← Chapters

အခန်း (၄၄၁-၄၄၅)

Vol. 21-25 Ch. 441-445

အခန်း (၄၄၁-၄၄၅)

Vol. 21-25 Ch. 441-445

Chapter 441

ကောင်လေး၏ခန္ဓာကိုယ်အတွင်း၌ခိုအောင်းနေသော စိတ်ဝိညာဥ်စွမ်းအင်များ ပျက်ပြယ်သွားခြင်းကြောင့် သူ၏မျက်နှာက တဖြည်းဖြည်း အနီရောင်သန်းလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ တည်ငြိမ်ပြီးအားကောင်းသော နှလုံးခုန်သံကလည်း ထွက်ပေါ်နေလေ၏။

သိုင်းပညာတာအိုကိုကျင့်ကြံသောသူများသာလျှင် ဤကဲ့သို့လက္ခဏါမျိူး ပိုင်ဆိုင်နိုင်ပေသည်။

လုယွီက ခလေးနှစ်ယောက်၏အကြောင်းအား မေးမြန်းလိုက်၏။

ကောင်လေး၏နာမည်က ပုရီဖန်းဖြစ်ပြီး မိန်းကလေး၏နာမည်က ပုချောင်းချောင်းဖြစ်သည်။ သူတို့နှစ်ယောက်၏မိဘများ စောစီးစွာကွယ်လွန်ခဲ့ကြသဖြင့် ဤကဲ့သို့ကျင့်ကြံခြင်းမြို့တော်၌ အသက်ရှင်သန်နိုင်ရန် မနည်းရုန်းကန်ခဲ့ကြရသည်။

သေမျိုးတစ်ယောက်က ကျင့်ကြံခြင်းနိုင်ငံတွင် မည်သည့်အလုပ်များလုပ်ဆောင်နိုင်မည်နည်း...။ ကြမ်းတမ်းပြီး ပင်ပန်းဆင်းရဲသော အောက်ခြေအလုပ်သမားလုပ်ရုံမှတပါး အခြားမရှိချေ။

သူတို့မောင်နှစ်မနှစ်ယောက်က အစားအစာရရှိနိုင်ရန် စားသောက်ဆိုင်တွင် မနက်မိုးလင်းမှညမိုးချုပ်ထိ ပင်ပန်းကြီးစွာအလုပ်လုပ်ခဲ့ရသည်။ ပုရီဖန်း နာမကျန်းဖြစ်ခဲ့ရသောအကြောင်းအရင်းမှာ ဆိုင်တွင်အလုပ်လုပ်နေရင်း ကျင့်ကြံသူတစ်ယောက်ပေါ်သို့ ဝိုင်များမတော်တဆ မှောက်ကျခဲ့မိခြင်းကြောင့်ပင်။ ထိုကျင့်ကြံသူသည် ဒေါသထွက်သွားပြီး နည်းစနစ်တစ်ခုကိုအသုံးပြု၍ သူ၏စိတ်ဝိညာဥ်စွမ်းအားတစ်ချို့ကို ပုရီဖန်း၏ခန္ဓာကိုယ်အတွင်း ချိပ်ပိတ်လိုက်သည်။ မည်သည့်အချိန်ကမျှ ကျင့်ကြံခြင်းမပြုလုပ်ဘူးသော သာမာန်သေမျိုးများအတွက် ဤှအခြင်းအရာက နှိပ်စက်ညှင်းပန်းမှုတစ်မျိုးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ပုရီဖန်း နာမကျန်းဖြစ်ပြီးနောက် ပုချောင်းချောင်းက တစ်ချိန်လုံးပြုစုစောင့်ရှောက်ပေးခဲ့ရ၏။

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"တစ်ကယ်လို့ မင်းတို့ကို အနိုင်ကျင့်ခံရတာက လွတ်မြောက်ချင်တယ်ဆိုရင် မင်း ပိုပြီးသန်မာလာအောင်ကြိုးစားသင့်တယ်....အနာဂတ်မှာ မင်းအစ်မကို အရှက်ရတာမျိုးမဖြစ်စေချင်ရင် မင်းကောင်းကောင်းကြိုးစားပြီးကျင့်ကြံပါ"

"ဆရာသခင်ရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ပုရီဖန်းက အိပ်ယာထက်မှလူးလိမ့်ထလာပြီး မြေပြင်ပေါ်၌ဒူးထောက်ကာ လုယွီအားသုံးကြိမ်အရိုအသေပြုလိုက်၏။

လုယွီက အနည်းငယ်ကြက်သေသေသွားခဲ့သည်။ သူက ပုရီဖန်းအား တပည့်အဖြစ်လက်ခံမည်ဟု မပြောခဲ့ဘူးချေ။ သို့ရာတွင် လုယွီက ပုရီဖန်း၏မျက်လုံးများအတွင်းမှ လိမ္မာပါးနပ်သောအကြည့်ကိုမြင်ချိန်တွင် သူက ရယ်မောလိုက်မိသည်။

ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်၌ ဆိုးရွားကြမ်းတမ်းသောပတ်ဝန်းကျင်၌နေထိုင်ခဲ့သော ပုရိဖန်း၌ သိလွယ်တတ်လွယ်သောစရိုက်သဘာဝသါမရှိလျှင် မည်ကဲ့သို့အသက်ရှင်သန်နိုင်မည်နည်း။

ပုရိဖန်းက မြေပြင်ပေါ်၌ဒူးထောက်နေဆဲဖြစ်သည်ကိုကြည့်ပြီး လုယွီကသက်ပြင်းရှိုက်ထုတ်မိတော့သည်။

"ကောင်းပြီလေ...ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းတို့စီကပစ္စည်းတစ်ခုကိုယူဆောင်ထားမှတော့...ငါ တစ်ခုခုတော့ပြန်လုပ်ပေးသင့်တာပေါ့"

လုယွီ၏မျက်နှာအမူအယာက ရုတ်တရက်လေးနက်တည်ကြည်သွားလေ၏။

"ငါရဲ့နာမည်ကလုယွီ...ငါရဲ့တာအိုနာမည်က မြေအောက်လောကတာအိုသခင်...ငါက မြေအောက်လောကနဲ့ပြန်လည်မွေးဖွားခြင်းစက်ဝန်းတို့ရဲ့အုပ်ချုပ်သူပဲ...ငါရဲ့လက်အောက်မှာ သရဲတစ္ဆေတွေ သိန်းသန်းချီရှိတယ်...မင်း ငါရဲ့သင်ပြမှုကိုလိုချင်တယ်ဆိုရင် မင်းကဘာလုပ်သင့်တယ်ဆိုတာကိုသိပြီး ကောင်းကောင်းကြိုးစားတဲ့သူဖြစ်ရမယ်"

"တပည့်က ဆရာသခင်ကို အရိုအသေပြုပါတယ်"

ပုရီဖန်းနှင့်ပုချောင်းချောင်းတို့က လုယွီအား သုံးကြိမ်အရိုအသေ ထပ်မံ၍ပြုလိုက်ကြ၏။

"မင်းတို့ကိုတပည့်လက်မခံခင်တုန်းက...ငါမှာနောက်လိုက်တပည့်ခုနစ်ယောက်ရှိတယ်....ဒါပေမယ့် သူတို့က ဒီကမ္ဘာလောကကမဟုတ်ဘူး...နောင်တစ်ချိန် မင်းတို့သန်မာလာရင် သူတို့နဲ့ဆုံတွေ့ကောင်းဆုံတွေ့နိုင်မယ်"

