← Chapters

အခန်း (၃၇၁-၃၇၅)

Vol. 21-25 Ch. 371-375

အခန်း (၃၇၁-၃၇၅)

Vol. 21-25 Ch. 371-375

Chapter 371

လုယွီက မျက်မှောင်အနည်းငယ် ကြုတ်နေလေသည်။ နဝမမင်းသား၏လေသံအရ သူသည်လိမ်ညာပြောနေခြင်းမဟုတ်ကြောင်းကို လုယွီက ရှင်းရှင်းလင်းလင်းအကဲဖြတ်နိုင်ပေ၏။

နဝမမင်းသားသည် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် သူကအော်ဟစ်လိုက်သည်။

"ပဉ်စမအဝါ..."

ထိုအချိန်တခဏတွင်ပင် လူထွားကြီးတစ်ယောက်က ထောင့်တစ်နေရာမှ ဖြည်းဖြည်းချင်းလေးဘက်ကုန်း၍ ထွက်လာခဲ့သည်။

လုယွီက ခြံဝန်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ထိုလူထွားကြီးက လွန်စွာကြောက်ရွံနေသဖြင့် ကုလားထိုင်တစ်လုံးအောက်သို့ ဝင်ရောက်၍ပုန်းအောင်းနေခြင်းဖြစ်သည်။

လုယွီက လူထွားကြီးသည် သူစိမ်းတစ်ယောက်မဟုတ်ကြောင်း သိရှိလိုက်ရသည်။ တည်းခိုခန်း၌ သူနှင့်လူထွားကြီးတို့ တွေ့ဆုံခဲ့ဖူးပေ၏။

ထိုအချိန်တုန်းက လူထွားကြီးသည် လုရွှမ်အာကို ဖမ်းဆီးလိုနေပြီး လုယွီအား စိတ်ဝိညာဥ်ကျောက်တုံးသုံးသောင်းပေး၍ သူမအား ဝယ်ယူချင်ခဲ့သည်။

ကံဆိုးစွာဖြင့် လုယွီက သဘောတူညီခြင်းမရှိခဲ့ချေ။

နဝမမင်းသား၏မည်သည့်နေရာမှ သတ္တိများထွက်ပေါ်လာသည်ကို မသိရှိရဘဲ သူကရုတ်တရက်တရကြမ်းပြေးထပြီး လူထွားကြီးအား ပါးရိုက်လိုက်လေသည်။

"မင်း ငါ့ကိုဒုက္ခထပ်ပေးပြန်ပြီလား"

လူထွားကြီး၏ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်ရွံမှုကြောင့် တဆတ်ဆတ်တုန်ရီနေခဲ့သည်။ နဝမမင်းသား၏စကားကိုကြားချိန်တွင်မူ သူက မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

"အရှင့်သား...ကျွန်တော် ဘာမှမသိပါဘူး"

လူထွားကြီးက လေသံခပ်သဲ့သဲ့ဖြင့် ပြောဆိုလိုက်သည်။

သူ၏စကားကိုကြားသော နဝမမင်းသား၏စိတ်နှလုံးသားအတွင်းမှ အပူမီးက ပို၍ပူပြင်းလောင်ကျွမ်းလာခဲ့သည်။

"မင်း မသိဘူးပေါ့...ငါကို ထပ်ပြောစမ်း...မင်း မသိဘူးလို့"

နဝမမင်းသားက မြေပြင်ပေါ်ရှိလူထွားကြီးကို သူစိတ်ရှိသမျှ ကန်ကျောက်နေလေသည်။

လူထွားကြီးက နဝမမင်းသားအား တုန့်ပြန်ရန် သတ္တိမရှိသောကြောင့် နေရာ၌ပင် ထိုင်နေလေ၏။ သူက အနည်းငယ်မျှပင် ခုခံကာကွယ်ဝံ့ခြင်း မရှိပေ။ သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဒီနိမ့်ကျတဲ့ငယ်သားက သူခေါ်ဆောင်လာတဲ့ မိန်းခလေးက အရမ်းချောမောလှပတာကိုသတိထားမိတယ်..ဒါကြောင့် လူတစ်ချို့ရှာပြီးတော့ သူကိုသတ်ပြီး မိန်းကလေးကို အရှင့်သားထံဆတ်သဖို့ ကြံရွယ်ထားတာပါ"

"ခွေးမသား....မင်းက ငါကို အရှုပ်အထွေးထဲငြိစွန်းအောင်လုပ်ရဲတယ်ပေါ့"

နဝမမင်းသားသည် အလွန်အမင်းဒေါသထွက်သွားသဖြင့် သူ၏တိုက်ခိုက်မှုများသည် ပို၍ပြင်းထန်လာခဲ့သည်။ သူက လူထွားကြီး သတိလစ်မေ့မျောသွားသည်အထိ ကန်ကျောက်ပြီးမှသာ ရပ်တန့်လိုက်၏။ ထို့နောက် သူ၏ခေါင်းကို လုယွီဘက်သို့လှည့်၍ ပြုံးပြကာ ပြောဆိုလိုက်သည်။

"မင်း မြင်တဲ့အတိုင်းပဲ..."

လုယွီက နဝမမင်းသားအား တစ်ချက်ကြည့်ပြီး လေးလေးနက်နက်ပြောဆိုလေ၏။

"ဒါ နောက်ဆုံးအကြိမ်ဖြစ်ပါစေ...မင်း ကိုယ့်လူကိုယ် နောက်တစ်ခါမထိန်းသိမ်းနိုင်လို့ကတော့ မင်းလည်ပင်းပေါ်ဓားရောက်ပြီသာမှတ်"

နဝမမင်းသားက တုန်တုန်ရီရီဖြင့်ခေါင်းညိတ်နေလေသည်။

လုယွီက နဝမမင်းသားနှင့်ထပ်မံအချိန်ဖြုန်းလိုစိတ်မရှိတော့ချေ။ သူ၌ အရေးကြီးကိစ္စများဆောင်ရွက်ရန်ကျန်ရှိနေပေ၏။

လုယွီထွက်ခွါသွားပြီးနောက် မင်းသား၏အိမ်တော်တစ်ခုလုံး ရှုပ်ထွေးကျန်ခဲ့သည်။

အစေခံများသည် ကြောက်စိတ်မွှန်ပြီးပုန်းအောင်းနေကြရာမှ အပြေးထွက်လာကြသော်လည်း နဝမမင်းသား၏ရှေ့တွင် မည်သို့မျက်နှာထားရမည်ကိုပင် မသိရှိကြတော့ချေ။

"မင်း...ဒီကိုလာစမ်း"

