အခန်း (၅၄၁-၅၄၅)
Vol. 26-30 Ch. 541-545
Chapter 541
လုယွီက တခြားသူများ၏ပြက်ရယ်ပြုမှုကို မကြားသကဲ့သို့သာ နေနေပေသည်။ သူ၏ဘဘာဝလွန်စွမ်းအင်သိပ်သည်းမှုနှုန်းသည် အလွန်လျှင်မြန်သဖြင့် အချိန်တခဏအကြာမှာပင် သူ့ရှေ့၌ နက်ရှိုင်းသောလှိုဏ်ဂူတစ်လုံး ထွက်ပေါ်လာတော့သည်။
"သူက အဲ့ဒီလှိုဏ်ဂူထဲမှာ လူရိုင်းတွေလိုမျိုးများ နေမလို့လား"
"သူက သူ့ခေါင်းနဲ့ အပေါ်ကမြေကြီးနဲ့ မတော်တဆထိမိမှာကိုများ မစိုးရိမ်ဘူးလား"
"ရှူး...မင်းတို့ အသံတိုးတိုးပြောကြစမ်း...ကောလဟာလတွေအရတော့ ယင်လော့ဂိုဏ်းကလူတွေက သူတို့ရဲ့အသက်ထက်ပိုများတဲ့လူတွေကို သတ်ခဲ့တဲ့လူတွေချည်းပဲတဲ့...သူမကြားအောင် မင်းတို့ဂရုစိုက်ပြောကြ"
"ကြားတော့ရောဘာဖြစ်လဲ...သူက ငါ့ကို ဘာလာလုပ်နိုင်မှာမလို့လဲ...ငါက သဘာဝလွန်စွမ်းအင်နှောင်းပိုင်းကျင့်ကြံသူတစ်ယောက်ပဲ"
အချိန်တခဏကြာစကားပြောဆိုနေကြပြီးနောက် သူတို့အားလုံးက လုယွီအား ရူးသွပ်မိုက်မဲသောသူဟုသာ တွေးထင်လိုက်ကြပြီး ထပ်မံ၍ အာရုံစူးစိုက်ကြခြင်းမရှိတော့ချေ။
လုယွီက ကျောက်တုံးကြီးတစ်တုံးကိုယူကာ တောင်စောင်းရှိ သူ၏လှိုဏ်ဂူပေါတ်ဝ၌ မတ်မတ်ထောင်၍ ပိတ်ဆို့ထားလေသည်။
သူ့အနားရှိကျင့်ကြံသူများသည် သူတို့၏နတ်ဘုရားစိတ်အာရုံကို ကန့်သတ်ထားခြင်းခံရသဖြင့် ပတ်ဝန်းကျင်အား စူးစမ်းလေ့လာခြင်းမပြုလုပ်နိုင်ချေ။ သို့ရာတွင် လုယွီကမူ ပြုလုပ်နိုင်ပေသည်။
သူ၏နတ်ဘုရားစိတ်အာရုံအတွင်း၌ အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ချဥ်းကပ်လာသော အန္တရာယ်များသည့်တည်ရှိမှုကြီးကို အာရုံခံမိသည်။
လုယွီ၏တွက်ချက်မှုအရ ထိုအရာအား သူ ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
ရှောင်လွှဲမရနိုင်မည့်ကိစ္စဖြစ်သဖြင့် သူ ပြင်ဆင်ထားသည်က အကောင်းဆုံးဖြစ်ပေမည်။
လှိုဏ်ဂူအပေါတ်ဝ၌ ကျောက်တုံးကြီးကို ပိတ်ဆို့ထားသော်လည်း လုယွီက အနားယူခြင်းမရှိသေးချေ။ သူက အလွန်လျှင်မြန်စွာဖြင့် ဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်၏။
လှိုဏ်ဂူတလျှောက်လုံး မြည်ဟီးနေသော မန္တန်ရွတ်ဖတ်သံနှင့်အတူ မှိန်ပျပျအလင်းတန်းများထွက်ပေါ်လာပြီး ဝင်္ကပါ၏အရှိန်အဝါက ပတ်ဝန်းကျင်နေရာနှင့် ချိတ်ဆက်သွားတော့သည်။
လှိုဏ်ဂူ၏ပြင်ပ၌....
အချိန်တခဏတာစကားပြောဆိုနေကြပြီးနောက် ကျင့်ကြံသူအုပ်စုသည် အတူတကွထွက်ခွါသွားကြရန် ဆုံးဖြတ်လိုက်ကြသည်။
ဤနေရာသည် ကျင့်ကြံသူများ၏နတ်ဘုရားစိတ်အာရုံများကို အမှန်တကယ်ပင် ကန့်သတ်ထားနိုင်သော ထူးဆန်းသည့်နေရာဖြစ်ပေသည်။ ထို့ပြင် သူတို့က ကောလဟာလများကိုလည်း ကြားထားခဲ့ရသည်။ ပျောက်ဆုံးသွားသောမှော်သားရဲများပေါ်၌ စီးနင်းလိုက်ပါသွားကြသူများအားလုံး မည်သူမျှပြန်လည်ထွက်ပေါ်လာခြင်းမရှိချေ။ ထို့ကြောင့် သူတို့ထံတွင် အန္တရာယ်နှင့်ကြုံတွေ့လိုစိတ်မရှိပေ။
"ငါတို့ မြောက်ဘက်ကိုသွားတာ ပိုကောင်းလိမ့်မယ်....မြောက်ဘက်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေ ပိုအားကောင်းတာကို ငါ ခံစားမိတယ်...အဲ့ဒီနေရာမှာ ထွက်ပေါက်ရှိတာဖြစ်နိုင်တယ်"
"ငါတော့ အနောက်ဘက်ကို သွားသင့်တယ်လို့ထင်တယ်...ငါတို့ ဒီထဲကိုရောက်လာတဲ့ ဦးတည်ချက်အရ အနောက်ဘက်ကိုသွားရင် လင်းရှောင်မြို့ပဲ"
သူတို့က မည်သည့်နေရာသို့သွားရမည်ဟူသောကိစ္စအပေါ်၌ ကွဲပြားခြားနားသောအမြင်များရှိနေကြ၏။
သို့ရာတွင် သူတို့၏ငြင်းခုံဆွေးနွေးခြင်းသည် အချိန်ကြာကြာမခံခဲ့ချေ။
ဝုန်း..