လုယွီက ပြောဆိုလိုက်၏။

ခလေးနှစ်ယောက်သည် လုယွီပြောဆိုနေခြင်းကို နားလည်သဘောပေါတ်နိုင်စွမ်းမရှိကြသဖြင့် ခေါင်းကိုသာတွင်တွင်ညိမ့်နေကြ၏။

"ဘယ်ကောင်က ငါရဲ့ကျောက်စိမ်းစားသောက်ဆိုင်ကို ပြဿနာရှာရဲတာလဲဆိုတာ ငါမြင်ချင်တယ်"

အခန်းငယ်၏ပြင်ပမှ ကျယ်လောင်စွာအော်ဟစ်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လေပြင်းတစ်ချက်က အိမ်အိုလေးအတွင်းသို့ ဝေ့ဝိုက်တိုက်ခတ်လာခဲ့၏။ ပြင်ပမှလေအေးများကလည်း အိမ်အတွင်းသို့ဝင်ရောက်လာခဲ့သည်။

လုယွီ၏အကြည့်က အေးစက်သွားပြီး ခလေးနှစ်ယောက်ကို သူ၏နောက်သို့ပို့ပြီး ကာကွယ်ထားလေ၏။

ခြံဝန်းအတွင်းတွင် ပိန်ခြောက်ခြောက်ကျင့်ကြံသူတစ်ယောက် ရောက်ရှိနေပေသည်။ ထိုသူ၏လက်အတွင်း၌ အနက်ရောင်ဘူးသီးခြောက်တစ်လုံးကို ကိုင်ဆောင်ထားပြီး အိမ်အိုလေးအား အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေခဲ့သည်။

"ငါတို့ရဲ့လုံချွမ်မြို့တော်မှာ ကိုယ်ပိုင်စည်းမျဥ်းတွေရှိတယ်....မြို့ရဲ့အနောက်ဘက်မှာ သာမာန်သေမျိုးတွေပဲရှိပေမယ့်...သူတို့ရဲ့နောက်မှာ ငါတို့ကျိုးမိသားစုရှိတယ်...ကျိုးမိသားစုရဲ့ကိစ္စကိုဝင်ရှုပ်တဲ့သူကို အလွတ်မပေးနိုင်ဘူး...အုပ်ချုပ်ရေးမှူးကျော...သူကိုဖမ်းလိုက်"

လျောင် အမျိုးသမီးက သူမ၏ဝဖိုင့်သောခန္ဓာကိုယ်ကြီးကိုတရွတ်တိုက်အားယူ၍ လမ်းလျှောက်လာရင်းမှ ​အော်ဟစ်ပြောဆိုလိုက်သည်။

ပိန်ခြောက်ခြောက်ကျင့်ကြံသူက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

သူက လုယွီထံမှ မည်သည့်စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုမျိုးကိုမျှခံစားမိခြင်းမရှိခြင်းကြောင့် သာမာန်သေမျိုးတစ်ယောက်ဟုသာ ယူဆမိလေ၏။

ဤကဲ့သို့သူက စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုခံစားမရသည့် ဖြစ်နိုင်ချေမှာ နှစ်မျိုးသာရှိသည်။ တစ်မျိုးက လုယွီ၏ကျင့်ကြံဆင့်သည် သူထက်မြင့်မားနေခြင်းဖြစ်ပြီး နောက်တစ်မျိုးက လုယွီသည် အလွန်အားနည်းနေခြင်းသာဖြစ်မည်။

သိသာထင်ရှားစွာဖြင့် အုပ်ချုပ်ရေးမှူးကျောက ဒုတိယတစ်ချက်ကိုသာ တွေးထင်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လုယွီ၏ပုံပန်းသွင်ပြင်သည် အသက်ငယ်ရွယ်သောလူငယ်တစ်ယောက်သာဖြစ်သည်။ ဤမျှငယ်ရွယ်သောအသက်ဖြင့် လူငယ်လေးက မည်မျှထိသန်မာနိုင်မည်နည်း....။

"ကောင်လေး...မင်းက ငါတို့ကျိုးမိသားစုကို အနှောက်အယှက်ပေးရဲမှတော့...မင်း တန်ကြေးပြန်ပေးဆပ်ရမယ်"

အုပ်ချုပ်ရေးမှူးကျောက သရော်တော်တော်လေသံဖြင့် ဆက်လက်ပြောဆိုလိုက်၏။

"ဒါမှမဟုတ်ရင် ငါ့ကိုစိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းပေး...ငါ မင်းကို ဘာမှမလုပ်ဘူး...မဟုတ်ရင် မင်းရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး ကျွန်အဖြစ်နဲ့ခိုင်းစားမယ်....မင်း ဘယ်လိုရွေးချယ်မလဲ ကြည့်ရအောင်"

Chapter 442

အုပ်ချုပ်ရေးမှူးကျောကို ကြည့်ရသည်မှာ မည်သို့မျှအကြောက်အရွံမရှိပုံပင်။

လုယွီက လှုပ်ရှားမှုမရှိခြင်းကိုကြည့်ပြီး အုပ်ချုပ်ရေးမှူးကျောက မျက်မှောင်ကြုတ်လိုက်၏။

"မင်း နားပင်းနေတာလား...ငါပြောနေတာ မင်းမကြားဘူးလား"

"မင်းတို့ မြင်ပြီလား...အချိန်အများစုမှာ မင်းတို့က တစ်ခြားသူကို သွားပြီးရန်မစရင်တောင်...တစ်ခြားသူက ပြဿနာလာရှာတတ်တယ်"

လုယွီက အုပ်ချုပ်ရေးမှူးကျောဆိုသူကို လက်ညှိုးညွှန်ပြီး ကလေးနှစ်ယောက်အား ပြောဆိုနေလေ၏။

"တစ်ကယ်လို့ မင်းတို့မှာစွမ်းရည်မရှိဘူးဆိုရင်...အဲ့ဒီလိုလူတွေရဲ့ ခြေဖဝါးအောက်မှာ နင်းခြေခံရလိမ့်မယ်...မင်းတို့ရဲ့စိတ်ထဲကနေ ဒေါသထွက်နေရင်တောင်... မမျှတဘူးလို့ မင်းတို့ခံစားရရင်တောင်...မင်းတို့ ဘာတတ်နိုင်မှာလဲ"

"တစ်ခြားသူတွေစီက တရားမျှတမှုနဲ့အသိအမှတ်ပြုမှုကို မင်းတို့ခံယူချင်တယ်ဆိုရင်...မင်းတို့မှာလုံလောတ်တဲ့ခွန်အားရှိရမယ်...သေမျိုးလောကပဲဖြစ်ဖြစ် ကျင့်ကြံသူလောကပဲဖြစ်ဖြစ် သန်မာအားကောင်းခြင်းမရှိဘဲ မင်းတို့လျှောက်လှမ်းနိုင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး"

လုယွီက ကျင့်ကြံခြင်းလောက၏ရက်စက်ကြမ်းကြုတ်မှုများအကြောင်းကို ကလေးနှစ်ယောက်အား ပထမဆုံးအကြိမ်သင်ကြားပေးနေသည်။

