အခန်း (၄၂၆-၄၃၀)
Vol. 21-25 Ch. 426-430
Chapter 426
လူလတ်ပိုင်းကြီးက လုယွီအားကြည့်ပြီး စကားပြောဆိုလိုက်လေ၏။
"ကောင်လေး...မင်းက တော်တော်များများသိထားတာပဲ"
သို့ရာတွင် ရုတ်တရက် လူလတ်ပိုင်းကြီး၏လေသံက သရော်သံစွက်ဖက်လာခဲ့သည်။
"ဒါပေမယ့် ငါက အထီးကျန်နနတ်ဘုရားလှေပေါ်ခြေချရဲမှတော့ ကောင်းကင်ဘုံမိုးကြိုးကိုမကြောက်လို့ဆိုတာ မင်း မတွေးမိဘူးလား...ကျီးမိသားစုရဲ့အကြွင်းအကျန်မိစ္ဆာကိုသတ်ပြီးတာနဲ့ ငါကလီပေါင်းထောင်သောင်းချီတဲ့အကွာအဝေးကို ထွက်သွားတော့မှာ...တစ်ကယ်လို့ ကောင်းကင်ဘုံမိုးကြိုးကျဆင်းလာရင်တောင် ဘာဖြစ်လာမှာမို့လို့လဲ...ငါကို သတ်နိုင်မှာတဲ့လား"
ဘုန်း...
လူလတ်ပိုင်းကြီး၏စကားသံ ထွက်ပေါ်လာပြီးချိန်မှာပင် မိုးကြိုးလှိုင်းတစ်လှိုင်းက ကောင်းကင်ယံမှကျဆင်းလာခဲ့သည်။
ထို့မိုးကြိုးလှိုင်းသည် အထက်ကိုးကောင်းကင်နယ်ပယ်မှတောက်ပသော ကောင်းကင်ဘုံမိုးကြိုးဆင်းသက်လာခြင်းဖြစ်သည်။
ခရက်...ခရက်
ပတ်ဝန်းကျင်နေရာတစ်ခုလုံးသည် မိုးကြိုးလှိုင်း၏သက်ရောက်မှုကြောင့် ကျိုးပဲ့ပျက်စီးနေပေ၏။
အချိန်ဆတ်တိုက်နီးပါးဆိုသလိုပင် မိုးကြိုးလှိုင်းများက လုယွီနှင့်ကျီးချန်ယွီတို့၏ မလှမ်းမကမ်းပတ်ဝန်းကျင်သို့ အကာအကွယ်အလွှာအလား ကျရောက်လာခဲ့သည်။
လူလတ်ပိုင်းကြီး၏မျက်လုံးများအတွင်း၌ ဝေခွဲရခက်သည့်အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"မင်းက ကောင်းကင်ဘုံမိုးကြိုးကိုအသုံးပြုပြီး မင်းတို့ကိုယ်မင်းတို့ ကာကွယ်ချင်နေတာလား"
အချိန်တခဏအကြာမှာပင် လူလတ်ပိုင်းကြီးက သူ၏အတွေးများ မှားယွင်းနေကြောင်းကို သိရှိသွားပေ၏။
လုယွီက အကာအကွယ်အလွှာအတွင်းမှထွက်၍ လူလတ်ပိုင်းကြီး၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ဘုံမိုးကြိုးများက လုယွီ၏နောက်မှ အရိပ်များသဖွယ် ကပ်ပါနေလေ၏။
"ဘယ်လိုတောင် ရူးသွပ်နေတဲ့ကောင်လဲ"
လူလတ်ပိုင်းကြီးက တိတ်တဆိတ်ကျိန်ဆဲလိုက်ပြီးနောက် သူ၏လက်အတွင်း၌ တောက်ပသောရွှေရောင်လက်ဝါးပုံရိပ် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်လက်ဝါးပုံရိပ်ကိုမြင်ချိန်တွင် လုယွီ၏မျက်လုံးများ တောက်ပသွားပေ၏။
"သေချာတယ်...ဒါက ကောင်းကင်ဘုံအင်ပါယာရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ပဲ"
"လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူက ဤနေရာသို့ရောက်ရှိလာချိန်ကပင် ကောင်းကင်ဘုံအင်ပါယာ၏အော်ရာကို အာရုံခံစားမိသည်။ ယခုလက်ရှိ လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်ဘုံအင်ပါယာ၏ဥပဒေသနှစ်ခု တည်ရှိနေသဖြင့် အင်ပါယာ၏တစ်ခြားအကြွင်းအကျန်စိတ်ဝိညာဥ်ကို လွယ်လင့်တကူအာရုံခံစားနိုင်ပေ၏။
သူရှေ့၌ရှိနေသော လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်ဘုံအင်ပါယာ၏အကြွင်းအကျန်စိတ်ဝိညာဥ်ရှိနေပေ၏။
လုယွီက သူ့အနားသို့ချဥ်းကပ်လာချိန်တွင် လူလတ်ပိုင်းကြီးကလည်း ခံစားမှုတစ်မျိုးကိုရရှိနေခဲ့သည်။ သူ၏မျက်လုံးများက ရုတ်တရက်တောက်ပသွားပြီး ရယ်မောလိုက်လေ၏။
"ဒီလိုနေရာမျိုးမှာ တစ်ခြားတစ်ခုကို ငါရှာတွေ့မယ်လို့ မျှော်လင့်မထားမိဘူး...ဟား...ဟား..ဟား"
ရုတ်ချည်းဆိုသလိုပင် လူလတ်ပိုင်းကြီးက ကျီးချန်ယွီကို လျစ်လျှူရှုပြီး လုယွီအားသတ်ဖြတ်ရန် သွားလိုက်တော့သည်။ လျှို့ဝှက်ဆန်းကြယ်သောစိတ်ဝိညာဥ်အပိုင်းအစတစ်ခုက သူအား မည်မျှများပြားသောစွမ်းအားများ ရရှိစေခဲ့ခြင်းကို သူအသိဆုံးပင်။ သူက တစ်ခြားစိတ်ဝိညာဥ်အပိုင်းအစများကို အလယ်ပိုင်းကုန်းမြေ၌ နေရာလပ်မကျန်သည်အထိရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိချေ။ သို့ရာတွင် သူ မျှော်လင့်မထားဘဲ ဤနေရာ၌ စိတ်ဝိညာဥ်အပိုင်းအစကို တွေ့ရှိမိလေ၏။
လုယွီက နဂါးပျံခြေလှမ်းကိုအသုံးပြုလိုက်ချိန်တွင် ပုံရိပ်ယောင်အများအပြားထွက်ပေါ်လာပြီး သင်္ဘောကုန်းပတ်ပေါ်သို့ တဟုန်ထိုးပြေးဆင်းလိုက်သည်။
လူလတ်ပိုင်းကြီးသည် လုယွီ၏နောက်မှ ထပ်ချပ်မကွာလိုက်နေပြီးနောက် သူ၏ရွှေရောင်လက်ဝါးပုံရိပ်ကြီးဖြင့် ရိုက်ချလိုက်တော့သည်။
"ဟမျ့"
လုယွီက လက်ညှိုးညွှန်လိုက်သည့်နေရာ၌ ခေါင်းဖြတ်ဓားက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ခေါင်းဖြတ်ဓား၏အနီးပတ်လည်၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများရှိနေပေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးအား ခေါင်းဖြတ်ဓားမှသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် လွှမ်းခြုံထားပေရာ ဓားချီနှင့်ထိတွေ့မိသော ကျောက်တုံးကြီးများပင် ပြာကျသွားလေသည်။
