← Chapters

အခန်း (၄၈၆-၄၉၀)

Vol. 26-30 Ch. 486-490

အခန်း (၄၈၆-၄၉၀)

Vol. 26-30 Ch. 486-490

Chapter 486

ဤအချိန်အခိုက်အတန့်၌ မီးခိုးရောင်ဝတ်စုံနှင့်လူ၏မျက်လုံးများအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

သူက ဤအချိန်အခါသို့ရောက်ရှိရန် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ရသည်။

"မင်း ကံကောင်းသွားတယ်...ကောင်ပိစိလေး...ငါ ဒီနေ့ မင်းကိုဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး"

မီးခိုးရောင်ဝတ်စုံနှင့်လူက လုယွီအားတစ်ချက်ကြည့်လိုက်သော်လည်း သူထံ၌သတ်ဖြတ်လိုသောစိတ်ဆန္ဒများမရှိတော့ချေ။

သူက ပို၍အရေးကြီးသောကိစ္စရပ်အား လုပ်ဆောင်ရပေမည်။

"မြေအောက်နယ်မြေရဲ့စစ်ထူလီက စီနီယာကို သွေးယဇ်နဲ့ပူဇော်ပါတယ်...ကျေးဇူးပြုပြီး စီနီယာက ကျွန်တော်ကိုတပည့်အဖြစ်လက်ခံပြီး ကျွန်တော်ကိုကံကြမ္မာကောင်းပေးပါ"

မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော စစ်ထူလီက မြေပြင်ပေါ်၌ ဒူးထောက်၍အရိုအသေပြုနေလေ၏။

ခရက်...ခရက်....

ခပ်အုပ်အုပ်အက်ကွဲသံတချို့ထွက်ပေါ်လာပြီးနောက် လုယွီတို့နှစ်ယောက်၏ရှေ့ရှိ ကြီးမားသောရုပ်ထုကြီးသည် စတင်၍တုန်ခါလာခဲ့သည်။

ရုပ်ထုကြီးအားတုပ်နှောင်ထားသောသံကြိုးများသည် လေထုအတွင်းမှမမြင်နိုင်သောဓားများဖြင့် ဖြတ်တောက်ခြင်းခံလိုက်ရသကဲ့သို့ သံကြိုးတစ်ကြိုးပြီးတစ်ကြိုး မြေပြင်ပေါ်သို့ပြုတ်ကျလာလေ၏။

လုယွီ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူက ရုပ်ထုကြီးနှင့်ဝေးရာသို့ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

"အနည်းဆုံးတော့ မင်းကဥာဏ်ကောင်းသားပဲ...ငါ့ကို ထိပ်သီးကျွမ်းကျင်သူက အသိအမှတ်ပြုပြီးတာနဲ့ ငါ မင်းကိုသတ်မယ်"

လုယွီ၏လှုပ်ရှားမှုကို သတိပြုမိသွားသော စစ်ထူလီ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများထင်ဟပ်နေပေ၏။

"စီနီယာကျင့်ကြံသူ...ကျေးဇူးပြုပြီး ကျွန်တော်ကို ကံကြမ္မာကောင်းချီးမြှင့်ပေးပါ"

စစ်ထူလီက မြေပြင်ပေါ်၌ ဆက်လက်၍ဒူးထောက်ပြီး အော်ဟစ်နေလေသည်။

ရုပ်ထုကြီးသည် အချိန်တခဏကြာလှုပ်ယမ်းနေပြီး နောက်ဆုံး၌ ရပ်တန့်သွားခဲ့သည်။

ရုပ်ထုကြီး၏အလယ်ဗဟိုမှ အက်ကွဲကြောင်းတစ်ခုစတင်ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ရုပ်ထုအောက်ခြေထိပျံ့နှံ့လာပေ၏။

ဘုန်း...

လက်တစ်ဖက်က ရုပ်ထုကြီး၏အက်ကွဲကြောင်းမှ ပြင်ပသို့ထွက်ပေါ်လာခဲ့သည်။

ထိုလက်တစ်ဖက်ထွက်ပေါ်လာသည့်အချိန်တခဏတွင် ရုပ်ထု၏နံဘေးပတ်ဝန်းကျင်ရှိဝင်္ကပါများ ချက်ချင်းပင်လင်းလက်တောက်ပသွားပြီး မှိန်နေသောဖယောင်းတိုင်များပင် ထွန်းညှိပြီးသားဖြစ်သွားသည်။

ဝင်္ကပါမှ ရွှေရောင်သင်္ကေတများ ရုတ်တရက် စတင်တုန်ခါလာပြီးနောက် ရွှေရောင်အလင်းတန်းများက ရုပ်ထုကြီးမှဆန့်ထွက်လာသောလက်တစ်ဖက်ထံသို့ တိုးဝင်၍ရိုက်ခတ်လေ၏။

"ထွက်သွားစမ်း"

ရုပ်ထုကြီးမှ အော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဘုန်း....ဘုန်း....ဘုန်း...

ရွှေရောင်သင်္ကေတများမှ အက်ကွဲသံတစ်သံပြီးတစ်သံက ပတ်ဝန်းကျင်နေရာအနှံအပြား၌ ပဲ့တင်ထပ်နေပေ၏။

ရုပ်ထုကြီးထံမှ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံအောက်တွင် ရွှေရောင်သင်္ကေတအများအပြားလောင်ကျွမ်းသွားခဲ့သည်။ ၎င်းတို့က ရုပ်ထုကြီးအား ဆက်လက်၍ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။

"ငါကို ဘယ်သူက ကယ်တင်တာလဲ"

ခပ်အက်အက်အသံတစ်သံက ရုပ်ထုကြီးမှထွက်ပေါ်လာခဲ့သည်။

ရုပ်ထုကြီးအတွင်းမှနေ၍ ဦးခေါင်းတစ်လုံးက ဖြည်းဖြည်းချင်းတိုးထွက်လာလေ၏။

ထိုဦးခေါင်းသည် လူသားတစ်ယောက်၏ပုံပန်းသွင်ပြင်ရှိသော်လည်း အမွှေးငုတ်တိုများအပြည့်ဖြစ်နေပြီး သူ့ပါးစပ်ပြင်ပသို့ထွက်နေသောကြီးမားသည့် အစွယ်တစ်စုံရှိနေသည်။

သူ၏မျက်နှာသည်လည်း ချိတ်စည်းသင်္ကေတများ အမာရွတ်များနှင့်ပြည့်နှက်နေပေသည်။ သူကိုကြည့်ရသည်မှာ ငရဲမှတက်လာသော ရှုရာတစ်ကောင်ကဲ့သို့ပင်။

သူ ထွက်ပေါ်လာသည်နှင့် သူ၏နံဘေးရှိလေထုပင်ရပ်တန့်သွားပုံရပြီး အမှောင်ထုအတွင်း၌ သူ၏မျက်နှာကြီးသာလျှင် အထင်းသားထွက်ပေါ်နေခဲ့သည်။

