အခန်း (၄၈၁-၄၈၅)
Vol. 26-30 Ch. 481-485
Chapter 481
ကျန်းကျီးဟုန်သည် အင်ပါယာမင်း၏နောက်၌ ပုန်းကွယ်နေခဲ့သည်။
လုယွီက သူ့အားလက်ညှိုးညွှန်၍ပြောခြင်းကိုကြားချိန်တွင် ကျန်းကျီးဟုန်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွား၏။
အင်ပါယာမင်းသည် ဥာဏ်ကောင်းသူဖြစ်၍ တစုံတရာမှားယွင်းနေကြောင်းကို ချက်ချင်းပင်သိနားလည်သွားခဲ့သည်။ သူ၏ကျားမျက်လုံးကဲ့သို့ စူးစူးရဲရဲအကြည့်က ကျန်းကျီးဟုန်ထံသို့ ကျရောက်သွားပေ၏။
ကျန်းကျီးဟုန် တဆတ်ဆတ်တုန်ရီနေပြီး မြေပြင်ပေါ်၌ဒူးထောက်နေပေသည်။
"အရှင်မင်းကြီး...ကျွန်တော်က အရှင်က ကယ်တင်ဖို့ကြိုးစားခဲ့တာပါ"
"ဘာကိစ္စ ဖြစ်ခဲ့တာလဲ"
အင်ပါယာမင်း၏လေသံသည် မိုးခြိမ်းသံတမျှကျယ်လောင်နေသည်။
ကျန်းကျီးဟုန်က အလွန်အမင်းထိတ်လန့်တုန်လှုပ်နေပေ၏။
သူက လုယွီကို မျက်လုံးစွေပြီးတစ်ချက်ကြည့်လိုက်သော်လည်း ထိုထက်ပို၍မကြည့်ဝံ့ချေ။ လုယွီက အလွန်အစွမ်းထက်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ကျိုးဟန်သည် လုံချွမ်တိုင်းပြည်တစ်ပြည်လုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် တာအိုဒုတိယဆင့်ကျင့်ကြံသူဖြစ်သော အင်ပါယာမင်းကိုပင် အသက်မရှုနိုင်လောက်သည်အထိ ဖိနှိပ်ထားနိုင်သူလည်းဖြစ်သည်။
သို့ရာတွင် ထိုကဲ့သို့တည်ရှိမှုကြီးပင် လုယွီအား ခုခံတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ချေ။
အိမ်ရှေ့စံမင်းသား ကျန်းကျီးဟုန်က နောက်ဆုံးတွင် သူ၏အမှားကိုသူ သိနားလည်သွားပေ၏။
အစောပိုင်း သူ နယ်စပ်တွင်ရှိနေစဥ်တွင် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကို သူ ထွင်းဖောတ်မမြင်နိုင်ခဲ့သဖြင့် သာမာန်သေမျိုးတစ်ယောက်ဟုသာ ထင်မှတ်ခဲ့သည်။
သို့သော် ယခုလက်ရှိ သူပြန်တွေးတောချိန်တွင် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်မြင့်မားနေသဖြင့် သူ၏စွမ်းအားဖြင့်ထွင်းဖောတ်မမြင်နိုင်ခဲ့ခြင်းမှာ သိသာရှင်းလင်းနေလေ၏။
"တစ်ကယ်လို့ ငါကသာ ပထမဆုံးအကြိမ်တွေ့ကတည်းက မိတ်ဆွေဖွဲ့ခဲ့မယ်ဆိုရင်...ဒီလိုအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နဲ့ ငါ ရင်းနှီးသိကျွမ်းနေလောတ်ပြီ"
ကျန်းကျီးဟုန်၏စိတ်နှလုံးသားများသည် နောင်တများဖြင့် ပြည့်နေခဲ့သည်။
အင်ပါယာမင်း၏ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါအောက်တွင် ကျန်းကျီးဟုန်က ဖြစ်စဥ်အားလုံးကို ပြောပြရန်သာတက်နိုင်တော့သည်။
လုယွီက နံဘေးဘက်၌ မတ်တတ်ရပ်နေဆဲပင်။ သူက ပြဿနာပိုကြီးရန် လောင်စာထည့်သည့်ကိစ္စမျိုးမလုပ်ချေ။
"အမြင်ကျဥ်းတဲ့ကောင်...ငါတို့ယဲ့မိသားစုရဲ့ဘိုးဘေးကလည်း သေမျိုးအဖြစ်နဲ့ မွေးဖွားလာခဲ့တာ...မင်းက သေမျိုးတွေကို အထင်သေးတာလား"
အင်ပါယာမင်းက ကျန်းကျီးဟုန်အား မြေပြင်ပေါ်၌ လူးလိမ့်နေသည်အထိ ကန်ကျောက်နေလေ၏။
ကျန်းကျီးဟုန်က အင်ပါယာမင်းအား ပြန်လည်မခုခံဝံ့ခြင်းကြောင့် မြေပြင်ပေါ်၌သာ ဒူးထောက်နေလေသည်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ချူဘုရင်(လုယွီ)ကို ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာပေးအပ်ရမယ်...အဲဒါဆိုရင် ငါ ဒီကိစ္စကို ဘေးဖယ်ပေးမယ်"
အင်ပါယာမင်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။
ကျန်းကျီးဟုန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေဆဲပင်။
"အရှင်မင်းကြီး...ကျွန်တော်က စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာပဲပေးမယ်လို့ ကတိပေးခဲ့တာလေ"
အင်ပါယာမင်းက ဒေါသတကြီးအော်ငေါက်လိုက်၏။
"ဒါပေမယ့် မင်းက ချူဘုရင်ကို အချိန်မှီမပေးခဲ့ဘူးလေ...ဒါက မင်းအတွက် အပြစ်ဒဏ်ပဲ...ငါ မင်းကို တစ်ရက်ပဲအချိန်ပေးနိုင်မယ်...မနက်ဖြန်ကျရင် မင်း စိတ်ဝိညာဥ်ကျောက်တုံးတွေ ချူဘုရင်ကိုလက်လွှဲပေးတာ ငါမြင်ချင်တယ်...မဟုတ်ရင် ငါ မင်းကို နယ်စပ်စောင့်ကြပ်ဖို့ စေလွှက်ရလိမ့်မယ်...စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာ ရှာနိုင်မှ ပြန်လာခဲ့"
စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာ...ကျန်းကျီးဟုန်၏ယို့ဝမ်နယ်မြေသည် ဤပမာဏကိုပေးနိုင်သော်လည်း အကြီးအကျယ် ထိခိုက်နစ်နာသွားစေနိုင်သည်။
အင်ပါယာမင်းက လုယွီကို လက်သီးဆုပ်၍အရိုအသေပြုရင်းမှ ပြောလေသည်။
"အရင်က ငါ စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာပေးမယ်လို့ ချူဘုရင်ကို ကတိပေးထားခဲ့တယ်..အခု ငါ စုဆောင်းထားပြီးပြီ"
အချိန်တခဏအကြာမှာပင် လုယွီ၏လက်အတွင်းသို့ စိတ်ဝိညာဥ်ကျောက်တုံးများပါဝင်သော သိုလှောင်အိတ်တစ်အိတ် ရောက်ရှိလာပေ၏။
……
အင်ပါယာမြို့တော်...ချူဘုရင်၏နန်းဆောင်...