ခွန်အားသန်မာမှုကိုသာအလေးထားသော ဤကမ္ဘာလောကတွင် အစွမ်းထက်သူကသာ အရာရာကိုဆုံးဖြတ်နိုင်ပေမည်။

"မင်း ဘာကိုစောင့်နေတာလဲ"

လုယွီက သူ့အား အဖက်မလုပ်ဘဲ ကလေးနှစ်ယောက်ဘက်သို့လှည့်၍ သင်ကြားပေးနေသည်ကိုမြင်ချိန်၌ အုပ်ချုပ်ရေးမှူးကျောသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြစ်သွားခဲ့သည်။

"ငါက မင်းရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး ငါတို့ကျိုးမိသားစုရဲ့ကျွန်လုပ်ခိုင်းမယ်လို့ ကြံရွယ်ထားခဲ့တာ....အခုတော့ ငါ နောင်တရသွားပြီ...ငါမင်းကိုရုပ်သေးရုပ်လုပ်ပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကိုဝင်လို့မရစေဘဲ ငါ့လက်အောက်မှာအမြဲထားထားမယ်"

အုပ်ချုပ်ရေးမှူးကျောက သူ၏လက်အတွင်းမှ အနက်ရောင်ဘူးသီးခြောက်မှအဆို့အား ဖွင့်လိုက်သည်။

ပလွတ်.....

အနက်ရောင်ဘူးသီးခြောက်အားဖွင့်လိုက်သည်နှင့် အနက်ရောင်အဆိပ်အခိုးအငွေ့များထွက်လာလေ၏။

"လငပုပ်ဖမ်းအဆိပ်"

ထို့နောက်မှ အဆိပ်ငွေ့များသည် လုယွီထံသို့ ရိုင်းပျသောနဂါးတစ်ကောင်အလား တိုးဝင်လာကြသည်။

ဤခြံဝန်းငယ်သည် အလွန်ကျဥ်းမြောင်းအေ၏။ ယခုလက်ရှိချိန်တွင် ခြံဝန်း၏အထက်ရှိ အပြာရောင်ကောင်းကင်ယံတစ်ခုလုံး အနက်ရောင်အဆိပ်အခိုးအငွေ့များဖုံးလွှမ်းနေပေသည်။

"မင်း သေလိုက်တော့"

အုပ်ချုပ်ရေးမှူးကျောက ကြမ်းကြုတ်ရက်စက်စွာပြုံးနေပြီးနောက် လုယွီ၏အနားသို့ အဆိပ်ငွေ့များက ရောက်ရှိလာလေ၏။

ခြံဝန်းငယ်အတွင်း၌ပေါတ်နေသော ပေါင်းပင်တစ်ချို့ပင် ထိုအဆိပ်ငွေ့များ၏ဖုံးလွှမ်းခြင်းခံရချိန်တွင် တဖျစ်ဖျစ်မြည်ပြီး ချက်ချင်းပင် ညှိုးနွမ်းခြောက်သွေ့သွားခဲ့သည်။

ကလေးနှစ်ယောက်က ထိတ်လန့်ကြောက်ရွံမှုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် လုယွီ၏နောက်၌ အလျှင်အမြန်ပုန်းအောင်းလိုက်ကြသည်။

လုယွီကမူ တည်ငြိမ်အေးဆေးစွာဖြင့် မတ်တတ်ရပ်နေဆဲပင်။

"ခင်ဗျားက ဒီလေါတ်စွမ်းရည်လေးရှိရုံနဲ့ လူတွေကိုအနိုင်ကျင့်ရဲနေမှတော့...ခင်ဗျား တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"

လုယွီက တီးတိုးရေရွတ်လိုက်၏။ သူ၏လက်ချောင်းထိပ်တွင် စူးရှသောဆေဘာဓားချီလှိုင်းက ရုတ်တရက် သိပ်သည်းလာခဲ့သည်။

ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်၏သတ်ဖြတ်ခြင်းဥပဒေသနှင့် ပေါင်းစည်းပြီးနောက် လုယွီ၏သတ်ဖြတ်ခြင်းနည်းစနစ်များသည် အလွန်အမင်း ပြင်းထန်လာပေ၏။

ရွှပ်.....

လုယွီ၏လက်ချောင်းထိပ်လှုပ်ခတ်လိုက်မှုနှင့်အတူ ပြင်းထန်သောဆေဘာဓားချီက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။

ယခင်က ပတ်ဝန်းကျင်နေရာတစ်ခုလုံးအားလွှမ်းခြုံထားသော အဆိပ်ငွေ့များသည် လုယွီ၏ဆေဘာဓားချီဖြင့် ဖြတ်တောက်ခြင်းခံရမှုကြောင့် အပေါတ်ကြီးတစ်ပေါတ်ဖြစ်ပေါ်သွားခဲ့သည်။

ဝှစ်....

လုယွီ၏ဆေဘာဓားချီက လေထုအားဖြတ်သန်းလာချိန်တွင် အုပ်ချုပ်ရေးမှူးကျော၏ဘူးသီးခြောက်အား ပြတ်ရှရာအကြီးကြီးဖြတ်တောက်သွားပြီး နောက်သို့လွင့်ထွက်သွားစေ၏။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အနက်ရောင်ဘူးသီးခြောက်က ပေါတ်ကွဲပြီး အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။

"မကောင်းတော့ဘူး"

အုပ်ချုပ်ရေးမှူးကျော၏မျက်နှာအမူအယာ ရုပ်ပျက်ဆင်းပျက် ပျက်ယွင်းသွားပြီး သူက ထွက်ပြေးရန်ကြံရွယ်လိုက်၏။

သို့ရာတွင် ကြီးမားသောအနက်ရောင်လက်ဝါးကြီးက လေထုအားထွင်းဖောတ်၍ ရုတ်တရက်ရောက်ရှိလာပြီး သူ့အားဟန့်တားထားလေသည်။

"အဝိုင်းသေးနယ်ပယ် ကျင့်ကြံသူ"

အုပ်ချုပ်ရေးမှူးကျောက တုန်တုန်ရီရီဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။

လုယွီထုတ်ဖော်လိုက်သောစွမ်းအားသည် အဝိုင်းသေးနယ်ပယ်ကျင့်ကြံသူများ၌သာရှိသော စွမ်းအားဖြစ်ပေသည်။

"စီနီယာ...စီနီယာ...ကျွန်တော် မှားသွားပါတယ်...ကျွန်တော်အပြစ်တွေအများကြီးကျူးလွန်မိတယ်...ကျေးဇူးပြုပြီး ကျွန်တော်ကိုခွင့်လွှက်ပေးပါ"

အုပ်ချုပ်ရေးမှူးကျောက လုယွီထံမှခွင့်လွှက်မှုရရှိရန် အသနားခံတောင်းပန်နေလေ၏။

"တစ်ကယ်လို့ တစ်စုံတစ်ယောက်က မင်းတို့ကိုသတ်ဖို့ကြိုးစားခဲ့မယ်ဆိုရင်....အဲ့ဒီလူကိုလုံးဝညှာတာမှုမပေးသင့်ဘူး...လူယုတ်မာတွေကို အမြစ်ပြတ်သုတ်သင်ရမယ်ဆိုတာ မင်းတို့မှတ်ထားကြ"

လုယွီက ကလေးနှစ်ယောက်အား စကားပြောဆိုပြီးသည်နှင့် သူထံမှဆေဘာဓားချီတစ်လှိုင်း ထပ်မံထွက်ပေါ်လာခဲ့သည်။

ထိုဆေဘာဓားချီက လေထုအား တည့်မတ်စွာထွင်းဖောတ်သွားပြီး အုပ်ချုပ်ရေးမှူးကျော၏လည်ပင်းအား ဖြတ်တောက်သွားတော့သည်။

ဘုတ်....

