အခန်း (၃၈၆-၃၉၀)
Vol. 21-25 Ch. 386-390
Chapter 386
ဤအရာက လက်သီးထိုးနှက်ချက်တစ်ချက်သာပင်။
အဝိုင်းကြီးအဆင့်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါကြီးက ပြိုလဲပျက်စီးသွားခဲ့သည်။
သတ်လတ်ပိုင်းအရွယ်လူကြီးက သူ၏လည်မြိုတွင် တစ်စုံတစ်ခုနင်နေသကဲ့သို့ ခြောက်ကပ်ကပ်ခံစားမိနေ၏။
အချိန်အတော်ကြာမှသာလျှင် သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်သည်။
"အရှင်သခင်ကို အရိုအသေပြုပါတယ်"
သတ်လတ်ပိုင်းအရွယ်လူကြီးက မြေပြင်ပေါ်၌ဒူးထောက်လိုက်ပြီးနောက် တစ်ခြားအကြီးအကဲများကပါ ဒူးထောက်လိုက်ကြသည်။
သူတို့အားလုံး ထိတ်လန့်ကြောက်ရွံနေကြ၏။ လုယွီသည် ရှမင်တစ်က ထောက်ပံပေးထားသော ရုပ်သေးအရှင်သခင်မဟုတ်ခြင်းကို သူတို့ မျှော်လင့်မထားမိခဲ့ကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် လုယွီ၏ခွန်အားသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေပေ၏။
ထောင့်တစ်နေရာ၌ လဲကျနေသော ကျူးကျွင်းဟောင်ကိုမူ မည်သူကမျှဂရုမစိုက်ကြတော့ချေ။
"ကျွန်တော်ရဲ့ငယ်သားတွေကို သေချာမဆုံးမမိခဲ့လို့...အရှင်သခင်ကိုယ်တိုင် လှုပ်ရှားခဲ့ရတယ်"
ရှမင်တစ်၏မျက်နှာပေါ်၌ ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
လုယွီက လက်ဝှေ့ယမ်းပြလိုက်၏။
"မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲလေ...ကိုယ်ကိုကိုယ်အပြစ်တင်မနေပါနဲ့"
ရှမင်တစ်က မတ်တတ်ထရပ်ပြီးနောက် လုယွီအား ကြည်ညိုလေးစားသောအကြည့်ဖြင့် ကြည့်ရှုနေလေသည်။
အဝိုင်းကြီးအဆင့်ကျင့်ကြံသူမြောက်များစွာကို လက်သီးတစ်ချက်ဖြင့်ပင် ထိုးနှက်နိုင်ခဲ့ခြင်းမှာ ယခင်က နတ်ဆိုးအင်ပါယာသာလျှင် ပြုလုပ်နိုင်ခဲ့သောကိစ္စဖြစ်သည်။
ထို့ပြင် လုယွီ၏အသက်အရွယ်သည် နတ်ဆိုးအင်ပါယာထက် များစွာပို၍ငယ်ရွယ်ပေသည်။
"ငါလည်း မင်းကို လာရှာမလို့ပဲ...ငါ မင်းကို ကိစ္စတစ်ခုမေးမြန်းချင်တယ်"
လုယွီ၏အသံက ရုတ်တရက် လေးနက်သွားလေ၏။
"မင်းတို့ သိကြလားတော့ ငါမသိဘူး....နတ်ဆိုးအင်ပါယာရဲ့နောက်မှာ ကောင်းကင်ဘုံက အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်ရှိနေလား"
"ကောင်းကင်ဘုံက အစွမ်းထက်ကျင့်ကြံသူလား"
ရှမင်တစ်က အချိန်တခဏကြာ တွေဝေသွားပြီးနောက် သူက စဥ်းစားတွေးတောနေလေ၏။
လုယွီက အလောသုံးဆယ်တိုက်တွန်းခြင်းမပြုဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ရှမင်တစ်က ပြောဆိုလိုက်သည်။
"ကောင်းကင်ဘုံက အစွမ်းထက်ကျင့်ကြံသူ ဟုတ်မဟုတ်တော့ ကျွန်တော်အတိအကျမသိဘူး...ကျွန်တော်က နတ်ဆိုးအင်ပါယာနဲ့လျှို့ဝှက်ဆန်းကြယ်တဲ့လူရိပ်တစ်ရိပ် အကြိမ်ပေါင်းများစွာတိုင်ပင်ဆွေးနွေးနေကြတာကိုတော့ မြင်တွေ့ဖူးတယ်"
"အဲ့ဒီ လူရိပ်က အရမ်းဝါးတားတားနိုင်လွန်းတယ်...ကျွန်တော်က အဝေးကမို့လို့ သဲသဲကွဲကွဲမမြင်နိုင်ခဲ့ဘူး...ဒါပေမယ့် အဲဒါက မိန်းမတစ်ယောက်ဆိုတာတော့ ကျွန်တော်ပြောနိုင်တယ်"
မိန်းမတစ်ယောက် ဖြစ်နေသလော...။
လုယွီ၏မျက်လုံးများအတွင်း၌ ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားခဲ့သည်။
ရှန်းလင်းလုံ ဖြစ်နေသလော...။
လုယွီက ထိုကဲ့သို့ ရလဒ်ထွက်ပေါ်မည်ကို အချိန်အတော်ကြာကတည်းက ကောက်ချက်ချထားပြီးဖြစ်သည်။
ရှန်းလင်းလုံ၏အကျင့်စရိုက်အရ သူမက ကိစ္စတစ်ခုကိုပြုလုပ်မည်ဆိုပါက အဆုံးသတ်ထိပြုလုပ်တတ်သောလူစားမျိုးဖြစ်သည်။
ယခုလက်ရှိချိန်၌ ရှန်းလင်းလုံသည် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေအား ထိန်းချုပ်ထားလေရာ သွေးကျွန်သည် လုယွီ၏ကျေးကျွန်ဖြစ်ကြောင်းကိုလည်း သိရှိပြီးသားဖြစ်သည်။ မည်သည်ကြောင့် ရှန်းလင်းလုံက သွေးကျွန်အား အလွတ်ပေးမည်နည်း။
ရှမင်တစ်က ထိတ်လန့်တုန်လှုပ်နေလေ၏။ လုယွီက သူ၏စကားတစ်ခွန်းတည်းဖြင့် ဤမျှပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှက်မည်ဟု သူ မျှော်လင့်မထားမိချေ။
"နောက်ပြီးတော့ မင်း...မင်းက မြေအောက်လောကကို အရှင်သခင်အဖြစ်အုပ်ချုပ်ရမယ်...ငါ ဒီနေရာမှာ ကြာကြာနေတော့မှာမဟုတ်ဘူး"
