← Chapters

အခန်း (၁၅၁)

Vol. 11 Ch. 151

အခန်း (၁၅၁)

Vol. 11 Ch. 151

လင်ပေ့ဖန်သည် ထိတ်လန့်သွားခဲ့သည်။

" အစ်ကိုရဲ့ ၊ မင်း ဘာဖြစ်နေတာလဲ ။ "

ရဲ့ရှင်းချန်သည် အားနည်းစွာဖြင့် ပြောခဲ့သည်။

" ဘာဖြစ်နေတာလဲတော့ ကျွန်တော်လည်းမသိဘူး။ မကြာသေးခင်တုန်းက ကျွန်တော်ကောင်းကောင်းမအိပ်ရဘူး ။နောက်ပြီး ကျွန်တော် အစာစားချင်စိတ်လည်းမရှိဘူး။ တစ်နေ့လုံး တုန်လှုပ်ခြောက်ခြားနေတယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေကတော့ အမြန်ပြန်သက်သာလာတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ကတော့ ဒီထက်ပိုပြီး မတောင့်ခံနိုင်တော့ဘူး။ မစ္စတာလင် ကျွန်တော့်ကို အဝေးခေါ်သွားပေးပါ။ ကျွန်တော် ဒီနေရာမှာ တကယ်မနေချင်တော့ဘူး။ "

လင်ပေ့ဖန်သည် သူဘေးနားက ပန်းပင်တွေကို တချက်ကြည့်လိုက်ပြီးနောက် ရဲ့ရှင်းချန်ကို မေးခဲ့သည်။

" မင်းရဲ့ အခြေအနေကို ဆရာဝန်ကို ပြောပြီးသွားပြီလား...။ "

" သူတို့ပြောတာတော့ အခန်းထဲမှာပဲ အပြင်မထွက်ပဲနဲ့ အချိန်အကြာကြီးနေနေရလို့ ကျွန်တော့်မှာ စိတ်ရောဂါတစ်ခု ရှိနေတာဖြစ်မယ်တဲ့။ အခု ကျွန်တော့်ရဲ့ ဒဏ်ရာတွေက သက်သာလာလို့ ဆေးရုံကနေ အရမ်း ဆင်းချင်နေတယ်ဆိုရင်လည်း ဆင်းလို့ရနိုင်ပြီလို့ သူတို့ကပြောတယ်။ ဒါပေမဲ့ ကျွန်တော့်‌သဘောနဲ့ ကျွန်တော် ဆင်းလို့မရဘူး။ အုပ်ထိန်းသူလက်မှတ်ပါမှ ကျွန်တော်ဆေးရုံကနေ ဆင်းဖို့ သူတို့ က သဘောတူပေးလို့ရမယ်တဲ့။ "

" မစ္စတာလင် ၊ ကျွန်တော့်မှာ သူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲရှိတာပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကူညီပေးပါ...။ "

" တကယ်လား ။ ဒါဆိုရင် ငါသွားမေးကြည့်လိုက်မယ်။ "

လင်ပေ့ဖန်သည် ဒီနေ့ ဂျူတီကျတဲ့ ဆရာဝန်စီ သွားမေးခဲ့သည်။

ဆရာဝန်ရဲ့အဖြေကတော့ အကယ်၍ လူနာက ဆေးရုံကနေ ဆင်းချင်သပဆိုရင် ဆင်းလို့ရနိုင်ပြီဖြစ်သည်။ဒါပေမဲ့လည်း သုံးရက်တစ်ခါတော့ ဆေးရုံကို လာပြီး လာပြန်ပြရမည်ဖြစ်သည်။

လင်ပေ့ဖန်သည် သူ့လက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။

" အစ်ကိုရဲ့ ၊ ဆေးရုံကနေ ဆင်းလို့ရအောင် မင်းအတွက် လုပ်ထုံးလုပ်နည်းတွေကို ငါလုပ်လိုက်မယ်။"

ရဲ့ရှင်းချန်သည် အလွန်ပျော်ရွှင်သွားခဲ့သည်။

" ကျေးဇူးတင်ပါတယ် မစ္စတာလင်။ "

" မင်း နောက်တစ်ရက်လောက်စောင့် ၊ မင်းကို ပြုစုဖို့အတွက် ငါ တစ်ယောက်ယောက်ကိုရှာပေးမယ်။ "

" ငါ့ကို ပြုစုဖို့ တစ်ယောက်ယောက်ရှာဖို့လား။ ရှာပေးစရာမလိုပါဘူး။ "

