← Chapters

အခန်း (၅၃၁-၅၃၅)

Vol. 26-30 Ch. 531-535

အခန်း (၅၃၁-၅၃၅)

Vol. 26-30 Ch. 531-535

Chapter 531

"မင်း...."

စစ်ထူကွမ်ယွီ၏မျက်နှာတစ်ခုလုံး ဖြူရော်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကောက်ကွေးနေပေ၏။ သူ့တကိုယ်လုံး တဆတ်ဆတ်တုန်ရီနေပေရာ အကြောင်းအရင်းမသိသူများဆိုလျှင် သူ့အား နာမကျန်းဖြစ်နေသော အဖိုးအိုတစ်ယောက်ဟု မြင်ကြပေမည်။

အချိန်တခဏအတွင်းမှာပင် စစ်ထူကွမ်၏နတ်ဘုရားစမ်းရေအိုင် ကွဲကြေသွားတော့သည်။

သူ၏နတ်ဘုရားစမ်းရေအိုင်သည် အိမ်ကြီးတစ်လုံးစာပမာဏကျယ်ဝန်းပြီး ဤအတွက်ကြောင့်ပင် သူ အစဥ်အမြဲဂုဏ်ယူဝင့်ကြွားနေခဲ့သည်။

သို့သော် လုယွီ၏မြေအောက်လောကနတ်ဘုရားစမ်းရေအိုင်ရှေ့မှောက်တွင်မူ သူ၏အိမ်ပမာဏခန့်သည် အလွန်သေးငယ်နေပေ၏။

သူ၏နတ်ဘုရားစမ်းရေအိုင် ကျိုးပျက်သွားမှုနှင့်အတူ စစ်ထူကွမ်ယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် နိမ့်ကျလာပြီး နောက်ဆုံး၌ အဝိုင်းသေးနယ်ပယ်နဝမဆင့်ထိ ကျဆင်းသွားတော့သည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားစမ်းရေအိုင်ပင်လျှင် အသိစိတ်ပင်လယ်အဖြစ်သာ ကျန်ရစ်ပေ၏။

"ငါ့ကိုမသတ်ဖူးလို့ မင်း ကတိပေးထားတာလေ...ဘာလို့ မင်း ကတိမတည်တာလဲ"

စစ်ထူကွမ်ယွီက အော်ဟစ်လိုက်သည်။

လုယွီက တည်ငြိမ်အေးဆေးသောအမူအယာဖြင့် စစ်ထူကွမ်ယွီအား ကြည့်နေပေ၏။

"ကျုပ် ခင်ဗျားကိုမသတ်ဖူးလေ"

လုယွီက စစ်ထူကွမ်ယွီအား သတ်ဖြတ်ခြင်းမရှိချေ။ သူ၏နတ်ဘုရားစမ်းရေအိုင်ကိုသာ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ထိုကိစ္စက လုယွီသည် စစ်ထူကွမ်ယွီအား သေဆုံးသည်ထက်နာကျင်အောင် နှိပ်စက်ခဲ့ခြင်းမျိုး ဖြစ်သွားပေသည်။

"ခွေးမသား...မင်းက ထူးဆန်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ငါ့ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့တယ်...ငါရဲ့ကျင့်ကြံဆင့်ပြန်ရတဲ့အခါကျရင် မင်း ပြန်ပေးဆပ်စေရမယ်"

စစ်ထူကွမ်ယွီက သူ၏ခေါင်းကိုအောက်သို့ နှိမ့်ချပြီး သူ့ရင်ထဲမှအမုန်းတရားများကို ဖုံးကွယ်ထားလေသည်။

လုယွီက စစ်ထူကွမ်ယွီကို လျစ်လျှူရှုထားပြီး သူ၏အကြည့်က တာယွဲ့အင်ပါယာမင်းပေါ်သို့ ကျရောက်သွားခဲ့သည်။

"တာယွဲ့အင်ပါယာမင်းကတော့ လုံချွမ်တိုင်းပြည်ကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့အတွက် ဖြေရှင်းချက်တစ်ခုပေးဖို့ လိုလိမ့်မယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

တာယွဲ့အင်ပါယာမင်း၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ထိန်းချုပ်မရနိုင်သောကြောက်ရွံမှုများက မြင့်တက်လာခဲ့သည်။

သူ၏ရှေ့ရှိလူငယ်သည် စစ်ထူရှို့အားသတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရရုံသာမက စစ်ထူကွမ်ယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကိုလည်းဖျက်ဆီးခဲ့သူဖြစ်သည်။

တာယွဲ့အင်ပါယာမင်းက တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။

"စစ်သားတွေကို စေလွှက်စေတဲ့ အကြံဥာဏ်က စစ်ထူမိသားစုက ဦးဆောင်ခဲ့တာပါ...ငါ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမသိပါဘူး"

လုယွီက အမူအယာပြောင်းလဲခြင်းမရှိဘဲ ပြောဆိုလေသည်။

"မင်းက ဆုံးဖြတ်ချက်ချနိုင်တဲ့သူမဟုတ်ဘူးဆိုမှတော့...ကြည့်ရတာ တာယွဲ့တိုင်းပြည်အတွက် ဆုံးဖြတ်ချက်ချနိုင်မယ့် အင်ပါယာမင်းအသစ် ပြောင်းပေးရတော့မယ်ထင်တယ်"

တာယွဲ့အင်ပါယာမင်း နေရာမှာပင် ကြက်သေသေသွားခဲ့သည်။ ဤအချိန်တွင် သူ့ရှေ့ရှိလူငယ်သည် သူ့အား အချိန်အခါမရွေး ဖယ်ရှားရှင်းလင်းပစ်နိုင်သည်ကို သူ သိရှိနားလည်သွားပေ၏။

"အရာအားလုံးကို ချူဘုရင်ကပဲ စီစဥ်ပေးပါ"

တာယွဲ့အင်ပါယာမင်းက လေးလေးစားစား ပြောဆိုလိုက်သည်။

လုယွီက သူ၏အင်္ကျီလက်မောင်းကြားရှိ ပိုင်နက်မြေပုံကိုထုတ်ယူပြီး တာယွဲ့အင်ပါယာမင်း၏ရှေ့တွင် ဖြည်းဖြည်းချင်း ဖြန့်နေလေသည်။

"ခင်ဗျားတို့ရဲ့တာယွဲ့တိုင်းပြည် နယ်မြေတစ်ဝက်ကို ငါ့အတွက် ပေးရမယ်"

လုယွီက စုတ်တံကိုထုတ်ယူပြီး ပိုင်နက်မြေပုံပေါ်၌ မျဥ်းတစ်ကြောင်းကို ရေးဆွဲလိုက်သည်။

ထိုမျဥ်းကြောင်းသည် တာယွဲ့တိုင်းပြည်အား အတိအကျပင် နှစ်ခြမ်းခွဲခြားထားပေ၏။

တာယွဲ့အင်ပါယာမင်း၏မျက်နှာ ပျက်ယွင်းသွားလေသည်။

"ချူဘုရင်ရဲ့ဆိုလိုရင်းက...."