အုပ်ချုပ်ရေးမှူးကျော၏လည်ပင်း၌ သွေးစီးကြောင်းလေးသာပေါ်နေပြီး သူက အချိန်တခဏကြာတုန်ရီနေပြီးမှ ခေါင်းတစ်ခြား ကိုယ်တစ်ခြား မြေပြင်ပေါ်သို့လဲကျသွားပေ၏။

"အင်မော်တယ်....အင်မော်တယ်"

အမျိုးသမီးလျောင်က ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေလေသည်။ သူမက ပါးစပ်ဟ၍ ခွင့်လွှက်ရန်အတွက် အသနားခံတောင်းပန်ချင်သော်လည်း လုယွီက ကျန်းချီလှိုင်းတစ်လှိုင်းထုတ်လွှက်၍ သူမအား ပြာပုံအဖြစ်ပြောင်းလဲသွားစေသည်။

Chapter 443

ဤခြံဝန်းငယ်အတွင်းမှအဖြစ်အပျက်များသည် အဝေးတနေရာမှကြည့်နေကြသော လူများ၏အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သည်။

သို့ရာတွင် လုယွီနှင့်အုပ်ချုပ်ရေးမှူးကျောတို့ လေထုအတွင်းမျောလွင့်နေခြင်းကို မြင်ချိန်တွင်မူ သူတို့အပေါ်သက်ရောက်မှုရှိလာမည်ကိုစိုးရွံကြသည့်အတွက် အဝေးသို့တိမ်းရှောင်၍ပုန်းအောင်းလိုက်ကြ၏။

လုယွီက သူ၏တပည့်သစ်လေးနှစ်ယောက်ကိုခေါ်ယူပြီး မြို့တော်အတွင်းနေထိုင်ရန် တည်းခိုခန်းတစ်ခန်းအား ရှာဖွေလိုက်သည်။ ကလေးနှစ်ယောက်၏ ယခုအသက်အရွယ်သည် ကြီးထွားရန်အစပျိုးချိန်ဖြစ်သဖြင့် လုယွီက တွန့်တိုနေခြင်းမရှိဘဲ စားသောက်ဆိုင်၌စားကောင်းသောတ်ဖွယ်များ စားပွဲအပြည့်မှာယူကာ သူတို့အားအရင်ကျွေးမွေးလေ၏။

လုယွီကမူ အပေါ်ထပ်ရှိအခန်းတစ်ခုအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ နေနေခဲ့သည်။

"ဒါက ဘယ်လိုစိတ်ဝိညာဥ်အပိုင်းအစပါလိမ့်"

လုယွီ၏စိတ်က အရုပ်အတွင်း၌သာ ကပ်ငြိနေဆဲပင်။ သူက အရုပ်အတွင်းမှ စိတ်ဝိညာဥ်အပိုင်းအစကိုဆွဲထုတ်ပြီး ကိုင်ဆောင်ထားကာ တိတ်တဆိတ်လေ့လာဆန်းစစ်နေပေ၏။

လုယွီ၏အသိစိတ်အာရုံက ထိုစိတ်ဝိညာဥ်အပိုင်းအစအတွင်းသို့ ထွင်းဖောတ်ဝင်ရောက်သွားချိန်တွင် တန်ပြန်တိုက်ခိုက်သောအင်အားလှိုင်းတစ်ရပ်က လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာခဲ့သည်။

"တာအိုသခင်အမိန့်အရ...မြေအောက်လောက ပြန်လည်မွေးဖွားခြင်းစက်ဝန်းပွင့်စမ်း"

လုယွီက တစ်စုံတစ်ခုအားစိုးရိမ်ကြောင့်ကြပုံပေါတ်နေပြီး သူ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေသည်။ သူ့လက်ဝါးမှ ပြန်လည်မွေးဖွားခြင်းစက်ဝန်း၏စွမ်းအားများထွက်ပေါ်လာပြီး လက်ဝါးအတွင်းရှိစိတ်ဝိညာဥ်အပိုင်းအစအားလွှမ်းခြုံသွားခဲ့သည်။

ပြန်လည်မွေးဖွားခြင်းစွမ်းအားလှိုင်းများက စိတ်ဝိညာဥ်အပိုင်းအစအတွင်းသို့ စိမ့်ဝင်သွားသော်လည်း ၎င်းအတွင်းရှိအတားအဆီးအလွှာက ကျိုးပျက်သည့်ပုံမရချေ။

"ငါ ဒီအကြွင်းအကျန်စိတ်ဝိညာဥ်ရဲ့အသိစိတ်ကို ဖယ်ရှားခဲ့ပြီးသား...ဒါပေမယ့် ငါက ဒီပစ္စည်းနဲ့ ဘာလို့ဆတ်သွယ်လို့မရတာလဲ"

လုယွီက အံ့အားတသင့်ရေရွတ်လိုက်၏။ သူ၏စိတ်နှလုံးသားအတွင်း သိချင်စိတ်အလွန်ပင် ပြင်းပြနေခဲ့သည်။

ကောင်းကင်ဘုံ၏အင်္သချေနယ်မြေများတွင် ကောင်းကင်ဘုံအင်ပါယာထိုက်ချင်ဟုအမည်ရထားသူသည် နက်နဲသိမ်မွေ့သောကျင့်ကြံခြင်းနယ်ပယ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

"ငါ မယုံဘူး...မင်းက ငါကိုရှုံးနိမ့်ထားတဲ့သူတစ်ယောက်လေ...မင်းလုပ်နိုင်တဲ့အရာမှန်သမျှ ငါလည်းလုပ်နိုင်ရမယ်"

လုယွီကစိတ်အတွင်းမှကြုံးဝါးလိုက်ပြီး သူထိန်းမနိုင်သိမ်းမရဖြစ်နေသော အကြွင်းအကျန်စိတ်ဝိညာဥ်အား ထပ်မံ၍တိုက်ခိုက်လိုက်၏။

အကယ်၍ကောင်းကင်ဘုံအင်ပါယာက အကြွင်းအကျန်စိတ်ဝိညာဥ်အတွင်း၌လှည့်စားမှုများ ပြုလုပ်ထားလျှင်ပင်...မည်သည့်အရာဖြစ်ပျက်နိုင်မည်နည်း...။

လုယွီ၏လက်ဝါးအတွင်းမှ ပြန်လည်မွေးဖွားခြင်းစွမ်းအားများက ပို၍အားကောင်းလာခဲ့သည်။ ပြင်းထန်သောအင်အားတစ်ရပ်က အကြွင်းအကျန်စိတ်ဝိညာဥ်အားထိုးဖောတ်သွားပြီး အတွင်းရှိအတားအဆီးအားချိုးဖျက်နိုင်ရန် ကြိုးပမ်းနေပေ၏။

အချိန်တခဏအကြာတွင် လုယွီ၏မျက်နှာအမူအယာက ရုတ်တရက် ပျက်ယွင်းသွားခဲ့သည်။

ဘုန်း....

