← Chapters

အခန်း (၄၃၆-၄၄၀)

Vol. 21-25 Ch. 436-440

အခန်း (၄၃၆-၄၄၀)

Vol. 21-25 Ch. 436-440

Chapter 436

လုယွီက နတ်ဘုရားသစ်ပင်မှ ကြက်သွေးရောင်သစ်သီးတစ်လုံးကိုခူးယူပြီးနောက် သူ တုန့်ဆိုင်းနေခြင်းမရှိဘဲဝါးမြိုပစ်တော့သည်။

တုန်ခါနေသောအသံတစ်သံနှင့်အတူ လုယွီ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ ကျန်းချီများ အလျှင်အမြန်တိုးပွါးလာပြီးနောက် မူလက ထိခိုက်ဒဏ်ရါရရှိထားသော လုယွီ၏မရီးဒါန်းများလည်း ပြန်လည်ကောင်းမွန်စပြုလာသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်....

အမွှေးတိုင်နှစ်တိုင်...

ထိုအချိန်မှာပင် ကမ္ဘာငယ်လေးအတွင်းရှိ ကောင်းကင်ယံ၌ ရုတ်တရက် အနက်ရောင်တိမ်တိုက်များဖုံးလွှမ်းလာခဲ့သည်။ လုယွီ၏အနီးပတ်ဝန်းကျင်ရှိအော်ရာများသည်လည်း ပို၍အားကောင်းလာခဲ့ပြီး မထိန်းချုပ်နိုင်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပေ၏။

လုယွီခန္ဓာကိုယ်၏ဘေးအစွန်းမှ ရုတ်တရက်ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ထိုးတက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နဂါးနက်တစ်ကောင်က ရုတ်တရက်ထွက်ပေါ်လာပြီး လုယွီ၏နံဘေးပတ်လည်၌ရစ်ခွေနေကာ အချိန်အတော်ကြာသည့်တိုင်ပျောက်ကွယ်မသွားချေ။

ရွှေရောင်အလင်းတန်း၌ လွှမ်းမိုးချုပ်ကိုင်နိုင်သောအော်ရာပါဝင်နေခြင်းကြောင့် ကောင်းကင်ယံရှိအနက်ရောင်တိမ်စိုင်များသည် ရွှေရောင်အလင်းတန်းနှင့်ထိခတ်မိချိန်တွင် လွင့်ပြယ်သွားတော့သည်။

ရွှေရောင်အလင်းတန်း၏ပတ်လည်တွင် အနက်ရောင်တိမ်စိုင်များကြားမှထွက်ပေါ်လာသော နဂါးနက်တစ်ကောင်က သူ၏အစွယ်များမြင်ရသည်အထိ ဟိန်းဟောက်နေပေ၏။

သို့ရာတွင် ပြင်ပ၌မည်သည့်ထူးဆန်းသောကိစ္စများဖြစ်နေပါစေ လုယွီက သစ်ငုတ်တိုကြီးတစ်ခုကဲ့သို့ လှုပ်ရှားမှုကင်းမဲ့စွာဖြင့်ထိုင်နေဆဲဖြစ်သည်။

ခရက်...ခရက်

ခပ်အုပ်အုပ်အသံများနှင့်အတူ လုယွီ၏ခန္ဓာကိုယ်အပေါ်ယံအက်ကွဲသွားပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ အက်ကွဲသံအဆုံး၌ လုယွီ၏နံဘေးပတ်လည်မှ ရွှေရောင်အလင်းတန်းအကာအကွယ်သည် ကြေမွပျက်စီးသွားပြီး သူက အတွင်းမှထွက်လာခဲ့သည်။

ထိုအချိန်၌ လုယွီ၏မျက်လုံးများသည် သာမာန်လူများယှဥ်မကြည့်ဝံ့လောတ်သည်အထိ လင်းလက်တောက်ပနေပေ၏။

"အဝိုင်းသေးကျင့်ကြံမှုနယ်ပယ်..."

လုယွီက သက်ပြင်းရှိုက်လိုက်သည်။ သူ၏ကျင့်ကြံမှုနယ်ပယ်သည် အထွက်အထိပ်အခြေအနေထိ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးသော်လည်း အဝိုင်းသေးကျင့်ကြံမှုနယ်ပယ်သည် သူအတွက်အားနည်းနေခြင်းမျိုး မဖြစ်နိုင်တော့ချေ။

"ငါက တာအိုဒုတိယအဆင့်ရောက်ဖို့ တစ်ဆို့နေတဲ့အရာထိတွေ့မိတာကို ခံစားမိတယ်...တစ်ကယ်လို့ ငါမှာလုံလောတ်တဲ့စိတ်ဝိညာဥ်စွမ်းအင်ထောက်ပံမှုသာရှိရင် ငါက တခါတည်းအဆင့်ချိုးဖျက်နိုင်လောတ်တယ်"

လုယွီက စတင်၍တွေးတောနေလေ၏။ သူက စိတ်ဝိညာဥ်စွမ်းအင်များလိုအပ်နေဆဲပင်။

ယခုလက်ရှိချိန်တွင် လုယွီက ဗုဒ္ဓ၏မဟာတာအိုလမ်းကြောင်းကို နားလည်မှုတစ်ချို့ရရှိထားပြီးဖြစ်၍ သူ၌စိတ်ဝိညာဥ်စွမ်းအင်ထောက်ပံမှုသာ အလုံအလောတ်ရရှိပါက သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ကောင်းကင်ယံတိုင်ထိုးတက်သွားပေမည်။

"ကောင်းကင်နဲ့မြေကြီးကြားမှာ စိတ်ဝိညာဥ်စွမ်းအင်ပေါကြွယ်ဝတဲ့နေရာတွေ မရေမတွက်နိုင်အောင်ရှိတယ်....ငါက အဲ့ဒီနေရာတစ်ခုကို မြန်မြန်သိမ်းပိုက်ပြီး ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ရမယ်"

လုယွီက သူ လုပ်ဆောင်ရမည့်အချက်ကို သဘောပေါတ်နားလည်ထားပေ၏။

သူက စိတ်ဝိညာဥ်စွမ်းအင်ပေါကြွယ်ဝစွာ စုပ်ယူနိုင်မည့်နေရာတစ်ခုသို့ သွားရန်လိုအပ်ပြီး သူ၏စွမ်းအားကို အလျှင်အမြန်တိုးတက်စေရန်လုပ်ဆောင်ရပေမည်။

"နောက်ထပ်ကတော့...ဒီစိတ်ဝိညာဥ်အပိုင်းအစပဲ"

လုယွီက လူလတ်ပိုင်းကြီးထံမှရရှိထားသော ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အကြွင်းအကျန်ကို သူ၏ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

တုန်ခါလာသောအသံတစ်သံနှင့်အတူ အကြွင်းအကျန်စိတ်ဝိညာဥ်အပိုင်းအစသည် အချိန်တခဏအတွင်း၌ပင် လုယွီ၏စုပ်ယူခြင်း ခံလိုက်ရ၏။

