အခန်း (၅၀၆-၅၁၀)
Vol. 26-30 Ch. 506-510
Chapter 506
လုံချွမ်အင်ပါယာမြို့တော်....ချူဘုရင်နန်းဆောင်...
လုယွီ၏ပုံရိပ်သည် နွေဦးမြစ်စားသောက်ဆိုင်မှ ဖျတ်ခနဲပျောက်ကွယ်သွားပြီး ချူဘုရင်နန်းဆောင်၏တံခါးဝ၌ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
"ဘယ်သူလဲ...အာ...အရှင်မင်းကြီး.."
ချူဘုရင်နန်းဆောင်၏တံခါး၌ စောင့်ကြပ်နေသော အစောင့်အကြပ်များက အလျှင်အမြန်ပင် ဒူးထောက်၍အရိုအသေပြုလိုက်ကြ၏။
လုယွီက ခေါင်းညိတ်ပြပြီး အိမ်တော်အတွင်းသို့ ဝင်သွားလိုက်တော့သည်။
လုယွီ အိမ်တော်နှင့်အချိန်တစ်လကြာခန့် ကင်းကွာနေချိန်၌ အင်ပါယာနန်းတော်မှနေ၍ အိမ်စေနှင့်အစောင့်အကြပ်များကို စနစ်တကျရွေးချယ်ကာ ချူဘုရင်အိမ်တော်သို့ ပို့ဆောင်ထားခဲ့သည်။
"ကောင်းပြီလေ...အိမ်တော်ထိန်းကျန်း...မင်းတို့မိသားစုရဲ့ သခင်လေးနဲ့သခင်မလေးတို့က အရမ်းဥာဏ်ကောင်းတယ်...ငါတို့တွေရဲ့ အရည်အချင်းမပြည့်ဝတါကြောင့် သူတို့ကို ဆက်ပြီးသင်ကြားပေးစရာမရှိတော့ဘူး"
"ငါလည်း သွားတော့မယ်"
လုယွီ အိမ်တော်အတွင်းသို့ ဝင်လာချိန်မှာပင် အဖိုးအိုတစ်စုက အိမ်တော်ထိန်းနှင့် စကားပြောဆိုနေခြင်းကို တွေ့မြင်မိသည်။ ထိုအဖိုးအိုများသည် ရိုးရှင်းသောအဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း သူတို့ထံမှ မြင့်မြတ်ပြီးသမာဓိရှိသောအရှိန်အဝါသဲ့သဲ့ထွက်ပေါ်နေသည်။ သူတို့၏ဘဝတသက်တာလုံး စာများအဆတ်မပြက်ဖတ်ခဲ့ခြင်း၏ အကျိုးရလဒ်ဖြစ်ပေ၏။
အချိန်တခဏအတွင်းမှာပင် ထိုသူများသည် အိမ်တော်ထိန်းမှဖိတ်ကြားထားသော စာပေပညာရှင်များဖြစ်သည်ကို လုယွီက မှတ်မိသွားခဲ့သည်။
ပိုင်မောင်နှမသည် ဆင်းရဲသောသေမျိုးမိသားစုတွင် မွေးဖွားလာခဲ့၍ စာပေသင်ကြားရန် အခွင့်အရေးမရရှိခဲ့ကြချေ။
ကံကောင်းထောက်မစွာဖြင့် သူတို့မောင်နှမသည် စာပေစမ်းသပ်စစ်ဆေးခြင်းကို ဝင်ရောက်ဖြေဆိုနိုင််ရန် အသက်ပြည့်မှီသေးသည်။
"လူကြီးမင်းတို့...ဘာလို့ ဒီနေရာမှာ အချိန်ကြာကြာဆက်မနေကြတာလဲ...ကျွန်တော်ရဲ့တပည့်နှစ်ယောက်ကို စိတ်ဆိုးစရာကိစ္စများရှိလို့လား"
လုယွီက အပြုံးဖြင့်ပြောဆိုလိုက်၏။
စာပေပညာရှင်များက သူတို့၏ခေါင်းများကို လှည့်ကြည့်လိုက်ရာတွင် စုတ်ပြတ်သတ်နေသောအဝတ်အစားများဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို တွေ့မြင်မိကြသည်။ သူတို့က လူငယ်၏သရုပ်မှန်ကို သိလိုစိတ်ပြင်းပြသွားလေ၏။
"အရှင်သခင်...ပြန်ရောက်လာပြီလား"
အိမ်တော်ထိန်းက အလျှင်အမြန်အရိုအသေပြုလိုက်သည်။
စာပေပညာရှင်များက သူတို့ရှေ့မှလူငယ်သည် ချူဘုရင်ဖြစ်ကြောင်းကို သိနားလည်သွားကြသဖြင့် အလျှင်အမြန်ပင်အရိုအသေပေးလိုက်ကြ၏။
"ကောင်းပြီလေ...ထုံးတမ်းစဥ်လာတွေလုက်နေဖို့ မလိုအပ်ပါဘူး...လူကြီးမင်းတို့...ကျွန်တော်ရဲ့တပည့်နှစ်ယောက်က စာပေကိုကြိုးကြိုးစားစားသင်ယူကြလားဆိုတာ ကျွန်တော်သိချင်တယ်"
လုယွီက မေးမြန်းလေသည်။
"ဒါက...သခင်ငယ်လေးတွေက စာကြိုးစားဖို့ငြင်းဆန်လို့မဟုတ်ပါဘူး...သူတို့က တကယ်ကို လိမ္မာတဲ့ကလေးတွေပါ...ကျွန်တော်တို့ရဲ့ဥာဏ်ရည်နိမ့်ပါးတာကြောင့် သူတို့ကိုထပ်ပြီးသင်ကြားပေးစရာ မရှိတော့တာပါ"
နောက်ကြောင်းပြန်ပြောရလျှင် ပိုင်မောင်နှမအား စာဖတ်ရန်အတွက် အိမ်တော်ထိန်းက စာအုပ်များကို ဝယ်ယူပြီး ချူဘုရင်နန်းဆောင်၌ စာကြည့်တိုက်တစ်ခုကိုတည်ဆောက်ခဲ့သည်။
လုယွီ၏မူလရည်ရွယ်ချက်မှာလည်း ပိုင်မောင်နှမအား စာရေးစာဖတ်တက်စေရန်သာဖြစ်သည်။
သို့ရာတွင် ပိုင်မောင်နှမသည် ဤအခွင့်အရေးကို အလွန်သဘောကျနှစ်ခြိုက်လိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။ သူတို့က စာကြည့်တိုက်အတွင်းသို့ဝင်လိုက်သည်နှင့် ပြန်ထွက်လာခြင်းမရှိတော့ချေ။
