အခန်း (၄၀၁-၄၀၅)
Vol. 21-25 Ch. 401-405
Chapter 401
လောဝူတောက်၏ မှတ်ဥာဏ်များကို စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်နှင့် ရှာစဥ်အချိန်တုန်းက လုယွီသည် မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့၏ ပုံရိပ်ကို မတော်တဆတွေ့မြင်ခဲ့ရသည်။ သမင်ဖြူကျောင်းတော်၏ လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့် အစွမ်းထက်ဆုံးပညာရှင်သည် တာယွီနိုင်ငံတော်မှ သူလျှိုဖြစ်နေပေ၏။
သူက လုယွီကို မြေအောက်လောကနတ်ဆိုးဂိုဏ်းသို့ စေလွှက်ရသည့် အကြောင်းအရင်းမှာ လုယွီအား နတ်ဆိုးဂိုဏ်း၌ သေဆုံးစေချင်သောဆန္ဒကြေါင့်ဖြစ်သည်။ သို့မှသာလျှင် သမင်ဖြူကျောင်းတော်နှင့် မြေအောက်လောကနတ်ဆိုးဂိုဏ်းကြား စစ်ပွဲဆင်နွှဲရန် အကြောင်းပြချက်ရှိလာပေမည်။
လုယွီက စန်လို့၏အိမ်တော်သို့ တိုက်ရိုက်ပင် သွားလိုက်တော့သည်။
"ရပ်လိုက်...မင်းဘယ်သူလဲ"
စန်လို့၏အိမ်တော်အပြင်ဘက်တွင် စောင့်ကြပ်နေသော တံခါးစောင့်တစ်ယောက်က လုယွီအား တားဆီးလိုက်၏။ ထိုတံခါးစောင့်၏နောက်တွင်မူ ခမ်းနားထည်ဝါသော ခြံဝန်းတစ်ခုရှိနေပေသည်။
အနီးပတ်ဝန်းကျင်ရှိ တစ်ခြားကွန်ဖြူးရှပ်ပညာရှင်များ၏ ကျက်သရေရှိသောအိမ်တော်များနှင့်မတူညီဘဲ ဤခြံဝန်းသည် အလွန်တောက်ပနေလေသည်။
လုယွီက ရှေ့သို့ဆတ်လျှောက်လှမ်းပြီး အော်ဟစ်လိုက်သည်။
"စန်လို့...ခင်ဗျား ထွက်လာစမ်း"
လုယွီ၏အသံသည် သမင်ဖြူတောင်တစ်တောင်လုံး ပဲ့တင်ထပ်မြည်ဟီးသွားပေ၏။
ဝှစ်...ဝှစ်...
တော်ထိပ်မှနေ၍ ကွန်ဖြူးရှပ်ကျောင်းသားတစ်ချို့ဆင်းလာပြီး လုယွီအား စိတ်ဆိုးမာန်ဆိုးကြည့်ရှုနေကြ၏။
"မင်း ဘယ်သူလဲ"
"အတင့်ရဲလှချည်လား"
ထိုကျောင်းတော်သားများက လုယွီကိုမြင်ချိန်တွင် သူတို့၏မှော်လက်နက်များကိုထိန်းချုပ်၍ တရကြမ်းတိုးဝင်တိုက်ခိုက်ကြတော့သည်။
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ချောင်းများကို အနည်းငယ်လှုပ်ခတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် လုယွီထံမှ ဓားအလင်းရောင် ပျံဝဲထွက်ပေါ်လာပြီး ကျောင်းတော်သားများ၏မှော်လက်နက်များအားလုံး ကျိုးပဲ့ပျက်စီးသွားတော့သည်။
ဘုန်း....
အိမ်တော်တံခါးအား ကန်ကျောက်ဖွင့်ပြီး လုယွီက အတွင်းသို့ဝင်လိုက်၏။ သူ၏နတ်ဘုရားစိတ်အာရုံနှင့် အာရုံခံကြည့်ရာတွင် ခြံဝန်းတစ်ခုလုံးရှိလူများအား မြင်တွေ့ရပေ၏။
သို့ရာတွင် စန်လို့၏အရိပ်ကိုပင် မြင်တွေ့ရခြင်းမရှိချေ။
"ကောင်လေး...မင်း ဒီနေရာကို ဘယ်လိုလုပ်ပြီးဝင်လာတာလဲ"
ကွန်ဖြူးရှပ်ပညာရှင်များစွာသည် မုန်တိုင်းတိုက်ခတ်သကဲ့သို့ ရောက်ရှိလာကြ၏။
လုယွီက သူတို့ကိုတစ်ချက်ကြည့်ပြီး အေးစက်စက်မေးမြန်းလိုက်သည်။
"စန်လို့ ဘယ်မှာလဲ"
"တောင်သခင်ရဲ့အမည်နာမကို မင်းက တိုက်ရိုက်ခေါ်စရာလား"
ကွန်ဖြူးရှပ်ပညာရှင်များက အမျက်ချောင်းချောင်းထွက်သွားကြ၏။
သို့ရာတွင် အစောပိုင်းက လုယွီ၏လျှပ်ပြက်သကဲ့သို့လျှင်မြန်သော တိုက်ခိုက်မှုကြောင့် လူတိုင်းက ထိတ်လန့်နေကြဆဲဖြစ်သည်။ မည်သူကမျှ ရှေ့သို့ ခြေတစ်လှမ်းမတိုးဝံ့ကြချေ။
"ဟိုမှာ...စီနီယာအကိုကြီးလာနေပြီ...ဒီကောင်ကို သင်ခန်းစာပေးတော့မယ်"
တစ်စုံတစ်ယောက်အား လူတစ်စုကခြံရံ၍ ခြေလှမ်းကျဲကြီးများဖြင့် ခြံဝန်းအတွင်းသို့ အပြေးဝင်လာကြသည်။
ထိုသူက ဖန့်ချီသာ ဖြစ်ပေ၏။
"ဒါဆို မင်းပေါ့...အမှိုက်ကောင်...မင်းက မြေအောက်လောကနတ်ဆိုးဂိုဏ်းကိုရောက်သွားတာတောင် ပြန်လာရဲတဲ့သတ္တိရှိသေးတယ်ပေါ့"
ဖန့်ချီက လုယွီအား အော်ငေါက်လိုက်သည်။
"ဘာလဲ စီနီယာအကိုကြီး...အဲ့ဒီကောင်က နတ်ဆိုးကျင့်ကြံသူလား"
"ကျွန်တော်က သူရဲ့အော်ရာက နတ်ဆိုးဆန်တယ်လို့ ခံစားနေရတာ အံ့အားသင့်စရာမရှိတော့ဘူး....သူက လမ်းမှန်နည်းစနစ်တွေကိုသွေဖယ်ပြီး နတ်ဆိုးနည်းစနစ်တွေ လေ့ကျင့်ထားခဲ့တာပဲကိုး..."