"စီနီယာကို အရိုအသေပြုပါတယ်...ကျွန်တော်က စီနီယာကို ကယ်တင်ခဲ့တာပါ"

စစ်ထူလီသည် မျှော်လင့်ချက်များဖြင့် ဝမ်းသာအားရဖြစ်နေပေ၏။

ရှုရာက ပြောဆိုလိုက်၏။

"ကောင်းပြီလေ...ငါ မင်းကို ကျေးဇူးတင်ပါတယ်...မင်း ဒီနေရာကိုလာခဲ့"

စစ်ထူလီသည် မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ ရှုရာ၏အနီးသို့ သွားရောက်လေသည်။

"ကျွန်တော်ရဲ့တစ်ခုတည်းသောဆန္ဒက စီနီယာကို ကျွန်တော်ရဲ့ဆရာသခင်အဖြစ်တင်မြှောက်ချင်တာပါ...ကျေးဇူးပြုပြီး စီနီယာက ကျွန်တော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ"

စစ်ထူလီက ရိုးသားမှုအပြည့်ရှိသောလေသံဖြင့် ပြောဆိုလေ၏။

"ငါကို ဆရာသခင်အဖြစ်တင်မြှောက်ချင်တာလား...ကောင်းတယ်...ကောင်းတယ်"

ရှုရာက အပြုံးနှင့်အတူ သူ၏လက်တစ်ဖက်အား စစ်ထူလီ၏ပခုံးပေါ်သို့ တင်လိုက်သည်။

"မင်းက ငါကို ဆရာအဖြစ်တင်မြှောက်ချင်တယ်ဆို...ဆရာအရိုအသေပြုပွဲအခမ်းအနားလေးလုပ်သင့်တာပေါ့"

ရှုရာက အပြုံးဖြင့်ပြောဆိုလိုက်၏။

"ဒါက ဖြစ်သင့်ပါတယ်"

စစ်ထူလီက ရုတ်တရက် သူ၏အင်္ကျီလက်မောင်းကြားမှ သေတ္တာငယ်တစ်လုံးကို ထုတ်ယူလေသည်။

သေတ္တာငယ်အတွင်း၌ တောက်ပနေသောပုလဲလုံးတစ်လုံးရှိနေသည်။

"ဒါက လောဟယ်ဘုရင်ရဲ့ပုလဲအမြူတေပါ...ဒီပစ္စည်းကို တပည့်သတ်ခဲ့တဲ့ နက်ရှိုင်းတဲ့ပင်လယ်ရေအောက်မှာနေတဲ့ သဘာဝလွန်စွမ်းအင်နယ်ပယ်သားရဲစီကရခဲ့တာ...ဒီပစ္စည်းနဲ့ဆရာကို ကြိုဆိုနှုတ်ဆတ်ဂါရဝပြုပါတယ်"

စစ်ထူလီက ရိုသေလေးစားသောလေသံဖြင့် ပြောဆိုလိုက်၏။

ရှုရာက စိတ်ကျေနပ်မှုရသွားသောအပြုံးမျိုးပြုံးနေပေသည်။

"ကောင်းတယ်...ဒီလက်ဆောင်က ငါကိုအရမ်းစိတ်ကျေနပ်စေတယ်"

ရှုရာက စစ်ထူလီအား ထပ်မံ၍ကြည့်နေလေသည်။

"ဒါပေမယ့်...မင်းက ငါရဲ့တပည့်ဖြစ်ချင်တယ်ဆိုရင်...မင်း ငါအတွက်ကိစ္စတစ်ခုလုပ်ပေးရလိမ့်မယ်"

စစ်ထူလီက အလျှင်စလိုပင် ခေါင်းညိမ့်ပြလေ၏။

"ဆရာသခင်...ကျေးဇူးပြုပြီးပြောပါ"

ရှုရာ၏မျက်နှာပေါ်၌ ဟန်ဆောင်ပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။

"မင်းရဲ့သွေးတွေ...ငါကိုဌားစမ်း"

Chapter 487

စစ်ထူလီ တွေဝေနေသောအချိန်မှာပင် ရှုရာက သူ၏လက်သည်းများအားဆန့်ထုတ်ပြီး စစ်ထူလီအားဖမ်းဆုပ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် စစ်ထူလီသည် တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေ၏။ သူ၏မသိစိတ်မှနေ၍ အလိုအလျောက်တုန့်ပြန်မှုကြောင့် ထိုကြမ်းကြုတ်ရက်စက်သောလက်သည်းကုတ်ချက်ကို ရှောင်လွှဲနိုင်ခဲ့သည်။

သို့ရာတွင် သူ၏ပခုံးကမူ စူးရှသောလက်သည်းများနှင့်ကုတ်ခြစ်မိခြင်းခံရသည့်အတွက် နက်ရှိုင်းသောပြတ်ရှရာများ ကြွင်းကျန်ရစ်သည်။ ထိုဒဏ်ရါများမှ သွေးများ ချက်ချင်းပင်ယိုစီးကျလာလေ၏။

"ပြွတ်...ပြွတ်...သွေးအရသာက ကောင်းလိုက်တာ"

ရှုရာက သူ၏လက်ချောင်းများမှသွေးများကို သူ့လျှာဖြင့် လျက်နေခဲ့သည်။ သူ၏မျက်နှာပေါ်၌ ကြမ်းကြုတ်ရက်စက်သည့်အပြုံးမျိုးကို ထုတ်ဖော်ပြသထားလေ၏။

ရှပ်....ရှပ်...

စစ်ထူလီသည် နောက်သို့ခြေလှမ်းများစွာဆုတ်ပြီး မယုံကြည်နိုင်ပုံဖြင့် မေးမြန်းလိုက်သည်။

"ငါ မင်းကို ကယ်တင်ခဲ့တယ်လေ...ဒါပေမယ့် မင်းက ငါကိုသတ်ချင်နေတာလား"

"ဟား ဟား ဟား...အမှန်ပဲ...ငါ မင်းကိုသတ်မယ်"

ရှုရာက လေထုအတွင်းသို့ ခုန်တက်သွားပြီး စစ်ထူလီထံသို့ လက်ဝါးဖြင့်ရိုက်နှက်လိုက်သည်။

ထိုအချင်းအရာကိုမြင်သည်နှင့် စစ်ထူလီသည် မန္တာန်တစ်ပုဒ်ကို အလျှင်အမြန်ရွတ်ဆိုလေ၏။

အချိန်မဆိုင်းဘဲ ကြီးမားသောကျန်းချီဒိုင်းကြီးက စစ်ထူလီ၏ရှေ့၌ ပေါ်ထွက်လာပေသည်။

ဧရာမကျန်းချီဒိုင်းကြီး၏နံဘေးပတ်လည်တွင် အလင်းရောင်လွှာတစ်လွှာက လှည့်ပတ်နေခဲ့သည်။ ဤသည်က အလွန်လျှို့ဝှက်ဆန်းကြယ်ပုံရသည့် မြင်ကွင်းဖြစ်ပေ၏။

ခရက်....

