← Chapters

အခန်း (၄၇၆-၄၈၀)

Vol. 26-30 Ch. 476-480

အခန်း (၄၇၆-၄၈၀)

Vol. 26-30 Ch. 476-480

Chapter 476

"ငါ...ငါ မယုံဘူး"

ကျိုးဟန်၏မျက်လုံးများ နီမြန်းနေပေ၏။

သူက နှစ်ပေါင်းများစွာကျင့်ကြံပြီးမှသာလျှင် တာအိုဒုတိယအဆင့်သို့ ချဥ်းနင်းဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် သူဤမျှအထိ ခက်ခက်ခဲ့ခဲ့ကြိုးစားခဲ့သည်က ကောင်လေးတစ်ယောက်ကိုပင် မည်သည်ကြောင့်အနိုင်မယူနိုင်ရသနည်း။

သူ ဤသို့ဖြစ်ပျက်နေခြင်းအား လိုလားခြင်းမရှိချေ။

"လာစမ်း"

ကျိုးဟန်က ရုတ်တရက်လေထုအတွင်းသို့ခုန်တက်ပြီး လုယွီထံသို့လက်သီးတစ်ချက် ထပ်မံထိုးနှက်လိုက်၏။

ဤတစ်ကြိမ်တွင်မူ သူ၏လက်သီးချက်က လေထုအတွင်း၌အနက်ရောင်ပုံရိပ်များကိုပင် နောက်ချန်ထားခဲ့သည်။

ထိုလက်သီးချက်၏အရှိန်အဟုန်ဖြင့် ထိခတ်မိသော ပတ်ဝန်းကျင်ရှိပေါင်းပင်များသည် ညှိုးနွမ်းခြောက်သွေ့သွားပြီး ၎င်းတို့၏မူလလန်းဆန်းနေသောအသွင်များပျောက်ဆုံးသွားခဲ့သည်။

ဤလက်သီးချက်တွင် ပြင်းထန်သောအဆိပ်ငွေ့များပါဝင်နေပေ၏။

"မင်းကိုသေစေတဲ့အဆိပ်ကို ငါ ပိုင်ဆိုင်ထားတယ်...မင်း ဘယ်လောက်ထိသန်မာနေပါစေ...ဘာအသုံးမှမဝင်ဘူး"

ကျိုးဟန်က ဂုဏ်ယူဝင့်ကြွားနေပုံဖြင့် ရယ်မောနေလေသည်။

သူက လုယွီသည် အဆိပ်မိပြီး သေဆုံးသွားရမည်ဟု ခန့်မှန်းထားခဲ့သည်။

ဤကဲ့သို့ပြင်းထန်သောအဆိပ်နှင့် ရင်ဆိုင်နေရသော်လည်း လုယွီက ကျိုးဟန်အား တည်ငြိမ်သောအကြည့်ဖြင့် ကြည့်နေပေ၏။

"ခင်ဗျားရဲ့ကျင့်ကြံဆင့်နဲ့....ဒီလေါက်အရည်အချင်းပဲထုတ်ပြနိုင်တာကို ဂုဏ်ယူဝင့်ကြွားနေတာလား"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ ရုတ်တရက် သူ၏လက်ချောင်းများအကြားတွင် ရွှေရောင်မီးတောက်ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်မီးတောက်က တဖြည်းဖြည်းပြန့်ကားလာပြီး မီးကွင်းကြီးအသွင်သို့ ပြောင်းလဲသွားပေသည်။

မီးတောက်၏နံဘေးပတ်လည်ရှိလေဟာနယ်သည် ဆုတ်ဖြဲခံရသကဲ့သို့ ပုံပျက်နေပေ၏။ ပတ်ဝန်းကျင်နေရာအနှံ့ ပူပြင်းသောအော်ရာများပျံ့နှံ့လာပြီး တရှဲရှဲမြည်သံများကိုလည်း ကြားနိုင်လေသည်။

ပတ်ဝန်းကျင်နေရာအနှံ့ ပျံလွင့်နေသောအဆိပ်ငွေ့များသည် ရွှေရောင်မီးတောက်များ​နှင့်ထိတွေ့မိချိန်တွင် အရည်ပျော်စပြုလာပေ၏။

ကျိုးဟန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဒါက ဘယ်လိုမီးတောက်မျိူးလဲ"

"ခင်ဗျား ပြောခဲ့သလိုပဲ....စပ်စုတာက လူကိုသေစေနိုင်တယ်"

လုယွီက ကျိုးဟန်အား ထပ်မံစကားပြောဆိုခြင်း မပြုတော့ချေ။ သူက လက်အတွင်းရှိမီးတောက်များအား ပစ်လွှက်လိုက်၏။

ဝှစ်....

ဤနေရာတစ်ခုလုံးအား မီးတောက်များက ချက်ချင်းပင်လွှမ်းခြုံသွားခဲ့သည်။

လုယွီ၏ခန္ဓာကိုယ်အား မီးတောက်နဂါးကြီးက ဝန်းရံထားပြီး ဒေါသတကြီးဟိန်းဟောက်လိုက်ပေ၏။

လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ အဆိပ်ငွေ့များသည် ၎င်းတို့၏သဘာဝရန်သူနှင့်ရင်ဆိုင်တွေ့မိသကဲ့သို့ နောက်ဆုတ်သွားကြ၏။

အဆုံးသတ်တွင် လေထုအတွင်း၌မီးတောက်များ ပျက်ပြယ်သွားချိန်တွင်မူ အဆိပ်ငွေ့များ၏အရိပ်အယောင်လည်း မကျန်ရှိတော့ချေ။

လုယွီ ခြေတစ်လှမ်းရှေ့တိုးတိုင်း ကျိုးဟန်က ခြေတစ်လှမ်းနောက်ဆုတ်သွားခဲ့သည်။ နောက်ဆုံး၌ ကျိုးဟန်၌ နောက်ဆုတ်ရန် နေရာမရှိတော့ချေ။

ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းနေသည့် ကျိုးဟန်၏အဆိပ်ငွေ့များသည်လည်း လုယွီ၏ခြေလှမ်းများအောက်တွင် ပျက်ပြယ်သွားခဲ့သည်။

"လော့ရှာဝိညာဥ်ဝါးမြိုနည်းစနစ်က ဘာအတွက်အသုံးပြုတာလဲဆိုတာ မင်းသိလား"

လုယွီက ခပ်သဲ့သဲ့လေသံဖြင့် ပြန်လည်ဖြေဆိုလိုက်၏။

"အဲ့ဒီနည်းစနစ်က အလောင်းကောင်တွေအတွက် အထူးဖန်တီးထားတာ...လော့ရှာဝိညာဥ်ဝါးမြိုနည်းစနစ်ကို ကျင့်ကြံတဲ့ဘယ်သူမဆို...အချိန်တိုအတွင်းမှာ အဲ့ဒီလူရဲ့အရှိန်အဝါတွေတိုးပြီး သူ မျှော်မှန်းမထားတဲ့ ကျင့်ကြံဆင့်ကိုရောက်ရှိနိုင်တယ်....ဒါပေမယ့် သူရဲ့ကိုယ်ပိုင်ဘဝသက်တမ်းကိုတော့ လောင်ကျွမ်းသွားစေတယ်"

