အခန်း (၅၂၆-၅၃၀)
Vol. 26-30 Ch. 526-530
Chapter 526
မှော်သံလိုက်အိမ်မြှောင်ရှိ လေဟာနယ်စွမ်းအားသည် စစ်ထူရှို့အား ဝါးမြိုလုဆဲဆဲဖြစ်နေပေသည်။
စစ်ထူရှို့၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်ပုံပေါ်လွင်နေသော်လည်း သူ၏မျက်လုံးများတွင်မူ စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်နေလေ၏။
အကယ်၍ သူ ကြိုသိခဲ့ပါက ဤကဲ့သို့နတ်ဆိုးမျိုးကို ရန်စမိစေမည့် လုံချွမ်တိုင်းပြည်သို့ သွားမည်မဟုတ်ချေ။
မိသားစုခေါင်းဆောင်အတွက် လက်စားချေရန်လော...အကယ်၍ မိသားစုခေါင်းဆောင်တစ်ယောက်သေဆုံးသွားလျှင်ပင် သူတို့က တခြားတစ်ယောက်ကို ရွေးချယ်တင်မြှောက်ပေလိမ့်မည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ နောင်တရနေခြင်းသည်လည်း အသုံးမဝင်တော့ချေ။
"မင်း လုပ်ရဲလား"
ရုတ်တရက် ကြည်လင်နေသောကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံတမျှကျယ်လောင်သော အသံနက်ကြီးသည် အရှေ့အရပ်က ထွက်ပေါ်လာခဲ့သည်။
ထို့နောက် သူ့အား ဧရာမလက်ကြီးတစ်ဖက်က လေဟာနယ်စွမ်းအားလှိုင်းများနှင့်လွတ်ကင်းရာကို ဆွဲထုတ်သွားခြင်းအား စစ်ထူရှို့က ခံစားမိသည်။
မှော်စွမ်းအင်များဖြင့် သိပ်သည်းဖွဲ့စည်းထားသော ဧရာမလက်ကြီးသည် အလွန်အမင်းကျယ်ပြန့်ကြီးမားပေသည်။ ပြင်းထန်သောစွမ်းအားလှိုင်းများက ချက်ချင်းပင် စစ်ထူရှို့အား ဆွဲခေါ်သွားခဲ့သည်။
ထို့နောက်မှနေ၍ ပြင်းထန်သောလေပြင်းများက နန်းတော်ရှေ့ရှိ မြေကွက်လပ်နေရာ၌ ကျဆင်းလာပေ၏။
လေပြင်းများအကြား၌ ဆံပင်တခေါင်းလုံးဖြူနေပြီး အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ခန့်ညားထည်ဝါသောအမူအယာဖြင့် မတ်တတ်ရပ်နေလေသည်။
"ငါက စစ်ထူကွမ်ယွီ...မင်းက ဘယ်မိသားစုကလဲ...မင်းက ဒီအဖိုးကြီး တံခါးပိတ်ကျင့်ကြံနေတာကို အခွင့်အရေးယူပြီး ငါရဲ့မိသားစုဝင်တွေကို သတ်ဖြတ်ခဲ့တယ်...မင်း သေချင်နေတာလား"
စစ်ထူကွမ်ယွီထံမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပေ၏။
ခရက်...ခရက်...
စစ်ထူရှို့၏ခြေထောက်အောက်ရှိ မြေပြင်သည် မြေဆွဲအားကြောင့်ကျုံလာပြီး စတင်ကွဲအက်လာတော့သည်။
"စစ်ထူ ဘိုးဘေးပါလား"
"သူ့အသက်ရှင်နေအုံးမယ်လို့ ငါ ထင်မထားမိဘူး...ကောလဟာလတွေအရတော့ သူက ဒီနှစ်တွေမှာ တံခါးပိတ်ကျင့်ကြံနေတာတဲ့...သူ အပြင်ထွက်လာမယ်လို့လည်း ငါ တကယ်ကိုမျှော်လင့်မထားမိတာ"
"သူထွက်လာပြီဆိုမှတော့...သူရဲ့ကျင့်ကြံဆင့်နယ်ပယ်က....."
တာယွဲ့မှအမတ်ကြီးများအားလုံး စစ်ထူကွမ်ယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကို မှန်းဆပြီး ကြောက်ရွံတုန်လှုပ်နေကြ၏။
တာယွဲ့အင်ပါယာမင်းလျှင် သူ၏လက်သီးကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး ခြောက်ကပ်ကပ်ရယ်မောနေလေသည်။
စစ်ထူဘိုးဘေး၏တည်ရှိမှုကြောင့် တာယွဲ့နိုင်ငံမှစစ်ထူမိသားစုများ၏အဆင့်အတန်းကို လှုပ်ခါစေတော့မည်မဟုတ်ချေ။
"ဘိုးဘေး...ဒီလူယုတ်မာကောင်က..မိသားစုခေါင်းဆောင်ကို သတ်ခဲ့တဲ့အပြင် ဒုတိယညီလေးနဲ့တတိယညီလေးကိုလည်း သတ်ပစ်ခဲ့တယ်"
စစ်ထူရှို့သည် စစ်ထူကွမ်ယွီ၏နောက်သို့ အပြေးသွားပြီး လုယွီအား လက်ညှိုးညွှန်ကာ အော်ဟစ်ပြောဆိုလိုက်သည်။
"ဟမျ့"
စစ်ထူကွမ်ယွီက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ပြီး အံ့အားသင့်ဟန်ဖြင့် ပြောဆိုလေ၏။
"မင်းကိုကြည့်ရတာ အသက်နှစ်ဆယ်တောင် ပြည့်သေးပုံမရသေးဘူး...ဒါတေါင် မင်းက သဘာဝလွန်စွမ်းအင်နယ်ပယ်ကိုရောက်နေခဲ့ပြီ...မင်းရဲ့အရည်အချင်းကတော့ မဆိုးပါဘူး"
အသက်နှစ်ဆယ်မပြည့်သေးဟု ဆိုလိုက်သလော...
အမတ်ကြီးများအားလုံး အံ့အားသင့်ကုန်ကြသည်။ ပုံပန်းသွင်ပြင်အရ လုယွီသည် ငယ်ရွယ်သေးပုံရသော်လည်း နုပျိုစေသောမှော်စွမ်းအင်ကို သုံးထားခြင်းဖြစ်မည်ဟု သူတို့အားလုံးကတွေးထင်မိခဲ့သည်။
စစ်ထူကွမ်ယွီက စိတ်မကောင်းဖြစ်နေသော လေသံမျိူးဖြင့် ပြောဆိုလိုက်၏။
"သနားဖို့ကောင်းတာတစ်ခုက...မင်းရဲ့အရည်အချင်းတွေ ဒီနေရာမှာတင် အဆုံးသတ်သွားတော့မှာကိုပဲ...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ငါမှာ မြေးမတစ်ယောက်ရှိတယ်...မင်းက သူနဲ့လက်ထပ်ပြီး မျိုးရိုးနာမည်စစ်ထူ ခံယူလိုက်တာနဲ့...ငါ မင်းကို အလွတ်ပေးမယ်...မင်း ဘယ်လိုသဘောရလဲ"
စစ်ထူရှို့က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလေသည်။
"ဘိုးဘေး...အဲ့ဒီလို လုပ်လို့မရဘူးလေ..သူ သတ်ခဲ့တာက...."
