အခန်း (၄၁၁-၄၁၅)
Vol. 21-25 Ch. 411-415
Chapter 411
အဖိုးအိုက စကားပြောဆိုနေစဥ်တွင် အသက်ရှုနှုန်းများမြန်နေခဲ့သည်။
ကျင့်ကြံသူလူငယ်များ မဆိုထားနှင့်...အဖိုးအိုပင်လျှင် ဤလောကအတွင်း၌ တုနှိုင်းမဲ့သော သာမာန်မဟုတ်သည့်အလှပိုင်ရှင်ကိုမြင်ချိန်တွင် မည်သို့မျှ သူကိုယ်သူထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
သို့ရာတွင် သူမက တစ်ခြားတစ်ဖက်တွင်လည်း ထိပ်တန်းအဆင့် လူသားဆေးပြင်းဖိုအဖြစ်အသုံးပြုနိုင်သူတစ်ယောက်ဖြစ်နေပြန်သည်။
အကယ်၍ သူသာ ထိပ်တန်းအဆင့် လူသားဆေးပြင်းဖိုကို ဖမ်းဆီးအသုံးပြုနိုင်ပါက သူ၏ကျင့်ကြံဆင့်သည် တစ်ရက်အတွင်းမှာပင် အဆပေါင်းရာထောင်ချီ၍ တိုးတတ်သွားပေမည်။
"ဟား...ဟား...ဟား...နတ်ဘုရားတွေက ငါကိုကူညီနေတာပဲ"
အဖိုးအိုက မအောင့်အည်းနိုင်တော့ဘဲ ရယ်မောနေလေတော့သည်။ သူက လုယွီအား လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်၏။
"ကောင်လေး....မင်း နောက်က မိန်းကလေးကိုမြန်မြန်ပေးစမ်း...ငါက မင်းနဲ့အငြင်းမပွါးချင်ဘူး"
"ခင်ဗျားက ကျုပ်နဲ့ အငြင်းမပွါးချင်တာလား"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေသည်။
အဖိုးအိုက အခြေအနေအား နားမလည်ခြင်းမှာ သိသာထင်ရှားနေလေ၏။ တစ်ခြားတစ်နည်းပြောင်းဆိုရလျှင် လုယွီ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်အား အဖိုးအိုက ထွင်းဖောက်မြင်နိုင်စွမ်းပင်မရှိချေ။
လုယွီက လှုပ်ရှားခြင်းမရှိသည်ကိုမြင်သော အဖိုးအိုက လုယွီကြောက်ရွံနေသဖြင့် မလှုပ်မယှက်ဖြစ်နေသည်ဟုတွေးတောကာ ကျယ်လောင်စွာရယ်မောလိုက်သည်။
"ကောင်လေး...အဲ့ဒီမိန်းကလေးကို ငါကိုပေးရင် အဆင်ပြေသွားမယ်လို့ ငါပြောခဲ့တာ တော်တော်ကြာနေပြီ"
အဖိုးအိုက ရုတ်တရက် လုယွီ၏ပခုံးအား ကုတ်ဆွဲလိုက်လေ၏။
သူက လုယွီအား ဖမ်းဆုပ်မိလုမိခင်အနေအထားသို့ ရောက်ရှိနေခဲ့သည်။
သို့ရာတွင် သူ၏လက်ဝါးအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုများသည် လုယွီအား အနည်းငယ်မျှပင် သက်ရောက်ခြင်းမရှိပေ။
"အာ...ဒါက နည်းနည်းတော့စိတ်ဝင်စားစရာ ကောင်းသားပဲ"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
အဖိုးအို၏မျက်နှာအမူအယာကမူ ပျက်ယွင်းနေလေ၏။ သူက အကြိမ်အနည်းငယ်ထပ်မံကြိုးစားကြည့်သော်လည်း လုယွီက လှုပ်ရှားခြင်းမရှိသည်ကို တွေ့မြင်မိသည်။
ဤအချင်းအရာက ဖြစ်သင့်သလော....။
အကယ်၍ သာမာန်လူတစ်ယောက်သာ သူ၏တိုက်ခိုက်ခြင်းခံရပါက လေထုအတွင်းသို့လွင့်စင်ထွက်သွားပေမည်။
လုယွီက စိတ်ပျက်လက်ပျက်ပုံဖြင့် သူ၏ခေါင်းကိုခါယမ်းနေလေ၏။
"ဒီလေါတ် စွမ်းရည်လေးနဲ့...တာယွီအင်ပါယာက ခင်ဗျားကို ဒီနေရာစေလွှက်ဝံ့တယ်ပေါ့"
"ဘာ...မင်း...မင်း ဘယ်လိုလုပ်သိတာလဲ"
အဖိုးအို၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူက အလယ်ပိုင်းကုန်းမြေမှလာခဲ့ခြင်းဖြစ်ပြီး ဤအကြောင်းအား မည်သူကိုမျှပြောဆိုထားခြင်းမရှိပေ။
မည်သည့်ကြောင့် ဤလူငယ်က သိရှိနေရသနည်း....။
လုယွီ၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားလေသည်။
"တာယွီနိုင်ငံတော်က သက်ရှိလူသားတစ်ယောက်ဖြစ်တဲ့ ခင်ဗျားရောက်လာတာ အတော်ပဲ...ကျုပ် မေးမြန်းချင်လို့ လူရှာဖို့စိုးရိမ်စရာမလိုတော့ဘူး"
ထိုအချိန်မှာပင် လုယွီ၏ပုံရိပ်က ဖျတ်ခနဲပျောက်ကွယ်သွားခဲ့သည်။
"ဒီအမြန်နှုန်းက....."
အဖိုးအို၏အတွေးများ လျှပ်ပြက်သကဲ့သို့ရွေ့လျားသွားပြီး သူက ယခုချိန်၌ လွတ်မြောက်စေရန်ထွက်ပြေးသင့်ကြောင်းကို ချက်ချင်းပင်သိနားလည်သွားခဲ့သည်။
သူ ဝေးဝေးပြေးနိုင်လေလေ ပို၍ကောင်းလေလေသာဖြစ်ပေမည်။
အဖိုးအိုက သူ၏လက်အတွင်းရှိ အလံကိုဝှေ့ယမ်းလိုက်ရာတွင် ထူထပ်သိပ်သည်းသောအနက်ရောင်အခိုးအငွေ့များက ပတ်ဝန်းကျင်နေရာအနှံအပြားသို့ ပျံနှံ့သွားလေ၏။
ဝှစ်....