"ဘယ်လိုတောင် အားကောင်းတဲ့ စိတ်ဝိညာဥ်အပိုင်းအစလဲ...ဟား ဟား ဟား...ကောင်စုတ်လေး...တစ်ကယ်လို့ မင်းအပြစ်တင်ချင်ရင် အားနည်းလွန်းတဲ့ မင်းကိုယ်မင်းသာအပြစ်တင်ပေတော့"
လူလတ်ပိုင်းကြီးက အူလှိုက်သည်းလှိုက်ရယ်မောနေပေ၏။ သူက အနိုင်ရရှိသူသာ ဖြစ်ပေမည်။ ထိုကောင်လေးထံမှ စိတ်ဝိညာဥ်အပိုင်းအစကိုကြည့်ရသည်မှာ သူထံ၌ရှိသောအရာထက် အားကောင်းမည့်ပုံပေါ်သော်လည်း သူ၏ကျင့်ကြံဆင့်နယ်ပယ်မြင့်မားနေသဖြင့် သူက အမှုထားစရာအကြောင်းမရှိချေ။
ဤစိတ်ဝိညာဥ်အပိုင်းအစများသည် ယနေ့မှစ၍ သူ၏အပိုင်သာ ဖြစ်ရပေမည်။
လုယွီ၏ဆေဘာဓားချီက လူလတ်ပိုင်းကြီးထံသို့ ကျရောက်သွားခဲ့သည်။ သို့ရာတွင် လူလတ်ပိုင်းကြီးက သူ၏လက်ညှိုးကိုတောက်ထုတ်လိုက်ရာတွင် ပြင်းထန်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး ဆေဘာဓားချီအား ပြန့်ကျဲသွားစေခဲ့သည်။
လူလတ်ပိုင်းကြီး၏နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသောအပြုံးက တွဲလွဲခိုနေလေ၏။ သူက စကားပြောရန်ကြံရွယ်လိုက်သော်လည်း ပြန့်ကျဲသွားသော ဆေဘာဓားချီများသည် ပျက်ပြယ်သွားခြင်းမရှိခြင်းကို ရုတ်တရက် သူက ခံစားမိသည်။
တစ်ချိန်တည်းမှာပင် ခေါင်းဖြတ်ဓားမှ ထက်ရှသောဆေဘာဓားချီလှိုင်းက ထပ်မံထွက်ပေါ်လာလေ၏။ ဆေဘာဓားချီက ကုန်းပတ်ပေါ်၌ဝေ့ဝိုက်တိုက်ခတ်နေမှုကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် အက်ကွဲသွားသယောင်ဖြစ်နေပေ၏။
"တစ်ကယ်ကို ဖုံးကွယ်ထားတဲ့ လှည့်ကွက်တွေရှိနေတာပဲ"
လူလတ်ပိုင်းကြီးသည် အနည်းငယ်စိတ်လှုပ်ရှားသွားပြီးနောက် သူ၏စိတ်ဝိညာဥ်စွမ်းအင်များကို အသုံးပြု၍ အကာအကွယ်အလွှာတစ်ခုကို သူ၏ရှေ့၌ ပြုလုပ်လိုက်၏။
သို့ရာတွင် ဆေဘာဓားချီ၏ရုတ်တရက်ထွက်ပေါ်လာမှုသည် လုယွီ၏နောက်ဆုံးအားကိုးရာမဟုတ်ချေ။ လုယွီ၏လက်ကောက်ဝတ်လှုပ်ခါသွားပြီးနောက် ခေါင်းဖြတ်ဓားက အထက်သို့ထောင်တတ်သွားပြီး မြောက်များစွာသောဆေဘာဓားချီများ ကျဆင်းလာခဲ့သည်။
ဘုန်း...ဘုန်း...ဘုန်း
ခပ်အုပ်အုပ်အသံတစ်ချို့ထွက်ပေါ်လာပြီးနောက် အစွမ်းထက်သောဆေဘာဓားချီများ၏ထိုးနှက်ခံရမှုကြောင့် လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်ပေါ်တွင် အပေါတ်ကြီးများဖြစ်ပေါ်သွားစေ၏။ လူလတ်ပိုင်းကြီး၏ပါးစပ်မှလည်း သွေးများအန်ထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးသံတရဲရဲနှင့်ပင်။
"ငါ မင်းကို အသက်ရှင်ရက် အပိုင်းပိုင်းအစစဖြတ်ပစ်မယ်"
လူလတ်ပိုင်းကြီးက အော်ဟစ်ကြုံးဝါးလိုက်သည်။
Chapter 427
လူလတ်ပိုင်းကြီးက အမှန်တကယ်ကိုပင် ဒေါသထွက်နေပေ၏။ သူသည် တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း မမျှော်လင့်မိဘဲ ကောင်ငယ်လေးတစ်ယောက်၏လက်ချက်ဖြင့် သူ ဒဏ်ရါရရှိခဲ့သည်။
"ကောင်လေး...ဘယ်အပိုင်းအစကိုငါရထားတယ်ဆိုတာ မင်းသိလား..ပြစ်ဒဏ်ချခြင်းအပိုင်းအစပဲ...မင်းမှာ ဘယ်လိုစွမ်းရည်မျိုးပိုင်ဆိုင်ထားတယ်ဆိုတာ ငါ မသိပေမယ့်...မင်းက ငါရှေ့မှာတော့ ဘာမှမဟုတ်တဲ့ကောင်ပဲ"
လူလတ်ပိုင်းကြီးက ကြောက်မက်ဖွယ်အပြုံးမျိုး ပြုံးနေလေ၏။
လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်တွင် သရော်တော်တော်အပြုံးတစ်ခုက တွဲလွဲခိုနေခဲ့သည်။
"ခင်ဗျားရဲ့နောက်ကိုကြည့်လိုက်"
လုယွီက လူလတ်ပိုင်းကြီး၏နောက်သို့ ရုတ်တရက် လက်ညှိုးညွှန်ပြလိုက်သည်။
လူလတ်ပိုင်းကြီးက လှုပ်ရှားခြင်းမပြုချေ။
"ဘာလဲ...အဲ့ဒီ လှည့်ကွက်လေးတွေက မကုန်သေးဘူးလား"
အမှန်အားဖြင့် လူလတ်ပိုင်းကြီးသည် သူခေါင်းကို နောက်သို့လှည့်ကြည့်ခြင်းမပြုသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံဖြင့် နောက်ကျောဘက်အားကြည့်လိုက်လေ၏။
သို့ရာတွင် လူလတ်ပိုင်းကြီး၏မျက်နှာအမူအယာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူ၏နောက်၌ ကောင်းကင်ဘုံမိုးကြိုးမှစုဝေးလာသော ကောင်းကင်ဘုံနဂါးတစ်ကောင်သည် ကောင်းကင်ယံ၌ပျံဝဲနေပြီး သူ့အားဟိန်းဟောက်နေပေ၏။
"မကောင်းတော့ဘူး"
လူလတ်ပိုင်းကြီးက တီးတိုးကျိန်ဆဲပြီးနောက် သူ၏ရွှေရောင်လက်ဝါးပုံရိပ်ဖြင့် သူ၏နောက်ကျောဘက်အား ရိုက်ချလိုက်တော့သည်။
သို့ရာတွင် သူ၏မှော်စွမ်းအား မည်မျှပင်အားကောင်းနေပါစေ ကောင်းကင်ဘုံမိုးကြိုး၏အောက်၌ အရာမဝင်ချေ။
ဘုန်း....
