သည်။
မည်သည်အကြောင်းကြောင့် သူမ၏သူငယ်ချင်းမိန်းကလေးများက ယုံကြည်လိမ့်မည်နည်း။ ။ သူမတို့၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များကို ဖော်ပြနေပေသည်။
"ငါ ပြောမယ်ထင်းအာ...နင် ဒီလေါတ်ထိ သတိထားနေစရာမလိုပါဘူး...ငါတို့ ညီအမတွေက သူကို ကိုက်မစားပါဘူး...နင် စိုးရိမ်မနေပါနဲ့...ငါတို့က သူနဲ့သိကျွမ်းလိုစိတ်ပဲရှိတာပါ"
လုစွေ့ထင်းက အနည်းငယ်ဝမ်းနည်းလာလေ၏။
လုယွီသည် နတ်ဆိုးအင်ပါယာ၏ဧည့်သည်ဖြစ်လာခြင်းကို သူမ မည်သို့သိရှိနိုင်မည်နည်း။
သို့ရာတွင် လုယွီက နှလုံးသားကို ဆတ်သလိုက်ခြင်းကြောင့် နတ်ဆိုးအင်ပါယာ၏အာရုံကိုဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်မည်ဟုတော့ သူမက ယူဆမိသည်။
သို့သော် ဤသို့သောကိစ္စမျိုးက သူမ၏သူငယ်ချင်းအထက်တန်းလွှာမိန်းကလေးများကို ပြောပြ၍လည်း အသုံးဝင်မည်မဟုတ်ချေ။
****
"ငါ ဒီနေရာမှာကြာကြာနေမှာမဟုတ်ဘူးလို့ နတ်ဆိုးအင်ပါယာကို သွားပြောထားလိုက်"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းရင်းမှ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ အရှင်"
ရှန်းချင်က လေးလေးစားစားဖြေဆိုပြီးနောက် အဝေးသို့ထွက်ခွါသွားတော့သည်။
ယခုလက်ရှိ လုယွီအလိုအပ်ဆုံးအရာသည် သူ့ခွန်အားကို တိုးတတ်စေရန်သာဖြစ်သည်။
"သတ်ဖြတ်ခြင်းဥပဒေသကို ပေါင်းစည်းဖို့အတွက် နေရာတစ်နေရာရှာရမယ်"
လုယွီ၏စိတ်အတွင်းမှနေ၍ အစီအစဥ်ချမှတ်ထားပြီးဖြစ်သည်။
ထိုအချိန်မှာပင် လမ်းတစ်ဖက်ခြမ်းရှိ အဆောက်အအုံ၏တံစက်မြိတ်မှ အုတ်ချပ်နှင့်ကြွေပြားအနည်းငယ်ခန့် ပြိုကျလာခဲ့သည်။
ဤနေရာပတ်ဝန်းကျင်၌ လူသွားလူလာရှုပ်ထွေးပြီး ဆူညံသံများထွက်ပေါ်နေလေ၏။ ထိုသေးငယ်သောအပြောင်းအလဲသည် တစ်ခြားသူများ၏အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ချေ။
သို့သော် လုယွီ၏မျက်ခုံးများကမူ ရုတ်တရက် မြင့်တတ်သွားလေ၏။ သူအားနောက်ယောင်ခံလိုက်နေသော လူတစ်ချို့ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။ ထို့ပြင် လုယွီက သူ၏နံဘေးပတ်လည်ရှိ နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကိုလည်း ခံစားမိလေသည်။
"ငါ့ကို သတ်ချင်နေကြတာလား"
လုယွီသည် လမ်းပေါ်တွင်သွားနေရာမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
အချိန်တပြိုင်နက်တည်းလိုလို လူရိပ်အများအပြားသည် လမ်းထောင့်ပေါင်းများစွာကနေ၍ လုယွီ အစောပိုင်းကရှိနေသောနေရာထံသို့ ဦးတည်၍ရောက်ရှိလာကြသည်။
"လူ ဘယ်ရောက်သွားလဲ"
"မဟုတ်သေးဘူး...အဲ့ဒီလူ ဘယ်ရောက်သွားတာလဲ"
"လိုက်ရှာကြစမ်း"
မြေကွက်လပ်အတွင်း၌ ကြမ်းကြုတ်ရက်စက်ပုံရသည့် နတ်ဆိုးကျင့်ကြံသူများ ထွက်ပေါ်လာလေ၏။
ထိုနတ်ဆိုးကျင့်ကြံသူများ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အလွန်ပြင်းထန်ပေသည်။ သူတို့တစ်ယောက်ချင်းစီသည် လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ပြီးဖြစ်သည်မှာ သိသာထင်ရှားနေလေ၏။
"ခင်ဗျားတို့ ကျုပ်ကို ရှာနေကြတာလား"
လုယွီ၏အေးစက်စက်အသံက နတ်ဆိုးကျင့်ကြံသူများ၏နောက်မှ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။
"မကောင်းတော့ဘူး"
နတ်ဆိုးကျင့်ကြံသူများသည် အံ့အားသင့်တုန်လှုပ်သွားကြပြီး ချက်ချင်းပင် နောက်သို့ပြန်လှည့်လိုက်ကြ၏။
သို့သော် သူတို့၏ဦးခေါင်းများ နောက်သို့လှည့်၍မပြီးခင်မှာပင် လုယွီက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်သည်။
ခရက်....