လေထုအားထွင်းဖောက်သွားသော အသံတစ်သံနှင့်အတူ အဖိုးအိုသည် အချိန်အနည်းငယ်မျှပင်တုံဆိုင်းနေခြင်းမရှိဘဲ မြို့၏ပြင်ပသို့ တရဆတ်ထွက်ပြေးတော့သည်။ သူက လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်စွာပြေးလွှားနေခဲ့ရာ လုံကျင်းမြို့၏ဂိတ်တံခါးအနီးသို့ ရောက်ရှိလာခဲ့သည်။
"ခင်ဗျား လွတ်အောင်ပြေးနိုင်မယ်လို့ ထင်နေတာလား"
စူးရှသောအသံတစ်သံက ကောင်းကင်ယံမှ ထွက်ပေါ်လာလေ၏။ ကြီးမားသောအနက်ရောင်လက်ကြိးတစ်ဖက်က အဖိုးအို၏ဦးခေါင်းထက်၌ ထွက်ပေါ်လာပြီး အဖိုအိုအားဖမ်းဆုပ်လိုက်သည်။
"ဘယ်လိုလုပ်ပြီး ဒီလိုထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလိုသေးနုပ်တဲ့နေရာမျိုးမှာ ရှိနေရတာလဲ...သူရဲ့ မူရင်းဇစ်မြစ်ကဘယ်ကလဲ"
အဖိုးအို၏စိတ်ဝိညာဥ် လွင့်လုမတတ်ထိတ်လန့်ကြောက်ရွံနေခဲ့သည်။ ဤအချိန်တွင် သူ၌ ခုခံတိုက်ခိုက်ရန်ပင်သတ္တိမရှိတော့ဘဲ လွတ်မြောက်နိုင်ရန်သာ ကြိုးပမ်းနေမိသည်။
ဤနေရာပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်နေရာလုံးအား တားဆီးပိတ်ပင်ထားပုံ ပေါ်လွင်နေပေ၏။ အဖိုးအိုက မည်မျှကြိုးစားနေပါစေ ဤနေရာမှထွက်ခွါသွားနိုင်ခြင်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်လက်ကြီးက အဖိုးအိုအား ဖမ်းဆုပ်လိုက်တော့သည်။
"ခင်ဗျားက ဒီနေရာကိုရောက်လာပြီဆိုမှတော့...ထွက်သွားနိုင်ဖို့မစဥ်းစားနဲ့"
လုယွီ၏အေးစက်စက်အသံက ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လုယွီက အဖိုးအိုအား လုံကျင်းမြို့အတွင်းသို့ ပြန်လည်ဆွဲခေါ်လာခဲ့၏။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်မတိုင်ခင်မှာပင် အဖိုးအိုက လုယွီ၏ဖမ်းဆီးခြင်း ခံခဲ့ရလေသည်။
လုယွီက သူ့အား လုအိမ်တော်ရှေ့သို့ ပြန်လည်ခေါ်ဆောင်လာခြင်းကိုမြင်ချိန်တွင် အဖိုးအို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့သည်။ သူက ယခုဖြစ်ပျက်နေသော ကိစ္စရပ်များကို ယုံကြည်နိုင်စွမ်းမရှိချေ။
လုအိမ်တော်နှင့်လုံကျင်းမြို့တံခါးသည် လီပေါင်းမြောက်များစွာ ကွာဝေးပေ၏။ သို့ရာတွင် လုယွီက နေရာအနှံ့တိုက်ခတ်နေသောလေပြည်လေညှင်းကဲ့သို့ သူ့အားလွယ်လင့်တကူ ဖမ်းဆီးနိုင်ခဲ့သည်။
"မင်း....ဘယ်နေရာကလာခဲ့တာလဲ"
အဖိုးအိုက တုန်လှုပ်ခြောက်ချားစွာဖြင့် မေးမြန်းလိုက်သည်။
လုယွီက အဖိုးအို၏ဦးခေါင်းပေါ်သို့ သူ၏လက်ကိုတင်ထားရင်းမှ ခပ်သဲ့သဲ့ပြောဆိုလိုက်၏။
"သေလူတစ်ယောက်က...အများကြီးသိစရာမလိုအပ်ဘူး"
Chapter 412
လုယွီက သူ၏လက်ကို အဖိုးအို၏ဦးခေါင်းပေါ်သို့ တင်ထားသဖြင့် အဖိုးအို၏အသံ ထွက်မလာတော့ချေ။ အဖိုးအိုက စတင်၍တွန့်လိမ်ရုန်းကန်လာကာ မျက်ဖြူလန်စပြုလာပြီး နောက်ဆုံး၌ သူ၏အသိစိတ်ကင်းမဲ့သွားတော့သည်။
ဘုန်း...
လုယွီက အဖိုးအို၏ခန္ဓာကိုယ်အား အမှိုက်တစ်စကဲ့သို့ နံဘေးအား ကန်ထုတ်လိုက်သည်။ လုယွီ၏အကြည့်သည် လုအိမ်တော်၌ရှိနေဆဲဖြစ်သော ယန်နိုင်ငံတော်မှစစ်သားများထံသို့ ကျရောက်သွားပြီး သူက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်လေ၏။
"ဘယ်သူက ရှေ့ထွက်လာချင်သေးလဲ"
ယန်နိုင်ငံတော်မှစစ်သားများသည် သွေးပျက်ဖွယ်သတ်ဖြတ်မှုများကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။ အထူးသဖြင့် သူတို့၏အစွမ်းထက်ဆုံးအကြီးအကဲဖြစ်သူက အသတ်ခံလိုက်ရသည်။ ဤအချင်းအရာက သူတို့၏တွေးတောနိုင်စွမ်းထက် ကျော်လွန်နေပေသည်။
ဘိုးဘေးအကြီးအကဲသည် အင်မော်တယ်ဆိုသူများကိုပင် သတ်ဖြတ်နိုင်ခဲ့သော တည်ရှိမှုကြီးဖြစ်ပေ၏။ သူတို့ရှေ့မှလူငယ်သည် ထိုကဲ့သို့စွမ်းအားရှိသူကိုပင် လွယ်လင့်တကူသတ်ဖြတ်နိုင်ခဲ့ရာ လူငယ်သည် ဘိုးဘေးအကြီးအကဲထက် ပို၍အစွမ်းထက်ပေမည်။
ယန်နိုင်ငံတော်၏စစ်သားများက သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ တဆတ်ဆတ်တုန်ရီလာကြ၏။ သူတို့ရှေ့ရှိ အနေအထားသည် သူတို့တွေးတောဝံ့သောကိစ္စမျိုး မဟုတ်ချေ။