ကျယ်လောင်သော ဆူညံသံတစ်ခုနှင့်အတူ လူလတ်ပိုင်းကြီးအား ကောင်းကင်ဘုံမိုးကြိုးများက လွှမ်းခြုံသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လုယွီအားလည်း ကောင်းကင်ဘုံမိုးကြိုးက ရိုက်ခတ်မိလေ၏။
ကုန်းပတ်ပေါ်ရှိလူနှစ်ယောက်အား အဆုံးမရှိသောမိုးကြိုးလှိုင်းများက တရဆတ်ပစ်ခတ်နေပေသည်။ မိုးကြိုးများက သူပေါ်သို့ကျဆင်းလာချိန်တွင် လုယွီ၏မျက်နှာပေါ်၌ ခါးသက်သက်အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။
သူ၏ယခုလက်ရှိကျင့်ကြံဆင့်သည် အလွန်နိမ့်ပါးနေဆဲဖြစ်သည်။ ဤကဲ့သို့ ထိပ်သီးပညာရှင်နှင့်ရင်ဆိုင်ရသည်တွင် အကယ်၍ လုယွီကသာ အထူးနည်းစနစ်များကိုအသုံးပြုနိုင်ခြင်းမရှိပါက သူ၌အနိုင်ရနိုင်ခြေမရှိပေ။
အချိန်က လွန်စွာတိုတောင်းသဖြင့် လုယွီက အထူးဝင်္ကပါခင်းကျင်းရန်လည်း အချိန်မရခဲ့ချေ။ ထို့ပြင် သူက ဝင်္ကပါခင်းကျင်းနိုင်လျှင်ပင် ဤကဲ့သို့အစွမ်းထက်သောပုဂ္ဂိုလ်အား အနည်းငယ်သာ အကျိုးသက်ရောက်ပေမည်။
သူ လုပ်ဆောင်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူကိုယ်သူပစ်မှတ်ပြုလုပ်ပြီး ကောင်းကင်ဘုံမိုးကြိုးများအား ဆွဲဆောင်ခြင်းပင်။
ယခုလက်ရှိချိန်တွင် လုယွီအား မိုးကြိုးများကဝန်းရံထားပြီး သူ့အားဝါးမြိုနိုင်ရန် ကြိုးပမ်းနေကြ၏။ လုယွီက ကောင်းကင်ဘုံအင်ပါယာ၏ဥပဒေသကို အသုံးပြုပြီး မိုးကြိုးများ၏ဦးတည်ချက်ကိုထိန်းချုပ်၍ လူလတ်ပိုင်းကြီး၏အနီးသို့ ကျဆင်းနေစေသည်။
ဘုန်း...ဘုန်း...
ကောင်းကင်ဘုံမိုးကြိုး၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအမျါးစုကို လူလတ်ပိုင်းကြီးကခံယူနေရသည်။
ကြွင်းကျန်သောမိုးကြိုးစွမ်းအင်များကမူ လုယွီက ခံယူနေရပေ၏။ လုယွီက သူ၏ကိုယ်တွင်းအင်္ဂါများအထိဝင်လာသော ထုံကျင်မှုကို ခံစားနေရသည်။ သူက အံတင်းတင်းကြိတ်ပြီး သူ၏စကြာဝဋ္ဌာခန္ဓာကိုယ်မှအားအကောင်းဆုံးခွန်အားကို ထုတ်လွှက်လိုက်သည်။ သူ၏ရင်ဘတ်ပေါ်ရှိထိုက်ကျိအမှတ်အသားသည် အပြင်းအထန်လည်နေပြီး မိုးကြိုးစွမ်းအင်အား စတင်ဝါးမြိုနေလေ၏။
ကောင်းကင်ဘုံမိုးကြိုး၏ဆေးကြောသန့်စင်ပေးမှုကြောင့် လုယွီ၏ခန္ဓာကိုယ်မှအညစ်အကြေးများ ယိုစီးထွက်နေပေသည်။ ဤကဲ့သို့ နာကျင်မှုမျိုးသည် သာမာန်လူသားများတောင့်ခံနိုင်သောအရာမျိုး မဟုတ်ချေ။
ဘန်း...