"ပါးစပ်ပိတ်ထားစမ်း...မင်းလို အမှိုက်ကောင်မှာ ငါရဲ့စကားကို ကြားဖြတ်ပြောဖို့ အခွင့်ရှိလို့လား"
စစ်ထူကွမ်ယွီက အော်ငေါက်လိုက်၏။
စစ်ထူရှို့သည် သူ၏ပါးစပ်ကိုပိတ်ပြီး မည်သည့်စကားတစ်လုံးကိုမျှ ထပ်မပြောဝံ့တော့ချေ။
"ဒါပြင်...တကယ်လို့ မင်း ငါတို့မိသားစုဝင်ဖြစ်လာတာနဲ့...အကန့်အသတ်မရှိတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကိုလည်း ရရှိနိုင်မယ်...ငါတို့ စစ်ထူမိသားစုရဲ့ပျိုးထောင်ပေးမှုနဲ့ဆိုရင် မင်းရဲ့ကျင့်ကြံဆင့်က ခုန်ပေါတ်တိုးတက်လာမှာသေချာတယ်"
စစ်ထူရှို့က ဆက်လက်၍ သွေးဆောင်စကား ပြောဆိုနေပေသည်။
လုယွီက ရုတ်တရက် ရယ်မောလိုက်၏။
"ကျုပ် ခင်ဗျားနဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ထပ်မပြောချင်တော့ဘူး...ကျုပ် ဒီနေ့ စစ်ထူရှို့ တစ်ယေုက်တည်းကိုပဲသတ်ဖို့ ကြံရွယ်ထားခဲ့တာ...ကျုပ်ကိုတားဆီးတဲ့ ဘယ်သူမဆို သေရမယ်"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။
စစ်ထူကွမ်ယွီက လုယွီအား စူးစိုက်၍ကြည့်နေပေ၏။
"သစ်တောထဲက သစ်ပင်တွေက လေပြင်းကြောင့်ပျက်စီးရတယ်...မင်းအသက်က ငယ်ငယ်လေးရှိသေးတာနော်"
လုယွီ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာခဲ့သည်။ သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ချိန်တွင် မြေပြင်ကရုတ်တရက်တုန်ခါလာခဲ့သည်။
"စစ်ထူရှို့...ဒီနေ့ မင်းအသက်ကို ငါရအောင်ယူမယ်"
လုယွီ၏ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားပေ၏။
"ကျွန်တော်ကို ကယ်တင်ပါဦး....."
စစ်ထူရှို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ကြီးစိုးနေသည်။ ထို့ကြောင့် သူက မြောက်များစွာသောမှော်ရတနာများကိုထုတ်ပြီး သူ၏ရှေ့၌အကာအကွယ်အဖြစ်ထားလိုက်သည်။
"ဘာမှစိုးရိမ်မနေနဲ့...ငါရှိနေရင် သူ မင်းကို နာကျင်အောင်လုပ်လို့မရနိုင်ဘူး"
စစ်ထူကွမ်ယွီက ယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုလေ၏။
Chapter 527
စစ်ထူကွမ်ယွီသည် ဝါရင့်နေသောမြေခွေးအိုကြီးဖြစ်သဖြင့် လုယွီ၏ခြိမ်းခြောက်မှုကို အရေးမစိုက်ချေ။
"အခုလက်ရှိအခြေအနေကို မင်း သတိထားဖို့နဲ့ မင်းရဲ့အသက်ကိုအလဟာသအဆုံးရှုံးမခံဖို့ ငါ အကြံပြုချင်တယ်"
စစ်ထူကွမ်ယွီက သူ၏လက်ဝါးကို ဖြန့်လိုက်ရာတွင် လျှို့ဝှက်ဆန်းကြယ်သောမှော်ကမ္ပည်းတစ်ခုက သူ့လက်ဝါး၏အလယ်ဗဟို၌ ထွက်ပေါ်လာခဲ့သည်။
ထိုမှော်ကမ္ပည်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ချက်ချင်းဆိုသလိုပင် လုယွီအား လွှမ်းခြုံသွားလေ၏။
အစွမ်းထက်သောသဘာဝလွန်စွမ်းအင်များသည် အရာဝတ္ထုတစ်ခုကဲ့သို့ လုယွီ ကျော်လွှားမသွားနိုင်စေရန် ပိတ်ပင်တားဆီးထားပေသည်။
"သဘာဝလွန်စွမ်းအင်နယ်ပယ် နှောင်းပိုင်းအဆင့်"
"စစ်ထူကွမ်ယွီက ပြင်ပလောကကိုထွက်မလာဘဲ တချိန်လုံး တံခါးပိတ်ကျင့်ကြံနေတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်တော့မှ သူက ဒီအဆင့်ကိုရောက်နေပြီပဲကိုး"
"သဘာဝလွန်စွမ်းအင်နယ်ပယ် နှောင်းပိုင်းအဆင့်ကိုကျော်ပြီး ခြေတစ်လှမ်းချနိုင်တာနဲ့...အဲ့ဒီလူက သူရဲ့ ဓမ္မရုပ်ထုကို သိပ်သည်းနိုင်လိမ့်မယ်...တာအိုဒုတိယဆင့်ကိုရောက်ပြီဆိုရင် အဆင့်ငယ်တစ်ခုချိုးဖျက်ဖို့တောင် အရမ်းခက်ခဲတယ်...စစ်ထူကွမ်ယွီက ဒီလိုအောင်မြင်မှုမျိုးရခဲ့တယ်ဆိုတော့ တကယ့်ကို ထူးချွန်တဲ့သူပဲ"
လက်ရှိနေရာ၌ရှိနေသော အမတ်ကြီးများအားလုံး သက်ပြင်းရှိုက်နေကြ၏။
ဤအချိန်တခဏတွင် စစ်ထူမိသားစုဘက်တော်သားများကမူ တိတ်တဆိတ်ပျော်ရွှင်နေကြပြီး တခြားသူများကမူ ဖြူရော်နေပေသည်။
စစ်ထူကွမ်ယွီ၏မှော်စွမ်းအားကို မြင်ပြီးနောက် လုယွီသည် တည်ငြိမ်နေဆဲဖြစ်ပြီး စစ်ထူရှို့ထံသို့ဦးတည်၍ လျှောက်လှမ်းသွားနေလေ၏။
"ကြည့်ရတာတော့ မင်းက မိုးကောင်းကင် ဘယ်လောက်ထိမြင့်ပြီး မြေပြင်ဘယ်လောက်ထိနက်ရှိုင်းတယ်ဆိုတာ တကယ်မသိတဲ့ကောင်ပဲ...ကိစ္စက ဒီလိုဆိုမှတော့..ငါ မင်းကို အပြတ်ရှင်းရတော့မှာပေါ့"
စစ်ထူကွမ်ယွီ၏မျက်လုံးများအတွင်းတွင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။ သူ၏လက်အား ညင်သာစွာတွန်းလိုက်ရာတွင် ပြင်းထန်သောသဘာဝလွန်စွမ်းအားများက လုယွီ၏ခန္ဓာကိုယ်ကို ချက်ချင်းပင်လွှမ်းခြုံသွားခဲ့သည်။
ဝှစ်...
