← Chapters

အခန်း (၄၀၆-၄၁၀)

Vol. 21-25 Ch. 406-410

အခန်း (၄၀၆-၄၁၀)

Vol. 21-25 Ch. 406-410

Chapter 406

လုယွီ၏နားလည်နိုင်စွမ်းကို တစ်ခြားသူများကမူ အာရုံခံနိုင်မည်မဟုတ်ပေ။

တစ်ချို့ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ထားသူများသည် သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် ပြင်းထန်သောအော်ရာများ ရှိနေတတ်သည်။ သူတို့၏များပြားလာသော ကျန်းချီတစ်ချို့ကို မထိန်းချုပ်နိုင်ကြသေးသဖြင့် ပြင်ပသို့ပျံလွင့်နေခြင်းဖြစ်ပေ၏။

သို့သော် လုယွီကမူ ကွဲပြားခြားနားပေသည်။ မည်သူကမျှ သူ၏ခန္ဓာကိုယ်ရှိကျန်းချီများကို အာရုံခံနိုင်မည်မဟုတ်ပေ။

လုယွီကိုကြည့်လိုက်လျှင် သာမာန်သေမျိုးတစ်ယောက်ဟုသာ လူတိုင်းက တွေ့မြင်ရပေမည်။

"သာမာန်အရည်အချင်းပဲရှိတဲ့သူတွေကတော့ ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး...သူ ဘာပဲလုပ်လုပ် သူရဲ့ကိုယ်ရည်ကိုယ်သွေးက အစကတည်းကမှမကောင်းခဲ့တာ"

ရှဲ့ရှောင်က လုယွီအား အထင်အမြင်သေးစွာကြည့်ရှုရင်း သူ၏ခေါင်းကိုခါယမ်းနေလေ၏။

ရှဲ့ရှောင်သည် ငယ်ရွယ်စဥ်ကတည်းက ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့၍ တစ်ခြားသူများအား ရိုသေလေးစားရမည်မှန်းလည်းမသိချေ။ သူထက် အရည်အချင်းနိမ့်ပါးသူများကို အမြဲတစေနှိမ့်ချ၍သာ ဆတ်ဆံတတ်ပေ၏။

"သွေးသားတော်စပ်မှုကိုအကြောင်းပြပြီး ဒီနေရာကိုရောက်လာတဲ့ကောင်ကတော့...ကျင့်ကြံဆင့်တစ်ဆင့်ကိုတောင် မချိုးဖျက်နိုင်ဘူး"

"သူက ဘယ်လိုကျင့်ကြံရတယ်ဆိုတာတောင် မသိတာလည်းဖြစ်နိုင်တယ်...ဒီနေရာကို လူအရေအတွက်လာဖြည့်တာပဲ ဖြစ်ရမယ်...ဟူး...ဒါက တစ်ကယ်ကိုမမျှတဘူး"

"ငါတို့ တတ်နိုင်တာဘာမှမရှိဘူးလေ...သူက ကျောင်းအုပ်ကြီးရဲ့တူ ဖြစ်နေတာကို...."

လုယွီက ထိုသူများ၏ စောင်းမြောင်းထေ့ငေါ့နေသံများကို မကြားသကဲ့သို့သာ နေနေလေ၏။ သူအတွက် ယခုနေရာရှိလူများသည် လူငယ်မျိုးဆက်သစ်တစ်စုသာဖြစ်သည်။ သူတို့က အလွန်နုံအသူများဖြစ်ပေရာ မည်သည့်နည်းဖြင့် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကိုမြင်နိုင်မည်နည်း။

"လုယွီ...ရှင် ဘယ်သွားမလို့လဲ"

လုယွီ ထွက်ခွါသွားသည်ကို မြင်သော ကျီးချန်ယွီက ရုတ်တရက် တားဆီးလိုက်လေ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်လေသည်။

"ဘာကိစ္စရှိလို့လဲ"

ကျီးချန်ယွီက သူမ၏နှုတ်ခမ်းများကိုဖိကိုက်ထားရင်းမှ လုယွီအားပြုံးပြကာ ပြောဆိုခဲ့လေသည်။

"ကျွန်မတို့ အလယ်ပိုင်းကုန်းမြေကိုသွားဖို့ ရက်နည်းနည်းလောတ်လိုသေးတယ်...ရှင့်မှာ ဘာအစီအစဥ်ရှိလဲ"

လုယွီက သူမအား ထူးဆန်းနေသလိုကြည့်ပြီးမှ ပြန်လည်ပြောဆိုလိုက်လေ၏။

"ငါက အိမ်ပြန်မလို့လေ...ဘာဖြစ်လို့လဲ"

"ရှင့်ရဲ့မိသားစုက သေမျိုးနိုင်ငံမှာနေတာလို့ ကျွန်မကြားထားတယ်...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာလဲ ဘာမှလုပ်စရာမရှိဘူးလေ...ရှင်နဲ့လိုက်လို့ ရမလား"

ကျီးချန်ယွီက အနည်းငယ်ရှက်ရွံနေလေသည်။

"ကျွန်မက ရှင်မလာခင်ထိ သမင်ဖြုကျောင်းတော်မှာပဲ တစ်ချိန်လုံးနေနေရတာ...ပြင်ပလောကက ဘယ်နေရာကိုမှ ကျွန်မ မမြင်တွေ့ဖူးဘူး"

လုယွီက အချိန်တခဏကြာစဥ်းစားတွေးတောပြီးမှ သဘောတူညီလိုက်တော့သည်။

"ကောင်းပြီလေ"

"ချန်ယွီ...ငါတို့ အလယ်ပိုင်းကုန်းမြေကိုသွားဖို့ ရက်နည်းနည်းလိုသေးတယ်...မင်း ငါနဲ့အတူ ထိပ်သီးဂိုဏ်းတွေကိုလှည့်ပတ်ကြည့်ရှုဖို့ စိတ်မဝင်စားဘူးလား...ငါတို့က လူငယ်ပါရမီရှင်တွေနဲ့တွေ့ပြီး အဆတ်အသွယ်ကောင်းရအောင် လုပ်ကြမယ်လေ...နောင်တစ်ချိန် အလယ်ပိုင်းကုန်းမြေကိုရောက်တဲ့အခါကျရင် ငါတို့အချင်းချင်း ဖေးမစောင့်ရှောက်နိုင်လိမ့်မယ်"

လုယွီတို့နှစ်ယောက်၏နောက်မှ ရှဲ့ရှောင်၏အသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ကျီးချန်ယွီက အလိမ္မာနှင့် ငြင်းပယ်ခဲ့လေသည်။

"စီနီယာအကိုကြီး...ကျွန်မ တောင်းပန်ပါတယ်...ကျွန်မမှာအရေးကြီးလုပ်စရာကိစ္စရှိသေးလို့ စီနီယာအကိုကြီးနဲ့အတူ မသွားနိုင်တော့ဘူး"

ကျီးချန်ယွီက စကားဆုံးသည်နှင့် သူမက လုယွီ၏နံဘေးကိုမှီပြီး ရှက်ရွံနေသကဲ့သို့ ပြုမူနေပေသည်။

