← Chapters

အခန်း (၄၆၆-၄၇၀)

Vol. 26-30 Ch. 466-470

အခန်း (၄၆၆-၄၇၀)

Vol. 26-30 Ch. 466-470

Chapter 466

ထိုကျင့်ကြံသူ၏နောက်မှ ကျောက်စိမ်းလိပ်ပြာတစ်ကောင်သည် ရုတ်တရက်ပေါတ်ကွဲသွားခဲ့သည်။

"ထူးဆန်းတယ်...အဲ့ဒီကောင်လေးက သူရဲ့ကျင့်ကြံဆင့်လောတ်နဲ့ ဒီနေရာကိုလာမယ်ဆိုတော့...သူက သေချင်နေတာများလား"

တစ်ခြားကျင့်ကြံသူတစ်ယောက်က ရယ်မောရင်းမှ ပြောဆိုလိုက်၏။

တစ်စုံတစ်ယောက်သည် ကျိုးမိသားစုမှကျင့်ကြံသူများအား သတ်ဖြတ်ဝံ့မည်ဟု မည်သူကမျှတွေးတောထားခြင်းမရှိချေ။

လုံချွမ်တိုင်းပြည်၌ ကျိုးမိသားစုသည် တစ်ခြားကျင့်ကြံသူများမဆိုထားနှင့်...အင်ပါယာနန်းတော်ကိုပင် အရေးစိုက်ခြင်းမရှိချေ။

"ပြောနေကြတာတော့ အရှင်သခင်က ကလေးငယ်တွေကို အရေးတကြီးလိုအပ်နေတယ်တဲ့...သူရဲ့ကျင့်ကြံဆင့်ချိုးဖျက်နိုင်ဖို့ လိုအပ်နေတာများလား"

"အရှင်သခင်ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းနက်နဲတယ်...အဲ့ဒီကိစ္စကို ထပ်မစဥ်းစားနဲ့"

ကျိုးအိမ်တော်၏ရှေ့မှ ကျင့်ကြံသူများက စကားတွတ်ထိုးနေကြချိန်တွင် လူတစ်စုက ကျိုးအိမ်တော်ရှိရာလမ်းသို့ ရောက်ရှိလာပေ၏။

ကျိုးအိမ်တော်တည်ရှိရာလမ်းသည် အလွန်ကျယ်ဝန်းသည့်အပြင် လမ်းတစ်လမ်းလုံး ကျိုးအိမ်တော်၏ပိုင်ဆိုင်မှုဖြစ်သည်။

"သုံ့ပန်းတွေ ပြန်လာပြီ...တံခါးဖွင့်ပေးလိုက်စမ်း"

တံခါးအနီးရှိကျင့်ကြံသူက ထိုလူစုကိုတစ်ချက်သာကြည့်ပြီး သူ၏မျက်ခွံကိုဆတ်လက်ပိတ်ထားပေ၏။

ထိုသုံ့ပန်းများကို သွားရောက်ဖမ်းဆီးသူများသည် သာမာန်လူများသာဖြစ်ပြီး ကျိုးအိမ်တော်၌ အနိမ့်ကျဆုံးအဆင့်ဖြစ်သည်။ သူက ထိုလူစုအပေါ်သို့ အာရုံစူးစိုက်လိုစိတ်မရှိချေ။

အဝေးတနေရာမှ လူအုပ်စုတစ်စုသည်လည်း ရှည်လျားသောလမ်း၏တစ်ဖက်ခြမ်းသို့ ချဥ်းကပ်ရောက်ရှိလာလေသည်။

"မင်းတို့က လူနည်းနည်းပဲ ဖမ်းဆီးခဲ့တာလား... ဟမ်..."

ကျင့်ကြံသူက အနည်းငယ်အံ့အားသင့်သွားပေ၏။

သူ၏ရှေ့မှလူများသည် ကျိုးအိမ်တော်၏အစေခံဝတ်စုံဖြစ်သော အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကြ၏။ သို့သော် သူတို့ထံ၌ မည်သည့်ကလေးမျှ ခေါ်ဆောင်လာခြင်းမရှိချေ။

ထိုကျင့်ကြံသူက ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

"မင်းတို့ အမှိုက်ကောင်တွေ ထပ်ပြီးပျင်းရိနေပြန်ပြီလား....မင်းတို့ သွားဖမ်းတဲ့ ကလေးတွေက ဘယ်မှာလဲ"

အစေခံများ၏မျက်နှာသည် ဖြူရော်နေပြီး မည်သည့်စကားမျှမဆိုဝံ့ကြချေ။ သူတို့က နေရာ၌ပင် တုန်တုန်ရီရီဖြင့် မတ်တတ်ရပ်နေလေ၏။

"မင်းတို့ရဲ့အရှင်သခင်ကို ငါတွေ့ချင်တယ်...ဘယ်လိုသတ္တိမျိုးနဲ့ ငါရဲ့တပည့်တွေကို ဖမ်းဆီးရဲတာလဲဆိုတာ မေးချင်လို့"

လုယွီက ခပ်ပေါ့ပေါ့လေသံဖြင့် ပြောဆိုလိုက်၏။

သူက ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သဖြင့် ကျိုးအိမ်တော်မှအစေခံများနှင့် သိသိသာသာကွဲပြားခြားနားနေပေသည်။

"မင်းက ငါတို့ကျိုးအိမ်တော်ကလူ မဟုတ်ဘူး...မင်း ဘယ်သူလဲ"

တံခါးအနီးမှကျင့်ကြံသူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပေ၏။

လုယွီ၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုကိုမျှ သူ ခံစား၍မရချေ။ ထိုကောင်လေးက သာမာန်သေမျိုးများနှင့် တူညီနေသည့်အပြင် အသက်အရွယ်မှာလည်းငယ်ရွယ်နေပေသည်။

လုယွီက ထပ်မံ၍ ပြောဆိုလိုက်၏။

"မင်း ငါပြောတာ မကြားဘူးလား....မင်းတို့ရဲ့အရှင်သခင်ကို ထွက်လာခိုင်းလိုက်စမ်း"

"ငါတို့ရဲ့အရှင်သခင်က မင်းတွေ့ချင်တိုင်းတွေ့လို့ရတဲ့သူ ထင်နေလား"

တံခါးအနီးမှ ကျင့်ကြံသူများအားလုံး မတ်တတ်ထရပ်လိုက်ကြသည်။

လုယွီက ဤနေရာသို့ ပြဿနာလာရှာခြင်းမှာ သိသာထင်ရှားပေသည်။

ထိုကျင့်ကြံသူများသည် ဤနေရာ၌စောင့်ကြပ်နေရသည်မှာ အချိန်ကြာညောင်းနေပြီဖြစ်သော်လည်း မည်သည့်နှောက်ယှက်သူမျှ ရောက်ရှိမလာသဖြင့် သူတို့က ပျင်းရိနေသကဲ့သို့ခံစားနေရသည်။ သူတို့က သေရေးရှင်ရေးကိုမသိသော လုယွီကဲ့သို့လူစားမျိုးကို တွေ့မြင်လိုပေ၏။

"ဘာမှ ထပ်ပြောမနေနဲ့...ငါ သူကို အသက်ရှင်ရက် ဖမ်းဆီးရမယ်"