ရှုရာ၏လက်ဝါးက ကျန်းချီဒိုင်းပေါ်သို့ အပြင်းအထန်ကျရောက်လာခဲ့သည်။ ကျန်းချီဒိုင်းကြီးသည် အလွန်ခိုင်ခံပုံရသော်လည်း ရှုရာ၏လက်အတွင်း၌မူ စက္ကူပြားတစ်ချပ်ကဲ့သို့ ပြိုကွဲသွားလေ၏။

"မင်း ဘာတက်နိုင်သေးလဲ...ဒီလေါက်အရည်အချင်းနဲ့ ငါ့တပည့်ဖြစ်ဖို့ထိုက်တန်ရဲ့လား"

ရှုရာက ပြက်ရယ်ပြုနေပေသည်။

ရှုရာက ရုတ်တရက် စစ်ထူလီ၏လက်တစ်ဖက်ကို လိမ်ချိုးလိုက်ရာတွင် အရိုးကျိုးသံတချို့ထွက်ပေါ်လာလေ၏။ စစ်ထူလီ၏လက်မောင်းသည် ပုံပျက်ပန်းပျက်နှင့် တွဲလောင်းကျနေတော့သည်။

စစ်ထူလီ၏လက်မောင်းတစ်ဖက်သည် ရှေးဦးအဆိပ်ပြင်းပိုးမွှား၏ကိုက်မှုကြောင့် အဆိပ်သင့်သွားသဖြင့် သူ့လက်ကိုသူဖြတ်တောက်ပစ်ခဲ့ရသည်။ သို့ရာတွင် ရှုရာနှင့်တွေ့ဆုံပြီးနောက် သူ၏တခြားလက်တစ်ဖက် ကျိုးသွားလိမ့်မည်ဟု သူ ထင်မထားမိချေ။

စစ်ထူလီသည် တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူက ပြင်းထန်သောနာကျင်မှုကိုခံစားနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေပေ၏။

"ငါ မယုံကြည်နိုင်ဘူး"

စစ်ထူလီက နီမြန်းနေသောမျက်လုံးများဖြင့် အော်ဟစ်လိုက်တော့သည်။

"ငါက ရှုရာမိသားစုရဲ့ရှေးဟောင်းမှတ်တမ်းတွေကနေပြီး ဒီနေရာမှာ အစွမ်းထက်တဲ့နတ်ဆိုးတစ်ကောင် ချိတ်ပိတ်ခံထားရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိခဲ့ရတယ်...တစ်ကယ်လို့ ဘယ်သူမဆို အဲ့ဒီနတ်ဆိုးကိုကယ်တင်နိုင်ရင်..ကံကြမ္မာကောင်းပိုင်ဆိုင်ရမယ်ဆိုတာရောပဲ"

"ငါက အဲ့ဒီရှေးဟောင်းမှတ်တမ်းကိုရဖို့ နှစ်တွေအကြာကြီး ကြိုးစားခဲ့ရတယ်...ဒါပေမယ့် ဘာလို့ ခုလိုအဆုံးသတ်မျိုးနဲ့ ငါကကြုံတွေ့ရတာလဲ"

ရှုရာက သရော်တော်တော် ပြောဆိုလိုက်၏။

"တစ်ကယ်လို့ မင်း အရင်နှစ်အနည်းငယ်လောက်ကသာ ငါကိုကယ်တင်ခဲ့ရင်...ငါ မင်းဆန္ဒတွေကို တကယ်ဖြည့်ဆည်းပေးမှာ...ဒါပေမယ့် ငါ ဒီနေရာမှာ ဘယ်လောက်ကြာကြာ ဖိနှိပ်ခံထားရတယ်ဆိုတာ မင်းသိလား"

"ငါက ဒီတိတ်ဆိတ်ငြိမ်သက်နေတဲ့အကျဥ်းထောင်ထဲမှာ တစ်နှစ်ပြီးတစ်နှစ်နေခဲ့ရတယ်...ပထမပိုင်းတော့ တစ်ယောက်ယောက်က ငါကိုအပြင်ထုတ်ပေးနိုင်မယ်ဆိုရင်...အဲ့ဒီလူကိုအဆပေါင်းများစွာပြန်ပေးဆပ်မယ်လို့ ငါ ကတိပြုခဲ့တယ်...ဒါပေမယ့် အခုတော့....တစ်ကယ်လို့ တစ်ယောက်ယောက်က ငါကိုကယ်တင်မယ်ဆိုရင်...ငါ အဲ့ဒီလူရဲ့ အရိုးနဲ့အရည်ပြားကိုခွါထုတ်ပစ်ပြီး သူရဲ့ဝိညာဥ်ကိုတသက်လုံးကျွန်ပြုပစ်မယ်...အဲ့ဒီလူက ပြန်လည်မွေးဖွားခြင်းစက်ဝန်းကိုတောင် ဘယ်တော့မှမဝင်နိုင်စေရဘူး"

စစ်ထူလီသည် ရုတ်တရက်ဒေါသတကြီးအော်ဟစ်ပြီးနောက် သူ၏သိုလှောင်အိတ်အတွင်းမှ အဆောင်တစ်ခုကိုထုတ်ယူလိုက်သည်။

ထိုအဆောင်သည် ကောင်းကင်သို့ပျံတက်သွားပြီးနောက် ချက်ချင်းပင် အကန့်အသတ်မရှိသောအနီရောင်အလင်းတန်းများထွက်ပေါ်လာခဲ့သည်။

ဘန်း....

ရှုရာ၏လက်အနီးတွင် ရုတ်တရက်အနက်ရောင်အခိုးအငွေ့များထွက်လာပြီးနောက် စစ်ထူလီ၏ပုံရိပ်သည် ဝါးနှစ်ပြန်စာအကွာအဝေးခန့်၌ပြန်လည်ထွက်ပေါ်လာပြီး အဝေးသို့ပျံဝဲထွက်ပြေးလေ၏။

ရှုရာက အေးစက်စက်နှာမှုတ်ပြီး စစ်ထူလီထွက်ပြေးသောနေရာသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

ထိုလက်ဝါးကျရောက်သွားသော လေဟာနယ်ပင်အနည်းငယ်ပုံပျက်သွားပေ၏။ အဝေးတနေရာမှ စစ်ထူလီသည် စူးစူးရှရှနာကျင်စွာအော်ဟစ်ပြီး လေထုအတွင်းမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရှုရာ၏လက်ဝါးရိုက်ချက်သည် စစ်ထူလီအား သတ်ဖြတ်နိုင်ခြင်းမရှိတော့ချေ။ စစ်ထူလီက အချိန်အနည်းငယ်တွန့်လိမ်နေပြီးနောက် သူ၏ကြောက်ရွံမှုအပြည့်ရှိနေသောမျက်နှာနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

