အခန်း (၁၅၄)
Vol. 11 Ch. 154
" ရပါတယ် မစ္စတာလင် ၊ဒါတွေက ကျွန်တော်လုပ်သင့်တဲ့ အရာပါပဲ။ " ရဲ့ရှင်းချန်သည် ထိုစကားများကို သူ့ဆန္ဒမပါဘဲနဲ့ ဖြူဖျော့နေ့သောမျက်နှာဖြင့် ပြောခဲ့သည်။
ဘယ်လောက် ရိုးသားလိုက်သလဲ....။
လင်ပေ့ဖန်သည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားသွားခဲ့သည်။ သူသည် မျက်နှာကျက်ကို မော့ကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။
" ငါ့ဘဝမှာ ဒီလိုညီအစ်ကိုမျိုးရှိနေမှတော့ တခြား ဘာတွေများလိုအပ်တော့မှာလဲ...။ "
လင်ပေ့ဖန်သည် သူ့ရဲ့ ရင်တွင်း စိတ်လှုပ်ရှားမှုကို ဖော်ပြတဲ့အနေဖြင့် ရဲ့ရှင်းချန်၏ ပုခုံးကိုသာလျှင် ပုတ်နိုင်ခဲ့သည်။
ထို့ပြင် သူသည် အမြတ်ငွေအများကြီးရရှိခဲ့တာကြောင့် အလုပ်ဆင်းချိန်မတိုင်ခင် ဆင်းလို့ရပြီ ဖြစ်ကြောင်းကြေညာခဲ့သည်။
ထို့နောက် သူသည် လူတိုင်းကို သူတို့ကုမ္ပဏီ ဘေးနားရှိ ဟိုတယ်တစ်ခုသို့ ခေါ်ပြီး ရဲ့ရှင်းချန်အတွက် ကြိုဆိုပွဲ နှင့်ဂုဏ်ပြုပွဲတစ်ခုကို ကျင်းပပေးခဲ့သည်။
ထိုညတွင် ကုမ္ပဏီရှိလူတိုင်းက ပျော်ရွှင်နေပေမဲ့လည်း ရဲ့ရှင်းချန်ကတော့ မပျော်ရွှင်နေခဲ့ပေ။
သူ့မျက်နှာက အတော်လေးရုပ်ဆိုးနေပေမဲ့လည်း လူတိုင်းက ရဲ့ရှင်းချန်ကို ဆေးရုံကဆင်းပြီး သူ့ခန္ဓာကိုယ် သိပ်မသက်သာသေးဘူးဟု ထင်တာကြောင့် သူ့ကို သိပ်ပြီး အလေးအနက်မထားခဲ့ကြပေ။
ဒုတိယနေ့တွင် ရဲ့ရှင်းချန်သည် ကုမ္ပဏီသို့ ထပ်လာခဲ့သည်။
" ဒီနေ့ လင်ပေ့ဖန်ကို ငါ နောက်တစ်ကြိမ် ပိုက်ဆံ ရှာပေးခဲ့ရင် ငါက ဝက်တစ်ကောင်ပဲ။ "
မနေ့တုန်းက သူသည် လင်ပေ့ဖန်ကို ယွမ်၁၀ဘီလီယံနီးပါး ကူရှာပေးမိတာကြောင့် စိတ်မသက်မသာဖြစ်၍ သူသည် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။
ထို့ကြောင့် သူသည် ဒီနေ့ကစပြီး ဘယ်သူဘာမေးမေး ဘာမှ ပြန်မပြောတော့ဘူးလို့ သူ့စိတ်ထဲ၌ ဆုံးဖြတ်ချက်ချခဲ့သည်။
ထိုနည်းဖြင့် သူသည် လင်ပေ့ဖန်ကို ပိုက်ဆံ ကူမရှာပေးမိတော့မည်ဖြစ်သည်။
" အေဟေး... ငါလေး ဘယ်လောက်ဉာဏ်ကောင်းလိုက်လဲ။ "
" ဒေါက် ဒေါက် ...... "
ထိုအချိန်တွင် တံခါးခေါက်လာခဲ့သည်။
ရဲ့ရှင်းချန်သည် အော်ပြောခဲ့သည်။
" ဝင်လာ....။ "
လင်ပေ့ဖန်သည် ပြုံးလျက် လမ်းလျှောက်ပြီး ဝင်လာခဲ့သည်။
ရဲ့ရှင်းချန်သည် အံ့အားသင့်သွားခဲ့သည်။
" ဥက္ကဌလင် ၊ မင်း ဒီကို ဘာလို့ လာတာလဲ...။ "