လူတိုင်းက ရန်လိုမှုအပြည့်ဖြင့် လုယွီအား ကြည့်ရှုနေကြ၏။
ဖန့်ချီက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒီအချိန်တုန်းက တိုက်ပွဲကွင်းပြင်မှာ မင်း ပုန်းအောင်းမနေဘူးဆိုရင်...ငါ မင်းကို သတ်မလို့ပဲ...ဒီနေ့ မင်းက ရောက်လာမှတော့ မင်းလိုနတ်ဆိုးကောင်ကိုသတ်ပြီး လောကကြီးရဲ့ဖြောင့်မတ်ခြင်းကို အဆိပ်သင့်တာကနေ ငါ ကာကွယ်မယ်"
လုယွီက ဖန့်ချီနှင့် အဓိပ္ပါယ်မရှိသောစကားများ ပြောဆိုလိုစိတ်မရှိပေ။ သူက တဲ့တိုးပင် မေးမြန်းလိုက်၏။
"စန်လို့ ဘယ်မှာလဲ"
"ငရဲကို သွားစမ်း"
ဖန့်ချီကလည်း ထပ်မံစကားပြောဆိုရန်ရည်ရွယ်ချက်ရှိပုံမရဘဲ လုယွီထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာခဲ့သည်။ သူက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်ရာတွင် ကျယ်လောင်သောတုန်ဟီးသံကြီးက ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ရှိတောင်များ စတင်တုန်ခါလာပြီး မြေပြင်သည်ကွဲအက်လာကာ ကြီးမားသောအက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားတော့သည်။
ဖန့်ချီက သူ၏ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကြသွားလေ၏။ သူထုတ်လွှက်လိုက်သော လက်ဝါးရိုက်ချက်သည် အလွန်အစွမ်းထက်သော်လည်း လုယွီ၏ခန္ဓာကိုယ်အား ထိတွေ့ခြင်းပင်မရှိဘဲ လေထုအတွင်းမှာပင် ပျက်ပြယ်သွားခဲ့သည်။
"မင်း....."
လုယွီက ရှေ့သို့လျှောက်သွားပြီး ဖန့်ချီကို အင်္ကျီဂုတ်မှ ဆွဲမထားလေ၏။
"ငါ မင်းကိုမေးနေတာ...စန်လို့ ဘယ်ကိုသွားနေတာလဲ"
လုယွီ၏စကားသံသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည်။
ဖန့်ချီက အဖြေမပေးသည်ကိုမြင်တွေ့ရသော လုယွီ၏လေသံသည် ပို၍တင်းမာလာလေ၏။
"ငါ မင်းကို မေးနေတာလေ"
ဖန့်ချီက တုန်ရီနေသောအသံဖြင့် လုယွီအား ပြောဆိုလိုက်သည်။
"ငါ တစ်ကယ်မသိဘူး...မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က သူ ခရီးရှည်သွားစရာရှိပြီး အချိန်တော်တော်ကြာတဲ့အထိ ပြန်လညဖြစ်မှာမဟုတ်ဘူးလို့ပဲ ပြောသွားခဲ့တာ"
လုယွီက ဖန့်ချီကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သမင်ဖြူတောင်တစ်ခုလုံးအား ဖြန့်ကျက်၍အာရုံခံလိုက်သည်။
ကံဆိုးစွာဖြင့် စန်လို့၏အရိပ်အယောင်ကိုပင် မြင်တွေ့ရခြင်းမရှိပေ။
"ခင်ဗျား ပြေးတာစောသွားတယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။
Chapter 402
လုယွီက စန်လို့အား လိုက်လံဖမ်းဆီးရန်ကိုမူ ရည်ရွယ်ချက်မရှိပေ။ သူ၌ ထိုမျှလောတ်ထိ အချိန်မရှိချေ။
သူက တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ လုံလောတ်သည်ထက်ပို၍ အချိန်ဖြုန်းခဲ့ပြီးဖြစ်သည်။ လုယွီ၏ကျင့်ကြံမှုနယ်ပယ်သည် အလွန်လျှင်မြန်စွာဖြင့် တိုးတတ်နေသည်ဆိုသော်ငြား ကမ္ဘာတစ်သောင်းနယ်မြေသို့ပြန်နိုင်ရန်မှာ အလှမ်းဝေးကွာနေသေးသည်။
သို့ရာတွင် စန်လို့အိမ်တော်၏ရှေ့ ထောင့်တစ်နေရာမှ စူးရှသောမျက်လုံးတစ်စုံက သူ့အားစူးစိုက်ကြည့်နေခြင်းကိုတော့ လုယွီက သတိမပြုမိပေ။
"ဘယ်လိုလုပ်ပြီး နတ်ဆိုးကျင့်ကြံသူက ဒီနေရာမှာ ရိုင်းရိုင်းစိုင်းစိုင်း လုပ်နေရတာလဲ"
လုရွှမ်အာက အံ့အားတသင့် ရေရွတ်နေလေ၏။ သို့သော် သူမက အသံထွက်၍ စကားဆိုခြင်းမပြုချေ။
အစောပိုင်းက လုယွီ၏လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဖန့်ချီ ဒဏ်ရါအပြင်းအထန်ရရှိသွားခြင်းကို သူမက တွေ့မြင်ခဲ့ရသည်။
"မုန်းလိုက်တာ....မဟာခုနစ်စင်ကြယ်ဓားနည်းစနစ်ကို ငါ အောင်မြင်အောင်ကျင့်ကြံနိုင်တာနဲ့ အဲ့ဒီသူခိုးကောင်ကို သတ်ပစ်မယ်"
လုရွှမ်အာက သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားလေ၏။
လုယွီဦးတည်ထွက်ခွါသွားသည့် လမ်းကြောင်းကိုကြည့်မိချိန်တွင်မူ လုရွှမ်အာက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
"အဲ့ဒီကောင်က အမေရဲ့အိမ်တော်ဘက်ကိုသွားနေတာပဲ...သူ သေချင်နေတာလား"
လုရွှမ်အာက ပြန်လည်တွေးတောကြည့်ရာတွင် လုယွီက သူမမိခင်၏တူတော်စပ်ကြောင်းကို အမှတ်ရသွားခဲ့သည်။
