← Chapters

အခန်း (၄၅၁-၄၅၅)

Vol. 26-30 Ch. 451-455

အခန်း (၄၅၁-၄၅၅)

Vol. 26-30 Ch. 451-455

Chapter 451

"သူကလား"

ဧကရီမိဖုရားကြီးက အံ့အားသင့်နေသောအကြည့်ဖြင့် လုယွီအား ကြည့်နေပေ၏။ သူမ၏အမြင်အရ လုယွီက ငယ်ရွယ်ပြီးသန်မာဖျတ်လတ်သူတစ်ယောက်ဖြစ်သည်။

ဤအသက်အရွယ်နှင့် အင်ပါယာမင်းအားမည်သို့ကုသနိုင်မည်နည်း...။

"ဧကရီမိဖုရားကြီ....အရှင်မင်းကြီးရဲ့ရောဂါကို ခဏတာသက်သာစေဖို့ လက်ကောတ်ဝတ်ကိုဖြတ်ပြီးသွေးထွက်သွားစေတဲ့နည်းလမ်းကို ဒီဆရါသခင်က ညွှန်ပြခဲ့တာပါ...အရှင်မင်းကြီးရဲ့အဆိပ်ကို ဖယ်ရှားနိုင်တဲ့နည်းလမ်း ကျွန်တော်တို့မှာမရှိတာကြောင့် ဆရာသခင်လုကို အကူအညီတောင်းခံခဲ့တာပါ"

သမားတော်ဖန်ရှန်းက ပြောဆိုလိုက်၏။

"ဆရာသခင်....သူရဲ့အသက်အရွယ်က ဆရာသခင်လို့ခေါ်ရမယ့်အရွယ်လား...သမားတော်လို့...ကျွန်မကိုမလိမ်ပါနဲ့"

ဧကရီမိဖုရားကြီးက စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်ပေ၏။

လုယွီက တည်ငြိမ်သောလေသံဖြင့် ဝင်ရောက်ပြောဆိုလေသည်။

"တစ်ကယ့်လို့ ခင်ဗျား ကျုပ်ကိုမယုံကြည်ရင်လည်း....တစ်ခြားတစ်ယောက်ကိုသာ ဖိတ်ကြားလိုက်တော့"

မင်း...."

ဧကရီမိဖုရားကြီးက လုယွီအား စူးစူးဝါးဝါးကြည့်နေပြီးနောက် ဒေါသတကြီးဖြင့် မတ်တတ်ထရပ်လိုက်၏။

"မိဖုရားကြီး....ဆရာသခင်လုကို မြန်မြန်ကုသခွင့်ပေးလိုက်ပါ....အရှင်မင်းကြီးရဲ့အခြေအနေက ထပ်ပြီးနှောင့်နှေးနေလို့မရတော့ဘူး"

နံဘေးဘက်တွင်ရပ်နေသော မိန်းမစိုးခေါင်းဆောင်က မအောင့်အည်းနိုင်တော့ဘဲ ပြောဆိုလိုက်တော့သည်။

ဖြန်း....

ဧကရီမိဖုရားကြီးက သူမ၏လက်ကိုမြှောက်ပြီး မိန်းမစိုးခေါင်းဆောင်အား ပါးရိုက်လိုက်လေ၏။

"ငါရှေ့မှာလာပြီး....နင်က အခွင့်မရှိဘဲစကားဝင်ပြောရဲတာလား"

ဧကရီမိဖုရားကြီးက အော်ငေါက်နေပေသည်။

သူမ၏ကျင့်ကြံဆင့်မြင့်မားမှုကြောင့် ပါးတစ်ချက်ရိုက်ခံရပြီးနောက်တွင် မိန်းမစိုးခေါင်းဆောင်၏မျက်နှာက နီမြန်းပြီးယောင်ကားလာခဲ့သည်။

သို့ရာတွင် မိန်းမစိုးခေါင်းဆောင်က မြေပြင်ပေါ်၌ဒူးထောက်နေဆဲဖြစ်ပြီး မည်သည့်စကားကိုမျှထပ်မဆိုတော့ချေ။

"ထားလိုက်တော့...ငါ နင်ကို ကုသခွင့်ပြုမယ်...တစ်ကယ်လို့ အရှင်မင်းကြီးကို နင်ကုသနိုင်ရင် ဆုလဒ်ကောင်းကောင်းရပြီး မကုသနိုင်ရင် နင်သေရမယ်"

ဧကရီမိဖုရားကြီးက လုယွီအား ခြိမ်းခြောက်စကားပြောဆိုပြီးနောက် အဝေးသို့ထွက်ခွါသွားတော့သည်။

ဧကရီမိဖုရားကြီးထွက်ခွါသွားပြီးနောက် နန်းတော်ခန်းမအတွင်းရှိလေထုသည် လေးနက်သောအနေအထားသို့ပြောင်းလဲသွားခဲ့သည်။

ဘုန်း...ဘုန်း...ဘုန်း

"ဆရာသခင်...ကျေးဇူးပြုပြီး အရှင်မင်းကြီးကို ကယ်တင်ပေးပါ"

မိန်းမစိုးခေါင်းဆောင်က လုယွီ၏ရှေ့၌ဒူးထောက်ပြီး အဆတ်မပြတ်အရိုအသေပြုနေပေ၏။ သူ၏နဖူးအား ကြမ်းပြင်နှင့်အပြင်းအထန်ဆောင့်နေခြင်းကြောင့် သွေးများပင်ယိုစီးကျလာခဲ့သည်။

လုယွီက သူကိုတစ်ချက်ကြည့်ပြီး အချိန်တခဏကြာတွေဝေစဥ်းစားပြီးမှ ပြောဆိုလိုက်၏။

"ထပ်မလုပ်နဲ့တော့"

သမားတော်များအားလုံးကလည်း နန်းတော်ခန်းမအတွင်းမှ ထွက်ခွါသွားကြ၏။ ဤအချိန်တွင် ခန်းမအတွင်း၌ အိပ်ယာထက်လဲလျောင်းနေရသောအင်ပါယာမင်းနှင့်လုယွီသာလျှင် ကျန်ရစ်တော့သည်။

"ဒါက တစ်ကယ်ကို ရှေးဦးအဆိပ်ပြင်းပိုးမွှားတစ်ကောင်ပဲ....ဒါက အကန့်အသတ်မရှိတဲ့စကြဝဠာမှာတောင် အတော်ရှားပါးနေပြီ"

လုယွီ၏မျက်လုံးများက အံ့အားသင့်မှုကြောင့် တောက်ပနေပေ၏။

လုယွီက ဤနေရာသို့ လိုက်လာခဲ့ခြင်းမှာ သူ၏တောင်းဆိုချက်များကြောင့်သက်သက်မဟုတ်ချေ။ သူ နန်းတော်ခန်းမအတွင်းဝင်လာစဥ်ကတည်းက အင်ပါယာမင်း၏အဆိပ်မိနေခြင်းကို တွေ့ရှိခဲ့သည်။ ဤရှေးဦးအဆိပ်ပြင်းပိုးမွှားသည် အင်ပါယာမင်း၏နှလုံးသားနေရာ၌နေထိုင်နေပြီး ပြင်းထန်သောအဆိပ်များကို အဆတ်မပြတ်ထုတ်လွှက်နေခဲ့သည်။

