အခန်း (၄၂၁-၄၂၅)
Vol. 21-25 Ch. 421-425
Chapter 421
"အဖိုးကြီးလုရဲ့တိုက်ရိုက်မျိုးဆက်က တောင်ပိုင်းစွန့်ပစ်ကုန်းမြေလို စွန့်ပစ်နယ်မြေမျိုးမှာ နေပါ့မလား...မင်း ငါ့ကိုလှည့်စားချင်နေတာလား"
ခါးကုန်းအဖိုးအို၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် လျော့ပါးသွားခြင်းမရှိသော်လည်း သူ၏လက်အတွင်းရှိငါးမျှားတံကိုမူ အောက်သို့တွဲလောင်းချလိုက်လေသည်။
သခင်ကြီးဝေ့က သရော်လိုဟန်ဖြင့် ထပ်မံပြောဆိုလိုက်၏။
"စီနီယာမယုံဘူးဆိုရင်လည်း ကြိုးစားကြည့်နိုင်တယ်....ကျွန်တော်တို့ရဲ့ဘိုးဘေးမှာ တိုက်ရိုက်သွေးမျိုးဆက်အများကြီးမရှိဘူး...တစ်ကယ်လို့ စီနီယာက ကျွန်တော်တို့သခင်လေးရဲ့ဆံပင်မွှေးတစ်ချောင်းကို ကျွတ်အောင်လုပ်လိုက်တာနဲ့ ဒီနတ်ဆိုးပင်လယ်ကိုကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်ရပါစေ ဘိုးဘေး လုက စီနီယာကိုလာသတ်မှာသေချာတယ်"
ခါးကုန်းအဖိုးအို၏မျက်လုံးများအတွင်း၌ ဝေခွဲမရသောအရိပ်အယောင်များ လှုပ်ခတ်သွားခဲ့သည်။ သို့သော် အချိန်တခဏအကြာမှာပင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်ထွက်လာလေ၏။
"ထားလိုက်တော့...ငါ အရမ်းစိတ်ရှုပ်ခံစရာ မလိုဘူးထင်တယ်....ငါ မင်းတို့အားလုံးကိုသတ်ပစ်မယ်...တစ်ကယ်လို့ အဖိုးကြီးလုရောက်လာရင်တောင်မှ သူ့မျိုးဆက်ကိုငါသတ်ပစ်တယ်ဆိုတာ သက်သေမရှိတော့ဘူး"
ခါးကုန်းအဖိုးအို၏မျက်လုံးများအတွင်း၌ ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသော ချည်မျှင်များက သင်္ဘော၏ဘက်ပေါင်းစုံသို့ ပျံနှံ့သွားလေ၏။
ဤနေရာ၌ ရှိနေသောသူများသည် အရူးများမဟုတ်ကြချေ။ ထိုချည်မျှင်များကို မြင်သည်နှင့် သူတို့က အလောသုံးဆယ် ထွက်ပြေးကြသည်။ သို့သော် သူတို့ကခန်းမအတွင်းမှထွက်ခွါပြီးသည်နှင့် စူးရှသောအော်သံများထွက်ပေါ်လာလေ၏။
ခန်းမ၏အပြင်ဘက်တွင် မည်သည့်အချိန်ကရောက်ရှိနေမှန်းမသိသော ကြမ်းကြုတ်ရက်စက်သည့်ငါးနတ်ဆိုးအုပ်စု ရှိနေခဲ့သည်။
"ဘယ်လိုလုပ်ပြီး သူတို့ကရောက်လာတာလဲ"
"အပေါ်ထပ်ကိုပြေးကြ...သူတို့ကိုတတ်မလာစေနဲ့"
တစ်ချို့လူငယ်ကျင့်ကြံသူများကမူ အတူတကွစုရုံးကာ သူတို့၏ကျန်းချီများဖြင့် လမ်းဖွင့်နိုင်ရန် ကြိုးပမ်းနေကြသည်။
သို့ရာတွင် ငါးနတ်ဆိုးများက လူများကိုမြင်တွေ့သည်နှင့် ဝံပုလွေများကဲ့သို့ တရကြမ်းတိုးဝင်လာပြီး ခုန်အုပ်ကြပေ၏။
လူငယ်ကျင့်ကြံသူအများအပြားသည် ငါးနတ်ဆိုးအုပ်စုအတွင်းသို့ တိုးဝင်သွားကြသော်လည်း ချက်ချင်းပင် သူတို့၏အရိုးအစအနပင်မကျန်ရှိတော့ချေ။
ထိုအချိန်မှာပင် လက်မောင်းပြတ်တစ်ခုသည် ခန်းမအတွင်းသို့ လွင့်စင်ကျရောက်လာချိန်တွင်မူ ခန်းမအတွင်းရှိလူငယ်ကျင့်ကြံသူများသည် ထိတ်လန့်တကြားဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြ၏။
"ခင်ဗျား...အရမ်းလွန်မလာနဲ့"
သခင်ကြီးဝေ့က ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် သူ၏လက်အတွင်းရှိသံလိုက်အိမ်မြှောင်သည်လည်ပတ်လာခဲ့သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သောအင်အားတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ဝေ့ဝိုက်တိုက်ခတ်လာပြီး ချည်မျှင်များနှင့်ငါးနတ်ဆိုးများ၏လှုပ်ရှားမှုများ နှေးကွေးသွားပေ၏။
သို့သော် ခါးကုန်းအဖိုးအို၏အရှိန်ကမူ အနည်ူငယ်မျှပင် နှေးကွေးသွားခြင်းမရှိပေ။
"မင်းလိုကောင်စုတ်လေးမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုတော့ရှိသားပဲ"
ခါးကုန်းအဖိုးအိုက ရယ်မောရင်းနှင့် သူ၏ငါးမျှားချိတ်ကို သခင်ကြီးဝေ့ထံသို့ ပစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အစောပိုင်းက နှေးကွေးနေကြသောချည်မျှင်လှိုင်းများအားလုံး သခင်ကြီးဝေ့ထံသို့ ပျံဝဲဝင်ရောက်လာကြ၏။
သခင်ကြီးဝေ့၏လက်အတွင်းရှိ သံလိုက်အိမ်မြှောင်သည် ဒရစပ်လည်ပတ်နေပြီး ချည်မျှင်လှိုင်းများ၏တိုက်ခိုက်မှုများကို ပိတ်ဆို့တားဆီးနေလေသည်။
ထိုအချိန်အတောအတွင်း၌ တစ်ခြားလူငယ်ကျင့်ကြံသူများ လွတ်မြောက်နိုင်ရန်အခွင့်အရေး ရရှိသွားခဲ့သည်။
"သွားကြမယ်"
ခန်းမအတွင်းရှိ လူငယ်ကျင့်ကြံသူများသည် တုန့်ဆိုင်းနေခြင်းမရှိဘဲ သင်္ဘောအဆောက်အအုံ၏ထိပ်ဆုံးထပ်ထံသို့ တရကြမ်းပြေးလွှားတတ်နေကြတော့သည်။
"ဂျူနီယာညီမလေး ချန်ယွီ...ငါ မင်းကိုကာကွယ်ပေးမယ်"
ရှဲ့ရှောင်က ကျီးချန်ယွီထံသို့ရောက်ရှိလာပြီး ပြောဆိုလိုက်၏။
ကျီးချန်ယွီက မျက်မှောင်ကြုတ်နေပြီး သူမက လုယွီအား စိုးရိမ်တကြီးဖြင့် အော်ခေါ်လိုက်သည်။
"လုယွီ...ဒီနေရာကိုမြန်မြန်လာခဲ့"
လုယွီကမူ ကုလားထိုင်ပေါ်တွင်ထိုင်နေဆဲဖြစ်ပြီး အိပ်မောကျနေသကဲ့သို့ ကျင့်ကြံနေလေ၏။
"ဂျူနီယာညီမလေး...သူကို အာရုံစိုကိမနေနဲ့...အဲ့ဒီကောင်က အရမ်းအားနည်းလွန်းတော့ ကြောက်ရွံစိတ်ကြီးပြီး သူ့ခြေထောက်တွေအားပျော့ကုန်လို့ မထနိုင်တော့တာဘဲဖြစ်မယ်"
ရှဲ့ရှောင်က လုယွီအား လှောင်ပြောင်လိုက်၏။
ထိုအချိန်တွင် အစောပိုင်းကတုန့်နှေးနေကြသော ငါးနတ်ဆိုးများက တရွေ့ရွေ့ဖြင့် လှုပ်ရှားလာကြသည်။
သခင်ကြီးဝေ့၏မျက်ခုံးများ မြင့်တက်သွားပြီး အော်ဟစ်လိုက်သည်။
"သွားကြတော့"
ကျီးချန်ယွီ၏မျက်လုံးများအတွင်း၌ စိတ်မရှည်တော့သောအရိပ်အယောင်များ ထင်ဟပ်လာလေ၏။ ထိုအချိန်မှာပင် ငါးနတ်ဆိုးတစ်ကောင်က သူမအနီးသို့ ရောက်ရှိလာခဲ့သည်။
"ဝူး......"