ရုတ်တရက် မြောက်ဘက်အရပ်မှနေ၍ ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာခဲ့သည်။
မှိန်ပျပျအလင်းရောင်က အပြာရောင်မီးတောက်များနှင့်ယှဥ်တွဲ၍ မြောက်အရပ်မှ မြင့်တက်လာပေ၏။
ထိုတစ်ဘက်ခြမ်းရှိ ကောင်းကင်ယံသည် မှင်ကဲ့သို့နက်မှောင်နေပြီး တောင်ကြီးတစ်လုံးနှင့်တူညီနေသော အနက်ရောင်မြူခိုးထုကြီးက လူအများ၏စိတ်နှလုံးသားကို ဖိစီးထားပေသည်။
"ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝပုံရိပ်...အဲ့ဒီနေရာမှာ ထူးဆန်းတဲ့ရတနာတစ်ခုရှိနိုင်တယ်"
"မြန်မြန်လာကြ...ငါတို့ ရတနာတွေရနိုင်တယ်"
ဤအချိန်တခဏတွင် လူတိုင်း၏စိတ်နှလုံးသားအတွင်းမှ လောဘများက အဆပေါင်းများစွာ မြင့်တက်လာပေသည်။
ယခုနေရာ၌ မှော်လက်နက်များဖြင့် ပျံသန်းနိုင်ခြင်းမရှိသောကြောင့် သူတို့က လှုပ်ရှားမှုနည်းစနစ်များကိုသာအသုံးပြု၍ မျောက်ဝံများကဲ့သို့ တောင်တန်းများနှင့်သစ်တောများကို အလွန်လျှင်မြန်စွာ ကျော်ဖြတ်နေကြ၏။
သူတို့မျက်စိရှေ့ရှိ အဝေးတနေရာမှ မှိန်ပျပျအလင်းရောင်သည်လည်း တစတစပို၍နီးကပ်လာပေသည်။
"နေကြဦး...မင်းတို့ တစ်ခုခုကြားမိကြလား"
ရုတ်တရက် ကျင့်ကြံသူတစ်ယောက်သည် သွားလာနေရင်းမှ ရပ်တန့်လိုက်၏။
"ဘာအသံတုန်း...ဒါက ကောင်းကင်ရတနာစီက အသံပဲဖြစ်မှာ"
တခြားသူများက ချက်ချင်းပင် ရယ်မောနေကြ၏။
ထိုကျင့်ကြံသူများ၏ကျင့်ကြံဆင့်နယ်ပယ်သည် နိမ့်ပါးခြင်းမရှိသဖြင့် သူတို့၏အရှိန်နှုန်းသည်လည်း အလွန်လျှင်မြန်သည်။ သူတို့၏တောင်တန်းများအပေါ်၌သွားလာနေမှုသည် မြေပြင်ပေါ်၌လမ်းလျှောက်နေသကဲ့သို့ပင်။
သို့ရာတွင် တောင်တန်းများ၏ထိပ်သို့ ပထမဆုံးရောက်ရှိသွားသူသည် နေရာ၌ပင်ကြက်သေသေနေခဲ့သည်။ သူနှင့်မလှမ်းမကမ်းအကွာအဝေး၌ မည်သည့်ရတနာမျှရှိမနေဘဲ အရိုးစုအုပ်စုတစ်စုသာ ရှိနေခဲ့သည်။
ထိုအရိုးစုများက ရှေ့သို့ရွေ့လျားလာပေ၏။ သူတို့၏မျက်လုံးများအတွင်းတွင် အပြာရောင်မီးတောက်လုံးများက ဖြည်းဖြည်းချင်း လောင်ကျွမ်းနေလေသည်။
အရိုးစုထောင်ပေါင်းများစွာ အတူတကွရှိနေကြသဖြင့် အားကောင်းသောအပြာရောင်အလင်းတန်းများ ထွက်ပေါ်လာခြင်းပင်။
သူတို့က အဝေးတနေရာမှကြည့်ပြီး ထိုအပြာရောင်အလင်းတန်းများအား တွေ့မြင်ခဲ့ကြ၏။
"ဒါက...ဒါက ဘာတွေလဲ"
"ယင်လော့ဂိုဏ်းက ကောင်လေးပြောတာမမှားဘူး...အခု မြန်မြန်ထွက်ပြေးကြတော့...ပြန်တွေးကြည့်မှ သူက ဒါတွေကိုကြိုမြင်ခဲ့တယ်"
"ဖြစ်နိုင်တာတော့ ဒီအရိုးစုတွေက ယင်လော့ဂိုဏ်းကများလား...ဒီယင်စစ်သားတွေက နယ်စပ်ကိုဖြတ်ပြီး ရောက်လာကြတာလား"
ထိုစကားသံအဆုံးတွင်မူ လူတိုင်းက သူတို့၏ပါူစပ်များကို ပိတ်ထားလိုက်ကြသည်။
ထိုအချိန်မှာပင် အရိုးစုစစ်သားများနောက်၌ရှိသော အနက်ရောင်မြူထုကြီးမှတဆင့် တိမ်မည်းများအဖြစ်ငွေ့ရည်ဖွဲ့လာပေ၏။
မိုးရွာလာလေပြီ.
ဖြောတ်....ဖြောတ်....
မိုးရေစက်များက သွေးနီရောင်သန်းနေလေသည်။
Chapter 542
"မင်းတို့ ဘာလုပ်နေကြတာလဲ...ပြေးကြတော့လေ"
ကျင့်ကြံသူတစ်ယောက်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူက နောက်လှည့်ပြီးအဝေးသို့ ထွက်ပြေးတော့သည်။
ကြွင်းကျန်သောလူများကလည်း အသိပြန်ဝင်လာကြ၏။ ဤအချိန်တခဏတွင် မည်သူကမျှ ကန့်သတ်ချက်များကို ဂရုမစိုက်နိုင်ကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် သူတို့၏မှော်လက်နက်များကိုထုတ်ယူကာ ယခင်က သူတို့နေနေခဲ့သောအရပ်သို့ ဦးတည်၍ပျံဝဲသွားကြတော့သည်။
အရိုးစုများကမူ တောင်တစ်တောင်လုံးအား ဖုံးလွှမ်းထားပေသည်။ သူတို့သည် ငရဲမှတွားသွားတက်လာသည့် သရဲတစ္ဆေများနှင့်တူညီနေပြီး မည်သူကမျှ သူတို့အားမထိဝံ့ကြချေ။
ကျီလျန့်ဟုခေါ်သော တာအိုဘုန်းကြီးတစ်ပါးက ရုတ်တရက် စကားပြောဆိုလိုက်၏။
"လူကြီးမင်းတို့...ငါက ခုနစ်စင်ကြယ်တာအိုဘုရားကျောင်းက တာအိုဘုန်းကြီးကျီလျန့်ပါ...ငါတို့ကို အဲ့ဒီအရိုးစုတွေက မြင်မှာမဟုတ်ဘူး...ငါတို့ တိတ်တဆိတ်ထွက်သွားကြရအောင်"
ထိုအသံအား ကြားသည်နှင့် ကျန်ရှိနေသောလူများက သဘောတူလက်ခံကြလေသည်။
ပျံသန်းရေးမှော်သားရဲပေါ်၌ စီးနင်းလိုက်ပါလာသော မည်သူမဆို မြင့်မြတ်သောအဆင့်အတန်းရှိသူများဖြစ်၍ အသိပညာနိမ့်ပါးကျသူများမပါဝင်ချေ။
ယခုလက်ရှိနေရာ၌ ကျင့်ကြံသူအယောက်သုံးဆယ်ခန့် ရှိနေပေသည်။