"ကျွန်တော်တို့က ယန်နိုင်ငံတော်ရဲ့ရှေ့ပြေးတပ်ကပါ...ကျွန်တော်တို့က မဟာစစ်ဗိုလ်ချုပ်ရဲ့အမိန့်အရ ဒီနေရာကို ရောက်လာခဲ့တာပါ"
စစ်ဗိုလ်ချုပ်တစ်ယောက်က တုန်ရီစွာဖြင့် ပြောဆိုလိုက်သည်။
လုယွီက ထိုသူကိုတစ်ချက်ကြည့်ပြီး အင်ပါယာမင်းဘက်သို့လှည့်၍ ပြောဆိုလိုက်လေ၏။
"သူတို့ကို ဘာလုပ်ချင်လဲ...ခင်ဗျား ကြိုက်သလိုဆုံးဖြတ်နိုင်တယ်"
ဤအချိန်တွင်မူ အင်ပါယာမင်းက ပြန်လည်လန်းဆန်းရွှင်ပျစပြုနေပြီဖြစ်သည်။
"အရှင် လုက ဂုဏ်သတင်းကျော်ကြားတာနဲ့ ထိုက်တန်ပါပေတယ်....ကျွန်တော်တို့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
အင်ပါယာမင်းက လုယွီကိုဦးညွှတ်၍ အရိုအသေပြုပြီးနောက် တာလျန့်မှစစ်သားများက ယန်နိုင်ငံတော်ကစစ်သားများအားလုံးကိုဖမ်းဆီးပြီး ထွက်ခွါသွားတော့သည်။
ယန်နိုင်ငံတော်၏စစ်တပ်သည် ဤတစ်ကြိမ်တွင် သူတို့၏ဘိုးဘေးအကြီးအကဲတစ်ယောက်ကို ဆုံးရှုံးခဲ့ရရုံသာမက စစ်ပွဲကိုလည်းအကြီးအကျယ်ရှုံးနိမ့်ခဲ့ရသည်။
ဤအချိန်အတောအတွင်းတွင် တာလျန့်နိုင်ငံတော်အနှံ့အပြားရှိ ပြည်နယ်များမှစစ်တက်များသည် စစ်ပွဲအောင်နိုင်သော သတင်းကြားရသည့်အတွက် လုံကျင်းသို့ ရောက်ရှိလာကြသည်။ အင်ပါယာမင်းက သူတို့အား နယ်စပ်များကိုစောင့်ကြပ်ရန်အမိန့်ပေးခဲ့ပြီး ယန်နိုင်ငံတော်မှစစ်သားများကိုပါ ကျွန်များအဖြစ် ခေါ်ဆောင်သွားစေသည်။
တာလျန့်နိုင်ငံတော်၏သေရေးရှင်ရေးအခြေအနေ၌ သစ္စာဖောတ်ခဲ့သူများကိုမူ အင်ပါယာမင်းက အလွတ်မပေးဘဲ လိုက်လံ၍ဖမ်းဆီးသတ်ဖြတ်နေလေသည်။
"သခင်လေး...နန်းတော်က တန်ဖိုးကြီးတဲ့လက်ဆောင်ပစ္စည်းတွေ အများကြီးပို့လိုက်တယ်..ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"
အိမ်တော်ထိန်းကျုံးဘိုက လုယွီအား ပြောဆိုလိုက်၏။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ကျုံးဘို....ဒီကိစ္စလောတ်ကို ခင်ဗျားရဲ့လက်အောက်ကလူတွေနဲ့ ထားလိုက်စမ်းပါ...လုမိသားစုကို ကျင့်ကြံသူမိသားစုဖြစ်စေချင်တယ်ဆိုရင်...ကျွန်တော်တို့က ဒီလိုသာမာန်ပစ္စည်းတွေလောတ်နဲ့ စိတ်အနှောက်အယှက်ဖြစ်ခံနေလို့မရဘူး"
လုခိုင်ရှမ်က ဝါးလုံးကွဲအော်ဟစ်ရယ်မောနေလေ၏။
"ယွီအာ ပြောတာအမှန်ပဲ...လာ...ယွီအာ ပြန်ရောက်နေတဲ့အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင်သောတ်စားနေစမ်းပါ"
လုမိသားစု၏ပင်မခန်းမရှိစားပွဲပေါ်တွင် စားကောင်းသောတ်ဖွယ်များ အပြည့်ရှိနေ၏။ လုအိမ်တော်တစ်ခုလုံးသည်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ လူတိုင်းက သူတို့၏သခင်လေးသည် မည်သို့သောတည်ရှိမှုဖြစ်ကြောင်းကို ကောင်းစွာသိရှိထားကြသည်။
ယန်နိုင်ငံတော်မှ ဘိုးဘေးအကြီးအကဲသည် အင်မော်တယ်များကိုပင် သူ၏မျက်စိထဲထည့်သူမဟုတ်သည့်တိုင် သခင်လေးနှင့်တွေ့ဆုံချိန်တွင် တစ်ဖက်သက်ဆန်သောတိုက်ပွဲသာ ဖြစ်ပေါ်သွားလေ၏။
"ကျီး မိန်းကလေး ...လာပါ...အတူတူထိုင်ကြရအောင်"
သခင်မကြီးယွီရုံက ကျီးချန်ယွီအား ပြုံးပြရင်းပြောဆိုလိုက်သည်။
ယခုလက်ရှိချိန်သည် လုမိသားစုများသာရှိနေသော မိသားစုညစာစားပွဲဖြစ်၍ ကျီးချန်ယွီက နေရာ၌သာမတ်တတ်ရပ်နေပြီး ဝေခွဲရခက်နေလေ၏။
သူမ၏အသက် အလွန်ငယ်ရွယ်စဥ်ကတည်းက သမင်ဖြူကျောင်းတော်အတွင်း၌သာ နေထိုင်ခဲ့ရပြီး ဤကဲ့သို့မိသားစုဆုံတွေ့သည့် ခံစားချက်မျိုးကို ကြုံတွေ့ရန်အခွင့်အရေးမရရှိခဲ့ချေ။
"နင်က ယွီအာရဲ့အတန်းဖော်သူငယ်ချင်းလား...ဒီကိုလာ..များများထည့်စားနော်...ဒီသေမျိုးအစါးအစာတွေက ကျင့်ကြံသူတွေရဲ့ဆေးဝါးတွေနဲ့ နှိုင်းယှဥ်နိုင်မှာ မဟုတ်ပေမယ့်...အရသာကိုတော့ ဆေးဝါးတွေက ယှဥ်နိုင်မှာမဟုတ်ဘူး"
သခင်မကြီးယွီရုံက ကျီးချန်ယွီအား သူမ၏အနာဂတ်ချွေးမအဖြစ်ယူဆပြီး ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေလေ၏။
"အကိုကြီး...ဒီအမက အရမ်းလှတယ်"
နျူနျူက သူမ၏ဆံပင်ကျစ်ဆံမြှီးကိုခါယမ်းရင်းမှ ပြောဆိုလိုက်သည်။
ကျီးချန်ယွီက အနည်းငယ်သီးသန့်ဆန်သူတစ်ယောက်ဖြစ်သည်။ သူမက မိသားစုကြီးတစ်စုမှ အထက်တန်းလွှာသခင်မလေးတစ်ယောက်နှင့် တူညီနေပေ၏။