အနက်ရောင်ဝတ်စုံဖြင့်အဖိုးအိုတစ်ယောက်က အေးစက်စက်ပြုံးနေရင်းမှ ပြောဆိုလိုက်သည်။

"ငါက နှိပ်စက်ညှင်းပန်းတဲ့နည်းလမ်းတစ်မျိုးကို လေ့လာနေခဲ့တာ...ဒီလို ငယ်ရွယ်တဲ့ကောင်လေးဆိုရင်...ငါ့အတွက် အတွေ့အကြုံကောင်းကောင်းရလိမ့်မယ်"

အဖိုးအို၏စကားသံကိုကြားသည်နှင့် တစ်ခြားကျင့်ကြံသူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားခဲ့သည်။ သူတို့က ချက်ချင်းပင် နံဘေးဘက်သို့ ဖယ်ရှားပေးလိုက်ကြသည်။

"အဆိပ်အဖိုးအို....မင်း ကြိုက်သလို ဆော့ကစားနိုင်တယ်...ငါတို့ကိုတော့ မထိစေနဲ့"

ကျင့်ကြံသူများက အော်ဟစ်ပြောဆိုလေ၏။

"ဟီး...ဟီး...ဘာမှစိတ်ပူမနေနဲ့...ငါရဲ့အဆိပ်မြွေက ငါ သေစေလိုတဲ့သူကိုပဲ ကိုက်တာ"

အဆိပ်အဖိုးအိုက ခရားတစ်လုံးကိုထုတ်ယူပြီး ရှုပ်ထွေးသောမန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ခရားအတွင်းမှ အနက်ရောင်မြွေတစ်ကောင်ထွက်လာပြီး အဆိပ်အဖိုးအို၏လက်မောင်း၌ ရစ်ခွေနေလေသည်။

"သွား"

အဆိပ်အဖိုးအိုက လုယွီထံသို့ လက်ညှိုးညွှန်လိုက်ရာတွင် အနက်ရောင်မြွေက ပါးစပ်ဟပြီး လုယွီအားကိုက်ရန် တိုးဝင်လာခဲ့သည်။

အနက်ရောင်မြွေသည် လုယွီအနီးသို့ ချဥ်းကပ်မိသော အချိန်တခဏတွင် မြွေ၏ခန္ဓာကိုယ်ပေါ်၌ အဖြူရောင်မီးတောက်အလွှာတစ်လွှာ ထွက်ပေါ်လာပေ၏။

ထိုမြွေ၏ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်အတွင်းသို့ရောက်ရှိသွားပြီး စတင်၍တွန့်လိမ်ကာ အသည်းအသန်ရုန်းကန်နေလေသည်။

ဤမီးတောက်က လုယွီ၏မူလဘူတမီးတောက်ဖြစ်သည်။ မည်သည့်နည်းဖြင့် သာမာန်တိရစ္တာန်တစ်ကောင်က တွန်းလှန်ခုခံနိုင်မည်နည်း။

အသက်ရှုချိန်အနည်းငယ်အတွင်း၌ပင် အနက်ရောင်မြွေသည် ပြာကျသွားခဲ့သည်။

"အဆိပ်အဖိုးအို...ဒါက ခင်ဗျားရဲ့စမ်းသပ်မှုအသစ်လား....ကောင်လေးတစ်ယောက်ကိုတောင် မရှင်းလင်းနိုင်ဘူး...ဟား ဟား ဟား"

ကျင့်ကြံသူတစ်ယောက်က စတင်၍ လှောင်ပြောင်ရယ်မောနေခဲ့သည်။

အဆိပ်အဖိုးအို၏မျက်နှာသည် နီမြန်းသွားလေ၏။ သူ၏လက်အတွင်းရှိခရားကို ရိုက်ပုတ်ပြီး ဒေါသတကြီးအော်ဟစ်လိုက်တော့သည်။

"ငါ မင်းကို သတ်မယ်"

ခရားအတွင်းမှ အဆိပ်ပြင်းသောပိုးမွှားများ ရုတ်တရက်ပျံဝဲထွက်လာခဲ့၏။

ရုတ်ချည်းဆိုသလိုပင် လေထုအတွင်း၌ တဝီဝီမြည်သံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ကျိုးမိသားစုမှ တစ်ခြားကျင့်ကြံသူများသည် အဆိပ်ပြင်းသောပိုးမွှားများက သူတို့ထံတိုးဝင်လာကြသဖြင့် တစ်ယောက်ပြီးတစ်ယောက် ဤနေရာမှ စွန့်ခွါသွားကြ၏။

"ကောင်လေး....သေစမ်း"

အဆိပ်အဖိုးအိုက ကြုံးဝါးလိုက်သည်။

"ဒါက ခင်ဗျား လူတွေကို နှိပ်စက်ညှင်းပန်းတဲ့နည်းလမ်းလား"

လုယွီ၏အေးစက်စက်အသံသည် အဆိပ်အဖိုးအို၏နောက်မှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

Chapter 467

အဆိပ်အဖိုးအိုသည် ရုတ်တရက် တွေဝေသွားပြီး အလျှင်အမြန် နောက်သို့လှည့်ကြည့်လိုက်သည်။ သို့သော် သူ၏လှည့်ကြည့်ခြင်းသည် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။ လုယွီက သူ၏နောက်၌ ရောက်ရှိနှင့်ပြီးဖြစ်သည်။

"သွေးအကျဥ်းထောင်...ခင်ဗျားက လူ့သွေးတွေကိုအသုံးပြုပြီး အဆိပ်ပြင်းပိုးမွှားတွေကိုသန့်စင်ခဲ့တယ်ပေါ့...ခွေးမသားကြီး"

လုယွီ၏မျက်လုံးများက စူးဝါးနေပြီး သူ၏လက်အတွင်းမှမူလဘူတမီးတောက်ဖြင့် အဆိပ်အဖိုးအိုအား ရိုက်နှက်လိုက်တော့သည်။

ဘုန်း.....

အဆိပ်အဖိုးအိုအား ရွှေရောင်မီးတောက်များက လွှမ်းခြုံသွားခဲ့သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မီးဘောလုံးကြီးဖြစ်သွားပေ၏။ သူက အချိန်တခဏကြာ ရုန်းကန်နေပြီးနောက် မြေပြင်ပေါ်၌ မလှုပ်မယှက်ငြိမ်သက်သွားခဲ့သည်။ မီးတောက်များက သူ့အား ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေ၏။

အဆိပ်ရှိသောပိုးမွှားများသည် အဆိပ်အဖိုးအို၏ထိန်းချုပ်ထားခြင်းမှ လွတ်ကင်းသွားသဖြင့် ခြေဦးတည်ရာသို့ ပျံသန်းနေကြ၏။

လုယွီ၏လက်လှုပ်ရှားလိုက်ရာတွင် သူ၏သိုလှောင်အိတ်အတွင်းမှ အနက်ရောင်အရိပ်တစ်ရိပ် ရုတ်တရက် ပျံဝဲထွက်လာခဲ့သည်။ ဤသည်က လုယွီသိမ်းဆည်းထားခဲ့သော ရှေးဦးအဆိပ်ပြင်းပိုးမွှားဖြစ်သည်။

ဝီ....ဝီ....