"ကြည့်ရတာတော့...ငါ ဒီနေရာမှာ အချိန်အကြာကြီးပိတ်မိနေလို့ ငါ့လက်ရည်နည်းနည်းကျသွားပုံပဲ"

ရှုရာက ပူဆွေးဝမ်းနည်းနေသောလေသံဖြင့် ရေရွတ်နေပေ၏။

"လူသားသွေး...ငါ သွေးတွေအများကြီးလိုအပ်နေတယ်"

ရုတ်တရက် ရှုရာက လုယွီအား ကြည့်လိုက်၏။

"ကောင်လေး...မင်းရဲ့သွေးက အရမ်းကောင်းမှာပဲ"

ရှုရာသည် သူ၏နှုတ်ခမ်းအား လျှာဖြင့်သပ်နေလေသည်။

လုယွီက သူ၏ရှေ့ရှိ ကြမ်းကြုတ်ရက်စက်သောရှုရာကို စိုက်ကြည့်နေလေ၏။ အချိန်အတော်ကြာသည်အထိ သူက စကားပြောဆိုခြင်းမရှိချေ။

ထို့နောက်တွင်မူ လုယွီက သက်ပြင်းချလိုက်၏။

"ဟူး....ပြန်တွေးကြည့်ရင် ငါ မင်းကို မသတ်ခဲ့တာက...အမှားကြီးတစ်ခုကို ငါ ကျူးလွန်ခဲ့မိပုံပဲ"

Chapter 488

လုယွီက ရှုရာကို တည့်တည့်မတ်မတ် စူးစိုက်ကြည့်နေလေ၏။

"အချိန်တွေကြာလာရင် လူတွေရဲ့အကျင့်စရိုက်ပြောင်းလဲသွားမယ်လို့ ငါ ထင်ခဲ့တယ်...ဒါပေမယ့် ငါ မင်းကိုတွေ့တဲ့အချိန်မှာ ငါထင်တာမှားသွားပြီဆိုတာကို သိခဲ့ရတယ်...တစ်ချို့လူတွေက သူတို့ရဲ့အကျင့်စရိုက်ကို ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး"

"ဟီး ဟီး...မင်း အကြောက်လွန်ပြီး သွေးရူးသွေးတန်းစကားတွေပြောနေတာလား"

ရှုရာက သူ၏လက်ချောင်းများမှသွေးများကို လျက်နေရင်းမှ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

"ငါရဲ့အရင်ခွန်အားကို ငါ အမြန်ပြန်ရချင်တယ်...ဒီသွေးတွေက ငါ့အတွက်မလုံလောတ်သေးဘူး..ငါကို မင်းရဲ့သွေးတွေပေးစမ်း"

ရှုရာသည် စကားပြောဆိုနေရင်းမှ လုယွီအား သူ၏လက်ဖြင့်ဖမ်းဆုပ်လိုက်သည်။ သူ၏စူးရှသောလက်သည်းများဖြင့် လှုပ်ရှားမှုသည် အလွန်လျှင်မြန်သဖြင့် လုယွီအားထိတွေ့လုနီးပါးပင်။

"မင်ခွမ်း...ငါ ဘယ်သူလဲဆိုတာ မင်းသေချာကြည့်စမ်း"

လုယွီက အေးစက်စက်အော်ငေါက်လိုက်၏။

ရှုရာ၏ခန္ဓာကိုယ် ရုတ်တရက်ရပ်တန့်သွားလေသည်။ မင်ခွမ်းသည် သူ၏အစစ်အမှန်နာမည်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာတစ်သောင်းလောကတွင်ပင် သူ၏နာမည်ရင်းကို လူအနည်းငယ်သာလျှင် သိရှိထားကြသည်။

လုယွီ၏မျက်လုံးများကိုစူးစိုက်ကြည့်နေသော မင်ခွမ်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ကြောက်ရွံမှုများဖြင့် ဖုံးလွှမ်းလာခဲ့သည်။

ဒေါက်....

သူက မြေပြင်ပေါ်၌ဒူးထောက်ပြီး ချက်ချင်းပင်အရိုအသေပြုလိုက်၏။

"ဆရာသခင်...တပည့်က ဒီကိစ္စကိုရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး...ဒီတပည့်က လူတွေထပ်ပြီးမသတ်တော့ပါဘူး"

စကားဆုံးသည်နှင့် မင်ခွမ်း၏စိတ်နှလုံးသားသည် ကြောက်ရွံမှုများဖြင့်သာ ဖုံးလွှမ်းနေခြင်းကြောင့် မြေပြင်အားခေါင်းနှင့်အဆက်မပြတ်တိုက်ကာ အရိုအသေပြုနေလေသည်။

လုယွီက သူ၏ရှေ့ရှိလူကိုကြည့်နေရင်းမှ သူ၏အတွေးများက ပို၍ရှုပ်ထွေးလာခဲ့သည်။ ဤသူက သွေးကျွန်နှင့်မတူညီသည်မှာ မင်ခွမ်းသည် အတိတ်ဘဝက သူ၏တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပေ၏။

မင်ခွမ်းသည်လည်း စကြာဝဠာခန္ဓာကိုယ်အမျိုးအစားကိုပိုင်ဆိုင်ထားခဲ့သည်။ သို့ရာတွင် သူက သာမာန်မိသားစုမှမွေးဖွားလာသူဖြစ်၍ သူ၏စကြာဝဠာခန္ဓာကိုယ်အတွက် ကျင့်ကြံမှုအရင်းအမြစ်များအား ထောက်ပံမည့်သူမရှိချေ။

ထို့ကြောင့် မင်ခွမ်းသည် အလွန်ပင်ပန်းခက်ခဲစွာ ကျင့်ကြံခဲ့ရသည်။ စိတ်ဝိညာဥ်စွမ်းအင်နည်းပါးသောသေမျိုးနိုင်ငံမှာပင် မင်ခွမ်းသည် တာအိုဒုတိယဆင့်သို့ချိုးဖျက်ဝင်ရောက်နိုင်ခဲ့၏။

သို့ရာတွင် ကဏဦးအစ ဆိုးရွားသောကျင့်ကြံမှုပတ်ဝန်းကျင်တွင် ကျင့်ကြံခဲ့ခြင်းကြောင့် မင်ခွမ်းသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ဖမ်းဆီးခြင်းခံရပြီး ထိုသူ၏ကျေးကျွန်ဖြစ်ခဲ့ရသည်။

မင်ခွမ်းတွေ့ကြုံခဲ့ရသည့်အခြေအနေများကို မည်သူကမျှမသိရှိကြသော်လည်း သူ၏ရုပ်ပန်းသွင်ပြင်မှာ ပုံပျက်လာခဲ့သည်။

