အခန်း (၁၅၂)
Vol. 11 Ch. 152
လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို ရုံးခန်းအလွတ်တစ်ခုထဲသို့ တွန်းသွားခဲ့သည်။
" အစ်ကိုရဲ့ ၊ ဒီရုံးခန်းက မင်းအတွက် ငါ စီစဉ်ပေးထားတဲ့ ရုံးခန်းပဲ။ ဘယ်လိုလဲ မင်းကျေနပ်လား။ "
" ကံမကောင်းချင်တော့ မင်းက ဆေးရုံအစောကြီးတင်ထားရပြီးတော့ ဒီမှာ တစ်ရက်တောင် မနေလိုက်ရဘူး။ "
" ဒါပေမဲ့ မင်း ဆေးရုံတက်နေကတည်းက ဒီရုံးခန်းကို ငါက ဖုန်တွေမတက်အောင်လို့ နေ့တိုင်း လူတွေကို သန့်ရှင်းရေးလုပ်ခိုင်းခဲ့တယ်။ ဒါမှ မင်းပြန်လာတာနဲ့ မင်းအိမ်လိုမျိုး ခံစားရအောင်လို့ ဒီရုံးခန်းကို ငါက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ထားထားတာ။ "
" နောက်ပြီး ဒီရုံးခန်းက အသစ်ပြန်လုပ်ထားတာ မကြာသေးလို့ လိုအပ်တဲ့ပစ္စည်းတွေကို အချိန်မှီ မထည့်ရသေးဘူး။ ရုံးခန်းက အတော်လေးရိုးရှင်းနေတယ်။ အကယ်၍ မင်းလိုအပ်တဲ့ပစ္စည်းတွေရှိရင် ငါ့ကိုအသိပေး။ ငါမင်းကို ကူညီပေးမယ်။ " လင်ပေ့ဖန်က သူ့မျက်နှာ ပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် ပြုံးပြီး မိတ်ဆက်ပေးခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ရဲ့ရှင်းချန်သည် ကျယ်ဝန်းပြီး လှပသောသူ့ရုံးခန်းကို ကြည့်၍ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
' သူဌေးတစ်ယောက်က သူ့ရဲ့လက်အောက်ငယ်သားတွေအတွက် ဒီလောက် လုပ်ပေးနိုင်တယ်ပေါ့လေ။ သူက ငါ့အတွက် အကောင်းဆုံး လုပ်ပေးနေတာပဲ။ '
' ညီအစ်ကို အချင်းချင်းတောင် ဒီလောက်ထိ ဂရုစိုက်ကြတာမဟုတ်ဘူး။ '
' အကယ်၍ ငါသာဆိုရင် ငါ့ရဲ့ညီအစ်ကိုတွေကို ဒီလောက်ထိတောင် ဂရုမစိုက်နိုင်လောက်ဘူး။ လက်အောက်ငယ်သားဆို ဝေးသာဝေးပေါ့။ '
ရဲ့ရှင်းချန်သည် ခပ်ပြင်းပြင်း ခေါင်းခါလိုက်သည်။
' မဟုတ်ဘူး... '
' ငါ စိတ်လှုပ်ရှားလို့ မဖြစ်ဘူး...'
' ဒီကောင်က ငါ့ဘဝနှစ်ခုစလုံးရဲ့ အကြီးမားဆုံး ရန်သူတော်ကြီးပဲ..။ '
' ဒီကောင်က ငါ့ကောင်မလေးကို ခိုးပြီးတော့ ငါ့ညီအစ်ကိုတွေကို သတ်ပစ်တဲ့ ငါ့ရဲ့ အကြီးမားရန်သူတော်ကြီးပဲ။နောက်ပြီးသူက ငါဘဝရဲ့ အရာအားလုံးကိုလည်း ဖျက်စီးခဲ့တဲ့သူပဲ.....။ '
' ငါ သတိရှိရှိနဲ့ အချိန်တိုင်း ငါ့ရဲ့ အကွာအဝေးကို ထိန်းထားရမယ်။ဒါမှမဟုတ်ရင်....ငါသူ့ကို မသတ်ရက်ပဲနဲ့ ဖြစ်သွားလိမ့်မယ်....'