ကျီလျန့်ကိုယ်တော်က လူအများအားဦးဆောင်၍ ခေါ်သွားသော်လည်း လမ်းတစ်ဝက်ခန့်အရောက်တွင် ရုတ်တရက် သူက ရပ်တန့်လိုက်သည်။
"တာအိုဘုန်းကြီး...မြန်မြန်သွားလေ...အဲ့ဒီအရိုးစုတွေက အရမ်းလျှင်မြန်တယ်....သူတို့က ငါတို့ကို ဖမ်းမိသွားလိမ့်မယ်"
ကျင့်ကြံသူတစ်ယောက်က စိုးရိမ်တကြီးလေသံဖြင့် ပြောဆိုလေ၏။
ကျီလျန့်၏နဖူးမှ ချွေးစီးများယိုစီးကျလာပေသည်။ သူ၏လက်အတွင်း၌ သံလိုက်အိမ်မြှောင်တစ်ခု ရှိနေသည်။ ဤအချိန်တွင် သံလိုက်အိမ်မြှောင်၏ညွှန်တံသည် ပရမ်းပတမ်းလည်ပတ်နေပြီး မည်သည့်နေရာအား ညွှန်ပြနေသည်ကို မသိနိုင်တော့ချေ။
"လူကြီးမင်းတို့...ကြည့်ရတာတော့ ငါတို့က လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေပြီထင်တယ်"
ကျီလျန့်ကိုယ်တော်က တုန်ရီစွာဖြင့် သူရှေ့ရှိ ခွဲထွက်သွားသောလမ်းနှစ်လမ်းအား လက်ညှိုးညွှန်ပြလေ၏။
သူတို့ လာခဲ့စဥ်အချိန်တုန်းက မည်သူကမျှ လမ်းဆုံလမ်းခွရှိခြင်းကို သတိမပြုမိချေ။
"ဘာတွေ ဒီလေါက်ထိခက်ခဲနေလို့လဲ....အမြင့်ကိုပျံဝဲပြီး တစ်ချက်လောက်ကြည့်လို့ရတာပဲကို"
ကျင့်ကြံသူတစ်ယောက်က သူ၏မှော်လက်နက်ကို ဆင့်ခေါ်လိုက်တော့သည်။
ဤှအချိန်တခဏမှာပင် သစ်တောအုပ်အတွင်းမှ ထူထဲသောမြူခိုးများ ထွက်လာခဲ့သည်။ ထိုမြူခိုးများသည် တောအုပ်အတွင်းရှိ သစ်ပင်များအားလုံးကို လွှမ်းခြုံသွားပြီး သစ်တောအုပ်အတွင်း၌မည်သည့်အရာများရှိနေသည်ကို မည်သူမျှမမြင်နိုင်တော့ချေ။
ကျီလျန့်ကိုယ်တော်၏မျက်လုံးများ ချက်ချင်းပင်ကျဥ်းမြောင်းသွားပြီး သူက လေးလေးနက်နက်ပြောဆိုလိုက်၏။
"ငါတို့ အခုဆုံးဖြတ်ချက်ချရမယ်...ဘယ်လမ်းကို ရွေးချယ်ပြီး သွားကြမလဲဆိုတာကို..."
ထိုစကားနှင့်အတူ ကျီလျန့်ကိုယ်တော်က သူ၏လက်ချောင်းများကိုကွေးချည်ဆန့်ချည်လုပ်ပြီး တွက်ချက်ကာ လမ်းတစ်လမ်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
တခြားသူများကမူ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။
"ငါတို့ သူ့နောက်ကလိုက်သင့်လား"
"ငါကတော့...အဲ့ဒီတာအိုဘုန်းကြီးကို သိပ်ပြီးယုံစားလို့မရဘူးလို့ထင်တယ်...သူရွေးချယ်တဲ့လမ်းကြောင်းက မြူဖုံးနေပြီးတော့ သူမှာက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေလည်းရှိမနေဘူး...ဒါကြောင့် သူရွေးချယ်တဲ့လမ်းကြောင်းက လွယ်ကူမှာမဟုတ်ဘူး"
ကျီလျန့်ကိုယ်တော် ရွေးချယ်သွားသည့်လမ်းကြောင်းသည် အဆုံးထိမြူခိုးများ ထူထပ်စွာလွှမ်းခြုံနေပေသည်။
တခြားလမ်းကြောင်းတွင်မူ အလင်းရောင်တစိုးတစိ ရှိနေပေ၏။
ကျန်ရှိနေသောကျင့်ကြံသူများသည် အုပ်စုနှစ်စုကွဲသွားပြီး လမ်းခွဲ၍ထွက်ခွါသွားကြတော့သည်။
မြူခိုးများအောက်၌....
ကျီလန့်ကိုယ်တော်က သတိကြီးစွာထား၍ သွားနေပေ၏။ သူက ခြေတစ်လှမ်းချချိန်တိုင်း အချိန်အတော်ကြာ ထိတ်လန့်ကြောက်ရွံနေခဲ့သည်။
"ထူးဆန်းတယ်...အရမ်းကိုထူးဆန်းတယ်...ငါက အချိန်အကြာကြီးကျင့်ကြံခဲ့တာတောင်...ဘာလို့ ဒီလမ်းကိုဖြတ်ပြီးမသွားနိုင်ရတာလဲ"
ကျီလန့်ကိုယ်တော်က တီးတိုးရေရွတ်လိုက်၏။
"အသက်စွမ်းအား...ဒီနေရာမှာ ဘာလို့ရှိမနေတာလဲ"
ကျီလျန့်ကိုယ်တော်က သွေးတစ်လုတ်ကို သံလိုက်အိမ်မြှောင်ပေါ်သို့ အန်ထုတ်လိုက်သည်။
သွေးများက သံလိုက်အိမ်မြှောင်ပေါ်သို့ ဖြာကျသွားချိန်တွင် မူလကပရမ်းပတာလည်ပတ်နေသော ညွှန်တံသည် ရပ်တန့်သွားပြီး ဦးတည်ချက်လားရာတစ်ခုအား ညွှန်ပြနေတော့သည်။
ထိုဦးတည်ချက်က လုယွီတူးထားသော လှိုဏ်ဂူနေရာဖြစ်နေသည်။
"အသက်စွမ်းအားက အဲ့ဒီနေရာမှာလား"
ကျီလျန့်ကိုယ်တော်က အံ့အားတသင့်ရေရွတ်လိုက်၏။
ရုတ်တရက် ကျီလျန့်ကိုယ်တော်၏နောက်ကွယ်မှ ခြေသံပြင်းပြင်းဆောင့်နင်းလာသံများ ထွက်ပေါ်လာခဲ့သည်။
ကျီလျန့်ကိုယ်တော်က အံ့အားသင့်သွားပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်ရာတွင် အဆုံးရှိပုံမရသော အရိုးစုစစ်တပ်ကို တွေ့မြင်မိ၏။
ရှေ့တန်းရှိအရိုးစုစစ်သားများ ကိုင်ဆောင်ထားသော အလံတိုင်တွင် မြောက်များစွာသည့် ဦးခေါင်းပြတ်များကို တွဲလွဲဆွဲထားပေသည်။
ထိုဦးခေါင်းပြတ်များသည် ကျီလျန့်ကိုယ်တော်နှင့် လမ်းတစ်လမ်းတည်း အတူသွားခဲ့ကြသော ကျင့်ကြံသူများ၏ခေါင်းများဖြစ်ပေ၏။
"ဒါက တော်တော်ဆိုးတာပဲ"
ကျီလျန့်ကိုယ်တော်သည် သူ အခြေအနေမကောင်းခြင်းကိုသိသဖြင့် တီးတိုးရေရွတ်နေမိသည်။ သူက မန္တန်တစ်ပုဒ်ကို အလျှင်အမြန်ရွတ်ဆိုလိုက်ရာတွင် သူ၏လက်ဝါးမှ လျှပ်စီးကြောင်းများထွက်လာခဲ့သည်။
