အခန်း (၄၁၆-၄၂၀)
Vol. 21-25 Ch. 416-420
Chapter 416
မိုးကောင်းကင်ယံတစ်ခုလုံးအား တိမ်မည်းများက ဖုံးလွှမ်းနေပေ၏။
တိမ်မည်းများအကြားမှ မိုးခြိမ်းသံများတဂျိန်းဂျိန်းမြည်ဟီးနေပြီး ဖိနှိပ်နိုင်သောအော်ရာတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ပျံနှံ့နေလေသည်။
အထီးကျန်နတ်ဘုရားလှေသည် တိမ်မည်းလွှာများကို ဖြတ်သန်းပြီး နှေးကွေးသောအရှိန်ဖြင့် ခရီးနှင်နေရသည်။
ဒေါက်...ဒေါက်...ဒေါက်...ဒေါက်...
မူလက တိတ်ဆိတ်ငြိမ်သက်နေသော လုယွီ၏အခန်းတံခါးကို တစ်စုံတစ်ယောက်က လာ၍ခေါက်နေပေ၏။
လုယွီနှင့်ကျီးချန်ယွီတို့သည် ကျင့်ကြံနေရာမှတပြိုင်တည်း နိုးထလာကြပြီး တံခါးအား တစ်ချိန်တည်းကြည့်ရှုမိကြသည်။
ကျီးချန်ယွီက တံခါးထံသို့ လမ်းလျှောက်သွားရာတွင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသည့်ဝတ်စုံကိုဝတ်ဆင်ထားခြင်းကြောင့် သူမ၏တင့်တယ်ပြေပြစ်သော ခန္ဓာကိုယ်အချိုးအစားက်ု မြင်နေရပေသည်။
လုယွီနှင့်ကျီးချန်ယွီသာလျှင် ဤအခန်းအတွင်း၌ ရှိနေလေ၏။ အခန်းအတွင်းရှိ လေထုသည်အနည်းငယ် ထူးဆန်းနေသလိုပင်။
ကျီးချန်ယွီသည် လုယွီက သူမကိုတစ်ချိန်လုံး စူးစိုက်ကြည့်နေခြင်းကို တွေ့မြင်မိသည်။ သူမက ရေခဲတမျှအေးစက်သော စိတ်နေသဘောထားပိုင်ရှင်ဖြစ်သည့်တိုင် သူမ၏လှပသောမျက်နှာလေး နီမြန်းနေပြီး သူမ့ပါးမို့မို့လေးများပင် နှင်းဆီရောင်သန်းနေခဲ့သည်။
အခန်းအတွင်းရှိ ထူးဆန်းနေသော အခြေအနေမှလွတ်မြောက်စေရန် ကျီးချန်ယွီက ဦးဆောင်၍ စကားပြောဆိုလိုက်တော့သည်။
"ကျွန်မ တံခါးသွားဖွင့်လိုက်မယ်"
တံခါးဖွင့်လိုက်ချိန်တွင် ရှဲ့ရှောင်က မတ်တတ်ရပ်နေသည်ကို ကျီးချန်ယွီက တွေ့မြင်ရလေ၏။
"ဂျူနီယာညီမလေး ချန်ယွီ...နောက်ဆုံးတော့ မင်းရှိနေတဲ့နေရာကို ငါ ရှာနိုင်ခဲ့ပြီ...ငါက ထိပ်တန်းအဆင့်အခန်းကိုဌားဖို့ ပြင်ဆင်ထားခဲ့ပေမယ့် မင်းက ဦးသွားလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး...ဟား ဟား ဒါကတိုက်ဆိုင်မှုပဲ"
ရှဲ့ရှောင်က ပြောဆိုလိုက်သည်။
ကျီးချန်ယွီက ခေါင်းခါလိုက်လေ၏။
"စီနီယာအကိုကြီးက နားလည်မှုလွဲနေပြီ...ဒီအခန်းက ကျွန်မ ဌားထားတာမဟုတ်ဘူး"
ရှဲ့ရှောင်က အနည်းငယ်ကြက်သေသေသွားခဲ့သည်။ ရုတ်တရက် သူ၏အကြည့်က ကျီးချန်ယွီ၏နောက်ရှိ လုယွီပေါ်သို့ ကျရောက်သွားခဲ့သည်။ ရှဲ့ရှောင်သည် လုယွီတို့နှစ်ယောက် တစ်ခန်းတည်းအတူတူရှိနေခြင်းအား သတိပြုမိသွားပေ၏။ ထို့ပြင် ကျီးချန်ယွီက ပါးလွှာသောအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။
ရှဲ့ရှောင်က လုယွီအား စိန်းစိန်းဝါးဝါးစိုက်ကြည့်နေပြီးနောက် ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။
"အရှက်မရှိတဲ့ လူရမ်းကား...ဂျူနီယာညီမလေးချန်ယွဲ့ရဲ့အခန်းထဲ မင်းကို ဘယ်သူကဝင်ခိုင်းလို့လဲ"
လုယွီက ရှဲ့ရှောင်အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေလေသည်။
"ငါ့ကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ"
"ငါနဲ့မဆိုင်ဘူးတဲ့လား...ဟား ဟား"
ရှဲ့ရှောင်သည် ဒေါသစိတ်လွန်ကဲနေခြင်းကြောင့် သူ၏ခြေဆုံးခေါင်းဆုံးတုန်ရီနေရင်းမှ အော်ဟစ်လိုက်သည်။
"ငါ သမင်ဖြူကျောင်းတော်ကို ပြန်ရောက်ချိန်ကတည်းက မင်းက အရှက်သိက္ခာမရှိတဲ့ကောင်ဆိုတာ ငါသိပြီးသား...မင်းက ကျောင်းတော်ကနေ ထွက်ခွါလာလာခြင်း ဒီလိုမျိုးမင်းရဲ့စရိုက်မှန်ကို ထုတ်ဖော်ပြသလိုက်မယ်လို့တော့ ငါ ထင်မထားမိဘူး...ငါရဲ့ဂျူနီယာညီမလေးက အပြစ်ကင်းစင်တယ်...ဘယ်လိုလုပ်ပြီး မင်းလို အရှက်မရှိတဲ့ကောင်ကို အခန်းထဲခေါ်ထားမှာလဲ"
"စီနီယာအကိုကြီး"
ကျီးချန်ယွီက ရုတ်တရက် အေးစက်စက်အသံဖြင့် ပြောဆိုလိုက်သည်။
"တစ်ကယ်လို့ အထွေအထူးပြောစရာကိစ္စမရှိဘူးဆိုရင်...ကျေးဇူးပြုပြီး ပြန်ပါတော့"
"ချန်ယွီ...မင်း သူရဲ့လှည့်စားတာကိုမခံနဲ့"
ရှဲ့ရှောင်က လေးနက်သောလေသံဖြင့် ပြောဆိုလိုက်လေ၏။
