← Chapters

အခန်း (၄၅၆-၄၆၀)

Vol. 26-30 Ch. 456-460

အခန်း (၄၅၆-၄၆၀)

Vol. 26-30 Ch. 456-460

Chapter 456

အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ဖန်ယင်းရွှယ်ဖြစ်ပြီး သမားတော်ဖန်ရှန်း၏မြေးမလေးပင်။

သူမကဲ့သို့ ငယ်ရွယ်သူတစ်ယောက်သည် အလွန်ပျင်းရိငြီးငွေ့လွယ်ပြီး သူတစ်ပါးအပေါ် သည်းခံတတ်ခြင်းလည်းမရှိချေ။ ထို့ကြောင့် သမားတော်ဖန်ရှန်းက အင်ပါယာမြို့တော်မှသူ၏အိမ်တော်ကို မြေးမလေးအား ပေးထားခဲ့ခြင်းဖြစ်သည်။

သမားတော်ဖန်ရှန်းက မြေးမဖြစ်သူအား လေးနက်သောလေသံဖြင့် မေးမြန်းလိုက်၏။

"သူက ဘယ်သူလဲ...ငါ နင်ကို ပြောမထားခဲ့ဘူးလား....ငါရဲ့ခွင့်ပြုချက်မရှိဘဲ ဒီဆေးစိုက်ခင်းထဲ ဘယ်သူကိုမှ ခြေတစ်လှမ်းမချစေနဲ့လို့ မှာထားတယ်လေ"

ဖန်ယင်းရွှယ်က အလျှင်အမြန်ပင် ပတ်ဝန်းကျင်အားလေ့လာဆန်းစစ်ကြည့်လိုက်ရာ ဆေးမီးဖိုပေါတ်ကွဲမှုမှထွက်ပေါ်လာသော အခိုးအငွေ့များကိုမြင်ချိန်တွင် သူမက အံ့အားတသင့်ရေရွတ်လိုက်သည်။

"ဆရာသခင် လု...ရှင် ကျရှုံးသွားလား...ကျွန်မအဖိုးကြောင့်တော့မဟုတ်လောတ်ပါဘူးနော်....ရှင် အဆင်ပြေရဲ့လား"

"ဒါဆို သူက မင်းရဲ့အဖိုးပေါ့...နှမြောဖို့ကောင်းတာတစ်ခုက ဒီဆေးမီးဖိုထဲကဆေးတွေက သူကိုလက်ဆောင်ပေးဖို့ရည်ရွယ်ပြီး ငါ သန့်စင်ထားခဲ့တာ ...ဒါပေမယ့် ငါ့ကို နှောက်ယှက်တာခံရလို့ တစ်ခြားဆေးမီးဖိုတစ်ခုရှာရတော့မယ်"

ဖန်ယင်းရွှယ်က တောင်းပန်လိုသောအမူအယာဖြင့် ထိုလူငယ်အားပြုံးပြလိုက်လေ၏။

"ယင်းရွှယ်...ဒီလူငယ်က ဘယ်သူလဲဆိုတာ ငါ့ကိုမပြောသေးဘူးလား"

သမားတော်ဖန်ရှန်းက လေးနက်သောလေသံဖြင့် မေးမြန်းလေသည်။

"ကျွန်တော်ကိုယ် ကျွန်တော်ပဲ မိတ်ဆတ်ပေးပါ့မယ်"

လူငယ်က သူ၏အဝတ်အစားများကို သပ်ရပ်အောင်ပြုလုပ်ပြီးနောက် စိတ်ကြီးဝင်နေသောအမူအယာဖြင့် စတင်ပြောဆိုလိုက်တော့သည်။

"ကျွန်တော်နာမည်ကလုဖန်း...လုမိသားစုလက်အောက်က တပည့်တစ်ယောက်ပါ...ပြီးတော့ ကျွန်တော်က ဒုတိယဆင့်ဆေးဝါးပညာရှင်တစ်ယောက်ပါ"

"လုမိသားစု...ဒုတိယအဆင့်ဆေးဝါးပညာရှင်ဟုတ်လား"

သမားတော်ဖန်ရှန်း၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် အနည်းငယ်တောက်ပသွားပေ၏။ လုမိသားစုသည် အလယ်ပိုင်းကုန်းမြေမှထိပ်သီးမိသားစုကြီးတစ်စုဖြစ်သည်။ ထိုမိသားစုမှလူငယ်တစ်ယောက်သည် ဤနေရာမျိုးသို့ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ပြင် လုဖန်း၏အင်္ကျီပေါ်၌ ဒုတိယဆင့်ဆေးဝါးပညာရှင်၏အမှတ်သင်္ကေတဖြစ်သော ကြေးလက်ပတ်တစ်ခုကိုတပ်ဆင်ထားလေ၏။ လုံချွမ်တိုင်းပြည်တစ်ပြည်လုံး၌ပင် ဒုတိယဆင့်ဆေးဝါးပညာရှင်အနည်းငယ်သာရှိသည်။

ဖန်ယင်းရွှယ်က မသက်မသာခံစားနေရပြီး ပြောဆိုလိုက်၏။

"အဖိုး...အဖိုးက တောတောင်တွေထဲမှာ အရမ်းပင်ပင်ပန်းပန်းကျင့်ကြံနေရတယ်ဆိုတာ သမီးသိထားတယ်လေ...ဒါကြောင့် သမီးက ဆရာသခင်လုကိုဖိတ်ခေါ်ပြီး အဖိုးအတွက် ဆေးဖော်စပ်ခိုင်းနေတာ...ဒီအချိန်ကျမှ အဖိုးက ဗြုန်းစားကြီးရောက်လာမယ်လို့ ဘယ်သူကသိမှာလဲ...ပြီးတော့ ဆရာသခင်လု ဖော်စပ်နေတဲ့ဆေးက အရမ်းခက်ခဲတာ"

"ဆရာသခင်လုဖန်း...ကျုပ်က မဆင်မခြင်လုပ်မိသွားတယ်...ကျေးဇူးပြုပြီး ခွင့်လွှက်ပေးပါ"

သမားတော်ဖန်ရှန်းက ရိုသေလေးစားစွာဖြင့် လုဖန်းအား တောင်းပန်လိုက်သည်။

လုဖန်းက အစောပိုင်းကဖြစ်ပျက်သွားသည်များကို အမှုမထားဟန်ဖြင့် ပြုံးရွှင်နေပေ၏။

"ဒါက ဆေးပြင်းဖိုတစ်ခုပါပဲ...ဆေးထပ်ဖော်စပ်ဖို့လဲအဆင်ပြေပါတယ်...မိန်းကလေးယင်းရွှယ်ကသာ ကျွန်တော်ကို တိမ်ဖီးနစ်နွယ်ပင်ပေးနိုင်သမျှ ဘာမှမဖြစ်ပါဘူး"

