အခန်း (၄၉၆-၅၀၀)
Vol. 26-30 Ch. 496-500
Chapter 496
စစ်ထူလီသည် သူ၏ခေါင်းအား ရိုက်နှက်ခြင်းခံရသဖြင့် မေ့မျောသွားခဲ့သည်။ အချိန်အတော်ကြာမှသာလျှင် သူ ပြန်လည်နိုးလာခဲ့၏။
စစ်ထူလီနိုးလာချိန်တွင် သူက အနည်းငယ်အားနည်းနေသကဲ့သို့ ခံစားနေရသည်။ သူ၏လက်မောင်းရင်းမှ ယိုစီးကျနေသောသွေးများကလည်း ရပ်တန့်ခြင်းမရှိသေးပေ။
"အကိုကြီး...အဲ့ဒီလူကိုကြည့်ရတာ သေတော့မယ်ထင်တယ်"
"ဒါက တော်တော်ဆိုးတာပဲ...ငါတို့ အဲ့ဒီလူကို ခက်ခက်ခဲခဲဆွဲခေါ်လာခဲ့ရတာ...သူ သေတော့မှာလို့ ဘယ်သူကထင်မလဲ"
"မေ့လိုက်တော့...အဲ့ဒီကောင်ကို လွှင့်ပစ်လိုက်တော့"
စစ်ထူလီ၏ရှေ့မှ တောပုန်းဓားပြများသည် တိုင်ပင်ဆွေးနွေးနေကြ၏။
ဤအချိန်တွင် စစ်ထူလီသည် အလွန်အားနည်းနေပြီး သူ၏သွေးများသာတက်လက်ယိုစီးကျနေပါက သူ သံသယဖြစ်ဖွယ်မရှိသေဆုံးရမည်ကို ကောင်းစွာသိရှိထားပေသည်။
သူက ဤတောပုန်းဓားပြများ၏လက်အတွင်း၌ပင် သေသွားနိုင်ပေသည်။
"မင်း...ဒီနေရာကိုလာခဲ့"
စစ်ထူလီ၏အသံက တုန်ခါနေပေ၏။
"အို...သူ မသေသေးဘူးကွ"
တောပုန်းဓားပြတစ်ယောက်က အံ့အားသင့်သွားပုံဖြင့် အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံးပဲ...ငါ သုံးတဲ့နည်းစနစ်တွေက သာမာန်လူတွေသုံးတာနဲ့ မတူဘူးဆိုတာကိုသတိထားမိကြလား"
စစ်ထူလီက ပြောဆိုလေ၏။
"ဟမ့်...အဲ့ဒါက မျက်လှည့်ပညာ မဟုတ်ဘူးလား...တကယ်လို့ မင်းမှာအရည်အချင်းရှိရင် မင်းရဲ့လက်ကိုတစ်ခါပြန်ထွက်အောင် လုပ်ပြပါလား"
တောပုန်းဓားပြတစ်ယောက်က သရော်တော်တော်ပြောဆိုလိုက်သည်။
စစ်ထူလီက ခါးသည်းသောမျက်နှာအမူအယာဖြင့် သူ၏ခေါင်းကိုခါယမ်းပြလေ၏။
"သာမာန်မျက်လှည့်ပညာရှင်တစ်ယောက်မှာ ဒီလိုစွမ်းရည်မျိုး ဘယ်လိုလုပ်ပြီးရှိမှာလဲ...ငါ မင်းတို့ကို အမှန်ပြောပြမယ်...ငါက အင်ပါယာမြို့တော်က မိသားစုကြီးတစ်စုရဲ့ သားတစ်ယောက်ပဲ...ဒါပြင် ငါက တစ်ခြားလူတွေနဲ့မတူညီဘဲ ပုံရိပ်ယောင်ပြုလုပ်ရတာတွေကိုပဲ စိတ်ဝင်စားခဲ့တယ်"
"ငါက ပုံရိပ်ယောင်ပညာရှင်တစ်ယောက်စီ သွားရောက်လည်ပတ်ဖို့ ငါ တယောက်တည်း အိမ်ကထွက်လာခဲ့တာ...ကံဆိုးချင်တော့ အဲ့ဒီပညာရှင်က လူလိမ်တစ်ယောက်ဖြစ်နေတယ်...သူက ငါရဲ့ငွေတွေအားလုံးကို လှည့်စားပြီးယူသွားခဲ့တယ်...ငါက အိမ်ကိုပြန်သွားခဲ့ပေမယ့် လမ်းမှာဓားပြတွေနဲ့တွေ့ပြီး ငါရဲ့လက်တွေအဖြတ်ခံခဲ့ရတယ်"
စစ်ထူလီက သူ၏ရှေ့ရှိ မျက်လုံးများတောက်ပနေသောတောပုန်းဓားပြများအား ကြည့်လိုက်သည်။
"မင်းတို့က ငွေလိုချင်တာမလား....ငါ မင်းတို့တသက်လုံး ချမ်းချမ်းသာသာနေသွားနိုင်မယ့် ငွေအများကြီးပေးနိုင်တယ်"
တောပုန်းဓားပြများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရှုနေကြ၏။
"ငါတို့ မင်းခန္ဓာကိုယ်ကို စေ့စေ့စပ်စပ်ရှာကြည့်ပြီးပြီ...ဘာငွေမှ မရှိဘူး"
တောပုန်းဓားပြတစ်ယောက်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ငါ မင်းတို့ကို ပြောခဲ့တယ်လေ...ငါရဲ့ငွေတွေအားလုံး အလိမ်ခံလိုက်ရတယ်ဆိုတာကို"
စစ်ထူလီက ထပ်မံ၍ပြောဆိုခဲ့၏။
"တကယ်လို့ မင်းတို့က ငွေလိုချင်တယ်ဆိုရင်...ငါရဲ့မိသားစုစီကို စာတစ်စောင်ရွေးပေးလိုက်မယ်...သူတို့ကို ငါကိုရွေးဖို့ ပြောလိုက်မယ်လေ"
တောပုန်းဓားပြများ၏မျက်လုံးများ တောက်ပသွားပေ၏။ သို့ရာတွင် တောပုန်းဓားပြတစ်ယောက်က ရုတ်တရက် စစ်ထူလီအား အပြင်းအထန်ကန်လိုက်လေသည်။
"ပိုပြီး ရိုးသားမှုရှိစမ်းပါ...မင်းရဲ့လှည့်ကွက်တွေက ငါတို့ကိုမလှည့်စားနိုင်ဘူး"
တောပုန်းဓားပြများက စစ်ထူလီအား အထင်အမြင်သေးနေဆဲပင်။
စစ်ထူလီ၏စိတ်နှလုံးသားတစ်ခုလုံး ရှက်ရွံမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သို့ရာတွင် သူက သူ၏စိတ်ကို တည်ငြိမ်စေရန်ထိန်းသိမ်းလိုက်၏။
"အနည်းဆုံးတော့...မင်းတို့ငါကိုအပြင်ခေါ်သွားပြီး...ငါ မသေခင် နေရောင်လေးတော့ကြည့်ခွင့်ပြုပါ"
စစ်ထူလီက အသနားခံပြောဆိုနေပေသည်။
"ငါ မင်းကို အပြင်ထုတ်ပေးမယ်...မင်းဟာမင်း သေချင်တဲ့နေရာမှာသေ...ငါတို့နေရာကို မညစ်ပတ်စေနဲ့"
တောပုန်းဓားပြတစ်ယောက်သည် စစ်ထူလီကိုအင်္ကျီဂုတ်မှဆွဲမပြီး အပြင်သို့ဒရွတ်တိုက်ဆွဲခေါ်သွားတော့သည်။
ပြင်ပ၌ နေရောင်က ရှိနေဆဲပင်။
စစ်ထူလီသည် ပြင်ပရှိနေရောင်ကိုကြည့်နေရင်းမှ သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာတွင် အဖြူရောင်အလင်းတန်းတစ်ခုက တိမ်များအကြားသို့ ပြေးဝင်သွားခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ"
တောပုန်းဓားပြက စစ်ထူလီ၏အပြုအမူကို သတိပြုမိသွားသည်။
စစ်ထူလီက ချောင်းဆိုးနေရင်းမှ ပြုံးလိုက်၏။
"မင်းတို့အားလုံး သေဖို့လေ"
"ခွေးမသား...မင်း ဘာပြောတာလဲ"
တောပုန်းဓားပြတချို့သည် သူတို့၏ပါးစပ်များကိုဖွင့်ဟ၍ စစ်ထူလီအားအော်ငေါက်လိုက်သော်လည်း သူတို့က စကားပြောဆိုနိုင်ခြင်းမရှိတော့သည်ကို တွေ့ရှိမိလေသည်။
ဒေါက်...ဒေါက်...