"ယွီအာ...မင်း အဒေါ် ဘယ်လိုနေလဲ"
မည်သည့်အစချီမှုမျိုးမျှမရှိဘဲ လုခိုင်ရှမ်က လုယွီအား ရုတ်တရက်မေးမြန်းလိုက်သည်။
လုယွီက အလျှင်အမြန်မတ်တတ်ထရပ်ပြီး လုခိုင်ရှမ်အား သူ သမင်ဖြူကျောင်းတော်၌နေထိုင်ခဲ့စဥ်မှ အကြောင်းအရာများကို ပြောပြလိုက်လေ၏။ သို့ရာတွင် လုယွီက တစ်ချို့အဓိကကျသောအချက်များကိုရှောင်ရှားပြောဆိုပြီး လုခိုင်ရှမ်အား အပြည့်အစုံပြောဆိုခြင်းမရှိခဲ့ချေ။
"နောက် ရက်အနည်းငယ်အတောအတွင်းမှာ...ကျွန်တော်တို့က အလယ်ပိုင်းကုန်းမြေကိုသွားတော့မယ်"
နောက်ဆုံး၌ လုယွီက လုခိုင်ရှမ်အား အသိပေးလိုက်တော့သည်။
လုခိုင်ရှမ်က ခေါင်းတဆတ်ဆတ်ညိတ်နေပြီးနောက် ရုတ်တရက် သူက အချိန်တခဏကြာတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထို့နောက်မှ သူ၏အင်္ကျီလက်မောင်းကြားမှ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်...ငါ့မိသားစုစီကို မပြန်ဖြစ်တာ အချိန်တော်တော်ကြာခဲ့ပြီ....တစ်ကယ်လို့ မင်း အလယ်ပိုင်းကုန်းမြေက လုအိမ်တော်ကို ရောက်မယ်ဆိုရင်...ဒီပစ္စည်း မင်းအဖိုးကိုပေးလိုက်ပါ"
လုခိုင်ရှမ်က အနက်ရောင်သေတ္တာတစ်လုံးကို လုယွီ၏လက်အတွင်းသို့ လွှဲပြောင်းပေးလိုက်လေ၏။
Chapter 413
လုယွီက လုခိုင်ရှမ်ထံမှသေတ္တာကိုယူဆောင်ပြီးသည်နှင့် သိုလှောင်အိတ်အတွင်းသို့ ထည့်ထားလိုက်၏။
ညစာစားပြီးနောက် လုယွီတို့မိသားစုသည် အချိန်အတော်ကြာသည်အထိ စကားစမြည်ပြောဆိုကြပြီးမှသာ အိပ်ခန်းအတွင်းသို့ဝင်ကြသည်။
ဤတစ်ကြိမ်တွင်မူ ယန်နိုင်ငံတော်၏ကျူးကျော်တိုက်ခိုက်မှုသည် သူကြောင့် အရှုံးပေးခဲ့ရခြင်းကို လုယွီက အမှတ်ရနေသည်။
နောက်ရက်အနည်းငယ်အတောအတွင်းတွင် သူက အလယ်ပိုင်းကုန်းမြေသို့ သွားမည်ဖြစ်၍ သူ၏မိသားစုလုံခြုံရေးအတွက် လုယွီက စိုးရိမ်ပူပန်နေပေ၏။ လုယွီက မြေအောက်လောကနတ်ဆိုးဂိုဏ်းမှယူဆောင်လာခဲ့သော မှော်ရတနာများအားလုံးကို သူ၏သိုလှောင်အိတ်အတွင်းမှ ထုတ်ယူလိုက်သည်။
မြေအောက်လောကနတ်ဆိုးဂိုဏ်း၏မှော်ရတနာများတွင် အမျိုးအစားစုံလင်စွာပါဝင်ပေသည်။ လုယွီက ဝင်္ကပါခင်းကျင်းရာတွင် အသုံးပြုရန်ပစ္စည်းများကို အလျှင်အမြန်ရှာဖွေရွေးချယ်လိုက်သည်။
လုယွီက မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာတွင် သူရွေးချယ်ထားသည့်ပစ္စည်းများအားလုံး လေထုအတွင်းမျောလွင့်သွားပေ၏။
လုယွီ၏ထိန်းချုပ်မှုအောက်တွင် ပစ္စည်းတစ်ခုချင်းစီမှ မှိန်ပျပျအဖြူရောင်အလင်းတန်းများတောက်ပလာခဲ့သည်။ ထို့နောက် ၎င်းပစ္စည်းများသည် လုအိမ်တော်၏ထောင့်အသီးသီးသို့ ပျံဝဲ၍ကျရောက်သွားလေ၏။
လုအိမ်တော်၏ယခင်ဝင်္ကပါကို ခင်းကျင်းစဥ်က လုယွီ၏ကျင့်ကြံဆင့်သည် လုံချီနယ်ပယ်သာဖြစ်သည်။ သို့သော် ယခုလက်ရှိချိန်တွင်မူ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် ယခင်နှင့်လားလားမျှ မဆိုင်တော့ချေ။
"ကောင်းကင်ဘုံအင်ပါယာရဲ့သတ်ဖြတ်ခြင်းဥပဒေသကို ဝင်္ကပါထဲကိုပေါင်းစည်းပေးထားတော့...တစ်ကယ်လို့ တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက် ဒီနေရာကိုရောက်ရှိလာရင်တောင်...ငါ့အတွက် သေပေးရလိမ့်မယ်"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များရှိနေပေ၏။
ဤဘဝသက်တမ်းအတွင်း၌ သူ၏မိသားစုသည် သူ့အောက်ဆုံးစည်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအောက်ဆုံးစည်းကို ထိတွေ့လာပါက မည်သူမည်ဝါဖြစ်နေပါစေ သေဆုံးရပေမည်။
"အရမ်းနောတ်ကျနေပြီ...ရှင် မအိပ်သေးဘူးလား"
တိုးညင်းသောလေသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာခဲ့၏။
လုယွီက လှည့်ကြည့်လိုက်ရာတွင် ကျီးချန်ယွီက သူ၏နောက်၌ မတ်တတ်ရပ်နေသည်ကို တွေ့မြင်ရလေ၏။
"ငါ လုပ်စရာတစ်ခု ရှိနေလို့ပါ"
လုယွီက ရိုးရှင်းစွာပင် ပြန်လည်ပြောဆိုလိုက်သည်။
