← Chapters

အခန်း (၄၇၁-၄၇၅)

Vol. 26-30 Ch. 471-475

အခန်း (၄၇၁-၄၇၅)

Vol. 26-30 Ch. 471-475

Chapter 471

"အရှင်မင်းကြီး...မင်းက အသက်အရမ်းကြီးနေတဲ့အပြင် ဒဏ်ရါအပြင်းအထန်ရရှိထားသေးတယ်...မင်းတို့ ယဲ့မိသားစုက လုံချွမ်တိုင်းပြည်ကိုအုပ်ချုပ်နေတာ အချိန်ကြာနေပြီ...လုံချွမ်တိုင်းပြည်ကို ကျိုးမိသားစုစီလွှဲပေးတာ ပိုကောင်းလိမ့်မယ်....မင်းက လုံချွမ်တိုင်းပြည်ရဲ့ နံပါတ်တစ်ကျင့်ကြံသူဆိုတဲ့ နာမည်ခံပြီး အသက်ဆက်ရှင်နိုင်တာပေါ့...ဟား ဟား ဟား"

ထိုကျင့်ကြံသူသည် ရယ်မောနေရင်းမှ ရုတ်တရက် ပြောဆိုလိုက်သည်။

"တောင်းပန်ပါတယ်...ကျွန်တော်က အဲ့ဒီနာမည်ကို ကြားတဲ့အချိန်မှာ မရယ်ဘဲမနေနိုင်ဘူး...ဟား ဟား ဟား...လုံချွမ်တိုင်းပြည်ရဲ့နံပါတ်တစ်ကျင့်ကြံသူ...ဟာသတစ်ခုပဲ"

"အတင့်ရဲလှချည်လား...မင်းက အရှင်မင်းကြီးရဲ့ရှေ့မှာ ရိုင်းပျဝံ့တယ်ပေါ့"

အင်ပါယာမင်းအား စောင့်ရှောက်နေသော ကိုယ်ရံတော်များသည် ဒေါသထွက်ကုန်ကြ၏။

ရုတ်ချည်းဆိုသလိုပင် ကိုယ်ရံတော်တစ်စုက ဒူးလေးများကိုကိုင်ဆောင်ပြီး ယခုနေရာ၌ရှိနေသော ကျင့်ကြံသူများအား ချိန်ရွယ်ထားလေသည်။ သူတို့၏ဒူးလေးများမှ မြှားများသည် အပြာရောင်တောက်ပနေပြီး ကျန်းချီအရိပ်အယောင်များလည်း ပါဝင်နေသည်။ ဤအရာများသည် ထိပ်တန်းဖျက်ဆီးရေးဒူးလေးများဖြစ်ပြီး သစ္စာဖောတ်များအားသုတ်သင်ရန် အထူးထုတ်လုပ်ထားခြင်းဖြစ်သည်။

"အမိန့်မနာခံချင်တဲ့ ခွေးတစ်သိုက်...ပစ်စမ်း"

အင်ပါယာကိုယ်ရံတော်များ၏ခေါင်းဆောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကိုယ်ရံတော်များ၏လက်အတွင်းရှိ ဒူးလေးများမှ မြှားများပျံဝဲထွက်လာခဲ့သည်။

ဝှစ်....ဝှစ်...ဝှစ်...

မြှားများသည် လျှို့ဝှက်ဆန်းကြယ်သောကျန်းချီများကို သယ်ဆောင်ပြီး ကျင့်ကြံသူအုပ်စုထံသို့ တိုးဝင်သွားတော့သည်။

"အဆိပ် ဝင်္ကပါ"

လူအုပ်အားဦးဆောင်နေသော ကျင့်ကြံသူသည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် မြူခိုးမြူငွေ့အကာအလွှာတစ်လွှာက ကျင့်ကြံသူအုပ်စု၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။

မြှားများသည် ကလန်ဟူသောအသံများနှင့်အတူ အကာအကွယ်အလွှာအား ရိုက်ခတ်မိသော်လည်း အချိုင့်ရာမျှသာဖြစ်ပေါ်စေပြီး ချိုးဖျက်နိုင်ခြင်းမရှိချေ။

အချိန်တခဏအကြာတွင် မြှားများအားလုံး စွမ်းအားကုန်ဆုံးသွားသော်လည်း အကာအကွယ်ဝင်္ကပါကမူ အကောင်းပကတိရှိနေဆဲပင်။

"ဟား ဟား ဟား...ဒါက ယဲ့မိသားစုရဲ့အစွမ်း အကုန်ပဲလား...လုံချွမ်တိုင်းပြည်တစ်ပြည်လုံးကို ကြည့်လိုက်အုံး...မင်း ဘေးနားက ကိုယ်ရံတော်တွေကလွဲရင် ဘယ်သူက မင်းအပေါ်သစ္စာရှိလို့လဲ"

ကျင့်ကြံသူတစ်ယောက်က မောက်မာသောလေသံဖြင့် ပြောဆိုလိုက်သည်။

"အနည်းဆုံးတော့ မြေခွေးအမြှီးပေါ်လာတာပေါ့"

အင်ပါယာမင်းက ရုတ်တရက် အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏မျက်လုံးများက အေးစက်စက်တောက်ပလာခဲ့သည်။

ကျင့်ကြံသူက မထိန်းနိုင်မသိမ်းနိုင်ရယ်မောနေပေ၏။

"ဟား ဟား ဟား...ဘာထပ်လုပ်ဦးမလို့လဲ...မင်းလိုအမှိုက်က လုံချွမ်တိုင်းပြည်ကို ဆက်ပြီးအုပ်ချုပ်ချင်သေးတာလား"

အင်ပါယာမင်းက ခေါင်းတညိမ့်ညိမ့်လုပ်နေလေသည်။

"အရမ်းကောင်းတယ်...ကိစ္စက ဒီလိုဖြစ်လာမှတော့...ငါက ကျိုးမိသားစုကိုအပြစ်ပေးဖို့ အကြောင်းပြချက်ရသွားတာပေါ့'

အင်ပါယာမင်းက သူ၏အင်္ကျီလက်မောင်းကြားမှ အမိန့်လွှာတစ်ခုကို ထုတ်ယူလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ထိုအမိန့်လွှာမှ ရွှေရောင်အလင်းတန်းများတောက်ပလာပြီး လေထုအတွင်း၌ ခမ်းနားထည်ဝါသောရွှေရောင်စာလုံးများ ထွက်ပေါ်လာပေ၏။

"ဒီအင်ပါယာမင်းကို ကောင်းကင်ဘုံကခန့်အပ်ထားတာ...ကျိုးမိသားစုက စည်းမျဥ်းတွေကို ဖောတ်ဖျက်ပြီး ပုန်ကန်ဖို့ကြံစည်နေတယ်...ဒီအချိန်ကစပြီး ကျိုးမိသားစုရဲ့နာမည်တွေ လုံချွမ်တိုင်းပြည်က ဖယ်ရှားခြင်းခံရမယ်"

ဘုန်း...