ထိုအချိန်မှာပင် ဦးခေါင်းပြတ်များတစ်လုံးပြီးတစ်လုံး မြေပြင်ပေါ်သို့ပြုတ်ကျလာခဲ့သည်။ တောပုန်းဓားပြများ အသိစိတ်ကင်းလွတ်နေချိန်မှာပင် သူတို့၏ခေါင်းများအား ဖြတ်၍အသတ်ခံလိုက်ရခြင်းဖြစ်သည်။
စစ်ထူလီ၏ရှေ့၌ လူတစ်ယောက်ထွက်ပေါ်လာလေ၏။
"သခင်...သခင်ကိုကယ်တင်ဖို့နောက်ကျသွားတဲ့အတွက် ကျွန်တော်ကိုခွင့်လွှက်ပေးပါ"
ထိုသူက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ်နေသောအမူအယာဖြင့် ပြောဆိုနေခဲ့သည်။
အချိန်တခဏအကြာမှာပင် မြောက်များစွာသောကျင့်ကြံသူများက မိုးရေစက်များကဲ့သို့တဖွဲဖွဲရောက်ရှိလာကြသည်။
စစ်ထူလီ၏အနီးတဝိုက်ရှိ တောပုန်းဓားပြများအားလုံးသည် လျှပ်တပြတ်အချိန်အတွင်းမှာပင် သုတ်သင်ခြင်းခံလိုက်ရ၏။
စစ်ထူလီသည်စကားပြောဆိုချင်နေသော်လည်း သူက မကြုံစဖူးအားနည်းလာမှုကို ခံစားလိုက်ရသည်။ သူ၏အကန့်အသတ်အချိန်သို့ ရောက်ရှိလာလေပြီ။
စစ်ထူလီက သူ၏မျှော်လင့်ချက်မဲ့နေသောမျက်လုံးများကို အားယူဖွင့်ပြီးနောက် သူ၏စိတ်အတွင်း၌ မြောက်များစွာသောပုံရိပ်များ ပေါ်ထွက်လာပေ၏။ နောက်ဆုံး၌ သူက လှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်သည်။
သူ၏နံဘေး၌ မတ်တတ်ရပ်နေသောကျင့်ကြံသူက ချက်ချင်းပင် စာရွက်တစ်ရွက်ကို စစ်ထူလီအား ပေးလေ၏။
စာရွက်အား စစ်ထူလီ၏နဖူးအား ကပ်လိုက်ရာတွင် သွေးရောင်ရုပ်ပုံတစ်ပုံက ချက်ချင်းပင်ပေါ်ထွက်လာခဲ့သည်။
ထိုရုပ်ပုံသည် လုယွီ၏ပုံဖြစ်ပေ၏။
Chapter 497
စစ်ထူလီ၏စိတ်သည် ဖရိုဖရဲပျံ့လွင့်နေပေ၏။ သူက မင်ခွမ်းကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်ပင်ကြောက်ရွံနေမိသည်။ ထို့ကြောင့် သူ၏မသိစိတ်သည်လည်း မင်ခွမ်းအား ကြောက်ရွံမှုများဖြင့် လွှမ်းမိုးနေခဲ့သည်။
သူ့ဘဝ၏နောက်ဆုံးအချိန်တွင် စစ်ထူလီ၏စိတ်အတွင်း၌ လုယွီ၏မျက်နှာကသာလျှင် စွဲထင်ကျန်ရစ်တော့သည်။
ဖူး....
အဆုံးသတ်၌ မင်ခွမ်း၏မှော်စွမ်းအားများက စစ်ထူလီ၏နှလုံးသားအား ဖျက်ဆီးပစ်တော့သည်။
ရုတ်တရက် စစ်ထူလီ၏ပါးစပ်မှသွေးများပန်းထွက်လာပြီး သူ၏အမြင်အာရုံသည်လည်း တဖြည်းဖြည်းအမှောင်ကျသွားတော့သည်။ တာအိုဒုတိယဆင့်ထိပ်သီးကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့နည်းလမ်းဖြင့် သေဆုံးခဲ့ရလေ၏။
"မိသားစုခေါင်းဆောင်...ကောင်းကောင်းသွားပါ"
စစ်ထူလီ၏နံဘေးပတ်လည်ရှိ ကျင့်ကြံသူများသည် သူတို့၏ခေါင်းများကိုငုံပြီး ကြေကွဲဝမ်းနည်းသံများဖြင့် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
အချိန်တခဏကြာပြီးနောက်....