ကျီးချန်ယွီက လုယွီအနားသို့ လမ်းလျှောက်လာရာတွင် သူ၏လက်ချောင်းများ လျှင်မြန်စွာလှုပ်ရှားနေခြင်းကို တွေ့မြင်သွားလေ၏။ ဝင်္ကပါပုံစံတစ်ခု ဝိုးတဝါးဖြစ်ပေါ်နေခြင်းကိုလည်း သူမက မြင်မိသည်။ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ အံ့အားတသင့်ရေရွတ်လိုက်တော့သည်။
"ရှင်က ဝင်္ကပါပညာရှင်တစ်ယောက်လား"
လုယွီက ငြင်းဆိုခြင်းမရှိသည်ကိုကြည့်ပြီး ကျီးချန်ယွီက အံ့အားသင့်နေသောအမူအယာဖြင့် ပြောဆိုလိုက်၏။
"ရှင် အသက်က ဘယ်လောတ်ရှိသေးလို့လဲ...ရှင်က ဆေးသန့်စင်နိုင်တဲ့အပြင် ဝင်္ကပါကိုပါခင်းကျင်းနိုင်တယ်...အလယ်ပိုင်းကုန်းမြေမှာတောင် လူနည်းစုကပဲ ရှင့်ကိုအမှီလိုက်နိုင်လိမ့်မယ်"
"ဒါက အရမ်းအစွမ်းထက်နေပြီလို့ မင်း ထင်နေတာလား"
လုယွီက ခါးသက်သက်ပြုံးပြီး သူ၏ခေါင်းကို ခါယမ်းလိုက်လေ၏။
"ဒါက အရမ်းအလှမ်းကွာဝေးသေးတယ်"
ကျီးချန်ယွီကမူ လုယွီအား ယုံကြည်ခြင်းမရှိချေ။
"ရှင်က နှိမ့်ချပြီးနေချင်တယ်ဆိုတာ ကျွန်မသိပါတယ်...ဒါပေမယ့် ရှင်ရဲ့အရည်အချင်းအနည်းငယ်လောတ်သာထုတ်ပြလိုက်ရင် ကျောင်းတော်ကလူတွေက ရှင့်ကို ဆွေမျိုးတော်စပ်မှုကြောင့်အခွင့်အရေးရနေတဲ့သူလို့ ပြောကြမှာမဟုတ်တော့ဘူး"
လုယွီ၏နှုတ်ခမ်းထောင့်တွင်မူ ခါးသီးသောအပြုံးတစ်ခုသာ တွဲလွဲခိုနေခဲ့သည်။ သူ၏အမြင်အရ တစ်ခြားသူများမည်သို့တွေးနေပါစေ သူ၏စွမ်းအားတိုးတတ်လာရန်ထက် အရေးကြီးသောအရာမရှိချေ။
ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်အား သူ၏မိသားစုမှ အကန့်အသတ်မရှိသောအရင်းအမြစ်များ ထောက်ပံခဲ့သည်။ သူက လုယွီ၏ယခုအသက်အရွယ်ခန့်မှာပင် စကြာဝဠာအတွင်းရှိအဓိကအင်အားစုများနှင့် ယှဥ်ပြိုင်နိုင်ပြီဖြစ်လေ၏။
"နောက်ဆုံးတော့လည်း...သူက ငါ့လက်ထဲမှာသေဆုံးရတာပဲလေ"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
လုယွီက ကျီးချန်ယွီနှင့်အချိန်တခဏကြာ စကားပြောဆိုပြီးနောက် ဝင်္ကပါကလည်း လုအိမ်တော်၏ပတ်လည်၌ ခင်းကျင်းခဲ့ပြီးဖြစ်သည်။
ဤဝင်္ကပါသည် အချိန်တိုင်းနိုးထနေမည်မဟုတ်သော်လည်း လုအိမ်တော်အား တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသောအခါတွင် ဧရာမလူသတ်လက်နက်တစ်ခုဖြစ်သွားပေမည်။
လုယွီက သိုင်းကျင့်စဥ်မြောက်များစွာနှင့် အဖိုးတန်ရှားပါးသောဆေးများကို လုအိမ်တော်၌ထားခဲ့ပြီး သူက ကျီးချန်ယွီနှင့်အတူ ထွက်ခွါသွားတော့သည်။
နောက်ထပ်ရက်များတွင် လုယွီတို့နှစ်ယောက်သည် အနီးပတ်လည်ရှိ ဂိုဏ်းများသို့ သွားရောက်လည်ပတ်ခဲ့ကြ၏။ ကျီးချန်ယွီ၏ကျင့်ကြံမှုနယ်ပယ်သည် ယခုလက်ရှိချိန်တွင် ကောင်းကင်သင်္ကေတနယ်ပယ်သို့ရောက်ရှိနေပြီဖြစ်သည်။ သူတို့နှစ်ယောက်က မည်သည့်နေရာသို့သွားသွား ဂုဏ်သရေရှိဧည့်သည့်တော်များအဖြစ် ဆတ်ဆံခံရလေ၏။
နောက်ဆုံး၌ တစ်နေ့တွင် ရှေးဟောင်းတံပိုးသံတစ်သံက တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးအနှံ့ပျံနှံ့လာခဲ့သည်။
"အထီးကျန်နတ်ဘုရားလှေ ဖွင့်လှစ်လိုက်ပြီပဲ"
ကျီးချန်ယွီက တီးတိုးရေရွတ်လိုက်လေ၏။
အေးစက်မိုးတိမ်မြို့၏အထက်ကောင်းကင်ယံတွင် ဧရာမအနက်ရောင်စစ်သင်္ဘောကြီးတစ်စီးက မျောလွင့်နေလေသည်။
စစ်သင်္ဘောမှနေ၍ စစ်ဗုံတီးသံများထွက်ပေါ်နေပြီး တံပိုးခရာသံနှင့်ရောယှက်နေလေ၏။
"သွားကြစို့....အထီးကျန်နတ်ဘုရားလှေက သမင်ဖြူကျောင်းတော်မှာ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်လောတ်ပဲနေမှာ...ပြီးတာနဲ့အလယ်ပိုင်းကုန်းမြေကို သွားရတော့မယ်"
လုယွီနှင့်ကျီးချန်ယွီက အထီးကျန်နတ်ဘုရားလှေပေါ်သို့ ခုန်တတ်လိုက်ကြတော့သည်။
လှေပေါ်၌ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူအမြောက်အများ မတ်တတ်ရပ်နေကြ၏။ လုယွီရောက်ရှိလာသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က အက်ရှရှအသံဖြင့် ပြောဆိုလိုက်သည်။
"နံပါတ်ပြားပြ"
Chapter 414
နံပါတ်ပြားသည် အထီးကျန်နတ်ဘုရားလှေကိုစီးနင်းခွင့်တံဆိပ်ပြားဖြစ်သည်။