ကျီးချန်ယွီက ခေါင်းခါယမ်းနေပြီး ရှဲ့ရှောင်အား ကြည့်နေသော သူမ၏မျက်လုံးများအတွင်းတွင် စိတ်ပျက်ခြင်းနှင့်ဒေါသထွက်ခြင်းအရိပ်အယောင်များ ထင်ဟပ်နေပေသည်။
"လုယွီက ဒီထိပ်တန်းအဆင့်အခန်းကို ဌားထားပြီးတော့ ကျွန်မကိုယာယီနေခွင့်ပြုခဲ့တာ...ကျွန်မက သူကို ကျေးဇူးအရမ်းတင်မိတယ်...စီနီယာအကိုကြီးက သူကိုတွေ့တိုင်း အရှက်မရှိတဲ့ကောင်လို့ ပြောနေတယ်...ကျောင်းတော်တစ်ခုတည်းက အတူတူလာကြတာကို စီနီယာအကိုကြီးက ဘာလို့သူကို အဆင်မခြင်ပြောဆိုနေတာလဲ"
"ဒီထိပ်တန်းအဆင့်အခန်းက သူ ဌားထားတာလား"
ရှဲ့ရှောင်က ရုတ်တရက် အံ့အားသင့်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ဤထိပ်တန်းအဆင့်အခန်းဌားရမ်းခသည် သာမာန်ထက်အဆများစွာစျေးကြီးပေ၏။ သူက စျေးနှုန်းကို ကြိုသိခဲ့ပြီး အချိန်အတော်ကြာပြင်ဆင်ထားသည့်တိုင် ထိပ်တန်းအဆင့်အခန်း၌ ရက်အနည်းငယ်သာနေနိုင်ပေမည်။
"ကြည့်ရတာတော့ သူကို ကျောင်းအုပ်ကြီးက စိတ်ဝိညာဥ်ကျောက်တုံးတွေ ပေးထားတာပဲဖြစ်မယ်...မုန်းဖို့ကောင်းလိုက်တာ...သွေးသွားတောမစပ်တဲ့အဆင့်အတန်းမြင်တဲ့သူရှိနေလို့ သူက ငါတို့နဲ့ကွာခြားသွားတယ်"
ရှဲ့ရှောင်က လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီးနောက် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ လုယွီအား မနာလိုဝန်တိုစိတ်များပွါးများနေပေ၏။
သို့သော် အပေါ်ယံတွင်မူ ရှဲ့ရှောင်က သူ၏စိတ်ခံစားချက်များကို ထုတ်ဖော်ပြသခြင်းမရှိပေ။ သူက အပြုံးဖြင့်သာ ပြောဆိုလိုက်၏။
"ဂျူနီယာညီမလေး ချန်ယွီ...သင်္ဘောရဲ့ပထမထပ်မှာ သမင်ဖြူကျောင်းတော်ကငါတို့အုပ်စုနဲ့သခင်ကြီးဝေ့က ညစာစားပွဲတစ်ခုကျင်းပမလို့...ညီမလေးချန်ယွီ ပါဝင်ဆင်နွှဲမလားလို့ ငါကလာဖိတ်ခေါ်တာပါ"
ရှဲ့ရှောင်က ထပ်မံ၍ ကျီးချန်ယွီအား သတိပေးလိုက်သည်။
"ငါတို့က အလယ်ပိုင်းကုန်းမြေကိုရောက်ရင်...ငါတို့အချင်းချင်းစည်းစည်းရုံးရုံးနေပြီး တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီသင့်တယ်"
ကျီးချန်ယွီက စိတ်လှုပ်ရှားသွားသော်လည်း သူမက လုယွီအား တစ်ချက်ကြည့်လိုက်သည်။
ရှဲ့ရှောင်က ထပ်မံပြောဆိုလိုက်လေ၏။
"လုယွီရဲ့ကျင့်ကြံဆင့်က နိမ့်ပါးနေပေမယ့်...ညစာစားပွဲမှာက ငါတို့ သမင်ဖြူကျောင်းတော်ကလူတွေချည်းပဲလေ...သူလည်း လိုက်လာလို့ရတယ်"
ကျီးချန်ယွီက လုယွီကိုကြည့်ပြီး ပြောဆိုလိုက်တော့သည်။
"ရှင် သွားချင်လား...တစ်ကယ်လို့ ရှင်မသွားရင် ကျွန်မလည်းမသွားတော့ဘူး"
လုယွီက သက်ပြင်းတစ်ချက်သာ ရှိုက်မိပေ၏။
"ငါမှာလည်း အထွေအထူးကိစ္စမရှိဘူး...မင်းနဲ့အတူတူ တစ်ချက်သွားကြည့်မယ်လေ"
Chapter 417
ရှဲ့ရှောင်၏နှုတ်ခမ်းထောင့်များသည် လုယွီအား ပထင်အမြင်သေးပုံဖြင့် တွန့်ကွေးနေလေသည်။
"ငါ လာဖိတ်တဲ့သူက မင်းမဟုတ်ဘူး...မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းနိမ့်လွန်းတယ်...အချိန်ကျလာရင် ညစာစားပွဲမှာငြိမ်ငြိမ်နေပြီးနားထောင်နေ...စကားအများကြီးမပြောနဲ့"
လုယွီက တည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
"မင်းကိုယ်မင်းသာ ဂရုစိုက်စမ်းပါ"
"ဟမ့်...အလယ်ပိုင်းကုန်းမြေကိုရောက်တဲ့အခါကျရင် မင်းကိုကျောင်းအုပ်ကြီးက ဂရုစိုက်နိုင်အုံးမယ်လို့ ထင်နေတာလား...ဘယ်လောတ်ထိ မင်း ရိုင်းပျနိုင်မလဲ ငါကြည့်အုံးမယ်"
ရှဲ့ရှောင်က လုယွီသည် ကျောင်းအုပ်ကြီးနှင့် ဆွေမျိုးတော်စပ်၍သာ သမင်ဖြူကျောင်းတော်၌နေရာရနေသည်ဟုသာ အမြဲတစေတွေးထင်ထားခဲ့သည်။ လုဝမ်ရှင်းသာမရှိလျှင် လုယွီက အမှိုက်သာဖြစ်နေပေမည်။
သင်္ဘော၏ပထမထပ်ရှိ ခမ်းနားထည်ဝါသောခန်းမတစ်ခုအတွင်းတွင် ရယ်မောနေသံများဖြင့် ဆူညံနေလေ၏။ ဤနေရာ၌ စားသောတ်ပွဲကျင်းပနေခြင်းဖြစ်ပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှပါရမီရှင်များ ရောက်ရှိနေခဲ့သည်။
