← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

နာရီဝက်အကြာတွင် ကုန်သွယ်ရေးအခန်းထဲ၌ အံ့အားသင့်စွာဖြင့် ချီးကျူးဂုဏ်ပြုသော အသံများထွက်ပေါ်လာခဲ့သည်။

" မစ္စတာရဲ့က မျှော်လင့်ထားတဲ့အတိုင်းပဲ နောက်တစ်ကြိမ်ထပ်ပြီးတော့ ဈေးကွက်ကို ချုပ်ကိုင်နိုင်ခဲ့ပြန်ပြီ။ "

" ရွှေဈေးက ၁.၅ရာခိုင်နှုန်း တက်လာခဲ့ပြီးတော့ ငါတို့က ရွှေဈေးတက်မဲ့ဘက်ကို တစ်ဆယ်ဘီလီယံယွမ် ဝယ်ထားတယ်ဆိုတော့ အနည်းဆုံး ၁.၅ဘီလီယံယွမ်လောက် ငါတို့မြတ်သွားပြီ။ "

" ဟားဟား... ငါတို့နောက်တစ်ကြိမ်ချမ်းသာပြန်ပြီ။ "

" မစ္စတာရဲ့က တကယ့်ကို အံ့မခန်းပဲ။ "

လူတိုင်းရဲ့ မျက်နှာများက ပြုံးပျော်နေသော်လည်း ရဲ့ရှင်းချန်တစ်ယောက်ထဲသာလျှင် မည်းမှောင်သောမျက်နှာဖြင့် ရှိနေခဲ့သည်။

' နိမေကလွှား ၊‌ ငါ လင်ပေ့ဖန်အတွက် နောက်တစ်ကြိမ်ပိုက်ဆံရှာပေးမိလိုက်ပြန်ပြီ။ '

' နောက်ပြီး အမြတ်က ၁.၅ဘီလီယံယွမ်လောက်ရှိတယ်။ '

သူသည် ဘယ်တုန်းကမှ တခါတည်းနဲ့ အမြတ်ဒီလောက်များများ မရရှိခဲ့ဖူးပေ။

လူတိုင်း၏ စကားလုံးများက သူ့နှလုံးသားကို ဓားနဲ့ထိုးနေသလိုမျိုးဖြစ်နေခဲ့သည်။

သူသည် နာကျင်လွန်းသောကြောင့် အသက်တောင်ကောင်းကောင်းမရှုနိုင်တော့ပေ။

ရွှေဈေးက ၂ရာခိုင်နှုန်းထက်မက ဒုံးပျံတစ်စင်းလိုမျိုး ဆက်တက်လာနေတာကို မြင်ပြီး ရဲ့ရှင်းချန်က စိုးရိမ်စွာဖြင့် ချက်ချင်းပဲ အော်ပြောခဲ့သည်။

" ဈေးကွက်က ငြိမ်သွားပြီ ၊ ရွှေဈေးတက်မဲ့ဘက် လောင်းထားတာကို အမြန်ပိတ်လိုက်တော့။ "

" ဟေ့ရောင်တွေ မင်းတို့ ကြားလား။ မစ္စတာရဲ့ ပြောတာ ဈေးကွက်က ပြီးသွားပြီတဲ့။ အခုချက်ချင်း ရွှေဈေးတက်မဲ့ဘက်လောင်းထားတာကို ပိတ်လိုက်‌ တော့။ " ကုန်သည်ခေါင်းဆောင်က အကျယ်ကြီး အော်ပြောခဲ့သည်။

" နောက်ပြီး မင်းတို့‌တွေ ရွှေအားလုံးကို ရွှေဈေးကျမဲ့ဘက် ရောင်းလိုက်။မင်းတို့သိတယ်မလား...။ "

ရဲ့ရှင်းချန်သည် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့သည်။

" မင်း ရွှေ‌ဈေးတက်မဲ့ဘက် လောင်းထားတာကို ပိတ်လိုက်တာက ဘာမှမဖြစ်ဘူး။ ဘာလို့ ရွှေဈေးကျမဲ့ဘက်ကို မင်းက ပြန်ရောင်းခိုင်းတာလဲ...။ "