အိမ်တောထိန်း၏ပြန်ပြောင်းပြောဆိုချက်အရ ပိုက်မောင်နှမသည် နေ့စဥ်နေ့တိုင်း အချိန်သုံးနာရီခန့်သာအနားယူပြီး ကျန်ရှိသောအချိန်များကို သူတို့၏ခေါင်းများပင်မော့ခြင်းမရှိဘဲ စာပေလေ့လာခဲ့သည်။ သူတို့က စားသောက်နေသောအချိန်မှာပင် သူတို့၏လက်၌စာအုပ်များကို ကိုင်ဆောင်၍ ဖတ်ရှုနေလေ၏။
အစပထမ၌ ပိုင်မောင်နှမ၏မေးခွန်းများကို စာပေပညာရှင်များက ဖြေဆိုနိုင်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ ပိုင်မောင်နှမ၏ခက်ခဲနက်နဲလာသောမေးခွန်းများကို စာပေပညာရှင်များက ဖြေဆိုနိုင်ခြင်းမရှိတော့ချေ။
လုယွီ၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားပြီး ပြောဆိုလိုက်၏။
"လူကြီးမင်းတို့က ကျွန်တော်ရဲ့တပည့်လေးနှစ်ယောက်ကို သင်ကြားပေးခဲ့မှတော့...ချူဘုရင်နန်းဆောင်ရဲ့ဧည့်သည်တော်တွေဖြစ်သွားပြီ...အိမ်တော်ထိန်း...ဒီလူကြီးမင်းတွေအတွက် လက်ဆောင်တွေပြင်ဆင်ပေးလိုက်ပါ"
ဤနေရာရှိကိစ္စများကို ဖြေရှင်းပြီးသည်နှင့် လုယွီက စာကြည့်တိုက်အတွင်းသို့ ဝင်သွားခဲ့သည်။
စာကြည့်တိုက်သည် ပိုင်မောင်နှမနှစ်ယောက်သာနေထိုင်သော ချူဘုရင်နန်းဆောင်၏အနောက်ဘက်ခြံဝန်းတွင်တည်ရှိသည်။
လုယွီ၏နတ်ဘုရားစိတ်အာရုံက စာကြည့်တိုက်ပေါ်သို့ကျရောက်သွားသည်နှင့် စာအုပ်ပုံများအကြားမှ ကလေးနှစ်ယောက်ကို တွေ့မြင်မိလေ၏။
ဤအချိန်တွင် ပိုင်မောင်နှမသည် စာအုပ်ပင်လယ်ကြီးအကြား၌ရှိနေပြီး စာအုပ်များကိုကိုင်ဆောင်ကာ ကြိုးကြိုးစားစားဖတ်ရှုနေကြသည်။
လုယွီ ဝင်ရောက်လာခြင်းအား ပိုင်မောင်နှမက သတိပြုမိခြင်းမရှိချေ။
"အဟန်း..."
လုယွီက ရုတ်တရက် ချောင်းဟန့်သံတစ်ချက်ပေးပြီး သူတို့၏စာဖတ်နေသောအခြေအနေမှ နိုးထသွားစေသည်။
လုယွီကို မြင်တွေ့သော ပိုင်မောင်နှမသည် အစပိုင်း၌ ကြက်သေသေနေပြီးမှသာ ချက်ချင်းပင် နှုတ်ဆက်လိုက်ကြ၏။
"ဆရာသခင်..."
"မင်းတို့ကိုယ်မင်းတို့ ဘာနဲ့တူနေပြီလဲဆိုတာ ပြန်ကြည့်ကြအုံး...မြန်မြန် ကိုယ်လက်သန့်ရှင်းကြစမ်း"
လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလေသည်။
လုယွီကမူ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် ရှိနေဆဲပင်။
ပိုင်ရီဖန်းက ရယ်မောရင်းမှ ပြောဆိုလိုက်သည်။
"ဆရာသခင်ကိုကြည့်ရတာ...သူတောင်းစားတစ်ယောက်နဲ့တူနေပြီ"
လုယွီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားလေ၏။
"မင်းရဲ့ဆရာကို ဘယ်လိုစကားမျိုးပြောလိုက်တာလဲ....သွား...ဆရာတပည့်ထုံးတမ်းစဥ်လာကို ဆယ်ခေါက်ကူးရေးချည်"
"အာ့"
ပိုင်ရီဖန်း၏သေးငယ်သောမျက်နှာလေးသည် ချက်ချင်းပင် ငိုမဲ့မဲ့ဖြစ်သွားခဲ့သည်။
လုယွီက ပိုင်မောင်နှမ၏မျက်လုံးများသည် ကြဟ်အလင်းရောင်တောက်ပနေခြင်းကို တွေ့မြင်မိသည်။
ဤသည်က ဥာဏ်ပညာအလင်းရောင် မဟုတ်လော...။
စာပေအများအပြား ဖတ်ရှုလေ့လာသောသူများ၏မျက်လုံးများအတွင်း၌သာလျှင် ဤကဲ့သို့အလင်းရောင်မျိုး တွေ့ရှိနိုင်ပေသည်။
Chapter 507
"မင်းတို့နှစ်ယောက်က စာဖတ်ရတာကို အရမ်းနှစ်သက်တာလား"
လုယွီက မေးမြန်းလိုက်သည်။
ပိုင်ချောင်းချောင်းက တည်ကြည်လေးနက်စွာဖြင့် သူ၏ခေါင်းကို ညိတ်ပြပြီး သူ၏မျက်လုံးများက ကြယ်ရောင်တောက်ပနေလေ၏။
ပိုင်ရီဖန်းက အချိန်တခဏကြာတွန့်ဆုတ်နေပြီးမှ ဖြေဆိုလိုက်သည်။
"ကျွန်မကတော့ ကျင့်ကြံရတာကိုပိုသဘောကျတယ်...နေ့တိုင်းစာဖတ်နေရတာက ပျင်းဖို့ကောင်းတယ်"
လုယွီက သူမအား ထပ်မံ၍မေးမြန်းလေ၏။
"မင်းက စာဖတ်ရတာကိုမကြိုက်ဘူးဆိုရင်...ဘာလို့ ဒီနေရာမှာ ဆက်ပြီးနေနေတာလဲ"
ပိုင်ရီဖန်းက လုယွီ၏မေးခွန်းကို ရိုးသားစွာဖြင့် အဖြေပေးလိုက်သည်။