အကြွင်းအကျန်စိတ်ဝိညာဥ်မှ ပြင်းထန်သောစွမ်းအင်လှိုင်းတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပြီး လုယွီထံဦးတည်၍ ပေါတ်ကွဲလွင့်စင်လာခဲ့သည်။ လုယွီက ချက်ချင်းပင် သူ၏ကျန်းချီများကိုလှည့်ပတ်၍ သူထံဝင်လာသောစွမ်းအင်လှိုင်းအား တားဆီးလိုက်၏။

သို့သော် လုယွီ တားဆီးခဲ့သည့်တိုင် ပြင်းထန်သောပေါတ်ကွဲမှုက ပတ်ဝန်းကျင်အား သက်ရောက်သွားခဲ့သည်။ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လုယွီ၏အခန်းတစ်ခန်းလုံးကျွမ်းထိုးမှောက်ခုံဖြစ်သွားပေ၏။

"ဘာတွေဖြစ်နေတာလဲ"

"ဧည့်သည်....မင်း အဆင်ပြေရဲ့လား"

အခန်းတံခါး၏ပြင်ပမှ တည်းခိုခန်းပိုင်ရှင်၏ထိတ်လန့်တကြားအော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

လုယွီက မတ်တတ်ထရပ်ပြီး အခန်းတံခါးဖွင့်ကာပြောဆိုလိုက်၏။

"ငါ အဆင်ပြေပါတယ်...ဒီအခန်းထဲက ပျက်စီးသွားမှုတွေအတွက် ငါ လျော်ပေးမယ်"

တည်းခိုခန်းပိုင်ရှင်က အခန်းအတွင်းရှိ ရှုပ်ထွေးနေသောအခြေအနေကိုကြည့်ပြီး သူ၏မျက်နှာကအနည်းငယ်ဖြူရော်သွားလေသည်။ သူက မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို ချက်ချင်းပင်သိနားလည်သွားပေ၏။

"ဧည့်သည်...မင်းရဲ့ကျင့်ကြံမှုမှာတစ်ခုခုမှားယွင်းပြီး အခက်အခဲတစ်ခုခုဖြစ်မှာကို ငါ စိုးရိမ်မိတယ်...ငါတို့မြို့တော်ထဲက သမားတော်တွေအားလုံးကို အင်ပါယာနန်းတော်က ဖိတ်ခေါ်ထားခဲ့တယ်...အခု မြို့တော်ထဲက ကျော်ကြားတဲ့သမားတော်တွေအကုန်လုံး နန်းတော်ထဲကို ခေါ်ဆောင်သွားကြပြီ"

တည်းခိုခန်းပိုင်ရှင်က သက်ပြင်းရှိုက်ရင်းမှ ပြောဆိုလိုက်သည်။

လုယွီက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်လေ၏။

"ဒါက အင်ပါယာမင်းက အပြင်းအထန်နာမကျန်းဖြစ်နေလို့လား"

"အမှန်ပဲ...အရှင်မင်းကြီးက လုံချွမ်တိုင်းပြည်ရဲ့အစွမ်းထက်ဆုံးကျင့်ကြံသူတစ်ယောက်...ဒီလိုနာမကျန်းဖြစ်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...တော်ဝင်သမားတော်တွေက အချိန်အကြာကြီးကြိုးစားကုသနေတာတောင် သူတို့က အရှင်မင်းကြီးရဲ့ရောဂါဇစ်မြစ်ကို မထုတ်ဖော်နိုင်ကြဘူး...သူတို့က စားဖို့နဲ့သောတ်ဖို့ပဲသိတဲ့ လူပြက်တစ်စုပဲ"

တည်းခိုခန်းပိုင်ရှင်က ဆက်လက်၍ပြောဆိုနေလေ၏။

"အင်ပါယာနန်းတော်က ကြေငြာချက်တစ်ခုထုတ်ပြန်ထားတယ်...အရှင်မင်းကြီးရဲ့ရောဂါကိုပျောက်ကင်းအောင်ကုသနိုင်တဲ့ဘယ်သူမဆို မြင့်မြတ်တဲ့စိတ်ဝိညာဥ်စမ်းရေအသုံးပြုခွင့်ရမယ်တဲ့...ဒါပြင် ပြင်ပလေဟာနယ်က အစွမ်းထက်ကျင့်ကြံသူတွေချန်ထားတဲ့ရတနာတွေကို အင်ပါယာမိသားစုရဲ့တားမြစ်နယ်မြေမှာရှာဖို့ အခွင့်အရေးလည်းရလိမ့်မယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုက ငါ ဆေးပညာအကြောင်းဘာမှမသိတာပဲ...မဟုတ်ရင် ငါ သွားပြီးကြိုးစားကြည့်တယ်"

စိတ်ဝိညာဥ်စမ်းရေနှင့်ပြင်ပလေဟာနယ်မှအစွမ်းထက်ကျင့်ကြံသူများ၏ရတနာများဟု ဆိုလိုက်သလော....။

လုယွီ၏စိတ်အား ထိုစကားလုံးနှစ်လုံးက ဖမ်းစားသွားနိုင်ခဲ့သည်။

"ကြေငြာချက်က ဘယ်နေရာမှာလဲ"

လုယွီက မေးမြန်းလိုက်၏။

Chapter 444

လုံချွမ်...အင်ပါယာနန်းတော်

ဤနေရာသည် မြို့တော်အတွင်း၌အခမ်းနားဆုံးနေရာဖြစ်ပြီး မည်သည့်နေရာကိုမဆို ခမ်းနားထည်ဝါစွာ တည်ဆောက်ထားပေ၏။ သာမာန်သေမျိုးအင်ပါယာနန်းတော်များမတူညီသောအချက်မှာ လုံချွမ်အင်ပါယာနန်းတော်၏အနီရောင်တိုင်လုံးများပေါ်တွင် အဆောင်သင်္ကေတများရေးဆွဲထားခြင်းပင်။

အင်ပါယာနန်းတော်၏ဘေးပတ်ပတ်လည်၌ အတားအဆီးဝင်္ကပါများ ခင်းကျင်းထားပေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤနန်းတော်အတွင်းသို့ ခိုးဝင်လာပါက ချက်ချင်းပင် ဝင်္ကပါများ၏သတ်ဖြတ်ခြင်းခံရပေမည်။

"သမားတော် လု...အထဲကြွပါ"

နန်းတော်အတွင်းသို့ မိန်းမစိုးတစ်ယောက်က လုယွီအား လမ်းပြ၍ခေါ်ဆောင်လာခဲ့၏။ အစောပိုင်းက လုယွီသည်သမားတော်တစ်ယောက်ဖြစ်မည်ဟု မိန်းမစိုးကယုံကြည်ခြင်းမရှိချေ။ မည်သို့ပင်ဆိုစေကာမူ လုံချွမ်သမားတော်အဖွဲ့အစည်းမှအငယ်ဆုံးသူပင် ဆံပင်များဆွတ်ဆွတ်ဖြူနေသူတစ်ယောက်ဖြစ်သည်။