သို့ရာတွင် ဤရှေးဦးအဆိပ်ပြင်းပိုးမွှားသည် အကန့်အသတ်မဲ့စကြဝဠာတွင်ပင် အလွန်ရှားပါးသောသတ္တဝါဖြစ်သည်။ ထို့ကြောင့် လုယွီက သူ ကုသမှုပြုလုပ်နေစဥ်အတွင်း မည်သူမျှမနှောက်ယှက်ရဟူသောတောင်းဆိုချက်ကို ထည့်သွင်းတောင်းဆိုခဲ့လေ၏။

အင်ပါယာမင်းကို မည်သည့်ဆေးဝါးများတိုက်ကျွေးသည်ဖြစ်စေ ရှေးဦးအဆိပ်ပြင်းပိုးမွှားအတွက် အာဟာရအထောက်အပံဖြစ်သွားပြီး ပို၍ပင်သန်မာလာပေလိမ့်မည်။

လူသားများ၏ခန္ဓာကိုယ်မှသွေးများအားလုံးသည် နှလုံးသားကိုဖြတ်၍ စီးဆင်းရပေ၏။ ထိုအကြောင်းကြောင့် လုယွီက အင်ပါယာမင်းအား မည်သည့်ဆေးမျှတိုက်ကျွေးရန် အစီအစဥ်မရှိချေ။

"ကံကောင်းထောက်မပြီး...ခင်ဗျား ကျုပ်နဲ့တွေ့လို့သာပေါ့...မဟုတ်ရင် ခင်ဗျားသောတ်နေတဲ့ဆေးတွေက ခင်ဗျားကိုမြန်မြန်သေအောင်တွန်းပို့နေသလိုဖြစ်မှာ"

လုယွီက တီးတိုးရေရွတ်မိလေ၏။

သူက အင်ပါယာမင်း၏နှလုံးသားနေရာအား ထိတွေ့လိုက်သည်။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်ရှုစစ်ဆေးလိုက်ရာတွင် အင်ပါယာမင်း၏နှလုံးသားအတွင်း၌ ကြီးမားသောအနက်ရောင်ပိုးမွှားတစ်ကောင်ရှိနေခြင်းကို တွေ့မြင်မိသည်။

အင်ပါယာမင်း၏နှလုံးတစ်ချက်ခုန်တိုင်း အနက်ရောင်ပိုးမွှားထံမှအဆိပ်အခိုးအငွေ့များထွက်ပေါ်လာပြီး သွေးများနှင့်အတူရော၍ စီးဆင်းသွားတော့သည်။

"မင်းက ထွက်မလာသေးဘူးလား...ကောင်းပြီလေ....ငါ မင်းကိုငါးပေးရတော့မှာပေါ့"

လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ကောင်းကင်ဘုံအင်ပါယာ၏အကြွင်းအကျန်စိတ်ဝိညာဥ်အား ထုတ်ယူလိုက်သည်။

လုယွီက သူ၏လက်ညှိုးဖြင့်တို့ထိလိုက်ရာတွင် ရုတ်တရက် အကြွင်းအကျန်စိတ်ဝိညာဥ်က အနည်းငယ်တုန်ခါသွားလေ၏။ ထို့နောက် အကြွင်းအကျန်စိတ်ဝိညာဥ်၏အပေါ်ယံမှ ရွှေရောင်သွေးစက်တစ်စက် စိမ့်ထွက်လာခဲ့သည်။

"ကောင်းကင်ဘုံအင်ပါယာရဲ့အစစ်အမှန်သွေးစက်....မင်းလို မရင့်ကျက်သေးတဲ့ရှေးဦးအဆိပ်ပြင်းပိုးမွှားတစ်ကောင်က ဒီဆွဲဆောင်မှုကိုခံနိုင်မယ်လို့တော့ ငါမထင်ဘူး"

လုယွီက သူ၏စိတ်အတွင်းမှနေ၍ သရော်တော်တော်ပြောဆိုနေပေသည်။

ရွှေရောင်သွေးစက်က လေထုအတွင်းမျောလွင့်နေခြင်းကိုကြည့်ရသည်မှာ သေလောတ်အောင်စွဲမက်ဖွယ်ကောင်းလေသည်။

လုယွီက အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံး၌ အင်ပါယာမင်း၏ခန္ဓာကိုယ်မှ ခပ်သဲ့သဲ့အသံတစ်သံထွက်ပေါ်လာလေ၏။

Chapter 452

ရှေးဦးအဆိပ်ပြင်းပိုးမွှားသည် ငါးစာကိုလာဟပ်နေခြင်းကြောင့် လုယွီ၏နှုတ်ခမ်းထောင့်အနည်းငယ်မြင့်တက်သွားခဲ့သည်။

လုယွီက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလေ၏။ ရွှေရောင်သွေးစက် အောက်သို့ကျလုဆဲဆဲ အချိန်တခဏတွင် အင်ပါယာမင်း၏နံဘေးမှနေ၍ လှုပ်ရှားမှုတစ်ခုရှိလာခဲ့သည်။

အင်ပါယာမင်း၏ရင်ဘတ်မှနေ၍ အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး ရွှေရောင်သွေးစက်ထံသို့ တဟုန်ထိုးပြေးဝင်သွားလေ၏။

လုယွီ၏လက်များက အလွန်လျှင်မြန်သောအရှိန်ဖြင့် ဆန့်တန်းလာပြီး အနက်ရောင်အရိပ်အား ဖမ်းဆုပ်လိုက်တော့သည်။

ဤသည်က အနက်ရောင်အခွံပါရှိသော ပိုးမွှားတစ်ကောင်ပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် အပေါ်ယံသာကြည့်ရှုပါက ဤပိုးမွှားသည် တစ်ခြားသာမာန်ပိုးမွှားများဖြင့် ကွဲပြားခြားနားမှုမရှိချေ။

သို့သော် ဤပိုးမွှား၏အမြှီး၌ဆူးရှည်တစ်ချောင်းပါရှိသည်။ ထိုဆူးရှည်၏အစွန်း၌ ရောင်စုံမျဥ်းကြောင်းများရှိနေသည်။

ဝီ....ဝီ....