လုယွီ၏လက်ချောင်းထိပ်မှ ရုတ်တရက် ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး စစ်ထူရှို့ထံဦးတည်၍ ဖြတ်ပိုင်းလိုက်သည်။
သို့ရာတွင် ထိုဓားချီလှိုင်းသည် စစ်ထူရှို့နှင့်ခြေတစ်လှမ်းစာအကွာအဝေးတွင် မမြင်နိုင်သောနံရံတစ်ခု၏ တားဆီးခြင်းခံလိုက်ရသကဲ့သို့ ရပ်တန့်သွားလေသည်။
ထောင်...
အဆုံးသတ်၌ ဓားချီလှိုင်းသည် မည်သည့်အချိန်ကမျှမရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
ဤအချိန်မှသာ စစ်ထူရှို့သည် စိတ်သက်သာရာရပြီး ပြောဆိုလိုက်၏။
"လာစမ်းပါ...မင်းက အရမ်းအစွမ်းထက်တာလေ...မင်းမှာ ငါကိုသတ်ဖို့အရည်အချင်းရှိတယ်မလား"
လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း အချိန်တခဏအကြာမှာပင် သူ၏မျက်လုံးများမှ အေးစက်စက်အလင်းရောင်တောက်ပလာခဲ့သည်။
လုယွီက ချက်ချင်းပင် ခေါင်းဖြတ်ဓားအားဆင့်ခေါ်လိုက်၏။ သူ၏သဘာဝလွန်စွမ်းအင်များအောက်တွင် ခေါင်းဖြတ်ဓားသည် မီတာငါးဆယ်ခန့်ရှည်လျားသော ကြီးမားသောဓားတစ်ချောင်းအဖြစ် ကြီးထွားလာလေ၏။
စစ်ထူကွမ်ယွီက ထိုခေါင်းဖြတ်ဓားကိုမြင်ချိန်တွင် သူ၏မျက်လုံးများက တောက်ပသွားခဲ့သည်။
"ကောင်လေး...ဒီမှော်လက်နက်ကို ထားခဲ့...ငါ မင်းကို သွားခွင့်ပြုမယ်"
စစ်ထူကွမ်ယွီသည် သူ၏သဘာဝလွန်စွမ်းအားများကို ဧရာမလက်ဝါးကြီးအသွင်သိပ်သည်းပြီး ခေါင်းဖြတ်ဓားအားဖမ်းယူရန် ကြံရွယ်လိုက်သည်။
"ဒါက ခင်ဗျားမှာ ဒီဓားကိုရအောင်ယူနိုင်တဲ့ အရည်အချင်းရှိ မရှိပေါ်မူတည်တယ်"
လုယွီက ခေါင်းဖြတ်ဓားထံသို့ လက်ညှိုးညွှန်လိုက်ရာတွင် ဓားကြီးကအောက်သို့ပြုတ်ကျလာပေ၏။
ဘုန်း...
ခေါင်းဖြတ်ဓားနှင့် စစ်ထူကွမ်ယွီ၏ဧရာမလက်ဝါးကြီးတို့ အပြင်းအထန်ထိခတ်မိရာတွင် ခေါင်းဖြတ်ဓားက နောက်သို့လေးမီတာခန့်ဆုတ်လိုက်ရ၏။
လုယွီသည် သူ၏ရင်ဘတ်အတွင်းမှ မွန်းကျပ်လာမှုကို ခံစားမိသည်။ သူက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ယန်ကြွယ်ဓားအား ဆင့်ခေါ်လိုက်တော့သည်။
လုယွီက မန္တန်တစ်ပုဒ်ကိုရွတ်ဆိုပြီးသည်နှင့် ယန်ကြွယ်ဓား၏မျက်နှာပြင်ပေါ်၌ တောက်လောင်နေသောမီးတောက်များသည် မီးနဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဤအချိန်တွင် လုယွီကိုကြည့်ရသည်မှာ မီးနဂါးတစ်ကောင်ကိုကိုင်ဆောင်ထားသည်နှင့် တူညီနေပြီး ၎င်းက စစ်ထူကွမ်ယွီနှင့်စ၀်ထူရှို့တို့နှစ်ယောက်လုံးအား ဝိုင်းရံထားခဲ့သည်။
"ထွက်သွားစမ်း"
စစ်ထူကွမ်ယွီသည် သူ၏သဘာဝလွန်စွမ်းအင်လှိုင်းတစ်လှိုင်းကို ထပ်မံထုတ်လွှက်လိုက်သော်လည်း မီးနဂါး၌ကိုယ်ပိုင်အသိဥာဏ်ပါရှိနေပုံဖြင့် ရှောင်တိမ်းသွားမည်ဟု သူမျှော်လင့်မထားမိခဲ့ချေ။
"စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်လက်နက်"
စစ်ထူကွမ်ယွီသည် အံ့အားတသင့်ရေရွတ်လိုက်ပြီးနောက် သူ၏မျက်လုံးများက သာမာန်မဟုတ်သောအလင်းရောင်များကို ထုတ်လွှက်နေပေသည်။
"ကောင်းလိုက်တာ...ငါ ကျင့်ကြံဆင့်ချိုးဖျက်ပြီးတာနဲ့ အသုံးပြုလို့ရမယ့်မှော်လက်နက်ကို ပိုင်ဆိုင်ချင်ခဲ့တာ...ဒီမှော်လက်နက်က တိုက်တိုက်ဆိုင်ဆိုင် ငါရှေ့ကို ရောက်လာခဲ့တာပဲ"
ထို့နောက်တွင် စစ်ထူကွမ်ယွီ၏ပုံရိပ်သည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်စွာဖြင့် ယန်ကြွယ်ဓားကိုယူရန် လုယွီ၏နံဘေးသို့ ရောက်ရှိလာခဲ့သည်။
ဤအချိန်တခဏတွင် လုယွီက စစ်ထူရှို့နှင့် တစတစပို၍ နီးကပ်လာခဲ့သည်။
စစ်ထူရှို့၏နှလုံးသားများ ပေါတ်လုမတက်ခုန်နေပြီး သူက အန္တရာယ်အငွေ့အသက်ကို ခံစားမိနေသည်။
"ငါ ရှေ့မှာ ငါ့ဘိုးဘေးရှိနေတာပဲ...အဆင်ပြေလောတ်ပါတယ်"
စစ်ထူရှို့က သူကိုယ်သူ အားပေးပြီး သူ၏ရှေ့ရှိမှော်လက်နက်များကို သူ့အားအကာအကွယ်ပေးရန် ဆင့်ခေါ်ထားပေသည်။
သို့ရာတွင် လုယွီထံမှ ရက်စက်ကြမ်းကြုတ်သောအကြည့်ကို သူက ရုတ်တရက်တွေ့မြင်မိသည်။
လုယွီက ယန်ကြွယ်ဓားကို ဆွဲထုတ်လိုက်တော့သည်။
"လူတစ်ယောက်ကို ခြေဆယ်လှမ်းအတွင်း သတ်ဖြတ်နိုင်တယ်...မိုင်ပေါင်းများစွာအကွာအဝေးရောက်နေရင်တောင် မတားဆီးနိုင်စေရဘူး"
လုယွီက မန္တန်ရွတ်ဆိုနေချိန်တွင် သူ၏ပုံရိပ်သည် အနက်ရောင်အရိပ်တစ်ခုအသွင်ပြောင်းသွားပြီး စစ်ထူရှို့၏ရှေ့၌ ထွက်ပေါ်လာလေ၏။
Chapter 528
ဝှစ်
ခပ်သဲ့သဲ့အသံတစ်ချက်နှင့်အတူ စစ်ထူရှို့၏လည်ပင်း၌ မှိန်ပျပျသွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
စစ်ထူရှို့၏မျက်လုံးများပြူးကျယ်နေပြီး လုယွီကို မယုံကြည်နိုင်သောအကြည့်မျိုးဖြင့် ကြည့်နေလေ၏။ သူက တစုံတခုကိုပြောရန်ကြံရွယ်လိုက်သော်လည်း သူ၏ပါးစပ်ဖွင့်ဟလိုက်သည်နှင့် သွေးများအန်ထွက်လာခဲ့သည်။
ထို့နောက် အံ့အားသင့်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတော့သည်။
စစ်ထူရှို့၏ဦးခေါင်းသည် နှေးကွေးသောအရှိန်ဖြင့် အောက်သို့ပြုတ်ကျလာပြီး တဖြည်းဖြည်းချင်း သူ၏ခန္ဓာကိုယ်နှင့် ကွဲကွာသွားလေ၏။
ဘုတ်...ဘုန်း....