လုယွီနှင့်ကျီးချန်ယွီတို့နှစ်ယောက်လုံး၌ စီးနင်းခွင့်တံဆိပ်ပြားရှိပေသည်။ ဤစီးနင်းခွင့်တံဆိပ်ပြားပါရှိသူသာလျှင် အထီးကျန်နတ်ဘုရားလှေအား အသုံးပြုနိုင်ပေမည်။
လုယွီတို့နှစ်ယောက်လုံးအား သခင်ကြီးဝေ့က ထောက်ခံပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏စီးနင်းခွင့်နေရာကို တစ်ခြားထိပ်သီးဂိုဏ်းများက သိမ်းပိုက်ခြင်းမခံရချေ။
အနက်ရောင်ဝတ်စုံနှင့်လူက သူတို့၏စီးနင်းခွင့်တံဆိပ်ပြားများကိုယူဆောင်ပြီး အတွင်းသို့ သူ၏ကျန်းချီတစ်ချို့ထည့်သွင်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တံဆိပ်ပြားမှနေ၍ အနက်ရောင်လခြမ်းပုံထွက်ပေါ်လာလေ၏။
"မင်းတို့နှစ်ယောက် ဟိုနေရာမှာသွားပြီးထိုင်နေကြ"
အနက်ရောင်ဝတ်စုံနှင့်လူက အက်ရှရှအသံဖြင့်ပြောဆိုလိုက်၏။ သူညွှန်ပြသောနေရာသည် အလွန်ရိုးရှင်းသော အကြမ်းထည်ခုံတစ်လုံးဖြစ်သည်။
ထိုခုံ၏ဘေးပတ်လည်၌ သွေးညှီနံများထွက်ပေါ်နေပြီး ကြမ်းပြင်၌လည်း သွေးစက်များရှိနေကာ ကြည့်ရပုံမှာ မည်သည့်အချိန်ကမျှ သန့်ရှင်းရေးပြုလုပ်ထားပုံမရချေ။
"ခင်ဗျား နောတ်နေတာလား...ကျွန်တော်တို့က အဲ့လိုနေရာမျိုးမှာ ထိုင်ရမှာလား"
"ကျွန်တော်တို့က ဂိုဏ်းအသီးသီးက ရွေးချယ်ထားတဲ့ပါရမီရှင်တွေ...ခင်ဗျားတို့က ဘယ်လိုတွေစီစဥ်ပေးနေတာလဲ"
ထိုအချိန်မှာပင် အထီးကျန်နတ်ဘုရားလှေ၏တစ်ခြားဖက်ခြမ်းမှ လူငယ်ပါရမီရှင်တစ်စု ရောက်ရှိလာခဲ့သည်။ ထိုလူငယ်ပါရမီရှင်များ၏မျက်နှာပေါ်၌ မောက်မာသောအရိပ်အယောင်များ ထင်ဟပ်နေပေသည်။ သူတို့က တောင်ပိုင်းစွန့်ပစ်ကုန်းမြေရှိ ဂိုဏ်းအသီးသီးမှလာသော ပါရမီရှင်လူငယ်များ ဖြစ်လေ၏။
မည်သည့်နည်းဖြင့် သူတို့က ဤမျှညစ်ပတ်စုတ်ပြတ်နေသောနေရာတွင်ထိုင်ရန် ဆန္ဒရှိမည်နည်း...။
"တစ်ကယ်လို့ မင်းတို့က အထီးကျန်နတ်ဘုရားလှေပေါ်မှာ ထိုင်ချင်တယ်ဆိုရင် အဲ့ဒီနေရာပဲရှိတယ်...တစ်ကယ်လို့ မင်းတို့မနေချင်ရင် ထွက်သွားကြ"
အနက်ရောင်ဝတ်စုံနှင့်လူက သူ၏ပါးစပ်ကိုအကျယ်ကြီးဟ၍အော်ဟစ်လိုက်ရာတွင် သူ၏သွားစွယ်များပင် ပေါ်နေခဲ့သည်။
လူငယ်ပါရမီရှင်များသည် နေရာ၌ပင် စိတ်ဆိုးအမျက်ထွက်စွာဖြင့် မတ်တတ်ရပ်နေကြ၏။
လူငယ်တစ်ယောက်က ခက်ထန်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"ခင်ဗျား အဲ့ဒီစကါးကို ထပ်ပြောကြည့်စမ်း"
"ဟား ဟား ဟား...ငါက မင်းလိုသေမှာမကြောတ်တဲ့ကောင်လေးမျိုးကို သဘောကျတယ်"
အနက်ရောင်ဝတ်စုံနှင့်လူ၏ပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
လူငယ်သည် အံ့အားသင့်တုန်လှုပ်သွားသော်လည်း သူ၏ကျန်းချီများကို အလျှင်အမြန်လှည့်ပတ်လိုက်၏။ ပါးလွှာသောလေထုအတွင်း၌ ဖီးနစ်ဌက်တစ်ကောင်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
မီးတောက်ဖီးနစ်ဌက်က လေထုအတွင်း၌ ဝေ့ဝိုက်ပျံသန်းနေပြီးနောက် နားပင်းလုမတတ်အော်မြည်သံကြီး ထွက်ပေါ်လာခဲ့သည်။ ဖီးနစ်ဌက်၏နံဘေးပတ်လည်ရှိလေထုသည် လောင်ကျွမ်းနေသကဲ့သို့ ပူလောင်နေပြီး အပူလှိုင်းများအား တစ်လှိုင်းပြီးတစ်လှိုင်း ထုတ်လွှက်နေလေ၏။
"မောက်မာတဲ့ သူခိုးအိုကြီး...ကျုပ် ခင်ဗျားကို ဒီနေ့သင်ခန်းစာပေးမှရမယ်"
လူငယ်က အော်ဟစ်ကြုံးဝါးလိုက်သည်။
"မင်းက ဒီစွမ်းရည်လောတ်နဲ့ အလယ်ပိုင်းကုန်းမြေကိုသွားဝံ့တယ်ပေါ့...မင်း ခြေရာလက်ရာတောင်မကျန်ဘဲနဲ့ သေဆုံးသွားမှာကို ငါ စိုးရိမ်မိတယ်"
ရုတ်တရက် အေးစက်စက်အသံတစ်သံက လူငယ်၏နောက်မှထွက်ပေါ်လာခဲ့၏။
လူငယ်က ထိတ်လန့်တုန်လှုပ်သွားပြီးနောက် နောက်သို့လှည့်ကြည့်လိုက်ရာတွင် သူ၏နောက်၌ အနက်ရောင်ဝတ်စုံနှင့်လူ ရောက်ရှိနေခြင်းအား တွေ့မြင်မိသည်။
"ခင်ဗျား......"
လူငယ်က စကားပြောရန်ကြံရွယ်လိုက်သော်လည်း ရုတ်တရက် ကြီးမားသောအင်အားတစ်ရပ်က သူ့အားရိုက်နှက်လိုက်ခြင်းကို ခံစားမိသည်။
"အဟွက်....အဟွက်....."
လူငယ်၏မျက်လုံးများ ပြူးကျယ်နေလေ၏။ အချိန်တခဏအတွင်းမှာပင် သူအား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကွေးကောတ်နေပြီး မြေပြင်ပေါ်၌လဲလျောင်းနေရလေ၏။
ဘုန်း....