လုယွီက သူ့အားစိုက်ကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောဆိုလိုက်၏။

"အဲ့စုတ်ချက်ရဲ့ တောင်ပိုင်းနယ်မြေတစ်ခုလုံးက လုံချွမ်တိုင်းပြည်အပိုင်ဖြစ်ရမယ်...ခင်ဗျားမှာ ကန့်ကွက်ချင်တာ တခုခုများရှိနေလား"

ဤသည်က တာယွဲ့တိုင်းပြည်၏ပိုင်နက် တစ်ဝက်တိတိဖြစ်ပေသည်။ တာယွဲ့အင်ပါယာမင်း၏မျက်နှာ နီမြန်းသွားလေ၏။

"ချူဘုရင်...ဒီလိုတော့ မလုပ်သင့်ဘူး...ဒါက အရမ်းများလွန်းတယ်"

"မရဘူးလား...ဒါဆိုလည်း ခင်ဗျားက စစ်ထူရှို့နောက်ကိုလိုက်သွားဖို့ ရွေးချယ်နိုင်တယ်"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာပေသည်။

တာယွဲ့အင်ပါယာမင်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွားတော့သည်။ သူက တာအိုပထမဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သဖြင့် လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ရင်ဆိုင်နိုင်စွမ်းမရှိချေ။

အချိန်တခဏအတွင်းမှာပင် လုယွီ၏ကြီးကြပ်မှုအောက်တွင် တာယွဲ့အင်ပါယာမင်းက ကျောက်စိမ်းတံဆိပ်ကိုကိုင်ဆောင်ကာ နယ်မြေလွှဲပြောင်းသည့်စာရွက်စာတမ်းများပေါ်တွင် ခတ်နှိပ်ပေးလိုက်ရတော့သည်။

စည်းတံဆိပ်ခတ်နှိပ်ပြီးသည်နှင့် မူလက တာယွဲ့တိုင်းပြည်၏ပိုင်နက်နယ်မြေတစ်ခြမ်းသည် လုံချွမ်တိုင်းပြည်၏လက်အတွင်းသို့ ကျရောက်သွားပေ၏။

အကယ်၍ တစုံတယောက်က အနီးကပ်ကြည့်ရှုပါက ထိုပိုင်နက်နယ်မြေအားလုံးသည် ချူဘုရင်၏ပိုင်ဆိုင်မှုသာဖြစ်ကြောင်းကို တွေ့ရှိရပေမည်။

လုယွီက စာရွက်စာတမ်းများကိုသိမ်းဆည်းပြီး တာယွဲ့မှ ထွက်ခွါခဲ့သော်လည်း သူက စစ်ထူကွမ်ယွီကို တစ်ချက်မျှပင် စောင်းငဲ့မကြည့်ခဲ့ချေ။

"ဒီကောင်က တကယ့်ကိုကလေးသာသာရှိသေးတာပဲ...သူက မြက်ကိုဖြတ်ပြီးရင် အမြှစ်ပါမချန်တူးထုတ်ရတယ်ဆိုတာတောင် မသိရှာဘူး"

စစ်ထူကွမ်ယွီက ပြက်ရယ်ပြုနေပေ၏။ သူ၌ အစီအစဥ်ကောင်းတစ်ခု ရှိထားပေသည်။ သူ ပြန်လည်ကောင်းမွန်လာသောအချိန်တွင် လုံချွမ်တိုင်းပြည်သို့သွား၍ လုယွီအား သတ်ဖြတ်ပေမည်။

"စစ်ထူဘိုးဘေး...ငါ မင်းကိုသတ်မယ်"

တာယွဲ့အင်ပါယာမင်းက ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

မည်သို့ဖြစ်ပျက်သွားသနည်း....။

စစ်ထူကွမ်ယွီ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေပြီး သူက ယခုလက်ရှိအခြေအနေသည် တစ်ခုခုမှားယွင်းနေပြီကို ခံစားမိသည်။ သူက အဝေးသို့ထွက်ပြေးရန် ကြံရွယ်လိုက်၏။

သို့ရာတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ အင်ပါယာစစ်သားများအပြင် အရာရှိများ အမတ်ကြီးများပါမကျန် အောက်ပြုတ်ကျနေသောခွေးတစ်ကောင်အား ရိုက်နှက်ရန် ကြံစည်ထားကြ၏။

"စစ်ထူမိသားစုက အရမ်းဗိုလ်ကျစိုးမိုးခဲ့တာ...ဒီကောင်တွေကို ငါ ရိုက်ချင်နေတာ တော်တော်ကြာနေပြီ"

"နာနာ ရိုက်ကြစမ်း"

မြောက်များစွာသော တိုက်ခိုက်မှုများအောက်တွင် စစ်ထူကွမ်ယွီ၏အော်ရာသည် အလွန်အမင်းအားပျော့လာပေ၏။

နောက်ဆုံးအချိန်တွင်မူ သူ့အား မည်သည်ကြောင့် လုယွီက မသတ်ခဲ့ခြင်းကို သိနားလည်သွားတော့သည်။

လူတစ်ယောက်ကို သတ်ရန်လိုအပ်တိုင်း မိမိ၏ကိုယ်ပိုင်ဓားကိုထုတ်သုံးရန် မလိုအပ်ချေ။

Chapter 532

လုံချွမ်တိုင်းပြည်...

နယ်မြေထိန်းချုပ်သည့် အမတ်ကြီးများသည် လုံချွမ်တိုင်းပြည်၏ပိုင်နက်နက်မြေ အပြောင်းအလဲကို သတိပြုမိသွားသည်။ သူတို့က စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ပြီးနောက် ချူဘုရင်၏ပိုင်နက်နယ်မြေပြောင်းလဲမှုများဖြစ်သည်ကို တွေ့ရှိမိကြ၏။

"နှစ်တွေအများကြီးကြာလာမှ...လုံချွမ်တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေက အများကြီးကျယ်ပြန့်လာခဲ့တယ်"

"အောင်ပွဲကြီးပဲ....တကယ့်ကို အောင်ပွဲကြီး...ချူဘုရင်က တကယ့်ကို ကောင်းချီးပေးခံရတဲ့သူတစ်ယောက်ပဲ"

အမတ်ကြီးများတစ်စုသည် ငိုကြွေးလုနီးပါး ခံစားနေကြရသည်။ အကြောင်းအရင်းမှာ လုံချွမ်တိုင်းပြည်သည် သေးငယ်သောတိုင်းပြည်တစ်ပြည်ဖြစ်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ၏ကျူးကျော်ခြင်းကို မကြာခဏခံရလေ့ရှိသည်။

ယခုလက်ရှိအချိန်သည် သူတို့အတွက်ဂုဏ်ယူဝင့်ကြွားဖွယ်အချိန် ဖြစ်ပေ၏။

ထိုသတင်းကိုကြားပြီးနောက် ယဲ့လန်၏မျက်လုံးများ ဝေဝါးသွားခဲ့သည်။

အကယ်၍ သူမကသာ မူလသဘောတူညီချက်အတိုင်း လုယွီကို ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာသာပေးခဲ့ပါက ဤမျှထိဆိုးဆိုးရွားရွား ခံစားနေရမည်မဟုတ်ချေ။

ယဲ့လန်နှင့်ယို့ဝမ်မင်းသား ကျန်းကျီးဟုန်တို့နှစ်ယောက်လုံး လုယွီအား သာမာန်သေမျိုးတစ်ယောက်ဟုသာ ထင်မှတ်ခဲ့လေ၏။

ယခုလက်ရှိချိန်၌ လုယွီသည် သူတို့ မော့မကြည့်ဝံ့သော တည်ရှိမှုကြီး ဖြစ်နေလေပြီ။

လုံချွမ်အင်ပါယာမြို့တော်၏အထက်ကောင်းကင်ယံ၌....