"ဘာလို့လဲဆိုတော့ စာပေပညာရှင်တစ်ယောက်က တပည့်တို့ကို ပြောသွားတယ်...အရာရာတိုင်းမှာ နိမ့်ကျနေရင်တောင် စာဖတ်ခြင်းနဲ့မြင့်မားစေနိုင်တယ်တဲ့...တပည့်တို့ အရင်က စာမဖတ်နိုင်ခဲ့ဘူး...အခု ရှားပါးတဲ့အခွင့်အရေးရချိန်မှာ တပည့်တို့က တန်ဖိုးထားသင့်တယ်လေ"
ပိုင်ရီဖန်း စကားပြောနေစဥ်တွင် သူမ၏မျက်လုံးများအတွင်း၌ ကြယ်ရောင်များလင်းလက်နေခဲ့သည်။
အကယ်၍ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်သာ ဤနေရာ၌ရှိပါက ကလေးနှစ်ယောက်၏အရည်အချင်းကြောင့် အံသြမင်သက်သွားမည်မှာ သေချာပေသည်။ ဤသည်က ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏အရေးပါဆုံးသော အရည်အချင်းဖြစ်သည်။ ကလေးနှစ်ယောက်လုံး၌ ယခုကဲ့သို့အရည်အချင်းရှိနေခြင်းမှာ အလွန်အံသြဖွယ်ကောင်းပေသည်။
"ငါ မင်းတို့ကိုပေးခဲ့တဲ့ ကျင့်စဥ်နည်းစနစ်တွေကိုရော နားလည်သဘောပေါတ်ကြရဲ့လား"
လုယွီက မေးမြန်းလိုက်၏။
ပိုင်ရီဖန်းက အပြုံးနှင့် ပြောဆိုလေသည်။
"တပည့် နားလည်သဘောပေါတ်ပါတယ်"
"ကောင်းပြီလေ...ကျင့်စဥ်ကို ရွတ်ဆိုပြစမ်း"
ပိုင်ရီဖန်းက နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်အား စတင်ရွတ်ဆိုပြလိုက်သည်။ သူမက ထိုနည်းစနစ်အား အလွန်ပင်ရင်းနှီးကျွမ်းဝင်နေပုံရပြီး စာလုံးတစ်လုံးမျှပင်အတိမ်းအစောင်းမရှိချေ။
ပိုင်ချောင်းချောင်းကလည်း သူ့အားပေးထားသော ကျင့်စဥ်နည်းစနစ်အား ရွတ်ဆိုပြလေ၏။
လုယွီက ပြောဆိုလိုက်သည်။
"ဒီရက်တွေမှာ မင်းတို့ကိုသင်ကြားပေးခဲ့တဲ့ စာပေပညာရှင်တွေပြောတာမှန်တယ်...ကျင့်ကြံခြင်းလောကမှာလည်း အရမ်းအစွမ်းထက်တဲ့စာပေပညာရှင်တွေရှိတယ်...သူတို့က အသိပညာဗဟုသုတကြွယ်ဝရုံမကဘူး..သူတို့ရဲ့တိုက်ပွဲဝင်စွမ်းအားကလည်း ကြောက်ခမန်းလိလိကောင်းမွန်တယ်"
ပိုင်ချောင်းချောင်း၏မျက်လုံးများ တောက်ပသွားပေ၏။
"ဆရာသခင်...ကျွန်တော် စာပေပညာကို သင်ယူချင်တယ်"
"စာဖတ်တာချည်းသက်သက်နဲ့ပဲ အရမ်းအစွမ်းထက်တဲ့သူ ဖြစ်နိုင်လို့လား"
ပိုင်ရီဖန်းက မယုံသင်္ကာဖြင့် မေးမြန်းလိုက်သည်။
"မင်းတို့က ကွန်ဖြူးရှပ်တာအိုမှာ ပါရမီပါတဲ့သူတွေ...ငါက မင်းတို့ကို သင့်လျော်တဲ့ ကျင့်စဥ်နည်းစနစ်တွေကို သင်ကြားပေးနိုင်ပေမယ့်...မင်းတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို မင်းတို့ဟာမင်းတို့လျှောက်လှမ်းပြီး တခြားသူရွေးချယ်ပေးတဲ့လမ်းကြောင်းကို လျှောက်လှမ်းစရာမလိုဘူးဆိုတာ မင်းတို့ ရှင်းရှင်းလင်းလင်းသိထားရမယ်"
လုယွီက သူ၏တပည့်များရှေ့၌ ပလ္လင်ခွေထိုင်နေလေ၏။ သူ၏အသံသည် မိုးခြိမ်းသံနှင့်တူညီနေပြီး ကွန်ဖြူးရှပ်တာအိုဥပဒေသက ထွက်ပေါ်လာခဲ့သည်။
"တကယ်လို့ မင်းတို့က ကွန်ဖြူးရှပ်တာအိုပညာရှင် ဖြစ်ချင်တယ်ဆိုရင်...ပထမဆုံးအဆင့်က လူသားတစ်ယောက်က ဘယ်လိုလဲဆိုတာကို သင်ယူရမယ်"
လုယွီက သူ၏တပည့်များအား စတင်သင်ကြားနေလေ၏။ သူသည် ကောင်းကင်ဘုံအင်ပါယာ၏ကွန်ဖြူးရှပ်တာအိုဥပဒေသကို စုပ်ယူပြီးစဥ်ကတည်းက သူ၏စိတ်အတွင်း၌ တာယွီအင်ပါယာမှ မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ အသိပညာဗဟုသုတများ အပြည့်ရှိနေခဲ့သည်။
……
စာကြည့်တိုက်အတွင်း၌ လုယွီသည် ကွန်ဖြူးရှပ်တာအိုအကြောင်းကို သူ၏တပည့်များအား အချိန်တစ်နာရီအကြာခန့်ထိ သင်ကြားပေးခဲ့သည်။
ထိုအချိန်အတိုင်းအတာသည် ကြာညောင်းခြင်းမရှိသော်လည်း နားထောင်နေသောကလေးနှစ်ယောက်၏အခြေခံမှာ ပို၍ကျစ်လျစ်သိပ်သည်းသွားပေ၏။
လုယွီက အချိန်ကြာကြာသင်လျှင်ပင် ကိစ္စမရှိသော်လည်း သူ၏တပည့်များ ဤအသိပညာများကိုချေဖျက်ရန် အချိန်ပေးရပေးမည်။
***
မွန်းတည့်ချိန်၌...
အင်ပါယာမြို့တော်တစ်မြို့လုံး ရုတ်တရက် နားအူလုမတက်မြည်ဟီးလာသော စစ်ဗုံသံများအား ကြားလိုက်ရ၏။
ဒုန်း...ဒုန်း...ဒုန်း...