ရှေးဦးအဆိပ်ပြင်းပိုးမွှားထွက်ပေါ်လာသည်နှင့် တစ်ခြားပိုးမွှားများအားလုံးသည် စူးရှရှအော်ဟစ်နေကြ၏။

ဤမြင်ကွင်း၌ရှိနေသော အဆိပ်ရှိပိုးမွှားများအားလုံး လုယွီ၏ရှေ့သို့ အလိုအလျောက်ဆင်းသက်လာကြသည်။

"လူ့သွေးနဲ့သန့်စင်ထားတဲ့ ပိုးမွှားတစ်သိုက်က...ငါ့အတွက် အသုံးမဝင်ဘူး"

လုယွီ၏မျက်လုံးများက အေးစက်တင်းမာသွားခဲ့သည်။

အချိန်တခဏအတွင်း၌ပင် လုယွီထံမှရွှေရောင်မီးတောက်က အဆိပ်ရှိသောပိုးမွှားများအားလုံးကို လောင်ကျွမ်းသွားစေတော့သည်။

"ပြီးတော့...မင်းတို့"

လုယွီက ယခုနေရာ၌ရှိနေသော တစ်ခြားကျင့်ကြံသူများအား ကြည့်လိုက်၏။

လုယွီ၏စိုက်ကြည့်ခြင်းခံရသော ကျင့်ကြံသူများသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ မွန်းကျပ်လာမှုကို ခံစားနေရသည်။

"မင်း အရမ်းလွန်မလာနဲ့...ဒါက ကျိုးမိသားစုနော်...မင်း တတ်နိုင်တာထက် ပိုစားရင် ဒုက္ခရောက်လိမ့်မယ်"

ကျင့်ကြံသူတစ်ယောက်က အံကြိတ်ပြီး ပြောဆိုလိုက်၏။

"ကောင်းပြီလေ"

လုယွီက ရယ်မောပြီး သူ၏လက်ချောင်းအားလှုပ်ခတ်လိုက်ရာတွင် ဓားချီတစ်လှိုင်းထွက်ပေါ်လာခဲ့သည်။

ဝှစ်....

အဝေးတစ်နေရာမှကြည့်လျှင် ရှည်လျားလှသော ဓားချီလှိုင်းကြီးက ထိုကျင့်ကြံသူထံသို့ တိုးဝင်သွားခြင်းကို မြင်ရပေမည်။

ထိုကျင့်ကြံသူသည် မည်သို့မျှ ခုခံကာကွယ်နိုင်စွမ်းမရှိချေ။ ရုတ်ချည်းဆိုသလိုပင် သူက သွေးမြူဘဝသို့ ပြောင်းလဲသွားခဲ့သည်။

လုယွီ၏ဓားချီဖြင့်ရိုက်ခတ်မိသော မြေပြင်ပင်လျှင် နက်ရှိုင်းသောကျင်းကြီး ဖြစ်ပေါ်သွားခဲ့သည်။

"ဘယ်ကောင် ငါကိုတားဆီးဝံ့လဲ...ထွက်သွားကြစမ်း"

လုယွီ၏အကြည့်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေသည်။

တစ်ခြားကျင့်ကြံသူများက ထိုဖြစ်ရပ်ကိုမြင်ချိန်တွင် မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ ချက်ချင်းပင် နောက်သို့လှည့်ပြေးကြ၏။

"အကြီးအကဲနှစ်ယောက်ကို သတင်းပို့ကြ....ထိပ်သီးကျင့်ကြံသူတစ်ယောက် ရောက်နေတယ်ဆိုတာ"

နေရာမှလွတ်မြောက်လာသော ကျင့်ကြံသူတစ်ယောက်သည် ကျိုးမိသားစု၏အနောက်ဘက်ခြံဝန်းသို့ အပြေးထွက်ခွါသွားခဲ့သည်။

ကျိုးအိမ်တော်သည် အလွန်ကျယ်ဝန်းသဖြင့် အနောက်ဘက်ခြံဝန်းပင်လျှင် အလွန်ခမ်းနားထည်ဝါပေ၏။ အိမ်တော်ရှိလမ်းများအားလုံး မြွေလိမ်မြွေကောက် တည်ရှိပေသည်။ ထိုလမ်းများကို ရင်းနှီးကျွမ်းဝင်မှုမရှိသူသည် အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိနိုင်မည်မဟုတ်ချေ။

အိမ်တော်အရှေ့မှထွက်ပြေးလာသော ကျင့်ကြံသူသည် အချိန်တခဏအတွင်း၌ပင် တိတ်ဆိတ်ငြိမ်သက်သောခြံဝန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

"အကြီးအကဲနှစ်ယောက်...ထိပ်သီးကျင့်ကြံသူတစ်ယောက်က အိမ်တော်ကို ကျူးကျော်တိုက်ခိုက်နေပါတယ်...ကျေးဇူးပြုပြီး ကူညီပေးကြပါ"

ထိုကျင့်ကြံသူက ဒူးထောက်ပြီး အသနားခံပြောဆိုနေလေ၏။

"ကောင်းပြီလေ...ငါတို့သိပြီ....မင်းတို့ဖြစ်နေတာတွေကို အခန်းထဲကနေ ငါတို့ကြားနေရတယ်"

အခန်းတံခါးပွင့်သွားပြီး အပြင်သို့ အဖိုးအိုနှစ်ယောက်ထွက်လာလေသည်။

အဖိုးအိုနှစ်ယောက်၏ဆံပင်များသည် မီးခိုးရောင်သန်းနေသော်လည်း သူတို့၏အော်ရာများသည် အားကောင်းပေ၏။ သူတို့အား အသက်အိုမင်းနေပြီဟုပြောရန်ပင် မဖြစ်နိုင်ချေ။

"ဒီလိုကိစ္စငယ်လေးက...မင်းတို့ကို ကူကယ်ရာမဲ့စေတာလား...မင်းတို့က ငါတို့ကို သိက္ခာချနေတာပဲ"

အဖိုးအိုနှစ်ယောက်အနက်မှတစ်ယောက်က တီးတိုးပြောဆိုလိုက်၏။

ကျင့်ကြံသူက အလျှင်အမြန် အရိုအသေပြုလိုက်သည်။

"ကျွန်တော်က အရည်အချင်းမပြည့်ဝတါပါ....ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှက်ပေးပါ"

"ကောင်းပြီလေ...အနာဂတ်မှာ မင်း ကြိုးကြိုးစားစားကျင့်ကြံတော့....ဒီလို နာမည်မရှိတဲ့ကောင်မျိုးတွေ လာနှောက်ယှက်တာအတွက်နဲ့ နောင်တစ်ခါဆိုရင် ငါတို့ ကူညီမပေးတော့ဘူး"

အဖိုးအိုက မောက်မာစွာဖြင့် ပြောဆိုလေ၏။

"ဒါဆို ခင်ဗျားတို့က ဒီနေရာမှာ ပုန်းအောင်းနေတာပေါ့"