ထိုနတ်ဆိုးကျင့်ကြံသူ၏ခြေထောက်ကျိုးပဲ့သွားပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမြေပြင်ပေါ်သို့ အားအင်ချိနဲ့စွာဖြင့် ဒူးထောက်ကျသွားခဲ့သည်။ သူ စူးစူးဝါးဝါးအော်ဟစ်ခြင်းမပြုနိုင်ခင်မှာပင် လုယွီ၏လက်က သူ၏လည်ပင်းပေါ်သို့ရောက်ရှိနှင့်ပြီးဖြစ်သည်။
ခရက်...ခရက်
အရိုးကျိုးကြေသံများနှင့်အတူ လုယွီက ထိုသူ၏ခေါင်းကို လှည့်ချိုးလိုက်မှုကြောင့် သူ့လည်ပင်းမှနေ၍ အရုပ်ကြိုးပြတ်ဖြစ်သွားပေ၏။
"သူက အရမ်းကြမ်းတမ်းတယ်...သွားကြရအောင်"
နတ်ဆိုးကျင့်ကြံသူများသည် သူတို့အပေါင်းအဖော်သည် လုယွီ၏ပြိုင်ဘက်မဟုတ်ကြောင်းကို မြင်တွေ့သည်နှင့် မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ ထွက်ပြေးကြရန်သာ ကြံရွယ်လိုက်ကြသည်။
သို့သော် သူတို့၏ရှေ့၌ အနက်ရောင်ပုံရိပ်တစ်ရိပ်က ဖျက်ခနဲရောက်ရှိလာခဲ့သည်။
ဘုန်းဟူသောအသံနှင့်အတူ ထိုလူများအားလုံးလွင့်စင်ထွက်သွားကြပြီး မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားကာ သေသည်လော ရှင်သည်လောကိုပင် မသိရှိနိုင်တော့ချေ။
လုယွီက မြေပြင်ပေါ်၌လဲကျနေသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို အင်္ကျီဂုတ်မှဆွဲမ၍ အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။
"ခင်ဗျားတို့ကို ဘယ်သူလွှက်လိုက်တာလဲ"
လုယွီက စကားပြောနေစဥ်တွင် တာအိုသခင်၏ခြိမ်းခြောက်နိုင်သောအော်ရာကို ထုတ်လွှက်ထားခဲ့သည်။
အစွမ်းထက်သော ခြိမ်းခြောက်နိုင်မှုအော်ရာသည် ထိုနတ်ဆိုးကျင့်ကြံသူ၏ နောက်ဆုံးစိတ်ပိုင်းဆိုင်ရာအတားအဆီးကို တိုက်ရိုက်ပင်ချိုးဖျက်နိုင်လေ၏။
"ဒါ...ဒါက နဝမမင်းသား စေခိုင်းတာပါ"
နတ်ဆိုးကျင့်ကြံသူက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်သည်။
လုယွီ၏မျက်လုံးများအတွင်း၌ ခက်ထန်တင်းမာရိပ်များ ထင်ဟပ်လာခဲ့သည်။ ၊
ယခုကိစ္စသည်လည်း နဝမမင်းသား ထပ်မံဖြစ်နေသလော...။
တားမြစ်နယ်မြေအတွင်း၌ လုယွီ၏ရတနာကို မင်းသားဆယ့်လေးက ရယူရန်ကြံစည်ခဲ့သော်လည်း ယခုထိတိုင်သူက လှုပ်ရှားမှုမစတင်သေးပေ။ နဝမမင်းသားကသာ လှုပ်ရှားမှုတစ်ချို့ပြုလုပ်လာမည်ဟု လုယွီက မျှော်လင့်မထားမိချေ။
"ကြည့်ရတာတော့ ငါကိုယ်တိုင် နဝမမင်းသားကိုသွားတွေ့ဖို့ လိုနေပြီထင်တယ်"