လင်ပေ့ဖန်က ပြောခဲ့သည်။
" ငါ မင်းကို လာကြည့်တာ...။ ဘယ်လိုလဲ မင်းရဲ့ ခန္ဓာကိုယ် သက်သာလား...။ "
" မစ္စတာလင် အခုလို စိုးရိမ်တဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အရင်ကထက် သက်သာလာပါတယ် ။ "
" ဒါဆိုရင်လည်း သွားကြတာပေါ့။ " လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ အနောက်သို့ လာပြီး သူ့ရဲ့ ဝီးချဲလ်ကို အရှေ့သို့ တွန်းပေးခဲ့သည်။
ရဲ့ရှင်းချန်သည် ကြက်သေသေသွားခဲ့သည်။
" သွားမှာလား...။ ကျွန်တော်တို့ ဘယ်ကို သွားမို့လဲ...။"
" ကုန်သွယ်ရေးအခန်းထဲကို သွားမှာပေါ့။ အခု မင်းကို လူတိုင်းက အဲ့မှာ စောင့်နေကြတယ်။ " လင်ပေ့ဖန်က ပြောခဲ့သည်။
" ဥက္ကဌလင် နေဦး။ ကျွန်တော် ကုန်သွယ်ရေး ခန်းထဲကို မသွားချင်ဘူး။ " ရဲ့ရှင်းချန်က အော်ပြောခဲ့သည်။
" ဘာလို့ မသွားတာလဲ ...။ "
" အခု ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က သိပ်မသက်သာသေးဘူး။ နောက်ပြီး ခေါင်းလည်း သိပ်မကြည်လို့ ကျွန်တော် ကုန်သွယ်ဖို့ အဆင်မပြေဘူး။ " ရဲ့ရှင်းချန်က ခေါင်းကိုက်သော အမူအရာဖြင့် နားထင်ကို ဖိပြ ပြောခဲ့သည်။
" ခုနတုန်းက မင်းရဲ့ ကျန်းမာရေး ပိုကောင်းလာတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား... ။ "
" ဟုတ်တယ် ၊ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကတော့ တကယ်ပဲ ပိုသက်သာလာတယ်။ ဒါပေမဲ့ ခေါင်းကတော့ နည်းနည်းမူးနေသလို ဖြစ်နေတယ်။ "
" အဲ့ဒါဆိုရင် ကုန်သွယ်ရေးအခန်းကို ငါတို့ ပိုတောင် သွားသင့်သေးတယ်။ " လင်ပေ့ဖန်က အရှေ့သို့ ဝီးချဲလ်ကို ဆက်တွန်းသွားခဲ့သည်။
" ဥက္ကဌလင် ၊ ခေါင်းမူးနေတာကို ဘာလို့ ကုန်သွယ်ရေးအခန်းထဲကို သွားရမှာလဲ ...။ " ရဲ့ရှင်းချန်က ဝမ်းနည်းပူဆွေးစွာဖြင့် ပြောခဲ့သည်။
" ဘာလို့လဲဆိုတော့ အဲ့ဒါက စိတ်လှုပ်ရှားစရာကောင်းလို့ပဲ။ " လင်ပေ့ဖန်က ရယ်မောပြီး ပြောခဲ့သည်။
" ကုန်သွယ်ရေးခန်းထဲမှာ ရင်းနှီးမြှုပ်နှံတာက တချိန်တည်းမှာပဲ ဘီလီယံအများကြီး ရနိုင်သလို ၊ တချိန်တည်းမှာပဲ ဘီလီယံအများကြီး ပြန်ဆုံးရှုံးနိုင်တယ်လေ။ အဲ့ဒါက အရမ်းပဲ စိတ်လှုပ်ရှားစရာကောင်းတယ်မလား..။ နောက်ပြီး လူတွေက စိတ်လှုပ်ရှားလာရင်၊ စိတ်ကလည်း အလိုလို ပြန်ကြည်လာတတ်တယ်။ "
ရဲ့ရှင်းချန် : "..."