တိမ်ဖီးနစ်နွယ်ပင်ဟု ဆိုလိုက်သလော...။

"ယင်းရွှယ်...နင် ငါနောက်ကွယ်မှာ ဘာတွေလုပ်နေတာလဲ"

သမားတော်ဖန်ရှန်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

ဖန်ယင်းရွှယ်ကမူ လေးလေးနက်နက်တွေးတောထားပုံမရချေ။

"အဖိုး...ဆေးဝါးပညာရှင်တွေကပဲ တိမ်ဖီးနစ်နွယ်ပင်ကို အသုံးပြုနိုင်တာလေ...အဖိုးက အဲ့ဒါကို စျေးကြီးပေးဝယ်ခဲ့ပြီးတော့ အသုံးပြုနိုင်တာမှမဟုတ်တာ...ဒါကြောင့် ကျွန်မက ဆေးဝါးပညာရှင်တစ်ယောက်ကိုဖိတ်ကြားပြီး အဖိုးရဲ့ခန္ဓာကိုယ်ကြံခိုင်ဖို့ ဆေးဖော်စပ်ခိုင်းခဲ့တာ...ဒါက အဲ့ဒီပစ္စည်းကို တချိန်လုံးသိမ်းထားတာထက်ပိုကောင်းပါတယ်"

သမားတော်ဖန်ရှန်း၏မျက်ခုံးများ မြင့်တက်သွားပြီးနောက် သူက ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

"အဲ့ဒီပစ္စည်းကိုငါဘယ်လိုသုံးသုံးပေါ့...နင်ဘာနင်ဆုံးဖြတ်ချက်ချဖို့ ဘယ်သူကခွင့်ပြုထားလို့လဲ"

ဖန်ယင်းရွှယ်သည် မည်သည့်အချိန်ကမျှ သူမအဖိုး၏အော်ငေါက်ခြင်း မခံရဘူးချေ။ သူမ၏လှပသောမျက်နှာလေးသည်နီမြန်းလာပြီး သူမ့မျက်လုံးများကလည်း မျက်ရည်များဖြင့်စိုစွက်လာခဲ့သည်။

လုဖန်းက သက်ပြင်းချလိုက်လေ၏။

"စီနီယာဖန်း...ခင်ဗျား ဒီလိုလုပ်ဖို့မလိုဘူးထင်တယ်...ဒီတိမ်ဖီးနစ်နွယ်ပင်ကို ဒုတိယဆင့်ဆေးဝါးပညာရှင် ဒါမှမဟုတ် အဲ့ထက်အဆင့်မြင့်တဲ့သူကပဲ သန့်စင်နိုင်မယ်ဆိုတာ ကျွန်တော်အာမခံနိုင်တယ်....တစ်ခြားသူတွေက သန့်စင်နိုင်မှာမဟုတ်ဘူး...ဒီနေရာမှာ အလဟာသဖြစ်နေမယ့်အစား တိမ်ဖီးနစ်နွယ်ပင် ကျွန်တော်ကိုပေးပါ...ကျွန်တော်သန့်စင်လိုက်တဲ့ဆေးက တိမ်ဖီးနစ်နွယ်ပင်ရဲ့တန်ကြေးထက်ကျော်လွန်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်"

"ကျုပ်က ဆရာသခင်လုဖန်းရဲ့ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်တော့ဘူး...တစ်ကယ်က တိမ်ဖီးနစ်နွယ်ပင်ကို တစ်ခြားသူကိုပေးဖို့ ကျုပ်ကတိပေးထားပြီးပြီ"

သမားတော်ဖန်ရှန်းက လုယွီအား တောင်းပန်လိုသောအကြည့်ဖြင့် ကြည့်ရှုနေလေ၏။

"ဆရာသခင်လု...မင်း ဘယ်လိုစဥ်းစားထားလဲ"

ထိုအချိန်မှသာလျှင် ဖန်ယင်းရွှယ်နှင့်လုဖန်းတို့က သမားတော်ဖန်ရှန်းနောက်ရှိ လုယွီအား သတိပြုမိသွားသည်။

ဆရာသခင်လု နှစ်ယောက် ဖြစ်နေသလော....။

"သူက ဘာဆရာသခင်လဲ....ဆရာသခင်လုဖန်းက ဆေးဝါးပညာရှင်အဖွဲ့အစည်းက အသိအမှတ်ပြုခံထားရတဲ့သူတစ်ယောက်ပဲ...သူစီကနေ ဘာစိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုကိုမှလည်း မတွေ့ရဘူး...သူဘယ်နေရာကရောက်လာမှန်းတောင်မသိတာ...အဖိုးကိုလှည့်စားနေတာပဲဖြစ်မယ်"

ဖန်ယင်းရွှယ်က ခနဲ့တဲ့တဲ့ပြောဆိုနေပေသည်။

လုဖန်းကလည်း လုယွီအားတစ်ချက်ကြည့်ပြီး သရော်သံဖြင့် ပြောဆိုလိုက်၏။

"မိတ်ဆွေလေး...မင်းကိုကြည့်ရတာ မရင်းနှီးသလိုပဲ...မင်းလည်း ငါတို့လုမိသားစုကပဲလား"

လုယွီက လုဖန်းအား တည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလေသည်။

"အလယ်ပိုင်းကုန်းမြေမှာ လုမိသားစုလို့ခေါ်တဲ့ တစ်ခြားကျော်ကြားတဲ့မိသားစုမရှိဘူးဆိုရင်...ငါကို လုမိသားစုဝင်လို့ ပြောလို့ရတယ်"

Chapter 457

သူက လုမိသားစုဝင် ဖြစ်နေသလော...။

လုဖန်းက အပြုံးဖြင့် ထပ်မံပြောဆိုလိုက်၏။

"ငါ အတင့်ရဲစွာနဲ့ပဲ မင်းကိုမေးလို့ရမလား...မင်းမိသားစုရဲ့အကြီးအကဲကဘယ်သူလဲ...ပြီးတော့ ဘယ်မိသားစုခွဲကဆိုတာရောပေါ့"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ငါက တိုက်ရိုက်မျိုးဆက်ပဲ"

လုဖန်း၏မျက်နှာပေါ်မှအပြုံးက ပို၍ပီပြင်ထင်ရှားလာခဲ့သည်။

"တိုက်ရိုက်မျိုးဆက်လား...အဲ့ဒီမျိုးဆက်က လူအိုကြီးတစ်ချို့ပဲရှိတော့တာလေ...လုမိသားစုမှာ တိုက်ရိုက်မျိုးဆက်လူငယ်တစ်ယောက်ရှိတယ်ဆိုတာ ငါမကြားမိဘူး..မိတ်ဆွေလေး...မင်းက လုမိသားစုဝင်အဖြစ် အယောင်ဆောင်ချင်လည်း သေသေချာချာစုံစမ်းထားသင့်တယ်"