လုယွီက သူ၏ခေါင်းဖြတ်ဓားကိုဆင့်ခေါ်ပြီး ဤနေရာရှိနတ်ဆိုးကျင့်ကြံသူအားလုံး၏ခေါင်းများကို ဖြတ်လိုက်သည်။
ထို့နောက် လုယွီက သူတို့၏ဦးခေါင်းပြတ်များကို ထိန်းချုပ်ပြီး နဝမမင်းသား၏အိမ်တော်သို့ ဦးတည်၍ ထွက်ခွါခဲ့တော့သည်။
လမ်းတလျှောက်လုံး လုယွီ၏နောက်၌ ဦးခေါင်းပြတ်များအတန်းလိုက်ပါရှိနေလေရာ အလွန်အမင်းထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းဖြစ်ပေ၏။
Chapter 369
မြေအောက်လောက၏ပင်မယဇ်ပလ္လင်...နဝမမင်းသား၏အိမ်တော်....
လုယွီ၏နောက်မှ ဦးခေါင်းပြတ်များတစ်တန်းကြီးပါလာနေသေည်မှာ အလွန်သွေးပျက်ပြီးထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းဖြစ်ပေ၏။ လမ်းတစ်လျှောက်လုံး လုယွီသည် လူအားလုံးနီးပါး၏အာရုံကိုဆွဲဆောင်နိုင်ခဲ့ပြီး လူမြောက်များစွာက သိချင်စိတ်ပြင်းပြစွာဖြင့် သူ၏နောက်မှလိုက်ပါလာကြသည်။
ဤနေရာသည် အေးစက်မိုးတိမ်မြို့သာဖြစ်ပါက ကွန်ဖြူးရှပ်တာအိုပညာရှင်များသည် လုယွီအား အပြစ်မဲ့သောအသက်များကိုသတ်ဖြတ်သည်ဟု ကျယ်လောင်စွာစွပ်စွဲပြစ်တင်ကြပေမည်။
သို့သော် ယခုကမူ မြေအောက်လောကရှိနတ်ဆိုးကျင့်ကြံသူများသည် သူတို့ရှေ့၌ဖြစ်ပျက်နေသောကိစ္စကို စိတ်ဝင်စားရုံမျှသာဖြစ်ပေသည်။
"မင်း ဘယ်သူလဲ"
နဝမမင်းသား၏အိမ်တော်ရှေ့သို့ လုယွီအရောက်တွင် အိမ်တော်အစောင့်အကြပ်တစ်စုက အော်ဟစ်မေးမြန်းလိုက်သည်။
လုယွီက သူတို့အား ကြည့်ရှုခြင်းပင်မပြုချေ။ သူ၏လက်ကို သာမာန်ကာလျှံကာဝှေ့ယမ်းလိုက်ရာတွင် အစွမ်းထက်သောကျန်းချီလှိုင်းက ထိုအစောင့်အကြပ်များ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ဖြန်း....ဖြန်း...ဖြန်း
အစောင့်အကြပ်များသည် ထိုကဲ့သို့သောစွမ်းအားများကို တောင့်ခံနိုင်ခြင်းမရှိဘဲ လုယွီ၏ပါးရိုက်ခြင်းကို ခံကြရလေ၏။
"တော်လိုက်တဲ့ကောင်လေး...နဝမမင်းသားအိမ်တော်က အစောင့်အကြပ်တွေကိုတောင် ရိုက်နှက်ရဲတယ်"
"ငါတို့နတ်ဆိုးဂိုဏ်းမှာ နဝမမင်းသားက မောက်မာပြီး အာဏာရှင်ဆန်တဲ့သူတစ်ယောက်...ပဲ့နင်းတွေတောင်မှ သူကို ရန်မစရဲကြဘူး...ဒီကောင်လေးက ဘယ်သူလဲ"
လူတိုင်းက တိုင်ပင်ဆွေးနွေးနေကြ၏။ သို့သော် ထိုအချိန်မှာပင် လုယွီက အိမ်တော်၏တံခါးမကြီးကို ပြင်းထန်စွာကန်ကျောက်ဖွင့်လိုက်မည်ကိုတော့ သူတို့မျှော်လင့်မထားမိကြချေ။
ဘုန်း....
