← Chapters

အခန်း (၅၃၆-၅၄၀)

Vol. 26-30 Ch. 536-540

အခန်း (၅၃၆-၅၄၀)

Vol. 26-30 Ch. 536-540

Chapter 536

"ထွက်ပြေးချင်တာလား"

ကျစ်မြောင်ကိုယ်တော်က လုယွီတို့အား တားဆီးရန် အပြေးအလွှားတိုးဝင်သွားခဲ့သည်။ သူ၏လျှို့ဝှက်ချက်အား လုယွီက ရှာဖွေတွေ့ရှိသွားပြီဖြစ်သည်။ အကယ်၍ ထိုအကြောင်းကို လုယွီကသာ ပြင်ပသို့ထုတ်ပြောလိုက်ပါက သူ အဆုံးသတ်သွားပေမည်။

သူ့အား ဗုဒ္ဓဂိုဏ်းများနှင့်မိုးကောင်းကင်တေးသံဘုရားကျောင်းက ထုတ်ပယ်ထားသည်သာမက သူကိုသတ်ရန်ပင် လူစေလွှက်ထားခဲ့သည်။

အကြောင်းအရင်းမှာ အလယ်ပိုင်းကုန်းမြေ၌ ကောင်းကင်ဘုံနှင့်ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်ကိုကျင့်ကြံသူသည် ရာဇဝတ်ပြစ်မှုကြီးကျင့်ကြံသူဖြစ်ပေ၏။

လုယွီက သူ၏လက်နှစ်ဖက်ဖြင့် ကလေးနှစ်ယောက်အား ဖမ်းဆုပ်ထားခဲ့သည်။ ကျစ်မြောင်ကိုယ်တော်ပြေးဝင်လာခြင်းကို မြင်ချိန်တွင် လုယွီ၏နောက်ဘက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထွက်ပေါ်လာလေ၏။

"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာပြီး မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက ကောင်းကင်နှင့်မြေကြီးတုန်ခါလုမတက် အသံနက်ကြီးဖြင့် အော်ဟစ်ကြုံးဝါးလိုက်တော့သည်။

ဝေါင်း....

ပတ်ဝန်းကျင်နေရာအနှံ့ တုန်ခါနေပြီး ဂယက်လှိုင်းများထနေပေရာ ကျစ်မြောင်ကိုယ်တော်သည်လည်း နောက်ဆုတ်၍ ရှောင်လိုက်ရ၏။

"မင်းက ငါ့ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရဲတယ်ပေါ့"

ကျစ်မြောင်ကိုယ်တော်က ဒေါသတကြီးအော်ဟစ်လေသည်။

ပိုင်ရီဖန်းကလည်း တန်ပြန်အော်ဟစ်နေပေသည်။

"ပုတ်စော်နံနေတဲ့ ဘုန်းကြီး...ကျွန်တော်ရဲ့ဆရာသခင်ကသာ ခင်ဗျားကိုတိုက်ခိုက်ချင်တယ်ဆိုရင် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်စရာမလိုဘူး...ဘယ်လိုဟာသမျိုးလဲ"

ကျစ်မြောင်ကိုယ်တော်က ပြောဆိုလိုက်၏။

"မင်း ငါကို မတိုက်ခိုက်နိုင်လို့ ခိုးကြောင်ခိုးဝှက်တိုက်တာမလား...မင်းက ငါ့ကိုတိုက်ခိုက်ဖို့ ကလေးတွေကိုတောင် အသုံးပြုလိုက်သေးတယ်...တော်တော်ကို အရှက်မရှိတဲ့ကောင်ပဲ"

ပိုင်ရီဖန်းက ခေါင်းကုတ်ရင်းမှ ပြောဆိုလေသည်။

"သေစမ်းပါ..ဘယ်လိုလုပ်ပြီး ခင်ဗျားလို ရူးကြောင်ကြောင်လူမျိုးက ဒီလေါကကြီးမှာရှိနေတာလဲ...တကယ်လို့ ကျုပ်ရဲ့ဆရာသခင်သာ တခြားကိစ္စရှိမနေရင်...ခင်ဗျား အသက်ထွက်နေလောတ်ပြီ"

"ပါးစပ်ပိတ်ထားစမ်း"

လုယွီက ရုတ်တရက်အော်ငေါက်လိုက်ရာတွင် ပိုင်ရီဖန်း၏စကားသံ ချက်ချင်းပင်ရပ်တန့်သွားပေ၏။ သူက ကလေးနှစ်ယောက်ကို ဆွဲကိုင်လာရင်း မှော်သားရဲ၏ကုန်းပတ်နေရာသို့ ရောက်ရှိလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုန်းပတ်ပေါ်သို့ လူအမြောက်အများရောက်ရှိလာပေ၏။ ထိုသူများသည် ပျံသန်းရေးမှော်သားရဲ၏ဦးတည်ချက်ကို ထိန်းချုပ်နေသော ကျင့်ကြံသူများဖြစ်သည်။

"လူကြီးမင်း...ကုန်းပတ်ပေါ်မှာ လေအရမ်းကြမ်းပါတယ်...ကျေးဇူးပြုပြီး အဆောက်အအုံထဲကို ပြန်ဝင်ပေးပါ"

ကျင့်ကြံသူတစ်ယောက်က လုယွီအား ယဥ်ယဥ်ကျေးကျေး ပြောဆိုလေသည်။ သူတို့၏အဝတ်အစားများပေါ်တွင် 'လေးပင်လယ်ဂိုဏ်း'ဟု ရေးထိုးထားပေ၏။

လေးပင်လယ်ဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေနှင့်စွန့်ပစ်နယ်မြေလေးခုတို့အကြား ပျံသန်းခြင်းလမ်းကြောင်းကိုထိန်းချုပ်ထားသော လူသိများကျော်ကြားသည့်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။

လုယွီ၏မျက်နှာကမူ သုန်မှုန်နေပေသည်။

"ရှေ့မှာ အန္တရာယ်တစ်ခုရှိနေတယ်...ငါတို့ ရှေ့ဆက်သွားလို့ရမှာ မဟုတ်ဘူး"

လေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူသည် ကြက်သေသေသွားပြီးမှ ရယ်မောရင်းပြောဆိုလိုက်၏။

"လူကြီးမင်းက ရယ်စရာပြောနေတာလား...ကျွန်တော်တို့ရဲ့ ပျံသန်းရေးမှော်သားရဲတွေမှာ အန္တရာယ်တစ်ခုနဲ့ကြုံရင် ချက်ချင်းအသိပေးနိုင်တဲ့ နတ်ဘုရားစိတ်အာရုံတွေထည့်သွင်းထားတယ်...အဲ့ဒီနတ်ဘုရားစိတ်အာရုံက မိုင်ထောင်သောင်းချီပြီး လွှမ်းခြုံထားနိုင်တယ်...အန္တရာယ်နဲ့တွေ့တာနဲ့ ချက်ချင်းတုံပြန်နိုင်မှာပါ...တကယ်လို့ လူကြီးမင်းက အန္တရာယ်ရှိတယ်လို့ခံစားမိရင်...အဆောက်အအုံထဲကို ပြန်ဝင်ပြီးအိပ်နေပါလား...လူကြီးမင်းနိုးလာတဲ့အချိန်ကျရင် ကျွန်တော်တို့ရဲ့ဦးတည်ရာကို ရောက်လောတ်ပြီ"