ဤတစ်ကြိမ်တွင် လုယွီ၏စုပ်ယူမှုသည် ပို၍အဆင်ပြေချောမွေ့လာပေသည်။ သူ၏အသိစိတ်ပင်လယ်အတွင်းရှိ မဟာတာအိုရုပ်ထုများအကြားတွင် တစ်ခြားရုပ်ထုထပ်မံပေါ်ထွက်လာခဲ့သည်။ ဤတစ်ကြိမ်ထွက်ပေါ်လာသောရုပ်ထုသည် ခံ့ညားထည်ဝါပြီး ဝိုးတဝါးပုံရိပ်တစ်ခုပင်။

ထိုပုံရိပ်၏နံဘေးပတ်လည်တွင် တိမ်များရွေ့လျားနေပြီး နဂါးများကရှေ့နောက်လှည့်ပတ်ပြီးဝိုင်းပတ်နေကြ၏။ ဤရုပ်ထုက တိမ်များ၏အရှင်သခင်ဖြစ်ပေသည်။

ဤဥပဒေသသည် ကောင်းကင်ဘုံအင်ပါယာ၏ဥပဒေသများအနက် အစွမ်းအထက်ဆုံးလည်းဖြစ်သည်။

"ဟူး...ငါရှာမတွေ့သေးတဲ့ စိတ်ဝိညာဥ်အပိုင်းအစတွေရှိနေအုံးမှာပဲ...ဒါပေမယ့် ငါ ပြန်ရှင်သန်လာတဲ့အချိန်က အရမ်းနောက်ကျလွန်းတယ်...အပိုင်းအစတွေအကုန်ရဖို့အတွက်ကတော့ မျှော်လင့်လို့မရဘူး"

လုယွီက သက်ပြင်းတစ်ချက်ချရင်းမှ တီးတိုးရေရွတ်နေလေ၏။ သူ စိတ်ဝိညာဥ်အပိုင်းအစကို ဝါးမြိုပြီးနောက် တစ်ခြားတစ်ခုအား အာရုံခံမိသည်။

အမှန်အားဖြင့် သူက ဤစိတ်ဝိညာဥ်အပိုင်းအစများရယူနိုင်ရန် လက်လျှော့ခြင်းမပြုနိုင်ချေ။ ဤစိတ်ဝိညာဥ်အပိုင်းအစများ သူရရှိခြင်းသည် ကောင်းကင်ဘုံအင်ပါယာ ပြန်လည်ရှင်သန်လာမည်ကို တားဆီးနိုင်ရုံသာမက သူ၏ခွန်အားကိုလည်းတိုးတက်စေပေသည်။

"တစ်ခြားစိတ်ဝိညာဥ်အပိုင်းအစရဲ့တည်နေရာကို ကြည့်ရတာတော့ အဲ့ဒီနေရာမှာပဲ"

လုယွီက တည်နေရာတစ်ခုအား ရှာဖွေတွေ့ရှိသွားပြီးနောက် သူ၏မျက်လုံးများ လင်းလက်တောက်ပသွားလေ၏။

ဝှစ်

ခေါင်းဖြတ်ဓား ထွက်ပေါ်လာပြီး လုယွီ၏ခြေထောက်ရှေ့၌ ကျဆင်းလာခဲ့သည်။ သူက ခေါင်းဖြတ်ဓားကို ထိန်းချုပ်စီးနင်းပြီး လေထုကိုထွင်းဖောတ်ကာ အကြွင်းအကျန်စိတ်ဝိညာဥ်အပိုင်းအစ၏တည်နေရာသို့ ဦးတည်ထွက်ခွါခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် လုယွီက နတ်ဘုရားစိတ်အာရုံကို ထုတ်လွှက်ပြီး သူ၏ပတ်ဝန်းကျင်နေရာအနှံ့အား စူးစမ်းထောက်လှမ်းနေခဲ့သည်။

ဤနေရာမှ ကောင်းကင်နှင့်မြေကြီးကြားရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေနှင့်နှိုင်းယှဥ်ပါက များစွာပို၍သိပ်သည်းပေသည်။

စိတ်ဝိညာဥ်စွမ်းအင်ပေါကြွယ်ဝခြင်းကြောင့် သာမာန်သေမျိုးအများစု၏ခန္ဓာကိုယ်၌ပင် ကျန်းချီများရှိနေပြီး ကျင့်ကြံသူမဟုတ်သောသူဟူ၍ ဤနယ်မြေ၌မရှိသလောတ်ပင်။

Chapter 437

လုံချွမ်တိုင်းပြည်...အင်ပါယာမြို့တော်

ဤနေရာသည် လုံချွမ်တိုင်းပြည်၏အချက်အချာနေရာဖြစ်သဖြင့် အင်ပါယာမြို့တော်အား တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။

လုံချွမ်တိုင်းပြည်အတွင်းရှိ ဂိုဏ်းများအားလုံးသည် အင်ပါယာနန်းတော်၌စာရင်းသွင်းထားရန်လိုအပ်သည်။ အင်ပါယာနန်းတော်မှစစ်ဆေးပြီး ထောက်ခံချက်ရရှိမှသာလျှင် ဂိုဏ်းတစ်ခုအား တည်ထောင်ခွင့်ရပေမည်။

လုံချွမ်တိုင်းပြည်၏နယ်စပ်တိုင်းအား အင်ပါယာနန်းတော်ကသာ စောင့်ကြပ်နေသဖြင့် အလွန်အရေးပါလေသည်။ ထို့ကြောင့် မည်သည့်ဂိုဏ်းကမျှ အင်ပါယာနန်းတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်းမပြုကြချေ။

လုယွီက မြို့တံခါးနားသို့ရောက်ရှိလာချိန်တွင် မြို့စောင့်များ၏တားဆီးခြင်းခံလိုက်ရသည်။

"ဘယ်ကျင့်ကြံသူကိုမှ အင်ပါယာမြို့ထဲမှာပျံသန်းခွင့်မရှိဘူ...မြို့ဝင်ခွင့်အတွက် မင်းက စိတ်ဝိညာဥ်ကျောက်တုံးအတုံးတစ်ရာပေးဆောင်ရမယ်"

မြို့စောင့်စစ်သားတစ်ယောက်က မြို့အဝင်ရှိလူတိုင်းအား လေးလေးနက်နက်သတိပေးပြောဆိုနေလေသည်။

လုယွီနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိသော ကျင့်ကြံသူများသည် သူတို့၏စိတ်ဝိညာဥ်ကျောက်တုံးများကို ထုတ်ပေးနေကြ၏။ တစ်ချို့လူများ၏ကျင့်ကြံဆင့်များသည် မြို့စောင့်စစ်သားများထက်မြင့်မားသော်လည်း သူတို့ကအထွန့်မတက်ဝံ့ကြချေ။