ဖန်ယင်းရွှယ်ကလည်း အထင်အမြင်သေးသောလေသံဖြင့် ဝင်ရောက်ပြောဆိုလေ၏။

"အဖိုး...သူက သေမျိုးလူလိမ်တစ်ယောက်ပဲဖြစ်မယ်....သူက အဖိုးကို လှည့်စားနေတာ...အဲ့လိုလူမျိုးပြောတာကို အဖိုးမယုံသင့်ဘူး"

"ပေါတ်ကရစကားတွေ"

သမားတော်ဖန်ရှန်းက အလွန်အမင်းဒေါသထွက်သွားခဲ့သည်။

"အစောပိုင်းကတင် ဆရာသခင်လုက အရှင်မင်းကြီးရဲ့ရောဂါကို ကုသပေးခဲ့တာ...ဘယ်သူက လူကောင်းဆိုတာ ငါ မကြည့်တတ်ဘူးလို့ နင်ထင်နေတာလား"

လုဖန်းက သူ၏ခေါင်းကို ခါယမ်းနေပေသည်။

"စီနီယာဖန်း...ခင်ဗျားက ဆေးဝါးပညာရှင်တစ်ယောက်မဟုတ်တော့ အခက်အခဲတွေကိုနားမလည်ဘူး...ကျွန်တော်အသက်ငါးနှစ်အရွယ်ကတည်းက ဆေးပညာတာအိုကိုစပြီးကျင့်ကြံခဲ့တယ်...အခုအချိန်မှသာ ကျွန်တော် အောင်မြင်မှုစရခဲ့တာ...ဆေးဝါးပညာရှင်တစ်ယောက်ဖြစ်ဖို့က လုံလောတ်တဲ့ကျင့်ကြံဆင့်နယ်ပယ်ရှိရမယ့်အပြင် ပိုပြီးအရေးကြီးတာက ဆေးပညာမှာပါရမီရှိရမယ်...အင်ပါယာမင်းရဲ့ရောဂါကိုကုသနိုင်တာလား...ဟား ဟား ဟား...ကျွန်တော်ရဲ့အမြင်အရတော့ဒါက အသေးအဖွဲရောဂါပဲ...သူက အထူးနည်းလမ်းတစ်ချို့ကိုအသုံးပြုပြီး အင်ပါယာမင်းကို ကုသခဲ့ပေမယ့် သူကဆေးဝါးပညာရှင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမလုံလောတ်သေးဘူး"

လုဖန်းက လုယွီအား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်ရှုလိုက်သည်။

"ကျွန်တော်တို့လုမိသားစုက အရမ်းအစွမ်းထက်တော့ နေရာတိုင်းမှာ လုမိသားစုဝင်ယောင်ဆောင်တဲ့သူတွေ အများကြီးရှိနေတယ်...ဒါက ကျွန်တော် ကြုံနေကျ ကိစ္စတစ်ခုပဲ"

သမားတော်ဖန်ရှန်းက လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုလိုက်လေ၏။

"သူက အတုအယောင်တစ်ယောက်ဖြစ်နေရင်တောင်...ငါ ကတိပေးပြီးသားမို့...သူကို တိမ်ဖီးနစ်နွယ်ပင် ငါ ပေးရလိမ့်မယ်"

"အဖိုး...."

ဖန်ယင်းရွှယ်က မြေပြင်ပေါ်၌ ခြေဆောင့်နေလေ၏။

ဤသည်က သူမအတွက် ဆေးဝါးပညာရှင်တစ်ယောက်ကို ဆွဲဆောင်နိုင်ရန် အခွင့်အရေးကြီးဖြစ်သည်။ အသုံးမဝင်သောဆေးပင်တစ်ပင်နှင့် ဆေးဝါးပညာရှင်တစ်ယောက်အားမိတ်ဆွေဖြစ်ခွင့်ကို လဲလှယ်နိုင်ပါက သူမအတွက် အခွင့်အရေးကောင်းပင်။

"ယင်းရွှယ်...နင် ဘာမှထပ်မပြောနဲ့တော့...ဆရာသခင်လုဖန်း...ကျုပ် တောင်းပန်ပါတယ်...မင်းကိုတိမ်ဖီးနစ်နွယ်ပင်မပေးနိုင်ဘူး...တစ်ကယ်လို့ ကျုပ်ရဲ့ခြံဝန်းထဲမှာ မင်းကြိုက်နှစ်သက်တဲ့ တစ်ခြားဆေးပင်ရှိရင်...မင်း ယူဆောင်သွားလို့ရတယ်"

သမားတော်ဖန်ရှန်းက လုဖန်းအား အလိမ္မာဖြင့်ပင် ငြင်းဆိုခဲ့လေသည်။

ခရက်..ခရက်

လုဖန်းက ဆေးမီးဖို၏အစွန်းဘက်အား သူ၏လက်ဖြင့် ချေမွပစ်လိုက်သည်။

"ကျွန်တော်မှာ ဆေးပင်တွေရှားနေတယ်လို့ ခင်ဗျား ထင်နေတာလား"

လုဖန်းက ခနဲ့တဲ့တဲ့လေသံဖြင့် ထပ်မံပြောဆိုလေ၏။

"တိမ်ဖီးနစ်နွယ်ပင်က ဘယ်လောတ်အဖိုးတန်နေလို့လဲ...ဒါက ခင်ဗျားရဲ့လက်ထဲ မတော်တဆရောက်နေတာမဟုတ်ဘူးလား"

"ဆရာသခင်လုဖန်း...စိတ်မဆိုးပါနဲ့နော်"

ဖန်ယင်းရွှယ်က စိုးရိမ်ပူပန်နေပုံဖြင့် လုဖန်းထံအပြေးအလွှားသွား၍ ဖြောင့်ဖျနေပေသည်။

သူမက သမားတော်ဖန်ရှန်းဘက်သို့လှည့်၍ ပြောဆိုလိုက်၏။

"အဖိုး...အဲ့ဒီဆေးပင်ကို ဆရာသခင်လုဖန်းစီပေးလိုက်ပါလား...ဘာလို့ လူလိမ်တစ်ယောက်ကို အဖိုးက ပေးတာလဲ"

သမားတော်ဖန်ရှန်းက ခေါင်းမာနေဆဲပင်။

"ငါရဲ့စိတ်က ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး"

"ဒါတွေအားလုံး နင့်ကြောင့်ပဲ"