နဝမမင်းသားက အစေခံတစ်ယောက်ကို လက်ဝှေ့ယမ်း၍ခေါ်လိုက်သည်။

အစေခံ၏မျက်လုံးများအတွင်း၌ ကြောက်ရွံမှုများထင်ဟပ်နေသော်လည်း သူမက နာခံရိုကျိုးစွာဖြင့် အနောက်မှထွက်လာခဲ့သည်။

နဝမမင်းသားက သူ၏လက်ကိုဆန့်ထုတ်ပြီး ထိုအစေခံ၏မေးစေ့အား ညှပ်ကိုင်ထားလေ၏။

အစေခံသည်အလွန်နာကျင်နေပြီး သူမ၏မျက်ရည်များပင် ကျလုဆဲဆဲဖြစ်နေသော်လည်း သူမက မလှုပ်ရှားဝံ့ပေ။

"အဲ့ဒီလူရဲ့နောက်ခံကို သွားစစ်ဆေးစမ်း...တစ်ကယ်လို့ ဒီနေ့တွေ့အောင်မရှာနိုင်ရင် မင်းပြန်မလာနဲ့တော့"

နဝမမင်းသားက လေးနက်သောလေသံဖြင့် ညွှန်ကြားနေလေ၏။

နဝမမင်းသား၏ကန်ကျောက်ခံရမှုကြောင့် မြေပြင်ပေါ်၌လဲလျောင်းနေသော လူထွားကြီးသည် ချက်ချင်းပင်ထရပ်ပြီး လေးလေးစားစားပြန်လည်ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့...အရှင့်သား"

……

နဝမမင်းသား၏အိမ်တော်မှ ထွက်ခွါလာပြီးနောက် လုယွီက တည်းခိုခန်းတစ်ခုသို့ နေထိုင်ရန်သွားရောက်ခဲ့သည်။

ထို့နောက်သူက မည်သည့်ပြင်ပနှောက်ယှက်မှုမျိုးမျှဝင်ရောက်မလာစေရန် သူ၏အခန်းပတ်လည်၌ အကာအကွယ်ဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်သည်။

အခန်းအတွင်းသို့ရောက်သည်နှင့် လုယွီက ဓားကျိုးကို ထုတ်လိုက်လေ၏။

ဓားကျိုးထွက်ပေါ်လာသည်နှင့် ထက်ရှသောဓားချီများက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအနှံ့ ဝေ့ဝိုက်နေပေသည်။

ဝမ်....

ပတ်ဝန်းကျင်လေထုအတွင်း၌ အရာအားလုံးကိုဆုတ်ဖြဲနိုင်ပုံရသည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှိနေခဲ့သည်။

"ကောင်းကင်ဘုံအင်ပါယာရဲ့ သတ်ဖြတ်ခြင်းဥပဒေသက အရမ်းဆန်းကြယ်တယ်...ဒီနေရာမျိုးမှာရှိနေမယ်လို့တောင် ငါ မျှော်လင့်မထားမိဘူး"

လုယွီ၏စကားများတွင် သတိထားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ထိုအချိန်တုန်းက သူ၏စွမ်းရည်အားလုံးကို အကုန်အစင်အသုံးပြု၍ ကောင်းကင်ဘုံအင်ပါယာအား တိုက်ခိုက်ခဲ့ရသည်။

သို့ရာတွင် ကောင်းကင်ဘုံအင်ပါယာသည် တိုက်ခိုက်နေစဥ်မှာပင် သူ၏ဥပဒေသများက်ုခွဲခြမ်းပြီး သူ့စိတ်ဝိညာဥ်ပြန်လာနိုင်ရန်အတွက်စီစဥ်ရန် စွမ်းအားများကျန်ရှိနေအုံးမည်ကိုတော့ လုယွီ မျှော်လင့်မထားမိချေ။

"မင်းရဲ့စိတ်ဝိညာဥ်ကို အပိုင်းဘယ်နှစ်ပိုင်းထိ ခွဲခြမ်းထားလဲဆိုတာ ငါ သိချင်မိတယ်"

လုယွီက ဓားကျိုးအတွင်းမှ ဥပဒေသကိုထုတ်ယူပြီး သူ၏ပါးစပ်အတွင်းသို့ တိုက်ရိုက်ပင်ဝါးမြိုလိုက်သည်။

Chapter 372

လုယွီက သတ်ဖြတ်ခြင်းဥပဒေသပါဝင်သော စိတ်ဝိညာဥ်အပိုင်းအစကို သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဝါးမြိုခဲ့ခြင်းဖြစ်သည်။

စိတ်ဝိညာဥ်အပိုင်းအစဝင်ရောက်လာသည်နှင့် လုယွီက သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားသည်ကို ရုတ်တရက်ခံစားမိလေသည်။ ထိုခံစားချက်သည် သူ၏စိတ်အတွင်းပိုင်းထိ ထိုးဖောတ်ဝင်ရောက်လာခဲ့သည်။

လုယွီ၏မျက်လုံးများ သွေးနီရောင်သို့ ဖျက်ခနဲပြောင်းလဲသွားခဲ့သည်။

ခရက်....ခရက်...

သူ၏ခန္ဓာကိုယ်အရည်ပြားမှ အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက် ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းများက အနီရောင်အလင်းလွှာပေါ်တွင် ထွက်ပေါ်လာပြီး တဖြည်းဖြည်းချင်း အလွှာတစ်ခုလုံးအနှံ့ပျံ့နှံ့သွားခဲ့သည်။

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှုပြီးနောက် သူ၏ကျန်းချီလှိုင်းများဖြင့် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်ကို စတင်ဖိနှိပ်လိုက်သည်။

အမွှေးတိုင်နှစ်တိုင်စာခန့်လောင်ကျွမ်းပြီးချိန်ခန့်တွင် လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ပို၍ပို၍ အားကောင်းလာခဲ့သည်။ အဆုံးသတ်၌ သူ ထိန်းချုပ်ရန်ခက်ခဲသောအခြေအနေသို့ ရောက်ရှိလာခဲ့သည်။

"ဒါက ငါ ကျင့်ကြံဆင့်ချိုးဖျက်ရမယ့်အချိန်ပဲ"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာလေ၏။ ဤသေရေးရှင်ရေးအခြေအနေမျိုးတွင် လုယွီ၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားပြီးနောက် တည်းခိုခန်းတစ်ခုလုံးကို ပြင်းထန်သောအပူလှိုင်းက လွှမ်းခြုံသွားခဲ့သည်။

ရုတ်တရက် အားကောင်းသောလေလှိုင်းများကလည်း ဝေ့ဝိုက်တိုက်ခတ်လာမှုကြောင့် တည်းခိုခန်း၏​တံခါးနှင့်ပြတင်းပေါတ်အမြောက်အများ ပေါတ်ကွဲသွားကြသည်။