အနီရောင်တံခါးမကြီးပြိုလဲကျသွားပြီးနောက် ဖုန်မှုန့်များတလိပ်လိပ်ထွက်ပေါ်လာခဲ့သည်။
လုယွီက တံခါးမကြီးအား ဖြည်းဖြည်းချင်းကျော်ဖြတ်လိုက်သည်။ သူ့အားတားဆီးရန် ဝင်လာခဲ့သော အစောင့်အကြပ်များသည် ပြင်းထန်သောလေထု၏ရိုက်ခတ်ခြင်းအား ခံလိုက်ရသည်။
နဝမမင်းသား၏အိမ်တော်သည် အလွန်အမင်းခမ်းနားထည်ဝါပေ၏။ အိမ်တော်ရှိ အဆောင်တော်များနှင့်အခန်းများကို အစီအစဥ်တကျ သေချာစွာဆောက်လုပ်ထားလေသည်။ လူတစ်ယောက်က တစ်ချက်ကြည့်မိရုံဖြင့်ပင် ဤအိမ်တော်သည် အနုစိတ်စီမံဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ပြောနိုင်ပေ၏။
အိမ်တော်အတွင်းသို့ ရူးသွပ်နေပုံရသောလူတစ်ယောက် တရကြမ်းတိုးဝင်လာမည်ဟု အစေခံများက မျှော်လင့်မထားမိကြပေ။ ဤအချိန်တွင် သူတို့အားလုံး၏လက်အတွင်း၌ သစ်သီးများကိုင်ဆောင်ထားကြကာ နေရာ၌ပင်ကြက်သေသေပြီး မတ်တတ်ရပ်နေကြသည်။
"သူ့ကို တားဆီးကြ"
"အတင့်ရဲလိုက်တဲ့ ခွေးမသား...မြန်မြန်ဒူးထောက်စမ်း"
အစောင့်အကြပ်များက ဒေါသတကြီးအော်ဟစ်ပြီး လုယွီအား ဝိုင်းရံလိုက်ကြသည်။
သို့ရာတွင် လုယွီ၏အရှိန်ကို သူတို့ကယှဥ်နိုင်ခြင်းမရှိပေ။
လုယွီ၏လက်ညှိုးညွှန်လိုက်ခြင်းနှင့်အတူ ခေါင်းဖြတ်ဓားက မရေမတွက်နိုင်သောဓားချီများအသွင်ပြောင်းလဲသွားပြီး အစောင့်အကြပ်အုပ်စုထံသို့ တိုးဝင်သွားခဲ့သည်။
ဖူး...ဖူး....ဖူး
ခပ်အုပ်အုပ်အသံတစ်ချို့ထွက်ပေါ်လာပြီးနောက် မြောက်များစွာသောဒဏ်ရါများက သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ဖြစ်ပေါ်လာသည်ကို အစောင့်အကြပ်များက အံ့အားသင့်စွာဖြင့် တွေ့ရှိကြရသည်။
ထိုအစောင့်အကြပ်များသည် သူတို့၏ခန္ဓာကိုယ်ပေါ်မှဒဏ်ရါများကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြသည်။ သူတို့က မည်သည့်လှုပ်ရှားခြင်းမှမပြုလုပ်နိုင်သေးမှီမှာပင် အသက်ထွက်သွားနိုင်သည် မဟုတ်လော...။
"နဝမမင်းသား ဘယ်မှာလဲ"
လုယွီက အစေခံတစ်ယောက်ထံသို့သွား၍ လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