လုယွီက ရှမင်တစ်အား ပြောဆိုလိုက်၏။
ရှမင်တစ်၏စိတ်နှလုံးသား တုန်လှုပ်သွားပြီးနောက် သူက မဝံ့မရဲမေးမြန်းလိုက်သည်။
"အရှင်သခင်က အလယ်ပိုင်းကုန်းမြေကိုသွားမလို့လား"
လုယွီက ငြင်းပယ်ခြင်းမရှိသည်ကိုကြည့်ပြီး ရှမင်တစ်က တစ်စုံတစ်ခုကို နားလည်သဘောပေါတ်သွားပုံပေါ်လွင်နေပေသည်။
သူ၏အရှင်သခင်သည် အလွန်ငယ်ရွယ်သေးသူဖြစ်သည်။ ဤကဲ့သို့ ငယ်ရွယ်သောအသက်အရွယ်၌ ကြီးမားသောခွန်အားရှိသူသည် ခေါင်သီသောနေရာမျိုး၌ ကြာရှည်နေမည်မဟုတ်သည်မှာ သဘာဝပင်ဖြစ်ပေ၏။
"နတ်ဆိုးဂိုဏ်းမှာ အရှင်သခင်ကိုယ်တိုင် ဆုံးဖြတ်ဖို့လိုအပ်တဲ့ အရေးကြီးကိစ္စတွေရှိနေပါတယ်"
ရှမင်တစ်က ကျောက်စိမ်းပြားတစ်ချပ်ကို လုယွီထံသို့ ပေးအပ်လိုက်သည်။
လုယွီက ထိုကျောက်စိမ်းပြားအား ကိုင်လိုက်သည်နှင့် ချက်ချင်းပင် မြောက်များစွာသောစာလုံးများက သူ၏အသိစိတ်အာရုံအတွင်း၌ ထွက်ပေါ်လာလေ၏။ လုယွီက မျက်လုံးမှိတ်ပြီးနောက် အချိန်တခဏတာကြည့်ရှုနေပြီးမှ ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
"အခုထိ နတ်ဆိုးဂိုဏ်းက အင်မော်တယ်မဟာမိတ်နဲ့တိုက်ခိုက်နေတုန်းပဲလား"
"ဟုတ်ကဲ့....ဒီကိစ္စက အင်မော်တယ်မဟာမိတ်ဘက်ကနေပြီး အရင်စခဲ့တာ...တစ်ကယ်လို့ သူတို့ဘက်က တိုက်ခိုက်တာကိုမရပ်တန့်ဘူးဆိုရင် ကျွန်တော်တို့လည်းရပ်လို့မရဘူး"
ရှမင်တစ်က လုယွီ၏မေးခွန်းအား လေးလေးစားစားပြန်လည်ဖြေဆိုလိုက်၏။
"စစ်ပွဲကို အင်မော်တယ်မဟာမိတ်ဘက်က အရင်စခဲ့တာလား"
လုယွီက မျက်မှောင်ကြုတ်နေလေ၏။ ဤသည်က သူရရှိထားသော သတင်းအချက်အလက်နှင့်ကွဲပြားခြားနားနေပေသည်။
ရှမင်တစ်က လုယွီအား ထပ်မံ၍ပြောဆိုလိုက်သည်။
"အရင်ဆုံး ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ ဒြပ်စင်ငါးပါးဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်....ဘယ်သူလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့မသိဘူး....ပြီးတော့ အဲ့ဒီအပြစ်က ကျွန်တော်တို့နတ်ဆိုးဂိုဏ်းပေါ် ရောက်လာခဲ့တယ်...အင်မော်တယ်မဟာမိတ်ကလူတွေက အရင်ကတည်းကကျွန်တော်တို့ဂိုဏ်းကို ကြည့်မရတာဆိုတော့ သူတို့တိုက်ခိုက်ဖို့အခွင့်အရေးရသွားတာပဲ"
"ဒါပေမယ့် ကျွန်တော်တို့ဂိုဏ်းက ဒြပ်စင်ငါးပါးဂိုဏ်းကို မတိုက်ခိုက်ခဲ့တာတော့သေချာတယ်...ဆန့်ကျင်ဘက်အနေနဲ့ ဒြ၆်စင်ငါးပါးဂိုဏ်းက အကူအညီတောင်းတာကို အရင်ဆုံးရောက်သွားတာ ကျွန်တော်တို့ဂိုဏ်းပဲ...ဒါပေမယ့် ကျွန်တော်တို့ရောက်သွားချိန်မှာ ဂိုဏ်းတစ်ဂိုဏ်းလုံး လူသေလောင်းတွေနဲ့ပြည့်နေတာကိုပဲ တွေ့ခဲ့ရတယ်"
Chapter 387
"အင်မော်တယ်မဟာမိတ်ကလူတွေ ရောက်လာတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကိုမြင်သွားခဲ့တယ်...အဲ့ဒီဂုဏ်သိက္ခာကြီးမြတ်လှပါတယ်ဆိုတဲ့ ခွေးမသားတွေက အဲ့ဒီကိစ္စကို ကျွန်တော်တို့လုပ်တယ်လို့ ထင်သွားကြတယ်...အဲ့ဒီကိစ္စတွေရဲ့နောက်မှာ ပိုပြီးကြီးမားလာအောင် သွေးထိုးပေးတဲ့လူတွေလည်းရှိတယ်...နောက်ဆုံးကျတော့ အခုလိုစစ်ပွဲဖြစ်လာတော့တာပဲ"
ရှမင်တစ်က သူ၏နှုတ်ခမ်းကိုတွန့်ကွေးပြီး အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်သည်။
"တစ်ကယ်လို့ ကျွန်တော်တို့ မြေအောက်လောကနတ်ဆိုးဂိုဏ်းသာမရှိဘူးဆိုရင် အလယ်ပိုင်းကုန်းမြေမှာရှိတဲ့ တာယွီနိုင်ငံတော်ကလူတွေနဲ့တိုက်ခိုက်ရမယ်ဆိုရင် သူတို့ကိုယ်သူတို့ထိပ်သီးဂိုဏ်းတွေလို့သတ်မှတ်ထားကြတဲ့ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကဂိုဏ်းတွေက ဘာမှအရေးပါမှာမဟုတ်ဘူး"
ရှမင်တစ်က ယုံကြည်ချက်ရှိစွာဖြင့် မြေအောက်လောကနတ်ဆိုးဂိုဏ်းအကြောင်းပြောဆိုနေလေ၏။ အချိန်တပြိုင်နက်တည်းမှာပင် ရန်သူနှစ်ဘက်လုံးအား တိုက်ခိုက်နိုင်သည်မှာ သာမာန်ဂိုဏ်းမျိုးက လုပ်ဆောင်နိုင်သောအရာမဟုတ်ချေ။
"အင်မော်တယ်မဟာမိတ်နဲ့ပတ်သတ်တဲ့ကိစ္စတွေကို ဘေးဖယ်ထားလိုက်တော့...ငါ ဖြေရှင်းလိုက်မယ်"
လုယွီက ရှမင်တစ်အား ညွှန်ကြားလိုက်သည်။