"အဲ့ဒီ ခွေးမသားက နတ်ဆိုးဂိုဏ်းမှာ တစ်ချိန်လုံးနေနေခဲ့တာ...သူက ငါ့အမေကို လေချိုသွေးပြီး သမင်ဖြူကျောင်းတော်ကို ပြန်လာတာပဲဖြစ်မယ်...ငါ အဲ့ဒီကိစ္စကို ခွင့်မပြုနိုင်ဘူး"
လုရွှမ်အာက ဆုံးဖြတ်ချက်ပြတ်သားစွာ ချလိုက်ပြီး လုယွီ၏နောက်သို့ တိတ်တဆိတ်လိုက်ပါသွားတော့သည်။
****
သမင်ဖြူကျောင်းတော်....ကျောင်းအုပ်ကြီး၏အိမ်တော်
လုယွီက အိမ်တော်သို့ ရောက်ရှိသည်နှင့် သူ၏နာမည်ကိုသတင်းပို့လိုက်ရာတွင် အတွင်းသို့ဖိတ်ကြားခံလိုက်ရသည်။
"ယွီအာ...မင်းနဲ့ငါ လမ်းခွဲသွားတာမကြာသေးဘဲ ဘာလို့ဒီကိုရောက်လာတာလဲ...ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ"
လုဝမ်ရှင်း၏မျက်ခုံးနှစ်ခုကြားတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များ ရှိနေလေ၏။
သူမက ကုလားထိုင်တစ်လုံးပေါ်တွင် မှီနေပြီး သူမရှေ့ရှိစားပွဲပေါ်၌ ဓမ္မအမိန့်စာလွှာများက လေထုအတွင်းမျောလွင့်နေခဲ့သည်။
အလယ်ပိုင်းကုန်းမြေ၏အင်အားစုများသည် သမင်ဖြူကျောင်းတော်၏နေရာတိုင်း၌ ရှိနေနိုင်ပေသည်။ သူမ ကျောင်းတော်သို့ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်ဆောင်သည်က ထိုလျှို့ဝှက်ဖုံးကွယ်ထားသောသူလျှိုများကို ဖော်ထုတ်နိုင်ရန်ဖြစ်လေ၏။
လုယွီက လုဝမ်ရှင်းအား စန်လို့၏သရုပ်မှန်ကို ရှင်းပြလိုက်တော့သည်။
လုဝမ်ရှင်း၏မျက်နှာအမူအယာသည် ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့၏။
"တောင်သခင်စန်လို့ရဲ့သရုပ်မှန်က အဲ့လိုဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
သူမက လုယွီအား ကြည့်ပြီးပြောဆိုလိုက်သည်။
"ငါက တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးအနှံ လူတွေစေလွှက်ထားလိုက်မယ်...စန်လို့ရဲ့သတင်းရတာနဲ့ ငါ သူကို ချက်ချင်းသွားဖမ်းမယ်"
ထိုအချိန်မှာပင် အခန်း၏ပြင်ပမှ အလွန်လျှင်မြန်စွာလျှောက်လှမ်းလာသော ခြေသံအား ကြားလိုက်ရ၏။
ဘန်း...
အခန်းတံခါးက တွန်းဖွင့်ခြင်းခံလိုက်ရပြီး လုရွှမ်အာက တရကြမ်းပြေးဝင်လာခဲ့၏။
"ရွှမ်အာ...နင် ဒါဘာလုပ်တာလဲ"
လုဝမ်ရှာ၏မျက်ခုံးများ ရုတ်တရက်တွန့်ကွေးသွားလေသည်။ သူမက လုရွှမ်အာ၏ရိုင်းပျသော အပြုအမူကို အလွန်အမင်းစိတ်မကျေမနပ်ဖြစ်သွားသည်မှာ သိသာထင်ရှားနေပေ၏။
"အမေ...သူရဲ့လှည့်စားတာကိုမခံနဲ့...သူက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ...သူရဲ့စိတ်နှလုံးသားထဲမှာ ဖျက်လိုဖျက်စီးလုပ်ချင်တဲ့ အတွေးတွေပဲရှိနေတာ...သူ ဘာပြောပြော မယုံပါနဲ့"
သူမက အခန်းအတွင်းလို့ ရောက်ရောက်ချင်း လုယွီအား လက်ညှိုးညွှန်၍ ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်သည်။
"ဒီနေရာက ခုချက်ချင်းထွက်သွားစမ်း"
လုဝမ်ရှင်းက ခက်ထန်စွာဖြင့် အော်ငေါက်လိုက်၏။
"အမေ"
လုရွှမ်အာက ဒေါသတကြီးဖြင့် ခြေဆောင့်နေလေသည်။
"အဲ့ဒီကိစ္စတွေက သမီးမျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ...သမီး တိုက်ပွဲကွင်းပြင်ကို ခိုးပြီးလိုက်သွားတုန်းက သူရဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်...သူက မြေဆအာက်လောကနတ်ဆိုးဂိုဏ်းနဲ့ဆတ်သွယ်နေတဲ့သူ...အမေ အရူးလုပ်မခံပါနဲ့"
လုဝမ်ရှင်းသည် အလွန်အမင်းဒေါသထွက်သွားပုံဖြင့် တံခါးအားလက်ညှိုးညွှန်၍ လုရွှမ်အာကို အော်ငေါက်လိုက်တော့သည်။
"ထွက်သွားစမ်း"
လုရွှမ်အာ၏မျက်နှာသည်နီမြန်းလာပြီး သူမ၏အသံသည် တုန်ရီနေလေ၏။
"အမေက သမီးကိုတောင် မယုံတော့ဘူးပေါ့"
"အဲ့ဒီကိစ္စက နင်ကိုကယ်ဖို့အတွက် နင်ရဲ့ဝမ်းကွဲက လုပ်ခဲ့တာမဟုတ်ဘူးလား...ဘာလို့ခုချိန်ထိ နင် နားမလည်နိုင်သေးတာလဲ"
လုဝမ်ရှင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူမ၏လေသံကိုညင်သာစေရန် ခက်ခက်ခဲခဲကြိုးပမ်းလိုက်ရသည်။
သို့သော် လုရွှမ်အာကမူ ထိုသို့တွေးတောထားခြင်းမရှိပေ။ သူမ၏အမြင်အရ လုယွီသည် သူမ၏မိခင်ဖြစ်သူအား လှည့်စားမည့်သူသာ ဖြစ်ပေသည်။
"နင်ရဲ့လှည့်စားမှုတွေ အောင်မြင်အောင်လုပ်ဖို့ ငါ ခွင့်ပြုမှာမဟုတ်ဘူး"