ငါးနတ်ဆိုးက နားကွဲလုမတတ်အော်ဟစ်ပြီး ကျီးချန်ယွီအားကိုက်ရန် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်၏။
ကျီးချန်ယွီ၏မျက်နှာ ဖြူရော်သွားပြီး ငါးနတ်ဆိုးအား သူမ၏ကျန်းချီလှိုင်းများဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။ နောက်ဆုံး၌ ကျီးချန်ယွီကလည်း ရှဲ့ရှောင်တို့ရှိရာ အပေါ်ထပ်သို့ ပြေးလိုက်သွားတော့သည်။
လူငယ်ကျင့်ကြံသူများ ထွက်ခွါသွားခြင်းကိုကြည့်ပြီး သခင်ကြီးဝေ့က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်လေ၏။
"မင်းက သူတို့ကိုအပေါ်တတ်ပြေးခိုင်းတော့ရော ဘာဖြစ်လာမှာမို့လဲ...ငါ သူတို့ကိုသတ်မှာပဲလေ"
ခါးကုန်းအဖိုးအိုက လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်သည်။
သခင်ကြီးဝေ့၏မျက်လုံးများက တောက်ပနေပေ၏။
"ခင်ဗျားက အခုလုပ်နိုင်တုန်းလုပ်ထားအုံးပေါ့....ခင်ဗျား နတ်ဆိုးပင်လယ်ကနေ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုထွက်လာတဲ့အခါကျမှ မိုးကောင်းကင်တာအိုက ခင်ဗျားကိုအမှုန့်ချေပစ်လိမ့်မယ်"
ခါးကုန်းအဖိုးအိုက ဟားတိုက်ရယ်မောလိုက်သည်။
"ဟား ဟား ဟား...ဒါက မင်းရဲ့နောက်ဆုံးမှာကြားခဲ့တဲ့ စကားလား"
သခင်ကြီးဝေ့က ခွန်းတုံပြန်ပြောဆိုလိုက်၏။
"ခင်ဗျားက အကျိုးအမြတ်မရှိဘဲ ကျုပ်တို့ကိုလာနှောက်ယှက်မှာမဟုတ်ဘူး...ခင်ဗျားရဲ့နတ်ဆိုးသားရဲအတွက် ဒီအပြစ်တွေကျူးလွန်မယ်လို့ ကျုပ်မထင်ဘူး...ခင်ဗျား ဒီနေရာကိုလာတာ တစ်ခြားရည်ရွယ်ချက်ရှိရမယ်"
ခါးကုန်းအဖိုးအို၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားပြီးနောက် သူ၏မျက်လုံးအတွင်း၌ထင်ဟပ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက ပို၍ပြင်းထန်လာခဲ့သည်။
"ကျုပ်ပြောတာ မှန်နေတယ်မလား"
သခင်ကြီးဝေ့က အေးစက်စက်ပြောဆိုလိုက်၏။
"ပြီးတော့ အဲ့ဒီလူ...သူက ခင်ဗျားကို ကျီးမိသားစုက ကြွင်းကျန်ရစ်တဲ့သူကို လာသတ်ခိုင်းတာမလား"
Chapter 422
သခင်ကြီးဝေ့၏စကားကိုကြားသော ခါးကုန်းအဖိုးအိုသည် ချွန်ထက်ပြီးဖြူဖွေးနေသောသူ၏သွားများ ပေါ်သည်အထိ ပြုံးနေခဲ့သည်။
"ကောင်လေး...မင်း များများသိလေလေ..မင်း သေဖို့မြန်လေလေပဲ"
သခင်ကြီးဝေ့က ခပ်သဲ့သဲ့လေသံဖြင့် ပြန်လည်ပြောဆိုလိုက်၏။
"ခင်ဗျားကိုစေလွှက်ပြီး အထီးကျန်နတ်ဘုရားလှေကိုတိုက်ခိုက်ခိုင်းတာ ဘယ်သူလဲဆိုတာ ကျုပ် အစောကြီးကတည်းက အကြမ်းဖျင်းခန့်မှန်းမိတယ်...ကျုပ် ခင်ဗျားကိုပြောပြမယ်...လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကတည်းက ကျီးကလန်ကိုတိုက်ခိုက်ဖို့ အဲ့ဒီလူက လူတွေအများကြီးစေလွှက်ခဲ့တယ်....ဒါပေမယ့် အဆုံးသတ်မှာ သူတို့အားလုံးကျရှုံးခဲ့ကြတယ်"
ခါးကုန်းအဖိုးအိုက သရော်တော်တော်လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"ငါက မင်းတို့အားလုံးကိုသတ်ပစ်လိုက်တာနဲ့ ငါ အောင်မြင်မှုမရရှိဘဲပြန်သွားစရာ အကြောင်းမရှိဘူးလေ"
သခင်ကြီးဝေ့က သူ၏ခေါင်းကို ခါယမ်းပြခဲ့လေ၏။
"ခင်ဗျား နားလည်မှုလွဲနေပြီ...အဓိကအချက်က ကျီးမိသားစုက အကြွင်းအကျန်လူတွေထဲမှာ တစ်ခြားသူတွေထက် အဲ့ဒီမိန်းကလေးနံဘေးမှာ အစေခံအိုကြီးတစ်ယောက်ရှိနေတယ်"
"မိန်းကလေးကို ကျုပ်တို့ကကာကွယ်ပေးထားပေမယ့် အဲ့ဒီအစေခံအိုကြီးကတော့ တစ်ခြားသူတွေရဲ့သတ်ဖြတ်ခြင်းခံလိုက်ရတယ်"
"ဒါပေမယ့် နောက်ပိုင်းမှာ အဲ့ဒီကိစ္စကိုလုပ်ခဲ့တဲ့လူက ဘာဆုမှမရခဲ့တဲ့အပြင် တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ ထူထူးဆန်းဆန်းသေဆုံးသွားခဲ့တယ်"
"အဲ့ဒီသေသွားတဲ့သူကလည်း နတ်ဆိုးပင်လယ်ကလူပဲ...သူရဲ့နာမည်ပြောင်က ယုဟိုင်စန်းရှို့တဲ့...ခင်ဗျား သူ့နာမည်ကို ကြားဖူးမယ်ထင်တယ်"
ခါးကုန်းအဖိုးအို၏မျက်လုံးများ အေးခဲသွားသော်လည်း သူက စကားပြောဆိုခြင်းမရှိချေ။ သူ၏လက်များက တစ်ချိန်လုံး ငါးမျှားတံပေါ်သို့ ခေါက်နေလေ၏။
"ခင်ဗျား သူ့အတွက်အလုပ်လုပ်ပေးနေမယ်ဆိုရင်...အဆုံးသတ်ကျရင် ခင်ဗျားလည်း နှုတ်ပိတ်ခံရမှာပဲ...တစ်ကယ်လို့ ခင်ဗျားနေရာမှာ ကျုပ်သာဆိုရင် ဒီလိုရူးသွပ်မိုက်မဲတဲ့အလုပ်မျိုးလုပ်မှာမဟုတ်ဘူး"
ခါးကုန်းအဖိုးအို၏ ငါးမျှားတံကိုခေါက်နေသောလက်များ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
"ငါ ဒီအလုပ်ကိုမလုပ်ချင်တော့ဘူး"