လုယွီကိုကြည့်ရသည်မှာ ကောင်ငယ်လေးတစ်ယောက်နှင့်သာတူညီနေသည်။

သို့ရာတွင် လုယွီက သူဖုံးကွယ်ထားခဲ့သောရောဂါကိုထုတ်ဖော်ပြောကြားခဲ့သည်သာမက ထိုရောဂါကိုကုသနိုင်သောဆေးဝါးကိုပင်ပေးခဲ့ရာ မိန်းမစိုးက လုယွီအား အလွန်ပင်လေးစားသွားခဲ့သည်။

အချိန်တခဏအကြာတွင် လုယွီက ခမ်းနားထည်ဝါသောနန်းတော်သို့ ရောက်ရှိလာခဲ့သည်။ နန်းတော်၏ရှေ့၌ စောင့်ဆိုင်းနေသော လူအမြောက်အများရှိနေပေ၏။ ထိုသူများသည် အင်ပါယာနန်းတော်မှဖိတ်ကြားထားသော လုံချွမ်တိုင်းပြည်အနှံ့အပြားမှအင်မော်တယ်သမားတော်များဖြစ်သည်။ အင်မော်တယ်သမားတော်များသည် သာမာန်သမားတော်များနှင့်မတူညီဘဲ ကျင့်ကြံသူများလည်းဖြစ်သည်။

အကယ်၍ကျင့်ကြံသူတစ်ယောက်သည် သူ၏ကျင့်ကြံရာတွင် မှားယွင်းသည်ဖြစ်စေ တစ်ခြားသူများနှင့်တိုက်ခိုက်ရာတွင် အပြင်းအထန်ထိခိုက်ဒဏ်ရါရရှိသည်ဖြစ်စေ သာမာန်သေမျိုးသမားတော်များက ကုသပေးနိုင်မည်မဟုတ်ချေ။ အင်မော်တော်သမားတော်များသသာ ထိုကျင့်ကြံသူအား ကုသပေးနိုင်ပေမည်။

မိန်းမစိုးနှင့်လူငယ်တစ်ယောက် အတူတူနန်းတော်အတွင်းသို့ဝင်လာခြင်းကိုကြည့်ပြီး အင်မော်တယ်သမားတော်များသည် မအောင့်မအည်းနိုင်ဘဲ ကြည့်ရှုလိုက်ကြ၏။ လုယွီထံ၌ အားကောင်းသောအော်ရာကို သူတို့ကမခံစားမိသောအချိန်မှသာ သူတို့၏အကြည့်များကို ပြန်ရုတ်သိမ်းသွားကြသည်။

သူတို့က ဤလူငယ်သည် နန်းတော်မှစေလွှက်လိုက်သောအကူတစ်ယောက်သာဖြစ်မည်ဟု တွေးထင်နေပေ၏။

"အချိန်ကိုတွက်ကြည့်ရင် ခုက သမားတော်အစည်းအရုံးကလူတွေပြန်ထွက်လာသင့်ပြီ"

"ကောလဟာလတွေအရတော့ အရှင်မင်းကြီးက သူရဲ့ကျင့်ကြံမှုမှာအမှားအယွင်းတစ်ချို့ပြုလုပ်မိလို့ နာမကျန်းဖြစ်တယ်ပြောကြတယ်...ဒါပေမယ့် သူက ဘယ်လိုကျင့်ကြံနည်းစနစ်ကိုလေ့ကျင့်လို့ ဒီလေါတ်တောင်သန်မာတဲ့သူက ခုလိုဖြစ်သွားရတာလဲ"

"အရှင်မင်းကြီးရဲ့ကျင့်ကြံနည်းစနစ်က အရမ်းတင်းမာတဲ့နည်းစနစ်လို့ ငါကြားဘူးတယ်...အဲဒါက အကြောင်းပြချက်တစ်ခုဖြစ်နေမှာ ငါစိုးရိမ်မိတယ်"

အင်မော်တယ်သမားတော်များသည် အင်ပါယာမင်းကြီး၏ရောဂါနှင့်ပတ်သတ်၍ ပြောဆိုဆွေးနွေးနေကြသော်လည်း မည်သူကမျှသူတို့ကုသမည့်နည်းလမ်းကို တစ်ခြားသူများအားမပြောချေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ရောက်ရှိနေကြသော အင်မော်တယ်သမားတော်များသည် ဆုလဒ်ကိုမျှော်ကိုး၍သာဖြစ်ပေသည်။ အင်ပါယာမင်းအား ကုသပေးနိုင်သော မည်သူမဆို ဆုလဒ်ကိုလက်ခံရရှိပေမည်။

သို့ရာတွင် ဆုလဒ်ကတစ်ယောက်တည်းအတွက်ပင်။ အကယ်၍ တစ်ခြားသူတစ်ယောက်ကသာ သိမ်းပိုက်သွားပါက ကျန်သူများအတွက်မျှော်လင့်ချက်ရှိမည်မဟုတ်ချေ။

ထိုအချိန်မှာပင် ဝေါယာဥ်တစ်စင်းက နန်းတော်၏ရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။ ဤနေရာက အင်ပါယာနန်းတော်ဖြစ်၍ ဝေါယာဥ်နှင့်နန်းတော်အတွင်းသို့ဝင်လာသောသူသည် သာမာန်ပုဂ္ဂိုလ်မဖြစ်နိုင်ချေ။

ဝေါယာဥ်၏လိုက်ကာကိုမတင်လိုက်ချိန်တွင် ဆံပင်များဖြူဖွေးနေသောအဖိုးအိုတစ်ယောက်က ဖြည်းဖြည်းချင်းထွက်လာလေ၏။

ထိုအဖိုးအိုက အိုမင်းပုံပေါတ်နေသော်လည်း သူ လမ်းလျှောက်နေသည်မှာအားမာန်အပြည့်ဖြင့်ဖြစ်ကာ သူ၏မျက်လုံးတစ်စုံကလည်းစူးရှတောက်ပနေပေသည်။

"ဒါက သမားတော် ဖန်ရှန်းမလား...ငါ သူအကြောင်းတွေအများကြီးကြားဘူးတယ်"

"သမားတော်ဖန်ရှန်းက တောတောတွေကြားမှာ သီးသန့်ကျင့်ကြံနေတာ အချိန်အတော်ကြာနေပြီ...သူက အပြင်လောကကိုထွက်လေ့ထွက်ထမရှိဘူး ...အင်ပါယာမိသားစုက သူကိုဖိတ်ကြားနိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

အင်မော်တယ်သမားတော်များအားလုံးက သက်ပြင်းချပြီး ရှေ့သို့တိုးကာ သမားတော်ဖန်ရှန်းအား အရိုအသေပြုလိုက်ကြ၏။

သူတို့က သမားတော်ဖန်ရှန်းအတွက်မူ လူငယ်မျိုးဆက်မျှသာပင်။

သမားတော်ဖန်ရှမ်းက သူ၏လက်ကိုဝှေ့ယမ်းပြီးပြောဆိုလိုက်၏။

"တစ်ချိန်တုန်းက... အင်ပါယာမင်းက ငါ့ကိုမျက်နှာသာတစ်ခါပေးခဲ့ဘူးတယ်...ဒီနေ့ သူအပြင်းအထန်နာမကျန်းဖြစ်နေတယ်ဆိုတာ ငါကြားမိတော့...ငါ တောင့်မခံနိုင်တော့ဘဲ သူကိုကူညီဖို့လာခဲ့တာ"

ဤသို့ဖြစ်ခဲ့သလော....။

လူအုပ်ကြီးက သမားတော်ဖန်ရှန်းအား ချီးမွမ်းပြောဆိုနေကြတော့သည်။

"သမားတော်ဖန်ရှန်းရဲ့စိတ်ထားမွန်မြတ်မှုကြောင့် ကျွန်တော်တို့လူငယ်မျိုးဆက်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေတာပါ"

ကျွီ.....

