← Chapters

အခန်း (၅၂၁-၅၂၅)

Vol. 26-30 Ch. 521-525

အခန်း (၅၂၁-၅၂၅)

Vol. 26-30 Ch. 521-525

Chapter 521

လုယွီ၏အော်ငေါက်သံသည် ပြင်ပမှထွက်ပေါ်လာပြီး အင်ပါယာတော်ဝင်ခန်းမတစ်ခုလုံးအား ပဲ့တင်ထပ်နေလေသည်။

"အတင့်ရဲလှချည်လား...ဒီနေရာက တာယွဲ့တိုင်းပြည်ရဲ့အင်ပါယာနန်းတော်...ဘယ်သူက အတင့်ရဲပြီး ဒီနေရာမှာအော်ဟစ်နေတာလဲ"

စစ်ရေးအမတ်ကြီးသည် သူ၏ကျန်းချီများကို ထုတ်လွှက်၍ အင်ပါယာနန်းတော်၏ပြင်ပသို့ထွက်လိုက်၏။

သို့ရာတွင် မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ထိုစစ်ရေးအမတ်ကြီး၏အရှိန်အဝါ ရုတ်တရက် ပျောက်ကွယ်သွားပေသည်။

ထို့နောက် ဦးခေါင်းပြတ်တစ်လုံးက နန်းတော်ခန်းမအတွင်းသို့ တလိမ့်လိမ့်ဝင်လာခဲ့သည်။

ဂလောင်...ဂလောင်...

ဤသည်က ခပ်အုပ်အုပ်အသံသာဖြစ်သော်လည်း သွေးစွက်ကြောင်းရာကြီးက မီတာတော်တော်များများအဝေးထိ ထင်ရှားနေပေသည်။

ပြန်ပြောင်းပြောရလျှင် ဤဦးခေါင်းပြတ်သည် စစ်ရေးအမတ်ကြီး၏ဦးခေါင်း ဖြစ်လေ၏။ စစ်ရေးအမတ်ကြီးမသေဆုံးမီ သူ၏မျက်လုံးများပြူးကျယ်နေပြီး သူ့မျက်နှာတစ်ခုလုံး မလိုလားသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး အင်ပါယာတော်ဝင်ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

"စစ်ထူရှို့...မင်းက တော်တော်ဝေးဝေးထိ ပြေးနိုင်တာပဲ...မင်းက ဒီနေရာထိလာပြီး ဘာတွေကြံစည်နေတာလဲ"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

လုယွီ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း အင်ပါယာတော်ဝင်ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်နေပေသည်။

ဤနေရာ၌ရှိနေသေူ အမတ်ကြီးများနှင့်အရာရှိများသည် သူတို့မျှော်လင့်မထားမိသော မတော်တဆဖြစ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်နေကြ၏။

လက်အောက်ခံစစ်တပ်ရှိ စစ်သားသန်းပေါင်းများစွာကို အမိန့်ပေးစေခိုင်းနိုင်သော စစ်ရေးအမတ်ကြီးသည် အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ထိုကဲ့သို့လူမျိုးက အချိန်တခဏအတွင်း အသတ်ခံရမည်ဟု မည်သူကမျှမျှော်လင့်မထားမိကြချေ။

လုယွီကိုကြည့်လျှင် ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်ခြင်းမှာ သိသာထင်ရှားနေသည်။ သို့ရာတွင် လုယွီ၏မျက်ခုံးနှစ်ခုကြား၌မူ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှိနေပေ၏။

"မင်းက ဘယ်သူလဲ...ဘာလို့ မင်းက ငါတို့တာယွဲ့တိုင်းပြည်ရဲ့စစ်ရေးအမတ်ကြီးကို သတ်ပစ်တာလဲ"

အရာရှိတစ်ယောက်က သူ၏အံ့ကိုတင်းတင်းကြိတ်ပြီး ခြေလှမ်းရှေ့တိုးပြီး မေးမြန်းလိုက်သည်။

လုယွီက ထိုသူကို တစ်ချက်သာကြည့်ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။

"ဘာလဲ...တိုင်းပြည်နှစ်ခု စစ်မက်ဖြစ်ပွါးနေတာတောင်...မင်းတို့က ရန်သူ့စစ်တပ်ရဲ့ခေါင်းဆောင်ကို မသိဘူးလား"

စစ်ထူရှို့က ပြောဆိုလိုက်၏။

"ချူ ဘုရင်...မင်း အလှမ်းကျယ်မလာနဲ့"

ဘာ...ဤသည်က ချူဘုရင်လော...

အမတ်ကြီးများ၏အကြည့်များက လုယွီပေါ်သို့ စူးစိုက်၍ကျရောက်လာကြသည်။

တာယွဲ့တိုင်းပြည်၏သတင်းစုံစမ်းမှုကွန်ယက်သည် အလွန်အမင်း အသေးစိတ်ပေသည်။ လုယွီ ချူဘုရင်ရာထူးကို ခန့်အပ်ခံလိုက်ရစဥ်ကတည်းက သူတို့သည် သတင်းအချက်အလက်များရရှိထားပေ၏။

သို့ရာတွင် လုယွီနှင့်ပတ်သတ်၍ သတင်းအချက်အလက်အနည်းငယ်သာရှိနေပြီး သူသည်မည်သည့်အချိန်ကမျှ အလယ်ပိုင်းကုန်းမြေ၌ နေထိုင်ဘူးပုံမရချေ။ သူတို့က မည်သည့်နည်းလမ်းများအသုံးပြု၍ စုံစမ်းသည်ဖြစ်စေ..လုယွီ၏အကြောင်းအား သဲလွန်စရှာမတွေ့ခဲ့ပေ။

"ဒီနေ့ ငါက စစ်ထူရှို့တစ်ယောက်တည်းကိုပဲသတ်မှာ...ငါ့ကိုတားဆီးတဲ့ ဘယ်သူမဆို သေရမယ်"

လုယွီက လူအုပ်ကြီးအား ကြည့်နေလေ၏။

လုယွီ၏ကြည့်ခြင်းခံရသောလူများသည် သူတို့အားကြမ်းကြုတ်ရက်စက်သည့်မှော်သားရဲတစ်ကောင်က ကြည့်နေသကဲ့သို့ ခံစားနေရသည်။ သူတို့က ကူကယ်ရာမဲ့စွာဖြင့် သူတို့၏ခြေလှမ်းများကို နောက်ဆုတ်လိုက်ကြ၏။

"ချူ ဘုရင်...ဒီနေရာက တာယွဲ့တိုင်းပြည်နော်...မင်းတို့ လုံချွမ်တိုင်းပြည်မဟုတ်ဘူး..."

အရာရှိတစ်ယောက်က ရုတ်တရက် လုယွီအား လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။

ဝှစ်....