ဖန်ယင်းရွှယ်က ရုတ်တရက် လုယွီအား ဒေါသတကြီးကြည့်ရှုလိုက်သည်။

"တစ်ယောက်ယောက်ကိုလိမ်ညာတာ နင့်အတွက်မကောင်းဘူး...နင်က ငါ့အဖိုးကိုလိမ်ညာလှည့်စားခဲ့တယ်...ငါရဲ့အဖိုးက လောကကြီးထဲမှာလှည့်လည်သွားနေပြီး မရေမတွက်နိုင်တဲ့အသက်တွေကိုကယ်တင်ခဲ့တဲ့သူ...နင်ရဲ့အသိဥာဏ်က စားဖို့သောတ်ဖို့ပဲသိတာလား...နင်ကိုယ်နင် ဘယ်လောတ်ယုတ်မာတဲ့သူဖြစ်နေပြီဆိုတာရော သိရဲ့လား"

ဖန်ယင်းရွှယ်က အော်ဟစ်ပြောဆိုနေတော့သည်။

လုယွီက အေးစက်စက်လေသံဖြင့် တုန့်ပြန်ပြောဆိုလိုက်သည်။

"မင်း ငါ့ကိုအထင်လွဲနေပြီ...ငါ့တသက်လုံး ဘယ်သူကိုမှ မလိမ်ခဲ့ဖူးဘူး"

"ဟာ ဟ...ဒီအခြေအနေထိရောက်နေတာတောင် နင်က လိမ်ညာနေတုန်းပဲလား"

ဖန်ယင်းရွှယ်၏ လုယွီအပေါ်ထားသော အမုန်းများသည် အထွက်အထိပ်သို့ ရောက်ရှိနေပေ၏။

"ငါ မင်းကို အများကြီးဂရုစိုက်ခဲ့တယ်...ငါ အခု တိမ်ဖီးနစ်နွယ်ပင်ကို ယူသွားတော့မယ်...မင်းတို့ ဘာလုပ်ချင်လဲ"

လုဖန်းက ချက်ချင်းပင် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုပြီး တိမ်ဖီးနစ်နွယ်ပင်စိုက်ပျိုးထားသောနေရာသို့ တရကြမ်းပြေးဝင်သွားခဲ့သည်။ သူ၏လက်များက တိမ်ဖီးနစ်နွယ်ပင်အား ထိလုထိခင်အနေအထားသို့ ရောက်ရှိနေလေ၏။

ရုတ်တရက် အနက်ရောင်လူရိပ်တစ်ရိပ်က လုဖန်း၏အနီးသို့ရောက်ရှိလာပြီး သူ၏လက်မောင်းအား ဖိနှိပ်ထားလေသည်။

"တစ်ကယ်လို့ မင်းရဲ့လက်နဲ့ တိမ်ဖီးနစ်နွယ်ပင်ကိုထိတွေ့လိုက်မယ်ဆိုရင်...အဲ့ဒီဆေးပင်က အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်အတွင်းမှာပဲ ညှိုးနွမ်းခြောက်သွေ့သွားလိမ့်မယ်...အဲ့ဒါကိုတောင် မင်းက ထိကိုင်ဦးမယ်ဆိုတော့ ဘယ်သူကမှမင်းကိုသင်ကြားပြသမထားဘူးလား"

"ပြီးတော့ ငါရဲ့ပစ္စည်းကို...မင်းထိတွေ့စရာမလိုဘူး"

လုယွီ၏အေးစက်စက်အသံ ထွက်ပေါ်လာပေ၏။

Chapter 458

"သေချင်နေတာလား"

လုယွီက သူ၏ပခုံးအားဖမ်းကိုင်ထားသည်ကိုကြည့်ပြီး လုဖန်း၏မျက်လုံးများအတွင်း၌ ခက်ထန်တင်းမာရိပ်များ ထင်ဟပ်လာခဲ့သည်။

"ငါ မင်းကိုပြောဖို့ တစ်ခုမေ့ခဲ့တယ်...ငါရဲ့ကျင့်ကြံမှုနယ်ပယ်က တာအိုဒုတိယဆင့်ကို ချဥ်းနင်းဝင်ရောက်နိုင်တော့မယ်....မင်း ငါကို အနိုင်ရဖို့ ဘာနည်းလမ်းမှမရှိဘူး....ငါက မင်းကိုအလွတ်ပေးခဲ့ပေမယ့်...မင်းဟာမင်း သေလမ်းလာရှာမယ်လို့ ငါ ထင်မထားမိဘူး"

လုဖန်းက သရော်တော်တော် ပြောဆိုနေပေ၏။ ထို့နောက် သူက လုယွီအား သေလူတစ်ယောက်ကဲ့သို့ ကြည့်ရှုလိုက်သည်။

"ကျောက်စိမ်းမီးတောက် တစ္ဆေသင်္ကေတ"

လုဖန်းက သူ၏လက်များကိုလေထုအတွင်း၌ ရှေ့နောက်ဝှေ့ယမ်းပြီးနောက် လောင်ကျွမ်းနေသောသင်္ကေတတစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုသင်္ကေတမှ မှိန်ပျပျအလင်းရောင် ထုတ်လွှက်နေလေ၏။ သင်္ကေတပေါ်၌ တဖြည်းဖြည်း မီးတောက်များလောင်ကျွမ်းလာခဲ့ပြီး ပူပြင်းသောအရှိန်အဝါတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

ဘုန်း....

လောင်ကျွမ်းနေသောသင်္ကေတက လုယွီထံသို့ တရကြမ်းတိုးဝင်လာခဲ့သည်။

ရုတ်တရက် မှော်ဆန်သောအဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားပေ၏။

မီးတောက်များက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း တစ်စုံတစ်ခု၏ဝါးမြိုခြင်းခံလိုက်ရသကဲ့သို့ ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

လုဖန်း အံ့အားသင့်သွား၏။ ထိုမီးတောက်များသည် ဆေးဝါးပညာရှင်သာပိုင်ဆိုင်သည့်ပြိုင်ဘက်ကင်းဟုဆိုနိုင်သော သူ၏အစစ်အမှန်မီးတောက်ဖြစ်သည်။ မည်မျှအားကောင်းသော ဆေးဘက်ဝင်ပစ္စည်းများမဆို ဤအစစ်အမှန်မီးတောက်အောက်တွင် အရည်ပျော်သွားနိုင်ပေရာ လူသားဆိုလျှင် ဆိုဖွယ်ရာမရှိချေ။

လုယွီကမူ နာကျင်မှုပင် မရှိသလော...ထိုအဖြစ်အပျက်က လုဖန်း၏တွေးတောနိုင်စွမ်းထက် ကျော်လွန်နေပေသည်။