" ကျေးဇူးတင်ပါတယ် မစ္စတာလင် ။ ဒါက လုံလောက်ပါတယ်။ ကျွန်တော်က ဒီလိုမျိုး ရိုးရိုးရှင်းရှင်းပုံစံကိုမှ ပိုသဘောကျတာ။ " ရဲ့ရှင်းချန်က ကျေးဇူးတင်စွာဖြင့် ပြောခဲ့သည် ။
လင်ပေ့ဖန်သည် ခေါင်းခါပြီး စိတ်တိုစွာဖြင့် ပြောခဲ့သည်။
" ငါ စိတ်ထင်တော့ မင်း ငါ့ကို အားနာနေတာပဲဖြစ်ရမယ်။ ကောင်းပြီ ၊ဒါဆိုရင်လည်း အနာဂတ်မှာ မင်း တစ်ခုခုလိုအပ်လာရင် ကုမ္ပဏီရဲ့ ထောက်ပံ့ရေးဌာနကို တိုက်ရိုက်သွားပြောနိုင်တယ်။ ငါ သူတို့ကို ကြိုပြောထားလိုက်မယ်။ "
" ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာလင် ။ " ရဲ့ရှင်းချန်က ခေါင်းညိတ်ခဲ့သည်။
" အစ်ကိုရဲ့ ကုမ္ပဏီက လူတိုင်းကို ဖိတ်ပြီးတော့ ဒီည ညစာစားပွဲ တစ်ခုပြုလုပ်ဖို့ ငါစီစဉ်နေတာ။ နောက်ပြီး အဲ့ပွဲက အစ်ကို့ရဲ့အတွက် ရည်ရွယ်ပြီး လုပ်ပေးတဲ့ ပွဲတစ်ခုပဲ။ အဲ့ဒါ အစ်ကိုရဲ့ အဆင်ပြေရဲ့လား..။ " လင်ပေ့ဖန်က မေးခဲ့သည်။
" မစ္စတာလင် စီစဉ်တဲ့အတိုင်း ကျွန်တော်လိုက်နာပါ့မယ်။ "
" ကောင်းပြီ ၊ ဒါဆိုရင် ငါ အခု စီစဉ်လိုက်တော့မယ်။" လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောပြီး ထွက်သွားခဲ့သည်။
လင်ပေ့ဖန် ထွက်သွားပြီးနောက် ရဲ့ရှင်းချန်သည် ရုံးခန်းပတ်ပတ်လည်ကို လိုက်ကြည့်ပြီး အတော်လေး ကျေနပ်နေခဲ့သည်။
" ဒီရုံးခန်းရဲ့ အဆင့်က ကုမ္ပဏီရဲ့ ဒုဥက္ကဌရုံးခန်း အဆင့်နဲ့ တူတူလောက် ရှိတယ်။နောက်ပြီး ဒုဥက္ကဌထက်တောင် အများကြီးသာတဲ့ တစ်ခြားခံစားခွင့်တွေလည်း ရှိသေးတယ်။ ကြည့်ရတာ ဒီကောင်ငါ့ကို တကယ်ပဲ တန်ဖိုးထားပြီးတော့ ယုံကြည်တယ်ထင်တယ်။ "
" ဒါက အရမ်းကောင်းတယ်။ ဒါမှ ငါ သူနဲ့ ဆက်ဆံရတာ လွယ်ကူမှာ..။ "
" လက်စားချေဖို့ ခြေတစ်လှမ်းတော့ နီးလာပြီ။ "
ထိုအကြောင်းကို တွေးပြီး ရဲ့ရှင်းချန်၏ စိတ်အခြေအနေက အနည်းငယ်တိုးတက်လာခဲ့သည်။
ထိုအချိန်တွင် တံခါးခေါက်လာခဲ့သည်။
" ဒေါက် ....ဒေါက် ..."