လုယွီက ထိုသူနှင့် အဓိပ္ပါယ်မရှိသောစကားများ ပြောဆိုလိုခြင်းမရှိချေ။ သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ ဓားချီတစ်လှိုင်းပျံဝဲထွက်လာပြီး ထိုအရာရှိအား နှစ်ခြမ်းခွဲပစ်တော့သည်။

သွေးများက စမ်းရေအလား စီးဆင်းသွားပေ၏။

လုယွီက ပတ်ဝန်းကျင်မှလူများအား ထပ်မံ၍ကြည့်လိုက်သည်။ လူတိုင်းက နောက်သို့သာဆုတ်နေကြပြီး သူ့အားမတားဆီးဝံ့ကြတော့ချေ။

"တကယ်လို့ မင်း လွတ်မြောက်ချင်တယ်ဆိုရင်လည်း နေရာကောင်းကောင်းရှာသင့်တယ်...ငါကို ဆန့်ကျင်ဖို့ သာမာန်အညတရနေရာမျိုးမှာ မင်း မနေသင့်ဘူး"

လုယွီက တည်ငြိမ်စွာဖြင့် စစ်ထူရှို့အားကြည့်ပြီး ပြောဆိုလေသည်။

လုယွီက 'အညတရ'နေရာဟု ဖော်ညွှန်းလိုက်ချိန်တွင် လူတိုင်းက ဒေါသထွက်သွားကြသည်။

သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့ထွက်လာဝံ့ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ လုယွီ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်သဖြင့် ယခုလက်ရှိနေရာ၌ရှိနေသော လူအားလုံးစုပေါင်းလျှင်ပင် ပြိုင်ဘက်မဖြစ်နိုင်မည်ကို သူတို့က ကြောက်ရွံနေကြ၏။

"ဟား ဟား ဟား...ချူဘုရင်...မင်းက ပါရမီရှင်တစ်ယောက်လို့ ငါ ထင်ထားခဲ့တာ...ဒါပေမယ့် ဒီလိုမျိုး ဥာဏ်တိမ်တဲ့အရူးတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

စစ်ထူရှို့၏ရယ်မောသံကြီးက ထွက်ပေါ်လာခဲ့သည်။ စစ်ထူရှို့၏လက်အတွင်း၌ ကျောက်စိမ်းတံဆိပ်တစ်ခုကို ကိုင်မြှောက်ထားပြီး ၎င်းမှမှိန်ပျပျအလင်းရောင်တန်းများထွက်ပေါ်နေခဲ့သည်။

"စစ်ထူမိသားစုရဲ့ထိပ်သီးအကြီးအကဲတစ်ယောက်ရဲ့ အမည်နာမအရ...တာယွဲ့တိုင်းပြည်ရဲလောကကြီးစွမ်းအားတွေ ဒီသူခိုးကောင်ကိုသတ်ပစ်ဖို့ ငါ အမိန့်ပေးတယ်"

စစ်ထူရှို့က လုယွီအား လက်ညှိုးညွှန်လိုက်၏။

ဤအချိန်တွင် ကျောက်စိမ်းတံဆိပ်ပြားပေါ်ရှိ "ကောင်းကင်ဘုံ၏အမိန့်အရ ထာဝရအသက်"ဟူသော စာလုံးများက တောက်ပလင်းလက်လာပေသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သောလေဟာနယ်စွမ်းအင်လှိုင်းများက လုယွီထံသို့ တိုးဝင်လာလေ၏။

ပြင်းထန်သောလေဟာနယ်စွမ်းအာများသည် လုယွီအား အဆက်မပြတ်ဖျစ်ညှစ်နေပြီး ဖိအားပေးနေလေသည်။

"မင်းက လုံချွမ်တိုင်းပြည်မှာပဲ အေးအေးဆေးဆေး နေနေသင့်တယ်...ငါက မင်းကို ဘယ်လိုမှထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် မင်းက ဒီနေရာကို အပြေးရောက်လာမှတော့...ငါ့ကိုအပြစ်မတင်နဲ့"

စစ်ထူရှို့က ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။

လုယွီက မလှုပ်မယှက်နေနေဆဲဖြစ်ပြီး သူ၏မျက်နှာအမူအယာသည်လည်း ပြောင်းလဲမှုမရှိချေ။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့်အကြာတွင်မူ စစ်ထူရှို့၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားခဲ့သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ...ဘာလို့ မင်း ဘာမှမဖြစ်သေးတာလဲ"

စစ်ထူရှို့က အံ့အားသင့်တုန်လှုပ်စွာဖြင့် မေးမြန်းလေ၏။

Chapter 522

စစ်ထူရှို့သည် သူမျက်လုံးရှေ့ရှိမြင်ကွင်းကိုပင် သူ မည်သို့မျှယုံကြည်နိုင်ခြင်းမရှိချေ။

လုံချွမ်အင်ပါယာမြို့တော်၏ရှေ့တွင် လုယွီက လောကကြီးစွမ်းအားများ အကူအညီဖြင့် စစ်ထူရှို့ ခေါင်းမဖော်နိုင်သည်အထိ ဖိအားများပေးခဲ့သည်။

သို့ရာတွင် ဤနေရာက တာယွဲ့အင်ပါယာမြို့တော် ဖြစ်ပေ၏။

စစ်ထူရှို့သည် အင်ပါယာကျောက်စိမ်းတံဆိပ်ကို ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် ယေဘုယျကျကျပြောဆိုရလျှင် ဤနေရာက သူ၏အိမ်ကွင်းဖြစ်သည်။

သို့ရာတွင် မည်သည်ကြောင့် တာယွဲ့တိုင်းပြည်၏စွမ်းအားများက လုယွီအပေါ် သက်ရောက်မှုမရှိသနည်း...။

စစ်ထူရှို့က သူ၏မှော်စွမ်းအင်များကို ကျောက်စိမ်းတံဆိပ်အတွင်းသို့ ထပ်မံပေးပို့ပြီး အော်ဟစ်လိုက်၏။

"ဒီကျူးကျော်ဝင်လာတဲ့ကောင်ကို ဖိနှိပ်စမ်း"

ပတ်ဝန်းကျင်ရှိ လေဟာနယ်စွမ်းအားလှိုင်းများသည် ပို၍ပြင်းထန်လာသော်လည်း လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိသည့်အပြင် သူ၏ပိုးထည်ဝတ်စုံပင် လှုပ်ခတ်ခြင်းမရှိချေ။

"မဖြစ်နိုင်ဘူး...ဘာလို့လဲ...သူက တခြားတိုင်းပြည်က ကျူးကျော်လာတဲ့သူလေ...ဘာလို့ ငါတို့တာယွဲ့ရဲ့တိုင်းပြည်စွမ်းအားတွေက သူအပေါ် သက်ရောက်မှုမရှိတာလဲ"

စစ်ထူရှို့သည် ရူးသွပ်လုနီးပါးဖြစ်နေပေ၏။

အစပိုင်း၌ အရာရာတိုင်းသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု သူ ယုံကြည်ထားခဲ့သည်။

လုယွီသည် အလွန်အစွမ်းထက်သူဖြစ်သော်လည်း လုံချွမ်တိုင်းပြည်စွမ်းအား၏ ပံ့ပိုးကူညီမှုကြောင့်ဟု သူတွေးထင်ထားမိသည်။ သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ လုယွီသည် လောကကြီး၏စွမ်းအားကို အသုံးပြုနေခြင်းမဟုတ်သည်မှာ သိသာထင်ရှားနေပေ၏။

လူအားလုံး၏အာရုံစူးစိုက်နေသော အကြည့်များအောက်တွင် လုယွီက သူ၏ခေါင်းကိုဖြည်းဖြည်းချင်း မော့လိုက်သည်။