ကုန်သည်ခေါင်းဆောင်က လေးစားစွာဖြင့် ပြောခဲ့သည်။

" မစ္စတာရဲ့ ၊ မင်း ဘာမှမသိပါဘူး။ မစ္စတာလင် ခုနက ထွက်သွားချိန်မှာ ကျွန်တော့်ကို ပြောခဲ့တယ်။ မစ္စတာရဲ့က ဈေးကွက်လမ်းကြောင်းကို တိတိကျကျချုပ်ကိုင်ထားမိနေပြီတဲ့။ နောက်ပြီး မစ္စတာရဲ့က ရွှေဈေးတက်မဲ့ဘက်ကို ဝယ်ရင် ရွှေဈေးက တက်လာပြီးတော့ မစ္စတာရဲ့ ရွှေဈေးကျမဲ့ဘက်ကို ရောင်းလိုက်ရင် ရွှေဈေးက ကျလာလိမ့်မယ်လို့ သူက ပြောခဲ့တယ်။ "

" ဒါကြောင့် သူက ကျွန်တော်တို့ကို မစ္စတာရဲ့ရဲ့ စကားတွေကို သေချာဂရုတစိုက်နားထောင်ပြီးတော့ မစ္စတာရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကိုလည်း ပြောစရာမလိုပဲနဲ့ သိနေအောင်လုပ်ထားလို့ပြောပါတယ်။ နောက်ပြီး သူက အချိန်မရွေး အရောင်းအဝယ်ပြုလုပ်ပြီးတော့ ဈေးကွက်ကို လက်လွှတ်မခံဖို့လည်း ပြောပါတယ်။ "

" အခု မစ္စတာရဲ့က ကျွန်တော်တို့ကို ရွှေဈေးတက်မဲ့ဘက် လောင်းထားတာကို ပိတ်ခိုင်းလိုက်တာက ရွှေဈေးကျတော့မယ်လို့ ဆိုလိုချင်တာမဟုတ်ဘူးလား..."

ရဲ့ရှင်းချန် : "..."

" ရွှေဈေးကျတော့မယ်ဆိုတော့ ကျွန်တော်တို့လည်း ရွှေဈေးကျမယ့်ဘက်ကို ရောင်းရတာပေါ့။ "

ကုန်သည်ခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။

" ဟေ့ရောင်တွေ မင်းတို့ အခု ရွှေဈေးတက်မဲ့ဘက်လောင်းထားတာကို ပိတ်ပြီးသွားပြီလား။ "

" ခေါင်းဆောင် အကုန်လုံး ပိတ်ပြီးသွားပါပြီ။ "

ထို့နောက် ကုန်သည်ခေါင်းဆောင်သည် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

" အခု ငါ့အတွက် ရွှေဈေးကျမယ့်ဘက်ကို ယွမ် တစ်ဆယ်ဘီလီယံ ရောင်းလိုက်။ "

" ဟုတ်ကဲ့ "

လူတိုင်း‌ကနောက်တစ်ကြိမ် အလုပ်များသွားခဲ့သည်။

ရဲ့ရှင်းချန်သည် အလုပ်ရှုပ်နေသော လူတွေကိုကြည့်ပြီး နောက်တစ်ကြိမ် စိတ်ရှုပ်ထွေးသွားခဲ့ပြန်သည်။

' ငါ့ကို နောက်တစ်ကြိမ်တော့ မလှည့်စားလောက်ဘူးမလား...။ '

သူသည် ခေါင်းမော့ပြီး ရောင်စုံဖန်သားပြင်ကြီးကို ကြည့်၍ ရွှေဈေးကွက်ကို ကြည့်ပြီး သူ့စိတ်ထဲ၌ သူ့ကိုယ်ကိုယ်သူ နှစ်သိမ့်ခဲ့သည်။