ကျင့်ကြံသူနှစ်ယောက်က သူတို့၏အစစ်အမှန်မီးတောက်များဖြင့် စစ်ထူလီ၏ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်၏။ တခဏအကြာမှာပင် စစ်ထူလီ၏ရုပ်အလောင်းသည် ပြာပုံအဖြစ်ပြောင်းလဲသွားပြီး ကျင့်ကြံသူများက ယူဆောင်သွားကြတော့သည်။
အစောပိုင်းက စစ်ထူလီ၏နံဘေး၌ရှိနေသော ကျင့်ကြံသူက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒီနေ့...ဒီရုပ်ပုံထဲကလူ ဘယ်သူလဲဆိုတာ ငါသိချင်တယ်...ငါတို့မိသားစုဝင်ကိုထိရဲတဲ့သူက တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"
"အမိန့်အတိုင်းပါ"
……
လုယွီက ကျင်းနက်ကြီးအတွင်း၌ ဆက်လက်ကျင့်ကြံနေပေ၏။
ကွန်ဖြူးရှပ်တာအိုသင်္ကေတများမှ စုစည်းထားသော စိတ်ဝိညာဥ်စွမ်းအင်များကလည်း လုယွီထံသို့စီးဝင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် လုယွီ၏ကျင့်ကြံမှုသည်လည်း ခုန်ပျံကျော်လွှား၍မြင့်တက်လာခဲ့သည်။
အချိန်တခဏအကြာမှာပင် လုယွီက အဝိုင်းကြီးနယ်ပယ်၏နဝမအဆင့်သို့ ရောက်ရှိလာပေ၏။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် နေအလင်းတန်းကဲ့သို့ရောင်စဥ်တန်းများ လင်းလက်နေပြီး လုယွီ၏ခမ်းနားကြီးကျယ်သောပုံပန်းသွင်ပြင်အား ပေါ်လွင်နေစေသည်။
လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသားကလည်း လုယွီ၏နံဘေးပတ်လည်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို ဝါးမြိုနေလေ၏။ သို့ရာတွင် လုယွီက တာအိုဒုတိယဆင့်သို့ အလျင်စလိုချိုးဖျက်ဝင်ရောက်ခြင်းမပြုသေးချေ။
တာအိုဒုတိယဆင့်သည် ကျင့်ကြံခြင်းလမ်းကြောင်း၌ အသစ်တဖန်မွေးဖွားခြင်းဖြစ်ပြီး အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်သောအဆင့်ဖြစ်သည်။
"တကယ်လို့ ငါရဲ့အတိတ်ဘဝက ဥပဒေသတွေအတိုင်းသာ ဆက်ပြီးကျင့်ကြံမယ်ဆိုရင်....ငါက လမ်းကြောင်းသွေဖယ်မှုမရှိဘဲနဲ့ တာအိုဒုတိယဆင့်ကို တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"
"ဒါပေမယ့် ထိုက်ချမ်ရဲ့ပြောစကားအရ လေဟာနယ်ဘုံမှာ အရမ်းအစွမ်းထက်တဲ့သက်ရှိမျိုးနွယ်စုတွေ ရှိနေနိုင်တယ်...ငါက လမ်းဟောင်းအတိုင်းပဲလျှောက်လှမ်းလိုက်မယ်ဆိုရင်...ငါရဲ့ကံကြမ္မာကို ငါကိုယ်တိုင်ဟန့်တားလိုက်သလို ဖြစ်သွားလိမ့်မယ်"
လုယွီ၏စိတ်အတွင်း၌ မြင်ကွင်းတစ်ခုထွက်ပေါ်လာခဲ့သည်။
ဤသည်က မြေအောက်လောကတာအိုသခင်က ကောင်းကင်ဘုံအင်ပါယာကို စိန်ခေါ်တိုက်ခိုက်ခဲ့သည့် ကျယ်ပြန့်သောတိုက်ပွဲကွင်းပြင်နေရာဖြစ်သည်။
မြေအောက်လောကတာအိုသခင်သည် နဂါးနက်တစ်ကောင်၏ကျောရိုးပေါ်၌ သူ၏ခြေထောက်ကို တင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အကန့်အသတ်မရှိသောအနက်ရောင်ကျန်းချီလှိုင်းများကို ထုတ်လွှက်ထားခဲ့သည်။ ဆေဘာဓားသုံးချောင်းက သူ၏နံဘေး၌ ထောင်ရက်သားရှိနေလေ၏။ မြောက်များစွာသောကြယ်များပင်လျှင် သူထံမှထွက်ပေါ်နေသော ပြင်းထန်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများရှေ့မှောက်၌ မှေးမှိန်သွားခဲ့သည်။ ထိုကြယ်များက မြေအောက်လောကတာအိုသခင်၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအနည်းငယ်၏သက်ရောက်မှုခံရရုံဖြင့် ပြာကျသွားမည်ကို စိုးရွံနေကြသလိုပင်။
ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်သည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင်နဂါးတစ်ကောင်ဆွဲလာသည့် နှစ်ဘီးတပ်စစ်ရထားအား မောင်းနှင်နေပေသည်။ သူ၏အင်္ကျီလက်အား ဝှေ့ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သောသက်ရှိမျိုးနွယ်များက သံပြိုင်ဟစ်ကြွေးအော်ဟစ်နေကြ၏။ သူ၏နောက်တွင် သူ့အားထောက်ပံပေးနေသော ထိပ်သီးကျင့်ကြံသူများရှိနေပေသည်။ ကောင်းကင်ဘုံအင်ပါယာ၏အနီးတဝိုက်တွင် အစွမ်းထက်သောအင်ပါယာအလင်းတန်းများဖြင့် တောက်ပနေလေသည်။
လုယွီက သူ၏မှတ်ဥာဏ်များထဲမှ အင်ပါယာထိုက်ချမ်၏ပုံရိပ်ကို စူးစိုက်ကြည့်နေမိသည်။
လုယွီသည် ယခင်က သတိမပြုမိခဲ့သကဲ့သို့ မည်သည့်အချိန်ကမျှလည်း သတိပြုမိခဲ့ခြင်းမရှိသောအချက်ကို မြင်တွေ့မိလေ၏။ ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်သည် တာအိုသခင်အဆင့်နှင့် သူ၏နယ်မြေတစ်ခုလုံးအား မည်သည်ကြောင့်အာဏာလွှမ်းမိုးနိုင်ခဲ့သနည်း...။
"ဒါက တိုင်းပြည်ရဲ့စွမ်းအားလား"
လုယွီ၏မျက်လုံးများ တောက်ပလာပေ၏။
"ပြန်တွေးကြည့်ရင် အစပိုင်းမှာ ငါက သာလွန်တဲ့အနေအထားမှာရှိနေခဲ့တယ်...ဒါပေမယ့် သူက ဒီလေါက်ထိအစွမ်းထက်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...သူ့နောက်မှာ တာယွီအင်ပါယာတစ်ခုလုံးက ထောက်ပံပေးထားတာပါလား"
"ကောင်းကင်ဘုံအင်ပါယာရဲ့နောက်ကလူတွေက သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ နယ်မြေတွေထူထောင်နိုင်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ငါက မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေရဲ့အုပ်ချုပ်သူဖြစ်ခဲ့ပေမယ့် တစ်ခြားသူတွေနဲ့ပဲအမြဲတမ်းလက်လွှဲထားခဲ့တယ်...ငါ့လက်အောက်ကလူတွေက သဲတွေလိုပြန့်ကျဲနေပြီး ဘယ်အချိန်တုန်းကမှ ငါကို အစစ်အမှန်ထောက်ပံမှုမပေးခဲ့ကြဘူး"