"သူရဲဘောကြောင်တဲ့ကောင်...တိုင်းပြည်တစ်ပြည်ရဲ့အင်ပါယာတံဆိပ်ကို အသုံးပြုရဲတဲ့ သတ္တိမျိုး မင်းကို ဘယ်သူကများပေးထားပါလိမ့်"

လုယွီက ရုတ်တရက်အော်ငေါက်လိုက်ရာတွင် သူ၏အသံက အင်ပါယာခန်းမတစ်ခုလုံးအား ပဲ့တင်ထပ်နေပေသည်။

စစ်ထူရှို့သည် သူ့ခေါင်းထဲ၌ ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်ကို ရုတ်တရက်ခံစားမိပြီးနောက် စူးရှရှနာကျင်လာခဲ့သည်။ မြောက်များစွာသောအသံများက သူ၏ဦးနှောက်အတွင်း၌ ထွက်ပေါ်လာပြီး အင်ပါယာတံဆိပ်အား မည်သည့်အတွက်ကြောင့်ယူသုံးရသနည်းဟု မေးမြန်းနေကြ၏။

"မဟုတ်ဘူး...ငါက ရန်သူကိုသတ်မှာ...ငါက လုံချွမ်တိုင်းပြည်က ချူဘုရင်ကို အပြတ်ရှင်းချင်တာလေ...ငါ မမှားဘူး"

စစ်ထူရှို့သည် သူ၏ခေါင်းအတွင်းမှ နာကျင်မှုကို တောင့်ခံနိုင်ရန် သူ့နှုတ်ခမ်းအား သူ့သွားဖြင့် ပြန်ကိုက်လိုက်သည်။

စစ်ထူရှို့၏နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ်ယိုစီးကျလာခဲ့သည်။

လုယွီက ရုတ်တရက် အော်ဟစ်လိုက်၏။

"မင်းက ဆိုးညစ်တဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ တိုင်းပြည်ရဲ့ရတနာကို အသုံးချခဲ့တယ်...အခုထိ အင်ပါယာတံဆိပ်ကို မင်းလက်ထဲမှာကိုင်ထားပြီး လွှက်မချသေးဘူးလား"

လုယွီနှင့်နီးကပ်သည့်နေရာတွင်ရှိနေသော လူများသည် ပြင်းထန်စွာပြစ်တင်ခံရမှုကြောင့် သူတို့၏စိတ်နှလုံးသားများ တုန်ခါသွားကြကာ နောက်သို့ဆုတ်လိုက်ကြရသည်။

တချို့ကြောက်တတ်သောလူအချို့မှာမူ လုယွီ၏ဒေါသတကြီးအော်ဟစ်မှုကြောင့် သူတို့သေဆုံးသွားမည်ကို စိုးရွံကြသဖြင့် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်လိုက်ကြ၏။

ဒေါင်...ဒေါင်...

စစ်ထူရှို့၏အင်ပါယာတံဆိပ်ကို ကိုင်ဆောင်ထားသောလက် ရုတ်တရက်ပြေလျော့သွားလေ၏။ အင်ပါယာတံဆိပ်က မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။

တစ်ချိန်တည်းမှာပင် စစ်ထူရှို့သည် သူ၏ဦးခေါင်းအတွင်းမှ တလိမ့်လိမ့်တက်လာသောနာကျင်မှုကို တောင့်မခံနိုင်တော့သဖြင့် သွေးများအန်ထွက်လာခဲ့သည်။

"လုံချွမ်တိုင်းပြည်ရဲ့ချူဘုရင်က တကယ်တော့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်ပါလား...."

တချို့လူများသည် တဖြည်းဖြည်းနှင့် နောက်သို့ဆုတ်ခွါနေကြ၏။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ကျင့်ကြံခြင်းနိုင်ငံများတွင် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသူများဖြစ်သည်။

တိုင်းပြည်တစ်ပြည်၏လုပ်ဆောင်ချက်များနှင့် အမိန့်တော်ကိုထုတ်ပြန်ခြင်း ကိစ္စရပ်များတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက် ပါဝင်ဆင်နွှဲရန်လိုအပ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ စစ်ထူရှို့ကဲ့သို့လူတစ်ယောက်အား အော်ငေါက်သံတစ်ချက်ဖြင့် သွေးအန်သည်အထိပြုလုပ်နိုင်သူအား တာယွဲ့အင်ပါယာမှကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ စုစည်းလျှင်ပင်အနိုင်ယူနိုင်မည်မဟုတ်ချေ။

"မင်းလိုလူငယ်မျိုးဆက်သစ်တစ်ယောက်ကို ငါလို သဘာဝလွန်စွမ်းအင်နယ်ပယ် အလယ်ဆင့်ကျင့်ကြံသူတစ်ယောက်က ကြောက်လိမ့်မယ်လို့ မင်းထင်နေတာလား...မင်းက ငယ်ပါသေးတယ်"

စစ်ထူရှို့က အံ့ကြိတ်ပြီး ရုတ်တရက် သူ၏အင်္ကျီလက်မောင်းကြားမှ သံမဏိလုံးတစ်လုံးကို ထုတ်ယူလေသည်။

ထိုသံမဏိလုံးထွက်ပေါ်လာချိန်တွင် အမတ်ကြီးများအားလုံး ထိတ်လန့်တကြားအော်ဟစ်နေကြ၏။

"မိုးကြိုးငါးသွယ် ကောင်းကင်ဘုံပုတီးစေ့...စစ်ထူရှို့...ခွေးမသား...မင်းက ဒီပစ္စည်းကို အင်ပါယာခန်းမအတွင်းမှာ အသုံးပြုမလို့လား"

"အရှင်မင်းကြီး...ဂရုစိုက်ပါ"

အမတ်ကြီးများသည် သူတို့၏ဂုဏ်သိက္ခာများကိုပင် မငဲ့နိုင်ကြတော့ဘဲ နေရာမှဒရောသောပါးထွက်ပြေးကြသည်။

နဂါးပလ္လင်ပေါ်ရှိ တာယွီအင်ပါယာမင်းပင်လျှင် ဘုရင်တစ်ပါး၏ဂုဏ်သရေကို အမှုမထားတော့ဘဲ ပလ္လင်ပေါ်မှ ခုန်ဆင်းလိုက်၏။

"သေကြစမ်း"

စစ်ထူရှို့က သူ၏သဘာဝလွန်စွမ်းအင်များကို သံမဏိလုံးအတွင်းသို့ ထည့်သွင်းပြီး လုယွီထံသို့ပစ်ပေါတ်လိုက်သည်။

သံမဏိလုံးသည် အလွန်သာမာန်ဆန်သောပုံပန်းသွင်ပြင်ရှိသော်လည်း ၎င်းအတွင်းသို့စွမ်းအင်များသွက်သွင်းပြီးချိန်တွင် ၎င်း၏မျက်နှာပြင်၌လျှပ်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။

ခရက်...ခရက်...ခရက်...

မိုးကြိုးငါးသွယ်ကောင်းကင်ဘုံပုတီးစေ့သည် အလွန်ပြင်းထန်သောမိုးကြိုးစွမ်းအင်များနှင့်အတူ လုယွီ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

လုယွီ၏မျက်လုံးအကြည့်များ တည်ကြည်လေးနက်သွားပြီး နောက်သို့ဆုတ်လိုက်သည့်အချိန်မှာပင် သူ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာခဲ့သည်။

ဘုန်း...