အနက်ရောင်ဝတ်စုံနှင့်လူက ထိုလူငယ်ကို နံဘေးဘက်သို့ကန်ထုတ်ပြီး ပတ်ဝန်းကျင်မှလူများအား ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။
"မင်းတို့ကောင်တွေက ဘာပါရမီရှင်တွေလဲ....ရေတွင်းအောက်ခြေက ဖားသူငယ်တွေကများ...ဒီနေရာလာပြီး ရိုင်းပျရဲတယ်ပေါ့"
"တစ်ကယ်လို့ မင်းတို့ အခန်းလိုချင်တယ်ဆို င်....စိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ဌားရမ်းနိုင်တယ်...တစ်ကယ်လို့ စိတ်ဝိညာဥ်ကျောက်တုံးမရှိဘူးဆိုရင် ဒီနေရာမှာပဲ အေးအေးဆေးဆေးနေကြ...ဆူဆူပူပူလုပ်ရဲတဲ့ ဘယ်ကောင်ပဲဖြစ်ဖြစ်...အကုန်လုံးကို ငါက မောင်းထုတ်ပစ်မှာ"
အနက်ရောင်ဝတ်စုံနှင့်လူက ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်လေ၏။
အနက်ရောင်ဝတ်စုံနှင့်လူ၏တိုက်ခိုက်မှုသည် ယခုလက်ရှိနေရာတွင်ရှိနေသော လူငယ်များအား ထိတ်လန့်ကြောက်ရွံသွားစေခဲ့သည်။ နောက်ဆုံး၌ ပတ်ဝန်းကျင်နေရာတစ်ခုလုံး အပြည့်အဝတိတ်ဆိတ်ငြိမ်သက်သွားပေ၏။ မည်သူကမျှ ပထမဆုံးလူငယ်ကဲ့သို့ မဆင်မခြင်မလုပ်ဝံ့ကြတော့ချေ။
"အလယ်ပိုင်းကုန်းမြေကိုရောက်ဖို့ အထီးကျန်နတ်ဘုရားလှေကို တစ်လကြာအောင်စီးရမှာ....ကျွန်မ ဒီကုန်းပတ်ပေါ်မှာ တစ်ချိန်လုံးမနေနိုင်ဘူး"
ကျီးချန်ယွီက မျက်မှောင်ကြုတ်ရင်း ပြောဆိုလိုက်သည်။
"သေချာတာပေါ့"
လုယွီက သဘောတူညီပုံဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။
အနက်ရောင်ဝတ်စုံနှင့်လူက ညွှန်ပြသောအခန်းဌားရန်နေရာသည် အထီးကျန်နတ်ဘုရားလှေ၏ပထမထပ်တွင် တည်ရှိသည်။
အထီးကျန်နတ်ဘုရားလှေသည် အလွန်ကြီးမားပေ၏။ ကုန်းပတ်ပေါ်ဤပင် ဆယ့်ကိုးထပ်မြင့်သောအဆောတ်အအုံကြီးတစ်ခု ရှိနေလေသည်။
ပထမထပ်၏ဝင်ပေါတ်၌ ယပ်တောင်တဖျတ်ဖျတ်ခပ်ရင်းထိုင်နေသောလူတစ်ယောက် ရှိနေသည်။
"အခန်းဌားမလို့လား"
အစောင့်က လုယွီအား တစ်ချက်ကြည့်ပြီးမှ ပြောဆိုလိုက်၏။
"လှေပေါ်က အခန်းတွေအားလုံး ပြည့်နေပြီ...ထိပ်တန်းအဆင့်အခန်းတစ်ခန်းပဲကျန်တော့တယ်"
လုယွီက သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အဆောတ်အဦးတစ်ခုလုံးအား အာရုံခံကြည့်ပြီးနောက် အေူစက်စက်လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"င်္ဒနေရါက အခန်းအားလုံး လူ မပြည့်သေးပါဘူး"
"ဟမ့်...သူတို့က ရက်ကြိုပြီးတော့ အခန်းယူထားကြတာ...မင်း အခန်းယူမှာလား မယူဘူးလား"
အစောင့်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုနေခဲ့၏။
Chapter 415
"အဲ့ဒီအခန်းအတွက် စိတ်ဝိညာဥ်ကျောက်တုံး ဘယ်လောတ်ပေးရမလဲ"
လုယွီက အစောင့်အား မေးမြန်းလိုက်၏။
"မင်း အခန်းတကယ်လိုချင်တာလား"
အစောင့်က လုယွီအား ကြည့်လိုက်ပြီးနောက် သူ၏လက်အတွင်းရှိစာအုပ်အား ဖွင့်ကြည့်နေလေသည်။
"ခဏစောင့်...ငါ အခန်းနေရာ ရှာလိုက်အုံးမယ်"
"နေဦး...အဲ့ဒီနေါက်ဆုံးကျန်တဲ့အခန်းကို ငါယူမယ်"
လုယွီနှင့်ကျီးချန်ယွီတို့၏နောက်တွင် တန်ဖိုးကြီးပိုးထည်ကိုဝတ်ဆင်ထားသောလူငယ်တစ်ယောက် ရောက်ရှိနေပြီး ပြောဆိုလိုက်လေ၏။
လူငယ်၏အင်္ကျီကော်လံပေါ်တွင် ရွှေရောင်ဓားတစ်ချောင်းပုံထိုးထားသည့်အတွက် ထိုက်ယွမ်ဂိုဏ်းမှတပည့်တစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်နေသည်။
လုယွီက စိတ်မကြည်မသာဖြစ်သွားလေ၏။
"မင်းရှေ့မှာ အရင်ရောက်နေတဲ့လူတွေကို မမြင်ဖူးလား"
"မင်းတို့လို ဆင်းရဲတဲ့လူတွေက ဒီနေရာကိုအခန်းလာဌားတယ်ပေါ့....ဒီနေရာကထွက်သွားစမ်း...ငါ လေ့ကျင့်မယ့်အချိန်ကိုမနှောင့်နှေးစေနဲ့"
လူငယ်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းက အခန်းဌားချင်တယ်ဆိုရင် မင်းရဲ့နာမည်နဲ့မင်းရဲ့ဂိုဏ်းအမည်ကို ငါကိုပြောဖို့လိုအပ်လိမ့်မယ်...ဒါမှ ငါ စာရင်းသွင်းနိုင်မှာ"
အစောင့်က လူငယ်အား ပြောဆိုလိုက်လေ၏။
လူငယ်က သူ၏ခေါင်းကိုမော့ပြီး ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ထိုက်ယွမ်ဂိုဏ်းရဲ့တပည့်ခေါင်းဆောင် မူချီ"
မူချီသည် မောက်မာသောစိတ်နေသဘောထားရှိရန် ထိုက်တန်သူတစ်ယောက်ဖြစ်သည်။ ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်းတွင် အစွမ်းထက်ဆုံးပါရမီရှင်များကိုသာ တပည့်ခေါင်းဆောင်များအဖြစ် ခန့်အပ်ကြသည်။
မူချီသည် အသက်သုံးဆယ်ပင်မပြည့်သေးသော ငယ်ရွယ်သူတစ်ယောက်ဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဝိုင်းသေးနယ်ပယ်အဋ္ဌမအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။
မူချီ၏ထူးချွန်သောပါရမီကြောင့် ထိုက်ယွမ်ဂိုဏ်းမှ သူအား အရင်းအမြစ်အများအပြား ထောက်ပံခဲ့သည်။ သူထံ၌ ထိုက်ယွမ်ဂိုဏ်းမှပေးလိုက်သော ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းငါးဆယ်ပါရှိပေသည်။
"ကောင်းပြီလေ....ထိပ်တန်းအဆင့်အခန်းက တစ်ရက်ကို စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကျမယ်...မင်း အခန်းလိုချင်ရင် စိတ်ဝိညာဥ်ကျောက်တုံး လက်ငင်းပေးချေရမယ်...အကြွေးမရဘူး"
အစောင့်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ဘယ်လို....."