ခါးကုန်းအဖိုးအိုက လေးနက်သောလေသံဖြင့် ပြောလိုက်လေ၏။
သခင်ကြီးဝေ့က စိတ်သက်ရာရသွားပုံဖြင့် သက်ပြင်းမောကြီးတစ်ချက် ရှိုက်နေခဲ့သည်။ သူ၏လက်များက တဆတ်ဆတ်တုန်ရီနေပေ၏။ မည်သူမည်ဝါဖြစ်ဖြစ် သေခြင်းနှင့်ရင်ဆိုင်တွေ့ရချိန်တွင် အနည်းနှင့်အများ ကြောက်ရွံစိတ်ဝင်မိကြပေသည်။
အဖိုးအိုက ထွက်ခွါရန်ပြင်ဆင်နေပြီးမှ ရုတ်တရက် သူက ရပ်တန့်လိုက်၏။
"ကျွတ် ကျွတ်...ငါက မင်းရဲ့လှည့်စားတာကို ခံရလုနီးပါးပဲ"
အဖိုးအိုက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုလိုက်သည်။
"တစ်ကယ်လို့ ငါ မင်းတို့ကို ဒီတိုင်းပြန်လွှက်လိုက်မယ်ဆိုရင်...တစ်ကယ်လို့ မင်း အဖိုးကြီးလုကိုပြန်ပြောလိုက်တာနဲ့ ငါ ဒုက္ခရောက်လိမ့်မယ်"
သခင်ကြီးဝေ့က တိတ်တဆိတ်ကျိန်ဆဲနေလေ၏။ မူလက သူက ခါးကုန်းအဖိုးအား ခြောက်လှန့်ရန်အသုံးပြုခဲ့သောစကားလုံးများသည် ယခုအချိန်၌ ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။
"မင်း သေလိုက်တော့"
ခါးကုန်းအဖိုးအိုက ရုတ်တရက် သခင်ကြီးဝေ့၏အနားသို့ ရောက်ရှိလာလေ၏။
"ကံကြမ္မာကို ကောင်းကင်ဘုံက စီရင်နိုင်တယ်...လမ်းကြောင်းက နောက်မှာရှိတယ်"
သခင်ကြီးဝေ့က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏လက်အတွင်းမှ သံလိုက်အိမ်မြှောင်သည် တရဆတ်လည်ပတ်နေပြီး မမြင်နိုင်သောအားတစ်ရပ်က အဖိုးအို၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ထိုစွမ်းအားသည် ခါးကုန်းအဖိုးအိုအား သက်ရောက်မှုရှိပုံမရချေ။
"ဒါက အသုံးမဝင်ဘူး...မင်းရဲ့နိမ့်ပါးတဲ့အစွမ်းက ငါကိုလှုပ်ခတ်နိုင်ဖို့ အဝေးကြီးလိုသေးတယ်...အဖိုးကြီးလု ဒီနေရာကို ကိုယ်တိုင်ရောက်လာမှ ငါကို အနည်းငယ်ကြောက်ရွံစိတ်ဝင်စေလိမ့်မယ်"
ခါးကုန်းအဖိုးအိုက ရယ်သွမ်းသွေးရင်းမှ ပြောဆိုလိုက်၏။
အဖိုးအို၏ချည်မျှင်လှိုင်းများသည် သခင်ကြီးဝေ့၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"သူ ပြောတာမှန်တယ်...ခင်ဗျားက ရှေ့ဖြစ်ဟောပညာရှင်တစ်ယောက် မဟုတ်သေးဘူး....အကြားအမြင်ပညာရှင်အဆင့်ပဲရှိသေးတယ်"
လုယွီ၏ပါးစပ်မှ ရုတ်တရက် စကားသံထွက်ပေါ်လာလေ၏။ သူက အိပ်မောကျနေရာမှ ရုတ်တရက်မျက်လုံးဖွင့်လာပုံ ပေါတ်နေသည်။
"သခင်လေး...ဘာလို့ခုထိ ထွက်မသွားသေးတာလဲ"
သခင်ကြီးဝေ့က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သည်။
သူက တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုလာခဲ့ရခြင်းမှာ လူငယ်ပါရမီများကိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ခဲ့သည်သာမက မိသားစုခေါင်းဆောင်၏သွေးမျိုးဆက်ကို ပြန်လည်ခေါ်ဆောင်သွားရန်လည်း ပါဝင်နေသည်။
"ဟီး...ဟီး...ဒါက အဖိုးကြီးလုရဲ့တိုက်ရိုက်မျိုးဆက်လား...ဘာမှ စိုးရိမ်မနေနဲ့...ဒီအဖိုးကြီးက ကိစ္စတစ်ခုလုပ်ရင် ဘယ်တော့မှသဲလွန်စ ချန်မထားတတ်ဘူး...ငါလုပ်တာလို့ အဖိုးကြီးလု မသိစေရဘူး"
ခါးကုန်းအဖိုးအိုက ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့တိုးလာခဲ့သည်။
"သခင်လေး...ကျွန်တော် သူကို ခဏထိန်းထားမယ်...ထွက်ပြေးပါတော့"
သခင်ကြီးဝေ့က စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
"ဘာမှစိတ်ပူမနေနဲ့...မင်းတို့ မလွတ်မြောက်စေရဘူး"
အဖိုးအိုက ပြုံးဖြဲဖြဲလုပ်နေလေသည်။
လုယွီက သက်ပြင်းရှိုက်ပြီး သခင်ကြီးဝေ့အား ပြောဆိုလိုက်၏။
"ရှေ့ဖြစ်ဟောပညာရှင်နဲ့အကြားအမြင်ပညာရှင်တွေရဲ့ကြားမှာ အစစ်အမှန်ကွာခြားချက်က...ရှေ့ဖြစ်ဟောပညာရှင်က ကံကြမ္မာရဲ့စွမ်းအားကို ဌားရမ်းအသုံးပြုနိုင်ပြီး အကြားအမြင်ပညာရှင်ကတော့ ကံကြမ္မာကိုပြောပြနိုင်စွမ်းပဲရှိတယ်"
လုယွီက ခါးကုန်းအဖိုးအိုရှေ့သို့ ချက်ချင်းပင် ရောက်ရှိသွားလေ၏။
သခင်ကြီးဝေ့က လုယွီကို ဝေခဲရခက်ပုံဖြင့် ကြည့်ရှုနေရာမှ ရုတ်တရက်အော်ဟစ်လိုက်သည်။
"သခင်လေး...မြန်မြန်နောက်ပြန်ဆုတ်"
"ငါပြောအုံးမယ်...အဖိုးကြီးလုရဲ့မြေးက အရူးတစ်ယောက်လား"
ခါးကုန်းအဖိုးအိုက လှောင်ပြောင်သရော်ပြောဆိုနေလေ၏။
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေသည်။
"ရှေ့ဖြစ်ဟောပညာရှင်ပဲဖြစ်ဖြစ် အကြားအမြင်ပညာရှင်ပဲဖြစ်ဖြစ်...သူတို့က ကောင်းကင်နဲ့မြေကြီူအကြားက ရှားပါးတဲ့ကျင့်ကြံသူတွေပဲ...ခင်ဗျား သူတို့ကို မပြစ်မှားသင့်ဘူး...ဒီနေ့ ကျုပ် ခင်ဗျားကို အဲ့ဒီပညာရှင်တွေရဲ့စွမ်းအားကိုပြသပေးမယ်