သို့ရာတွင် အကယ်၍တစ်စုံတစ်ယောက်က သူတို့အား စေ့စေ့စပ်စပ်ကြည့်ရှုပါက ထိုပါရမီရှင်များသည် နေရာခွဲခြား၍ထိုင်နေခြင်းကို တွေ့မြင်ရပေမည်။
ထိုက်ယွမ်ဂိုဏ်းမှလူများက တစ်ဘက်ခြမ်းတွင်စုထိုင်နေပြီး တစ်ခြားတစ်ဘက်ခြမ်းတွင်မူ သမင်ဖြူကျောင်းတော်မှလူများ ထိုင်နေလေ၏။
ခန်းမ၏အလယ်ဗဟိုရှိ အဓိကထိုင်ခုံတွင်မူ ကွန်ဖြူးရှပ်ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသောသခင်ကြီးလို့ ထိုင်နေလေသည်။
"ဒီစားသောတ်ပွဲက သခင်ကြီးဝေ့က တည်ခင်းဧည့်ခံခဲ့တာ....ဒီနေရာမှာရှိနေတဲ့လူအားလုံးက တောင်ပိုင်းစွန့်ပစ်ကုန်းမြေက ပါရမီရှင်လူငယ်တွေချည်းပဲ...တစ်စုံတစ်ယောက်က လွဲလို့ပေါ့"
ရှဲ့ရှောင်က လုယွီအားရည်ရွယ်၍ ပုတ်ခတ်ပြောဆိုလိုက်သည်။
လုယွီကတော့ ရှဲ့ရှောင်အား လျစ်လျှူရှုထားလေ၏။ ဤကဲ့သို့ပုတ်ခတ်စော်ကားမှုသည် ခလေးတစ်ယောက်၏လှည့်ကွက်ဖြင့်သာ တူညီပေသည်။
ကျီးချန်ယွီက အနည်းငယ်အံအားသင့်နေပုံဖြင့် ပြောဆိုလိုက်သည်။
"ကောလဟာလတွေအရတော့ အထီးကျန်နတ်ဘုရားလှေကို အသက်သုံးဆယ်အောက်လူငယ်တွေပဲ စီးလို့ရတယ်လို့ဆိုကြတယ်...မဟုတ်ရင် အလယ်ပိုင်းကုန်းမြေနဲ့တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ကြား နယ်နမိတ်နေရာကိုရောက်တာနဲ့ အသက်သုံးဆယ်တဲ့ကြီးတဲ့သူတွေက ချက်ချင်းအစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်...ဘယ်လို့လုပ်ပြီး အသက်ကြီးတဲ့သူတွေက ဒီနေရာမှာနေနိုင်တာလဲ
သခင်ကြီးဝေ့ကိုကြည့်လျှင် သူ၏မုတ်ဆိတ်မွှေးနှင့်ဆံပင်တစ်ချို့ပင် ဖြူနေပြီဖြစ်ပြီး သူ၏မျက်နှာသည်လည်း အသက်အရွယ်အိုမင်းမှုကိုဖော်ပြနေကာ လူလတ်ပိုင်းအရွယ်ကိုပင်ကျော်လွန်နေပြီဖြစ်ပေသည်။
လုယွီက သခင်ကြီးဝေ့ကို တစ်ချက်စူးစိုက်ကြည့်လိုက်ရာတွင် သူ၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။
"ရှေ့ဖြစ်ဟောပညာရှင်...ဒါက တကယ်ရှားပါးတဲ့အရာမျိုးပဲ"
လုယွီက တီးတိုးရေရွတ်မိလေ၏။
လုယွီတို့နှစ်ယောက်နေရာယူပြီးချိန်တွင် ရှဲ့ရှောင်က သခင်ကြီးဝေ့ကို အပြုံးဖြင့် နှုတ်ဆတ်စကားပြောဆိုလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော် လာတာနောက်ကျသွားတယ်...သခင်ကြီးဝေ့ ခွင့်လွှက်ပေးပါ"
ခန်းမအတွင်းရှိ လူငယ်များက ကျီးချန်ယွီ၏အလှကိုမြင်ချိန်တွင် သူတို့က အံ့အားသင့်နေကြသည်။ သို့ရာတွင် သူတို့က ပါရမီရှင်လူငယ်များဖြစ်ကြ၍ အမျိုးသမီးတစ်ယောက်၏အလှကြောင့် စိတ်တည်ငြိမ်မှုပျတ်ပြားသွားခြင်းမရှိကြချေ။
အချိန်တခဏအကြာတွင် စားပွဲထိုးများရောက်ရှိလာပြီး စားပွဲပေါ်တွင် အရသာရှိသောစားကောင်းသောတ်ဖွယ်များကို တင်ထားပေးခဲ့သည်။
ထိုဟင်းပွဲများသည် သာမာန်ဟင်းပွဲများနှင့် အလွန်ကွာခြားပေသည်။ ၎င်းဟင်းပွဲများမှ စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုအနည်းငယ်ကို ခံစားနိုင်လေ၏။
လူအုပ်ကြီးက အံ့အားသင့်ကုန်ကြ၏။ သူတို့က ဟင်းပွဲ၏ရနံကို အနည်းငယ်ရှုရှိုက်မိရုံဖြင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်ဝိညာဥ်စွမ်းအင်များ ပြည့်နှက်သွားခြင်းကို ခံစားမိကြသည်။
ရှဲ့ရှောင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒီဟင်းပွဲတွေက အကုန်အကျအရမ်းများမယ်ထင်တယ်"
သခင်ကြီးဝေ့က သူ၏ခေါင်းကိုခါယမ်းပြီး အပြုံးဖြင့် ပြောဆိုလိုက်၏။
"ဒါက စိတ်ဝိညာဥ်ကျောက်တုံး အနည်းငယ်ပဲကုန်ကျတာ...ငါတို့ လုမိသားစုအတွက်တော့ ဒီလေါတ်က ထည့်တွက်စရာပမာဏမဟုတ်ဘူး"
ဤနေရာရှိ လူတိုင်းနီးပါး ဆွံအသွားကြ၏။ ဤနေရာသည် သင်္ဘောအတွင်းမှ သာမာန်အကျဆုံးအခန်းဖြစ်သည်။ အခန်းခအတွက် တစ်ရက်လျှင် စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးသာလျှင် ကျသင့်ပေသည်။
သခင်ကြီးဝေ့က ချမ်းသာကြွယ်ဝသော်လည်း ဤနေရာမျိုး၌ အခန်းဌား၍နေထိုင်ခြင်းအတွက် လူတိုင်းက အံ့အားသင့်သွားကြခြင်းဖြစ်သည်။
"လုမိသားစုက အရမ်းကိုချမ်းသာကြွယ်ဝလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