ပြင်းထန်သောမိုးကြိုးလှိုင်းတစ်လှိုင်းက လုယွီနှင့်လူလတ်ပိုင်းကြီးအပေါ် သို့ ကျရောက်လာမှုကြောင့် သူတို့နှစ်ယောက်လုံး လွင့်ထွက်သွားကြသည်။
လုယွီက အထီးကျန်နတ်ဘုရားလှေ၏ကုန်းပတ်အစွန်းနှင့် ရိုက်ခတ်မိပြီး သင်္ဘောလက်ရန်းများပင် ကျိုးပဲ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သင်္ဘောအဆောက်အအုံ၏တံခါးက ပွင့်လာလေ၏။ ကျီးချန်ယွီ သခင်ကြီးဝေ့နှင့်တစ်ခြားလူငယ်ကျင့်ကြံသူများသည် ပြေးထွက်လာကြရာ အံ့အားသင့်တုန်လှုပ်ဖွယ်မြင်ကွင်းကို တွေ့မြင်မိကြသည်။
သူတို့၏အမြင်တွင် အထီးကျန်နတ်ဘုရားလှေ၏ကုန်းပတ်ပေါ်ရှိ လုယွီနှင့်လူလတ်ပိုင်းကြီးထို့ထံသို့ မိုးကြိုးလှိုင်းများက တစ်ချိန်လုံးရိုက်ခတ်နေရာမှ နှစ်ယောက်လုံး သင်္ဘောပေါ်မှ လွင့်စင်သွားကြခြင်းပင်။
"လုယှီ"
ကျီးချန်ယွီ၏မျက်လုံးများအတွင်း၌ နာကျင်မှုအရိပ်အယောင်များပြည့်နှက်နေကာ သူမက လုယွီထံသို့ပြေးဝင်သွားသော်လည်း သခင်ကြီးဝေ့က တားဆီးထားခဲ့သည်။
"အဲ့ဒီနေရာကို မသွားနဲ့"
သခင်ကြီးဝေ့ကမူ အေးဆေးတည်ငြိမ်နေပေ၏။
ကုန်းပတ်ပေါ်တွင်မူ မိုးကြိုးလှိုင်းများက နေရာအနှံကျဆင်းနေပြီး မိုးကြိုးပင်လယ်ကြီးပင်ဖြစ်စပြုနေပေသည်။
ဤအချိန်၌ ကုန်းပတ်ပေါ်သွားသူသည် သေရမည်မှာ မလွဲဧကန်ပင်။
ကျီးချန်ယွီက အလွန်စိုးရိမ်ပူပန်နေပြီး သူမ၏မျက်ရည်များကလည်း မထိန်းနိုင်မသိမ်းနိုင် ကျဆင်းနေလေ၏။
"ဒါတွေက ကျွန်မကြောင့်ဖြစ်တာ....အခုလည်း သူက ကျွန်မကြောင့်သေပြီ"
"စိတ်အေးအေးထား...မင်းရဲ့အဓိကတာဝန်ကို သတိရအုံး"
သခင်ကြီးဝေ့က လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။
ကျီးချန်ယွီက ခေါင်းညိတ်ပြလိုက်လေ၏။ သူမ၏မျက်လုံးများတွင် မျက်ရည်များစိုရွှဲနေပြီး သူမက ဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချလိုက်ပုံဖြင့် လက်သီးကိုတင်းတင်းကျပ်ကျပ် ဆုပ်ထားခဲ့သည်။
"သခင်လေး...မင်းကိုငါ ဘာမှဖြစ်ခွင့်မပြုနိုင်ဘူး"
သခင်ကြီးဝေ့က လုယွီ၏ကံကြမ္မာလမ်းကြောင်းကိုတွက်ချက်လိုသဖြင့် သူ၏လက်ချောင်းများအား ကွေးချည်ဆန့်ချည်လုပ်လိုက်လေ၏။ သို့ရာတွင် သူ၏လက်ချောင်းများလှုပ်ရှားလိုက်သည်နှင့် နေရာ၌ပင်အေးခဲသွားသကဲ့သို့ ရပ်တန့်သွားခဲ့သည်။
"ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်...သခင်လေး...မင်းက ဘယ်သူလဲ"
သခင်ကြီးဝေ့၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏စိတ်နှလုံးသားတစ်ခုလုံးလည်း တုန်ရီသွားပေ၏။
Chapter 428
"ဟူး..." "ခရက်..ခရက်"
ရေစီးကြောင်းစီးဆင်းသံကဲ့သို့ အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လုယွီက သူ၏မျက်လုံးများကိုဖွင့်ပြီး အဝေးရှိကောင်းကင်ပြာအား ကြည့်ရှုလိုက်၏။ စူးရှသောနေရောင်ကြောင့် သူ၏မျက်လုံးများက အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။
"ဟူး...."
လုယွီက အနည်းငယ်လှုပ်ရှားလိုက်၏။ သူ၏စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုနှင့်ပင် သူက ကူရာကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။ သူ၏ခန္ဓာကိုယ်မှ မရီးဒါန်းများအားလုံးနီးပါး ကျိုးပဲ့ပျက်စီးသွားခဲ့သည်။ သူ ဝတ်ဆင်ထားသော ပန်းထိုးဝတ်စုံသည် မှော်ရတနာတစ်ခုဖြစ်သော်လည်း ယခုအျနအထားအရ အပြီးအပိုင်ပင် စွန့်ပစ်ရတော့မည်။
ကောင်းကင်ဘုံမိုးကြိုး၏စွမ်းအားသည် လုယွီ၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ခုခံနိုင်ရန်အလွန်ခက်ခဲခဲ့သည်။ သူ မေ့မျောသွားခဲ့သည်မှာ အမွှေးတိုင်လေးတိုင်လောင်ကျွမ်းချိန်ခန့်ကြာမြင့်ပေရာ ယခု မွန်းလွဲပိုင်းသို့ပင် ရောက်ရှိနေလေပြီ။
လုယွီက နာကျင်မှုကို တောင့်ခံပြီး မတ်တတ်ထရပ်လိုက်၏။ သူ၏ဒန်တျန်အတွင်း၌လည်း မည်သည့်ကျန်းချီမျှမရှိတော့ချေ။ သို့ရာတွင် လျှို့ဝှက်ဆန်းကြယ်သောအင်အားတစ်ရပ်က သူ၏ဒန်တျန်အတွင်း၌ ထွက်ပေါ်နေပေသည်။
"ဖျက်ဆီးပြီးမှတည်ဆောက်...ဖျက်ဆီးပြီးမှတည်ဆောက်"
လုယွီက ထိုစကားစုကို နှစ်ကြိမ်တီးတိုးရေရွတ်ပြီးနောက် သူ၏မျက်လုံးများက တောက်ပလာလေ၏။
"ဒါဆို ထိုက်ကျိအမှတ်အသားက အခုပွင့်သွားပြီလား...တာအိုနည်းစနစ်တွေက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်...ဒီထိုက်ကျိအမှတ်အသားကနေပြီး မဟာတာအိုလမ်းကြောင်းကို ကောင်းကင်နဲ့မြေကြီးကြားမှာလှည့်လည်သွားလာနေတဲ့ အစစ်အမှန်ထိပ်သီးဂိုဏ်းတွေက ပညာရှင်တွေတွေ့ရှိသွားတာပဲဖြစ်မယ်"