လုယွီ၏ဖမ်းဆီးခြင်းခံလိုက်ရသည်နှင့် ရှေးဦးအဆိပ်ပြင်းပိုးမွှား၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပြီး စူးရှရှအော်ဟစ်နေပေသည်။

တစ်ချိန်တည်းမှာပင် ရှေးဦးအဆိပ်ပြင်းပိုးမွှား၏အမြှီးက ဝှေ့ယမ်းလာပြီး ဆူးရှည်ဖြင့် လုယွီ၏လက်အား ဦးတည်၍ ထိုးစိုက်လိုက်တော့သည်။

"တစ်ကယ်လို့ မင်းက ငါကိုခိုးကြောင်ခိုးဝှက်တိုက်ခိုက်မယ်ဆိုရင်...ငါကတော့ နာကျင်ချင်မှနာကျင်လိမ့်မယ်...ဒါပေမယ့် မင်းကတော့ အခုငါလက်ထဲရောက်နေတာတောင် မဆင်မခြင်လုပ်ရဲသေးတာလား"

လုယွီက ပြုံးလိုက်ပြီးနောက် သူ၏လက်ဝါးပေါ်၌ အဖြူရောင်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှေးဦးအဆိပ်ပြင်းပိုးမွှားက အဖြူရောင်မီးတောက်ကိုမြင်ချိန်တွင် ရုတ်တရက် တကျွီကျွီအော်လိုက်သည်။ ထို့နောက်တွင်မူ ​ကြွက်တစ်ကောင်က ကြောင်ကိုမြင်တွေ့သွားသကဲ့သို့ ရှေးဦးအဆိပ်ပြင်းပိုးမွှားသည် မည်သည့်လှုပ်ရှားမှုမျှမပြုဝံ့တော့ချေ။

ဤမီးတောက်သည် ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်နှင့် လုယွီ၏မူလဘူတမြေအောက်လောကမီးတောက်တို့ ပေါင်းစည်းထားခြင်းဖြစ်ပေ၏။

ထို့ပြင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ဗုဒ္ဓမဟာတာအိုလမ်းကြောင်းအရိပ်အယောင်ရှိနေလေရာ သေးငယ်သောပိုးမွှားအမျိုးအစားက မည်သည့်နည်းဖြင့်ယှဥ်ပြိုင်နိုင်မည်နည်း။

လုယွီ၏လက်ဝါးပေါ်ရှိ ရှေးဦးအဆိပ်ပြင်းပိုးမွှားသည် ချက်ချင်းပင်လိမ်ကွေးနေပြီး ညည်းတွားသံများထွက်ပေါ်နေခဲ့သည်။

သူက လုယွီ၏ခွင့်လွှက်မှုရရှိရန် အသနားခံနေသကဲ့သို့ပင်။

"မင်းအတွက် ကျင့်ကြံဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး...တစ်ကယ်လို့ မင်း ငါ့စီမှာ အညံ့ခံမယ်ဆိုရင်...ငါ မင်းအသက်ကိုချမ်းသာပေးမယ်"

လုယွီက တည်ငြိမ်အေးဆေးသောလေသံဖြင့် ပြောဆိုလိုက်၏။

ရှေးဦးအဆိပ်ပြင်းပိုးမွှားက အနည်းငယ်မျှပင်တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ရောင်ပြန်အခွံမာပေါ်၌ အနက်ရောင်ဖြာထွက်နေသောဘီးပုံစံပေါ်ထွက်လာခဲ့သည်။

လုယွီက ပြုံးနေပြီးနောက် သူ၏လက်ညှိုးထိပ်မှသွေးတစ်စက်ကို အနက်ရောင်ဘီးပေါ်သို့ချလိုက်သည်။


အချိန်တခဏအကြာတွင် လုယွီက ရှေးဦးအဆိပ်ပြင်းပိုးမွှားအား သူ၏အင်္ကျီလက်မောင်းကြား၌ သိမ်းဆည်းလိုက်သည်။

ဤသည်က ရှေးဦးအဆိပ်ပြင်းပိုးမွှားသည် လုယွီအား သခင်အဖြစ်အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

အကယ်၍ ရှေးဦးအဆိပ်ပြင်းပိုးမွှားသာ အဝိုင်းကြီးအဆင့်သို့ရောက်ရှိသွားပါက သူထုတ်လွှက်သောအဆိပ်သည် တာအိုသခင်အဆင့်ကိုပင်သေဆုံးစေနိုင်သည်။ လုယွီထံမှ ရှေးဦးအဆိပ်ပြင်းပိုးမွှားက အရွယ်မရောက်သေးခြင်းကြောင့်သာ လွယ်လင့်တကူဖမ်းဆီးနိုင်ခဲ့ခြင်းပင်။

လုယွီက ရှေးဦးအဆိပ်ပြင်းပိုးမွှားကို သိုလှောင်အိတ်အတွင်း၌ သိမ်းဆည်းလိုက်ပြီးနောက် သူ၏မျက်လုံးများက အင်ပါယာမင်းထံသို့ ကျရောက်သွားခဲ့သည်။

အင်ပါယာမင်း၏ရောဂါရင်းမြစ်ကို ဖယ်ရှားပြီးသော်လည်း သူ၏ခန္ဓာကိုယ်၌အဆိပ်ပြင်းများရောနှောနေသောသွေးများရှိနေဆဲဖြစ်သည်။ အကယ်၍ အင်ပါယာမင်းသည် သူ၏ရောဂါအား အပြည့်အဝပြန်လည်ကောင်းမွန်လိုပါက နာလံထူနိုင်ရန် အချိန်အကြာကြီးဖြတ်သန်းရပေမည်။

သို့ရာတွင် အင်ပါယာမင်းသည် အချိန်တခဏအကြာတွင် နိုးလာမည်ဟု လုယွီက ခန့်မှန်းထားခဲ့သည်။

ရုတ်တရက် နန်းတော်ခန်းမ၏တံခါးနှင့်ပြတင်းပေါတ်များနောက်ကွယ်မှ ဆူညံသံတစ်ချို့အား လုယွီက ကြားမိသည်။

"မင်း ဘယ်သူလဲ"

"အခု ရပ်စမ်း"

ပြင်ပမှစူးရှသောအော်သံများနှင့်အတူ နန်းတော်ခန်းမ၏တံခါးပေါတ်ပွင့်သွားခဲ့သည်။

ခန်းမအတွင်းသို့ သာမာန်ရုပ်ရည်ဖြင့်မိန်းမစိုးတစ်ယောက်က တဟုန်ထိုးပြေးဝင်လာလေ၏။ သူ၏လက်များကလည်း သွေးများဖြင့် စိုရွှဲနေပေသည်။ သူက အစောင့်များကို တိုက်ခိုက်ပြီး ခန်းမအတွင်းသို့ရောက်ရှိလာခဲ့သည်။

မိန်းမစိုး၏လက်၌ ကြာပွတ်ရှည်တစ်ချောင်းကို ကိုင်ဆောင်ထားလေ၏။ သူ ကြာပွတ်ဝှေ့ယမ်းနေသောအသံသည် မိုးခြိမ်းသံတမျှကျယ်လောင်လှသည်။

"ဆရာသခင် လု...ဂရုစိုက်ပါ"

"လုပ်ကြံသူရှိတယ်"

မိန်းမစိုးက အင်ပါယာ၏အသက်ရှုနှုန်းတည်ငြိမ်နေခြင်းကိုမြင်ချိန်တွင် သူ၏မျက်လုံးများက အေးစက်စက်တောက်ပသွားခဲ့သည်။ သူက အင်္ကျီလက်မောင်းကြားမှ ချွန်ထက်သောဓားမြှောင်တစ်ချောင်းကို ရုတ်တရက်ထုတ်ယူလိုက်ပြီး လုယွီထံဦးတည်၍ ထိုးစိုက်လိုက်တော့သည်။

ဓားမြှောင်က သူနှင့် ထိလုဆဲဆဲအခြေအနေတွင် လုယွီက မတ်တပ်ထရပ်ပြီး ကန်ကျောက်လိုက်၏။

ဘုန်း....