ဤသည်က တိုင်းပြည်၏စွမ်းအား ဖြစ်ပေ၏။

လုယွီက ထိုမြင်ကွင်းအားမြင်ချိန်တွင် သူ၏စိတ်နှလုံးသားကိုမထိန်းချုပ်နိုင်တော့ဘဲ အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။

တောင်ပိုင်းစွန့်ပစ်ကုန်းမြေရှိ တိုင်းပြည်အများစုသည် သေမျိုးတိုင်းပြည်များသာဖြစ်ပြီး ၎င်းတို့ကိုအဆင့်နိမ့်အင်မော်တယ်ဂိုဏ်းများက အုပ်ချုပ်သည်။ ထိပ်သီးအင်မော်တယ်ဂိုဏ်းများကမူ အဆင့်နိမ့်အင်မော်တယ်ဂိုဏ်းများအား တဆင့်ပြန်၍အုပ်ချုပ်လေသည်။

ကျင့်ကြံသူနိုင်ငံများကိုမူ လုယွီက ယခင်ကတည်းက မြင်တွေ့ဖူးပြီးဖြစ်သည်။ သူ မြင်တွေ့ဖူးသည်က ကောင်းကင်ဘုံအင်ပါယာ၏တာယွီအင်ပါယာဖြစ်ပေ၏။

"ငါ မြေအောက်လောကတစ်ဆယ်ရှစ်နယ်မြေရဲ့အုပ်စိုးသူဖြစ်စဥ်တုန်းက နယ်မြေတစ်ခုချင်းစီက ပြန့်ကျဲနေတဲ့သဲတွေနဲ့တူနေမယ်လို့ မတွေးခဲ့မိဘူး....ငါ့နယ်မြေတွေကြားမှာ ဘာစည်းလုံးညီညွတ်မှုမှမရှိခဲ့ဘူး"

လုယွီက တီးတိုးရေရွတ်နေလေ၏။

မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေမှလူများသည် လုယွီ၏အမိန့်ကို နာခံနေရသည့်အကြောင်းအရင်းမှာ သူ၏အတိတ်ဘဝတွင် ထိုနယ်မြေများကိုအုပ်ချုပ်ရန် သန်မာမှုအလုံအလောတ်ရှိနေခြင်းကြောင့်ပင်။

သို့ရာတွင် လုယွီ ပျောက်ကွယ်သွားသည်နှင့် ပြန့်ကျဲနေသောသဲများကဲ့သို့ မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေလုံး ချက်ချင်းပင် ပြိုကွဲသွားကြသည်။

သွေးကျွန်၏မှတ်ဥာဏ်များအတွင်း၌ ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်သည် သေဆုံးသွားသော်လည်း သူ၏တာယွီအင်ပါယာ ပြိုကွဲသွားခြင်းမရှိချေ။ သို့ရာတွင် တာယွီအင်ပါယာသည် ရှန်းလင်းလုံ၏ထိန်းချုပ်ခြင်း ခံလိုက်ရသည်။

အချိန်ကိုပြန်ပြောင်းရွှေ့နိုင်ပြီး မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေကို တာယွီအင်ပါယာကဲ့သို့သာ အုတ်မြစ်ချခဲ့ပါက မည်သည့်အခြေအနေဖြစ်ပျက်သွားမည်ကို သူ သိရှိနိုင်တော့မည်မဟုတ်ချေ။

လုယွီက ထိုအကြောင်းများကို ထပ်မံတွေးတောခြင်းမပြုတော့ဘဲ လူအုပ်ကြီး၏နောက်မှလိုက်၍ မြို့အတွင်းသို့ ဝင်ခဲ့တော့သည်။

မြို့တံခါး၌ လူတန်းရှည်ကြီး တန်းစီနေပေ၏။

ရုတ်တရက် မီးတောက်ကောင်းကင်မြင်းလေးကောင်ဆွဲလာသော ရထားလုံးတစ်စီးက မြို့တံခါးထံသို့ တရကြမ်းမောင်းဝင်လာခဲ့၏။

ရထားလုံးပေါ်၌ လွှင့်ထူထားသော ရစ်ခွေနဂါးအလံများကလည်း လေထုအတွင်း၌ တဖျတ်ဖျတ်ခတ်နေလေသည်။

"ဒါက တော်ဝင်ရထားလုံးပဲ...ဖြတ်သန်းခွင့်ပြုလိုက်"

ကျီ....ကျီ...

နားအူလုမတတ်ဆူညံသောအသံတစ်သံနှင့်အတူ မြို့တံခါးက ချက်ချင်းပွင့်လာပြီး မြို့အတွင်းသို့ ဒုန်းစိုင်းဝင်သွားခဲ့သည်။

"ဒါက တော်ဝင်ရထားလုံးပဲ....သူတို့က မြို့ထဲကို ဒုန်းစိုင်းပြေးဝင်နိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး"

"ဘာလို့ တော်ဝင်မိသားစုက အလျှင်လိုနေတာလဲမသိဘူး...ဒီလိုရထားလုံးမျိုးကို ငါ မြင်တာ သုံးကြိမ်မြောက်ပဲ"

"ကောလဟာလတွေအရတော့ အင်ပါယာမင်းကြီးက အသည်းအသန်နာမကျန်းဖြစ်နေတယ်တဲ့...တိုင်းပြည်အနှံ့အပြားမှာရှိတဲ့ သမားတော်တွေအကုန်လုံးကို ဖိတ်ကြားထားတယ်"

လုယွီက သူ၏နံဘေးပတ်လည်ရှိလူများ၏စကားများကိုနားထောင်ပြီးနောက် ထပ်မံ၍အရေးမစိုက်တော့ချေ။ သူ၏ရည်မှန်းချက်ပန်းတိုင်သည် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အပိုင်းအစသာ ဖြစ်ပေ၏။

ယခုလက်ရှိချိန်တွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဝိုင်းသေးနယ်ပယ်ပြန်လည်ရရှိထားသည်။ အကယ်၍ သူက တစ်ခြားစိတ်ဝိညာဥ်အပိုင်းအစတစ်ခုကိုသာ ဝါးမြိုနိုင်ပါက တစ်ကြိမ်တည်းဖြင့် တာအိုဒုတိယအဆင့်ကိုပင် ချိုးဖျက်ဝင်ရောက်နိုင်ပေလိမ့်မည်။

"ကြည့်ရတာတော့ ဟိုဘက်ခြမ်းမှာပဲ"

လုယွီက စိတ်ဝိညာဥ်အပိုင်းအစ၏အော်ရာနောက်လိုက်၍ လမ်းကြိုလမ်းကြားတစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။

အင်ပါယာမြို့တော်သည် အလွန်စည်ကားသိုက်မြိုက်၏။ လမ်းများတွင် ကျင့်ကြံသူများဖြင့်ပြည့်နှက်နေပြီး အဆောက်အအုံများကလည်း ခမ်းနားထည်ဝါပေသည်။