အင်ပါယာမြို့တော်တစ်ခုလုံး အပြင်းအထန်တုန်ခါသွားခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် လေထုအတွင်းမှကြည့်ရှုပါက ကျိုးအိမ်တော်အား အပြည့်အဝပိုင်းခြားသွားသည့် တောင်နှင့်မြောက်တန်းနေသော နက်ရှိုင်းသည့်အက်ကွဲကြောင်းကြီးအား တွေ့မြင်ရပေမည်။

တစ်ချိန်တည်းမှာပင် ကျိုးမိသားစုဝင်ကျင့်ကြံသူများနှင့် ကျိုးမိသားစုဘက်သို့မှီခိုနေသောကျင့်ကြံသူများအားလုံး တစ်စုံတစ်ခုပျောက်ဆုံးသွားသကဲ့သို့ ခံစားနေကြရသည်။

သူတို့အားလုံး၌ တိုင်းပြည်၏ကောင်းချီးမင်္ဂလာစွမ်းအား ပျောက်ဆုံးသွားခဲ့လေပြီ။

ကျိုးမိသားစုမှလူများသည် ဂိုဏ်းဂဏမရှိသူများနှင့် တူညီသွားပေသည်။ ယခုချိန်မှစ၍ သူတို့သည် လေလွင့်ကျင့်ကြံသူများကဲ့သို့ ကျင့်ကြံရပေတော့မည်။ သူတို့က တစ်ခြားကျင့်ကြံခြင်းနိုင်ငံရှာဖွေနိုင်ခြင်းမရှိပါက သူတို့၏ကြွင်းကျန်သောဘဝသက်တမ်းတလျှောက် လေလွင့်ကျင့်ကြံသူများကဲ့သို့ ရှင်သန်နေထိုင်ရပေမည်။

သို့ရာတွင် ကျင့်ကြံခြင်းနိုင်ငံအများစုသည် ဤကဲ့သို့လူစားမျိုးများအား လက်ခံရန်ဆန္ဒမရှိကြချေ။ ထိုလူများက နောက်ဆုံးတွင် လေလွင့်ကျင့်ကြံသူများသာ ဖြစ်သွားပေမည်။

"ငါတို့ကျိူးမိသားစုရဲ့ လျှို့ဝှက်သံအမိန့်လွှာ ပျက်စီးသွားပြီး"

ကျိုးမိသားစုမှကျင့်ကြံသူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။ ဤသည်က လုံချွမ်တိုင်းပြည်၏ဘိုးဘေးဖြစ်သူမှ ကျိုးမိသားစုအား ချီးမြှင့်ထားသောအရာဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ လျှို့ဝှက်သံအမိန့်လွှာပင် ပျက်စီးသွားခဲ့သည်။

"မင်းတို့က ပုန်ကန်ချင်နေမှတော့...မင်းတို့ရဲ့ လျှို့ဝှက်သံအမိန့်လွှာရဲ့အစွမ်း ပျက်ပြယ်သွားခဲ့ပြီ"

အင်ပါယာမင်း၏နှုတ်ခမ်းထောင့်တွန့်ကွေးသွားပြီး ရက်စက်တော့မည်ဟု ခံစားနိုင်သောအပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"သစ္စာဖောတ်တဲ့ ကောင်တွေ....ငါ မင်းတို့အားလုံးကိုသတ်မယ်"

"အဲ့ဒါက မင်းမှာ စွမ်းရည်ရှိလား မရှိလားဆိုတာပေါ် မူတည်တယ်"

ကျိုးမိသားစုမှကျင့်ကြံသူများကမူ အင်ပါယာမင်းကဲ့သို့ တွေးထင်ခြင်းမရှိချေ။

အင်ပါယာမင်းက ခေါင်းညိမ့်လိုက်ပြီးနောက် လက်ခုပ်တီးလိုက်လေ၏။ ပြင်းထန်သောကျန်းချီလှိုင်းတစ်ရပ်က လီပေါင်းများစွာအကွာအဝေးကိုဖြတ်သန်းပြီး ထိုကျင့်ကြံသူအား ရိုက်ခတ်လိုက်၏။

ခရက်....ခရက်...

ထိုကျင့်ကြံသူသည် သူ၏အရွတ်အကြောနှင့်အရိုးများကျိုးပဲ့ပျက်စီးသွားသဖြင့် စူးရှနာကျင်စွာအော်ဟစ်ပြီး မြေပြင်ပေါ်၌ ပြိုလဲကျသွားတော့သည်။

Chapter 472

ဤကိစ္စက မည်သို့ဖြစ်ပျက်သွားသနည်း။

အစောပိုင်းက ထိုကျင့်ကြံသူနှင့်အင်ပါယာမင်းတို့ တိုက်ခိုက်နေစဥ်တွင် လက်ရည်ညီခဲ့ကြသော်လည်း မည်သည်ကြောင့် ရုတ်တရက်ကြီး အင်ပါယာမင်းက သတ်ဖြတ်နိုင်ခဲ့သနည်း....။

"ဘယ်လို ဟာသလဲ....တစ်ကယ်လို့ ငါတို့ကျိုးမိသားစုကို လုံချွမ်တိုင်းပြည်ကနေဖယ်ရှားပစ်ရင်တောင်....ငါတို့က ယဲ့မိသားစုကိုဖယ်ရှားပြီး နန်းတက်နိုင်တဲ့အခါကျရင် နိုင်ငံရဲ့ကောင်းချီးမင်္ဂလာစွမ်းအားကို ပြန်ရမှာပဲ"

အချိန်တခဏအကြာတွင် ကျိုးမိသားစုမှကျင့်ကြံသူများသည် သူတို့၏ယုံကြည်ချက်များ ပြန်လည်ရရှိသွားခဲ့သည်။

အင်ပါယာမင်းအားသတ်ဖြတ်နိုင်ခဲ့လျှင် သူတို့ကျိုးမိသားစုသည် လုံချွမ်တိုင်းပြည်၏ တော်ဝင်မိသားစုဖြစ်သွားပေမည်။ ထိုအချိန်ရောက်လျှင် ယခင်အင်ပါယာဟောင်း၏အမိန့်သည်လည်း အသုံးဝင်မည်မဟုတ်ချေ။

"ငါတို့မှာ လူအင်အားအများကြီးပဲ...သူ့ကိုသတ်ကြ"

ကျိုးမိသားစုမှ မြောက်များစွာသောကျင့်ကြံသူများသည် အလျှင်အမြန်အုပ်စုဖွဲ့ပြီး အင်ပါယာမင်းအား ဝိုင်းထားကြ၏။

"အရှင်မင်းကြီးကို ကာကွယ်ကြ"