"ကောင်းပြီလေ...ဂျုနီယာညီမလေးမှာ လုပ်ဆောင်ရမယ့်ကိစ္စရှိနေမှတော့...ငါက ဖိအားမပေးတော့ဘူး"

ရှဲ့ရှောင်က ယဥ်ကျေးသိမ်မွေ့ယောင် ဟန်ဆောင်နေလေ၏။

လုယွီနှင့်ကျီးချန်ယွီတို့ ထွက်ခွါသွားချိန်တွင်မူ ရှဲ့ရှောင်၏မျက်နှာအမူအယာသည် သုန်မှုန်စပြုလာခဲ့သည်။

"ခွေးမ...မင်းကများ ငါကိုငြင်းရဲတယ်ပေါ့"

ရှဲ့ရှောင်၏မျက်လုံးများသည် ကြမ်းကြုတ်ရက်စက်လိုစိတ်များဖြင့် တောက်ပနေလေ၏။

"အလယ်ပိုင်းကုန်းမြေကို ရောတ်တဲ့အချိန်ကျမှ...မင်းကို ကာကွယ်ပေးထားတဲ့ သမင်ဖြူကျောင်းတော်မရှိဘဲ မင်းဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...ငါက မင်းရဲ့လျှို့ဝှက်ချက်တွေအားလုံး သိထားပြီးပြီ"

ရှဲ့ရှောင်က စိတ်အတွင်းမှနေ၍ ကျီးချန်ယွီအား ကြိမ်းမောင်းပြောဆိုနေခဲ့သည်။

****

သမင်ဖြူတောင်၏အောက်ခြေရှိ...အေးစက်မိုးတိမ်မြို့

လုယွီသည် ကျီးကျန်ယွီအားခေါ်ဆောင်၍ ဧရာမဌက်ကြီးကိုစီးနင်းပြီး တာလျန့်သို့ ခရီးနှင်လိုက်တော့သည်။ သူ ဤမြို့သို့ ပတမဆုံးလာရောက်စဥ်အခါတုန်းကလည်း ဤဌက်မျိုးနှင့်လာခဲ့ခြင်းဖြစ်သည်။

လုယွီတို့နှစ်ယောက်သည် သူတို့၏ကျင့်ကြံမှုနယ်ပယ်များကို ထုတ်လွှက်ထားခြင်းမရှိပေ။ သူတို့က သာမာန်သေမျိုးများအသွင်ယူ၍ ဌက်ကြီး၏ကျောပြင်ပေါ်၌ ထိုင်နေကြ၏။

"ဟေ့..မင်းတို့ ကြားပြီးကြပြီလား...တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာရှိတဲ့ ဂိုဏ်းငယ်လေးတွေအချင်းချင်း အဆတ်မပြက်တိုက်ခိုက်နေကြတယ်တဲ့"

"ဟုတ်တယ်...အင်မော်တယ်မဟာမိတ်ကလည်း ရိက္ခာတွေမထောက်ပံဘူးလို့ ငါကြားထားတယ်...တစ်ရက်တည်းမှာတင် ဂိုဏ်းငယ်လေးတွေအများကြီး ပျောက်ကွယ်သွားကြတယ်"

"ဒါကိုအကြောင်းပြပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာရှိတဲ့ ထိပ်သီးဂိုဏ်းတွေက သူတို့အတွက်ကိုယ်ကျိုးရှာပြီး နယ်မြေချဲ့ထွင်ဖို့ကြံရွယ်နေကြတယ်"

လုယွီ၏နံဘေး၌ ထိုင်နေကြသော ကျင့်ကြံသူများည် သူတို့အချင်းချင်းလေသံတိုးတိုးဖြင့် ပြောဆိုဆွေးနွေးနေကြ၏။

လုယွီက နားထောင်နေရင်းမှ တစ်စုံတစ်ရာကိုတွေးတောမိသွားပုံဖြင့် သူ၏မျက်ခုံးများ ရုတ်တရက် တွန့်ကွေးသွားခဲ့သည်။

Chapter 407

တာလျန့်နိုင်ငံတော်...လုံကျင်း

ဤအချိန်အခါသမယသည် ကြီးကျယ်လှပသော မီးအိမ်ပွဲတော်ကို မြို့တစ်မြို့လုံးကျင်းပနေရမည့်ချိန်ဖြစ်ပေ၏။

သို့ရာတွင် အတိတ်ကလုံကျင်းနှင့်နှိုင်းယှဥ့်ပါက ယခုလုံကျင်းတစ်မြို့လုံးတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

အင်ပါယာနန်းတော်၏အတွင်း၌...

"သတင်းပို့ပါတယ်...နဂါးရေကန်အတားအဆီးက ရှုံးနိမ့်သွားပြီ"

"သတင်းပို့ပါတယ်...လန်တူစီရင်စုကစစ်ကူတွေအားလုံး ချေမှုန်းခံရပြီးတော့ အုပ်ချုပ်ရေးမှုးလည်းအသတ်ခံလိုက်ရပါတယ်"

"သတင်းပို့ပါတယ်...အနောက်ဘက်နယ်စပ်ကိုစောင့်ကြပ်နေတဲ့ အစောင့်အကြပ်တွေကသစ္စာဖောတ်ပြီး စစ်တပ်တစ်ခုလုံး ယန်နိုင်ငံတော်ကို လိုက်ပါသွားကြတယ်"

……

စစ်ပွဲရှုံးနိမ့်သည့် သတင်းများအဆတ်မပြက်ရောက်ရှိလာချိန်တွင် နန်းတော်တစ်ခုလုံး မှုန်မှိုင်းသွားခဲ့သည်။

"အဟွက်...အဟွက်...အဟွက်"

ပြင်းထန်သောချောင်းဆိုးသံနှင့်အတူ အင်ပါယာမင်းက မတ်တတ်ထရပ်ပြီး တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။

"စစ်နတ်ဘုရားဂိုဏ်းက အင်မော်တယ်တွေကရော..."