ထိုအချိန်မှာပင် နန်းတော်၏တံခါး ပွင့်လာလေ၏။

အင်မော်တယ်သမားတော်များက စိတ်ပျက်အားလျော့သောအမူအယာဖြင့်ထွက်လာကြပြီး သူတို့၏လက်အတွင်း၌လည်း ဆေးလုံးတစ်ချို့ကိုကိုင်ဆောင်ထားဆဲဖြစ်သည်။

"အရှင်မင်းကြီးရဲ့ရောဂါကို ကျွန်တော်တို့ ဘယ်လိုမှကုသမပေးနိုင်ခဲ့ဘူး...ကျေးဇူးပြုပြီး ခင်ဗျားတို့ ကြိုးစားကြည့်ကြပါ"

အင်မော်တယ်သမားတော်များက ထိုစကားများပြောနေစဥ်တွင် သူတို့၏မျက်နှာများလောင်ကျွမ်းနေသကဲ့သို့ခံစားနေရသည်။

မည်သို့ပင်ဖြစ်စေ သူတို့အောင်မြင်အောင်မစွမ်းဆောင်နိုင်သောကိစ္စကို တစ်ခြားအင်မော်တယ်သမားတော်များကသာစွမ်းဆောင်နိုင်ပါက သူတို့အတွက် အရှက်ရစရာကိစ္စဖြစ်သွားပေမည်။

"ကောင်းပြီလေ...ဒီအဖိုးကြီးက အရှင်မင်းကြီးရဲ့နာမကျန်းဖြစ်မှုကို ကြည့်ပေးမယ်"

သမားတော်ဖန်ရှန်းက လေးနက်တည်ကြည်သောလေသံဖြင့်ပြောဆိုလိုက်၏။

Chapter 445

ဤနေရာသို့ရောက်ရှိနေကြသော အင်မော်တယ်သမားတော်များအနက် ဖန်ရှန်းသည် အသက်အကြီးဆုံးဖြစ်သည်။ ထို့ကြောင့် သူ နန်းတော်အတွင်းသို့ အရင်ဝင်ပြီးမှသာ ကျန်ရှိသောအင်မော်တယ်သမားတော်များလည်း ဝင်ရောက်သွားကြ၏။

လုယွီက လူအုပ်ကြီးနှင့်အတူ နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့သော်လည်း အင်မော်တယ်သမားတော်များက သူ့အား နန်းတော်မှဆေးအကူတစ်ယောက်အဖြစ်ယူဆထားကြကာ အရေးစိုက်ခြင်းမရှိကြချေ။

နန်းတော်အတွင်းရှိ အခန်းတစ်ခန်းအတွင်းမှအိပ်ယာပေါ်၌ ဖြူရော်နေသောမျက်နှာနှင့်လူလတ်ပိုင်းကြီးတစ်ဦးက လဲလျောင်းနေခဲ့သည်။ သူ၏အသက်ရှုသံက အားနည်းနေသည့်အပြင် သူ့မျက်နှာကလည်းချောင်ကျနေပေသည်။

ထိုလူလတ်ပိုင်းကြီးက မှိန်ပျပျအော်ရာကိုထုတ်လွှက်ထားပြီး မှော်လက်နက်တစ်ခုဖြစ်သော ခမ်းနားထည်ဝါသည့်နဂါးဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူက လုံချွမ်တိုင်းပြည်၏အင်ပါယာမင်းဖြစ်ပေ၏။

"လွန်ခဲ့တဲ့နှစ်အနည်းလောတ်တုန်းက အရှင်မင်းကြီးနဲ့ကျွန်တော် ကံကြမ္မာအရ ဆုံတွေ့ခဲ့ရတယ်...အရှင်မင်းကြီး ဒီနေ့လိုအဖြစ်မျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မထားမိဘူး"

သမားတော်ဖန်ရှန်းက သက်ပြင်းရှိုက်နေလေသည်။

မိန်းမစိုးတစ်ယောက်က အလျှင်စလို ပြောဆိုလိုက်၏။

"ကျေးဇူးပြုပြီး သမားတော်ဖန်ရှန်းက အရှင်မင်းကြီးကိုကယ်တင်ပေးပါ"

သမားတော်ဖန်ရှန်းက ခေါင်းညိတ်ပြပြီး အင်ပါယာမင်းကြီး၏လက်ကိုကိုင်ကာ သွေးခုန်နှုန်းစမ်းလိုက်သည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့်တွင် သမားတော်ဖန်ရှန်း၏မျက်လုံးများပွင့်လာပြီး သူက မျက်မှောင်ကြုတ်နေပေ၏။

"ဒါက ငါတွေးထားတာထက်အများကြီး အခက်အခဲရှိနိုင်တယ်...ဒါပေမယ့် ကုသလို့မရနိုင်တာတော့မဟုတ်ဘူး"

အင်ပါယာမင်း၏နံဘေးမှမိန်းမစိုးက အပျော်လွန်သွားပုံဖြင့် အလျှင်အမြန်မေးမြန်းလိုက်သည်။

"သမားတော်ဖန်ရှန်း ကုသပေးနိုင်တယ်မလား"

သမားတော်ဖန်ရှန်းက ယုံကြည်ချက်ရှိပုံဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

"အရှင်မင်းကြီးရဲ့ရောဂါက အလွန်အကျွံကျင့်ကြံခြင်းကြောင့်ထွက်လာတဲ့ရလဒ်အနေနဲ့...အရှင်ရဲ့မရီးဒါန်းတွေမှာ ယန်ချီတွေပိတ်ဆို့နေတယ်...ဒါကြောင့် ကျန်းချီတွေ ချောချောမွေ့မွေ့မစီးဆင်းနိုင်တော့ဘဲ အခုလက်ရှိအခြေအနေမျိုးဖြစ်လာရတာပဲ...ကျွန်တော်က အရှင်မင်းကြီးရဲ့မရီးဒါန်းပိတ်ဆို့နေတာကို အစွမ်းထက်တဲ့ဆေးဝါးတွေသုံးပြီး တစ်ချက်တည်းနဲ့ ချိုးဖျက်နိုင်အောင်လုပ်ဆောင်ရလိမ့်မယ်...အဲဒါဆိုရင် အရှင်မင်းကြီးရဲ့ရောဂါက အလွယ်တကူပျောက်သွားမှာပါ"