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို ကုန်သွယ်ရေးခန်းထဲသို့ တွန်းပြီး ဝင်လာနေပြီဖြစ်သည်။
လူတိုင်းက စိတ်လှုပ်ရှားစွာနဲ့ သူတို့နှစ်ယောက်ကို ဝိုင်းအုံ့လာခဲ့ကြသည်။
" နောက်ဆုံးတော့ ဥက္ကဌလင် နဲ့ မစ္စတာရဲ့ ဒီကို ရောက်လာပြီပေါ့။ "
" မစ္စတာလင် ၊မစ္စတာရဲ့ ကျွန်တော်တို့ ဒီနေ့ ဘာလုပ်ကြမလဲ...။ "
" မနေ့ကလိုပဲ မစ္စတာရဲ့ကို နောက်ထပ် ဆယ်ဘီလီယံ ရှာခိုင်းမလို့လား...။ "
လင်ပေ့ဖန်သည် ပြုံးပြီး ပြောခဲ့သည်။
" ဒီနေ့ အစ်ကိုရဲ့က ဒီနေရာမှာ ခေါင်းဆောင်ပဲ။ဒါကြောင့် မင်းတို့ အားလုံး သူ့စကားကို နားထောင်ရမယ်။ သူ ဘာပဲလုပ်ခိုင်းခိုင်း မင်းတို့ သူပြောတာကို လုပ်ရမယ်။ မင်းတို့ နားလည်လား ..။ "
" နားလည်ပါတယ် မစ္စတာလင် ။ " လူတိုင်းက သဘောထားကြီးစွာဖြင့် တပြိုင်တည်း ပြောခဲ့ကြသည်။
" အစ်ကိုရဲ့ ၊ ငါ မင်းကို စောင့်ကြည်နေမယ်။ "
ထို့နောက် လင်ပေ့ဖန်က စိတ်လှုပ်ရှားပြီး မျှော်လင့်နေသောအမူအရာဖြင့် ပြောခဲ့သည်။
" အစ်ကိုရဲ့ မနေ့က မင်းရဲ့ စွမ်းဆောင်မှုကို ငါ မမြင်လိုက်ရလို့ ငါ အရမ်းပဲ ဝမ်းနည်းမိတယ်။ ဒါကြောင့် ဒီနေ့ မင်းရဲ့ အရည်အချင်းကို အကုန်ထုတ်ပြပြီးတော့ ရင်းနှီးမြှုပ်နှံရေးဘုရင် ပြန်လာပြီဆိုတာ အကုန်လုံးကို ပေးသိလိုက်.. ။ နောက်ပြီး တကယ့် အရည်အချင်းအစစ်အမှန်က ဘာလဲဆိုတာကို လူတိုင်းကို ပေးသိလိုက်...။ "
ကုန်သည်များကလည်း ဝင်ပြောခဲ့သည်။
" မစ္စတာရဲ့ ၊ ကျွန်တော်တို့ အကုန်လုံး အဆင်သင့်ဖြစ်ပါပြီ။ "
" မစ္စတာရဲ့ရဲ့ တကယ့် အရည်အချင်း အစစ်အမှန်ကို ထုတ်ပြလိုက်စမ်းပါ။ "
" ဒီနေ့ ကျွန်တော်တို့အားလုံးက မစ္စတာရဲ့ရဲ့ လက်အောက်ခံတွေပဲ။ မစ္စတာရဲ့ ခိုင်းတာမှန်သမျှ ကျွန်တော်တို့ လုပ်မယ်။ "
" မစ္စတာရဲ့ ကျွန်တော်တို့ကို မြန်မြန် အမိန့်ပေးပါ...။ "
ထိုအချိန်တွင် လူတိုင်း မျှော်လင့်နေခဲ့သည့် ရဲ့ရှင်းချန်သည် အတော်လေး ရှက်ရွံ့နေခဲ့သည်။
" ကျွန်တော်အခု ခေါင်း သိပ်မကြည်လို့ ဘာကို ရင်းနှီးမြှုပ်နှံရမလဲ ကျွန်တော်မသိဘူး။ ဥက္ကဌလင်ကိုအရင်ဆုံး ရင်းနှီးမြှုပ်နှံ ခိုင်းကြည့်လိုက်ပါလား...။ "