"မဖြစ်နိုင်ဘူး....ငါရဲ့အစစ်အမှန်မီးတောက်ကို...မင်းက ဘယ်လိုနည်းနဲ့ ခုခံနိုင်ရတာလဲ"

လုဖန်းက တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်၏။

"အဲဒါက အစစ်အမှန်မီးတောက်လား"

လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ သူ၏အစစ်အမှန်မီးတောက်ထွက်ပေါ်လာခဲ့သည်။ ထိုမီးတောက်၏အဆင့်သည် အကန့်အသတ်မဲ့စကြဝဠာအတွင်းရှိ ဆေးဝါးပညာရှင်များ၏မီးတောက်အဆင့်နှင့် တိုင်းတာ၍မရနိုင်ချေ။

"တစ်ကယ်လို့ မင်းမှာ အရည်အချင်းမရှိရင်လည်း...တစ်ခြားသူရဲ့ပစ္စည်းကိုလုယူဖို့ မစဥ်းစားစမ်းနဲ့"

လုယွီက အေးစက်စက်အော်ဟစ်ပြီးနောက် လုဖန်း၏လည်မြိုအား ဆုပ်ကိုင်လိုက်တော့သည်။

လုဖန်းသည် ယခင်က မည်သည့်အချိန်ကမျှ သူ မကြုံဖူးခဲ့သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့်ဖိအားတစ်ရပ် သူထံတိုးဝင်လာခြင်းကို ခံစားမိသည်။ သူမည်သို့မျှ ခုခံတားဆီးနိုင်စွမ်းမရှိတော့ဘဲ လုယွီက သူ့အားလည်မြိုမှဆွဲမထားခြင်းကို ခံရတော့သည်။

"မင်း ငါကိုတိုက်ခိုက်ရဲတာလား...ငါက လုမိသားစုဝင်နော်...မင်း သေဖို့စောင့်နေ"

လုဖန်းက အံ့တင်းတင်းကြိတ်ရင်း ပြောဆိုလိုက်၏။

လုယွီက အလေးမထားသောလေသံဖြင့် တုန့်ပြန်ပြောဆိုလေသည်။

"မင်း ငါ့ကိုလာသတ်မဲ့အချိန်ကို ငါစောင့်နေပါမယ်"

ထို့နောက် လုယွီက လုဖန်းအား အဝေးသို့ လွှက်ပစ်လိုက်ပေသည်။

ဘုန်း...

အဝေးတနေရာမှ လေးလံသောအရာဝတ္ထုတစ်ခု မြေပြင်ပေါ်သို့ ကျဆင်းသွားသံ ထွက်ပေါ်လာခဲ့သည်။

သမားတော်ဖန်းက သက်ပြင်းရှိုက်နေလေ၏။

"ဆရာသခင်လု...မင်း ပြဿနာတတ်တော့မယ်...ဒီနေရာက မြန်မြန်ထွက်သွားတာ မင်းအတွက်ပိုကောင်းလိမ့်မယ်"

လုယွီက သိချင်စိတ်ပြင်းပြပုံဖြင့် မေးမြန်းလိုက်သည်။

"ကျုပ်က ဘာလို့ ထွက်သွားသင့်တာလဲ"

"လုမိသားစုက အလယ်ပိုင်းကုန်းမြေက ထိပ်သီးမိသားစုကြီးတစ်ခုပဲ...တစ်ကယ်လို့ မင်းက သူတို့ရဲ့မိသားစုဝင်ကိုရိုက်နှက်ခဲ့တာကို သိသွားလို့ရှိရင်...သူတို့ခွင့်လွှက်မှာမဟုတ်ဘူး...ဆေးဝါးပညာရှင်တစ်ယောက်ကို တိုက်ခိုက်ရတာလွယ်ကူတယ်လို့ မင်း မထင်နဲ့...အဲ့ဒီဆေးဝါးပညာရှင်ရဲ့နောက်မှာ ရှုပ်ထွေးတဲ့အဆတ်အနွယ်တွေရှိနေတယ်...အချိန်တိုအတွင်းမှာ အကူအညီတွေအများကြီးခေါ်ဆောင်လာဖို့ဆိုတာ သူတို့အတွက် ပြဿနာမဟုတ်ဘူး"

လုယွီက ရယ်မောနေပေ၏။

"ကိစ္စမရှိပါဘူး....ကျုပ်က လုပ်သင့်တဲ့အရာကိုလုပ်တာပဲ"

"ကောင်းပြီလေ...မင်းအသက်က အရမ်းငယ်သေးတာကိုး...ဆေးပင်ကိုယူပြီး မြန်မြန်ထွက်သွားတော့"

သမားတော်ဖန်ရှန်းက သက်ပြင်းချရင်းပြောဆိုလိုက်သည်။

ဖန်ယင်းရွှယ်က နီမြန်းနေသောမျက်လုံးများဖြင့် လုယွီကိုစိုက်ကြည့်နေပြီး သူမက အံကိုတင်းတင်းကြိတ်ထားခဲ့သည်။

"နင်က ဒီလိုလူရမ်းကားတစ်ယောက်ဖြစ်မယ်လို့ ငါ ထင်မထားမိဘူး"

"ယင်းရွှယ်"

သမားတော်ဖန်ရှန်းက ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

ဖန်ယင်းရွှယ်က သူမအဖိုး၏အသံကိုမကြားသကဲ့သို့နေနေပြီး သူမက အေးစက်စက်လေသံဖြင့်ပြောဆိုလေ၏။

"နင်က ဆေးပင်ကိုယူသွားတာကဟုတ်ပြီ...လုမိသားစုလာရှာတဲ့အခါကျရင် အဲ့ဒီပြဿနာက ငါ့အဖိုးရဲ့ခေါင်းပေါ်ကျလာလိမ့်မယ်"

"ယင်းရွှယ်...အဓိပ္ပါယ်မရှိတာတဲ့စကားတွေ မပြောစမ်းနဲ့"

သမားတော်ဖန်ရှန်းက ဖန်ယင်းရွှယ်အား တားဆီးနေပေသည်။

"အဖိုး...ကျွန်မကို အရူးလို့ထင်နေတာလား...ကျွန်မက အမှန်ကိုပြောနေတာလေ"

ဖန်ယင်းရွှယ်က လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။

"ဒီတိမ်ဖီးနစ်နွယ်ပင်အတွက်ကို ငါရဲ့အဖိုးက အဖိုးအခအများကြီးပေးထားရတာ...နင် အဲ့ဒီဆေးပင်ကို လိုချင်တယ်ဆိုရင်...တန်ကြေးတူညီတာတစ်ခုခုနဲ့လဲလှယ်ရမယ်"