ကျိုးပဲ့နေသောအပိုင်းအစများသည် နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။ တစ်ချို့အပိုင်းအစများသည် နံရံများပေါ်သို့ ကျရောက်သည့်အခါတွင် နက်ရှိုင်းသောအပေါက်ကြီးများကို ချန်ထားခဲ့လေ၏။

မူလက အခန်းအတွင်းတွင် ကောင်းမွန်သေသပ်သော ပရိဘောကတစ်ချို့ရှိနေသော်လည်း ရုတ်တရက် ပြင်းထန်သောလှိုင်း၏တိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစကြေမွသွားခဲ့သည်။

လုယွီက တည်းခိုခန်းအတွင်းမှ တိုးထွက်ပြီး မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ သူ၏ကျင့်ကြံဆင့်ချိုးဖျက်ခြင်းသည် ကျရှုံးခဲ့ပေ၏။

သူက တစ်စုံတစ်ခုလွဲချော်သွားသကဲ့သို့ ခံစားရပြီး မျက်မှောင်ကြုတ်ထားလေသည်။

"သတ်ဖြတ်ခြင်းဥပဒေသက...ငါ့အတွက် လုံလောတ်တဲ့အထိမကောင်းပါလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

"ဧည့်သည်...မင်း ဘယ်လိုနေသေးလဲ"

တည်းခိုခန်းပိုင်ရှင်က ပြင်ပသို့ပြေးထွက်လာပြီး ငိုသံပါကြီးနှင့် လုယွီအားပြောဆိုလိုက်၏။

လုယွီက ပြန်လည်ပြောဆိုလိုက်သည်။

"ဒါက အဆင်ပြေပါတယ်...ခင်ဗျား ဘာမှစိတ်ပူစရာမရှိပါဘူး"

"ကောင်းပါပြီ...ကျွန်တော်သွားတော့မယ်"

ဆိုင်ပိုင်ရှင်က လုယွီအား အနှောက်အယှက်မပေးတော့ဘဲ တစ်ယောက်တည်းထွက်ခွါသွားတော့သည်။

လုယွီ တည်းခိုခန်းသို့ရောက်လာစဥ်က ဆိုင်ရှင်အား ငွေကြေးများစွာပေးခဲ့သည်။ ယခုလက်ရှိတွင် သူက တည်းခိုခန်း၏အထူးဧည့်သည်တစ်ယောက်ဖြစ်လေ၏။ ထိုကြောင့် လုယွီအား ဆိုင်ပိုင်ရှင်က မည်သည့်စိတ်အနှောက်အယှက်မျိုးမျှဖြစ်လိုစိတ်မရှိပေ။

"အခု ငါက ကျင့်ကြံဆင့်ချိုးဖျက်တာ ကျရှုံးသွားတဲ့အတွက်....ငါရဲ့ခန္ဓာကိုယ်ကကျန်းချီတွေ သုံးပုံတစ်ပုံလောတ်အားနည်းသွားတယ်"

"တစ်ကယ်လို့ ငါ ထပ်ပြီးအဆင့်ချိုးဖျက်ချင်တယ်ဆိုရင် သာမာန်နည်းလမ်းနဲ့ချိုးဖျက်လို့မရမှာကို ငါ စိုးရိမ်မိတယ်...ငါ အဆင့်ချိုးဖျက်နိုင်ဖို့ စိတ်ဝိညာဥ်စွမ်းအင်အလုံအလောတ်ထောက်ပံ့နိုင်တဲ့ အခွင့်အရေးရမှဖြစ်မယ်"

အကယ်၍ လုယွီနေရာတွင် တစ်ခြားသူတစ်ယောက်ဖြစ်ပါက ယခုအချိန်တွင် ကျင့်ကြံဆင့်ချိုးဖျက်မှုကျရှုံးသည့်အတွက် ခေါင်းများပူခူလာသည်အထိစိတ်ပျက်လက်ပျက်ဖြစ်နေပေမည်။

သို့သော် လုယွီကမူ နှစ်ထောင်သောင်းချီကြာသည့်အထိ ကျင့်ကြံပြီးသူဖြစ်သဖြင့် မြောက်များစွာသော ကျရှုံးမှုများကိုကြုံတွေ့ပြီးသူဖြစ်သည်။ မည်သည်ကြောင့် ဤကိစ္စရပ်လောတ်နှင့် သူကိုယ်သူ ချောင်ပိတ်ခံနေမည်နည်း။

"စိတ်ဝိညာဥ်စွမ်းအင်က ငါ့အတွက် တစ်ကယ်ကိုမလုံလောတ်ခဲ့ဘူး...မဟုတ်ရင် စိတ်ဝိညာဥ်အပိုင်းအစက သတ်ဖြတ်ခြင်းဥပဒေသရဲ့ တွန်းလှန်တိုက်ခိုက်တာကို ငါ ခံရမှာမဟုတ်ဘူး"

"သွေးကျွန်က သွေးကန်တစ်ခုကို သူတည်ဆောတမထားတဲ့အကြောင်း ငါကိုပြောဖူးတယ်...ဒါက ငါ့အတွက်ရွေးချယ်မှုကောင်းတစ်ခုဖြစ်နိုင်တယ်"

လုယွီက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေလေသည်။ သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်များဖြင့် တောက်ပနေလေ၏။ သူ မည်သည့်အချိန်ထိတိုင် တွေးတောနေမိခြင်းကိုပင် သူမသိရှိတော့ချေ။

……

သုံးရက်ကြာပြီးနောက်...

လုယွီ၏အခန်းပြင်ပတွင် ရှန်းချင်က ရိုကျိုးသောဟန်ဖြင့် မတ်တတ်ရပ်နေလေသည်။

ရှန်းချင်၏အနီးပတ်လည်တွင် မည်သူမျှရှိမနေဘဲ ဆိုင်ပိုင်ရှင်ပင်လျှင် သူအနားသို့မကပ်ဝံ့ပေ။

"အရှင်...နတ်ဆိုးအင်ပါယာက အရှင်ကို သွေးကန်ကိုခေါ်ဆောင်သွားဖို့ ကျွန်တော်ကိုအမိန့်ပေးထားလို့ပါ"

ရှန်းချင်က ရိုလေလေးစားစွာဖြင့် ပြောဆိုလိုက်သည်။

အချိန်တခဏအကြာတွင် တံခါးပွင့်သွားပြီး အခန်းအတွင်းမှ လုယွီထွက်လာခဲ့သည်။

"သွားကြရအောင်"