Chapter 423
ခါးကုန်းအဖိုးအိုကမူ လုယွီကဲ့သို့ တွေးတောမနေချေ။
"အဖိုးကြီးလုနဲ့တူတာတစ်ခုက...ဒီကောင်လေးကလည်း ရူးသွပ်ပြီး မောက်မာတတ်တာပဲ...သနားစရာကောင်းတာတစ်ခုက မင်းမှာ မောက်မာဖို့အစွမ်း ခုချိန်မှာမရှိသေးတာပဲ"
ခါးကုန်းအဖိုးအိုက သူ၏လက်အတွင်းရှိ ငါးမျှားတံကို လှုပ်ခတ်လိုက်ရာတွင် မြောက်များစွာသောချည်မျှင်များ ပျံလွင့်လာလေ၏။
"ကံကြမ္မာရဲ့လမ်းကြောင်းက အဆုံးအစမရှိဘူး...စကြာဝဠာကြီးက အကန့်အသတ်မရှိဘူး"
သခင်ကြီးဝေ့က သူ၏ကျန်းချီများကို ထပ်မံအသက်သွင်းလိုက်ရာ သူ၏လက်အတွင်းမှ သံလိုက်အိမ်မြှောင်ရှိပင်အပ်သည် အပြင်းအထန်လည်ပတ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သခင်ကြီးဝေ့၏ခေါင်းပေါ်မှဆံပင်များသည် အလျှင်အမြန်ဖြူဖွေးသွားလေ၏။
ပတ်ဝန်းကျင်ရှိလေဟာနယ်သည် အဖိုးအိုအား ဖိနှိပ်ထားသော်လည်း ကြီးမားသောသက်ရောက်မှုရှိပုံမရချေ။ သူ၏လက်အတွင်းရှိ ချည်မျှင်လှိုင်းများသည် ရေတံခွန်မှစီးကျလာသောရေကဲ့သို့ အလွန်လျှင်မြန်စွာဖြင့် ပျံဝဲလာခဲ့သည်။
"မင်းက အရမ်းအားနည်းလွန်းတယ်"
ခါးကုန်အဖိုးအိုထံမှ ပြင်းထန်သောအော်ရာတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပြီးနောက်"ဘန်း ဘန်း..."ဟူသောအသံသာကြားလိုက်ရကာ သခင်ကြီးဝေ့၏လက်အတွင်းရှိ သံလိုက်အိမ်မြှောင်၌ ကြီးမားသောအက်ကွဲကြောင်းကြီးနှစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။
သခင်ကြီးဝေ့၏မျက်လုံးများက စိတ်ပျက်အားငယ်မှုများဖြင့် မှုန်မှိုင်းသွားပေ၏။
သူ၏ရှေ့ရှိအဖိုးအိုသည် အလွန်အစွမ်းထက်ပြီး လက်ရှိနေရာ၌ရှိနေသောလူအားလုံးကို နင်းခြေနိုင်စွမ်းရှိသူဖြစ်သည်။ အကယ်၍ သူသေသွားလျှင်ပင် အရေးမကြီးသော်လည်း မိသားစုခေါင်းဆောင်၏မျိုးဆက်သေဆုံးသွားမည်ကို စိုးရိမ်ပူပန်နေမိသည်။
ရုတ်တရက် လူရိပ်တစ်ရိပ်က သခင်ကြီးဝေ့၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုလူရိပ်က လုယွီဖြစ်ပေ၏။
"ကျုပ်ရဲ့လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်နဲ့ ခင်ဗျားကို မသတ်နိုင်သေးဘူး...ဒါပေမယ့် ကောင်းကင်ဘုံက ခင်ဗျားကို သတ်ပစ်မယ်ဆို ဘယ်လိုလဲ"
လုယွီက မည်သည့်စိတ်ခံစားချက်မျှရှိပုံမရသောမျက်နှာအမူအယာနှင့် ပြောဆိုလိုက်၏။
"မိုးကောင်းကင်တာအိုလား...ဟား ဟား ဟား..မင်းကို ကြည့်ရတာ တောင်ပိုင်းစွန့်ပစ်ကုန်းမြေလို ပျက်စီးနေတဲ့နယ်မြေက တခါမှအပြင်မထွက်ဖူးဘူးထင်တယ်...ဒီနတ်ဆိုးပင်လယ်ရဲ့အထက်မှာ မြူခိုးတွေလွှမ်းခြုံထားတာ နှစ်ထောင်ချီကြာမြင့်နေပြီ....ဒါကြောင့် ဒီနေရာမှာ မိုးကောင်းကင်တာအိုက မသက်ရောက်ဘူး...ဒါတေါင် မင်းက ငါကို မိုးကောင်းကင်တာအိုအကြောင်းပြောသေးတယ်...ဟား ဟား ဟား"
အဖိုးအိုက အလွန်ရယ်မောရသောဟာသပြက်လုံူတစ်ခုကိုကြားမိသကဲ့သို့ သူက မအောင့်အည်းနိုင်တော့ဘဲ ရယ်မောနေလေသည်။
"အဲ့ဒီလိုလား"
လုယွီက ရုတ်တရက် ခန်းမ၏မျက်နှာကြက်အား ကြည့်ရှုလိုက်၏။ သင်္ဘောအဆောက်အအုံ၏ထိပ်တွင် ဧရာမဝေလငါးကြီးတစ်ကောင်ရောက်ရှိနေပြီး အဆောက်အအုံခေါင်မိုးအား လှန်ချလိုက်လေသည်။ ဤနေရာမှကြည့်လျှင် ညို့မှိုင်းနေသောကောင်းကင်ယံအား အထင်းသားမြင်တွေ့နိုင်ပေသည်။
လုယွီက သူ၏လက်ကို မိုးကောင်းကင်ထံသို့ဆန့်တန်းပြီး တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
"တာအိုသခင်ရဲ့အမိန့်...မိုးကောင်းကင်တာအို ပြန်လာစမ်း"
ခါးကုန်းအဖိုးအိုသည် အစ၌ကြက်သေသေနေသော်လည်း သူက လှောင်ပြောင်သရော်နေလေ၏။
"မင်းက ဟန်ရေးပြနေတာပဲ...ဒီနတ်ဆိုးပင်လယ်ကို မိုးကောင်းကင်တာအိုမသက်ရောက်တာ နှစ်တစ်ထောင်ကျော်ကြာနေပြီ...မင်း အဆင့်လောတ်နဲ့ ဆင့်ခေါ်နိုင်မယ် ထင်နေတာလား"
သခင်ကြီးဝေ့က တိတ်တဆိတ်ဖြင့် ခေါင်းခါယမ်းပြီး သက်ပြင်းချနေလေ၏။ သူ၏သခင်လေးက ရှေ့ဖြစ်ဟောပညာရှင်တစ်ယောက်ဖြစ်ရန် လွန်စွာလွယ်ကူနေသည်ဟုများ ထင်နေသလော...။
သူက ရှေ့ဖြစ်ဟောပညာရှင်တစ်ယောက်အဖြစ်ကျင့်ကြံနိုင်ရန် မြောက်များစွာသော သက်တမ်းကို နစ်မြှုပ်ခဲ့ရသည်။
ကံကြမ္မာ၏စွမ်းအားကိုထိန်းချုပ်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
သို့သော် ထိုအချိန်မှာပင်.....