အစေခံက အလွန်ကြောက်ရွံနေပြီး တုန်ရီစွာဖြင့် သူ၏နောက်ရှိခြံဝန်းတစ်ခုအား လက်ညှိုးညွှန်ပြလိုက်၏။
လုယွီက ခေါင်းညိတ်ပြပြီးနောက် ရှေ့သို့ဆတ်လျှောက်သွားတော့သည်။ ရုတ်ချည်းဆိုသလိုပင် သူက ခြံဝန်းတစ်ခုအတွင်းသို့ရောက်ရှိလာခဲ့သည်။
"မင်း ဘယ်သူလဲ...မင်းကို ဘယ်သူကအိမ်တော်ထဲ ဝင်ခွင့်ပြုလိုက်တာလဲ"
ခြံဝန်းအတွင်းရှိ သက်တော်စောင့်များက ပြင်ပတွင်မည်သည့်ကိစ္စများဖြစ်ပျက်နေခြင်းကို သိရှိခြင်းမရှိကြသဖြင့် လုယွီအား ဒေါသတကြီးအော်ဟစ်မေးမြန်းလိုက်ကြသည်။
လုယွီက ထိုကဲ့သို့သောသူမျိုးများနှင့် အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။ သူထံမှ ကန်ချက်တစ်ချက်ထွက်ပေါ်လာပြီးနောက် ထိုသက်တော်စောင့်များအားလုံး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ခြံဝန်းအတွင်း၌ စားသောက်ပွဲတစ်ခုကို ကျင်းပနေလေ၏။ သို့သော် ထိုစားသောက်ပွဲ၏မြင်ကွင်းက အနည်းငယ်အကျည်းတန်လှပေသည်။
အစောပိုင်းက လုစွေ့ထင်းသည် လုယွီအား နဝမမင်းသားသည် နှစ်မြွှာကျင့်စဥ်အားလေ့ကျင့်သည်ဟု ပြောဆိုခဲ့သည်။ သူက မိန်းကလေးများကို လူသားဆေးပြင်းဖိုအဖြစ်အသုံးပြုရန် အမြဲတစေရှာဖွေနေသူဖြစ်သည်ဟုလည်း ဖော်ပြခဲ့သေးသည်။
သို့ရာတွင် နဝမမင်းသားမင်းသားသည် ယခုလောတ်ထိအရှက်သိက္ခာကင်းမဲ့ပြီး မျက်နှာပြောင်မည်ကိုတော့ လုယွီမျှော်လင့်မထားမိချေ။
မြေပြင်ပေါ်၌ မိန်းမပျိုတစ်အုပ်စုက အဝတ်ဗလာဖြင့် လဲလျောင်းနေကြသည်။
ခြံဝန်းအတွင်းသို့ လူတစ်ယောက် ကျူးကျော်ဝင်ရောက်လာခြင်းကိုတွေ့မှသာ နဝမမင်းသားက ပိုးထည်ဝတ်ရုံကို ချက်ချင်းခြုံလွှမ်းလိုက်၏။
"မင်းက အခွင့်မရှိဘဲ ဒီနေရာကို ဝင်လာရဲတယ်ပေါ့...မင်း နာမည်ပြောစမ်း"
နဝမမင်းသားက စကားပြောဆိုနေစဥ်တွင် သူ၏မျက်လုံးများအတွင်း၌ ပန်းရောင်အလင်းတန်းများ လင်းလက်နေခဲ့သည်။
လုယွီက သူ့အားကြည့်၍ အေးစက်စက် နှာမှုတ်လိုက်သည်။
"ဟမ့်..ဒီလိုအဆင့်မရှိတဲ့ ပုံရိပ်ယောင်နည်းစနစ်လောတ်လေးနဲ့...ငါရှေ့မှာလာပြီး ပြသရဲတယ်ပေါ့"
ဘုန်း...