ရှဲ့ရှောင်၏မျက်လုံးများသည် မနာလိုအားကျစိတ်များဖြင့် တောက်ပနေပေ၏။
သူက အလယ်ပိုင်းကုန်းမြေသို့ သွားရောက်ခဲ့သော်လည်း ကျောင်းတော်များအကြား စာပေစမ်းသပ်စစ်ဆေးပွဲအတွက်သာသွားခဲ့ခြင်းဖြစ်၍ မည်သည့်အင်အားကြီးသောမိသားစုနှင့်မျှ တွေ့ဆုံခဲ့ခြင်းမရှိပေ။
"လူတိုင်းပဲ...ဒီနေ့ ငါ မင်းတို့ကိုပြောစရာတစ်ခုရှိလို့ ဒီလိုမျိုးစားသောတ်ပွဲကို စီစဥ်လိုက်တာ"
သခင်ကြီးဝေ့က ရုတ်တရက် သူ၏ဝိုင်ခွက်ကိုမြှောက်ပြီးမှ ဆက်လက်ပြောဆိုလိုက်သည်။
"ငါက လုမိသားစုရဲ့ဧည့်သည်တစ်ယောက်ဖြစ်ပြီးတော့...လုမိသားစုခေါင်းဆောင်က ငါကိုယုံကြည်စိတ်ချစွာနဲ့ တာဝန်ပေးမှုအရ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုလာပြီး ပါရမီရှင်လူငယ်တွေကို လာရောက်ရှာဖွေခဲ့တာ...ငါက မင်းတို့အားလုံးကို ဂရုတစိုက်ရွေးချယ်ခဲ့တဲ့အပြင်...ဒါက ငါရဲ့ပထမဆုံးအကြိမ် တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုရောက်လာတာမို့လို့ မင်းတို့ပေါ်အမြင်ကောင်း ငါမှာရှိတယ်...တစ်ကယ်လို့ နောင်တချိန်မှာ မင်းတို့လိုအပ်တာရှိရင်....လုမိသားစုမှာ အချိန်မရွေး ငါကိုလာပြီးရှာနိုင်တယ်"
တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ အလယ်ပိုင်းကုန်းမြေသို့ လာရောက်ကြသော ပါရမီရှင်လူငယ်အများစုတွင် သူတို့၏ရည်မှန်းချက်ပန်းတိုင်များရှိကြပေ၏။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်း၏နောက်ကွယ်တွင် အလယ်ပိုင်းကုန်းမြေမှအင်အားစုများ အသီးသီးရှိနေကြသည်။
သခင်ကြီးဝေ့၏လှုပ်ရှားမှုသည် သူတစ်ပါး၏ပိုင်နက်မှလူအား မဲဆွယ်စည်းရုံးနေခြင်းဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
Chapter 418
သာမာန်အားဖြင့် စားသောတ်ပွဲသို့ တတ်ရောက်လာသော လူငယ်များသည် လိမ္မာယဥ်ကျေးသောအသွင်ကိုဆောင်ယူထားကြသည်။ လုယွီနှင့် စားပွဲတစ်ခုတည်းထိုင်နေသော လူငယ်အများစုသည် သခင်ကြီးဝေ့က ဖိတ်ကြားခဲ့သောပါရမီရှင်လူငယ်အများစု ပါဝင်နေသည်။
တစ်ချို့ပါရမီရှင်လူငယ်များကမူ ထိပ်သီးအင်မော်တယ်ဂိုဏ်းများမှ ရွေးချယ်ထားသူများဖြစ်သည်။ သူတို့က အလယ်ပိုင်းကုန်းမြေ၏ ဧည့်သူရဲကောင်းခန်းမသို့ တိုက်ရိုက်ဝင်ရောက်မည့်သူများဖြစ်ပေ၏။
"အကိုရှဲ့...မင်း လာတာအရမ်းနောတ်ကျတယ်"
တစ်ချို့လူများက ရှဲ့ရှောင်ရောက်ရှိလာခြင်းကိုမြင်ချိန်တွင် အပြေးအလွှားလာရောက်နှုတ်ဆတ်ကြသည်။
ရှဲ့ရှောင်က သူ၏လက်ကိုဝှေ့ယမ်းပြရင်းမှ ပြောဆိုလိုက်လေ၏။
"ငါက မိတ်ဆွေတစ်ယောက်ကို စောင့်နေတာနဲ့...နည်းနည်းနောက်ကျသွားတာ"
ကျီးချန်ယွီက ဝင်ထိုင်လိုက်စဥ်တွင် တစ်ခြားသူများ၏အမြင်အာရုံကို ဆွဲဆောင်သိမ်းပိုက်သွားနိုင်ခဲ့သည်။
"မိန်းကလေး...ကျွန်တော်က မင်းရဲ့နာမည်ကို သိခွင့်ရှိမလား"
တစ်စုံတစ်ယောက်က မေးမြန်းလိုက်လေ၏။
"ကျီးချန်ယွီ"
"မင်းက သမင်ဖြူကျောင်းတော်ကမလား...မင်းရဲ့နာမည်ဂုဏ်သတင်းနဲ့ လိုက်ပါပေတယ်...ငါတို့အချင်းချင်း စွမ်းအင်မြစ်မှာနှစ်ခြင်းမင်္ဂလာခံယူကြတုန်းက တွေ့ဆုံခဲ့ဖူးတာ မင်း မှတ်မိလား"
လူငယ်များက တစ်ယောက်ပြီးတစ်ယောက် ကျီးချန်ယွီထံလာ၍ သူတို့ကိုယ်သူတို့ မိတ်ဆတ်စကားပြောဆိုနေကြ၏။
ရှဲ့ရှောင်က ချောင်းအနည်းငယ်ဟန်လုပ်ပြီးဆိုးလိုက်သည်။
"လူတိုင်းပဲ...ငါရဲ့ဂျူနီယာညီမလေးက အရမ်းနူးညံလွန်းလို့ လေတိုးခံနိုင်တာမဟုတ်ဘူး...တစ်ကယ်လို့ တစ်ယောက်ယောက်က သူကိုပြောစရာရှိရင် ငါ့ကိုပြောတာပိုကောင်းလိမ့်မယ်"
လူတိုင်းက အချိန်တခဏကြာဆွံအသွားပြီးမှ ရယ်မောလိုက်ကြ၏။
"အကိုရှဲ့....ဒါဆို မင်းက ဒီမိန်းကလေးရဲ့စီနီယာအကိုကြီးပေါ့...ဟား ဟား ဟား...ကျွန်တော်တို့ ရိုင်းပျသွားမိတယ်"
"အကိုရှဲ့နဲ့ကျီး မိန်းကလေးတို့က ပါရမီရှိတဲ့အပြင်....နှစ်ယောက်လုံးက ရုပ်ရည်ချောမောကြတယ်...ကျွန်တော်တို့က ဒါကိုရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး...ဟား ဟား ဟား..."