လုယွီသည် အင်အားစုတစ်စုကို တည်ထောင်လိုနေပေ၏။ ယခုလက်ရှိချိန်၌ မြေအောက်လောကနတ်ဆိုးဂိုဏ်းသည် စမှတ်ကောင်းဖြစ်လေသည်။ အသုံးမဝင်သောအငြင်းပွါးမှုများနှင့် လုယွီက အချိန်ဖြုန်းလိုစိတ်မရှိချေ။
လုယွီက မေးမြန်းလိုက်သည်။
"ဒြပ်စင်ငါးပါးဂိုဏ်း ပျက်စီးအောင် ဘယ်သူလုပ်တာလဲဆိုတာ မင်းသိလား"
"ကျွန်တော်တို့က အဲ့ဒီနေရာမှာ လူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်...ကံဆိုးချင်တော့ ကျွန်တော်တို့ ဘာနည်းလမ်းကိုပဲသုံးသုံး...အဲ့ဒီလူ စကားပြောထွက်လာအောင် မလုပ်နိုင်သေးဘူး"
"အဲ့ဒီလူရဲ့စိတ်စွမ်းအားက သာမာန်မဟုတ်ဘူး...ကျွန်တော်တို့နတ်ဆိုးဂိုဏ်းကလူတွေက ထိပ်တန်းအဆင့်နှိပ်စက်ရေးနည်းလမ်းတွေသုံးပြီး သူကိုစစ်ဆေးခဲ့ပေမယ့် ဘာမှမေးမြန်းလို့မရဘူး"
ရှမင်တစ်၏မျက်နှာပေါ်တွင် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေလေ၏။
လုယွီက သိချင်စိတ်ပြင်းပြသွားပြီး ရှမင်တစ်အားပြောဆိုလိုက်သည်။
"ငါ သူကိုတစ်ချက်ကြည့်ရအောင်လို့ သူစီခေါ်သွားပေး"
မြေအောက်လောက..မြေအောက်အကျဥ်းစခန်း
သာမာန်သေမျိုးများ၏အကျဥ်းထောင်နှင့်မတူညီဘဲ မြေအောက်လောက၏အကျဥ်းထောင်ကို မြေအောက်၌တည်ဆောတ်ထားခဲ့သည်။ အကျဥ်းထောင်၏ပတ်ဝန်းကျင်နေရာအနှံ့အပြား၌ ဝင်္ကပါများခင်းကျင်းပြီး ပိတ်ဆို့ထားလေ၏။ ဤနေရာမှ အရှိန်အဝါတစိုးတစိမျှပင် ထုတ်လွှက်ထားခြင်းမရှိပေ။
အကျဥ်းထောင်ပြင်ပ၌ နတ်ဆိုးဂိုဏ်းမှအစွမ်းထက်သောကျင့်ကြံသူများက စောင့်ကြပ်နေကြသည်။ သာမာန်ကင်းလှည့်သူများသည် ဤအနီးအနားသို့ လာခွင့်မရှိချေ။
ရှမင်တစ်၏ဦးဆောင်ခေါ်ယူလာမှုကြောင့် လုယွီသည် လမ်းတစ်လျှောက်မည်သည့်အတားအဆီးနှင့်မျှမတွေ့ရဘဲ အကျဥ်းထောင်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
"စိတ်ဝိညာဥ်စွမ်းအင်တွေ ခန်းခြောက်နေပါလား"
လုယွီက အကျဥ်းထောင်အတွင်းသို့ ဝင်လျှင်ဝင်ခြင်း မည်သည့်စိတ်ဝိညာဥ်စွမ်းအင်ကိုမျှ စုပ်ယူ၍မရရှိခြင်းကို ခံစားမိသည်။
မှော်မန္တန်ရွတ်ဆိုသည်ဖြစ်စေ ကျင့်ကြံသည်ဖြစ်စေ စိတ်ဝိညာဥ်စွမ်းအင်များ လိုအပ်ပေသည်။ မည်သည့်စိတ်ဝိညာဥ်စွမ်းအင်မျှမရှိဘဲနှင့် ကျင့်ကြံသူများ ဤနေရာ၌နေရမည်မှာ လွန်စွာခက်ခဲပေလိမ့်မည်။
"အရင်တုန်းက အကျဥ်းကျနေတဲ့ အကျဥ်းသားတွေက ကျင့်ကြံဆင့်နယ်ပယ်တွေ ချိုးဖျက်နိုင်သွားကြတယ်...သူတို့က ဒီနေရာက ထွက်ပြေးရုံသာမကဘူး နတ်ဆိုးဂိုဏ်းက အစွမ်းထက်ကျင့်ကြံသူတော်တော်များများကိုလည်း သတ်ဖြတ်သွားခဲ့တယ်...နောက်ပိုင်းကျတော့ နတ်ဆိုးဂိုဏ်းက ဒီနေရာကိုစိတ်ဝိညာဥ်စွမ်းအင်တွေ စီးဝင်လာမှုမရှိအောင် ဝင်္ကပါကြီးတစ်ခုခင်းကျင်းပြီး ကာကွယ်တားဆီးခဲ့တယ်"
ရှမင်တစ်က လုယွီအား ရှင်းပြပြောဆိုနေလေ၏။
သူတို့နှစ်ယောက်သည် အတားအဆီးအလွှာများကို ဖြတ်သန်းပြီးနောက် အကျဥ်းထောင်၏အနက်ရှိုင်းဆုံးနေရာထံသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် အလွန်မှောင်မိုက်နေသော်လည်း လုယွီတို့နှစ်ယောက်လုံးသည် အဝိုင်းကြီးအဆင့်ကျင့်ကြံသူများ ဖြစ်ပေ၏။ ထို့ကြောင့် သူတို့က ဤနေရာမှအရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
"သူက ဒီနေရာမှာပဲ"
ရှမင်တစ်က အကျဥ်းထောင်မှအခန်းတစ်ခန်း၏တံခါးကို ဖွင့်လိုက်သည်။
တံခါးပွင့်သွားချိန်တွင် ပြင်းထန်သောသွေးညှီနံက ထွက်ပေါ်လာခဲ့သည်။
လုယွီက ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရါအနာတရများပြည့်နှက်နေသောလူတစ်ယောက်ကို တွေ့မြင်မိလေ၏။ ထိုသူက မြေပြင်ပေါ်၌ လဲလျောင်းနေလေသည်။
ထိုသူ၏ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရါများကြည့်နှက်နေသည်မှာ "လူသား"ဟူသောပုံစံ ရှိရုံမျှသာဖြစ်ပေ၏။
ရှမင်တစ်၏မျက်နှာပေါ်၌ ကြမ်းကြုတ်ရက်စက်သည့်အပြုံးမျိုး ရှိနေခဲ့သည်။
"အရှင်သခင် ကိုယ်တိုင်သာကြည့်လိုက်ပါတော့...ကျွန်တော်တို့ ဘယ်လိုနှိပ်စက်နှိပ်စက် ဘာသံမှထွက်မလာဘူး"
လုယွီက ထိုကျင့်ကြံသူထံသို့ လမ်းလျှောက်သွားပြီး သူ၏လက်ကို ထိုသူ၏ခေါင်းပေါ်သို့တင်လိုက်သည်။