"အရှင်မင်းကြီး...ဒီတစ်ကြိမ်မှာ စစ်နတ်ဘုရားဂိုဏ်းကအုပ်ချုပ်တဲ့ သေမျိုးနိုင်ငံတွေအားလုံး တိုက်ခိုက်ခံရတယ်...စစ်နတ်ဘုရားဂိုဏ်းရဲ့အင်မော်တယ်ဂိတ်တံခါးတောင်ဖျက်ဆီးခံလိုက်ရတယ်လို့ ကျွန်တော်တို့သတင်းရရှိထားပါတယ်...ဒါကြောင့် အင်မော်တယ်တွေက သူတို့ရဲ့စွမ်းအားတွေအကုန်ခံပြီး ကျွန်တော်တို့ကို ကူညီကယ်တင်ပေးမယ်လို့ မထင်ပါဘူး"

ဝန်ကြီးများအားလုံး၏မျက်နှာများဖြူရော်နေကြပြီး တစ်ချို့ဝန်ကြီးများဆိုလျှင် တရားစာများပင်ရွတ်ဆိုနေပေ၏။

နိုင်ငံတော်ကြီးတစ်ခုလုံး ပျက်သုဥ်းရတော့မည်လော...။

ထိုသို့ဖြစ်လာပါက နိုင်ငံတော်တစ်ခုလုံး ဖျက်ဆီးခံရရုံတင်မက များစွာသောအသက်များလည်း သေကြေပျက်စီးရပေမည်။

တာလျန့်နိုင်ငံတော်သည် စစ်နတ်ဘုရားဂိုဏ်း၏စီရင်ပိုင်ခွင့်အောက်ရှိ သေမျိုးနိုင်ငံတစ်နိုင်ငံသာဖြစ်သည်။ စစ်နတ်ဘုရားဂိုဏ်းသည် သူတို့ကိုယ်သူတို့ပင် မနည်းဂရုစိုက်နေရလေရာ ဤသေမျိုးနိုင်ငံလေးအား ကယ်တင်ပါလိမ့်မည်လော...။

"သတင်းပို့ပါတယ်...ယန်နိုင်ငံတော်က ရာဇသံပေးပို့ထားပါတယ်...တစ်ကယ်လို့ မြို့တံခါးပွင့်မပေးဘူးဆိုရင် သူတို့မြို့ထဲဝင်လာတာနဲ့ လုံကျင်းတစ်မြို့လုံးကို သွေးနဲ့ဆေးပစ်မယ်တဲ့"

နန်းတော်အတွင်းသို့ စစ်သားတစ်ယောက် ဝင်ရောက်လာပြီး တုန်တုန်ရီရီဖြင့် သတင်းပို့နေလေ၏။

"အရှင်မင်းကြီး...မြို့တံခါးကိုဖွင့်ပေးလိုက်ပါတော့"

"ဖွင့်လို့မဖြစ်ဘူး...ငါတို့ မြို့တံခါးကိုဖွင့်လိုက်တာနဲ့ သူတို့ကိုမြို့ထဲဝင်ခွင့်ပေးလိုက်သလိုဖြစ်မှာ...အဲ့ဒီအချိန်ကျရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..အရှင်မင်းကြီး...မြို့တံခါးကို ဖွင့်မပေးပါနဲ့"

"တစ်ကယ်လို့ အခု မြို့တံခါးကိုဖွင့်မပေးဘူးဆိုရင်...သူတို့ဝင်လာနိုင်တာနဲ့ လူတိုင်းကိုသတ်ပစ်လိမ့်မယ်"

ဝန်ကြီးများသည် တိုင်ပင်ဆွေးနွေးမှုများစွာပြုလုပ်နေကြသော်လည်း မြို့တံခါးဖွင့်၍အညံခံလိုသူမှာ ပို၍များပြားနေပေသည်။

"အကုန်လုံး တိတ်ကြစမ်း"

အင်ပါယာမင်းက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်ရာတွင် နန်းတော်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားလေ၏။

"နောက်ထပ်နည်းလမ်းတစ်ခုရှိသေးတယ်"

အင်ပါယာမင်းက သူ၏နာမကျန်းသောခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲထပြီး လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"သွားမယ်...လုမိသားစုကို သွားကြမယ်"

လုမိသားစုဟု မိန့်လိုက်သလော.....။

လူတိုင်းက ထိုနာမည်ကိုကြားချိန်တွင် သူတို့၏မျက်လုံးများ၌ ဝေခွဲရခက်သည့်အရိပ်အယောင်များ ထင်ဟပ်လာပေ၏။ ဤသည်က ယခင်တာလျန့်တော်ဝင်မိသားစုကို တစ်ချက်တည်းဖြင့်ဖြုတ်ချခဲ့သော အစွမ်းထက်သည့် မိသားစုဖြစ်သည်။

လုမိသားစု၏သခင်လေးသည် အင်မော်တယ်တစ်ယောက်ဖြစ်လာပြီး အင်မော်တယ်ဂိတ်တံခါးသို့ ကျင့်ကြံရန်သွားရောက်နေပေသည်။

တာလျန့်၏ယခုလက်ရှိတော်ဝင်မိသားစုကိုပင် လုမိသားစုက ထောက်ခံပေးထားခြင်းဖြစ်သည်။ မကြာသေးမီကမှ တော်ဝင်မိသားစုသည် လုမိသားစု၏ထောက်ပံမှုမှကင်းလွတ်၍ သူတို့အစွမ်းဖြင့်ရပ်တည်နိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပေ၏။ ကံဆိုးစွာဖြင့် သူတို့က အဆုံးသတ်တွင် လုမိသားစုအားစိတ်ပျက်အောင်လုပ်မိလိမ့်မည်ကိုတော့ မျှော်လင့်မထားမိကြချေ။

အချိန်တခဏအကြာမှာပင် အင်ပါယာမင်း၏ရထားလုံးသည် လုမိသားစု၏အိမ်တော်ရှေ့သို့ ရောက်ရှိလာခဲ့၏။ လုအိမ်တော်၏တည်နေရာသည် ပြောင်းလဲသွားခြင်းမရှိသော်လည်း ယခင်ကထက်အဆများစွာ ပို၍ကျယ်ဝန်းလာခဲ့သည်။ လုအိမ်တော်၏အနီးပတ်လည်ရှိ ထိပ်သီးမိသားစုကြီးများသည် တစ်စုပြီးတစ်စု သူတို့၏အိမ်တော်များကို လုမိသားစုထံသို့ ပေးအပ်လိုက်ကြသည်။ ထို့ကြောင့် လုအိမ်တော်သည် လုံကျင်းတွင်ထိပ်တန်းအဆင့်အိမ်တော်ဖြစ်နေပြီး အင်ပါယာနန်းတော်ထက်ပင် ပို၍ကျယ်ဝန်းလေသည်။

တံခါးစောင့်၏လမ်းညွှန်မှုနှင့် အင်ပါယာမင်းသည် အိမ်တော်ခန်းမအတွင်းသို့ ရောက်ရှိလာခဲ့၏။

"အကိုခိုင်ရှမ်....ကျွန်တော်က အကိုရဲ့အကူအညီကို လိုအပ်နေတယ်"

အင်ပါယာမင်းက လုခိုင်ရှမ်ကိုမြင်ချိန်၌ ချက်ချင်းပင် ဒူးထောက်လိုက်သည်။ အင်ပါယာမင်းက တော်ဝင်အစဥ်အလာများကို လျစ်လျှူရှု၍ ဒူးထောက်ပြောဆိုနေခြင်းဖြစ်သည်။

လုခိုင်ရှမ်က အင်ပါယာမင်းအား မတ်တတ်ထရပ်ရန် ကူညီပေးလိုက်၏။

"အရှင်မင်းကြီး...ဘာများဖြစ်လာလို့တုန်း"