ကျီလျန့်ကိုယ်တော်၏လက်ဝါးပေါ်တွင် မိုးကြိုးလုံးတစ်ခုထွက်ပေါ်လာပြီး သူနှင့်အနီးအနားရှိ အရိုးစုများကို တွန်းထုတ်ပစ်တော့သည်။
ထိုအခွင့်အရေး၏အကူအညီဖြင့် ကျီလျန့်ကိုယ်တော်က ထွက်ပြေးလာခဲ့၏။ သူက နောက်သို့ပင် ပြန်လှည့်မကြည့်ဝံ့ချေ။
"ရှင်...ရှင် ကျွန်မကို ကူညီနိုင်မလား"
ကျီလျန့်ကိုယ်တော်၏ နောက်မှနေ၍ အမျိုးသမီးအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ထိုအမျိုးသမီး၏အသံကိုကြားသည်နှင့် ကျီလျန့်ကိုယ်တော်သည် ကြက်သီးမွေးညင်းထလာမှုကို ခံစားလိုက်ရပြီး သူ၏စိတ်နှလုံးသားလည်း တုန်ရီနေပေသည်။
Chapter 543
"ဒီနေရာက ထွက်သွားစမ်း"
ကျီလျန့်ကိုယ်တော်က ရုတ်တရက် အော်ငေါက်လိုက်ပြီးနောက် သူ၏လက်ဖဝါးအတွင်း၌ ရွှေရောင်အဆောင်တစ်ခုထွက်ပေါ်လာပြီး သူ့နောက်သို့ပစ်ပေါတ်လိုက်၏။
ထိုရွှေရောင်အဆောင်အား လေထုအတွင်းသို့ ပစ်လိုက်သည်နှင့် ချက်ချင်းပင်လောင်ကျွမ်းသွားပြီး အဆုံးမရှိသောရွှေရောင်အလင်းတန်းများက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။
သူ၏နောက်တွင် မြူခိုးများက ထူထပ်စွာရှိနေပေသည်။
ကျီလျန့်ကိုယ်တော်သည် လမ်းအားရှင်းရှင်းလင်းလင်းမမြင်နိုင်သဖြင့် သူက သံလိုက်အိမ်မြှောင်၏လမ်းညွှန်ချက်အတိုင်း အပြေးသွားနေခဲ့သည်။
"မသွားနဲ့....မသွားပါနဲ့....."
ကျီလျန့်ကိုယ်တော်၏နောက်မှ ခပ်သဲ့သဲ့အသံက ပြန်၍ထွက်ပေါ်လာပြန်သည်။ သို့ရာတွင် ဤတကြိမ်တွင် ထိုအသံက မည်သည့်နေရာမှ ထွက်ပေါ်လာခြင်းကို သူ မသိရှိတော့ချေ။
ဤတစ်ကြိမ်တွင် ဘက်ပေါင်းစုံမှနေ၍ အသံက ပဲ့တင်ထပ်နေပေသည်။
"ပုံရိပ်ယောင်နတ်ဆိုးရဲ့စကားပြောသံ"
ကျီလျန့်ကိုယ်တော်၏ခန္ဓာကိုယ်တစ်ခုလုံး ဆန်ခါကဲ့သို့တုန်ခါနေပြီး ကြောက်ရွံမှုက သူ၏စိတ်နှလုံးသားတစ်ခုလုံးအား ဖုံးလွှမ်းနေလေသည်။
သူ၏ရှေ့၌ အသက်စွမ်းအားထွက်ပေါ်နေသောနေရာ ရှိနေသည်။
ရုတ်ချည်းဆိုသလိုပင် ကျီလျန့်ကိုယ်တော်က သူ့ပခုံးအား ထိတွေ့နေသော အနီရောင်ဆံပင်များအား တွေ့မြင်မိ၏။
အနီရောင်ဆံပင်တစ်စုသည် ကျီလျန့်ကိုယ်တော်အား ဖြတ်ကျော်သွားပြီး သူ၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ပတ်ဝန်းကျင်၌လည်း ပုံရိပ်အများအပြားထွက်ပေါ်လာခဲ့သည်။ အရိုးစုများက ထိုအခွင့်အရေးကိုအခွင့်ကောင်းယူ၍ ကျီလျန့်ကိုယ်တော်အား ဝိုင်းရံထားခြင်းဖြစ်သည်။
ကျီလျန့်ကိုယ်တော်ရှေ့သို့ ရောက်ရှိလာသူမှာ အနီရောင်ဆံပင်များနှင့်အမျိုးသမီးတစ်ယောက်ပင်။
ထိုအမျိုးသမီးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ဆံပင်များက သွေးနီရောင်တောက်ပနေပေ၏။ သူမ၏မျက်လုံးများကိုပိတ်ထားပြီး သူမမျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ဖြူရော်နေပေရာ ကြည့်မိသူတိုင်းအားစိတ်တုန်လှုပ်ချောက်ချားစေနိုင်သည်။
"မြင့်မြတ်သော နတ်ဘုရားမိုးကြိုးဖန်ဆင်းခြင်း"
ကျီလျန့်ကိုယ်တော်က ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်ပြီး ကောင်းကင်ယံအား လက်ညှိုးညွှန်လိုက်၏။
ဤအချိန်တခဏတွင် ကျီလျန့်ကိုယ်တော်၏ခန္ဓာကိုယ်တစ်ခုလုံးမှ သဘာဝလွန်စွမ်းအင်များ တလိမ့်လိမ့်တက်လာပြီးနောက် သူ၏လက်မှ ဧရာမမိုးကြိုးလုံးကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျီလျန့်ကိုယ်တော်သည် လေထုအတွင်း၌ နတ်ဘုရားတပါးကဲ့သို့ ပျံဝဲနေပေသည်။
အမျိုးသမီးက တီးတိုးပြောဆိုနေပေ၏။
"ရှင် ကျွန်မကို ကူညီပေးနိုင်မလား"
"နတ်ဆိုးမ...သေစမ်း"
ကျီလျန့်ကိုယ်တော်က မိုးကြိုးလုံးကြီးကို ကိုင်ဆောင်ထားပြီး အနီရောင်ဆံပင်နှင့်အမျိုးသမီးထံသို့ ပစ်လွှက်လိုက်သည်။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ကျီလျန့်ကိုယ်တော်သည် သူ၏မျက်လုံးအတွင်းရှိကမ္ဘာလောကကြီး လည်ထွက်သွားသကဲ့သို့ ခံစားမိသည်။
ကျီလျန့်ကိုယ်တော်သည် သူ၏ခန္ဓာကိုယ်အား အရင်ဆုံးတွေ့မြင်မိပြီးနောက် သူ၏ခန္ဓာကိုယ်၌ ခေါင်းမရှိတော့ခြင်းကို တွေ့ရှိသွားသည်။
ထူထဲသောအနီရောင်ဆံပင်များက ကျစ်လျန့်ကိုယ်တော်၏လည်ပင်းကို ထိုးဖောက်ပြီး သူ၏လည်ပင်းအားဖြတ်တောက်ခဲ့ခြင်းဖြစ်ပေ၏။
သွေးများယိုစီးကျလာပြီးနောက် သူမ၏အနီရောင်ဆံပင်များက ပို၍တောက်ပသွားခဲ့သည်။
လှိုဏ်ဂူ၏အတွင်း၌....