လုယွီက ကျိုးဟန်၏ခန္ဓာကိုယ်အား ခြေဆုံးခေါင်းဆုံး ကြည့်ရှုလိုက်၏။

"ခင်ဗျားကိုကြည့်ရတာ အသက်ငယ်ရွယ်ပုံပေါတ်နေပေမယ့် ဒါက ပြန်လည်နုပျိုလာတာမျိူးမဟုတ်ဘူး...ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျားရဲ့သက်တမ်းက သိပ်မကျန်တော့ဘူး...နောက်ဆုံး ခင်ဗျားက ကလေးတစ်ယောက်ရဲ့ပုံပန်းသွင်ပြင်ပဲကျန်တော့မှာ"

"ခင်ဗျားက လူငယ်တစ်ယောက်လို လမ်းကောင်းကောင်းမလျှောက်နိုင်ဘူးဆိုတာ သိထားပြီးသားဖြစ်လိမ့်မယ်...အချိန်ကြာလာတာနဲ့ ခင်ဗျားရဲ့ကိုယ်ပိုင်စိတ်ဆန္ဒတွေကိုတောင် မထိန်းချုပ်နိုင်တော့ဘဲ သက်တမ်းယုတ်လျော့လာမှာပဲ"

လုယွီ၏စကားလုံးများသည် ဧရာမတူကြီးတစ်ချောင်းကဲ့သို့ ကျိုးဟန်၏ရင်ဘက်အား ရိုက်ခတ်မိသွားသည်။

"မဖြစ်နိုင်ဘူး....မင်း လိမ်နေတာ"

ကျိုးဟန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။

မည်သည်​နည်းဖြင့် သူ ဝန်ခံနိုင်မည်နည်း။ သို့ရာတွင်လုယွီပြောသွားသမျှသည် မှန်ကန်ပုံရပြီး သူ ငြင်းဆန်ခြင်းမပြုနိုင်ချေ။

တစ်ခြားသူများက သူ၏မြင့်မားသောကျင့်ကြံဆင့်နှင့် နုပျိုနေခြင်းကိုမြင်နေရသော်လည်း သူခံစားနေရသောဝေဒနာကို သူ အတိအကျသိပေသည်။

တစ်ခြားသူများက ထာဝရအသက်ကိုရှာဖွေနေသော်လည်း သူက အသက်အိုမင်းနိုင်သောနည်းလမ်းကိုရှာဖွေနေရပေသည်။

သူ၏ရုပ်ပန်းသွင်ပြင်သည် မုတ်ဆိတ်မွှေးဖြူနှင့်အဖိုးကြီးတစ်ယောက်အဖြစ်မှ ဤကဲ့သို့လူငယ်အသွင် ပြောင်းလဲလာခဲ့သည်။

"မင်း...မင်း ဘယ်လိုလုပ်သိတာလဲ"

ကျိုးဟန်က ရုတ်တရက် သတိပြုမိသွားပုံဖြင့် မေးမြန်းလိုက်သည်။

သူက လူစိမ်းများကို မည်သည့်အချိန်ကမျှ ဤအကြောင်းများမပြောခဲ့ဘူးချေ။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်လေ၏။

"ဒါက အရမ်းရိုးရှင်းပါတယ်....ဘာလို့လဲဆိုတော့လအဲ့ဒီနည်းစနစ်က ကျုပ်ဖန်တီးခဲ့တာမလို့ပဲ"

Chapter 477

အတိတ်ဘဝတုန်းက လုယွီသည် အလောင်းကောင်များလေ့ကျင့်ပေးရန် မြောက်များစွာသောကျင့်ကြံနည်းစနစ်များကို ဖန်တီးခဲ့သည်။

"လော့ရှာဝိညာဥ်ဝါးမြိုနည်းစနစ်"သည် ၎င်းတို့အနက်မှတစ်ခုဖြစ်ပေ၏။

ထိုကျင့်ကြံနည်းစနစ်သည် တစ်ခြားသူများ၏ဝိညာဥ်များကိုဝါးမြိုခြင်းဖြင့် လေ့ကျင့်သူ၏စွမ်းအားကို အလျှင်အမြန်တိုးတက်စေနိုင်သည်။

သို့ရာတွင် တန်ကြေးပေးဆပ်ရသူက ထိုနည်းစနစ်လေ့ကျင့်သူ၏ကိုယ်ပိုင်သက်တမ်းကို ဝါးမြိုပစ်ရုံသာမက တစ်ခြားသူများ၏အသက်ကိုလုယူခြင်းဖြစ်သည့်အတွက် အလွန်ရက်စက်ကြမ်းကြုတ်သောနည်းစနစ်ဟုလည်း ယူဆနိုင်သည်။

လုယွီက သူ၏အတိတ်ဘဝတွင် ထိုနည်းစနစ်ကိုဖန်တီးခဲ့သော်လည်း သုံးရက်ခန့်လေ့လာပြီးနောက်တွင် စွန့်ပစ်ခဲ့သည်။ အကြောင်းအရင်းမှာ ထိုနည်းစနစ်သည် အလွန်ကြမ်းကြုတ်ရက်စက်ခြင်းကြောင့်ပင်။

လော့ရှာဝိညာဥ်ဝါးမြိုနည်းစနစ်၏မှတ်တမ်းများကို သူ စုရုံး၍ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ သူ စွန့်ပစ်ခဲ့သောနည်းစနစ်များကို တစ်ခြားလူများက ကျင့်ကြံနေမည်ဟု လုယွီက မျှော်လင့်မထားမိခဲ့ချေ။

"ခင်ဗျားက ကျင့်ကြံခြင်းလမ်းကြောင်းကိုလျှောက်လှမ်းရမယ့်အစား....လမ်းမှားကိုရွေးချယ်ခဲ့တယ်"

လုယွီက ခေါင်းခါယမ်းလိုက်၏။

ကျိုးဟန်၏လော့ရှာဝိညာဥ်ဝါးမြိုနည်းစနစ်သည် အပြည့်အစုံမဟုတ်ပေ။ ထို့ကြောင့် သူ၏ခွန်အားသည် တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက်ရှိရမည့်ခွန်အား၏ သုံးပုံတစ်ပုံပင်မရှိချေ။

ဤကဲ့သို့ခွန်အားလောတ်ဖြင့် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

"ခင်ဗျားက ဒီနည်းစနစ်ကိုလေ့ကျင့်ဖို့ လူတွေအများကြီးကို သတ်ခဲ့တယ်..ကျုပ် ခင်ဗျားကိုတစ်ခွန်းပဲမေးမယ်...ခင်ဗျား ဒီကလေးနှစ်ယောက်ကို တွေ့ခဲ့လား"

လုယွီက ရုတ်တရက် သူ၏လက်ညှိုးအား ကျိုးဟန်၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်ပြလိုက်၏။