လုယွီသည် လုံချွမ်တိုင်းပြည်အတွင်းသို့ ခြေလှမ်းချမိသည်နှင့် နေရာပေါင်းစုံမှ သူထံသိူ့တလိမ့်လိမ့်တိုးဝင်လာသော စိတ်စွမ်းအားလှိုင်းများကို ခံစားမိသည်။

"နယ်မြေတစ်ခုကို ထိန်းချုပ်ထားနိုင်တာနဲ့....အဲ့ဒီလူက မြို့သူမြို့သားတွေနဲ့နယ်မြေအတွင်းမှာနေတဲ့ကျင့်ကြံသူတွေစီက စိတ်စွမ်းအားတွေကို စုပ်ယူနိုင်တယ်...အဲ့ဒါက နယ်မြေအုပ်ချုပ်သူရဲ့ကျင့်ကြံငေ့်ကို သိသိသာသာတိုးတက်စေတယ်...အရင်တုန်းက ဒီစိတ်စွမ်းအားတွေကိုအရေးမပါဘူးလို့ ငါ ထင်ခဲ့တာ....တကယ်တမ်းကျ ငါ မှားယွင်းခဲ့တာပါလား"

လုယွီက သက်ပြင်းရှိုက်နေပေ၏။

သူသည် သူ၏စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူမှုနှုန်း ယခင်ထက်ပို၍ မြန်ဆန်လာခြင်းကို သိသိသာသာခံစားမိသည်။

"ချူဘုရင်...မင်း နောက်ကျတယ်နော်...ငါက မင်းအတွက် ကြိုဆိုနှုတ်ဆတ်ပွဲတစ်ခု ကျင်းပထားခဲ့တာ...မြန်မြန်လာတော့"

လုံချွမ်အင်ပါယာမင်းက အပြုံးဖြင့်ပြောဆိုလိုက်၏။

လုယွီ၏အမြင်သည် အလွန်စူးရှသဖြင့် နန်းတော်ရှိအလွန်ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲကို မြင်နိုင်ပေသည်။ သူက ငြင်းဆန်လိုသော်လည်း လူအများ၏ကြင်နာမှုကို မပယ်ရှားလိုသောကြောင့် ခေါင်းညိတ်ပြီး သဘောတူညီလိုက်သည်။

"ကောင်းပြီလေ"

ဧည့်ခံပွဲ၌ သီဆိုကခုန်နေမှုများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်စည်ကားလှပေ၏။ အမတ်ကြီးတစ်ယောက်ချင်းစီက လုယွီအား ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် သူတို့၏သေရည်ခွက်များကိုမြှောက်ကာ ဆုတောင်းပေးနေပေသည်။

"ချူဘုရင်...ဒါက မင်းအတွက် ငါ ဆုတောင်းပေးတာပါ"

ယို့ဝမ်မင်းသားက သူ၏ဝိုင်ခွက်ကို ကိုင်ဆောင်ပြီး ကြောက်ရွံတုန်ရီစွာဖြင့် လုယွီ၏ရှေ့သို့လာပြီး မတ်တတ်ရပ်လေသည်။

လုံချွမ်အင်ပါယာမင်းက အော်ငေါက်လိုက်၏။

"ရဲတင်းလှချည်လား....ချူဘုရင်က ငါနဲ့တန်းတူအဆင့်အတန်းရှိတဲ့သူ...မင်းကို ဘယ်သူက မတ်တတ်ရပ်ခိုင်းလို့လဲ"

ယို့ဝမ်မင်းသား၏မျက်နှာတစ်ခုလုံး ဖြူရော်သွားပြီး သူက မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်တော့သည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

"ထားလိုက်တော့"

အင်ပါယာမင်းက ယို့ဝမ်မင်းသားအား စူးစူးဝါးဝါးကြည့်နေပေသည်။

"မင်း ဘာလို့ထွက်မသွားသေးတာလဲ....ဒီနေရာမှာ ဆက်ပြီး မတ်တတ်ရပ်နေချင်သေးတာလား"

ယို့ဝမ်မင်းသားသည် ဤနေရာ၌ ဆက်ပြီးမနေဝံ့တော့သဖြင့် ပြေးထွက်သွားတော့သည်။

"ချူဘုရင်...ကိစ္စငယ်လေးတွေအတွက် ဘာမှစိတ်အနှောက်အယှက်အဖြစ်မခံပါနဲ့"

အင်ပါယာမင်းက သူ၏ဝိုင်ခွက်ကိုမြှောက်ပြီး ပြောဆိုလေ၏။

"ကြည့်ရတာတော့ ချူဘုရင်က လုံချွမ်ကနေထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီထင်တယ်"

လုယွီက ဟုတ်မှန်ကြောင်း ပြောဆိုလိုက်သည်။

"အင်း...ကျုပ် လုမိသားစုကို သွားတော့မလို့"

" ငါ မိုးကောင်းကင်ရှုခင်းမြို့က ပျံသန်းရေးလမ်းကြောင်းတွေ ရုတ်သိမ်းထားတဲ့အကြောင်း သတင်းတွေရထားခဲ့တယ်...မင်းက လုမိသားစုကိုပြန်သွားချင်တယ်ဆိုရင် လင်းရှောင်မြို့ကနေ လမ်းကြောင်းပြောင်းသွားရမယ်"

အင်ပါယာမင်းက ပြောဆိုခဲ့သည်။

မိုးကောင်းကင်ရှုခင်းမြို့သည် လုမိသားစုပိုင်နက်၏အလယ်ဗဟိုနယ်မြေဖြစ်သည်။ ယခင်က သခင်ကြီးဝေ့သည် လုယွီအား ထိုမြို့အကြောင်းကို ဖော်ပြခဲ့ဖူး၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ ပျံသန်းရေးလမ်းကြောင်းတွေ ရုတ်သိမ်းထားတာလဲ"

"အဲ့ဒီနေရာက တောင်ပိုင်းစွန့်ပစ်ကုန်းမြေနဲ့ နီးစပ်တဲ့နေရာဖြစ်ပြီးတော့...တောင်ပိုင်းကောင်းကင်နယ်မြေလို့ လူသိများတယ်...မိုးကောင်းကင်ရှုခင်းမြို့က အလယ်ပိုင်းကုန်းမြေရဲ့အရှေ့ဘက်ခြမ်းမှာ တည်ရှိတာ...နေရာနှစ်ခုက အရမ်းအလှမ်းမကွာပေမယ့် အဲ့ဒီကြားမှာ ထူးဆန်းတဲ့ကိစ္စတွေဖြစ်ပျက်နေတယ်"

"ဘယ်လို ထူးဆန်းတဲ့ကိစ္စလဲ"

"မိုးကောင်းကင်ရှုခင်းမြို့ကိုသွားတဲ့ ပျံသန်းရေးမှော်သားရဲတွေအားလုံး အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်ကုန်ကြတယ်...အဲ့ဒီမှော်သားရဲတွေပေါ်မှာ စီးနင်းလိုက်ပါသွားတဲ့ ကျင့်ကြံသူတွေအားလုံးလည်း ထူးထူးဆန်းဆန်းပျောက်ဆုံးကုန်ကြတယ်"

အင်ပါယာမင်း၏မျက်နှာပေါ်၌ သိချင်စိတ်ပြင်းပြမှုများ ထင်ဟပ်နေပေသည်။

လုယွီက မေးမြန်းလိုက်၏။

"ခင်ဗျား သူခိုးတစ်ယောက်ကိုများ တွေ့ခဲ့လို့လား"

အင်ပါယာမင်းက သူ၏ခေါင်းကို ခါပြလေ၏။

"မဟုတ်ဘူး...တကယ်လို့ သူခိုးတစ်ယောက်ရှိနေပြီး...အဲ့ဒီသူခိုးက ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင်...ပျံသန်းရေးမှော်သားရဲတွေပေါ်မှာရှိတဲ့ အဆောင်သင်္ကေတတွေက အကူအညီတောင်းခံတဲ့ သတင်းစကားပေးပို့လိမ့်မယ်"