လင်ပေ့ဖန်သည် ခေါင်းညိတ်ပြီး ပြောခဲ့သည်။
" အစ်ကိုရဲ့ မသက်သာသေးဘူးဆိုတော့လည်း ကျွန်တော် အရင်ဆုံး ရင်းနှီးမြှုပ်နှံလိုက်မယ်။ အစ်ကိုရဲ့က ကျွန်တော်တို့ကို အနောက်ကနေ စောင့်ကြည့်နေပေါ့။ အကယ်၍ တစ်ခုခု မှားတာတွေ့ရင် အစ်ကို့ရဲ့ ကျွန်တော့်ကို အမှန်ပြင်ပေး..။ "
" ဟုတ်ကဲ့ပါ မစ္စတာလင် ။ " ရဲ့ရှင်းချန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတချက်ချလိုက်သည်။
သူ ရင်းနှီးမမြှုပ်နှံရသ၍ ဘာမှမဖြစ်ပေ။
" ၁၀ဘီလီယံယွမ်ကို ရှော့ဂိုးလ်လုပ်လိုက်။ " လင်ပေ့ဖန်က အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။
" ဟုတ်ကဲ့ မစ္စတာလင် ။ "
လူတိုင်း အလုပ်များသွားခဲ့သည်။
ရဲ့ရှင်းချန်သည် အနောက်ကနေ စောင့်ကြည်ပြီး တိတ်တိတ်ကလေး ကျိန်စာတိုက်နေခဲ့သည်။
" ရှုံးလိုက် ၊လင်ပေ့ဖန် ရင်းနှီးထားတာတွေ အကုန်ရှုံးလိုက်။ "
သို့သော်လည်းပဲ သူ့ကျိန်စာတိုက်တာက အလုပ်မဖြစ်ခဲ့ပေ။
တစ်နာရီ မပြည့်ခင်မှာပင် ရွှေဈေးက ၁.၅ ရာခိုင်နှုန်းထိုးကျသွားခဲ့သည်။
တစ်နည်းအားဖြင့် လင်ပေ့ဖန်သည် ယွမ်၁.၅ဘီလီယံ အမြတ်ရရှိသွားခဲ့သည်။
ရဲ့ရှင်းချန်သည် ထိုအရာကိုကြည့်ပြီး အရမ်းပဲ စိုးရိမ်သွားခဲ့သည်။
သူသည် လင်ပေ့ဖန်ကို ပိုက်ဆံရှာရာမှာ မကူညီပေးခဲ့သော်လည်း လင်ပေ့ဖန် ပိုက်ဆံရှာနိုင်တာကိုမြင်ပြီး အတော်လေး မချင့်မရဲဖြစ်နေသည်။
ထို့ကြောင့် သူသည် မနေနိုင်ပဲနဲ့ အော်ပြောခဲ့သည်။
" ရှော့ဂိုးလ်လုပ်ထားတာကို ပိတ်လိုက်တော့...။ "
လင်ပေ့ဖန်သည် စိတ်အားတက်ကြွစွာဖြင့် ပြောခဲ့သည်။
" မင်းတို့ကြားလား...။ အစ်ကိုရဲ့က ရှော့ဂိုးလ်လုပ်ထားတာကို ပိတ်လို့ရပြီလို့ ပြောနေတယ်။ ငါ့အစားအခုချက်ချင်း ပိတ်ပြီးတော့ လောင်းဂိုလ်းကို ၁၀ဘီလီယံ ဝယ်လိုက်။ "
" ဟုတ်ကဲ့ မစ္စတာလင် ၊မစ္စတာရဲ့။ "
ထို့ကြောင့် လူတိုင်းသည် နောက်တစ်ကြိမ် အလုပ်ရှုပ်သွားခဲ့သည်။
အံ့အားသင့်စွာဖြင့် သူတို့ ပိတ်ပြီးချိန်တွင် ရွှေဈေးကျတာက ရပ်သွားခဲ့သည်။
ထို့နောက် ရွှေဈေးက အမြန်ပြန်တက်လာပြီး တစ်နာရီအတွင်းမှာပဲ မူလအမှတ်သို့ ပြန်ရောက်သွားခဲ့သည်။