လုရွှမ်အာက လုယွီအား ဒေါသတကြီးကြည့်ရှုပြီး တံခါးအပြင်သို့ထွက်သွားတော့သည်။
လုဝမ်ရှင်းက လုယွီအား တောင်းပန်လိုဟန်ဖြင့် ကြည့်ရှုနေလေ၏။
"ရွှမ်အာကို ငါ အလိုလိုက်တာ များသွားလို့ပါ...မင်း သူမကို အပြစ်မတင်ပါနဲ့"
"ဒါက အဆင်ပြေပါတယ်"
လုယွီက ခပ်ပေါ့ပေါ့လေသံဖြင့်သာ ပြောဆိုလိုက်သည်။
လုဝမ်ရှင်းက အရှက်ပြေရယ်မောလိုက်ရင်းမှ ရုတ်တရက် သူမက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ပြောဆိုလိုက်လေ၏။
"သမင်ဖြူတောင်ပေါ်မှာ စွမ်းအင်မြစ်တစ်စင်းရှိတယ်...အလယ်ပိုင်းကုန်းမြေကိုမသွားခင် မင်း အဲ့ဒီနေရာကိုသွားပြီး စွမ်းအင်တွေဖြည့်တင်းထားသင့်တယ်...အလယ်ပိုင််းကုန်းမြေမှာက ပါရမီရှိတဲ့လူငယ်တွေအများကြီးရှိတယ်...ဒါကြောင့် မင်းရဲ့ခွန်အားကိုတိုးတတ်အောင် အကောင်းဆုံးကြိုးစားထားရမယ်"
Chapter 403
"ကောင်းပြီလေ...ကျွန်တော်က ဒေါ်လေးကို ဒုက္ခပေးရအုံးမယ်"
လုယွီက သဘောတူညီလိုက်၏။ ဤအချိန်မတိုင်မီကပင် သူက စန်လို့ထံမှ စွမ်းအင်မြစ်၏အကြောင်းကို ကြားသိထားပြီးဖြစ်သည်။
လုယွီသာ နတ်ဆိုးဂိုဏ်းမှ အောင်မြင်စွာပြန်လာနိုင်ပါက စွမ်းအင်မြစ်အားအသုံးပြုခွင့်ပေးမည်ဟု စန်လို့က ကတိပေးထားခဲ့ဘူးသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ စန်လို့က ထွက်ပြေးသွားလေရာ သူပေးထားခဲ့သောကတိသည် အရေးမပါသောအရာဖြစ်သွားလေ၏။
"ပြီးတော့ မင်း ဒီတစ်ကြိမ်အလယ်ပိုင်းကုန်းမြေကိုသွားရင် သမင်ဖြူကျောင်းတော်ရဲ့နည်းပြဆိုတဲ့ အဆင့်အတန်းကို အသုံးပြုရမယ်...မြေအောက်လောကနတ်ဆိုးဂိုဏ်းရဲ့အရှင်သခင်ဆိုတဲ့ အဆငိ့အတန်းကို မထုတ်ဖော်သင့်ဘူး...ဘာပဲဖြစ်ဖြစ် အင်မော်တယ်မဟာမိတ်နဲ့နတ်ဆိုးဂိုဏ်းက နှစ်တွေအကြာကြီးတိုက်ခိုက်ခဲ့ကြတော့ နှစ်ဘက်လုံးမှာနက်ရှိုင်းတဲ့ရန်ငြှိုးတွေရှိနေတယ်"
လုဝမ်ရှင်းက လုယွီအား ပြောလိုက်လေ၏။
လုယွီကလည်း သဘောတူလက်ခံခဲ့သည်။ သူက သူ၏စွမ်းအားကို တိုးတတ်စေရန်သာအလိုရှိပေ၏။ အတိတ်မှရန်ငြှိုးများက သူ၏ကျင့်ကြံမှုကို နှောင့်နှေးစေပေမည်။ မြေအောက်လောကနတ်ဆိုးဂိုဏ်း၏အပေါ်ယံကိစ္စများကိုမူ ရှမင်တစ်တို့လူစုက တာဝန်ယူဖြေရှင်းပေလိမ့်မည်။
လုဝမ်ရှင်းအားနှုတ်ဆတ်ပြီးနောက် လုယွီက သူ၏အိမ်တော်သို့ပြန်ကာ ဆက်လက်ကျင့်ကြံနေလေ၏။ ဤအချိန်အတောအတွင်း၌ သူက ကောင်းကင်သိုင်းပညာကျောင်းဆောင်ရှိ တပည့်များ၏ကျင့်ကြံမှုကို လမ်းညွှန်ပေးခဲ့ရာ သူတို့က လွန်စွာပျော်ရွှင်နေကြသည်။
သုံးရက်ကြာပြီးနောက်....
ဆက်သားတစ်ယောက်က လုယွီ၏အိမ်တော်သို့ရောက်လာပြီး စွမ်းအင်မြစ်ဖွင့်တော့မည့်အကြောင်းကို သတင်းလာပေးလေသည်။
"ဒီအခွင့်အရေးကိုအမိအရယူပြီး ငါရဲ့ကျင့်ကြံမှုအခြေခံကို တတ်နိုင်သမျှကျစ်လျစ်သိပ်သည်းအောင်လုပ်ရမယ်"
လုယွီက သူ၏စိတ်အတွင်းမှ ရေရွတ်နေလေ၏။
ဆက်သားက လုယွီကို သမင်ဖြူတောင်၏အနောက်ဘက်ထံသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤနေရာအား ဝင်္ကပါကြီးတစ်ခုနှင့် ကာကွယ်တားဆီးထားပေသည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဥ်မျက်လုံးများကို ဖွင့်လှစ်ထားခြင်းမရှိပါက အတွင်းရှိအရာများကို မြင်နိုင်မည်မဟုတ်ပေ။
"ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်တွေက ပြင်ပလောကထက် အနည်းဆုံးဆယ်ဆမကပိုများတယ်"
လုယွီက အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်မိလေ၏။
ထိုအချိန်တွင် ဆက်သားက လုယွီအား အပြုံးဖြင့် ပြောဆိုခဲ့သည်။
"နည်းပြလု...စွမ်းအင်မြစ်က ရှေ့မှာရှိတယ်...ဒီနိမ့်ကျတဲ့သူက အဲ့ဒီနေရာကိုသွားလို့မရဘူး...ဒီနေရာကနေပဲ နှုတ်ဆက်လိုက်ပါတယ်"
လုယွီက ခေါင်းညိတ်ပြပြီး ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။ အဝေးတစ်နေရာမှကြည့်လျှင် တောင်တန်းတစ်ခုလုံးအား အဖြူရောင်မြူခိုးမြူငွေ့များထူထပ်စွာ လွှမ်းခြုံထားခြင်းကိုသာ မြင်တွေ့ရပေမည်။
လုယွီက စွမ်းအင်မြစ်နှင့်နီးကပ်လာချိန်တွင် မြင့်မြတ်သောစွမ်းအင်များက သူ၏စိတ်နှလုံးသားအား လာရောက်ရိုက်ခတ်နေသည်အား ခံစားမိလေသည်။