ပျံသန်းရေးမှော်သားရဲကိုထိန်းချုပ်နေကြသော ကျင့်ကြံသူများကလည်း ရယ်မောနေကြ၏။ ဤသည်က သူတို့သည် ယခုကဲ့သို့အခြေအနေမျိူးဖြင့် ကြုံတွေ့ရခြင်းမှာ ပထမဆုံးအခေါက်မဟုတ်သည်မှာ သိသာထင်ရှားလှသည်။

"ငါ့မှာ မင်းတို့နဲ့ ရယ်စရာပြောနေဖို့ အချိန်မရှိဘူး...အခုချက်ချင်း နောက်ပြန်လှည့်...မဟုတ်ရင် မင်းတို့ အသက်အန္တရာယ်စိုးရိမ်ရတယ်"

လုယွီက ထပ်မံ၍ သတိပေးလိုက်၏။

လေးပင်လယ်ဂိုဏ်းမှကျင့်ကြံသူများ၏အမူအယာက ပြောင်းလဲမှုမရှိချေ။ ဤနေရာနှင့် မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော ကျစ်မြောင်ကိုယ်တော်ကမူ လုယွီအား လှောင်ပြောင်ချင်နေသကဲ့သို့ ကြည့်နေလေသည်။

"ကြည့်ရတာတော့ ဒီတကါကြီးမှာ စိတ်မကျေမနပ်ဖြစ်စရာ တစ်ခုခုရှိနေပုံပဲ...ဒီ ပျံသန်းရေးမှော်သားရဲပေါ်ကဆင်းတဲ့အခါကျမှ ကိုယ်တော်နဲ့ အေးအေးဆေးဆေးဆွေးနွေးရအောင်"

ကျစ်မြောင်ကိုယ်တော်က အပြုံးနှင့်ပြောဆိုလိုက်၏။ သို့ရာတွင် ထိုအပြုံး၏နောက်ကွယ်၌ ဖုံးကွယ်ထားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှိနေပေသည်။

ပိုင်ရီဖန်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုလိုက်သည်။

"ပုပ်စော်နံနေတဲ့ဘုန်းကြီး...ကျွန်တော်ရဲ့ဆရာသခင်က ခင်ဗျားကို ကြောက်နေတယ်လို့ထင်နေတာလား"

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

"ကျုပ် ခင်ဗျားတို့ကို တစ်ကြိမ်ထပ်ပြီးသတိပေးမယ်...ကျုပ် ရယ်စရာပြောနေတာမဟုတ်ဘူး...တကယ်လို့ ခင်ဗျားတို့ နောက်ပြန်မလှည့်ဘူးဆိုရင်...ခင်ဗျားတို့ ဝင်သွားပြီးတာနဲ့ ပြန်ထွက်လာနိုင်မှာမဟုတ်ဘူး"

"မိုးပြိုကျလာမှာကို ကြောက်နေတာလား မသိဘူး...ဒီတကြိမ်မှာ ငါတို့က အရှေ့ပိုင်းဒေသကသွားတာမဟုတ်ဘဲ လင်ရှောင်းမြို့ကသွားမှာကိုတောင် လူတွေကကြောက်နေကြတယ်"

ကျင့်ကြံသူတစ်ယောက်က တီးတိုးရေရွတ်နေခဲ့သည်။

လုယွီက လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

"အရှေ့ပိုင်းဒေသကမသွားရင် အန္တရာယ်မဖြစ်နိုင်ဘူးလို့ မင်း သေချာပြောနိုင်လား"

သူ တီးတိုးပြောဆိုနေခြင်းကို လုယွီ ကြားသွားသဖြင့် ကျင့်ကြံသူ၏မျက်နှာ နီမြန်းသွားပေသည်။

သို့ရာတွင် ထိုကျင့်ကြံသူက ဒေါသတကြီးပြောဆိုလိုက်သည်။

"ဘာဖြစ်လာမှာမလို့လဲ...တကယ်လို့ သဘာဝဘေးအန္တရာယ်တစ်ခုခုနဲ့သာ မကြုံတွေ့ရရင်...ဘယ်သူက တိုက်ခိုက်ရဲမှာမလို့လဲ...အခုချိန်မှာ ဘာသတိပေးချက်မှလည်းမရှိဘူး...ဘာဖြစ်နိုင်မှာမို့လို့လဲ...ဘာမဟုတ်တာကို စိုးရိန်ပူပန်နေတာ"

ဝုန်း....

သူ၏စကားကို တုန့်ပြန်နေသည့်အလား ကုန်းပတ်ကြီးတစ်ခုလုံး တုန်ခါလာခဲ့သည်။

Chapter 537

ကြီးမားသောရိုက်ခတ်မှုတစ်ခုကြောင့် ပျံသန်းရေးမှော်သားရဲ၏ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန်တုန်ခါနေပေသည်။

လူအားလုံး ကမောက်ကမအခြေအနေအတွင်း ရောက်ရှိနေကြ၏။ ကျင့်ကြံသူတစ်ယောက်ဆိုလျှင် သူ၏ဟန်ချက်ညီမှုပျက်စီးသွားပြီး ပစ်လဲကျသွားလေသည်။

"လွင့်ထွက်မသွားစေနဲ့...မြဲမြဲကိုင်ထားကြ"

"လာကြပါဦး...ဘာတွေဖြစ်နေတာလဲဆိုတာ ကြည့်ကြဦး"

လေးပင်လယ်ဂိုဏ်းမှကျင့်ကြံသူတစ်ယောက်က မန္တန်တစ်ပုဒ်ကို ချက်ချင်းရွတ်ဖတ်ပြီး သူ၏မျက်ခုံးနှစ်ခုကြားရှိ မှော်မျက်လုံးပွင့်လာကာ ရွှေရောင်အလင်းတန်းက ပတ်ဝန်းကျင်နေရာအနှံ့တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။

ရုတ်တရက် ထိုကျင့်ကြံသူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

"အခြေအနေ ဘယ်လိုရှိလဲ"

တခြားကျင့်ကြံသူများက ဝိုင်းဝန်း၍မေးမြန်းလေသည်။

မှော်မျက်လုံးပိုင်ရှင်ကျင့်ကြံသူက ပျံသန်းရေးမှော်သားရဲကို လက်ညှိုးညွှန်ပြီး တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။

"ပျံသန်းရေးမှော်သားရဲက သေနေပြီ"