" ဝင်လာခဲ့...။ " ရဲ့ရှင်းချန်က အော်ပြောခဲ့သည်။
ကုန်သည်နှစ်ယောက်က ဝင်လာပြီး ပြောခဲ့သည်။
" မင်္ဂလာပါ မစ္စတာရဲ့။ "
" မင်းတို့ ငါ့စီ ဘာလာလုပ်တာလဲ ။ "
" ကျွန်တော်တို့ နှစ်ယောက်က ကိစ္စနှစ်ခုကြောင့် ဒီကိုလာခဲ့တာပါ။ "
ကုန်သည်တစ်ယောက်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" ပထမကိစ္စကတော့ မစ္စတာရဲ့စီလာလည်တာပါ။နောက်ပြီး မစ္စတာရဲ့ ကျန်းမာရေးက အရင်ကထက် ပိုကောင်းလာလား ဆိုတာ သိချင်လို့ လာခဲ့တာပါ။ "
" မစ္စတာရဲ့၊ ဒီအသီးခြင်းက ကျွန်တော်တို့ မစ္စတာရဲ့အတွက်ဝယ်လာခဲ့တာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါဦး။ " အပြုံးတစ်ပွင့်ဖြင့် ကုန်သည်တစ်ယောက်က ပြောခဲ့သည်။
" ကျေးဇူးတင်ပါတယ် ။ " ရဲ့ရှင်းချန်က သစ်သီးခြင်းကို ယူပြီး ပြုံးပြခဲ့သည်။
" ခင်ဗျားတို့နှစ်ယောက်ကိုတော့ အားနာစရာတွေ ဖြစ်ကုန်ပြီ။ အခု ကျွန်တော့်ရဲ့ခန္ဓာကိုယ်က ပြန်သက်သာလုနီးပါးဖြစ်နေပြီ။အနည်းဆုံးတော့ ကျွန်တော်ဆေးရုံမှာ လဲလျောင်းနေစရာမလိုတော့ဘူး။ လှုပ်ရှားရတာ သိပ်အဆင်မပြေလို့ ကျွန်တော် ဝီးချဲလ်နဲ့ပဲ နေနေတာ...။ "
" ဒါဆိုရင်တော့ ကျွန်တော်တို့ စိတ်ချသွားပြီ။ " ကုန်သည်နှစ်ယောက်လုံးက တပြိုင်တည်း ပြောခဲ့သည်။
" ဒုတိယကိစ္စကရော ဘာလဲ..။ " ရဲ့ရှင်းချန် ကမေးခဲ့သည်။
" ဒါက ဒီလိုပါ၊ ကျွန်တော်တို့ရဲ့ အရောင်းအဝယ်ကုန်သွယ်ရေးက ဒီနေ့ စဖို့ ရှိတယ်။ ဒါပေမဲ့ မစ္စတာလင်က တခြားကိစ္စတွေနဲ့ အလုပ်များနေလို့ ၊ မစ္စတာရဲ့စီမှာများ အစီအစဉ်တစ်ခုခုများရှိမလားလို့ ကျွန်တော်တို့ကို မစ္စတာလင်က လာမေးခိုင်းတာပါ။ " ကုန်သည်တစ်ယောက်က ပြောခဲ့သည်။
ရဲ့ရှင်းချန်သည် ခဏကြာစဉ်းစားပြီး သူတို့ကို ကူညီဖို့ ဆုံးဖြတ်ခဲ့သည်။
' ဘာမှမလုပ်ပဲနဲ့ ဒီအတိုင်းပဲ နေနေရင်း သံသယဖြစ်စရာကောင်းတယ်။ '
ထို့ကြောင့် သူသည် ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" ကောင်းပြီလေ ၊ ငါ သွားကြည့်ကြည့်မယ်။ "