လုယွီ၏အသံနှင့်အတူ ခြံဝန်း၏နံရံတစ်ဖက်သည် လဲပြိုသွားခဲ့သည်။ ပြိုလဲနေသောနံရံများမှ ဖုန်မှုန့်များ တထောင်းထောင်းထနေပြီး လုယွီ၏အသံသည် ဖုန်မှုန့်များကြားမှထွက်ပေါ်လာခြင်းဖြစ်သည်။

"ငါ့ ခြံဝန်းထဲကို ကျူးကျော်ဝင်လာရဲတယ်ပေါ့....မင်း သေစမ်း"

အကြီးအကဲနှစ်ယောက်သည် အလွန်အမင်းဒေါသထွက်သွားကြပြီး သူတို့၏အစွမ်းထက်ဆုံး ကျန်းချီလှိုင်းများကို ချက်ချင်းပင် ထုတ်လွှက်လိုက်ကြသည်။

လုယွီသည် သူတို့နှင့် ခြေလှမ်းတစ်ရာခန့်ကွာဝေးသောနေရာ၌ရှိနေသော်လည်း သူက ပြင်းထန်သောလေစိမ်းများကို ခံစားမိ၏။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ခင်ဗျားတို့ရဲ့အရှင်သခင်က ဒီနေရာမှာမရှိဘူးပဲ"

"ဟား ဟား ဟား...ငါတို့ရဲ့အရှင်သခင်ကို မင်းတွေ့ချင်တိုင်း တွေ့လို့ရမယ်ထင်နေလား"

အကြီးအကဲတစ်ယောက်က ဒေါသတကြီးဖြင့် ပြက်ရယ်ပြုနေပေသည်။

"ကောင်းပြီလေ....ခင်ဗျားတို့က အလေးမထားမှတော့...ခင်ဗျားတို့အသက်ကိုချန်ထားဖို့က ကျုပ်အတွက် အသုံးမဝင်ဘူး"

လုယွီက လေသံတိုးတိုးဖြင့်ပြောဆိုပြီးနောက် သူ၏လက်မှ ကျန်းချီလှိုင်းတစ်လှိုင်းကို ထုတ်လွှက်လိုက်သည်။

Chapter 468

"အဆိပ်ငါးမျိုး တစ္ဆေလက်"

အကြီးအကဲနှစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်ပြီးနောက် သူတို့၏လက်ဝါးများ အနက်ရောင်ပြောင်းလဲသွားခဲ့သည်။ သူတို့က လုယွီထံသို့ တဟုန်ထိုးပြေးဝင်ပြီး တိုက်ခိုက်လိုက်ကြ၏။

"ဒီအိမ်တော်က တစ်ကယ်ကို မြွေနဲ့ကြွက်တွေရဲ့အသိုက်ပဲ... လှုပ်ရှားမှုတိုင်းက ကြမ်းကြုတ်ရက်စက်ပြီး ပုန်းလျှိုးကွယ်လျှိုးနိုင်လိုက်တာ"

လုယွီ၏လက်ဝါးမှကျန်းချီလှိုင်းများ ထွက်ပေါ်လာပြီး အကြီးအကဲနှစ်ယောက်၏ကျန်းချီလှိုင်းများနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။

ဘုန်း....

ပြင်းထန်သော ဆူညံသံနှင့်ယှဥ်တွဲ၍ အကြီးအကဲနှစ်ယောက်၏ကျန်းချီလှိုင်းများသည် လုယွီ၏ကျန်းချီလှိုင်းကို ခုခံတားဆီးနိုင်စွမ်းမရှိသဖြင့် ပျက်ပြယ်သွားပေ၏။

လုယွီ၏ကျန်းချီများတွင် ပူပြင်းသောယန်မီးတောက်စွမ်းအင်များ ရောနှောပါနေသဖြင့် အဆိပ်ငွေ့များအားလုံးကို လောင်ကျွမ်းသွားစေသည်။

"ဟမ့်...ဒီအရည်အချင်းလောတ်နဲ့ ငါတို့နှစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်မှာလား"

အကြီးအကဲတစ်ယောက်က အထင်အမြင်သေးပုံဖြင့် ပြောဆိုလိုက်၏။

အကြီးအကဲနှစ်ယောက်သည် နှစ်ပေါင်းအတော်ကြာ အတူတကွလေ့ကျင့်ခဲ့ကြသူများဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် နက်နက်ရှိုင်းရှိုင်းသိနားလည်ထားကြသည်။ ထို့ပြင် သူတို့နှစ်ယောက်လုံးသည် အဝိုင်းကြီးအဆင့်ကျင့်ကြံသူများဖြစ်၍ အင်ပါယာမြို့တော်မှာပင် သူတို့၏ပြိုင်ဘက်ဖြစ်နိုင်သူ အနည်းငယ်သာရှိပေသည်။

"အဆိပ်ဘိုးဘေးဘုရင်....ကမ္ဘာလောကကို လောင်ကျွမ်းစေစမ်း"

အကြီးအကဲနှစ်ယောက်၏လက်ဖဝါးများ ထိတွေ့လိုက်ပြီးနောက် လေထုအတွင်း၌ အနက်ရောင်အဆိပ်ငွေ့များ ဖုံးလွှမ်းသွားခဲ့သည်။

အနက်ရောင်အဆိပ်ငွေ့များသည် ပတ်ဝန်းကျင်နေရာအနှံ၌ ပျံနှံ့နေသည့်အပြင် သွေးညှီနံများကလည်း ခပ်သဲ့သဲ့ညည်းတွားသံများနှင့်ရောနှော၍ ထွက်ပေါ်နေပေ၏။

နောက်ဆုံး၌ အဆိပ်ငွေ့များအားလုံး ပေါင်းစည်းသွားပြီး လေထုအတွင်း၌ အနက်ရောင်အရိုးစုအသွင် သိပ်သည်းသွားခဲ့သည်။

ထိုအရိုးစုထွက်ပေါ်လာသည်နှင့် ပါးစပ်ကြီးကိုဖွင့်ဟပြီး စူးရှရှအော်ဟစ်လိုက်၏။

"သက်ရှိလူသားကို အဆိပ်အဖြစ်သန့်စင်ထားတာ"

လုယွီ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာလေ၏။

ဤနည်းလမ်းသည် သက်ရှိလူသားတစ်ယောက်ပေါ်၌ ကြမ်းကြုတ်ရက်စက်သောအဆိပ်အမျိုးမျိုးကို ထည့်သွင်းပြီးလေ့ကျင့်ရသဖြင့် ထိူလူသားသည် နှိပ်စက်ညှင်းပန်းမှုဒဏ်အါး အပြင်းအထန်ခံစားရပေမည်။

အဆုံးသတ်၌ ထိုအဆိပ်မိနေသောလူသည် အရိုးစုအဖြစ်သာကျန်ရစ်တော့သည်။ သို့ရာတွင် ထိုလူသည် သေဆုံးခြင်းမရှိဘဲ မန္တန်များ၏ထိန်းချုပ်မှုအောက်တွင် ရှင်သန်နေရသည်။

အဆိပ်မိနေသောသူ၏စိတ်နှလုံးသားသည် အမုန်းတရားများဖြင့်ပြည့်နှက်နေရာ သူ၏ခန္ဓာကိုယ်မှအဆုံးအစမရှိသောအဆိပ်များနှင့် ပေါင်းစည်းလိုက်ချိန်တွင် သာမာန်မဟုတ်သောခွန်အားကို ထုတ်လွှက်ပေးနိုင်ပေသည်။