ချူဘုရင်၏နန်းဆောင်သည် မူလက အင်ပါယာမင်း၏အရံနန်းဆောင်ဖြစ်သည်။ လုယွီအား ချူဘုရင်ခန့်အပ်လိုက်သည်ဟု အမိန့်ထွက်ပေါ်လာသည်နှင့် ထိုနန်းဆောင်သည် ချူဘုရင်နန်းဆောင်ဖြစ်သွားပေ၏။
လုယွီက ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေမိသည်။ သူက ဤနေရာ၌ အချိန်ကြာမြင့်စွာနေထိုင်ရန် ရည်ရွယ်မထားပေ။
သို့ရာတွင် အင်ပါယာမင်းက သူ့အတွက်စီစဥ်ထားပြီးဖြစ်၍ လုယွီက မတက်သာဘဲလက်ခံလိုက်ရတော့သည်။
"ငါက မနက်ဖြန် နန်းဆောင်ကနေ အချိန်ကာလတစ်ခုထိ ထွက်ခွါရအုံးမယ်...ဒီရက်တွေမှာ မင်းတို့က နန်းဆောင်ထဲမှာနေပြီး ငါသင်ပေးထားတဲ့ ကျင့်စဥ်တွေကို လေ့ကျင့်နေကြ"
လုယွီက သူ၏တပည့်နှစ်ယောက်အား ပြောဆိုလိုက်၏။
သို့ရာတွင် ကလေးနှစ်ယောက်က ညစာစားပွဲပေါ်မှ မုန့်ချိုများစားနေပြီး လုယွီအား ဂရုမစိုက်သကဲ့သို့ပင်။
"အဟွက်...အဟွက်"
လုယွီက ကူကယ်ရာမဲ့ပုံဖြင့် ချောင်းအနည်းငယ်ဟန့်လိုက်သည်။
ပုမောင်နှမနှစ်ယောက်သည် စားပွဲအနီးမှ လုယွီထံသို့ အလျှင်အမြန်အပြေးလာကြသည်။ သူတို့နှစ်ယောက်၏နှုတ်ခမ်းများတွင် မုန့်စမုန့်နများဖြင့် ပေပွနေပေ၏။
လုယွီ၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။ သူ၏ အစားကြူးသောတပည့်နှစ်ယောက်အား မည်သို့ပြောရမည်ကိုပင် သူမသိတော့ချေ။
"ဒီဆေးကို အရင်သောက်လိုက်"
လုယွီက အရိုးသန့်စင်ဆေးလုံးကိုတစ်ဝက်ခွဲကာ ကလေးနှစ်ယောက်အား တစ်ခြမ်းစီပေးလိုက်၏။
သူတို့နှစ်ယောက်ကမူ အစားကြူးသာများဖြစ်၍ ဆေးလုံးကိုပင် ငြင်းဆန်ခြင်းမပြုချေ။
ဆေးလုံးက ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူတို့နှစ်ယောက်၏မျက်နှာများ နီမြန်းလာခဲ့သည်။
ပုရီဖန်း၏အခြေအနေသည် ပုချောင်းချောင်းထက် ပို၍ကောင်းမွန်ပေသည်။ ပုချောင်းချောင်း၏မျက်နှာသည် နီမြန်းပြီး ရဲဗလောင်းခတ်နေပေ၏။ သူမက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေပြီး ဆေးစွမ်းအား ခုခံနေလေသည်။
"ငါ အရင်က မင်းတို့ကိုသင်ပေးထားတဲ့ ကျင့်စဥ်ကိုတွေးတောလိုက်...အခု အဲ့ဒီကျင့်စဥ်အတိုင်း ကြိုးစားကြည့်ကြ"
လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။
Chapter 482
ဖြောက်...ဖြောက်...ဖြောက်
ပိုင်မောင်နှမနှစ်ယောက်၏ခန္ဓာကိုယ်များမှ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာခဲ့သည်။
ကလေးတစ်ယောက်စီကို အရိုးသန့်စင်ဆေးလုံးတစ်ခြမ်းသာ တိုက်ကျွေးထားသော်လည်း ထိုဆေးပမာဏ၏ဆေးစွမ်းကိုပင် သူတို့က တောင့်ခံနိုင်ရန်မလွယ်ကူချေ။
ပိုင်ရီဖန်းနှင့်ပိုင်ချောင်းချောင်းတို့က မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်နေပြီး စတင်လေ့ကျင့်နေကြ၏။
သူတို့၏အသက်ရှုနှုန်းများ တည်ငြိမ်စပြုလာခြင်းကို အာရုံခံမိချိန်မှသာလျှင် လုယွီက သက်ပြင်းချလိုက်မိသည်။
ပိုင်မောင်နှမနှစ်ယောက်သည် ယခင်က တစ်ချို့သောပေါက်ကရကျင့်ကြံနည်းစနစ်များကို လေ့ကျင့်ခဲ့ခြင်းကြောင့် ထိုကိစ္စရပ်သည် သူတို့၏အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းကို ထိခိုက်စေနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် အရိုးသန့်စင်ဆေးလုံးသည် သူတို့အား မသန့်စင်မှုများမရှိတော့သော အပြစ်အနာအဆာကင်းသည့်ကျောက်စိမ်းများအဖြစ် အရောင်တင်ပေးနိုင်ပေမည်။
ပူနွေးသောအော်ရာများက လူသားငယ်နှစ်ဦးအား ဝေ့ဝိုက်၍တိုက်ခတ်နေပေ၏။
အချိန်တခဏအကြာတွင် ကလေးနှစ်ယောက်က သူတို့၏မျက်လုံးများကို တပြိုင်နက်တည်းဖွင့်လိုက်ကြသည်။
"ရေချိုးသန့်စင်ကြ"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
ကလေးနှစ်ယောက်သည် အိမ်တော်အတွင်းသို့ အပြေးဝင်သွားကြပြီး ရေချိုးသန့်စင်ပြီးမှသာ အပြင်သို့ပြန်ထွက်လာကြ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကလေးနှစ်ယောက်ထံမှအရှိန်အဝါများသည် လောကကြီးတစ်ခွင်လုံးတုန်လှုပ်မှုမတက် ပြောင်းလဲသွားပေသည်။
မူလအစတွင် သူတို့သည် သာမာန်သေမျိုးကလေးငယ်များသာဖြစ်သော်လည်း ယခုလက်ရှိချိန်တွင်မူ သူတို့သည် အင်မော်တယ်ဂိုဏ်းများမှလေ့ကျင့်သင်ကြားပေးထားသော တပည့်တစ်ချို့နှင့် ကွဲပြားခြားနားခြင်းမရှိတော့ချေ။
ပိုင်ရီဖန်းသည် ဟိုထျန်းအဠမအဆင့်သို့ရောက်ရှိသွားပြီး ပိုင်ချောင်းချောင်းက ဟိုထျန်းနဝမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ပိုင်ချောင်းချောင်း၏ကျင့်ကြံဆင့်သည် ပိုင်ရီဖန်းထက်မြင့်မားနေရခြင်းမှာ သူမ၏ပါရမီ သာလွန်ကောင်းမွန်ခြင်းကြောင့်မဟုတ်ဘဲ ပိုင်ရီဖန်း၏ခန္ဓာကိုယ်အမျိုးအစားသည် လုယွီကဲ့သို့ စကြာဝဠာခန္ဓာကိုယ် ဖြစ်နေခြင်းကြောင့်ပင်။