ဤလက်ညှိုးညွှန်မှုတွင် လုယွီ၏အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံကိုထည့်သွင်းထားသဖြင့် ကျိုးဟန်၏ရုပ်ပိုင်းဆိုင်ရာအကာအကွယ်များကို ချက်ချင်းပင်ဖျက်ဆီးသွားခဲ့သည်။

သူ၏အဆိပ်ငွေ့များအားလုံးသည်လည်း လုယွီ၏ထိန်းချုပ်ဟန့်တားခြင်း ခံလိုက်ရသည်။ လုယွီသည် အမှန်တကယ်အစွမ်းထက်သူဖြစ်၍ သူ ဘက်ပြိုင်နိုင်မည့်သူမျိုးမဟုတ်ချေ။

လုယွီ၏ရှေ့၌ သူက ကလေးတစ်ယောက်အဆင့်သာရှိပေသည်။

"ဘာလို့လဲ...ငါက ကလေးဘဝကတည်းက အရမ်းဥာဏ်ကောင်းပြီး ငါရဲ့မိသားစုကလည်း အရင်းအမြစ်တွေအများကြီး ငါကို ပံပိုးခဲ့တယ်...နှစ်ပေါင်းရာချီပြီး ငါ ခက်ခက်ခဲခဲကြိုးစားကျင့်ကြံခဲ့တာတောင် ဘာလို့တာအိုနောက်ဆုံးဆင့်ကို မရောက်ရတာလဲ"

"ငါက အဝိုင်းကြီးနယ်ပယ်မှာပဲ နှစ်ပေါင်းငါးဆယ်ကျော် တစ်ဆို့နေခဲ့တယ်...နှစ်ငါးဆယ်...မင်းသိလား...တာအိုဒုတိယဆင့်ကို မရောက်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ခံစားချက်ကို မင်း နားလည်ရဲ့လား....နှစ်တစ်ရာကြာပြီးချိန်မှာတော့ ငါက တာအိုဒုတိယဆင့်ရောက်ဖို့ ဒီကျင့်ကြံနည်းစနစ်ကိုကျင့်ကြံမိတော့တာပဲ...နောက်ဆုံးတော့လည်း ငါက အရှုံးသမားပြန်ဖြစ်ရပြန်ပြီ"

ကျိုးဟန်၏စိတ်ဓာတ် အပြည့်အဝပြိုလဲသွားပေ၏။ သူ၏ဂုဏ်ယူဝင့်ကြွားနေမှုများသည် လုယွီရှေ့၌ မည်သို့မျှအရာမဝင်ခဲ့ချေ။

ယခုလက်ရှိချိန်တွင် လုယွီက ငယ်ရွယ်နေဆဲဖြစ်သည့်တိုင် ဤကဲ့သို့အစွမ်းထက်သော စွမ်းအားမျိုးပိုင်ဆိုင်ထားသည်။ သူ ကျင့်ကြံခဲ့သော ကျင့်ကြံနည်းစနစ်ပင် လုယွီဖန်တီးခဲ့သောနည်းစနစ်ဖြစ်နေသည်။

လုယွီက အေးစက်စက် နှာမှုတ်လိုက်၏။

"စိတ်နှလုံးသားက တာအိုကျင့်ကြံခြင်းလမ်းကြောင်းရဲ့သော့ချက်ပဲ...ခင်ဗျားက ခင်ဗျားရဲ့မူလစိတ်နှလုံးသား ပျောက်ဆုံးသွားတာ အချိန်အတော်ကြာနေပြီ...ဒါကိုတောင် ခင်ဗျားက ထာဝရအသက်ကို လိုချင်နေသေးတာလား"

ရုတ်တရက် လုယွီက သူ၏လက်ဖြင့် ကျိုးဟန်၏ဦးခေါင်းအား ဖိနှိပ်လိုက်၏။ ကျိုးဟန်၏မှတ်ဥာဏ်များက ချက်ချင်းပင် လုယွီ၏စိတ်အတွင်း၌ ဒီရေအလားပေါ်ထွက်လာခဲ့သည်။

ထိုမှတ်ဥာဏ်များအကြား၌ လုယွီက စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမ၏ပုံရိပ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်းဘက်၌ မြောက်များစွာသောကလေးများအား ဖမ်းဆီးထားပေသည်။ သို့ရာတွင် လုယွီက ပုရီဖန်းနှင့်ပုချောင်းချောင်းကိုမူ ရှာဖွေတွေ့ရှိခြင်းမရှိပေ။

လုယွီ၏မျက်နှာအမူအယာက ရုတ်တရက်အေးစက်တင်းမာသွားပေ၏။ သူက ခြေလှမ်းရှေ့တိုးပြီး စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမ၏တံခါးအား ကန်ဖွင့်လိုက်တော့သည်။

အခန်းတံခါးပွင့်သွားသည်နှင့် ပြင်းထန်သောသွေးညှီနံများက ထွက်ပေါ်လာခဲ့သည်။

ဤနေရာသည် လူများ၏ခွန်အားကိုအလျှင်အမြန် တိုးတက်စေနိုင်သော လုံချွမ်တိုင်းပြည်အတွင်းမှ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်အတွင်း၌ သွေးများဖြင့်ပြည့်နေပေ၏။

စိတ်ဝိညာဥ်စမ်းရေအိုင်အတွင်းတွင် ကလေးငယ်များ၏အလောင်းများကလည်း နေရာအနှံပြန့်ကျဲနေသည်။

ကလေးငယ်များ၏အလောင်းများတွင် အပြစ်ကင်းစင်သောမျက်နှာလေးများရှိနေပြီး မှောင်မိုက်သောစမ်းရေအိုင်အတွင်း၌ တွေ့မြင်နေရသည်မှာ လူများ၏အသက်ရှုခြင်းကိုပင် တုန်လှုပ်မောပန်းသွားစေနိုင်သည်။

လုယွီက နောက်ပြန်လှည့်ပြီး အင်ပါယာမင်းအား ကြည့်လိုက်၏။

"အဲ့ဒီလူကို...ခင်ဗျား တာဝန်ယူလိုက်တော့"

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်လေသည်။

အင်ပါယာမင်းသည် စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်းသို့ ကြည့်လိုက်ရာတွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။

"လာကြစမ်း....ငါ ဒီခွေးမသားကို အရေခွံခွါပစ်မယ်....သူကို အစောကြီးမသေသွားစေနဲ့"

အင်ပါယာမင်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။

ကျိုးဟန်က ယခုလက်ရှိအခြေအနေနှင့်ကြုံတွေ့ရချိန်တွင် သူက ထွက်ပြေးရန်ကြိုးစားလိုက်သည်။

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် ချက်ချင်းပင် အပြေးထွက်သွားသော ကျိုးဟန်၏နောက်ကျောပြင်အား ကန်လိုက်လေ၏။

ကျိုးဟန်ထံမှ ခရက်ဟူသောအက်ကွဲသံများနှင့်အတူ စူးရှရှအော်ဟစ်ပြီးနောက် သူက မြေပြင်ပေါ်သို့အပြင်းအထန်လွင့်စင်ကျသွားတော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲနေသကဲ့သို့ သိမ့်သိမ့်တုန်နေပြီး မည်သည့်လှုပ်ရှားမှုမျိုးမျှပြုလုပ်နိုင်ခြင်းမရှိတော့ချေ။