မိန်းမစိုး၏လက်မှဓားမြှောင်သည် လုယွီ၏ကန်ချက်ကြောင့် လွင့်စင်သွားတော့သည်။

လုယွီက ရပ်တန့်ရန်စိတ်ကူးမရှိချေ။ သူက ခြေတစ်လှမ်းရှေ့တိုးပြီး မိန်းမစိုးအား သူ၏လက်ဖြင့် ကြမ်းပြင်ပေါ်၌ဖိထားလိုက်၏။

ခရက်....ခရက်

မိန်းမစိုး၏လက်မောင်းနှစ်ဖက်လုံး ချက်ချင်းပင် လုယွီ၏ရိုက်ချိုးခြင်းခံလိုက်ရတော့သည်။

Chapter 453

"ဆရာသခင်လု....မင်းအဆင်ပြေရဲ့လား"

မိန်းမစိုးခေါင်းဆောင်က သူ၏နောက်လိုက်များကိုခေါ်ဆောင်၍ နန်းတော်ခန်းမအတွင်းသို့ တရကြမ်းပြေးဝင်လာခဲ့သည်။

သူတို့ နန်းတော်ခန်းမအတွင်းရောက်ရှိချိန်တွင် လုယွီက မိန်းမစိုးတစ်ယောက်အား ကြမ်းပြင်တွင်ဖိ၍ထိန်းချုပ်ထားခြင်းကို တွေ့မြင်မိကြသည်။

လုယွီ၏ခန္ဓာကိုယ်၌ မည်သည့်ဒဏ်ရါဒဏ်ချက်မျှရှိမနေသည့်အပြင် သူ၏အဝတ်အစားများပင် သပ်သပ်ရပ်ရပ်ရှိနေဆဲပင်။

"ခွေးမသား...နန်းတော်ကိုများ မင်း မဆင်မခြင်လုပ်လို့ရတဲ့နေရာထင်နေလား"

မိန်းမစိုးခေါင်းဆောင်၏မျက်လုံးများက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် တောက်ပနေပြီး လဲကျနေသောလုပ်ကြံသူအားဆွဲထုတ်ကာ ပါးပိတ်ရိုက်လိုက်၏။

ဖြောင်း....

လုပ်ကြံသူ၏မျက်နှာမှသွေးများယိုစီးကျလာသော်လည်း သူ၏ပါးစပ်ကိုကျယ်လောင်စွာဟပြီး အူလှိုက်သည်းလှိုက်ရယ်မောနေပေသည်။

"ဘယ်သူမှ အင်ပါယာမင်းကို မကယ်တင်နိုင်ဘူး...သူ သေမှာသေချာတယ်"

လုပ်ကြံသူက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

"အတင့်ရဲလိုက်တာ"

မိန်းမစိုးခေါင်းဆောင်က ဒေါသအမျက်ချောင်းချောင်းထွက်နေပေသည်။ သူ အုပ်ချုပ်သော အတွင်းနန်းတော်၌ ဤကဲ့သို့ရိုင်းပျသူမျိုး ထွက်ပေါ်လာခဲ့ခြင်းကြောင့်ပင်။

"ဆရာသခင်လု...ကျေးဇူးပြုပြီး အဲ့ဒီလူကို ကျွန်တော်စီလွှဲပြောင်းပေးပါလား....ကျွန်တော်လသူကိုအသက်ရှင်ရက်လိုချင်သေးတယ်....အဲ့ဒီကောင်ကို သေပါရစေလို့အသနားခံလာအောင်လုပ်ပစ်မယ်"

မိန်းမစိုးခေါင်းဆောင်က အံတင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။ သူ၌ နှိပ်စက်ညှင်းပန်းသည့်နည်းလမ်းပေါင်းမြောက်များစွာရှိပေသည်။

"ဟား ဟား ဟား ဟား...မင်းငါကို ဘာလုပ်နိုင်မှာမို့လဲ...ဘာဖြစ်ဖြစ် မင်းက အင်ပါယာမင်းကိုမကယ်တင်နိုင်ဘူးလေ....လုံချွမ်တိုင်းပြည်ရဲ့ ယဲ့မိသားစု...မင်းတို့သက်ဆိုးရှည်တော့မှာမဟုတ်ဘူး"

လုပ်ကြံသူက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

"အဲ့ဒီလိုလား...မင်းက ငါတို့ကို သေစေချင်တာလား"

ရုတ်တရက် ဖျော့တော့တော့အသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာခဲ့၏။

လုယွီက လှည့်ကြည့်လိုက်ရာတွင် အစောပိုင်းက အိပ်ယာထက်၌လဲလျောင်းနေရသော နဂါးဝတ်ရုံနှင့်လူလတ်ပိုင်းကြီးသည် ယခု လူတိုင်း၏ရှေ့၌ မတ်တတ်ထရပ်ပြီး လမ်းလျှောက်လာခြင်းကို တွေ့မြင်မိသည်။

"အရှင်မင်းကြီးကို အရိုအသေပြုပါတယ်"

နန်းတော်အတွင်းမှလူများအားလုံး ချက်ချင်းပင် ဒူးထောက်၍ အရိုအသေပြုလိုက်ကြ၏။

အင်ပါယာမင်းက လုပ်ကြံသူထံသို့ လျှောက်လှမ်းလာပြီးနောက် သူ့အား စူးစိုက်ကြည့်လိုက်သည်။

"ဘာလဲ....ငါ ပြန်နိုးထလာတာကို မင်း အံ့အားသင့်နေတာလား"

"မဖြစ်နိုင်ဘူး....မင်း ဘယ်လိုလုပ်ပြီးအသက်ရှင်နိုင်မှာလဲ....မင်း သေမယ်ဆိုတာ ငါ သေချာသိထားပြီးသားလေ"

မိန်းမစိုး၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်နေပေသည်။

အင်ပါယာမင်းက ခနဲ့တဲ့တဲ့ပြောဆိုလိုက်၏။

"မင်းတို့ရဲ့အစီအစဥ် ကျရှုံးသွားတာတော့ သနားစရာပဲ...ငါက အသက်ရှင်နေရုံတင်မကဘူး...မင်းရဲ့နောက်မှာရှိတဲ့ အဆတ်အနွယ်တွေအကုန်လုံးကိုလည်း သတ်ပစ်မှာ"

"အရှင်မင်းကြီး ပြန်လည်ကောင်းမွန်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်"