စကြာဝဠာခန္ဓာကိုယ်ပိုင်ရှင်သည် အဆင့်ချိုးဖျက်လိုပါက တစ်ခြားကျင့်ကြံသူများထက် စိတ်ဝိညာဥ်စွမ်းအင်များပို၍လိုအပ်ပေသည်။
"ဒါက မင်းတို့အတွက် ကျင့်စဥ်နည်းစနစ်တွေ...ငါ ပြန်လာတဲ့အခါကျရင်...မင်းတို့ကောင်းကောင်းလေ့ကျင့်ထားတာကို မြင်ချင်တယ်"
လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ စာအုပ်နှစ်အုပ်ကိုထုတ်ပြီး ကလေးနှစ်ယောက်အားပေးလိုက်၏။
"ကျေးဇူးတင်ပါတယ်...ဆရာသခင်"
ပိုင်ချောင်းချောင်းက စာအုပ်ကိုယူပြီး လေးလေးစားစား ပြောဆိုလေသည်။
ပိုင်ရီဖန်းက သူ၏ခေါင်းကိုတိမ်းစောင်းပြီး ဘယ်ညာကြည့်ကာ မျက်မှောင်ကြုတ်နေပေ၏။
"မင်း...ဘာဖြစ်နေတာလဲ"
လုယွီက မေးမြန်းလိုက်သည်။
ပိုင်ရီဖန်းက ပြောဆိုလေသည်။
"ဆရာသခင်...ဘာလို့ ကျွန်တော်အမရဲ့ကျင့်စဥ်စာအုပ်က ရုပ်ပုံတွေနဲ့စာယှဥ်တွဲပါနေပြီး ကျွန်တော့်စာအုပ်ကျတော့ စာလုံးတွေချည်းသက်သက်ဖြစ်နေတာလဲ"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဘာလို့လဲဆိုတော့ ဒါက ငါရဲ့မူလကျင့်စဥ်မို့လို့ပဲ...ဘယ်လိုရုပ်ပုံမျိုးကို မင်းကလိုချင်နေတာလဲ"
လုယွီသည် စကြာဝဠာခန္ဓာကိုယ်အမျိုးအစားဖြင့် တာအိုသခင်အဆင့်ထိ ကျင့်ကြံဆင့်နယ်ပယ်များကိုချိုးဖျက်နိုင်ခဲ့သော တစ်ယောက်တည်းသောသူဖြစ်သည်။ မရေမတွက်နိုင်သောကျင့်ကြံသူများသည် လုယွီအား ဆရာသခင်အဖြစ် အရိုအသေပြုလိုကြသည်။
သို့ရာတွင် မြေအောက်လောကတာအိုသခင်၏တပည့်ဖြစ်လာရန်မှာ မလွယ်ကူချေ။ တစ်ချို့ကျင့်ကြံသူများသည် ကျင့်ကြံရာတွင်အောင်မြင်မှုတစ်ခုရရှိပြီးသည့်အပြင် နယ်မြေသခင်အဆင့်များပင် လုယွီ၏တပည့် ဖြစ်လိုကြသည်။
ထိုကဲ့သို့ကျင့်ကြံသူများသည် ကျင့်ကြံမှုနည်းစနစ်များအပေါ်၌ သူတို့၏ကိုယ်ပိုင်နားလည်မှုများ ရှိနှင့်ပြီးဖြစ်၍ ကနဦးကျင့်ကြံသူများကဲ့သို့ ရုပ်ပုံများယှဥ်တွဲပြရန်မလိုအပ်ချေ။
ပိုင်ရီဖန်း၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းနေပေ၏။
"ဒါပေမယ့်...ကျွန်တော် စာမဖတ်တက်ဘူး"
လုယွီက ရုတ်တရက် အံအားသင့်သွား၏။ သူက ထိုအကြောင်းအား အမှန်တကယ်ပင် မေ့လျော့နေခဲ့သည်။
ပိုင်မောင်နှမနှစ်ယောက်သည် သာမာန်မိသားစုမှ ဆင်းရဲချို့တဲ့စွာဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ သူတို့ ငယ်ရွယ်စဥ်ကတည်းက အသက်ရှင်သန်ရန်သာပြေးလွှားရှာဖွေနေရပြီး စာပေသင်ယူရန်အပိုငွေကြေးရှိမည်မဟုတ်ချေ။
"ငါ မင်း စာဖတ်တတ်အောင်သင်ပေးမယ့် ဆရာရှာပေးမယ်...အက္ခရာစာလုံးတွေကို မင်းသိတဲ့အချိန်ကျမှ...ငါပေးတဲ့ ကျင့်စဥ်ကိုစလေ့ကျင့်တော့"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
……
နောက်တစ်နေ့မနက်ခင်း....
အင်ပါယာရထားလုံးတစ်လုံးက ချူဘုရင်နန်းဆောင်၏အရှေ့သို့ ရောက်ရှိနေလေသည်။
ထိုရထားလုံးကို မှော်သားရဲလေးကောင်က ဆွဲလာပေ၏။ မှော်သားရဲများ၏ပါးစပ်များမှ မီးပွါးများဖြာထွက်နေပေရာ ကြည့်မြင်ရသူများအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။
"ချူ အရှင်မင်းကြီး...အင်ပါယာမင်းက နန်းတော်ကိုလာရောက်ဖို့ ဖိတ်ခေါ်ခိုင်းပါတယ်"
ရထားလုံးအားမောင်းနှင်လာသူက ရိုသေလေးစားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ကောင်းပြီလေ"
လုယွီက ရထားလုံးအတွင်းသို့ ဝင်ထိုင်လိုက်တော့သည်။
ရထားလုံးသည် ကောင်းကင်ယံသို့ပျံဝဲတက်သွားပြီး အင်ပါယာမြို့တော်မှနေ၍ နန်းတော်ထံသို့ ဦးတည်သွားနေပေ၏။
အင်ပါယာမင်းသည် ကျင့်ကြံသူများအား မြို့တော်အတွင်း၌ ပျံသန်းခြင်းမပြုရန်တားမြစ်ထားသော်လည်း ဤရထားလုံးသည် တော်ဝင်မိသားစု၏အလံလွှင့်ထူထားသဖြင့် အဆင်အခြင်မဲ့မောင်းနှင်နိုင်ပေသည်။
နန်းတော်အတွင်း၌ အင်ပါယာမင်းသည် တစ်စုံတစ်ခုကိုစိုးရိမ်ကြောင့်ကြနေသော အမူအယာဖြင့် ထိုင်နေလေ၏။
"ချူဘုရင်...ငါ မင်းကို သတင်းဆိုးတစ်ခုပြောရအုံးမယ်"
အင်ပါယာမင်း၏မျက်နှာသည် သုန်မှုန်နေပေသည်။
လုယွီ၏ရှေ့တွင် အင်ပါယာမင်းသည် သူကိုယ်သူ "အရှင်မင်းကြီး"ဟု မည်သည့်အချိန်ကမျှ ခေါ်ဆိုသုံးနှုန်းခြင်းမရှိပေ။
"ဘာတွေဖြစ်နေတာလဲ"
လုယွီက မေးမြန်းလိုက်၏။
အင်ပါယာမင်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"တားမြစ်နယ်မြေထဲက နတ်ဆိုး...ချိတ်စည်းကို ချိုးဖျက်နိုင်စပြုနေပြီ"
"ဒီ အရင်တုန်းက...ငါကအဆိပ်မိနေပြီး မေ့မျောနေခဲ့တယ်...ဒါကြောင့် အဲ့ဒီကိစ္စကို ငါ မသိရှိခဲ့ဘူး...ဒါပေမယ့် ရက်အနည်းငယ်အကြာတုန်းက တားမြစ်နယ်မြေထဲကို စစ်ဆေးဖို့ဝင်သွားတဲ့အစောင့်တွေအားလုံး...တစ်ယောက်မှအပြင်ပြန်ထွက်မလာကြဘူး"