ကုန်သည်နှစ်ယောက်သည် အရမ်းပဲ ပျော်ရွှင်သွားခဲ့သည်။
" မစ္စတာရဲ့ ၊ကျွန်တော်မင်းကို တွန်းပေးမယ်။ "
ထို့နောက် သူတို့သုံးယောက်သည် ကုန်သွယ်ရေးအခန်းထဲသို့ ဝင်လာခဲ့သည်။
မကြာခင် တစ်ခြားကုန်သည်များက သူတို့ကို မြင်ပြီး မတ်တပ်ရပ်၍ နှုတ်ဆက်ခဲ့သည်။
" မင်္ဂလာပါ မစ္စတာရဲ့။ "
" မစ္စတာရဲ့ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ...။ "
သူတို့ကို ကြည့်ရတာ သူတို့အဖေကို မြင်တွေ့ရသလိုမျိုး စိတ်အားထက်သန်ပြီး အလွန်လည်း လေးစားနေခဲ့သည်။
ဘာလို့လဲဆိုတော့ သူတို့ရှေ့က မစ္စတာရဲ့ ရဲ့ ရင်းနှီးမြှုပ်နှံမှုအရည်အချင်းက အရမ်းပဲမြင့်ပြီး ရင်းနှီးမြှုပ်နှံရေးဈေးကွက်တွင် ဘယ်လို ရင်းနှီးမြှုပ်နှံပြီး ဘယ်လို ငွေရှာရမလဲဆိုတာကို သိနေတာကြောင့်ဖြစ်သည်။ ဥက္ကဌလင်တောင်မှ မစ္စတာရဲ့ကို လေးစားသည်။ထို့ပြင် သူတို့ရဲ့ စွမ်းဆောင်ရည်တိုးတက်မှုကလည်း မစ္စတာရဲ့အပေါ်မှာ မူတည်နေတာကြောင့်ဖြစ်သည်။
" လူတိုင်းပဲ နေသာသလို နေကြ။ ကျွန်တော်တို့အားလုံးက ကုန်သည်တွေပဲဆိုတော့ အချင်းချင်း အဲ့လောက်ထိယဉ်ကျေးနေစရာမလိုဘူး..။ " ရဲ့ရှင်းချန်က ရယ်မော၍ ပြောခဲ့သည်။
ထို့နောက် ရဲ့ရှင်းချန်သည် အခန်းကို တစ်ပတ်လောက် ပတ်ကြည့်ပြီးနောက် သူ့ရင်ထဲ၌ ( သူမကို လွမ်းဆွတ်သတိရသလိုမျိုး ) အနည်းငယ်လွမ်းဆွတ်သလို ခံစားခဲ့ရသည်။
အရင်တုန်းက သူသည် ဒီနေရာမှာပဲ လင်ပေ့ဖန်ကို ဆယ်ဘီလီယံနီးပါး ကူညီပြီး ရှာပေးခဲ့သည်။
' အဟွတ်....အဟွတ် '
' ငါ့နှလုံးသားလေး နောက်တစ်ကြိမ်နာလာပြန်ပြီ။ '
' မေ့လိုက်တော့ ၊အဲ့ဒီဝမ်းနည်းစရာအကြောင်းတွေကို အတိတ်မှာပဲ မေ့ထားလိုက်တော့မယ်..။ '
ထိုအချိန်တွင် ကုန်သည်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" မစ္စတာရဲ့ ၊ ကျွန်တော်တို့ အကုန်လုံး အဆင်သင့်ဖြစ်ပါပြီ။ ကျေးဇူးပြုပြီးတော့ အမိန့်ပေးပါ။ ရွှေလား ၊ရေနံစိမ်းလား ၊ဒါမှမဟုတ် တခြားတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံမှာလား ။ကျွန်တော်တို့ မစ္စတာရဲ့ရဲ့ အမိန့်အတိုင်းလိုက်လုပ်ပါ့မယ်။ "