ဧရာမမိုးကြိုးလုံးကြီး ရိုက်ခတ်မှုကြောင့် အင်ပါယာတော်ဝင်ခန်းမတစ်ခုလုံး မိုးကြိုးအလင်းရောင်များဖြင့် လွှမ်းခြုံသွားတော့သည်။

လုယွီထံသို့ တည့်တည့်မတ်မတ်ပစ်လိုက်သော မိုးကြိုးစွမ်းအားလှိုင်းသည် တချိန်တည်းမှာပင် အင်ပါယာတော်ဝင်ခန်းမတစ်ခုလုံးအား ပြိုလဲကျသွားစေ၏။

Chapter 523

ပြင်းထန်သောမိုးကြိုးလှိုင်းဂယက်သည် နန်းတော်ခန်းမတစ်ခုလုံးကို ဖျက်ဆီးပစ်သည်သာမက အနီးအနားရှိအဆောက်အအုံများပါမချန် ပြိုလဲကျသွားစေသည်။

မူလက အလွန်ခမ်းနားထည်ဝါသော အင်ပါယာနန်းတော်ခန်းမသည် ချက်ချင်း အပျက်အယွင်းများအဖြစ်သာ ကြွင်းကျန်ရစ်၏။

သတိပြုရမည်မှာ အင်ပါယာနန်းတော်ခန်းမသည် သာမာန်အဆောက်အအုံများနှင့်မတူညီဘဲ အလွန်အမင်း ရှားပါးသောပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

မူလက နန်းတော်တစ်ခုလုံးအား သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏အစွမ်းကုန်တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် တွက်ချက်တည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော် ယခုလက်ရှိချိန်တွင်မူ နန်းတော်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားခဲ့သည်။

"ရူးနေပြီ...ရူးနေပြီ...စစ်ထူရှို့က မိုးကြိုးငါးသွယ်ကောင်းကင်ဘုံပုတီးစေ့ကို နန်းတော်ထဲမှာ အသုံးပြုရဲတယ်"

"အရှင်မင်းကြီးကို လိုက်ရှာကြစမ်း"

အမတ်ကြီးများသည် သူတို့၏အသိစိတ်ပြန်ဝင်လာကြချိန်၌ အင်ပါယာမင်းထွက်ခွါသွားသည့်ဘက်သို့ ဦးတည်၍ ပြေးလွှားသွားကြတော့သည်။

သူတို့က အပြေးအလွှားရှာဖွေကြရာတွင် မြောက်များစွာသော မှော်ရတနာများ၏အလယ်ဗဟို၌ အင်ပါယာမင်းအား တွေ့မြင်မိကြသည်။ ထိုမှော်ရတနာများသည် အင်ပါယာမင်းအား ထိခိုက်ဒဏ်ရါရမှုမှကင်းဝေးစေရန် အကာအကွယ်ပေးထားခဲ့သည်။

"ကံကောင်းထောက်မပြီး...အရှင်မင်းကြီးရဲ့ကံဇာတာ အရမ်းကောင်းနေလို့သာပဲ"

"စစ်ထူရှို့က အရမ်းမထီလေးစားနိုင်လွန်းတယ်...အရှင်မင်းကြီး...အဲ့ဒီလူရမ်းကားကို အပြစ်ပေးသင့်ပါတယ်"

စစ်ထူမိသားစုဘက်မှမဟုတ်သော အမတ်ကြီးတချို့က စစ်ထူရှို့အား အရေးယူရန် စတင်တောင်းဆိုလိုက်ကြ၏။

စစ်ထူမိသားစုဘက်တော်သားများကမူ ထိုအဆိုပြုချက်အား ငြင်းဆိုကြလေသည်။

"အကြီးအကဲစစ်ထူ လုပ်သမျှ အရာရာတိုင်းက ရန်သူနိုင်ငံရဲ့ချူဘုရင်ကြောင့်ပဲလေ...ဒါက ပြင်းထန်သွားရင်တောင်မှ အပြစ်ပေးစရာမလိုပါဘူး"

"ဟား ဟား ဟား...စစ်ထူရှို့ရဲ့အပြစ်ကလွန်လွန်းမနေဘူးလား...ဒါက အင်ပါယာတံဆိပ်နော်...သူ လိုချင်တိုင်းယူလို့ရတဲ့ ပစ္စည်းလို့များထင်နေတာလား"

အမတ်ကြီးတချို့က ချေပပြောဆိုပြန်သည်။

"ဟား ဟား ဟား ဟား ဟား"

ရုတ်ချည်းဆိုသလိုပင် ရူးသွပ်နေသည့်အလားရယ်မောသံကြီးက အမတ်ကြီးများ၏စကားပြောဆိုနေမှုကို ကြားဝင်နှောက်ယှက်လာခဲ့သည်။

အမတ်ကြီးများက လှည့်ကြည့်လိုက်ရာတွင် သူရူးတစ်ယောက်နှင့်တူညီနေပြီး အပျက်အစီးများအားကြည့်နေသော စစ်ထူရှို့ကို တွေ့မြင်မိကြ၏။

"အလောင်း ဘယ်မှာလဲ...သူက အလောင်းတောင်မကျန်ဘဲ သေသွားပြီလား...ဟား ဟား ဟား...သူက ငါရှေ့မှာလာပြီး မောက်မာဝံ့ဦးမှာလား"

စစ်ထူရှို့၏မျက်လုံးများအတွင်းတွင် ရူးသွပ်မှုများသာမက ပြင်းထန်သောကြောက်ရွံမှုအရိပ်အယောင်များလည်း ထင်ဟပ်နေပေသည်။

လုယွီက သူ၏လေဟာနယ်မှော်ရတနာအတွင်းမှ လွယ်လင့်တကူထွက်လာနိုင်စဥ်ကတည်းက သူ၏စိတ်ဝိညာဥ်တုန်ရီသည်အထိ လုယွီအား ကြောက်ရွံနေခဲ့ခြင်းဖြစ်သည်။

လုယွီက တာယွဲ့အင်ပါယာနန်းတော်ခန်းမအတွင်းသို့ ဝင်လာစဥ်ကပင် စစ်ထူရှို့သည် သူ၏ကိုယ်ပိုင်အသက်ကိုပင် သူမထိန်းချုပ်နိုင်တော့ဟု ခံစားနေရသည်။

ကံကောင်းထောက်မစွာဖြင့် သူထံ၌ မိုးကြိုးငါးသွယ်ကောင်းကင်ဘုံပုတီးစေ့တစ်လုံး ရှိနေခဲ့သည်။

ဤသည်က သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ခုခံနိုင်မည့်ရတနာမျိုး မဟုတ်သဖြင့် ဤကောင်စုတ်လေးအား ကိုင်တွယ်ဖြေရှင်းရန် ပြဿနာတစ်ခုမဖြစ်နိုင်တော့ချေ။

"ငါကို လောကကြီးရဲ့စွမ်းအားတွေက ကူညီထောက်ပံပေးထားတယ်...မင်း ငါနဲ့ တိုက်ခိုက်ချင်သေးလား"

စစ်ထူရှို့က ကွဲကြေနေသောကျောက်တုံးကြီးတစ်တုံးပေါ်သို့ အပြင်းအထန်ခြေဆောင့်နင်းလိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူသည် အနိုင်ရသူ ဖြစ်သွားခဲ့လေပြီ။