လုယွီက သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ပြီးနောက် သူ့လက်ညှိုးကိုဆန့်ထုတ်ကာ'စုစည်း'ဟူသော စာလုံးအား ထပ်မံ၍ရေးသားလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များက ထပ်မံ၍ထွက်ပေါ်လာခဲ့သည်။
အကန့်အသတ်မရှိသောစိတ်ဝိညာဥ်စွမ်းအင်များက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့စီးဝင်နေပြီး ဧရာမချိတ်စည်းသင်္ကေတတစ်ခုအား ဖွဲ့စည်းနေလေသည်။
"ငါရဲ့အတိတ်ဘဝတုန်းက...ငါရဲ့နတ်ဘုရားစမ်းရေအိုင်ထဲမှာ ဓားတစ်ချောင်းပဲရှိတယ်...ဒါပေမယ့် ငါရဲ့ဓားက ဘယ်လောက်ပဲအစွမ်းထက်နေပါစေ...ငါတစ်ယောက်တည်းရဲ့စွမ်းအားဖြစ်နေတယ်"
"ဒီဘဝမှာတော့...ငါက တိုင်းပြည်တစ်ပြည်ကိုထိန်းချုပ်ပြီး မြောက်များစွာတဲ့ဓားတွေက ငါကိုခစားရစေမယ်"
လုယွီ၏အတွေးများ ရွေ့လျားနေခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်အတွင်းမှ အသိစိတ်ပင်လယ်သည်လည်း အက်ကွဲလာတော့သည်။
အသိစိတ်ပင်လယ်အက်ကွဲလာသည့်အချိန်တခဏမှာပင် လုယွီ၏ခန္ဓာကိုယ်မှ စွမ်းအားအသစ်တစ်ရပ်က တဖြည်းဖြည်းမြင့်တက်လာလေ၏။
Chapter 498
လူသားများ၏ခန္ဓာကိုယ်တွင် လျှို့ဝှက်နယ်မြေသုံးခုရှိပေသည်။
ပထမဆုံးနယ်မြေသည် ဒန်တျန်ဖြစ်၏။ ဤသည်က သာမာန်သေမျိုးကျင့်ကြံသူတစ်ယောက် လေ့ကျင့်နိုင်သောလျှို့ဝှက်နယ်မြေဖြစ်သည်။
လူတစ်ယောက်၏ဒန်တျန်အတွင်းတွင် ကျန်းချီများကသိပ်သည်းလာပြီး တဖြည်းဖြည်း အသိစိတ်ပင်လယ်အဖြစ်သို့ ဆင့်ကဲတိုးတက်လာလေသည်။
အသိစိတ်ပင်လယ်ဖွဲ့စည်းဖြစ်တည်ပြီးပါက ထိုသူသည် ငါးများက နဂါးဂိတ်အားခုန်ကျော်လိုက်သကဲ့သို့ တစ်ချက်တည်းဖြင့် တာအိုပထမဆင့်အားချဥ်းနင်းဝင်ရောက်နိုင်ပြီဖြစ်သည်။
အကယ်၍ ထိုကျင့်ကြံသူသည် ထပ်မံ၍တိုးတက်လိုပါက သူ၌ပါရမီရှိရန်သာမက သူ၏အသိစိတ်ပင်လယ်ကိုအက်ကွဲစေပြီး နတ်ဘုရားစမ်းရေအိုင်အဖြစ်သို့ပြောင်းလဲနိုင်မည့် ဥာဏ်အလင်းရှိရန်လည်းလိုအပ်ပေသည်။ သို့မှသာလျှင် ထိုသူသည် တာအိုဒုတိယဆင့်ကျင့်ကြံသူအဖြစ်သို့ ခြေချနိုင်ပေမည်။
လုယွီက ဤအချိန်သည် ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ရမည့်အချိန်ဟု သိနားလည်ထားခြင်းကြောင့် သူက အတားအဆီးကိုချိုးဖျက်ပြီးနတ်ဘုရားစမ်းရေအိုင်ဖွဲ့စည်းနိုင်ရန် ကြိုးစားလိုက်သည်။
သာမာန်ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားစမ်းရေအိုင်သည် ပထမအကြိမ်ချိုးဖျက်ပါက ရေအိုင်ငယ်တစ်ခုထက် ပို၍ကျယ်ဝန်းခြင်းမရှိချေ။ ဤသည်က မိုးမခပင်စိုက်ပျိုးခြင်း ကျောက်တုံးများကိုထွင်းခြင်းကဲ့သို့ အလွန်ရိုးစင်းသောကိစ္စဖြစ်ပေ၏။
ကျင့်ကြံသူ၏အရည်အချင်း အနည်းငယ်ကောင်းမွန်သူဖြစ်ပါက ထိုသူ၏နတ်ဘုရားစမ်းရေအိုင်သည် ခြံဝန်းတစ်ခုစာခန့် ကျယ်ဝန်းပေမည်။
အတိတ်ကိုပြန်တွေးကြည့်လျှင် လုယွီသည် တာအိုဒုတိယဆင့်သို့ရောက်ရှိစဥ်အချိန်၌ သူအား မြောက်များစွာသောရန်သူများမှ ဝိုင်းရံထားခြင်းကိုခံနေရသည်။ သူ၏နတ်ဘုရားစမ်းရေအိုင်သည် ရုတ်တရက်သိပ်သည်းသွားပြီး ဓားရှည်တစ်ချောင်းအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုဓားတစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ မြောက်များစွာသောရန်သူများကို သူ သုတ်သင်ရှင်းလင်းနိုင်ခဲ့၏။
ပြန်တွေးကြည့်လျှင် လုယွီသည် သူ၏ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အမှီသဟဲပြု၍ မြောက်များစွာသောအလောင်းများအား နင်းဖြတ်ကာ တာအိုသခင်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိအချိန်တွင် လုယွီ၏နတ်ဘုရားစမ်းရေအိုင်သည် ယခင်ဘဝထက်များစွာပို၍ အားကောင်းပေသည်။
"သာမာန်နတ်ဘုရားစမ်းရေအိုင်ကို သဘာဝလွန်စွမ်းအင်နယ်ပယ်ကိုခြေချနိုင်တဲ့အချိန်တခဏမှာပဲ သိပ်သည်းနိုင်ကြတယ်....ငါရဲ့အတိတ်ဘဝတုန်းကတောင် ငါက အမွှေးတိုင်တတိုင်စာပဲအသုံးပြုပြီး နတ်ဘုရားစမ်းရေအိုင်ကို ဖွဲ့စည်းနိုင်ခဲ့တယ်...ဘာလို့ ခုတစ်ကြိမ် နတ်ဘုရားစမ်းရေအိုင်ဖွဲ့စည်းတာက ဒီလေါက်ထိတောင် ကြာနေရတာလဲ"
လုယွီက အံ့အားသင့်နေပုံဖြင့် ရေရွတ်နေလေ၏။
သူ၏စိတ်အတွင်းရှိ နတ်ဘုရားစမ်းရေအိုင်သည် အဆက်မပြတ်ကျယ်ပြန့်နေပြီး ရပ်တန့်မည့်ပုံမရှိသေးချေ။ လုယွီက နတ်ဘုရားစမ်းရေအိုင်၏အစွန်းအား ကြည့်မြင်နိုင်ခြင်းမရှိပေ။
"ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ ထိုက်ကျိအမှတ်အသားကြောင့်များလား"
လုယွီက အလျှင်အမြန်ပင် တွေးတောမိသွားသည်။
ထိုက်ကျိအမှတ်အသား၏ထိန်းချုပ်မှုအောက်တွင် လုယွီ၏စွမ်းအားများသည် သူစုပ်ယူထားသော ကောင်းကင်ဘုံအင်ပါယာ၏အကြွင်းအကျန်စိတ်ဝိညာဥ်မှစွမ်းအားများဖြင့် အကြွင်းမဲ့ရောနှောနေပေသည်။
"ကောင်းပြီလေ...ဒါက အခွင့်အရေးတစ်ခုလို့လည်း ယူဆနိုင်တယ်"