တာလျန့်အင်ပါယာမှလုံကျင်းမြို့တော်ပင် ဤနေရာနှင့်နှိုင်းယှဥ်၍ရမည်မဟုတ်ချေ။

သို့ရာတွင် ဤကဲ့သို့စည်ကားသိုက်မြိုက်သောမြို့တော်အတွင်း၌ ချောင်ချသောနေရာများရှိနေခဲ့သည်။

လုယွီက ဘယ်ကွေ့ ညာကွေ့သွားနေရင်းမှ ဆင်းရဲသားရပ်ကွက်နှင့်တူညီသောနေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာ၌ ကျင့်ကြံသူမရှိသလောတ်ဖြစ်ပြီး လူများစုက သေမျိုးများသာဖြစ်သည်။

ဤနေရာသည် ကျင့်ကြံခြင်းနိုင်ငံကြီး၏အောက်ခြေလူတန်းစားများနေထိုင်ရာဖြစ်ပေ၏။ အကယ်၍ သူတို့သာ သေမျိုးနိုင်ငံများတွင်ရှိနေပါက သက်တောင့်သက်သာအသက်ရှင်သန်နိုင်မည်ဖြစ်သော်လည်း ဤနေရာတွင်မူ သူတို့က ခြေတစ်လှမ်းမျှပင်တိုးဝံ့ခြင်းမရှိချေ။

လုယွီက ခြံဝန်းငယ်တစ်ခုအတွင်းသို့ ဝင်သွားလိုက်၏။

ခြံဝန်းငယ်သည် အလွန်အမင်းယိုယွင်းပျက်စီးနေပေသည်။ နံရံ၏အပြင်ဘက်အလွှာများသည် မြေပြင်ပေါ်သို့ကွာကျနေပြီး မီးခိုရောင်သာကျန်ရှိတော့သည်။

ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အပိုင်းအစတစ်ခုက ဤနေရာ၌ရှိနေပေသည်။

Chapter 438

ခြံဝန်းငယ်၏နံရံများအားလုံးပျက်စီးယိုယွင်းနေသည့်အပြင် နေရာအများစုက ပြိုကျနေပေသည်။

လုယွီက ခြံဝန်းအတွင်းသို့ဝင်လိုက်ချိန်၌ အပြင်းအထန်ချောင်းဆိုနေသံအား ကြားမိသည်။

"ကောင်းကင်ဘုံအင်ပါယာရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခုက ဒီလိုနေရာမျိုးမှာလား"

လုယွီက ပတ်ဝန်းကျင်တစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုလိုက်သည်။

ခြံဝန်းတစ်ခုလုံးနီးပါး ပျက်စီးယိုယွင်းနေပြီး မြေပြင်ပေါ်၌ခင်းထားသောကျောက်ပြားများပင် မရှိတော့ချေ။ ညှိုးနွမ်းခြောက်သွေ့နေသောသကြားပင်ပျော့တစ်ပင်သာလျှင် ခြံဝန်းအတွင်း၌ရှိနေပေ၏။

ခြံဝန်းအတွင်းရှိ ဟောင်းနွမ်းစုတ်ပြတ်နေသောအခန်းတံခါးက ပွင့်နေခဲ့သည်။ အခန်း၏တံခါးနှင့်ပြတင်းပေါတ်များအားလုံးက ဖုန်အလိပ်လိပ်တတ်နေပေ၏။

"အဟွက်...အဟွက်...အဟွက်"

အပြင်းအထန်ချောင်းဆိုးနေသံက ထိုအခန်းအတွင်းမှ ထွက်ပေါ်နေလေသည်။

လုယွီက အခန်းအတွင်းသို့ဝင်လိုက်ရာ ချက်ချင်းပင် ပြင်းထန်သောဆေးရနံများကို ရှုရှိုက်မိသည်။

ဤနေရာမျိုးအား အိမ်ဟုခေါ်နိုင်ရုံသာရှိပေ၏။ မီးဖိုပေါ်၌ ဆေးပင်များထည့်ထားပြီးပွက်ပွက်ဆူနေသော အိုးတစ်လုံးသာရှိသည်။

အခန်းအတွင်း၌လည်း ခလေးနှစ်ယောက်သာ ရှိနေသည်။ အိပ်ယာနံဘေး၌ မိန်းကလေးတစ်ယောက်ရှိနေပြီး အိပ်ယာပေါ်၌မူ ကောင်လေးတစ်ယောက်က ဖြူရော်စွာဖြင့် လဲလျောင်းနေပေသည်။

သူတို့နှစ်ယောက်က အသက် ရှစ်နှစ် ကိုးနှစ် အရွယ်ခန့်သာရှိပုံပင်။ သူတို့၏အဝတ်အစားများက စုတ်ပြတ်ကြေမွနေပြီး သူတို့မျက်နှာများတွင် ဂျေးညှော်များအလိပ်လိပ်ကပ်နေသည်။

လုယွီအခန်းအတွင်းသို့ဝင်လာခြင်းကိုမြင်သော မိန်းကလေးက အံ့အားသင့်သွားပုံမရချေ။

"ရှင် ဒီနေရာကို အကြွေးတောင်းဖို့လာတာမလား...ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်...ဒါပေမယ့် ကျွန်မ သူကို ဆေးအရင်တိုက်လိုက်အုံးမယ်"

မိန်းကလေးက မတ်တတ်ထရပ်ပြီး သူမမျက်နှာပေါ်ရှိအညစ်အကြေးများအား သုတ်လိုက်၏။ ထု့နောက်သူမက မီးဖိုပေါ်ရှိအိုးကိုမပြီး ပန်းကန်လုံးတစ်ခုအတွင်းသို့ထည့်ကာ ကောင်လေး၏ပါးစပ်အတွင်းသို့ တိုက်ကျွေးနေလေသည်။

လုယွီက ပြောဆိုလိုက်သည်။

"ငါက ဒီနေရာကို အကြွေးတောင်းဖို့လာတာမဟုတ်ဘူး"

မိန်းကလေးက လုယွီပြောဆိုနေသောစကားများသည် သူမအားလှည့်စားနေခြင်းဟူသော အဓိပ္ပါယ်ပါသည့်မျက်လုံးများဖြင့်သာ ကြည့်ရှုနေခဲ့သည်။

လုယွီက ရွေးချယ်စရာမရှိတော့ဘဲ စားပွဲပေါ်ရှိအဝတ်အရုပ်တစ်ရုပ်ကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်တော့သည်။

"ငါက အဲဒီဟာကိုလိုချင်လို့ ဒီနေရာကိုလာခဲ့တာ"