ထိုအချိန်တခဏတွင် သူ၏စိတ်နှလုံးသားအတွင်း၌ ရှုပ်ထွေးနေသောအတွေးများပင် ပပျောက်သွားပေ၏။
ဤှသည်က စွမ်းအင်မြစ်ဖြစ်ပေသည်။ စွမ်းအင်မြစ်၏ရှေ့၌ လူငယ်ပါရမီရှင်များက စောစောစီးစီး ရောက်ရှိနေကြ၏။ လုယွီ၏ရောက်ရှိလာခြင်းက တစ်ခြားသူများ၏စိတ်အာရုံကို ချက်ချင်းပင်ဆွဲဆောင်နိုင်ခဲ့သည်။
"အဲ့ဒီသူက ဘယ်သူလဲ"
"ငါကြားထားတာတော့ သူက ကျောင်းအုပ်ကြီးလုရဲ့တူတော်စပ်သူတဲ့...ဒီနေရာကို အဆတ်အသွယ်နဲ့ ဝင်လာခဲ့တဲ့သူပဲ"
"ငါ သူစီက စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုကို နည်းနည်းလေးတောင်ခံစားလို့မရတာ အံ့အားသင့်စရာမရှိတော့ဘူး....သူရဲ့ခွန်အားက အရမ်းအားနည်းလွန်းတယ်...ကျောင်းအုပ်ကြီးလုနဲ့အမျိုးတော်စပ်လို့သာ ဒီနေရာကိုဝင်ခွင့်ရတာဖြစ်မယ်"
လူတိုင်းက လုယွီကိုကြည့်ပြီး မထီမဲ့မြင်ပြုနေကြ၏။ သူတို့အားလုံးက သူတို့၏အစစ်အမှန်စွမ်းရည်များကိုအမှီပြု၍ စွမ်းအင်မြစ်အားဝင်ရောက်ခွင့်ရချိန်တွင် ထူးချွန်မှုပါရမီမရှိသော လုယွီက သူတို့နှင့်ယှဥ်တွဲပါဝင်လာခဲ့သည်။
လုယွီကမူ တစ်ခြားသူများ၏အကြည့်များကို ဂရုမစိုက်ပေ။ သူက ထောင့်တနေရာ၌သာ ငြိမ်ငြိမ်သက်သက်ထိုင်နေလေသည်။
သို့သော် လုယွီက မျက်လုံးများမှိတ်ပြီးထိုင်နေစဥ်မှာပင် သူရှေ့၌ လူတစ်ယောက်မတ်တတ်လာရပ်နေသည်ကို ခံစားမိလေ၏။ သူက မျက်လုံးများအား ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ရာတွင် ကျီးချန်ယွီဖြစ်နေခြင်းကို တွေ့မြင်မိသည်။
အိမ်မက်ဆိုးကောင်များ၏ နှောက်ယှက်ခြင်းမရှိတော့သော်လည်း ကျီးချန်ယွီက မျက်နှာကာကိုဝတ်ဆင်ထားဆဲဖြစ်သည်။ သို့ရာတွင် သူမ၏မျက်လုံးများကမူ ယခင်ထက်ပို၍ ရွှန်းစိုတောက်ပနေခဲ့သည်။
"ဘာကိစ္စရှိလို့လဲ"
လုယွီက သူမအား မေးမြန်းလိုက်သည်။
ထိုအချိန်မှာပင် ကျီးချန်ယွီက သူမ၏မျက်နှာကာအား ဖယ်ရှားလိုက်ရာ နိုင်ငံများကိုပင်ပြိုလဲစေနိုင်သော အလှမျက်နှာလေး ထွက်ပေါ်လာလေ၏။
"အဲ့ဒီနေ့က ရှင်ကို ကျေးဇူးတင်စကားပြောဖို့ အချိန်မရလိုက်ဘူး...နောက် ကျေးဇူးရှင်က မြေအောက်လောကနတ်ဆိုးဂိုဏ်းကိုထွက်သွားတယ်လို့ ကျွန်မရဲ့မွေးစားအဖေစီက သိခဲ့ရတယ်...ဒီနေ့ ရှင်နဲ့ဆုံတွေ့ရလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး...အဲ့ဒီနေ့က ကူညီခဲ့မှုအတွက် ချန်ယွီက ရှင်ကို ကျေးဇူးအများကြီးတင်ပါတယ်"
ကျီးချန်ယွီက လုယွီအား ဦးညွှက်၍ အရိုအသေပြုလိုက်လေသည်။
ကျီးချန်ယွီသည် အသက်ငယ်ရွယ်သေးသော်လည်း သဘာဝအလှတရားပိုင်ရှင်တစ်ယောက်ဟု ဆိုနိုင်ပေ၏။ သူမ၏လှုပ်ရှားမှုတိုင်းသည် ညှို့ဓာတ်များပါဝင်နေပြီး ချစ်မြတ်နိုးဖွယ်ရာပင်။
လုယွီ၏မျက်နှာအမူအယာကမူ တည်ငြိမ်နေဆဲဖြစ်သည်။
"ငါက နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီးတော့ မင်းကိုသတ်ပစ်မှာ မကြောက်ဘူးလား"
ကျီးချန်ယွီက ပြုံးလိုက်ရာတွင် သူမ၏မျက်လုံးများက ဆန်းသစ်စလအသွင် ဖြစ်သွားခဲ့သည်။
"ကျွန်မအတွက်တော့ နတ်ဆိုးနဲ့ကွန်ဖြူးရှပ်တာအိုဝါဒကြားမှာ ကွဲပြားခြားနားတာမရှိဘူး"
Chapter 404
လုယွီက ကျီးချန်ယွီအား ညင်သာသောလေသံဖြင့် ပြန်လည်ပြောဆိုလိုက်၏။
"ဒါဆို အဆင်ပြေသွားတာပေါ့...ငါ ဂရုစိုက်နေစရာ မလိုတော့ဘူး"
ကျီးချန်ယွီက တခစ်ခစ်အသံထွက်သည်အထိ ရယ်မောနေလေသည်။
"ကျေးဇူးရှင်...ရှင်ရဲ့ကြီးမားတဲ့ အကူအညီကို ကျွန်မ ဘယ်လိုလုပ်ပြီး မေ့ထားလို့ရမှာလဲ"
ထိုအချိန်မှာပင် စွမ်းအင်မြစ်က ရုတ်တရက် လှိုင်းထန်လာခဲ့သည်။
"စွမ်းအင်မြစ်က အခုပွင့်သွားပြီ...လူတိုင်းပဲ..စွမ်းအင်မြစ်နားကို လာကြတော့"
စွမ်းအင်မြစ်အတွင်းမှ ခံ့ညားထည်ဝါသောအသံတစ်သံ ထွက်ပေါ်လာလေ၏။
"ကျေးဇူးရှင်...အခု သွားကြရအောင်....ကွန်ဖြူးရှပ်ကျင့်ကြံသူတွေအတွက် ဒါက အသစ်တစ်ဖန်ပြန်လည်မွေးဖွားနိုင်သလိုဖြစ်စေတဲ့ နှစ်ခြင်းမင်္ဂလာပဲ...ကျွန်မတို့က ဒီအခွင့်အရေးကို တန်ဖိုးထားရမယ်"
ကျီးချန်ယွီက ပြောဆိုလိုက်၏။
အချိန်တခဏအကြာမှာပင် စွမ်းအင်မြစ်၏ရှေ့၌ လူအုပ်ကြီးက မတ်တတ်ရပ်နေကြသည်။