လုယွီက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မတ်တတ်ထရပ်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းယိုင်သွားပေ၏။
"ငါရဲ့ခွန်အားကို အရင်ပြန်ဖြည့်တာက ပိုကောင်းလိမ့်မယ်"
လုယွီက ခါးသက်သက်ပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။ သူက ချမ်းသာကြွယ်ဝသောအိမ်တော်မှသခင်လေးတစ်ယောက် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏အတိတ်ဘဝကတည်းက လူသေများစွာကိုနင်းဖြတ်ခဲ့ရ၏။
အချိန်တခဏအကြာတွင် လုယွီက ခွန်အားအနည်းအကျဥ်းပြန်လည်ရရှိလာခဲ့သည်။ သူက သစ်ကိုင်းတစ်ကိုင်းကိုဖြတ်တောက်ပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်အားသတ်လိုက်၏။
မီးမွှေးပြီးနောက် လုယွီက အသားကိုကင်ကာ ဝါးမြိုလိုက်သည်တွင် ခွန်အားအနည်းငယ်ထပ်မံပြည့်ဖြိုးလာခဲ့သည်။
ဤအခြင်းအရာများသည် သူ၏အထွတ်အထိပ်အခြေအနေ၌သာရှိနေပါက လုပ်ဆောင်ရန်မလိုအပ်ချေ။ သို့ရာတွင် ယခုလက်ရှိ လုယွီ၏ခန္ဓာကိုယ်အခြေအနေသည် သေမျိုးတစ်ယောက်လောတ်ပင် ကောင်းမွန်နေခြင်းမရှိပေ။ သူက မွန်းလွဲပိုင်းတစ်ပိုင်းလုံးကို အသားကင်စားရင်းအနားယူကာ အချိန်ကုန်ဆုံးစေခဲ့သည်။
ကောင်းကင်ယံက တစတစ မှောင်ရိပ်သန်းလာပေ၏။
ဤနေရာသည် အထီးကျန်တောင်တန်းမှတောအုပ်တစ်အုပ်ဖြစ်ပြီး လုယွီက လှိုဏ်ဂူတစ်ခုရှာဖွေကာ အတွင်းသို့ဝင်ရောက်ပြီး အဝင်ဝအါးဌက်ပျောရွက်များဖြင့် ဖုံးအုပ်ထားလိုက်သည်။
လုယွီထံ၌ မည်သည့်စိတ်ဝိညာဥ်စွမ်းအင်မျှ မကျန်ရှိတော့ခြင်းကြောင့် သူ၏သိုလှောင်အိတ်ကိုပင် ဖွင့်နိုင်စွမ်းမရှိတော့ချေ။ သူက ငြိမ်သက်စွာဖြင့် ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံလိုက်တော့သည်။
ညအချိန်တွင် သစ်တောအုပ်အတွင်းမှတောရိုင်းတိရစ္ဆာန်များ၏ဟိန်းဟောက်သံများ ထွက်ပေါ်နေသော်လည်း လုယွီ၏ကျင့်ကြံနေခြင်းကို အနှောက်အယှက်ဖြစ်စေခြင်းမရှိချေ။
အချိန်တစ်ညတာကျော်လွန်ပြီးနောက် လုယွီက ကျင့်ကြံနေရာမှ နိုးထလာခဲ့၏။
"ငါရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့ နေရာတစ်ခုတော့ရှာရလိမ့်မယ်"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူက ဤအတိုင်းသာ ဆက်နေနေပါက သူ၏အနာဂတ်ကျင့်ကြံမှုကို သက်ရောက်မှုရှိသွားပေမည်။ နေဝင်ချိန်အရောက်တွင် လုယွီက သစ်တောအုပ်မှထွက်ခွါပြီး မြောက်ဘက်သို့ဦးတည်သွားနေလေ၏။
လမ်းတလျှောက်လုံးတွင် လုယွီက တောရိုင်းတိရစ္ဆာန်များ၏ချောင်းမြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏အတွေ့အကြုံကြွယ်ဝမှုကြောင့် သူတို့အားသတ်ဖြတ်ပစ်နိုင်ခဲ့၏။
နောက်ဆုံး၌ လုယွီက ကြေမွနေသောလူသေလောင်းတစ်လောင်းကို အာရုံခံမိသည်။ ထိုလူသေလောင်းသည် လူမှန်းမသိအောင်ပင်ပျက်စီးနေပြီး သွေးဆာနေသောဝံပုလွေအများအပြားက လူသေလောင်း၏နံဘေးပတ်လည်၌ရှိနေသည်။ လုယွီ ရောက်ရှိလာသည်ကိုမြင်ချိန်တွင် သူတို့ကအော်ဟစ်မြည်တမ်းပြီး ကိုက်ခဲရန်အတွက်ပြေးဝင်လာကြ၏။
လုယွီက သစ်သားလှံကို ကိုင်မြှောက်ပြီး ဝံပုလွေများအား ထိုးစိုက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သွေးများပန်းထွက်လာပြီး ဝံပုလွေအများအပြား မြေပြင်ပေါ်၌ လဲကျနေတော့သည်။
"ထွက်သွားကြစမ်း"
လုယွီက ခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်၏။ သူထံမှအရှိန်အဟုန်သည် ဝံပုလွေများအား ကြောက်ရွံသွားစေခဲ့သည်။
နောက်ဆုံး၌ အသက်ရှင်လျက်ကျန်ရှိနေသော ဝံပုလွေများသည်လည်း အမြှီးကုပ်၍ ထွက်ပြေးသွားကြ၏။
မြေပြင်ပေါ်၌ရှိနေသောအလောင်းကို မည်သူမည်ဝါမှန်း မသိရှိနိုင်သော်လည်း လုယွီကမူ တစ်ချို့သောသဲလွန်စများအရ အမှတ်ရသွားခဲ့သည်။ ဤသူက အထီးကျန်နတ်ဘုရားလှေ၏ကုန်းပတ်ပေါ်၌ သူနှင့်တိုက်ခိုက်ခဲ့သော လူလတ်ပိုင်းကြီးပင်။
တာအိုဒုတိယဆင့်သို့ ရောက်ရှိနေသော သန်မာသောကျင့်ကြံသူတစ်ယောက်သည် သေဆုံးပြီးနောက် တောရိုင်းတိရစ္ဆာန်များ၏အစာဖြစ်သွားသည်မှာ သနားစဖွယ်ဖြစ်ပေ၏။
သို့ရာတွင် လုယွီကမူ ထိုသူအပေါ်၌ သနားစိတ်မရှိချေ။ သူက ဤကဲ့သို့ကိစ္စများကို အမြောက်အများကြုံတွေ့ဖူးပြီးဖြစ်သည်။
လူလတ်ပိုင်းကြီး၏သိုလှောင်အိတ်ကို လုယွီက ယူဆောင်လိုက်သည်တွင် အိတ်အတွင်းမှ သူနှင့်ဆတ်နွယ်နေသောခံစားချက်တစ်မျိုးကို ရုတ်တရက် အာရုံခံမိ၏။
သိုလှောင်အိတ်အတွင်း၌ ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အပိုင်းအစရှိနေပေသည်။
ဘုန်း...ဘုန်း...