"ငါက လူအင်အားနှစ်ဆတိုးပြီး စုံစမ်းစစ်ဆေးခိုင်းပေမယ့်...ဘယ်သူမှအပြင်ထွက်မလာနိုင်ဘူး...အဲ့ဒီတားမြစ်နယ်မြေထဲမှာ ထိတ်လန့်စရာတစ်ခုခုဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
(note..အရင်က Buမို့လို့ပုလို့သုံးထားပေမယ့် နောက်ပိုင်းမှာBaiမို့လို့ ပိုင်ပဲပြောင်းသုံးပါမယ်)
Chapter 483
လုယွီက အင်ပါယာမင်း၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"နတ်ဆိုးကိုတားဆီးထားတဲ့ ချိတ်စည်းက ပြေလျော့သွားတာလား"
အင်ပါယာမင်းက ခါးသက်သက်အပြုံးနှင့် ပြန်လည်ပြောဆိုလေ၏။
"အဲ့ဒီကိစ္စကို ငါ ခုထိရှင်းရှင်းလင်းလင်း မသိရသေးဘူး...တားမြစ်နယ်မြေကိုထောက်လှမ်းဖို့ ငါက အမြဲတမ်း နယ်မြေသော့ကိုပဲမှီခိုခဲ့တာ...ကံဆိုးစွာနဲ့...နယ်မြေသော့ကလည်း ဘာတုန့်ပြန်မှုမှမရှိဘူး...ဒါကြောင့်မို့ တားမြစ်နယ်မြေထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ ထောက်လှမ်းလို့မရဘူး'
လုယွီ၏အကြည့်က အင်ပါယာမင်း၏အနီးရှိ နယ်မြေသော့ထံသို့ ကျရောက်သွား၏။ သူက သော့၏ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်းသိမြင်သွားခဲ့သည်။
နယ်မြေသော့က ဝင်္ကပါ၏အမြူတေသာ ဖြစ်ပေ၏။ ဤဝင်္ကပါအမြူတေသည် ချိတ်စည်းဝင်္ကပါတစ်ခုလုံးနှင့် ဆက်သွယ်ထားလေသည်။ ချိတ်စည်းဝင်္ကပါလှုပ်ရှားသည်နှင့် နယ်မြေသော့က ချက်ချင်းပင်တုန့်ပြန်ပေလိမ့်မည်။
အင်ပါယာမင်းက ပြောဆိုလိုက်သည်။
"အခု တားမြစ်နယ်မြေထဲမှာ အန္တရာယ်အရမ်းများနေတယ်...အဲ့ဒီနေရာကို ချူဘုရင်က သွားချင်တုန်းပဲလား"
လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလေ၏။
"ကျုပ် တားမြစ်နယ်မြေကိုသွားလိုစိတ်ရှိနေတုန်းပဲ"
လုံချွမ်တိုင်းပြည်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်ပေါကြွယ်ဝသောနေရာသည် တားမြစ်နယ်မြေမှလွဲ၍ တစ်ခြားနေရာမရှိချေ။
လုယွီသည် သူ၏ခွန်အားကိုအလျှင်အမြန် တိုးမြှင့်နိုင်ရန်အတွက် ထူထပ်သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်များကို အရေးတကြီးလိုအပ်နေပေသည်။
အင်ပါယာမင်းသည် သက်ပြင်းချနေလေ၏။
"ကောင်းပြီလေ...မင်း တားမြစ််နယ်မြေကိုသွားဖို့က အဆင်ပြေပါတယ်...ဒါပေမယ့် မင်းအဲ့ဒီနေရာမှာလေ့ကျင့်ရင်း အမှားအယွင်းတစ်ခုခုရှိရင် ချက်ချင်းပြန်ထွက်လာရမယ်"
နန်းတော်မှရထားလုံးတစ်စီးထွက်လာပြီး အင်ပါယာမင်းက လုယွီအား မြို့ပြင်တစ်နေရာသို့ လိုက်လံပို့ဆောင်ခြင်းဖြစ်သည်။
တားမြစ်နယ်မြေနေရာသည် အဆုံးမမြင်နိုင်သောကျင်းနက်ကြီးပင်။ ဤနေရာ၌ စစ်စခန်းများစတည်းချထားပြီး မြောက်များစွာသည့်စစ်သားများစောင့်ကြပ်နေခြင်းကို လုယွီက သတိပြုမိသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် ကျင်းနက်ကြီးနှင့် အလွန်နီးကပ်ခြင်းမရှိသေးသော်လည်း အတွင်းမှထွက်ပေါ်နေသည့် နတ်ဆိုးချီလှိုင်းများကို အာရုံခံစားမိသည်။
ထိုနတ်ဆိုးစွမ်းအင်များသည် အလွန်အမင်းသန့်စင်လှပေ၏။ ဤှသည်က ကျင်းနက်ကြီးအတွင်း၌ ဥပဒေသစွမ်းအားရှိနေခြင်း၏အရိပ်အယောင်ပင်။
"ဒီစစ်သားတွေက တစ်နှစ်ပတ်လုံး ဒီနေရာမှာပဲ စောင့်ကြပ်နေကြတာ...ချိတ်ပိတ်ခံထားရတဲ့နတ်ဆိုးထွက်လာတာနဲ့ သူတို့ရဲ့အဓိကတာဝန်က...နတ်ဆိုးကိုနှောင့်နှေးအောင် အချိန်နည်းနည်းဆွဲထားနိုင်ဖို့ပဲ"
အင်ပါယာမင်းက လုယွီအား ရှင်းပြနေလေ၏။
"အရှင်မင်းကြီး"
စစ်စခန်းမှစစ်ဗိုလ်ချုပ်များ ပျံဝဲ၍ထွက်လာကြပြီး အင်ပါယာမင်းအား အရိုအသေပြုလိုက်ကြသည်။
"ဗိုလ်ချုပ်တို့...သူက ငါတို့လုံချွမ်တိုင်းပြည်ရဲ့ ဘုရင်အသစ်ဖြစ်တဲ့ ချူဘုရင်ပဲ...မင်းတို့ သူကိုမြင်တာနဲ့...ငါကိုမြင်တဲ့အတိုင်း ဆက်ဆံရမယ်"
အင်ပါယာမင်းက စစ်ဗိုလ်ချုပ်များအား လုယွီနှင့်မိတ်ဆက်ပေးလိုက်သည်။
"ချူ ဘုရင်လား"
စစ်ဗိုလ်ချုပ်များက မယုံကြည်နိုင်သောအကြည့်များဖြင့် လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်နေကြ၏။
အင်ပါယာတော်ဝင်မိသားစု၌ ဤကဲ့သို့လူငယ်တစ်ယောက်ရှိခြင်းကို သူတို့ မည်သည့်အချိန်ကမျှမကြားသိခဲ့ဘူးချေ။ သို့ရာတွင် အင်ပါယာမင်းပြောဆိုသည်အား သူတို့က မလွဲမသွေလိုက်နာရပေမည်။
"ဒီရက်တွေမှာ...ချူဘုရင်က တားမြစ်နယ်မြေထဲကိုဝင်လိမ့်မယ်...မင်းတို့က အပြင်မှာစောင့်နေကြ...တကယ်လို့ သူ တစ်ခုခုလိုအပ်တာရှိရင် မင်းတို့ချက်ချင်းအကူအညီပေးနိုင်ရမယ်"
အင်ပါယာမင်းက လေးနက်သောလေသံဖြင့် အမိန့်ပေးလေသည်။
"အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါ"