ဤအချိန်တခဏတွင် လူအားလုံးနီးပါး၏စိတ်နှလုံးသားများ တုန်ခါသွားကြ၏။ သူတို့အား တစ်ချိန်လုံးသယ်ဆောင်ပျံသန်းနေသော မှော်သားရဲ၏မျက်လုံးများ ထာဝရပိတ်သွားပြီမဟုတ်လော။

"ထူးဆန်းလိုက်တာ...အဲ့ဒီမှော်သားရဲက ခုဏကပင်အကောင်းကြီးလေ...ဘာလို့ ရုတ်တရက်သေသွားရတာလဲ"

"ဟိုအသံကျယ်ကြီးက ဘယ်လိုလုပ်ပြီးထွက်လာပါလိမ့်...စက်ဆုပ်ဖို့ကောင်းတဲ့ဘယ်ကောင်ကများ ငါတို့ကို တိုက်ခိုက်လိုက်ပါလိမ့်"

လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလေ၏။

"မှော်သားရဲသေဆုံးသွားတာနဲ့...အချိန်တခဏအကြာမှာပဲ အောက်ကိုပြုတ်ကျသွားတော့မှာ...မှော်သားရဲပြုတ်မကျခင် မင်းတို့က ထွက်ခွါနိုင်မယ့်နည်းလမ်းကို စဥ်းစားသင့်တယ်"

"ဘာခက်ခဲတဲ့ကိစ္စမလို့လဲ...ငါတို့က မှော်လက်နက်တွေကိုထိန်းချုပ်ပြီး ထွက်သွားလို့ရတာပဲလေ"

ကျစ်မြောင်ကိုယ်တော်က နံဘေးဘက်မှနေ၍ သရော်တော်တော်ပြောနေပေ၏။

ပျံသန်းရေးမှော်သားရဲပေါ်၌ ရှိနေသူများအားလုံးမှာ ကျင့်ကြံသူများဖြစ်သည်။ အကယ်၍ သူတို့ကသာ မှော်လက်နက်များကိုထိန်းချုပ်နိုင်လျှင် လေထုအတွင်းပျံသန်းနိုင်သည်ဖြစ်၍ သူတို့သေဆုံးမည်မဟုတ်ချေ။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"တကယ်လို့ မင်းတို့သေချင်နေကြရင်....မင်းတို့ရဲ့မှော်လက်နက်တွေကိုထိိန်းချုပ်ပြီးထွက်သွားကြ"

"မှော်သားရဲက သေသွားပြီဆိုမှတော့ ငါတို့မြန်မြန်ထွက်ခွါမှဖြစ်မှာ...မင်းတို့ ဒီအရူးပြောတာကို ယုံနေကြတာလား"

ကျစ်မြောင်ကိုယ်တော်က ငေါ့တော့တော့ပြောဆိုပြီးနောက် ဘူးသီးခြောက်တစ်လုံးကို ချက်ချင်းဆင့်ခေါ်လေ၏။ သူက မန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်သည်နှင့် ဘူးသီးခြောက်သည်စတင်ကြီးထွားလာပြီး လှေငယ်တစ်စင်းစာအရွယ်အစားသို့ ရောက်ရှိသွားခဲ့သည်။

"မင်းတို့ပဲ ဒီနေရာမှာ သေဖို့ကျန်ခဲ့ကြတော့...ငါ အရင်သွားပြီ"

ကျစ်မြောင်ကိုယ်တော်၏မျက်လုံးများမှ အေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌မူ ထွက်ခွါရန်ရည်ရွယ်ချက်မရှိချေ။ သူက လုယွီ ပျံဝဲထွက်သွားသည့်အချိန်ကိုစောင့်ပြီး လေထုအတွင်း၌ လုယွီအားသတ်ဖြတ်ပစ်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

"တက်နိုင်သမျှ မြန်မြန်သွားကြရအောင်"

တခြားကျင့်ကြံသူတစ်ယောက်က ပြောဆိုလိုက်၏။

လုယွီက ရုတ်တရက် ထိုသူအား တားဆီးခဲ့သည်။

"ခဏနေဦး"

"ခဏနေ...ခဏနေ...ငါတို့ မကြာခင်ပြုတ်ကျတော့မယ်ဆိုတာ မင်းသိလား"

ထိုကျင့်ကြံသူက ဒေါသတကြီး ပြန်လည်ပြောဆိုလေ၏။

မှော်သားရဲမှလေယက်များ၏ လှုပ်ရှားခြင်းမရှိတော့သဖြင့် လေဟုန်စီးနေနိုင်သည့်တိုင် အောက်သို့ ပြုတ်ကျရန် အချိန်သိပ်လိုတော့မည်မဟုတ်ချေ။

"အချိန်ခဏလောတ်စောင့်ကြည့်ပြီးရင်....မင်း ငါ့ကို ကျေးဇူးတင်လာလိမ့်မယ်"

လူအုပ်ကြီး၏အကြည့်များအောက်တွင် ကျစ်မြောင်ကိုယ်တော်က ဘူးသီးခြောက်ပေါ်တွင်ထိုင်ပြီး လေထုအတွင်းသို့ ပျံဝဲတက်သွားခဲ့သည်။

"ဒီတကြိမ် မတော်တဆဖြစ်ရပ်မှာ...လေးပင်လယ်ဂိုဏ်းက တခုခုလုပ်ပေးသင့်တယ်မထင်ဘူးလား"

ကျစ်မြောင်ကိုယ်တော်က ခနဲ့တဲ့တဲ့ပြောဆိုလိုက်၏။

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက်က ကျောက်စိမ်းပြားတစ်ပြားကိုထုတ်ယူပြီး ကျစ်မြောင်ကိုယ်တော်၏လက်အတွင်းသို့ ပစ်ပေးလေသည်။

"တာအိုမိတ်ဆွေက ဒီကျောက်စိမ်းပြားကိုယူပြီး လေးပင်လယ်ဂိုဏ်းရဲ့ဘယ်အခြေစိုက်စခန်းကိုမဆိုသွားရင်... မင်းရဲ့ခရီးလမ်းကြောင်းသုံးခေါက်တိတိကို အသွားအပြန်အခမဲ့ပို့ဆောင်ပေးပါ့မယ်"

"လေးပင်လယ်ဂိုဏ်းက တကယ့်ကိုကြီးကျယ်ခမ်းနားတာပါလား"

ကျစ်မြောင်ကိုယ်တော်က ကျောက်စိမ်းပြားကိုသိမ်းပြီး သူ၏ဘူးသီးခြောက်ကိုထိန်းချုပ်ကာ ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။

"နေနှင့်ဦးပေါ့ကွာ...မင်း လေထုထဲပျံဝဲလာတဲ့အချိန်ကျမှ ငါ မင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"

ကျစ်မြောင်ကိုယ်တော်၏မျက်လုံးများက အေးစက်စက်တောက်ပနေပြီး လုယွီအား သူ၏စိတ်အတွင်းမှနေ၍ ကြုံးဝါးနေပေ၏။