မိန်းမစိုးခေါင်းဆောင်က ဝမ်းသာအားရပြောဆိုလိုက်သည်။

ယခုလက်ရှိချိန်တွင် အင်ပါယာမင်းက ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ကိစ္စအားလုံးလွယ်ကူသွားပေပြီ။

"သူကို တိုက်ခိုက်ကြ"

"သေစမ်း"

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်မှ စူးရှရှအော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာခဲ့သည်။

နန်းတော်ခန်းမအတွင်း၌ မတ်တတ်ရပ်နေကြသော မိန်းမစိုးများသည် သူတို့၏အင်္ကျီလက်မောင်းကြားမှ ဓားများကိုထုတ်ယူပြီး အင်ပါယာမင်းထံဦးတည်၍ ထိုးစိုက်လိုက်ကြသည်။

လူတိုင်း အံ့အားသင့်ကုန်ကြ၏။ ဤနေရာ၌ လုပ်ကြံသူအများအပြား ပုန်းအောင်းနေလိမ့်မည်ဟု သူတို့က ထင်မထားကြချေ။

"ငါ ငြိမ်သက်နေတာ အချိန်အတော်ကြာခဲ့ပြီ...ကြည့်ရတာတော့ လူတော်တော်များများက ငါ့အကြောင်းကို မေ့သွားကြပြီထင်တယ်"

အင်ပါယာမင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် သူဝတ်ဆင်ထားသောနဂါးဝတ်ရုံသည် လေမတိုက်ဘဲ လွင့်လာခဲ့သည်။

သူ၏အင်္ကျီလက်များအတွင်းသို့ ပြင်းထန်သောစွမ်းအားလှိုင်းများစီးဝင်လာပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်း၌မျောလွင့်နေပေသည်။

အင်ပါယာမင်း၏ခန္ဓာကိုယ်မှ မြောက်များစွာသော မိုးကြိုးလှိုင်းများက ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ထွက်ပေါ်လာခဲ့ပြီး နေရာအနှံ့သို့ပျံ့နှံ့သွားခဲ့သည်။

အင်ပါယာမင်း၏အနီးသို့ ချဥ်းကပ်မိသော လုပ်ကြံသူများသည် ထိုမိုးကြိုးလှိုင်းများနှင့်ထိမှန်ပြီး ချက်ချင်းပင် နောက်သို့လွင့်စင်သွားကြတော့သည်။

လုယွီ၏မျက်လုံးများ၌ တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်လာလေ၏။ ဤသည်က တာအိုဒုတိယဆင့်သို့ ချဥ်းနင်းဝင်ရောက်ပြီးသူ၏စွမ်းအားမျိုးဖြစ်သည်။

လုပ်ကြံသူများသည် အင်ပါယာမင်း၏အနားသို့ပင်ကပ်နိုင်ခြင်းမရှိဘဲ ပြင်းထန်သောမိုးကြိုးလှိုင်းများကြောင့် သေဆုံးသွားပေ၏။

အင်ပါယာမင်း၏လက်က ရုတ်တရက်လေထုအတွင်းသို့ ဆန့်ထွက်သွားပြီး လုပ်ကြံသူတစ်ယောက်အား ဖမ်းဆုပ်လိုက်သည်။

"မင်းတို့ကို ဘယ်သူစေလွှက်လိုက်တာလဲဆိုတာ ငါသိချင်တယ်"

အင်ပါယာမင်းက သူဖမ်းဆီးထားသောလုပ်ကြံသူအား မေးမြန်းနေပေ၏။

လုပ်ကြံသူသည် ဖမ်းဆီးခြင်းခံလိုက်ရသည်နှင့်တပြိုင်နက် အလျှင်အမြန်ပင် သူ၏လျှာထိပ်ကိုကိုက်ဖြတ်ကာ သေကြောင်းကြံရန်ကြံရွယ်လိုက်သည်။

"မင်းက သတ်သေချင်နေတာလား...နောက်ကျသွားပြီ"

အင်ပါယာမင်းက ရုတ်တရက်အော်ဟစ်ကြုံးဝါးလိုက်၏။

ဝေါင်း....

ထိတ်လန့်တုန်လှုပ်ဖွယ်အသံကြီးက နန်းတော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။ ဤအသံတွင် တွေဝေမိန်းမောစေသောစွမ်းအားမျိုး ပါဝင်နေပေ၏။

လုပ်ကြံသူက သူ၏ဦးခေါင်းသည် ဗလာကျင်းသွားသကဲ့သို့ခံစားနေရပြီး နေရာ၌ပင် ကြက်သေသေနေခဲ့သည်။

Chapter 454

"သူတို့အားလုံးကိုဖမ်းဆီးပြီး သေသေချာချာစစ်ဆေးစမ်း"

အင်ပါယာမင်းက သက်ပြင်းတစ်ချက်ရှိုက်၍ သူ၏လက်ကိုဝှေ့ယမ်းရင်းမှ ပြောဆိုလိုက်သည်။

အခြေအနေကိုလေ့လာဆန်းစစ်နေသော မိန်းမစိုးခေါင်းဆောင်သည် ချက်ချင်းပင်ပြေးထွက်သွားပြီး လုပ်ကြံသူများအားလုံးကို ချုပ်နှောင်ထားလိုက်တော့သည်။

မိန်းမစိုးခေါင်းဆောင်သည် နှိပ်စက်သောနေရာ၌ဆရာတဆူအဖြစ် နန်းတော်အတွင်းတွင်ကျော်ကြားသူဖြစ်၍ ထိုလုပ်ကြံသူများ အဆုံးမရှိသောနှိပ်စက်ညှင်းပန်းမှုများခံရမည်မှာ အသေအချာပင်။ ထိုသူများသည် သူတို့၏နောက်ကွယ်မှလူများအား မလွဲမသွေ ဖော်ထုတ်ရပေမည်။

အချိန်တခဏအတွင်းမှာပင် မိန်းမစိုးခေါင်းဆောင်က လုပ်ကြံသူများအား ဖမ်းဆီးထိန်းသိမ်းပြီးဖြစ်သည်။

"လူကြီးမင်းတို့....အရင်တုန်းက ကျုပ် သတိလစ်မေ့မြောနေပေမယ့် ဘာတွေဖြစ်ပျက်နေတာလဲဆိုတာ သိထားခဲ့တယ်...လူကြီးမင်းတို့ရဲ့ဆေးကုသပေးမှုအတွက် အရင်ကသဘောတူညီထားတာရဲ့နှစ်ဆပေးပါမယ်"

"ကျွန်တော်တို့က ဘာမှကူညီပေးခဲ့တာမရှိပါဘူး...အရှင်မင်းကြီးပြန်လည်ကောင်းမွန်လာတာက ဒီဆရါသခင်ရဲ့ကုသပေးမှုကြောင့်ပါ...ကျွန်တော်တို့ အရှက်ရနေမိတယ်"