စစ်ဗိုလ်ချုပ်များက လေးလေးစားစားဖြင့် အမိန့်နာခံကြောင်း ပြောဆိုလိုက်ကြ၏။
ဤနေရာမှ အင်ပါယာမင်း ပြန်လည်ထွက်ခွါသွားချိန်တွင် စစ်ဗိုလ်ချုပ်များက လုယွီအား ချက်ချင်းပင်ကြိုဆိုနှုတ်ဆက်ကြလေသည်။
"မင်းကြီး ချူ...တားမြစ်နယ်မြေထဲကို အလေးမထားဘဲဝင်မသွားဖို့ ကျွန်တော်တို့အကြံပြုပါရစေ"
စစ်ဗိုလ်ချုပ်များက လုယွီအား ဝိုင်းဝန်း၍သတိပေးလေ၏။
လုယွီက ပြောဆိုလိုက်သည်။
"မင်းတို့က အန္တရာယ်ရှိတယ်လို့ ပြောချင်တာလား...အင်ပါယာမင်းက အဲ့ဒီကိစ္စတွေ ငါကိုပြောပြထားတယ်...ငါ သေချာဂရုစိုက်လိုက်ပါ့မယ်"
"အဲ့ဒါထက် ကျင်းနက်ကြီးရဲ့ပြင်ပမှာ အတားအဆီးတစ်ခုရှိနေတယ်...ကျွန်တော်တို့က တားမြစ်နယ်မြေထဲကို ဝင်လို့တောင်မရတော့ဘူး"
စစ်ဗိုလ်ချုပ်တစ်ယောက်က ခါးသက်သက်အမူအယာဖြင့် ပြောဆိုလေ၏။
လုယွီသည် ဤလူများထံမှ ဝင်္ကပါဖွဲ့စည်းပုံ၏အရိပ်အငွေ့ကို အာရုံခံစားမိနေသည်။
"မင်းတို့ ကျင်းနက်ကြီးထဲကိုဝင်တုန်းက သာမာန်မဟုတ်တာတစ်ခုခု ရှာတွေ့သေးလား"
လုယွီက မေးမြန်းလိုက်သည်။
စစ်ဗိုလ်ချုပ်များက သူတို့၏ခေါင်းများကိုသာ ခါယမ်းနေကြသည်။
"ကျွန်တော်တို့က တားမြစ်နယ်မြေထဲကို လူအင်အားအများကြီးစေလွှက်ခဲ့တယ်...ပထမအကြိမ်မှာ လူတစ်ထောင်...ဒုတိယအကြိမ်မှာ လူသုံးထောင်...သူတို့က တားမြစ်နယ်မြေထဲကို ဝင်သွားပြီးတာနဲ့ အကူအညီတောင်းတဲ့အချက်ပေးသင်္ကေတကိုတောင် မပေးပို့နိုင်ကြဘူး...သူတို့အားလုံး တစ်ယောက်မှအပြင်ထွက်မလာကြတော့ဘူး"
"ကျွန်တော်တို့က လူတွေထပ်ပြီးစေလွှက်ချင်ပေမယ့်...ရုတ်တရက်ကြီး တားမြစ်နယ်မြေပြင်ပမှာ အတားအဆီးတစ်ခုရှိလာခဲ့တယ်...အဲ့ဒီအတါးအဆီးကို ကျွန်တော်တို့ အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပေးမယ့် ချိုးဖျက်နိုင်ခြင်းမရှိခဲ့ဘူး"
စစ်ဗိုလ်ချုပ်တစ်ယောက်က လုယွီအား ရှင်းအြပြောဆိုလေ၏။
လုယွီ၏မျက်လုံးများတွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"ငါ တစ်ချက်ကြည့်ချင်လို့...အဲ့ဒီနေရာကိုလိုက်ပို့ပေးပါ"
စစ်ဗိုလ်ချုပ်များက လုယွီအား ကျင်းနက်ကြီးထံသို့ ခေါ်ဆောင်သွားလေ၏။
ဤသည်က ဧရာမကျင်းကြီးတစ်ကျင်းဖြစ်ပြီး ၃လီခန့်ကျယ်ဝန်းပေသည်။ ကျင်းနက်ကြီး၏အတွင်းဘက်အား ပြင်ပမှကြည့်ရန်လွန်စွာခက်ခဲပေသည်။
ကျင်းနက်ကြီး၏နံဘေးဘက်တွင် ကျောက်တုံးအများအပြားစုပုံထားလေ၏။ စစ်သားတစ်ချို့က ကျင်းနက်ကြီးအတွင်းသို့ ထိုကျောက်တုံးများကိုပစ်လွှက်နေကြသော်လည်း ပြန်လွင့်ထွက်လာပြီး ပြာများအဖြစ်သို့ပြောင်းလဲသွားကြသည်။
Chapter 484
"ဒီအတါးအဆီးက တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်မှုအောက်မှာ"
လုယွီ၏အကြည့်များက တည်ကြည်လေးနက်နေပေ၏။
စစ်ဗိုလ်ချုပ်တစ်ယောက်က လုယွီအား အကြံပေးလိုက်သည်။
"မင်းကြီး ချူ...ဒီအချိန်မှာ အရှင် စိတ်ပျက်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်...ကျွန်တော်တို့က တားမြစ်နယ်မြေထဲကို ဝင်လို့မရတော့ဘူး...အရှင်က အတားအဆီးပျယ်ပြယ်သွားတဲ့အချိန်ထိစောင့်ပြီးမှ ဒီနေရာကိုပြန်လာဖို့ ကျွန်တော်အကြံပြုချင်တယ်"
ကြွင်းကျန်သောစစ်ဗိုလ်ချုပ်များတွင်လည်း စကားပြောဆိုသူနှင့် တူညီသောအတွေးမျိုးရှိနေကြသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီ၏အသက်အရွယ်သည် ငယ်ရွယ်နေပေ၏။ သူတို့က လုယွီသည် တော်ဝင်မိသားစု၏တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်ပြီး အင်ပါယာမင်းနှင့်ဆွေမျိုးတော်စပ်၍နေရာရလာသူဟုသာ တွေးနေမိကြသည်။
ဤကဲ့သို့လူငယ်အများစုသည် ငယ်ရွယ်ပြီးအဆင်အခြင်မဲ့ ပြုလုပ်တက်ကြသည်။ တားမြစ်နယ်မြေသည် အန္တရာယ်အလွန်များသည့်အပြင် ယခု နယ်မြေပြင်ပ၌ အတားအဆီးတစ်ခုရှိနေခြင်းသည်လည်း ကိစ္စကောင်းတစ်ရပ်မဟုတ်ချေ။
လုယွီက သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"ကောင်းပြီလေ....ဒီနေရာပဲ"
ထိုစကားပြောပြီးသည့်နောက် လုယွီသည် တားမြစ်နယ်မြေအတွင်းသို့ တိုက်ရိုက်ပင်ခုန်ဝင်သွားပေ၏။
"မင်းကြီး ချူ...အန္တရာယ်ရှိတယ်"
စစ်ဗိုလ်ချုပ်များက တားဆီးလိုကြသော်လည်း လုယွီ၏ခန္ဓာကိုယ်သည် အတားအဆီးအားကျော်ဖြတ်၍ ကျင်းနက်ကြီးအတွင်းသို့ကျသွားခြင်းကို သူတို့ကတွေ့မြင်မိကြသည်။
မည်သို့ဖြစ်သွားသနည်း....။
ယခုနေရာ၌ရှိနေသည့် စစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။
"မဟုတ်သေးဘူး...အတားအဆီးက ပျက်ပြယ်သွားတာများလား"
စစ်ဗိုလ်ချူပ်တစ်ယောက်က မယုံကြည်နိုင်ကြသဖြင့် ကျင်းနက်ကြီးထံသို့ တဟုန်ထိုးတိုးဝင်ကြည့်လေသည်။
ဘန်း....