အင်ပါယာမင်းက တုန်ရီနေသောလေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

"ယန်နိုင်ငံတော်စစ်တပ်က ကျူးကျော်တိုက်ခိုက်လာခဲ့တာ ခုဆိုမြို့တံခါးကို ရောက်နေပြီ..ကျွန်တော် သေသွားတာက ကိစ္စမရှိဘူး...ကျွန်တော်ရဲ့သားလေးကိုတော့ အသက်ရှင်စေချင်တယ်"

"အိမ်ရှေ့စံမင်းသား...ဒီနေရာကိုလာခဲ့"

အင်ပါယာမင်းက ရုတ်တရက် သူ၏နောက်မှ အိမ်ရှေ့စံမင်းသားကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်၏။

အိမ်ရှေ့စံမင်းသည်လည်း တုန်ရီစွာဖြင့် လုခိုင်ရှမ်ရှေ့သို့ရောက်ရှိလာပြီး ဒူးထောက်နေလေသည်။

"ကျွန်တော်ကိုကယ်တင်ပေးဖို့ လုမိသားစုခေါင်းဆောင်ကို အသနားခံပါတယ်"

လုခိုင်ရှမ်က သူ၏မျက်လုံးများကိုစုံမှိတ်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူက အိမ်ရှေ့စံမင်းသားအား ဆွဲ၍မထူပေးလိုက်သည်။

ထိုအချိန်မှာပင် မြို့တံခါး၏ပြင်ပမှ တရကြမ်းတိုးဝင်လာသော ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့သည်။

"အရှင်မင်းကြီး...မြို့တံခါးအစောင့်အကြပ်တွေအားလုံးက အရှုံးပေးလိုက်ကြတယ်...သူတို့ မြို့ထဲကိုဝင်လာကြပြီ"

စစ်သားတစ်ယောက်က အိမ်တော်အတွင်းသို့ ဒုန်းစိုင်းဝင်လာပြီး အော်ဟစ်​၍သတင်းပို့လာလေ၏။

Chapter 408

အင်ပါယာမင်း၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ရီသွားပြီး အချိန်တခဏအတွင်းမှာပင် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

လုံကျင်းမြို့တော်သည် တာလျန့်နိုင်ငံတော်တစ်ခုလုံး၌ အင်အားအတောင့်တင်းဆုံးမြို့ဖြစ်သည်။ ယခု ဤမြို့ပင်လျှင် ရှုံးနိမ့်သွားလေရာ တော်ဝင်မိသားစုရပ်တည်နိုင်ရန် မည်သည့်နေရာမျှမရှိတော့ချေ။

"အကို လု...ကျွန်တော်ကို ကူညီနိုင်မလား"

အင်ပါယာမင်းက ခါးသီးသောအပြုံးဖြင့် ဒူးထောက်ပြီး တောင်းဆိုနေတော့သည်။

ပြန်တွေးကြည့်လျှင် တာလျန့်အား ယခင်တော်ဝင်မိသားစုထိန်းချုပ်စဥ်က ယခုအင်ပါယာမင်းနှင့်လုခိုင်ရှမ်သည် စစ်တပ်အတွင်း၌မိတ်ဆွေကောင်းများဖြစ်ခဲ့ကြသည်။

လုခိုင်ရှမ်၏မျက်လုံးအတွင်း၌ ကူကယ်ရာမဲ့နေသောခံစားချက်အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။ သူက အင်ပါယာအား မြန်မြန်မတ်တတ်ထနိုင်ရန် ဆွဲထူပေးလိုက်တော့သည်။ ထိုအချိန်မှာပင် လုအိမ်တော်၏တံခါးမကြီးအား ရုတ်တရက်ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရသည်။

"အင်ပါယာမင်း...ခုချက်ချင်းထွက်လာခဲ့စမ်း"

မောက်မာဝံ့ကြားသောအသံတစ်သံက လုအိမ်တော်၏ပြင်ပမှနေ၍ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် မီးတောက်များလောင်ကျွမ်းနေသောလှံရှည်တစ်ချောင်းက အိမ်တော်အတွင်းသို့ ပျံဝဲ၍ဝင်ရောက်လာခဲ့သည်။

"မကောင်းတော့ဘူး...ယန်နိုင်ငံတော်ကစစ်တပ် ရောက်လာပြီ"

"သူတို့ကို တားဆီးကြ"

လုအိမ်တော်၏ရှေ့၌ နန်းတော်အစောင့်အကြပ်များက ယန်နိုင်ငံတော်၏စစ်တပ်ကို တားဆီးတိုက်ခိုက်နေကြ၏။ သူတို့က လုအိမ်တော်အတွင်းသို့ ယန်နိုင်ငံတော်စစ်တပ် မဝင်ရောက်နိုင်စေရန်အတွက် အစွမ်းကုန်ကြိုးစား၍တိုက်ခိုက်နေခြင်းဖြစ်သည်။

သို့သော် တိုက်ခိုက်နေသံများသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းမပြီးခင်အချိန်မှာပင် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"လျန့်နိုင်ငံတော်ရဲ့အင်ပါယာမင်း....ဒီလိုလူတွေလောတ်ကိုလွှက်ပြီး မင်းက ငါတို့ကိုတားဆီးဝံ့တယ်ပေါ့"

အနီရောင်ဝတ်စုံဝတ်ဆင်ထားသောလူငယ်တစ်ယောက်က လုအိမ်တော်အတွင်းသို့ ရိုင်းပျသောမျက်နှာထားနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့သည်။

သူ၏နောက်တွင်မူ ယန်နိုင်ငံတော်မှ ကြမ်းကြုတ်ရက်စက်ပုံရသောစစ်သားအုပ်စုရှိနေသည်။

"ယန်နိုင်ငံတော်ရဲ့စစ်ဗိုလ်ချုပ်...ဟန်လီ"

အင်ပါယာမင်းက ရုတ်တရက်မတ်တတ်ထရပ်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"တာလျန့်နိုင်ငံတော်က ရှုံးနိမ့်သွားပြီ...မင်း ငါကိုသတ်နိုင်တယ်...ဒါပေမယ့် ငါ့ပြည်သူတွေကိုတော့ ဘာမှမလုပ်ပါနဲ့"

"ဟား ဟား ဟား...ငါ မင်းကိုသတ်မှာ သေချာတာပေါ့...ဒါပေမယ့် မင်းမှာ ငါကိုတောင်းဆိုဖို့အခွင့်အရေးရှိတယ်လို့ မင်းကိုယ်မင်းထင်နေတာလား"

ဟန်လီက အင်ပါယာမင်းအား လှောင်ပြောင်သရော်လိုက်၏။

ဟန်လီက ပတ်ဝန်းကျင်ကို လက်ညှိုးညွှန်ပြရင်းမှ ဆတ်လက်ပြောဆိုလိုက်သည်။

"မင်းတို့ လျန်နိုင်ငံတော်က ငါတို့စစ်တပ်ကို ရက်တော်တော်ကြာအောင် တားဆီးတိုက်ခိုက်ခဲ့တယ်...တစ်ကယ်လို့ ငါက မင်းကို တန်ကြေးမပေးဆပ်စေဘူးဆိုရင် တစ်ခြားနိုင်ငံတွေအညံခံလာအောင် ငါတို့ဘယ်လိုလုပ်မလဲ"