ကိုယ်ရံတော်များသည် တုန်လှုပ်သွားကြပြီး အင်ပါယာမင်းကြီးထံသို့ အပြေးတိုးဝင်သွားကြသည်။

သို့ရာတွင် ကိုယ်ရံတော်များသည် ကျိုးမိသားစုမှကျင့်ကြံသူများ၏တားဆီးခြင်းခံရသဖြင့် ရှေ့သို့သွားလာနိုင်ခြင်းမရှိချေ။

စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်း၌ ကျိုးမိသားစုမှ ကျင့်ကြံသူအမြောက်အများရှိနေပေ၏။ ယခုအချိန်၌ ကျိုးမိသားစုမှကျင့်ကြံသူအားလုံး အပြေးရောက်လာပြီး အင်ပါယာကိုယ်ရံတော်များအား တိုက်ခိုက်လိုက်ကြသည်။

"ငါက မင်းကိုဂုဏ်သိက္ခာရှိရှိ သေနိုင်တဲ့နည်းလမ်းပြောမယ်....မင်းကိုယ်မင်း သတ်သေလိုက်...ငါတို့ အလုပ်မရှုပ်အောင်ပေါ့"

ကျိုးမိသားစုမှကျင့်ကြံသူများ၏ခေါင်းဆောင်မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများက အထင်းသားထင်ဟပ်နေခဲ့သည်။

အင်ပါယာမင်း၏မျက်နှာအမူအယာကမူ တည်ငြိမ်နေဆဲပင်။

"တစ်ကယ်လို့ မင်း နေရာမှာ ငါသာဆိုရင်....အဝေးကိုထွက်ပြေးသွားပြီ"

"သောက်ရူး"

ကျိုးမိသားစုမှကျင့်ကြံသူများ၏ခေါင်းဆောင်သည် အင်ပါယာမင်းနှင့် စကားပြောဆိုပြီး အချိန်ဖြုန်းရန် ကြံရွယ်ထားပုံမရချေ။ သူ၏အစွမ်းထက်ဆုံးနည်းစနစ်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။

အချိန်တခဏအတွင်းမှာပင် ကောင်းကင်ယံတစ်ခွင်လုံး အရောင်အသွေးစုံလင်သောမန္တန်များဖြင့် ပြည့်နှက်သွားခဲ့သည်။

အင်ပါယာမင်း၏ခန္ဓာကိုယ်သည် လှုပ်ရှားခြင်းမရှိသော်လည်း သူ၏လက်ဝါးမှ အစွမ်းထက်သောစွမ်းအားတစ်ရပ်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် တွန့်လိမ်စပြုလာပြီးနောက် ရွှေရောင်နဂါးပုံရိပ်သည် အင်ပါယာမင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ဝေါင်း.....

မိုးခြိမ်းသံတမျှကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ အဝါရောင်သဲများက ကျိုးမိသားစု၏ကျင့်ကြံသူများအားလုံးကို ချက်ချင်းပင်လွှမ်းခြုံသွားခဲ့သည်။

ကျိုူမိသားစုမှကျင့်ကြံသူများ၏မန္တန်များသည်လည်း စွမ်းအားဆုံးရှုံးသွားပုံဖြင့် ပျက်ပြယ်သွားတော့သည်။

ကျိုးမိသားစုမှကျင့်ကြံသူများသည် အင်ပါယာမင်းအား တပြိုင်နက်တည်းတိုက်ခိုက်ကြသော်လည်း သူတို့အားဖိနှိပ်နိုင်သောအင်အားတစ်ရပ်ဖြင့်ရင်ဆိုင်တွေ့ချိန်တွင် လှုပ်ရှားမှုပင်မပြုလုပ်နိုင်တော့ချေ။

"သူ...သူ...သူက တာအိုဒုတိယအဆင့်ကျင့်ကြံသူပဲ"

တစ်စုံတစ်ယောက်က တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။

အဝိုင်းကြီးနယ်ပယ်နဝမဆင့် ထိပ်သီးကျင့်ကြံသူပင်လျှင် တာအိုဒုတိယဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် မည်သို့မျှခုခံနိုင်စွမ်းရှိမည်မဟုတ်ချေ။

ဤကျင့်ကြံဆင့်နှစ်ခုကြားတွင် ခြေတစ်လှမ်းသာကွာဝေးသော်လည်း စွမ်းအားခြင်းမှာ အလွန်ကွာခြားပေသည်။

ယခုနေရာ၌ရှိနေသူများ မဆိုထားနှင့်။ ကျိုးအိမ်တော်မှ ကျင့်ကြံသူများအားလုံးစုပေါင်းတိုက်ခိုက်လျှင်ပင် အင်ပါယာမင်း၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"အရှင်မင်းကြီး...ကျွန်တော်ရဲ့အမှားကိုသိပါပြီ...ခွင့်လွှက်ပေးပါ"

"ကျိုးမိသားစုက ကျွန်တော်တို့ကို သွေးဆောင်ခဲ့တာပါ...အရှင်မင်းကြီး ကျွန်တော်တို့ကို ခွင့်လွှက်ပေးပါ"

ကျိုးမိသားစုမှကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ တစ်ချို့သူများက မြေပြင်ပေါ်၌ ဒူးထောက်ကာ ခွင့်လွှက်ပေးရန် အင်ပါယာမင်းအား အသနားခံနေကြသည်။ တစ်ချို့လိမ္မာပါးနပ်သူများကမူ ဤနေရာနှင့်အဝေးသို့ ထွက်ပြေးကြလေသည်။

"ခွင့်လွှက်ပေးရမယ်တဲ့လား...မင်းတို့က ပုန်ကန်ဖို့ကြံစည်ထားမှတော့....အသက်ရှင်ဖို့ တွေးတောင်မတွေးနဲ့"

အင်ပါယာမင်း၏လက်ဝါး လှုပ်ရှားလိုက်မှုနှင့်အတူ ရွှေရောင်နဂါးပုံရိပ်ကြီးက ရုတ်တရက်ကောင်းကင်ယံမှ ကျဆင်းလာပြီး ထွက်ပြေးနေသော ကျင့်ကြံသူတစ်ယောက်ထံသို့ ကျဆင်းသွားပေသည်။

ထိုကျင့်ကြံသူသည် အဝိုင်းသေးနယ်ပယ်ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ရွှေရောင်နဂါးပုံရိပ်၏တိုက်ခိုက်ခြင်းခံရချိန်တွင် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ခြားသူများကမူ ရုတ်တရက် သူတို့၏ကျောရိုးများအတွင်းမှ စိမ့်ခနဲခံစားလိုက်ရ၏။ ဤကဲ့သို့စွမ်းအားမျိုးသည် သူတို့ ခုခံနိုင်မည့်အရာမျိုး မဟုတ်ချေ။

"ငါတို့ကိုလာကယ်ဖို့ မိသားစုခေါင်းဆောင်ကိုထွက်လာဖို့ ငါသွားပြောမယ်"

ကျိုးမိသားစုမှကျင့်ကြံသူများသည် စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်း၌ ဒူးထောက်ပြီး အော်ဟစ်အသနားခံနေကြ၏။

ဝှစ်....ဝှစ်...