တစ်နည်းအားဖြင့် သူတို့သည် နောက်ထပ် ယွမ်တစ်ဘီလီယံ အမြတ်ရရှိခဲ့ပြီ ဖြစ်သည်။
ရဲ့ရှင်းချန်သည် မှင်တက်သွားခဲ့သည်။
" ဘာလား....။ "
' ငါ ပြောတာ စကားဆယ်ခွန်းတောင် မပြည့်သေးဘူး။ လင်ပေ့ဖန်ကို တစ်ဘီလီယံကျော် ကူရှာပေးမိခဲ့ပြန်ပြီလား...။
' နတ်ဘုရားတွေ ၊အရှင်တို့ အကျွန်ုပ်အပေါ်မှာ မတရားဘူးလို့များ မထင်ဘူးလား....။ '
' ဒါက မတရားဘူးမလား...။ '
' လဗြွတ်ပဲ...။ '
ထိုအချိန်တွင် လူတိုင်းသည် လက်ခုပ်မတီးပဲနဲ့ မနေနိုင်ခဲ့ပေ။
" အရမ်းမိုက်တယ်...။ "
" မစ္စတာရဲ့က မျှော်လင့်ထားတဲ့အတိုင်းပဲ ဈေးကွက်ကို လွယ်လွယ်ကူကူ ချုပ်ကိုင်နိုင်တယ်။ "
" မစ္စတာရဲ့ရဲ့ အမြင်က အရမ်းပဲ တိကျမှန်ကန်လွန်းတယ်။ ငါ မချီးကျူးပဲ မနေနိုင်ဘူး။ "
ရဲ့ရှင်းချန် : " ... "
လင်ပေ့ဖန်သည် ပိုပြီးတော့တောင်မှ ဂုဏ်ယူနေခဲ့သည်။
" အစ်ကိုရဲ့ လုပ်နိုင်မယ်ဆိုတာ ငါ အစောကြီးကတည်းက ကြိုသိနေတယ်။ ခုနတုန်းက အစ်ကိုရဲ့သာ စကားမပြောရရင် ကျွန်တော်တို့ ပိုက်ဆံရှာနိုင်လောက်မှာ မဟုတ်လောက်ဘူး....။ ဟားဟား... "
ရဲ့ရှင်းချန် : " ... "
သူ့ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ရဲ့ရှင်းချန်သည် နောက်ထပ် စကားမပြောဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။
' ငါ့ကို ဘယ်သူ ဘာမေးမေး ၊ငါလုံးဝ ပြန်မပြောဘူး..။ '
' တစ်ခွန်းတောင် ပြန်မပြောဘူး..။ '
လင်ပေ့ဖန် ပိုက်ဆံထပ်ရှာနိုင်လိမ့်မယ်လို့ ငါမယုံကြည်ဘူး...။
ရလဒ်အနေဖြင့် သူသည် ရွှေဈေးမူလအမှတ်ထိ တက်တဲ့အပြင် ဆက်ပြီးတော့ တက်နေတာကိုလည်း အကူအညီမဲ့စွာဖြင့် ကြည့်နေရုံသာတက်နိုင်ခဲ့သည်။
တစ်နာရီကြာပြီးနောက် ရွှေဈေးက ၁ရာခိုင်နှုန်းတက်လာခဲ့သည်။နောက်ထပ် နာရီဝက်ကြာပြီးနောက် ရွှေဈေးက နှစ်ရာခိုင်နှုန်း တက်လာခဲ့သည်။
တစ်နည်းအားဖြင့် လင်ပေ့ဖန်သည် နောက်ထပ် ယွမ်၂ဘီလီယံ အမြတ်ရရှိခဲ့သည်ဟု ဆိုလိုချင်းဖြစ်သည်။
နောက်ပိုင်းတွင် ရွှေဈေးတက်နှုန်းက ပိုပြီးတော့တောင်မှ သိသာလာခဲ့သည်။
ထို့ကြောင့် သူသည် နောက်တစ်ကြိမ် စိုးရိမ်လာခဲ့သည်။