လေထုအတွင်း၌ ခပ်အုပ်အုပ်အသံတစ်သံထွက်ပေါ်လာပြီးနောက် ထိုစစ်ဗိုလ်ချုပ်သည် တစ်စုံတစ်ခုနှင့်တိုက်မိသကဲ့သို့ နောက်သို့ပြန်လွင့်ထွက်လာပေ၏။
စစ်ဗိုလ်ချုပ်က သံသယများပြည့်နှက်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်တော့သည်။
"အတားအဆီးက ရှိနေတုန်းပဲ...ဘာလို့ မင်းကြီးချူက အထဲဝင်လို့ရပြီး ငါတို့က မရတာလဲ"
……
ကျင်းနက်ကြီးအတွင်း၌...
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့်တွင် လုယွီက ခေါင်းဖြတ်ဓားကိုဆင့်ခေါ်ပြီး လေထုအတွင်း၌မတ်တတ်ရပ်နေခဲ့သည်။
နောက်ဆုံး၌ အလင်းရောင်အနည်းငယ်လက်နေသောနေရာသို့ လုယွီကရောက်ရှိလာခဲ့သည်။
ဤနေရာရှိနတ်ဆိုးစွမ်းအင်များသည် ပြင်ပထက် များစွာပို၍သိပ်သည်းပေသည်။
လုယွီ ဤနေရာသို့လာရာလမ်းတလျှောက်တွင် စစ်သားများ၏ခြေပြတ် လက်ပြတ်များအား တွေ့ရှိခဲ့လေ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး အရိုးများဖြင့် ပြည့်နှက်နေလေသည်။ လုယွီက အောက်သို့ဆင်းပြီး လူသေလောင်းများအားစစ်ဆေးကြည့်ရာတွင် တစ်ချို့အလောင်းများ၏သေဆုံးချိန်ကြာမြင့်မှု မရှိသေးကြောင်းကို တွေ့မြင်မိသည်။
ဖြစ်နိုင်သည်က ထိုစစ်သားများ၏သေဆုံးချိန်မှာ ယခုလက်ရှိအချိန်နှင့် များစွာကွာခြားမှုမရှိသေးချေ။
လုယွီက ရှေ့သို့ဆက်လျှောက်သွားရာတွင် နံရံတစ်ခုပေါ်၌ သူ ရင်းနှီးကျွမ်းဝင်သော အမှတ်အသားရေးဆွဲထားခြင်းကို မြင်မိ၏။
ဤှအမှတ်အသားသည် အရိုးစုပုံဖြစ်ပြီး ၎င်း၏ကြမ်းကြုတ်ရက်စက်သောပါးစပ်ကြီးကိုဖွင့်ဟကာ အရာအားလုံးအားဝါးမြိုနေပုံပင်။
ဤနေရာ၌ အန္တရာယ်ရှိသောအငွေ့အသက်ရရှိခြင်းကြောင့် လုယွီ၏မျက်လုံးများတောက်ပသွားခဲ့သည်။ အရိုးစုအမှတ်အသားအား လုယွီ ရင်းနှီးကျွမ်းဝင်နေခြင်းမှာ အံအားသင့်စရာမရှိချေ။ ဤသည်က လုယွီ အတိတ်ဘဝတုန်းက မြေအောက်လောကတာအိုသခင်၏အမှတ်သင်္ကေတပင် ဖြစ်ပေ၏။
"ငါ ဒီအမှတ်အသားကိုမြင်တာ ဒါဒုတိယအကြိမ်ပဲ...နောက်ဆုံးတစ်ကြိမ် ငါတွေ့ခဲ့တုန်းက သွေးကျွန်စီမှာ...ဒီတစ်ကြိမ်လည်း ဘယ်မိတ်ဆွေဟောင်းဖြစ်မလဲဆိုတာ ငါမသိဘူး"
လုယွီက တီးတိုးရေရွတ်နေလေ၏။
ကျင်းနက်ကြီး၏နက်ရှိုင်းသောနေရာသို့ သူ ရောက်လေလေ လူသေလောင်းများအားပို၍မြင်တွေ့ရလေလေပင်။
လုယွီက ကျင်းနက်ကြီးတစ်လျှောက် ပျံနှံ့လာသော နားလည်ရန်ခက်ခဲသည့်မန္တန်တစ်ပုဒ် ရွတ်ဆိုနေခြင်းအား ရုတ်တရက် ကြားလိုက်ရသည်။
"သွေးယဇ်ပူဇော်ခြင်းမန္တန်..."