မြောက်များစွာသည့် ထက်ရှသောမြှားများ ရုတ်တရက်ပေါ်ထွက်လာရာ ကျိုးမိသားစုမှကျင့်ကြံသူတော်တော်များများ မရှောင်လွှဲနိုင်ကြသဖြင့် သူတို့၏ခန္ဓာကိုယ်များအား ထိုးဖောတ်ဝင်ရောက်သွားတော့သည်။

"ပုန်ကန်သူတွေအားလုံး...အညံခံကြစမ်း"

ယိုဝမ့်နယ်စား၏သားတော် အိမ်ရှေ့စံမင်းသားက ရုတ်တရက် သူ၏စစ်တပ်နှင့် ရောက်ရှိလာခဲ့သည်။

ယခုနေရာသို့ ရောက်ရှိလာသူများသည် နယ်စပ်မှ ယိုဝမ့်ပြည်နယ်၏ လက်ရွေးစင်စစ်သည်တော်များဖြစ်သည်။ ယိုဝမ့်နယ်စား၏သားတော် ကျန်းကျီးဟုန်သည် သူ၏စစ်သားများကိုဦးဆောင်၍ ကျိုးမိသားစုမှကျင့်ကြံသူများအား အရူးအမူးစတင်သတ်ဖြတ်နေတော့သည်။

"အရှင်မင်းကြီး...တူတော် အကူအညီလာပေးတာ နောက်ကျသွားခဲ့တယ်"

ကျန်းကျီးဟုန်က မြေပြင်ပေါ်၌ဒူးထောက်ပြီး ပြောဆိုလိုက်သော်လည်း သူ၏မျက်လုံးများကမူ တောက်ပနေပေ၏။

အင်ပါယာမင်းကြီးသည် နာမကျန်းဖြစ်ပြီး သူ၏ကျင့်ကြံဆင့်ကိုဆုံးရှုံးသွားမည်ဟု တစ်ခြားသူများကတွေးတောကာ စွန့်ခွါသွားကြသည်။ ထို့ကြောင့် အင်ပါယာမင်း၏တူတော်စပ်သူ သူသာလျှင် နောင်တစ်ချိန်၌ လုံချွမ်တိုင်းပြည်၏အင်ပါယာမင်း ဖြစ်သင့်ပေသည်။

Chapter 473

"မကောင်းဆိုးရွားကောင်က ခုထိမလှုပ်ရှားသေးဘူး...မင်း အရင်ဆုံး အေးအေးဆေးဆေးအနားယူနေ"

အင်ပါယာမင်းက သူ၏တူတော်အား အလေးအနက်ကြည့်ရှုခြင်းပင်မပြုချေ။

"အရှင်မင်းကြီးက ဘာလို့ကိုယ်တိုင်တိုက်ခိုက်မှာလဲ...ဒီသူပုန်တွေရဲ့သွေးတွေက ညစ်ပတ်တယ်...တူတော်ကပဲ တာဝန်ယူဖြေရှင်းလိုက်ပါမယ်...ဒီ ပုန်ကန်တဲ့ကောင်တွေက သေလမ်းရှာနေကြတာပဲ"

ပတ်ဝန်းကျင်၌ တိုက်ခိုက်နေသောဆူညံသံများသည် တဖြည်းဖြည်းငြိမ်သက်လာပေ၏။

ကျိုးမိသားစုမှကျင့်ကြံသူများသည် သူတို့၏တိုက်ခိုက်လိုသောစိတ်ဆန္ဒများ ပျောက်ဆုံးနေသဖြင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပြင်းထန်နေသောစစ်သားများအား ခုခံကာကွယ်မှုမပြုလုပ်နိုင်ကြတော့ချေ။

"မိသားစုခေါင်းဆောင်...ကျေးဇူးပြုပြီး ကျွန်တော်ကိုကယ်ပါ"

ကျိုးမိသားစုမှကျင့်ကြံသူ၏လက်နှစ်ဘက်သည် လှေကားထစ်ကိုဖိကိုင်ထားပြီး သွေးများကအဆက်မပြက်ယိုစီးကျနေလေသည်။

"ဟား ဟား...ဘယ်သူကမှ မင်းကိုလာကယ်မှာမဟုတ်ဘူး....သူပုန်ကောင်...သေစမ်း"

စစ်သားတစ်ယောက်သည် ရယ်မောရင်းမှ သူ၏ဓားရှည်ဖြင့် ကျိုးမိသားစုမှကျင့်ကြံသူအား ခုတ်ပိုင်းလိုက်၏။

ဓားရှည်က ကျိုးမိသားစုမှကျင့်ကြံသူ၏ခေါင်းပေါ်သို့ ကျရောက်လုဆဲဆဲပင်။ သို့သော် ထိုအချိန်မှာပင် ဓားရှည်သည် လူတစ်ယောက်၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။

"ဘယ်ကောင်လဲ....သေချင်နေတာလား"

စစ်သားက ခေါင်းမော့ကြည့်လိုက်သော်လည်း သူက ပြင်းထန်သောအားတစ်ရပ်၏မတင်ပစ်ပေါတ်ခြင်းခံရပြီး ​လွင့်စင်သွားလေသည်။

ခရက်....

စစ်သား၏လည်ပင်းနှင့် ကြီးမားသောကျောက်တုံးကြီးတို့ ရိုက်ခတ်မိရာတွင် လည်ပင်းရိုးကျိုးပြီး သေဆုံးသွားတော့သည်။

စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်းမှ လူငယ်တစ်ယောက် ထွက်လာခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေသည့်အပြင် သူ၏မျက်နှာပေါ်၌ မည်းနက်သောအမှတ်သင်္ကေတများရှိနေပေရာ သူ့အား ကြည့်မိသူတိုင်း တုန်ရီနေပေသည်။

"မိသားစုခေါင်းဆောင်ကို ကြိုဆိုပါတယ်"

ကျိုးမိသားစုမှ ကြွင်းကျန်နေသောကျင့်ကြံသူများအားလုံး အော်ဟစ်၍အရိုအသေပြုလိုက်ကြသည်။

ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။ ကျိုးမိသားစုခေါင်းဆောင်သည် နှစ်ပေါင်းများစွာကြာ တံခါးပိတ်ကျင့်ကြံနေခြင်းကို လူတိုင်းသိထားကြသည်။ သို့ရာတွင် ကျိုးမိသားစုခေါင်းဆောင်၏ပုံပန်းသွင်ပြင်သည် ဤကဲ့သို့ဖြစ်နေမည်ဟု မည်သူကမျှတွေးထင်ထားခြင်းမရှိချေ။