လူငယ်ပါရမီရှင်များက ရယ်မောနေရင်းမှ ရည်ရွယ်သည်ဖြစ်စေ မတော်တဆဖြစ်စေ ရှဲ့ရှောင်နှင့်ကျီးချန်ယွီကို အတူယှဥ်တွဲ၍ပြောဆိုနေကြ၏။
ကျီးချန်ယွီသည် ဤကဲ့သို့အနေအထားမျိုးကို မည်သို့မျှသဘောကျနှစ်ခြိုက်ခြင်းမရှိသောကြောင့် စိတ်မကြည်မသာဖြစ်နေခဲ့သည်။
မူလက ဤစားသောတ်ပွဲတွင် သူမနှင့်စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ချို့ရရှိနိုင်မည်ဟုတွေးတောထားခဲ့သည်။ ကြည့်ရပုံမှာ ယခုလက်ရှိအနေအထားအရ သူမ၏ဆန္ဒပြည့်ဝရန်မဖြစ်နိုင်တော့ချေ။
"လုယွီ...ပြန်ကြရအောင်"
ကျီးချန်ယွီက လုယွီဘက်သို့လှည့်၍ တီးတိုးပြောဆိုလိုက်၏။
လုယွီကမူ မည်သို့မျှစိတ်ခံစားချက်မရှိချေ။ သူက ဤနေရာသို့ အညောင်းအညာပြေသဘောဖြင့် လမ်းလျှောက်ထွက်လာခဲ့ခြင်းသာဖြစ်သည်။
"ကောင်းပြီလေ...မင်း ပြန်ချင်နေလည်း ပြန်ကြတာပေါ့"
လုယွီက မတ်တတ်ထရပ်ပြီး ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။
လုယွီနှင့်ကျီးချန်ယွီတို့ တစ်ချိန်တည်းမတ်တတ်ထရပ်ကြသည်ကိုကြည့်ပြီး တစ်ခြားလူငယ်များ၏မျက်လုံးအကြည့်များက ရုတ်တရက်ပြောင်းလဲသွားကုန်၏။
ရှဲ့ရှောင်က စားပွဲကိုလက်ဝါးဖြင့်ရိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
"လုယွီ...မင်းက ကျောင်းအုပ်ကြီးလုရဲ့တူဖြစ်တာနဲ့ပဲ အမြဲတမ်းမင်းလုပ်ချင်တာလုပ်လို့ရမယ် ထင်မနေနဲ့...ကျီးချန်ယွီက သူနေချင်တဲ့နေရာနေတာ သူရဲ့လွတ်လပ်မှုလေ...မင်း ကြားဝင်စွက်ဖက်စရာမလိုဘူး"
ကျီးချန်ယွီက အလျှင်အမြန်ဝင်ရောက်ပြောဆိုလိုက်၏။
"စီနီယာအကိုကြီး...တစ်ကယ်က ကျွန်မ နေနည်းနည်းမကောင်းချင်သလိုဖြစ်နေလို့ ပြန်ချင်တယ်ပြောလိုက်တာ"
"ဂျူနီယာညီမလေး...တစ်ကယ်လို့ မင်း နေမကောင်းဘူးဆိုရင်လည်း ငါကိုပြောလို့ရတယ်လေ...ဘာဖြစ်ဖြစ် ငါရဲ့ကျင့်ကြံဆင့်နယ်ပယ်က သူထက်မြင့်တယ်...ငါ မင်းကို ကုသပေးနိုင်တယ်"
"သူရဲ့ဆွေမျိုးကိုအမှီပြုပြီး နေရာရနေတဲ့ဒီလိုကောင်မျိုးကတော့...သူရဲ့အဆင်အခြင်မဲ့မှုအတွက် အနှေးနဲ့အမြန်နောင်တရလိမ့်မယ်"
ရှဲ့ရှောင်က မောက်မာစွာဖြင့် ပြောဆိုလိုက်ပေ၏။
ကျီးချန်ယွီ၏မျက်လုံးများအတွင်းတွင် စိတ်ပျတ်မှုအရိပ်အယောင်များ တစတစထင်ဟပ်လာခဲ့သည်။
"စီနီယာအကိုကြီး....ကျွန်မက နည်းနည်းအိပ်ချင်သလိုဖြစ်နေတာပါ...ကျွန်မ အခန်းကိုပြန်ပြီး အနားယူတော့မယ်"
ကျီးချန်ယွီက နောက်သို့လှည့်၍ ထွက်ခွါရန်ဟန်ပြင်လိုက်တော့သည်။
ရှဲ့ရှောင်က ကျီးချန်ယွီ၏ရှေ့မှ ပိတ်ပင်တားဆီးထားပြီး စိုးရိမ်ပူပန်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ငါရဲ့ဂျူနီယာညီမလေးက နေလို့မကောင်းဘူးဆိုမှတော့...ဘာဖြစ်နေလဲဆိုတာ ငါကိုကြည့်ခွင့်ပြုပါ"
ကျီးချန်ယွီက စိတ်မရှည်တော့သဖြင့် အော်ဟစ်လိုက်လေ၏။
"မလိုအပ်ဘူး"
ကျီးချန်ယွီက သူ့အားငြင်းဆန်နေပြီး လုယွီနှင့်အတူထွက်ခွါသွားရန်ကြံရွယ်နေသည်ကိုကြည့်ကာ ရှဲ့ရှောင်၏အသံက ပို၍ကျယ်လောင်လာခဲ့သည်။
"မင်းက အဲ့ဒီအမှိုက်ကောင်ရဲ့နောက်ကိုလိုက်သွားချင်တာလား...အဲ့ဒီကောင်မှာ ဘာကောင်းတဲ့အချက်ရှိနေလို့လဲ"
ရှဲ့ရှောင်၏အသံက တစ်ခြားသူများ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ သူတို့အားလုံးသည် သမင်ဖြူကျောင်းတော်၏စွမ်းအင်မြစ်နှစ်ခြင်းမင်္ဂလာတွင် ပါဝင်ခဲ့ကြ၍ လုယွီအား သိရှိနေကြသည်။
"ဒါ ဟိုနေ့က ကျောင်းအုပ်ကြီးနဲ့ဆွေမျိုးတော်စပ်လို့ ကောင်းကင်အဆင့်နေရာကိုရသွားတဲ့ကောင်မလား...သူ ဒီနေရာမှာရောက်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
"ကောလဟာလတွေအရတော့ အဲ့ကောင်လေးက လုမိသားစုရဲ့မျိုးဆက်တစ်ယောက်ပဲ...ဟူး...ကျင့်ကြံဆင့်နယ်ပယ်နိမ့်ကျတဲ့ကောင်တစ်ကောင်က မိန်းမလှလေးရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တယ်"
"ဆင်းရဲတဲ့နတ်သမီးတစ်ယောက်က လူချမ်းသာတွေရဲ့ကစားစရာပဲလေ...ဟား ဟား ဟား"
လူငယ်များအားလုံးက လုယွီအား လှောင်ပြောင်သရော်ပြောဆိုနေကြ၏။
ရှဲ့ရှောင်က စိတ်ပိုင်းဖြတ်ထားပုံဖြင့် လုယွီအား ပြောဆိုလိုက်သည်။
"ငါ ဒီနေ့ ဒီနေရာမှာရှိနေမှတော့...မင်း ဂျူနီယာညီမလေးချန်ယွီကို ခေါ်သွားဖို့မစဥ်းစားနဲ့"
လုယွီက ရှဲ့ရှောင်အား စူးစူးဝါးဝါးတစ်ချက်ကြည့်လိုက်၏။
"ကျီးချန်ယွီ သူဟာသူဘာလုပ်ချင်လုပ်ချင် မင်းကိစ္စပါလို့လား"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့်သာ ပြောဆိုလိုက်သည်။
Chapter 419
လုယွီ၏သာမာန်ကာလျှံကာပြောဆိုလိုက်မှုသည် ရှဲ့ရှောင်အား ဒေါသတကြီးဖြစ်သွားစေခဲ့၏။
"ငါနဲ့မဆိုင်ဘူး ဟုတ်လား...ငါက သမင်ဖြူကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်လေ...အခု ငါက သမင်ဖြူကျောင်းတော်ကနေထွက်ခွါခဲ့ပေမယ့် ငါရဲ့စီစဥ်ပေးမှုကို မင်း နာခံသင့်တယ်"
လုယွီက ရှဲ့ရှောင်အား သရော်တော်တော်အမူအယာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
"မင်းက အရေးကြီးဆုံးအရာကိုကျော်သွားတယ်လို့ ငါထင်တယ်...ဘာလို့လဲဆိုတော့ ငါက သမင်ဖြူကျောင်းတော်ရဲ့တပည့်တစ်ယောက် မဟုတ်ဘူးလေ"
ထိပ်တန်းအင်မော်တယ်ဂိုဏ်းများ၏စည်းမျဥ်းများအရ ဂိုဏ်းအသီးသီးမှတပည့်များသည် သူတို့၏သက်ဆိုင်ရာတပည့်ခေါင်းဆောင်များမှ ပေးအပ်သောအမိန့်ကိုနာခံကြရသည်။
သို့ရာတွင် လုယွီက နည်းပြတစ်ယောက်ဖြစ်ပေ၏။
ရှဲ့ရှောင်က ထိုအချက်ကို ထည့်သွင်းမတွေးတောမိသည့်အတွက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။ သူက အံကြိတ်ပြီး ပြောဆိုလိုက်၏။
"ဘာလဲ...မင်းက တစ်ခြားသူတွေကို အနိုင်ကျင့်လို့ရတယ်...မင်းကိုကျ သူများတွေက အကြံဥာဏ်ပေးလို့တောင်မရဘူးလား"
အနိုင်ကျင့်သည်ဟု ဆိုလိုက်သလော....