အရုပ်ကိုကြည့်ရသည်မှာအလွန်သာမာန်ဆန်နေပြီး ၎င်းပေါ်ရှိအပ်ရာ ချည်ရာများကလည်းကြမ်းတမ်းလှပေ၏။ အရုပ်ကို မပြည့်စုံသောအဆင့်များဖြင့် ချုပ်ထားသကဲ့သို့ ရိုးရှင်းလွန်းသောချုပ်ရိုးချုပ်သားများက ပေါ်လွင်နေလေသည်။

မိန်းကလေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"ဒါက ကျွန်မမောင်လေးရဲ့တစ်ခုတည်းရှိတဲ့ အရုပ်လေးပါ...ရှင်က အဲဒါကိုယူသွားချင်လို့လား"

လုယွီက အရုပ်ပေါ်လက်တင်လိုက်ရာတွင် ရင်းနှီးကျွမ်းဝင်သောအော်ရာတစ်ခုကို အာရုံခံမိ၏။

"သေချာတာပေါ့...ဒါက ကောင်းကင်ဘုံအင်ပါယာရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ပဲ"

လုယွီ၏မျက်လုံးများ လင်းလက်တောက်ပလာခဲ့သည်။

ထိုစိတ်ဝိညာဥ်အပိုင်းအစကလည်း လုယွီအား အာရုံခံမိပုံပေါ်နေသည်။ အရုပ်အတွင်းမှစိတ်ဝိညာဥ်အပိုင်းအစက တုန်ရီနေပြီး ထွက်ပြေးလွတ်မြောက်ချင်နေပုံပင်။

သို့ရာတွင် လုယွီက မည်သည့်နည်းဖြင့်အခွင့်အရေးပေးမည်နည်း...။ ရုတ်ချည်းဆိုသလိုပင် လုယွီ၏ကျန်းချီများက အရုပ်အတွင်းသို့ ထိုးဖောတ်ဝင်သွားပြီး အကြွင်းအကျန်စိတ်ဝိညာဥ်အပိုင်းအစ၏အမှတ်အသားအား ဖယ်ရှားလိုက်၏။

လေထုအတွင်း၌ ခပ်သဲ့သဲ့မြည်တမ်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မိန်းကလေးက စူးစမ်းချင်ပုံဖြင့် လှည့်ပတ်ကြည့်ရှုနေပေ၏။ သို့ရာတွင် အသံက မည်သည့်နေရာမှထွက်ပေါ်လာခြင်းအား သူမ မသိရှိပေ။

"ငါ အဲ့ဒီအရုပ်ကိုလိုချင်တယ်...ဘယ်လောတ်ပေးရမလဲ"

လုယွီက မြေပြင်ပေါ်၌ဆောင့်ကြောင့်ထိုင်ရင်းမှ မိန်းကလေးအား မေးမြန်းလိုက်သည်။

"ဒါက သာမာန်အရုပ်လေးပဲလေ...တစ်ကယ်လို့ ရှင်လိုချင်ရင် ကြေးပြားတစ်ပြားပဲပေးပါ"

မိန်းကလေးသည် အချိန်အတန်ကြာသည်အထိ တုန့်ဆိုင်းနေပြီးမှ နောက်ဆုံး၌ သူမက လက်ညှိုးတစ်ချောင်းထောင်လိုက်သည်။

ကြေးပြားတစ်ပြားသည် သေမျိုးများကြားတွင် စျေးအပေါဆုံးအဖိုးအခဖြစ်သည်။

လုယွီက အလျှင်စလိုသဘောတူညီခြင်းမရှိဘဲ အိပ်ယာထက်၌ လဲလျောင်းနေသော ကောင်လေးအားကြည့်လိုက်၏။

"သူက မင်းရဲ့မောင်လေးလား"

မိန်းကလေးက အနည်းငယ်ဝမ်းနည်းနေပုံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"သူမှာ ထူးဆန်းတဲ့ရောဂါတစ်ခုရှိတယ်...ကျွန်မတို့မိသားစုရဲ့ငွေကြေးတွေလည်း မောင်လေးကိုကုသလို့ ကုန်သွားပြီ..ဒါပေမယ့် မလုံလောတ်သေးဘူး...ကျွန်မ ကိုယ်တိုင်ငွေရှာမှဖြစ်မှာမို့ ကျွန်မကိုယ်ကျွန်မရောင်းပြီး မောင်လေး ဆေးကုသဖို့အတွက် ချန်ထားခဲ့တော့မှာ"

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားပေ၏။ သူ ဥာဏ်ရည်မမှီသူဖြစ်နေစဥ်အချိန်တုန်းက လုလမ်ရွှမ်းကလည်း သူ့အား အလွန်ပင်ဂရုစိုက်ခဲ့သည်။

"ဒါက အရမ်းထူးဆန်းနေတယ်...ကောင်းကင်ဘုံအင်ပါယာရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်က ဘာလို့ဒီလိုသေမျိုးတစ်ယောက်ကို ရှာဖွေရတာလဲ"

လုယွီက တီးတိုးရေရွတ်လိုက်မိသည်။

ထိုအချိန်မှာပင် အခန်းတံခါးအား ပြင်ပမှကန်ကျောက်ဖွင့်ခြင်းခံလိုက်ရသည်။

"ကောင်မလေး...ငါနဲ့လိုက်ခဲ့....မဟုတ်ရင် ဒီနေ့ နင့်မောင်လေးကို ဆေးကုသပေးတာရပ်လိုက်မယ်"

ပြင်ပမှ ကျယ်လောင်ပြီးရိုင်းပျသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

Chapter 439

အခန်းအတွင်းသို့ လူမိုက်ပုံပေါတ်နေသောလူတစ်စုက မိန်းမဝကြီးတစ်ယောက်အား ခြံရံ၍ဝင်လာကြ၏။

"ထွီ...တစ်ကယ်လို့ ငါမနေ့ကသာ မှားယွင်းတဲ့လက်မှတ်တစ်ခုကိုမထိုးမိဘူးဆိုရင် ဒီလိုစုတ်ပြတ်သတ်နေတဲ့နေရာမျိုးကိုလာစရာမလိုလောတ်ဘူး"

လူမိုက်တစ်ယောက်က ညည်းညူနေလေ၏။

ထိုလူမိုက်များအနက်မှလူနှစ်ယောက်၏လက်အတွင်းတွင် ဓားများကိုကိုင်ဆောင်ထားကြသည်။ သူတို့က အခန်းအတွင်းသို့ ရောက်လာသည်နှင့် စားပွဲပေါ်မှပစ္စည်းများအား မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။

စားပွဲပေါ်မှအရုပ်လည်း​ မြေပြင်ပေါ်သို့ပြုတ်ကျသွားပေ၏။

"လျောင်အမျိုးသမီး....ဒီမိန်းကလေးက ဘယ်လိုလဲ...သူမက စျေးကောင်းကောင်းရနိုင်လား"

လူမိုက်တစ်ယောက်က သူ၏နံဘေးရှိ မိန်းမဝကြီးအား ပြောဆိုလိုက်သည်။

လျောင်အမျိုးသမီး၏မျက်နှာအမူအယာက မကြည်မသာဖြစ်နေပြီး သူမက ငြူစူဆောင့်အောင့်နေသောလေသံဖြင့် ပြန်လည်ပြောဆိုလေ၏။