ထို့နောက် ဟန်လီက သူ၏စစ်သားများအား လက်ပြ၍အချက်ပေးလိုက်လေ၏။

"ငါရဲ့အမိန့်ကိုထုတ်ပြန်လိုက်....စစ်တပ်တစ်ခုလုံးက ဒီမြို့ထဲမှာ သုံးရက်တိတိ တွေ့သမျှလူအကုန်သတ်....သုံးရက်ပြီးမှ ငါတို့ထွက်ခွါမယ်"

"အမိန့်အတိုင်းပါ"

စစ်သားက ကျယ်လောင်သောအသံဖြင့် တုန့်ပြန်ပြီး ချက်ချင်းနောက်လှည့်၍ ထွက်ခွါသွားတော့သည်။

အချိန်တခဏအကြာမှာပင် လုံကျင်းမြို့ရှိ နေရာတစ်နေရာပြီးတစ်နေရာမှ စူးရှနာကျင်စွာအော်ဟစ်နေသံများ ထွက်ပေါ်လာလေ၏။

"မင်း လုပ်ရဲတယ်ပေါ့...တစ်ကယ်လို့ မင်း မြို့ထဲမှာ မဆင်မခြင်လူလိုက်သတ်နေမယ်ဆိုရင် စစ်နတ်ဘုရားဂိုဏ်းကအင်မော်တယ်တွေစေလွှက်ပြီး မင်းကိုလာသတ်လိမ့်မယ်"

အင်ပါယာမင်း၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်နေပေသည်။

"အင်မော်တယ် ဟုတ်လား...မင်းပြောတာ စစ်နတ်ဘုရားဂိုဏ်းက ဒီလူကိုပြောတာလား"

ဟန်လီ၏နောက်မှ ပျင်းရိလေးတွဲ့သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မီးခိုးရောင်ဝတ်စုံဖြင့်အဖိုးအိုတစ်ယောက်သည် ရုတ်တရက် ဟန်လီ၏နောက်မှရှေ့သို့ ထွက်လာခဲ့သည်။ သူ၏လက်အတွင်း၌ သွေးသံရဲရဲဖြင့်ဦးခေါင်းပြတ်တစ်လုံးကို ကိုင်ဆောင်လာပြီးနောက် မြေပြင်ပေါ်လို့ပစ်ချလိုက်လေ၏။

ဂလောင်....

ဦးခေါင်းပြတ်သည် မြေပြင်ပေါ်၌ တလိမ့်လိမ့်ဆင်းနေပြီး ဖုန်မှုန့်များ ရောထွေးပေကျံကာ အင်ပါယာမင်း၏ခြေရင်းသို့ ရောက်ရှိလာခဲ့သည်။

အင်ပါယာက ထိုဦးခေါင်းပြတ်အား ကြည့်ရှုလိုက်၏။ ရုတ်တရက် သူ့အား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံး နေရာ၌ပင် တောင့်တင်းသွားခဲ့သည်။

"ဒါက..အင်...အင်မော်တယ်..."

အင်ပါယာမင်းက ချက်ချင်းပင် ထိုဦးခေါင်းပြတ်၏ပိုင်ရှင်အား သိရှိသွားခဲ့ရသည်။ ဤသူက တာလျန့်နိုင်ငံတော်အား စောင့်ကြပ်ပေးနေသော စစ်နတ်ဘုရားဂိုဏ်းမှ အင်မော်တယ်ဖြစ်သည်။ မည်သည့်နည်းဖြင့် အင်မော်တယ်က အသတ်ခံထားရသနည်း...။

"လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်က သူကိုယ်သူအင်မော်တယ်လို့ ဒီအဖိုးအိုရဲ့ရှေ့မှာ ပြောရဲတယ်ပေါ့"

အဖိုးအိုက သူ၏မုတ်ဆိတ်များကိုဆွဲနှုတ်နေရင်းမှ သရော်တော်တော်ပြောဆိုလိုက်၏။

"ဘိုးဘေးက အရမ်းအစွမ်းထက်သူပါ...တာလျန့်မှာ အင်မော်တယ်အစစ်အမှန်ရှိရင်တောင် ဘိုးဘေးက သတ်နိုင်မှာ သေချာတယ်"

ဟန်လီက အလျှင်စလိုဖြင့် အဖိုးအိုအား မြှောက်ပင့်ပြောဆိုနေလေသည်။

အဖိုးအိုက ရယ်မောလိုက်သည်။

"ဘာ အင်မော်တယ်တွေလဲ...သူတို့ကိုယ်သူတို့ ဘာများထင်နေကြတယ်မသိဘူး...ငါ့အတွက်တော့ ဒီလူတွေက ကြက်ကလေး ဌက်ကလေးတစ်အုပ်စုပဲ...ဘာမှတောင် ပြန်မတိုက်ခိုက်နိုင်တဲ့ အလကားဟာတွေ"

အင်ပါယာမင်းက စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်၌ ထိုင်ချလိုက်တော့သည်။ အရာအားလုံး အဆုံးသတ်သွားပြီ မဟုတ်လော...။

အင်မော်တယ်ပင်လျှင် ထိုအဖိုးအို၏ပြိုင်ဘက်မဟုတ်ပေ။ သူတို့က သေမျိုးများသာဖြစ်၍ ထိုအဖိုးအိုအား မည်သည့်နည်းဖြင့် တိုက်ခိုက်နိုင်မည်နည်း။

"အဖေ....ဘာတွေဖြစ်နေတာလဲ"

ထိုအချိန်မှာပင် ခြံဝန်းအတွင်းမှ လှပချောမောသောပုံရိပ်လေးတစ်ရိပ်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

လုလမ်ရွှမ်းက လက်အတွင်း၌လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး အိမ်တော်ပြင်ပသို့ ထွက်လာခဲ့လေ၏။

လုလမ်ရွှမ်း၏ရောက်ရှိလာမှုသည် ယခုနေရာ၌ရှိသော လူအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

"ရေခဲစိတ်ဝိညာဥ်ခန္ဓာကိုယ်လား"

မီးခိုးရောင်ဝတ်စုံဖြင့်အဖိုးအိုက အံ့အားတသင့်ရေရွတ်လိုက်သည်။

Chapter 409

"ဟား ဟား ဟား...ဒီလိုနိမ့်ကျတဲ့နေရာမျိုးမှာ ထိပ်တန်းအဆင့်ဆေးပြင်းဖိုပိုင်ရှင်နဲ့ တွေ့ရလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

မီးခိုးရောင်ဝတ်စုံနှင့်အဖိုးအိုက လုလမ်ရွှမ်းအား လက်ညှိုးညွှန်လိုက်၏။

"နင်...ဒီနေရာကိုလာခဲ့စမ်း"

ထိုအချိန်တခဏတွင် အဖိုးအို၏မျက်လုံးများသည် တောက်ပနေပေ၏။ သူက လုလမ်ရွှမ်းကို ခြေဆုံးခေါင်းဆုံးကြည့်နေသောမျက်လုံးများတွင် နတ်ဆိုးဆန်သောအလင်းရောင်များ ပြည့်နှက်နေလေသည်။