လုယွီက မင်ခွမ်းအား တပည့်အဖြစ်ရွေးချယ်ခဲ့သော အကြောင်းအရင်းကိုပြန်တွေးကြည့်လျှင် သူ၏လုံလဝိရိယရှိမှုကြောင့်ပင်။

မင်ခွမ်းသည် အမှန်တကယ်ကိုပင် ကြိုးစားလွန်းသူတစ်ယောက်ဖြစ်ပေ၏။ မြေအောက်လောကတာအိုသခင်၏အစွမ်းထက်သော ကျင့်ကြံမှုအရင်းအမြစ်များထောက်ပံမှုကြောင့် မင်ခွမ်း၏ခွန်အားသည် ခုန်ပေါတ်တိုးတက်လာခဲ့သည်။

အချိန်မကြာမီမှာပင် သူက လုယွီ၏တပည့်ခေါင်းဆောင် ဖြစ်လာလေ၏။

သို့သော် မင်ခွမ်းသည် အတိတ်တွင် သူကြုံတွေ့ခဲ့ရသောကိစ္စများကြောင့် အလွန်အမင်းသွေးဆာသူတစ်ယောက်ဖြစ်လာခဲ့သည်။ သူက လူများကိုစေလွှက်၍ သေမျိုးများနှင့်ကျင့်ကြံဆင့်ပျက်စီးနေသော ကျင့်ကြံသူများကို ရှာဖွေဖမ်းဆီးခဲ့သည်။

သူ၏ခြံဝန်းအနောက်ဘက်၌ ဧရာမသွေးကန်ကြီးကိုပင် သူကတည်ဆောက်ထားခဲ့သည်။ သူက သက်ရှိများကိုသတ်ဖြတ်၍ သွေးကန်အတွင်းနှစ်မြုပ်ကာ သူ၏ခွန်အားတိုးတက်စေရန် အသုံးပြုခဲ့လေသည်။

မြေအောက်လောကတာအိုသခင်၏တပည့်ခေါင်းဆောင်ဟူသော အဆင့်အတန်းကိုအသုံးပြု၍ မင်ခွမ်း၏လုပ်ဆောင်ချက်များသည် ပို၍ပို၍ရိုင်းစိုင်းမောက်မာလာပြီး နောက်ဆုံး၌ ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။

တစ်ချို့လူများက မင်ခွမ်းအပေါ်ထားရှိသည့် အမုန်းများနှင့်ရန်ငြှိုးများကိုသာ ထုတ်ဖော်ပြောဆိုခြင်းမရှိပါက လုယွီသည် သူ၏ဂုဏ်ယူရသောတပည့်ခေါင်းဆောင်က နတ်ဆိုးလမ်းစဥ်အားကျင့်ကြံနေခြင်းကို သိရှိမည်မဟုတ်ချေ။

ထိုအဖြစ်အပျက်များကိုကြားချိန်တွင် မြေအောက်လောကတာအိုသခင်သည် အလွန်စိတ်ဆိုးဒေါသထွက်သွားပြီး မင်ခွမ်းအား သုံးနှစ်အကျဥ်းချထားရန် အမိန့်ထုတ်လိုက်သည်။

သုံးနှစ်ကြာပြီးချိန်၌ မင်ခွမ်းသည် လွတ်မြောက်လာခဲ့သော်လည်း သူက လူများအား ဆက်လက်၍ဖမ်းဆီးသတ်ဖြတ်နေဆဲပင်။

ထို့ပြင် သူက မြို့သခင်တစ်ယောက်၏သမီးကို နှစ်သက်သဘောကျခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့သည်။ သူက ရှက်ရွံသွားပြီးစိတ်ဆိုးဒေါသထွက်စွာဖြင့် မြို့အတွင်းရှိသက်ရှိဟူသမျှကို သတ်ဖြတ်ခဲ့ရာ ထိုမြို့အတွင်း၌ သွေးများကမြစ်တစ်စင်းအလားပင် စီးဆင်းသွားခဲ့သည်။

မြေအောက်လောကတာအိုသခင်သည် ထိုကိစ္စကိုကြားချိန်တွင် ဆရာနှင့်တပည့် ဆက်ဆံရေးကိုဖြတ်တောက်ပစ်ခဲ့သည်။ သူက လူတစ်ယောက်ကို စေလွှက်ပြီး မင်ခွမ်းအား ​လူသူကင်းမဲ့သောသေမျိုးဂြိုလ်တစ်ခုထံ ဖမ်းဆီးပို့ဆောင့်ခိုင်းကာ မည်သည့်အချိန်မျှ ပြန်လာခွင့်မပြုတော့ချေ။

လုယွီက ဤဝရမ်းပြေးတပည့်မိုက်ကို ထပ်မံတွေ့ဆုံရလိမ့်မည်ဟု သူ မျှော်လင့်မထားမိခဲ့ချေ။

လုယွီက အေးစက်စက်ပြောဆိုလိုက်၏။

"မင်းရဲ့စကားတွေကို ငါ ယုံလိမ့်မယ်လို့...မင်း ထင်လား...တကယ်လို့ ငါရဲ့သရုပ်မှန်ကိုသာ ငါ ထုတ်ဖော်မပြောရင်...မင်း ငါကိုအစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မှာပဲမလား"

မင်ခွမ်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက ပြောဆိုလေသည်။

"ဘယ်လိုလုပ် လုပ်ရဲမှာလဲ...တပည့် မလုပ်ရဲပါဘူး...ဒီနှစ်တွေအတွင်းမှာ တပည့်ရဲ့စိတ်ကို ကျွန်တော်ပြောင်းလဲနိုင်ခဲ့တယ်...တပည့်က ထပ်ပြီးလူတွေကို မဆင်မခြင်မသတ်တော့ပါဘူး...အခုသေနေတဲ့လူတွေအားလုံးက ဟိုလူယုတ်မာက သတ်ဖြတ်ခဲ့တာပါ...ဒီတပည့်က အလောင်းတွေစီက သွေးတွေကိုပဲစုပ်ယူခဲ့တာ...အဲ့ဒီလူတွေကို တပည့်သတ်တာမဟုတ်ပါဘူး...ဆရာသခင်...တပည့်ကိုမြေအာက်လောကတစ်ဆယ့်ရှင်နယ်မြေကို ပြန်သွားခွင့်ပြုပါ...တပည့်က နောင်တရနေပါပြီ...တောင်းပန်ပါတယ်"

Chapter 489

လုယွီက မင်ခွမ်းကို အနည်းငယ်အံ့အားသင့်နေသောအကြည့်ဖြင့် ကြည့်နေလေသည်။ အချိန်အတော်ကြာမှသာလျှင် လုယွီက အသိပြန်ဝင်လာခဲ့၏။