လုယွီက ခပ်ပေါ့ပေါ့ပြောဆိုလိုက်လေ၏။

ရှန်းချင်က လုယွီကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်ရှုမိလေသည်။ ယခုအချိန်တွင် သူက လုယွီထံမှ ပြင်းထန်သောဆေးရနံ့ကို ရုတ်တရက်အနံရမိသည်။

ရှန်းချင်က လုယွီအား မေးမြန်းလိုသော်လည်း သူက ထမ်မံစဥ်းသားလိုက်ပြီးနောက်တွင် စကားတစ်ခွန်းမျှမဆိုတော့ချေ။

သွေးကန်သည် နတ်ဆိုးနန်းတော်၏အနောက်ဘက်၌ တည်ရှိပေ၏။

မြေအောက်လောကတွင် ဤနေရာအား ဆယ်နှစ်တစ်ကြိမ်သာ ဖွင့်လှစ်သည်။ မြေအောက်လောကနတ်ဆိုးဂိုဏ်းအား ကြီးမားသောအကျိုးကျေးဇူးပြုခဲ့သောသူများသာ ဤနေရာသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မှီပြီး သွေးနှစ်ခြင်းမင်္ဂလာကို ပျော်ရွှင်စွာပြုလုပ်ကြပေသည်။

ဤတစ်ကြိမ်တွင် ရှန်းချင်က လုယွီအား လမ်းပြခေါ်ဆောင်လာလေရာ လမ်းတလျှောက် မည်သည့်အတားအဆီးနှင့်မျှ မကြုံတွေ့ရပေ။

"သူက ဘယ်သူလဲ"

"ဆတ်ခံသူအရှင်သခင် ရှန်းချင်ကိုယ်တိုင် သူကိုခေါ်ဆောင်လာခဲ့တာ...သူက နောက်ခံအင်အားတောင့်တင်းမယ့်ပုံပဲ"

Chapter 373

လူတိုင်းနီးပါးက လုယွီကိုကြည့်ရှုနေကြပြီး တိုင်ပင်ဆွေးနွေးနေကြသည်။

လုယွီက ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုလိုက်ရာတွင် နတ်ဆိုးအရှင်သခင်၏ခန်းမနောက်၌ အမှန်တစ်ကယ်ပင် သွေးရေကန်ကြီးတစ်ခုရှိနေခြင်းကို တွေ့မြင်မိသည်။

ထိုရေကန်သည် သဘာဝအတိုင်းဖြစ်တည်လာသော မီးတောင်တစ်ခုနှင့် တူညီနေသည်။ တောင်တန်းများမှ လှိုင်းလုံးကြီးများကဲ့သို့ သွေးစွမ်းအင်များထွက်ပေါ်လာပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

သွေးကန်၏နံဘေး၌ မြောက်များစွာသော လူငယ်ပါရမီရှင်များ ရှိနေခဲ့သည်။ ထိုလူငယ်အများစုသည် သူတို့နှင့်သက်တူရွယ်တူများနှင့် နှိုင်းယှဥ်ပါက ပါရမီရှိသည်ဟု သတ်မှတ်နိုင်ကြသူများဖြစ်ပေ၏။

မင်းသားဆယ့်လေးကမူ လုယွီကိုမြင်သည်နှင့် ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။

"ရတနာတစ်ခုလေး ဆတ်သရုံနဲ့ ငါ့အဖေရဲ့စောင့်ရှောက်မှုကို ရသွားတဲ့ကောင်လဲ ဒီနေရာကိုရောက်နေပါလား...ငါအဖေကြောင့်သာမဟုတ်ရင် သူလိုကောင်မျိုးက ဒီနေရာကိုလာဖို့ အရည်အချင်းပြည့်မှီမှာမဟုတ်ဘူး"

တစ်ခြားပါရမီရှင်လူငယ်များကလည်း ရယ်မောရင်းနှင့် ထောက်ခံပြောဆိုနေကြ၏။

"မင်းသား ပြောတာမှန်တယ်...ကျွန်တော်တို့က ဘယ်လိုလူတွေမို့လဲ...သာမာန်လူမျိုးတွေက ကျွန်တော်တို့နဲ့ ဘယ်လိုလုပ်နှိုင်းယှဥ်နိုင်မှာလဲ"

"ဒီတစ်ကြိမ် သွေးကန်ကို ဝင်ရောက်နိုင်ဖို့က ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်တယ်"

လူငယ်ပါရမီရှင်များ၏ မျက်လုံးများသည် ယုံကြည်ချက်ခိုင်မာမှု အရိပ်အယောင်များ ပြည့်နှက်နေလေ၏။

လုယွီကမူ သူတို့လူစုအား လျစ်လျှူရှုထားပေသည်။

"အရှင်...ဒီနေရာက နတ်ဆိုးအင်ပါယာရဲ့ကန့်သတ်ချက်အရ အသက်သုံးဆယ်အောက်လူငယ်တွေပဲ သွေးကန်ထဲကို ဝင်ခွင့်ရမယ်...ကျွန်တော်ကို ထွက်သွားခွင့်ပြုပါ"

ရှန်းချင်က လက်သီးဆုပ်၍အရိုအသေပြုပြီး ထွက်ခွါသွားတော့သည်။

လုယွီက သူ၏ရှေ့ရှိသွေးကန်ကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ သူက သွေးကန်အတွင်းရှိ တလိမ့်လိမ့်တတ်နေသော သွေးစွမ်းအင်များကို အာရုံခံစားမိသည်။ အကယ်၍ သူသာ ဤသွေးစွမ်းအင်များကို အသုံးပြုနိုင်ပါက သူ၏ကျင့်ကြံဆင့်သည် တစ်ဆင့်ထက်မက မြင့်မားသွားမည်မှာ သေချာပေ၏။

"နင်က တစ်ကယ်ကို ကပ်တွယ်နေတဲ့မကောင်းဆိုးရွားတစ်ကောင်လိုပဲ...နင် ဒီနေရာမှာ ဘာလုပ်နေတာလဲ...နင်က သွေးကန်ရဲ့နှစ်ခြင်းမင်္ဂလာခံယူပြီး ကျင့်ကြံဖို့လာခဲ့တာလား"

လုယွီ၏နောက်ကျောမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာလေသည်။

လုယွီက လှည့်ကြည့်လိုက်ရာတွင် လုစွေ့ထင်းအား တွေ့မြင်မိသည်။ လက်ထောက်စစ်ဗိုလ်ချုပ်တစ်ယောက်သည်လည်း ဤနေရာသို့ဝင်ရောက်ခွင့်ရှိမည်ဟု သူ မျှော်လင့်မထားမိချေ။ လုယွီက လေသံတိုးတိုးဖြင့်သာ ပြောဆိုလိုက်သည်။