" ဘာလို့ မလိုရမှာလဲ။ အခု မင်းကိုယ်ကိုမင်းကြည့်လိုက်ဦး။ လမ်းလျှောက်လို့တောင် မရတာ မင်းဘာသာမင်း ဘယ်လို ဂရုစိုက်နိုင်မှာလဲ။ "

လင်ပေ့ဖန်က အလေးအနက်ပြောခဲ့သည်။

" အစ်ကိုရဲ့ ၊မင်းရဲ့ ကျန်းမာရေးက အရေးကြီးတယ်။အကယ်၍ ကျွန်တော် တောင်းဆိုတာကို မင်း သဘောမတူရင် ၊ ဆေးရုံကနေ ဆင်းဖို့ကို ကျွန်တော်သဘောတူမှာမဟုတ်ဘူး။ "

" ကောင်းပြီ။ငါတစ်ရက်ပဲ သည်းခံလိုက်မယ်။" ရဲ့ရှင်းချန်က အလျှော့ပေးခဲ့သည်။

ဒုတိယနေ့တွင် လင်ပေ့ဖန်သည် အသက်ငါးဆယ်အရွယ် အန်တီကြီးတစ်ယောက်နှင့် ရဲ့ရှင်းချန်စီကို လာခဲ့သည်။

" အစ်ကိုရဲ့ ၊ ကျွန်တော် မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်။ "

လင်ပေ့ဖန်က စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။

" သူမက မင်းအတွက် ကျွန်တော် ငှားပြီး‌တော့ အလုပ်ခန့်ထားတဲ့သူပဲ။ နောက်ပြီး သူမက မင်း စားဖို့၊ သောက်ဖို့ ၊ဝတ်ဖို့၊ နေဖို့၊ သွားဖို့ ၊လာဖို့ ကိစ္စတွေကို တာဝန်ယူပေးမယ့် အကူတစ်ယောက်ပဲ။ သူမရဲ့ နာမည်က လီဒူယန်လို့ခေါ်တယ်။ မင်း သူမကို အန်တီလီ လို့ ခေါ်လို့ရတယ်။ "

" ဟုတ်ပြီ "

ရဲ့ရှင်းချန်သည် ခေါင်းညိတ်ပြီး လင်ပေ့ဖန်လက်ကိုဆွဲ၍ တိုးတိုးလေးပြောခဲ့သည်။

" မစ္စတာလင် ၊ မင်း ဘယ်လိုလုပ် အသက်အရမ်းကြီးတဲ့လူတစ်ယောက်ကို ရှာလာတာလဲ။ သူမက ငါ့အမေအရွယ်လောက်ရှိနိုင်တယ်။ "

" မင်းက အသက်ငယ်ရွယ်တဲ့ လူတွေကို ဂရုစိုက်တယ်။အဲ့ဒါက အန်တီလျူနဲ့တူတယ်။ ဒါကြောင့်မိုလို့ မင်းကို ဂရုစိုက်ဖို့အတွက် အန်တီလျူလိုလူမျိုးကို ငါ ခေါ်ခဲ့တာ....။ " လင်ပေ့ဖန်က မျက်လုံးတချက်မှိတ်ပြပြီး ပြောခဲ့သည်။

ရဲ့ရှင်းချန်သည် အန်တီကြီးတစ်ယောက်နှင့် တစ်အိမ်တည်း အတူနေထိုင်ရန် သည်းမခံနိုင်ပေ။

အရင်တုန်းက သူသည် အလှလေးများ၏ ဝန်းရံခြင်းကို ခံခဲ့ရပေမဲ့လည်း အခုတော့ သူသည် ဒီလိုအခြေအနေမျိုးသို့ ကျရောက်နေပြီဖြစ်သည်။

သို့သော်လည်းပဲ သူသည် လေးလေးနက်နက်တွေးပြီးနောက် ၎င်းက အချိန်တစ်လပဲကြာမှာဖြစ်သည်။သူသာ ထိုတစ်လကို သည်းခံပြီးနေလိုက်ရင် ၎င်းက ပြီးသွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူသည် နှုတ်ဆက်ခဲ့သည် ။

" မင်္ဂလာပါ အန်တီလီ ၊ ကျေးဇူးပြုပြီးတော့ နောက်နေ့တွေမှာ ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး။ "

" ပြဿနာမရှိပါဘူး။ "