သူက ရှေ့သို့တိုး၍ထွက်ခွါလိုက်စဥ်မှာပင် ရုတ်တရက် လေပြင်းတစ်ချက်က သူအနား၌ဝေ့ဝိုက်၍ တိုက်ခတ်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ကျစ်မြောင်ကိုယ်တော်၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားပြီး စတင်၍ရုန်းကန်နေလေသည်။ သို့ရာတွင် သူ၏သဘာဝလွန်စွမ်းအင်များသည် ဤလေပြင်းနှင့်ရင်ဆိုင်တွေ့ချိန်တွင် ပင်လယ်လှိုင်းလုံးများကြားမှ လှေငယ်လေးတစ်စင်းပမာရှိနေပြီး အသုံးမဝင်ချေ။

"လာကြပါဦး...ငါ့ကိုကူညီကြပါ"

ကြောက်မက်ဖွယ်မျက်နှာအမူအယာနှင့်အတူ ကျစ်မြောင်ကိုယ်တော်က မှော်သားရဲကုန်းပတ်ပေါ်မှလူများအား အော်ဟစ်၍အကူအညီတောင်းလိုက်သည်။

သို့ရာတွင် သူ၏အသံက ထွက်ပေါ်လာလာချင်းမှာပင် ပျက်ပြယ်သွားလေ၏။

လေထုအတွင်းရှိ သူ့အား ကြီးမားသောအင်အားတစ်ရပ်က နောက်သို့ဆွဲငင်နေပေသည်။

သူ၏နောက်တွင် နက်ရှိုင်းသောအသူတရာချောက်ကြီး ရှိနေခဲ့သည်။

အား...အား...အား...

ကျစ်မြောင်ကိုယ်တော်သည် သူ၏မှော်လက်နက်ကို ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားပြီး အောက်သို့ပြုတ်ကျသွားတော့သည်။

အစောပိုင်းက ကျစ်မြောင်ကိုယ်တော်နှင့်စကားပြောနေသော အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက တီးတိုးရေရွတ်လိုက်သည်။

"သွားပြီ...ငါတို့တော့ အဆုံးသတ်ပြီထင်တယ်"

Chapter 538

လေးပင်လယ်ဂိုဏ်းမှကျင့်ကြံသူများအားလုံး၏ မျက်နှာအမူအယာများသည်လည်း ပျက်ယွင်းနေပေ၏။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

တခြားကျင့်ကြံသူများကလည်း မေးမြန်းနေလေသည်။

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်၏။

"ငါက ဒီနေရာကို အရှေ့ပိုင်းဌာနခွဲကနေ ပြောင်းလာခဲ့တာ...အဲ့ဒီအချိန်တုန်းကလည်း ပျံသန်းရေးမှော်သားရဲတွေက အရှေ့ပိုင်းဒေသမှာ ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားဖူးတယ်....ကောလဟာလတွေအရတော့ ငါတို့လည်း ဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့နေရပြီထင်တယ်"

"ပျံသန်းနေတဲ့လမ်းကြောင်းမှာတင်...မှော်သားရဲတွေက အကြောင်းပြချက်မရှိဘဲ သေဆုံးသွားကြတယ်...ပြီးတော့ မှော်သားရဲပေါ်ကနေ ပျံဝဲပြီးထွက်ခွါသွားတဲ့သူတွေကလည်း ပြင်းထန်တဲ့လေပြင်းအဝှေ့မှာ ချက်ချင်းကို ပျောက်ဆုံးသွားကြတယ်...သူတို့ သေလား ရှင်လားဆိုတာ ဘယ်သူမှမသိကြဘူး"

"ငါတို့က အရှေ့ဘက်ဒေသမှာ ပျံသန်းနေတာမဟုတ်ဘူးလေ"

အနက်ရောင်ဝတ်စုံနှင့်လူသည် ကြောက်ရွံထိတ်လန့်နေပြီး အချိန်တခဏအကြာမှသာ ပြန်လည်တည်ငြိမ်လာခဲ့သည်။ သူက ပြောဆိုလိုက်၏။

"ပျံသန်းရေးမြေပုံ ယူလာခဲ့ကြစမ်း"

အချိန်တခဏအကြာမှာပင် လူတစ်ယောက်က မြေပုံတစ်ခုကိုထုတ်ယူပြီး ဖြည်းဖြည်းချင်းဖြန့်လိုက်သည်။

ထိုမြေပုံပေါ်၌ အလင်းစက်ငယ်အများအပြား နှေးကွေးစွာ ရွေ့လျားနေပေသည်။

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက မြေပုံအားထိတွေ့လိုက်ရာတွင် အလင်းစက်ငယ်လေးတစ်စက်မှနေ၍ မျက်စိကျိမ်းမတက်အလင်းရောင်အား ထုတ်လွှက်နေလေ၏။

"ငါတို့ အခုလက်ရှိရောက်နေတာက နဂါးအကျဥ်းထောင်တောင်တန်းပဲ....နဂါးအကျဥ်းထောင်တောင်တန်း...အဲဒါက အရှေ့ပိုင်းဒေသနဲ့နယ်နမိတ်ခြင်းထိစပ်နေတဲ့နေရာမလား"

အနက်ရောင်ဝတ်စုံနှင့်လူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

သေချာစွာပင် မြေပုံကိုကြည့်လိုက်သည်၌ နဂါးအကျဥ်းထောင်တောင်တန်းသည် အရှေ့ဘက်ဒေသထိ လမ်းတလျှောက်လုံးရှိနေခြင်းကို တွေ့မြင်ကြရသည်။

"ပြင်ပလောကက လူတွေအားလုံး မှားနေကြပြီ...တကယ်တမ်းတော့ အန္တရာယ်က အရှေ့ဘက်ဒေသမှာရှိတာမဟုတ်ဘူး...နဂါးအကျဥ်းထောင်တောင်တန်းမှာရှိနေတာ...အရှေ့ဘက်ဒေသကိုဦးတည်ပြီးသွားတဲ့ ဘယ်သူမဆို နဂါးအကျဥ်းထောင်တောင်တန်းကို ဖြတ်သန်းရတယ်...ဒါကြောင့် သူတို့က ထူးထူးခြားခြား ပျောက်ဆုံးသွားကြရတာ"

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက အလျှင်အမြန်ပင် ကောက်ချက်ချလိုက်၏။

"ဒါတွေ အခုမှပြောနေလို့ရော ဘာအသုံးဝင်မှာမလို့လဲ...လေးပင်လယ်ဂိုဏ်းကလူတွေမှာ အကြံဥာဏ်မရှိတော့ဘူးလား"

"ငါတို့က ပျံဝဲပြီးထွက်ခွါလို့လည်းမရဘူး...ဒါဆိုရင် ဒီမှော်သားရဲပေါ်မှာပဲ သေရတော့မှာလား"

တခြားကျင့်ကြံသူများသည် စိတ်မရှည်ဖြစ်နေကြ၏။

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက ခါးသီးသောအမူအယာဖြင့် ပြောဆိုလေ၏။

"ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားကြပါ...ငါတို့ တက်နိုင်သမျှ အစွမ်းကုန်ကြိုးစားပါ့မယ်"