စစ်ထူရှို့၏ဦးခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးနောက် သူ၏ခန္ဓာကိုယ်သည်လည်း တုန်ရီပြီး ပြိုလဲကျသွားတော့သည်။
ဤသည်က စစ်ထူရှို့၏အဆုံးသတ် ဖြစ်ပေ၏။
လုယွီသည် ဤအချိန်တခဏတွင် ရှေးဦးခေတ်များမှ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်နှင့် တူညီနေခဲ့သည်။
ဤကိစ္စအပြီးတွင် သူ၏အမည်နာမအား လောကတခွင်ပျံ့နှံ့သွားမည့်အဖြစ်မှ ဖုံးကွယ်ရန်လွန်စွာခက်ခဲပေမည်။
လုယွီ တိုက်ခိုက်မှုပြုလုပ်နေစဥ်တွင် ခေါင်းဖြတ်ဓားကို အလျှင်အမြန်ပြန်ရုတ်သိမ်းပြီး ယန်ကြွယ်ဓားအား ထပ်မံဆွဲထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် စစ်ထူရှို့၏ခန္ဓာကိုယ်ပေါ်ရှိ သိုလှောင်အိတ်သည် လုယွီ၏လက်အတွင်းသို့ ကျရောက်သွားတော့သည်။
"ခွေးမသား...ငါ မင်းရဲ့အရိုးအကြောတွေ တစစီဆွဲထုတ်ပြီး ဖျက်ဆီးပစ်မယ်...ပြီးမှ မင်းကို ငါတို့စစ်ထူမိသားစုရဲ့အကျဥ်းထောင်ကိုပို့ပြီး သေတဲ့အထိနှိပ်စက်မယ်"
စစ်ထူကွမ်ယွီက ဒေါသတကြီး အော်ငေါက်နေပေ၏။
အစောပိုင်းကပင် စစ်ထူကွမ်ယွီက စစ်ထူရှို့၏အသက်ကို ကာကွယ်ပေးမည်ဟု အတိအကျအာမခံထားခဲ့သည်။
သို့သော် ယခုလက်ရှိချိန်တွင် စစ်ထူရှို့ကအလောင်းအဖြစ်သာကျန်တော့ရာ ဤသည်က စစ်ထူကွမ်ယွီ၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်ခြင်းနှင့် တူညီနေသည်။
"အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေဖို့မလိုဘူးထင်တယ်...စစ်ထူဘိုးဘေးက အချိန်အရမ်းအားလပ်နေတယ်ဆိုရင်...ကျုပ်ရဲ့နောက်ထပ်သုံးမယ့် မှော်မန္တန်ကို ဘယ်လိုရင်ဆိုင်မလဲလို့စဥ်းစားနေတာ ပိုကောင်းလိမ့်မယ်"
လုယွီ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေပြီးနောက် သူ၏လက်အတွင်းရှိ ယန်ကြွယ်ဓားမှ ပြင်းထန်သောမီးတောက်များ ထပ်မံထွက်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ဧရာမမီးတောက်နဂါးကြီးသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး စစ်ထူကွမ်ယွီ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဝါးမြိုနိုင်ရန် တဟုန်ထိုးပျံဝဲဝင်သွားလေ၏။
"ကောင်းပြီလေ...ငါ မင်းကို သဘာဝလွန်စွမ်းအင်နယ်ပယ်အလယ်အဆင့်နဲ့နှောင်းပိုင်းအဆင့်ကြား ကွာခြားချက်ကို ပြရသေးတာပေါ့"
စစ်ထူကွမ်ယွီက လုယွီအား အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်ပြီး သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ပြင်းထန်သောလေပြင်းများ တိုက်ခတ်လာပေ၏။
လေပြင်းများသည် လုယွီ၏လက်အတွင်းရှိမီးနဂါးကြီးအား ဆောင်းဦးလေကသစ်ရွက်များကိုရှင်းလင်းပစ်သကဲ့သို့ အဝေးသို့တိုက်ခတ်ပစ်ခဲ့သည်။
လုယွီက သူ၏လက်အတွင်းရှိခေါင်းဖြတ်ဓားအား စစ်ထူကွမ်ယွီထံသို့ လက်ညှိုးညွှန်လိုက်သည်။
ခေါင်းဖြတ်ဓားက စစ်ထူကွမ်ယွီနှင့် နီးကပ်လာချိန်တွင် ရုတ်တရက် ဆယ်မီတာရှည်လျားသောဓားအသွင်ပြောင်းသွားပြီး အဆုံးအစမရှိသောလေပြင်းများကိုပါ သယ်ဆောင်သွားခဲ့သည်။
ဘန်း...