"ဒီလိုစုတ်ပြတ်နေတဲ့နေရာမျိုးက ဘယ်လိုလုပ်ပြီးအဖိုးတန်ကျောက်စိမ်းသစ်ရွက်ထွက်လာနိုင်မှာလဲ...ဒါက နိမ့်ကျတဲ့ခွေးတစ်သိုက်ပဲရှိတတ်တဲ့နေရာမျိုးပဲ...တစ်ကယ်လို့ နင်က ဒီလိုဟာမျိုးကို ကျောက်စိမ်းစားသောတ်ဆိုင်ကိုရောင်းချချင်တယ်ဆိုရင်...သခင်လေးတွေရဲ့လက်နုနုလေးတွေညစ်ပတ်ကုန်မှာ ငါ စိုးရိမ်မိတယ်"

လူမိုက်က ရယ်မောရင်းမှ ပြောဆိုလိုက်သည်။

"ဒီတစ်ကြိမ်တော့ မတူပါဘူး...တစ်ကယ်လို့ ကျွန်တော်က လူကဲခတ်ညံရင်တောင်...ဒီမိန်းကလေးလှတာတော့ ကျွန်တော်မြင်နိုင်တယ်..သူရဲ့မောင်နေမကောင်းလို့ ကျွန်တော်ရဲ့ငွေတွေအများကြီးသုံးလိုက်ရတယ်...ဒါကြောင့် သူကို ကျောက်စိမ်းစားသောတ်ဆိုင်ကို ကျွန်တော်ရောင်းရတာ"

လျောင်အမျိုးသမီးက စိတ်မရှည်ပုံဖြင့် မိန်းကလေးအား တစ်ချက်ကြည့်လိုက်ရာတွင် ချက်ချင်းပင်သူမ၏မျက်လုံးများတောက်ပသွားခဲ့သည်။

"အို...ဒီလိုနေရာမျိုးမှာ တစ်ကယ်ကိုပစ္စည်းကောင်းလေးရှိနေပါလား"

လူမိုက်၏မျက်နှာက ရွှင်ပြုံးသွားပေသည်။

"ကျွန်တော် ပြောပါတယ်...စျေးမြန်မြန်ပြော...ကျွန်တော်က စျေးကောင်းရမှရောင်းမှာနော်"

"ငါ နင်ကို ငွေပြားတစ်ရာပေးမယ်...ရောင်းမှာလား"

"လျောင် အမျိုးသမီး...ခင်ဗျား ကျွန်တော်ကို သုံးနှစ်သားခလေးထင်နေတာလား...စျေးကောင်းမရရင် ကျွန်တော် လက်လွှက်မပေးနိုင်ဘူးနော်"

သူတို့နှစ်ယောက်က အချိန်အတန်ကြာသည်အထိ အငြင်းပွါးပြီး နောက်ဆုံး၌ သဘောတူညီချက်ရရှိသွားကြသည်။

"ကောင်းပြီလေ...ကောင်မလေး...ငါ မင်းအတွက်ငွေတွေအများကြီးအကုန်အကျခံခဲ့တာ...အခုက နင်ပြန်ပြီးအကျိုးပြုရမယ့်အချိန်ပဲ"

လူမိုက်၏လက်က မိန်းကလေးအား ဆွဲခေါ်ရန်ဟန်ပြင်လာခဲ့သည်။

သို့သော် သူ၏လက်က လမ်းတစ်ဝက်မှာပင် ဟန့်တားခြင်းခံလိုက်ရ၏။

"သူ ခင်ဗျားကိုပေးစရာဘယ်လောတ်ရှိလဲ"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးမြန်းလိုက်သည်။

"မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...ဒီနေရာက မင်းစကားဝင်ပြောရမယ့်နေရာလား"

လူမိုက်က သူ၏လက်ကိုဟန့်တားထားခြင်းခံရမှုကြောင့် အလွန်ဒေါသထွက်နေပေ၏။

သို့ရာတွင် သူက လုယွီသည်အထက်တန်းလွှာအဝတ်အစားကိုဝတ်ဆင်ထားခြင်းကိုမြင်ချိန်တွင် သူ၏အမူအယာပြောင်းလဲသွားခဲ့သည်။ သူက ရယ်ပြုံးရင်းမှ ပြောဆိုလိုက်၏။

"တစ်ယောက်ယောက်က ဒီနေရာကို ခြေတစ်လှမ်းစောပြီး ရောက်နေမယ်လို့ ငါ ထင်မထားမိဘူး....ဒီလိုဆိုမှတော့ မင်းက ကျောက်စိမ်းစံအိမ်ထက်စျေးပိုပေးနိုင်ရင် ငါ မင်းကိုရောင်းမယ်လေ...ဘယ်လိုလဲ"

"နင်...နင်က ငါရှေ့မှာလာပြီး စျေးတိုးတောင်းရဲတယ်ပေါ့"

လျောင်အမျိုးသမီးက စူးရှရှအော်ဟစ်လိုက်သည်။

"ခင်ဗျား ဘာအဓိပ္ပါယ်မရှိတဲ့စကားတွေပြောနေတာလဲ...တစ်ကယ်လို့ ကျွန်တော်တို့လူစုကသာ ခင်ဗျားကိုကူညီပြီး မိန်းကလေးတွေရှာမပေးဘူးဆိုရင်...ခင်ဗျားရဲ့ကျောက်စိမ်းစားသောက်ဆိုင်အတွက်မိန်းကလေးတွေ ဘယ်နေရာကရမှာလဲ"

လူမိုက်က အေးစက်စက်တုန့်ပြန်ပြောနေလေ၏။

လုယွီက သူတို့၏အဖြစ်အပျက်များအား တွေ့မြင်ပြီးဖြစ်သည်။ သူက ထပ်မံ၍အချိန်မဖြုန်းလိုတော့ချေ။ သူက မိန်းကလေးဘက်သို့လှည့်၍ မေးမြန်းလိုက်သည်။

"မင်း သူတို့ကို အကြွေးဘယ်လောတ်တင်နေတာလဲ"

မိန်းကလေးက ခေါင်းငုံရင်းမှ ဖြေဆိုခဲ့သည်။

"လျန့် နှစ်ဆယ်"

လျန့်နှစ်ဆယ်ဟု ဆိုသလော...ဤသည်က လုယွီအတွက် ဖြေရှင်းရန်အလွန်လွယ်ကူသောကိစ္စပင်။

လူမိုက်က ရုတ်တရက် ကောက်ကျစ်သောအပြုံးဖြင့် ဝင်ရောက်ပြောဆိုလေသည်။

"ဘာ လျန့်နှစ်ဆယ်လဲ...အခု လျန့်တစ်ရာဖြစ်သွားပြီ...မင်း အကြွေးမဆပ်နိုင်သေးတဲ့ရက်တိုင်း တစ်ရက်ကို တစ်လျန့်ပေးရမယ်လို့ ငါပြောထားတာလေ...ဒါက ငါတို့ရဲ့စည်းမျဥ်းပဲ"