အမတ်ကြီးများအားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး နောက်ပိုင်းဖြစ်လာမည့် ကိစ္စများအတွက် စတင်၍တွေးတောနေကြတော့သည်။

ချူဘုရင်က သေဆုံးသွားလေပြီ။ လုံချွမ်တိုင်းပြည်အား စစ်ထူရှို့၏လက်ညှိုးတစ်ချောင်းဖြင့်ပင် ဖျက်ဆီးပစ်နိုင်ပေမည်။

စစ်ထူမိသားစုသည် တာယွဲ့တိုင်းပြည်၏ကိစ္စကြီးငယ်ဟူသမျှကို ထိန်းချုပ်နှင့်ပြီးဖြစ်သည်။ ထို့ကြောင့် တာယွဲ့တိုင်းပြည်တွင် စစ်ထူမိသားစု၏အင်အားကို ယှဥ်ပြိုင်နိုင်မည့်သူမရှိဟု ပြောနိုင်ပေ၏။

"စစ်ထူရှို့...အင်ပါယာတံဆိပ်ကို မြန်မြန်ပြန်ပေးစမ်း"

အမတ်ကြီးတစ်ယောက်က အော်ဟစ်လိုက်သည်။

ထိုအမတ်ကြီးသည် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူ၏အသဲသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ ပျံ့နှံ့သွားလေသည်။

စစ်ထူရှို့က ရုတ်တရက် ဒေါသထွက်သွားပေ၏။

"ဘယ်ကောင် ဒီစကါးပြောတာလဲ"

စစ်ထူရှို့က သူ၏လက်ကိုမတက်လိုက်ရာတွင် သဘာဝလွန်စွမ်းအင်လှိုင်းတစ်လှိုင်းက ချက်ချင်းထွက်ပေါ်လာခဲ့သည်။

အမတ်ကြီးသည် အလွန်ပင်ထိတ်လန့်တုန်လှုဇပ်သွားပြီး ထိုစွမ်းအင်လှိုင်းအား ခုခံတားဆီးရန် ကြိုးပမ်းလိုက်သည်။ စစ်ထူရှို့နှင့်အမတ်ကြီးသည် အတန်ငယ်ဝေးကွာနေသော်လည်း စွမ်းအားလှိုင်းက အမတ်ကြီးအား တည့်တည့်မတ်မတ် ထိခတ်သွားခဲ့သည်။

စစ်ထူရှို့က ထိုအမတ်ကြီးကို လက်ညှိုးညွှန်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

"သူက လုံချွမ်တိုင်းပြည်က သူလျှိုဖြစ်နိုင်တယ်...သူကို စစ်မေးရအောင်လို့ ထောင်သွင်းအကျဥ်းချထားကြစမ်း"

စစ်ထူရှို့အား အော်ဟစ်မိသော အမတ်ကြီး၏ပါးစပ်မှသွေးများအန်ထွက်လာခဲ့သည်။

"တိုင်းပြည်ကို လုယူတဲ့ကောင်"

"သူကို ဖမ်းလိုက်ကြစမ်း"

စစ်ထူရှို့က အင်ပါယာတံဆိပ်အား ပြောင်ပြောင်တင်းတင်းပင် ကိုင်မြှောက်၍ အမိန့်ပေးလေ၏။

စစ်သားများသည် မည်သို့မျှမတက်သာတော့ဘဲ အမတ်ကြီးအား ဖမ်းဆီးလိုက်ရတော့သည်။

"ဒီအချိန်ကနေစပြီး...တာယွဲ့တိုင်းပြည်မှာ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေကို ထပ်ပြီးလက်မခံတော့ဘူး...ခုရှိနေတဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေကိုလည်း သူတို့ရဲ့အဆောင်အယောင်တွေ ရုတ်သိမ်းပြီး တာယွဲ့တိုင်းပြည်ကနေ နှင်ထုတ်မယ်"

ရုတ်ချည်းဆိုသလိုပင် စစ်ထူရှို့က အမိန့်ထုတ်ပြန်လိုက်သည်။

Chapter 524

ဤနေရာ၌ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတချို့လည်း ရှိနေခဲ့သည်။

ကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရရန် ကျင့်ကြံသူများရှိရန်လိုအပ်သည်သာမက ကျင့်ဝတ်ထိန်းသိမ်းရန်နှင့်ဥာဏ်အလင်းပြပေးရန် ကွန်ဖြူးရှပ်တာအိုပညာရှင်များလည်း လိုအပ်ပေသည်။

တစ်ခြားတနည်းပြောင်းဆိုရလျှင် ကွန်ဖြူးရှပ်တာအိုပညာရှင်များသည် ကျင့်ကြံခြင်းနိုင်ငံများတွင် အရေးပါသောအခန်းကဏ္ဏ၌ ရှိနေလေ၏။

"စစ်ထူရှို့...မင်း ဘာစကားပြောတာလဲ"

"မင်း လုပ်ရဲလား...မင်း ယုံချင်ယုံ မယုံချင်နေ...ငါက အရှင်မင်းကြီးထံမှာ မင်း အပြစ်တွေကိုတင်ပြပြီး...မင်းတို့စစ်ထူမိသားစုတစ်စုလုံးကို သတ်ခိုင်းမယ်"

ကွန်ဖြူးရှပ်တာအိုပညာရှင်များသည် သူတို့၏မုတ်ဆိတ်ရှည်ကြီးများ တုန်ခါလာသည်အထိအော်ဟစ်နေကြပြီး စစ်ထူရှို့အား စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။

စစ်ထူရှို့ကမူ သူတို့အား အရေးစိုက်ပုံမရချေ။ သူ၏လက်ကိုသာ ဝှေ့ယမ်းလိုက်လေ၏။

"တော်တော်ရုတ်ရုတ်သဲသဲလုပ်တာ ကြိုက်တဲ့ကောင်တွေပဲ...သူတို့အားလုံးကို ဖမ်းဆီးလိုက်ကြစမ်း"

"မင်း လုပ်ရဲလား"

ရုတ်ချည်းဆိုသလိုပင် ကွန်ဖြူးရှပ်ပညာရှင်များ၏ခန္ဓာကိုယ်များမှ အစွမ်းထက်ပြီးမြင့်မြတ်သော သမာဓိချီများ ထွက်ပေါ်လာခဲ့သည်။ သူတို့က ဒေါသထွက်နေခြင်းကို သူတို့၏အရှိန်အဝါများ ထုတ်လွှက်ပြီး ဖော်ပြနေခြင်းဖြစ်ပေ၏။

"ဟီး ဟီး...မင်းတို့ဘာတက်နိုင်မှာမို့လို့လဲ"

စစ်ထူရှို့က ရုတ်တရက် သူ၏လက်အတွင်းရှိကျောက်စိမ်းတံဆိပ်အား ကိုင်မြှောက်လိုက်သည်။

ကျောက်စိမ်းတံဆိပ်ပေါ်တွင်ရှိသော အင်ပါယာတာအို၏ခံ့ညားသောစွမ်းအားများမှတဆင့် လေထုအတွင်း၌ ကြီးမားသောအင်ပါယာတံဆိပ်အဖြစ် ဖွဲ့စည်းသွားပေသည်။