အင်မော်တယ်သမားတော်များက အလျှင်စလိုငြင်းပယ်လိုက်ကြ၏။

အင်ပါယာမင်းက ရယ်ပြုံးရင်းမှ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုဆုလဒ်မျါးသည် သူအတွက် အသေးအဖွဲအရာများသာဖြစ်ပေ၏။

"အင်မော်တော်သမားတော်တို့ အရင်ထွက်သွားပေးကြပါလား...ဒီဆရါသခင်နဲ့ကျုပ် ဆွေးနွေးစရာကိစ္စတစ်ခုရှိနေလို့ပါ"

အင်ပါယာမင်းက အပြုံးဖြင့် ပြောဆိုခဲ့သည်။

အင်မော်တယ်သမားတော်များအားလုံးထွက်ခွါသွားချိန်တွင် နန်းတော်အတွင်း၌ အင်ပါယာမင်းနှင့်လုယွီသာ ကျန်ရစ်တော့သည်။

"ထိုင်ပါဦး"

အင်ပါယာမင်းက သူ၏နံဘေးရှိထိုင်ခုံကို ညွှန်ပြ၍ လုယွီအား ပြောဆိုလိုက်သည်။

လုယွီက မည်သည့်အားနာတုံဆိုင်းနေခြင်းမျှမရှိဘဲ ထိုင်ခုံပေါ်၌ ထိုင်လိုက်လေ၏။

"တာအိုရောင်းရင်း...လုံချွမ်တိုင်းပြည်ကိုလာတာ ကိစ္စတစ်ခုရှိလို့လား"

အင်ပါယာမင်းက လုယွီအား တဲ့တိုးပင်မေးမြန်းခဲ့သည်။

လုယွီ၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားသော်လည်း အချိန်တခဏအကြာမှာပင် သူ နားလည်သဘောပေါတ်သွားပေ၏။ အစောပိုင်းက အင်ပါယာမင်း၏ခန္ဓာကိုယ်မှ ရှေးဦးအဆိပ်ပြင်းပိုးမွှားကိုဆွဲဆောင်နိုင်ရန် ကောင်းကင်ဘုံအင်ပါယာ၏အစစ်အမှန်သွေးစက်ကိုအသုံးပြု၍ လုယွီက အကောင်းဆုံးကြိုးစားခဲ့ရသည်။

ထိုသွေးစက်အတွင်း၌ တာအိုဥပဒေသတစ်ခု ပါဝင်နေပေသည်။ တာအိုဒုတိယဆင့်သို့ရောက်ရှိနေသော မည်သူမဆို ဥပဒေသအနည်းငယ်အား ထိတွေ့နိုင်ပြီးဖြစ်သည်။ ထို့ကြောင့် အင်ပါယာမင်းသည် နားလည်မှုလွဲမှားပြီး လုယွီအား သူနှင့်အဆင့်တူအဖြစ် ယူဆနေခြင်းဖြစ်သည်။

သို့သော် လုယွီက ထိုနားလည်မှုလွဲမှားနေခြင်းကို ရှင်းပြရန်ရည်ရွယ်ချက်မရှိချေ။ သူက ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။

"အမှန်ပဲ...ကျုပ် ဒီနေရာကို လာတာ...ကျုပ်မှာရှိတဲ့ဝေဒနာကို ကုစားဖို့အတွက်ပဲ"

"အဲ့ဒီလိုလား....ဒီနေရာကိုလာပြီး ငါရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်"

အင်ပါယာမင်းက သူ၏လက်နှစ်ဖက်ကိုဆုပ်၍ လုယွီအား အရိုအသေပြုလိုက်၏။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလေသည်။

"ခင်ဗျားတို့က တန်ကြေးပေးထားတာပဲ...ဒါက ညီမျှတဲ့လဲလှယ်မှုပါ...ခင်ဗျား အားနာနေစရာမလိုအပ်ပါဘူး"

ထို့နောက် လုယွီက သူ့အား မိန်းမဆိုးခေါင်းဆောင်ကတိပေးထားခဲ့သော တောင်းဆိုချက်များအကြောင်းကို အင်ပါယာမင်းအား ရှင်းပြခဲ့၏။

"မင်းရဲ့ခွန်အားတွေ ပြန်လည်ရရှိဖို့ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေကို အသုံးပြုချင်တာလား...ဟား ဟား ဟား...မင်းက ငါ့အသက်ကိုကယ်တင်ခဲ့တဲ့သူလေ...အကောင်းဆုံးစိတ်ဝိညာဥ်စမ်းရေကို မင်း အသုံးပြုရမှာပေါ့"

အင်ပါယာက လက်ခုပ်တီး၍ မိန်းမစိုးခေါင်းဆောင်အား ခေါ်ယူလိုက်သည်။

"အရှင်မင်းကြီး...ကျွန်တော်ဘာလုပ်ပေးရမလဲ"

မိန်းမစိုးခေါင်းဆောင်က ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်၏။

အင်ပါယာမင်းက မိန်းမစိုးခေါင်းဆောင်အား ညွှန်ကြားနေလေသည်။

"လင်းချွမ်ကို သွားခေါ်"

မိန်းမစိုးခေါင်းဆောင်ထွက်ခွါသွားပြီး အချိန်တခဏအကြာမှာပင် အရာရှိတစ်ယောက်က နန်းတော်အတွင်းသို့ အပြေးအလွှားဝင်လာခဲ့သည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

အရာရှိလင်းချွမ်က ဒူးထောက်၍ အရိုအသေပြုလိုက်၏။

အင်ပါယာမင်းက လုယွီထံလက်ညှိုးညွှန်၍ ပြောဆိုလိုက်သည်။

"သူက ငါရဲ့ဂုဏ်သရေရှိဧည့်သည်တော်ပဲ....မင်း သူကို အကောင်းဆုံးစိတ်ဝိညာဥ်စမ်းရေရှိတဲ့နေရာကိုခေါ်သွားလိုက်...သူအတွက်အသုံးပြုမယ့်အရာအကုန်လုံးက ငါနဲ့ထပ်တူဖြစ်ပါစေ"

အရာရှိက ကြမ်းပြင်ပေါ်၌ဒူးထောက်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေသော်လည်း မည်သည့်စကားမျှမဆိုချေ။

အင်ပါယာမင်းကိုကြည့်ရသည်မှာ အနည်းငယ်စိတ်မကြည်မသာဖြစ်သွားပုံဖြင့် မျက်မှောင်ကြုတ်နေလေ၏။

"ဘာလဲ...ငါပြောတာ မင်းမကြားဘူးလား"

အရာရှိက တုန်တုန်ရီရီဖြင့်ပြန်လည်ပြောဆိုလိုက်သည်။

"အရှင်မင်းကြီး...ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေက ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့နယ်မြေမှာ မဟုတ်တော့ဘူး"

"သောက်ရေးမပါတာတွေ...."