လုယွီ၏နှုတ်ခမ်းထောင့်ကွေးသည် အထက်သို့အနည်းငယ်တွန့်ကွေးသွားလေ၏။
လုယွီက သူ၏လက်ကိုမြှောက်ပြီးနောက် နတ်ဘုရားစမ်းရေအိုင်ရှိရာနေရာသို့ ဖိတင်ထားလိုက်သည်။
လုယွီ၏စိတ်မှထိန်းချုပ်နေမှုအောက်တွင် နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ အရာများသည် ပြောင်းလဲစပြုလာလေ၏။
အရင်ဦးဆုံး အဆောက်အအုံကြီးတစ်ခုပေါ်ထွက်လာခဲ့သည်။ ထို့နောက် မြင့်မားသောမြို့တံတိုင်းများက မြေပြင်မှတိုးထွက်လာပေ၏။
လုယွီ၏လက်ဖဝါးအောက်ရှိ နတ်ဘုရားစမ်းရေအိုင်အတွင်း၌ မြို့တစ်မြို့ပေါ်ထွက်လာခြင်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုနိုင်စွမ်းရှိပါက လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းရှိမြို့သည် တာလျန့်နိုင်ငံတော်၏လုံကျင်းမြို့နှင့်တူညီနေခြင်းကို တွေ့မြင်ရပေမည်။
"ကောလဟာလတွေအရတော့ ရှေးဦးအချိန်တွေတုန်းက နတ်ဘုရားတွေရှိခဲ့တယ်ဆိုပဲ...အဲ့ဒီနတ်ဘုရားတွေက သူတို့ရဲ့နတ်ဘုရားနယ်မြေကို သူတို့ရဲ့ခန္ဓာကိုယ်ထဲထည့်ထားပြီး သက်ရှိသန်းပေါင်းများစွာက အဲ့ဒီနေရာမှာနေထိုင်ကြတယ်လို့ ငါကြားဘူးတယ်...အဲ့ဒီသက်ရှိတွေက နတ်ဘုရားတွေကို ပုံမှန်ဝတ်ပြုကြပြီးတော့ ယုံကြည်ကိုးကွယ်မှုစိတ်စွမ်းအားတွေကို အများကြီးဖြစ်ပေါ်စေတယ်...နတ်ဘုရားတွေက သဘာဝလွန်စွမ်းအားတွေကိုအသုံးပြုပြီး သူတို့ရဲ့ခန္ဓာကိုယ်က သက်ရှိတွေရဲ့ ယုံကြည်ကိုးကွယ်မှုကို ရယူနေတာလား"
"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ထိုက်ကျိအမှတ်အသားကလည်း ရှေးဦးအချိန်တွေရဲ့အမွေခံများ ဖြစ်နေမလား"
လုယွီက အံ့အားသင့်တုန်လှုပ်နေပေ၏။
သို့ရာတွင် ယခုလက်ရှိ သူအတွက်အရေးအကြီးဆုံးကိစ္စမှာ ကျင့်ကြံဆင့်ချိုးဖျက်ရန်ဖြစ်သည်။
အချိန်တခဏအကြာမှာပင် လုယွီ၏စိတ်က တည်ငြိမ်သွားလေ၏။ ထို့နောက် လုယွီ၏ထိန်းချုပ်မှုအောက်တွင် မြို့တစ်မြို့ပြီးတစ်မြို့ထွက်ပေါ်လာပြီး နတ်ဘုရားစမ်းရေအိုင်အတွင်း၌ မားမားမတ်မတ်တည်ရှိနေတော့သည်။ ထိုမြို့များမှကြီးမားသောဖိအားလှိုင်းများကို ထုတ်လွှက်ပေးနေပြီး မြို့တစ်မြို့ချင်းစီသည် မူဆယ်သန်းပါးခန့်ကျယ်ဝန်းပေ၏။
*1 mu=806.65 စတုရန်းပေ*
"ဒါက နည်းနည်းသေးနေတုန်းပဲ"
လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
လုယွီ၏လက်က မြို့တစ်မြို့၏အလယ်ဗဟိုသို့ ကျရောက်သွားခဲ့သည်။
"ဒီနေရာမှာ သက်ရှိတွေရဲ့အော်ရာ ပျောက်ကွယ်နေတုန်းပဲ"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။ သူ၏လက်ချောင်းများအကြားမှ လိပ်ပြာတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာပြီး တောင်ပံတဖျပ်ဖျပ်ခတ်နေလေသည်။
ထိုလိပ်ပြာထွက်ပေါ်လာသောအချိန်တခဏတွင် နတ်ဘုရားစမ်းရေအိုင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
ဝီ....ဝီ...
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းကုန်းမြေရှိ ကောင်းကင်ယံ၌ ဧရာမကြယ်ကြီးတစ်လုံးက ရုတ်တရက်ထွန်းလင်းတောက်ပလာခဲ့သည်။
ယခုချိန်သည် နေအလင်းရောင်ရရှိနေသောအချိန်ဖြစ်သော်လည်း ကြယ်၏အလင်းရောင်သည် နေရောင်ကိုပင် ပိတ်ဖုံးသွားစေသယောင် မြင်နေရသည်။
"ကောင်းကင်နဲ့မြေကြီးရဲ့သဘာဝပုံရိပ်....ကြယ်က နေကိုလွှမ်းမိုးခြင်း...တစ်စုံတစ်ယောက်ရဲ့ နတ်ဘုရားစမ်းရေအိုင်က ဧရာမကြယ်ကိုလှုံဆော်နိုင်ပြီးတော့ ရွှေကျီးကန်းရဲ့တောက်ပမှုကိုတောင် ဖိနှိပ်နိုင်ခဲ့တယ်...သူက ဘယ်သူလဲ"
Chapter 499
ထိုသာမာန်မဟုတ်သော သဘာဝပုံရိပ်ထွက်ပေါ်လာချိန်တွင် အလယ်ပိုင်းကုန်းမြေ၏နေရာအနှံ့အပြားမှ ထိပ်သီးကျင့်ကြံသူများအားလုံး မိုးကောင်းကင်အား အံ့အားသင့်တုန်လှုပ်စွာဖြင့်ကြည့်ရှုနေကြ၏။
"အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်ငြိမ်သက်နေတာကနေ...နောက်ဆုံးတော့ စိတ်ဝင်စားစရာကောင်းတာတစ်ခု ထွက်ပေါ်လာခဲ့ပြီ"
"စုံစမ်းကြစမ်း...ဒီသဘါဝပုံရိပ်ကိုဖြစ်ပေါ်စေတာ ဘယ်သူလဲဆိုတာကို"
အချိန်အတိုင်းအတာတစ်ခုကြာသည့်တိုင် အလယ်ပိုင်းကုန်းမြေတစ်ခုလုံး ပွက်ပွက်ညံနေပေသည်။
တောက်ပလင်းလက်နေသောကြယ်ကြီးသည် ပျောက်ကွယ်သွားခြင်းမရှိဘဲ ကောင်းကင်ယံ၌ဆက်လက်တည်ရှိနေလေ၏။
"ဒီသဘါဝပုံရိပ်က ဘယ်အချိန်ထိကြာကြာတည်ရှိနေမှာလဲ"
"အဲ့ဒီလူ အဆင့်ချိုးဖျက်တာက ကောင်းကင်ဘုံနယ်ပယ်ကိုများ ချိုးဖျက်နေတာဖြစ်နေမလား"
သံသယများနှင့်အတူ လူအားလုံးက ကောင်းကင်ယံရှိကြယ်ကြီးအား ဆက်လက်၍စူးစမ်းလေ့လာနေကြ၏။
တစ်ချို့ထိပ်သီးကျွမ်းကျင်သူများဆိုလျှင် ကောင်းကင်ယံထက်သို့ပျံဝဲသွားပြီး ကြယ်ကြီးထံသို့သွား၍ စူးစမ်းရှာဖွေနေလေသည်။
သို့ရာတွင် သူတို့က အချိန်အတော်ကြာသည်အထိ ပျံသန်းခဲ့သော်လည်း လင်းလက်တောက်ပနေသောကြယ်ကြီး၏အနီးသို့ ရောက်ရှိနိုင်ခြင်းမရှိချေ။ ထို့ကြောင့် သူတို့က ကူကယ်ရာမဲ့စွာဖြင့် ကြယ်ကြီးအား ကြည့်နေရုံသာတက်နိုင်တော့သည်။
လင်းလက်တောက်ပနေသောကြယ်ကြီးက ကောင်းကင်ယံ၌ တစ်ရက်ပြီးတစ်ရက် ဆက်လက်တည်ရှိနေလေ၏။
တစ်ရက်...