လုယွီက မည်သည့်အချိန်ကမျှ လုဝမ်ရှင်းနှင့်ဆွေမျိူးတော်စပ်သည်ဟုဆိုကာ အခွင့်အရေးယူခြင်းမရှိခဲ့ချေ။
လုယွီက အေးဆေးတည်ငြိမ်စွာဖြင့်သာ ပြန်လည်ပြောဆိုလိုက်သည်။
"တစ်ကယ်လို့ မင်းက ငါနဲ့အရမ်းတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ကြရအောင်...ဒီနေရာမှာလာပြီး ခွေးတစ်ကောင်လိုဟောင်မနေနဲ့"
"ငါနဲ့တိုက်ခိုက်မှာ..မင်းကလေ...ဟား ဟား ဟား...မင်းလို အရေးမပါတဲ့ကောင်ကများ"
ရှဲ့ရှောင်က အလွန်ရယ်မောဖွယ်ဟာသပြက်လုံးတစ်ခုကိုကြားလိုက်ရသကဲ့သို့ သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ အူလှိုက်သည်းလှိုက်ရယ်မောနေလေ၏။ သူက အဝိုင်းသေးနယ်ပယ်အထွက်အထိပ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ လုယွီကမူ အော်ရာတစိုးတစိမျှပင် ထုတ်လွှက်နိုင်ခြင်းမရှိသော လူဖျင်းလူညံတစ်ယောက်သာဖြစ်ပေ၏။
ဖြစ်နိုင်သည်က လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် လုံချီနယ်ပယ်နှင့်အမြူတေဖွဲ့စည်းခြင်းနယ်ပယ် တစ်ခုမဟုတ်တစ်ခုသာဖြစ်ပေမည်။
ရှဲ့ရှောင်က ထပ်မံ၍ ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။
"မင်းက ကျောင်းအုပ်ကြီးလုရဲ့တူဖြစ်နေတာနဲ့ပဲ...ငါ မင်းကို မတိုက်ခိုက်ရဲဘူးလို့ မင်း ထင်နေတာလား...ငါ မင်းကိုပြောပြမယ်..မင်းရဲ့နောက်မှာ လုမိသားစုရှိတာ ငါသိတယ်....ဒါပေမယ့် မင်းရဲ့မျိုးဆက်က ခုလိုမောက်မာနေဖို့ရော အဆင့်မှီလို့လား"
"မင်းကိုယ်မင်း တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာလို မောက်မာပြီးမနေရင်ကောင်းမယ်...ကျောင်းအုပ်ကြီးလုကလည်း မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး....လုမိသားစုကို မင်း ရောက်သွားတဲ့အချိန်ကျမှ နာကျင်မှုဆိုတာဘာလဲ မင်းသိရလိမ့်မယ်"
"မင်းတို့လုမိသားစုမှာ ဘိုးဘေးအနည်းငယ်ပဲကျန်ရှိတော့တာ...ပြီးတော့ သူတို့ဟာသူတို့တောင် အသက်ရှင်သန်နိုင်အောင်ရုန်းကန်နေကြတယ်...ဘာမှအသုံးမဝင်တော့ဘူး...အဆုံးသတ်ကြရင် လုမိသားစုက တစ်ခြားမိသားစုတွေရဲ့ဝါးမြိုတာကို ခံရတော့မှာ...ငါက တစ်ခြားထိပ်သီးမိသားစုတစ်စုကိုဆတ်သွယ်ဖို့ နည်းလမ်းရှာတွေ့ထားပြီးပြီ.....အဲ့ဒီအချိန်ကျမှ မင်း ငါကိုဒူးထောက်ပြီး လာမတောင်းပန်နဲ့"
ရှဲ့ရှောင်က မောက်မာသောလေသံဖြင့် အဆက်မပြက်ပြောဆိုနေခဲ့သည်။
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေသည်။ သူ၏စိတ်ရှည်သည်းခံနိုင်မှုက အကန့်အသတ်ရှိပေ၏။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အားအဆက်မပြက်ရန်စစော်ကားနေပါက ထိုသူကိုသတ်ဖြတ်ပစ်ရန် သူ ဝန်လေးနေမည်မဟုတ်ပေ။
လုယွီနှင့်ရှဲ့ရှောင်တို့နှစ်ယောက်ကြားရှိ တင်းမာနေသောအနေအထားကို သတိပြုမိသွားသော သခင်ကြီးဝေ့က ရှေ့သို့တိုးထွက်လာခဲ့၏။
"မင်းတို့နှစ်ယောက်လုံး...ဒါက ငါတည်ခင်းဧည့်ခံတဲ့ စားသောတ်ပွဲလေ...ငါကိုမျက်နှာသာပေးတဲ့အနေနဲ့ မင်းတို့ထပ်ပြီး အငြင်းမပွါးကြဖို့ ငါ မျှော်လင့်တယ်"
သခင်ကြီးဝေ့က ဝင်ရောက်ပြောဆိုလိုက်သည်။
"ဟမျ့"
ရှဲ့ရှောင်က သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်လေ၏။
"သခင်ကြီးဝေ့ရဲ့မျက်နှာကိုထောက်ပြီး ငါ ဒီကိစ္စကိုထပ်မပြောတော့ဘူး...ဒါပေမယ့် ငါမင်းကိုပြောလိုက်မယ်...မင်းနဲ့ငါနဲ့ကိစ္စမပြီးသေးဘူး"
သခင်ကြီးဝေ့က လုယွီကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"သခင်လေး...သူတို့က နောင်တစ်ချိန်မှာ လုမိသားစုကို ဝင်ရောက်လာနိုင်တယ်...ပြီးတော့သူတို့က လုမိသားစုရဲ့အနာဂတ်ပါရမီရှင်တွေ ဖြစ်လာနိုင်တယ်....ကျွန်တော်တို့က သူတို့ကို လုမိသားစုကိုဆွဲခေါ်နိုင်ဖို့ အကောင်းဆုံးကြိုးစားသင့်တယ်...သူတို့နဲ့အငြင်းမပွါးသင့်ဘူး"
"သူတို့ကိုဆွဲဆောင် ခေါ်ယူရမှာလား"
လုယွီက မျက်မှောင်ကြုတ်လိုက်လေ၏။
"လုမိသားစုရဲ့အခြေအနေက ဒီလေါက်ထိနိမ့်ကျသွားပြီလား"
သခင်ကြီးဝေ့က လုယွီမည်သည့်အရာတွေးတောနေခြင်းကိုသိရှိနေပုံဖြင့် ကူရာကယ်ရာမဲ့စွာခေါင်းခါယမ်းနေသည်။