ထိုအချိန်မှာပင် ရုတ်တရက် မြေပြင်က တုန်ခါလာခဲ့၏။ လုယွီက မျက်မှောင်ကြုတ်ပြီး ချုံပုတ်တစ်ခု၏နောက်သို့ပြေးသွားပြီး ပုန်းအောင်းလိုက်သည်။
အချိန်တခဏအကြာတွင် ဇိမ်ခံရထားလုံးနှစ်စီး မောင်းနှင်လာခြင်းကို လုယွီက တွေ့မြင်လိုက်ရသည်။
Chapter 429
ရထားလုံးနှစ်စီး တပြိုင်နက်တည်းမောင်းနှင်လာပြီး ရထားဘီးများက မြေပြင်ပေါ်၌ဆက်တိုက်လည်ပတ်နေခြင်းကြောင့် နံဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးများပင် အနည်းငယ်တုန်ခါနေပေသည်။
ထိုရထားလုံးများကို နတ်ဆိုးသားရဲများဆွဲနေခြင်းဖြစ်ပြီး သူတို့၏ခြေထောက်များက မြေပြင်နှင့်ပင်မထိသကဲ့သို့ အလွန်လျှင်မြန်စွာပြေးလွှားနေလေ၏။
ပထမရထားလုံး၏အစိတ်အပိုင်းတိုင်းကို တန်ဖိုးကြီးသော ပစ္စည်းများနှင့်တန်ဆာဆင်ထားသော်လည်း ယခုလက်ရှိချိန်တွင်မူ တိုက်ခိုက်ခံထားရပုံဖြင့် စုတ်ပြတ်သတ်နေသောအခြေအနေသို့ ရောက်ရှိနေပေသည်။
ထပ်...ထပ်..ထပ် ထပ်
ရထားလုံးများက လုယွီပုန်းအောင်းနေသောနေရာအနီးသို့ ရောက်ရှိလာချိန်တွင် နောက်ဘက်ရထားလုံးမှနေ၍ လူရိပ်တစ်ချို့ထွက်ပေါ်လာခဲ့သည်။
ထိုအနက်ရောင်လူရိပ်များသည် သံကြိုးကြီးများကိုကိုင်ထားရာမှ ပထမရထားလုံးအားဦးတည်၍ အပြင်းအထန်ရိုက်နှက်လိုက်သည်။ လေးလံသောသံကြိုးများကြောင့် ရထားလုံးက မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကျိုးပဲ့ပျတ်စီးသွားတော့သည်။
"မင်းသမီး...ထွက်ပြေးဖို့မကြိုးစားပါနဲ့တော့...ဒီနေ့ မင်း ဘယ်လိုမှမလွတ်မြောက်နိုင်ဘူး"
လူရိပ်များထံမှ ကျယ်လောင်သောအသံတစ်သံက ထွက်ပေါ်လာလေ၏။
"မင်းသမီး..ပြေးတော့...ကျွန်တော်တို့ သူတို့ကိုတားဆီးထားမယ်"
ကျိုးပဲ့နေသောရထားလုံးထံမှ အစောင့်တစ်ချို့ထွက်လာပြီး အနက်ရောင်လူရိပ်များထံသို့ ပြေးဝင်တိုက်ခိုက်ကြလေသည်။
"ဟမ့်...အမှိုက်တစ်စုကများ...ငါ့ကို တားဆီးချင်တယ်ပေါ့"
လူရိပ်များ၏နောက်ကွယ်မှ ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်ထွက်လာပြီး အစောင့်အုပ်စုကို အထင်အမြင်သေးပုံဖြင့် ကြည့်နေပေ၏။
"သေစမ်း"
အစောင့်များက ဓားရှည်များကိုင်ဆောင်၍ ပိုးထည်ဝတ်စုံနှင့်လူကြီးအား ခုတ်ပိုင်းလိုက်ကြသည်။
"ကောင်းကင်ကိုဝါးမြိုမယ့် ကျား"
လူကြီးက မန္တန်တစ်ပုဒ်ရွတ်ဆိုပြီး သူ၏လက်ကိုဆန့်တန်းလိုက်ရာတွင် ပြေးဝင်လာသောအစောင့်များ၏ ကြွက်သားများနှင့်အရိုးအကြောများ ကျိုးပဲ့သွားပြီး သူတို့က ပျော့ခွေစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"ကျိုးဝူ...နင်ငါကို ထိဝံ့တယ်ဆိုတော့...ငါရဲ့တော်ဝင်ခမည်းတော် နင်ကိုအပြစ်တင်မှာ မကြောက်ဘူးလား"
ရထားလုံးအတွင်းမှ လှပတင့်တယ်ပြီးတန်ဖိုးကြီးသော အဝတ်အစားများဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ယောက်က ထွက်လာခဲ့သည်။
ထိုမိန်းကလေးက အနည်းငယ်စိုးရိမ်ပူပန်ရသော အနေအထားတွင် ရှိနေပေ၏။ သူမ၏လက်မောင်းတွင် ဓားဒဏ်ရါကြီးတစ်ခုရှိနေပြီး သွေးများကတစ်စက်စက် ယိုစီးကျနေလေသည်။ သူမ၏ဆံပင်များ ပြန့်ကြဲနေသည့်ကြားမှ သူမ၏မျက်လုံးတစ်စုံက အေးစက်တင်းမာစွာဖြင့် သူမရှေ့ရှိလူကြီးအား စူးစိုက်ကြည့်နေလေသည်။
ကျိုးဝူက ရယ်မောလိုက်သည်။
"မင်းရဲ့ တော်ဝင်ခမည်းတော်က သူဟာသူတောင် ဒုက္ခရောက်နေတာ...ဘယ်သူက မင်းကိုလာပြီးဂရုစိုက်မှာလဲ"
"ခွေးမသား....နင်တို့ ကျိုးမိသားစုရဲ့ပုန်ကန်မယ့်အစီအစဥ်ကို ငါ အစကတည်းက ခမည်းတော်ကို သတိပေးသင့်တယ်"
မိန်းကလေးက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
ကျိုးဝူကမူ သရော်တော်တော် ပြန်လည်ပြောဆိုနေလေသည်။
"အင်ပါယာမင်း ဒီနေရာမှာရှိနေရင်ရော ဘာဖြစ်လာမှာမို့လဲ....ငါတို့ ကျိုးမိသားစုက လုံချွမ်တိုင်းပြည်တစ်ပြည်လုံးကို အစကတည်းက ထိန်းချုပ်ထားပြီးပြီ....သူက ရုပ်သေးရုပ်သက်သက်ပဲ....တစ်ကယ်လို့ ကျိုးမိသားစုက သူကိုအလိုမရှိတော့ဘူးရင် သူက စွန့်ပစ်ခံရမှာပဲ"
"မောက်မာလှချည်လား"
မိန်းကလေးက သူမ၏လက်ကိုလှုပ်ရှားလိုက်သည်။ ထို့နောက် ပါးလွှာသောဓားတစ်ချောင်းက သူမ၏လက်အတွင်း၌ ထွက်ပေါ်လာလေ၏။ မိန်းကလေးက ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား စူးရှသည့်ဓားချီများက ဝေ့ဝိုက်တိုက်ခတ်သွားခဲ့သည်။
ဘုတ်...ဘုတ်...ဘုတ်..