"မင်းတို့က ဘာလုပ်ပေးနိုင်မှာလဲ...ငါ မင်းတို့ကိုပြောပြမယ်...ငါက ဟန်မိသားစုကနော်...မင်းတို့က ဟန်မိသားစုကို စော်ကားချင်နေတာလား"

လေးပင်လယ်ဂိုဏ်းမှလူများသည် ချေပပြောဆိုလိုသော်လည်း ဤပျံသန်းရေးမှော်သားရဲပေါ်၌ရှိနေသောသူများသည် ချမ်းသာကြွယ်ဝသူများနှင့်တော်ဝင်မိသားစုများသာဖြစ်ပေရာ သူတို့အား စော်ကားရန်မဖြစ်နိုင်ချေ။

ထိုအချိန်မှာပင် လူတစ်ယောက်က နံဘေးဘက်တနေရာအား လက်ညှိုးညွှန်လိုက်၏။

"မင်း ဘာလုပ်နေတာလဲ"

ပြန်ပြောင်းပြောရလျှင် သူတို့လူစု အငြင်းပွါးနေချိန်၌ လုယွီက မှော်သားရဲ၏နဖူးပေါ်ရှိ အဆောင်သင်္ကေတနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ထိုအဆောင်သည် ပျံသန်းရေးမှော်သားရဲကို ထိန်းချုပ်ရန်ဖြစ်သည်။ သို့ရာတွင် မှော်သားရဲသေဆုံးပြီးဖြစ်သဖြင့် ထိုအဆောင်မှာ အသုံးမဝင်တော့ချေ။

လုယွီက သူ၏ခေါင်းကိုလှည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။

"မင်းတို့က ဘဟ်နေရာမှာလာပြီး လေရှည်နေကြတာလဲ...မင်းတို့အသက်ကိုမင်းတို့ ဘယ်လိုရှင်သန်အောင်လုပ်ရမလဲဆိုတာကို စဥ်းစားနေတာကမှ ပိုကောင်းအုံးမယ်"

"မဆင်မခြင် မပြောစမ်းနဲ့...အခု ပျံသန်းရေးမှော်သားရဲက သေပြီလေ...မင်းကရော ဘာလုပ်နိုင်မှာမလို့လဲ"

ကျင့်ကြံသူတစ်ယောက်က သရော်တော်တော်ပြောဆိုလိုက်၏။

လုယွီကမူ ထိုလူစုအပေါ်သို့ ထပ်မံအာရုံစူးစိုက်ခြင်း မရှိတော့ချေ။ သူ၏နတ်ဘုရားစိတ်အာရုံကို သူ့ရှေ့ရှိ အဆောင်အတွင်းသို့ ထည့်သွင်းလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် သက်ပြင်းရှိုက်နေပေ၏။

"တာအိုမိတ်ဆွေ...အရှုံးပေးလိုက်ပါတော့...ဒီအဆောင်က မှော်သားရဲရဲ့ဦးတည်ချက်နဲ့အရှိန်နှုန်းအပေါ်ကိုပဲ သက်ရောက်မှုရှိတာ...ဒါပေမယ့် အခု မှော်သားရဲက သေသွားပြီ...အဆောင်ကို ဘယ်လောက်ပဲအားဖြည့်ပေးနေပါစေ...အသုံးဝင်မှာမဟုတ်ဘူး"

လုယွီက သူ၏ခေါင်းကို ခါယမ်းပြလေ၏။

"မှော်သားရဲသေပြီဆိုတာနဲ့...မှော်သားရဲကို မထိန်းချုပ်နိုင်တာမဟုတ်ဘူး"

"ဟား ဟား ဟား...အဲ့ဒီကောင် ရူးများနေသလား...ဒီအသေကောင်ကြီးကို သူက ထိန်းချုပ်နိုင်မှာမလို့လား"

တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။

လုယွီ၏မျက်ခုံးများ မြင့်တက်သွားခဲ့သည်။

"အမှန်ပဲ...ဒီအသေကောင်ကို ထိန်းချုပ်ရမှာ"

လုယွီ၏ပါးစပ်မှ ရုတ်တရက် နက်နဲသိမ်မွေ့သော မန္တန်ရွတ်ဖတ်သံများထွက်ပေါ်လာခဲ့၏။ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းသွားခဲ့သည်။

အနက်ရောင်အခိုးအငွေ့များ၏အောက်တွင် အဆောင်သင်္ကေတက အရှိန်အဟုန်ပြင်းပြင်းဖြင့်စတင်၍ လောင်ကျွမ်းနေပေ၏။

အနက်ရောင်ဝတ်စုံနှင့်လူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူက မယုံကြည်နိုင်သောအမူအယာဖြင့် ပြောဆိုလေသည်။

"ဒါက ငါတို့လေးပင်လယ်ဂိုဏ်းရဲ့အဆောင်သင်္ကေတလေ...မင်းက ဘယ်လိုလုပ်ပြီး ချိုးဖျက်နိုင်ရတာလဲ"

ဤအဆောင်သင်္ကေတပေါ်တွင် မူလက သူ၏အစစ်အမှန်သွေးတစ်စက်ရှိနေပေ၏။ လုယွီက ထိုသွေးစက်အား လောင်ကျွမ်းသွားစေခြင်းဖြစ်သည်။

လုယွီက အဆောင်သင်္ကေတအား ထိန်းချုပ်နိုင်မှုကို လွှဲပြောင်းယူပြီးနောက် ပျံသန်းရေးမှော်သားရဲ၏အတောင်ပံများကိုထိန်းချုပ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ပျံသန်းရေးမှော်သားရဲ၏အတောင်ပံများ စတင်ပြန့်ကားလာပေ၏။

ဝေါင်း....

အော်ဟစ်မြည်တမ်းသံတစ်သံက လေထုအတွင်း၌ ပဲ့တင်ထပ်နေပေသည်။

"မှော်သားရဲက အသက်ပြန်ဝင်လာတာလား"

"မဟုတ်ဘူး...သူ...သူက မှော်သားရဲအသေကောင်ကို ထိန်းချုပ်နေတာ"

Chapter 539

လူအုပ်ကြီး၏အံ့အားသင့်တုန်လှုပ်နေကြသော အကြည့်များအောက်တွင် သေဆုံးပြီးပြီဖြစ်သောမှော်သားရဲ၏အတောင်ပံများက စတင်ခတ်လာခဲ့သည်။

လုယွီ၏ထိန်းချုပ်မှုအောက်၌ ထိုမှော်သားရဲအသေကောင်သည် အသက်ပြန်ဝင်လာခဲ့သည်။

"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...မင်းက ယင်လော့ဂိုဏ်းဝင်များလား...."

တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။

ယင်လော့ဂိုဏ်းဟူသော အသံကိုကြားချိန်တွင် လူတိုင်း၏မျက်နှာအမူအယာများ ပြောင်းလဲသွားခဲ့သည်။

"ယင်လော့ဂိုဏ်းမှာ အလောင်းကောင်တွေကိုထိန်းချုပ်နိုင်တဲ့နည်းစနစ်ရှိတယ်ဆိုတာ ငါ ကြားဖူးခဲ့တာ တော်တော်ကြာပြီ...ဒါပေမယ့် ငါကိုယ်တိုင်တော့ မမြင်ဖူးသေးဘူး"

"ကောလဟာလတွေအရတော့ ယင်လော့ဂိုဏ်းကလူတွေက အလောင်းကောင်တွေကို အသက်ပြန်သွင်းနိုင်တဲ့ နည်းစနစ်ကိုအသုံးပြုကြတယ်ဆိုပဲ"

"သူ ငါတို့ကို ဘာမှတော့မလုပ်လောတ်ပါဘူးနော်"

"ငါတော့ မထင်ဘူး...သူရဲ့အသက်က ငယ်ငယ်လေးရှိသေးတယ်...ငါတို့နဲ့တိုက်ခိုက်မှာမဟုတ်လောတ်ဘူး...ဒါပေမယ့် သူ ဘယ်သူလဲဆိုတာ ငါတို့မသိမှတော့ သတိထားသင့်တယ်"

လုယွီ၏နောက်မှ လူတိုင်းနီးပါးတီးတိုးပြောဆိုနေကြသော်လည်း မည်သူကမျှ သူ့အား ကျေးဇူးတင်ကြောင်းမပြောကြချေ။

အကယ်၍ လုယွီသာ မရှိပါက သူတို့သည် ထွက်ခွါသွားရန် မှော်လက်နက်များကိုလည်း မထိန်းချုပ်နိုင်သည့်အတွက် ဤပျံသန်းရေးမှော်သားရဲပေါ်တွင်သာ အဆုံးသတ်သွားရပေမည်။

"တကယ်လို့ ဆရာသခင်သာမရှိခဲ့ရင်...သူတို့ သေနေတာကြာလောတ်ပြီ...ဒါတေါင်မှ သူတို့က တိုးတိုး တိုးတိုး ပြောနေကြသေးတယ်"

ပိုင်ရီဖန်းက ဒေါသတကြီး ပြောဆိုနေပေ၏။

နံဘေးတစ်ဖက်၌ မတ်တတ်ရပ်နေသော ပိုင်ချောင်းချောင်းကမူ တစ်စုံတစ်ခုအား စိုးရိမ်ပူပန်နေပုံဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုနေခဲ့သည်။

ပျံသန်းရေးမှော်သားရဲသည် ဆက်လက်၍ပျံသန်းနိုင်သော်လည်း ကံဆိုးစွာဖြင့် ပတ်ဝန်းကျင်ရှိ လေသည် ပို၍ပို၍ပြင်းထန်လာပေ၏။

မှော်သားရဲကုန်းပတ်အား အကာအကွယ်အလွှာတစ်ခုဖြင့် ကာကွယ်ပေးထားခဲ့သည်။ အကာအကွယ်ဝင်္ကပါအား ဖွင့်ထားသော်လည်း ခံနိုင်ရည်မရှိသလောက်ပင်။ အကာအကွယ်အလွှာ၏မျက်နှာပြင်သည် လေပြင်းများကြောင့် အက်ကွဲကြောင်းများအဖြစ် ပွင့်ထွက်သွားပေ၏။

"ထူးဆန်းတယ်...ဘာလို့ ငါတို့က ခုထိ ဒီလေပြင်းထဲက မလွတ်မြောက်သေးလဲ"

အကာအကွယ်အလွှာ၏နံဘေးမှ ကျင့်ကြံသူတစ်ယောက်က အံ့အားတသင့်မေးမြန်းလိုက်သည်။

တခြားသူများကလည်း နံဘေးသို့သွားပြီး ပြင်ပ၌မည်သို့ဖြစ်ပျက်နေသည်ကို လေ့လာဆန်းစစ်နေကြ၏။

ဤအချိန်တွင် ပျံသန်းရေးမှော်သားရဲ၏ခန္ဓာကိုယ်ပတ်လည်ရှိ နေရာတိုင်း၌ ကြောက်မက်ဖွယ်လေပြင်းများရှိနေပြီး ပတ်ဝန်းကျင်ရှိအခြေအနေကို သဲသဲကွဲကွဲမမြင်နိုင်ချေ။

လုယွီက မှော်သားရဲအသေကောင်ကို ဘယ်ညာတိမ်းစောင်း၍ ထိန်းချုပ်နေသော်လည်း ဤနေရာမှမလွတ်မြောက်နိုင်ပေ။

သူတို့က လေဆင်နှာမောင်းတစ်ခု၏အလယ်ဗဟို၌ ရောက်ရှိနေသည်နှင့် တူညီနေပြီး ထွက်ခွါသွားနိုင်ခြင်းမရှိချေ။

"မြဲမြဲကိုင်ထားကြ"

လုယွီက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။ ပျံသန်းရေးမှော်သားရဲ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ချက်ချင်းပင် အောက်သို့ထိုးကျသွားပေသည်။

ဤအချိန်တခဏတွင် ပတ်ဝန်းကျင်ရှိလေထုသည် အဆပေါင်းများစွာ ပို၍ပြင်းထန်လာခဲ့သည်။

"ဒါက ဖုန်းရွှေဝင်္ကပါတစ်ခုပဲ... တောင်တန်းတွေရဲ့ခွန်အားက ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို အဆက်မပြတ်ဖိနှိပ်နေခဲ့တာ"

လုယွီ၏မျက်လုံးများက ဥာဏ်အလင်းပွင့်သွားပုံဖြင့် တောက်ပသွားလေ၏။

ခရက်...ခရက်....ခရက်....

သူ၏နောက်မှ ကျယ်လောင်သောမြည်ဟီးသံတစ်ချက် ကြားလိုက်ရခြင်းနှင့်အတူ အဆောက်အအုံကြီးတစ်ခုလုံး အက်ကွဲလာပြီးနောက် ပြိုကျသွားတော့သည်။

ပြင်းထန်သောဖိအား၏အောက်တွင် အကာအကွယ်ဝင်္ကပါသည်လည်း ထပ်မံ၍တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ချက်ချင်းပင် ကျိုးပျက်သွားပေ၏။

"မင်းတို့နှစ်ယောက်...မြန်မြန်လာ...."

လုယွီ၏လက်က ဆန့်ထွက်လာပြီး ပိုင်မောင်နှမနှစ်ယောက်အား ဆုပ်ကိုင်ရန်ဟန်ပြင်လိုက်သည်။

ဝုန်း....