" မစ္စတာရဲ့ ပြောတော့ ၊ကျွန်တော်မစောင့်နိုင်တော့ဘူး..။
" ကျွန်တော့်ရဲ့ လက်တွေက နှိပ်ချင်နေပြီ "
လူတိုင်းသည် ရဲ့ရှင်းချန်ကို ကြည့်၍ အော်ပြောပြီး သူ့ အမိန့်ကို စောင့်မျှော်နေခဲ့သည်။
ရဲ့ရှင်းချန်သည် အကျပ်ရိုက်နေခဲ့သည်။သူသည် နောက်တစ်ကြိမ်ထပ်ပြီး လင်ပေ့ဖန်ကို ပိုက်ဆံမရှာပေးချင်တော့ပေ။
ထိုအကြောင်းကို တွေးပြီးနောက် သူသည် ၎င်းက မဖြစ်နိုင်ဘူးဟု ထင်ခဲ့သည်။
ဘာလို့လဲဆိုတော့သူ့လိုမျိုး ဂုဏ်သိက္ခာကြီးတဲ့ စစ်နတ်ဘုရားတစ်ယောက်က ရိုက်နှက်ခံရပြီးတော့ ဆေးရုံမှာ တစ်လကျော်လောက် အိပ်ယာထဲလဲလျောင်းနေခဲ့ရသည်။
ထို့ပြင် သူသည် ဆေးရုံတက်နေချိန်တွင်လည်း ကောင်းကောင်းအနားမယူခဲ့ရပေ။ ရေသောက်ချင်ရင်တောင်မှ သူသည် ပိုက်နဲ့သွယ်ပြီး သောက်ခဲ့ရသည်။
' ငါ ဒီလောက်ကံဆိုးနေတာ၊ ဘယ်လိုလုပ်ပိုက်ဆံရှာနိုင်မှာလဲ...။ '
' ငါ့ကံ ကောင်းလား ၊မကောင်းလား အရင်စမ်းကြည့်ရမယ်။ '
' မဟုတ်ရင် ငါ နောက်တစ်ကြိမ် လင်ပေ့ဖန်ကို ပိုက်ဆံရှာပေးမိလိမ့်မယ်။ဒါကြောင့် ငါ ပိုပြီးတော့ ဂရုစိုက်ရမယ်။ '
ထို့နောက်ရဲ့ရှင်းချန်က ပြောခဲ့သည်။
" ငါ အရောင်းအဝယ်မလုပ်တာကြာနေလို့ ငါ့ရဲ့အရည်အချင်းတွေက အခုချိန်မှာ ကျနေလောက်ပြီ။ နောက်ပြီး ငါ ဈေးကွက်နဲ့လည်း သိပ်မရင်းနှီးတော့ဘူး။ ဒါကြောင့် အခြေအနေစမ်းသပ်ကြည့်ဖို့အတွက် အရင်ဆုံး ရွှေဈေးတက်မဲ့ဘက် တစ်သန်းလောက် ဝယ်လိုက်...။ "
" မင်းတို့ ကြားလား ။ ငါ့ကို မစ္စတာရဲ့က ရွှေဈေးတက်မဲ့ဘက် တစ်ဆယ်ဘီလီယံ ဝယ်ဖို့ အမိန့် ပေးခဲ့တယ်။ " ကုန်သည်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" ငါ ကြားတယ် ၊ငါ အခု စဝယ်နေပြီ။ "
" ငါလည်း အခု ရွှေဈေးတက်မဲ့ဘက် စဝယ်နေပြီ။ "
.....