Chapter 478

ကျိုးဟန်လဲကျသွားခြင်းကိုမြင်သည်နှင့် အင်ပါယာမင်း၏စစ်သားများက သူ၏ခန္ဓာကိုယ်အား မြေပြင်ပေါ်တွင်ဖိပြီးဖမ်းချုပ်လိုက်ကြ၏။

"ငါ မသေချင်သေးဘူး...ငါ မသေချင်သေးဘူး...ငါက ကျိုးမိသားစုရဲ့အရှင်သခင်...ဘယ်သူ ငါကိုကယ်တင်မလဲ...ငါက အဲ့ဒီလူကို ငွေကြေးတွေနဲ့မိန်းမအများကြီးပေးမယ်"

ကျိုးဟန်သည် သွေးရူးသွေးတန်းနှင့် စတင်အော်ဟစ်နေပေ၏။

အကယ်၍ အတိတ်တွင်သာ ဤကဲ့သို့သွေးဆောင်ခံရပါက တစ်စုံတစ်ယောက်က နားဝင်သွားမည်မှာသေချာပေသည်။

စစ်သားတစ်ယောက်က သူ၏ဓားရှည်ကိုမြှောက်၍ ကျိုးဟန်၏နောက်စေ့အား ဓားရိုးဖြင့်ထုနှက်လိုက်သည်။

ဘန်း....

ကျိုးဟန်၏နောက်စေ့ အက်ကွဲသွားပြီး သွေးများယိုစီးကျလာလေ၏။

"သောက် အဓိပ္ပါယ်မရှိတဲ့စကားတွေ....ကျိုး မိသားစုက ပျက်စီးသွားပြီ...အရင်ကအခြေအနေမျိုးလို့ မင်းကထင်နေတာလား"

စစ်သားက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။

ယခုလက်ရှိချိန်တွင် ကျိုးဟန်အား သူတို့အားလုံးက သတ်ချင်နေပေသည်။

ဤတစ်ကြိမ်တွင်မူ ကျိုးဟန်သည် သံပြားကြီးတစ်ခုနှင့်ဝင်ဆောင့်မိပြီး သူ၏ကျင့်ကြံဆင့် ဆုံးရှုံးသွားခဲ့ရသည်။ တစ်ခြားသူများသည် ရေနစ်နေသောခွေးတစ်ကောင်အား ရိုက်နှက်ရန်အခွင့်ကောင်းကို လွဲချော်ခံကြမည်မဟုတ်ချေ။

"အရှင်မင်းကြီးက ကျိုးဟန်ကို ခေါင်းဖြတ်ကွပ်မျက်မယ်လို့အမိန့်ပေးထားတယ်...သူ အပြစ်ပေးမခံရသေးခင် သေအောင်တော့မရိုက်ကြနဲ့"

စစ်သားများ၏ခေါင်းဆောင်က ခွေးသေတစ်ကောင်ကဲ့သို့ဖြစ်နေသောကျိုးဟန်ကို တစ်ချက်သာကြည့်ပြီး တီးတိုးပြောဆိုလိုက်သည်။

အဆုံးသတ်၌ ကျိုးဟန်သည် သူတို့၏လူများအား သတ်ဖြတ်ခဲ့သူဖြစ်ပေ၏။

အင်ပါယာစစ်သားများ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ကျိုးဟန်အား မသေစေသရွေ့ သူတို့စိတ်ကြိုက်လက်စားချေနိုင်ပေသည်။

"ညီအကိုတို့...သူကို ရိုက်ကြရအောင်"

"ငါတို့ ကျိုးမိသားစုရဲ့အနိုင်ကျင့်တာကိုခံရတာ အချိန်တော်တော်ကြာခဲ့ပြီ....ဒီ ခွေးမသားက ခလေးတွေအများကြီးကိုလည်းသတ်ခဲ့တယ်....ငါ သူကိုအလွတ်မပေးဘူး"

လူတစ်အုပ်စုလုံးက ကျိုးဟန်အား ဝိုင်းဝန်း၍ထိုးနှက်ကန်ကျောက်နေကြ၏။ သူတို့အားလုံးသည် အင်ပါယာစစ်သားများဖြစ်သည့်အပြင် ကျင့်ကြံသူများလည်းဖြစ်သည်။ သူတို့၏ရိုက်ပုတ်မှုများ ပြင်းထန်သည်မှာ သဘာဝအတိုင်းပင်။

အချိန်အနည်းငယ်အတွင်းမှာပင် ကျိုးဟန်၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရါဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သေလုမျောပါးဖြစ်နေလေပြီ။

သို့ရာတွင် ယခုလက်ရှိကျိုးဟန်သည် အစွမ်းအစမရှိသောပုရွတ်ဆိတ်တစ်ကောင်သာဖြစ်နေသဖြင့် မည်သူကမျှ သူ့အား အရေးစိုက်ခြင်းမရှိကြချေ။

****

လုယွီက ကျိုးဟန်အား လျစ်လျူရှုပြီး စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့သည်။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်...ဒါက ငါကို မင်းကယ်တင်ခဲ့တဲ့ ဒုတိယအကြိမ်ပဲ...ငါ မင်းကိုဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ ငါတကယ်ကိုမသိတော့ဘူး"

အင်ပါယာမင်းက လုယွီအား ကျေးဇူးတင်စကား ပြောဆိုနေခဲ့သည်။

သူ၏အဆိပ်ဒဏ်သည် ယခုလက်ရှိအချိန်ထိတိုင် ဝေဒနာများကျန်ရှိနေဆဲဖြစ်သည်။ အကယ်၍ သူ စိတ်ဆန္ဒရှိနေသည့်တိုင် ရှေးဦးအဆိပ်ပြင်းပိုးမွှားများ၏အကျိုးသက်ရောက်မှုကြောင့် သူ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ရန် ခက်ခဲပေသည်။ သူ၏နယ်မြေဖြစ်သော လုံချွမ်တိုင်းပြည်ကို ကျိုးမိသားစုက ထိပါးခဲ့၍သာ သူ မဖြစ်မနေလှုပ်ရှားခဲ့ခြင်းပင်။

လုယွီက တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်၏။

"ဒါက အဆင်ပြေပါတယ်...ကျုပ် လူအရင်ကယ်လိုက်အုံးမယ်...ပထမတစ်ခုအတွက်ကတော့ ခင်ဗျားက ညီမျှတဲ့တန်ကြေးပေးထားတာ....တစ်ခြားတစ်ခုကတော့ သူ ကျုပ်ကို ရန်မစသင့်ဘူး....သူက ကျုပ်ရဲ့တပည့်တွေကိုဖမ်းဆီးဝံ့တယ်"

အင်ပါယာမင်းက စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်းရှိ သွေးပျက်ဖွယ်မြင်ကွင်းကို အမှတ်ရသွားချိန်တွင် သူက သက်ပြင်းရှိုက်လိုက်သည်။

"ဟူး....တာအိုမိတ်ဆွေလေး...မင်းရဲ့တပည့်တွေက ကျိုးဟန်ရဲ့အဆိပ်မိသွားမယ်လို့ ငါ ထင်မထားခဲ့ဘူး....မင်း အရမ်းစိတ်မကောင်းဖြစ်မနေပါနဲ့"

လုယွီက ခေါင်းယမ်းပြပြီး အပြုံးနှင့်ပြောဆိုလေ၏။

"သူတို့က အဆင်ပြေပါတယ်...သူတို့ လွတ်မြောက်နေတုန်းပဲ"

"ဘယ်လို...."