နှစ်ရက်...
နောက်ဆုံး၌ ဆယ်ရက်ကုန်ဆုံးသွားခဲ့သည်။
တော်လဲသံကဲ့သို့မြည်ဟီးသံကြီးနှင့်အတူ အလယ်ပိုင်းကုန်းမြေ၏အလယ်ဗဟိုရှိ ကျောက်တုံးသင်ပုန်း၌ နာမည်စာရင်းအပြောင်းအလဲဖြစ်ပေါ်သွားခဲ့သည်။
"လျှို့ဝှက်နဂါးစာရင်း ပထမနေရာ...မြေအောက်လောက"
ကြီးမားသောစာလုံးများက ကျောက်တုံးသင်ပုန်း၏ပထမနေရာ၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ထိုအမည်နာမ၏အောက်ရှိ မူလ ပထမနှင့်ဒုတိယနာမည်များမှာမူ ပြောင်းလဲခြင်းမရှိချေ။
"လျှို့ဝှက်နဂါးစာရင်းမှာ လူသစ်တစ်ယောက်နာမည် ထွက်ပေါ်လာခဲ့တယ်"
"ဒီတစ်ကြိမ် လျှို့ဝှက်နဂါးစာရင်း အပြောင်းအလဲမရှိတာ သုံးနှစ်တောင်ကြာနေပြီ...ဘယ်လိုလုပ်ပြီး ရုတ်တရက်ပြောင်းလဲသွားရတာလဲ"
"လုမိသားစုက လုထျန်းကျောင်းနဲ့ ယင်လော့ဂိုဏ်းက သခင်လေး တို့က အရင်ကလျှို့ဝှက်နဂါးစာရင်းရဲ့ ပထမနဲ့ဒုတိယနေရာကို ယူထားခဲ့တာ...ဒါပေမယ့် တစ်ယောက်ယောက်က သူတို့နာမည်တွေကိုဆွဲချသွားခဲ့ပြီ"
"အသက်သုံးဆယ်အောက် မြင့်မားတဲ့ပါရမီရှိသူတွေပဲ ဒီစာရင်းမှာပါဝင်ဖို့အရည်အချင်းပြည့်မှီတာ...သူတို့နှစ်ယောက်ထက် ပိုပြီးအရည်အချင်းရှိတဲ့လူငယ်တစ်ယောက် ပေါ်ထွက်လာပြီဆိုတာ သံသယဖြစ်စရာမရှိဘူး"
လူတိုင်းနီးပါး ထိုအကြောင်းကိုသာပြောဆိုဆွေးနွေးနေကြပြီး မြေအောက်လောကဟူခေါ်သောသူ၏သရုပ်မှန်ကို မှန်းဆနေကြသည်။
"ဘယ်လောက်ကုန်ကျကုန်ကျ...အဲ့ဒီလူကိုတွေ့အောင်ရှာခဲ့"
"သူကိုရှာပြီး ငါတို့ရဲ့အင်အားစုထဲကို ဆွဲခေါ်ရမယ်"
****
ပြင်ပလောက၌ပွက်လောရိုက်နေချိန်တွင် လုယွီကမူ ကျင့်ကြံခြင်းအခြေအနေ၌ နစ်မျောနေဆဲပင်။
ဤအချိန်တွင် လုယွီ၏စိတ်ဝိညာဥ်စမ်းရေအိုင်အတွင်း၌ မြောက်များစွာသောမြို့များပေါ်ထွက်နေပေသည်။
လုယွီက လုံကျင်းမြို့၏အင်ပါယာနန်းတော်အတွင်း၌ထိုင်နေပြီး သူ၏မျက်လုံးအတွင်းတွင် နဂါးသွေးကြောကပေါ်ထွက်လာခဲ့သည်။
နဂါးသွေးကြော၏မျက်လုံးများမှကြည့်လျှင် မြောက်များစွာသောမြို့များကို မြင်နိုင်ပေ၏။
လုယွီက နဂါးပလ္လင်အား သူ၏လက်ဖြင့်အသာအယာတောက်လိုက်ရာတွင် ခပ်သဲ့သဲ့မြည်ဟီးသံက နေရာတစ်ခုလုံးအားပဲ့တင်ထပ်ပျံနှံ့သွားခဲ့သည်။
'ငါရဲ့စိတ်ဝိညာဥ်စမ်းရေအိုင်ကိုအခြေခံပြီး လုံကျင်းကိုတည်ထောင်နိုင်ခဲ့ပြီ...ဒါက မြင့်မြတ်တဲ့နေရာတစ်ခုပဲ"
လုယွီက လေးနက်တည်ကြည်သောအသံဖြင့် အော်ဟစ်လိုက်၏။
ဝုန်း.....
စွမ်းအင်စီးကြောင်းများက မြို့များအားလုံးကို ဖြတ်သန်းသွားပြီးနောက် လုယွီ၏စိတ်ဝိညာဥ်စမ်းရေအိုင်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
မူလက အသက်ဝိညာဥ်ကင်းမဲ့နေသောမြို့များတွင် အသက်ဝင်သောအရိပ်အယောင်တချို့ ပြန့်ကျဲသွားခဲ့သည်။
ထိုအသက်ဝိညာဥ်များသည် အားနည်းနေသေးသော်လည်း အစစ်အမှန်သက်ရှိများဖြစ်ပေသည်။ သူတို့အား အချိန်အနည်းငယ်ပေးလိုက်ပါက ကမ္ဘာလောက၏သက်ရှိများဖြစ်လာမည်မှာ သေချာပေသည်။
ဤသည်က ဖန်ဆင်းမှုတစ်ခုဖြစ်လုနီးပါးပင်။ ဤအချိန်တခဏတွင် လုယွီက သူ၏ဦးနှောက်အတွင်းမှ စေ့ဆော်မှုတစ်ခုကို အာရုံခံစားမိသည်။
တချိန်တည်းမှာပင် သူ၏ကျင့်ကြံဆင့်သည်လည်း စတင်၍မြင့်တက်လာပေ၏။
ဤအချိန်တခဏတွင် သူ၏ကျန်းချီများအားလုံးသိပ်သည်းသွားပြီး ချက်ချင်းပင် သူ၏အရိုးများကရွေ့လျားသွားပြီးနောက် စိတ်ဝိညာဥ်စွမ်းအင်လုံးတစ်ခုအသွင်ပြောင်းလဲသွားခဲ့သည်။
"သဘာဝလွန်စွမ်းအင်နယ်ပယ်...အလယ်ဆင့်"
လုယွီက ကောင်းကင်ယံအားကြည့်ပြီး အော်ဟစ်ကြုံးဝါးလိုက်၏။
အော်ဟစ်ကြုံးဝါးသံကြီးက တားမြစ်နယ်မြေအတွင်း၌ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်နေရာများအား လေမုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားပေသည်။
ဝုန်း...ဝုန်း...