"ဘာကိစ္စ ရှိလို့လဲ"

"ဟွန့်...နင် ဒီနေရာကနေ ခုချက်ချင်းထွက်သွားတာ ပိုကောင်းလိမ့်မယ်လို့ ငါလာပြောတာ...သွေးကန်ထဲက သွေးစွမ်းအင်တွေက နင်လိုကောင်မျိုး ခံယူသင့်တဲ့အရာမဟုတ်ဘူး"

လုစွေ့ထင်းသည် စိတ်မကြည်မသာဖြစ်နေသဖြင့် လုယွီအား တဲ့တိုးပင်နှိမ့်ချပြောဆိုလိုက်တော့သည်။ သူမ၏အမြင်တွင် ယခုလုယွီရရှိနေသော အကျိုးကျေးဇူးမှန်သမျှသည် နှလုံးသားကြောင့်သာဖြစ်သည်။ ထိုနှလုံးသားသည် မူလကတည်းက သူမ၏အပိုင်သာ ဖြစ်သင့်သည်။

လုယွီက တားမြစ်နယ်မြေအတွင်း၌ သူမတို့အားလုံးကိုကယ်တင်ခဲ့သောကိစ္စကိုမူ သူမ မေ့လျော့နေသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

သူမက ထိုအကြောင်းကိုတွေးတောမိလျှင်ပင် လုယွီက သူမဆရာသခင်၏မှော်ရတနာကို အမှီပြု၍သာ စွမ်းဆောင်နိုင်ခြင်းဖြစ်သည်ဟု တွေးတောနေလေ၏။ သူ၏စွမ်းအားသည်လည်း သူမအပိုင်သာဖြစ်သင့်ပေသည်။

လုယွီက သူ၏ခေါင်းကိုသာခါယမ်းနေလေသည်။ သူက လုစွေ့ထင်းအား ဂရုစိုက်လိုစိတ်မရှိချေ။ သူမအားကျော်ပြီး လုယွီက သွေးကန်ထံသို့သာ တိုက်ရိုက်လျှောက်သွားခဲ့သည်။

"တစ်ကယ်လို့ နင်မရပ်သေးဘူးဆိုရင်တော့...ရှေ့ကိုဆတ်သွားဖို့ပဲ ငါ အကြံပေးတော့မယ်"

လုစွေ့ထင်းက လုယွီအား ခနဲ့တဲ့တဲ့ပြောဆိုနေလေ၏။

လုယွီက ခြေတစ်လှမ်းပြီးတစ်လှမ်း သွားနေရာ သွေးကန်အနားသို့ ရောက်ရှိသွားတော့သည်။

"အဲ့ဒီကောင် ရူးများနေသလား"

"သွေးကန်က ဆူပွတ်နေတဲ့အခြေအနေမှာပဲရှိသေးတယ်...ငါတို့တောင် သွေးကန်တည်ငြိမ်ပြီး အထဲကိုဝင်လို့ရမယ့်အချိန်ကို စောင့်နေကြရတာ"

"ဒီကောင် တော်တော်မိုက်မဲတဲ့ကောင်ပဲ"

လူအားလုံးက လုယွီကသွေးကန်ထံသို့ လျှောက်လှမ်းသွားခြင်းကို ကြည့်ရှုနေကြသော်လည်း မည်သူကမျှတားဆီးခြင်းမရှိချေ။

လူအမြောက်အများသွေးကန်အတွင်းသို့ဝင်လေလေ သွေးစွမ်းအင်များပို၍ရရှိလေဖြစ်ပေ၏။

အကယ်၍ သွေးကန်အတွင်း၌ လူသေဆုံးပါက ကျန်ရှိသူများသည် စွမ်းအင်ပို၍ရရှိပေမည်။

မင်းသားဆယ့်လေး၏နှုတ်ခမ်းများက ပြုံးယောင်သန်းနေလေသည်။

အိမ်ရှေ့စံမင်းသားကမူ လုယွီကို တစ်ချက်သာကြည့်ရှုပြီး သေလူတစ်ယောက်ကဲ့သို့သဘောထားကာသူ၏မျက်လုံးများကိုမှိတ်လိုက်သည်။

လုယွီက သွေးကန်၏အလယ်ဗဟိုနားထိလျှောက်သွားပြီး ခုန်ချလိုက်တော့သည်။

ဘုန်း...

သွေးကန်သည် မီးတောင်ပေါတ်ကွဲသွားသကဲ့သို့ ချက်ချင်းပင် ပတ်ဝန်းကျင်နေရာအနှံ့သို့ မြောက်များစွာသောသွေးများ ပြန့်ကြဲသွားလေ၏။

သွေးစိမ်းများ စီးထွက်လာပြီးနောက် ချက်ချင်းပင် တောင်တစ်တောင်လုံးစတင်လှုပ်ခတ်လာတော့သည်။

"သေစမ်း...ခွေးမသားက သူဟာသူသေကြောင်းကြံချင်တာတောင် ငါတို့ကိုပါ ရှုပ်ထွေးအောင်လုပ်သွားသေးတယ်"

လူအုပ်ကြီးက လုယွီအား ကျိန်ဆဲကြပြီး အလျှင်အမြန်ရှောင်တိမ်းလိုက်ကြသည်။

လုယွီအတွက်ကမူ သူကသွေးကန်အတွင်းသို့ ခုန်ဆင်းသွားသည့်အတွက် သေသည်လော ရှင္သည်လောကိုပင် မသိရတော့ချေ။

Chapter 374

အမှန်တစ်ကယ်တော့ လုယွီက သေဆုံးသွားခြင်းမရှိချေ။ စင်စစ်အားဖြင့် ဤသွေးကန်အား လေနှင့်ရေနည်းစနစ်များဖြင့် ကြံကြံဖန်ဖန်ဖွဲ့စည်းထားခြင်းဖြစ်သည်။ သွေးကျွန်၏နည်းစနစ်များအားလုံးသည် လုယွီက ချီးမြှင့်ထားခြင်းဖြစ်၍ သွေးကန်သည် လုယွီတည်ဆောတ်ထားသည်ဟုပင် ဆိုနိုင်ပေ၏။

လုယွီက သွေးကန်အတွင်းသို့ ခုန်ချလိုက်ချိန်တွင် တစ်ချိန်လုံးဆူပွက်နေသောသွေးရေများသည် သူအားလောင်ကျွမ်းစေခြင်းမရှိသည်သာမက အလွန်အမင်းညင်သာလာခဲ့သည်။ သွေးကန်မှနေ၍ မြောက်များစွာသော မှိန်ပျပျအနီရောင်လိုင်းများမျောလွင့်လာပြီး လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကြ၏။