"ကွန်ဖြူးရှပ်တာအိုပညာရှင်တွေကို ပုန်ကန်သူတွေအဖြစ်သတ်မှတ်တယ်...သူတို့ရဲ့အဆောင်အယောင်တွေကိုရုတ်သိမ်းပြီး သူတို့အားလုံးကိုတာယွဲ့တိုင်းပြည်ကနေ နယ်နှင်ဒဏ်ပေးလိုက်ပြီ"

အင်ပါယာတံဆိပ်ပေါ်တွင် စာလုံးတစ်ချို့က ရုတ်တရက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

"သောက်ရေးမပါတာ...မင်းက အင်ပါယာမင်းရဲ့ရှေ့မှာတောင် အင်ပါယာတံဆိပ်ကို လီဆယ်ပြီးအသုံးပြုရဲတယ်ပေါ့"

ကွန်ဖြူးရှပ်တာအိုပညာရှင်များသည် ဒေါသတကြီး အော်ဟစ်နေကြ၏။

အင်ပါယာမင်း၏မျက်နှာသည် အနည်းငယ်ဖြူရော်နေလေသည်။ လေထုအတွင်းမျောလွင့်နေသော အင်ပါယာတံဆိပ်ကိုကြည့်ပြီး သူက ၎င်းအား ရင်းနှီးကျွမ်းဝင်မှုမရှိတော့သောခံစားချက်မျိုးကို ခံစားနေရ၏။

မည်သို့ပင်ဆိုစေကာမူ စစ်ထူရှို့သည် အင်ပါယာတံဆိပ်အား သူ၏သဘောတူခွင့်ပြုချက်မရှိဘဲ တိုက်ရိုက်အသုံးပြုနိုင်ခဲ့သည်။

ပြောရလျှင် အင်ပါယာမင်းဟူသော သူသည် အမှန်စင်စစ်အားဖြင့် အရေးပါသူတစ်ယောက် မဟုတ်ခဲ့ချေ။

ကျောက်စိမ်းတံဆိပ်ကို ကိုင်ဆောင်ထားသော စစ်ထူရှို့က အင်ပါယာနန်းတော်ရှိအစောင့်စစ်သားများအား ကွန်ဖြူးရှပ်တာအိုပညာရှင်များကို ဖမ်းဆီးရန် အမိန့်ပေးလိုက်တော့သည်။

"အကြီးအကဲ စစ်ထူ...ကျွန်တော်တို့က စစ်ထူမိသားစုအပေါ် သစ္စာစောင့်သိခဲ့တယ်လေ"

"ကျုပ်က စစ်ထူမိသားစုအတွက် နှစ်တွေအကြာကြီး ခက်ခက်ခဲခဲအလုပ်ကြိုးစားလုပ်ပေးခဲ့တယ်....အကြီးအကဲ စစ်ထူ...ခင်ဗျား ကျုပ်အပေါ်ကို ဒီလိုမလုပ်သင့်ဘူး"

စစ်ထူမိသားစုဘက်သို့ ဆတ်နွယ်ခဲ့ဘူးသော ကွန်ဖြူးရှပ်ပညာရှင်များသည်လည်း အလားတူခြိမ်းခြောက်မှုမျိုးကို ခံစားရပေ၏။

"ထွီ...မင်းတို့နဲ့ ဒါပဲထိုက်တန်တယ်"

ကြွင်းကျန်သောကွန်ဖြူးရှပ်တာအိုပညာရှင်များက စစ်ထူမိသားစုဘက်တော်သားများအားကြည့်ပြီး ပြက်ရယ်ပြုနေပေသည်။

"အကုန်လုံး ဆွဲထုတ်သွား...တစ်ယောက်မှ မကျန်စေနဲ့"

စစ်ထူရှို့က စူးစူးဝါးဝါး အော်ဟစ်လေ၏။ သူက လုယွီ၏ကွန်ဖြူးရှပ်တာအိုနည်းစနစ်များကို တွေ့ကြုံပြီးချိန်မှစ၍ သူ၏စိတ်နှလုံးသားအတွင်းတွင် မသိစိတ်မှနေ၍ ကြောက်ရွံမှုများရှိနေခဲ့သည်။ သူ၏ရှေ့၌ မည်သည့်ကွန်ဖြူးရှပ်တာအိုပညာရှင်ကိုမျှ ထားမည်မဟုတ်ချေ။

"အကြီးအကဲ စစ်ထူ...ဒီကိစ္စကို ဒီမှါတင်ရပ်သင့်ပြီလို့ ငါထင်တယ်...မင်း ကျောက်စိမ်းတံဆိပ်ကို ငါစီပြန်ပေးပါတော့...တကယ်လို့ မင်းမှာ ဆောင်ရွက်စရာကိစ္စတွေကျန်သေးရင်...ငါတို့ ထပ်ပြီးဆွေးနွေးကြတာပေါ့"

အင်ပါယာမင်းက နံဘေးမှနေ၍ အကြံပြုလိုက်သည်။

စစ်ထူရှို့က သူ၏ခေါင်းကိုခါယမ်းပြလေ၏။

"အရှင်မင်းကြီး...တာယွဲ့တိုင်းပြည်မှာရှိနေတဲ့ သစ္စာဖောတ်တွေအကုန်လုံးကို အပြည့်အဝမဖယ်ရှားရသေးဘူး...ဒါကြောင့်မို့ ကျုပ် ကျောက်စိမ်းတံဆိပ်ကို အချိန်တော်တော်ကြာအသုံးပြုဖို့လိုအပ်တယ်"

ဘာ...

တာယွဲ့အင်ပါယာမင်း၏အသက်ရှုနှုန်းများ လေးလံသွားခဲ့သည်။ စစ်ထူရှို့က ကျောက်စိမ်းတံဆိပ်ကို သူထံသို့ ပြန်မပေးရန် ကြံစည်နေသလော...။

ဤကဲ့သို့နိုင်လိုမင်းထက်ပြုမူခံရခြင်းသည် အင်ပါယာမင်းအား အရာရာတိုင်းကိုပင် မေ့လျော့သွားစေသည်။

"အကြီးအကဲစစ်ထူ...မင်းက ငါရဲ့အမိန့်ကို နည်းနည်းလေးမှတောင် မင်းရဲ့မျက်လုံးထဲထည့်မထားဘူးလား"

အင်ပါယာမင်းက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။

"အရှင်မင်းကြီးက ဘယ်လိုစကားတွေ ပြောနေတာလဲ"

စစ်ထူရှို့က အင်ပါယာမင်း၏စကားကို မနှစ်မြို့ပုံဖြင့် ပြောဆိုလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...ဒီအမတ်အိုကြီးက တာယွဲ့တိုင်းပြည်ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်နေတာလေ"

ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီး စစ်ထူရှို့က ပြောဆိုလိုက်၏။

"ကျုပ် အရှင်မင်းကြီးကို အမှန်တရားတစ်ခုပြောပြမယ်...တကယ်လို့ စစ်ထူမိသားစုသာမရှိခဲ့ရင်...တာယွဲ့တိုင်းပြည်က ခုလိုမျိူးအောင်မြင်မှုတွေရရှိနေမှာမဟုတ်ဘူး...ဒီတိုင်းပြည်က အရာရာတိုင်းကို ကျုပ်တို့ စစ်ထူမိသားစုက ဆောင်ကျဥ်းပေးထားခဲ့တာ...တကယ်လို့ အရှင်မင်းကြီးက ကျောက်စိမ်းတံဆိပ်ကိုလိုချင်တယ်ဆိုရင်...ကိုယ်ဟာကိုယ်သာ ထပ်ပြီးပြုလုပ်လိုက်ပါ"