အင်ပါယာမင်းက စားပွဲအား သူ၏လက်ဝါးဖြင့်ရိုက်ပုတ်လိုက်သည်။

"မင်းက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်ရဲ့အုပ်ချုပ်သူလေ...ဘာလဲ...မင်းက ငါရှေ့မှာလာပြီး မင်းတာဝန်ပျက်ကွက်တာကို ဖုံးကွယ်ရဲတာလား"

အရာရှိသည် ဒူးထောက်နေရာမှ သူ၏ခေါင်းနှင့်ကြမ်းပြင်အားဆောင့်၍ အရိုအသေပြုနေပေသည်။

"ကျွန်တော် မလုပ်ဝံ့ပါဘူး...ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်က သစ္စာဖောတ်ကျိုးမိသားစုလက်ထဲကိုရောက်ရှိသွားတာပါ...အခု မြို့တော်အရှေ့တံခါးကနေ မိုင်တစ်ရာအကွာအဝေးကစပြီး အနောက်ဘက်အထိက ကျိုးမိသားစုရဲ့ပိုင်နက်ဖြစ်သွားပြီ....အဲ့ဒီနယ်မြေမှာရှိတဲ့ အရာရာတိုင်း ကျိုးမိသားစုရဲ့ပိုင်ဆိုင်မှုဖြစ်သွားတယ်...ကျွန်​ျော်တို့အရာရှိတွေတောင် ကျိုးမိသားစုရဲ့ခွင့်ပြုချက်မရှိဘဲ အဲ့ဒီနယ်မြေထဲကိုဝင်သွားရင် အသတ်ခံရတယ်"

အရာရှိက အင်ပါယာမင်းမေ့မြောနေစဥ်က ကြေကွဲဖွယ်ဖြစ်ရပ်များကို ပြန်ပြောပြနေရာ သူ၏မျက်လုံးများမှ မျက်ရည်များ တသွင်သွင်စီးကျနေလေ၏။

အချိန်အတန်ကြာပြီးနောက် အင်ပါယာမင်းက အော်ဟစ်ကြုံးဝါးလိုက်သည်။

"ကျိုးမိသားစု....ဝံပုလွေလိုကောက်ကျစ်တဲ့ကောင်တွေ"

Chapter 455

အင်ပါယာမင်းက အလွန်စိတ်ဆိုးဒေါသထွက်သွားပြီး မိန်းမစိုးခေါင်းဆောင်အား ချက်ချင်းပင်ဆင့်ခေါ်လိုက်တော့သည်။

"မင်း ခုချက်ချင်းသွားပြီး လူစုထား...လုံချွမ်တိုင်းပြည်က ငါပိုင်တာလား ကျိုးမိသားစုပိုင်တာလားဆိုတာ ငါ ကွဲကွဲပြားပြားသိချင်တယ်"

အင်ပါယာမင်း၏အသံသည် မိုးခြိမ်းသံတမျှကျယ်လောင်နေပေ၏။

မိန်းမစိုးခေါင်းဆောင်က အမိန့်အတိုင်းဆောင်ရွက်ရန် အလျှင်စလိုပင်ထွက်ခွါသွားခဲ့သည်။

"ဟား ဟား ဟား...တာအိုရောင်းရင်းလေးအတွက်တော့ ရယ်စရာဖြစ်နေလောတ်ပြီ"

အင်ပါယာမင်းက လုယွီအား အားတုံ့အားနာဖြင့် ကြည့်ရှုနေပေ၏။ သူက စကားဆက်လက်ပြောဆိုလိုက်သည်။

"တာအိုရောင်းရင်းလေးကို အသုံးပြုခွင့်ပေးမယ့် ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်ကိုပြန်ယူဖို့ အချိန်ခဏတော့ကြာလိမ့်မယ်...ဒီအချိန်အတောအတွင်းမှာ တာအိုရောင်းရင်းလေးက လုံချွမ်တိုင်းပြည်မှာပဲ အနားယူပြီးနေနေပါလား"

"ဒါက အဆင်ပြေပါတယ်...ကျုပ်လည်း ပြန်လည်ကုစားဖို့အတွက် အချိန်လိုအပ်နေတယ်"

လုယွီက တည်ငြိမ်စွာဖြင့်ပင် သဘောတူညီကြောင်း ပြောဆိုလိုက်၏။

နန်းတော်မှထွက်ခွါပြီးသည်နှင့် လုယွီက တည်းခိုခန်းသို့ပြန်ရန် ကြံရွယ်ခဲ့သည်။

"ဆရာသခင်လု...ကျေးဇူးပြုပြီး ခဏစောင့်ပါဦး"

လုယွီ၏နောက်မှနေ၍ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူ လှည့်ကြည့်လိုက်ရာတွင် သမားတော်ဖန်ရှန်းဖြစ်နေလေ၏။

သမားတော်ဖန်ရှန်းသည် သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်နေရင်းမှ အပြုံးနှင့်ပြောဆိုလိုက်သည်။

"ဆရာသခင်လု...ဘာလို့ဒီလေါတ်ထိ အလျှင်စလိုသွားနေရတာလဲ...ကျွန်တော်က တိမ်ဖီးနစ်နွယ်ပင် မင်းကိုမပေးရသေးတာကို မေ့သွားပြီလား"

လုယွီက ချက်ချင်းပင် အမှတ်ရသွားပေ၏။

"ကျုပ် မေ့လုနီးပါးပဲ...တိမ်ဖီးနစ်နွယ်ပင်ကို မြေပြင်ကနေနှုတ်ယူပြီးတာနဲ့ သေလုနီးပါးဖြစ်သွားနိုင်တယ်...ဒါပြင် တိမ်ဖီးနစ်နွယ်ပင်က အမြှစ်တွယ်သွားတာနဲ့ ပြောင်းရွှေ့ဖို့အတော်ခက်တယ်"

သမားတော်ဖန်ရှန်းက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။

"ဆရာသခင်လုက ဒီလေါတ်ထိ ဗဟုသုတကြွယ်ဝမယ်လို့ ကျွန်တော် မျှော်လင့်မထားမိခဲ့ဘူး...အဲ့ဒီမျိုးစေ့ကို ကျွန်တော်ကိုရောင်းလိုက်တဲ့သူကလည်း သတိမပေးခဲ့ဘူးလေ...ကျွန်တော်က မြေဆီလွှာကိုပြောင်းရွှေ့ဖို့ကြံစည်နေတာ တိမ်ဖီးနစ်နွယ်ပင်ကိုသတ်ပစ်လုနီးပါးပါလား"

"ကောင်းပြီလေ...ကျေးဇူးပြုပြီး ဆရာသခင်လု ကျွန်တော်အိမ်ကိုလိုက်ခဲ့ပြီး ဆေးပင်ယူဖို့ကို ဖိတ်ကြားလို့ရမလား"

သမားတော်ဖန်ရှန်းက လုယွီအား သူ၏အိမ်တော်သို့ဖိတ်ခေါ်လိုက်သည်။

လုယွီက တည်ငြိမ်စွာဖြင့် သဘောတူညီခဲ့၏။ ယခုလက်ရှိချိန်၌ သူတွင် အထူးတလည်လုပ်စရာကိစ္စ ရှိမနေချေ။ တိမ်ဖီးနစ်နွယ်ပင်ကိုရယူရန်အတွက် သမားတော်ဖန်ရှန်း၏အိမ်တော်သို့လိုက်သွားသည်က လုယွီအတွက် အဆင်ပြေသောကိစ္စဖြစ်သည်။