"ဒါပေမယ့် ဒီလတွေထဲမှာ ပျံသန်းရေးမှော်သားရဲတွေ အများကြီးပျောက်ဆုံးသွားခဲ့တာတောင် ဘာသတင်းမှရမလာခဲ့ဘူး...သူတို့က ကောင်းကင်နဲ့မြေကြီးကြားမှာ အငွေ့ပြန်သွားသလိုပဲ"

"အခု လေးပင်လယ်ဂိုဏ်းကလူတွေက စတင်ပြီးစုံစမ်းစစ်ဆေးနေကြပြီ...စုံစမ်းစစ်ဆေးရေးရလဒ်ထွက်မလာခင် မင်းက လင်းရှောင်မြို့ကနေ ခရီးသွားတာက ပိုပြီးလုံခြုံစိတ်ချရတယ်...ကောလဟာလတွေအရတော့ ပျောက်ဆုံးနေတဲ့လူတွေကြားမှာ ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူတွေတောင်ပါတယ်တဲ့...ကျွတ်...ကျွတ်...သူတို့လိုလူတွေတောင် တိတ်တဆိတ်ပျောက်ကွယ်သွားရတယ်"

Chapter 533

နောက်သုံးရက်အကြာတွင်...

လုံချွမ်အင်ပါယာမြို့တော်၏ပို့ဆောင်ဆက်သွယ်ရေးနေရာမှ ဧရာမမှော်သားရဲကြီးတစ်ကောင်က ပျံဝဲ၍ထွက်လာခဲ့သည်။

မှော်သားရဲကြီး၏နောက်ကျောထက်တွင် ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုရှိနေသည်။ ထိုအဆောက်အအုံသည် အထပ်ငါးထပ်ပါရှိပြီး အထပ်တိုင်းသည် ကျယ်ဝန်းပြီး ခမ်းနားလှပေ၏။

ထိုပျံသန်းရေးမှော်သားရဲများပေါ်၌ ထိုင်နေသောသူများမှာ ချမ်းသာကြွယ်ဝသူများနှင့်အထက်တန်းလွှာများ ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ လုယွီက "လုံချွမ်တိုင်းပြည်၏နယ်မြေဘုရင်"ရာထူးကို အသုံးပြု၍ ပျံသန်းရေးမှော်သားရဲပေါ်၌ နေရာရရှိခဲ့ပေသည်။

"ဆရာသခင်...ကျွန်တော်တို့ ဘယ်နေရာကိုသွားမှာလဲ"

ပိုင်ရီဖန်းက သူ၏ခေါင်းကိုအုပ်ပြီး စိတ်ညစ်သွားသော လေသံဖြင့်မေးမြန်းလေ၏။

သူ ယခုအသက်အရွယ်ကိုရောက်မှသာ ဤမျှထိ ပြည့်ပြည့်စုံစုံနေရာတွင်နေရပြီး စာပေသင်ကြားခွင့်ရရှိခဲ့သောနေရာမှ ပြောင်းရွှေ့ရမည်ကို သူ မည်သည့်နည်းဖြင့် လိုလားမည်နည်း။

လုယွီက ပိုင်ရီဖန်း၏ခေါင်းကိုခေါက်၍ ပြောဆိုလိုက်သည်။

"မင်းရဲ့အမစီက သင်ယူစမ်း...ပိုပြီး ကြိုးကြိုးစားစားလေ့ကျင့်...စာများများဖတ်...အမြဲတမ်း ဆော့ဖို့ကိုပဲစဥ်းစားမနေနဲ့"

ပိုင်ရီဖန်းက စိတ်ညစ်နေသောလေသံဖြင့် ပြောဆိုလေ၏။

"ကျွန်တော်သိပါပြီ...ဆရာသခင်"

ပိုင်ချောင်းချောင်းကမူ စာအုပ်တစ်အုပ်ကိုကိုင်ပြီး တည်ငြိမ်အေးဆေးစွာဖြင့်စာဖတ်နေဆဲဖြစ်သည်။

ပိုင်ရီဖန်းက သူမအား ခေါ်လိုက်၏။

"မမ...ဘာလို့ စာပဲဖတ်နေတာလဲ"

ပိုင်ချောင်းချောင်းက ပိုင်ရီဖန်း၏နဖူးကို လက်ဖြင့်တောက်ပြီး ဒေါသတကြီးအော်ငေါက်လေသည်။

"သွားစမ်း...စာသွားဖတ်နေ"

ပျံသန်းရေးမှော်သားရဲ၏ ပျံသန်းမှုသည် အလွန်လျှင်မြန်သဖြင့် တောင်ပံနှစ်ဖက်၏ဖြန့်ကျက်ထားမှုနှင့်အတူ ပတ်ဝန်းကျင်ရှိမြင်ကွင်းသည် အဆက်မပြတ်ပြောင်းလဲနေသည်။

လုယွီက ပိုင်ရီဖန်းအားကြည့်ပြီး ပြောဆိုလိုက်၏။

"မင်းက စာဖတ်ရတာကို မကြိုက်ဘူးဆိုမှတော့...ကွန်ဖြူးရှပ်တာအိုပညာရှင်တွေက အရမ်းအစွမ်းမထက်ဘူးလို့ မင်း ထင်နေပုံပဲ"

ပိုင်ရီဖန်းက စိတ်ကြီးဝင်နေပုံဖြင့် ပြောဆိုလေသည်။

"ဒါက အမှန်ပဲ....စာဖတ်တာက ကျင့်ကြံနေတာကို ဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာလဲ"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"ကောင်းပြီလေ...ဒီနေရာက အတော်ကျယ်ဝန်းသားပဲ...မင်း မင်းရဲ့အမနဲ့ယှဥ်ပြိုင်ကြည့်လေ"

အဆောက်အအုံရှိအထပ်တစ်ထပ်သည် နန်းတော်ခန်းမတစ်ခုကဲ့သို့ ကျယ်ဝန်းပေ၏။ ယှဥ်ပြိုင်ပွဲတစ်ခုပြုလုပ်ရန်အတွက် လုံလောတ်ပေသည်။

ပိုင်ရီဖန်းသည် အချိန်အတော်ကြာ ဆွံအသွားပြီးမှ တီးတိုးပြောဆိုလိုက်၏။

"ဆရာသခင်...ကျွန်တော် နားကြားများမှားနေတာလား"

"မင်း နားကြားမမှားဘူး...မင်းက တိုက်ခိုက်ချင်နေတာမလား...မင်းရဲ့အမကို နိုင်အောင်သွားပြီးတိုက်ခိုက်"

လုယွီက ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေပြီး ဝိုင်တစ်အိုးကိုငှဲ့၍ သောက်နေလေသည်။

ပိုင်ရီဖန်းက အပျော်လွန်သွားပေ၏။

"ဆရာသခင်...ဒါက ဆရာပြောတာနော်"

ပိုင်ချောင်းချောင်းက ရွေးချယ်စရာမရှိတော့ဘဲ သူမလက်ထဲမှစာအုပ်ကိုချကာ ပိုင်ရီဖန်းအား ပြောဆိုလေသည်။

"နင်ရဲ့ခွန်အားကုန် အသုံးပြုပြီးတိုက်"

"မမ...နင် သေသေချာချာ ကာကွယ်နော်...လက်တွေနဲ့ခြေထောက်တွေမှာ မျက်စိမရှိဘူး"