ကျီလျန့်ကိုယ်တော်သေဆုံးသွားချိန်တွင် လုယွီက ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်လိုက်၏။
တစ်ချိန်တည်းမှာပင် မှောင်မည်းနေသောလှိုဏ်ဂူက ရုတ်တရက်လင်းလက်တောက်ပလာပြီး မြောက်များစွာသောဖယောင်းတိုင်များလည်း လောင်ကျွမ်းနေပေသည်။
ခရက်...
လှိုဏ်ဂူပြင်ပရှိ အကာအကွယ်ဝင်္ကပါက ချက်ချင်းပင် ကျိုးပျက်သွားလေ၏။ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အနီရောင်ဆံပင်နှင့်အမျိုးသမီးက လှိုဏ်ဂူ၏ပြင်ပသို့ ရောက်ရှိလာခဲ့သည်။
"သူက အလောင်းကောင်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်သွားပြီ...ဒါက အခက်နည်းနည်းတွေ့စရာပဲ"
လုယွီက မျက်မှောင်ကြုတ်နေပေ၏။
အလောင်းကောင်သည် စိတ်ဝိညာဥ်စွမ်းအင်များ စွန်းထင်းလာရာမှ တဖြည်းဖြည်း သူ၏ကိုယ်ပိုင်အသိဥာဏ်ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင်မူ သူ၏ကျင့်ကြံမှုသည် ကောင်းကင်နှင့်မြေကြီးကိုပင် သိမ်းပိုက်နိုင်သောအဆင့်သို့ ရောက်ရှိလာခဲ့သည်။
အနီရောင်ဆံပင်နှင့်အမျိုးသမီးက လှိုဏ်ဂူအတွင်းသို့ ဝင်လာခဲ့ရာတွင် လင်းလက်နေသော ဖယောင်းတိုင်များအားလုံး ချက်ချင်းပင် ငြိမ်းသေသွားပေ၏။
"ရှင် ကျွန်မကို ကူညီနိုင်မလား"
ထိုစကားသံနှင့်အတူ အနီရောင်ဆံပင်နှင့်အမျိုးသမီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူမ၏နံဘေးပတ်လည်ရှိ ဖယောင်းတိုင်များ လွင့်ထွက်သွားလေသည်။
ခရက်...ခရက်
ပြင်းထန်သောဆူညံသံနှင့်အတူ ပတ်ဝန်းကျင်ရှိတောင်များမှ အက်ကွဲကြောင်းများ တပြိုင်နက်တည်းထွက်ပေါ်လာခဲ့သည်။
လုယွီက သူ ခင်းကျင်းထားသော အကာအကွယ်ဝင်္ကပါသည် ကျိုးပျက်လုနီးပါးဖြစ်နေပြီကို ချက်ချင်းပင် အာရုံခံမိသည်။
"ငါကိုပြောပါ...ငါ မင်းကို ဘာကူညီပေးရမလဲ"
လုယွီက မေးမြန်းလိုက်၏။
အနီရောင်ဆံပင်များက လုယွီ၏အနားသို့ချဥ်းကပ်လာချိန်တွင် သူက အော်ဟစ်လိုက်သည်။
"တကယ်လို့ မင်း ငါကိုသတ်ရင်....မင်းကို ကူညီမယ့်သူ ဘယ်သူမှရှိမှာမဟုတ်ဘူး"
ရုတ်ချည်းဆိုသလိုပင် အနီရောင်ဆံပင်များ၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
အနီရောင်ဆံပင်နှင့်အမျိုးသမီးက တီးတိုးပြောဆိုလေ၏။
"နင်က ငါကိုကူညီဖို့ အရမ်းအားနည်းလွန်းတယ်...ငါ နင်ကိုသတ်ပြီး ငါရဲ့သရဲတစ္ဆေစစ်သားတွေကို ပိုပြီးအားကောင်းလာအောင်လုပ်မယ်"
အလောင်းကောင်အသွင်ပြောင်းခြင်းအဆင့်အား ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူပင်လျှင် ထိပ်တိုက်ရင်ဆိုင်တွေ့ချိန်၌ အနိုင်ယူနိုင်မည်မဟုတ်ချေ။
ဤအချိန်တခဏတွင် လုယွီက သူ့စိတ်ဝိညာဥ်၏စွမ်းအားများကို အကန့်အသတ်ရောက်သည်အထိ ထုတ်လွှက်လိုက်သည်။
လုယွီ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထွက်ပေါ်လာပြီး အနီရောင်ဆံပင်နှင့်အမျိုးသမီးအား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စူးစူးဝါးဝါးစိုက်ကြည့်နေပေ၏။
ဤအချိန်တခဏတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးနေခဲ့သည်။
"နင်က အရည်အချင်းနည်းနည်းတော့ရှိသားပဲ...ငါ နင်ကို ယုံကြည်လိုက်မယ်...ဒါပေမယ့် နင် ငါကိုလှည့်စားရင် ငါ နင်ကိုသတ်ရလိမ့်မယ်"
အနီရောင်ဆံပင်နှင့်အမျိုးသမီးက ရုတ်တရက် ထူးဆန်းသောအပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
Chapter 544
လုယွီ၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုရှိနေပေသည်။
"မင်းရဲ့ခြေထောက်အောက်ကိုကြည့်လိုက်"
အနီရောင်ဆံပင်နှင့်အမျိုးသမီးသည် သူမ၏မျက်လုံးများကို အစဥ်အမြဲပိတ်ထားပြီး မည်သည့်အချိန်ကမျှ သူမ၏မျက်လုံးများကို ဖွင့်ခြင်းမရှိသော်လည်း သူမက တီးတိုးရေရွတ်လိုက်၏။
ဝုန်း....