လူအများရှေ့ရောက်ရှိနေသည့် ထူးဆန်းသောလူငယ်လေးသည် ကျိုးမိသားစုခေါင်းဆောင် ကျိုးဟန်ဖြစ်ပေသည်။

"ဟား ဟား...အင်ပါယာ ယဲ့...ငါက ကြမ်းကြုတ်ရက်စက်ဆုံးနည်းလမ်းကိုသုံးခဲ့တာတောင်...မင်းကို ခုထိမသတ်နိုင်ဘူးလို့ ငါတကယ် ထင်မထားမိဘူး...မင်းအသက်ကိုယူရတာ တော်တော်ခက်ခဲတာပဲ"

ကျိုးဟန်က ရယ်မောရင်းပြောဆိုလိုက်သည်။

အင်ပါယာမင်းက တည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလေသည်။

"ငါ မသေဘူးဆိုတာသေချာတာပေါ့...ငါက ခုထိ သေဖို့ အချိန်မကျသေးဘူးလေ...လုံချွမ်တိုင်းပြည်က ငါရဲ့နယ်မြေ...မင်းကို ငါမသတ်ပါစေနဲ့သာ ဆုတောင်းထား"

"ဟမျ့"

ကျိုးဟန်က ပြက်ရယ်ပြုနေပေ၏။

"မင်းက အရင်တုန်းကလိုပါပဲလား...ပေါတ်လွတ်ပဲစား စကားတွေ အရမ်းပြောတာပဲ...ငါ မင်းကို မေးပါရစေ...ငါတို့ ကျိုးမိသားစုက ပုန်ကန်တယ်ဆိုရင်တောင် မင်းက ဘာတတ်နိုင်မှာမို့လို့လဲ"

"ဟား ဟား...ကျိုးမိသားစုလား....ကျိုးမိသားစုက လူတွေအကုန်လုံး သုတ်သင်ခံရတောမှာလေ"

ကျန်းကျီးဟုန်က ခနဲ့တဲ့တဲ့ ဝင်ရောက်ပြောဆိုလိုက်၏။

"ဟမျ့"

ကျိုးဟန်၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်လာခဲ့သည်။ သူ၏နတ်ဘုရားစိတ်အာရုံသည် အင်ပါယာမင်းနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိသော ကျိုးမိသားစုဝင်များပေါ်သို့ ကျရောက်သွားခဲ့သည်။

ဤအချိန်တွင် မြေပြင်ပေါ်၌ ကျိုးမိသားစုဝင်များ၏အလောင်းများက နေရာအနှံ့ပြန့်ကျဲနေပေ၏။

"မင်း...ဒီတစ်ကြိမ်တော့ သေရမယ်"

ကျိုးဟန်က အံတင်းတင်းကြိတ်ပြီးနောက် သူ၏ပတ်ဝန်းကျင်ရှိလေထုသည် ပို၍အေးစက်လာပေ၏။

"အား အား....ငါရဲ့လက်..."

ရုတ်တရက် စစ်သားတစ်ယောက်သည် စူးရှရှအော်ဟစ်ညည်းတွားကာ မြေပြင်ပေါ်၌လူးလိမ့်နေပေသည်။

ထို့နောက် သူ၏လက်မောင်းမှ အနက်ရောင်သွေးကြောများဖောင်းကားလာပြီး လက်တစ်လက်လုံးအလျှင်အမြန် ပျံနှံ့သွားကာ နောက်ဆုံး၌ လက်မောင်းတစ်ဘက်လုံး နက်မှောင်သွားပေ၏။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်မတိုင်မီမှာပင် စစ်သား၏မျက်နှာသည် အနက်ရောင်သွေးကြောများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ထိုစစ်သား၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပြီး ပေါတ်ကွဲသွားတော့သည်။

"မကောင်းတော့ဘူး...ကျိုးဟန်က အဆိပ်အသုံးပြုနေပြီ"

ကျန်းကျီးဟုန်က သူ ပြင်ဆင်လာခဲ့သော ဆေးပင်များအား ချက်ချင်းပင်ထုတ်ယူလိုက်၏။

ထိုဆေးပင်များအား မြေပြင်ပေါ်သို့ပစ်ချလိုက်သည်နှင့် သူ့အလိုလိုလောင်ကျွမ်းသွားပြီး ပြင်းထန်သောဆေးမီးခိုးငွေ့များ ထွက်ပေါ်လာခဲ့သည်။

"အဲ့ဒါလေးနဲ့ ငါရဲ့အဆိပ်ကို ဟန့်တားချင်တာလား"

ကျိုးဟန်က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် လေအေးတစ်ချက်တိုက်ခတ်လာပြီး ပြင်းထန်သောအဆိပ်ငွေ့များနှင့် ရောနှောကာ စစ်သားများထံသို့ ပျံလွင့်လာလေသည်။

အင်ပါယာမင်းက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကျန်းကျီးဟုန်အား သူ၏နောက်သို့ပို့ကာ အကာအကွယ်ပေးလိုက်သည်။ အင်ပါယာမင်းက သူ၏ကျန်းချီများဖြင့် အဆိပ်ငွေ့များအားပိတ်ပင်တားဆီးထားလေ၏။

အင်ပါယာမင်း၏ပတ်ဝန်းကျင် ဝါးတစ်ပြန်စာအကွာအဝေးတွင် အဆိပ်ငွေ့များက ယာယီအားဖြင့် မသက်ရောက်နိုင်ချေ။

သို့သော် အင်ပါယာမင်းနှင့်ဝေးကွာသောနေရာတွင်ရှိနေသော စစ်သားများကမူ ကံမကောင်းကြချေ။ အဆိပ်လေများတိုက်ခတ်လာချိန်တွင် မြောက်များစွာသောစစ်သားများသည် မြေပြင်ပေါ်သို့ချက်ချင်းလဲကျသွားကြပြီး အသက်ရှုချိန်အနည်းငယ်အတွင်ူမှာပင် အနက်ရောင်သွေးမြူများအသွင် ပြောင်းလဲသွားကြသည်။

Chapter 474

"ကံဆိုးချင်တော့ အင်မော်တယ်သမားတော်က ဒီနေရာမှာမရှိဘူး....မဟုတ်ရင် ဒီအဖိုးကြီးရဲ့အဆိပ်ကို ထိန်းထားနိုင်မှာသေချာတယ်"

ကျန်းကျီးဟုန်က ကျိုးမိသားစုမှကျင့်ကြံသူအများစုသည် အဆိပ်အသုံးပြု၍တိုက်ခိုက်ခြင်းကို သိရှိထားပြီးဖြစ်သည်။ သူက ကျော်ကြားသော အင်မော်တယ်သမားတော်များကိုပင် ဖိတ်ကြားထားခဲ့သည်။