' ရွှေဈေးက မြန်မြန်တက်နေတာဆိုတော့ ပြန်ကျဖို့ မဖြစ်နိုင်လောက်ပါဘူး...။ '

နာရီဝက်အကြာတွင် ကုန်သွယ်ရေးခန်းထဲ၌ နောက်တစ်ကြိမ်ထပ်ပြီး ချီးကျူးဂုဏ်ပြုသံများထွက်လာခဲ့သည်။

" မစ္စတာရဲ့က မျှော်လင့်ထားတဲ့အတိုင်းပဲ နောက်တစ်ကြိမ်ထပ်ပြီး ဈေးကွက်ကို ချုပ်ကိုင်မိပြန်ပြီ။ "

" ဖြစ်ချင်တော့ ဒါက ဈေးကွက်ထဲမှာ ကစားနေတဲ့ ဈေးကွက်ကစားမှုတစ်ခုပဲ။ ဒါပေမဲ့ မစ္စတာရဲ့က ဒါကို မြင်ခဲ့တယ်။ "

" ငါတို့ ပိုက်ဆံ မဆုံးရှုံးခဲ့တဲ့အပြင် ငါတို့ ယွမ်ဘီလီယံအနည်းငယ်‌လောက်ရှာနိုင်ခဲ့ပြီ။ "

" မစ္စတာရဲ့က လုံးဝကျွတ်ဆင်ကြီးပဲ။ "

" ငါ ပြောမယ် ၊မစ္စတာရဲ့ ရဲ့ ညွှန်ကြားချက်‌တွေနောက်လိုက်တာက လုံးဝ မှားစရာမရှိဘူး။

" ငါတို့တော့ နောက်တစ်ကြိမ်ထပ်ပြီး ချမ်းသာတော့မယ် ။ ဟားဟား.."

လူတိုင်းက စိတ်လှုပ်ရှားနေခဲ့သည်။

ရဲ့ရှင်းချန်သာလျှင် သူ့ရဲ့မျက်နှာက ရုပ်ဆိုးပြီး ဒဲအိုးဖင်လိုမျိုး မည်းမှောင်နေခဲ့သည်။

' နိမေကြီးတော် ၊ ဘာလို့ နောက်တစ်ကြိမ်ထပ်မှားရတာလဲ..။ '

' ဘယ်လိုလုပ် ငါ ပြောတာ မှန်နေတာလဲ ။ '

' ဒါက သဘာဝမကျဘူး..။ '

လူယုတ်မာကောင်‌လင်ပေ့ဖန်အတွက် သူသည် ပိုက်ဆံတစ်ဘီလီယံကျော်ရှာပေးခဲ့တာကို တွေးမိချိန်တွင် သူ့ပါးစပ်ကိုသူ နှစ်ချက်လောက်ပိတ်ရိုက်ပစ်ချင်ခဲ့သည်။

' အဲ့ဒါ ဒီပါးစပ်က စကားအများကြီးပြောလို့ ဖြစ်တာ..။ "

ထိုအချိန်တွင် ရွှေဈေးကျနှုန်းက အမြင့်ဆုံးသို့ လုံးဝကျသွားခဲ့သည်။

ထို့ပြင် ဇောက်ထိုးပုံစံ တီ (T)လိုင်းတစ်ခု ပေါ်နေတာ ကလည်း အရမ်းဆိုးရွားတဲ့လက္ခဏာတစ်ခုပဲဖြစ်သည်။ ကေ (K )လိုင်း နည်းပညာကိုနည်းနည်းသင်ယူထားသူတိုင်းက ၎င်းဇောက်ထိုးပုံစံတီလိုင်းသည် ရောင်းသူအရေအတွက် ဘယ်လောက်များလဲဆိုတာကို ပြသတဲ့အရာဖြစ်ကြောင်း သိကြသည်။

ထို့ကြောင့် ရွှေဈေးက ဒီထက်ပိုပြီး ထက်ကျဖွယ်ရှိနေသည်။

" ရှော့ဂိုးလ်ရောင်းတာကို အမြန်ပိတ်လိုက် ။ " လင်ပေ့ဖန်ကို ပိုက်ဆံမရစေချင်တာကြောင့် ရဲ့ရှင်းချန်သည် အကျယ်ကြီး အော်ပြောခဲ့သည်။