"ရုပ်သေးရုပ်တစ်ရုပ်က မင်းတို့အားလုံးကို အချိန်တော်တော်ကြာ ဝေဒနာပေးခဲ့တာလား"
လုယွီက သက်ပြင်းတစ်ချက် ချလိုက်လေ၏။
"ရုပ်သေးရုပ်လား"
ရှမင်တစ်၏မျက်လုံးများ ပြူးကျယ်လာပြီးနောက် ချက်ချင်းပင် သူက ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်ဘူး...ကျွန်တော်တို့ သူရဲ့အသိစိတ်ပင်လယ်ကို သေချာစစ်ဆေးပြီးပြီ...သူက လူသားဆိုတာသေချာတယ်"
"အဲ့ဒီလိုလား"
လုယွီက ကျင့်ကြံသူ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်ကို ဆွဲထုတ်လိုက်လေသည်။
လုယွီ၏ထူးဆန်းသောနည်းစနစ်ကြောင့် ရှမင်တစ်က ကြက်သေသေနေလေ၏။
စိတ်ဝိညာဥ်ဆွဲထုတ်ပြီးချိန်မှာပင် ကျင့်ကြံသူ၏အသိစိတ်ပင်လယ်အတွင်းမှ သုန်မှုန်နေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူက ငါရဲ့မန္တန်ကို ဖျက်ဆီးရဲတာလဲ"
"ခင်ဗျားက ခေါင်းဖွက်ပြီး အမြှီးပြထားတဲ့သူပဲ"
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူထံမှပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအင်များထွက်ပေါ်လာပြီး ကျင့်ကြံသူ၏အသိစိတ်ပင်လယ်ကို ချက်ချင်းပင်ဖျက်ဆီးပစ်တော့သည်။
Chapter 388
"ငါ မင်းကို မှတ်ထားမယ်"
အချိန်တခဏအတွင်းမှာပင် အသံကရပ်တန့်သွားပြီး ပျောက်ကွယ်သွားတော့သည်။
ရှမင်တစ်က အံ့အားတသင့်ရေရွတ်နေလေ၏။
"ဒါက တစ်ကယ်ကို ရုပ်သေးရုပ်လား"
"ဒီကိစ္စကို ဘယ်သူပဲလုပ်ခဲ့လုပ်ခဲ့...သူတို့က နတ်ဆိုးဂိုဏ်းရဲ့ပင်မယဇ်ပလ္လင်ကလူတော့မဖြစ်နိုင်ဘူး...ငါ မင်းကို ကိစ္စတစ်ခုစေခိုင်းစရာရှိတယ်...နောက်ရက်တွေမှာ အရည်အချင်းရှိတဲ့လူသစ်တွေကို စတင်စုဆောင်းတော့...ငါက မြေအောက်လောကနတ်ဆိုးဂိုဏ်း မြန်မြန်တိုးတတ်လာတာကိုမြင်ချင်တယ်"
ဤအချိန်၌ ရှမင်တစ်၏မျက်နှာအမူအယာသည် ပို၍လေးနက်လာပြီး တလေးတစားပြန်လည်ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ အရှင်သခင်"
မှောင်မည်းသော မြေအောက်အကျဥ်းထောင်အခန်းအတွင်း၌ အသက်မဲ့နေသောလူသေလောင်းတစ်လောင်းက ကြမ်းပြင်ပေါ်၌ လဲကျနေလေသည်။
"ဒီလေါကမှာ ဘယ်သူကများ ဒီလိုမှော်ရုပ်သေးကိုထိန်းချုပ်နိုင်တာလဲ"
ရှမင်တစ်က တီးတိုးရေရွတ်နေလေ၏။
လုယွီက ခေါင်းခါယမ်းလိုက်သည်။ သူက ဤရုပ်သေးရုပ်နောက်ရှိလူအားမသိရှိသေးသော်လည်း ထိုသူ၏အော်ရာကို ဖမ်းဆုပ်နိုင်ခဲ့သည်။ ထိုလူက လုယွီရှေ့၌ထွက်ပေါ်လာသည်နှင့် လုယွီက ချက်ချင်းသိရှိနိုင်ပေမည်။
"ဒီနေရာက မြေအောက်အကျဥ်းထောင်ရဲ့အနက်ရှိုင်းဆုံးနေရာလား"
လုယွီက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။
ရှမင်တစ်က ခေါင်းညိတ်ပြလိုက်၏။
"ဒီနေရာက အရမ်းကြမ်းကြုတ်ရက်စက်တဲ့အကျဥ်းသားတွေကိုပဲထားတာ....သူတို့က အမြဲတမ်းထွက်ပြေးဖို့ကြိုးစားနေတော့ ဒီနေရာမျိုးမှာထားတာပဲ စိတ်ချရတယ်"
လုယွီက အကျဥ်းခန်းတစ်ခုအား ညွှန်ပြလိုက်သည်။
"အဲ့ဒီနေရာမှာ ဘယ်သူကို ထိန်းသိမ်းထားတာလဲ"
ထိုအကျဥ်းခန်းကို ဖြတ်လျှောက်လာစဥ်တွင် လုယွီက သမာဓိချီအရိပ်အယောင်ကို အာရုံခံစားမိသည်။ သူက နတ်ဘုရားစိတ်အာရုံကို ထုတ်လွှက်ထားခြင်းမရှိသဖြင့် အကျဥ်းခန်း၏ထူထဲသောနံရံများကိုဖောတ်ပြီး အာရုံခံနိုင်ရန် လွန်စွာခက်ခဲပေသည်။
ရှမင်တစ်က ရယ်မောလိုက်လေ၏။
"ကျွန်တော်က အရှင်သခင်ကိုပြောပြဖို့ အချိန်မရခဲ့ဘူး...ရက်အနည်းငယ်အကြာတုန်းက ကျွန်တော်တို့ အင်မော်တယ်မဟာမိတ်က အကောင်ကြီးကြီးတစ်ကောင်ကိုဖမ်းမိထားတယ်"
လုယွီ စိတ်ဝင်စားနေသည်ကိုကြည့်ပြီး ရှမင်တစ်က အပြုံးဖြင့် ဆက်လက်ပြောဆိုလိုက်သည်။
"ကျွန်တော်တို့နတ်ဆိုးဂိုဏ်းကသူတွေက အဲ့ဒီစာအုပ်ကြီးသမားတွေကြောင့် ဒုက္ခအများကြီးရောက်ခဲ့ရတယ်....ဒါပေမယ့် ကံကောင်းချင်တော့ အရင်ရက်အနည်းငယ်လောတ်တုန်းက နတ်ဆိုးဂိုဏ်းကအကြီးအကဲတော်တော်များများ အင်အားစိုက်ထုတ်ပြီး သမင်ဖြူကျောင်းတော်ရဲ့ကျောင်းအုပ်လုဝမ်ရှင်းကို ဖမ်းဆီးနိုင်ခဲ့တယ်"
လုယွီက သူနားကြားများမှားနေသလောဟု အံ့အားတသင့်ပြန်လည်မေးမြန်းလိုက်သည်။
"ဘယ်သူ..."