ပိုင်ရီဖန်းက သတိပေးလိုက်၏။

ပိုင်ရီဖန်း၏လက်ရှိအဆင့်သည် ရှီထျန်းနယ်ပယ် သတ္တမအဆင့်ဖြစ်ပြီး ပိုင်ချောင်းချောင်း၏ကျင့်ကြံဆင့်က ရှီထျန်းနယ်ပယ်ဆဋ္ဌမအဆင့်ဖြစ်သည်။

ပိုင်ချောင်းချောင်းက သူမ၏လက်များကို နောက်သို့ပစ်ထားပြီး အေးအေးသာသာ ပြောဆိုလေ၏။

"မြန်မြန် လှုပ်ရှားစမ်း...ဒီနေ့ ငါ နားမလည်တာတချို့ရှိနေတာ ဆရာသခင်ကို မေးရအုံးမယ်"

ပိုင်ရီဖန်း၏မျက်ခုံးများ မြင့်တက်သွားပေ၏။

"မမ...နင် ငါကို အထင်မသေးနဲ့နော်"

သူ၏စကားဆုံးသည်နှင့် ပိုင်ရီဖန်းက ရုတ်တရက် ခြေတစ်လှမ်းရှေ့တိုးပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမြင့်တက်သွားကာ သူ့လက်အား ပိုင်ချောင်းချောင်းထံဦးတည်၍ ရိုက်ပုတ်လိုက်သည်။

ပိုင်ရီဖန်း၏လက်ဝါးတွင် အပြာနုရောင်ကျန်းချီများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ပင်လယ်ရေလှိုင်းသံသဲ့သဲ့ကြားနေရ၏။

"ပင်လယ်ရေလှိုင်းရဲ့အမျက်ဒေါသ...အဲ့ဒီလှုပ်ရှားမှုရဲ့နောက်ကွယ်ကစွမ်းအားက ပြင်းထန်ပေမယ့်...လှုပ်ရှားမှုဆက်တိုက်လုပ်ရင် အားပျော့သွားတယ်"

ပိုင်ချောင်းချောင်းက ကူကယ်ရာမဲ့ပုံဖြင့် မှတ်ချက်ပြုလိုက်သည်။

ပိုင်ရီဖန်း၏လက်ဝါးသည် ပိုင်ချောင်းချောင်းနှင့်ထိတွေ့လုနီးပါးတွင် သူက နောက်ထပ်လှုပ်ရှားမှုတစမမျိုးကို ပြောင်းလဲအသုံးပြုလေ၏။

"မိုးကောင်းကင်နတ်ဆိုး ပြစ်ဒဏ်ခတ်လက်သီး"

"လေနတ်ဆိုးဧကရာဇ်ဓားသွား"

"တောင်ငါးလုံး မိုးကောင်းကင်လက်ဝါး"

ပိုင်ရီဖန်းက နည်းစနစ်လှုပ်ရှားမှုများ တစ်ခုပြီးတစ်ခုဖြင့် တိုက်ခိုက်သော်လည်း ပိုင်ချောင်းချောင်းက ထိုနည်းစနစ်များ၏နာမည်များကိုအော်ဟစ်ကာ ချေပျက်ပစ်နေလေသည်။

ပိုင်ရီဖန်း၏ကျင့်ကြံဆင့်နယ်ပယ်သည် ပိုင်ချောင်းချောင်းထက် မြင့်မားသော်လည်း သူက တဖြည်းဖြည်းပင်ပန်းနွမ်းနယ်လာပြီး မြေပြင်ပေါ်၌ဖင်ထိုင်ချလိုက်တော့သည်။

"မတိုက်တော့ဘူး...မမ...ငါ ထပ်ပြီးမတိုက်ခိုက်နိုင်တော့ဘူး...ဘာလို့ ငါရဲ့လှုပ်ရှားမှုတွေအားလုံးကို နင်ကသိနေရတာလဲ"

ပိုင်ရီဖန်းသည် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေရင်းမှ မေးမြန်းလိုက်၏။

ပိုင်ချောင်းချောင်း၏မျက်ခုံးများ မြင့်တက်သွားပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။

"ငါက နင်ရဲ့လှုပ်ရှားမှုတွေအားလုံးကို မြင်ဖူးပြီးသားလေ"

ပိုင်ရီဖန်း၏မျက်နှာအမူအယာပျက်ယွင်းသွားပြီးနောက် သူက ထိုကိစ္စအား ငြင်းဆန်လိုက်၏။

"နေပါဦး...ငါ နင်ကို နောက်ဆုံးတိုက်ခိုက်တဲ့လှုပ်ရှားမှုကို နင်မမြင်ဖူးသေးဘူးလေ"

ကျွီ...

ထိုအချိန်မှာပင် လုယွီတို့ရှိနေသော အခန်း၏တံခါးမကြီးက ပွင့်သွားခဲ့သည်။

သင်္ကန်းတစ်ထည်ကိုဝတ်ဆင်ထားပြီး သနားကြင်နာတက်သောမျက်နှာအမူအယာရှိသည့် ကျင့်ကြံသူတစ်ယောက်က တံခါး၏ပြင်ပတွင် မတ်တတ်ရပ်နေလေသည်။

"ဒီနေ့ ဗုဒ္ဓ ပေးပို့လိုက်တဲ့ သတင်းစကားက တကယ်အစစ်အမှန်ပါလား...ကံကြမ္မာအရ ရေစက်ပါတဲ့သူက ဒီနေရာမှာရှိနေတာပဲ"

ထိုကျင့်ကြံသူက ပိုင်ရီဖန်းရှေ့သို့ လျှောက်လှမ်းသွားပြီး အပြုံးနှင့်ပြောဆိုလိုက်၏။

"ကလေး...ငါ့ကို မင်းရဲ့ဆရာသခင်အဖြစ်တင်မြှောက်ဖို့ ဆန္ဒရှိလား"

Chapter 534

ပိုင်ရီဖန်းက အံ့အားတသင့် ပြောဆိုလိုက်၏။

"ခင်ဗျား ဘယ်နေရာကလာတာလဲ"

ဘုန်းတော်ကြီးက အပြုံးနှင့်ပြောဆိုလေသည်။

"ငါက ဥာဏ်ပညာကြီးမားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ အလယ်ပိုင်းကုန်းမြေရဲ့မိုးကောင်းကင်တေးသံဘုရားကျောင်းက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ပါ...မင်းရဲ့ပါရမီက ကောင်းမွန်ပြီးတော့ ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံဖို့သင့်တော်တယ်...မင်း ငါကို ဆရာအဖြစ်အရိုအသေပြုနိုင်မလား"

ကျစ်မြောင်ကိုယ်တော်သည် ရွှေရောင်တောက်ပနေသော သင်္ကန်းကိုဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများတောက်ပနေလေရာ ရွှေရောင်ဗုဒ္ဓတစ်ပါးနှင့် တူညီနေပေ၏။

ပိုင်ရီဖန်းက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်သည်။

"မလုပ်ဘူး...မလုပ်ဘူး...ကျွန်တော်က ဘုန်းကြီးမဖြစ်ချင်ဘူး...ဘုရားကျောင်းတွေမှာ စည်းမျဥ်းစည်းကမ်းတွေ အရမ်းများပြီးတော့ မန္တန်တွေကိုရွတ်ဖတ်ပြီး ဗုဒ္ဓတရားတော်တွေကိုပဲ နေ့တိုင်းသင်ယူရလိမ့်မယ်...အဲဒါက အရမ်းပျင်းဖို့ကောင်းမှာ"