ကျယ်လောင်သော ဗုံသံများက မြို့တော်အတွင်းရှိလူများ၏စိတ်နှလုံးသားများကိုပင် တုန်ခါသွားစေသည်။
လုယွီက ခေါင်းမော့ကြည့်လိုက်၏။ သူက မြို့တော်တစ်မြို့လုံးအား လွှမ်းခြုံထားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို အာရုံခံစားမိသည်။
"တာယွဲ့တိုင်းပြည်က ရန်သူ့စစ်သားတွေက မြို့တော်အနီးကို ရောက်နေပါပြီ...အရှင်မင်းကြီးက ချူဘုရင်နဲ့အနောက်ဘက်ဂိတ်တံခါးမှာ တွေ့ဆုံမယ်လို့ မှာကြားလိုက်ပါတယ်"
မိန်းမစိုးတစ်ယောက်က စာကြည့်တိုက်အတွင်းသို့ဝင်လာပြီး လုယွီအား ပြောဆိုလိုက်သည်။
"ကောင်းပြီလေ...ငါ နားလည်ပြီ"
လုယွီက ပြောဆိုလေ၏။
မိန်းမစိုးထွက်ခွါသွားသည်နှင့် လုယွီက လေထုအတွင်း၌ပျံဝဲ၍ ထွက်ခွါခဲ့သည်။
ဤအချိန်တွင် အင်ပါယာမြို့တော်တစ်မြို့လုံး ဝရုန်းသုန်းကားဖြစ်နေပြီး လူတိုင်းက ထိတ်လန့်တကြားအော်ဟစ်ပြေးလွှားနေကြသည်။
လမ်းမကြီးများပေါ်၌ စစ်သားများရှိနေပြီး ကြောက်စိတ်မွှန်နေသော သေမျိုးများကိုထိန်းသိမ်း၍ သူတို့၏အိမ်များထံသို့ ပြန်ခိုင်းနေပေ၏။
မြို့ရိုးအနားတွင်ရှိနေသူများကမူ ကျင့်ကြံသူများဖြစ်ပြီး လုံချီနယ်ပယ်ကျင့်ကြံသူများပင် ရန်သူများကို တိုက်ခိုက်ရန်အတွက် ရောက်ရှိနေကြသည်။ လူတိုင်း၏စိတ်နှလုံးသားအတွင်း၌မူ စိတ်ဓာတ်ကျနေခြင်းကို ခံစားနေကြရ၏။
မြို့ရိုး၏အောက် တစ်ဘက်ခြမ်းတွင် တာယွဲ့တိုင်းပြည်မှ စစ်တပ်ကြီးရှိနေပြီး သူတို့က ကြမ်းကြုတ်ရက်စက်သောအမူအယာများဖြင့် အောင်လံတံခွန်များကို ဝှေ့ယမ်းနေကြသည်။
ကြီးမားသောစစ်တပ်ကြီး၏အထက်ကောင်းကင်ယံတွင် ဧရာမစစ်သင်္ဘောပျံတချို့ရှိနေပေ၏။ သင်္ဘောပျံများပေါ်၌ ကျင့်ကြံသူအများအပြားမတ်တတ်ရပ်နေကြပြီး လုံချွမ်အင်ပါယာမြို့တော်ကို အေးစက်သောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
Chapter 508
မြို့ရိုးပေါ်၌ လုံချွမ်တိုင်းပြည်၏အင်ပါယာတော်ဝင်မိသားစုများနှင့် စစ်တပ်မှအရာရှိအကြီးအကဲများ စုရုံးရောက်ရှိနေကြ၏။
လူတိုင်း၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်နေပြီး သူတို့၏ရှေ့ရှိ စစ်တပ်ကြီးအားကြည့်နေကြသည်။
"လုံချွမ်တိုင်းပြည်ကတော့ အန္တရာယ်ထဲ ကျရောက်နေပြီ"
တစုံတယောက်က သက်ပြင်းချရင်း ပြောဆိုလိုက်သည်။
တခြားသူများကလည်း သက်ပြင်းရှိုက်နေပေ၏။ သူတို့သည် လုံချွမ်တိုင်းပြည်၏ရှေ့တန်းစစ်မျက်နှာတစ်ခုလုံး ရှုံးနိမ့်သွားခြင်းကို ကြားသိကြသော်လည်း ဤမျှအထိဆိုးဆိုးရွားရွားရှုံးနိမ့်သွားမည်ဟု မျှော်လင့်မထားမိကြချေ။
သူတို့က ရှေ့တန်းစစ်မျက်နှာမှလူများသည် လုံလောတ်သောရဲစွမ်းသတ္တိမရှိ၍သာ ရှုံးနိမ့်ခဲ့ရသည်ဟု မူလကတွေးထင်ထားကြသည်။ သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့ရှေ့ရှိစစ်တပ်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် သူတို့၏စိတ်နှလုံးသားအတွင်း၌ ကူကယ်ရာမဲ့သကဲ့သို့ ခံစားမိနေကြ၏။ လုံချွမ်တိုင်းပြည်၏စစ်တပ်များ အလျှင်အမြန်ရှုံးနိမ့်သွားရခြင်းမှာ အံ့အားသင့်စရာမရှိတော့ချေ။
စစ်တပ်မှအကြီးအကဲများ၏မျက်နှာများ သုန်မှုန်နေကြပြီး တချို့ကျင့်ကြံသူများသာလျှင် တည်ငြိမ်စွာနေနိုင်ကြ၏။ လုံချွမ်တိုင်းပြည်ပျက်စီးသွားလျှင်ပင် သူတို့ကျင့်ကြံသူများက လွတ်လမ်းရှာပြီး တခြားတိုင်းပြည်များသို့ သွားရောက်နေထိုင်နိုင်ပေသည်။
"အကို ဝမ်...ဘာလို့တာယွဲ့တိုင်းပြည်က ဒီတကြိမ်စစ်မကြေငြာဘဲ ဝင်တိုက်ခိုက်တာလဲ....ဒီစစ်ပွဲက တကယ်ပဲ ချူဘုရင်ကြောင့်ဖြစ်တာလား"
လော့ဟယ်မင်းသမီး ယဲ့လန်က ယို့ဝမ်နယ်မြေဘုရင်၏သားတော်ကျန်းကျီးဟုန်အားကြည့်ပြီး မေးမြန်းလိုက်၏။
သူတို့၏အင်ပါယာတော်ဝင်မိသားစုသည် ဤတစ်ကြိမ်တွင် သေရေးရှင်ရေးအခြေအနေအတွင်းသို့ ကျရောက်နေလေသည်။
အကယ်၍ လုံချွမ်တိုင်းပြည်သာ အမြစ်ပြတ်သုတ်သင်ခြင်းခံရပါက မှူးကြီးမတ်ရာများသည် လွတ်လမ်းရှာတွေ့ကောင်းရှာတွေ့နိုင်ပေမည်။ သို့ရာတွင် အင်ပါယာတော်ဝင်မိသားစုဝင်များအတွက်မူ အဆုံးသတ်ကောင်းမည်မဟုတ်ချေ။
ယို့ဝမ်နယ်မြေဘုရင်၏သားတော်က သူ၏ခေါင်းကိုသာ ခါယမ်းပြလိုက်၏။
"ငါ တစ်ခုပဲပြောပြမယ်...ချူဘုရင်ကို လုံးဝထုတ်ပေးလို့မရဘူး...တခြားကိစ္စတွေ ငါ့ကိုထပ်မမေးပါနဲ့"
"ဘာလို့ ငါ မေးလို့မရတာလဲ...လုံချွမ်တိုင်းပြည်မှာ နယ်မြေဘုရင်တွေအများကြီးရှိတယ်...ချူဘုရင်ဆိုတဲ့ နယ်မြေဘုရင်ကို ငါ တခါမှမကြားဖူးဘူး...သူက ဘယ်မိသားစုမျိုးရိုးကဆင်းသက်လာလို့ ရုတ်တရက်ထွက်ပေါ်လာပြီး ဘုရင်အဆင့်အတန်းရရှိသွားတာလဲ"
ယဲ့လန်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းနေပေ၏။
ယို့ဝမ်နယ်မြေဘုရင်၏သားတော်က နှုတ်ဆိတ်နေပြီး သူ၏ခေါင်းကိုသာခါယမ်းနေလေသည်။
"ငါတို့ယဲ့မိသားစုနဲ့လုံချွမ်တိုင်းပြည်က သူအတွက်ကြောင့်နဲ့ အမြစ်ပြတ်သုတ်သင်ခံရတော့မှာလား"
ယဲ့လန်က ဒေါသတကြီး အော်ဟစ်နေတော့သည်။
"ဒူ....."