အင်ပါယာမင်းသည် အနည်းငယ်ကြက်သေသေသွား၏။

သို့သော် အချိန်တခဏကြာပြီးနောက် သူက စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်း၌ လှုပ်ရှားနေသောလူရိပ်နှစ်ရိပ်အား တွေ့မြင်မိသည်။

စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်း၌ ဧရာမရုပ်ထုကြီးတစ်ခုရှိပေသည်။ ထိုရုပ်ထုကြီး၏အပေါ်မှ လူရိပ်သေးသေးလေးနှစ်ရိပ်က ဆင်းသက်လာခြင်းဖြစ်သည်။

"ဆရာသခင်....နောက်ဆုံးတော့ ဒီနေရာကို ရောက်လာပြီပေါ့"

ပုရီဖန်းက အပြုံးဖြင့် ပြောဆိုလိုက်၏။

ပုချောင်းချောင်းက သူမ၏မောင်ငယ်လေး၏နောက်၌ရှိနေပြီး သူမ၏မျက်နှာအမူအယာက တည်ငြိမ်အေးဆေးနေပေသည်။

စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမအတွင်းရှိ သူတို့နှစ်ယောက်၏ရှေ့မှ အလောင်းများကို မြင်နေရသော်လည်း သူတို့က ထိတ်လန့်ကြောက်ရွံနေပုံမရချေ။

အင်ပါယာမင်းက အံအားသင့်စွာဖြင့် ပြောဆိုလိုက်သည်။

"တာအိုမိတ်ဆွေလေး....မင်းရဲ့တပည့်တွေက ကျိုးဟန်ရဲ့နတ်ဘုရားစိတ်အာရုံအောက်ကနေတောင် လွတ်မြောက်နိုင်တယ်နော်"

သတိပြုရမည်မှာ ကျိုးဟန်သည် တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ၏နတ်ဘုရားစိတ်အာရုံအောက်တွင် သန်မာသောလူတစ်ချို့ပင် လွတ်မြောက်ရန်ခက်ခဲမည်ဖြစ်ပေရာ မည်သည့်နည်းဖြင့် ဤကလေးနှစ်ယောက်က လွတ်မြောက်နိုင်ခဲ့သနည်း။

"သူတို့က သာမာန်ကလေးတွေမဟုတ်ဘူး"

လုယွီက ပုမောင်နှမနှစ်ယောက်၏ခေါင်းများကို ပုတ်ရင်းမှ ပြောဆိုလိုက်သည်။

လုယွီကဲ့သို့လူစားမျိုးသည် သာမာန်ကလေးတစ်ယောက်ကသာ တပည့်အဖြစ်လက်ခံရန်အကြိမ်ကြိမ်တောင်းဆိုလျှင်ပင် လက်ခံမည်မဟုတ်ပေ။

သူက လူကောင်းတစ်ယောက်မဟုတ်ချေ။ ထိုကလေးများ၏ကောင်းမွန်သောအရည်အချင်းများကြောင့်သာမဟုတ်ပါက သူအနေဖြင့် ရတနာတစ်ချို့ပေးခဲ့မည်မှာ အလွန်ဆုံးတုံပြန်ကူညီမှုပင်။

သို့ရာတွင် ပုမောင်နှမသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခြင်းကို ရရှိထားသူများဖြစ်သည်။ ဤလောက၏ဥပဒေသများသည် ပုမောက်နှမ၏အရိပ်အယောင်ကိုပင် ရှာဖွေနိုင်စွမ်းရှိမည်မဟုတ်ချေ။

အနာဂတ်တွင် သူတို့၏ကျင့်ကြံဆင့်သည် တာအိုဒုတိယဆင့်အထွက်အထိပ်သို့ရောက်ရှိသွားပါက ပို၍မြင့်မားသောကျင့်ကြံဆင့်သို့ချိုးဖျက်ချိန်တွင်ပင် ကောင်းကင်ဘုံမိုးကြိုးက သူတို့ထံသို့ကျရောက်လာမည်မဟုတ်ပေ။

Chapter 479

"ဆရာသခင်"

ပုမောင်နှမနှစ်ယောက်က လုယွီ၏နောက်တွင် ရိုသေလေးစားစွာဖြင့် မတ်တတ်ရပ်လိုက်ကြ၏။

ထိုကလေးနှစ်ယောက်သည် အတိတ်တုန်းက ဤကဲ့သို့သွေးထွက်သံယိုဖြစ်ရပ်မျိုး အတွေ့အကြုံရှိဟန် ပေါ်လွင်နေသည်။ ထိုသို့မဟုတ်ပါက ယခုကဲ့သို့သွေးပျက်ဖွယ်မြင်ကွင်းအား မြင်ရချိန်တွင် သူတို့၏မျက်နှာအမူအယာများသည် သာမာန်အတိုင်းအေးဆေးတည်ငြိမ်နေမည်မဟုတ်ချေ။

သို့ရာတွင် လုယွီက သူတို့မောင်နှမနှစ်ယောက်၏အတိတ်အားတူးဆွရန် အစီအစဥ်မရှိပေ။

လူတိုင်း၌ သူတို့၏ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိပေသည်။

"စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမ....ငါ ဒီနေရာကိုထပ်ပြီးအသုံးပြုလို့ ရပါတော့မလား....ဒီနေရာမှာ အငြှိုးတွေ မုန်းတီးမှုတွေဖုံးလွှမ်းနေပြီး စမ်းရေငလည်း အဆိပ်တွေအပြည့်ရှိနေတယ်...မင်း အသုံးပြုလို့မရတော့တဲ့အတွက်လည်း ငါတောင်းပန်ပါတယ်...အရင်ဦးဆုံး ငါတို့ စိတ်ဝိညာဥ်စမ်းရေအိုင်ခန်းမကို ဆယ်နှစ်ပိတ်ထားရမယ်....နှစ်တိုင်းမှာ ဗုဒ္ဓဘုန်းတော်ကြီးတွေကိုပင့်ဆောင်ပြီး ဂါထာမန္တာန်တွေရေရွတ်မှ ဒီနေရာက အငြိုးကြီးမားတဲ့ဝိညာဥ်တွေကို ဖြေရှင်းနိုင်မယ်"

အင်ပါယာမင်း၏မျက်လုံးများ မှေးမှိန်သွားလေသည်။

"ဒါက ငါတို့လုံချွမ်တိုင်းပြည်ရဲ့ ထိပ်တန်းစိတ်ဝိညာဥ်စမ်းရေအိုင်....အခု စိတ်ဝိညာဥ်စမ်းရေတွေက ညစ်ညမ်းသွားမှတော့ လုံချွမ်တိုင်းပြည်ရဲ့အနာဂတ်က ကြမ်းတမ်းတော့မယ်"