ကံအကြောင်းမလှစွာဖြင့် အင်ပါယာမင်းသည် နာမကျန်းဖြစ်နေသည်ဟု သူကြားချိန်တွင် ကျိုးအိမ်တော်သို့ သူကိုယ်တိုင်သွားရောက်တိုက်ခိုက်လိုခဲ့သည်။ အင်ပါယာမင်းအား မထင်မှတ်ဘဲ သူ မြင်တွေ့မိချိန်မှသာလျှင် အပြေးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းပင်။

ယခုလက်ရှိချိန်၌ သမားတော်ဖန်ရှန်းအား သူဖိတ်ကြားနိုင်ခဲ့ခြင်း မရှိခဲ့ချေ။

"အင်ပါယာ ယဲ့ .. ဘာလို့ မတိုက်ခိုက်တာလဲ...ဖြစ်နိုင်တာက မင်း ကြောက်ရွံနေတာလား....မင်းရဲ့ကျင့်ကြံဆင့်က တာအိုဒုတိယဆင့်လေ...ဘာလို့ သူရဲဘောကြောင်တဲ့လိပ်လိုမျိုး ပုန်းရှောင်နေတာလဲ"

ကျိုးဟန်က အင်ပါယာမင်းအား ပြက်ရယ်ပြုပြောဆိုနေပေ၏။

အင်ပါယာမင်း၏မျက်နှာသည် တဖြည်းဖြည်းဖြူရော်လာခဲ့သည်။ သူက အဆိပ်ငွေ့များကို တားဆီးနိုင်ရန်အတွက် သူ၏နံဘေးပတ်လည်ရှိအကာအကွယ်ကို ထိန်းချုပ်နေရသည်မှာ သူ၏အကန့်အသတ်သို့ရောက်ရှိနေခဲ့လေပြီ။

"အား...အရှင်မင်းကြီး...အရှင်ရဲ့နာမကျန်းဖြစ်မှုက ခုထိအရှင်းမပျောက်သေးတာလား"

ကျန်းကျီးဟုန်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤမွန်းစတားအိုကြီးကျိုးဟန်သည် လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက တာအိုဒုတိယဆင့်သို့ ရောက်ရှိနေပြီဟု ကောလဟာလများရှိခဲ့ဘူးသည်။

ယခုလက်ရှိအနေအထားအရကြည့်လျှင် ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် အဆိပ်လေများသည် တာအိုဒုတိယဆင့်သို့မရောက်ရှိသေးသူတစ်ယောက် ပြသနိုင်သည့်အရာမျိုးမဟုတ်ချေ။

"အသံမထွက်နဲ့"

အင်ပါယာက သတိပေးလိုက်သည်တွင် သူ၏အနီးပတ်ဝန်းကျင်ရှိလူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

"မင်းဘာပြောလဲဆိုတာ ငါကြားတယ်"

ကျိုးဟန်က မီးခိုးငွေ့များကြားမှ ရုတ်တရက်ထွက်ပေါ်လာပေ၏။

သူ ထွက်ပေါ်လာသည်နှင့် မြောက်များစွာသောစစ်သားများကို သူ၏လက်ဖြင့်ဖမ်းဆုပ်လိုက်သည်။ စစ်သားများထံမှ နာကျင်စွာဖြင့်စူးရှရှအော်ဟစ်သံများနှင့်အတူ သွေးညှီနံများကလည်း နေရာအနှံပျံနှံ့သွားပေ၏။

အင်ပါယာမင်း၏မျက်နှာသည် ပို၍ဖြူရော်လာလေသည်။ သူသည် အဆိပ်ဒဏ်မှပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း အပြည့်အဝပြန်လည်ကောင်းမွန်ခြင်းမရှိသေးချေ။

ဤအချိန်တွင် သူက ကျိုးဟန်ကဲ့သို့ အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည်ဖြစ်၍ သူ၏ခန္ဓာကိုယ်နာကျင်မှုသည် ပို၍ဆိုးရွားလာပေ၏။

"ဘာဖြစ်နေကြတာလဲ...ကျုပ် ခင်ဗျားကို ကောင်းကောင်းအနားယုရမယ်လို့ ပြောမထားဘူးလား"

လူအုပ်ကြီး၏နောက်မှနေ၍ အေးစက်စက်အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

အင်ပါယာမင်းက နောက်လှည့်ကြည့်လိုက်ရာတွင် မည်သည့်အချိန်ကရောက်ရှိနေမှန်းမသိရသည့် ပိုးထည်ဝတ်စုံဝတ်ဆင်ထားသောလူငယ်တစ်ယောက်ကို တွေ့မြင်မိသည်။

"မင်းလား...."

ကျန်းကျီးဟုန်က ထိုပိုးထည်ဝတ်စုံဝတ်ဆင်ထားသသူသည် လုယွီဖြစ်ကြောင်းကို ချက်ချင်းပင်အမှတ်ရသွားသည်။

လုယွီ စကားတုန့်ပြန်ပြောဆိုမည်ကိုပင်မစောင့်ဘဲ အိမ်ရှေ့စံမင်းသား ကျန်းကျီးဟုန်က အော်ငေါက်လိုက်၏။

"ကန်းနေတဲ့သောက်ရူး....ဒီနေရာက ဘယ်လိုမျိုးလဲဆိုတာ မင်းသိလား...ဒီနေရာကိုလာပြီး မင်းက ပြဿနာလာရှာရဲတယ်ပေါ့"

လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

"မင်း ဘာပြောချင်တာလဲ"

"ငါ ဘာပြောချင်တာလဲ ဟုတ်လား....အရှင်မင်းကြီးက ပြင်ပက အဆိပ်ငွေ့တွေကိုခုခံနိုင်ဖို့ အကာအကွယ်အလွှာကို ဘယ်လောတ်ခက်ခက်ခဲခဲထိန်းသိမ်းနေရတယ်ဆိုတာ မင်းသိလား...တစ်ကယ်လို့ အကာအကွယ်အလွှာထဲမှာ လူပိုများလာရင် အရှင်မင်းကြီးရဲ့ကျန်းချီကုန်ဆုံးမှုကလည်းပိုမြန်လာလိမ့်မယ်"

"မင်းက စိတ်ဝိညာဥ်ကျောက်တုံးတွေလိုချင်လို့ ငါ့နောက်ကိုနောက်ယောင်ခံလိုက်လာတာမလား...အမြင်ကျဥ်းတဲ့လူရမ်းကား...မင်းက နယ်စပ်ကနေ ဒီနေရာထိတောင်လိုက်လာတယ်ပေါ့လေ"

ကျန်းကျီးဟုန်က အော်ဟစ်ပြောဆိုနေလေသည်။

လုယွီက စိတ်မကြည်မသာဖြစ်သွားသော်လည်း သူက ကျန်းကျီးဟုန်အား ထပ်မံ၍အာရုံစူးစိုက်ခြင်းမရှိတော့ချေ။