ထို့နောက် အန်တီလီသည် လင်ပေ့ဖန်ကို ဆွဲပြီး အသံတိုးတိုးဖြင့် ပြောခဲ့သည်။

" မစ္စတာလင် ၊ သူ့ရဲ့ ဒဏ်ရာတွေက အတော်လေးပြင်းထန်လို့ သူ့ကို ဂရုစိုက်ရတာက အရမ်းပဲ ပြဿနာများလိမ့်မယ်။ဒါကြောင့် မစ္စတာလင်က ကျွန်မကို ပိုပေးရမယ်။ "

" အန်တီ ဘယ်လိုလုပ် ကျွန်တော့်စီမှာ ပိုက်ဆံ ထပ်တောင်းရဲတာလဲ။ " လင်ပေ့ဖန်က ထိတ်လန့်သွားခဲ့သည်။

" မင်း ဘာလို့ ထိတ်လန့်နေတာလဲ။ ငါ့ရဲ့ အလုပ်ကြိုးစားမှုအတွက် ဆု မပေးသင့်ဘူးလား။ " အန်တီလီသည် မပျော်ရွှင်တော့ပေ။

" ဒီအလုပ်က ပင်ပန်းပေမဲ့ သူဘယ်သူလဲဆိုတာရော အန်တီသိလား။ "

" သူက ဘယ်သူလဲ။ သူက အကောင်းကြီးကြီးတစ်ကောင်များဖြစ်နိုင်မလား။ " အန်တီလီသည် သိချင်သွားခဲ့သည်။

" ကျွန်တော် အန်တီကို ပြောပြမယ် "

လင်ပေ့ဖန်က ဝင့်ကြွားစွာဖြင့် ပြောခဲ့သည်။

" သူကထူးချွန်ထက်မြက်တဲ့အရည်အချင်းရှိပြီးတော့ လူလေးစားမှုများတဲ့ ကျွန်‌ေတာ်တို့ကုမ္ပဏီရဲ့ ထိတ်တန်းကုန်သည်တစ်ယောက်ပဲ။ဒါ့အပြင် သူ့မှာ မိန်းမ၊ကလေးနဲ့ မိဘရောမရှိဘူး။ဒါပေမဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုက သန်းတစ်ရာလောက်ရှိတယ်။ဒါကြောင့် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်လို့ ကျွန်တော်အန်တီ့ကို ပြောခဲ့တယ်မလား...။ ကျွန်တော်က အန်တီကို ဆိုးဆိုးရွားရွားဆက်ဆံပါ့မလား။ "

အန်တီလီ၏ မျက်လုံးများက ရုတ်တရက် လက်သွားခဲ့သည်။

" မိန်းမရော၊ကလေးရော၊မိဘရောမရှိဘူး ဟုတ်လား။ နောက်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုကလည်း သန်းတစ်ရာလောက်ရှိတယ်ပေါ့လေ။ ဟုတ်ရောဟုတ်လို့လား...။ "

လင်ပေ့ဖန်သည် ပိုပြီးတော့တောင်မှ ဝံ့ကြွားလာခဲ့သည်။

" ဟုတ်တယ်။ ကျွန်တော်က အန်တီကို လိမ်ပါ့မလား။သူ့ရဲ့ ဒီအခြေအနေကိုသာ ဘလိုင်းဒိတ်နေရာမှာတင်လိုက်ရင် မိန်းကလေးတွေအားလုံးက သေချာပေါက် သူ့ကို လုယက်ကြလိမ့်မယ်။ "

" ဒါအမှန်ပဲ။ သူကအရမ်းငယ်ပြီးတော့ ရုပ်လည်းချောသေးတယ်...။ "

" ဟုတ်တယ် ၊သူက ငယ်တယ်။ ဒီနှစ်မှ ကျွန်တော့်ရဲ့အစ်ကိုက အသက်နှစ်ဆယ်ပဲရှိသေးတယ်။ ဒါကြောင့် သူ့ကို ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူလို့ ခေါ်လို့ရတယ်။ "

လင်ပေ့ဖန်သည် မျက်လုံးတစ်ဖက်မှိတ်ပြီး ပြောခဲ့သည်။

" အကယ်၍ အန်တီရဲ့မိသားစုမှာ သူ့အရွယ်လောက် ကောင်မလေးတွေရှိရင် အခွင့်အရေးယူပြီးတော့ သူ့နဲ့ မိတ်ဆက်ပေးလို့ရတယ်။ ဒါဆို အန်တီပိုက်ဆံအများကြီးရှာနိုင်ပြီမဟုတ်ဘူးလား။ "