"ခင်ဗျားတို့အားလုံး...သေရမယ်"

လုယွီက ဒေါသတကြီး အော်ဟစ်လိုက်၏။

ဤကဲ့သို့နတ်ဆိုးနည်းစနစ်မျိုးအား အကန့်အသတ်မဲ့စကြာဝဠာ၌ပင် အသုံးပြုရန် ခွင့်ပြုထားခြင်းမရှိချေ။

လုယွီသည် သူ၏အတိတ်ဘဝ မြေအောက်လောကတာအိုသခင်ဖြစ်စဥ်က ဤကဲ့သို့နတ်ဆိုးနည်းစနစ်များကျင့်ကြံခြင်းကို တားမြစ်ထားခဲ့သည်။

အတိတ်ကိုကပြန်တွေးကြည့်လျှင် နတ်ဆိုးနည်းစနစ်အမျိုးအစားကိုလေ့ကျင့်သော သူ၏တပည့်တစ်ယောက်အား သူကိုယ်တိုင်ကျင့်ကြံမှုဖျက်ဆီးပြီး သေမျိုးလောကအတွင်းသို့ စွန့်ပစ်ခဲ့သည်။

"ဟား ဟား ဟား...အဆိပ်ဘုရင်ကို ငါတို့လေ့ကျင့်ထားတာ အကန့်အသတ်ရောက်နေပြီ...ကောင်လေး...မင်းရဲ့ခွန်အားက မဆိုးဘူး...မင်းက အဆိပ်ဘုရင်ရဲ့အစားထိုး ဖြစ်နိုင်တယ်"

အကြီးအကဲတစ်ယောက်က အေးစက်စက်ပြုံးပြီး လုယွီအား လက်ညှိုးညွှန်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် အဆိပ်ဘုရင်ထံမှ အော်သံနက်ကြီးထွက်ပေါ်လာပြီး လုယွီထံသို့တိုးဝင်လာခဲ့သည်။

လုယွီ၏လက်အတွင်း၌ အစစ်အမှန်မီးတောက်ထွက်ပေါ်လာသည့်အပြင် သူ၏နောက်ကျော၌ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးလည်း ထွက်ပေါ်လာခဲ့သည်။

လုယွီထံမှ မြေအောက်လောကနတ်ဘုရားပုံရိပ် ထွက်ပေါ်လာသည်နှင့် အနီးပတ်ဝန်းကျင်ရှိအဆိပ်ငွေ့များအားလုံးကို ဖိနှိပ်ထားပေ၏။

တစ်ချိန်တည်းမှာပင် အဆိပ်ဘုရင်သည်လည်း နေရာ၌ပင် မလှုပ်မယှက်ရှိနေလေသည်။

"သူကိူသတ်စမ်း....တိရစ္ဆာန်ကောင်..."

အကြီးအကဲတစ်ယောက်က ဒေါသတကြီးဖြင့် အရိုးစုအား ကြာပွက်ဖြင့်စတင်ရိုက်နှက်နေပေသည်။ သို့ရာတွင် ထိုအရိုးစုသည် သခင်ဖြစ်သူ၏အမိန့်အား မကြားသကဲ့သို့ မတ်တတ်ရပ်နေဆဲပင်။

"တော်ဝင်အမိန့်တော်...မြေအောက်လောကအုပ်ချုပ်သူရဲ့အမိန့်"

အနက်ရောင်အမိန့်လွှာတစ်ခုက လုယွီ၏လက်အတွင်း၌ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်းပြေကျလာခဲ့သည်။

အရိုးစု၏အနက်ရောင်မျက်လုံးများအတွင်း၌ မီးစတစ်စက ရုတ်တရက်ထွန်းလင်းလာပေ၏။

"မင်း မုန်းတီးတဲ့သူတွေကိုသတ်ပြီး လက်စားချေတော့"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် အရိုးစုက နောက်ကြောင်းပြန်လှည့်၍ အကြီးအကဲနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်လိုက်၏။

"ယုတ်မာတဲ့ တိရစ္ဆာန်....မင်းက ပုန်ကန်ဝံ့တာလား"

အကြီးအကဲနှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားပေသည်။

သူတို့အား အဖြေပေးလိုက်သည်မှာ လျှပ်စီးတမျှမြန်ဆန်သောအရိပ်တစ်ခုနှင့် နားအူလုမတတ်အော်ဟစ်ကြုံးဝါးသံကြီးဖြစ်သည်။

အကြီးအကဲနှစ်ယောက်သည် အရိုးစုအား ဟန့်တားရန် ကြိုးစားလိုက်ကြသော်လည်း သူတို့က အဆိပ်ဘုရင်အတွင် ပြိုင်ဘက်မဟုတ်ခဲ့ချေ။

"သေစမ်း...သောက်တိရစ္ဆာန်က ဘာလို့ထိန်းချုပ်မှုကလွတ်ကင်းသွားတာလဲ"

"ဒီတိရစ္ဆာန်က ဘာဖြစ်နေတာလဲ....ဒီအခြေအနေက ဘယ်လိုဖြစ်သွားတာလဲ"

အကြီးအကဲနှစ်ယောက်သည် ထိတ်လန့်တကြားအော်ဟစ်နေကြပြီး အချိန်တခဏအကြာတွင်မူ သူတို့နှစ်ယောက်လုံးသည် အရိုးစု၏အပိုင်းပိုင်းအစစစုတ်ဖြဲခြင်းကို ခံလိုက်ရ၏။

"ငါက မင်းပြန်လည်မွေးဖွားနိုင်ဖို့ တာအိုသခင်ရဲ့သင်္ကေတ ငှါးယမ်းပေးမယ်"

လုယွီက လက်ခုပ်တစ်ချက်တီးလိုက်ရာတွင် သင်္ကေတတစ်ခုက အရိုးစု၏ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်သွားခဲ့သည်။

Chapter 469

အရိုးစု၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များနှင့်အတူ စိတ်သက်သာရာရသွားသော သက်ပြင်းချသံတစ်သံထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိအဆိပ်ငွေ့များအားလုံး လွင့်ပြယ်သွားတော့သည်။

ထို့နောက် အရိုးစုသည်ထိန်းချုပ်မှုမှ လွတ်ကင်းသွားပုံဖြင့် အရိုးများက မြေပြင်ပေါ်၌ တစစီကျဲပြန့်သွားပေ၏။

အကြီးအကဲနှစ်ယောက်သည် အရိုးစု၏အပိုင်းပိုင်းအစစစုတ်ဖြဲခြင်းခံရသဖြင့် မြေပြင်ပေါ်၌ သူတို့၏ခြေပြတ်လက်ပြတ်များရှိနေပြီး သွေးများက နေရာအနှံပြန့်ကျဲနေပေ၏။

"ငါ့ကိုမသတ်ပါနဲ့....ငါ ဘာမှမသိဘူး"