"မင်း လာမယ်လို့ ငါမျှော်လင့်မထားမိဘူး...တာအိုမိတ်ဆွေလေး...ခုမြင်ကွင်းက မင်းအတွက် ရယ်စရာဖြစ်နေပြီထင်တယ်"

အင်ပါယာမင်းက စကားပြောဆိုပြီးနောက် ခါးသက်သက်ရယ်မောနေလေသည်။

လုယွီက ပြန်လည်ပြောဆိုလိုက်၏။

"ခင်ဗျား သေမှာကို ကျုပ်မစိုးရိမ်ဘူး...ကျုပ် ဂရုစိုက်တာက တကယ်လို့ခင်ဗျားသေသွားရင်...ကျုပ်ရဲ့ဆုလဒ်ကို မပေးနိုင်တော့မှာကိုပဲ စိုးရိမ်တယ်"

ကျန်းကျီးဟုန်သည် အနည်းငယ်တွေဝေသွားပြီးနောက် အင်ပါယာမင်းဘက်သို့လှည့်၍ မေးမြန်းလေသည်။

"အရှင်မင်းကြီး...အဲ့ဒီကောင်လေးနဲ့သိကျွမ်းတာလား"

သို့သော် အင်ပါယာမင်းက ကျန်းကျီးဟုန်အား အရေးစိုက်ခြင်းမပြုချေ။

"ဒီတစ်ကြိမ်တော့...တာအိုမိတ်ဆွေလေးက ငါ့ကိုကူညီနိုင်မလားဆိုတာ မေးပါရစေ"

အင်ပါယာမင်း၏လေသံတွင် တောင်းပန်တိုးလျှိုးသောအရိပ်အယောင်များ ပါဝင်နေသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။

"ဒီတစ်ကြိမ် ကျုပ်တိုက်ခိုက်တာက ခင်ဗျားကို ကယ်တင်ဖို့မဟုတ်ဘူး"

လုယွီက သူ၏ရှေ့ရှိအဆိပ်မြူခိုးများအား ကြည့်လိုက်သည်။

"ဘယ်သူက အရမ်းအတင့်ရဲပြီး ကျုပ်တပည့်နှစ်ယောက်ကို ခေါ်ဆောင်သွားတာလဲဆိုတာ ကျုပ် သိချင်တယ်"

"မင်းက စကားတော်တော်များတာပဲ...မင်း သေမှာမကြောက်ဘူးလား"

ကျန်းကျီးဟုန်က လုယွီအား အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်သည်။

သို့သော် အချိန်တခဏအကြာမှာပင် ကျန်းကျီးဟုန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

လုယွီက အဆိပ်မြူခိုးများအတွင်းသို့ ခြေလှမ်းလှမ်းလိုက်ခြင်းကို သူ မြင်တွေ့ရပေသည်။

Chapter 475

ဤအဆိပ်မြူခိုးများသည် သာမာန်ထက်ထူးကဲပေသည်။ အင်ပါယာကိုယ်ရံတော်များသည် ကျင့်ကြံသူများအနက်မှ ရွေးချယ်ထားသော လက်ရွေးစင်စစ်သည်တော်များဖြစ်သော်လည်း အဆိပ်မြူခိုးများအောက်တွင် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ခန့်ပင် တောင့်မခံနိုင်ကြချေ။

"ဟက်...ဟက်...ဒီနေရာမှာ သေမှာမကြောက်တဲ့ ကောင် ရှိသေးတာပါလား...မင်းက ငါ့အဆိပ်ရဲ့အရသာကို မြည်းစမ်းချင်လို့လား"

ကျိုးဟန်၏အေးစက်စက်ရယ်မောသံသည် ပတ်ဝန်းကျင်နေရာအနှံ ပျံနှံ့နေသော်လည်း သူ မည်သည့်နေရာ၌ရှိနေသည်ကို မည်သူမျှမပြောနိုင်ချေ။

ကျန်းကျီးဟုန်က အံအားတသင့်ရေရွတ်နေပေ၏။

"အဲ့ဒီကောင် ရူးများရူးနေတာလား...ဒီအချိန် အကာအကွယ်ရဲ့အပြင်ကို ထွက်သွားတာက သေချင်နေတာပဲဖြစ်မယ်"

သို့ရာတွင် သူက တစုံတရာကိုတွေးတောမိပြီး ချက်ချင်းပင် ရယ်မောလိုက်သည်။

"သူဟာသူ သေသေ...ငါက ဘာလို့ဂရုစိုက်နေရမှာလဲ"

လူအားလုံး၏မျက်လုံးများသည် လုယွီထံ၌သာ အာရုံစူးစိုက်နေကြ၏။

သူက အဆိပ်မြူခိုးများအတွင်းသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း ချဥ်းနင်းဝင်ရောက်သွားခဲ့သည်။

ရှဲ...ရှဲ...

လုယွီက မြေပြင်ပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ချက်ချင်းပင် အဆိပ်မြူခိုးများက ထောင်းခနဲမြင့်တက်လာပေ၏။

အဆိပ်မြူခိုးများကြားမှ လုယွီ၏မျက်နှာအမူအယာကမူ သာမာန်အတိုင်းဖြစ်ပြီး အနည်းငယ်မျှပင်နာကျင်မှုခံစားနေရပုံ မရှိချေ။

"အရည်အချင်း ရှိသားပဲ....မင်းဘယ်သူလဲ"

ကျိုးဟန်၏မျက်လုံးအကြည့်များ ပို၍လေးနက်လာခဲ့သည်။

လုယွီက ကျိုးဟန်၏မျက်လုံးများအား တည့်တည့်စိုက်ကြည့်လိုက်သည်။

"ကျုပ် တပည့်နှစ်ယောက်ကို ခင်ဗျား ဖမ်းဆီးထားတယ်လို့ ကျုပ်ကြားထားတယ်...ခုချက်ချင်း ကျုပ်ကို ပြန်ပေးပါ"

"ငါ ဘယ်ချိန်တုန်းက မင်း တပည့်တွေကို ဖမ်းဆီးလိုက်တာလဲ...အော်...ငါသိပြီ...မင်းအသက်က ငယ်သေးတော့ မင်း တပည့်တွေက ကလေးတွေပဲဖြစ်မယ်...ငါ့တပည့်တွေဖမ်းလာတာ ဖြစ်နိုင်တယ်"

ကျိုးဟန်က လုယွီ၏တပည့်များအား ပြန်ပေးရန်အတွက် လက်ခံချင်ပုံမရချေ။

"မင်း လာတာ နောက်ကျသွားပြီ...မင်းရဲ့တပည့်တွေက အကြွင်းအကျန်စိတ်ဝိညာဥ်လေးတောင် ရှိပါအုံးမလားဆိုတာ ငါ စိုးရိမ်မိတယ်"