ထိုအချိန်မှာပင် အဝေးတနေရာရှိ တာယွဲ့တိုင်းပြည်မှ စစ်သင်္ဘောတစ်စင်းပေါ်မှ ကျယ်လောင်သောမောင်းသံ မြည်ဟီးလာခဲ့သည်။
ကြီးမားသော အောင်လံတံခွန်ကြီးက လေထုအတွင်း၌ရှိနေပြီး ထိုအရာပေါ်၌ "တာယွဲ့"ဟူသောစာလုံးကြီးများကို လတ်ဆတ်သောသွေးများဖြင့် ရေးထိုးထားပေသည်။
တာယွဲ့တိုင်းပြည်၏အောင်လံတံခွန်နောက်တွင် "စစ်ထူ"ဟုရေးထားသော အလံတစ်ခုကို လွှင့်ထူထားခဲ့သည်။ စစ်ထူအလံ၏အောက်တွင် တာယွဲ့တိုင်းပြည်မှ မိသားစုကြီးဆယ်စု၏အလံများ ရှိနေလေသည်။
"စစ်ပွဲ စတင်ကြ"
"တိုက်ခိုက်မယ်"
"တိုက်ခိုက်မယ်"
စစ်သင်္ဘောမှအသံများ ထွက်ပေါ်နေလေ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌လည်း ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေလေသည်။ ဤအချိန်တခဏတွင် မိုးကောင်းကင်ယံ၌ သွေးရောင်များဖုံးလွှမ်းနေသယောင် မြင်နေရသည်။
စစ်သင်္ဘောကုန်းပတ်ပေါ်မှ ကျယ်လောင်သောစစ်ဗုံသံများကလည်း အဆက်မပြတ်မြည်ဟီးနေပေ၏။ တာယွဲ့တိုင်းပြည်၏ပြင်းပြသော တိုက်ပွဲဝင်စိတ်များနှင့်နှိုင်းယှဥ်ကြည့်ပါက လုံချွမ်တိုင်းပြည်ဘက်တွင် အလွန်ပင်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
စစ်သင်္ဘောကုန်းပတ်ပေါ်၌ အဖိုးအိုတစ်ယောက်က လမ်းလျှောက်နေပေ၏။ သူက ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားပြီး သူ၏အဆောင်အယောင်များကလည်း သာမာန်မဟုတ်ချေ။
သူ၏နောက်တွင် ဆံပင်တခေါင်းလုံးဖြူဆွတ်နေသော အဖိုးအိုနှစ်ယောက်ရှိနေပြီး သူတို့၏အရပ်များကမြင့်မားကာ မျက်လုံးများက စူးရှရှတောက်ပနေပေသည်။
ထိတ်လန့်အံ့အားသင့်ဖွယ်ကောင်းသောကိစ္စမှာ ထိုအဖိုးအိုနှစ်ယောက်သည် လေထုအတွင်း၌ မတ်တတ်ရပ်နေကြခြင်းဖြစ်သည်။ တာအိုဒုတိယဆင့်သို့ ရောက်ရှိပြီးသူများသာလျှင် ဤကဲ့သို့စွမ်းဆောင်နိုင်ပေသည်။
"ဒီအဖိုးအိုရဲ့နာမည်က စစ်ထူဝမ်"
"ငါက စစ်ထူဝူ"
"ငါက စစ်ထူရှို့"
အဖိုးအိုသုံးယောက်သည် သူတို့၏နာမည်များကို ထုတ်ဖော်ပြောဆိုလိုက်ရာတွင် သူတို့၏အသံများက မိုးခြိမ်းသံတမျှကျယ်လောင်နေပြီး ကမ္ဘာလောကကြီးတစ်ခုလုံး အရောင်ပြောင်းသွားသကဲ့သို့ပင်..။
"ဒါက တကယ်ကို စစ်ထူမိသားစုရဲ့ မဟာအကြီးအကဲသုံးယောက်ပဲ"
"ပြီးသွားပြီ...အားလုံးပြီးသွားပြီ...ငါတို့ ဘယ်လိုမှ အနိုင်ယူနိုင်မှာမဟုတ်တော့ဘူး"
လုံချွမ်တိုင်းပြည်ဘက်မှလူများသည် အကြီးအကျယ်စိတ်ဓတ်ကျဆင်းနေကြ၏။
သဘာဝလွန်စွမ်းအင်နယ်ပယ် ကျင့်ကြံသူသုံးယောက် အတူတကွမတ်တတ်ရပ်နေကြပြီးနောက် ချက်ချင်းပင် အင်ပါယာမြို့တော်ပေါ်သို့ ပြင်းထန်သောဖိအားတစ်ရပ်ကျဆင်းလာခဲ့သည်။
"အဟွက်...အဟွက်...အဟွက်"
တချို့လူများသည် ဤထိတ်လန့်တုန်လှုပ်ဖွယ်ဖိအားကို တောင့်မခံနိုင်ကြသဖြင့် ချောင်းများအဆက်မပြတ်ဆိုးကာ သူတို့ထံမှ သွေးများအန်ထွက်လာလေ၏။
"မင်းတို့သုံးယောက်က စစ်တပ်ကိုကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လာပြီး ငါရဲ့လုံချွမ်တိုင်းပြည်ကို လာတိုက်ခိုက်တယ်ပေါ့...ငါ မရှိတော့ဘူးလို့များ မင်းတို့ထင်နေကြတာလား"
လုံချွမ်အင်ပါယာမင်း ပျံဝဲထွက်လာချိန်၌ မြို့ပေါ်သို့သက်ရောက်နေသောဖိအားသည် ချက်ချင်းပင်ပျက်ပြယ်သွားခဲ့သည်။
"ဒါဆို ငါ ပြန်တွေးကြည့်ရရင် ယဲ့မိသားစုရဲ့အင်ပါယာမင်းက ခုထိမသေသေးဘူးပေါ့"
စစ်ထူဝမ်၏မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးပေါ်ထွက်လာခဲ့သည်။
"ဒါပေမယ့် တကယ်လို့ မင်းခုထိမသေသေးရင်တောင်...ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး"
**အရင်အပိုင်းတွေမှာ ကျန်းကျီးဟုန်က အိမ်ရှေ့စံမင်းသားဆိုပေမယ့် လုံချွမ်ရဲ့အိမ်ရှေ့စံမဟုတ်သေးဘဲ ယို့ဝမ်နယ်မြေရဲ့အိမ်ရှေ့စံပါ***
Chapter 509
အင်ပါယာမင်းက တည်ငြိမ်နေဆဲဖြစ်သည်။
"အော် အဲ့လိုလား...ဒါဆိုရင် မင်းတို့ရဲ့အရည်အချင်းကို ကြည့်ကြသေးတာပေါ့"
"အစောပိုင်းသဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က ငါတို့ရှေ့မှာလာပြီး မောက်မာဝံ့တယ်ပေါ့"
စစ်ထူအကြီးအကဲသုံးယောက်က ရယ်မောနေပေ၏။