လုလမ်ရွှမ်းက နောက်တွန့်သွားခြင်းမရှိဘဲ အေးစက်စက်အသံဖြင့် မေးမြန်းလိုက်၏။

"ရှင်တို့က...ဘယ်သူတွေလဲ"

ဟန်လီက အဖိုးအို၏စကားများနှင့်အမူအယာများမှ ဆိုလိုရင်းကို သဘောပေါတ်နားလည်သည့်အတွက် သူနောက်လိုက်များကို လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

"သူကို ဖမ်းကြစမ်း"

ရုတ်ချည်းဆိုသလိုပင် ယန်နိုင်ငံမှစစ်သားများသည် ပတ်ဝန်းကျင်နေရာပတ်လည်မှ ထွက်လာပြီး လုလမ်ရွှမ်းထံသို့ တိုးဝင်လာကြ၏။

"ရှင်တို့က တာလျန့်က လူတွေမဟုတ်ဘူး...ဒီနေရာကို ဘာလာလုပ်ကြတာလဲ"

လုလမ်ရွှမ်း၏မျက်လုံးများ၌ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

မူလက သူမသည် တာလျန့်နိုင်ငံတော်၏စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ ဤအခြေအနေသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူမ ခံစားမိသည်မှာ ပုံမှန်ကိစ္စသာဖြစ်ပေ၏။

"ဒီနေရာက ထွက်သွားကြစမ်း"

လုလမ်ရွှမ်းက သူမ၏လက်အတွင်းမှ လှံတံကိုဝှေ့ယမ်းလိုက်ရာတွင် ပြင်းထန်သည့်အော်ရာထွက်ပေါ်လာပြီး ဘက်ပေါင်းစုံသို့ ပျံနှံ့သွားခဲ့သည်။

ဘုန်း...ဘုန်း....ဘုန်း..

စစ်သားများသည် လုလမ်ရွှမ်း၏အနားသို့ပင် တိုးကပ်နိုင်စွမ်းမရှိကြချေ။ သူတို့က လုလမ်ရွှမ်း၏လှံရှည်နှင့် ညင်သာစွာထိတွေ့ခံရရုံဖြင့် နေရာ၌ပင်သေဆုံးသွားကြသည်။

ဤအချိန်တခဏတွင် လုလမ်ရွှမ်ထံမှ ပြင်းထန်သောအော်ရာစက်ကွင်း ထုတ်လွှက်ထားခဲ့သည်။

ဟန်လီပင်လျှင် ဖိအားအော်ရာတစ်ရပ်ကို ခံစားနေရ၏။

"ဘိုးဘေးအကြီးအကဲ...ကျွန်တော်က ဘိုးဘေးရဲ့အကူအညီလိုအပ်တယ်"

ဟန်လီက အလွန်လိမ္မာပါးနပ်သူဖြစ်၍ အဖိုးအို၏နောက်၌သာ ပုန်းအောင်းနေလေသည်။

"ကျွတ်...ကျွတ်...ဒီလို ငယ်ရွယ်တဲ့မိန်းခလေးတစ်ယောက်က ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံဆင့်ရှိနေပြီလား...ကြည့်ရတာတော့ လူငယ်မျိုးဆက်သစ်တွေက ပိုပြီးထူးချွန်လာပုံပဲ"

မီးခိုးရောင်ဝတ်စုံနှင့်အဖိုးအိုက အပြုံးနှင့် ပြောဆိုလိုက်တော့သည်။

အလယ်ပိုင်းကုန်းမြေမှဂိုဏ်းတစ်ချို့မှာပင်လျှင် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် အကြီးအကဲရာထူးကို ရရှိနိုင်ပေသည်။

လုလမ်ရွှမ်းက အဖိုးအိုကို လက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်၏။

"ရှင်က ကျွန်မတို့ရဲ့ လုမိသားစုရှေ့မှာလာပြီးရိုင်းပျဝံ့မှတော့...ရှင် ဘယ်လိုနည်းနဲ့သေချင်လဲ"

"ပြင်းထန်လှချည်လား...ငါ မင်းကို ပိုပြီးနှစ်ခြိုက်လာပြီ"

အဖိုးအိုက ရယ်မောရင်းမှ ရုတ်တရက် အနက်ရောင်အခိုးအငွေ့များကို ထုတ်လွှက်လိုက်သည်။

အနက်ရောင်အခိုးအငွေ့များသည် မီးခိုးငွေ့များကဲ့သို့ ကောင်းကင်တစ်ခုလုံးပျံနှံ့သွားပြီး အချိန်အတော်ကြာသည့်တိုင် လွင့်ပြယ်သွားခြင်းမရှိချေ။

"ငါနဲ့လိုက်ခဲ့...မဟုတ်ရင် နင့်မိသားစုတစ်စုလုံးကိုသတ်ပစ်မယ်"

အဖိုးအိုက ရုတ်တရက် လုလမ်ရွှမ်း၏အနားသို့ ရောက်ရှိလာခဲ့၏။ အနက်ရောင်အခိုးအငွေ့များကြားမှ ဧရာမအနက်ရောင်လက်ကြီးထွက်လာပြီး လုလမ်ရွှမ်းအား ဖမ်းဆုပ်လိုက်သည်။

"မကောင်းတော့ဘူး"

လုလမ်ရွှမ်းက သူမ၏လက်အတွင်းရှိ လှံရှည်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး အနက်ရောင်လက်ကြီးထံသို့ ချိန်ရွယ်၍ ထိုးစိုက်လိုက်လေသည်။

လေထုအတွင်း၌ ရှည်လျားသောရေခဲဆူးများ ထွက်ပေါ်လာခဲ့၏။ အနက်ရောင်အခိုးအငွေ့များသည် ရေခဲဆူးများနှင့်ထိတွေ့မိချိန်တွင် ရုတ်တရက် တဖုန်းဖုန်းအသံများ မြည်ဟီးလာလေသည်။

သို့သော် ရေခဲဆူးများသည် အချိန်တခဏသာတောင့်ခံနိုင်ပြီး တဖြည်းဖြည်းနှင့် အရည်ပျော်စပြုလာခဲ့သည်။

"ရှင် ဘယ်သူလဲ"

လုလမ်ရွှမ်းက အံ့အားသင့်တုန်လှုပ်သွားပြီး နောက်သို့ဆုတ်လိုက်တော့၏။ သို့ရာတွင် သူမ၏အရှိန်သည် ဤအချိန်၌ အနည်းငယ်နောက်ကျသွားခဲ့သည်။

"နင်က ငါရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို တွေးတောင်တွေးတောနိုင်ပါ့မလား"

အဖိုးအိုက ရယ်မောရင်းနှင့် လုလမ်ရွှမ်း၏နောက်သို့ လိုက်လံဖမ်းဆီးနေခဲ့သည်။

လုခိုင်ရှမ်က အံတင်းတင်းကြိတ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှကျန်းချီများကိုစုစည်းကာ အဖိုးအိုအား ရိုက်ပုတ်လိုက်သည်။