မိုးခြိမ်းသံကြီးတစ်သံက လောကကြီးတစ်ခုလုံးတုန်ခါသွားစေသည်အထိ ကျယ်လောင်စွာမြည်ဟီးလာခဲ့သည်။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် ကြီးမားသောမိုးကြိုးလှိုင်းကြီးက ညို့မှိုင်းနေသောကောင်းကင်ယံမှ ကျဆင်းလာလေ၏။
အနက်ရောင်တိမ်စိုင်တိမ်လိပ်များသည်လည်း အပြင်းနှင်လာပုံဖြင့် ကောင်းကင်ယံတခွင်လုံးပြည့်လုမတတ် ဖုံးလွှမ်းနေပေသည်။ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာပြီးနောက် တိမ်မည်းများအား အဝေးသို့ဖယ်ရှားလိုက်၏။
ကောင်းကင်ယံအတွင်းမှ ရွှေရောင်မျက်လုံးတစ်လုံးက ထွက်ပေါ်လာခဲ့၏။
ခါးကုန်းအဖိုးအိုသည် သူ့အား မိုးကြိုးဖြင့်ပစ်ချခံလိုက်ရသကဲ့သို့ တုန်ရီနေသောလေသံဖြင့်ပြောဆိုလိုက်သည်။
"ကောင်းကင်ဘုံမျက်လုံး လား"
ဝုန်း...ဝုန်း...
မိုးကောင်းကင်တာအို ကျရောက်ခြင်းမရှိသည်မှာ နှစ်ထောင်ချီကြာမြင့်နေပြီဖြစ်သော နတ်ဆိုးပင်လယ်ကြီးက ရုတ်တရက် ဆူပွက်လာခဲ့၏။
ဤနေရာသည် ကြမ်းကြုတ်ရက်စက်သောလူရမ်းကားများအတွက် လုံခြုံစိတ်ချရသော ကွန်းခိုရာနေရာဖြစ်သည်။ သူတို့ မည်မျှအပြစ်ကျူးလွန်ထားသည်ဖြစ်စေ ဤနေရာ၌ပုန်းအောင်းနေပါက မိုးကောင်းကင်တာအို၏သက်ရောက်ခြင်း မရှိခဲ့ချေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ အပြစ်ဒဏ်က ကျရောက်လာပေ၏။
ဝုန်း...ဝုန်း....
အထက်ကောင်းကင်ယံမှ မိုးကောင်းကင်တာအိုသည် ဤနေရာရှိအပြစ်သားများကို အာရုံခံမိပုံဖြင့် မိုးကြိုးများအဆတ်မပြက် ပစ်ချနေလေသည်။
အနီရောင်မိုးကြိုးလှိုင်းတစ်လှိုင်းက ရုတ်တရက် ကျဆင်းလာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးပင်လယ်တစ်ခုလုံး အော်ဟစ်သံများဖြင့် ဗလောင်ဆူသွားလေ၏။
"မိုးကောင်းကင်တာအို....ဘာတွေဖြစ်နေတာလဲ"
"ဘယ်လိာလုပ်ပြီး မိုးကောင်းကင်တာအိုက နတ်ဆိုးပင်လယ်မှာ ထွက်ပေါ်လာရတာလဲ...ဒါက မဖြစ်နိုင်ဘူး"
နတ်ဆိုးပင်လယ်၏နက်ရှိုင်းသောနေရာများတွင်ရှိနေသော ကျင့်ကြံသူမြောက်များစွာသည် မိုးကြိုးလှိုင်းများကြောင့် အထိတ်တလန့်ဖြစ်နေကြသည်။
ပင်လယ်နတ်ဆိုးတံငါသည်ကမူ သူ၏နဂိုမူလ လွှမ်းမိုးချုပ်ကိုင်နိုင်သောပုံပန်းသွင်ပြင်ပင် ပျောက်ဆုံးသွားခဲ့သည်။
"ဒါက မဖြစ်နိုင်ဘူး..ဒါက မဖြစ်နိုင်ဘူး"
ခါးကုန်းအဖိုးအို၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေလေ၏။ သူ၏မျက်လုံးအကြည့်များတွင် ကြောက်ရွံမှုများဖြင့်ပြည့်နှက်နေပြီး နောက်ဆုံးတွင် အကြောက်တရားက သူ၏စိတ်နှလုံးသားအတွင်းထိ ရောက်ရှိလာခဲ့သည်။
"ပြေးမယ်"
ခါးကုန်းအဖိုးအိုက နောက်သို့လှည့်ကာ သင်္ဘောကုန်းပတ်ပေါ်သို့ ပျံဝဲသွားလေ၏။ သို့ရာတွင် သူ ကုန်းပတ်ပေါ်သို့ ရောက်ရောက်ချင်း ကောင်းကင်ယံမှ မိုးကြိုးတစ်စင်းကျဆင်းလာခဲ့သည်။
ခရက်....
ရုတ်တရက်ကျဆင်းလာသောမိုးကြိုးလှိုင်းက ခါးကုန်းအဖိုးအို၏ခန္ဓာကိုယ်အား ရိုက်ခတ်သွားတော့သည်။
Chapter 424
"အား...အား...အား..."