လူတိုင်းက အလုပ်များသွားခဲ့သည်။
ရဲ့ရှင်းချန်သည် အံ့အားသွားခဲ့သည်။
" ခဏနေဦး ...၊ ငါ ပြောတာ တစ်သန်းပဲလေ။ ဘယ်လိုလုပ် ဆယ်ဘီလီယံ ဖြစ်သွားတာလဲ ..။ "
" ဘာလို့လဲဆိုတော့ မစ္စတာလင်က မစ္စတာရဲ့ရဲ့ ရင်းနှီးမြှုပ်နှံရေး အမြင်က အံ့ဩစရာကောင်းတယ်လို့ ပြောခဲ့လိုပါ။နောက်ပြီး မစ္စတာရဲ့က ဘယ်မှာပဲ ရင်းနှီးမြှုပ်နှံပါစေ ကျွန်တော်တို့က မစ္စတာရဲ့ရဲ့ ဆန္ဒကို တိုက်ရိုက်ဖြည့်ဆည်းပေးရမှာပါ။ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မရပါဘူး။ " ကုန်သည်တစ်ယောက်က ဝံ့ကြွားစွာဖြင့် ပြောခဲ့သည်။
" လခွမ်း ၊ မင်းက အရမ်း ရဲရင့်တာပဲ။ အကယ်၍ အဲ့ဒီ ပိုက်ဆံတွေ ဆုံးရှုံးသွားရင်ရော မင်းဘယ်လိုလုပ်မလဲ...။ "
ထိုကုန်သည်က အပြုံးတစ်ပွင့်ဖြင့်ပြန်ဖြေခဲ့သည်။
" မစ္စတာလင်ကလည်း ပိုက်ဆံမဆုံးရှုံး နိုင်ဘူးလို့ ပြောပါတယ်။ သူပြောတာတော့ ရင်းနှီးမြှုပ်နှံမှုမှာဆိုရင် ဒီကမ္ဘာပေါ်မှာ မစ္စတာရဲ့ တစ်ယောက်တည်းကပဲ သူ့ထက်သာလိမ့်မယ်တဲ့။ နောက်ပြီး သူအလေးစားဆုံးသူကလည်း မစ္စတာရဲ့ပါပဲတဲ့။ မစ္စတာရဲ့သာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရှုံးစရာမရှိဘူးလို့ မစ္စတာလင်က ပြောပါတယ်။ နောက်ပြီး သူက မစ္စတာရဲ့ကို လုံးဝ ယုံကြည်ပါတယ်။ "
ရဲ့ရှင်းချန် : " ... "
' လခွမ်း ၊အရမ်းယုံကြည်တယ်တဲ့လား။ '
' မင်းပြောတာကို ငါ ယုံမိတော့မလို့ပဲ...။
" ဒါ့အပြင် ကျွန်တော်ကလည်း မစ္စတာရဲ့ကို ယုံကြည်ပါတယ် ။ " ကုန်သည်က လေးစားသောအမူအရာဖြင့် ပြောခဲ့သည်။
" ဘာပဲဖြစ်ဖြစ် အရင်တုန်းက မစ္စတာရဲ့ကအောင်မြင်ခဲ့တာပဲလေ။ နောက်ပြီး မစ္စတာရဲ့ လုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အရောင်းအဝယ် တစ်ဒါဇင်လောက်မှာ တစ်ခုမှ ရှုံးတာ မရှိခဲ့ဘူး ။ ဒါကို မစ္စတာရဲ့က ဘာကို ကြောက်နေတာလဲ...။ "
ထိုကုန်သည်သည် အော်ပြောခဲ့သည်။
" ဟေ့ရောင်တွေ မင်းတို့ရော ငါပြောတာ မှန်တယ်လို့ မထင်ဘူးလား ။ "
" မင်း ပြောတာမှန်တယ် ။ " လူတိုင်းက တညီတည်း ပြောခဲ့သည်။
" ဒါဆိုရင် ငါ့အတွက် ရွှေတွေကို ဝယ်လိုက်တော့။ "
လူတိုင်းက အလုပ်များသွားခဲ့သည်။
အလုပ်များပြီး ယုံကြည်မှုရှိနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ရဲ့ရှင်းချန်၏စိတ်ထဲ၌ မကောင်းတဲ့နိမိတ်တစ်ခုကို ခံစားခဲ့ရသည်။
' ငါ လင်ပေ့ဖန်ကို နောက်တစ်ကြိမ်ထပ်ပြီး ပိုက်ဆံရရှိအောင်လို့ လုပ်ပေးမိလိုက်ပြန်ပြီလား...။ ‘