မင်ခွမ်းအား နယ်နှင်ဒဏ်ပေးထားသောအချိန်တုန်းက လုယွီသည် မြေအောက်လောက၏အုပ်ချုပ်သူဖြစ်သည်။ နောက်ပိုင်းတွင် သူက ကောင်းကင်ဘုံအင်ပါယာအား စိန်ခေါ်တိုက်ခိုက်ပြီးနောက် သေဆုံးခဲ့ရသည်။ မင်ခွမ်းသည် မည်သည့်အခွင့်အရေးရရှိပြီးလွတ်မြောက်လာခဲ့သည်ကို သူ မသိရှိနိုင်ချေ။

တစ်ခြားတစ်ဘက်မှ မင်ခွမ်း၏အမြင်တွင်မူ လုယွီသည် မြေအောက်လောကတာအိုသခင်၏စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသော သာမာန်သေမျိုးတစ်ယောက်ဟုသာ ထင်နေမိသည်။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ငါက မင်းကိုအပြင်ထွက်ခွင့်ပေးပြီး ထင်ရာစိုင်းခိုင်းမယ်လို့ မင်း ထင်နေတာလား"

လုယွီ၏စိတ်နှလုံးသားသည် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေပေ၏။ ယခုလက်ရှိချိန်တွင် လုယွီသည် မင်ခွမ်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို အာရုံခံစားမိသည်။ အကယ်၍ လုယွီကသာ သရုပ်မှန်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပါက မင်ခွမ်းသည် မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ သတ်ဖြတ်မည်မှာမလွဲဧကန်ပင်။

မင်ခွမ်း၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားပြီနောက် သူက လုယွီအား အလျှင်စလိုခေါ်ဆိုလိုက်၏။

"ဆရာသခင်...တပည့်က........"

လုယွီက မင်ခွမ်း၏အဓိပ္ပါယ်မဲ့သောစကားများကို ထပ်မံနားထောင်လိုစိတ်မရှိတော့ချေ။ သူက ရုပ်ထုကြီးအား ညွှန်ပြလိုက်၏။

"မင်းဟာမင်း အဲ့ထဲပြန်ဝင်နေ...နောက်ထပ်ဆယ်နှစ်ကြာရင်...ငါ မင်းကိုအပြင်ထွက်ခွင့်ပြုမယ်"

မင်ခွမ်း၏မျက်လုံးများ တောက်ပသွားပေ၏။

"ဆရာသခင်...တကယ်ပြောတာလား"

လုယွီက မင်ခွမ်းအားကြည့်ရုံသာကြည့်နေပြီး စကားပြောဆိုခြင်းမရှိချေ။

မင်ခွမ်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက အလျှင်စလိုဖြင့် ထပ်မံပြောဆိုလိုက်၏။

"ဟုတ်ကဲ့ပါ ဆရာသခင်....ဒီတပည့်က ဆရာသခင်ရဲ့အမိန့်ကို နာခံပါမယ်"

မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိတော့ဘဲ မင်ခွမ်းက ရုပ်ထုအတွင်းသို့ပြန်ဝင်ရန် ဟန်ပြင်လိုက်တော့သည်။

"ငါ မင်းစီကို ဆယ်နှစ်အတွင်းပြန်လာခဲ့မယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

မင်ခွမ်းက သူ၏ခေါင်းကိုသာငြိမ့်ပြပြီး မည်သည့်အထွန့်တက်မှုမျှမရှိချေ။

လုယွီက ဤနေရာမှထွက်ခွါရန် နောက်သို့လှည့်လိုက်သည်။ သို့သော် ထိုအချိန်တခဏမှာပင် သူ၏နောက်ရှိမင်ခွမ်းက ရုတ်တရက် သူ့အားထိုးနှက်လိုက်လေ၏။

လုယွီ၏ခြေထောက်များ ဖျတ်ခနဲလှုပ်ရှားသွားပြီးနောက် သူတို့နှစ်ယောက်ကြားရှိအကွာအဝေးသည် ကျယ်ပြန့်သွားပေ၏။

"မင်း ဘာလုပ်ချင်တာလဲ"

လုယွီက အေးဆေးတည်ငြိမ်နေဆဲပင်။

"ငါ ဘာလုပ်ချင်တာလဲ ဟုတ်လား...ဟား ဟား ဟား...တာအိုသခင်...မင်းကိုယ်မင်း မြေအောက်လောကရဲ့အုပ်ချုပ်သူလို့ ထင်နေတုန်းပဲလား...ငါ မင်းကို ပြောပြမယ်...မင်း ကျရှုံးသွားခဲ့တာ အချိန်အတော်ကြာနေပြီ...မင်းက ခုချိန်မှာ လေလွင့်ဝိညာဥ်သက်သက်ပဲ"

မင်ခွမ်း၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"မင်း ပြောကြည့်...ငါကသာ အစွမ်းထက်တဲ့တာအိုသခင်ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်ကိုသာ ဝါးမြိုနိုင်မယ်ဆိုရင်...ငါရဲ့ကျင့်ကြံဆင့်က ဘယ်လောက်ထိတောင်တိုးတက်သွားမလဲ"

လုယွီ၏စိတ်နှလုံးသားသည် ယခင်က သူမတွေ့ကြုံဘူးသောအန္တရာယ်အငွေ့အသက်ကို ရုတ်တရက်ခံစားမိသဖြင့် အပြင်းအထန်ခုန်ပေါတ်နေပေသည်။ လုယွီ၏အတိတ်ဘဝတုန်းက မင်ခွမ်းသည် သူထက်ကျင့်ကြံဆင့်နိမ့်ကျသူဖြစ်လေ၏။ သို့ရာတွင် ယခုလက်ရှိ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်နှင့်မူ မင်ခွမ်းသည် သူ့အားခြိမ်းခြောက်နိုင်သောအန္တရာယ်ပင်။

"ဆရာသခင်လို့ ငါကို မင်းခေါ်ခဲ့တယ်...အခုက ငါ မင်းကို ဒီလိုမျိုးသင်ကြားပေးခဲ့လို့လား"

လုယွီ၏မျက်လုံးအကြည့်များ တဖြည်းဖြည်း အေးစက်တင်းမာလာခဲ့သည်။

"တစ်ကယ်လို့ ငါသာ မကူညီခဲ့ရင်...မင်း ကောင်းကင်ဘုံမိုးကြိုးအောက်မှာ သေနေလောတ်ပြီ"

"ဟုတ်တယ်...မင်း ငါကိုကယ်တင်ခဲ့တယ်...ဒါပေမယ့် စိတ်ပျက်ဖို့ကောင်းတာက မင်းရဲ့ရူးမိုက်တဲ့ သောက်စည်းမျဥ်းတွေနဲ့...ငါကို အချိန်အကြာကြီးချည်နှောင်ထားခဲ့တာလေ"