လုယွီ၏ဒေါသတကြီးအော်ဟစ်သံနှင့်အတူ ကွန်ဖြူးရှပ်တာအိုစွမ်းအင်များက နဝမမင်းသား၏စိတ်အတွင်းသို့ ချဥ်းနင်းဝင်ရောက်သွားလေ၏။
နဝမမင်းသားက သူဦးနှောက်များ တုန်ခါလာသကဲ့သို့ ခံစားနေရသည်။ နဝမမင်းသား၏ခန္ဓာကိုယ်တစ်ခုလုံးက နေရာ၌ပင်ကြက်သေသေနေသော်လည်း သူ၏ဒွါရခုနစ်ပေါတ်မှနေ၍ သွေးများယိုစီးကျလာခဲ့သည်။
အချိန်တခဏကြာပြီးနောက် နဝမင်းသား၏ခေါင်းအတွင်းမှ မူးနောင်နေမှုများ တဖြည်းဖြည်းလွင့်ပြယ်လာခဲ့သည်။ သူက အံ့ကိုတင်းတင်းကြိတ်ပြီး ခေါင်းခါယမ်းကာ သူ၏ခေါင်းအတွင်းမှ မူးဝေနေမှုကိုဖယ်ရှားရန် ကြိုးပမ်းလိုက်၏။
ဤသူက ထိပ်သီးကျွမ်းကျင်သူတစ်ယောက်လော...။
နဝမမင်းသားက သူ၏ပါးစပ်ကိုဖွင့်ဟပြီး သနားညှာတာပေးရန် တောင်းပန်နေခဲ့သည်။ သို့သော် သူ့၏စကားမဆုံးခင်မှာပင် လုယွီက သူ့အားအပေါ်စီးမှ ကြည့်ရှုနေခြင်းကိုတွေ့မြင်မိသည်။
"မင်း ငါ့ကိုတစ်ချိန်လုံး ရှာနေခဲ့တာလေ...ငါအခု မင်းရှေ့မှာ မတ်တတ်ရပ်နေပြီ...မင်း ဘာလိုချင်တာတုန်း"
လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
Chapter 370
လျှို့ဝှက်နဂါးနန်းတော် လေလံခန်းမ
လေလံပွဲက မပြီးဆုံးသေးသော်လည်း အထက်တန်းလွှာမှမိန်းမပျိုတစ်ချို့သည် စိတ်ပါဝင်စားမှုကင်းမဲ့လာကြသဖြင့် အပြင်သို့ထွက်လာကြတော့သည်။
သူမတို့၏သီးသန့်ခန်းကို မုန့်ချီက မှာကြားထားခြင်းဖြစ်သည်။ ယခု မုန့်ချီမောင်းထုတ်ခံလိုက်ရသဖြင့် သူမတို့သာလျှင် ကျန်ရှိတော့သည်။
"အဲ့ဒီကောင်လေးမှာ ဒီလိုနက်ရှိုင်းတဲ့ နောက်ခံမျိုးရှိနေတာ အံ့အားသင့်စရာကောင်းတယ်"
"တစ်ကယ်လို့ ငါကိုသာ ဆတ်ခံသူအရှင်သခင်က စောင့်ရှောက်ပေးနေမယ်ဆိုရင်...ငါ့ကလန်ကအကြီးအကဲတွေတောင် ငါကိုအော်ငေါက်ရဲမှာမဟုတ်ဘူး"
အထက်တန်းလွှာမိန်းမပျိုတစ်စုသည် စကားတွတ်ထိုးနေကြပြီး သူတို့၏စကားများသည် လုယွီအကြောင်းများဖြင့်သာ ပြည့်နှက်နေသည်။
လုစွေ့ထင်းက သူမ၏အပေါင်းအဖော်များကိုတစ်ချက်ကြည့်ပြီး ကူရာကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်လေ၏။
သူမက အမှန်တရားကို ထိုမိန်းကလေးအုပ်စုထက် ကောင်းစွာသိရှိထားပေသည်။
နှလုံးသားကိုရယူနိုင်ရန် နတ်ဆိုးအင်ပါယာသည် ပဲ့နင်းအဆင့်ကိုပင်စေလွှက်၍ အလယ်ပိုင်းကုန်းမြေမှအစွမ်းထက်ကျင့်ကြံသူများနှင့် တိုက်ခိုက်စေသည့်အတွက် ၎င်းသည်သာမာန်မဟုတ်သောအရာမဖြစ်နိုင်ခြင်းမှာ သိသာထင်ရှားပေသည်။
လုယွီက ထိုနှလုံးသားကို နတ်ဆိုးအင်ပါယာအား ပေးအပ်ခဲ့သဖြင့် အခြေအနေတစ်ခုအရ သူ့အားဆတ်ခံသူအရှင်သခင်ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ပေးနေခြင်းသာ ဖြစ်ပေမည်။
"တစ်ကယ်လို့ ငါကသာ နှလုံးသားကို နတ်ဆိုးအင်ပါယာထံပေးအပ်နိုင်မယ်ဆိုရင်....ငါက မြင့်မားတဲ့အဆင့်အတန်နဲ့မှော်လက်နက်တွေရမှာသေချာတယ်...ဒါပေမယ့် သူက နာမည်ကောင်းဝင်ယူသွားခဲ့တယ်...ငါအတွက် မျှော်လင့်ချက်မရှိတော့ဘူး"
လုစွေ့ထင်း၏စိတ်နှလုံးသားသည် မနာလိုမှုများဖြင့် ပြည့်နှက်နေလေ၏။
သူမက လျှို့ဝှက်နဂါးနန်းတော်၏တံခါးပေါတ်ထံသို့ တစ်ချက်ကြည့်လိုက်ရာတွင် တာဝန်ကျေပွန်လှသောဆတ်ခံသူအရှင်သခင်က လုယွီနောက်မှလိုက်ပါသွားခြင်းကိုသာ တွေ့မြင်မိသည်။
ကြည့်ကြစမ်းပါ....