"လုဝမ်ရှင်းပါ"
ရှမင်တစ်က အပြုံးဖြင့် ပြန်လည်ဖြေဆိုလိုက်၏။
လုယွီက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းတို့ လူဘယ်နှစ်ယောက်အသုံးပြုခဲ့လဲ"
ရှမင်တစ်က ပြောဆိုလိုက်လေသည်။
"အဲ့ဒီကိစ္စက လူအင်အားအများကြီး မကုန်ခဲ့ဘူး...ပဲ့နင်းတစ်ယောက်ကဦးဆောင်ပြီး သမင်ဖြူကျောင်းတော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ...သူက မမျှော်လင့်ဘဲ သမင်ဖြူကျောင်းတော်ရဲ့ကျောင်းအုပ်ကို ဖမ်းဆီးနိုင်ခဲ့တယ်"
မြေအောက်လောကနတ်ဆိုးဂိုဏ်းရှိ မည်သည့်ပဲ့နင်းမဆို အနည်းဆုံးအဝိုင်းသေးကျင့်ကြံမှုနယ်ပယ်ရှိပေသည်။
လုယွီအား ကျောင်းတော်ဝင်ခွင့်စစ်ဆေးစဥ်က လုဝမ်ရှင်းသည် အစွမ်းထက်သောအဝိုင်းကြီးအဆင့်ကျုင့်ကြံသူဖြစ်သည်။ ထို့ပြင် အဝိုင်းကြီးအဆင့်ကျင့်ကြံသူများအနက်တွင်မှ လုဝမ်ရှင်း၏ကျင့်ကြံမှုနယ်ပယ်သည် ခက်ခဲနက်နဲပေ၏။
မည်သည့်နည်းဖြင့် ဤမျှအစွမ်းထက်သောသူမျိုးသည် ပဲ့နင်းတစ်ယောက်၏ဖမ်းဆီးခြင်းခံရသနည်း။
"ပဲ့နင်းက ဆုလိုချင်လို့...အရှင်သခင် တံခါးပိတ်ကျင့်ကြံနေရာက ထွက်လာတယ်ဆိုတာနဲ့ ခန်းမအပြင်ဘက်မှာစောင့်နေတယ်...အရှင် သူနဲ့ တွေ့ချင်လား"
ရှမင်တစ်က အပြုံးဖြင့်မေးမြန်းလိုက်သည်။
လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်လေသည်။
"အပြင်မှာ ငါကိုစောင့်နေ...ငါ အဲ့ဒီအကျဥ်းခန်းထဲဝင်မလို့"
ရှမင်တစ်က ရိုကျိုးစွာဖြင့် အကျဥ်းခန်း၏ပြင်ပ၌ မတ်တတ်ရပ်ကျန်ခဲ့သည်။
လုယွီက အကျဥ်းခန်းတံခါးကိုတွန်းဖွင့်ပြီး အတွင်းသို့ဝင်လိုက်သည်။ ယခင် အကျဥ်းခန်းနှင့်မတူဘဲ ဤအကျဥ်းခန်းအတွင်း၌ အဖြူရောင်အလင်းတန်းကတောက်ပနေခဲ့သည်။
အကျဥ်းခန်း၏ထောင့်တစ်နေရာ၌ လုဝမ်ရှင်းက ပင်ပန်းနွမ်းနယ်နေပုံဖြင့် ထိုင်နေလေ၏။ သူမ၏လက်အတွင်း၌ စာအုပ်ထူကြီးတစ်အုပ်ကို ကိုင်ဆောင်ထားသည်။ အဖြူရောင်အလင်းတန်းကို ထိုစာအုပ်မှထုတ်လွှက်ထားခြင်းဖြစ်သည်။
လုဝမ်ရှင်းက သူမ၏ခေါင်းကိုမော့ခြင်းမရှိဘဲ လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်၏။
"နင်တို့ကောင်တွေ အရှုံးပေးလိုက်ကြတော့...နင်တို့ ငါကို ဖမ်းခေါ်လာနိုင်ပေမယ့် ငါကိုမြေအောက်လောကနတ်ဆိုးဂိုဏ်းနဲ့ပူးပေါင်းဖို့ စည်းရုံးလို့ရမယ်မထင်နဲ့"
လုယွီက အဖြူရောင်အလင်းတန်းထံသို့ လျှောက်သွားလိုက်ရာ ချက်ချင်းပင် မြင့်မြတ်သောစိတ်ဝိညာဥ်စွမ်းအားများကို ခံစားမိသည်။
အကယ်၍ လုယွီနေရာ၌ သာမာန်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဆိုပါက အဖြူရောင်အလင်းတန်း၏လွှမ်းခြုံခြင်းခံရသည်နှင့် ထိုသူ၏နတ်ဆိုးချီများအားလုံး ပျက်စီးသွားပေမည်။
မည်သို့ပင်ဆိုစေကာမူ လုဝမ်ရှင်း၏လက်အတွင်းမှ စာအုပ်သည် စွမ်းအားကုန်ဆုံးတော့မည့်ပုံဖြင့် မှေးမှိန်စပြုနေလေပြီ။
လုယွီက ရှေ့သို့ဆက်လျှောက်ကာ အဖြူရောင်အလင်းတန်းအတွင်းသို့ ဝင်သွားလိုက်တော့သည်။
လုယွီ ဝင်ရောက်လာချိန်တွင် လုဝမ်ရှင်းက ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားခဲ့သည်။ နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ဤနေရာသို့ဝင်ရောက်နိုင်မည်ဟု သူမ မျှော်လင့်မထားမိချေ။
"မင်း...."