ကျစ်မြောင်ကိုယ်တော်က သဘောတူညီချင်ပုံမရချေ။

"ငါရဲ့မိုးကောင်းကင်တေးသံဘုရားကျောင်းက ဗုဒ္ဓရဲ့အထွတ်အမြတ်နေရာတစ်ခုပဲ....လူတွေအများကြီးက တပည့်အဖြစ်ခံယူချင်ကြပေမယ့် အခွင့်အရေးမရကြဘူး...မင်းက တကယ်ကိုပဲ ဒီအခွင့်ကောင်းကို စွန့်ပစ်တော့မလို့လား...တကယ်လို့ မင်းက နွံဖုံးနေတဲ့ကျောက်စိမ်းတစ်စလို့သာ ဒီကိုယ်တော်က မမြင်ခဲ့ရင်...ငါ မင်းစီကို ကိုယ်တိုင်ကိုယ်ကျလာတွေ့ပါ့မလား မင်း စဥ်းစားကြည့်လေ"

ပိုင်ရီဖန်းက ကျစ်မြောင်ကိုယ်တော်အား ခြေဆုံးခေါင်းဆုံး ကြည့်နေလေ၏။

"ခင်ဗျားက အဲ့ဒီလိုပြောပေမယ့်...ခင်ဗျား ဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာ ကျွန်တော် မသိဘူးလေ...ဒါမှမဟုတ် ခင်ဗျား ကျွန်တော်ကို စွမ်းရည်တချို့ပြသပေးနိုင်မလား"

ကျစ်မြောင်ကိုယ်တော်၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏လက်ဝါးကို နံဘေးတစ်ဘက်သို့ လွှဲယမ်းလိုက်သည်။

သူ၏လက်သည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းအသွင်သို့ ပြောင်းလဲသွားပြီးနောက် ဧရာမရွှေရောင်လက်ဝါးကြီးက ကောင်းကင်ယံမှကျဆင်းလာပြီး နံဘေးဘက်ရှိ ကြေးဝါမီးအိမ်အား ရိုက်ခတ်မိသွားသည်။

ကြေးဝါမီးအိမ်သည် မူလက ကြေးရုပ်လူသားတစ်ယောက်က မီးအိမ်အားတွဲလောင်းဆွဲကိုင်ထားသော ပုံသဏ္ဏာန်ရှိသည်။ သို့ရာတွင် လက်ဝါးရိုက်ချက်ဖြင့် ထိခတ်မိပြီးသောအချိန်တွင်မူ မီးအိမ်သည် ပြားချပ်သွားပြီး ၎င်း၏မျက်နှာပြင်ပင် စတငမအက်ကွဲလာခဲ့သည်။

ပိုင်ရီဖန်းက လေအေးတစ်ချက်ရှိုက်သွင်းလိုက်၏။ ဤစွမ်းအားမျိုးသည် သူ၏ယခုလက်ရှိအခြေအနေဖြင့် မော့ကြည့်နေရုံသာ တက်နိုင်ပေသည်။

ကျစ်မြောင်ကိုယ်တော်က သူ၏လက်ကိုပြန်ရုတ်သိမ်းပြီး အပြုံးနှင့်ပြောဆိုလေ၏။

"ဒါက ငါ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ထုတ်သုံးထားတာ....မင်းက နတ်ဘုရားစွမ်းအားနဲ့မွေးဖွားလာတာကို ငါ မြင်ပြီးပြီ...တကယ်လို့ မင်း ငါနောက်ကိုလိုက်ပြီး ကျင့်ကြံမယ်ဆိုရင်....မင်းက အများကြီးတိုးတက်လာမှာသေချာတယ်"

ပိုင်ရီဖန်းကလည်း အပြုံးနှင့်တုံပြန်ပြောဆိုလိုက်သည်။

"ကောင်းပြီလေ...တကယ်လို့ ခင်ဗျားက ကျွန်တော်ရဲ့ဆရာသခင်ကို ရိုက်နှက်နိုင်မယ်ဆိုရင်...ကျွန်တော် ခင်ဗျားကို ဆရာအဖြစ် အရိုအသေပြုမယ်"

ဒေါက်...

"အား...."

ပိုင်ရီဖန်းသည် ရုတ်တရက် သူ၏ခေါင်းကိုသူပြန်၍ ဆုပ်ကိုင်လိုက်လေ၏။

လုယွီက သူ၏လက်ကိုပြန်ရုတ်သိမ်းပြီး မကျေမချမ်း ပြောဆိုလိုက်သည်။

"မင်းက ဆရာဖြစ်သူကို ဒီလိုမျိုး လှုပ်ရှားစေချင်နေတာမလား"

"သူက မင်းရဲ့ဆရာသခင်လား"

ကျစ်မြောင်ကိုယ်တော်က လုယွီကို ထူးဆန်းသောအမူအယာဖြင့် ကြည့်ရှုနေပေ၏။ လုယွီ၏အသက်အရွယ် ငယ်ရွယ်မှုကြောင့် ပိုင်ရီဖန်း၏အကိုဖြစ်မည်ဟုသာ သူက တွေးထင်ထားခဲ့သည်။ ပိုင်ရီဖန်း၏ဆရာသခင်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ကျစ်မြောင်ကိုယ်တော်က ပြုးရင်းမှပြောဆိုလိုက်သည်။

"ဒါက ပြဿနာမရှိပါဘူး...ဘာဖြစ်ဖြစ် သူက မင်းရဲ့သေမျိုးဆရာသခင်လေ...မင်း သိသင့်တယ်...တကယ်လို့ မင်းက ဒီအခွင့်အရေးကို စွန့်ပစ်လိုက်ရင်...ဘယ်တော့မှ ထပ်ရတော့မှာမဟုတ်ဘူး....ကိုယ်တော်ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်...မင်း အခုချက်ချင်း သူနဲ့ ဆရာတပည့်ဆက်ဆံရေးကို ဖြတ်တောက်လိုက်တော့"

လုယွီက ချောင်းတစ်ချက်ဟန့်လိုက်၏။

"ခင်ဗျားက သူရဲ့ဆရာသခင်ရှေ့မှာ ဒီလိုစကားမျိုးတွေပြောနေတာ....နည်းနည်းမလွန်ဘူးလား"

"ကျင့်ကြံခြင်းလောကမှာ...ကျင့်ကြံဆင့်နယ်ပယ်မြင့်တဲ့သူက အနိုင်ရသူပဲ...ဒီကလေးက အရောင်မတင်ရသေးတဲ့ ကျောက်စိမ်းတစ်စပဲ...ဒါကြောင့်မို့ ငါကသာ သူကိုသင်ကြားပေးဖို့ သင့်တော်တဲ့ ဆရာသခင်ပဲ"

ထိုစကားနှင့်အတူ ကျစ်မြောင်ကိုယ်တော်က လုယွီအား စိုက်ကြည့်နေပေ၏။

"ငါရဲ့ မိုးကောင်းကင်တေးသံဘုရားကျောင်းရဲ့နာမည်ကို မင်း ကြားဖူးလား"

လုယွီက ခေါင်းညိတ်ပြလေသည်။

"ဒါက အလယ်ပိုင်းကုန်းမြေရဲ့မြင့်မြတ်မြေပြင်တစ်ခုလို့ ကျုပ် ကြားဖူးတယ်"

ကျစ်မြောင်ကိုယ်တော်၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ထင်ဟပ်လာခဲ့သည်။

"မင်းရဲ့ဗဟုသုတက မဆိုးဘူးဘဲ...တကယ်လို့သာ ဒီကလေးကိုသင်ကြားခွင့် မင်းကို ပေးလိုက်မယ်ဆိုရင်....ဒါက အမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်...ရိုးရိုးသားသားဝန်ခံရရင် ပြင်ပသူစိမ်းတွေရဲ့စိတ်နှလုံးသားက ညစ်နွမ်းနေတာ...ငါက ဒီလိုမျိုး မတော်မတရားတဲ့လုပ်ရပ်ကို ကြည့်မနေနိုင်ဘူး...ကျေးဇူးပြုပြီး သွားခွင့်ပြုပါ"