ဤနေရာ၌ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ချို့ကလည်း စောင့်ကြပ်နေကြ၏။
စွမ်းအင်မြစ်အတွင်း၌ အထူးသီးသန့်လူများဝင်ရောက်ရန်အတွက် မဟာကွန်ဖြူးရှပ်ပညာရှင်များက ခင်းကျင်းထားသော အထူးသီးသန့်ဝင်္ကပါအမြောက်အများရှိနေလေသည်။
စွမ်းအင်မြစ်ရှိနေရာများကို အဆင့်သုံးဆင့်ခွဲခြားထားသည်။ ကောင်းကင် မြေကြီးနှင့်လူသား အဆင့်ဟူ၍ ကျင့်ကြံသူများ၏စွမ်းအင်စုပ်ယူနိုင်မှုပေါ်မူတည်ပြီး ပိုင်းခြားထားခြင်းဖြစ်သည်။
"ဒေါင်ဝေ့ရန်...မြေကြီးအဆင့်နေရာ"
"လျန့်ဝမ်တောင်...မြေကြီးအဆင့်နေရာ"
မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က အဆက်မပြတ်နာမည်ခေါ်ယူနေပြီး ထိုသူတို့ကို နေရာတစ်ခုတည်း၌ စုစည်းထားလေသည်။
"ဘာလဲ...မြေကြီးအဆင့်နေရာတဲ့လား"
"သမင်ဖြူကျောင်းတော်က အရမ်းတွန့်တိုလွန်းတယ်...ငါက ဒီနေရာမှာအဆင့်ချိုးဖျက်မယ်ဆိုပြီး အစကကြံရွယ်ထားခဲ့တာ...ဒါပေမယ့် မြေကြီးအဆင့်နေရာကျမယ်လို့ ငါ ထင်မထားမိဘူး"
လူငယ်ပါရမီရှင်များက စတင်၍အထွန့်တတ်နေကြ၏။ သူတို့အားလုံးသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေအနှံ့အပြားမှ ပါရမီရှင်များ ဖြစ်ပေသည်။ သူတို့အနက်မှ အများစုသည် စိတ်ကြီးဝင်နေကြသူများဖြစ်သည်။ သူတို့က အလယ်အလတ်မြေကြီးအဆင့်နေရာသာ ရရှိခြင်းအပေါ် မည်သို့သည်းခံနိုင်မည်နည်း။
"ရှဲ့ရှောင်...ကောင်းကင်အဆင့်နေရာ"
မဟာကွန်ဖြူးရှပ်က ထပ်မံ၍ အော်ဟစ်လိုက်ပြန်၏။
ရုပ်ရည်ခန့်ညားသောလူငယ်တစ်ယောက်က မဟာကွန်ဖြူးရှပ်ပညာရှင်၏နံဘေး၌ လက်ပိုက်ရပ်နေကာ ရလင်္ဒကို အချိန်ကြာမြင့်စွာကတည်းက သိရှိပြီးထားပုံဖြင့် စောင့်ဆိုင်းနေပုံပေါ်လွင်နေသည်။
"သူက သမင်ဖြူကျောင်းတော်ရဲ့ပါရမီရှင် ရှဲ့ရှောင်လား"
"ကောလဟာလတွေအရတော့ သူရဲ့ကျင့်ကြံမှုနယ်ပယ်က အဝိုင်းသေးနယ်ပယ်အထွဋ်အထိပ်ကို ရောက်နေပြီးတော့ အဝိုင်းကြီးနယ်ပယ်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာဆိုပဲ...အလယ်ပိုင်းကုန်းမြေမှာတောင် သူလိုပါရမီရှင်မျိုးက အရမ်းရှားပါးတယ်"
"အံ့သြစရာမရှိတော့ဘူး...ဒီလိုပါရမီရှင်မျိူးက စွမ်းအင်မြစ်ရဲ့ကောင်းကင်အဆင့်နေရာကို ရသင့်တယ်...ငါတို့ လက်ခံရမယ်"
လူငယ်ပါရမီရှင်များက သက်ပြင်းရှိုက်နေကြသော်လည်း အထွန့်တတ်ပြောဆိုနေသံများကမူ အတန်ငယ်လျော့ပါးသွားခဲ့သည်။
သူတို့၏စကားသံများကို ခပ်သဲ့သဲ့ကြားမိသော ရှဲ့ရှောင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေလေ၏။
"လုယွီ...ကောင်းကင်အဆင့်နေရာ"
မဟာကွန်ဖြူးရှပ်ပညာရှင်၏အသံက ထပ်မံပေါ်ထွက်လာပြန်သည်။
ဤတစ်ကြိမ်တွင်မူ လူတိုင်းက ဇဝေဇဝါဖြစ်နေကြပြီး ရှဲ့ရှောင်ပင်လျှင် မျက်လုံးပြူးကျယ်နေပေသည်။
လူတိုင်းက လုယွီက မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းမေးမြန်းနေကြ၏။ အချိန်တခဏအကြာမှာပင် လုယွီသည် ကျောင်းအုပ်ကြီးလု၏တူဖြစ်ကြောင်းကို လူတိုင်းသိရှိသွားကြတော့သည်။
"အံ့အားသင့်စရာမရှိတော့ဘူး...ဒါက အဆတ်အသွယ်ကောင်းကောင်းရှိလို့ပဲ"
"မေ့လိုက်တော့...ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူတို့ရဲ့ပိုင်နက်လေ...သူတို့မှာလုပ်ပိုင်ခွင့်ရှိတယ်...ဒါပေမယ့် ငါတို့လိုပါရမီရှင်တွေကိုဘေးဖယ်ပြီး သူကို နေရာပေးတာတော့လွန်လွန်းတယ်"
လူတိုင်းက လုယွီကိုကြည့်သောအကြည့်များသည် ပို၍ပင်အထင်အမြင်သေးလာပုံ ပေါ်လွင်နေသည်။
ရှဲ့ရှောင်က ကျီးချန်ယွီထံသို့ လျှောက်လှမ်းလာပြီး နူးညံညင်သာသောလေသံဖြင့် ပြောဆိုလိုက်၏။
"ချန်ယွီ...မင်းနဲ့ငါက ကောင်းကင်အဆင့်နေရာပဲ...ကျင့်ကြံဖို့ အရမ်းကောင်းတဲ့နေရာတစ်ခုကို ငါ သိထားတယ်...မင်းနဲ့ငါ အတူတူသွားကြမလား"
ကျီးချန်ယွီက လုယွီ၏နောက်ကျောကိုကြည့်ပြီးမှ ရှဲ့ရှောင်အား ပြုံးပြရင်းပြောဆိုလိုက်သည်။
"စီနီယာအကိုကြီးအတွက်ပဲ ကျင့်ကြံဖို့နေရာကောင်းလိုအပ်တာပါ...ချန်ယွီက မနှောက်ယှက်တော့ပါဘူး"
ကျီးချန်ယွီ၏မသိစိတ်မှနေ၍ လုယွီအား တိမ်းညွှတ်နေလေ၏။