လုပ်ကြံသတ်ဖြတ်သူအများအပြားသည် ဓားချီနှင့်ထိတွေ့မိပြီး သေဆုံးသွားပေ၏။ သူတို့၏ဦးခေါင်းများ ဖြတ်တောက်ခံရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
"မင်းသမီးလောဟယ်ရဲ့ခွန်အားက သာမာန်မဟုတ်ဘူးလို့ လူတွေကပြောကြတယ်...ဒါပေမယ့် ငါ့ရဲ့အိပ်ယာထဲကိုရောက်ရင်လည်း မင်းမှာဒီလိုခွန်အားရှိနိုင်မလားဆိုတာပဲ ငါ တွေးနေမိတယ်"
ကျိုးဝူက မင်းသမီးလောဟယ်ကို တပ်မက်စွာဖြင့် စူးစူးဝါးဝါးကြည့်ရှုနေလေ၏။
"နင် အိမ်မက်မက်မနေနဲ့"
မင်းသမီးလောဟယ်က အော်ဟစ်ပြီး နောက်သို့လှည့်ပြေးရန် ဟန်ပြင်လိုက်သည်။
ကျိုးဝူက ခြေလှမ်းကြဲကြီးများဖြင့် ရှေ့တိုးလိုက်သည့်အပြင် သူ၏လက်ဝါးသည်လည်း နဂိုထက်သုံးဆမက ပို၍ကြီးမားကျယ်ပြန့်လာခဲ့သည်။ သူ၏လက်ဝါးရိုက်ချက်တစ်ချက်က လေးလံသောတောင်ကြီးတစ်တောင် ကျဆင်းလာသကဲ့သို့ပင်။ သူ၏လက်ဝါးပတ်လည်၌ လေပြင်းတစ်ချို့ကပ်ပါနေပြီး မိန်းကလေးအား မြေပြင်ပေါ်၌ ဖိအားပေး၍ ချုပ်ကိုင်နိုင်ရန်ကြိုးပမ်းနေခဲ့သည်။
"ဖီးနစ်ဓားချက်"
မိန်းကလေးက ရုတ်တရက်နောက်ပြန်လှည့်ပြီး ရွှေရောင်အလင်းတန်းပါဝင်သောဓားချီဖြင့် ကျိုးဝူအား ဦးတည်၍ခုတ်ပိုင်းလိုက်သည်။
ကျိုးဝူက ရှောင်တိမ်းခြင်းမရှိဘဲ မိန်းကလေးထွက်ခွါရန်ကြံရွယ်နေသောဘက်ခြမ်းအား သူ၏လက်ဝါးဖြင့် ဆက်လက်၍ဖိအားပေးနေခဲ့သည်။
ဝှစ်....
မိန်းကလေး၏ဓားချီသည် ကျိုးဝူ၏လက်ဝါးပေါ်၌ မှိန်ပျပျအဖြူရောင်အမှတ်တစ်ခုကိုသာ ဖြစ်ပေါ်သွားစေ၏။
"ငါ မင်းကိုသေလမ်းမရှာဖို့ အကြံပေးချင်တယ်...မင်း ငါရဲ့ကြင်ယာတော်လုပ်မယ်ဆိုရင် ငါမင်းကိုမသတ်တော့ဘူး"
ကျိုးဝူက ရယ်မောရင်းမှ မင်းသမီးလောဟယ်အား ပြောဆိုလိုက်သည်။ သူ၏လက်ဝါးသည်လည်း ကြည့်နေရင်းမှပင် မင်းသမီးလောဟယ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
ဘန်း....
ထိုအချိန်မှာပင် ခပ်အုပ်အုပ်အသံတစ်သံထွက်ပေါ်လာပြီး မီးခိုးငွေ့များက ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ပျံနှံ့လာလေ၏။
ကျိုးဝူက စူးစူးဝါးဝါးကြည့်ရင်း ကျိန်ဆဲလိုက်သည်။
"မကောင်းတဲ့ ဟာမ"
သူက အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်ရာတွင် လေပြင်းများထွက်ပေါ်လာပြီး သူ၏ရှေ့ရှိမီးခိုးငွေ့များ လွင့်ပြယ်သွားလေ၏။
သို့ရာတွင် မီးခိုးငွေ့နှင့်ဖုန်မှုန့်များ ပျက်ပြယ်သွားသည်နှင့် မင်းသမီးလောဟယ်၏အရိပ်အယောင်ကိုပင် တွေ့မြင်ရခြင်းမရှိတော့ပေ။
"ငါကို လှည့်စားရဲတယ်ပေါ့...သူ့ကို မလွတ်စေနဲ့"
ကျိုးဝူ၏ဒေါသတကြီးအော်ဟစ်သံက သစ်တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်နေပေသည်။
Chapter 430
လုယွီက တိတ်တဆိတ်ထွက်ခွါခဲ့လေ၏။ သူက အပြင်းအထန်ဒဏ်ရါရရှိထားသည့်အပြင် သူတို့ကိုလည်း သိရှိခြင်းမရှိပေ။ ထို့ကြောင့် သူက ပါဝင်စွက်ဖက်ရန်အကြောင်းမရှိပေ။
ယခုလက်ရှိ လုယွီ၏ရည်မှန်းချက်က သူ၏ခွန်အားကို တတ်နိုင်သမျှမြန်ဆန်စွာ ပို၍ကောင်းမွန်လာစေရန်သာဖြစ်သည်။
လုယွီက သစ်တောအုပ်ထံသို့ပြန်သွားပြီး စတင်ကျင့်ကြံနေပေ၏။
ဤနေရာ၌ တောင်တန်းနှင့်သစ်တောများ ထူထပ်နေသောကြောင့် ဌက်များနှင့်တိရစ္ဆာန်များ နေရာအနှံအပြား၌ရှိနေပေသည်။ ညသန်းခေါင်ယံအချိန်တွင် မိုး သည်းကြီးမည်းကြီးရွာချလာခဲ့၏။
ကံကောင်းထောက်မစွာဖြင့် လုယွီ၏တောရိုင်းအတွင်း၌ အသက်ရှင်သန်နိုင်သည့်စွမ်းရည်သည် အလွန်အားကောင်းနေပေသည်။ မိုးမရွာမီကတည်းက လုယွီသည် လှိုဏ်ဂူတစ်ခုကိုနေထိုင်ရန်ပြင်ဆင်ထားပြီး အပူချိန်ကိုထိန်းညှိနိုင်ရန် မီးဖိုထားခဲ့သည်။
မီးဖိုဘေး၌မီးလှုံနေစဥ်တွင် နွေးထွေးမှုက လုယွီ၏ခန္ဓာကိုယ်အနှံ ပျံ့နှံ့သွားလေ၏။ သူက မျက်လုံးမှိတ်ပြီး ငြိမ်သက်စွာ စတင်ကျင့်ကြံနေပေသည်။
"နောက်ထပ်သုံးရက်လောတ်ကြာရင်တော့...ငါရဲ့ကျန်းချီတွေ ပြန်ပြီးရရှိနိုင်လောတ်တယ်"
လုယွီက မျက်လုံးဖွင့်လိုက်လေ၏။ သူက အပြင်းအထန်ဒဏ်ရါရရှိခဲ့သော်လည်း အဆိုးထဲမှအကောင်းဟု ပြောနိုင်သည်။ ကောင်းကင်ဘုံမိုးကြိုး၏အကူအညီဖြင့် သူ၏ခန္ဓာကိုယ်အင်အားသက်သက်ပင် နဂိုထက်နှစ်ဆမက သန်မာလာခဲ့သည်။
ယခုလက်ရှိချိန်တွင် စိတ်ဝိညာဥ်စွမ်းအင်များသာ အလုံအလောတ်ရရှိပါက လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် တစ်ရက်အတွင်း လီထောင်ပေါင်းများစွာ ရှေ့ရောက်သွားပေမည်။
ဖြောက်...ဖြောက်...