အန်တီလီသည် အားရပါးရရယ်မောပြီး ပြောခဲ့သည်။

" ဘာလို့ သူများကို ဒုက္ခပေးနေမှာလဲ ၊ကိုယ့်ဘာသာကိုယ်ပဲ ဒုက္ခခံလိုက်မှာပေါ့။ "

" ကိုယ့်ဘာသာကိုယ်ပဲ ဒုက္ခခံမယ်ဟုတ်လား...။ "

ထိုအချိန်တွင် အန်တီလီသည် လင်ပေ့ဖန်ကို ဘေးသို့ တွန်း၍ ရဲ့ရှင်းချန်စီသို့ သွားပြီး ကြင်နာစွာပြုံး၍ ပြောခဲ့သည်။

" ငါက မင်းထက်အသက်ကြီးလို့ မင်းကို ရှောင်ရဲ့လို့ပဲ ခေါ်မယ်နော်။ "

ရဲ့ရှင်းချန်က ခေါင်းညိတ်ပြီး ပြောခဲ့သည်။

" ဟုတ်ကဲ့ အန်တီလီ။ "

အန်တီလီက စိတ်တိုစွာပြောခဲ့သည်။

" ဒို့ကို အန်တီလီလို့မခေါ်နဲ့။ ဒို့က မင်းထက် အသက်နှစ်ဆယ်ကျော်လေးပဲကြီးတာ..။ ဒါကြောင့် ဒို့ကို အစ်မလီလို့ မင်း ခေါ်လို့ရတယ်။ "

ရဲ့ရှင်းချန် : " ..... "

' လခွမ်း ၊အသက်နှစ်ဆယ်ကျော်လေးပဲ ကြီးတယ်တဲ့လား...။ '

" ရှောင်ရဲ့ ၊ မင်းမှာ ထုတ်ပိုးစရာတွေများ ရှိသေးလား..။ "

" ဘာမှမရှိတော့ဘူး။ "

" ဘာမှမရှိဘူးဆိုတော့လည်း ငါတို့ သွားကြတာပေါ့။ ဒီည မင်းဘာစားချင်လဲ ။ ငါမင်းအတွက် ချက်ပေးမယ်..။

" ရတယ် ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ကျွန်တော်က ချေးများတဲ့သူတစ်ယောက်မဟုတ်ဘူး။ "

" ငါကလည်း မင်းလို ချေးမများတဲ့ သူမျိုးကိုမှ ကြိုက်တာ ....။ "

လင်ပေ့ဖန်သည် ထွက်ခွါသွားတဲ့ ပုံရိပ်နှစ်‌ခုကိုကြည့်ပြီး တစ်ခုခုမှားနေသည်ဟု ခံစားရသော်လည်း ဘာမှားလို့ မှားမှန်းမသိ မပြောနိုင်ပဲ ဖြစ်နေခဲ့သည်။

ဒုတိယနေ့တွင် ရဲ့ရှင်းချန်သည် ဝီးချဲလ်တစ်စီးဖြင့် ကုမ္ပဏီသို့ လာပြီး ကုမ္ပဏီတစ်ခုလုံးကို ဝရုန်းသုန်းကဖြစ်စေခဲ့သည်။

" မစ္စတာရဲ့ အလုပ်ပြန်ဆင်းပြီလား။ "

" မစ္စတာရဲ့ ၊မင်းအခု သက်သာသွားပြီလား။ "

" မစ္စတာရဲ့ ၊ ကျွန်တော်တို့ အကုန်လုံးက မင်းကို အရမ်းပဲလွမ်းနေတာ။ "

" မစ္စတာရဲ့.....။ "

ရဲ့ရှင်းချန်သည် လူအများရဲ့ ဝိုင်းရံခြင်းခံရတာကြောင့် သူ့ အိမ်ပြန်ရောက်နေသလို ခံစားခဲ့ရသည်။

ထို့နောက်ရဲ့ရှင်းချန်သည် သူ့ရန်သူရဲ့ နေရာမှာ နွေးထွေးမှုကို ခံစားရတာက ရယ်စရာကောင်းသည်ဟု တွေးမိခဲ့သည်။

' ထင်ယောင်ထင်မှား၊ ထင်ယောင်ထင်မှားဖြစ်တာပဲ ဖြစ်ရမယ်။ '

ရဲ့ရှင်းချန်သည် သူ့ခေါင်းကို ခပ်ကြမ်းကြမ်းခါပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" လူတိုင်း မစိုးရိမ်ပါနဲ့။ အခု ကျွန်တော်ပိုသက်သာလာလို့ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဆေးရုံကနေ ဆင်းလာခဲ့တာ..။ နောက်တစ်လဆိုရင် ကျွန်‌တော်ရဲ့ ဒဏ်ရာတွေ အရှင်းပျောက်သွားပြီးတော့ လုံးဝပြန်သက်သာလာလိမ့်မယ်။ "