လုယွီက အင်ပါယာမင်းအား တဲ့တိုးပင် ပြောဆိုလေသည်။

"အမှန်က ခင်ဗျားစိတ်ဝိညာဥ်စမ်းရေအိုင်ကို ပိတ်လိုက်တာက....လုံချွမ်တိုင်းပြည်အတွက် ကောင်းတဲ့ကိစ္စပဲ"

အင်ပါယာမင်းက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

"ဘာလို့လဲ"

"လုံချွမ်လို ကျက်တီးနယ်မြေမျိုးမှာ ဘာလို့ဒီလိုမျိုး အံအားသင့်ဖွယ်ကောင်းတဲ့စိတ်ဝိညာဥ်စမ်းရေအိုင်မျိုးရှိနေတာလဲဆိုတာ ခင်ဗျားတွေးမိရဲ့လား"

လုယွီက မြေပြင်ပေါ်၌ ခြေဆောင့်နင်းလိုက်၏။ ထိုခြေဆောင့်နင်းချက်၏ အောက်ခြေမြေကြီး၌ လေပြင်းမုန်တိုင်းတစ်ခု ဖွဲ့စည်းဖြစ်တည်လာပြီး ပတ်ဝန်းကျင်နေရာအနှံ့သို့ ပျံနှံ့သွားလေသည်။

ရုတ်တရက် မြေပြင်က နက်ရှိုင်းစွာကျွံကျသွားပြီး လုယွီအားဗဟိုပြု၍ မြောက်များစွာသောကျောက်စကျောက်နများနှင့်ဖုန်မှုန့်များ ထောင်းထောင်းထနေပေ၏။

ဝီ....ဝီ....

ဤနေရာအနီးတစ်ဝိုက်၌ရှိနေသော အင်ပါယာမင်းနှင့်စစ်သားများသည် အလျင်စလိုဖြင့် အဝေးသို့တိမ်းရှောင်လိုက်ကြသည်။ လုယွီက လေထုအတွင်း၌ မတ်တတ်ရပ်နေပြီး ရုတ်တရက်ထွက်ပေါ်လာသော နက်ရှိုင်းသည့်ကျင်းကြီးအား ကြည့်နေလေ၏။

ရုတ်ချည်းဆိုသလိုပင် လေပြင်းမုန်တိုင်းတစ်ခုက အဆုံးမမြင်ရသည့် နက်ရှိုင်းသောကျင်းအောက်ခြေမှ စတင်တိုက်ခတ်လာခဲ့သည်။

ထို့နောက် နဂါးဟိန်းသံတစ်သံက မြည်ဟိန်းလာပေ၏။

"အဲဒါက ဘာလဲ"

အင်ပါယာမင်းက အံ့အားတသင့်ရေရွတ်လိုက်သည်။

"တိုင်းပြည်ရဲ့ကံကြမ္မာကို ဖိနှိပ်ထားတဲ့...နဂါးသွေးကြော"

လုယွီက အင်ပါယာမင်းအား ရှင်းပြလေ၏။

အင်ပါယာမင်းက အောက်သို့ငုံကြည့်လိုက်ရာတွင် သူ၏အကြည့်က ကျင်းနက်ကြီး၏အောက်ခြေသို့ကျရောက်သွားပြီး အနက်ရောင်နဂါးတစ်ကောင်ကို သူ တွေ့မြင်မိသည်။

သို့ရာတွင် အနက်ရောင်နဂါးသည် အနည်းငယ်အားနည်းနေပုံရပြီး သူ၏လှုပ်ရှားသွားလာနေမှုသည် နှေးကွေးပြီးအားပျော့နေပေ၏။

"ဒါက ဘာလဲ"

အင်ပါယာမင်းက ထိတ်လန့်တကြားမေးမြန်းလိုက်၏။

သူ အဆိပ်မိပြီး မိန်းမောမနေစဥ်က နဂါးသွေကြောတည်ရှိသည်ကို ကြားသိခဲ့ဘူးသည်။ သို့ရာတွင် ဤနဂါးသွေးကြောသည် မည်သည်ကြောင့် ယခုမျှထိ အားနည်းနေရသနည်း။

လုယွီက အင်ပါယာမင်းအား ရှင်းပြလေသည်။

"ဒီလေါကမှာ အလကားစားရတဲ့ နေ့လယ်စာမရှိဘူး...ခင်ဗျားတို့လုံချွမ်တိုင်းပြည်မှာ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေအိုင်ရှိပေမယ့်...အဲ့ဒီစိတ်ဝိညာဥ်စမ်းရေတွေက နဂါးသွေးကြောရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေဆိုတာ ခင်ဗျားတို့က မသိကြဘူး"

"စိတ်ဝိညာဥ်စမ်းရေအိုင် မွေးဖွားလာတာကိုပဲခင်ဗျားတို့ကမြင်ပြီး....စိတ်ဝိညာဥ်စမ်းရေတွေကို အဆီးအတားမရှိအသုံးပြုခဲ့ကြတယ်...ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေတွေက နဂါးသွေးကြောရဲ့စွမ်းအားတော်တော်များများကို လောင်ကျွမ်းစေခဲ့တယ်...အခုလက်ရှိချိန်မှာ နဂါးသွေးကြောက ခြောက်သွေ့နေမှာကို ကျုပ် စိုးရိမ်မိတယ်"

လုယွီက ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။

"တစ်ကယ်လို့ ခင်ဗျားက လုံချွမ်တိုင်းပြည်ရဲ့ကံကြမ္မာကို မြင့်မားစေချင်တယ်ဆိုရင်....စိတ်ဝိညာဥ်စမ်းရေအိုင်ကိုဆယ်နှစ်ပိတ်ထားတာက အကြံကောင်းတစ်ခုပဲ...ဆယ်နှစ်နောက်ပိုင်းမှာတောင် စိတ်ဝိညာဥ်စမ်းရေအိုင်ကို မလိုအပ်ဘဲမဖွင့်သင့်ဘူး"

အင်ပါယာမင်းက ရှက်ရွံစွာဖြင့် ပြောဆိုလေ၏။

"ငါက လုံချွမ်တိုင်းပြည်ရဲ့အုပ်ချုပ်သူဖြစ်တာတောင် ဒီအကြောင်းတွေကို မသိခဲ့ဘူး....ငါ တကယ်အရှက်ရမိပါတယ်"

အင်ပါယာမင်းက ထပ်မံတွေးတောနေပေ၏။

"အခု ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စမ်းရေအိုင်က အသုံးပြုလို့မရတော့ဘူး...ငါက တာအိုမိတ်ဆွေလေးရဲ့ကြင်နာမှုကို ပြန်မပေးဆပ်နိုင်မှာကို စိုးရိမ်မိတယ်"

အင်ပါယာမင်းက သူ၏စစ်သားတစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။

"လာကြစမ်း...ငါ့ပိုင်နက်နယ်မြေရဲ့မြေပုံ ယူလာခဲ့ကြ"