တာယွဲ့အင်ပါယာမင်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အစွမ်းအစမဲ့နေမှုကို ခံစားနေရသည်။

သူတို့၏အင်ပါယာတော်ဝင်မိသားစုတွင် သဘာဝလွန်စွမ်းအင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သာ ရှိပေ၏။ ထိုသူသည်လည်း အပြင်းအထန်ဒဏ်ရါရရှိထားမှုကြောင့် တံခါးပိတ်ကျင့်ကြံနေပေသည်။

စစ်ထူမိသားစုတွင် လျှို့ဝှက်ပုန်းအောင်းနေသောသူများကိုထည့်မတွက်လျှင်ပင် သူတို့၏အပေါ်ယံအင်အားစု၌ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူ ငါးယောက်ရှိနေလေသည်။

အရာရာတိုင်းသည် ခွန်အားပေါ်တွင်သာ မူတည်နေ၏။

တာယွဲ့အင်ပါယာမင်းသည် သူ၏တင်းတင်းကျပ်ကျပ်ဆုပ်ထားသောလက်သီးကို ဖြေလျော့ပြီး အပြုံးတစ်ခုအားအားယူပြုံးလေသည်။

"ကောင်းပြီလေ...အရာရာတိုင်း အကြီးအကဲစစ်ထူရဲ့သဘောအတိုင်းလုပ်ပါ"

အင်ပါယာမင်း၏သဘောတူညီချက်ကို ကြည့်ပြီး စစ်ထူရှို့က မအောင့်အည်းနိုင်တော့ဘဲ ရယ်မောနေတော့သည်။

"မိုးကြိုးငါးသွယ်ကောင်းကင်ဘုံပုတီးစေ့...ဟမ့်..ဒါက အတော်ကောင်းတဲ့ ပစ္စည်းလေးတစ်ခုပဲ...ဒါပေမယ့် စိတ်ပျက်ဖို့ကောင်းတာတစ်ခုက မင်းရဲ့လက်ထဲမှာ အလဟာသဖြစ်သွားတာပဲ"

အေးစက်စက်အသံတစ်သံက ရုတ်တရက် စစ်ထူရှို့၏နောက်မှ ထွက်ပေါ်လာခဲ့သည်။

Chapter 525

"ဘယ်ကောင်လာပြီး ဗရုတ်သုတ်ခစကားတွေပြောနေတာလဲ....အဲ့ဒီကောင်ကို ဖမ်းလိုက်ကြစမ်း"

စစ်ထူရှို့က ဒေါသတကြီးဖြင့် နောက်သို့ပြန်လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။

သို့သော်လည်း အချိန်အတော်ကြာသည့်တိုင် နန်းတော်အစောင့်များက လှုပ်ရှားခြင်းမရှိသည်ကို သူ သတိပြုမိသွား၏။

"ဘာဖြစ်နေကြတာလဲ"

စစ်ထူရှို့က ဒေါသတကြီး အော်ငေါက်နေလေသည်။

"ငါ ပြောနေတာကို...မင်းတို့ မကြားကြဘူးလား"

အစောင့်စစ်သားများ၏မျက်လုံးများအတွင်းတွင် ကြောက်ရွံမှုများပြည့်နှက်နေပြီး သူတို့က စစ်ထူရှို့၏နောက်သို့ လက်ညှိုးညွှန်ကာ ပြောဆိုလိုက်ကြသည်။

"စစ်ထူအကြီးအကဲ...အကြီးအကဲရဲ့နောက်မှာ...."

စစ်ထူရှို့သည် သူ၏စိတ်နှလုံးသားအတွင်းမှပင် တုန်လှုပ်သွားပြီး နောက်သို့လှည့်ကြည့်လေ၏။

လုယွီသည် မိုးကြိုးငါးသွယ်ကောင်းကင်ဘုံပုတီးစေ့ကြောင့် ပျက်စီးသွားသော အပျက်အယွင်းများပေါ်၌ ထိုင်ပြီး သူ့အားပြုံးကြည့်နေခြင်းကို စစ်ထူရှို့က တွေ့မြင်ရသည်။

"မင်း အသက်ရှင်နေတုန်းပဲလား...မဖြစ်နိုင်ဘူး...မိုးကြိုးငါးသွယ်ကောင်းကင်ဘုံပုတီးစေ့အောက်မှာ မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်သန်နိုင်မှာလဲ"

စစ်ထူရှို့သည် သူ၏မသိစိတ်မှနေ၍ နောက်သို့ဆုတ်နေမိသည်။

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်၏။

"မင်း ဒီလိုလျှို့ဝှက်လက်နက်ပုန်းမျိုးသုံးမယ်လို့ ငါ မျှော်လင့်မထားမိတာတော့ အမှန်ပဲ ..ဒါပေမယ့် ဒီလိုလက်နက်ပုန်းကိုမသုံးခင်...ဘယ်သူက အရင်အော်ဟစ်ပြီးမှ အသုံးပြုလို့လဲ"

စစ်ထူရှို့က မိုးကြိုးငါးသွယ်ကောင်းကင်ဘုံပုတီးစေ့ကို ထုတ်ယူလိုက်ချိန်တွင် လုယွီက ၎င်းထံ၌ပါဝင်သော အဖျက်စွမ်းအားကို အာရုံခံမိခဲ့သည်။ ထို့ကြောင့် သူက နဂါးပျံခြေလှမ်းကိုအသုံးပြု၍ အင်ပါယာတော်ဝင်ခန်းမ၏ပြင်ပသို့ ရှောင်တိမ်းသွားခဲ့သည်။

ခန်းမအတွင်း၌ သူ၏နောက်ချန်ပုံရိပ်သာ ကြွင်းကျန်ရစ်ခြင်းဖြစ်သည်။

စစ်ထူရှို့ကမူ လုယွီအား ပြာဖြစ်သွားပြီဟုသာ တွေးထင်သွားခဲ့သည်။

"သစ္စာဖောတ်တစ်ယောက်က တခြားသူတွေကို ပုန်ကန်တယ်လို့ ပြောနေတဲ့ပြကွက်ကောင်းကြည့်ဖို့ အခွင့်အရေးကို ငါ ရခဲ့တယ်...ဒါက ငါ့ကို တကယ်ကိုပဲ အမြင်ကျယ်သွားစေတယ်"

လုယွီက စစ်ထူရှို့ထံသို့ ခြေလှမ်းတစ်လှမ်းချင်း လမ်းလျှောက်သွားနေပေ၏။

တချိန်တည်းမှာပင် လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏မျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။

"မင်းတို့ဘာလို့ မတ်တတ်ရပ်နေကြတာလဲ...သူကို တားဆီးကြစမ်း"

စစ်ထူရှို့က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ကံဆိုးစွာဖြင့် စစ်ထူရှို့၏နည်းလမ်းများကို မြင်တွေ့ထားသော စစ်သားများက လှုပ်ရှားခြင်းမပြုလုပ်ကြချေ။ စစ်ထူရှို့၏လူယုံတော်များပင် သူတို့၏နှလုံးသားထိ အေးစိမ့်စိမ့်ဖြစ်လာမှုကို ခံစားနေရသဖြင့် သူ့အားကူညီပေးရန် ဆန္ဒမရှိကြတော့ပေ။