လုယွီက သွေးကန်အတွင်း၌ ပလ္လင်ခွေထိုင်နေပြီး စတင်၍ အရူးအမူးကျင့်ကြံနေတော့သည်။

သွေးကန်၏ပြင်ပ၌ လူအများအားလုံး စောင့်ဆိုင်းနေကြသည့်အချိန်သည် နောက်ဆုံး၌ ရောက်ရှိလာလေ၏။

"သွေးကန်ရဲ့အော်ရာက တည်ငြိမ်စပြုလာပြီ"

"ဒါက သွေးကန်ထဲဝင်ပြီး နေရာကောင်းကိုလုယူဖို့အချိန်ပဲ"

သူတို့က အလွန်ပျော်ရွှင်စွာဖြင့် သွေးကန်အတွင်းသို့ ပြေးဝင်လိုက်ကြသည်။ မင်းသားတစ်ချို့ပင်လျှင် ချွင်းချက်မရှိ ခုန်ဝင်သွားကုန်၏။

လုစွေ့ထင်းက သူမ၏နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုကိုတောင့်မခံနိုင်တော့ချေ။ သို့ရာတွင် သူမက အနည်းငယ်တွန့်ဆုတ်နေပြီးနောက် အိမ်ရှေ့စံမင်းသားအားကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားက သူမကို အပြုံးဖြင့်ပြောဆိုလိုက်လေ၏။

"ဒါက အဆင်ပြေပါတယ်...မင်းက ငါကို အရေးကြီးတဲ့သတင်းအချက်အလက်တွေပေးခဲ့တာကြောင့် မင်းလည်းသွေးကန်မှာ နှစ်ခြင်းမင်္ဂလာခံယူနိုင်တယ်"

"ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် အရှင့်သားကို ကျေးဇူးတင်ပါတယ်"

လုစွေ့ထင်းက ကျေးဇူးတင်မှုအပြည့်ဖြင့် အိမ်ရှေ့စံမင်းသားကို ဦးညွှတ်နေလေသည်။ သွေးကန်၏သွေးနှစ်ခြင်းမင်္ဂလာသည် သူမ၏အနာဂတ်ကျင့်ကြံမှုအတွက် လွန်စွာအရေးပါပေ၏။

"ဟား ဟား ဟား...ငါဒီတစ်ကြိမ်တော့ ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်နိုင်ရမယ်"

"ငါ နောက်ဆုံးတော့ သွေးကန်ထဲမှာ ကျင့်ကြံဖို့အခွင့်အရေးရရှိခဲ့ပြီ"

သူတို့အားလုံးက အပျော်လွန်နေပြီး တစ်ယောက်ပြီးတစ်ယောက်သွေးကန်အတွင်းသို့ ခုန်ဆင်းနေကြ၏။

သွေးကန်မှသွေးရေအား သူတို့၏ခန္ဓယကိုယ်အရေပြားအား ထိတွေ့မိသည်နှင့် သံရည်ပူနှင့်ထိတွေ့မိသကဲ့သို့ တဖျစ်ဖျစ်အသံများထွက်ပေါ်နေခဲ့သည်။ သို့သော် ယခုနေရာရှိသူများသည် အလွန်အမင်းအားကောင်းသော စိတ်စွမ်းအင်ပိုင်ဆိုင်သူများဖြစ်သဖြင့် ဤမျှနာကျင်မှုကိုဂရုမစိုက်ကြချေ။ ထိုသူများက ယခုအချိန်အတွက်ကြိုတင်ပြင်ဆင်ထားပုံဖြင့် သူတို့၏စွမ်းရည်ရှိသလောတ် သွေးစွမ်းအင်များကို စုပ်ယူလိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် သွေးကန်အတွင်းရှိအော်ရာများသည် နေရာတစ်ခုသို့သာ တိုးလျှိုးပေါတ်စီးဆင်းနေခြင်းကို သူတို့က သိရှိလိုက်လေ၏။

"ဘာတွေဖြစ်နေတာလဲ"

လူများက အံ့အားသင့်တုန်လှုပ်ကုန်ကြသည်။

ဤကိစ္စက ဖြစ်သင့်သောအရာမျိုးမဟုတ်ချေ။

အတိတ်တွင် ဤသွေးကန်တွင်းသို့ဝင်ခွင့်ရရန်အတွက် သူတို့ကသေလုမျောပါးကြိုးပမ်းခဲ့ရသည်။ နောက်ဆုံး၌သာ သူတို့က သွေးကန်အတွင်း၌ကျင့်ကြံရန် အခွင့်အရေးရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုလက်ရှိချိန်တွင်မူ သွေးကန်အတွင်းမှအော်ရာများအား တစ်စုံတစ်ယောက်က လုယူသွားသည့်ပုံပေါ်လွင်နေသည်။

"ဘယ်သူလုပ်တာလဲ"

မင်းသားဆယ့်လေးက ရုတ်တရက်အော်ဟစ်လိုက်လေ၏။ သူက ဆိုးရွားသောစိတ်နေသဘောထားရှိသည့်အပြင် သွေးအလောင်းကောင်၏နှလုံးသားကြောင့် သူ၏ဒေါသကြီးမှုသည် တစ်ရက်ထက်တစ်ရက် ပို၍ဆိုးရွားလာခဲ့သည်။

"သွေးစွမ်းအင်တွေ ထုတ်လွှတ်တဲ့မူလရင်းမြစ်က ဘယ်နေရာမှာလဲ"

မင်းသားဆယ့်လေး၏မျက်လုံးများ တောက်ပသွားပြီး သူက ချက်ချင်းပင် မူလရင်းမြစ်အားရှာဖွေတွေ့ရှိသွားသည်။

မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ သူက ကူးခတ်သွားလိုက်၏။

သွေးကန်၏အလယ်ဗဟို၌ သွေးစွမ်းအင်များအားလုံးသည် လုယွီ၏အနီးတစ်ဝိုက်၌ ရေဝဲတစ်ခုအသွင်စုဝေးနေကြသည်။ ထိုအချိန်တခဏမှာပင် လုယွီ၏နဖူးပြင်မှ ကြီးမားသောအနက်ရောင်သင်္ကေတကိုးခုထွက်ပေါ်လာပြီး လှည့်ပတ်နေလေ၏။ သူ၏အော်ရာသည်လည်း မြင့်တတ်လာခဲ့သည်။

"ဒါဆို သူပေါ့...သူက အဆင့်ချိုးဖျက်ချင်နေတာလား"

မင်းသားဆယ့်လေး၏မျက်လုံးများက အေးစက်စက်တောက်ပသွားခဲ့သည်။ လုယွီက အဆင့်ချိုးဖျက်လိုနေခြင်းကို သူ မည်သို့မျှခွင့်မပြုနိုင်ချေ။