"သခင်လေး...သူတို့နဲ့ဒေါသတကြီး မတိုက်ခိုက်ပါနဲ့...ကျွန်တော်တို့ရဲ့ လုမိသားစုမျိုးဆက်ထဲမှာ ပါရမီရှင်လူငယ်တွေ အများကြီးမရှိတော့ဘူး"
သခင်ကြီးဝေ့က သက်ပြင်းတစ်ချက်ရှိုက်ပြီး နေနေလေ၏။
လုမိသားစုမှ လုခိုင်ရှမ်ထွက်ခွါသွားပြီးနောက် လုဝမ်ရှင်းကလည်း တောင်ပိုင်းစွန့်ပစ်ကုန်းမြေသို့ ထွက်ခွါသွားခဲ့သည်။ လုယွီအား အလယ်ပိုင်းကုန်းမြေသို့ ခေါ်ဆောင်လာရခြင်းမှာ သွေးမျိုးဆက်ဖြတ်တောက်၍မရခြင်းကြောင့် မျိုးဆက်အမွေကိုဆက်ခံနိုင်ရန်ပင်။
လုမိသားစုက လုယွီကို တိုက်ရိုက်မျိုးဆက်အဖြစ် လက်ခံရန်ကိုမူ သခင်ကြီးဝေ့က မျှော်လင့်မထားချေ။
ထိုအချိန်မှာပင် လုယွီ၏အကြည့်က ရုတ်တရက် နေရာတစ်ခုသို့ စူးစိုက်သွားခဲ့၏။
"ဒီသင်္ဘောပေါ်မှာ တာအိုဒုတိယဆင့်ကို ရောက်နေတဲ့သူပါလား"
လုယွီက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
သခင်ကြီးဝေ့က အနည်းငယ်ကြက်သေသေသွားလေ၏။
"သခင်လေး...ဒီနေရာမှာရှိတဲ့လူတွေရဲ့ အမြင့်ဆုံးကျင့်ကြံမှုအဆင့်က အဝိုင်းကြီးနယ်ပယ်လေ...ဘယ်လိုလုပ်ပြီး တာအိုဒုတိယဆင့်ကျင့်ကြံသူရှိမှာလဲ"
လုယွီက သင်္ဘောအဆောက်အအုံ၏ပြင်ပကို လက်ညှိုးညွှန်ပြလိုက်သည်။
"ဟုတ်ပြီလေ...ဒါဆို အဲ့ဒီ ကုန်းပတ်ပေါ်က တာအိုဒုတိယဆင့်ကျင့်ကြံသူက ဘယ်နေရာကရောက်လာတာလဲ"
Chapter 420
သခင်ကြီးဝေ့က အစပထမ၌ ကြက်သေသေနေသော်လည်း အချိန်တခဏအကြာတွင်မူ သူ၏လက်ချောင်းများဖြင့် တွက်ချက်နေလေ၏။
"မကောင်းတော့ဘူး"
သခင်ကြီးဝေ့၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားပြီး သူက လူတိုင်းအား အဆောက်အအုံပြင်ပသို့ ထွက်ခွါရန်အော်ဟစ်လိုက်လေ၏။
သို့သော် သူ၏အသံအား လူတိုင်းမကြားမိခင်အချိန်မှာပင် အဆောက်အအုံတစ်ခုလုံး အပြင်းအထန်တုန်ခါစပြုလာခဲ့သည်။
ဘုန်း....
သင်္ဘောအဆောက်အအုံ၏နံရံများသည် ကြီးမားသောအားတစ်ရပ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် အပေါတ်ကြီးများဖြစ်ပေါ်သွားလေ၏။
နံရံနှင့်နီးကပ်စွာရှိနေသော လူများသည် ပြင်းထန်သောလေလှိုင်း၏ရိုက်ခတ်မှုကြောင့် အထိန်းအချုပ်လွတ်ကင်းသွားသဖြင့် ကြမ်းပြင်ပေါ်သို့ အပြင်းအထန်လွင့်စင်သွားကြသည်။
နေရာပေါင်းစုံ၌ ပျံနှံ့နေသော ဖုန်မှုန့်များကြားမှ ခါးကုန်းအဖိုးအိုတစ်ယောက်က ထွက်ပေါ်လာလေ၏။ ထိုခါးကုန်းအဖိုးအိုသည် လျှော်တေဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏လက်အတွင်း၌ငါးမျှားတံတစ်ချောင်းကိုကိုင်ဆောင်ထားခဲ့သည်။
"ကျွတ်....ကျွတ်...မင်းတို့က အချိန်မှားပြီးရောက်လာကြတာကိုး...ငါရဲ့ခလေးလေးက အရမ်းဆာလောင်နေတယ်...ဒါကြောင့် သူ အဆာပြေအောင် မင်းတို့ကို ငါအသုံးပြုရလိမ့်မယ်"
ခါးကုန်းအဖိုးအို၏လက်အတွင်းမှ ငါးမျှားတံ တုန်ခါသွားပြီးနောက် မမြင်နိုင်သောချည်ကြိုးတစ်ချောင်းက လူငယ်တစ်ယောက်၏လည်ပင်း၌ ရစ်ပတ်နေလေ၏။
လူငယ်က အစပိုင်း၌ ကြက်သေသေနေသော်လည်း အချိန်တခဏအကြာတွင် သူ၏လည်ပင်းကိုဆုပ်ကိုင်ထားပြီးနောက် သူ၏မျက်နှာနီမြန်းလာပေသည်။
"သူကို ဆွဲထုတ်ကြ"
လူငယ်၏နံဘေးပတ်လည်ရှိလူများက သူအား နောက်သို့ဆွဲထုတ်လိုက်ကြသည်။
"ခုခံမနေနဲ့...မင်းတို့က ငါ ပင်လယ်နတ်ဆိုးတံငါသည်နဲ့တွေ့မှတော့...ငါ့ခလေးလေးရဲ့ငါးစာဖြစ်သွားပြီ"
ခါးကုန်းအဖိုးအို၏လက်က အနည်းငယ်တုန်ခါသွားပြီးနောက် ချည်မျှင်က လူငယ်အား သင်္ဘောအဆောက်အအုံ၏မှောင်မိုက်သောနေရာသို့ ဆွဲခေါ်သွားခဲ့သည်။
"ငါကို မသတ်ပါနဲ့...အား...အား...အား"
အချိန်တခဏအကြာမှာပင် အမှောင်ထုအတွင်းမှ လူငယ်၏စူးရှနာကျင်စွာဖြင့်အော်ဟစ်နေသံကြီးထွက်ပေါ်လာခဲ့သည်။ ထိုအော်သံသည် အချိန်ကြာညောင်းခြင်းမရှိဘဲ ချက်ချင်းပင် ရပ်တန့်သွားလေ၏။
ခန်းမအတွင်းရှိလူတိုင်းသည် နေရာ၌ပင် ကြက်သေသေနေကြပြီး ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြသည်။
သခင်ကြီးဝေ့က 'ပင်လယ်နတ်ဆိုးတံငါသည်'ဟူသောအမည်နာမကိုကြားချိန်တွင် သူ၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ဖြူရော်သွားလေ၏။