လုဝမ်ရှင်းက တိုက်ခိုက်ရန်အတွက် သူမ၏လက်များကိုမြှောက်လိုက်သည်။ သို့သော် လုယွီကိုမြင်ချိန်တွင် သူမ၏လက်များက လေထုအတွင်း၌ပင် ရုတ်တဖက်ရပ်တန့်သွားလေ၏။
"ဒါက မင်းလား"
လုဝမ်ရှင်း၏မျက်လုံးများ အေးခဲသွားခဲ့သည်။
မိုးကောင်းကင်မှရိုက်ခတ်လာသော လျှပ်စီးမိုးကြိုးများ ဖြစ်ပေါ်စေသည့် လုယွီရေးသားခဲ့သောစာတမ်းကို လုဝမ်ရှင်းက အမှတ်ရနေဆဲဖြစ်ပေ၏။
Chapter 389
"နင်လည်းပဲ မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့ ဖမ်းဆီးခံရတာလား"
လုဝမ်ရှင်းက အံ့အားသင့်တုန်လှုပ်နေလေ၏။ ထို့နောက် သူမက ချက်ချင်းပင်စိတ်ပျက်လက်ပျက်လေသံဖြင့် ရေရွတ်လိုက်သည်။
"ငါက တိုက်ပွဲကွင်းပြင်ကို တပည့်သစ်တွေဝင်ရောက်ခွင့်မပြုဘူးလို့ အမိန့်ထုတ်ထားတာ...ဘယ်လိုကြောင့် တပည့်သစ်တစ်ယောက်က ဒီနေရာမှာ အဖမ်းခံရတာလဲ"
သူမက ရုတ်တရက်တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ထိတ်လန့်တကြားပြောဆိုလိုက်လေ၏။
"သမင်ဖြူကျောင်းတော်တစ်ခုလုံး မြေအောက်လောကနတ်ဆိုးဂိုဏ်းကြောင့် ပျက်စီးသွားလား"
လုယွီက ငိုရမည်လော ရယ်ရမည်လောပင် မသိတော့ချေ။ သူ၏အဒေါ်ဖြစ်သူနှင့် ပထမဆုံးတွေ့ဆုံသောအချိန်သည် ဤကဲ့သို့မြင်ကွင်းမျိုးဖြစ်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သို့ရာတွင် လုယွီက လုဝမ်ရှင်း၏ခန္ဓာကိုယ်မှ အဆိပ်အနံကို သတိပြုမိသွားသည်။
"မင်း အဆိပ်မိနေတာလား"
လုယွီက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်၏။
လုဝမ်ရှင်းက ဆွံအသွားပြီးနောက် သူမ၏နှုတ်ခမ်းထောင့်တွန့်ကွေးသွားပြီး ခါးသက်သက်အပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
"နင် မြင်နိုင်မယ်လို့ ငါမျှော်လင့်မထားမိဘူး"
"ကျောင်းအုပ်တစ်ယောက်အနေနဲ့ ငါရဲ့တပည့်တစ်ယောက်ကို ဒီလိုမြင်ကွင်းမျိုးမတွေ့စေချင်ဘူး...ငါ ကျောင်းအုပ်ဖြစ်ဖို့ တကယ်ကိုအရည်အချင်းမပြည့်မှီခဲ့ဘူး"
လုဝမ်ရှင်းက ခါးသက်သက်ရယ်မောနေလေ၏။
လုယွီက သူ၏မျက်လုံးများကိုမှိတ်ပြီး လုဝမ်ရှင်းထံရှိ အော်ရာကိုလေ့လာဆန်းစစ်လိုက်ရာ အချိန်တခဏအကြာမှာပင် သိနားလည်သွားခဲ့သည်။
"ဒါက ရှာ ကိုးပါးနတ်ဆိုးအဆိပ်ဖြစ်နေမှာ ကျွန်တော်စိုးရိမ်မိတယ်...နတ်ဆိုးတစ်ကောင်ကို အဆိပ်ရှိတဲ့ပိုးမွှားကိုးမျိုးကို ကျွေးပြီးတော့...အဲ့ဒီနတ်ဆိုးကိုသတ်ပြီး သူရဲ့ခန္ဓာကိုယ်က နတ်ဆိုးအမြူတေကိုဆွဲထုတ်ပြီးမှ အဲ့ဒီအဆိပ်ကိုသန့်စင်နိုင်တာ"
လုဝမ်ရှင်း၏မှိန်ဖျော့နေသော မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပသွားလေ၏။
"နင်က ဆေးဝါးတွေကို နားလည်တာလား"
သူမက အံ့အားတသင့်မေးမြန်းလိုက်သည်။
လုယွီက လေသံသဲ့သဲ့ဖြင့် ပြန်လည်ပြောဆိုလိုက်လေ၏။
"ကျွန်တော်ရဲ့လက်ထဲမှာရှိတဲ့ ဆေးပါဝင်ပစ္စည်းတွေက မလုံလောတ်ဘူး...ကျွန်တော်က တစ်ချို့ဆေးပင်တွေ အပြင်မှာရှာရလိမ့်မယ်"
လုဝမ်ရှင်းက ကူကယ်ရာမဲ့ပုံဖြင့် သူမ၏ခေါင်းကိုခါယမ်းနေလေ၏။
"နည်းလမ်းမရှိဘူး...မြေအောက်လောကနတ်ဆိုးဂိုဏ်းကသူတွေက ငါတို့ကို ဒီနေရာမှာလှောင်ပိတ်ထားခဲ့တာ...မင်းကို အပြင်ပေးထွက်ဖို့ဆိုတာ မဖြစ်နိုင်လောတ်ဘူး"
လုယွီက သူ၏လက်ချောင်းများကို ဆက်ခနဲလှုပ်ရှားလိုက်သည်။
"မင်ယီ...အထဲဝင်လာခဲ့"
အကျဥ်းခန်းတံခါးပွင့်လာပြီး ရှမင်တစ်က ရိုသေလေးစားသောအမူအယာဖြင့် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
"မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့ဂုဏ်ထူးဆောင်အုပ်ချုပ်သူ..."
လုဝမ်ရှင်းက ရန်သူတစ်ယောက်၏မျက်နှာကို မြင်တွေ့ရသဖြင့် ချက်ချင်းပင်မတ်တတ်ထရပ်လိုက်၏။
သူမ၏လက်အတွင်းရှိစာအုပ်မှ သူတော်စင်များ၏မန္တန်ရွတ်ဖတ်သံများ အဆက်မပြက်ထွက်ပေါ်နေပြီး အကျဥ်းခန်းတစ်ခုလုံး ပဲ့တင်ထပ်ပျံနှံ့နေလေသည်။
လုယွီက ရှမင်တစ်အား ညွှန်ကြားလိုက်သည်။
"ငါ ဆေးပင်တစ်ချို့လိုအပ်တယ်...ဒီနေရာမှာရနိုင်မလား"
ရှမင်တစ်က ပြန်လည်ဖြေဆိုလိုက်လေ၏။
"မြေအောက်လောကရဲ့ရတနာစံအိမ်မှာ ရှားပါးပြီးအဖိုးတန်တဲ့ ဆေးပင်တွေအများကြီးရှိပါတယ်...အရှင်သခင် လိုအပ်တဲ့ဆေးပင်ကို ရွေးချယ်လို့ရပါတယ်"
"နင် ဘယ်သူလဲ"
လုဝမ်ရှင်း၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားလေ၏။
သူမ၏ရှေ့မှလူငယ်သည် နတ်ဆိုးဂိုဏ်း၏ဂုဏ်ထူးဆောင်အုပ်ချုပ်သူကို အမိန့်ပေးနိုင်လေသည်။
"ငါတို့ကို အဲ့ဒီနေရာခေါ်သွား"
လုယွီက အမိန့်ပေးလိုက်၏။
ရှမင်တစ်က လေးလေးစားစားအမူအယာဖြင့် သဘောတူကြောင်းပြောဆိုလိုက်သည်။ သူ၏စိတ်နှလုံးသားအတွင်း၌ သံသယများရှိနေသော်လည်း သူက လုယွီအား ထုတ်ဖော်၍မမေးမြန်းဝံ့ချေ။
"အရှင်သခင်....သူမရဲ့ခန္ဓာကိုယ်ပေါ်က ချိပ်စည်းကရော"
"ဘာမှ စိတ်ပူစရာမရှိဘူး"
လုယွီက သာမာန်ကာလျှံကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာတွင် မူလက လုဝမ်ရှင်းအား ချုပ်နှောင်ထားသောချိပ်စည်းများ ချက်ချင်းပင်ပျက်စီးသွားခဲ့သည်။
ရှမင်တစ်၏မျက်လုံးများအတွင်း၌ အံ့အားသင့်နေသောအရိပ်အယောင်များ ထင်ဟပ်နေလေ၏။ ဤချိပ်စည်းများအား ချိုးဖျက်ရန် မည်မျှခက်ခဲသည်ကို သူအသိဆုံးပင်။ သော့ကိုကိုင်ဆောင်ထားသူသာလျှင် ဤချိပ်ပိတ်ထားမှုကို ဖွင့်နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ချိပ်စည်းကို အင်အားသုံး၍ဖွင့်လှစ်လျှင်ပင် ပျက်စီးသွားမည့်အရာမဟုတ်ချေ။
သို့သော် လုယွီကမူ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ချိပ်စည်းက ပျက်စီးသွားခဲ့သည်။
ချိပ်စည်းပွင့်သွားသည်နှင့် လုဝမ်ရှင်းက ဒေါသတကြီးထွက်လာပြီး လုယွီ၏နောက်သို့ ရောက်ရှိလာလေ၏။ သူမ၏လက်အတွင်း၌ ဓားမြှောင်တစ်ချောင်းရှိနေပြီး လုယွီ၏လည်ပင်းပေါ်သို့ တင်ထားခဲ့သည်။
"အရှင်သခင်...."