ဧရာမဓားနှစ်လက်က လေထုကိုထက်ခြမ်းခွဲပြီး စစ်ထူကွမ်ယွီ၏သဘာဝလွန်စွမ်းအင်အကာအကွယ်နှင့် ရိုက်ခတ်မိသွားသည်။
ကံကောင်းထောက်မစွာဖြင့် စစ်ထူကွမ်ယွီက မန္တန်တစ်ပုဒ်ကိုရွတ်ဆိုပြီး သူ၏သဘာဝလွန်စွမ်းအင်များဖြင့် အကာအကွယ်တစ်ခုကို ဖန်တီးထားမိခြင်းဖြစ်သည်။ သို့မဟုတ်ပါက ထိုဓားနှစ်လက်၏ပြင်းထန်သောစွမ်းအားများကြောင့် သူ၏ဦးခေါင်း ပျောက်ဆုံးသွားနိုင်ပေ၏။
စစ်ထူကွမ်ယွီက နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး သူ၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
"မဖြစ်နိုင်ဘူး...မင်းလို သဘာဝလွန်စွမ်းအင်နယ်ပယ်အလယ်အဆင့်မှာ ဘာလို့ဒီလေါက်ထိနက်ရှိုင်းတဲ့ သဘာဝလွန်စွမ်းအင်တွေရှိနေတာလဲ"
စစ်ထူကွမ်ယွီက အံ့အားသင့်တုန်လှုပ်နေပေသည်။
လုယွီကမူ မလှုပ်မယှက်ရှိနေဆဲဖြစ်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ခင်ဗျား သေသွားတဲ့အချိန်ကျရင်...ရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်"
"မင်းက ငါနဲ့တိုက်ခိုက်ချင်နေတုန်းပဲလား...ကျင့်ကြံဆင့်ငယ်တစ်ခုကြားမှာတင် ကွာဟချက်ဘယ်လောက်ထိကြီးမားတယ်ဆိုတာ မင်း ခုထိမသိသေးပဲကိုး"
စစ်ထူကွမ်ယွီ၏အင်္ကျီလက်မှ ထွက်ပေါ်လာသည့် ပြင်းထန်သောလေပြင်းများက မီတာတစ်ရာကျော်ကျယ်ပြန့်သည့် ဧရာမလေဓားကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
အလွန်ပြင်းထန်သောလေပြင်းများမှတဆင့် အားကောင်းသောဖိအားတစ်ရပ်ကို ဖြစ်ပေါ်စေပြီး ဤနေရာရှိလူအားလုံးအပေါ်သို့ သက်ရောက်လာခဲ့သည်။
တာယွဲ့အမတ်ကြီးများသည် အနီးကပ်မနေဝံ့ကြတော့သဖြင့် ဤလူနှစ်ယောက်၏သဘာဝလွန်စွမ်းအားများ သက်ရောက်မှုမှကင်းဝေးစေရန် အဝေးသို့ ထိတ်လန့်တကြားရှောင်တိမ်းကြကုန်၏။
"သေစမ်း"
စစ်ထူကွမ်ယွီက သူ၏အစွမ်းထက်သောဖိအားလှိုင်းများကိုထိန်းချုပ်ပြီး လုယွီထံသို့ ကျဆင်းသွားစေသည်။
လုယွီ၏နှုတ်ခမ်းထောင့်မှ ရုတ်တရက် သွေးတစ်စက် မျောလွင့်ထွက်ပေါ်လာပြီးနောက် အနောက်ရောင်အရိပ်အဖြစ်အသွင်ပြောင်းသွားကာ သူ၏ခန္ဓာကိုယ်ကမူ နောက်သို့ဆုတ်လိုက်သည်။
"တကယ်ကိုပဲ...မင်းက အရည်အချင်းရှိပေမယ့် ငါရဲ့ရှေ့မှာတော့ ပုရွတ်ဆိတ်တစ်ကောင်ထက်မပိုဘူး"
စစ်ထူကွမ်ယွီက အထင်အမြင်သေးစွာဖြင့် ပြောဆိုပြီး သူက လေပြင်းများကိုထိန်းချုပ်ကာ ဆက်လက်၍တိုက်ခတ်နေစေသည်။
ဘုန်း...ဘုန်း...
စစ်ထူကွမ်ယွီ၏ရှေ့မှ နန်းတော်နံရံများ တစ်ခုပြီးတစ်ခု ပြိုလဲကျသွားခဲ့သည်။
လုယွီက နန်းတော်အတွင်း၌ ရှေ့နောက်လွန်းထိုး၍ လေလှိုင်းများကို ရှောင်ရှားနေခဲ့သည်။ သူလှုပ်ရှားလိုက်သည့်အချိန်တိုင်း စစ်ထူကွမ်ယွီ၏သဘာဝလွန်စွမ်းအင်မှ ဖွဲ့စည်းထားသော လေလှိုင်းများအား ရှောင်တိမ်းနိုင်လေသည်။
"မင်းက တော်သားပဲ...ဒါပေမယ့် မင်း ဒီနေရာမှာပဲ သေရတော့မယ်"
စစ်ထူကွမ်ယွီက သူ၏မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ ထို့နောက် သူထံမှ လက်ဝါးတစ်ချက်က လုယွီ၏ခေါင်းပေါ်သို့ ဦးတည်၍ကျဆင်းလာခဲ့သည်။
ရုတ်တရက် လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ မှော်သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။ သူ၏သဘာဝလွန်စွမ်းအားများအောက်တွင် မှော်သံလိုက်အိမ်မြှောင်၏ညွှန်တံသည် အပြင်းအထန်လည်ပတ်နေပေ၏။
ပြင်းထန်သောလေဟာနယ်စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား တမဟုတ်ချင်းလွှမ်းခြုံသွားတော့သည်။
Chapter 529
"လေဟာနယ် မှော်လက်နက်ပါလား"
စစ်ထူကွမ်ယွီက ထိုမှော်လက်နက်ကို သိသိသာသာမှတ်မိနေသဖြင့် သူ၏မျက်လုံးများအတွင်း၌ အနည်းငယ်နာကျင်သွားသောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
သူ၏မသိစိတ်မှနေ၍ လေဟာနယ်စွမ်းအားလှိုင်းများကို ရှောင်ရှားချင်သော်လည်း ထိုစွမ်းအားများသည် သူမှန်းဆမထားသောအတိုင်းအတာထိ ကြီးမားနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"မဖြစ်နိုင်ဘူး...ခုဏကတင် ဒီမှော်သံလိုက်အိမ်မြှောင်ရဲ့လေဟာနယ်စွမ်းအားက ခုလောတ်ထိမပြင်းထန်ဘူး...မင်း ဘယ်လိုလုပ်လိုက်တာလဲ"
စစ်ထူကွမ်ယွီသည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့်ဒေါသထွက်ခြင်းတို့ကို ရောယှက်၍ခံစားနေရသည်။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
"ဒါက....ခင်ဗျားသိစရာမလိုပါဘူး"
မှော်သံလိုက်အိမ်မြှောင်ကို မူလက အိမ်မက်ဆိုးကောင်မှထိန်းချုပ်ထားခြင်းဖြစ်သည်။ စစ်ထူမိသားစုသည် အိမ်မက်ဆိုးကောင်ကို ထိန်းချုပ်ထားသဖြင့် အဌားအရမ်းကတိကဝတ်အရ မှော်သံလိုက်အိမ်မြှောင်အား သွယ်ဝိုက်၍အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဤအကြောင်းကိစ္စကြောင့်ပင် စစ်ထူမိသားစုက မှော်သံလိုက်အိမ်မြှောင်၏စွမ်းအားအပြည့်အား အသုံးပြုရန်မှာ မဖြစ်နိုင်တော့ချေ။
"ဒါက စ၀်ထူမိသားစုရဲ့မှော်လက်နက်လေ...ဘယ်လိုလုပ်ပြီး မင်းရဲ့လက်ထဲရောက်နေတာလဲ...ငါစီကို ယူလာခဲ့စမ်း"
စစ်ထူကွမ်ယွီက ဒေါသအမျက်ကြီးစွာထွက်နေပေ၏။ သူ၏လက်တစ်ဖက်က ဧရာမသဘာဝလွန်စွမ်းအင်လက်ကြီးတစ်ဖက်အသွင်ပြောင်းသွားပြီး လုယွီ၏လက်အတွင်းမှ မှော်သံလိုက်အိမ်မြှောင်ကို လုယူလိုက်တော့သည်။