[ TN - short gold - ရွှေဈေးကျမဲ့ဘက်ရောင်းတာ၊ long gold - ရွှေဈေးကျမယ့်ဘက် ဝယ်တာ ၊ ရှော့ဂိုး လောင်ဂိုးပဲ နောက်ပိုင်းပြန်တော့မယ်နော် ၊မြန်မာလို တိုက်ရိုက်ပြန်တာက တစ်မျိုးကြီး ဖြစ်နေလို့ပါဗျ ။ ]

ကုန်သည်ခေါင်းဆောင်သည် ရဲ့ရှင်းချန်ဆိုလိုချင်တာကို နားလည်တာကြောင့် အသံကျယ်ကျယ်ဖြင့် အော်ပြောခဲ့သည်။

" မင်းတို့ကြားလား။ မစ္စတာရဲ့က ရှော့ဂိုးရောင်းထားတာကို ချက်ချင်းပိတ်ပြီးတော့ လောင်းဂိုးဝယ်လိုက်ဖို့ ပြောနေတယ်။ " [ ရှော့ဂိုး၊လောင်းဂိုး ဖတ်ရတာအဆင်မပြေရင် ပြောခဲ့ဗျ ၊အရင်ပုံစံအတိုင်းပြန်ရေးပေးမယ်။ ]

" ဟုတ်ကဲ့ပါ ခေါင်းဆောင် ။ "

လူတိုင်းက နောက်တစ်ကြိမ် အလုပ်များသွားခဲ့ပြန်သည်။

ထို့နောက် နောက်ထပ်နာရီဝက်အကြာတွင် ကုန်သွယ်ရေးအခန်းထဲ၌ ချီးကျူးဂုဏ်ပြုသံများ နောက်တစ်ကြိမ်ထွက်လာခဲ့သည်။

" မစ္စတာရဲ့ က မျှော်လင့်ထားတဲ့အတိုင်း နောက်တစ်ကြိမ်ထပ်ပြီး ဈေးကွက်ကို ချုပ်ကိုင်လိုက်တော့ ရွှေဈေးက တကယ်ပြန်တက်လာပြီ။ "

" ကြည့်ရတာ ရင်းနှီးမြှုပ်နှံရေးအဖွဲ့အစည်းကြီးတွေက ဈေးကွက်ကို အတုအယောင် ကျဆင်းအောင်လုပ်ပြီးတော့ ကုန်သည်လေးတွေကို အရှုံးနဲ့ ထွက်သွားအောင်လုပ်ပြီးမှ ရွှေဈေးကို ပြန်တက်အောက်လုပ်ခဲ့တာဖြစ်မယ်။ "

" ကံဆိုးချင်တော့ ၊သူတို့က ငါတို့မစ္စတာရဲ့ရဲ့ မျက်လုံးအောက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ "

" ဒီလိုင်းပြီးသွားရင်တော့ ငါတို့ ယွမ်တစ်ဘီလီယံကျော် အမြတ်ရပြီ။ "

" ဘုရားရေ ၊ မစ္စတာရဲ့က အရမ်း အံ့ဩစရာကောင်းတာပဲ။ တစ်လကျော်လောက် ဆေးရုံတင်ထားရတာတောင် သူ့ရဲ့ ရင်းနှီးမြှုပ်နှံရေးအရည်အချင်းတွေက ခုချိန်ထိ မကျသေးဘူးပဲ။

" ဒီလိုမျိုး သုံးကြိမ်လောက် အရောင်းအဝယ်လုပ်လိုက်တာနဲ့ ငါတို့ ဒီနေ့ ယွမ် ၄ဘီလီယံကျော်လောက် အမြတ်ရသွားပြီး။ ဒါက ပျော်စရာကောင်းတယ် ။ "