အကြီးအကဲနှစ်ယောက်အား အကူအညီတောင်းခံရန် ဤနေရာသို့ အပြေးလာခဲ့သော ကျင့်ကြံသူသည် စိတ်ဖောတ်ပြန်လုနီးပါးဖြစ်နေပြီး နောက်သို့ဆုတ်ပြီးရင်းဆုတ်နေခဲ့သည်။

လုယွီ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာပေ၏။

"ငါ့ကိုပြောပါ...မင်းတို့ဖမ်းခေါ်လာတဲ့ကလေးတွေကို ဘယ်မှာထားထားလဲ....ပြီးတော့ မင်းတို့ရဲ့အရှင်သခင် ဘယ်နေရာမှာရှိနေလဲ"

"အဲ့ဒီကလေးတွေက အရှင်သခင်ရဲ့အဆောင်ကို ဒီမနက်ကပဲပို့လိုက်တာ...ပြီးတော့ သူတို့ကို အရှင်သခင်က နေ့လည်တုန်းက ခေါ်ဆောင်သွားခဲ့တယ်...ဒီအချိန်ဆိုရင် သူတို့က ထိပ်တန်းစိတ်ဝိညာဥ်စမ်းရေအိုင်မှာ ရှိလိမ့်မယ်"

ကျင့်ကြံသူက ထိတ်ထိတ်ပျာပျာဖြင့် လုယွီ၏အမေးကို ဖြေဆိုလိုက်သည်။

"ထိပ်တန်းစိတ်ဝိညာဥ်စမ်းရေအိုင်လား...ကောင်းတာပေါ့...ငါလည်း အဲ့ဒီနေရာကိုသွားရမှာ"

လုယွီက တီးတိုးရေရွတ်လိုက်လေ၏။

*****

ကျိုးအိမ်တော်မှထွက်လာပြီးနောက် လုယွီက ထိပ်တန်းစိတ်ဝိညာဥ်စမ်းရေအိုင်သို့ ဦးတည်၍ သွားခဲ့သည်။

သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်စိုးရိမ်ကြောင့်ကြမှုကို ခံစားနေရ၏။ ကျိုးမိသားစုမှလူအများစုသည် အဆိပ်ပြင်းသောနည်းစနစ်များကို ကျင့်ကြံကြသည်။

သူတို့က ကလေးများစွာကို ဖမ်းဆီးလိုနေသဖြင့် ဆိုးရွားသောအကြံအစည်တစ်ခုအား ကြံစည်နေမည်မှာ သေချာပေသည်။

"ဘေးဖယ်....လမ်းဖယ်ကြစမ်း"

ရုတ်တရက် ကျယ်လောင်သောအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လမ်းမပေါ်၌ သားရဲများစီးနင်းလာသော စစ်သားအုပ်စုတစ်စု ရောက်ရှိလာကာ အော်ဟစ်ကြုံးဝါးနေပေသည်။

လမ်းသွားလမ်းလာတစ်ချို့သည် အချိန်မီမရှောင်လွှဲနိုင်ကြသဖြင့် သားရဲများနှင့်တိုက်မိပြီး လွင့်ထွက်သွားကြ၏။

"အဲ့ဒီ လူတွေက ဘယ်သူတွေလဲ....အင်ပါယာမြို့တော်ထဲမှာတောင် ရမ်းကားလှချည်လား"

"အလံကိုကြည့်လိုက်...အဲ့ဒါက ငါတို့အင်ပါယာမင်းရဲ့အလံပဲ....ဒါပေမယ့် အင်ပါယာမင်းက ကျိုးမိသားစုနဲ့တိုက်ခိုက်ဖို့ကြိုးပမ်းနေတယ်...အခုလာနေတဲ့သူက အင်ပါယာမင်းရဲ့သားတော်ပဲဖြစ်မယ်"

"သူ့ခမည်းတော်အတွက် ကူညီဖို့ ကြိုးစားတာတော့ အံအားသင့်စရာမရှိဘူး...ဒါပေမယ့် အိမ်ရှေ့စံရဲ့အသက်က အရမ်းငယ်သေးတယ်..ပြီးတော့ သူရဲ့လူတွေက ကျိုးမိသားစုကလူတွေနဲ့ အဆင့်ကွာဟလွန်းတယ်"

လုယွီက ထိုလူများကိုတစ်ချက်သာကြည့်ပြီး သူတို့အား ထပ်မံအာရုံစိုက်ခြင်းမရှိတော့ချေ။ သူ၏အရေးအကြီးဆုံးရည်ရွယ်ချက်မှာ သူ၏တပည့်နှစ်ယောက်အား ကယ်တင်ရန်သာဖြစ်သည်။

"နင်ကို အင်ပါယာမြို့တော်မှာ တွေ့ရမယ်လို့ ငါမျှော်လင့်မထားမိဘူး....နင်က သေမျိုးတစ်ယောက်သာသာပဲရှိတာ....အင်ပါယာမြို့တော်မှာ ဘာလုပ်နေတာတုန်း"

ရုတ်တရက် နူးညံသိမ်မွေ့သောအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာခဲ့သည်။

လုယွီက လှည့်ကြည့်လိုက်ရာတွင် စစ်သားများကြားရှိ ရထားလုံး၏ မတင်ထားသောပြတင်းပေါတ်လိုက်ကာမှ ထွက်ပေါ်နေသော ယဲ့လန်၏မျက်နှာကို တွေ့မြင်ရသည်။

လုယွီက သူမကို လျစ်လျူရှုထားသည်ကိုကြည့်ပြီး ယဲ့လန်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

"နင်က ခေါင်းမာလှချည်လား...တော်တော်နှလုံးသားမဲ့တဲ့သူ....နင် ငါတို့စစ်တပ်နောက်ကနေလိုက်ပြီး အင်ပါယာမြို့တော်ကိုရောက်လာတာလား"

လုယွီသည် အင်ပါယာမြို့တော်သို့ ရောက်နှင့်ပြီးဖြစ်မည်ဟု ယဲ့လန်က တွေးထင်ထားခြင်းမရှိချေ။ သူမ၏အမြင်၌ လုယွီ၌စွမ်းရည်တစ်ချို့ရှိသော်လည်း သေမျိုးတစ်ယောက်ဟုသာ ကောက်ချက်ချထားခဲ့သည်။

လုယွီက သူမကို တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"မင်းကတောင် ငါ့ကို အကြွေးဆပ်ရဦးမှာလေ....ဒါပေမယ့် ငါ အင်ပါယာမြို့တော်ကိုလာတာ မင်းကြောင့်မဟုတ်ဘူး"

"ထွီ....နင်မှာ အရည်အချင်းနည်းနည်းတော့ရှိသားပဲ....ငါတို့နောက်က တိတ်တိတ်လေး နင်လိုက်လာတာကိုသာ ကင်းထောက်တွေသိသွားရင် နင်အသတ်ခံရမှာသေချာတယ်"

ယဲ့လန်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်လေ၏။

"ငါတို့ ကျိုးမိသားစုကို တိုက်ခိုက်ဖို့ အခုသွားတော့မှာ...ငါ နင်ကို ဂရုစိုက်နေဖို့ အချိန််မရှိတော့ဘူး...မကြာခင် အင်ပါယာမြို့တော်မှာ ကိစ္စကြီးကြီးမားမားဖြစ်တော့မှာ....နင် ဒီကနေ တတ်နိုင်သမျှမြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"