မီးလုံးတစ်လုံးက မြင့်တက်လာပြီး အနီရောင်ဆံပင်နှင့်အမျိုးသမီးအား ဝိုင်းပတ်ထားပေသည်။
ထိုမီးတောက်များအကြားတွင် အစွမ်းထက်သောအရှိန်အဝါတချို့ ရောယှက်ပါဝင်နေသည်။ အနီရောင်ဆံပင်တချို့သည် ထိုမီးတောက်များနှင့်ထိတွေ့မိချိန်တွင် ပြာအဖြစ်ပြောင်းလဲသွားပေ၏။
အနီရောင်ဆံပင်နှင့်အမျိုးသမီးက အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
"နင်ရဲ့အရည်အချင်းကမဆိုးဘူး...ငါ အကူအညီတောင်းခံမယ့်ကိစ္စကို အောင်မြင်အောင်လုပ်ဖို့ နင်က အရည်အချင်းပြည့်မီလောတ်တယ်"
အနီရောင်ဆံပင်နှင့်အမျိုးသမီးက သူမ၏ခြေထောက်ကို ဆန့်တန်းကာ မီးတောက်များကြားမှ ထွက်လာလေ၏။
သူမ၏အနီရောင်ဆံပင်များဖြင့် သူမ၏ခြေကျင်းဝတ်အားရစ်ပတ်ပြီး မီးကွင်းအားဖြတ်၍ ထိခိုက်ဒဏ်ရါရရှိမှုမရှိဘဲ ထွက်လာခဲ့သည်။
သူမ၏အနီရောင်ဆံပင်တချို့ လောင်ကျွမ်းသွားသော်လည်း သူမက ဘေးကင်းစွာရှိနေပေ၏။
"ဒီတေါင်တန်းတွေရဲ့မြောက်ဘက်မှာ ဘုရားကျောင်းတစ်ကျောင်းရှိတယ်...အဲ့ဒီနေရာမှာရှိတဲ့ ငါရဲ့ခင်ပွန်းကို နင် ကူညီပြီးရှာပေးစေချင်တယ်...ပြီးတော့ သူကို ပြန်ခေါ်လာပေးပါ"
အနီရောင်ဆံပင်နှင့်အမျိုးသမီးက လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်သည်။
လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။
"ငါက ဒီနေရာကို ခုမှရောက်တာလေ...ငါစီမှာ ဒီနေရာရဲ့မြေပုံလည်းမရှိဘူး....ငါက မင်းအတွက် ဘုရားကျောင်းကို ဘယ်လိုလုပ်ပြီးရှာပေးရမှာလဲ"
"မြေပုံလား...ရိုးရှင်းပါတယ်"
အနီရောင်ဆံပင်နှင့်အမျိုးသမီးက ပစ္စည်းတစ်ခုကို ပစ်ပေးလေသည်။
ဝှစ်ဟူသောအသံနှင့်အတူ ထိုပစ္စည်းက လုယွီ၏လက်အတွင်းသို့ ကျရောက်လာခဲ့သည်။
လုယွီက ထိုမြေပုံအား ဖြန့်ကြည့်လိုက်ရာတွင် နဂါးအကျဥ်းထောင်တောင်တန်း၏နေရာအမျိုးမျိုးကို အမှန်တကယ်ပုံဖော်ထားခြင်းအား တွေ့မြင်မိသည်။
မြေပုံပေါ်၌ အမှတ်အသားတချို့ပင်ရှိနေပြီး ထိုနေရာများ၌ ထူးဆန်းသောရတနာများရှိနိုင်သည်ဟု ညွှန်ပြထားပေ၏။
မြေပုံ၏အစွန်းဘက်တွင် သွေးအနည်းငယ် စွန်းထင်းနေသည်။ ထို့ကြောင့် အနီရောင်ဆံပင်နှင့်အမျိုးသမီးသည် ဤမြေပုံအားမည်သည့်နေရာမှရသည်ကို သိရှိနိုင်ရန်မခက်ခဲတော့ချေ။
လုယွီက ထိုမြေပုံကို သိမ်းဆည်းပြီး လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်၏။
"တကယ်လို့ ငါ မင်းယော်ကျားကိုရှာပေးစေချင်တယ်ဆိုရင်...မင်း တန်ကြေးပေးဖို့တော့လိုအပ်မယ်"
"ငါ နင်ကိုမသတ်တာက တန်ကြေးပဲလေ"
အနီရောင်ဆံပင်နှင့်အမျိုးသမီး၏အသံက အေးစက်နေပေသည်။
"ငါ စကားကုန်ပြီ...မင်း ကြိုးစားကြည့်နိုင်တယ်"
လုယွီက သူ၏လက်များကိုနောက်ပစ်ထားပြီး ဂရုစိုက်ပုံမရချေ။
သူတို့ ယခုလက်ရှိ ရပ်နေသောနေရာ၏ မြေပြင်အောက်၌ လုယွီက ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်မျိုးစေ့တစ်စေ့ကို သိုဝှက်ထားခဲ့သည်။
အကယ်၍ အနီရောင်ဆံပင်နှင့်အမျိုးသမီးကသာ ခြေတစ်လှမ်းရှေ့တိုးလာဝံ့ပါက ထိုမီးမျိုးစေ့သည် ပေါတ်ကွဲသွားပြီး ဤနေရာပတ်ဝန်းကျင်တစ်ခုလုံးအား အဆုံးမရှိသောမီးတောက်များ လွှမ်းခြုံသွားပေမည်။
ထိုအခြေအနေတွင်မူ နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရါရရှိနိုင်ပေသည်။
အနီရောင်ဆံပင်နှင့်အမျိုးသမီးသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြောဆိုလိုက်၏။
"နင် ဘာလိုချင်တာလဲ"
"တကယ်လို့ ငါက မင်းရဲ့ယော်ကျားကို ပြန်ခေါ်လာနိုင်ခဲ့ရင်...မင်း ငါရဲ့ကာကွယ်စောင့်ရှောက်သူအဖြစ် တစ်နှစ်တိတိလုပ်ပေးရမယ်...တကယ်လို့ ငါ အသက်အန္တရာယ်ရှိနေပြီဆိုရင် မင်းက လာပြီးကူညီပေးရမယ်"
လုယွီက ပြောဆိုခဲ့သည်။
အနီရောင်ဆံပင်နှင့်အမျိုးသမီးက သူမ၏ခေါင်းကို ခါယမ်းပြလေ၏။
"နင် အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်တိုင်းတော့...ငါ လာနိုင်မှာမဟုတ်ဘူး"
လုယွီက ပြောဆိုလိုက်သည်။
"ငါ သေရေးရှင်ရေးအခြေအနေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှသာ...မင်းရဲ့အကူအညီကို လိုအပ်မှာပါ"
အနီရောင်ဆံပင်နှင့်အမျိုးသမီးသည် အချိန်တခဏကြာတုန့်ဆိုင်းပြီးမှ အနီရောင်ကျောက်စိမ်းပြားတစ်ပြားကို လုယွီအား ပစ်ပေးခဲ့၏။
"တကယ်လို့ နင် အသက်အန္တရာယ်ရှိနေပြီဆိုရင်...ဒီ ကျောက်စိမ်းပြားကို ချိုးဖဲ့လိုက်...ငါ နင်ကို လာပြီးကူညီမယ်"
သူမက လုယွီ၏အဖြေစကားကိုမစောင့်ဘဲ ပန်းချီကားချပ်တစ်ချပ်ကို လုယွီအား ပစ်ပေးလိုက်သည်။
ထိုပန်းချီကားချပ်ပေါ်၌ အလွန်ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်၏ရုပ်ပုံရှိနေသည်။
"သူက ငါ့ရဲ့ ယော်ကျားပဲ...နင် ဘုရားကျောင်းထဲကို ရောက်တာနဲ့...နင် သူကို ရှာတွေ့လိမ့်မယ်...ငါ သူကို အချိန်ဘယ်လောက်ကြာအောင် စောင့်နေခဲ့ရသလဲဆိုတာတောင် ငါမသိတော့ဘူး...ငါ စောင့်နေခဲ့တာ......"