"ပြန်တွေးကြည့်ရင် မင်းက သွေးစွမ်းအင်တွေအားလုံးကို လုယူခဲ့တယ်...ဒါပေမယ့် ကိစ္စမရှိတော့ဘူး....မင်း သွေးစွမ်းအင်တွေဘယ်လောတ်ပဲစုပ်ယူထားပါစေ မင်း သေကိုသေရမယ်"

မင်းသားဆယ့်လေးက လုယွီ၏အနီးသို့ ချဥ်းကပ်လိုက်သည်။

ကျင့်ကြံသူတစ်ယောက်၏အဆင့်ချိုးဖျက်နေချိန်သည် ထိုသူ၏အားအနည်းဆုံးအချိန်ဖြစ်သည်။

သို့သော် သူက လုယွီအား ထိကိုင်မိတော့မည့်အချိန်မှာပင် လုယွီ၏လက် ဆန့်ထွက်လာပြီး မင်းသားဆယ့်လေး၏နှလုံးသားနေရာကို ဆွဲကုပ်လိုက်၏။

"မင်းက အဆင့်ချိုးဖျက်နေတဲ့အချိန်မှာတောင် ပြန်ပြီးတိုက်ခိုက်ရဲတယ်ပေါ့"

မင်းသားဆယ့်လေး၏မျက်လုံးများတွင် ကြမ်းကြုတ်ရက်စက်လိုခြင်းများ ထင်ဟပ်နေခဲ့သည်။

ကျင့်ကြံသူတစ်ယောက်၏ကျင့်ကြံဆင့်ချိုးဖျက်နေချိန်တွင် ပြန်လှန်တိုက်ခိုက်ရန်မဆိုထားနှင့် အနည်းငယ်လှုပ်ရှားမိသည်ကပင် ကြီးမားသောဘေးဒုက္ခကိုဖြစ်ပေါ်စေနိုင်ပေ၏။

"ဖူး...."

လုယွီက သူ၏လက်ဖြင့် မင်းသားဆယ့်လေးက ဆတ်၍ကုပ်ဆွဲလိုက်သည်။

နဂါးနက်လက်သည်း....

ရုတ်ချည်းဆိုသလိုပင် မင်းသားဆယ့်လေး၏ရင်ဘတ်သည် လုယွီ၏ထိုးဖောတ်ခြင်းကို ခံလိုက်ရတော့သည်။

"နားငြီးလိုက်တာ"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့်သာ ရေရွတ်လိုက်လေ၏။

Chapter 375

"မင်း...."

မင်းသားဆယ့်လေးသည် အပြင်းအထန်ချောင်းဆိုးနေလေသည်။ သူ၏ပါးစပ်မှ အနက်ရောင်သွေးများ ပန်းထွက်လာလေရာ သူက အံ့အားသင့်တုန်လှုပ်သွားပေ၏။

ဖူး....

လုယွှ၏လက်က သွေးများဖြင့်ဖုံးလွှမ်းနေသော မင်းသားဆယ့်လေး၏နှလုံးသားကို ထုတ်ယူခဲ့ပြီးဖြစ်သည်။

"မင်းရဲ့သွေးတွေ အနက်ရောင်ပြောင်းနေတာ အံ့အားသင့်စရာမရှိဘူး...ကြည့်ရတာတော့ မင်းရဲ့စိတ်က သွေးအလောင်းကောင်ထိန်းချုပ်တာကို အပြည့်အဝခံနေရပြီထင်တယ်"

လုယွီက တဆတ်ဆတ်ခုန်နေသောနှလုံးသားကို သူ၏လက်ဖြင့်ဆုပ်ကိုင်ထားလေသည်။

တာအိုပထမဆင့်ကိုသာ နားလည်သဘောပေါတ်ထားသူသည် မော်တယ်(သေမျိုး)သာဖြစ်၍ သူတို့၏နှလုံးသားကို ဆုံးရှုံးရသည်နှင့် သေဆုံးရမည်သာဖြစ်ပေ၏။

"မင်းလုပ်သင့်တဲ့နောက်ဆုံးကိစ္စက ငါ့အတွက်သေပေးဖို့ပဲ"

လုယွီက နှလုံးသားကို သူ၏ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

မင်းသားဆယ့်လေး မသေဆုံးခင်အချိန်ခဏတွင် သူက မယုံကြည်နိုင်သောမြင်ကွင်းကိုမြင်ရသကဲ့သို့ မျက်လုံးများပြူးကျယ်ရင်း သေဆုံးသွားခြင်းဖြစ်သည်။

လုယွီ၏အော်ရာသည် ဤအချိန်တခဏတွင် တဟုန်ထိုးမြင့်တတ်လာခဲ့သည်။

သွေးကန်တစ်ခုလုံးဆူပွက်စပြုလာပြီး သွေးစွမ်းအင်များသည် ရိုင်းပျသောနဂါးတစ်ကောင်ကဲ့သို့ အရူးအမူး လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကြ၏။ ဤအချိန်မှာပင် လုယွီ၏နဖူးပြင်ပေါ်ရှိ အနက်ရောင်သင်္ကေတကိုးခုသည် အက်ကွဲစပြုလာခဲ့သည်။

ထိုထူးဆန်းသောသင်္ကေတတစ်ခု အက်ကွဲသည့်ပချိန်တိုင်းတွင် ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအင်များက လုယွီ၏ဒန်တျန်အတွင်းသို့ စီးဝင်လာခဲ့သည်။

လုယွီ၏ကျင့်ကြံဆင့်သည်လည်း တစတစမြင့်တတ်လာလေ၏။

"ဒီတစ်ကြိမ်တော့...ငါက သတ်ဖြတ်ခြင်းဥပဒေသကိုလည်း အပြည့်အဝဝါးမြိုနိုင်ပြီ"

လုယွီက သူ၏စိတ်ကိုပြင်ဆင်လိုက်သည်နှင့် စိတ်ဝိညာဥ်စွမ်းအင်များထွက်ပေါ်လာပြီး ကောင်းကင်ဘုံအင်ပါယာ၏သတ်ဖြတ်ခြင်းဥပဒေသကို စတင်၍ သန့်စင်တော့သည်။ ပတ်ဝန်းကျင်ရှိ အော်ရာအရှိန်အဝါများသည် ပို၍ပြင်းထန်လာခဲ့သည်။

လုယွီ၏မရီးဒါန်းများသည် တဖျက်ဖျက်တောက်ပနေသောကြယ်ပွင့်များကဲ့သို့ မှိန်ပျပျအလင်းရောင်ကိုစတင်ထုတ်လွှတ်နေပေ၏။

အဆုံးသတ်တွင် အလင်းရောင်များသည် နေရာတစ်နေရာတည်း၌စုစည်း၍ သိပ်သည်းသွားပြီး သူ၏မရီးဒါန်းများအားလုံး ပွင့်သွားပုံဖြင့် အလင်းရောင်များ ဖြာထွက်လာခဲ့သည်။

"ဘုန်း..."