ရှမင်တစ်က ထိတ်လန့်တုန်လှုပ်သွားပေ၏။
လုယွီ၏မျက်နှာအမူအယာကမူ ပြောင်းလဲခြင်းမရှိဘဲ သူက ပြောဆိုလိုက်သည်။
"မင်း အရင်ဆုံး နောက်ဆုတ်လိုက်"
ရှမင်တစ်က စိုးရိမ်ပူပန်နေသော်လည်း လုယွီ၏စကားကြောင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး အကျဥ်းခန်းအတွင်းမှထွက်သွားတော့သည်။
အကျဥ်းခန်းအတွင်း၌ လုယွီနှင့်လုဝမ်ရှင်းသာ ကျန်ရစ်လေ၏။
"အရှင်သခင်လား...နင်က မြေအောက်လောကရဲ့အရှင်သခင်လား"
လုဝမ်ရှင်း၏မျက်လုံးများက အေးစက်စက်တောက်ပနေလေသည်။
လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ သူ၏ကျန်းချီများကို အနည်းငယ်ထုတ်လွှက်ပြီး လုဝမ်ရှင်းအား တွန်းထုတ်လိုက်တော့၏။ ထို့နောက် သူက အပြုံးဖြင့်ပြောဆိုလိုက်သည်။
"ဒေါ်လေး...ဒေါ်လေးက ကျွန်တော်ကိုသတ်ချင်တာ သေချာပြီလား"
Chapter 390
မြေအောက်လောကနတ်ဆိုးဂိုဏ်းသည် အမှန်တကယ်ကိုပင် ဆေးပင်ရတနာသိုက်ကြီးပင်။
"အရှင်သခင်...နတ်ဆိုးဂိုဏ်းမှာ အဆင့်မြင့်အဆင့်ဆေးပညာရှင်တွေရှိတယ်...သူတို့ကို ဖိတ်ခေါ်လိုက်ရမလား"
ရှမင်တစ်က လုယွီအား မေးမြန်းလိုက်၏။
လုယွီက လက်ဝှေ့ယမ်းပြလိုက်သည်။
"မလိုဘူး...ငါဟာငါ လုပ်မှာ"
"အရှင်သခင်က ဆေးသန့်စင်နိုင်တယ်လား"
ရှမင်တစ်က အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်လေ၏။
ရှမင်တစ်၏အံ့အားသင့်နေမှုကို လျစ်လျှူရှုပြီး လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာတွင် အဖြူရောင်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ဘုံအင်ပါယာ၏မူလအစစ်အမှန်မီးတောက်သည် နေအပူရှိန်တမျှပူပြင်းလေရာ ထိုမီးတောက်အတွင်းသို့ကျရောက်သွားသော ဆေးပင်မျာားအားလုံးချက်ချင်းပင် အရည်ပျော်သွားခဲ့သည်။
လုယွီ၏ဆေးသန့်စင်နည်းစနစ်သည် အလွန်ပညာသားကြွယ်ဝပြီး အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်မတိုင်ခင်မှာပင် သူ၏လက်အတွင်း၌ ဆေးလုံပုံစံ ဖြစ်တည်လာခဲ့သည်။
ဆေးလုံးဖြစ်တည်လာမှုနှင့်အတူ သင်းပျံ့သောဆေးရနံများသည်လည်း ပတ်ဝန်းကျင်အား ပျံ့နှံ့နေလေ၏။
"ထိပ်တန်းအဆင့် ဆေးဝါးလား"
ရှမင်တစ်၏မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားခဲ့သည်။ သူသည် အတွေ့အကြုံနှင့်ဗဟုသုတကြွယ်ဝသူဖြစ်၍ တစ်ချို့ဆေးဝါးပညာရှင်များက ထိပ်တန်းအဆင့်ဆေးလုံးသန့်စင်သည်ကို မြင်တွေ့ဖူးလေ၏။
သို့ရာတွင် ထိုဆေးဝါးပညာရှင်များသည် ထိပ်တန်းအဆင့်ဆေးဝါးသန့်စင်ရန်အတွက် အနည်းဆုံးအချိန်တစ်လမက ကြာမြင့်ပေသည်။ သူက ဆေးပါဝင်ပစ္စည်းများအားလုံးကို တစ်ခါတည်းစုပေါင်းရောနှောပစ်ခြင်းကိုလည်း မမြင်တွေ့ဘူးချေ။ ထို့ပြင် လုယွီက ဆေးကျိုအိုးကိုပင် အသုံးပြုသွားခြင်းမရှိပေ။
လုယွီ၏လက်ဝါးအတွင်းရှိ ဆေးဝါးက အနည်းငယ်တုန်ခါနေလေ၏။ ထိုအခြင်းအရာက ဆေးလုံးဖြစ်တည်သွားခြင်းကို သိသာထင်ရှားစွာဖော်ပြနေပေသည်။
"ဒေါ်လေး...ဒီဆေးကို အရင်သောတ်ထားလိုက်...ရှာကိုးပါးနတ်ဆိုးအဆိပ်က ပြင်းထန်ပေမယ့်...ဒေါ်လေးရဲ့ခန္ဓာကိုယ်ထဲကို အဆိပ်ကနက်နက်ရှိုင်းရှိုင်း မဝင်ရောက်သေးဘူး...သိပ်မကြာခင်အချိန်မှာပဲ အဆိပ်ရဲ့အာနိသင်ပျက်ပြယ်သွားလိမ့်မယ်"
လုယွီက ဆေးလုံကို လုဝမ်ရှင်းထံသို့ပေးလိုက်၏။
လုဝမ်ရှင်းက လုယွီကို စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် ကြည့်ရှုနေလေ၏။