"မေ့လိုက်တော့...အဆုံးသတ်မှာ သူက နယ်မြေငယ်လေးတစ်ခုရဲ့အင်ပါယာမင်းလေ...ဘယ်လိုလုပ်ပြီး သူနဲ့ ငါတို့စစ်ထူမိသားစုကြားက ကွာခြားချက်ကို သူသိမှာလဲ"
စစ်ထူဝမ်က ခပ်သဲ့သဲ့ပြုံးပြီးနောက် သူက မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အင်ပါယာမင်း၏နံဘေးသို့ ရောက်ရှိလာခဲ့သည်။
စစ်ထူဝမ်၏ခန္ဓာကိုယ်လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပေ၏။ သူလှုပ်ရှားလိုက်ခြင်းကို မည်သူမျှမတွေ့ရှိလိုက်မီမှာပင် အင်ပါယာမင်း၏အနီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
"မဟာလှိုင်းကြီးများ...ဖိနှိပ်လိုက်စမ်း"
စစ်ထူဝမ်၏အနောက်မှနေ၍ ကြီးမားသော ဗိုလ်ကျအနိုင်ကျင့်မည့်ပုံပေါတ်နေသည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အသံလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာခြင်းနှင့်အတူ ပုံရိပ်ကြီး၏ရှေ့ခြေထောက်က ဆန့်ထွက်လာပြီး အင်ပါယာမင်းထံသို့ ဆောင့်နင်းချလိုက်၏။
ပုံရိပ်ကြီးသည် အလွန်ကြီးမားပြီး ခြောက်ထပ်အဆောတ်အအုံတစ်လုံးစာခန့်မြင့်မားကာ သူ၏ခန္ဓာကိုယ်အပေါ်ယံသည် သံမဏိတမျှမာကျောကာ နေအလင်းရောင်ကိုပင် ပိတ်ဖုံးလုမတက် ကောင်းကင်တစ်ခုလုံးအားဖုံးလွှမ်းထားပေသည်။
သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူအား တာအိုပထမဆင့်ကျင့်ကြံသူများ ယှဥ်ပြိုင်နိုင်ခြင်းမရှိမည်မှာ သိသာထင်ရှားပေသည်။
မြို့ရိုး၏အစွန်းဘက်၌ရှိနေသော ကျင့်ကြံသူတချို့သည် သူတို့၏ခန္ဓာကိုယ်များအား လှိုင်းများရိုက်ခတ်လာမှုကို ခံစားရသောကြောင့် သူတို့က ကျန်းချီများထုတ်လွှက်ကာ အလျှင်အမြန်ကာကွယ်လိုက်ကြသည်။
ဤလှိုင်းလုံးကြီးအကြားတွင် မလှုပ်မရှားဘဲ ကြံကြံခိုင်နေနေသော တစ်ယောက်တည်းသောသူမှာ ယဲ့အင်ပါယာမင်းဖြစ်သည်။
အင်ပါယာမင်းသည် တိမ်တိုက်ကဲ့သို့အခိုးအငွေ့တချို့ကို ထုတ်လွှက်လိုက်ပြီး ထိုအခိုးအငွေ့များကြားမှ ရွှေရောင်ဓားငယ်တစ်ချောင်းက ပျံဝဲထွက်ပေါ်လာခဲ့သည်။
အင်ပါယာမင်းက မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေလေ၏။ ထိုမန္တန်ရွတ်ဆိုနေသည်နှင့်အမျှ ရွှေရောင်ဓားငယ်ကလည်း တဖြည်းဖြည်းကြီးမားလာခဲ့သည်။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ရွှေရောင်ဓားငယ်သည် သုံးမီတာရှည်လျားသော ဧရာမရွှေရောင်ဓားကြီးအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။
ဧရာမရွှေရောင်ဓားကြီးသည် အနည်းငယ်တုန်ခါနေပြီး ၎င်းထံမှ ပြင်းထန်သောစွမ်းအားလှိုင်းများ ထွက်ပေါ်နေခဲ့သည်။ ဤဓား၏အရှိန်အဝါသည် အလွန်ပင် အံ့အားသင့်ထိတ်လန့်ဖွယ်ကောင်းပေ၏။
စစ်ထူဝမ်က အထင်အမြင်သေးသောအပြုံးနှင့် ပြောဆိုလိုက်၏။
"ဒါက မင်းရဲ့အရည်အချင်းအကုန်လား...ဒါပေမယ့် ဟန်ပြသက်သက်ပဲ"
စစ်ထူဝမ်က သူ၏လက်ကိုမြှောက်လိုက်သည်နှင့် သူ၏နောက်ရှိ ပုံရိပ်ကြီးသည် စူးရှရှအော်ဟစ်ကြုံးဝါးလိုက်၏။ ပုံရိပ်ကြီး၏ခြေဖဝါးတစ်ဖက်က အင်ပါယာမင်းထံဦးတည်၍ ဆောင့်နင်းလာခဲ့သည်။
ထိုအချိန်မှာပင် အင်ပါယာမင်းက ဧရာမရွှေရောင်ဓားကြီးကို သူ၏လက်တစ်ဖက်ဖြင့် တောက်ပြီး ကျယ်လောင်စွာဖြင့် အော်ဟစ်လေသည်။
"ပြောင်းလဲစမ်း"
ဝှစ်.....
လေထုအားထွင်းဖောတ်လာသောအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ဧရာမရွှေရောင်ဓားကြီးသည် ရုတ်တရက် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး အင်ပါယာမင်း၏နံဘေး၌ ဓားငယ်မိုးအဖြစ်ပျံဝဲနေလေသည်။
အင်ပါယာမင်း၏နံဘေး၌ ရွှေရောင်ဓားငယ်တစ်သောင်းခန့် ရှိနေလေ၏။
"ဘယ်လိုတောင်...."
စစ်ထူဝမ်သည် အင်ပါယာမင်း၌ ဤကဲ့သို့စွမ်းရည်မျိုးရှိနေမည်ဟု မျှော်လင့်မထားမိသောကြောင့် အံ့အားသင့်သွားခဲ့သည်။
"ဒါက ငါရဲ့ပိုင်နက်...ဒါကိုတောင် မင်းက ငါရှေ့မှာလာပြီး အော်ဟစ်နေဝံ့တယ်ပေါ့...ဖြတ်တောက်စမ်း"
အင်ပါယာမင်းက ဒေါသတကြီးအော်ဟစ်လိုက်ရာတွင် သူ၏နောက်ရှိ ဓားမိုးက စစ်ထူဝမ်ပေါ်သို့ ရေတံခွန်အလား ကျဆင်းသွားခဲ့သည်။
ဒေါင်...ဒေါင်..ဒေါင်....