မိန်းမစိုး၏မျက်လုံးများ တောက်ပသွားပေ၏။ သမားတော်ဖန်ရှန်း၏ကုသခြင်းနည်းလမ်းမျိုးအား ယခင်က မည်သည့်အင်မော်တယ်သမားတော်မှ အသုံးပြုခြင်းမရှိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ အင်ပါယာမင်း၏အသက်သည် အဖိုးအနဂ္ဂထိုက်တန်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ပြင်းထန်သောဆေးဝါးများအသုံးပြုပြီး လွဲချော်မှုတစ်စုံတစ်ခုဖြစ်ပွါးပါက ထိုသူ၏အသက်သည် အာမခံချက်ရှိတော့မည်မဟုတ်ချေ။

အင်ပါယာမင်းကို သူတို့ကလာရောက်၍မကုသပါက အများဆုံးတာဝန်ရှောင်လွှဲသည့်အပြစ်ကိုသာ ခံယူရပေမည်။ သို့ရာတွင် အင်ပါယာမင်းအား မှားယွင်း၍ကုသမိပါက ကြီးမားသောရာဇဝတ်မှုဖြစ်သွားပေလိမ့်မည်။

သို့သော် သမားတော်ဖန်ရှန်းကမူ ထိုအချက်ကိုထည့်သွင်းစဥ်းစားဟန်မပေါ်ချေ။

"ဒါက ဆေးညွှန်း...ဒီဆေးညွှန်းအတိုင်းကျိုချက်လိုက်"

သမားတော်ဖန်ရှန်းက သူ၏စုတ်တံကိုထုတ်ယူပြီး စုတ်ချက်အနည်းငယ်ဖြင့် ဆေးညွှန်းအားရေးသားလိုက်၏။

"သမားတော်ဖန်က အံဖွယ်သမားတော်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်...တာအိုဒုတိယဆင့်ကိုချိုးဖျက်ဝင်ရောက်ပြီးတဲ့ ကျင့်ကြံသူကတောင် သမားတော်ဖန်ရဲ့ကုသမှုကိုခံယူဖို့လာရှာခဲ့တယ်လို့ ကျွန်တော်ကြားဘူးတယ်...သမားတော်ဖန်က တစ်ကယ်ကို ဂုဏ်သတင်းကြီးမားတဲ့သူပဲ"

"ကျွန်တော်တို့ အရှက်ရမိပါတယ်...ကျွန်တော်တို့က ဒီနေရာကို အရှင်မင်းကြီးရဲ့ရောဂါကြိုးစားဖော်ထုတ်ဖို့ ရောက်လာခဲ့ပေမယ့် သမားတော်ဖန်ကတော့ အကြည့်တစ်ချက်နဲ့တင်ရောဂါဇစ်မြစ်ကို သိရှိနိုင်ခဲ့တယ်"

အင်မော်တယ်သမားတော်များက အင်ပါယာမင်း၏ရောဂါအားစမ်းသပ်ခဲ့ကြသော်လည်း တစ်ယောက်ပြီးတစ်ယောက် သူတို့၏ခေါင်းများကိုခါယမ်း၍ နောက်ဆုတ်ခဲ့ကြသည်။

သူတို့၏စမ်းသပ်မှုရလဒ်မျါးသည် နန်းတော်အတွင်းမှတော်ဝင်သမားတော်များနှင့် ထပ်တူညီလုနီးပါးသာ ထွက်ပေါ်လာခဲ့သည်။ သူတို့က ကောင်းမွန်စွာကုသနိုင်ခြင်းမရှိသည့်အပြင် သူတို့၏ကုသမှုနည်းလမ်းများသည်လည်း အကျိုးသက်ရောက်မှုမရှိခဲ့ချေ။

"မင်းက ဘာငေးနေတာလဲ...ဆေးပြင်ဖို့မသွားသေးဘူးလား"

အင်မော်တယ်သမားတော်တစ်ယောက်က ရုတ်တရက် လုယွီအား လက်ညှိုးထိုး၍ပြောဆိုလိုက်သည်။

ဤနေရာရှိလူအားလုံးအနက် လုယွီက အသက်အငယ်ဆုံးဆိုသည်မှာ သိသာထင်ရှားပေ၏။ ထို့ကြောင့် သူတို့က လုယွီအား နန်းတော်မှဆေးအကူတစ်ယောက်ဟုသာ ယူဆထားကြသည်။

လုယွီက စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ ဆေးညွှန်ကိုယူကာ ဂရုတစိုက်ဖတ်ရှုလိုက်၏။

"ဘာလဲ...မင်း ဆေးညွှန်းကို နားမလည်တာလား...ငါ ရှင်းပြဖို့လိုသေးလား"

အင်မော်တယ်သမားတော်တစ်ယောက်က စိတ်မရှည်ပုံဖြင့် ပြောဆိုလိုက်လေသည်။

တစ်ခြားအင်မော်တယ်သမားတော်များကလည်း လုယွီအား စိုက်ကြည့်နေကြ၏။

သမားတော်တစ်ယောက်က လူနာအားကုသရန်မှာ အချိန်နှောင့်နှေး၍ရသောကိစ္စမျိုးမဟုတ်ပေ။

ဤကောင်လေးက ထိုအခြင်းအရာကိုပင် နားလည်ပါ၏လော....။

လုယွီက ဆေးညွှန်းကို ဖတ်ရှုပြီးသည်နှင့် ရုတ်တရက် အောက်သို့ပစ်ချလိုက်၏။

"သူ နေမကောင်းဖြစ်နေတာ ယန်ချီပိတ်ဆို့မှုကြောင့်ဆိုတာ ခင်ဗျားသေချာလား"

လုယွီက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်လေသည်။

သမားတော်ဖန်ရှန်းက မျက်မှောင်ကြုတ်နေပေ၏။ ထိုလူငယ်၏မေးမြန်းခြင်းကို သူ ချက်ချင်း အဖြေပြန်မပေးနိုင်ချေ။ သူပင်လျှင် မဖြေမပေးနိုင်ပါက တစ်ခြားအင်မော်တယ်သမားတော်များဆိုလျှင် ပို၍ပင်ဆိုးရွားနေပေသည်။

"မင်းက ဘာကောင်လဲ....သမားတော်ဖန်ရဲ့ဆေးညွှန်းအတိုင်းသာလုပ်စမ်း...ဘာလို့ အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ"

အင်မော်တယ်သမားတော်တစ်ယောက်က အော်ငေါက်လိုက်၏။

ဤနေရာ၌ရှိနေသော တစ်ခြားအင်မော်တယ်သမားတော်များကလည်း လုယွီအား စတင်၍ဆူပူကြိမ်းမောင်းနေကြသည်။

လုယွီက အေးစက်စက်လေသံဖြင့်သာ တုန့်ပြန်ပြောဆိုလိုက်သည်။

"သူက အဆိပ်မိနေတာ သိသာနေတာပဲ...ခင်ဗျားတို့ သူကိုဆေးတွေတိုက်လေလေ အဆိပ်ကပိုပြင်းထန်လာလေလေပဲ...တစ်ကယ်လို့ ခင်ဗျားတို့က သူကို ခုချိန်မှာ ဆေးပြင်းတွေထပ်တိုက်မယ်ဆိုရင်...သူကိုမကုသနိုင်ရုံတင်မကဘူး...သူကိုသတ်သလိုပါဖြစ်သွားလိမ့်မယ်"

All Chapters