မင်ခွမ်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဒီနှစ်တွေ အမှောင်ထဲမှာ ငါတစ်ယောက်တည်း ဘယ်လိုနေခဲ့ရလဲဆိုတာ မင်းသိလား...ငါရဲ့ကျင့်ကြံမှုနည်းစနစ်က တစ်ခြားသူတွေရဲ့သွေးကိုစုပ်ယူပြီး ငါရဲ့ခွန်အားကိုတိုးတက်အောင်လုပ်တာ...ငါရဲ့ကျင့်ကြံမှုအတွက် ပုရွတ်ဆိတ်လိုကောင်တစ်ချို့ကို ငါ သတ်ခဲ့တယ်...ငါ ထာဝရအသက်ရှည်ဖို့အတွက် ငါ တက်စွမ်းသမျှအရာအားလုံးလုပ်ခဲ့တယ်...ဒါက မင်းကို တကယ်စိတ်ပျက်သွားစေတာပေါ့...မင်းက မြေအောက်လောကရဲ့အုပ်ချုပ်သူဖြစ်တာတောင် တပည့်တွေရဲ့စိတ်ကိုနားမလည်ခဲ့ဘူး"

မင်ခွမ်းက လုယွီအား သရော်တော်တော်ထပ်မံပြောဆိုလေသည်။

"မင်းရဲ့ကျင့်ကြံဆင့်ကို ပြန်ရသွားပြီလားလို့ ငါ စိုးရိမ်နေမိသေးတယ်...ဒါပေမယ့် ငါ အခု မင်းကို အလွတ်မပေးနိုင်တော့ဘူး...ငါ မင်းရဲ့စိတ်ဝိညာဥ်ကို ဝါးမြိုပြီးတဲ့အချိန်ကျရင် ငါ မြေအောက်လောကကိုပြန်မယ်...ငါက မြေအောက်လောကရဲ့အုပ်ချုပ်သူအသစ်ဖြစ်လာပြီး လူတိုင်းက ငါရဲ့အမိန့်ကိုနာခံရမယ်...ဒီတပည့် ကောင်းကျိုးရဖို့အတွက်...ဆရာသခင်...ကျေးဇူးပြုပြီး သေပေးပါ"

ရုတ်ချည်းဆိုသလိုပင် မင်ခွမ်းထံမှ အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး လေထုအတွင်းပျံဝဲနေသော အနီရောင်နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုနဂါးသည် သူ၏ပါးစပ်ကြီးကိုဖွင့်ဟပြီး ဟိန်းဟောက်လိုက်ရာတွင် သူ၏အသံက ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ပဲ့တင်ထပ်ပျံနှံ့နေပေ၏။

"ငါရဲ့ခွန်အားက အထွက်အထိပ်ကို ပြန်မရရှိသေးပေမယ့်...မင်းကို ယှဥ်ပြိုင်ဖို့အတွက်တော့...ငါ ခွန်အားအကုန်မလိုလောတ်ဘူး"

မင်ခွမ်းက သရော်တော်တော်ပြောဆိုလိုက်သည်။

ဧရာမအနီရောင်နဂါးကြီးက လုယွီအား ဝါးမြိုရန် ပြေးဝင်လာလေ၏။

"မင်းက ငါသင်ပေးထားတဲ့နည်းစနစ်တွေကို အသုံးပြုပြီး ငါကိုရင်ဆိုင်မှာပေါ့"

လုယွီက လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

Chapter 490

လုယွီ၏လက်ချောင်းထိပ်များမှ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုအဖြူရောင်အလင်းတန်းသည် မြင့်မြတ်သော သမာဓိချီစွမ်းအင်များပါဝင်နေပြီး ချက်ချင်းပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လွှမ်းခြုံသွားပေ၏။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး အဖြူရောင်အလင်းတန်း၏လွှမ်းခြုံခြင်းခံထားရပြီး မဟာကွန်ဖြူးရှပ်များ၏မန္တန်ရွတ်ဖတ်သံများကလည်း ကျယ်လောင်စွာထွက်ပေါ်နေခဲ့သည်။

"ကွန်ဖြူးရှပ်တာအို...မဖြစ်နိုင်ဘူး...ဒါက မင်းရဲ့မှော်စွမ်းအင်မဟုတ်ဘူး"

မင်ခွမ်း၏အသံသည် မယုံကြည်နိုင်မှုများကြောင့် တုန်ခါနေပေ၏။

အကန့်အသတ်မဲ့စကြာဝဠာ၌ မြေအောက်လောက၏ကျင့်ကြံခြင်းနည်းစနစ်များကိုကျင့်ကြံသော ကျင့်ကြံသူများသည် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများနှင့်ရင်ဆိုင်တိုက်ခိုက်ရာတွင် ထိန်းချုပ်ခြင်းခံရပေသည်။

"မင်းက ကွန်ဖြူးရှပ်တာအိုကို ဆရာသခင်မြောက်တက်ကျွမ်းနေရင်တောင်...ငါရဲ့ကျင့်ကြံဆင့်နယ်ပယ်က မင်းထက်မြင့်တယ်...မင်း ဘာလုပ်နိုင်မှာမို့လို့လဲ"

ဒေါသတကြီးကြုံးဝါးသံတစ်သံနှင့်အတူ မင်ခွမ်း၏ခန္ဓာကိုယ်သည် ပို၍ပို၍ကြီးမားလာခဲ့သည်။

မင်ခွမ်း ဆင့်ခေါ်ထားသော အနီရောင်နဂါးကြီးပင်လျှင် ယခင်ထက်နှစ်ဆနီးပါး ပို၍ကြီးမားလာပေ၏။

တစ်ချိန်တည်းမှာပင် အနီရောင်သွေးနဂါးကြီး၏ပါးစပ်မှ သွေးညှီနံအော်ရာများက အော်ဂလီဆန်စရာကောင်းအောင် ထွက်ပေါ်နေလေသည်။

"ငါ စကားမပြောချင်တော့ဘူး...ငါရဲ့စွမ်းအားက မင်း ခန့်မှန်းလို့ရတဲ့အရာမဟုတ်ဘူး"

လုယွီက သူ၏လက်ချောင်းများဖြင့် အဖြူရောင်ချိတ်စည်းသင်္ကေတတစ်ခုကို လေထုအတွင်း၌ စတင်ရေးဆွဲနေလေ၏။

ထိုချိတ်စည်းသင်္ကေတ၏ပုံပန်းသွင်ပြင်ပေါ်လာသော အချိန်တခဏတွင် သွေးနဂါးကြီးသည် လေထုအတွင်း၌ လှုပ်ရှားမှုမရှိဘဲ ရပ်တန့်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်အနှံ့ ထွက်ပေါ်နေသော ငိုကြွေးမြည်တမ်းသံများသည်လည်း လျှို့ဝှက်ဆန်းကြယ်သောအင်အားတစ်ရပ်၏ဖိနှိပ်ခြင်းခံလိုက်ရသကဲ့သို့ တမဟုတ်ချင်းရပ်တန့်သွားပေ၏။

ဤအချိန်တွင် ကွန်ဖြူးရှပ်တာအို၏စွမ်းအားအစစ်အမှန်သည် သံသယမရှိထွက်ပေါ်နေခဲ့သည်။

"ဘာလို့လဲ...ဘာလို့လဲ...မင်းက ကွန်ဖြူးရှပ်တာအိုကိုတောင်မှ သင်ယူနိုင်ခဲ့တယ်...မင်း ငါကိုဘာလို့ဒီလေါက်ထိ ဟန့်တားနိုင်ရတာလဲ"

မင်ခွမ်းသည် ဒေါသတကြီးဖြင့် ထပ်ခါထပ်ခါ အော်ဟစ်နေပေ၏။

"ငါ မယုံကြည်နိုင်ဘူး...မင်း ဒါကိုတောင့်ခံနိုင်မယ်လို့...."