ဓားပေါင်းတစ်သောင်းက စစ်ထူဝမ်၏ပုံရိပ်ကြီးပေါ်သို့ကျရောက်သွားချိန်၌ ချက်ချင်းပင် ပုံရိပ်ကြီးတစ်ခုလုံးအား အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲနေလေ၏။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ဘာလို့ ဒီမှော်နည်းစနစ်က အရမ်းအစွမ်းထက်နေတာလဲ...ဒါက ခုမှ သဘာဝလွန်စွမ်းအင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တဲ့သူ တတ်စွမ်းနိုင်တာမျိုးမဟုတ်ဘူး"
စစ်ထူဝမ်က အော်ဟစ်နေပေ၏။
"ဒါကလား...ငါ မင်းကို သိခွင့်မပေးနိုင်ဘူး"
အင်ပါယာမင်းက အေးစက်တင်းမာစွာဖြင့် ပြောဆိုနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌မူ သက်ပြင်းရှိုက်နေလေသည်။
သူက အစွမ်းထက်သောနည်းစနစ်ကို အသုံးပြုနိုင်ခြင်းမှာ လုယွီ၏လမ်းညွှန်မှုကြောင့်ဖြစ်သည်။
မြောက်များစွာသော ဓားငယ်မိုး ကျဆင်းလာခြင်းနှင့်အတူ နောက်ဆုံး၌ စစ်ထူဝမ်၏ပုံရိပ်ကြီးအား အပြီးသတ်ချေမှုန်းပစ်တော့သည်။
ပုံရိပ်ကြီး ကျိုးပျက်သွားသည့် အချိန်တခဏတွင် လူရိပ်တရိပ်က ရုတ်တရက် အင်ပါယာမင်းထံသို့ ပျံဝဲဝင်ရောက်လာခဲ့၏။
အင်ပါယာမင်းသည် ဓားငယ်မိုးကို ထိန်းချုပ်နေသဖြင့် သူထံသို့ဝင်လာသောလူရိပ်ကို ဟန့်တားနိုင်စွမ်း မရှိတော့ချေ။ သူက နောက်သို့လွင့်စင်ထွက်သွားပြီး မြို့ရိုးပေါ်သို့ ပြုတ်ကျသွားပေ၏။
"ဟား ဟား ဟား...ယဲ့အင်ပါယာ...မင်း မမေ့နဲ့...ငါတို့က သုံးယောက်နော်"
စစ်ထူဝူက အင်ပါယာမင်းအား ပြက်ရယ်ပြုနေလေသည်။
စစ်ထူဝူ၏နံဘေးပတ်လည်၌ မီးတောက်များတောက်လောင်နေပြီး သူက မီးတောက်များ၏အလယ်၌ ရှိနေသည်။
"စက်ဆုပ်ဖို့ကောင်းလိုက်တာ...အရှက်ကိုမရှိဘူး"
"သဘာဝလွန်စွမ်းအင်နယ်ပယ်ထိပ်သီးကျင့်ကြံသူတစ်ယောက်က...ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့နည်းလမ်းကို အသုံးပြုတယ်လား"
လုံချွမ်တိုင်းပြည်ဘက်မှ ကျင့်ကြံသူများသည် ကျယ်လောင်စွာဖြင့် အော်ဟစ်နေကြ၏။ သူတို့က အင်ပါယာမင်းသွေးအန်နေသည်ကိုမြင်ချိန်တွင် သူတို့အားလုံး ကြောက်ရွံမှုကို ခံစားနေရသည်။
အကယ်၍ အင်ပါယာမင်းသာ ရှုံးနိမ့်သွားပါက သူတို့အားလုံးလည်း အဆုံးသတ်သွားပေမည်။
"မင်းတို့က ငါ့ကိုရှာနေကြတာလား"
ကြည်လင်ပြတ်သားသော အသံတစ်သံက အင်ပါယာမြို့တော်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
စစ်ထူဝမ်က မြို့ရိုးပေါ်သို့ ခြေချမိချိန်တွင် သူ့အား မိုးကြိုးဖြင့် ရိုက်ခတ်မိသကဲ့သို့ ခံစားလိုက်ရသည်။
"အဟွတ်...အဟွတ်..."
ဒဏ်ရါရရှိထားသော စစ်ထူဝမ်သည် ပြင်းထန်သောအသံလှိုင်းအောက်တွင် သူ၏ပါးစပ်မှ သွေးများအန်ထွက်လာခဲ့သည်။
Chapter 510
အင်ပါယာမြို့တော်၏အထက်၌ လုယွီ၏အသံက ပဲ့တင်ထပ်နေပေသည်။
ရုတ်ချည်းဆိုသလိုပင် မြို့တော်အပေါ်သို့ကျရောက်နေသောဖိအားက ချက်ချင်းပင်ပျက်ပြယ်သွားလေ၏။
အင်ပါယာမင်းက စိတ်သက်သာရာရသွားပုံဖြင့် လုယွီအားကြည့်ပြီး ပြောဆိုလိုက်သည်။
"ချူဘုရင်...နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"
မီးတောက်များအကြားရှိ စစ်ထူဝူ၏မျက်လုံးများ ကျဥ်းမြောင်းသွားလေ၏။ သူက မြို့ရိုးတလျှောက် စစ်ဆေးနေပြီး ချူဘုရင် မည်သည့်နေရာ၌ရှိနေသည်ကို ရှာဖွေနေခဲ့သည်။
"ချူဘုရင်က ဒီနေရာကိုရောက်လာပြီလား"
"ဒါက အသစ်ခန့်အပ်ထားတဲ့ ချူဘုရင်လား...ပြောကြတာတော့ စစ်ထူမိသားစုက သူကြောင့် လုံချွမ်ကိုရောက်လာတာတဲ့"
"တကယ်လို့ သူကသာ စစ်ထူမိသားစုခေါင်းဆောင်ကို သတ်တဲ့သူဆိုရင်...ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ပဲဖြစ်ရမယ်...အင်ပါယာတော်ဝင်မိသားစုရဲ့ အစွမ်းထက်ထိပ်သီးကျင့်ကြံသူက ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါ မြင်ချင်တယ်"
ယဲ့လန်က ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုနေပေ၏။ သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ တခြားသူများထက် ပို၍စိတ်လှုပ်ရှားနေပေသည်။
စစ်ထူမိသားစုဝင်များ၏အရည်အချင်းပင် ဤမျှထိကောင်းမွန်နေပါက သူတို့၏မိသားစုခေါင်းဆောင်အား သတ်ဖြတ်နိုင်သူသည် အဆင့်တူအတွင်း၌ အသန်မာဆုံးသူဖြစ်ပေမည်။
ယဲ့မိသားစုမှအစွမ်းထက်ဆုံးကျင့်ကြံသူသည် အင်ပါယာမင်းဖြစ်ပေ၏။ အကယ်၍ အင်ပါယာတော်ဝင်မိသားစု၌ တခြားအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သာရှိပါက ယဲ့မိသားစုအတွက် ပို၍ဘေးကင်းလုံခြုံနိုင်ချေ များသွားပေမည်။
ရုတ်တရက် ယဲ့လန်၏အကြည့်က လူတစ်ယောက်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုလူသည် လုံချွမ်စစ်သားများ၏နောက်၌ မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများက အေးစက်တင်းမာနေပုံရပြီး သူကိုကြည့်ရသည်မှာ ထင်ရှားပေါ်လွင်ပုံမရချေ။
သူက လုယွီသာ ဖြစ်ပေ၏။