ရှဲ့ရှောင်က စိတ်မကြည်မသာဖြစ်သွားပြီး အေးစက်စက်လေသံဖြင့်ပြောဆိုလိုက်လေ၏။
"ချန်ယွီ...မင်းက ငါကိုကျရှောင်နေပြီး...ဒီလိုလူမျိုးရဲ့ဘေးမှာနေမလို့လား"
ကျီးချန်ယွီ၏မျက်နှာသည် ခက်ထန်တင်းမာသွားလေသည်။
"စီနီယာအကိုကြီး...ကျွန်မလုပ်သမျှကိစ္စတိုင်းက ကျွန်မသဘောနဲ့ကျွန်မဆုံးဖြတ်ခဲ့တာ"
"ဟမျ့"
ရှဲ့ရှောင်က နှာတစ်ချက်မှုတ်ပြီး လုယွီအား အထင်အမြင်သေးသောလေသံဖြင့် နှိမ့်ချပြောဆိုလိုက်၏။
"မင်းက တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာပဲ တစ်ချိန်လုံးနေနေခဲ့တော့...အလယ်ပိုင်းကုန်းမြေက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း သိမှာမဟုတ်ဘူး"
ရှဲ့ရှောင်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ထပ်မံ၍လှောင်ပြောင်သရော်လိုက်သည်။
"နောက်ခံကိုအားကိုးပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ အာဏာရှိနေတဲ့ အမှိုက်ကောင်ကတော့...အလယ်ပိုင်းကုန်းမြေရောက်ရင် ဘာကောင်မှဖြစ်လာမှာမဟုတ်ဘူး"
Chapter 405
"မေ့လိုက်တော့..မင်း အလယ်ပိုင်းကုန်းမြေကိုရောက်တဲ့အခါကျရင် အလိုလိုနားလည်သွားလိမ့်မယ်"
ရှဲ့ရှောင်က ကူရာကယ်ရာမဲ့ပုံဖြင့် သူ၏ခေါင်းကိုခါယမ်းရင်း ထွက်ခွါသွားတော့သည်။
ရှဲ့ရှောင်ထွက်ခွါသွားချိန်တွင် ကျီးချန်ယွီက သူမ၏နှုတ်ခမ်းကိုအားယူ၍ ပြုံးလိုက်ပြီး လုယွီအား စကားပြောဆိုလိုက်၏။
"စီနီယာအကိုကြီးက အလယ်ပိုင်းကုန်းမြေကို သွားဘူးတယ်လေ..ဒါကြောင့် သူက ဗဟုသုတပိုကြွယ်ဝလါပေမယ့် ပိုပြီးလည်းမောက်မာလာတယ်...ရှင် သူပြောသွားတာတွေကို စိတ်ထဲမထားပါနဲ့"
လုယွီက ကျီးချန်ယွီအား ခေါင်းခါပြလိုက်၏။ သူက ရှဲ့ရှောင်အား ဂရုမစိုက်ချေ။
ရှဲ့ရှောင်က သူ၏ရှေ့၌လုပ်ဆောင်နေသောအရာမှန်သမျှသည် ခလေးကစားကွက်များသာဖြစ်သည်။ လုယွီက ထိုကဲ့သို့လူစားမျိုးနှင့် စကားခွန်းတုံပြန်၍ အချိန်ဖြုန်းလိုစိတ်မရှိပေ။
"မင်းကို ငါကယ်ခဲ့တာ တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ...မင်း ငါကို လုယွီလို့ ခေါ်နိုင်တယ်...ကျေးဇူးရှင်လို့ ထပ်ပြီးမခေါ်နဲ့တော့"
လုယွီက ကျီးချန်ယွီအား ပြောဆိုလိုက်၏။
ကျီးချန်ယွီ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တတ်သွားလေ၏။
"ကောင်းပြီလေ"
ထိုအချိန်မှာပင် လူအုပ်ကြီးက သတ်မှတ်ထားသောနေရာအတိုင်း စွမ်းအင်မြစ်အတွင်းသို့ဝင်နေကြသည်။
ဤနေရာကိုမြစ်ဟုခေါ်ကြသော်လည်း အမှန်က မြစ်မဟုတ်ပေ။
ယခုနေရာအား အထူးသီးသန့်ဝင်္ကပါများခင်းကျင်းကာ ဤနေရာရှိသမာဓိချီများ ယိုစိမ့်ထွက်သွားခြင်းမရှိစေရန် တားဆီးထားခြင်းသာဖြစ်သည်။
အချိန်ကာလကြာညောင်းလာချိန်တွင် ဤနေရာ၌ သမာဓိချီအမြောက်အများ စုဆောင်းလာမိသဖြင့် ဧရာမမြစ်ကြီးတစ်စင်းအသွင် ဖြစ်တည်လာခြင်းပင်။
လုယွီက စွမ်းအင်မြစ်အတွင်းသို့ ဝင်ရောက်မိသည်နှင့် သူ၏အသိစိတ်ပင်လယ်အတွင်းမှ တုန်ခါလာသောအသံများကို ခံစားမိသည်။
မူလက လုယွီ၏အသိစိတ်ပင်လယ်အထက်၌ငြိမ်သက်နေသော တာအိုဥပဒေသများသည် စတင်လှည့်ပတ်လာပြီး ပတ်ဝန်းကျင်ရှိစွမ်းအင်များကို အရူးအမူးဝါးမြိုနေလေ၏။
တစ်ချိန်တည်းမှာပင် လုယွီ၏ကွန်ဖြူးရှပ်တာအိုဥပဒေသသည် ပို၍ပြည့်စုံလာခဲ့သည်။
"ကျင့်ကြံမှုလမ်းကြောင်းတွေက ထောင်သောင်းချီရှိတယ်....ကွန်ဖြူးရှပ်တာအိုပညာရှင်တစ်ယောက်က စာအုပ်သောင်းချီပြီးဖတ်နိုင်တယ်...သူ တစ်ချက်အော်ငေါက်လိုက်တာနဲ့ သူထက်အဆပေါင်းများစွာ ကျင့်ကြံသူကို ပြာချပစ်နိုင်တယ်"
လုယွီ၏မျက်လုံးများသည် ဥာဏ်အလင်းပွင့်နေပုံဖြင့် လင်းလက်တောက်ပနေပေ၏။
တခဏအကြာတွင် သူက နေရာယူထိုင်လိုက်ပြီး စတင်ကျင့်ကြံနေတော့သည်။
စွမ်းအင်မြစ်အတွင်း၌ လူများသည် အမွှေးတိုင်နှစ်တိုင်စာလောင်ကျွမ်းပြီးချိန်ခန့်သာ အများဆုံးနေနိုင်ကြ၏။ ထို့ကြောင့် သူတို့အားလုံးက စကားပြောဆိုနေခြင်းမရှိဘဲ ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေကြသည်။
အချိန်တခဏအကြာမှာပင် လူတစ်ယောက်က အဆင့်ချိုးဖျက်နိုင်သွားခဲ့သည်။