မီးဖို၌ကင်ထားသော အသားကင်မှ မွှေးပျံသောရနံထွက်ပေါ်လာခဲ့သည်။
ထိုအချ်န်မှာပင် လုယွီ၏မျက်လုံးများက ရုတ်တရက်အေးစက်သွားလေ၏။ သူ၏ခန့်မှန်းချက်အရ လှိုဏ်ဂူရှေ့၌ တစ်စုံတစ်ယောက်ရောက်ရှိနေပေသည်။
လုယွီက တုန့်ဆိုင်းနေခြင်းမရှိချေ။ သူက ချက်ချင်းအပြင်သို့ ပြေးထွက်လိုက်ရာ သူ၏ရှေ့၌ ဝတ်ရုံရှည်ကြီးဝတ်ဆင်ထားသောလူတစ်ယောက်ရှိနေခြင်းကို တွေ့မြင်ရသည်။
အင့်...
လုယွီက ထိုသူ၏လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်၏။ သို့ရာတွင် ထိုသူက ချက်ချင်းမြေပြင်ပေါ်သို့ လဲကျသွားလိမ့်မည်ဟု လုယွီက မျှော်လင့်မထားမိချေ။
လုယွီက အနည်းငယ်ကြက်သေသေသွားပြီးနောက် ချက်ချင်းပင် လဲနေသောသူ၏ကျန်းချီများက အလွန်အားပျော့နေကြောင်းကို ခံစားမိသည်။
"သေချာရှာကြ...သူ ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူး"
အဝေးတနေရာမှ ခပ်အုပ်အုပ်ခြေသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်အား လိုက်လံဖမ်းဆီးနေပုံပင်။
လုယွီက မျက်မှောင်ကြုတ်ပြီး လဲကျနေသူအား နောက်ကျောပိုး၍ လှိုဏ်ဂူအတွင်းသို့ ခေါ်ဆောင်လာခဲ့၏။
ဖူး...
လုယွီက မီးငြိမ်းသတ်လိုက်ပြီး သူ၏အသက်ရှုသံကို ထိန်းချုပ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လှိုဏ်ဂူသည်အလွန်လျှို့ဝှက်သောနေရာတွင်ရှိပြီး ပြင်ပရှိလေသံမိုးသံများကြောင့် ပြင်ပမှလူများက တွေ့မြင်နိုင်ခဲ့ခြင်းမရှိပေ။
လှိုဏ်ဂူအတွင်း၌မှောင်မည်းနေသော်လည်း လုယွီ၏မျက်လုံးများက ကြည်လင်ပြတ်သားစွာမြင်နိုင်ခဲ့သည်။
လုယွီက သူ ကျောပိုးလာသူကို အောက်သို့ချပြီး ဝတ်ရုံကိုချွတ်ပေးလိုက်ရာတွင် လှပနူးညံပြီး ဖြူရော်နေသောမျက်နှာလေး ထွက်ပေါ်လာလေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။ ဤသူက နေ့လည်တုန်းက သူတွေ့ခဲ့သော မင်းသမီး မဟုတ်လော....။
လုယွီက ဆူညံပူညံဖြစ်ရပ်များ အလိုမရှိချေ။ သို့ရာတွင် ပြင်ပမှလူများက သူကိုသာမင်းသမီးနှင့်အတူမြင်တွေ့သွားပါက သူ့အားသတ်ရန်ကြိုးစားကြပေမည်။
"ဒါက အိမ်မှာထိုင်နေတဲ့လူတစ်ယောက်စီကို ပြဿနာက ခြေထောက်ပေါတ်ပြီး ရောက်လာတာမျိုးလား"
လုယွီက မချိပြုံးပြုံးနေလေ၏။ သို့ရာတွင် ကိစ္စကကြုံကြိုက်လာပြီဖြစ်သဖြင့် သူ ဖြေရှင်းရပေမည်။ လုယွီက သူ၏လက်ဖြင့် မင်းသမီးလောဟယ်၏လက်ကောတ်ဝတ်ကိုစမ်းလိုက်ရာတွင် မျက်မှောင်ကြုတ်လိုက်မိ၏။
"အဆိပ်မိနေတာလား"
မင်းသမီးလောဟယ်၏လက်ကောက်ဝတ်တွင် မြွေစွယ်ရာနှစ်ပေါတ်ရှိနေခဲ့သည်။ လုယွီက သူမအားညင်သာစွာထိတွေ့ပြီး အာရုံခံကြည့်ရာတွင် သူမ၏သွေးအတွင်း၌ပြင်းထန်သောအဆိပ်များရှိနေခြင်းကို တွေ့ရှိမိပေ၏။
"တစ်ကယ်လို့ မင်း ငါနဲ့မတွေ့ခဲ့ရင်...ဒီနေ့တောင် ကျော်နိုင်ပါ့မလားပဲ"
လုယွီက သက်ပြင်းချပြီး နံဘေးဘက်ရှိမြက်ခြောက်တစ်ချို့အား ဆွဲယူလိုက်သည်။
ဤမြက်များသည် အလွန်ထူးဆန်းပေ၏။ ဤမျှစိုစွက်နေသောလှိုဏ်ဂူအတွင်း၌ပင် ပတ်ဝန်းကျင်တစ်ခုလုံးရှိမြက်များအားလုံး ညှိုးနွမ်းခြောက်သွေ့နေလေသည်။
လုယွီက နှင်းရည်များထည့်ထားသော ဝါးပြွန်တစ်ချောင်းကို ထုတ်လိုက်၏။ သူက မြက်ခြောက်များကိုချေမွှပြီး ဝါးပြွန်အတွင်းသို့ ထည့်လိုက်လေသည်။
မြက်ခြောက်များသည် နှင်းရည်နှင့်ထိတွေ့မိသည်နှင့် လျှင်မြန်စွာပျံနှံ့သွားပြီး အရည်ပျော်သွားပေ၏။
လုယွီက မင်းသမီးလောဟယ်ကို မြက်ခြောက်ရည်တစ်ချို့တိုက်ကျွေးပြီး သူမ၏အသက်ရှုနှုန်းတည်ငြိမ်လာသည့်အချိန်ထိ စောင့်ကြည့်နေခဲ့သည်။
တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင် ညတစ်ည အချိန်ကုန်ဆုံးသွားလေသည်။
နောက်တစ်နေ့မနက်တွင် လုယွီက ကျင့်ကြံနေရာမှနိုးထလာခဲ့၏။
"ငါရဲ့ကျန်းချီတစ်ချို့ပြန်လည်ရရှိလာတာကို ခံစားမိတယ်"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေပေသည်။ သူ၏ဒန်တျန်နေရာတွင် ကျန်းချီတစ်ချို့ ရှိနေပေ၏။
လုယွီက အပျော်လွန်နေချိန်မှာပင် အေးစက်စက်အရာတစ်ခုက သူ၏လည်ပင်းအား လာရောက်ထိတွေ့နေခဲ့သည်။
"နင် ဘယ်သူလဲ"
အေးစက်စက်အသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာခဲ့၏။