လုယွီက ခေါင်းခါယမ်းပြီး မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိဘဲ သူ၏လမ်းကြောင်းအတိုင်းသာ ဆက်သွားခဲ့လေသည်။

"လန်အာ...မေ့လိုက်တော့...သူက ဘာလုပ်ရမယ်ဆိုတာမသိတဲ့ကောင်စားမျိုးမို့...မင်း သူနဲ့စကားပြောဖို့မလိုတော့ဘူး....ငါတို့ ကျိုးအိမ်တော်ကိုပဲ သွားကြရအောင်"

အိမ်ရှေ့စံက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

ယဲ့လန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏မျက်နှာပေါ်၌ လှောင်ပြောင်သရော်ချင်သောအပြုံးမျိုး ပေါ်ထွက်လာခဲ့သည်။ သူမက လုံချွမ်တိုင်းပြည်၏မင်းသမီးဖြစ်သည်။ မည်သည်ကြောင့် သေမျိုးတစ်ယောက်အား အရေးစိုက်နေရမည်နည်း။

အိမ်ရှေ့စံ၏စစ်တပ်သည် အချိန်တခဏအကြာမှာပင် ကျိုးအိမ်တော်၏တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ကျိုးအိမ်တော်၏တံခါးသည် ပိတ်ထားပြီး တိတ်ဆိတ်ငြိမ်သက်နေပေ၏။

"အဖိုးကြီးကျိုးက သတင်းကြိုရသွားတာများလား...တံခါးကို ဖွင့်ကြစမ်း"

အိမ်ရှေ့စံ၏လက်ဝှေ့ယမ်းလိုက်သည်နှင့် မြောက်များစွာသောစစ်သားများထံမှကျန်းချီလှိုင်းများ ထွက်ပေါ်လာပြီး တံခါးထံသို့ တိုးဝင်သွားခဲ့သည်။

ကျိုးအိမ်တော်၏တံခါးသည် အလွန်ခိုင်ခံပြီး လူပေါင်းတစ်ရာကျော်က အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ထိ တိုက်ခိုက်ပြီးမှသာလျှင် ကျိုးပျက်သွားပေ၏။

စစ်ဗိုလ်ချုပ်က စစ်သားများကိုဦးဆောင်ပြီး ကျိုးအိမ်တော်အတွင်းသို့ တရကြမ်းတိုးဝင်လိုက်သည်။

သို့ရာတွင် အချိန်အတော်ကြာသည့်တိုင် ကျိုးအိမ်တော်အတွင်းမှ မည်သည့်အသံမျှထွက်ပေါ်လာခြင်းမရှိချေ။

Chapter 470

အချိန်အတန်ကြာသည်အထိစောင့်ဆိုင်းပြီးနောက် အိမ်ရှေ့စံမင်းသားသည် ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေမိသည်။

သူခေါ်ဆောင်လာသော စစ်သားများသည် နယ်စပ်အစောင့်ဂိတ်မှဖြစ်ပြီး သူတို့၏အနိမ့်ဆုံးကျင့်ကြံဆင့်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ပင်။ ဤစစ်တပ်သည် ကျင့်ကြံသူများဖြင့်သာဖွဲ့စည်းထားခြင်းဖြစ်၍ နယ်စပ်တွင် ကြီးမားသောအင်အားစုတစ်စုဖြစ်သည်။

သို့သော် ဤကဲ့သို့စစ်တပ်ကြီးပင်လျှင် ကျိုးမိသားစုနှင့် နှိုင်းယှဥ်ပါက ဖက်ပြိုင်နိုင်မည်မဟုတ်ချေ။

မည်သည်ကြောင့် ကျိုးအိမ်တော်အတွင်းမှ မည်သည့်အသံမျှ ထွက်ပေါ်မလာရသနည်း...။

ဖြစ်နိုင်သည်က သူ၏စစ်တပ်ကြီးသည် ချက်ချင်းပင် ချေမှုန်းခြင်းခံလိုက်ရသလော....။

"အရှင့်သား....သတင်းပို့ပါတယ်...အိမ်တော်ထဲမှာ...."

စစ်သားတစ်ယောက်က ခြံဝန်းအတွင်းမှ အော်ဟစ်ပြီး အပြေးထွက်လာလေ၏။

"အဲ့ဒီမှါ ဘာတွေဖြစ်နေတာလဲ"

"အထဲမှာ ကျိုးမိသားစုကကျင့်ကြံသူတွေရဲ့အလောင်းတွေ နေရာအနှံ့ ပြန့်ကျဲနေတယ်...ပြီးတော့ ကျိုးမိသားစုက အကြီးအကဲနှစ်ယောက်လည်း အသတ်ခံထားရတယ်....အခုလက်ရှိ ကျိုးအိမ်တော်ထဲမှာ သေမျိုးအစေခံတွေနဲ့ အမျိုးသမီးအစေခံတစ်ချို့ပဲ ကျန်တော့တယ်"

စစ်သားက အိမ်ရှေ့စံအား သတင်းပို့လိုက်၏။

"ဘာ..."

အိမ်ရှေ့စံက သူ၏နားကိုပင် သူမယုံနိုင်တော့ချေ။

ဤသည်က ကျိုးမိသားစုဖြစ်သည်။ ​သူတို့က မြောက်များစွာသောထိပ်သီးကျင့်ကြံသူများကို စုဆောင်းထားပြီး လုံချွမ်တိုင်းပြည်ကိုပင်အပိုင်စီးထားခဲ့သူများဖြစ်လေသည်။

"ဒါပေမယ့်...ကျိုးမိသားစုရဲ့အကြီးအကဲနှစ်ယောက်ကလွဲလို့ တစ်ခြားထိပ်သီးကျင့်ကြံသူတွေကိုတော့ ကျွန်တော်တို့ မတွေ့မိဘူး"

စစ်သားက ထပ်မံ၍ သတင်းပို့လိုက်၏။

အိမ်ရှေ့စံသည် အလွန်လိမ္မာပါးနပ်သူဖြစ်၍ မည်သည့်ကိစ္စများဖြစ်ပျက်သွားခြင်းကို ချက်ချင်းပင်သိနားလည်သွားပေသည်။

"တစ်ယောက်ယောက်က ကျိုးမိသားစုရဲ့ထိပ်သီးကျင့်ကြံသူတွေမရှိတာကို အခွင့်ကောင်းယူပြီး ဝင်ရောက်တိုက်ခိုက်လိုက်တာပဲ"

အိမ်ရှေ့စံသည် ကျိုးအိမ်တော်အတွင်းသို့ဝင်ပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်၏။

နေရာအနှံ့ပြန့်ကျဲနေသော လူသေအလောင်းများသည် အတုအယောင်များမဟုတ်ချေ။ သူတို့အားလုံးက ကျိုးမိသားစုမှကျင့်ကြံသူများဖြစ်သည်။

ယဲ့လန်က သွေးသံတရဲရဲဖြစ်နေသောလူသေအလောင်းများအားကြည့်ပြီး အနည်းငယ်မျက်မှောင်ကြုတ်ရင်းမှ ပြောဆိုလိုက်သည်။