အချိန်တခဏအကြာမှာပင် စစ်သားများက ကြီးမားသောစာရွက်လိပ်ကြီးတစ်လိပ်ကို ဖြန့်လိုက်ကြသည်။

လုံချွမ်တိုင်းပြည်သည် သာမာန်သေမျိုးတိုင်းပြည်မျိုးမဟုတ်ချေ။ အင်ပါယာမင်းမှအစ စစ်သားများအထိ ကျင့်ကြံသူများဖြစ်သည်။

ထို့ကြောင့် လုံချွမ်တိုင်းပြည်၏ပိုင်နက်နယ်မြေသည် အလွန်ကျယ်ဝန်းပေ၏။

လုံချွမ်တိုင်းပြည်၏ပိုင်နက်အတွင်း၌ အင်မော်တယ်ဂိတ်တံခါးတစ်ချို့နှင့်သေမျိုးတိုင်းပြည်တစ်ချို့ပင် ပါဝင်နေပေသည်။

အင်ပါယာမင်းက ​မြေပုံပေါ်၌ အမှတ်အသားတစ်ခု ပြုလုပ်လိုက်သည်။

"ဒီနေ့ကစပြီး လုံချွမ်တိုင်းပြည်တစ်ပြည်လုံးရဲ့...တောင်ပိုင်းပိုင်နက်က တာအိုမိတ်ဆွေလေးရဲ့အပိုင်ဖြစ်သွားပြီ....တာအိုမိတ်ဆွေလေးက လုံချွမ်တိုင်းပြည်ကို သေရေးရှင်ရေးအခြေအနေကနေ ထပ်ခါထပ်ခါကယ်တင်ခဲ့တယ်....ဒီနေ့ကစပြီး တာအိုမိတ်ဆွေလေးက အင်ပါယာမင်းနဲ့အဆင့်အတန်းတူတဲ့ လုံချွမ်တောင်ပိုင်းပိုင်နက်နယ်မြေရဲ့ ချူဘုရင်ဖြစ်သွားပြီ"

အင်ပါယာမင်းက တည်ကြည်လေးနက်စွာဖြင့် ပြောဆိုနေလေ၏။

Chapter 480

"ကျုပ် တောင်းပန်ပါတယ်...ကျုပ်က ဒီနေရာမှာ ကြာကြာနေနိုင်မှာမဟုတ်ဘူး"

လုယွီက အင်ပါယာမင်းအား ငြင်းဆိုလိုက်၏။

လုယွီ၏အစီအစဥ်သည် လုမိသားစုထံသို့ သွားရန်ဖြစ်သည်။ သူက လုံချွမ်တိုင်းပြည်၌ အချိန်ကြာမြင့်စွာ နေထိုင်နိုင်မည်မဟုတ်ပေ။

အင်ပါယာမင်းက ခါးသက်သက်အပြုံးဖြင့် ပြောဆိုလိုက်၏။

"တစ်ကယ်တော့ မင်းမနေနိုင်ဘူးဆိုတာ ငါသိပါတယ်...မင်းက နာမည်ခံရုံသက်သက်ပါပဲ...မင်း ထိခိုက်ဒဏ်ရါရထားတာရှိနေမှတော့ လုံချွမ်တိုင်းပြည်မှာ အချိန်အတိုင်းအတာတစ်ခုထိ အနားယူနေတာ ပိုကောင်းလိမ့်မယ်...မင်းရဲ့ကျင့်ကြံဆင့်ပြန်လည်ကောင်းမွန်လာမှ...ဒီနေရာကနေထွက်သွားပေါ့"

လုယွီက စတင်၍တွေးတောနေပေ၏။ သမားတော်ဖန်ရှန်း၏အိမ်တော်၌တွေ့ခဲ့သော လုဖန်း၏စကားများအရ လုမိသားစု၏မျိုးဆက်သစ်များသည် သူ မျှော်လင့်ထားသည်ထက် ဆိုးရွားသောအခြေအနေသို့ရောက်ရှိနေကြောင်း သိရှိခဲ့ရသည်။

မိသားစုခွဲမှလာသော တာအိုပထမဆင့်ကျင့်ကြံမှုသာပိုင်ဆိုင်ထားသည့် သာမာန်တပည့်တစ်ယောက်ကပင် သူကဲ့သို့တိုက်ရိုက်မျိုးဆက်တစ်ယောက်အား မောက်မောက်မာမာဖြင့် ဆက်ဆံဝံ့ခဲ့သည်။

ဤှသည်က မည်သည့်မိသားစုကြီးတွင်မဆို ဖြစ်သင့်သောကိစ္စမဟုတ်ချေ။

ထို့ကြောင့် လုယွီက စွမ်းအားပိုမိုကောင်းမွန်နေရန် လိုအပ်နေဆဲပင်။

သူ၏မူလအစီအစဥ်မှာ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်စမ်းရေ၏စွမ်းအားကို အသုံးပြု၍ ကောင်းကင်ဘုံအင်ပါယာ၏အကြွင်းအကျန်စိတ်ဝိညာဥ်အပိုင်းအစကို သန့်စင်ရန်ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ ထိုနည်းလမ်းသည် အလုပ်မဖြစ်နိုင်တော့ချေ။

"ကောင်းပြီလေ....ကျုပ် သဘောတူတယ်"

လုယွီက အင်ပါယာမင်းအား မေးမြန်းလိုက်သည်။

"လုံချွမ်တိုင်းပြည်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေစုဝေးနေတဲ့ နေရာတစ်နေရာလောက်မရှိဘူးလား"

အင်ပါယာမင်းက ခေါင်းညိမ့်ပြလေ၏။

"ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စမ်းရေအိုင်အပြင် အင်ပါယာမြို့တော်မှာ တားမြစ်နယ်မြေတစ်ခုရှိတယ်"

"အဲ့ဒီနေရာရဲ့အတွင်းဘက်ကို အင်ပါယာမင်းပဲခြေချခွင့်ရှိပြီးတော့ မင်းသားတွေတောင်ဝင်ရောက်ခွင့်မရှိဘူး...ဒါပေမယ့် မင်းက လုံချွမ်တိုင်းပြည်ကိုကယ်တင်ခဲ့တဲ့ ငါရဲ့ကျေးဇူးရှင်ပဲ...ငါက ဘာကိုမှပြန်ပေးဆပ်စရာမရှိတော့ အဲ့ဒီကိစ္စနဲ့ပဲ ပေးဆပ်နိုင်တော့မယ်"

လုယွီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"အဲ့ဒီတားမြစ်နယ်မြေနဲ့ပတ်သတ်လို့ ထူးခြားတာများရှိနေလို့လား"

အင်ပါယာမင်းက မိုးကောင်းကင်အား လက်ညှိုးညွှန်လိုက်လေ၏။

"တားမြစ်နယ်မြေထဲမှာ ကောင်းကင်ဘုံနယ်မြေက ချိတ်ပိတ်ထားတဲ့ ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ကောင်ရှိတယ်"