လုယွီ၏အော်ဟစ်သံနောက်တွင် မြောက်များစွာသည့်ကျောက်တုံးကြီးများ ပြုတ်ကျလာပြီး ပတ်ဝန်းကျင်ရှိ တောင်နံရံများအက်ကွဲလာပေသည်။
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းကုန်းမြေ၏ကောင်းကင်ယံ၌ မျောလွင့်နေသော သဘာဝပုံရိပ်ကြီးသည် မည်သည့်အချိန်ကမျှမရှိခဲ့သကဲ့သို့ ပျောတ်ကွယ်သွားတော့သည်။
"တားမြစ်စည်း ပျောက်ကွယ်သွားပြီ'
"အဝေးကို ရှောင်နေကြ"
တားမြစ်နယ်မြေ၏ရှေ့ရှိ စစ်သားများသည် တောင်နံရံများပြိုကွဲလာမှုကြောင့် အလျင်စလိုဖြင့် တိမ်းရှောင်နေကြ၏။
အချိန်တခဏအတွင်းမှာပင် ကျင်းနက်ကြီးအတွင်းမှ ကျယ်လောင်သောတုန်ခါသံကြီး ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ မြေပြင်တုန်ခါခြင်း တောင်များပြိုလဲနေခြင်းများနှင့်ယှဥ်တွဲ၍ လုယွီသည် ကျင်းနက်ကြီးအတွင်းမှနေ၍ ကောင်းကင်ယံသို့ပျံဝဲထွက်လာတော့သည်။
Chapter 500
တာအိုဒုတိယအဆင့်အား နယ်ပယ်ခြောက်ခုအဖြစ် ပိုင်းခြားထားသည်။
ပထမဆုံးနယ်ပယ်အား သဘာဝလွန်စွမ်းအင်နယ်ပယ်ဟု ခေါ်ဆိုပေသည်။
ကျင့်ကြံသူတစ်ယောက်သည် ထိုနယ်ပယ်သို့ ခြေချနိုင်သည်နှင့် ထိုသူ၏ခန္ဓာကိုယ်မှကျန်းချီများသည် အစွမ်းထက်သောမှော်နည်းစနစ်များကို အသုံးပြုနိုင်သော သဘာဝလွန်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။
သာမာန်ကျင့်ကြံသူတစ်ယောက်သည် သဘာဝလွန်စွမ်းအင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပါက အခြေခံကျစ်လျစ်သိပ်သည်းစေရန် အချိန်အတော်ကြာယူရပေမည်။ ထိုသူသည် အချိန်အတိုင်းအတာတစ်ခုထိပင် အားနည်းနေနိုင်သည်။
သို့သော် လုယွီကမူ ထိုသို့အချိန်စောင့်ဆိုင်းရန် မလိုအပ်ချေ။
ဤသည်က စကြာဝဠာခန္ဓာကိုယ်အမျိုးအစား၏အကျိုးကျေးဇူးဖြစ်ပေ၏။ သာမာန်အချိန်များတွင် စကြာဝဠာခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်၏စိတ်ဝိညာဥ်စွမ်းအင်စုစည်းမှုသည် နှေးကွေးသော်လည်း ကျင့်ကြံဆင့်ချိုးဖျက်ပြီးချိန်တွင်မူ ထိုသူ၏အခြေခံသည် ကျစ်လျစ်သိပ်သည်းပြီးခိုင်မာပေသည်။
လုယွီက လေထုအတွင်း၌မတ်တတ်ရပ်နေပြီး သူ၏အင်္ကျီလက်များက လူးလွင့်နေကာ ကောင်းကင်ဘုံမှဆင်းသက်လာသော အစစ်အမှန်အင်မော်တယ်တစ်ယောက်နှင့် တူညီနေပေသည်။
"ဒါက တားမြစ်စည်းကျိုးပျက်သွားတာ မဟုတ်ဘူး...သူက ချူဘုရင်ပဲ"
"ချူဘုရင်က တားမြစ်နယ်မြေထဲကနေ အသက်ရှင်ရက် ပြန်ထွက်လာခဲ့ပြီ"
စစ်သားတချို့သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချနေကြ၏။ သူတို့ထဲမှတချို့က လုယွီအား မှတ်မိသွားကြသဖြင့် ကျယ်လောင်စွာအော်ဟစ်၍ ကြိုဆိုနှုတ်ဆတ်လိုက်ကြသည်။
အချိန်တခဏအကြာမှာပင် စစ်ဗိုလ်ချုပ်တစ်ယောက်က အလျှင်စလိုဖြင့် အပြေးရောက်ရှိလာလေ၏။
"ဒီဗိုလ်ချုပ်က ချူဘုရင်ကို ဂါဝရပြုနှုတ်ဆက်ပါတယ်"
စစ်ဗိုလ်ချုပ်က ချက်ချင်းပင် မြေပြင်ပေါ်၌ဒူးထောက်၍ အရိုအသေပြုလေ၏။
လုယွီက နံဘေးပတ်ဝန်းကျင်အားတစ်ချက်ကြည့်လိုက်သည်။ သူက သဘာဝစွမ်းအင်နယ်ပယ်သို့ ရောက်ရှိသွားချိန်တွင် သူ၏နတ်ဘုရားစိတ်အာရုံအား မိုင်တစ်ထောင်အဝေးထိ ဖြန့်ကျက်နိုင်လေသည်။
အကြည့်တစ်ချက်ဖြင့်ပင် လုယွီက တားမြစ်နယ်မြေပတ်လည်၌စောင့်ကြပ်နေသော စစ်သားများ၏အင်အားလျော့နည်းသွားခြင်းကို တွေ့မြင်မိသည်။
မူလက ဤနေရာတွင် စစ်သားဦးရေသည်အနည်းဆုံး အယောက်နှစ်သိန်းကျော်ခန့်ရှိသော်လည်း ယခုချိန်တွင်မူအယောက်တစ်သောင်းခန့်သာရှိတော့သည်။
"ဒီနေရာက လူတွေက ဘယ်ရောက်ကုန်ကြတာလဲ"
လုယွီက မေးမြန်းလိုက်၏။
အင်ပါယာတားမြစ်နယ်မြေသည် ယဲ့မိသားစု၏လျှို့ဝှက်နယ်မြေဟု မှတ်ယူနိုင်သည်။ မည်သည်ကြောင့် ဤမျှထိ အစောင့်အကြပ်နည်းပါးနေရသနည်း။
စစ်ဗိုလ်ချုပ်၏မျက်နှာပေါ်၌ နာကျင်ကြေကွဲနေသောအရိပ်အယောင်တချို့ ပေါ်ထွက်လာခဲ့သည်။