လုယွီ၏မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီးအသံထွက်ပေါ်ရာနေရာ၌ပြန်လည်ထွက်ပေါ်လာလေ၏။
လုယွီ ရောက်ရှိနေသောနေရာ၌ သွေးညှီနံများဖြင့် ဖုံးလွှမ်းနေပေသည်။
မြေကွက်လက်ကျယ်ကြီးအတွင်းရှိ မည်းနက်နေသောမြေနေရာတွင် ကြီးမားသောယဇ်ပလ္လင်ကြီးတစ်ခုရှိနေသည်။
ထိုယဇ်ပလ္လင်ကို မြောက်များစွာသောလူသေလောင်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ မြောက်များစွာသောအဖြူရောင်လက်ပြတ်များသည် ယဇ်ပလ္လင်မှဆန့်ထွက်နေပေရာ တွေ့မြင်ရသူအဖို့ သွေးပျက်ဖွယ်ရာမြင်ကွင်းပင်။
ယဇ်ပလ္လင်၏အနီးတွင် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသောလူတစ်ယောက် ရှိနေသည်။
"ဘယ်သူလဲ"
မီးခိုးရောင်ဝတ်စုံနှင့်လူက ခြေသံတစ်သံကြားသဖြင့် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်သည်။
"ဒီနေရာကို တစ်ယောက်ယောက်ဝင်လာနိုင်မယ်လို့ ငါ ထင်မထားမိဘူး"
မီးခိုးရောင်ဝတ်စုံနှင့်လူက လုယွီအား မြင်သည်တွင် သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်လာပေ၏။
လုယွီက ယဇ်ပလ္လင်၏နောက်သို့ကြည့်လိုက်ရာတွင် မြောက်များစွာသောသံကြိုးများဖြင့်တုပ်နှောင်ထားသော ကျောက်တုံးရုပ်ထုကြီးတစ်ခုအား တွေ့မြင်မိ၏။
"ခင်ဗျားက သူကို ပြန်ရှင်သန်စေချင်တာလား...ခင်ဗျား သေလမ်းရှာနေတာလား"
လုယွီ၏အသံက တည်ကြည်လေးနက်နေပေသည်။
မီးခိုးရောင်ဝတ်စုံနှင့်လူက လုယွီသည် ဆယ်ကျော်သက်တစ်ယောက်ဖြစ်နေခြင်းကိုမြင်ချိန်တွင် သူ၏သတိထားနေမှုကို လျော့ချလိုက်၏။
"ဟိတ် ကောင်လေး...ကြည့်ရတာတော့ မင်းက ဒီထဲကိုမတော်တဆရောက်လာတာထင်တယ်...မင်းက တော်တော်ကံဆိုးတဲ့ကောင်ပဲ...ဒီနေရာကိုရောက်လာမှတော့ မင်း သေပေတော့"
သူ၏အမြင်အရ လုယွီသည် ဤနေရာသို့ မတော်တဆဝင်ရောက်လာနိုင်ခြင်းသာ ဖြစ်ပေမည်။ ဤှကဲ့သို့ဆယ်ကျော်သက်ကလေးတစ်ယောက်အား သူက အစအနမကျန်အောင်ပင် သတ်ဖြတ်နိုင်ပေသည်။
ဘုန်း...
မီးခိုးရောင်ဝတ်စုံနှင့်လူ၏ခန္ဓာကိုယ်မှ အော်ရာများထုတ်လွှက်လိုက်ရာတွင် သူက တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေသည်။
"သဘာဝလွန်စွမ်းအားနယ်ပယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။
Chapter 485
သဘာဝလွန်စွမ်းအားနယ်ပယ်သည် တာအိုဒုတိယအဆင့်၏ပထမဆုံးကျင့်ကြံခြင်းနယ်ပယ်ဖြစ်သည်။ ဤကျင့်ကြံဆင့်နယ်ပယ်သို့ရောက်ရှိသွားသော ကျင့်ကြံသူတစ်ယောက်သည် သူ၏ကျန်းချီများကို သဘာဝလွန်စွမ်းအားများအဖြစ်ပြောင်းလဲပြီး လျှို့ဝှက်ဆန်းကြယ်သောမှော်ပညာရပ်များကို ထုတ်ဖော်အသုံးပြုနိုင်ပေမည်။
တာအိုပထမဆင့်ရောက်ရှိသူများကို ကျင့်ကြံသူများဟုခေါ်ဆိုနိုင်ပြီး တာအိုဒုတိယဆင့်ရောက်ရှိသူများကမူ အစစ်အမှန်အင်မော်တယ်များအဖြစ်သို့ခြေချနိုင်ပြီဖြစ်သော ကျင့်ကြံသူများဟု သတ်မှတ်နိုင်သည်။
ထို့ပြင် ကျင့်ကြံသူတစ်ယောက်သည် တာအိုဒုတိယဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားနိုင်ပါက သူ၏ဘဝသက်တမ်းသည် သာမာန်ထက်များစွာပို၍ ရှည်ကြာနိုင်ပေသည်။ သဘာဝလွန်စွမ်းအားနယ်ပယ်သို့ ချဥ်းနင်းဝင်ရောက်နိုင်သော ကျင့်ကြံသူသည် သက်တမ်းနှစ်ငါးရာထိ အသက်ရှည်နိုင်လေ၏။
"လူတွေများများပိုသေလေ...ပိုကောင်းလေပဲ...ငါက ယဇ်ပူဇော်ခြင်းကိုကြီးမားအောင်လုပ်နိုင်ရင် ငါ့အတွက်ဆုလဒ်တွေ ပိုများလာလိမ့်မယ်...ဟား..ဟား.."
မီးခိုးရောင်ဝတ်စုံနှင့်လူသည် ဤအချိန်တခဏတွင် ရူးသွပ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေပေသည်။ သူ၏လက်ဖြင့် သင်္ကေတတချို့ကိုဖွဲ့စည်းလိုက်ရာတွင် ယင်လေပြင်းများတိုက်ခတ်လာပြီး သရဲတစ္ဆေတို့၏အော်ဟစ်မြည်တမ်းသံများက တစ်ခဏချင်း ပျံ့နှံ့လာခဲ့သည်။
မီးခိုးရောင်ဝတ်စုံနှင့်လူ၏ရှေ့၌ အဆုံးမရှိသောသဘာဝလွန်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော အနက်ရောင်သံကြိုးကြီးတစ်ချောင်းထွက်ပေါ်လာပြီး လုယွီထံသို့ဦးတည်၍ ပြင်းပြင်းထန်ထန်ရိုက်ခတ်လာလေ၏။
ဤကျင့်ကြံသူသည် ကျိုးဟန်ကဲ့သို့ ဖြတ်လမ်းနည်းဖြင့်တာအိုဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည့်လူစားမျိုးမဟုတ်ချေ။ သူသည် အစစ်အမှန် သဘာဝလွန်စွမ်းအားနယ်ပယ်ကျင့်ကြံသူဖြစ်ပေသည်။
တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သောစစ်သားထောင်ပေါင်းများစွာအနက် အသက်ရှင်သန်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှမရှိခြင်းမှာ အံ့အားသင့်စရာမရှိတော့ချေ။
လုယွီက နဂါးပျံခြေလှမ်းကိုအသုံးပြု၍ ရှောင်တိမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် မြောက်များစွာသောအနက်ရောင်ပုံရိပ်များအဖြစ် အရပ်မျက်နှာအနှံ့သို့ခွဲထွက်၍ ရှောင်တိမ်းလိုက်ပေ၏။
ဘုန်း...