" မစ္စတာရဲ့က လုံးဝအံ့မခန်းပဲ ။ "

ရဲ့ရှင်းချန် : " ... "

ထို့နောက် လူတိုင်းက ဆက်လက်ပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ရဲ့ရှင်းချန်ကို မေးခဲ့သည်။

သို့သော်လည်းပဲ ရဲ့ရှင်းချန်သည် ပါးစပ်ပိတ်နေပြီး လူတိုင်းကို ဆန်းကြယ်သောပုံရိပ်တစ်ခုဖြင့် ချန်ထားခဲ့သည်။

တကယ်တော့ သူသည် အခုချိန်တွင် တကယ်ပဲ စကားမပြောချင်နေခဲ့ပေ။

ဘာလို့လဲဆိုတော့ သူပါးစပ်ဖွင့်လိုက်တာနဲ့ လင်ပေ့ဖန်ကို နောက်ထပ် ယွမ်တစ်ဘီလီယံ ယူလာပေးမိမှာကို ကြောက်ရွံ့နေတာကြောင့်ဖြစ်သည်။

ထို့ပြင်သူသည် တကယ်ပဲ စိတ်ဓာတ်ကျပြီး သေချင်နေခဲ့သည်။

သူပြန်လာတာက လင်ပေ့ဖန်ကို ဘာထိခိုက်မှုမှ မဖြစ်စေတဲ့အပြင် လင်ပေ့ဖန်ကို ယွမ်ဘီလီယံပေါင်းများစွာရအောင် ကူညီပေးရာ ရောက်သွားတဲ့အတွက် သူ့ကိုသူ သတ်သေလိုက်တာထက် ပိုပြီးတော့တောင်မှ မခံချိမခံသာဖြစ်နေခဲ့သည်။

ထို့ကြောင့်သူသည် စကားမပြောပဲနေလျှင် ဒီအခြေအနေက လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်းပဲ ရလဒ်အနေဖြင့် သူသည် ရွှေဈေး၂ရာခိုင်နှုန်းတက်လာတာကို အကူအညီမဲ့စွာဖြင့် ကြည့်နေခဲ့ရသည်။

ထို့နောက် ခဏအကြာတွင် ရွှေဈေးက ဒုံးပျံတစ်စင်းလိုမျိုး ၃ရာခိုင်နှုန်း ၊ ၃.၅ရာခိုင်နှုန်း ထိ မြင့်တက်သွားခဲ့သည်။

" ဒီလိုပဲ ဆက်သွားနေရင် ရွှေ‌ဈေးက ၄ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ချေ ရှိတယ်။ "

လူတိုင်းက နောက်တစ်ကြိမ်ထပ်ပြီး ရဲ့ရှင်းချန်ကို ချီးကျူးခဲ့ကြသည်။

" ကြည့်ရတာ ဈေးကွက်မပြီးသေးလို့ မစ္စတာရဲ့က ဘာမှ မပြောခဲ့တာ ဖြစ်မယ်။ "

" မျှော်လင့်ထားတဲ့အတိုင်းပဲ မစ္စတာရဲ့ရဲ့ အမြင်က တကယ့်ကို စူးရှတာပဲ။

" ရွှေဈေးက ၃.၅ ရာခိုင်နှုန်းထိ ဆက်တိုက်မြင့်တက်လာတာဆိုတော့ ဒီလိုင်းပြီးတာနဲ့ ငါတို့ နောက်ထပ်ယွမ်သုံးဘီလီယံလောက်အမြတ်ရပြီ။ "

" အရင်ကရတဲ့ အမြတ်နဲ့ပါ ပေါင်းလိုက်ရင် စုစုပေါင်းအမြတ်က ၈ဘီလီယံ လောက် ရှိတယ်။ "

" မစ္စတာရဲ့က အရမ်းတော်တာပဲ။ ရင်းနှီးမြှုပ်နှံရေးဘုရင် ပြန်လာတာများဖြစ်နိုင်မလား...။ "

" မစ္စတာရဲ့က လုံးဝ အံ့မခန်းပဲ။ "