ပင်လယ်နတ်ဆိုးတံငါသည်က အဆက်မပြတ်စူးရှနာကျင်စွာအော်ဟစ်ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဤကဲ့သို့ အစွမ်းထက်သောတည်ရှိမှုမျိုးပင်လျှင် ကောင်းကင်ဘုံမိုးကြိုး၏အောက်၌ သာမာန်ပုရွတ်ဆိတ်တစ်ကောင်နှင့်သာ တူညီနေပေ၏။
"သခင်လေး...ဒီပညာရပ်ကို ဘယ်ကနေသင်ယူခဲ့တာလဲ"
သခင်ကြီးဝေ့၏အသံက တုန်ရီနေလေသည်။
မိုးကောင်းကင်တာအိုကို ဆင့်ခေါ်နိုင်သည့်နည်းလမ်းကို သူ၏ဆရာသခင်ဖြစ်သူထံမှ ရှေးဟောင်းကျမ်းစာတစ်ခုအတွင်း၌သာ သူက တွေ့မြင်ဖူးခဲ့ရ၏။
လုယွီ၏မျက်နှာကဖြူရော်နေပြီး သူကိုလက်ကိုသာဝှေ့ယမ်းပြလိုက်သည်။ သူက မိုးကောင်းကင်တာအိုကို ဆင့်ခေါ်ခဲ့သော်လည်း ယခုလက်ရှိသူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် တန်ပြန်ဒဏ်တစ်ချို့ကို ခံစားခဲ့ရသည်။ လုယွီက စကားပြောဆိုရန် ပါးစပ်ဟလိုက်ချိန်မှာပင် သူ၏မျက်နှာအမူအယာက ရုတ်တရက်ပျက်ယွင်းသွားပေ၏။ သူ၏နတ်ဘုရားစိတ်အာရုံအရ အားကောင်းသောအော်ရာတစ်ရပ်က အဝေးတစ်နေရာမှရောက်ရှိလာခြင်းကို လုယွီက ခံစားမိသည်။
နတ်ဆိုးပင်လယ်အတွင်း၌ မိုးကောင်းကင်တာအိုပေါ်ထွက်လာမှုကြောင့် ဤအချိန်အတောအတွင်း၌ နတ်ဆိုးပင်လယ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့၏။ ယခုနေရာမှ ထိပ်သီးကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ပင် အလွန်ဂရုစိုက်နေရသဖြင့် ဤအနေအထား၌ အထီးကျန်နတ်ဘုရားလှေကို မည်သူကမျှအာရုံစူးစိုက်ခြင်း မရှိကြချေ။
သို့သော် ယခုထွက်ပေါ်နေသော အစွမ်းထက်သည့်အော်ရာသည် အထီးကျန်နတ်ဘုရားလှေအား ဦးတည်၍လာနေခြင်းမှာ သိသာထင်ရှားနေသည်။
သခင်ကြီးဝေ့က သူ၏လက်ချောင်းများဖြင့်တွက်ချက်ကြည့်ပြီးနောက် တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။
"မကောင်းတော့ဘူး...ပင်လယ်နတ်ဆိုးတံငါသည်ရဲ့နောက်ကွယ်ကလူက ကျီးချန်ယွီကိုတိုက်ခိုက်ဖို့ လာနေပြီ"
ဤကဲ့သို့သေရေး ရှင်ရေးအခြေအနေမျိုး၌ လုယွီက အလွန်အမင်းအေးဆေးတည်ငြိမ်နေသည်။
"သခင်ကြီးဝေ့...ဒီသင်္ဘောက မောင်းနှင်လို့ရသေးလား"
လုယွီက လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
သခင်ကြီးဝေ့က ခေါင်းညိတ်ပြလိုက်၏။
"ရတယ် သခင်လေး...အထီးကျန်နတ်ဘုရားလှေကို ရှေးဟောင်းသင်္ကေတတွေနဲ့ ထိန်းချုပ်ထားတာ...သင်္ဘောတစစီဖြစ်မသွားမချင်း မောင်းနှင်လို့ရတယ်"
"အရှိန်အမြင့်ဆုံးတင်ပြီးတော့သာမောင်း"
သခင်ကြီးဝေ့က သဘောတူညီလိုက်ကာ အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။
သင်္ဘောတစ်စီးလုံး လူသေလောင်းများဖြင့် ပြည့်နှက်နေပေ၏။ ငါးနတ်ဆိုးများက နောက်ပြန်ဆုတ်သွားသော်လည်း အပျက်အစီးအစအနများက ကျန်ရှိနေခဲ့သည်။
သခင်ကြီးဝေ့က သင်္ဘော၏သင်္ကေတရှိနေရာ ထိန်းချုပ်ခန်းအား အလျှင်အမြန်ရှာဖွေတွေ့ရှိခဲ့လေ၏။ ဤအခန်းအားစောင့်ကြပ်သောလူကိုလည်း ငါးနတ်ဆိုးများက သတ်ဖြတ်ခဲ့ပြီးဖြစ်သဖြင့် ခြေပြတ် လက်ပြတ်များသာလျှင် ကြွင်းကျန်ရစ်တော့သည်။
သခင်ကြီးဝေ့က သူ၏ကျန်းချီများဖြင့် သင်္ကေတအား အသက်သွင်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သင်္ဘောတစ်စီးလုံးတုန်ခါသွားပြီးနောက် အရှိန်အပြည့်ဖြင့် ရှေ့သို့ရွေ့လျားသွားလေ၏။
သင်္ဘော၏ လေထုအားထွင်းဖောက်သွားလာနှုန်းက အလွန်လျှင်မြန်သဖြင့် ဖျိုးဖျိုးဖြောက်ဖြောက်အသံများပင် ထွက်ပေါ်နေခဲ့သည်။
"ဒီ အရှိန်နဲ့ဆိုရင် အလယ်ပိုင်းကုန်းမြေကိုရောက်ဖို့ အလွန်ဆုံးတစ်ရက်ပဲကြာလိမ့်မယ်...အဲ့ဒီနေရာကိုရောက်တာနဲ့ အကြီးအကဲတွေစောင့်ဆိုင်းနေမှာမို့ စိုးရိမ်စရာမရှိတော့ဘူး...ဒါပေမယ့် ဒီလေါတ်လျှင်မြန်တဲ့အရှိန်ကို အထီးကျန်နတ်ဘုရားလှေက တောင့်မခံနိုင်ဘဲ ပျက်စီးသွားမှာကိုတော့ ကျွန်တော် စိုးရိမ်မိတယ်"
သခင်ကြီးဝေ့က စိုးရိမ်ပူပန်သောလေသံဖြင့် ပြောဆိုနေလေ၏။
လုယွီက မည်သည့်စကားမျှပြောဆိုခြင်းမရှိချေ။ သူ၏နတ်ဘုရားစိတ်အာရုံသည် အထီးကျန်နတ်ဘုရားလှေ၏နောက်တွင်ရှိနေသော ပြင်းထန်သောအော်ရာပေါ်၌သာ ပစ်မှတ်ထားနေခဲ့သည်။
"သခင်လေး...ဘာမှစိုးရိမ်မနေပါနဲ့...အထီးကျန်နတ်ဘုရားလှေရဲ့ ခုအရှိန်နှုန်းနဲ့သာဆိုရင် တာအိုဒုတယဆင့်ကျင့်ကြံသူတောင် လိုက်မှီမှာမဟုတ်ဘူး"
သခင်ကြီးဝေ့က ယုံကြည်ချက်ခိုင်မာစွာဖြင့် ပြောဆိုလိုက်၏။
လုယွီက မျက်လုံးများမှိတ်ထားရာမှ ရုတ်တရက်ဖွင့်ပြီး တီးတိုးရေရွတ်လိုက်သည်။
"မကောင်းတော့ဘူး"
သူ၏နတ်ဘုရားစိတ်အာရုံအရ အစွမ်းထက်သောအော်ရာတစ်ရပ်သည် သင်္ဘောကုန်းပတ်၏အစွန်းပိုင်းသို့ရောက်ရှိနေကြောင်းကို တွေ့မြင်မိသည်။
လုယွီက နဂါးပျံခြေလှမ်းကိုအသုံးပြု၍ သင်္ဘော၏ထိပ်ဆုံးထပ်ထံသို့ တဟုန်ထိုးတက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် လူရိပ်တစ်ရိပ်ကလည်း သင်္ဘောထိပ်ဆုံးထပ်ထံသို့ အလျှင်အမြန်တက်နေလေသည်။
သင်္ဘော၏ထိပ်ဆုံးထပ်၌....