သူက သူမကိုပင် အာရုံစိုက်ခြင်းမရှိတော့ချေ။
လုစွေ့ထင်းက ကူကယ်ရာမဲ့ပုံဖြင့် ပြုံးလိုက်ပြီးနောက် သူမ၏မျက်လုံးများတွင် တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်သောအရိပ်အယောင် ထင်ဟပ်လာခဲ့သည်။
သူမသည်လည်း ထိုတားမြစ်နယ်မြေအတွင်းသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မြေအောက်လောကနတ်ဆိုးဂိုဏ်းက အင်မော်တယ်မဟာမိတ်အပြင် အလယ်ပိုင်းကုန်းမြေမှလူများနှင့်ပင် တိုက်ခိုက်လိမ့်မည်ကိုတော့ သူမ မျှော်လင့်မထားခဲ့မိချေ။
ဤကဲ့သို့ အစွမ်းထက်သောအင်အားမျိုးသည် သမင်ဖြူကျောင်းတော်က ယှဥ်နိုင်သည့်ကိစ္စမဟုတ်ပေ။
"ဆရာသခင်က ဒီလိုရူးသွပ်မိုက်မဲတဲ့သူမျိုးကို စေလွှက်လိုက်တယ်...ကြည့်ရတာ သမင်ဖြူကျောင်းတော်မှာ ပါရမီရှင်မရှိတော့ဘူးထင်တယ်...ငါက ဒီအခွင့်အရေးကိုယူပြီး သူရဲ့သတင်းကိုပေးပြီး အိမ်ရှေ့စံမင်းသားရဲ့ယုံကြည်မှုကို အရယူရမယ်"
လုစွေ့ထင်း၏မျက်လုံးများက စူးရှစွာတောက်ပလာလေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် မိမိကောင်းကျိုးအတွက် မပြုလုပ်ပါက ကောင်းကင်နှင့်မြေကြီးကြားတွင်သာ ပျက်စီးသွားပေမည်။
အကယ်၍ သူမသာ ဤအခွင့်အရေးကို အရယူနိုင်ပြီး အိမ်ရှေ့စံမင်းသား၏ယုံကြည်မှုကိုရရှိပါက သူမ၏အနာဂတ်သည် အကန့်အသတ်မရှိဖြစ်မည်မှာ သေချာပေသည်။
လုစွေ့ထင်းက ကိစ္စရပ်များကို ဂရုတစိုက်တွေးတောပြီးသည်နှင့် လေလံခန်းမအတွင်းမှ ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။
သူမက အိမ်ရှေ့စံမင်းသား၏မြင်းရထား အတော်ဝေးဝေးသို့မရောက်ရှိသေးခြင်းကို ရုတ်တရက် သတိပြုမိလေ၏။ လုစွေ့ထင်းက ချက်ချင်းပင် မြင်းကိုတရကြမ်း စီးနှင်သွားတော့သည်။
နတ်ဆိုးဂိုဏ်း၏ပင်မယဇ်ပလ္လင်တွင် ကျင့်ကြံသူများအား ပျံသန်းသွားရန် ခွင့်မပြုထားချေ။ အချိန်တခဏအကြာမှာပင် လုစွေ့ထင်းက အိမ်ရှေ့စံမင်းသား၏မြင်းရထားကို အမှီလိုက်လာနိုင်ခဲ့သည်။
"ရပ်လိုက်စမ်း"
အိမ်ရှေ့စံမင်းသား၏မြင်းရထားကို စောင့်ကြပ်နေသော သက်တော်စောင့်တစ်ယောက်က အော်ဟစ်လိုက်သည်။
"ကျွန်မက ဗိုလ်ချုပ်လဲ့ဟိုရဲ့လက်ထောက် ဗိုလ်ချုပ်လုစွေ့ထင်းပါ..အိမ်ရှေ့စံမင်းသားနဲ့တွေ့ချင်ပါတယ်"
လုစွေ့ထင်းက မြေပြင်ပေါ်၌ ဒူးထောက်လိုက်လေ၏။