အနီရောင်ဆံပင်နှင့်အမျိုးသမီး၏အသံ တိမ်ဝင်သွားပြီး သူမက တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လှိုဏ်ဂူ၏ပြင်ပရှိ အရိုးစုစစ်သားများလည်း ပျောက်ကွယ်သွားပေ၏။
လုယွီက ရွေးချယ်စရာမရှိတော့ဘဲ ချက်ချင်းထွက်ခွါရပေတော့မည်။ သို့ရာတွင် သူက မြေပြင်ပေါ်၌ ထိုင်ပြီး သူ၏သဘာဝလွန်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနေလေသည်။
အစောပိုင်းက ကိစ္စသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်ခန့်သာ ကြာမြင့်သော်လည်း ထိုကစားပွဲက လုယွီကို သတိကြီးစွာထားစေပြီး သူ၏သဘာဝလွန်စွမ်းအင်အများအပြားကို ကုန်ဆုံးစေခဲ့သည်။
အချိန်အတော်ကြာမှသာလျှင် သွေးမိုးများလည်းပျောက်ကွယ်သွားပြီး လုယွီ၏သဘာဝလွန်စွမ်းအင်များလည်း ပြန်လည်ပြည့်တင်းလာပေ၏။
"ဘုရားကျောင်းလား..."
လုယွီက မြေပုံပေါ်၌ ဘုရားကျောင်း၏တည်နေရာကို တွေ့ရှိပြီးသည်နှင့် အပြေးထွက်ခွါခဲ့တော့သည်။
နဂါးအကျဥ်းထောင်တောင်တန်း၏နက်ရှိုင်းသောနေရာ၌....
ကြီးမားပြီးမြင့်မားသောဘုရားကျောင်းတစ်ကျောင်းက တောင်တစ်လုံးပေါ်တွင် တည်ရှိနေပေသည်။
ဘုရားကျောင်း၏နံဘေးပတ်လည်တွင် အလင်းရောင်တန်းများဖြာထွက်နေပြီး စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများကလည်း မျောလွင့်နေပေသည်။
"ဒါက လျှို့ဝှက်နယ်မြေတစ်ခုလား"
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အကြီးအကျယ်အံ့အားသင့်သွားပြီး ခြေတစ်လှမ်းရှေ့တိုးလိုက်၏။
ဤအချိန်မှာပင် မိုးခြိမ်းသံတမျှကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာခဲ့သည်။
"ဒီကောင်လေးက ဘယ်နေရာကရောက်လာတာလဲ...မင်း မသေချင်သေးရင် ဒီနေရာက မြန်မြန်လာခဲ့စမ်း"
Chapter 545
လုယွီက သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာတွင် ဘုရားကျောင်းရှေ့၌ လူအမြောက်အများရှိနေခြင်းကို တွေ့မြင်မိသည်။
ထိုသူများသည် သူတို့၏သက်ဆိုင်ရာအင်အားစုများအလိုက် မတ်တတ်ရပ်နေကြပြီး ဂိုဏ်းဂဏများကွဲပြားပုံပေါ်သည်။
"ဟိုကောင်လေး...ဒီနေရာကိုလာစမ်း"
ကတုံးပြောင်နှင့်ဘုန်းကြီးတစ်ပါးက လုယွီအား အော်ငေါက်လိုက်၏။
လုယွီက မကြားသကဲ့သို့သာနေနေပြီး နေရာ၌ပင် မတ်တတ်ရပ်နေပေသည်။
"ငါ မင်းကိုပြောနေတာလေ...မင်း မကြားဘူးလား"
ထိုဘုန်းကြီးက ဒေါသထွက်သွားခဲ့သည်။
"တကယ်လို့ ခင်ဗျားမှာပြောစရာရှိရင်...အဲ့ဒီနေရာကပြော"
လုယွီက ထိုကျင့်ကြံသူအား အေးစက်စက်မျက်လုံးများဖြင့် စူးစိုက်ကြည့်နေလေ၏။
သူအား ဤနေရာသို့လာရန် ဖိအားပေးခံထားရသဖြင့် မည်သည့်အချိန်မှ ပြန်လည်ထွက်ခွါရမည်ကို သူ မသိချေ။
ယခုလက်ရှိ သူလုပ်ဆောင်ရမည့်ကိစ္စမှာ စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်သိပ်သည်းသောနေရာကိုရှာပြီး သူ၏ကျင့်ကြံဆင့်ကို ချိုးဖျက်ရမည်သာဖြစ်သည်။ ဤထူးဆန်းသောနေရာမျိုး၌ သူ အချိန်ဖြုန်းလိုစိတ်မရှိချေ။
ထို့ပြင် လုယွီ၏တပည့်နှစ်ယောက်သည်လည်း ပျောက်ဆုံးနေပေသည်။
ဘုန်းကြီးက ဒေါသတကြီး အော်ငေါက်လိုက်၏။
"မင်းက ဗုဒ္ဓရဲ့ရှေ့မှာ ဘယ်လိုစကားမျိုးတွေပြောနေတာလဲ...ဒီနေရာကို မြန်မြန်လာစမ်း...ဗုဒ္ဓက မင်းကိုရှေ့ဆုံးကနေသွားဖို့ ခွင့်ပြုထားတာကို ကောင်းကောင်းအသုံးချစမ်း"
"ဒေလီယာဘုန်းကြီး...ခင်ဗျား စိတ်နည်းနည်းလျှော့သင့်တယ်လို့ ကျုပ်ထင်တယ်...အခုလက်ရှိအချိန်မှာ ယင်စစ်သားတွေက နယ်နမိတ်ကို ဖြတ်ကျော်လာကြပြီ...ဒီကောင်လေးက ရူးသွားမှာကိုကြောက်နေတာလို့ ကျုပ်ထင်တယ်"
ဒေလီယာဘုန်းကြီး၏နောက်မှ လူငယ်များက ပြက်ရယ်ပြုနေကြ၏။
တခြားသူများ၏လှောင်ပြောင်ခြင်းကို ခံရသဖြင့် ဒေလီယာဘုန်းကြီးသည် ပို၍စိတ်ဆိုးဒေါသထွက်သွားခဲ့သည်။
"မင်း...ဒီနေရာကိုလာပြီး သူတို့နဲ့အတူသွားစမ်း...ဗုဒ္ဓကို လှုပ်ရှားမှုလုပ်ရအောင် ဖိအားမပေးနဲ့"
ဒေလီယာဘုန်းကြီးက မလှမ်းမကမ်းအကွာအဝေးရှိ လူအုပ်စုတစ်စုအား လက်ညှိုးညွှန်ပြလိုက်၏။
လုယွီက သူနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိသော ကျင့်ကြံသူများသည် အလင်းရောင်ကွင်းတစ်ကွင်းအတွင်းသို့ဝင်၍ မတ်တတ်ရပ်နေခြင်းကို တွေ့မြင်မိသည်။
ထိုကျင့်ကြံသူအုပ်စုသည် အခြေအနေဆိုးရွားသောလူများနှင့်လူငယ်များသာဖြစ်နေခြင်းမှာ သိသာထင်ရှားပေ၏။ သူတို့၏အမူအယာများသည် ကြောက်မက်ဖွယ်ကောင်းသောတိုက်ပွဲတစ်ပွဲနှင့် ကြုံတွေ့လာရသကဲ့သို့ နာမကျန်းပုံပေါတ်နေသည်။