" ကောင်းတယ်...။ "

" ဆေးရုံကနေဆင်းပြီး ပြန်သက်သာလာတာ ကောင်းတယ်။ "

ထိုအချိန်တွင် လင်ပေ့ဖန်က ပြေးထွက်လာပြီး အပြစ်ပြောခဲ့သည်။

" အစ်ကိုရဲ့ ၊ ဘာလို့ ရက်အနည်းငယ်လောက် ဘာလို့ အိမ်မှာ မနားနေတာလဲ။ "

ရဲ့ရှင်းချန်က သူ့ရဲ့ သစ္စာရှိမှုကို အလျင်အမြန်ပဲ ဖော်ပြခဲ့သည်။

" မစ္စတာလင် ၊ ဒါက ဒီလိုပါ။ ကျွန်တော်ဆေးရုံမှာ တစ်လကျော်ကျော်လောက် လဲအိပ်နေရတဲ့အချိန်မှာ ကျွန်တော် မစ္စတာလင်ကို သိပ်ပြီးတော့ မကူညီနိုင်ခဲ့ဘူး။ နောက်ပြီး မစ္စတာလင်က ကျွန်တော့်ကြောင့် ဆေးရုံကို မကြာခဏလာနေရလို့ ကျွန်တော် အရမ်းပဲ စိတ်မကောင်းဖြစ်မိတယ်။ဒါ‌ကြောင့် အခု ကျွန်တော် ပြန်သက်သာလုနီးပါးဖြစ်နေပြီဖြစ်လို့ မစ္စတာလင်ရဲ့ ပြဿ‌နာတွေကို ကျွန်တော်ကူဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီကို ပြန်လာပြီး အလုပ်လာပြန်လုပ်တာပါ။"

ရဲ့ရှင်းချန်သည် သူ့စိတ်ထဲတွင် သူ့ဘာသာသူပြောခဲ့သည်။

" အကယ်၍ ငါသာ ပြန်လာပြီးတော့ မင်းကို မျက်စိဒေါက်ထောက်မကြည့်နေရင် မင်း ဘာလုပ်နေလဲဆိုတာ ငါဘယ်လိုလုပ်သိနိုင်မှာလဲ...။

" နောက်ပြီး မင်းက ငါ့ရဲ့ ရို့ရွယ်လေးကို ကြောင်တောင်နိုက်သွားမှာပေါ့ဟ...။ "

လင်ပေ့ဖန်သည် ထိုစကားကို ကြားပြီး မျက်ရည်ကျလုနီးပါးအထိ စိတ်လှုပ်ရှားသွားခဲ့သည်။

ထို့နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် ရဲ့ရှင်းချန်၏ ပုခုံးကို ပုတ်ပြီး ပြောခဲ့သည်။

" အစ်ကိုရဲ့ ၊ မင်းက ဒီလိုအချိန်မျိုးမှာတောင်မှ ငါ့ဖို့ တွေးနေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ကောင်းပြီ ၊မင်းစကားကို ကြားရတာ ငါအရမ်းပျော်ပြီးတော့ အရမ်းပဲ ဝမ်းသာတယ်။ မင်းအခု လှုပ်ရှားလို့မရတော့ ငါမင်းကို တွန်းပေးမယ်။ "

" ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာလင် ။ " ရဲ့ရှင်းချန်သည် ကျေးဇူးတင်ခဲ့သည်။

ထွက်ခွာသားတဲ့ ပုံရိပ်နှစ်ခုကို ကြည့်၍ လူတိုင်းက ခေါင်းခါပြီး သက်ပြင်းချခဲ့သည်။

" အံ့ဩစရာမရှိဘူး။ မစ္စတာလင် သူ့ကို တန်ဖိုးထားတာက အံ့ဩစရာမရှိဘူး။ တစ်ယောက်က သစ္စာရှိသလို နောက်တစ်ယောက်ကလည်း ညီအစ်ကိုရင်းလို ဆက်ဆံတာကို...။

" ဟုတ်တယ် ၊ ဒီနေ့ခေတ်မှာ အဲ့လို ခင်မင်ရင်းနှီးမှုမျိုးက တကယ်ရှားသွားပြီ။ "

" ငါ မျက်လုံးထဲ တစ်ခုခုဝင်သွားသလိုပဲ..။ “

All Chapters