ရဲ့ရှင်းချန်သည် ရုတ်တရက်အေးစက်သွားခဲ့သည်။ထို့ပြင် သူ့ပတ်ပတ်လည်၌ မနာလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေသလို ခံစားခဲ့ရသည်။

' လခွမ်း ၊ငါ စကားမပြောပဲနဲ့ နေတာတောင် မရဘူးလား။ '

' ငါက လင်ပေ့ဖန်စီ ငွေလာလှူပေးတဲ့ သူဌေးသားတစ်ယောက်များဖြစ်နိုင်မလား...။ '

' နတ်ဘုရားတွေ ကျွန်တော့်ကို အသက်ရှင်ဖို့ လမ်းတစ်ခုလောက် မပေးနိုင်ဘူးလား..'

ထိုအချိန်တွင် လင်ပေ့ဖန်သည် ပြန်ရောက်လာပြီး ကုန်သွယ်ရေးအခန်းထဲသို့ လမ်းလျှောက်ဝင်လာ၍ အပြုံးတစ်ပွင့်ဖြင့်ပြောခဲ့သည်။

" ဘာကိစ္စမို့လို့ လူတိုင်းက ဝမ်းသာအားရ ရယ်မောနေကြတာလဲ ..။ '

" မစ္စတာလင်ကို သတင်းကောင်းတစ်ခုပြောပြမယ်။ "

ကုန်သည်ခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" အခုလေးတင်ပဲ မစ္စတာရဲ့ရဲ့ ညွှန်ကြားမှုအောက်မှာ ကျွန်တော်တို့ ရွှေဝယ်ပြီး ပြန်ရောင်းတာ စုစုပေါင်း၄.၈ဘီလီလောက် အမြတ်ရခဲ့ပါတယ်။အခု ကျွန်တော်တို့လက်ထဲမှာလည်း ရန်ပုံငွေ ယွမ် ဆယ်ဘီလီယံကျန်ပါသေးတယ်။ နောက်ပြီး အခု ရွှေဈေးကွက်မှာ ယာယီအမြတ်ငွေက ၃.၅ဘီလီ‌ယံယွမ်အထိရှိနေပါပြီ။ ဒါကြောင့် ဒီနေ့မှာ အဲ့ဒီအမြတ်ကို ယွမ် ၁၀ဘီလီယံထိ ရအောင်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ "

" တကယ်လား..။ " လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့သည်။

" ဟုတ်ပါတယ် မစ္စတာလင် "

"မစ္စတာရဲ့က တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ "

" ဘုရင်က အမြဲတမ်း ဘုရင်ပါပဲ။ "

" အကယ်၍ ကျွန်တော် ဘယ်သူကိုမှ လက်မခံရင်တောင် မစ္စတာရဲ့ကိုတော့ လက်ခံပါတယ်။ "

ကုန်သည်အားလုံးက ရဲ့ရှင်းချန်ကို လေးစားချစ်ခင်ပြီး ကျေးဇူးတင်နေကြသည်။

လင်ပေ့ဖန်သည် စိတ်လှုပ်ရှားစွာဖြင့် ရဲ့ရှင်းချန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောခဲ့သည်။

" အစ်ကိုရဲ့ ၊မင်းက ငါ့အပေါ် အရမ်းကောင်းတာပဲ။ မင်းပြန်လာတာနဲ့ ငါ့ကို အမြတ်ယွမ်ဆယ်ဘီလီယံလောက် ယူလာပေးခဲ့တယ်။ မင်း တကယ့်ကို အပင်ပန်းခံပြီး ငါ့အတွက် ကြိုးစားပေးခဲ့တာပဲ။ အစ်ကိုရဲ့ ငါ မင်းကို ဘယ်လို ပြောရမလဲတောင်မသိတော့ဘူး။ မင်းက တကယ်ပဲ ငါ့ရဲ့ ညီအစ်ကိုကောင်းတစ်ယောက်ပဲ။ "

ရဲ့ရှင်းချန် : "....”

All Chapters