သို့ရာတွင် ကုန်းပတ်ပေါ်၌ တုန်ခါမှုလှိုင်းတစ်လှိုင်းထပ်မံထွက်ပေါ်လာသဖြင့် ကလေးနှစ်ယောက်လုံး လွင့်ထွက်သွားပေသည်။

ကျင့်ကြံသူများအားလုံးသည် အောက်သို့ပြုတ်ကျလာခြင်းကြောင့် ဖြစ်ပေါ်လာသောသက်ရောက်မှုကိုတားဆီးနိုင်ရန် သူတို့၏မှော်လက်နက်များကို ဆင့်ခေါ်ပြီး ကာကွယ်ထားကြ၏။

"နဂါးနက်လက်သည်း"

လုယွီက သူ၏လက်လှုပ်ခတ်သွားမှုနှင့်အတူ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းတစ်လှိုင်းက မလှမ်းမကမ်းရှိနေရာတစ်နေရာသို့ ကျရောက်သွားလေသည်။

ထိုအချိန်တွင် ကျောက်ပြားတစ်ချက်က လုယွီ၏သဘာဝလွန်စွမ်းအင်လှိုင်းများကို ပိတ်ပင်တားဆီးထားခဲ့သည်။

ဘုန်း....

ကျောက်ပြားက ကျိုးပဲ့ကြေမွှသွားသော်လည်း ကလေးနှစ်ယောက်က ပျောက်ဆုံးနေခဲ့လေပြီ။

"ဟမျ့"

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူက ခြေတစ်ဖက်ဆောင့်နင်းလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထက်ရှသောမြှားတစ်စင်းကဲ့သို့ ပျံဝဲတက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ ပြင်းထန်သောလေများက လုယွီပေါ်သို့ ချက်ချင်းကျရောက်လာပြီး သူ၏ခန္ဓာကိုယ်အရေပြားကိုပင် ပွတ်ဆွဲသွားလေ၏။

လုယွီ၏နတ်ဘုရားစိတ်အာရုံကိုလည်း ဤနေရာ၌ ကန့်သတ်ထားခြင်း ခံနေရသည်။

"အား...အား...အား"

နေရာအနှံ့အပြား၌လည်း စူးစူးဝါးအော်ဟစ်သံများရှိနေသည်။

လုယွီက လေပြင်းများအကြား၌ သူကိုယ်သူ ဆက်လက်၍ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။

"မြေအောက်လောကနတ်ဘုရား...ဆင်းသက်စမ်း"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလုပြီးနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထွက်ပေါ်လာတော့သည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လေပြင်းများ သိသိသာသာအားပျော့သွားပေ၏။

"ဟင်း......"

အသူတရာချောက်၏နက်ရှိုင်းသောနေရာမှ သက်ပြင်းချသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

လုယွီ၏နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ်ယိုစီးကျလာပြီးနောက် လေပြင်းများက သူ့အားတဖန်ပြန်၍ လွှမ်းခြုံသွားခဲ့ပြီး အောက်ဘက်သို့တိုက်ခတ်သွားတော့သည်။

Chapter 540

လုယွီ၏နားအတွင်း၌ ကြားနေရသော တစ်ခုတည်းသောအသံမှာ လေထု၏တဝီဝီမြည်နေသံသာဖြစ်သည်။ သူက လေထု၏တိုက်ခတ်မှုဒဏ်မှကာကွယ်နိုင်ရန် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ထားခဲ့သည်။

ဂလောင်...ဂလောင်...ဂလောင်....

လေပြင်းများကြား၌ သဲနှင့်ကျောက်တုံးကျောက်ခဲများ အဆက်မပြတ်ပါရှိနေပြီး လုယွီ၏ခန္ဓာကိုယ်နှင့် ထိခတ်မိပေသည်။ ကံကောင်းထောက်မစွာဖြင့် သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ခန္ဓာကိုယ်များကိုကာကွယ်နိုင်ရန် သဘာဝလွန်စွမ်းအင်များကို သံချပ်ကာချပ်ဝတ်တစ်ခုအဖြစ်အသုံးပြုနိုင်သဖြင့် သဲများနှင့်ကျောက်တုံးကျောက်ခဲများ၏ ရိုက်ခတ်မှုဒဏ်အါး တားဆီးထားနိုင်ခဲ့သည်။

လေပြင်းများအကြား၌ လုယွီနှင့်အတူ တပြိုင်နက်တည်းပြုတ်ကျလာသည့် လူတအုပ်စုရှိနေပေ၏။

"ခေါင်းဖြတ်ဓား"

လုယွီက ရုတ်တရက်အော်ဟစ်လိုက်ရာတွင် ခေါင်းဖြတ်ဓားထွက်ပေါ်လာပြီး သူ၏ခြေဖဝါးအောက်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် လုယွီက ရုတ်တရက်လှုပ်ရှားလိုက်ရာတွင် လေပြင်းများအကြား၌ သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်းထိန်းချုပ်လာနိုင်ပြီး အသူတရာချောက်အတွင်းသို့ ကျသွားပေ၏။

"သူက လေပြင်းတွေကြားမှာ တကယ့်ကိုလှုပ်ရှားနိုင်တာပဲ"

"သူသွားတဲ့နေရာမှာ လေပြင်းကအားပျော့တယ်...မြန်မြန်...သူ့နောက်ကိုလိုက်ကြမယ်"

ကျင့်ကြံသူအုပ်စုသည် လုယွီကိုသတိပြုမိသွားပြီး သူ၏နောက်သို့ လိုက်ပါလာကြသည်။

လေပြင်းက တဖြည်းဖြည်းငြိမ်သက်သွားချိန်တွင် ကျယ်ပြန့်သောတောင်တန်းများ ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် စိမ်းလန်းစိုပြည်နေသော သစ်တောအုပ်လည်းရှိနေပေ၏။

ဤနေရာသည် သာယာလှပသောမြင်ကွင်းတစ်ခုဖြစ်နေသော်လည်း အမှန်အားဖြင့် မြောက်များစွာသောအန္တရာယ်များ ပြည့်နှက်နေလေသည်။

"ဒါက ဖုန်းရွှေဝင်္ကပါကြီးတစ်ခုပဲ....ဒီနေရာကို စီစဥ်ထားတဲ့သူက ဘယ်သူလဲ"

လုယွီက တစ်စုံတစ်ခုကိုပြောချင်သော်လည်း ရပ်တန့်လိုက်ပြီး သူ၏လက်ကို သူ့အင်္ကျီလက်အတွင်းသို့ အနည်းငယ်ထည့်သွင်းလိုက်၏။

"ဒီလေပြင်းမျိုးက သာမာန်ကျင့်ကြံသူတစ်ယောက် ဆင့်ခေါ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး....ဒါရဲ့အဆုံးသတ်မှာ ဘယ်လိုတည်ရှိမှုကြီး ရှိနေပါလိမ့်"

လုယွီက မျက်မှောင်ကြုတ်နေပေသည်။

လုယွီ၏မျက်လုံးရှေ့တွင် လေဟာနယ်လဟာပြင်တစ်ခုရှိနေသည်။

ဘုန်း....