မင်ခွမ်းက ရုတ်တရက် မြေပြင်ကို လက်ဖြင့်ပုတ်ပြီး အော်ဟစ်လိုက်သည်။

"ရှုရာယင်စစ်သားတွေ...ဒီစစ်ဗိုလ်ချုပ်ရဲ့အမိန့်ကိုနာခံပြီး နိုးထကြစမ်း"

ခရက်...ခရက်...

ပတ်ဝန်းကျင်၌ယဇ်ပူဇော်ခြင်းခံထားရသော လုံချွမ်းတိုင်းပြည်မှစစ်သားများ၏အလောင်းများမှ အသံများထွက်ပေါ်လာခဲ့သည်။

ထိုအလောင်းကောင်များသည် သေဆုံးပြီးဖြစ်သော်လည်း မင်ခွမ်း၏အမိန့်ကို နာခံနေရဆဲပင်။ သူတို့တစ်ယောက်ပြီးတစ်ယောက်အား အသက်သွင်းလိုက်သကဲ့သို့ စတင်၍ကုန်းရုန်းထလာကြ၏။

ယခုမြင်ကွင်းသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်အတိပင်။

အလောင်းကောင်များက ဝူးဝူးဝါးဝါးအော်ဟစ်ပြီး လုယွီထံသို့ တဟုန်ထိုးပြေးဝင်လာကြ၏။

"နှုတ်ဆက်ပါတယ်...ဆရာသခင်"

မင်ခွမ်းက သူ၏မျက်နှာပေါ်မှအပြုံးကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။

လုယွီက မင်ခွမ်းအား အေးစက်စက်ကြည့်ရှုလိုက်၏။ ဤအချိန်တခဏ၌ သူသည် သူ့တပည့်၏စရိုက်အမှန်အား သိနားလည်သွားခဲ့သည်။

ဤအလောင်းကောင်များကို ရှုရာယင်စစ်သားများဟုခေါ်ဆိုသော်လည်း သူတို့၏စိတ်ဝိညာဥ်များသည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်စွမ်းမရှိကြတော့ချေ။ သူတို့က သူတို့၏သေပြီးသောခန္ဓာကိုယ်အတွင်း၌သာ ပိတ်မိနေကြပြီး ဝေဒနာများကို ထပ်ခါထပ်ခါခံစားရပေမည်။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"မင်း ငါကိုသတ်ပြီးရင် ဘာလုပ်ဦးမှာလဲ"

"ကောင်းပြီလေ...မင်း မသေခင် သဘောပေါတ်သွားအောင်လို့ ငါ ပြောပြမယ်"

မင်ခွမ်းက ကျယ်လောင်စွာ ရယ်မောနေလေသည်။

"အရင်ဦးဆုံး...ငါ ဒီကြယ်ပေါ်မှာရှိတဲ့ လူအားလုံးကိုသတ်ပစ်မယ်"

"အထူးသဖြင့် ငါကိုနှစ်တွေအကြာကြီး ပိတ်လှောင်ထားခဲ့တဲ့ မိသားစုကိုပဲ...ငါ သူတို့ကို လွယ်လွယ်သေခွင့်မပြုဘူး...ငါကိုမင်း သင်ပေးခဲ့တဲ့ နှိပ်စက်ညှင်းပန်းတဲ့နည်းလမ်းတွေကိုတစ်ခုပြီးတစ်ခုသုံးပြီး သူတို့ကိုနှိပ်စက်မယ်"

"ငါရဲ့ခွန်အား ပြန်ပြည့်ဝလါတာနဲ့...ငါက မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေကိုပြန်ပြီး...မြေအောက်လောကရဲ့အရှင်သခင်ဆိုတဲ့အဆင့်အတန်းကို လွှဲပြောင်းယူမယ်"

"သခင်မလား...အာ...မဟုတ်ဘူး...သူ့ကို ရှန်းလင်းလုံလို့ခေါ်ရမယ်...သူက အရမ်းချစ်ဖို့ကောင်းတယ်...သူ ငါ့နောက်ကိုလိုက်တာက မင်းလိုသေလူတစ်ယောက်နောက်လိုက်တာထက် ပိုကောင်းလိမ့်မယ်"

မင်ခွမ်းသည် သူ၏နှုတ်ခမ်းကို သူ့လျှာဖြင့်လျက်နေပြီး သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေပေ၏။ ဤအချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှ စိတ်ဆန္ဒများကို ဖိနှိပ်ထားနိုင်ခြင်းမရှိတော့ချေ။

လုယွီ၏မျက်နှာသည် ပေါတ်ကွဲခါနီးမီးတောင်တစ်ခုအသွင် နီမြန်းနေပေ၏။ သူ၏စိတ်နှလုံးသားအတွင်း၌ တွေဝေမှုများလည်း ရှိမနေတော့ချေ။

"ကောင်းပြီလေ...ဒီလိုဆိုမှတော့...ငါကလည်း မင်းကိုသတ်ဖို့ ညှာတာနေစရာအကြောင်းမရှိတော့ဘူး"

လုယွီ၏အင်္ကျီလက်များ ရုတ်တရက်တုန်ခါသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှ အင်ပါယာမင်း၏အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံအင်ပါယာမင်း၏ဥပဒေသ....

"ငါရဲ့အမိန့်ကိုနာခံပြီး....ဒီယုတ်မာကောက်ကျစ်တဲ့ သစ္စာဖောတ်ကောင်ကို သတ်ကြစမ်း"

တစ်ချိန်တည်းမှာပင် လုယွီ၏အသံသည် ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

လုယွီ၏အသံသည် မင်ခွမ်း၏အော်ဟစ်အမိန့်ပေးသံထက်ပင် ပို၍ကျယ်လောင်နေပေ၏။

လုယွီထံသို့ ပြေးဝင်လာကြသော အလောင်းကောင်များသည် ရုတ်တရက်တုန်ရီသွားကြသည်။ သူတို့၏ခေါင်းများက နောက်သို့ပြန်လှည့်လိုက်ကြပြီး မင်ခွမ်းအား စူးစူးဝါးဝါးကြည့်နေကြ၏။

"သူကို သတ်ကြ"

လုယွီက မင်ခွမ်းအား လက်ညှိုးညွှန်ပြလိုက်သည်။

All Chapters