လူငယ်ကျင့်ကြံသူအများအပြားသည် ထိတ်လန့်ကြောက်ရွံမှုများဖြင့် စုဝေးနေထိုင်နေကြ၏။ သူတို့၏နံဘေးပတ်လည်တွင် မြောက်များစွာသော မှော်လက်နက်များနှင့် အဆောင်သင်္ကေတများကို အတားအဆီးအဖြစ် ခင်းကျင်းထားခဲ့သည်။
ကြမ်းပြင်တစ်ပြင်လုံး သွေးများနှင့်စိုရွှဲနေပြီး တစ်ချို့ကျင့်ကြံသူများသည် ဒဏ်ရါပြင်းပြင်းထန်ထန်ရထားပြီး သေလုမျောပါးဖြစ်နေပေ၏။
"နောက်ဆုံးတော့ ငါးနတ်ဆိုးတွေ နောက်ဆုတ်သွားပြီ"
"သနားဖို့ကောင်းတာတစ်ခုက စီနီယာအကိုယုဆို အံ့အားသင့်စရာစွမ်းရည်ရှိတဲ့ပါရမီရှင်တစ်ယောက်ဖြစ်ပေမယ့်...ငါးနတ်ဆိုးအုပ်စုကြားမှာချောင်ပိတ်မိပြီး အလောင်းတောင်အစအနရှာမရတော့ဘူး"
လူငယ်ကျင့်ကြံသူများက ပူဆွေးဝမ်းနည်းစွာဖြင့် ပြောဆိုနေကြပြီး တစ်ချို့လူငယ်များကမူ ကြမ်းပြင်ပေါ်၌ စိတ်ပျက်လက်ပျက်ထိုင်နေကြသည်။
"ဂျူနီယာညီမလေးချန်ယွီ...ဘာမှစိတ်ပူပန်မနေနဲ့...ငါက မင်းကို အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးမှာ"
ရှဲ့ရှောင်က ကျီးချန်ယွီ၏အနားတွင်မတ်တတ်ရပ်နေရင်းမှ ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ပြောဆိုလိုက်၏။ သူက ယခုလက်ရှိ လူငယ်ပါရမီရှင်အုပ်စုအတွင်း၌ ကျင့်ကြံမှုနယ်ပယ်အမြင့်မားဆုံး ဖြစ်နေခဲ့သည်။ လူငယ်ကျင့်ကြံသူများသည် သူတို့၏အသက်ကို ကာကွယ်နိုင်ရန်အတွက် ရှဲ့ရှောင်၏အစီအစဥ်ကို လိုက်နာရပေမည်။
"ဒါပေမယ့် လုယွီက ခုထိမလာသေးဘူး"
ကျီးချန်ယွီက စိုးရိမ်ပူပန်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။
ရှဲ့ရှောင်က မျက်မှောင်ကြုတ်လိုက်လေ၏။
"အဲ့ဒီကောင်ဘာဖြစ်နေမယ်ဆိုတာ ဂရုစိုက်တဲ့သူ ဘယ်သူရှိလို့လဲ...သူက အားနည်းလွန်းလို့ ပြေးတောင်မပြေးနိုင်တာကို...သေသွားရုံကလွဲပြီး ဘာဖြစ်နိုင်မှာမို့လဲ"
ထိုအချိန်မှာပင် အနက်ရောင်လူရိပ်တစ်ရိပ်က သင်္ဘောအဆောက်အအုံ၏ထိပ်ဆုံးထပ်၌ ထွက်ပေါ်လာခဲ့သည်။ လူရိပ်မှထုတ်လွှက်ထားသော အော်ရာသက်သက်ဖြင့်ပင် ဤနေရာရှိလူတိုင်းအား မွန်းကြပ်မှုကိုခံစားနေရစေသည်။
Chapter 425
"ခင်ဗျား ဘယ်သူလဲ"
ရှဲ့ရှောင်က အော်ဟစ်မေးမြန်းပြီးနောက် သူ၏ဓားကို ချက်ချင်းပင်ဆွဲထုတ်လိုက်၏။
အနက်ရောင်လူရိပ်ကြီးက တဖြည်းဖြည်း ပီပြင်ပြတ်သားလာခဲ့သည်။ ထိုလူရိပ်က လူလတ်ပိုင်းယော်ကျားတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာကသုန်မှုန်နေလေ၏။ သူက ခမ်းနားသပ်ရပ်သောပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏လက်အတွင်း၌ ကျောက်စိမ်းပုတီးတစ်ကုံးကို ကိုင်ဆောင်ထားခဲ့သည်။
ကျီးချန်ယွီက ထိုလူကိုမြင်ချိန်၌ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးရုတ်တရက် တုန်ရီသွားလေ၏။ သူမ၏ တစ်ချိန်ကမြောက်များစွာသော အိမ်မက်ဆိုးများအတွင်းတွင် ထိုလူ၏ပုံရိပ်ပါဝင်နေခဲ့သည်။
အတိတ်ကိုပြန်တွေးကြည့်ပါက ဤလူသားသည် ကျီးမိသားစုအား လာရောက်တိုက်ခိုက်ပြီး အမြစ်ပြတ်သုတ်သင်ခဲ့သောလူများအား ဦးဆောင်ခဲ့သူဖြစ်ပေ၏။
"ဂျူနီယာညီမလေး..ဘာမှစိုးရိမ်မနေနဲ့ ..ငါ ဒီနေရာမှာရှိနေမှတော့ ဘယ်သူမှမင်းနားကို မလာနိုင်စေရဘူး"
ရှဲ့ရှောင်က ကျီးချန်ယွီ၏ရှေ့၌ သူကိုယ်သူယုံကြည်မှုရှိစွာဖြင့် မတ်တတ်ရပ်လိုက်သည်။ သူ၏ဓားရှည်မှ မိုးကြိုးလှိုင်းများနှင့်အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေလေသည်။
ဤဓားရှည်သည် ထိပ်တန်းအဆင့်မှော်လက်နက်ဖြစ်ပေ၏။ သူက ဤဓားကို သမင်ဖြူကျောင်းတော်၏အသင်္ချေရတနာစံအိမ်မှ ရရှိခဲ့ခြင်းဖြစ်ပြီး သူအလွန်တန်ဖိုးထားသောအရာလည်းဖြစ်သည်။
သို့ရာတွင် လူလတ်ပိုင်းကြီးက ရှဲ့ရှောင်အား မျက်လုံးထဲပင် ထည့်ပုံမရချေ။
"ကျီးမိသားစုရဲ့ အကြွင်းအကျန်အပြစ်သား...သေစမ်း"
လူလတ်ပိုင်းကြီးက ရှေ့သို့လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာတွင် ဧရာမရွှေရောင်လက်ဝါးပုံရိပ်ကြီးက ရုတ်တရက် ကျီးချန်ယွီပေါ်သို့ ကျရောက်လာလေ၏။
"ခင်ဗျားက ကျုပ်ကို လျစ်လျှူရှုရဲတယ်ပေါ့...ခင်ဗျား သေချင်နေတာလား"
ရှဲ့ရှောင်က အလွန်ဒေါသထွက်နေခဲ့သည်။ သူ၏ဓားကို ရွှေရောင်လက်ဝါးထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။
ဘုန်း
ဓားချီနှင့်လက်ဝါးပုံရိပ်တို့ အချင်းချင်းထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
ဓားချီသည် လက်ဝါးပုံရိပ်နှင့် တစ်ချက်ထိတွေ့မိရုံဖြင့် ကျိုးပျက်သွားပြီးနောက် လက်ဝါးပုံရိပ်သည် ကျီးချန်ယွီထံသို့ တည့်တည့်မတ်မတ်ကျရောက်သွားပေ၏။