လုယွီက ခေါင်းဖြတ်ဓားကို သစ်တောအုပ်အတွင်းသို့ ပစ်လွှက်လိုက်ရာတွင် သစ်တောအုပ်အတွင်းရှိ မြောက်များစွာသောသစ်ကိုင်းများ ကျိုးပဲ့သွားကုန်၏။

တစ်ချိန်တည်းမှာပင် လုယွီ၏နောက်မှ ဆင်းသက်လာသော ကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

"ငါ နောက်ဆုံးတော့ အသက်ရှင်နိုင်ပြီ"

"တကယ့်ကို ထိတ်လန့်စရာကြီး...ငါက လေပြင်းတွေထဲမှာ အပိုင်းပိုင်းအစစဖြစ်တော့မယ်လို့ ခံစားနေရတာ...တကယ်လို့ ငါသာ သတိလက်လွတ်နေမိရင်...အဲ့ဒီနေရာမှာတင် အသက်ထွက်သွားမှာ"

ကျင့်ကြံသူများသည် ထိတ်လန့်ကြောက်ရွံမှုနှင့်အတူ သက်ပြင်းရှိုက်နေကြ၏။

"မင်းက ယင်လော့ဂိုဏ်းကကျင့်ကြံသူလား...ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်...မင်းသာမရှိရင် ငါတို့အားလုံးသေသွားမှာ သေချာတယ်"

ကျင့်ကြံသူများက လုယွီအား ကျေးဇူးတင်စကား ပြောဆိုနေလေသည်။

"ဒီနေရာက အန္တရာယ်ပိုများနိုင်တယ်...မင်းတို့ ဂရုစိုက်နေတာ ပိုကောင်းလိမ့်မယ်"

လုယွီက လေးနက်တည်ကြည်သောလေသံဖြင့် သတိပေးလိုက်၏။

ကျင့်ကြံသူအများစုက ခေါင်းညိတ်ပြလိုက်သော်လည်း တချို့ကျင့်ကြံသူများကမူ စိတ်လှုပ်ရှားနေပုံရသည်။

"အခု လေပြင်းကလည်းရပ်တန့်သွားပြီလေ...ငါတို့ လေထဲကနေ ပျံဝဲသွားလို့ရပြီမလား"

တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။

"အမှန်ပဲ...ဒီနေရာမှာ ကြာကြာနေလို့ကောင်းမှာမဟုတ်ဘူး...တကယ်လို့ လေပြင်းတွေပြန်ထွက်ပေါ်လာရင်...ငါတို့ အပြင်ပြန်ထွက်ဖို့ ပိုခက်သွားမှာကို စိုးရိမ်မိတယ်"

"အငြင်းပွါးနေတာကို ရပ်လိုက်ကြ...ဒီတာအိုမိတ်ဆွေကို မေးကြည့်ရအောင်"

လူတိုင်း၏အကြည့်က လုယွီပေါ်သို့ ကျရောက်လာခဲ့သည်။

လုယွီက အချိန်တခဏကြာတီးတိုးရေရွတ်နေပြီးမှသာ စကားပြောဆိုလိုက်၏။

"ငါ မင်းတို့ကို ပုန်းခိုဖို့နေရာတစ်နေရာရှာဖို့ အကြံပြုချင်တယ်...အားကောင်းတဲ့တည်ရှိမှုကြီးတစ်ခု ဒီနေရာမှာရှိနေတာကို ငါ ခံစားမိတယ်...သူက ငါတို့ကို သတ်သတ် မသတ်သတ်...ငါတို့ ပုန်းနေတာက ပိုကောင်းလိမ့်မယ်"

လုယွီက ကောင်းကင်ယံအား ညွှန်ပြပြီး ပြောဆိုလေသည်။

"အဲ့ဒီမှါလည်း ဖုန်းရွှေဝင်္ကပါကြီးတစ်ခုရှိနေတယ်...ဒီနေရာရဲ့ ကောင်းကင်နဲ့မြေကြီးကို အဲ့ဒီဝင်္ကပါနဲ့ချိတ်ပိတ်ထားတာ...ဘယ်လို ပျံသန်းနည်းစနစ်ကိုပဲသုံးသုံး...ကြားဖြတ်နှောက်ယှက်ခံရလိမ့်မယ်...မင်းတို့က ဘယ်လို အသက်ရှင်အောင် နေထိုင်ရမလဲဆိုတာပဲ စဥ်းစားကြ...အဲ့ဒါဆိုရင် မင်းတို့ လွတ်မြောက်နိုင်တယ်"

"ထွီ...မင်းက ကလေးသာသာရှိသေးတာ..မင်းက ဒီနေရာမှာ အန္တရာယ်ရှိတယ်ဆိုမှတော့...ငါတို့က ဘာလို့ဆက်ပြီးနေနေရမှာလဲ"

တချို့လူများသည် လုယွီ၏စကားကိုမယုံကြည်ကြသဖြင့် သူတို့၏မှော်လက်နက်များကိုထိန်းချုပ်၍ ကောင်းကင်ယံသို့ ပျံဝဲတက်သွားကြ၏။

သို့ရာတွင် ကျင့်ကြံသူတစ်ယောက်သည် လေထု၏တစ်ဝက်ခန့်အရောက်မှာပင် ရုတ်တရက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဖောင်းကားလာပြီး ပေါတ်ကွဲသွားပေ၏။

ဘန်းဟူသောအသံနှင့်အတူ လေထုအတွင်းမှ သွေးမြူများ ကျဆင်းလာခဲ့သည်။

မူလက ကောင်းကင်ယံသို့ပျံတက်ရန် ကြံရွယ်နေကြသူများသည် ချက်ချင်းပင် ရပ်တန့်သွားလေ၏။

လုယွီက ထိုသူများကို လျစ်လျှူရှုထားပေသည်။

သူက ဤနေရာ၌ တားမြစ်ကန့်သတ်ထားသော ဖုန်းရွှေဝင်္ကပါကြီးရှိနေခြင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။

လုယွီကဲ့သို့ တာအိုသခင်စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသူပင် သူနှင့်မီတာတစ်ထောင်အဝန်းကိုသာ စုံစမ်းစစ်ဆေးနိုင်သည်။ သူ၏နံဘေးပတ်လည်ရှိ တောင်တန်းများကို နတ်ဘုရားစိတ်အာရုံဖြင့်စစ်ဆေးကြည့်ရာတွင် သူ နားနေရန်ဝေးလံသောနေရာရှိ တောင်တစ်လုံးကိုရှာဖွေတွေ့ရှိခဲ့သည်။

လုယွီက သူ၏သဘာဝလွန်စွမ်းအားများကိုအသုံးပြုပြီး ထိုတောင်စောင်း၌ ဂူတစ်ဂူ တူးလိုက်သည်။

"အဲ့ဒီကောင် ရူးများနေသလား...သူက ဒီနေရာမျိုးမှာ ဂူတူးပြီးနေဖို့စိတ်ဝင်စားနိုင်သေးတယ်"

ကျင့်ကြံသူတစ်ယောက်က လုယွီအားကြည့်ပြီး တိတ်တဆိတ်ပြက်ရယ်ပြုနေတော့သည်။

All Chapters