လုခိုင်ရှမ်၏ခန္ဓာကိုယ်အတွင်းမှ ချိပ်စည်းပြေသွားပြီဖြစ်၍ ယခုလက်ရှိချိန်၌ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် အဖိုးအို၏ရှေ့၌ လုခိုင်ရှမ်၏ကျင့်ကြံဆင့်သည် လုံလောတ်ခြင်းမရှိသည်မှာ သိသာထင်ရှားနေပေ၏။

"ထွက်သွားစမ်း"

အဖိုးအို၏အင်္ကျီလက် ဝှေ့ယမ်းလိုက်သည်နှင့် လုခိုင်ရှမ်က နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရတော့သည်။

"ဟီး...ဟီး...ကောင်မလေး...ငါနဲ့လိုက်ခဲ့စမ်း"

အဖိုးအိုက လှောင်ပြောင်သရော်လိုသောလေသံဖြင့် ပြောဆိုလိုက်၏။

အဖိုးအိုထံမှ အနက်ရောင်လက်တစ်လုံကလည်း လုလမ်ရွှမ်း၏ခန္ဓာကိုယ်အား ထိလုထိခင်အနေအထားသို့ ရောက်ရှိလာခဲ့သည်။

လုလမ်ရွှမ်းက အံတင်းတင်းကြိတ်ပြီး သူမ၏အင်္ကျီလက်မောင်းကြားမှ ကျောက်စိမ်းပြားတစ်ခုကိုထုတ်ယူကာ ချိုးဖဲ့လိုက်သည်။

ဝေါင်း....ဝေါင်း..

လုအိမ်တော်ခြံဝန်း၏နံဘေးပတ်လည်မှ ရုတ်တရက် နဂါးတစ်ကောင်၏ဟိန်းသံ ထွက်ပေါ်လာခဲ့သည်။ အဖြူရောင်အခိုးအငွေ့လှိုင်းများက မြင့်တတ်လာခဲ့ပြီး လေထုနှင့်ရောယှက်ကာ အဖြူရောင်ရေငွေ့နဂါးတစ်ကောင်အသွင်ဖြစ်သွားပြီး ဟိန်းသံထွက်ပေါ်လာပေ၏။

"ဝင်္ကပါလား. ဟမ့်...ဒီဟာလောတ်ကို ငါ ဂရုစိုက်မယ်များထင်နေလား"

အဖိုးအိုက အထင်အမြင်သေးစွာဖြင့် သူ၏လက်တစ်ဖက်တည်းဖြင့် ဝင်္ကပါအား ဆုပ်ကိုင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် နဂါးကြီးက ရုတ်တရက်အော်ဟစ်လိုက်သည်။ ထို့နောက် နဂါးကြီး၏ခန္ဓာကိုယ်သည် မြောက်များစွာသောဆံချည်မျှင်ရေနွေးငွေ့လှိုင်းများအသွင်ဖြစ်ပေါ်သွားကာ အဖိုးအိုထံသို့ တိုးဝင်သွားကြတော့သည်။

Chapter 410

အဖိုးအိုအနီးသို့အရောက်တွင် ရှည်လျားသောအဖြူရောင်နဂါးကြီးသည် ရေနွေးငွေ့လှိုင်းများအဖြစ်မှ ချက်ချင်းပင် ပြန်လည်ပေါင်းစည်းသွားခဲ့သည်။

ထိုပေါင်းစည်းမှုပြီးသည့်နောက် အဖြူရောင်အခိုးအငွေ့နဂါးကြီးသည် အဆပေါင်းများစွာပို၍ကြီးမားလာပြီးနောက် ချက်ချင်းပင် အဖိုးအိုအားဝါးမြိုလိုက်တော့သည်။

ဤအချင်းအရာက အဆုံးသတ်လော...။

နံဘေးမှမတ်တတ်ရပ်ကြည့်ရှုနေကြသော တာလျန့်နိုင်ငံတော်မှလူများသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်နေကြသည်။ ဤကဲ့သို့အစွမ်းထက်သောရန်သူမျိုးသာ သူတို့၏ရှေ့သို့ရောက်ရှိလာလျှင် သူတို့၌ခုခံတိုက်ခိုက်ရန် သတ္တိရှိမည်မဟုတ်ချေ။

သို့ရာတွင် အဖြူရောင်ရေငွေ့နဂါးကြီးသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့်သာ တောင့်ခံနိုင်ခဲ့ပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ မိုးကြိုးပစ်သံကဲ့သို့အသံများ မြည်ဟီးလာခဲ့သည်။

ဘုန်း...ဘုန်း...

ကျယ်လောင်သည့်အသံများနှင့်အတူ အဖြူရောင်ရေငွေ့နဂါးကြီးသည် သူ၏ပုံပန်းသဏ္ဌာန်ကို ထိန်းသိမ်းနိုင်ပုံမရတော့ဘဲ ချက်ချင်းပင် အပိုင်းပိုင်းအစစပြိုကွဲကာ လွင့်ပြယ်သွားတော့သည်။

အဖြူရောင်မြူခိုးမြူငွေ့များ တစတစပျက်ပြယ်သွားပြီးနောက် မီးခိုးရောင်ဝတ်စုံနှင့်အဖိုးအို၏ပုံရိပ် ပြန်လည်ထွက်ပေါ်လာခဲ့၏။

ဤတစ်ကြိမ်တွင်မူ သူ၏မျက်နှာအမူအယာသည် ယခင်ကဲ့သို့ အလေးမထားသောဟန်များ မရှိတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးနေသောအရိပ်အယောင်များပင် ထင်ဟပ်နေပေသည်။

"ကောင်းတယ်...ဒီလိုသေးနုပ်တဲ့နေရာမျိုးမှာ ငါ့ကိုထိခိုက်နာကျင်စေတဲ့တစ်စုံတစ်ခု ရှိနေတာပဲ"

အဖိုးအို၏မျက်လုံးများသည် သွေးဆာလောင်နေပုံဖြင့် ဝင်းဝင်းတောက်နေလေ၏။ သူ၏လက်ကို ဆတ်ခနဲလှုပ်ရှားလိုက်ရာတွင် အလံတစ်ခုထွက်ပေါ်လာပြီး သူက ထိုအလံကို လေထုအတွင်း၌ဝှေ့ယမ်းလိုက်၏။

အလံအား ရှေ့ နောက် လှုပ်ယမ်းလိုက်ချိန်တွင် မြောက်များစွာသော အငြိုးကြီးသည့်ဝိညာဥ်များက ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းနေကြ၏။

"ဂါး....ဂရါး..."