"ဘယ်လိုလုပ်ပြီး"
ရှဲ့ရှောင်က သေလုနီးပါးထိတ်လန့်ကြောက်ရွံသွားခဲ့သည်။ သူကဓားအတွင်း၌ သူ၏ခွန်အားအပြည့်ကို ထည့်သွင်းအသုံးပြုခဲ့ခြင်းဖြစ်သည်။ သူ၏ဓားချက်သည် လူလတ်ပိုင်းကြီး၏လက်ဝါးပုံရိပ်အားပျက်ပြယ်သွားစေခြင်းမရှိမည်ဟု သူမျှော်လင့်ထားခြင်းမရှိပေ။
ရှဲ့ရှောင်က တုံဆိုင်းနေခြင်းမရှိဘဲ သူက လက်ဝါးပုံရိပ်ကိုရှောင်လွှဲပြီး အော်ဟစ်လိုက်သည်။
"ဂျူနီယာညီမလေးချန်ယွီ....ငါ သခင်ကြီးဝေ့ကို သွားရှာလိုက်မယ်"
ရှဲ့ရှောင်က အဝေးသို့သာ ထွက်ပြေးချင်နေခဲ့သည်။ သူက ထိတ်လန့်တုန်လှုပ်ဖွယ်ခါးကုန်းအဖိုးအိုဖြင့် ရင်ဆိုင်တွေ့ပြီး အချိန်မကြာသေးမီမှာပင် ရူးသွပ်ဖွယ်ခွန်အားရှိသော လူလတ်ပိုင်းကြီးတစ်ယောက်နှင့် ထပ်မံဆုံတွေ့ခဲ့ရသည်။
ကျီးချန်ယွီက သူအတွက်အရေးကြီးသည်မှာ မှန်သော်လည်း သူ၏အသက်ကပို၍အရေးကြီးပေ၏။
ရှဲ့ရှောင်က တိမ်းရှောင်သွားသကဲ့သို့ ကျန်ရှိနေသောလူငယ်ကျင့်ကြံသူများကလည်း ခြေဦးတည်ရာထွက်ပြေးသွားကြသည်။
ကြမ်းပြင်ပေါ်၌ ကျီးချန်ယွီတစ်ယောက်တည်းသာထိုင်နေပြီး သူမ၏မျက်လုံးများအတွင်းဤ ဆုံးဖြတ်ချက်အခိုင်အမာချထားသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"ရှင်က ကျွန်မမိသားစုဝင်တွေကို သတ်ခဲ့တာ...ရှင့်ကိုကျွန်မ သေစေချင်တယ်"
ကျီးချန်ယွီ၏လက်ကောက်ဝတ်မှသရဲတစ္ဆေအမှတ်အသားသည် ရုတ်တရက် ပူပြင်းလာခဲ့သည်။ သူမ၏နောက်ကွယ်မှ အိမ်မက်ဆိုးကောင်ပုံရိပ်ကြီး ထွက်ပေါ်လာလေ၏။ အိမ်မက်ဆိုးကောင်ပုံရိပ်သည် အလွန်နူးညံသိမ်မွေ့ပုံမြင်နေရသော်လည်း ထိတ်လန့်ကြောက်ရွံဖွယ်အော်ရာကို ထုတ်လွှက်ထားခဲ့သည်။
"ဂါး...."
အိမ်မက်ဆိုးကောင်က ထွက်ပေါ်လာလာချင်းမှာပင် သူ၏ပါးစပ်ကိုဟပြီး စူးရှရှအော်ဟစ်လိုက်၏။ သူ၏အက်ရှရှအော်သံကြီးအတွင်း၌နတ်ဆိုးစွမ်းအင်တစ်မျိုးပါဝင်ပြီး လူသားတို့၏ဦးနှောက်အတွင်းထိဖောက်ထွင်းသွားနိုင်သယောင်ပင်။
"ဟမ့်...ဒါက လမ်းကြောင်းတစ်ခုသက်သက်ပဲ"
လူလတ်ပိုင်းကြီးက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။
ဘုန်း...
လက်ဝါးပုံရိပ်ကြီး၏စွမ်းအားအများစုကို အိမ်မက်ဆိုးကောင်က ခံယူပြီးမှသာ ကျန်ရှိနေသောစွမ်းအားများက ကျီးချန်ယွီပေါ်သို့ ကျရောက်လာခဲ့သည်။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အိမ်မက်ဆိုးကောင်သည် လက်ဝါးပုံရိပ်ကြီး၏ရိုက်ခတ်ခြင်းခံရသဖြင့် ပေါတ်ကွဲသွားပြီး အစိမ်းရောင်အခိုးအငွေ့များအသွင်ပြောင်းလဲသွားတော့သည်။
ကျီးချန်ယွီက နောက်သို့လွင့်စင်ထွက်သွားသော်လည်း တစ်စုံတစ်ယောက်၏လက်မောင်းကြားသို့ တည့်တည့်မတ်မတ်ရောက်ရှိသွားခဲ့သည်။
သူမအား လုယွီက ဆီး၍ဖမ်းထားခြင်းဖြစ်ပေ၏။
"အဟွက်...ရှင် ဘာလုပ်တာလဲ...ဒီတစ်ကြိမ်တော့ ရှင် ကျွန်မကို ကူညီနိုင်မှာမဟုတ်တော့ဘူး"
ကျီးချန်ယွီ၏ပါးစပ်မှ သွေးများယိုစီးကျနေပြီး သူမ၏မျက်လုံးများတွင် စိတ်ပျက်အားငယ်ခြင်းအရိပ်အယောင်များ ပြည့်နှက်နေသည်။
လုယွီက လူလတ်ပိုင်းကြီးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ချက္ကရာနယ်ပယ်လား"
လူလတ်ပိုင်းကြီးက အံ့အားသင့်သွားပုံဖြင့် ပြန်လည်ပြောဆိုလိုက်လေ၏။
"ငါရဲ့ကျင့်ကြံခြင်းနယ်ပယ်ကို သိမြင်နိုင်တဲ့သူ ဒီနေရာမှာရှိမယ်လို့ ငါထင်မထားမိဘူး...ကျီးမိသားစုရဲ့အကြွင်းအကျန်မိစ္ဆာကို မင်းက ကူညီချင်နေတာလား"
ထို့နောက် လူလတ်ပိုင်းကြီးက လုယွီအား ခြေဆုံးခေါင်းဆုံး ကြည့်နေလေသည်။
"ငါ ကြည့်ရတာတော့ မင်းက ခုမှတာအိုပထမအဆင့်ပဲရှိသေးတဲ့ ကောင်ငယ်လေးတစ်ယောက်ပဲ...တစ်ကယ်လို့ မင်းက ကျီးမိသားစုရဲ့အကြွင်းအကျန်မိစ္ဆာကိုကူညီမယ်ဆိုရင်...မင်း ဒီနေ့အသက်ရှင်နိုင်မှာမဟုတ်ဘူး"
"ဒီကိစ္စကို ငါ့တာဝန်ထားလိုက်"
လုယွီက တည်ငြိမ်စွာဖြင့်ပြောဆိုပြီး ကျီးချန်ယွီကို သူ၏နောက်သို့ပို့ထားခဲ့သည်။
"ချက္ကရာနယ်ပယ်...ကျုပ်က ခုချိန်မှာ ခင်ဗျားရဲ့ပြိုင်ဘက်မဖြစ်နိုင်သေးတောတော့ အမှန်ပဲ"
လုယွီက အေးစက်စက်လေသံဖြင့် ဆက်လက်ပြောဆိုလိုက်လေ၏။
"မိုးကောင်းကင်ကို ရှောင်လွှဲပြီးတော့...ခင်ဗျားရဲ့ခန္ဓာကိုယ်ကနေ ဝိညာဥ်ကိုစွန့်ခွါထုတ်လာခဲ့တာ...တစ်ကယ်လို့ ဒီအခြေအနေမှာ ခင်ဗျားကိုခင်ဗျား ဂရုမစိုက်ဘူးဆိုရင် ကောင်းကင်ဘုံမိုးကြိုးက ခင်ဗျားကိုအမှုန့်ခြေပစ်လိမ့်မယ်...အခု မိုူကောင်းကင်တာအို ဒီနေရာကိုကျရောက်နေတာတောင် ခင်ဗျားက ကျုပ်နဲ့တိုက်ခိုက်ချင်သေးတာလား"