ဧရာမသဘာဝလွန်စွမ်းအင်လက်ကြီး လုယွီနှင့်နီးကပ်လာခဲ့သော်လည်း လေဟာနယ်စွမ်းအားလှိုင်းများကြောင့် လေထုကတွန့်လိမ်သွားသောကြောင့် ထိုလက်ကြီးသည် အနက်ရောင်မီးခိုးငွေ့များအဖြစ်အသွင်ပြောင်းသွားတော့သည်။
လုယွီ၏ထိန်းချုပ်မှုအောက်တွင် လေဟာနယ်စွမ်းအားလှိုင်းများသည် စစ်ထူကွမ်ယွီက စတင်လွှမ်းခြုံသွားတော့သည်။
"မဖြစ်နိုင်ဘူး...ဒီပစ္စည်းက မင်းရဲ့လက်ထဲ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ...ဘာလို့ ဒီလိုဖြစ်ရတာလဲ"
စစ်ထူကွမ်ယွီသည် သူ၏သဘာဝလွန်စွမ်းအားများကို ပွင့်ထွက်စေပြီး လေဟာနယ်စွမ်းအားလှိုင်းများအား ဟန့်တားနေပေသည်။
"ခင်ဗျား ဒီပုံရိပ်ယောင်ကမ္ဘာကို ဖယ်ရှားနိုင်မှာမဟုတ်ဘူး"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာခဲ့သည်။
"ခင်ဗျားရဲ့နှလုံးသားထဲက...အားအနည်းဆုံးနေရာကို ဒီစွမ်းအားတွေက ရောက်ရှိသွားပြီ"
ရုတ်တရက် စစ်ထူကွမ်ယွီ၏မျက်လုံးများအတွင်းတွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ သူက ခေါင်းကို ခပ်သွက်သွက်ခါယမ်းပြီး ထိုအကြောက်တရားပုံရိပ်ယောင်များကို မောင်းထုတ်ရန်ကြိုးပမ်းလိုက်သည်။
ကံဆိုးစွာဖြင့် လုယွီက သူ့အား ထိုအခွင့်အရေးမပေးချေ။ လုယွီထံမှ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများ၏တိုက်ခိုက်မှုကြောင့် စစ်ထူကွမ်ယွီသည် ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ချက်ချင်းပင်နစ်မြုပ်သွားတော့သည်။
ဤပုံရိပ်ယောင်ကမ္ဘာက လွန်ခဲ့သောနှစ်ပေါင်းခုနစ်ဆယ်ကျော်အချိန်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ထိုအချိန်တုန်းက စစ်ထူကွမ်ယွီသည် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေ၏။
ရန်သူများဝိုင်းရံ၍တိုက်ခိုက်ခံရမှုကြောင့် စစ်ထူကွမ်ယွီသည် အပြင်းအထန်ဒဏ်ရါရရှိခဲ့ပြီး စွန့်ပစ်နယ်မြေတစ်ခုအတွင်းရှိ သစ်တောအုပ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့လေသည်။
သူ၏ကျင့်ကြံမှုများလည်းမရှိတော့သည့်အပြင် သူ့ခြေထောက်များပင် တခြားလူများ၏ရိုက်ချိုးခြင်းခံရမှုကြောင့် လမ်းမလျှောက်နိုင်တော့ဘဲ တွားသွားနေရ၏။
နေ့အချိန်အတောအတွင်းတွင်မူ သူ အဆင်ပြေစွာနေနိုင်ခဲ့သည်။
သို့သော် ညအချိန်အရောက်တွင် သစ်တောအုပ်အတွင်း၌ ဝံပုလွေအုပ်စုလိုက်ကြီးက ထွက်ပေါ်လာလေ၏။
စစ်ထူကွမ်ယွီသည် အပြင်းအထန်ဒဏ်ရါရရှိထားသဖြင့် သူ၏ကျန်းချီများကိုပင် စုစည်းနိုင်ခြင်းမရှိခဲ့ချေ။ အကယ်၍ သေမျိုးတစ်ယောက်က ယခုချိန်၌ သူ့အားလာတိုက်ခိုက်လျှင်ပင် သူ၌ခုခံတိုက်ခိုက်နိုင်ရန် အင်အားမရှိပေ။
ထိုညတွင် သူက လှိုဏ်ဂူတစ်လုံးအတွင်း၌ ပုန်းအောင်းနေခဲ့သည်။
သို့ရာတွင် သူ၏ဒဏ်ရါများမှထွက်ပေါ်နေသော သွေးညှီနံများသည် ဝံပုလွေများအား ဆွဲဆောင်သကဲ့သို့ ဖြစ်နေပေ၏။
ဝံပုလွေများသည် သွေးဆာနေသောသရဲတစ္ဆေများကဲ့သို့ စစ်ထူကွမ်ယွီထံ တဟုန်ထိုးပြေးလာကြပြီး သူ၏အသွေးအသားများကို စတင်၍ကိုက်ဖြတ်နေတော့သည်။
ထိုအချိန်တုန်းက တာယွဲ့တိုင်းပြည်မှကင်းထောက်တစ်ယောက်ကသာ ရောက်ရှိလာပြီး ဝံပုလွေများကိုမောင်းထုတ်ခဲ့သောကိစ္စသာ မရှိခဲ့ပါက စစ်ထူကွမ်ယွီ သေဆုံးပြီးဖြစ်ပေမည်။
သို့သော် ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင်မူ တာယွဲ့တိုင်းပြည်မှ မည်သည့်ကင်းထောက်မျှ ထွက်ပေါ်လာခြင်းမရှိချေ။
စစ်ထူကွမ်ယွီသည် လှိုဏ်ဂူအတွင်းရှိနေပြီး ဝံပုလွေများ၏စူးရှချွန်ထက်သောသွားများက သူ့အားကိုက်ဖြတ်နေလေ၏။ ပြင်းထန်သောစူးရှရှနာကျင်မှုကြောင့် စစ်ထူကွမ်ယွီသည် သူ၏ဦးနှောက် ဗလာဟင်းလင်းဖြစ်သွားသကဲ့သို့ ခံစားနေရသည်။
"ဘာလို့ ဒီလေါက်ထိနာကျင်နေရတာလဲ...ထွက်သွားကြ...ထွက်သွားကြစမ်း"
"ငါက ဘာလို့ဒီနေရာကို ပြန်ပြီးရောက်လာတာလဲ...ငါက စစ်ထူမိသားစုရဲ့ဘိုးဘေးဖြစ်ပြီးတော့ သဘာဝလွန်စွမ်းအင်နယ်ပယ် နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်လေ"
သူသည် ထပ်ခါထပ်ခါ အော်ဟစ်နေရာမှ နောက်ဆုံး၌ သူ မည်သည့်နေရာသို့ ရောက်ရှိနေခြင်းအား အမှတ်ရသွားခဲ့သည်။
"စက်ဆုပ်ဖို့ကောင်းတဲ့ကောင်...မင်းက ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ ငါ့ကိုပိတ်လှောင်ထားချင်တာလား...မစဥ်းစားစမ်းနဲ့"
စစ်ထူကွမ်ယွီ၏မျက်လုံးများ နီမြန်းလာပြီးနောက် သူ၏ခန္ဓာကိုယ်မှ သဘာဝလွန်စွမ်းအင်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး၌ ပျံ့နှံ့နေပေသည်။
ဝံပုလွေများ၏ကိုက်ခဲနေခြင်းများ မှောင်မည်းနေသောသစ်တောအုပ် စသည်တို့သည် ချက်ချင်းပင် လွင့်ပြယ်သွားပေ၏။
"မင်း စောင့်နေ...ငါ အပြင်ထွက်နိုင်မယ့်အချိန်ကို မင်း စောင့်နေစမ်း...ငါ မင်းကို သေတဲ့အထိ ဖြည်းဖြည်းချင်းနှိပ်စက်ပြမယ်"
စစ်ထူကွမ်ယွီ၏မျက်နှာသည် ဒေါသကြောင့် တွန့်လိမ်ရှုံတွစပြုလာခဲ့သည်။
သူက ပုံရိပ်ယောင်ကမ္ဘာကို ချိုးဖျက်ပြီး ပြင်ပသို့ထွက်ရန် ကြံရွယ်လိုက်သည်။
အာ....ဝု...