လျောင်အမျိုးသမီးက လက်တခါခါဖြင့် လုယွီအား စောင်းမြောင်းပြောဆိုလိုက်၏။

"ငါထင်တာတော့ ဒီကောင်လေးကလည်း ခလေးသာသာပဲရှိသေးတာ....ဘယ်လိုလုပ်ပြီး သူ့မှာ ငွေအဲ့လောတ်ရှိမှာလဲ...ကောင်မလေးကို ငါတို့ကျောက်စိမ်းစားသောက်ဆိုင်ကိုပဲရောင်းလိုက်တော့...ငါ သူ့ကိုခေါ်သွားတော့မယ်"

အချိန်တခဏအတွင်းမှာပင် လုယွီက ယခုအဖြစ်အပျက်များအားလုံးကို သိနားလည်သွားခဲ့သည်။ ဤသည်က သေမျိုးလောကမှလူထိုင်းလူအများ၏ လှည့်စားပြီးငွေရှာဖွေခြင်းသာဖြစ်လေ၏။

"ဒါကိုယူပြီး ဒီနေရာကထွက်သွားတော့"

လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကိုထုတ်ပြီး လူမိုက်၏မျက်နှာကို ပစ်ပေါတ်လိုက်သည်။

"ခွေးမသား...မင်းက ငါကို ပစ်ပေးရဲတယ်ပေါ့"

လူမိုက်က လုယွီကိုရိုက်နှက်ရန် လက်ကိုဆန့်တန်းလိုက်သော်လည်း ရုတ်တရက် သူ၏ရှေ့မှစိတ်ဝိညာဥ်ကျောက်တုံးကိုတွေ့မြင်သွားလေ၏။

"မင်းက ကျင့်ကြံသူတစ်ယောက်လား"

လူမိုက်က တုန်ရီစွာဖြင့် မေးမြန်းလိုက်၏။

"ထွက်သွားကြစမ်း"

လုယွီက ကျန်းချီလှိုင်းတစ်လှိုင်းထုတ်လွှက်လိုက်ရာတွင် လူမိုက်များနှင့်လျောင်အမျိုးသမီးတို့ လွင့်ထွက်သွားကြသည်။

မြေပြင်ပေါ်၌လဲကျသွားသော လူမိုက်များ၏မျက်နှာများက ဖြူရော်နေပေ၏။

"ငါတို့ ကျင့်ကြံသူတစ်ယောက်နဲ့ဆုံတွေ့ရမယ်လို့ မျှော်လင့်မထားမိဘူး"

"ဘာ ကျင့်ကြံသူလဲ...ငါရဲ့ကျောက်စိမ်းစားသောက်ဆိုင်က ကျိုးမိသားစုနောက်ခံရှိတယ်....တစ်ကယ်လို့ သူက ကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင်...ငါတို့ကိုရန်စရဲတဲ့အတွက် သူ သေရမယ်"

လျောင်အမျိုးသမီးက ဒေါသတကြီး ပြောဆိုနေတော့သည်။

Chapter 440

"တစ်ကယ်လို့ ရှင်သူတို့ကို မောင်းထုတ်လိုက်ရင်လည်း...အဲ့ဒီလူတွေက ပြန်လာအုံးမှာပဲ"

မိန်းကလေးက လေသံတိုးညင်းစွာဖြင့်ပြောဆိုလိုက်၏။

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့်သာ ပြန်လည်ပြောဆိုလိုက်၏။

"ငါ မင်းကိုကူညီပေးနေတာမဟုတ်ဘူး...ဒါက မင်းနဲ့ငါရဲ့အလဲအလှယ်အတွက် အနှောက်အယှက်ဖြစ်လို့ သူတို့ကိုမောင်းထုတ်လိုက်တာ"

လုယွီ၏လက် ရုတ်တရက် လှုပ်ရှားလိုက်ရာတွင် မြေပြင်ပေါ်၌ရှိနေသောအရုပ်က လုယွီ၏လက်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

မိန်းကလေး၏မျက်လုံးများက ချက်ချင်းပင်တောက်ပသွားပေ၏။

"ရှင်က ကျင့်ကြံသူတစ်ယောက်လား"

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒီလို ပြောနိုင်ပါတယ်"

မိန်းကလေးက လုယွီအား ကြည့်ရှုနေသောမျက်လုံးများသည် ပို၍ပင်လင်းလက်တောက်ပလာခဲ့သည်။

"မြို့ထဲမှာရှိတဲ့သမားတော်တွေအကုန်လုံးနဲ့ ပြပြီးပြီ...သူတို့အားလုံးပြောကြတာက ကျွန်မရဲ့မောင်လေးကို အင်မော်တယ်တစ်ယောက်ကပဲ ကုသနိုင်မယ်တဲ့....ကျေးဇူးပြုပြီး ကျွန်မရဲ့မောင်လေးကို ကယ်တင်ပေးပါ"

လုယွီ ငြင်းဆိုမည်ကို ကြောက်ရွံနေပုံဖြင့် မိန်းကလေးက သူမ၏လက်ချောင်းများဖြင့် ရေတွက်ပြရင်း ဆက်လက်ပြောဆိုလိုက်၏။

"ရှင်မှာ လက်တိုလက်တောင်းအစေခံတစ်ယောက် ရှိသင့်တယ်လေ...ကျွန်မက အရမ်းလုံလဝီရိယရှိသူတစ်ယောက်ပါ...ကျွန်မ အဝတ်လျှော်တာရော ချက်ပြုတ်တာရောလုပ်နိုင်တယ်...ပြီးတော့ ကျွန်မက အစားလည်းနည်းပါတယ်"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်တော့သည်။

"မင်း မောင်လေးကို အရင်ကြည့်ကြည့်ရအောင်"

လုယွီက အမြဲတစေ သင့်တင့်ညီမျှစွာဖြင့် လုပ်ဆောင်ခဲ့သူဖြစ်သည်။ ဤအရုပ်အတွင်းရှိ ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အပိုင်းအစသည် အင်ပါယာ၏ဥပဒေသတစ်ခုကို နားလည်သဘောပေါတ်ခြင်းနှင့် ထပ်တူညီလုနီးပါးပင်။

ထိုအကြောင်းများကို မိန်းကလေးကမသိရှိသော်လည်း လုယွီက သဘောပေါတ်နားလည်ထားပေသည်။ ဤကဲ့သို့အရာမျိုးသည် ဘုံနယ်မြေအားလုံးတွင်ပင် အဖိုးတန်ရှားပါးပေ၏။ သူက ထိုပစ္စည်းအတွက် မိန်းကလေးအား တစ်စုံတစ်ခုပြန်လုပ်ပေးရခြင်းမှာ သဘာဝကျပေသည်။