"စီနီယာ...ဒီအထီးကျန်နတ်ဘုရားလှေက အလယ်ပိုင်းကုန်းမြေကိုသွားမလို့ပါ...ကောင်းကင်ဘုံရဲ့တာအိုစည်းမျဥ်းတွေအရ စီနီယာက ကျွန်တော်တို့ကို မတိုက်ခိုက်သင့်ဘူး"
သခင်ကြီးဝေ့က ရဲဝံ့စွာဖြင့် ရှေ့သို့တိုးကာပြောဆိုလိုက်သည်။
"အထီးကျန်နတ်ဘုရားလှေ ဟုတ်လား...ဘာ သောက် ကောင်းကင်ဘုံတာအိုစည်းမျဥ်းလဲ...ငါ အဲဒါတွေကိုဂရုစိုက်မယ်လို့ မင်း ထင်နေလား"
ခါးကုန်းအဖိုးအိုက ပြက်ရယ်ပြုနေလေ၏။
သခင်ကြီးဝေ့က အံတင်းတင်းကြိတ်ပြီး ထပ်မံပြောဆိုလိုက်သည်။
"ကျွန်တော်က လုမိသားစုရဲ့ဧည့်သည်တစ်ယောက်ပါ...လုမိသားစုရဲ့ဘိုးဘေးမျက်နှာကိုထောက်ပြီး ကျွန်တော်တို့ကို သွားခွင့်ပြုပါ"
"မင်းက အဖိုးကြီးလုရဲ့ခွေးလား"
ခါးကုန်းအဖိုးအိုက ရယ်မောလိုက်ပြန်၏။ သူ မည်သည့်အရာတွေးတောနေခြင်းကို မည်သူမျှမသိနိုင်ချေ။
သခင်ကြီးဝေ့၏လက်အတွင်း၌ သံလိုက်အိမ်မြှောင်တစ်ခုထွက်ပေါ်လာခဲ့၏။ ထိုအရာသည် ငြိမ်သက်နေရာမှ ရုတ်တရက် အကြိမ်အနည်းငယ်တုန်ခါသွားခဲ့သည်။ သခင်ကြီးဝေ့သည် ထိတ်လန့်တုန်လှုပ်နေရာမှ ချက်ချင်းအသံကုန်အော်ဟစ်လိုက်လေ၏။
"ပြေးကြ"
သူ၏စကားသံထွက်ပေါ်လာလာချင်းမှာပင် ပါးလွှာသောချည်မျှင်များက လူအုပ်ကြီးထံသို့ ပျံဝဲဝင်ရောက်လာခဲ့သည်။
ထိုချည်မျှင်များသည် ကောင်းကင်ယံမှပြန့်ကြဲကျလာသော ပန်းပွင့်များနှင့်တူညီပြီး အလွန်လှပသောမြင်ကွင်းကိုဖြစ်ပေါ်စေ၏။ ဤနေရာပတ်ဝန်းကျင်ရှိ နေရာတိုင်းကို ထိုချည်မျှင်များက ဖုံးလွှမ်းသွားခဲ့သည်။
"ရှောင်ကြဟေ့"
"ခွေးမသား...ဒီ နေရာက ထွက်သွားစမ်း"
ချည်မျှင်များတိုးဝင်လာသည်ကို မြင်သောလူငယ်များက ချက်ချင်းပင် သူတို့၏ကျန်းချီများကို ထုတ်လွှက်၍ ပိတ်ဆို့ကာကွယ်လိုက်ကြသည်။
သို့ရာတွင် သူတို့၏ကျင့်ကြံမှုနယ်ပယ်မြင့်မားမှုကြောင့် စိတ်ကြီးဝင်နေကြသော လူငယ်ပါရမီရှင်များသည် ဤပါးလွှာသောချည်မျှင်များ၏ရှေ့အရောက်တွင်မူ ကာကွယ်ခုခံနိုင်စွမ်းကင်းမဲ့သွားလေသည်။
ခရက်...ခရက်...
အက်ကွဲသံများထွက်ပေါ်လာပြီးနောက် လူငယ်ပါရမီရှင်များ၏ ကျန်းချီအကွာအကွယ်များ ချက်ချင်းပင် ပေါတ်ကွဲပြိုပျက်သွားပြီး ချည်မျှင်များက လူငယ်များ၏လည်ပင်းများအား ရစ်ပတ်သွားခဲ့သည်။
အချိန်တခဏအတွင်းမှာပင် ချည်မျှင်ရစ်ပတ်ခံရသော လူငယ်များထံမှ မည်သည့်အသံမျှထွက်မလာတော့ချေ။
ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား သွေးညှီနံများက ဖုံးလွှမ်းသွားပေ၏။
"သွား"
သခင်ကြီးဝေ့က ရုတ်တရက် ခြေဆောင့်လိုက်ရာတွင် သူနှင့်အနီးအနားရှိစားပွဲတစ်လုံးကလွင့်ထွက်သွားပြီး ချည်မျှင်များအားဖောက်ထွင်းသွားခဲ့သည်။
သခင်ကြီးဝေ့က ဤအခြေအနေကိုအခွင့်ကောင်းယူ၍ ခါးကုန်းအဖိုးအိုထံသို့ တိုးဝင်သွားလေသည်။
"အို...ငါက ရှေ့ဖြစ်ဟောပညာရှင်တစ်ယောက်နဲ့တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"
အဖိုးအိုက အတန်ငယ်စိတ်ဝင်စားနေပုံဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။
"စီနီယာ...နည်းနည်းလောတ်စဥ်းစားပါအုံး...တစ်ကယ်လို့ စီနီယာက လုမိသားစုကို အပြစ်ကျူးလွန်မယ်ဆိုရင်...စီနီယာက နတ်ဆိုးပင်လယ်မှာပဲရှိနေရင်တောင် လုမိသားစုက လိုက်လံဖမ်းဆီးသတ်ဖြတ်နိုင်တယ်"
သခင်ကြီးဝေ့က လေးနက်သောလေသံဖြင့် ဖြောင်းဖျပြောဆိုလိုက်သည်။
"မင်းက ဒီအဖိုးကြီးကို သုံးနှစ်သားကလေးလို့ ထင်နေတာလား"
ခါးကုန်းအဖိုးအိုက အထင်အမြင်သေးပုံဖြင့် နှာခေါင်းရှုံလိုက်လေ၏။
"အဖိုးကြီးလုက မင်းအတွက်နဲ့ ဒီနေရာထိလာပြီး ငါကိုသတ်မှာတဲ့လား...ဘယ်လို ပြက်လုံးမျိုးလဲ"
သခင်ကြီးဝေ့က ချည်မျှင်များကို ရှောင်ရှားရင်းမှ ထပ်မံပြောဆိုလိုက်သည်။
"တစ်ကယ်လို့ ကျွန်တော်သေသွားရင်တောင်..ဘိုးဘေးလုက လှုပ်ရှားမှုမလုပ်လောတ်ဘူးဆိုတာ အမှန်ပဲ...ဒါပေမယ့် ဒီသင်္ဘောပေါ်မှာ ဘိုးဘေးရဲ့တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်ပါလာတယ်....အဲ့ဒီကိစ္စကိုရော စီနီယာဘယ်လိုစဥ်းစားထားလဲ"