"အော်...မင်းက ဘာလိုချင်တာလဲ"

လုယွီက တည်ငြိမ်သောလေသံဖြင့် မေးမြန်းလေသည်။

ဖန်ယင်းရွှယ်၏မျက်လုံးများ တခဏတာဂဏမငြိမ်ဖြစ်သွားပြီးမှ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"နင်က အစစ်အမှန်ဆရာသခင်ကို မောင်းထုတ်ပစ်မှတော့..ဆေးတစ်ချို့သန့်စင်ဖို့ ငါ နင်ကိုဒုက္ခပေးရလိမ့်မယ်"

Chapter 459

"ယင်းရွှယ်...နင်ဘာတွေပြောနေတာလဲ"

သမားတော်ဖန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

ဖန်ယင်းရွှယ်က အဖိုးဖြစ်သူစိတ်ဆိုးဒေါသထွက်နေခြင်းကို အမှုထားပုံမရဘဲ ခနဲ့တဲ့တဲ့လေသံဖြင့် တုန့်ပြန်ပြောဆိုပေသည်။

"အဖိုး...သူက သူကိုယ်သူ ဆေးဝါးပညာရှင်လို့ ပြောထားတာမဟုတ်လို့လား...ဘာလို့ သူကို ဆေးသန့်စင်ခွင့်မပေးဘဲနေရမှာလဲ...ဘာပဲဖြစ်ဖြစ် ဆရာသခင်လုဖန်းက ဆေးကိုအောင်အောင်မြင်မြင် သန့်စင်နိုင်တာတော့သေချာတယ်"

လုယွီက စိတ်ပျက်နေလေ၏။ သမားတော်ဖန်ရှန်းအား ဆေးသန့်စင်ပေးရန် သူ၌အချိန်မရှိချေ။

တိမ်ဖီးနစ်နွယ်ပင်အား လက်ဖြင့်တိုက်ရိုက်ကိုင်တွယ်၍မရချေ။ လုယွီ၏အတွေးတစ်ချက်နှင့်အတူ ရွှေရောင်အလင်းလွှာတစ်လွှာက သူ၏လက်အရေပြားပေါ်၌ ထွက်ပေါ်လာခဲ့သည်။

အဝေးတစ်နေရာမှကြည့်လျှင် လုယွီ၏လက်က ရွှေရောင်တလက်လက်ထနေသည်မှာ ထူးဆန်းအံ့အားသင့်ဖွယ်မြင်ကွင်းဖြစ်ပေ၏။

လုယွီက သူ၏လက်ကိုဆန့်တန်းပြီး မြေကြီးအတွင်းရှိ တိမ်ဖီးနစ်နွယ်ပင်အား နှုတ်ယူလိုက်သည်။

တိမ်ဖီးနစ်နွယ်ပင်က မြေပြင်နှင့်ကင်းကွာသွားသော အချိန်တခဏတွင် မြေဆီလွှာမှ မီးလောင်ကျွမ်းနေသကဲ့သို့ရနံ့မျိုးထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ခပ်သဲ့သဲ့ဖီးနစ်အော်သံတစ်သံ ကြားနေရသည်။

လုယွီက တိမ်ဖီးနစ်နွယ်ပင်၏ ပူပြင်းလောင်ကျွမ်းနေသောအရှိန်အဝါပျောက်ကွယ်သည့်အချိန်အထိ စောင့်ဆိုင်းခြင်းမရှိချေ။ သူ၏အင်္ကျီလက်မောင်းကြားမှ ကျောက်စိမ်းသေတ္တာတစ်လုံးကိုထုတ်ယူပြီး အတွင်းသို့ တိမ်ဖီးနစ်နွယ်ပင်အား ထည့်လိုက်သည်။

တိမ်ဖီးနစ်နွယ်ပင်အား နှုတ်ယူသည့်အချိန်မှစ၍ ကျောက်စိမ်းသေတ္တာအတွင်းသို့ သိမ်းဆည်းပြီးသောအချိန်အထိ လုယွီ၏လှုပ်ရှားမှုများသည် ချောမွေ့နေပေ၏။

ဤကိစ္စရပ်များသည် ရိုးရှင်းသည်ဟုဆိုနိုင်သော်လည်း အကယ်၍ အဆင့်တစ်ဆင့်သာ အနည်းငယ်နောက်ကျသွားပါက ဆေးပင်၏အကျိုးသက်ရောက်မှု များစွာလျော့ကျသွားနိုင်သည်။

"ထွီ...အပိုတွေလုပ်နေတာ"

ဖန်ယင်းရွယ်ကမူ လုယွီအား အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေပေ၏။ ဤမျှရိုးရှင်းသောဆေးပင်တစ်ပင်အား နှုတ်ယူခြင်းသည် အဆင့်များစွာလုပ်ရန် လိုအပ်ပါသလော...။ သူမ၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် လူလိမ်တစ်ယောက်ဟု ပို၍သေချာသွားခဲ့သည်။

"ကျေးဇူး တင်ပါတယ်"

လုယွီက ဖန်ယင်းရွှယ်၏အထင်အမြင်သေးသောအကြည့်ကို လျစ်လျူရှုပြီး သမားတော်ဖန်ရှန်းအား ရယ်ပြုံးပြီး ပြောဆိုလိုက်၏။

"ဒါက ငါကတိပေးထားတာကို ဖြည့်ဆည်းပေးတာပါ...ဒါပေမယ့် ငါ သိချင်တာတစ်ခုရှိတယ်....မင်း သန့်စင်မှာဘယ်လိုဆေးဝါးမျိုးလဲ"

သမားတော်ဖန်ရှန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလေသည်။

လုယွီက ဖြေဆိုလိုက်၏။

"ကျုပ်မှာ တပည့်နှစ်ယောက်ရှိတယ်...သူတို့ရဲ့အခြေအနေကို တိုးတတ်ပြောင်းလဲစေနိုင်မယ့် ဆေးတစ်ချို့ ကျုပ်သန့်စင်မလို့"

"ဒီဆေးက မင်းရဲ့တပည့်တွေအတွက်လား...ဆရာသခင်လုက ဒီလိုအဖိုးတန်ဆေးပင်ကိုအသုံးပြုမယ်ဆိုတော့ တပည့်တွေကိုတစ်ကယ်ဂရုစိုက်တဲ့သူပဲ"

သမားတော်ဖန်ရှန်းက သက်ပြင်းရှိုက်နေပေသည်။

သူက ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် ပြောဆိုလိုက်၏။

"ဆရာသခင်လုက ဆေးသန့်စင်မယ်ဆိုတော့...ကျွန်တော်ရဲ့ဒီအိမ်တော်မှာ တစ်ခြားဆေးပင်တွေလည်းရှိသေးတယ်"