အကျဥ်းခန်းအတွင်း၌ လုယွီက သူမကို အကြောင်းကိစ္စတစ်ခုအားပြောဆိုခဲ့သည်။ အကယ်၍ သူမ၏အကိုလုခိုင်ရှမ်ပေးလိုက်သော အထိန်းအမှတ်ပစ္စည်းကြောင့်သာမဟုတ်ပါက လုယွီကို သူမ မည်သည့်နည်းနှင့်မျှ ယုံကြည်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုဝမ်ရှင်းသည် ဝိုးတိုးဝါးတားခံစားချက်မျိုးကို ခံစားနေရ၏။ သူမအကိုဖြစ်သူ၏သားသည် မွေးဖွားလာစဥ်ကတည်းက ဥာဏ်ရည်မမှီသူဖြစ်ပြီး ကျင့်ကြံ၍မရသူဟု သတင်းရရှိထားခဲ့သည်။
လုဝမ်ရှင်းက အချိန်တခဏကြာ တုန့်ဆိုင်းနေသော်လည်း သူမကဆေးလုံးကို မြိုချလိုက်သည်။
မည်သို့ပင်ဖြစ်စေ ယခုချိန်၌ လုယွီက သူမကို အန္တရာယ်ပြုလျှင်ပင် သူမ၌ခုခံတိုက်ခိုက်နိုင်သောအင်အားမရှိပေ။
သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဆေးလုံးဝင်ရောက်သွားသော်လည်း မည်သည့်ပြောင်းလဲမှုမျိုးမျှ ဖြစ်မလာချေ။ လုဝမ်ရှင်းက သက်ပြင်းတစ်ချက်ချပြီးနောက် လုယွီအား ပြောဆိုလိုက်သည်။
"ယွီအာ...ငါရဲ့အဆိပ်ကိုဖြေဖို့ အလျင်စလိုလုပ်စရာမလိုပါဘူး"
သို့သော် လုဝမ်ရှင်းကစကားပြောနေစဥ်မှာပင် ရုတ်တရက် သူမ၏အသိစိတ်ပင်လယ်အတွင်းမှ ကြီးမားစွာတုန်ခါသွားမှုကို ခံစားမိသည်။
ထို့နောက် သူမ၏နဖူးမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားလေ၏။
"ဘယ်လိုဖြစ်တာလဲ"
လုဝမ်ရှင်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေလေသည်။ မူလက ထိုအဆိပ်သည် သူမ၏ခန္ဓာကိုယ်မှ ကျင့်ကြံမှုနယ်ပယ်ကို ဖိနှိပ်ထားခဲ့၍ ရန်သူများနှင့်ကြုံတွေ့ချိန်တွင် ပြန်လည်ခုခံတိုက်ခိုက်နိုင်မှု ကင်းမဲ့ခဲ့ရသည်။
အသက်အနည်းငယ်ရှုရှိုက်စာအချိန်အတွင်းမှာပင် လုဝမ်ရှင်း၏ခန္ဓာကိုယ်နှအဆိပ်အာနိသင် ဆယ်ပုံလျှင်ကိုးပုံခန့် ပျက်ပြယ်သွားပေ၏။
အဆိပ်ပျယ်ပြယ်သွားချိန်တွင် လုဝမ်ရှင်း၏အော်ရာသည် ပို၍တည်ငြိမ်လာခဲ့သည်။
"ယွီအာ...မင်း ငါကိုပေးတဲ့အံ့အားသင့်စရာတွေ အရမ်းများလွန်းနေပြီ"
လုဝမ်ရှင်း၏မျက်လုံးများက တောက်ပနေလေသည်။ သူမက ပဲ့နင်းတစ်ယောက်၏ဖမ်းဆီးခံလိုက်ရသောအကြောင်းအရင်းမှာ သူမအားလျှို့ဝှက်၍ အဆိပ်ခတ်ခံခဲ့ရခြင်းကြောင့်ဖြစ်သည်။
ယခုလက်ရှိချိန်တွင် သူမ၏ကျင့်ကြံဆင့် ပြန်လည်ရရှိလာပြီဖြစ်၍ သူမ၏စိတ်နှလုံးသားသည် ယုံကြည်ချက်ခိုင်မာမှုများနှင့် ပြည့်နှက်နေတော့သည်။
လုယွီက ရုတ်တရက် လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ်....ဒေါ်လေးကို ဘယ်သူအဆိပ်ခတ်တယ်ဆိုတာကို သိလား"
လုယွီ ထိုစကားပြောလိုက်ချိန်တွင် လုဝမ်ရှင်း၏မျက်နှာအမူအယာ သုန်မှုန်သွားပေ၏။ သူမက အံ့ကြိတ်ပြီး ပြောဆိုလိုက်သည်။
"သူက ဟန်ချုံးပဲ...ငါ သူကို အနှေးနဲ့အမြန် သတ်ပစ်မယ်"
ဟန်ချုံးသည် လီလျန့်၏ဆရာသခင်ဖြစ်ပြီး သမင်ဖြူကျောင်းတော်၏အကြီးအကဲတစ်ယောက်ပင်။ လုယွီနှင့်ဟန်ချုံး ပင်မခန်းမအတွင်း၌ ဆုံတွေ့ခဲ့စဥ်ကလည်း သူက လုယွီအား အစဥ်အမြဲလှောင်ပြောင်နေသူဖြစ်ပေ၏။
"တစ်ကယ်လို့ မင်းကိုအဆိပ်ခတ်တာက ဟန်ချုံးသာဆိုရင်...အင်မော်တယ်မဟာမိတ်ရဲ့အခြေအနေက မကောင်းတော့ဘူး"
နံဘေး၌ရှိနေသော ရှမင်တစ်က ဝင်ရောက်ပြောဆိုလိုက်ခြင်းဖြစ်သည်။
လုယွီက မျက်မှောင်ကြုတ်နေလေ၏။
"ပြောစမ်း"
ရှမင်တစ်က လုယွီအား လေးလေးစားစားဖြင့်ပြန်လည်ပြောဆိုလိုက်သည်။
"ရှေ့တန်းကပေးပို့ထားတဲ့ သတင်းတွေအရ...ဟန်ချုံးက အင်မော်တယ်မဟာမိတ်ရဲ့ ခေါင်းဆောင်အသစ်ဖြစ်သွားပြီ...သူက တစ်ခြားဂိုဏ်းက လူတွေကိုလည်း စုဆောင်းနေတယ်လို့ ကျွန်တော်ကြားထားတယ်...သူတစ်ခုခု ကြံစည်နေမှာကို ကျွန်တော်စိုးရိမ်မိတယ်"