သံကြိုးကြီးက မြေပြင်နှင့် အပြင်းအထန်ရိုက်ခတ်မိလေသည်။
"ပုန်းနေတာလား...မင်း ဘယ်နေရာမှာ ပုန်းနိုင်မှာမို့လဲ"
မီးခိုးရောင်ဝတ်စုံနှင့်လူသည် သူ၏သံကြိုးကြီးကိုလွှဲယမ်းပြီး လုယွီရှိနေသောနေရာ၏ဘေးပတ်လည်ကို ဝိုင်းရံထားလိုက်၏။
"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ"
လုယွီ၏လက်ချောင်းထိပ်များမှ ဆေဘာချီသုံးလှိုင်းထွက်လာပြီး အရပ်မျက်နှာအနှံ့အပြားအား ဝေ့ဝိုက်၍တိုက်ခတ်သွားလေရာ တချွင်ချွင်မြည်သံများနှင့်အတူ သံကြိုးကြီးအား ကြိမ်ဖန်များစွာ ထိတွေ့မိတော့သည်။
တစ်ချိန်တည်းမှာပင် လုယွီက ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သံကြိုး၏ဝိုင်းရံထားမှုမှ ဖောတ်ထွက်လိုက်၏။
"အာ...မင်းရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်က မဆိုးဘူး"
မီးခိုးရောင်ဝတ်စုံနှင့်လူက သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"ဒါပေမယ့် ဒါကအဆုံးသတ်ပဲ"
မီးခိုးရောင်ဝတ်စုံနှင့်လူက သူ၏လက်ကိုဆန့်တန်းလိုက်ရာတွင် ပတ်ဝန်းကျင်ရှိလေထုသည် ရုတ်တရက် ဖိနှိပ်နိုင်သောဖိအားတစ်ရပ်အဖြစ်သို့ ဖွဲ့စည်းသွားခဲ့သည်။
ပြင်းထန်သော ဖိနှိပ်နိုင်သည့်အော်ရာတစ်ရပ်က လုယွီထံသို့ ကျရောက်လာလေ၏။
လုယွီက အနည်းငယ်မျှပင် တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏အင်္ကျီလက်မောင်းကြားမှပိုးမွှားတစ်ကောင်ကိုထုတ်ယူပြီး ကိုင်ဆောင်ထားလေသည်။
ဤပိုးမွှားအား အင်ပါယာမင်း၏ခန္ဓာကိုယ်အတွင်းမှရရှိခဲ့ခြင်းပင်။ ထိုအချိန်ကတည်းက လုယွီသည် ရှေးဦးအဆိပ်ပြင်းပိုးမွှားအား ယူဆောင်လာခဲ့သည်။
လုယွီ၏လက် လှုပ်ရှားလိုက်ရာတွင် ရှေးဦးအဆိပ်ပြင်းပိုးမွှားသည် အနက်ရောင်အရိပ်အဖြစ်ပျံဝဲသွားပြီး မီးခိုးရောင်ဝတ်စုံနှင့်လူပေါ်သို့ တည့်တည့်မတ်မတ်ကျရောက်သွားလေ၏။
"ကလေးကလား အကွက်တွေ"
မီးခိုးရောင်ဝတ်စုံနှင့်လူက အထင်အမြင်သေးပုံဖြင့် ရှေးဦးအဆိပ်ပြင်းပိုးမွှားအား သူ၏လက်ဖြင့်ရိုက်ထုတ်လိုက်သည်။
သို့ရာတွင် သူ၏လက်ချောင်းများက ရှေးဦးအဆိပ်ပြင်းပိုးမွှားကို ထိတွေ့မိသည်နှင့် သူက အချိန်တခဏကြာကြက်သေသေသွားပြီးနောက် ချက်ချင်းပင် သူ၏လက်ကိုပြန်ရုတ်သိမ်းလိုက်၏။
"ကောင်လေး...မင်းရဲ့အဆိပ်က ငါ့အတွက်ဘာမှအရေးမပါဘူး"
မီးခိုးရောင်ဝတ်စုံနှင့်လူသည် သရော်တော်တော်ပြောဆိုနေပေသည်။
"သုံး...နှစ်...တစ်..."
လုယွီက တိတ်တဆိတ်သာ နံပါတ်စဥ်ရေတွက်နေလေ၏။
"မင်းက ဘာလို့နံပါတ်ရေနေတာလဲ"
မီးခိုးရောင်ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်ရင်းမှ ပြောဆိုလိုက်သည်။
"အသက်ရှုချိန်ဆယ်ကြိမ်စာ ကုနဆုံးသွားပြီ"
"မင်းသေဖို့အချိန်ကို ရေတွက်နေတာလား...ဟီး ဟီး...ဘာမှစိတ်ပူမနေနဲ့...မင်းရဲ့အလောင်းကို ငါက ပြင်ပလေဟာနယ်ကထိပ်သီးကျွမ်းကျင်သူတစ်ယောက်ကိုယဇ်ပူဇော်တဲ့နေရာမှာအသုံးပြုမှာ...မင်းရဲ့သေဆုံးခြင်းက အသုံးဝင်မှတော့ အစွမ်းထက်တဲ့လူတစ်ယောက်အဖြစ် ပြန်ဝင်စားမှာသေချာတယ်"
မီးခိုးရောင်ဝတ်စုံနှင့်လူသည် လုယွီအား လှောင်ပြောင်သရော်နေပေသည်။
"ခင်ဗျားရဲ့လက်မောင်းကို ခင်ဗျားပြန်ကြည့်လိုက်ဦး"
လုယွီက လက်ညှိုးညွှန်ပြလိုက်၏။
"ငါရဲ့အာရုံကို ပျံလွင့်စေချင်နေတာလား...ဟား...ဟား"
မီးခိုးရောင်ဝတ်စုံနှင့်လူက သူ့လက်မောင်းအားသူ တစ်ချက်ပြန်ကြည့်မိသွားသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားလေ၏။ သူ၏လက်မောင်းတွင် အနက်ရောင်မျဥ်းကြောင်းတစ်ခုရှိနေခြင်းကို သူ မြင်တွေ့ရသည်။ ထိုမျဥ်းကြောင်းက သူ၏လက်မောင်းတစ်လျှောက်လုံး၌ ရှိနေပေသည်။
"ဒါက ဘာအဆိပ်လဲ"
မီးခိုးရောင်ဝတ်စုံနှင့်လူသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူက အံ့တင်းတင်းကြိတ်ပြီး သူ၏လက်မောင်းကို သူကိုယ်တိုင်ခုတ်ဖြတ်လိုက်၏။
လက်ပြတ်ကြီးသည် မြေပြင်ပေါ်သို့ကျရောက်သွားပြီးနောက် အသက်အနည်းငယ်ရှုချိန်အတောအတွင်းမှာပင် နက်မှောင်သွားပြီး နောက်ဆုံး၌ အနက်ရောင်သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မီးခိုးရောင်ဝတ်စုံနှင့်လူ၏ခန္ဓာကိုယ်ရှိ လက်ပြတ်သွားသောနေရာမှ သွေးများယိုစီးကျလာခဲ့သည်။
"ငါ မင်းကိုအသက်ရှင်ရက် အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"
သူက အော်ဟစ်ကြုံးဝါးပြီး လုယွီထံသို့ ပြေးဝင်သွားတော့သည်။
သို့ရာတွင် ထိုအချိန်တခဏ၌...
ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ပတ်ဝန်းကျင်နေရာတစ်ခုလုံး တုန်ခါနေလေသည်။
"ဟား ဟား ဟား...ထိပ်သီးကျွမ်းကျင်သူ ပေါ်ထွက်လာပြီ"
မီးခိုးရောင်ဝတ်စုံနှင့်သူက ဝမ်းသာအားရ အော်ဟစ်နေတော့သည်။