ထိုအချိန်မှာပင် ဝံပုလွေတစ်ကောင်၏အူသံက သူ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
ထို့နောက် သွေးများစိုရွှဲနေသောပါးစပ်ကြီးတစ်ခုက သူ့အား ကိုက်လိုက်တော့သည်။
Chapter 530
စစ်ထူကွမ်ယွီသည် ဤပုံရိပ်ယောင်ကမ္ဘာအား ချိုးဖျက်နိုင်ခြင်းမရှိသေးချေ။
သူက ပုံရိပ်ယောင်ကမ္ဘာအား ထပ်ခါတလဲလဲဖြိုခွဲခဲ့သော်လည်း သူ ပြန်၍လှောင်ပိတ်မိနေဆဲပင်။
"တကယ်လို့ ဒါကအဆုံးသတ်ဆိုရင်...ငါ ဒီပုံရိပ်ယောင်ကမ္ဘာထဲက မထွက်နိုင်တော့ဘူးလား"
"သောက်ကလေး...မင်း သတ္တိရှိရင်...ငါ့ကိုအပြင်ထုတ်ပေးစမ်း"
"အား...အား...ကျိုးပျက်စမ်း...ပြိုကွဲစမ်းကွာ"
စစ်ထူကွမ်ယွီ၏ရူးသွပ်နေသော အော်သံများအောက်တွင် ပုံရိပ်ယောင်ကမ္ဘာဟောင်းကပြိုကွဲသွားသော်လည်း အသစ်တစ်ခုကထပ်မံ၍ပေါ်ထွက်လာပြန်သည်။
စစ်ထူကွမ်ယွီ၏သဘာဝလွန်စွမ်းအင်များသည် အလျှင်အမြန်ပင် ကုန်ဆုံးနေပေ၏။
အကြိမ်ကိုးဆယ်ကျော်အထိ ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် နှိပ်စက်ညှင်းပန်းခံရပြီးနောက် စစ်ထူကွမ်ယွီ၏မျက်လုံးများအတွင်းတွင် ထုံကျင်လာသောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
ဖောတ်....
ထက်ရှသောဝံပုလွေသွားများက စစ်ထူရှို့၏နှလုံးသားကို ကိုက်ဖောတ်ပြီး သူ၏အသက်အား ယူဆောင်သွားလေ၏။
ဤတကြိမ်တွင် ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူ အပြည့်အဝသေဆုံးခဲ့ရသည်။
ပုံရိပ်ယောင်ကမ္ဘာက ထပ်မံ၍ပွင့်လာပြန်၏။ စစ်ထူရှို့ ထပ်မံနိုးထလာချိန်တွင် သူက သွေးဆာနေသောဝံပုလွေအုပ်စုနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။
သို့သော် ထူးဆန်းစွာဖြင့် ဝံပုလွေများသည် ရုတ်တရက်ရပ်တန့်နေကြပြီး လှုပ်ရှားခြင်းမရှိကြချေ။
စစ်ထူကွမ်ယွီပုန်းအောင်းနေသော လှိုဏ်ဂူအတွင်းမှနေ၍ လူငယ်တစ်ယောက်ထွက်လာပြီး သူထံသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လာခဲ့သည်။
"ခင်ဗျားရဲ့အရှုံးကို လက်ခံနိုင်ပြီလား"
လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။
စစ်ထူကွမ်ယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်ဒဏ်ရါရရှိထားသော်လည်း သူက ကျယ်လောင်စွာရယ်မောနေဆဲပင်။
"အရှက်မရှိတဲ့ကောင်...တကယ်လို့ မင်းမှာ စွမ်းရည်ရှိတယ်ဆိုရင်....ငါကိုအပြစ်ထွက်ခွင့်ပေးပြီး ငါရဲ့နှိပ်စက်ညှင်းပန်းမှုနည်းလမ်းတွေကို ပြသခွင့်ပြုစမ်းပါ"
လုယွီက သူ၏ခေါင်းကိုခါယမ်းနေပေ၏။
"ကြည့်ရတာတော့ ခင်ဗျားကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေက လုံလုံလောတ်လောတ်နက်ရှိုင်းမှုမရှိသေးပုံပဲ"
လုယွီ၏လက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ကြမ်းကြုတ်ရက်စက်သောဝံပုလွေများသည် စစ်ထူကွမ်ယွီထံသို့ အရူးအမူးပြေးဝင်လာကြ၏။
"မလုပ်နဲ့...မလုပ်နဲ့...အားးးး...မြန်မြန် ထွက်သွားကြစမ်း"
လှိုဏ်ဂူအတွင်း၌ စစ်ထူကွမ်ယွီ၏စူးစူးဝါးဝါးအော်ဟစ်သံကြီး ထွက်ပေါ်နေပေသည်။
ဤပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် စစ်ထူကွမ်ယွီက ထပ်ခါတလဲလဲ သေဆုံးနေပေ၏။
အကြိမ်တစ်ရာ....
အကြိမ်နှစ်ရာ....