"အဲ့ဒီအချိန်တုန်းက...ကောင်းကင်ဘုံကအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရောက်လာပြီး နတ်ဆိုးကိုချိတ်ပိတ်အကျဥ်းချထားခဲ့တယ်...နတ်ဆိုးရဲ့အနီးပတ်လည်ကို အတားအဆီးတွေပြုလုပ်ထားပြီးတော့ ငါတို့ယဲ့မိသားစုရဲ့မျိုးဆက်တိုင်း စောင့်ကြပ်ရမယ်လို့ အမိန့်ပေးခဲ့တယ်"

"နှစ်တိုင်းလိုလို အဲ့ဒီနတ်ဆိုးက ချိတ်စည်းကိုချိုးဖျက်ဖို့ ကြိုးစားတယ်...အဲ့ဒီအချိန်ကျရင် အတားအဆီးနေရာမှာ စိတ်ဝိညာဥ်စွမ်းအင်တွေပြည့်လာခဲ့တယ်...ဒါပေမယ့် အဲ့ဒီစိတ်ဝိညာဥ်စွမ်းအင်တွေမှာ နတ်ဆိုးချီတွေရောယှက်ပါဝင်နေတယ်...တကယ်လို့ မင်းက အဲ့ဒီတားမြစ်နယ်မြေထဲမှာကျင့်ကြံချင်တယ်ဆိုရင်...ငါတို့တော်ဝင်မိသားစုက နတ်ဆိုးချီတွေကိုဖယ်ရှားပေးနိုင်တဲ့ စိတ်ဝိညာဥ်သန့်စင်ဆေးလုံးတွေ ထောက်ပံပေးမယ်"

ကောင်းကင်ဘုံမှ နတ်ဆိုးတစ်ကောင်ဟု ဆိုလိုက်သလော...။ လုယွီ၏မျက်လုံးများအတွင်း၌ သိချင်စိတ်ပြင်းပြသောအရိပ်အယောင်များ တောက်ပလာခဲ့သည်။

လုယွီက တားမြစ်နယ်မြေ၏အခြေအနေကို အကြမ်းဖျင်းမှန်းဆနိုင်ပြီဖြစ်၍ ပြောဆိုလိုက်သည်။

"ကောင်းပြီလေ...ကျုပ်ရဲ့ဒဏ်ရါကိုကုသဖို့ စိတ်ဝိညညဥ်စွမ်းအင်တွေ အလုံအလောတ်ရရှိဖို့လိုအပ်တယ်....စိတ်ဝိညာဥ်သန့်စင်ဆေးလုံးကတော့ ကျုပ်အတွက်မလိုအပ်ဘူး...အဲ့ဒီနတ်ဆိုးချီတွေက ကျုပ်အပေါ်အကျိုးသက်ရောက်မှုမရှိနိုင်ဘူး"

လုယွီက ကွန်ဖြူးရှပ်တာအိုဥပဒေသအပြင် ကောင်းကင်ဘုံအင်ပါယာ၏ဥပဒေသတချို့ကိုလည်း သိနားလည်ပြီးဖြစ်သည်။ သူ၏ကျန်းချီများသည် ကျယ်ပြန့်နက်ရှိုင်းလှပြီး မည်သည့်နတ်ဆိုးချီကမျှ သူ့အားထိခိုက်အောင်မလုပ်နိုင်ပေ။

အင်ပါယာမင်းက ရုတ်တရက် သူ့နဖူးအား သူပြန်ပုတ်လိုက်၏။

"စကားပြောတာကြာသွားပြီ...မင်းရဲ့နာမည် ငါ့ကိုပြောပြနိုင်မလား"

"လုယှီ"

အင်ပါယာမင်း၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားပေ၏။

"မင်းက လုမိသားစုဝင်လား"

လုယွီက ပြောလိုက်သည်။

"အလယ်ပိုင်းကုန်းမြေမှာ တခြားကျော်ကြားတဲ့လုမိသားစုမရှိဘူးဆိုရင်တော့...ကျုပ်က အဲ့ဒီမိသားစုကပဲ"

"အံ့အားသင့်စရာမရှိတော့ဘူး....မင်းရဲ့အသက်ကအိုမင်းနေပြီး ရုပ်သွင်ပြောင်းလဲတဲ့နည်းစနစ်တစ်ခုကိုလေ့ကျင့်ထားတယ်လို့ ငါက ထင်နေခဲ့တာ...ဒါပေမယ့် ငါ မင်းကိုအနီးကပ်ကြည့်တော့လည်း ရုပ်ပြောင်းရုပ်လွှဲလုပ်ထားတာလို့ ခံစားမရခဲ့ဘူး"

"ဒီလိုအသက်ငယ်ငယ်လေးနဲ့ တာအိုဒုတိယဆင့်ကျင့်ကြံသူကို မင်းက အလွယ်တကူအနိုင်ယူနိုင်ခဲ့တယ်...ကြည့်ရတာတော့ ကောင်းကင်ဘုံချီးမြှောက်ခံသင်ပုန်းမှာ ဒုတိယနေရာရထားတဲ့ လုထျန်းရီအပြင် တခြားသတင်းတွေ ငါကြားရတော့မယ်ထင်တယ်"

အင်ပါယာမင်းက သူ၏လက်သီးနှစ်ဖက်ကိုဆုပ်ပြီးအရိုအသေပေးကာ ပြောဆိုလိုက်သည်။

"ငါ ရိုင်းပျခဲ့မိတယ်...မင်းက လုမိသားစုဝင်ဖြစ်မယ်လို့ ငါထင်မထားမိဘူး"

လုယွီက ပြောဆိုလေသည်။

"ကျုပ်က လုမိသားစုကဖြစ်ပေမယ့်....ကွဲကွာနေတာ အချိန်အတော်ကြာမြင့်နေပြီ....အခုမှ မွေးရပ်မြေကိုပြန်ကြည့်ဖို့ ကျုပ် ထွက်လာခဲ့တာ"

"ငါ သိပြီ...မင်းရဲ့ဒဏ်ရါကိုကုသဖို့ လုမိသားစုစီပြန်မသွားတာ အံသြစရာမရှိတော့ဘူး"

အင်ပါယာမင်းက ချက်ချင်းပင် သိနားလည်သွားပေ၏။

"ဒီနေ့ ကိစ္စတွေအများကြီး ကြုံတွေ့ခဲ့ရတယ်...ကျေးဇူးပြုပြီး ဒီနေ့တော့ မင်း အေးအေးဆေးဆေးအနားယူလိုက်အုံး...မနက်ဖြန်ကျရင် ငါ မင်းကို တားမြစ်နယ်မြေစီခေါ်ဆောင်သွားမယ်"

လုယွီက ခေါင်းညိတ်ပြလေ၏။

"ကောင်းပြီလေ"

သို့ရာတွင် လုယွီက နေရာမှထွက်ခွါသွားခြင်း မရှိသေးချေ။ သူက အင်ပါယာမင်း၏နောက်ဘက်ရှိ ကျန်းကျီးဟုန်ကို လက်ညှိုးထိုးပြီး တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ကိစ္စတစ်ခုကျန်သေးတယ်....မင်း ငါကို အကြွေးဆပ်သင့်တယ်မဟုတ်ဘူးလား"

All Chapters