"အတင့်ရဲလိုက်တာ...အိမ်ရှေ့စံမင်းသားက မင်းတွေ့ချင်တိုင်း တွေ့ခွင့်ရမယ့်သူမို့လား...မြန်မြန်ထွက်သွားစမ်း...မဟုတ်ရင် ဒီနေရာမှာတင် ငါ မင်းကိုသတ်ပစ်လိုက်မယ်"
မင်းသား၏သက်တော်စောင့်က အော်ဟစ်ကြုံးဝါးလိုက်သည်။
လုစွေ့ထင်းသည် အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် သက်တော်စောင့်၏သတိပေးမှုအား ဂရုမစိုက်တော့ချေ။ သူမက အော်ဟစ်ပြောဆိုလိုက်တော့သည်။
"ကျွန်မက လေလံခန်းမမှာတုန်းက ဆတ်ခံသူအရှင်သခင်ကာကွယ်ပေးနေတဲ့သူရဲ့ သရုပ်မှန်ကို သိရှိထားပါတယ်"
"သူမကို သတ်စမ်း"
သက်တော်စောင့်က သူ၏ဓားအားဆွဲထုတ်လိုက်လေ၏။
"ရပ်ကြစမ်း"
လွှမ်းမိုးခြယ်လှယ်နိုင်သောအသံတစ်သံက မြင်းရထားလှည်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ခန်းဆီးလိုက်ကာမြောက်တတ်သွားပြီး အိမ်ရှေ့စံမင်းသား၏မျက်နှာအား လုစွေ့ထင်းက မြင်တွေ့လိုက်ရသည်။
"လှည်းထဲကို ဝင်ခဲ့"
လုစွေ့ထင်း၏နှလုံးသား ကဆုန်စိုင်းခုန်ပေါတ်နေပေ၏။ သူမ၏ ဤတစ်ကြိမ်ဆုံးဖြတ်ချက်သည် မှန်ကန်ကြောင်းကို သူမက ကောင်းစွာသိရှိသွားသည်။ အိမ်ရှေ့စံမင်းသားက သူမ မျှော်လင့်ထားသလိုပင် လုယွီ မည်သူမည်ဝါဖြစ်ကြောင်းကို အာရုံစိုက်နေဆဲဖြစ်သည်။
လုစွေ့ထင်းသည် သူမ၏အပျော်လွန်နေသော မျက်နှာအမူအယာကို အထက်တန်းလွှာမှအမျိုးသမီးတစ်ယောက်၏အပြုံးကဲ့သို့ ပြင်ဆင်ပြီး လှည်းအတွင်းသို့ ဖြည်းဖြည်းချင်းဝင်လိုက်တော့သည်။
……
နဝမမင်းသား၏အိမ်တော်၌....
လုယွီ၏လက်က နဝမမင်းသား၏နဖူးပြင်အား ဖိနှိပ်ထားလေ၏။
နဝမမင်းသား၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ၏ဦးခေါင်းပေါတ်ထွက်လုမတတ်ခံစားနေရကာ မလှုပ်ရှားနိုင်တော့ချေ။
"ပြောစမ်း...ငါ့နောက်ကို ဘာလို့လူတွေ နောက်ယောင်ခံလိုက်ခိုင်းနေတာလဲ"
လုယွီက အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။ လုယွီ၏အသံတွင် နတ်ဆိုးဆန်သောလေသံ တစိုးတစိပါဝင်နေသည်။
သူ၏ကျင့်ကြံမှုနယ်ပယ် တဖြည်းဖြည်းတိုးတတ်လာသည်နှင့်အမျှ လုယွီ၏စိတ်ဝိညာဥ်သည်လည်း ပြန်လည်သက်သာစပြုလာလေ၏။
ယခုလက်ရှိချိန်တွင် လုယွီ၏လေသံသည် တာအိုသခင်၏စိတ်ဝိညာဥ်အော်ရာတစ်ပိုင်းတစ်စနှင့် ရောယှက်ထားခြင်းဖြစ်ရာ နဝမမင်းသားကဲ့သို့ သာမာန်လူတစ်ယောက်က လိမ်ပြောရန်သတ္တိရှိမည်မဟုတ်ချေ။
"ကျွန်တော် မသိဘူး...."
နဝမမင်းသားက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။