"ကျိုးမိသားစုက အကြီးအကဲနှစ်ယောက်စလုံး အဝိုင်းကြီးအဆင့်ကျင့်ကြံသူတွေ...သူတို့ ခုလိုထိတ်လန့်တုန်လှုပ်ဖွယ် သေဆုံးရမယ်လို့ ကျွန်မ မျှော်လင့်မထားမိဘူး...ဘယ်သူ လုပ်သွားတာပါလိမ့်"

"ဘယ်သူ လုပ်တယ်ဆိုတာ အရေးမကြီးဘူး...ဒါက ငါတို့အတွက် ကောင်းတဲ့ကိစ္စပဲ"

အိမ်ရှေ့စံက ရယ်မောပြီး သူ၏ခေါင်းကိုနောက်သို့ပြန်လှည့်၍ မေးမြန်းလိုက်သည်။

"အဖိုးကြီးကျိုးက ဘယ်မှာလဲ"

"အရှင့်သားကို သတင်းပို့ပါတယ်....ကျိုးဟန်က ထိပ်တန်းစိတ်ဝိညာဥ်စမ်းရေအိုင်မှာပါ"

"သွားမယ်...ငါတို့ သွားကြစို့"

အိမ်ရှေ့စံက ရယ်မောပြီး ကျိုးအိမ်တော်မှ ထွက်ခွါခဲ့တော့သည်။

*****

စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမ....

ဤနေရာသည် အလွန်ရှားပါးသော စိတ်ဝိညာဥ်စမ်းရေရှိသောနေရာဖြစ်သည်။ သုံးနှစ်ပြည့်ချိန်တိုင်းတွင် စမ်းရေအိုင်မှ စိတ်ဝိညာဥ်စမ်းရေများထွက်လာပြီး စိတ်ဝိညာဥ်စွမ်းအင်များကို ထုတ်လွှက်ပေးလေသည်။

လုံချွမ်တိုင်းပြည်သည် ကျင့်ကြံသူတို့၏တိုင်းပြည်ဖြစ်ပေ၏။ အင်ပါယာမြို့တော်ကို စတင်တည်ထောင်စဥ်တွင် စိတ်ဝိညာဥ်စမ်းရေအိုင်ကိုဗဟိုပြု၍ နယ်မြေချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။

ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေသည် ကျင့်ကြံသူတို့၏ခွန်အား အလျှင်အမြန်တိုးတတ်စေရန် အကူအညီပေးသဖြင့် အလွန်အဖိုးထိုက်တန်ပေသည်။

အင်ပါယာတော်ဝင်မိသားစုမှလွဲ၍ လုံချွမ်တိုင်းပြည်အား အကျိုးကျေးဇူးများစွာပြုခဲ့သောအမတ်များအပြင် တစ်ခြားမည်သူကိုမျှ စိတ်ဝိညာဥ်စမ်းရေအိုင်အတွင်းသို့ ဝင်ရောက်ခွင့်မပြုချေ။

ဤတစ်ကြိမ်တွင်မူ စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်း၌ လူပေါင်းများစွာ မတ်တတ်ရပ်နေကြသည်။

သို့သော် ဤနေရာ၌ရှိနေသော လူများသည်နှစ်ဘက်ကွဲနေပြီး တစ်ဘက်နှင့်တစ်ဘက်ရန်စောင်နေကာ လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေလေ၏။

ရွှေရောင်သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်သားများက တစ်ဘက်ဖြစ်နေပြီး ပြင်းထန်သောအော်ရာထုတ်လွှက်ထားသည့် ကျင့်ကြံသူများက တစ်ဘက်ဖြစ်သည်။

"အရှင်မင်းကြီး...မိသားစုခေါင်းဆောင်က စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမမှာ လေ့ကျင့်စရာကိစ္စရှိနေတယ်...အရှင်မင်းကြီးကို အပြင်ထွက်တွေ့ဖို့ အဆင်မပြေပါဘူး...အရှင်မင်းကြီးက နားလည်ပေးပါ"

ကျင့်ကြံသူတစ်ယောက်က သူ၏မျက်နှာပေါ်၌ အပြုံးတုတစ်ခုတပ်ဆင်ပြီး ပြောဆိုလိုက်၏။

ဤနေရာ၌ ရှိနေသော တစ်ခြားကျင့်ကြံသူများသည်လည်း ပြက်ရယ်ပြုနေကြပြီး သူတို့က အင်ပါယာအား လေးစားပုံမရချေ။

စစိသားများအကြားရှိ ဝေါယာဥ်တစ်စီးပေါ်၌ အင်ပါယာမင်းသည် မည်သည့်စကားမျှမဆိုဘဲ ထိုင်နေလေ၏။

"ကောလဟာလတွေအရတော့ အရှင်မင်းကြီးက ခုမှနာမကျန်းဖြစ်နေရာက ပြန်ကောင်းလာတာဆို....နန်းတော်ထဲမှာနေတာ အရှင်မင်းကြီးအတွက် ပိုကောင်းလိမ့်မယ်....လှည့်ပတ်သွားမနေသင့်ဘူး"

ကျင့်ကြံသူတစ်ယောက်က ပြက်ရယ်ပြုလိုက်သည်။

ဝေါယာဥ်၏ခန်းဆီးစသည် အနည်းငယ်တုန်ခါသွားပေ၏။

"ငါက အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်စက်နေတာကြောင့်....မင်းတို့ကောင်တွေက ငါကို လေးစားရကောင်းမှန်းမသိတော့ဘူး"

ဝေါယာဥ်အတွင်းမှ သုန်မှုန်နေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုကျင့်ကြံသူကမူ လှောင်ပြောင်သရော်နေဆဲပင်။

"အရှင်မင်းကြီးက ဘယ်လိုပြောနေတာလဲ...ကျွန်တော်တို့ ဘယ်အချိန်တုန်းက အရှင်မင်းကြီးကို မလေးမစားလုပ်မိပါလိမ့်"

ဝှစ်....

ရုတ်တရက် ခန်းဆီးစက လူးလွင့်လာပြီး ဝေါယာဥ်အတွင်းမှ လူရိပ်တစ်ရိပ်တိုးထွက်လာကာ ကျင့်ကြံသူထံသို့ တိုးဝင်သွားခဲ့သည်။

ကျင့်ကြံသူသည် အလျှင်အမြန်လက်ဆန့်တန်းပြီး လူရိပ်အား ရိုက်ချလိုက်၏။

ဘန်း....

လက်ဝါးနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်တွေ့မိပြီးနောက် မည်သည့်လှုပ်ရှားမှုမျှမရှိတော့ချေ။ သူတို့နှစ်ယောက်သည် လက်ရည်ညီသောပြိုင်ဘက်များ ဖြစ်နေလေသည်။

ကျင့်ကြံသူက ပို၍မောက်မာစွာဖြင့် စကားပြောဆိုလိုက်သည်။

"လုံချွမ်တိုင်းပြည်ရဲ့ထိပ်သီးကျင့်ကြံသူအစွမ်းက ဒီလေါတ်ပဲလား...အရှင်မင်းကြီး တတ်နိုင်သမျှမြန်မြန်နန်းစွန့်ဖို့ ကျွန်တော်အကြံပြုချင်တယ်"

All Chapters