လုယွီ၏စိတ်အတွင်း၌ တံခါးတစ်ချပ်ထွက်ပေါ်လာလေ၏။ ထိုတံခါးသည် ဟနေရုံအနေအထားသာရှိသော်လည်း ထောင့်တစ်နေရာမှနေ၍ ရှေးကျသောအရှိန်အဝါများထွက်ပေါ်နေလေသည်။

ထိုတံခါး၏တစ်ဖက်တစ်ချက်၌ ဧရာမရုပ်ထုကြီး တစ်ဆယ့်ကိုးခုရှိနေသည်။

ရုပ်ထုတစ်ခုချင်းစီသည် တစ်ချိန်က လုယွီ နားလည်သဘောပေါတ်ခဲ့သော ဥပဒေသတစ်ခုစီကို ကိုယ်စားပြုနေခဲ့သည်။ ကောင်းကင်ဘုံအင်ပါယာ၏ကွန်ဖြူးရှပ်တာအို ဥပဒေသသည် ထိုရုပ်ထုဆယ့်ကိုးခု၏အကြား၌ ထွက်ပေါ်နေခဲ့သည်။

"မဟာတာအိုတံခါး....ငါ့ဘဝသက်တမ်းမှာ ဒီလိုအရာကိုထိတွေ့နိုင်မယ့်အခွင့်အရေးရလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး...တစ်ကယ်လို့ ငါက တာအိုသခင်တစ်ယောက်ဖြစ်နေသေးရင်တောင် ဒီတံခါးကိုဖွင့်နိုင်ပါ့မလားဆိုတာတော့ ငါမသိဘူး"

လုယွီ၏အသံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေ၏။

သူ၏အတိတ်ဘဝတုန်းက မဟာတာအိုတံခါးကိုဖွင့်နိုင်ရန် သူအကောင်းဆုံးကြိုးစားခဲ့သော်လည်း အလွန်သေးငယ်သောအက်ကွဲကြောင်းလေးမျှသာ ဖွင့်နိုင်ခဲ့သည်။

"ကောလဟာလတွေအရတော့ တစ်ကယ်လို့ တစ်စုံတစ်ယောက်က မဟာတာအိုတံခါးကို တစ်ကြိမ်ဖွင့်နိုင်တာနဲ့ ထာဝရအသက်နယ်ပယ်ကို ဝင်ရောက်နိုင်တယ်လို့ဆိုကြတယ်...ဒါက အရမ်းကိုလျှို့ဝှက်ဆန်းကြယ်လွန်းတယ်"

"တစ်ကယ်လို့ ငါက ဒီနေရာမှာ ခန်းခြောက်နေတဲ့ဥပဒေသတွေအားလုံးကိုသာရှာနိုင်မယ်ဆိုရင် မဟာတာအိုတံခါးကိုဖွင့်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး"

လုယွီ၏စိတ်နှလုံးသားသည် မျှော်လင့်ချက်အလင်းရောင်များဖြင့် တောက်ပသွားခဲ့သည်။ သူက တုံဆိုင်းနေခြင်းမရှိဘဲ သူ၏ကျန်းချီများအားလုံးကိုထုတ်လွှက်၍ သတ်ဖြတ်ခြင်းဥပဒေသနှင့်စတင်၍ ရောယှက်လိုက်တော့သည်။

ပလုံ...ပလုံ...ပလုံ

လုယွီ၏ခန္ဓာကိုယ်အရေပြားအပေါ်ယံမှ ဓားဒဏ်ရါတစ်ခု ရုတ်တရက်ပေါ်ထွက်လာပြီး ထိုဒဏ်ရါမှ သွေးများက တဖြည်းဖြည်းယိုစီးကြလာလေ၏။

သို့ရာတွင် လုယွီက ကျင့်ကြံမှုအတွင်းနစ်မြုပ်နေချိန်ဖြစ်နေသဖြင့် ထိုသို့ဖြစ်ပျက်နေခြင်းများကို သိရှိခြင်းမရှိချေ။

တိတ်ဆိတ်ငြိမ်သက်နေသော သွေးရေကန်အတွင်းတွင် ရုတ်တရက် မှော်ခရုသင်းမှုတ်သံကဲ့သို့ အသံခပ်သဲ့သဲ့ထွက်ပေါ်လာခဲ့သည်။

သင်္ကေတကိုးခုက သူ၏မရီးဒါန်းများအတွင်းသို့ အပြည့်အဝရောနှောသွားလေ၏။ အချိန်တပြိုင်နက်တည်းမှာပင် လုယွီထံမှ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒထွက်ပေါ်လာပြီး ကောင်းကင်ယံတိုင်ထိုးတတ်သွားခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ"

"ငါ သွေးစွမ်းအင်တွေရဲ့တည်ရှိမှုကို ဘယ်လိုမှခံစားလို့မရတော့ဘူး"

သွေးကန်အတွင်းမှ နတ်ဆိုးကျင့်ကြံသူများသည် ရုတ်တရက် အော်ဟစ်မြည်တမ်းနေကြ၏။

လုစွေ့ထင်းကမူ မျက်ရည်မကျဘဲနှင့်ပင် အော်ငိုချင်စိတ်ပေါတ်နေခဲ့သည်။ သူမက ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်နိုင်ရန်အတွက် သွေးကန်အတွင်းရှိသွေးစွမ်းအင်များကို စုပ်ယူရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

"ဘာလို့လဲ"

လုစွေ့ထင်းသည် ရူးသွပ်လုနီးပါး ခံစားနေရ၏။ ရုတ်တရက် သူမက မလှမ်းမကမ်းအကွာအဝေးရှိ အော်ရာလှုပ်ခတ်မှုကို ခံစားမိသည်။

သွေးကန်ရှိဝဲဂယက်တစ်ခု၏အလယ်ဗဟိုတွင် လုယွီ၏ပုံရိပ်ကို သူမက ရှင်းရှင်းလင်းလင်းတွေ့မြင်မိသည်။

လုယွီ၏ထိတ်လန့်တုန်လှုပ်ဖွယ်အော်ရာကို အာရုံခံမိသော လုစွေ့ထင်းက စူးစူးဝါးဝါးအော်ဟစ်လိုက်တော့သည်။

"ဒါတွေအားလုံးက နင်ကြောင့်ပေါ့"

All Chapters