စစ်ထူရှို့က ရုတ်တရက် အင်ပါယာတံဆိပ်ကိုကိုင်မြှောက်ပြီး အော်ဟစ်လိုက်၏။

"အင်ပါယာအမိန့်...အရာရှိတွေအားလုံး ဒီလူရမ်းကားကို တားဆီးကြစမ်း...မဟုတ်ရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ မင်းတို့ကို အပြစ်ပေးမယ်"

အင်ပါယာကျောက်စိမ်းတံဆိပ်မှ ရွှေရောင်အလင်းတန်းများထွက်လာပြီး အရာရှိများနှင့်အမတ်ကြီးများပေါ်သို့ ကျရောက်နေပေသည်။

ထိုအမတ်ကြီးများသည် အဆင့်မြင့်ရာထူးရရှိထားသည့်အပြင် အများစုမှာ ကျင့်ကြံသူများဖြစ်သည်။ ဤအခြေအနေနှင့်ကြုံတွေ့ရချိန်တွင် သူတို့က ကူကယ်ရာမဲ့ပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။

"ငါ ပြေးမှဖြစ်မယ်"

စစ်ထူရှို့က နောက်သို့ဆုတ်ခွါပြီး အလျှင်အမြန်ထွက်ပြေးရန် ကြံရွယ်နေခဲ့သည်။

"မင်းတို့နဲ့ငါကြားမှာ အငြင်းပွါးစရာကိစ္စမရှိဘူး..မြန်မြန်နောက်ဆုတ်ကြ...ရှေ့တိုးလာရင်တော့ မင်းတို့လည်း ငြိစွန်းမှာပဲ"

လုယွီက ပတ်ဝန်းကျင်ရှိ အရာရှိများကိုကြည့်ပြီး အော်ငေါက်လိုက်၏။

အရာရှိများသည် လုယွီ၏ဆိုလိုရင်းကို နားလည်သဘောပေါတ်ကြပေသည်။ သို့ရာတွင် အင်ပါယာတံဆိပ်၏ရွှေရောင်အလင်းတန်းများက သူတို့အား လုယွီနှင့်ရင်ဆိုင်ရန် တွန်းအားပေးနေခဲ့သည်။

"ဒီနေရာက ထွက်သွားကြစမ်း"

လုယွီ၏ခန္ဓာကိုယ်ပတ်လည်မှ သဘာဝလွန်စွမ်းအင်များထွက်ပေါ်လာသည့် အချိန်တခဏတွင် ပြင်းထန်သောလေလှိုင်းတစ်ရပ်တိုက်ခတ်လာပြီး ဤနေရာတွင်ရှိနေသော အရာရှိများအားလုံးကို ဘေးဘက်သို့ခါထုတ်လိုက်တော့သည်။

"စစ်ထူရှို့...မင်းက လွတ်မြောက်ချင်သေးတာလား"

လုယွီ၏မျက်လုံးမှ အေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏လက်ဝါးတစ်ခုလုံး အနက်ရောင်ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုယွီ၏နောက်မှ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးကလည်း လက်ဝါးတစ်ချက်ရိုက်ထုတ်လေ၏။

"ကောင်းကင်ဘုံ အံ့ဖွယ်သစ်သားလက်သီး"

"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ"

မှော်နည်းစနစ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိပ်တိုက်ဝင်ဆောင့်မိသည်။ ထို့နောက် စစ်ထူရှို့သည် သူ၏လက်သီးမှစူးရှရှနာကျင်မှုကို ခံစားမိလေ၏။

ဘုန်း....

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ စစ်ထူရှို့က နှလုံးနှင့်အဆုတ်များကွဲကြေလုမတက်အော်ဟစ်နေခဲ့သည်။ သူ၏ညာလက်မောင်းတစ်ခုလုံးလည်း လုယွီ၏ရိုက်ချက်ကြောင့် ကြေမွသွားပေ၏။

လုယွီက စစ်ထူရှို့အား အလွတ်ပေးရန်ရည်ရွယ်ချက်မရှိချေ။ သူ၏ခန္ဓာကိုယ်လှုပ်ရှားလိုက်မှုနှင့်အတူ စစ်ထူရှို့၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

"မင်း...အရမ်းလွန်မလာနဲ့"

စစ်ထူရှို့က မှော်သံလိုက်အိမ်မြှောင်ကိုထုတ်ယူပြီး ညွှန်တံကိုလှည့်လိုက်၏။

မှော်သံလိုက်အိမ်မြှောင်လည်ပတ်နေသော အချိန်တခဏတွင် ပတ်ဝန်းကျင်ရှိလေဟာနယ်စွမ်းအားလှိုင်းများ ဂယက်ထလာခဲ့သည်။

"ဒီလိုပစ္စည်းကောင်းမျိုးက မင်းရဲ့လက်ထဲရောက်နေတာ တော်တော်နှမြောဖို့ကောင်းတာပဲ"

လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။

မှော်သံလိုက်အိမ်မြှောင်ထံမှ ခပ်သဲ့သဲ့အသံထွက်ပေါ်လာပြီးနောက် လုယွီထံသို့ ပျံဝဲ၍ရောက်ရှိသွားခဲ့သည်။

စစ်ထူရှို့သည် သူ၏သဘာဝလွန်စွမ်းအင်များကို အစွမ်းကုန်အသုံးပြု၍ မှော်သံလိုက်အိမ်မြှောင်အား အသက်သွင်းရန် ကြိုးပမ်းနေလေ၏။ သို့ရာတွင် မှော်သံလိုက်အိမ်မြှောင်သည် သူ၏ထိန်းချုပ်မှုမှလွတ်ကင်းပြီး လုယွီ၏လက်အတွင်းသို့ တည့်တည့်မတ်မတ်ကျရောက်သွားခဲ့သည်။

"ငါ မင်းကို ဒီပစ္စည်းရဲ့အစစ်အမှန်စွမ်းအားကို ပြသပေးမယ်"

လုယွီက မှော်သံလိုက်အိမ်မြှောင်ကိုကိုင်ထားပြီး သူ၏ပါးစပ်မှနေ၍ မန္တန်တစ်ပုဒ်အားရွတ်ဆိုလိုက်သည်။ ထို့နောက် သူ၏လက်ညှိုးဖြင့် မှော်သံလိုက်အိမ်မြှောင်၏အလယ်ဗဟိုအား တို့ထိလိုက်၏။

ရုတ်တရက် မှော်သံလိုက်အိမ်မြှောင်ထံမှ ယခင်ကဲ့သို့ လေဟာနယ်စွမ်းအားလှိုင်းများ ထပ်မံထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် ယခုထွက်ပေါ်လာသော လေဟာနယ်စွမ်းအင်လှိုင်းများသည် ယခင်က စစ်ထူရှို့အသုံးပြုစဥ်ကထက် ဆယ်ဆမက ပို၍ပြင်းထန်ပေ၏။

"ဘိုးဘေး...ကျွန်တော်ကိုကယ်ပါအုံး"

စစ်ထူရှို့က အရှေ့ဘက်သို့ဦးတည်၍ အော်ဟစ်လိုက်သည်။

All Chapters