တိမ်ဖီးနစ်နွယ်ပင်သည် အလွန်အမင်းအဖိုးထိုက်တန်ပေသည်။ ဤဆေးပင်အမျိုးအစားသည် အကန့်အသတ်မဲ့စကြဝဠာ၌ အလွန်ပေါများသော်လည်း ဤနေရာတွင်မူ ရှိနိုင်ချေအလွန်နည်းပါးပေမည်။

သမားတော်ဖန်ရှန်းက သူ၏ရထားလုံးကိုခေါ်ဆောင်ပြီး လုယွီနှင့်အတူ သူ့အိမ်တော်သို့ပြန်သွားတော့သည်။

သမားတော်ဖန်ရှန်း၏အိမ်တော်ကိုကြည့်ရသည်မှာ အလွန်ခမ်းနားထည်ဝါပေ၏။ လုယွီက တစ်ခြားအရာများကို ဂရုတစိုက်ကြည့်ရှုခြင်းမရှိဘဲ သမားတော်ဖန်ရှန်းနှင့်အတူ အနောက်ဘက်ခြံဝန်းသို့ လိုက်ပါသွားခဲ့သည်။

"အရှင်သခင်...ရောက်လာပြီလား"

"အရှင်သခင်ရောက်လာတဲ့အကြောင်း ဒီအစေခံက အကြီးဆုံးသခင်မလေးကို သတင်းပို့ထားပါတယ်"

အစေခံများက အိမ်တော်အတွင်းသို့ သမားတော်ဖန်ရှန်းဝင်လာသည်ကိုမြင်ချိန်တွင် သူတို့အားလုံး အံ့အားသင့်ကုန်ကြ၏။

သမားတော်ဖန်ရှန်းက လုယွီအား ရယ်ပြုံးရင်းစကားပြောဆိုလိုက်သည်။

"ကျွန်တော်က တောတောင်တွေထဲမှာ သီးသန့်ကျင့်ကြံနေတာကြာပြီ....ဒါကြောင့် ဒီခြံဝန်းကို ကျွန်တော်ရဲ့မြေးမလေးနဲ့ထားခဲ့တာ....ကျွန်တော်က ဒီနေရာကို လာလေ့လာထမရှိဘူး"

လုယွီက ခေါင်းညိတ်ပြလိုက်၏။ ဤနေရာပတ်ဝန်းကျင်ရှိခြံဝန်းများသည် ခမ်းနားထည်ဝါသော်လည်း ကျင့်ကြံရန်အတွက်မူ တိတ်ဆိတ်ငြိမ်သက်ခြင်းမရှိချေ။

သမားတော်ဖန်းနှင့်လုယွီတို့ အနောက်ဘက်ခြံဝန်းသို့ရောက်ချိန်တွင် ရုတ်တရက် ပြင်းထန်သောဆေးရနံကိုရှုရှိုက်မိကြသည်။

"ဆေးရနံ့ပါလား....ရွှေရောင်ဂျင်ဆင်းပန်းပွင့်....ထန်ကမ်ကျီးမြက်ပင်..."

သမားတော်ဖန်ရှန်းက ရှုရှိုက်မိရုံဖြင့် အနံ့၏ရင်းမြစ်ကို ထုတ်ဖော်နိုင်ခဲ့သည်။

"ဒီကောင်မလေး ဘာတွေလုပ်နေပါလိမ့်"

သမားတော်ဖန်ရှန်းက အနောက်ဘက်ခြံဝန်းအတွင်းသို့ အပြေးဝင်သွားပေ၏။

အနောက်ဘက်ခြံဝန်းအတွင်းရှိဆေးစိုက်ခင်းအတွင်း၌ မြေကွက်လပ်ကျယ်ကြီးရှိနေလေ၏။ ထိုမြေကွက်လပ်တွင် ဤအချိန်၌ ဧရာမဆေးမီးဖိုကြီးတစ်လုံး ရှိနေသည်။

ဆေးမီးဖိုအောက်ရှိ မီးကတောက်ပစွာလောင်ကျွမ်းနေပြီး အတွင်းရှိဆေးက ဖြည်းဖြည်းချင်း သိပ်သည်းစပြုနေလေပြီ။

ဆေးမီးဖို၏နံဘေးတွင် ရုပ်ရည်ချောမောသောလူငယ်တစ်ယောက်က ပြုံးရယ်နေရင်းမှ မီးကိုထိန်းချုပ်နေခဲ့သည်။

"မင်း ဘယ်သူလဲ...ပြီးတော့ ဒီနေရာကို ဘယ်သူက မင်းကိုလာခွင့်ပြုတာလဲ"

သမားတော်ဖန်ရှန်းက အော်ဟစ်မေးမြန်းလိုက်၏။

ရုပ်ရည်ချောမောသောလူငယ်သည် သူ၏အနားသို့ တစ်စုံတစ်ယောက်ရောက်ရှိလာမည်ဟု မျှော်လင့်ထားပုံမရချေ။ ထို့ကြောင့် သူက အနည်းငယ်ထိတ်လန့်သွားသဖြင့် ဆေးမီးဖိုအောက်မှမီးအား ထိန်းချုပ်နိုင်မှု ရုတ်တရက် လွတ်ကင်းသွားကာ ပေါတ်ကွဲသွားတော့သည်။

"ခွေးမသား...မင်းက ဘယ်နေရာကရောက်လာတာလဲ"

လူငယ်က ဒေါသတကြီးအော်ဟစ်လိုက်၏။

ဆေးမီးဖိုအတွင်းရှိဆေးသည် ပျက်စီးသွားပေပြီ။

သမားတော်ဖန်ရှန်း၏မျက်နှာသည် နီမြန်းလာခဲ့သည်။

"ငါ ပိုင်တဲ့ခြံဝန်းထဲ မင်းဘယ်လိုလုပ်ပြီး ရောက်နေတာလဲဆိုတာတောင် ငါ မမေးရသေးဘူး...မင်းက ဘယ်နေရာကရောက်လာပြီး ငါ့ခြံဝန်းထဲမှာဆေးဖော်စပ်နေတာလဲ"

ထိုအချိန်မှာပင် ဆေးစိုက်ခင်းနံဘေးရှိအခန်းတစ်ခန်း၏တံခါးက ပွင့်လာလေ၏။

အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က သမားတော်ဖန်ရှန်းကိုမြင်ချိန်တွင် အခန်းအတွင်းမှ ပြေးထွက်လာခဲ့သည်။ သူမက အံ့အားသင့်နေပုံဖြင့် ပြောဆိုလိုက်၏။

"အဖိုး...ဘယ်ချိန်ကတည်းက ရောက်နေတာလဲ"

All Chapters