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်မှ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။

"တစ်ကယ်လို့ ကျုပ် တပည့်တွေကို ခင်ဗျားထိရဲရင်....ခင်ဗျား အသေဆိုးနဲ့သေရမယ်လို့ ကျုပ် ပြောရဲတယ်"

သို့ရာတွင် ကျိုးဟန်က လုယွီ၏စကားကို အလေးအနက်ထားပုံမရချေ။

"ဒီနေရာမှာကလေးတွေက အများကြီးလေ...မင်းရဲ့တပည့် ဘယ်သူလဲဆိုတာ ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ....မင်းတပည့်တွေက သရဲတစ္ဆေတောင် ဖြစ်ရင်ဖြစ်နေလောက်ပြီ"

လုယွီက ကျိုးဟန်အား ဂရုတစိုက် အကဲခတ်ကြည့်ရှုလိုက်၏။

"လော့ရှာ ဝိညာဥ်ဝါးမြိုနည်းစနစ်...ခင်ဗျားက ထာဝရအသက်ကိုရဖို့ ဒီနည်းစနစ်ကိုကျင့်ကြံနေတာလား"

ကျိုးဟန်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူက အေးစက်စက်လေသံဖြင့်ပြောဆိုလိုက်သည်။

"မင်း ဒီနည်းစနစ်ကို ဘယ်နေရာကသိခဲ့တာလဲ"

ဤအချိန်တခဏတွင် ကျိုးဟန်၏မျက်နှာပေါ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အထင်းသားထင်ဟပ်နေပေသည်။

သက်တမ်းအရပြောရလျှင် ကျိုးဟန်သည် အင်ပါယာမင်းထက် အသက်ကြီးပြီး မင်းဆက်သုံးဆက်ကိုကျော်လွန်ဖြတ်သန်းလာခဲ့သူဖြစ်သည်။

သို့ရာတွင် ထူးဆန်းအံသြဖွယ်ကောင်းသည်က ကျိုးဟန်သည် အသက်အိုမင်းပုံပေါတ်နေရမည့်အစား လူငယ်တစ်ယောက်အသွင်သာ ရှိနေပေသည်။

ဤဖြစ်ရပ်သည် သူ၏ကျင့်ကြံခြင်းနည်းစနစ်ကြောင့် ဖြစ်သည်။

ကျိုးဟန်က ဤကျင့်ကြံခြင်းနည်းစနစ်ကို သူ၏သား သမီးများထက်ပင် ပို၍အရေးပါသည် ယူဆထားသည်။ သူ၏သားဖြစ်သူပင်လျှင် ကျိုးဟန်ကျင့်ကြံနေသော ကျင့်ကြံနည်းစနစ်အား မသိရချေ။

"မင်းမှာ အရည်အချင်းတစ်ချို့ရှိပေမယ့်...ငါ မေးတာကို မင်း မဖြေချင်မှတော့ မင်း သေရမယ်"

ကျိုးဟန်၏မျက်လုံးများက သတ်ဖြတ်လိုခြင်းအငွေ့အသက်များကို ထုတ်ဖော်ထားပေ၏။

လုယွီက သူ၏လျှို့ဝှက်ချက်ကိုသိရှိနေသဖြင့် သူက လုယွီအား အသက်ရှင်လျက်ထားရန် အကြောင်းမရှိချေ။

ရုတ်ချည်းဆိုသလိုပင် ကျိုးဟန်က သူ့အောက်ရှိမြေပြင်အား သူ၏ခြေထောက်ဖြင့် အသာအယာထိတွေ့လိုက်ရာ သူ၏ခန္ဓာကိုယ်က တဟုန်ထိုး​မြင့်တက်သွားပေ၏။

ချက်ချင်းပင် ကျိုးဟန်က လုယွီ၏အနားသို့ ရောက်ရှိလာခဲ့သည်။

"ကောင်လေး...မင်းက အရည်အချင်းရှိပေမယ့်...မင်း အရမ်းစပ်စုတာကိုပဲ အပြစ်တင်တော့..စပ်စုတာက မင်းကိုသေစေတာပဲ"

လုယွီက ခေါင်းမော့ပြီး ပြောဆိုလိုက်သည်။

"ဒါဆို ခင်ဗျားက ကျုပ်ရဲ့တပည့်တွေကို ပြန်မပေးဘူးပေါ့"

ကျိုးဟန်ကမူ ဒေါသအမျက်ချောင်းချောင်းထွက်နေပေ၏။

"သောက် အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့...မင်း တောင် သေတော့မယ်...မင်း တပည့်တွေက ဘယ်သူတွေလဲဆိုတာ ငါက ဂရုစိုက်နေရမှာလား"

ဘုန်း....

ကျိုးဟန်က ပြင်းထန်သောလက်သီးချက်ဖြင့် လုယွီ၏နဖူးအားဦးတည်၍ ထိုးနှက်လိုက်သည်။ သူ၏လက်သီးပေါ်၌ မှင်ကဲ့သို့မည်းနက်သော အနက်ရောင်အခိုးအငွေ့များရှိနေပေသည်။

လုယွီက ကျိူးဟန်၏လက်သီးချက် သူနှင့်နီးကပ်လာသောအချိန်ထိ စောင့်ဆိုင်းခြင်းမရှိချေ။ သူကလည်း ကျိုးဟန်အား တိုက်ခိုက်ရန် လက်သီးတစ်ချက်အား ထုတ်လွှက်လိုက်သည်။

လုယွီ၏နောက်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက ရုတ်တရက်ထွက်ပေါ်လာပြီး လေထုအတွင်း၌ မျောလွင့်နေပေ၏။

သူတို့နှစ်ယောက်၏လက်သီးများ ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် သူတို့၏ခြေထောက်များညွတ်ကျသွားပြီး မြေပြင်ပေါ်၌ နက်ရှိုင်းသောချိုင့်များ ထင်ကျန်ရစ်ခဲ့သည်။

"မင်းက ဘာလို့ဒီလေါက်ထိ အစွမ်းထက်နေတာလဲ"

ကျိုးဟန်က အံ့အားသင့်တုန်လှုပ်သွားပေ၏။ သူက တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ မည်သည်ကြောင့် ထိုကောင်လေးက သူနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ရသနည်း။

"လော့ရှာ ဝိညာဥ်ဝါးမြိုနည်းစနစ်က အရွယ်နုပျိုအောင် လှုံဆော်ပေးနိုင်တယ်...ဒါပေမယ့် ကျန်းချီကိုတော့ ကျစ်လျစ်သိပ်သည်းမှုမရှိစေဘူး...ခင်ဗျား ဒီလေါက်ပဲအစွမ်းရှိတာ အံသြစရာမှမရှိတာ"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်၏။

All Chapters