လုယွီက သူ၏စုတ်ပြတ်နေသော အဝတ်အစားများကိုပင် လဲလှယ်ခြင်းမပြုရသေးချေ။ စစ်သားများအကြား၌မတ်တတ်ရပ်နေရာမှ လုယွီသည် ရှေ့သို့တိုးထွက်လာလေ၏။
ယဲ့လန်၏စိတ်နှလုံးသားများ အလွန်ပင်စိတ်လှုပ်ရှားသွားရသည်။ သူမက တခြားသူများအာရုံစူးစိုက်နိုင်ခြင်းမရှိသေးသည်ကို အခွင့်အရေးယူ၍ လုယွီထံ အလျှင်အမြန်ပြေးလာက ဤနေရာမှထွက်ခွါရန် ဆွဲထုတ်လိုက်သည်။
သို့ရာတွင် လုယွီက နေရာ၌ သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ကြံကြံခံ၍ရပ်နေလေသည်။ ယဲ့လန် မည်မျှထိခက်ခက်ခဲခဲကြိုးစားနေပါစေ လုယွီအား ဆွဲခေါ်နိုင်ခြင်းမရှိချေ။
"နင် ရူးနေတာလား...နင် ဘယ်ကသတ္တိတွေနဲ့ ဒီနေရာကို ရောက်လာတာလဲ"
ယဲ့လန်က စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။
ဤနေရာက တိုက်ပွဲကွင်းပြင်ဖြစ်သည်။ တာယွဲ့တိုင်းပြည်စစ်တပ်သည် အချိန်အခါမရွေး ဝင်ရောက်တိုက်ခိုက်နိုင်ပေ၏။ သေမျိုးများမဆိုထားနှင့် ကျင့်ကြံသူများပင် အသက်ရှင်သန်နိုင်ရန်အတွက် အာမခံချက်မရှိချေ။
လုယွီက ယဲ့လန်၏အမေးကို ဖြေဆိုခြင်းမပြုပေ။
ယဲ့လန်က လုယွီသည် ကြောက်အားကြီးပြီး ရူးသွပ်သွားပြီဟု တွေးထင်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ ဤမျှထိအစွမ်းထက်သောရန်သူများနှင့် ရင်ဆိုင်တွေ့ချိန်၌ ကျင့်ကြံသူများပင်လျှင် သူတို့၏စိတ်နှလုံးသားအတွင်းမှ ကြောက်ရွံတုန်လှုပ်နေခြင်းကို ခံစားနေရသည်။
"ခင်ဗျား ဒဏ်ရါရထားတာလား"
လုယွီက မေးမြန်းလိုက်၏။
အင်ပါယာမင်းက ချက်ချင်းပင် လုယွီ၏နံဘေးသို့ ရောက်ရှိလာပြီး ခါးသက်သက်ရယ်မောနေလေသည်။
"ငါက ရန်သူကို လျှော့တွက်လိုက်မိတယ်...ချူဘုရင်ရဲ့လမ်းညွှန်မှုကြောင့် ငါရဲ့စွမ်းရည်တွေ ခုန်ပေါတ်တိုးပွါးသွားပြီလို့ အစက ငါ ထင်နေခဲ့တာ...ဒါပေမယ့် ငါက ခုတော့ လက်လေးဖက်ကို လက်သီးနှစ်ခုတည်းနဲ့ မယှဥ်ပြိုင်နိုင်ခဲ့ဘူး"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"ခင်ဗျားရဲ့အရည်အချင်းက မဆိုးပါဘူး...ဒါပေမယ့် အရင်က ခင်ဗျား အဆိပ်မိထားတဲ့ဒဏ်ကြောင့်...ခင်ဗျား ပြန်ကောင်းမွန်လာတာတောင်မှ အကျိုးဆက်တွေရှိနေတုန်းပဲ....နောက်ထပ်နှစ်ဝက်လောတ်ကြာရင် ခင်ဗျား အပြည့်အဝပြန်လည်ကောင်းမွန်လာပြီးတော့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်လိမ့်မယ်...ခင်ဗျား ရိပ်သိမ်းမှုအကြီးကြီးပါ ရကောင်းရလိမ့်မယ်"
အင်ပါယာမင်းက လုယွီအား ကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်ပြီး ပြောဆိုလေ၏။
"မင်းရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ပတ်ဝန်းကျင်နေရာတခုလုံးရှိ လူများအားလုံး ကြက်သေသေနေကြသည်။
မည်သည်ကြောင့် အင်ပါယာမင်းက သူ၏ရှေ့ရှိ စုတ်ပြတ်နေသောလူငယ်အား အမှန်တကယ်ကိုပင် ကျေးဇူးတင်စကား ပြောကြားနေသနည်း။
ထို့ပြင် လူငယ်၏လေသံကို နားထောင်ခြင်းဖြင့် သူက စစ်ထူမိသားစုခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သော ချူဘုရင်သာဖြစ်ပေမည်။
ယဲ့လန်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေပေ၏။ သူမ၏လက်များ အားလျော့သွားပြီး လုယွီ၏အင်္ကျီလက်အား ဆွဲကိုင်ထားခြင်းကို လွှက်လိုက်တော့သည်။
"နင်က သေမျိုးတစ်ယောက်မဟုတ်ဘူးလား...နင်က....."
ဤအချိန်တခဏတွင် ယဲ့လန်က အသိစိတ်ကင်းလွတ်သွားသကဲ့သို့ ခံစားနေရပြီး မည်သည့်စကားပြောဆိုရမည်ကို မသိတော့ချေ။
လုယွီက ယဲ့လန်အား လျစ်လျှူရှုထားလေသည်။
သူ၏အကြည့်က စစ်ထူမိသားစု၏အကြီးအကဲသုံးယောက်ပေါ်တွင်သာ အာရုံစူးစိုက်ထားခဲ့သည်။
"ငါက မင်းတို့ရဲ့မိသားစုခေါင်းဆောင်ကို မသတ်ခဲ့ဘူး...တကယ်လို့ မင်းတို့က စစ်ပွဲစတင်ချင်တယ်ဆိုရင် တခြားအကြောင်းပြချက်ရှာသင့်တယ်"
လုယွီက လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုလိုက်၏။
စစ်ထူဝူ၏မျက်လုံးများအတွင်း၌ သတိကြီးစွာထားနေသော အရိပ်အယောင်များ ထင်ဟပ်နေပေသည်။
"မင်း ငါတို့မိသားစုခေါင်းဆောင်ကို သတ်ခဲ့တာအမှန်ပဲလေ...ငါတို့မိသားစုခေါင်းဆောင် မသေခင်က သူ့ကိုသတ်တဲ့သူရဲ့ရုပ်ပုံကိုရေးဆွဲခဲ့တယ်...အဲ့ဒီလူက မင်းပဲ"
"အဓိပ္ပါယ်မရှိလိုက်တာ...မင်းတို့ မိသားစုခေါင်းဆောင်က မသေခင်မှာ ငါရဲ့ပုံတူကိုရေးဆွဲလိုက်တာနဲ့...ငါကို လုပ်ကြံသတ်ဖြတ်သူလို့ မင်းတို့က ထင်လိုက်ကြတယ်ပေါ့...မင်းတို့မိသားစုခေါင်းဆောင်က မသေခင် ကောင်းကင်ဘုံအင်ပါယာရဲ့ပုံကိုသာ ရေးဆွဲခဲ့မယ်ဆိုရင်...မင်းတို့သွားသတ်ရဲလို့လား"
လုယွီက အော်ငေါက်လိုက်သည်။
စစ်ထူဝူက သရော်တော်တော်ပြုံးရင်းမှ ပြောဆိုလေသည်။
"လျှာစောင်းထက်လှချည်လား....ငါ မင်းကို ရှင်းမပြနိုင်ဘူး...ငါက မင်းကိုသတ်ပြီး မိသားစုခေါင်းဆောင်အတွက်လက်စားချေမယ်"
"ကောင်းပြီလေ...မင်းတို့ရဲ့အရည်အချင်းကို ကြည့်ရတာပေါ့"
လုယွီ၏အသံက စစ်ထူဝူ၏နောက်မှ ထွက်ပေါ်လာခဲ့သည်။