တစ်ချို့သူများသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။ ထိုသူတို့က စွမ်းအင်မြစ်အတွင်းသို့ ဝင်ရောက်ချိန်တွင် များပြားလှသောသမာဓိချီစွမ်းအင်များကြောင့် ကျင့်ကြံဆင့်ချိုးဖျက်နိုင်သွားကြ၏။
ကျင့်ကြံသူတစ်ယောက်က အဆင့်ချိုးဖျက်နိုင်ရန် ပတ်ဝန်းကျင်အခြေအနေနှင့်စိတ်ဝိညာဥ်စွမ်းအင် နှစ်မျိုးလုံးလိုအပ်သည်ကို သတိပြုထားရပေမည်။ ဤကဲ့သို့ စွမ်းအင်ပြည့်လျှံနေသော နေရာမျိုး၌ အဆင့်ချိုးဖျက်ပါက သာမာန်ထက် အောင်မြင်နိုင်မှုရာခိုင်နှုန်းပိုများပေလိမ့်မည်။
"ဟား ဟား...ငါ အဆင့်ချိုးဖျက်နိုင်ပြီ"
"နောက်ဆုံးတော့ ငါ အဝိုင်းသေးကျင့်ကြံမှုနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီ....အလယ်ပိုင်းကုန်းမြေမှာတောင် ငါက ပါရမီရှင်တစ်ယောက် ဖြစ်လာတော့မယ်"
တစ်ချို့သူများက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ဘဲ အလွန်ပျော်ရွှင်စွာဖြင့် အော်ဟစ်နေကြသည်။
ထိုအချိန်တွင် မည်သူကမျှ သူတို့၏အော်ဟစ်နေခြင်းကို ဂရုမစိုက်ကြဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံနစ်မြုပ်ထားကြ၏။
ရှဲ့ရှောင်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေပြီး သူ၏ပတ်ဝန်းကျင်ရှိ ကျန်းချီများသည် အလင်းတန်းများအဖြစ်ပြောင်းလဲကာ သူ၏နောက်ကျော၌ ထွက်ပေါ်လာခဲ့သည်။ သူ၏ရင်ဘတ်မှ မန္တန်ရွတ်ဖတ်နေသံများအား ဝိုးတဝါးကြားနေရပေသည်။
"ဒါက ခြေတစ်လှမ်းစာပဲလိုတော့တယ်...ငါက အဝိုင်းကြီးကျင့်ကြံမှုနယ်ပယ်ကို ခြေချနိုင်ရမယ်"
ရှဲ့ရှောင်၏မျက်လုံးများက မှိန်ပျပျတောက်ပနေလေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် သမင်ဖြူကျောင်းတော်၏အကြီးအကဲရာထူးကို အလိုရှိပါက ကွန်ဖြူးရှပ်တာအိုဝါဒတွင်အဆင့်အတန်းတစ်ခုသို့ ရောက်နေရမည့်အပြင် အဝိုင်းကြီးအဆင့်ကျင့်ကြံမှုနယ်ပယ်သို့လည်း ရောက်ရှိနေရပေမည်။
တစ်ခြားတစ်နည်းပြောင်းဆိုရလျှင် ရှဲ့ရှောင်သည် ယခုလက်ရှိချိန်၌ အလယ်ပိုင်းကုန်းမြေသို့မသွားလျှင်ပင် သမင်ဖြူကျောင်းတော်၏အကြီးအကဲအဖြစ် သက်တောင့်သက်သာနေနိုင်ပေမည်။
"စွမ်းအင်မြစ်ဖွင့်တာ အဆုံးသတ်ပြီ"
မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က အော်ဟစ်သတိပေးလိုက်၏။
ရုတ်ချည်းဆိုသလိုပင် စွမ်းအင်မြစ်တစ်ခုလုံး အပြင်းအထန်လှုပ်ခတ်လာပြီး ကျင့်ကြံသူများ၏အနီးပတ်လည်၌ လေဟာနယ်များဖြစ်ပေါ်လာကာ သူတို့အား တွန်းထုတ်လိုက်သည်။
ထိုအချိန်မှသာလျှင် တစ်ချို့ကျင့်ကြံသူများက အချိန်စေ့သွားပြီဖြစ်ကြောင်းကို သတိပြုမိကြ၏။
"ဒီနေရာကို သမင်ဖြူကျောင်းတော်ရဲ့မြင့်မြတ်နေရာလို့ခေါ်တာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါက ကျင့်ကြံခြင်းမျှော်စင်တွေနဲ့အရမ်းကွာခြားတယ်...အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းစာအချိန်အတွင်းမှာ ငါ တစ်လလောတ် ခက်ခက်ခဲခဲကျင့်ကြံရမှာကို သက်သာစေတယ်"
"ကွန်ဖြူးရှပ်တာအိုဝါဒက တစ်ကယ်ကို နက်နဲသိမ်မွေ့တာပဲ"
လူအုပ်ကြီးက သက်ပြင်းရှိုက်နေကြပြီး သူတို့ရရှိခဲ့သော စွမ်းအင်များကို မလုံလောတ်သကဲ့သို့ ခံစားနေကြရ၏။
လုယွီကလည်း စွမ်းအင်မြစ်၏ပြင်ပ၌ ပလ္လင်ခွေထိုင်နေခဲ့သည်။ ဤအချိန်အတောအတွင်းတွင် လုယွီက ကျင့်ကြံဆင့်ကိုချိုးဖျက်နိုင်ခြင်းမရှိသော်လည်း သူ၏စိတ်အတွင်း၌ အလွန်ပျော်ရွှင်နေပေ၏။
"ငါရဲ့တာအိုဥပဒေသတွေက တစ်ဝက်ပြည့်စုံသွားခဲ့ပြီ....တစ်ကယ်လို့ ငါသာ နောက်ထပ်တစ်ဝက်ကိုရှာဖွေနိုင်မယ်ဆိုရင် မဟာတာအိုလမ်းကြောင်းကို ပြည့်စုံအောင်လုပ်ဆောင်နိုင်လိမ့်မယ်"
လုယွီက တီးတိုးရေရွတ်နေလေသည်။
မဟာတာအိုလမ်းကြောင်းကို ပြည့်စုံအောင်တည်ဆောတ်နိုင်သည့် မည်သူမဆို တာအိုသခင်နယ်ပယ်အား ခြေချနိုင်ပေသည်။
ယခုလက်ရှိချိန်၌ လုယွီ၏စိတ်ဝိညာဥ်သည် အပြင်းအထန်ဒဏ်ရါရရှိထားပေ၏။ သူ သိနားလည်ခဲ့သော ဗုဒ္ဓ၏မဟာလမ်းကြောင်းသည်လည်း အပြည့်အဝပျက်စီးသွားခဲ့သည်။ သို့သော် သူ၏ယခုလက်ရှိဘဝတွင် မဟာတာအိုလမ်းကြောင်းအသစ်အား သိနားလည်ရန် အခွင့်အရေးရှိလာခဲ့သည်။