သူ၏အကြံအစည်က ဆေးသန့်စင်ခြင်းကို နံဘေးမှကြည့်ရှုလိုခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ ဆေးဝါးပညာရှင်တစ်ယောက်၏ ဆေးသန့်စင်သောဖြစ်စဥ်သည် အလွန်အဖိုးထိုက်တန်ပေသည်။ အကယ်၍ သူက နံဘေးမှသာကြည့်ရှုခွင့်ရပါက အမြောက်အများသင်ယူနိုင်ပေမည်။

လုယွီက ဆေးစိုက်ခင်းကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်၍ ပြောဆိုလိုက်သည်။

"အတော်ပဲ...ဒီနေရာမှါ ကျုပ်လိုအပ်တဲ့ဆေးပင်တစ်ချို့ရှိနေတယ်"

တိမ်ဖီးနစ်နွယ်ပင်အပြင် ဤနေရာရှိဆေးစိုက်ခင်း၌ သာမာန်ဆေးပင်အမျိုးအစားများလည်း ရှိနေခဲ့သည်။ ထို့ကြောင့် လုယွီအတွက် ဆေးပင်ရှာရမည့်အချိန်အား ချွေတာရာရောက်ပေသည်။

သမားတော်ဖန်ရှန်းက အပျော်လွန်သွားလေ၏။

"ကောင်းပြီလေ...ငါ ဆေးမီးဖိုပြင်ဆင်ထားလိုက်မယ်"

"ယင်းရွှယ်...ဆရာသခင်လုအတွက် ဆေးမီးဖိုကို နင်မြန်မြန်ပြင်ဆင်မပေးသေးဘူးလား"

သမားတော်ဖန်ရှန်းက နံဘေးတွင်မတ်တတ်ရပ်နေသော သူ၏မြေးမအား ပြောဆိုလိုက်သည်။

ဖန်ယင်းရွှယ်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် လုယွီအား အထင်သေးသောအကြည့်ဖြင့် ကြည့်ရှုနေပေ၏။

"သူ က...ဆေးသန့်စင်မယ်တဲ့လား...အဖိုး...သူရဲ့အလိမ်အညာတွေ ထပ်မခံပါနဲ့တော့...ကျွန်မက သူလိုလူတွေအများကြီး တွေ့မြင်ဖူးပြီးပြီ...ဘယ်လိုလုပ်ပြီး သူက ဆေးသန့်စင်တတ်မှာလဲ"

သမားတော်ဖန်ရှန်းက စိတ်မကြည်မသာဖြစ်သွားလေသည်။

"နင်....ကောင်မလေး နင် စကားကိုဘယ်လိုပြောနေတာလဲ"

"ကျွန်မက လူလိမ်တစ်ယောက်ကို မျက်နှာသာမပေးနိုင်ဘူး"

ဖန်ယင်းရွှယ်က လုယွီအား စိုက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ခစ် ခစ် ခစ်...အဖိုး...ကျွန်မပြောတာ ကြားတယ်မလား...ဒီလူက ကျော်ကြားချင်လို့ အယောင်ဆောင်နေတဲ့သူ...ဆေးဝါးပညာရှင်တစ်ယောက်ဖြစ်ပြီး ဆေးမီးဖိုမရှိတဲ့သူ ဘယ်သူရှိလို့လဲ...တစ်ကယ်လို့ သူ ဒီနေရာမှာ ဆေးသန့်စင်မယ်ဆိုရင်...သူကိုယ်သူလူလိမ်လို့ ထုတ်ဖော်သလိုဖြစ်သွားမှာ"

ဖန်ယင်းရွှယ်သည် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်သရော်နေပေ၏။

Chapter 460

လုယွီက သမားတော်ဖန်ရှန်းအား ခေါင်းခါပြလိုက်၏။

"ကျုပ်ရဲ့အစစ်အမှန်မီးတောက်ကို ခံနိုင်ရည်ရှိတဲ့ဆေးမီးဖိုက အနည်းအကျဥ်းပဲရှိတယ်...သာမာန် ဆေးမီးဖိုတွေက အရည်ပျော်သွားလိမ့်မယ်"

လုယွီ၏အစစ်အမှန်မီးတောက်သည် ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်နှင့်သူ၏မူလဘူတမီးတောက် ပေါင်းစပ်ထားခြင်းဖြစ်သည်။

အကယ်၍ ထိုမီးတောက်ကိုသာ အပြည့်အဝထုတ်လွှက်လိုက်ပါက ဤနေရာမှလီသုံးဆယ်ကျော်အကွာအဝေးအထိ မီးတောက်များဖုံးလွှမ်းသွားပေမည်။ သာမာန်ဆေးမီးဖိုတစ်လုံးက ခံနိုင်ရည်ရှိရန်မှာ ထည့်ပြောစရာပင်မလိုတော့ချေ။

ဖန်ယင်းရွှယ်က ပြက်ရယ်ပြုနေပေ၏။

"နင်က အစတောင်မပျိုးရသေးဘဲ အကြွားသန်လှချည်လား...ငါ နင်ကို တကယ်လေးစားမိတယ်....နင်အသက်အရွယ်နဲ့ ဒီလိုမျိုးအလိမ်အညာတွေကို ဘယ်နေရာကများသင်ခဲ့တာလဲ"

လုယွီက ဖန်ယင်းရွှယ် မည်သို့ပြောနေနေ...အလေးထားရန် သူ၌အစီအစဥ်မရှိချေ။ သူ၏အမြင်၌ ဖန်ယင်းရွှယ်က ကလေးသက်သက်ပင်။ မည်သည်ကြောင့် လုယွီက သူမအား ဂရုစိုက်နေရမည်နည်း။

"ကျုပ်က ခင်ဗျားရဲ့ဆေးပင်ကို အလကားမယူချင်ဘူး...အဲ့ဒီတေါ့ ကျုပ်ရဲ့ဆေးပညာအတွေ့အကြုံတစ်ချို့ ခင်ဗျားကိုပြပေးမယ်...ခင်ဗျားရဲ့အသက်အရွယ်က အိုမင်းနေပြီဆိုပေမယ့်...ခင်ဗျားက ဆေးပညာမှာပါရမီရှိနေတော့ အသက်အရွယ်က အဓိကမကျတော့ဘူး"

လုယွီက ရုတ်တရက် လက်ဆန့်တန်းလိုက်ရာတွင် သူ၏လက်မှ အဖြူရောင်မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအဖြူရောင်မီးတောက် မြင့်တက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိလေထုသည် စတင်တွန့်လိမ်လာလေ၏။