"မင်း ငါရဲ့အစေခံလုပ်စရာမလိုပါဘူး...ငါ မင်းရဲ့မောင်လေး နေမကောင်းတာကိုကြည့်ပေးမယ်"

လုယွီ၏အကြည့်က အိပ်ယာထက်၌လဲလျောင်းနေသောကောင်လေးထံသို့ ကျရောက်သွားလေ၏။

ကောင်လေး၏မျက်နှာသည် ဖြူရော်နေပြီး သူ၏နဖူး၌ချွေးများစိုရွှဲနေကာ သူ၏နှုတ်ခမ်းများက ခရမ်းရောင်သန်းနေပြီး လှုပ်ရှားမှုမရှိတော့ချေ။

လုယွီက သူ၏လက်ကို ကောင်လေး၏နှလုံးသားမရီးဒါန်းပေါ်သို့ တင်လိုက်သည်။ ရုတ်တရက် သူက ရင်းနှီးကျွမ်းဝင်သောအရာတစ်ခုကို ခံစားမိသည်။

"ဒါက....စိတ်ဝိညာဥ်စွမ်းအင်မလား"

လုယွီက အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ တစ်စုံတစ်ယောက်က ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအင်များကို ကောင်လေး၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျင့်ကြံမှုနည်းစနစ်များကို မည်သည့်အချိန်ကမျှလေ့ကျင့်ဘူးခြင်းမရှိသောကောင်လေး၏အသိစိတ်ပင်လယ်အတွင်းတွင် ထိုစိတ်ဝိညာဥ်စွမ်းအင်များက အချိန်အတော်ကြာခိုအောင်းနေခဲ့သည်။

အကယ်၍ ကောင်လေးသာ ကျင့်ကြံသူတစ်ယောက်ဖြစ်ပါက ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် သူ၏ကျင့်ကြံဆင့်အတွက် ကောင်းကျိုးများရရှိနိုင်ပေမည်။

သို့ရာတွင် သူ၏ရှေ့မှကောင်လေးအတွက်မူ ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် ပြင်းထန်သောအဆိပ်ဖြစ်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ငါ အဲ့ဒီစိတ်ဝိညာဥ်စွမ်းအင်တွေနဲ့ မင်းရဲ့မရီးဒါန်းတွေဖွင့်နိုင်အောင်ကူညီပေးမယ်"

လုယွီက ပလ္လင်ခွေထိုင်ပြီး ကောင်လေး၏နောက်ကျောပြင်၌ သူ၏လက်ကိုကပ်ထားလိုက်၏။

ရုတ်ချည်းဆိုသလိုပင် လုယွီထံမှကျန်းချီတစ်လှိုင်းပြီးတစ်လှိုင်းက စီးကြောင်းငယ်တစ်ခုအဖြစ်နှင့် ကောင်လေး၏ခန္ဓာကိုယ်အတွင်း၌ စတင်လှည့်ပတ်နေတော့သည်။ သူ၏ကျန်းချီများက ကောင်လေး၏အသိစိတ်ပင်လယ်အတွင်းသို့ ဝင်သွားချိန်တွင် အရိပ်အယောင်မရှိဘဲပျောက်ကွယ်သွားခြင်းကို လုယွီက ချက်ချင်းပင်ခံစားမိသည်။

"စကြာဝဠာခန္ဓာကိုယ်အမျိုးအစားလား"

လုယွီက အနည်းငယ်အံ့အားတသင့် ရေရွတ်လိုက်သည်။

ကောင်လေး၏အခြေအနေသည် လုယွီအတွက် အလွန်ရင်းနှီးကျွမ်းဝင်ပြီးသားကိစ္စဖြစ်သည်။ အကြောင်းအရင်းက လုယွီ၏ခန္ဓာကိုယ်အမျိုးအစားသည်လည်း စကြာဝဠာခန္ဓာကိုယ်အမျိုးအစားဖြစ်နေခြင်းကြောင့်ပင်။

"ဟင်း......"

ကောင်လေးက ရုတ်တရက်ညည်းတွားပြီး သူ၏မျက်လုံးများက ပွင့်လာခဲ့၏။

"မလှုပ်နဲ့"

လုယွီ၏အသံက ကောင်လေး၏နောက်ကျောမှထွက်ပေါ်လာသည်။

"မင်းနဲ့ငါက ဆုံတွေ့ခဲ့ရမှတော့ ဒါက ကံကြမ္မာရေစက်ပဲ....မင်းမှာက စကြာဝဠာခန္ဓာကိုယ်ရှိနေမှတော့ သာမာန်ကျင့်ကြံမှုနည်းစနစ်တွေ ကျင့်ကြံလို့ရမှာမဟုတ်ဘူး....ငါ မင်းကို နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ပေးခဲ့မယ်...မင်းက ကြိုးစားကျင့်ကြံပြီး အနာဂတ်မှာ မင်းရဲ့မိသားစုကိုသေချာစောင့်ရှောက်ပါ"

လုယွီက သူ၏လက်ချောင်းကို မြှောက်ပြီး ကောင်လေး၏နဖူးအား ထိတွေ့လိုက်၏။

များပြားလှသောမှတ်ဥာဏ်များကဒီရေအလား ကောင်လေး၏စိတ်အတွင်းသို့ တိုးဝင်သွားမှုကြောင့် ကောင်လေးထံမှမသဲမကွဲညည်းတွားသံထွက်လာခဲ့သည်။

အကယ်၍ ဤနေရာ၌ ကျင့်ကြံသူတစ်ယောက်ယောက်သာရှိနေပါက ကောင်လေး၏ကံကြမ္မာကို မနာလိုအားကျနေကြမည်မှာ အသေအချာပင်။

ဤသည်က မြေအောက်လောကတာအိုသခင်ကိုယ်တိုင်ဖန်တီးခဲ့သော ကျင့်ကြံမှုနည်းစနစ်ဖြစ်သည်။

တဖြည်းဖြည်းနှင့် ကောင်လေး၏ခန္ဓာကိုယ်အတွက် ကျင့်ကြံမှုအခြေခံအား နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ဖြင့် အုတ်မြစ်ချပြီးသား ဖြစ်သွားပေသည်။

ကောင်လေးထံမှ ကျယ်လောင်သောကြုံးဝါးသံနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာပြီး စူးရှသောအေးစက်စက်အလင်းရောင်များ သူ၏မျက်လုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ဟောင်ထျန်းနယ်ပယ် ပထမအဆင့်...

ဤအဆင့်သည် ကျင့်ကြံသူတစ်ယောက်ဟု ပြောနိုင်ပြီဖြစ်သော အဆင့်ပင်။ ကောင်လေးက သာမာန်သေမျိုးတစ်ယောက်နှင့် ကွဲပြားခြားနားသွားပေပြီ။

All Chapters