သူက မြေပြင်ပေါ်၌ဒူးထောက်နေရင်းမှ လုယွီအား တောင်းဆိုလိုက်သည်။
"ကျေးဇူးပြုပြီး ချူဘုရင်က ကျွန်တော်တို့ကိုဦးဆောင်ပေးပါ"
"ချူဘုရင်က ကျွန်တော်တို့ကို ဦးဆောင်ပေးပါ"
ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံး လုယွီ၏ရှေ့၌ ဒူးထောက်လိုက်ကြ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းတို့အားလုံး ထကြစမ်း...ဘာတွေဖြစ်နေတာလဲဆိုတာ ငါကိုရှင်းပြကြစမ်းပါ"
စစ်ဗိုလ်ချုပ်က အလျှင်အမြန်မတ်တတ်ထရပ်ပြီး ဤအချိန်အတောအတွင်း၌ ဖြစ်ပျက်ခဲ့သမျှကိစ္စရပ်တိုင်းကို လုယွီအားရှင်းပြလေ၏။
နောက်ကြောင်းပြန်ပြောရလျှင် လုယွီက တားမြစ်နယ်မြေအတွင်း၌ရှိနေသည်မှာ အချိန်တစ်လနီးပါးကြာမြင့်နေခဲ့သည်။
ဤတစ်လအချိန်အတောအတွင်းတွင် လုံချွမ်တိုင်းပြည်အား အိမ်နီးချင်းနိုင်ငံဖြစ်သော တာယွဲ့တိုင်းပြည်မှ ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။
လုံချွမ်တိုင်းပြည်သည် တာယွဲ့တိုင်းပြည်နှင့် နယ်နမိတ်ခြင်းထိစပ်နေပြီး တိုင်းပြည်နှစ်ခုကြားတွင် စစ်ပွဲများမကြာခဏဖြစ်ပွါးလေ့ရှိသည်။ တိုက်ပွဲများမှာ များသောအားဖြင့်နယ်စပ်တွင်သာဖြစ်ပွါးပြီး ကြီးမားသောတိုက်ပွဲဟူ၍ အနည်းငယ်သာရှိခဲ့သည်။
ကောလဟာလများအရ တာယွဲ့တိုင်းပြည်မှစစ်ထူမိသားစု၏မိသားစုခေါင်းဆောင်သည် လုံချွမ်တိုင်းပြည်၌ သေဆုံးခဲ့သည်ဟု လူအများက ကြားသိထားလေသည်။
စစ်ထူမိသားစုသည် တာယွဲ့တိုင်းပြည်၏ထိပ်တန်းမိသားစုကြီးဖြစ်သည်။ စစ်ထူမိသားစုသည် တာယွဲ့တိုင်းပြည်၏စစ်ရေးနှင့်အုပ်ချုပ်ရေးပိုင်းကိုထိန်းချုပ်ထားပြီး မိသားစုဝင်အများစုသည် အင်ပါယာတရားရုံးမှအရာရှိများဖြစ်ပေသည်။
စစ်ထူမိသားစုခေါင်းဆောင်က သူ မသေဆုံးမီအချိန်တွင် သူ့အားလုပ်ကြံသတ်ဖြတ်ခဲ့သူ၏ပုံတူအား ချန်ထားခဲ့သည်။
ထို့ကြောင့် စစ်ထူမိသားစုသည် လူအမြောက်အများကိုစေလွှက်ပြီးထောက်လှမ်းခဲ့ရာ နောက်ဆုံး၌ ပုံတူအတွင်းမှလူသည် လုံချွမ်တိုင်းပြည်၏ချူဘုရင်ဖြစ်သည်ကို တွေ့ရှိသွားလေ၏။
တာယွဲ့တိုင်းပြည်က ချူဘုရင်အားလွှဲပြောင်းပေးရန် အမိန့်ကို လုံချွမ်တိုင်းပြည်ထံသို့ ချက်ချင်းပင်ပို့ဆောင်ခဲ့တော့သည်။
ဤတစ်ကြိမ်တွင်မူ တာယွဲ့တိုင်းပြည်မှစစ်တပ်သည် မြို့တံခါးအနီးသို့ပင်ရောက်ရှိနေပြီဖြစ်သဖြင့် လုံချွမ်တိုင်းပြည် အန္တရာယ်အတွင်းသို့ကျရောက်နေလေသည်။
သို့ရာတွင် လုံချွမ်အင်ပါယာမင်းသည် ဝန်ကြီးများ၏အမြင်များကို ဆန့်ကျင်ဘက်ပြု၍ ချူဘုရင်အား ဆက်လက်ကာကွယ်ရန် ဆုံးဖြတ်ခဲ့ပေ၏။
စစ်ထူမိသားစုသည် အလွန်အမင်းစိတ်ဆိုးဒေါသထွက်သွားကြပြီး တာယွဲ့တိုင်းပြည်မှအင်ပါယာမင်းအား ကိုယ်တိုင်ကိုယ်ကျစစ်တပ်ကိုဦးဆောင်စေပြီး လုံချွမ်တိုင်းပြည်အား ဝင်ရောက်တိုက်ခိုက်စေတော့သည်။
အချိန်တစ်လခန့်ကြာချိန်တွင် လုံချွမ်တိုင်းပြည်၏နယ်မြေများ တစတစရှုံးနိမ့်လာခဲ့ပြီး နောက်ဆုံး၌ တာယွဲ့တိုင်းပြည်၏စစ်တပ်သည် လုံချွမ်အင်ပါယာမြို့တော်နှင့် လီတစ်ရာခန့်အကွာအဝေးသို့ ရောက်ရှိလာလေ၏။
စစ်ထူမိသားစုသည် အကယ်၍သာ ချူဘုရင်ကို သူတို့ထံ လက်လွှဲပြောင်းမပေးပါက အင်ပါယာမြို့တော်တစ်ခုလုံးအား ချူဘုရင်နှင့်အတူ မြှုပ်နှံပစ်မည်ဟု ခြိမ်းခြောက်ထားပေသည်။
"အင်ပါယာမြို့တော်ကို ကာကွယ်ဖို့အတွက်...တားမြစ်နယ်မြေက အစောင့်အကြပ်စစ်သားတော်တော်များများက မြို့တော်ကိုပြန်သွားကြပြီ...ကျွန်တော်တို့က ဒီနေရာမှာ နေ့တိုင်းစောင့်နေခဲ့တယ်...ကျွန်တော်တို့က အင်ပါယာမြိုတော်ကိုပြန်ပြီး ကျူးကျော်လာသူတွေကို ခုခံတိုက်ခိုက်ချင်တယ်...ချူဘုရင်က ကျွန်တော်တို့ကို ဦးဆောင်ပြီး တိုက်ခိုက်ပေးနိုင်မလားဆိုတာကို မေးပါရစေ" စစ်ဗိုလ်ချုပ်က ကျယ်လောင်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်၏။
Thank For Reading.