ဝိညာဥ်များ၏အော်ဟစ်မြည်တမ်းသံနှင့်အတူ ကောင်းကင်ယံအား မှောင်ရိပ်ဖုံးလွှမ်းလာခဲ့သည်။

အဖိုးအိုက လုအိမ်တော်တစ်ခုလုံးအား စူးစိုက်ကြည့်နေပြီး ပြောဆိုလိုက်၏။

"အင်း...ဒါက အိမ်ကောင်းတစ်လုံးပဲ...အခု ငါ့အပိုင်ဖြစ်တော့မယ်"

ဟန်လီက တောင်းပန်လိုသောအပြုံးနှင့် ပြောဆိုလိုက်သည်။

"တစ်ကယ်လို့ ဘိုးဘေးက အိမ်တော်တစ်လုံးကိုလိုချင်တယ်ဆိုရင်...ကျွန်တော်တို့က မြို့တစ်မြို့လုံးကို ဘိုးဘေးလက်ထဲ ပေးအပ်ပါမယ်"

"မင်း ဘာသိလို့လဲ"

အဖိုးအိုက ဟန်လီထံသို့ စူးဝါးသောအကြည့်တစ်ချက် စေလွှက်လိုက်၏။

"ဒီအိမ်တော်မှာ ဝင်္ကပါကြီးတစ်ခု ခင်းကျင်းထားတယ်... ဝင်္ကပါပညာရှင်ရဲ့ကျင့်ကြံမှုနယ်ပယ်နိမ့်ပါးတာတောင် ငါကို အချိန်တခဏလောတ် ချောင်ပိတ်မိစေခဲ့တယ်....ငါကို တစ်ချိန်လုံးလှောင်ပိတ်ထားဖို့ကတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"

ဟန်လီက အပြုံးဖြင့် ပြန်လည်ပြောဆိုခဲ့သည်။

"နတ်ဘုရားစွမ်းအားရှိတဲ့ဘိုးဘေးလိုလူကို ဟိုသောက်ရေးမပါတဲ့ဝင်္ကပါပညာရှင်က ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာတုန်း"

အဖိုးအိုက အေးစက်စက်နှာမှုတ်လိုက်၏။ သူက အလံအား ဝှေ့ယမ်းလိုက်ရာတွင် ရုတ်တရက် အနက်ရောင်အခိုးအငွေ့များက လုအိမ်တော်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုအိမ်တော်အတွင်းရှိလူများသည် ကောင်းကင်နှင့်မြေကြီးကြားမှစွမ်းအင်များဖြင့် ကန့်သတ်ခံလိုက်ရပုံဖြင့် သူတို့က မည်သည့်စိတ်ဝိညာဥ်စွမ်းအင်ကိုမျှ စုပ်ယူ၍မရတော့ချေ။

"အဲ့ဒီမိန်းကလေးကလွဲပြီး ကျန်တဲ့သူအကုန်သတ်...တစ်ယောက်မှအရှင်မထားနဲ့"

အဖိုးအိုက အေးစက်စက်လေသံဖြင့် အမိန့်ပေးနေလေ၏။

ဟန်လီကလည်း လက်ဝှေ့ယမ်းလိုက်သည်။

"အကုန် သတ်ကြစမ်း"

သို့ရာတွင် သူ လက်ဝှေ့ယမ်းလိုက်သော်လည်း မည်သည့်စစ်သားမျှရောက်ရှိလာခြင်း မရှိပေ။

ဟန်လီက မျက်မှောင်ကြုတ်ပြီး နောက်သို့လှည့်၍ အော်ဟစ်လိုက်သည်။

"မင်းတို့အကုန်လုံး....နားပင်းနေကြတာလား"

သို့သော် သူ၏ခေါင်းလှည့်ပြီးချိန်တွင်မူ ကြက်သေသေသွားလေသည်။

သူ၏နောက်၌ သွေးပင်လယ်ဝေနေလေ၏။ သူခေါ်ဆောင်လာခဲ့သော စစ်သားများအားလုံး မြေပြင်ပေါ်၌လဲကျနေပြီး ခေါင်းများဖြတ်တောက်ခြင်းခံထားရသည်။

လုယွီက ဦးခေါင်းပြတ်တစ်လုံးကို ကန်ထုတ်ပြီး ကျီးချန်ယွီနှင့်အတူ ဖြည်းဖြည်းချင်းလမ်းလျှောက်လာနေပေ၏။

"မင်း...ဘယ်သူလဲ"

ဟန်လီ၏မျက်လုံးများတွင် ကြောက်ရွံမှုအရိပ်အယောင်များ အပြည့်ရှိနေသည်။

လုယွီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး တီးတိုးရေရွတ်လိုက်သည်။

"တစ်ယောက်ယောက်က ငါရဲ့လုအိမ်တော်ထဲကို ချိုးဖျက်ဝင်ရဲတယ်ပေါ့...ငါရဲ့ဝင်္ကပါတောင် ပျက်စီးသွားခဲ့ပြီ"

"မင်းက ဒီဝင်္ကပါခင်းကျင်းတဲ့သူလား"

ဟန်လီ၏မျက်လုံးများက တောက်ပသွားပေ၏။

"အခု ချက်ချင်း ငါကိုဒူးထောက်ပြီးတောင်းပန်စမ်း...ငါ မင်းကို ခွင့်လွှက်ပေးမယ်"

လုယွီက ဤကဲ့သို့အရူးမျိုးနှင့် စကားပြောဆိုလိုစိတ်မရှိခြင်းကြောင့် ချက်ချင်းပင် ဟန်လီ၏ဦးခေါင်းအား ခေါင်းဖြတ်ဓားဖြင့်ပိုင်းဖြတ်လိုက်တော့သည်။

"ခင်ဗျားက ကျုပ်ရဲ့လုမိသားစုကို ပြဿနာလာရှာဝံ့တယ်ဆိုတော့...သတ္တိတော်တော်ကောင်းတာပဲ"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

အဖိုးအိုကလည်း လုယွီအားမြင်တွေ့သွားပြီဖြစ်၍ သူ၏မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

"မင်း အထဲကို ဘယ်လိုလုပ်ပြီးဝင်လာတာလဲ"

အဖိုးအိုက သူ၏မှော်ရတနာအစွမ်းဖြင့် အနက်ရောင်မြူခိုးများဆင့်ခေါ်၍ ဤနေရာတစ်ခုလုံးကို ပိတ်ဆို့ထားပြီးဖြစ်သည်။

မည်သည့်နည်းဖြင့် ထိုကောင်လေးက အတွင်းသို့ဝင်လာခဲ့သနည်း....။

ရုတ်တရက် အဖိုးအိုက လုယွီ၏နောက်မှ ကျီးချန်ယွီအား သတိပြုမိသွားသည်။

ကျီးချန်ယွီသည် မျက်နှာလွှားဇာကိုဝတ်ဆင်ထားသော်လည်း သူမ၏သာမာန်မဟုတ်သောပုံပန်းသွင်ပြင်ကပင် အဖိုးအိုအား အသက်ရှုရပ်တန့်သွားသကဲ့သို့ ခံစားမိစေသည်။

"ကောင်လေး...မင်း နောက်ကမိန်းကလေး ငါ့ကိုပေး...ငါ မင်းကို အသက်ချမ်းသာပေးကောင်းပေးနိုင်မယ်"

အဖိုးအိုက လုယွီအား ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။

All Chapters