"ကိုယ်တော်...ကျွန်တော် ခင်ဗျားကို ဗုဒ္ဓကျမ်းစာတွေကိုပဲ ဆက်လေ့လာဖို့ အကြံပေးချင်တယ်...ကျွန်တော်ရဲ့ဆရာသခင်က အရမ်းအစွမ်းထက်တယ်"

ပိုင်ရီဖန်းက ရယ်မောရင်းမှ ပြောဆိုလေသည်။

ကျစ်မြောင်ကိုယ်တော်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေပေသည်။

"ငါ တဲ့တိုးပြောမိတဲ့အတွက် တောင်းပန်ပါတယ်...မင်းက သူရဲ့ဆရာသခင်မလား...တကယ်လို့ ဒီလိုဆိုရင်ကော...ငါ မင်းကို သူရဲ့ဆရာသခင်အဖြစ် အချိန်အတိုင်းအတာတစ်ခုထိ ခွင့်ပြုမယ်..ဒါပေမယ့် သူ ဗုဒ္ဓဂိုဏ်းထဲကို ရောက်သွားတဲ့အချိန်ကျရင်တော့...မင်းတို့နှစ်ယောက် ထပ်ပြီးတွေ့ဆုံခွင့်ရမှာ မဟုတ်တော့ဘူး"

လုယွီက ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလေ၏။

"တော်သင့်ပြီ...ခင်ဗျားက တာအိုမိတ်ဆွေရှာနေတာတော့ မဟုတ်လောတ်ဘူး...ကျုပ် ထင်တာမမှားရင် ခင်ဗျားက ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်း နည်းစနစ်ကို ကျင့်ကြံနေတာမလား...ခင်ဗျားတို့ရဲ့ အကြီးအကဲက ဒီနည်းစနစ်ကြောင့် သေဆုံးနှင့်ပြီးဖြစ်မှာကို ကျုပ်စိုးရိမ်မိတယ်...ခင်ဗျား ဘာကိုပဲကျင့်ကြံကျင့်ကြံ...ကျုပ် ဂရုစိုက်စရာမလိုဘူး...ဒါပေမယ့် ခင်ဗျားရဲ့စိတ်က ကျုပ်ရဲ့တပည့်ကို လိုချင်မနေရင် ပိုကောင်းလိမ့်မယ်....မဟုတ်ရင် ခင်ဗျား ကံဆိုးသွားနိုင်တယ်"

Chapter 535

လုယွီက 'ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်' ဟူသောစကားကိုပြောချိန်တွင် ကျစ်မြောင်၏သနားကြင်နာတက်ပုံရသော မျက်လုံးတစ်စုံမှ အန္တရာယ်ရှိသောအလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး...ဒီအကြောင်း မင်းကို ဘယ်သူပြောပြတာလဲ"

ကျစ်မြောင်က ရုတ်တရက် ခြေတစ်လှမ်းရှေ့တိုးလာခဲ့၏။ သူ၏ခန္ဓာကိုယ်ပတ်လည်၌ ပြင်းထန်သောလေများတိုက်ခတ်လာပြီး လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်သည် သူ၏ကြီးမားသောလျှို့ဝှက်ချက်ဖြစ်သည်။

ယခုလက်ရှိ ဗုဒ္ဓဂိုဏ်းများတွင် ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်ကို နတ်ဆိုးနည်းစနစ်ဟု သတ်မှတ်ထားကြ၏။ ဗုဒ္ဓဂိုဏ်းဝင်များက ဤနည်းစနစ်ကျင့်ကြံသူအား တွေ့သည်နှင့် အမြစ်ပြတ်သုတ်သင်ပစ်ပေမည်။

ကျစ်မြောင်ကိုယ်တော်၏ သနားကြင်နာတက်ပုံ ဟန်ဆောင်ထားမှုသည် အလွန်ပိရိသော်လည်း ဤနေရာရှိ လူငယ်တစ်ယောက်က သူ့အား ဖော်ထုတ်နိုင်သွားမည်ဟု သူထင်မထားမိခဲ့ချေ။

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။

"ဒါက ဘယ်လောတ်ထိ မှန်းဆဖို့ခက်တဲ့ ကိစ္စမလို့လဲ...ဗုဒ္ဓရဲ့မြင့်မြတ်တဲ့ကျမ်းဂန်တိုင်းမှာ အရာရာတိုင်းက ကံကြမ္မာကြောင့်ဖြစ်လာတယ်လို့ပါပြီးသား...ဘယ်လိုလုပ်ပြီး ခင်ဗျားလို တပည့်တစ်ယောက်ရဖို့ တခြားသူကိုဖိအားပေးတဲ့ကိစ္စမျိုး ရှိနိုင်မလား...ခင်ဗျားရဲ့စကားတွေထဲမှာ အရမ်းလွန်ကျူးတဲ့စကားတွေပါနေပြီးတော့ ခင်ဗျားကိုကြည့်ရတာ ဗုဒ္ဓကျင့်ကြံသူနဲ့လည်းမတူဘူး....ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်က ဆိုးရွားတဲ့အရာဖြစ်ပေမယ့်...တကယ်လို့ ခင်ဗျားအခုထွက်သွားမယ်ဆို...ကျုပ် လျစ်လျှူရှုထားပေးမယ်"

သူ၏အတိတ်ဘဝတုန်းက လုယွီသည် ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်ကို လေ့ကျင့်သော ကျင့်ကြံသူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ဖူးသည်။

သာမာန်အားဖြင့် ဗုဒ္ဓကျင့်ကြံသူများသည် ဗုဒ္ဓရုပ်ပွါးတော်၏ရှေ့တွင် နှစ်ပေါင်းများစွာအရိုအသေပြုပြီး ဗုဒ္ဓကျမ်းဂန်များအားရွတ်ဖတ်ရန် လိုအပ်ပေသည်။

အချိန်ကာလကြာညောင်းလာချိန်တွင် တချို့ဗုဒ္ဓကျင့်ကြံသူများသည် အနည်းငယ်ပျင်းရိငြီးငွေ့လာကြ၏။ သူတို့၌ အစွမ်းထက်သောမှော်စွမ်းအင်များ ပိုင်ဆိုင်ထားကြသော်လည်း သူတို့က ဘုရားကျောင်းများအတွင်း၌သာ အချိန်တော်တော်များများ နေထိုင်ကြရသည်။

ထို့ကြောင့် သူတို့က ကောင်းကင်ဘုံနှင့်ဗုဒ္ဓ ပေါင်းစည်းခြင်းကျောင်းတော်ကို တည်ထောင်ခဲ့လေ၏။

ကောင်းကင်ဘုံ၌ မိုးကောင်းကင်တာအိုရှိသည်။ ဗုဒ္ဓက ဗုဒ္ဓ၏မဟာလမ်းကြောင်း တည်ရှိပေသည်။

ဗုဒ္ဓ၏စည်းမျဥ်းများသည် အလွန်တင်းကျပ်ပြီး ကောင်းကင်ဘုံ၏ဥပဒေသတချို့ကို ကန့်သတ်တားဆီးထားခဲ့သည်။ အကယ်၍ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်သည် အသားစားလိုပြီး သေရည်သောက်လိုနေပါက တားမြစ်ချက်များကို ချိုးဖျက်ရပေမည်။ ထို့ကြောင့် သူတို့က သာယာမှုရှာဖွေသည့်အနေဖြင့် မိုးကောင်းကင်တာအိုလမ်းကြောင်းအား စတင်လျှောက်လှမ်းကြည့်ကြတော့သည်။