အဖြူရောင်မီးတောက်၏ပြင်ပ၌ အနက်ရောင်မြူခိုးအလင်းလွှာက ရစ်သိုင်းနေပေသည်။ ဤသည်က လုယွီ၏ကျန်းချီများဖြစ်သည်။

အပြည့်အဝကွဲပြားခြားနားနေသည့် သမာဓိရှိသောအရှိန်အဝါနှင့် နတ်ဆိုးအရှိန်အဝါနှစ်ခု ပေါင်းစပ်ထားခြင်း ဖြစ်ပေ၏။

"ဒါက အစစ်အမှန်မီးတောက်လား...ဘာလို့ ငါ မြင်ဖူးနေကျ တစ်ခြားဆေးဝါးပညာရှင်တွေရဲ့ဟာနဲ့ မတူတာလဲ"

သမားတော်ဖန်ရှန်းက အံ့အားသင့်နေခဲ့သည်။

အစောပိုင်းက လှောင်ပြောင်သရော်နေခဲ့သော ဖန်ယင်းရွှယ်ပင် လုယွီ၏လက်ဝါးအတွင်းရှိ မီးတောက်ကိုမြင်ချိန်တွင် အံ့အားသင့်သွားလေ၏။ အချိန်တခဏကြာမှသာလျှင် ဖန်ယင်းရွှယ်က သတိပြန်ဝင်လာခဲ့ပြီး ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုလိုက်လေသည်။

"ဒါက ငါ တနေရာရာမှာ မြင်ဖူးနေကျ မီးစွမ်းရည်နည်းစနစ်ကနေ မီးတောက်ထုတ်တာမျိုးမဟုတ်ဘူးလား...နင်က ဒီလိုနည်းနဲ့ ဆေးဝါးပညာရှင်ယောင်ဆောင်ချင်နေတာလား'

"လာစမ်း"

လုယွီက ရုတ်တရက် ပတ်ဝန်းကျင်ရှိဆေးစိုက်ခင်းများထံဦးတည်၍ လက်ဝှေ့ယမ်းလိုက်၏။ ဆေးစိုက်ခင်းအတွင်းရှိ ဆေးပင်တစ်ချို့သည် လုယွီထံသို့ဦးတည်၍ ပျံဝဲလာပေသည်။ ထိုဆေးပင်များသည် လုယွီ၏လက်ပေါ်ရှိ မီးတောက်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် ချက်ချင်းပင်အရည်ပျော်သွားကြ၏။

လုယွီ၏နည်းစနစ်သည် အလွန်လျှင်မြန်ပြီး သူ၏လက်များက မီးတောက်အား တည်ငြိမ်စွာထိန်းချုပ်ထားခဲ့သည်။ အချိန်တခဏအကြာတွင် ဆေးရည်များက ပေါင်းစပ်စပြုလာလေသည်။

"ဒီ နည်းစနစ်....."

သမားတော်ဖန်ရှန်းက မျက်တောင်မခတ်ဘဲ လုယွီ၏လက်များကိုသာ အာရုံစူးစိုက်၍ကြည့်ရှုနေပေ၏။

သူသည် ယခင်က ဆေးဝါးပညာရှင်များ ဆေးသန့်စင်ခြင်းကို မြင်ဖူးသော်လည်း သူတို့အားလုံးက ဆေးမီးဖို၏နံဘေး၌ရပ်ကာ မီးတောက်ကိုဂရုတစိုက်ထိန်းချုပ်နေကြသည်။ အကယ်၍ သူတို့သည် အမှားအယွင်းတစ်စုံတစ်ခုဖြစ်ပေါ်သွားပါက ဆေးမီးဖိုအတွင်းရှိဆေးများအားလုံးကို စွန့်လွှက်ပစ်ရသည်။

လုယွီ၏နည်းစနစ်ကဲ့သို့ ချောမွေ့လွန်းသည်မှာ မည်သည့်နည်းဖြင့်ဖြစ်နိုင်မည်နည်း။

"ဒါက ဆေးဖွဲ့စည်းတော့မှာလား"

ရုတ်တရက် သမားတော်ဖန်ရှန်းက တီးတိုးရေရွတ်လိုက်၏။

မီးတောက်အတွင်း၌ ဆေးလုံးပုံသဏ္ဌာန်က တဖြည်းဖြည်းဖြစ်တည်နေပေသည်။ လုယွီ၏ထိန်းချုပ်မှုအောက်တွင် ဆေးပင်များအားလုံးသမစွာရောစပ်ပြီး ဆေးလုံးအဖြစ်ဖွဲ့စည်းလာခဲ့သည်။

"အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်တောင် မရှိသေးဘဲ ဆေးဖြစ်တည်တော့မှာပဲ...ဒါက အမှန်ဟုတ်ရဲ့လား"

သမားတော်ဖန်ရှန်းပင် ယခုအချိန်၌ လုယွီအား အနည်းငယ်သံသယဝင်နေလေ၏။ ဤကဲ့သို့ဆေးဖော်စပ်ခြင်းနည်းစနစ်နှင့်အမြန်နှုန်းကို သူ နစ်ခြားသူများအားပြောပြပါက မည်သူမျှယုံကြည်မည်မဟုတ်ချေ။

လုယွီက ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး အတွင်းရှိတိမ်ဖီးနစ်နွယ်ပင်အား မီးတောက်အတွင်းသို့ပစ်ထည့်လိုက်၏။

တိမ်ဖီးနစ်နွယ်ပင် မီးတောက်အတွင်းသို့ ကျရောက်သွားသည်နှင့် အနက်ရောင်မီးတောက်များက ရုတ်တရက်မြင့်တတ်လာခဲ့သည်။ ထို့နောက် တိမ်ဖီးနစ်နွယ်ပင်က အလျှင်အမြန်အရည်ပျော်သွားပြီး မီးတောက်က ပို၍တောက်ပလာကာ ဆေးလုံးများအားဖုံးလွှမ်းသွားတော့သည်။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လုယွီ၏လက်မှ ကြီးမားသောမီးခိုးလုံးကြီးများ ထွက်ပေါ်လာလေ၏။

မီးတောက်များလောင်ကျွမ်းနေသော မြင်ကွင်းသည် ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။ လုယွီ၏လက်မှ မီးခိုးလုံးကြီးများ တဖြည်းဖြည်းလွင့်ပြယ်သွားပြီးနောက် မီးတောက်များဖုံးလွှမ်းနေသည့် အနီရောင်ဆေးနှစ်လုံးထွက်ပေါ်လာပေ၏။

"အဲ့ဒီဆေးလုံးတွေက...လောင်ကျွမ်းသွားတာလား"

သမားတော်ဖန်ရှန်း အံ့အားသင့်တုန်လှုပ်သွားပေသည်။

All Chapters