"ဒီကောင်လေးက...အကြောက်လွန်ပြီး ရူးသွားပြီထင်တယ်"
"ဟီး ဟီး...ငါတို့တော့ ပြပွဲကောင်းတစ်ခု ကြည့်ရတော့မယ်ထင်တယ်...ဒေလီယာဘုန်းကြီးက ဒီလိုလူသစ်တွေကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းနာမည်ကြီးတယ်"
လူငယ်ကျင့်ကြံသူတစ်စုက လုယွီကိုကြည့်ပြီး လှောင်ပြောင်သရော်နေကြ၏။
လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။
"ခင်ဗျားတို့ ဘာကိုဆိုလိုချင်တာလဲ"
"ကောင်လေး...ဒီလို လူအုပ်လိုက်ကြီးထဲမှာ ဘုရားကျောင်းထဲကိုဝင်ခွင့်ရဖို့အခွင့်အရေးက အရမ်းနည်းတယ်ဆိုတာ ငါတို့အားလုံး ရှင်းရှင်းလင်းလင်းသိထားကြတယ်...ဒါပေမယ့် ဗုဒ္ဓက သနားငဲ့ညှာပြီး မင်းကို အခွင့်အရေးတစ်ခု ပေးထားခဲ့တယ်...မင်းက အဲ့ဒီလူတွေရဲ့နောက်ကနေလိုက်ပြီး ဘုရားကျောင်းထဲကိုဝင်သွားလိုက်...အထဲရောက်တာနဲ့ ငါတို့ကိုစောင့်နေပြီး ထွက်ပေါက်ကိုရှာကြမယ်....ငါတို့က မင်းကို အပြင်ရောက်အောင်အသေအချာ ခေါ်ထုတ်ပေးမှာ...အဆင်ပြေရဲ့လား"
ဒေလီယာဘုန်းကြီးက လေးနက်သောအမူအယာဖြင့် ပြောဆိုနေပေ၏။
အချိန်တခဏအတွင်းမှာပင် လုယွီက ဤလူအုပ်စု၏ရည်ရွယ်ချက်ကို သဘောပေါတ်နားလည်သွားခဲ့သည်။
ဘုရားကျောင်း၏ရှေ့၌ အန္တရာယ်တစ်စုံတစ်ခု ရှိနေနိုင်ပေသည်။ ဤလူအုပ်စုသည် အမြှောက်စာအဖြစ်အသုံးပြုနိုင်သော လူများကိုဖမ်းဆီးရန် ယခုနေရာသို့ရောက်ရှိနေခြင်းဖြစ်သည်။
လုယွီက မေးမြန်းလိုက်၏။
"ဒါဆို...ခင်ဗျားတို့က ဘာလို့ ခင်ဗျားတို့ကိုယ်တိုင်အရင်ဝင်သွားပြီး ထွက်ပေါတ်ကိုမရှာကြတာလဲ"
ဒေလီယာဘုန်းကြီး၏မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။
"အမှန်တော့ ငါတို့က ကျင့်ကြံဆင့်နယ်ပယ် ပိုမြင့်မားပြီး ထွက်ပေါတ်ကိုရှာတွေ့နိုင်ဖို့ အခွင့်အရေးပိုများတယ်လေ....မင်း ဘာလို့နားမလည်သေးတာလဲ"
ထို့နောက် ဒေလီယာဘုန်းကြီးက သူ၏လက်ကိုစိတ်မရှည်တော့ပုံဖြင့် ဝှေ့ယမ်းပြီးပြောဆိုလိုက်၏။
"မြန်မြန်လေ....ဒီဗုဒ္ဓကို အတင်းအကျပ်ဖိအားပေးအောင် မလုပ်ခိုင်းနဲ့....အခုလက်ရှိအချိန်မှာ ယင်စစ်သားတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဗုဒ္ဓရဲ့မှော်စွမ်းအင်တွေက အရမ်းအသုံးဝင်တယ်"
"ဟား ဟား ဟား...ဒေလီယာ...မင်းလိုလူတောင် ကိုင်တွယ်လို့မရတဲ့သူ ရှိလာမယ်လို့ ငါ ထင်မထားမိဘူး"
"ကောင်လေး...မြန်မြန်လာစမ်း...မင်း ခေါင်းမာမနေဖို့ ငါ အကြံပေးချင်တယ်....ငါတို့က အလယ်ပိုင်းကုန်းမြေရဲ့ထိပ်သီးမိသားစုတွေကလာတဲ့ ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံရတဲ့သူတွေ...မင်းနဲ့ ငါတို့ကို ဘယ်လိုလုပ်ပြီးနှိုင်းယှဥ်လို့ရမှာလဲ"
လူငယ်တစ်ယောက်က လုယွီအား အထင်အမြင်သေးစွာဖြင့်ပြောဆိုပြီး သူ၏အရှိန်အဝါကို ထုတ်လွှက်လိုက်၏။
ပြင်းထန်သော အားလှိုင်းတစ်ရပ်က ချက်ချင်းပင် ဘက်ပေါင်းစုံသို့ ပျံနှံ့သွားပြီး ထိုလူငယ်၏နောက်မှနေ၍ သိမ်းဌက်ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။
လူငယ်က ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူဖြစ်နေသည်။ ဤှသည်က တာအိုဒုတိယဆင့်၏ ဒုတိယမြောက်နယ်ပယ်ဖြစ်ပေ၏။
အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် သဘာဝလွန်စွမ်းအင်နယ်ပယ်ကို ချိုးဖျက်ပြီးပါက သူ၏သဘာဝလွန်စွမ်းအင်များကို သူ၏ကျင့်ကြံခြင်းနည်းစနစ်များအရ ဓမ္မရုပ်ထုအဖြစ်သိပ်သည်းနိုင်သည်။ ထိုအဆင့်သို့ရောက်သွားသော ကျင့်ကြံသူသည် ဓမ္မရုပ်ထု၏အစွမ်းထက်သောအထောက်အပံ့ကိုရရှိနိုင်ပေ၏။ ဤသည်က သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ယှဥ်ပြိုင်နိုင်မည့်စွမ်းအားမျိုးမဟုတ်ချေ။
ကြွင်းကျန်သော လူငယ်များသည်လည်း မောက်မာပုံ ပေါ်လွင်နေသည်။
ထိုလူများ၏ဝတ်စုံများသည် မတူညီကြသော်လည်း မိသားစုကြီးများ၏တပည့်များဖြစ်မည်မှာ သိသာထင်ရှားပေ၏။
လုယွီက တချို့လူငယ်များ၏အဝတ်အစားများပေါ်တွင် 'လု'ဟူသောစာလုံး ရေးထိုးထားခြင်းကို တွေ့မြင်မိသည်။
"စီနီယာ....အဲ့ဒီကောင်လေးကို ထွက်သွားခွင့်မပြုနဲ့...သူက ကျွန်တော်တို့ရဲ့ မိုးကောင်းကင်တေးသံဘုရားကျောင်းကို မထီမဲ့မြင်ပြုခဲ့တယ်...သူရဲ့ပြစ်မှုက အရမ်းကြီးတယ်"
ရုတ်တရက် လူအုပ်ကြားမှ လူတစ်ယောက်ထွက်လာပြီး လုယွီအား လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။
ဤသူက ကျစ်မြောင်ကိုယ်တော် ဖြစ်ပေ၏။
အအ