ထိုဗုဒ္ဓကျင့်ကြံသူများသည် သူတို့၏ကံကြမ္မာများကို သူတို့၏တာအိုမိတ်ဆွေထံသို့ လွှဲပြောင်းပေးကြ၏။ ထိုအချိန်မှစ၍ ဗုဒ္ဓကျင့်ကြံသူသာကောင်းကျိုးရပြီး တာအိုမိတ်ဆွေမှာမူ ထိခိုက်နစ်နာရပေသည်။

တာအိုမိတ်ဆွေသည် ဗုဒ္ဓကျင့်ကြံသူ၏နေရာကို အစားယူ၍ ဘုရားကျောင်းအတွင်း၌ဗုဒ္ဓကျမ်းဂန်များကို ရွတ်ဖတ်နေစဥ်တွင် ဗုဒ္ဓကျင့်ကြံသူကမူ လောကတခွင်လှည့်လည်သွားလာပြီး ဗုဒ္ဓ၏စည်းမျဥ်းများထိန်းချုပ်မှုမှလွတ်ကင်းကာ အချုပ်အချယ်အဟန့်အတားမရှိ စိတ်ရှိသကဲ့သို့ပြုမူနေတော့သည်။

တာအိုမိတ်ဆွေ၏စိတ်စွမ်းအားနှင့် ကျင့်ကြံဆင့်များအားလုံးက ထိုဗုဒ္ဓကျင့်ကြံသူ၏ခန္ဓာကိုယ်မှ အဆက်မပြတ်လက်ခံရရှိနိုင်ပေ၏။

ဤသည်က ကျင့်ကြံရန်မလိုအပ်ဘဲ အဆင့်ချိုးဖျက်နိုင်သောနည်းလမ်းဖြစ်သည်။ သို့ရာတွင် ဤကိစ္စသည် ကျင့်ကြံခြင်းလမ်းကြောင်းကိုလျှောက်လှမ်းသူအတွက် အလွန်ထိခိုက်နစ်နာပေသည်။

အလွန်ငယ်ရွယ်သောအသက်အရွယ်မှစတင်၍ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်သောကလေးများသည် ဗုဒ္ဓကျင့်ကြံသူများ၏လှည့်စားမှုကိုခံရပြီး သူတို့နှင့်အတူ ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်ကို လေ့ကျင့်ကြရသည်။

ထိုကလေးများ ကျင့်ကြံသမျှစိတ်ဝိညာဥ်စွမ်းအားများ၏သေးငယ်သောအစိတ်အပိုင်းကိုသာ သူတို့ကိုယ်တိုင်အတွက်ရရှိပြီး အများစုသည် သူတို့၏နောက်မှထိန်းချုပ်နေသော ဗုဒ္ဓကျင့်ကြံသူထံသို့ ရောက်ရှိသွားပေ၏။

အင်္သချေစကြာဝဠာအတွင်း၌ ဗုဒ္ဓကျင့်ကြံသူများသည် ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်ကျင့်ကြံသူများကို အဆက်မပြတ်စုံစမ်းရှာဖွေနေပေသည်။

သို့ရာတွင် ဤကျင့်ကြံနည်းစနစ်မျိုးသည် ကျင့်ကြံခြင်းမရှိဘဲ တိုးတက်နိုင်သဖြင့် လူပေါင်းများစွာက မလိုလားဘဲ ငြင်းဆန်နေကြသည့်တိုင် ပျောက်ကွယ်သွားခြင်းမရှိခဲ့ချေ။

ကျစ်မြောင်ကိုယ်တော်က ပြက်ရယ်ပြုပြောဆိုလိုက်၏။

"မင်းက ငါကို ထွက်သွားစေချင်တာလား...မင်းက ငါရဲ့လျှို့ဝှက်ချက်ကို သိထားပြီးပြီဆိုမှတော့...မင်း အသက်ဆက်ရှင်ဖို့ စိတ်မကူးနဲ့တော့"

ပိုင်ရီဖန်းက အော်ဟစ်ပြောဆိုနေပေသည်။

"သောက်ရူးဘုန်းကြီး...မင်းက ကျွန်တော်ဆရာသခင်ကို မတိုက်ခိုက်ဘဲအချိန်ဆွဲနေတာ တော်တော်ကြာနေပြီ...မြန်မြန်တိုက်ခိုက်တော့...ဘယ်သူနိုင်နိုင် ကျွန်တော်က ဆရာအဖြစ်သတ်မှတ်ပြီး အရိုအသေပြုမယ်"

ထိုစကားနှင့်အတူ ပိုင်ရီဖန်းက လုယွီ၏နောက်၌ ပုန်းကွယ်နေပြီး ကျန်းချီများထုတ်လွှက်၍ သူကိုယ်သူ ကာကွယ်ထားလေသည်။

လုယွီက နောက်သို့လှည့်ပြီး ပိုင်ရီဖန်းအား ကြည့်နေပေ၏။

"ဒီကိစ္စကို ငါ မင်းနဲ့ နောက်မှဖြေရှင်းမယ်"

ကျစ်မြောင်ကိုယ်တော်က လုယွီအား အထင်အမြင်သေးပုံဖြင့် ပြောဆိုလိုက်သည်။

"မင်းရဲ့ကျင့်ကြံမှုနယ်ပယ်ကို ထုတ်ပြစမ်း...ငါ့ကို အနိုင်ကျင့်တယ်လို့ အပြစ်မတင်နဲ့"

လုယွီက ခပ်သဲ့သဲ့ပြုံးနေလေ၏။ သူက ကျစ်မြောင်ကိုယ်တော်၏ကျင့်ကြံဆင့်ကို ထွင်းဖောက်မြင်ပြီးဖြစ်သည်။

သဘာဝလွန်စွမ်းအင်နယ်ပယ်နှောင်းပိုင်းအဆင့်....

ကျစ်မြောင်ကိုယ်တော်သည် စစ်ထူကွမ်ယွီနှင့် ကျင့်ကြံဆင့်နယ်ပယ်တူညီသော်လည်း စစ်ထူကွမ်ယွီထက် ပို၍အားနည်းပေသည်။

ကျစ်မြောင်ကိုယ်တော်သည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားနေသော်လည်း သူ၏အခြေခံမှာ ကျစ်လျစ်သိပ်သည်းမှုမရှိချေ။

တခြားလူတစ်ယောက်၏ကျင့်ကြံမှုအခြေခံကိုရရှိပြီး အဆင့်တက်လာသူသည် ကိုယ်တိုင်ကျင့်ကြံသူတစ်ယောက်ထက် ပို၍သန်မာအားကောင်းနိုင်မည်မဟုတ်ချေ။

လုယွီက ထိုကဲ့သို့သောသူမျိုးကိုသတ်ရန် သူ၏ဓားပင်မလိုအပ်ချေ။

လုယွီက တ်ုက်ခိုက်မှုစတင်ရန် ဟန်ပြင်လိုက်သော်လည်း သူ၏နောက်မှ အေးစိမ့်လာမှုကို ရုတ်တရက်ခံစားမိ၏။

"ဘာလဲ....မင်း ကြောက်နေတာလား"

ကျစ်မြောင်ကိုယ်တော်က အေးစက်စက်ပြောဆိုလေသည်။

သို့ရာတွင် လုယွီက သူကိုလျစ်လျှူရှုထားပြီး ပိုင်မောင်နှမနှစ်ယောက်ကိုသာ ဖမ်းဆုပ်ထားလိုက်၏။

All Chapters