သိုလှောင်အိတ်ကိုကိုင်ထားသော မူချီ၏လက်များ ရုတ်တရက်တုန်ရီသွားခဲ့သည်။
"စိတ်ဝိညာဥ်ကျောက်တုံး ဘယ်လောတ်လို့ မင်းပြောလိုက်တာ....သန်းတစ်ရာလား...မင်း မှားများပြောမိတာလား"
မုန့်ချီက လက်ခံယုံကြည်နိုင်စွမ်းမရှိချေ။
အစောင့်၏မျက်နှာအမူအယာက ချက်ချင်းပင် ပျက်ယွင်းသွားပေ၏။
"တစ်ကယ်လို့ မင်းမှာစိတ်ဝိညာဥ်ကျောက်တုံးမရှိရင်...ဘာလို့ လာဟန်ဆောင်နေသေးလဲ...ထွက်သွားစမ်း"
မုန့်ချီက အံတင်းတင်းကြိတ်ရင်းမှ ပြန်လည်ပြောဆိုလိုက်သည်။
"မင်းတို့က ငွေညှစ်တဲ့ဂိုဏ်းလား...ဘယ်လိုအခန်းက တစ်ရက်ကိုသန်းတစ်ရာ တန်မှာလဲ"
အစောင့်၏နှုတ်ခမ်းက တွန့်လိမ်သွားပြီး သူက စိတ်မရှည်တော့ပုံဖြင့် အော်ဟစ်လိုက်လေ၏။
"မင်းမှာ စိတ်ဝိညာဥ်ကျောက်တုံးမရှိရင်...မြန်မြန်ထွက်သွားစမ်း...မင်း အခန်းဌားချင်ဌား မဌားချင်နေ စျေးနှုန်းကတော့ဒီအတိုင်းပဲ"
"ငါ ရက်သုံးဆယ်ဌားမယ်...ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေယူလိုက်"
လုယွီက စိတ်ဝိညာဥ်ကျောက်တုံးများထည့်ထားသော သိုလှောင်အိတ်တစ်အိတ်ကို အစောင့်ထံသို့ ပစ်ပေးလိုက်သည်။
အစောင့်က သိုလှောင်အိတ်ကိုကောတ်ယူပြီး သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်နေလေသည်။ ထို့နောက် သူ၏မျက်နှာအမူအယာသည် ချက်ချင်းပင် ပျော့ပျောင်းသွားပေ၏။
"ဂုဏ်သရေရှိဧည့်သည်...ကျေးဇူးပြုပြီး အထဲကိုဝင်လာပါ"
လုယွီက ကျီူချန်ယွီဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။
"အလယ်ပိုင်းကုန်းမြေကိုရောက်ဖို့က ရက်တော်တော်ကြာဦးမှာ....မင်း ငါအခန်းမှာ လိုက်နေမလား"
ကျီးချန်ယွီက အချိန်တခဏကြာစဥ်းစားတွေဝေနေသော်လည်း သွေးစွန်းထင်းနေသောကုန်းပတ်အားတွေးတောမိသည်နှင့် အလျှင်အမြန်ပင် ခေါင်းညိမ့်ပြလိုက်၏။
လုယွီနှင့်ကျီးချန်ယွီတို့ထွက်ခွါသွားစဥ်တွင် တစ်ယောက်တည်းကျန်ရစ်ခဲ့သော မူချီက ဤနေရာ၌ဆတ်လက်နေနေရန် အလွန်ရှက်ရွံသွားလေသည်။
"မင်းမှာ စိတ်ဝိညာဥ်ကျောက်တုံး အဲ့ဒီလေါတ်အများကြီးရှိနေတာလား...မင်းက ဘယ်သူမို့လဲ"
မုန့်ချီက ညည်းညူရေရွတ်နေလေ၏။ သူက လုယွီဌားရမ်းတော့မည့်အခန်းကို စိတ်ဝိညာဥ်ကျောက်တုံးများအသုံးပြု၍ လုယက်ဌားရမ်းမည်ဟု ကြံရွယ်ခဲ့ခြင်းကိုလည်း အမှတ်မရတော့ချေ။
အစောင့်က လုယွီအား သင်္ဘောပေါ်မှအဆောတ်အအုံ၏ထိပ်ဆုံးထပ်သို့ ခေါ်ဆောင်လာခဲ့သည်။ ဤနေရာရှိမြင်ကွင်းသည် အလွန်ကျယ်ဝန်းပြီး အထပ်တစ်ထပ်လုံး၌ ဤအခန်းတစ်ခန်းသာရှိပေ၏။
"အထူးဧည့်သည်တော်...ဒါက ထိပ်တန်းအဆင့်အခန်းပါ....တစ်ကယ်လို့ ဧည့်သည်က တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော်ကိုအချိန်မရွေး ခေါ်နိုင်ပါတယ်"
အစောင့်က လုယွီအား လေးလေးစားစားပြောဆိုပြီးနောက် ထွက်ခွါသွားတော့သည်။
ထိပ်တန်းအဆင့်အခန်းသည် အမှန်တကယ်ပင် ခမ်းနားထည်ဝါလွန်းပေ၏။ အခန်းအတွင်း၌ စိတ်ဝိညာဥ်စုစည်းခြင်းဝင်္ကပါငယ်တစ်ခုပင် ခင်းကျင်းထားပြီး ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအင်များသည် ပြင်ပထက်အဆများစွာ ပို၍သိပ်သည်းပေသည်။
"ဒီနေရာမှာ အခန်းအပိုတွေအများကြီးပဲ...မင်း လိုချင်တဲ့တစ်ခန်းယူနေလေ"
လုယွီက ကျီးချန်ယွီအား ပြောဆိုလိုက်သည်။
ကျီးချန်ယွီက လုယွီအား ကျေးဇူးတင်ကြောင်း ပြန်လည်ပြောဆိုလိုက်၏။
"လုယွီ...ဒီအခန်းအတွက် ရှင်ကို ကျွန်မ ကျေးဇူးအရမ်းတင်တယ်"
လုယွီက လက်ဝှေ့ယမ်းလိုက်သည်။ သူက ဤသေးငယ်သောကိစ္စများအား ဂရုစိုက်မနေချေ။
ကျီးချန်ယွီက ရယ်မောပြီးနောက် အခန်းတစ်ခုရွေးချယ်ကာ အတွင်းသို့ဝင်ရောက်သွားတော့သည်။
ကျီးချန်ယွီ ထွက်ခွါသွားပြီးချိန်တွင် လုယွီ၏မျက်နှာအမူအယာက ရုတ်တရက်သုန်မှုန်သွားလေ၏။
အထီးကျန်နတ်ဘုရားလှေသည် ၎င်း၏ဧရာမဘီးကြီးများဖြင့် လေထုအတွင်းပျံသန်းကာ အလယ်ပိုင်းကုန်းမြေသို့ အလျှင်အမြန်ခရီးနှင်နေခဲ့သည်။
ထိပ်တန်းအခန်း၏ပြတင်းပေါတ်မှ လုယွီက ကြည့်လိုက်ရာတွင် မျောလွင့်နေသောတိမ်တိုက်များကို တွေ့မြင်မိလေသည်။
"အထီးကျန်နတ်ဘုရားလှေရဲ့နောက်ကလိုက်လာတာ ဘယ်သူလဲ"
လုယွီ၏မျက်လုံးများ၌ လေးလေးနက်နက်စဥ်းစားနေသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။