အကြိမ်သုံးရာကျော်လာသောအချိန်တွင်မူ စစ်ထူကွမ်ယွီ၏မျက်လုံးများအတွင်းတွင် စိတ်ပျက်အားလျော့ခြင်းများ ထင်ဟပ်လာတော့သည်။
ကြမ်းကြုတ်ရက်စက်သော ဝံပုလွေများ သူ၏ရှေ့၌ ထပ်မံထွက်ပေါ်လာချိန်တွင်မူ စစ်ထူကွမ်ယွီက ရုတ်တရက် စူးရှရှအော်ဟစ်လိုက်၏။
"ငါ အရှုံးပေးပြီ...အရှုံးပေးပြီ...ငါကို ထပ်ပြီးမသတ်တော့ဘဲ အပြင်ထွက်ခွင့်ပြုပါ"
ဝှစ်....
လေစိမ်းတစ်ချက်တိုက်ခတ်လာမှုနှင့်အတူ စစ်ထူကွမ်ယွီ၏ရှေ့ရှိ ဝံပုလွေများ၏လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။ ထက်ရှသောသွားများသည်လည်း သူနှင့်အဝေးသို့ လွင့်ပြယ်သွားလေ၏။
"တကယ်တမ်းက...ကျုပ်နဲ့ ခင်ဗျားတို့စစ်ထူမိသားစုကြားမှာ အများကြီးမုန်းတီးနေစရာကိစ္စမျိုးမရှိဘူး"
"တကယ်လို့ စစ်ထူရှို့ကသာ ကျုပ်ရဲ့ရှေ့မှာ အပြစ်မဲ့တဲ့လူတွေကိုသာမသတ်ခဲ့ရင်...ကျုပ်လည်း သူကိုသတ်မှာမဟုတ်ဘူး...ခင်ဗျားကိုတော့ ကျုပ် မေးခွန်းတစ်ခုမေးရအုံးမယ်....စစ်ထူမိသားစုက ကျုပ်ကို သူတို့ရဲ့မိသားစုခေါင်းဆောင်ကိုသတ်ပါတယ်ဆိုပြီး စွပ်စွဲထားတာကို ခင်ဗျားသိလား"
လုယွီက စစ်ထူကွမ်ယွီ၏ရှေ့၌ မတ်တတ်ရပ်နေပြီး အေးစက်စက်လေသံဖြင့် မေးမြန်းလေ၏။
စစ်ထူကွမ်ယွီသည် အချိန်တခဏကြာ ကြက်သေသေသွားခဲ့သည်။
"ငါ မသိဘူး...စစ်ထူလီသေတဲ့အချိန်တုန်းက ငါ တံခါးပိတ်ကျင့်ကြံနေတုန်းပဲ"
ပုံရိပ်ယေုင်ကမ္ဘာသည် ရုတ်တရက် ပြောင်းလဲသွားပေ၏။
ဤတကြိမ်တွင်မူ ပုံရိပ်ယောင်ကမ္ဘာသည် စစ်ထူမိသားစုနေထိုင်သောနေရာဖြစ်သည်။ ယခုလက်ရှိအချိန်တွင် စစ်ထူအိမ်တော်၌ လူအမြောက်အများ မတ်တတ်ရပ်နေကြ၏။ စစ်ထူကွမ်ယွီက ကုလားထိုင်တစ်လုံးပေါ်၌ထိုင်နေပြီး မိသားစုဝင်များ၏ဒူးထောက်အရိုအသေပြုခြင်းကို ခံယူနေပေသည်။
လုယွီ၏အကြည့်က စစ်ထူမိသားစုဝင်များ၏ထိပ်ဆုံးတွင်ရှိနေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပေါ်သို့ အလျှင်အမြန်ကျရောက်သွားခဲ့သည်။
"သူက စစ်ထူလီလား"
လုယွီက မေးမြန်းလိုက်၏။
စစ်ထူကွမ်ယွီက ခေါင်းညိတ်ပြပြီးနောက် သူ၏မျက်နှာအမူအယာသည် ကြမ်းကြုတ်ရက်စက်ပုံ ပေါတ်သွားခဲ့သည်။
"အဲ့ဒီ ခွေးမသားအမှန်ပဲ"
လုယွီက သတ်လတ်ပိုင်းအရွယ်လူ၏မျက်နှာကိုမြင်ချိန်တွင် ချက်ချင်းပင် ကိစ္စများအားလုံးအား သဘောပေါတ်နားလည်သွားလေ၏။
ပြန်တွေးကြည့်လျှင် ထိုလူသည် သူနှင့်လုံချွမ်တိုင်းပြည်၏တားမြစ်နယ်မြေ၌ ဆုံတွေ့ခဲ့သော မီးခိုးရောင်ဝတ်စုံနှင့်လူဖြစ်နေသည်။
ထိုသူက မင်ခွမ်းကြောင့် အပြင်းအထန်ဒဏ်ရါရရှိပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ သူ၏ဒဏ်ရါပြင်းထန်သဖြင့် တနေရာရာ၌ သေဆုံးသွားရခြင်း ဖြစ်ပေမည်။ နောက်ဆုံး၌ သူက အပြစ်များအားလုံးကို လုယွီ၏ခေါင်းပေါ်သို့ တင်လိုက်ခြင်းသာ ဖြစ်ပေသည်။
"အခု နားလည်မှုလွဲနေတာတွေအားလုံး ဖြေရှင်းပြီးသွားပြီဆိုမှတော့...ကျုပ် ခင်ဗျားကိုမသတ်တော့ဘူး"
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာတွင် ပတ်ဝန်းကျင်ရှိပုံရိပ်ယောင်ကမ္ဘာသည် ပျက်ပြယ်သွားလေ၏။
စစ်ထူကွမ်ယွီသည် ပုံရိပ်ယောင်ကမ္ဘာအတွင်းမှ လွတ်မြောက်လာသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားပျော့သွားပြီးမြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
သို့ရာတွင် သူက လုယွီကိုမူ မမေ့မလျော့ ဦးညွှတ်၍အရိုအသေပြုလိုက်၏။
"နေနှင့်ဦးပေါ့ကွာ...ငါ မင်းကိုအလွတ်ပေးထားဦးမယ်...ခွေးမသားလေး...ငါ ဓမ္မရုပ်ထုနယ်ပယ်ကို ရောက်တဲ့အချိန်ကျမှ မင်း တန်ကြေးပြန်ပေးဆပ်စေရမယ်"
စစ်ထူကွမ်ယွီ၏မျက်လုံးများအတွင်း၌ အငြှိုးအမျက်ထားသောအရိပ်အယောင်များ ထင်ဟပ်နေပေသည်။
လုယွီ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားပြီး သူ၏လက်သီးချက်က စစ်ထူကွမ်ယွီ၏ဝမ်းဗိုက်ပိုင်းသို့ ကျရောက်သွားခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် မြေအောက်လောကတာအိုသခင်၏ဥပဒေသများက စစ်ထူကွမ်ယွီ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားတော့သည်။
ဘန်း...
လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ လုံကျင်းနိုင်ငံတော်က စစ်ထူကွမ်ယွီ၏နတ်ဘုရားစမ်းရေအိုင်ကို အက်ကွဲသွားစေ၏။